Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-26. ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအကြောင်းကို ရှင်းပြနိုင်မည် လော။
အကယ်၍ ကျွန်တော်တို့သည် အပ်တချောင်းကို အပြင်တနေရာရာ တွင် ပျောက်စေခဲ့လျှင် ထိုနေရာ၌သာ ရှာရမည်ဖြစ်သည်။ သို့သော် လင်း အားပိုကောင်းသောအတွင်းနေရာ၌ ရှာနေမည်ဆိုလျှင် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ယခုခေတ် အသင်းတော်များတွင်လည်း ထိုကဲ့သို့ သဘာဝမ ကျသောသူများကို ကျွန်တော်တွေ့ခဲ့ပါသည်။ သူတို့သည် မပြည့်စုံသော သမ္မာတရား ဗတ္တိဇံအကြောင်း ငြင်းခုံခြင်းများကြားတွင် ရှိနေသော်လည်း ယောဟန်ထံမှ ယေရှုဗတ္တိဇံခံယူခြင်း နှင့်ပတ်သက်၍ မေးခွန်းကိုမူ မေး မြန်းခြင်းမရှိသေးပါ။ ထိုကဲ့သို့ခံယူချက် ကွဲပြားမှုကြောင့် ဘာသာရေးဂိုဏ်း များလည်း ကွဲပြားရခြင်းဖြစ်သည်။
ဤအဆက်မပြတ် ငြင်းခုံခြင်းများအဆုံးသတ်ဖို့ရန် ကျွန်တော်တို့ သည် အပ်ချောင်း ပျောက်နေသောနေရာတွင် ပြန်ရောက်ဖို့လိုအပ်ပါသည်။ အကယ်၍ သမ္မာတရားကို တွေ့ရှိလိုလျှင် ဘာသာရေးမှ ပုံသေရှင်းလင်း ချက်ကို ကျွန်တော်တို့ ဖယ်ရှားသင့်ပါသည်။ အကြောင်းမှာ ၄င်းသည် ဘာ သာရေးတွင် မရှိသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် တမန်တော်တို့ သည် ယေရှု၏ဗတ္တိဇံကိုအလေးထားကြသနည်း။ ၄င်းသည် ယေရှုထံမှရယူ သည့် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း၏ လျှို့ဝှက်ချက်သမ္မာတရား ဖြစ်သည်။
“ယေရှုကလည်း ရေနှင့်ဝိညာဉ်တော်မမွေးသောသူ မည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု အမှန်အကန်ဆို၏။ (ယော ၃း၅)” ယေရှုသည် ကျွန်တော်တို့အားအပြစ်မှ ကယ်တင်ရန် ရေနှင့်အသွေးတော် အားဖြင့် ကြွလာသည်ဟု သမ္မာတရားက ဖော်ပြပါ သည်။ (၁ယော ၅း၆) အသွေးတော်၏အဓိပ္ပါယ်သည် ကားတိုင်ပေါ် အသေခံခြင်းပင်ဖြစ်သည်။ ရေသည် မည်သည့်အရာကို ဆိုလိုသနည်း။ “ယေရှုကလည်း အလုံးစုံသော တရားကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန် ပြောတော်မူ၏။” (မ ၃း၁၅)
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့် ယေရှု၏ဗတ္တိဇံခံခြင်းကို နားလည်စေချင်ပါသည်။ ဤအရာသည် သူ၏တမန်တော်များထံဟောခဲ့ သည့် အတိုကောက်ဖော်ပြခဲ့သော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း ဖြစ်သည်။တမန်တော်တို့သည် ဒေသနာဟောပြောရာတွင် ယရှု၏ဗတ္တိဇံအ ကြောင်းကို အဓိကထားပြီး ဟောပြောခဲ့သည်။ တမန်တော်ပေါလုက “ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်း သင်တို့အား ရှေးဦးစွာ ပေးအပ်သော အကြောင်းအရာကိုမူကား ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူပြီးသုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်ခဲ့သည်။ (၁ကော ၁၅း၃-၄)
ကျမ်းစာအရ “ငါတို့အပြစ်အတွက် ယေရှုအသေခံရခြင်း” သည် မည်သည့်အရာကို ဆိုလိုသနည်း။ ၄င်းသည် ဓမ္မဟောင်းမှအစပြုခဲ့သည်။ ဓမ္မဟောင်းပဋိညာဉ်အရ ယေရှုသည် ကားတိုင်ပေါ်တွင် ကျွန်တော်တို့အ ပြစ်အတွက် အသေခံခဲ့ခြင်းဖြစ်သည်။ ဟေဗြဲ ၁၀း၁ တွင် “တနည်းကား ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော မင်္ဂလာတို့၏ သေချာသော ပုံစံကို မပြအရိပ်ကိုသာ ပြသည်ဖြစ်၍ နှစ်စဉ်မပြတ် ပူဇော်သောယဇ် အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည် စေနိုင်ရာ အချို့သောရှေးဓလေ့ထုံးစံ ယဇ်ပူဇော်ခြင်းကို ဝတ်ပြုရာကျမ်း ၁း၃-၅ တွင်တွေ့နိုင်သည်။ အပြစ်သားသည် အပြစ်အတွက် လျော်ကြေး ပေးရန်မီးရှို့ရာယဇ်သုံးမျိုးဖြင့် ပူဇော်မှသာ ဘုရားသခင်ကျေနပ်တော်မူ၏။
၁။ သူသည် အပြစ်အနာအဆာမရှိသော ယဇ်ကောင်ကို ယူရမည်။ (ဝတ် ၁း၃)
၂။ သူသည် သူ၏လက်ကို ယဇ်ကောင်၏ခေါင်းပေါ်တင်ရမည်။ (ဝတ် ၁း၄) ဤနေရာတွင် ဘုရားသခင်၏ပညတ်တရားကို ရှင်းလင်းစွာ ပြုလုပ်ရမည် ဖြစ်ပြီး ယဇ်ကောင်၏ခေါင်းပေါ်လက်တင်ခြင်းသည် အပြစ်များကမ်းပေး ခြင်းဖြစ်၏။
၃။ သူ၏အပြစ်အတွက် လျော်ကြေးပေးရန် ထိုယဇ်ကောင်ကို သတ်ရမည်။ (ဝတ် ၁း၅)
အပြစ်ဖြေရာနေ့တွင် အာရုန်သည် အသက်ရှင်သောဆိတ်၏ခေါင်း ပေါ်တွင် လက်နှစ်ဘက်တင်ပြီး ဣသရေလလူမျိုးတို့၏အပြစ်အလုံးစုံကို ဝန်ခံလျက်သူတို့ကျူးလွန်ခဲ့သောအပြစ်ဟူသမျှကို ထိုဆိတ်၏ခေါင်းပေါ် တွင် ကျရောက်စေသည်။ (ဝတ် ၁၆း၂၁) ထိုအချိန်တွင် အာရုန်သည် ဣသရေလလူမျိုးတို့၏ကိုယ်စားလှယ်ဖြစ်သည်။ သူသည် ဆိတ်ခေါင်းပေါ် တွင် လက်တင်ပြီး ဣသရေလလူမျိုးများ၏ နှစ်စဉ်အပြစ်အတွက် ဝန်ခံရမည်။ဓမ္မဟောင်း၏အရိပ်သည်လာမည့်ကောင်းမှု၏အရိပ်အယောင် သာဖြစ်သည်။ နှုတ်ကပတ်တော်အတိုင်း ကျွန်တော်တို့ကို သန့်ရှင်း စေရန် ယေရှုသည် ဘုရားသခင်၏အလိုဆန္ဒကိုပြည့်စုံစေဖို့ ကိုယ်တိုင်ပူဇော်ခံခဲ့ သည်။
ယေရှုသည် အပြစ်မရှိသောဘုရားသခင်၏ သိုးသူငယ်အဖြစ် ကြွ လာခဲ့သည်။ သူသည် ဘုရားသခင်၏တဦးတည်းသောသားနှင့် သူသည် ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပုံသဏ္ဍာန် (ဟေ ၁း၃) ဖြစ်သည်။ ထို့ ကြောင့်သူသည် လူသားအားလုံးအတွက်ယောဒန်မြစ်၌ ယောဟန်၏ဗတ္တိဇံ ပေးခြင်းကို ခံခဲ့သည်။
ဗတ္တိဇံသည်လက်တင်ခြင်းပုံသဏ္ဍာန်ဖြစ်ပြီး ဗတ္တိဇံယောဟန်သည် အာရုန်မှဆင်းသက်လာသော လူသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။ ယောဟန်သည် ယေရှုပေါ်လက်တင်သောအခါ ဘုရားသခင်၏ပညတ် တော်အတိုင်း လူသားအားလုံး၏အပြစ်များသည် သူ့ ပေါ်သို့ကျရောက်ခဲ့ သည်။ ယေရှုသည် ယောဟန်ထံရောက်သော် “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ”ဟု ပြောလျက် ဗတ္တိဇံကိုခံတော်မူ၏။ နောက်ဆုံးတွင် ကျွန်တော်တို့၏အပြစ်များသည် ယေရှုပေါ်သို့ကျရောက်ခဲ့သည်။ “နောက်တနေ့၌ ယောဟန်သည် ယေရှုကြွ လာသည်ကိုမြင်လျှင် ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသ ခင်၏ သိုးသူငယ်ကို ကြည့်လော့” (ယော ၁း၂၉) ဟူ၍ သက်သေခံခဲ့သည်။
ယေရှုသည် ကားတိုင်ပေါ်၌ ကျွန်တော်တို့၏အပြစ်များ ခွင့်လွှတ်ရန်အ တွက် အသေခံတော်မူရာတွင် အမှုပြီးပြီ (ယော ၁၉း၃၀)ဟု ပြောဆိုပြီး ဘု ရားသခင်၏ရှေ့မှောက်၌ကျွန်တော်တို့အား ဖြောင့်မတ်စေလိုသောကြောင့် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ အပြစ်များ ဖြေလွှတ်ခြင်းဖြစ်သော ပူဇော်ခြင်းကို ကျွန်ုပ်တို့သတိရသင့်သည်။ အပြစ်သားသည် ယဇ်ကောင်ကို မသတ်မီ ထိုယဇ်ကောင်၏ခေါင်းပေါ်သို့ လက်တင်ရမည်။ အကယ်၍ ယဇ်ကောင်ပေါ်သို့လက်တင်ဖို့မေ့နေလျှင် သူ၏ပူဇော်ခြင်းသည် ပညတ် တော်ကို ဆန့်ကျင်ရာရောက်ပြီး သူသည် ရွေးနှုတ်ခြင်းခံရသောသူမ ဖြစ်နိုင်ပါ။ အကယ်၍ ခရစ်ယာန်တစ်ယောက်သည် ယေရှုဗတ္တိဇံ၏ ဆိုလိုရင်းကိုနားမလည်လျှင် ထိုသူသည် အပြစ်ရှိပြီး သူတို့၏ယုံကြည်ခြင်း သည် ကယ်တင်ခြင်း အတွက် အချည်းနှီးသာဖြစ်လိမ့်မည်။
ခရစ်ယာန်အများစုသည် ယေရှု၏ဖြောင့်မတ်ခြင်းတဝက်ကိုသာ သိကြ၏။ တမန်တော်ရှင်ပေါလုသည် သူ၏ပထမစာစောင်တွင် ထင်ရှားစွာ ရှင်းပြထားပါသည်။ ထိုသခင်ကား ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း၊ ကြွလာသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာဟုတ်၊ အသွေးအားဖြင့်ကြွလာတော်မူသည်။သက်သေခံမူကားဝိညာဉ် တော်သည် သမ္မာတရားဖြစ်၍သက်သေခံတော်မူ၏။(၁ယော၅း၆)သူဗတ္တိဇံရခြင်းသည် ကျွန်တော်တို့၏ကယ်တင်ခြင်းအတွက်ဖြောင့်မတ်သောလုပ် ဆောင်ခြင်း ဖြစ်ကြောင်းနှုတ်ကပတ်တော်၌အထောက်အထားများစွာရှိသည်။
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.