• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Sermons

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-1] အခန်းကြီး ၈ကို မိတ်ဆက်ခြင်း

အခန်းကြီး ၈ ကို ရောမသြဝါဒစာအုပ်၏အရေးကြီးဆုံးသော အခန်းကြီးအဖြစ် ဖော်ပြနိုင်ပါသည်။ ဤအခန်းကြီး၌ ဖော်ပြထား သော အကြောင်းအရာများအားဖြင့် ရှင်ပေါလုသည် ဘုရားသခင်၏ အလွန်အံ့သြဖွယ်ကောင်းသောဖြောင့်မတ်ခြင်း လုပ်ဆောင်ချက်မှာ မည်သို့ဖြစ်သည်ဟု ကျွန်ုပ်တို့အား ဖော်ပြထားသည်။ 
ပထမဆောင်ပိုဒ်မှာ “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ 2အကြောင်းမူကား ခရစ် တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”(ရောမ ၈း၁-၂)ဖြစ်သည်။ ကျွန်ုပ်တို့သည် ဇာတိပကတိ၌ မည်သို့ပင် အောက်တန်းကျ၍ဆိုးညစ်မိုက်မဲစေပါစေ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များအား လုံးမှ လွှတ်မြောက်စေခဲ့ သည်ကို ဆိုလိုသည်။
ဒုတိယဆောင်ပုဒ်မှာ “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အ ပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏” (ရောမ ၈း၃) ဖြစ်သည်။ လူသားများသည် ဇာတိပကတိကြောင့် ဘုရားသခင်ပေးအပ်တော်မူခဲ့သော ပညတ်တော်ကို မလိုက်လျှောက် နိုင်ကြသောကြောင့် သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် သူတို့အပြစ်များအားလုံး ကို ယူဆောင်သွား‌တော်မူခြင်းအားဖြင့် သူတို့ကို အပြစ်များနှင့် တ ရားစီရင်ခြင်းများမှ ကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လူသားများ၏အပြစ် များအားလုံးကို တစ်ကြိမ် တည်းယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကား တိုင်ပေါ်တွင် လောကအပြစ်များအားလုံးကို ထမ်းတော်မူနိုင်၍ အ သေခံကာ ဤသမ္မာတရားကို ယုံကြည်သူများအားလုံးကို ကယ်တင် ရန် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ကိုယ်တော်ပြုတော် မူခဲ့သောအမှုအရာများအားလုံးသည် ခမည်းတော်ဘုရားသခင်၏အ လိုတော်ကို နာခံခြင်းအားဖြင့် အပြစ်သားများကို အပြစ်များမှ ကယ် တင်တော်မူရန် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူ ရန် ဖြစ်သည်။
တတိယဆောင်ပုဒ်မှာ “သွေးသားဇာတိအလိုအတိုင်း အသက် ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲ လမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူ ကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏”(ရောမ ၈း၅) ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရန် ဆုံးဖြတ်ကြသောအခါ ကျွန်ုပ်တို့သည် မိမိအတွေးအခေါ်များနောက် လိုက်ခြင်း အားဖြင့်မဟုတ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက်လျှောက် ခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်သင့်ကြသည်။
စတုတ္တဆောင်ပုဒ်မှာ “သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်”(ရောမ ၈း၉) ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် သူတို့နှလုံး သား၌ သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိကြ၍ ဘုရားသခင်၏သား သမီးများ ဖြစ်လာကြသည်။ သင်သည် ဘုရားကျောင်းသို့ အားရစွာ တက် ရောက်သောကြောင့် ဘုရားသခင်၏သားသမီးတစ်ဉီးမဖြစ် လာနိုင်သည်ကိုလည်း ဆိုလိုသည်။
ပဉ္စမဆောင်ပုဒ်မှာ “သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်ရန် သွေးသားဇာတိအပေါ် တာဝန်ရှိသည်မဟုတ်”(ရောမ ၈း၁၂) ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သော ကိုယ်တော်၏သတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ သောသူများသည် ဇာတိပကတိအပေါ် အကြွေးတင်သူများနှင့် ကျေး ကျွန်များမ ဟုတ်သည်ကို ဤဆောင်ပုဒ်က ပြောထားသည်။
ဆဠမဆောင်ပုဒ်မှာ “သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သား သမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏”(ရောမ ၈း၁၅) ဖြစ် သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ် တော်ကို ရရှိခဲ့ကြသောကြောင့် ယခုတွင် သူတို့သည် ခမည်းတော် ဘုရားသခင်အား “အဗ္ဗ၊ အဘ”ဟု မှည့်ခေါ်ကြသည်။ 
သတ္တမဆောင်ပုဒ်မှာ “ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏”(ရောမ ၈း၁၆-၁၇) ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် သန့်ရှင်း သောဝိညာဉ်တော်ကို ရရှိသောသူများ ဖြစ်ကြသည်။ သန့်ရှင်းသောဝိ ညာည်တော်လက်ခံရရှိသောသူများသည် ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်ကို အမွေခံမည့်သူများ ဖြစ်ကြသည်။
အဠမဆောင်ပုဒ်မှာ “ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏”(ရောမ ၈း၂၂) ဖြစ် သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများပင်လျှင် ဤလောက၌ အခြားဖန်ဆင်းခံအားလုံးနှင့်အတူ ဆင်းရဲဒုက္ခခံရသော် လည်း နောက်ကမ္ဘာတွင် ညည်းတွားခြင်း သို့မဟုတ် နာကျင်မှု ရှိတော့မည်မဟုတ်သည် ကို ဤအရာက ပြောထားသည်။
နဝမဆောင်ပုဒ်မှာ “ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏” (ရောမ ၈း၃၀) ဖြစ်သည်။ ဘုရားသခင်သည် အပြစ်သားများကို သား တော်သခင်ယေရှုခရစ်တော်အားဖြင့် ခေါ်ဖိတ် တော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် သူတို့အပြစ်များအား လုံးကို ဖယ်ရှားပေးတော်မူခြင်းအားဖြင့် သူတို့အား ကိုယ်တော်၏ သားသမီးများဖြစ်စေတော်မူခဲ့သည်ကို လည်းကောင်း ဤအရာက ပြောထားသည်။
ဒသမနှင့်နောက်ဆုံးဆောင်ပုဒ်မှာ “မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့် မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း”(ရောမ ၈း ၃၃) ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအား ဖြင့် အပြစ်မှ ဖြေလွှတ်ခြင်းခံရန်အတွက် ဆုကျေးဇူးများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြသော ဘု ရားသခင်၏သားသမီးများကို မည်သူမည်ဝါကမျှ တရားမစီရင်နိုင် ပေ။
ဤဆောင်ပုဒ်ဆယ်ချက်တို့သည် ရောမသြဝါဒစာ အခန်းကြီး ၈ ၏အခြေခံအချက်အလက်များဖြစ်ကြသည်။ ယခုတွင် ကျွန်ုပ်တို့ သည် အဓိကဆွေးနွေးမှုဖြင့် ၎င်းတို့ကို အသေးစိတ် လုံးစေ့ပတ်စေ့ ဆန်းစစ်ကြလိမ့်မည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?