• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Sermons

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-11] ထာဝရမေတ္တာ (ရောမ ၈း၃၁-၃၄)

(ရောမ ၈း၃၁-၃၄)
“သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။ မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။ မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။”
 

ဘုရားသခင်သည် ဖန်ဆင်းခြင်းမတိုင်မီ သခင်ယေရှုခရစ်တော် ၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အား လွှမ်းခြုံရန် ဆုံးဖြတ်တော်မူခဲ့လျှင် မည်သူမည်ဝါကမျှ ၎င်းကို ဖျက်ဆီးနိုင်မည် မ ဟုတ်ပေ။ ဖြောင့်မတ်ခြင်းဆိုင်ရာ ဓမ္မခံယူချက်ကြောင့်မဟုတ်၊ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အမှန်အကန် အပြစ်ကင်းစင်ဖြစ်လာသူများသည် ဘုရားသခင်၏စစ်မှန်သော သား သမီးများဖြစ်ကြသည်။
ဤသို့ဖြင့် ဘာသာရေးလူများအားလုံးသည် မမှန်ကန်ပေ။ ယခု ချိန်များတွင် လူအနည်းငယ်ကာသာ သခင်ယေရှုကို ယုံကြည်ခြင်းအ တွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရကြသည်။ သို့သော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအမှန်အကန် သိသောသူများစွာတို့သည် ညှဉ်းပန်း နှိပ်စက်ခြင်းခံရကြသည်။ သို့သော် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးဖြစ်လာသူများသည် ဘုရားသခင်နှင့် ဘယ်တော့မှ မခွဲခွါနိုင်ပေ။ ဘုရားသခင်သည် ကျွန်ုပ် တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းသတင်းကောင်းပေးအပ်တော် မူသောအခါ မည်သူသည် သူတို့ကို ဆန့်ကျင်နိုင်ကြမည်နည်း။
 


ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် အရာခပ်သိမ်းကို ဆုကျေးဇူးအဖြစ်ပေးအပ်တော်မူခဲ့သည်


“မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွအရာခပ် သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော” (‌ရောမ ၈း၃၂)။ 
သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းရရှိသောသူများအတွက် ဘုရားသခင်သည် ကောင်းကင်နိုင်ငံ တော်၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်အရေး၊ နှုတ်ကပတ်တော် နားလည်ခြင်းကျေးဇူးတော်၊ ဖြောင့်မတ်ခြင်းအမှုတော်ဆောင်တစ် ဉီးအဖြစ် အသက်ရှင်ရသောကောင်းကြီးမင်္ဂလာ၊ နှင့် ထာဝရအသက် ကောင်းကြီးမင်္ဂလာစသည်တို့ကို ဆုကျေးဇူးအဖြစ် အရာခပ်သိမ်းတို့ ကို ပေးအပ်တော်မူခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိသားသမီးများဖြစ်လာရန် အတွက် သားတော်ကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် အ ခြားမည်သည့်အရာကို မပေးဘဲ နေတော်မူလိမ့်မည်နည်း။ ဘုရားသ ခင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် စစ်မှန်သောယုံ ကြည်ခြင်းရရှိသောသူများအပေါ် ကောင်းကင်နှင့်မြေကြီးကောင်း ကြီးမင်္ဂ်များကို ချပေးတော်မူခဲ့သည်။ ယုံကြည်သူများနှင့် ဘုရားသ ခင်၏အစေခံများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကြောင့် ကိုယ် တော်ကို အစဉ်အမြဲချီးမွမ်းကြသည်။
 


မည်သူသည် ဘုရားသခင်၏ရွေးကောက်သောသူများကို ဆန့်ကျင်နိုင်ကြမည်နည်း


“မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏” (ရောမ ၈း၃၃-၃၄)။
သခင်ယေရှုခရစ်တော်၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသခင်ရွေးကောက်တော်မူသောသူများကို မည်သူမည်ဝါမျှ မ ဆန့်ကျင်နိုင်ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် သခင် ယေရှုသည် သူတို့ကို အပြစ်မှ လွှတ်‌မြောက်ခွင့်ပေးတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများ၏နှလုံးသားများ၌ အပြစ်မရှိကြ‌ပေ။ ထိုသို့ဖြစ်ရခြင်းအ ကြောင်းမှာ ဘုရားသခင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများအား အပြစ်ကင်းစင်စေတော်မူသောကြောင့် ဖြစ်သည်။
ဘုရားသခင်၏သားတော်၊ သခင်ယေရှုူခရစ်တော်သည် လူသား တစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံယောဟန် အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ လောကအပြစ်များအားလုံး၏ဝန်ထုတ် များကို မိမိအပေါ်သို့ ထမ်း၍ ကားတိုင်ပေါ်တွင် အသေခံတော်မူ လျက် သုံးရောက်မြောက်သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူပြီး ယုံကြည်သူများအတွက် သခင်ဖြစ်တော်မူသည်။
ဤအကြောင်းကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူဖြစ်လာသူများသည် အပြစ်သား များနှင့် အပြစ်ကျူးလွန်သူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့မပြောနိုင် ကြခြင်း ဖြစ်သည်။ ယခုချိန်၌ပင် ဘုရားသခင်သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သူများကို အသိအမှတ်ပြုတော်မူသည်။ ဤအရာကို အသိအမှတ်ပြုရန်အတွက် သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့နှလုံးသားများ၌ ကိန်းဝပ်တော်မူသည်။ ထိုအကြောင်း ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သို့မဟုတ် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံ ရသောသူများကို မည်သူမည်ဝါကမျှ အသရေမဖျက်နိုင်ခြင်းဖြစ် သည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းနှင့် သေ ခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ထင်ရှားခဲ့သည်။ သ ခင်ယေရှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေ တော်မူခဲ့ပြီးနောက် ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ကိုယ်စားပြုဆု တောင်းသူအဖြစ် ဘုရားသခင်၏လက်ျာဘက်၌ စိုးစံတော်မူခဲ့သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?