Search

Maswali ya kila mara juu ya Imani ya Kikristo

Somo la 2: Roho Mtakatifu

2-9. ဓမ္မဟောင်းကျမ်းထဲတွင် သန့်ရှင်းသောဝိညာဉ်တော် သည် မည်ကဲ့သို့ထူးခြားစွာ တွေ့မြင်ရပါသနည်း။

သန့်ရှင်းသောဝိညာဉ်တော်သည် အချိန်တိုင်းတွင် ဘုရားသ ခင်နှင့်တူသည်။ ထိုကြောင့် သူဘုရားဖြစ်ခြင်းသည် ကျွန်ုပ်တို့သူ့ အကြာင်းကို ဓမ္မ ဟောင်းကျမ်းတွင်ဖတ်သည်ဖြစ်စေ ဓမ္မသစ်ကျမ်းတွင်ဖတ်သည်ဖြစ်စေ  ပြောင်း လဲခြင်းမရှိပေ။ သို့သော်လည်း လောကသားများကို သူတို့အပြစ်မှ ကယ်တင်ရန် ဘုရားသခင်၏စီမံချက်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြချက်နှင့် ဓမ္မသစ်ကျမ်းတွင်ဖော်ပြချက်သည်မတူ ညီပေ။ 
    ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏သည် သူ၏စကားတော်ကိုဖွင့်ပြော ရန်၊ အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာအားဖြင့် သူ၏အလိုတော်ကိုပြရန် နှင့် သူ၏လုပ်ကိုလုပ်ဆောင်ရန်အထူးနည်းလမ်းအားဖြင့် ဘုရားသခင်၏လူများအ ပေါ်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့သည်။ ဥပမာအားဖြင့် တရားသူကြီး ရှံဆုန်ပေါ်ဘုရားသခင်၏ဝိညာဉ်တော်လှုပ်ရှားခဲ့သည်။ထိုကြောင့် သူအားဖြင့် ဘု ရားသခင်သည်ကြီးမားသောအမှုပြုခဲ့သည်။ (တရားသူ ၁၃:၂၅၊ ၁၄:၁၉)။ တနည်းအားဖြင့်၊ ဓမ္မဟောင်းခေတ်ကာလတွင် သီးသန့်ရွေးချယ်ခြင်းခံသောသူ များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည်။
    သို့သော်ဓမ္မသစ်ခေတ်ကာလတွင် ပင်တေဂုတ္တေအဖြစ်အပျက်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်စတင်သွန်းလောင်းခဲ့သည်။ ဘုရားသခင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိသော သူများအပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်ပေးခဲ့သည်။ ထိုနောက် ဘုရားသခင် သည် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့နှင့်အတူအစဉ်အမြဲကိန်းဝပ်ရန်ခွင့်ပြု ထားသည်။
    ထိုကြောင့် သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ပြီးနောက် ပထမပင် တေဂုတ္တေနေ့တွင် တမန်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ ခဲ့ပြီးနောက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ် လွတ်ခြင်း ရရှိသောဖြောင့်မတ်သူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိကြသည် (တမန် ၂:၃၈)။ ရှင်ပေတရုသည် ဟေလသလူ၊ ရောမတပ်မှူး နေအိမ်သို့သွားပြီး သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏ သတင်းကောင်းအ ကြောင်းကိုဟောပြောခဲ့သည်။ ထိုစကားကိုကြားနာသောသူများအားလုံးပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည် (တမန် ၁၀:၃၄-၄၅)။ ဤအဖြစ်အ ပျက်က သခင်ယေရှုပြည့်စုံခဲ့ပြီးသော သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်သူ၏ကား တိုင်တော် သတင်းသတင်းကောင်းကိုကြားနာယုံကြည်သောသူများသည် သန့် ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ရရှိခြင်းကို သက်သေထူသည်။
    စစ်မှန်သောသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအား လုံးခွင့်လွွှတ်ခြင်းရရှိသော ဖြောင့်မတ်သူများအားလုံးအပေါ် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်စေခဲ့သည်။ ဓမ္မဟောင်းတွင် သန့်ရှင်းသောဝိ ညာဉ်တော်၏အခန်းကဏ္ဍသည် လူတွေကို  သခင်ယေရှုခရစ်တော်ထံသို့ပို့ဆောင် ပေးခြင်းဖြစ်ပြီး ဓမ္မသစ်ကျမ်းတွင်သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုသက်သေခံကာ ၄င်းကို အာမခံပေးခဲ့သည်။ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းဟူသည် သခင်ယေရှုသည်သူ၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင် တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအသွေးတော်အားဖြင့်လောကသားများ၏ အပြစ်များအားလုံး ယူဆောင်သွားခြင်းကိုဆိုလိုသည်။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ကယ်တင်ခြင်းသတင်းကောင်းကိုအာမခံပေးကာ လူတိုင်းကို သတင်းကောင်းယုံ ကြည်ရန် ကူညီဖေးမသည်။
The New Life Mission

Shiriki katika utafiti wetu

Ulitujuaje?