Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-28. ထိုသို့ ရိုးရိုးရှင်းရှင်းဖြင့် အလေးအနက်ထား ပြောပြခြင်းမရှိ ခဲ့လျှင် ဤအတိုင်းသာယေရှု၏ဗတ္တိဇံကို လစ်လျူရှုနေလိမ့်မည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းသည် မည်သို့ ကွဲလွဲပါသနည်း။
ကယ်တင်ခြင်းဆိုသည်မှာ အပြစ်အလုံးစုံမှ လွတ်မြောက်ရသောအ ခွင့် ရရှိခြင်းကိုဆိုလိုပါသည်။ တနည်းအားဖြင့် ဒုတိယမွေးဖွားခြင်းဖြစ် သည်။ အပြစ်သားတယောက်သည် သတင်းကောင်းကို ပီပီပြင်ပြင် ယုံ ကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သောအခါသူ၊ သူမသည် ယေရှု၏ကယ်တင်ခြင်းဖြင့်ရေနှင့်ဝိညာဉ်တော်၌ဒုတိယမွေးဖွားခြင်းရသည် ဟု ဆိုပါသည်။ရွေးနှုတ်ကယ်တင်ခြင်း၊ ဒုတိယမွေးဖွားခြင်းခံရသောသူများ ပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ကျရောက်ကာ ဘုရားသခင်၏သားသ မီးများဖြစ်ကြောင်း သက်သေခံသည်။ ထို့ကြောင့် အပြစ်လွှတ်ခြင်း အခွင့် ရရှိခြင်း၊သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း၊ဒုတိယမွေးဖွားခြင်း၊ ရွေးနှုတ် ကယ်တင်ခြင်း၊ဘုရားသခင်၏သားသမီးများဖြစ်လာခြင်း၊ ဖြောင့်မတ်သော သူဖြစ်လာရခြင်း စသည်တို့မှာ အတူတူပင်ဖြစ်သည်။
ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏ဟု မိန့်တော်မူခဲ့သည်။ (ယော ၁၄း၆) ဘုရားသခင်၏ တပါးတည်းသောသားတော်ယေရှုအားဖြင့် သာလျှင် ဘုရားသခင်၏နိုင်ငံ တော်ကိုဝင်နိုင်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။ ထို့ကြောင့် ယေရှု သည် ကျွန်ုပ်တို့၏အပြစ်များကို မည်ကဲ့သို့ ဆေးကြောပေးခဲ့သည်ကို၄င်း၊ သူ၏နိုင်ငံတော်ဝင်စားရန် ထိုက်တန်သောသူများအဖြစ်မည်ကဲ့သို့ ရွေး နှုတ်ခဲ့သည်ကို၄င်း၊ သဘောပေါက်ဖို့ လိုအပ်သည်။
ထိုသို့ဖြစ်သော်ငြားလည်းမြောက်မြားစွာသောခရစ်ယာန်များသည် သူ၏နာမတော်ကို ခေါ်ရုံမျှလောက်ဖြင့် ကယ်တင်ခြင်းရရှိနိုင်သည်ဟု ယုံ ကြည်ကြဆဲဖြစ်သည်။ သူတို့သည်ကျမ်းစာကို တခါမျှမဖွင့်၊ ကျွန်တော်တို့ ၏အပြစ်အလုံးစုံမှ လွတ်မြောက်စေဖို့ရန် သူသည် မည်ကဲ့သို့ လုပ်ဆောင် သွားကြောင်းကို သဘောပေါက်နားလည်ခြင်းမရှိဘဲ ယေရှုကို ယုံကြည်ကြ သည်။ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသောဝိညာဉ်နှင့် သန့်ရှင်းလျက် တဆူတည်းသောဘုရားဖြစ်သော်လည်း ကျွန်တော်တို့မှာမူအပြစ်နှင့်စပ် ဆိုင်သောအသက်တာအားဖြင့် အသက်ရှင်ကြသည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ ဝင်စားခြင်းသည် ယေရှုအားဖြင့်သာလျှင်ရနိုင်ပြီး ယေရှုခရစ် တော်၌တည်၍အသက်ရှင်သောဝိညာဉ်တော်တရားကို သက်ဝင်ယုံကြည် ခြင်းအားဖြင့် သူ့ကို ယုံကြည်ရမည်။ (ရော ၈း၁-၂)
မြောက်မြားစွာသောလူတို့သည် ကယ်တင်ခြင်းအတွက် ယေရှု သည် အဘယ်အမှုအရာများ လုပ်ဆောင်ခဲ့သည်ကိုပင် နားမလည်ကြပေ။ သခင်၊ သခင်ဟုခေါ်လျက် အချည်းနှီးယုံကြည်ခြင်းဖြင့် မဆင်မခြင် ယုံ ကြည်ကြသည်။ မိမိကိုယ်မိမိကယ်တင်ခြင်းရရှိသူဟု တွေး ထင်ကြသော် လည်း သူတို့၏နှလုံးသားထဲတွင် အပြစ်များရှိနေဆဲဖြစ်သည်။ ယေရှုကို သက်ဝင် ယုံကြည်မည့်အစား သင်၏စိတ်နှလုံးထဲ၌ အပြစ်ရှိနေဆဲဖြစ်လျှင် အပြစ်မှမည်သို့ကယ်တင်ခြင်းရနိုင်မည်နည်း။အကယ်၍ တဦးတယောက်မှ “ယေရှုသည် ကျွန်တော်၏အပြစ်များကို မည်သို့ ဆေးကြောပေးပါသနည်း” ဟုမေးလာလျှင် “ကားတိုင်တော်အားဖြင့် ဆေးကြောပေးသည်” ဟု လူ တော်တောများများက ဖြေကောင်းဖြေကြလိမ့်မည်။ မိတ်ဆွေ၏နှလုံးသား ထံတွင်အပြစ်ရှိသလားဟုနောက်တဖန်မေးလျှင် “ရှိတာပေါ့၊ ဤလောကရဲ့ အပြစ်ကနေ လုံးဝကင်းတဲ့သူ ဘယ်ရှိ မလဲ” ဟု ဖြေကြလိမ့်မည်။
ယေရှုဟူသောနာမည်သည် “သူတို့၏အပြစ်အလုံးစုံမှ ကယ်တင်ခဲ့ သော ကယ်တင်ရှင်” ဟူ၍ အဓိပ္ပါယ်သက်ရောက်ပါသည်။ (မဿဲ ၁း၂၁) ကျွန်တော်တို့သည်အပြစ်အလုံးစုံမှကယ်တင်ခြင်းရရှိနိုင်ဖို့ရန်အတွက် ယေ ရှုကို ယုံကြည်ရမည်။
ယေရှုကို ယုံကြည်သော်လည်း စိတ်နှလုံးထဲ၌ အပြစ်ရှိဆဲဖြစ်နေ လျှင်ကျွန်ုပ်တို့သည်အပြစ်၏ချည်နှောင်ခြင်းကိုခံရသဖြင့် တရားစီရင်ခြင်း ခံရလိမ့်မည်။ တမန်တော်ရှင်ပေါလုက “ယေရှုခရစ်တော်၌ တည်သော သူတို့သည် အပြစ်စီရင်ခြင်းမှလွတ်ကြ၏ (ရော ၈း၁) ဟုဆိုသည်။ သူ၊သူ မ၏စိတ်နှလုံးထဲ၌ အပြစ်ရှိနေဆဲဖြစ်သောသူတို့သည် ခရစ်တော်ယေရှုကို ယုံကြည်သော်လည်း အဘယ်ကြောင့် ကယ်တင်ခြင်းကို ဆုံးရှုံးကာ အပြစ် နွံထဲ၌ နစ်မွန်းနေဆဲဖြစ်ကြသနည်း။ အကြောင်းမှာ ယေရှု၏ဗတ္တိဇံမင်္ဂလာ အားဖြင့် သူတို့၏အပြစ်များကို စွန့်ပယ်ခြင်းမပြုဘဲ ကားတိုင်တော်၌ အသွေးတော်သွန်းလောင်းခြင်းကိုသာယုံကြည်ကြသောကြောင့်ဖြစ်သည်။
ယေရှု၏ဗတ္တိဇံကို ယုံကြည်သောသူနှင့် မယုံကြည်သောသူများ ကြားတွင် ထူးခြားသောကွဲလွဲမှုရှိသည်။ တချို့သောသူတို့သည် ယေရှု၏ ဗတ္တိဇံကိုယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်နေစဉ် အခြားသော သူများသည် ထိုသို့ယုံကြည်ခြင်းမရှိဘဲအပြစ်သားများ အဖြစ်ရပ်တည်နေ ကြသည်။ အပြစ်သားတယောက်အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ကျ ရောက်ခြင်းမရှိပါ။ ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံပြီးမှ ဖြောင့် မတ်သောသူများအပေါ် ၌သာ ကျရောက်လျက်ရှိသည်။
ထို့ကြောင့်တမန်တော်ရှင်ပေါလုက“ယေရှုခရစ်၌ဗတ္တိဇံကို ခံသော သူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ သည် မသိသလော့” (ရော ၆း၃)ဟုဆိုခဲ့သည်။ လူအတော်များများက ကားတိုင်ပေါ်သို့ ကျွန်တော်တို့၏အပြစ်များ ယေရှုယူဆောင်သွားသည်ဟု ယုံကြည်ကြသော်လည်း အကယ်၍ ယေရှု၏ဗတ္တိဇံကို မယုံကြည်လျှင် စိတ်နှလုံးသည်ဘယ်သောအခါမျှအပြစ်နှင့်ကင်းနိုင်မည်မဟုတ်ပါ။အကယ် ၍ ဘုရားသခင်ကိုလိမ်လည်လှည့်ဖြား မည်ဆိုလျှင် ထိုလုပ်ဆောင်ချက် သည် ကျွန်တော်တို့၏အသိတရားများကို ဘုရားသခင်အလိုတော်နှင့် ဆန့် ကျင်စေသည်။
ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းဖြင့် ကျွန်တော်တို့၏အပြစ်အလုံး စုံကို သူ့အပေါ် လွှဲပြောင်းပေးအပ်ခြင်းမရှိလျှင် ကျွန်တော်တို့၏စိတ်နှလုံး ထဲ၌ အပြစ်များရှိနေဆဲဖြစ်ကြောင်း သေချာပါသည်။ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်ကို မယုံကြည်သောသူများသည် အပြစ်နွံထဲ မှောက်လျက် လဲနေသူများဖြစ်ကြသည်။ လေးလေးနက်နက် ဆုတောင်းသည့်အခါ၌ဖြစ် စေ၊အပြစ်လွှတ်ဖို့ရန်စိတ်ပါလက်ပါဆုတောင်းသည့်အခါ၌ဖြစ်စေ၊ အရာမ ရောက်ဘဲ သူတို့၏စိတ် နှလုံးထဲတွင် အပြစ်များရှိမြဲရှိနေဆဲဖြစ်သည်။
ယေရှုကလည်း“သခင်၊သခင်ဟူ၍ ငါ့ကိုခေါ်သောသူတိုင်း ကောင်း ကင်နိုင်ငံသို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခ မည်းတော်၏အလိုတော်ကိုဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ ထိုနေ့၌ ကား သခင်၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေး ပါပြီမဟုတ်လော့။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို ပြပါပြီမဟုတ် လောဟု လူများစွာတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသော အခါ သင်တို့ကို ငါအလျင်း မသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည် ဟု မိန့်တော်မူသည်။ (မဿဲ ၇း၂၁-၂၃)
“အဓမ္မအမှုကိုပြုသောသူသည် မည်သူတို့ကို ရည်ညွန်းပါသ နည်း။” ကားတိုင်ကို ယုံကြည်သော်လည်း သူတို့၏စိတ်နှလုံးထဲတွင် တိကျ မှန်ကန်သော ရွေးနှုတ်ကယ်တင်ခြင်းမရရှိသောသူတို့ကို ရည်ညွန်းခြင်းဖြစ် ပါသည်။ ထိုယုံကြည်ခြင်းသည် ဘုရားသခင်မှလာခြင်းဖြစ်သည် (ဝါ) မဖြစ် ပါဆိုသည့်အပေါ် ကျိုးကြောင်းဆင်ခြင်မှုမပြုဘဲ မိမိစိတ်ထင်ရာ ယုံကြည် ခြင်းသာလျှင် ဖြစ်သည်။ ယေရှုသည် ကျွန်တော်တို့ကို သူ၏ဗတ္တိဇံနှင့် ကား တိုင်တော်အားဖြင့် ကယ်တင်ခဲ့ကြောင်းကို မယုံကြည်ပါက အဓမ္မအမှုကို ပြုသောသူများဖြစ်ကြသည်။
ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော်နှစ်ခုစလုံးကို ယုံကြည်ဖို့ရန်သ ဘော မပေါက်သရွေ့ကျွန်တော်တို့တွင် မှန်ကန်သောယုံကြည်ခြင်းရှိပြီဟု မဆိုနိုင်ပါ။
ယေရှုကလည်း အကယ်၍ လူတို့သည် ဒုတိယမွေးဖွားခြင်းခံလို လျှင် ရေနှင့်ဝိညာဉ်တော်အားဖြင့်သာလျှင် ဖြစ်နိုင်ကြောင်း မိန့်တော်မူခဲ့ သည်။ နောဧသင်္ဘောထဲသို့ရောက်သွားသောသူများသာလျှင် ရေလွှမ်းမိုး ခြင်းဘေးမှလွတ်မြောက်သည့်နည်းတူရေနှင့်ဝိညာဉ်တော် သတင်းကောင်း ကို ယုံကြည်မှသာလျှင် သူတို့၏အပြစ်အလုံးစုံမှ လွတ်ရသောအခွင့်နှင့် စစ်မှန် သောယုံကြည်ခြင်းအသက်တာကိုရရှိနိုင်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းမပါဘဲအပြစ်လွတ်ခြင်းဖြစ်စေ၊ ဘုရားသခင်၏သားသမီး ဖြစ်ရသောအခွင့် ရရှိနိုင်မည်မဟုတ်ပေ။
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.