Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-25. ယေရှု၏ဗတ္တိဇံသည်ကယ်တင်ခြင်းအတွက်လိုအပ်သည့်အရာ ဖြစ် သည်ဟုနားလည်ခြင်းသည်ကားတိုင်ပေါ်အသေခံခြင်းကိုသတင်းကောင်း တွင် ပယ်ဖျက်ရာရောက်သည်ဟု သင် ထင်မိပါသလား။
ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းသည် ကျွန်တော်တို့ ကယ်တင်ခြင်းအတွက် တူညီစွာ အရေးပါသောအရာဖြစ်သည်။ အရာ တခုသည် အခြားတခုထက် ပို၍ အရေးကြီးသည်ဟု ကျွန်ုပ်တို့မဆိုသင့်ပေ။ ယခုခေတ်ခရစ်ယာန်များစွာတို့သည် ယေရှုကားတိုင်၌ အသွေးတော်သွန်း လောင်းခြင်းကိုသာ ယုံကြည်သည့်ပြဿနာတခုရှိလာသည်။ ယေရှုသည် လက်ဝါးကားတိုင်ပေါ် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ သည်ဟု ယုံကြည်ကြသည်။ သို့သော် ယေရှုခရစ်သည် လောကအပြစ်ကို သယ်ဆောင်ရာတွင် လက်ဝါးကားတိုင်ပေါ် အသေခံခြင်းဖြင့်သာ မယူ ဆောင်ပါ။သူသည် ဗတ္တိဇံဆရာယောဟန်ထံ၌ ဗတ္တိဇံခံယူခြင်းဖြင့် လောက အပြစ်ဟူသမျှကို ယူဆောင်ပြီး အပြစ်၏အခကို ပေးဆပ်ရန် ကားတိုင် ပေါ်၌ တရားစီရင်ခြင်း အပြစ် အသေခံခဲ့သည်။
ယေရှု၏ဗတ္တိဇံမပါဘဲ ကားတိုင်ပေါ်အသွေးတော်တခုတည်းကို သာ ယုံကြည်ခြင်းသည် လက်မတင်ဘဲယဇ်ပူဇော်ခြင်းနှင့် အတူတူပင်ဖြစ် သည်။ ထိုသို့သောသူတို့၏ပူဇော်ခြင်းသည် တရားမဝင်သော ပူဇော်ခြင်း ဖြစ်သောကြောင့်ဘုရားသခင်သည် လက်မခံပါ။ ထာဝရဘုရား သခင်သည် မောရှေကို တဲတော်ထဲခေါ်၍မိန့်ဆိုသည်မှာ “နွားကို မီးရှို့ရာယဇ်ပြုလိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ဆောင်ခဲ့၍ ထာဝရဘုရားစိတ်တော် နှင့်တွေ့ခြင်းငှာ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ ဆက်သရမည်။ ပူဇော်သောနွား၏ခေါင်းပေါ်မှာမိမိလက်ကို တင်သဖြင့် သူ၏အပြစ်ကိုဖြေ မည့်အကြောင်း လက်ခံတော်မူသည်။” (ဝတ် ၁း၃-၄)
ထာဝရဘုရားသည် တရားမျှတ၍ ပညတ်တော်ကို လိုက်နာသော ဘုရားဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဆေးကြော ရန်တရားမျှတသောယဇ်ပူဇော်သည့် နည်းစနစ်ကို ဖွဲ့စည်းခဲ့သည်။ ပညတ် တော်နှင့်အညီ ကျွန်ုပ်တို့ပူဇော်လျှင် ကျွန်ုပ်တို့ကို အပြစ်မှဖြေလွှတ်၍ ဘုရားသခင်လက်ခံတော်မူ၏။လက်တင်ခြင်းမရှိသောပူဇော်ခြင်းကို ဘုရား သခင် လက်ခံမည်မဟုတ်ပေ။ ထိုနည်းတူ ကျွန်ုပ်တို့သည် ယေရှုဗတ္တိဇံမ ပါဘဲ ဘုရားသခင်ကို ယုံကြည်လျှင် ထိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ အပြစ် ဖြေလွှတ်ခြင်းရမည်မဟုတ်ပေ။
ယနေ့ ခရစ်ယာန်များ အဓိက မှားတတ်သောဖြစ်ရပ်မှာ ဘုရား သခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်အားလျော်စွာ ယေရှုသည် ကယ်တင် ရှင်ဖြစ်သည်ဟု သူတို့ဝန်ခံလျှင်ကယ်တင် တော်မူလိမ့်မည်ဟု ယုံကြည်ကြ ၏။ ကျမ်းစာက “အကြောင်းမူကား ထာဝရဘုရားကိုပဌနာပြု သောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရလတ္တံ့” (ရော ၁၀း၁၃ မှ တ ၂း၂၁) ဟူ၍ ဖော်ပြပါသည်။ သို့သော် ကျမ်းစာက ပြန်ဆိုသည်မှာ “သခင်၊ သခင်ဟု ငါ့ကို လျှောက် သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်၏အလိုကို ဆောင် သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ရး၂၁) ဟုဆိုထားပြန်သည်။
ယေရှုသည် ကယ်တင်ရှင်ဖြစ်သည်ဟု ဝန်ခံရန်အလို့ငှာ ဘုရးသ ခင်ပြင်ဆင်ထားသောကယ်တင်ခြင်းနှင့်ပညတ်တော်ကိုသိရမည်။ ယေရှု၏ နာမတော်ကို ယုံကြည်ခြင်းအားဖြင့်သာကျွန်ုပ်တို့ ကယ်တင်ခြင်းခံမည်ဆို လျှင် ကျမ်းစာ(ဓမ္မဟောင်း)တွင် ရေးထားသောယဇ်ပူဇော်ခြင်း နည်းစနစ် နှင့် (မ ၇း၂၁) တရားမဲ့သောသူတို့အကြောင်းနှင့် ပတ်သက်၍ ရေးထား သောကျမ်းပိုဒ်တို့သည် အဓိပ္ပါယ်မဲ့ဖြစ်သွားလိမ့်မည်။
အံ့သြဘွယ်ကောင်းသောဘုရားသခင်၏ကယ်တင်ခြင်းအကြောင်း ကို ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြပါသည်။ အမှန်မှာ ဝတ်ပြုရာကျမ်း (၃၊ ၄) တွင် အပြစ်ရှိသောသူသည် အပြစ်ဖြေလိုလျှင် သူအပြစ်ကို ယဇ်ကောင် ပေါ်သို့ ကမ်းပေးရန် သူ့လက်ကို ယဇ်ကောင်၏ခေါင်းပေါ်သို့ တင်ပြီး ထို ယဇ်ကောင်ကို သတ်ရ၏။ ထို့နောက် ထိုယဇ်ကောင်၏အသွေးများကို ဖြန်း ရ၏။လက်မတင်ဘဲပူဇော်ခြင်း(ဝါ) မသန့်သောယဇ်ပူဇော်ခြင်းသည် အပြစ် ဖြေလွှတ်ခြင်းအတွက် အချည်း နှီးသာဖြစ်သည်။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုစလုံးသည် တခုနှင့်တခုအ ထောက်အကူပြုကြ၏။ (ဟေ ၃၄း၁၆) ဓမ္မသစ်တွင် ယော်ဒန်မြစ်၌ ယေရှု ဗတ္တိဇံခံယူခြင်းသည်ဓမ္မဟောင်းတွင် အပြစ်ရှိသူက မိမိလက်ကို ယဇ်ပူဇော် ရာယဇ်ကောင်၏ခေါင်းပေါ်လက်တင်းခြင်းနှင့်တူ၏။ဗတ္တိဇံဆရာယောဟန် အားဖြင့် နှစ်ခြင်းခံယူနေစဉ် “အလုံးစုံသောတရားကို အကုန်အစင် ကျင့် သင့်သည် ဖြစ်၍ ယခုအခွင့်ပေးပါဟု ယေရှုမိန့်တော်မူ၏။” (မ ၃း၁၅)
ဤနေရာတွင် အလုံးစုံသောတရားသည် ဖြောင့်မတ်ခြင်းနှင့် တ ရားမျှတခြင်းကို ဆိုလိုပါသည်။ ဤသို့ဆိုရာတွင် ယေရှုခရစ်သည် လူသား တို့အတွက် ပူဇော်ခြင်းခံရသောသူဖြစ်လာ ခြင်းဆိုင်ရာ စုံလင်ခြင်းတရား ပေတည်း။ ဤအမှုတွင် ဓမ္မဟောင်းကျမ်းတွင် ယဇ်ပူဇော်သောအခါ ဘုရား သခင်ပေးသောပညတ်တော်အတိုင်း မိမိတို့လက်ကို တိရစ္ဆာန်ခေါင်းပေါ် တင်လေ့ရှိသကဲ့သို့ ယေရှုသည် လောကအပြစ်ကို ဆောင်ရာတွင် ယော ဟန်သည်မိမိလက်ကိုသူ့ပေါ်တင်၍တရားသောနည်းဖြင့်ဗတ္တိဇံကိုပေးခဲ့၏။
အကယ်၍ ကျွန်ုပ်တို့သည် ယေရှုကားတိုင်ပေါ်အသွေးတော်တည်း ကိုသာယုံကြည်ပြီး သူ၏ဗတ္တိဇံကို ချန်ထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အပြစ်ဖြေလွှတ်ခြင်းအတွက် အဓိပ္ပါယ်မရှိဖြစ်သွား လိမ့်မည်။အကြောင်းမှာမိမိတို့အပြစ်ကိုဆေးကြောခြင်းမှာ မသန့်နိုင်သော အရာ၊ မစွမ်းဆောင်နိုင်သောအရာသာဖြစ်သည်မှာ သူ၏အသွေးတော် သည် ကျွန်ုပ်တို့ အပြစ်ဆေးကြောရန် မလုံလောက်ပါ။ (ဟေဗြဲ ၁၀း၂၉)
ထို့ကြောင့်ယေရှုအားယောဟန်သည်မိမိလက်ကိုတင်၍ဗတ္တိဇံပေး သောအချိန်တွင် ကျွန်ုပ်တို့၏အပြစ်အားလုံးတို့သည် သူ့ပေါ်သို့ကျရောက် သည်ကို ယုံကြည်မှသာလျှင် အသွေးတော်သည် ယုံကြည်သူတို့ စိတ်နှ လုံးမှာ ပို၍တတ်စွမ်းနိုင်သောသဘောရှိ၏။ လောကကို အောင် နိုင်သော ယေရှုခရစ်သည် ခမည်းတော်၏သားတော်အဖြစ် ရေနှင့်အသွေးတော်အား ဖြင့် ကြွဆင်းလာသောသူဖြစ်သည်ဟု တမန်တော်ယောဟန်သည် သက် သေခံခဲ့သည်။ ယေရှုသည် ရေအားဖြင့်လာသည်မဟုတ်၊ အသွေးတော်တ ခုတည်းဖြင့်လည်း လာသည်မဟုတ်၊ ရေနှင့်အသွေးတော် နှစ်ပါးစလုံးဖြင့် ကြွလာ၏။ (၁ယော ၅း၄-၆)
ယေရှုသည် တမန်တော်တို့အား ကျမ်းစာတွင် မိမိအကြောင်းနှင့် ပတ်သက်၍ မောရှေမှစ၍ ပရောဖက်အားလုံးအပါအဝင် ဓမ္မဟောင်း ကျမ်း ရှိအပြစ်ပူဇော်ခြင်းအမှုတို့သည် သူ့ကိုသာ ရည်ညွန်းလိုခြင်းဖြစ်ကြောင်း ရှင်းပြ၏။ ဒါဝိဒ်က ဆာလံကျမ်းတွင် မိန့်ဆိုသည်မှာ “ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည် ဟု ဝန်ခံပါ၏။ (ဆာ ၄၀း၇၊ ဟေ ၁၀း၇)
နောက်ဆုံးအဖြေဆိုလျှင် သူခံသောဗတ္တိဇံသည် လက်ဝါးကားတိုင် ၏အသွေးတော်ကိုမပယ်ဖျက်ပါ။ အမှန်စင်စစ် ဤအရာသည် ဘုရားသခင် ၏ဧဝံဂေလိတရားကို ပြီးမြောက်စေ၍ ကားတိုင်၏အဓိပ္ပါယ်ကို ပြည့်စုံ စေခြင်းသာဖြစ်သည်။ ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်မပါလျှင် အပြစ်လွှတ်ခြင်းမရှိကြောင်းကို ဤသင်ခန်းစာက ဖော်ပြသည်။ သင်သည် ခရစ်တော်၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်အသွေးတော်ယုံကြည်ခြင်းဖြင့် အပြစ် လွှတ်ရရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိခံစားလိမ့် မည်။ (၁ယော ၅း၈၊ တ ၂း၃၈)
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.