• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Sermons

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 5-2] ပလ္လင်တော်ပေါ်မှာထိုင်သောသိုးသူငယ် (ဗျာဒိတ်ကျမ်း ၅း၁-၁၄)

ပလ္လင်တော်ပေါ်မှာထိုင်သောသိုးသူငယ်
( ဗျာဒိတ်ကျမ်း ၅း၁-၁၄ )
 
ဗျာဒိတ်အခန်းကြီး ၅ နှုတ်ကပတ်တရားက နောက်ဆုံးသော ကာလ၌ဘုရားသခင်သည် လူသားများကိုကယ်တင်သောသူနှင့် တရား စီရင်မည့်သူဖြစ်မည်ဟုဖော်ပြထားခဲ့သည်။ ကျွန်ုပ်တို့ယုံကြည်သော ဘုရား သည်မည်ကဲ့သို့သောဘုရားဖြစ်သနည်း။ နှုတ်ကပတ်တော်တရားက ယေ ရှုခရစ်သည် ဘုရင့်တကာဘုရင်တို့၏ဘုရား၊ လူသားများကို တရားစီရင်သူ နှင့် ကယ်တင်ရှင် ဘုရားဖြစ်သည်ဟု ပြောထားပါသည်။
ကျွန်ုပ်တို့သည်ယေရှုကိုဘုရားသက်သက်သာထင်မှတ်ကြသည်။ သို့သော် သူသည်ခပ်သိမ်းသော အရာအလုံးစုံတို့ကိုအုပ်ချုပ်သော သူဘု ရားသခင်ဖြစ်သည်။ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ပေးခြင်းအား ဖြင့်ဘုရားသခင်က ကျွန်ုပ်တို့ကိုအပြစ်၊ တရားစီရင်ခြင်းနှင့်ပျက်ဆီးခြင်း ထဲကကယ်တင်ခဲ့ပါသည်။ ယနေ့ ကျွနုပ်တို့ယုံကြည်အားထားနေရသော ဘုရားသခင်ကို ချီးမွမ်းကြပါစို့။
အခန်းငယ် (၁) တွင်ဘုရားသခင်၏လကျာ်ဘက်၌ ထိုင်ပြီး စာစောင်ကို ကိုင်ဆောင်သော သိုးသူငယ်၊ သခင်ယေရှုဖြစ်သည်။ ထိုပလ္လင်တော်ပေါ်မှာ ဘုရားသခင်ထိုင်သည်ဟု နောက်ဆုံး အခန်းငယ်မှာလည်းတွေ့ရသည်။ ဤ အရာက ဘုရားသခင်သည် လူသားအားလုံး၊ ယုံကြည်သူနှင့် မယုံကြည် သူတို့ကို တရားစီရင်မည့်သူဖြစ်သည်ကို ဖော်ပြထားခဲ့သည်။ ထို့ကြောင့် ယေရှုသည်လူသားအားလုံးကိုတရားစီရင်မည့်သူဘုရားဖြစ်သည်ကို ကျွန်ုပ် တို့သိရှိနိုင်ပါသည်။
ကျွန်ုပ်တို့အသစ်တဖန်မွေးဖွားခြင်းခံရသည့်အတွက်ဘုရားသခင်၏ကျေးဇူးနှင့် ပြစ်ဒဏ်ပေးခြင်းသည် အကန့်အသတ်မရှိခဲ့ပေ။ သူသည် ဘုရင်တကာတို့၏ဘုရင်၊စကြာဝဋာနှင့်လူသားအားလုံးတို့ကိုအုပ်ချုပ်သော သူဖြစ်သည်။ ယနေ့လူများစွာက ၂၁ ရာစုရောက်ရှိပြီဟုပြောကြသည်။ ဤအချိန်ကာလသည် ဘုရားသခင်လာသော နေ့ရက်ဖြစ်နိုင်ခဲ့သည်။ ဘု ရားသခင်ပြန်လည်ကြွရောက် ဆဲဆဲဖြစ်သည်ဟု ကျွန်ုပ်တို့ပြောသောအခါ၊ ဤလောက၏ဖျက်ဆီးခြင်းကိုလည်း ရောက်ဆဲဆဲဖြစ်သည်ကို ဆိုလိုခဲ့ ခြင်းဖြစ်သည်။
ဤနေရာတွင် ဘုရားသခင်သည်လူသားအားလုံး၏တရား စီရင် သောသူဖြစ်သည်ကို တွေ့ရသည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူပြီး ဤလောကသို့ကြွဆင်းအသေခံပြီး အသက် ၃၀ နှစ်တွင် ဗတ္တိဇံခံပြီးမှ လူသားများ၏အပြစ်အားလုံးကို သူ့အပေါ် ယူတင်ယူဆောင်သွားခဲ့သည်။ အသက်ခံပြီးမှ သူသည် လူသားအားလုံး၏အပြစ်အတွက် တရားစီရင်ခြင်း ခံခဲ့ပါသည်။
ကောင်းကင်နှင့်မြေကြီးတို့ထံမှ ကိုးကွယ်ခြင်းနှင့် ချီးမွမ်း ခြင်းတို့ သည်ခမည်းတော်ဘုရားသာရရှိခဲ့သည်။ ဘုရားသခင်၏သား တော်ယေရှု သည် ခမည်းတော်ဘုရား၏အလိုတော်ကိုနာခံသော၊ ပြည့်စုံသောကြောင့် ခမည်းတော်ကခရစ်တော်ကိုလည်း ကိုးကွယ်ခြင်းနှင့် ဘုန်းအသရေ၏ကို ရရှိခွင့်ပေးခဲ့သည်။ ထို့ကြောင့် ယေရှုသည် ခမည်းတော်ဘုရား၏ တရားစီ ရင်ပိုင်ခွင့်နှင့် အမွေကိုရရှိခဲ့သည်။
ယေရှုခရစ်သည် လူသားအားလုံးကို ကယ်တင်သောအခွင့်နှင့် တရားစီရင်ခွင့်ပေးခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသားတော် ၏ကယ်တင် သောသူများသိရှိကြောင်းကို အလွန်အကျိုးရှိ၏။ နောက်ဆုံးသောနေ့ရက် တိုင်အောင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုထိန်းသိမ်းဖို့လိုအပ်ပါသည်။ ကျွန်ုပ် တို့အတွက် ခွန်အားဖြစ်စေသည်။
ကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်သည် လူသားအား လုံးကို တရားစီရင်ခွင့်အာဏာရှိသူဖြစ်သည်။ ယေရှုသည် ခမည်းတော်ဘုရား ကဲ့ သို့ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောသူဖြစ်သည်။ ဘု ရားသခင်သည် ဤလောကသို့ ကြွဆင်းလာပြီး လူမျိုးအပေါင်းတို့ကို သူ၏ အသွေးတော်ဖြင့် ကယ်တင်ပြီး ဤလောကကိုအုပ်ချုပ်သူနှင့် ပရောဖက် အဖြစ် ခန့်အပ်ခဲ့သည်။
ထို့နောက် ကုဋေအသင်္ချေမက အတိုင်းမသိများစွာသော ကောင်း ကင်တမန်တို့သည် ဘုရားသခင်သည် တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်ကျက်သရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက် တော်မူ၏ဟုကြီးသောအသံနှင့် ပြောဆိုကြ၏။ ထို့နောက် ယောဟန်ကသူ မြင်တွေ့သောအရာကို အခန်းငယ် ၁၃ တွင် “ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျ သတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူနှင့် သိုးသူ ငယ်သည် ကမ္ဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်၊အစွမ်းသတ္တိရှိတော်မူစေသတည်းဟုပြောဆိုကြသည်ကိုငါကြား လေ၏။ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက် ကြီးသူတို့သည်လည်း ပျပ်ဝပ်၍ကိုးကွယ်ကြ၏။” ဆက်လက် ဖော်ပြခဲ့ပါ သည်။ ဖန်ဆင်းသောအရာအားလုံးတို့ကို ဘယ်သူထံသို့ ဘုန်းအသရေကို ပေးသင့်သနည်း။ ပလ္လင်တော်ပေါ်မှာ ထိုင်သောသိုးသူငယ်ထံသို့ ဘုန်းအာ နုဘော်၊ တန်ခိုးနှင့် ကောင်းကြီးမင်္ဂလာကို ထာဝရခံထိုက်တော်မူ၏။
ပလ္လင်တော်ပေါ်မှာ ထိုင်သော ဘုရားသခင်သည် ကျွန်ုပ်တို့ ၏ နှလုံးသားကို ဘုန်းတော်နှင့်ပြည့်လျှံစေသော ကယ်တင်ရှင်ဘုရား၊ လူသား များကိုတရားစီရင်သောဘုရားဖြစ်ခဲ့သည်ကို စဉ်းစားစေခြင်းဖြစ်ပါသည်။ စကြာဝဋာတစ်ခုလုံးသည် ဘုရားသခင်က ဖန်တီးသောအရာဖြစ်သည်။ သူ သည် ဘုရားတကာတို့၏ ဘုရားဖြစ်သည်မှာ အလွန်မှန်ကန်ပါ၏။
ကျွန်ုပ်တို့ဘုရားသည် ဖန်ဆင်းရှင်ဘုရားဖြစ်သောကြောင့်ဤ လောကသို့ဆင်းသက်လာပြီးမှလူသားများကိုရေနှင့်အသွေးတော်ဖြင့် ကယ် တင်ခဲ့ပါသည်။ ထိုအရာကြောင့် ယေရှုဘုရားသည် လူမျိုးအပေါင်းတို့က ချီးမွမ်း၊ကိုးကွယ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ပေးထိုက်သောဘုရားဖြစ် သည်။ ဘုရားသခင်သည် တန်ခိုးတော်နှင့် ပလ္လင်တော်ပေါ်မှာတရား စီရင်သောသူအဖြစ်ထိုင်သောကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကြီးမား စေခဲ့ပါသည်။
လူတစ်ချို့သည် ယေရှုကို ပညာရှိသော ပုဂ္ဂိုလ်တစ်ယောက် ကဲ့သို့ထင်မှတ်ခြင်းသည် အလွန်မှားယွင်းခဲ့ပါသည်။ သူသည် ကျွန်ုပ်တို့ကို ဖန်တီးသောသူ၊ ကယ်တင်သောဘုရားဖြစ်သည်။ထို့ကြောင့်ယေရှုသည် လူ သားများကဲ့သို့ နှိုင်းယှဉ်လို့မရခဲ့ပေ။ ကျွန်ုပ်တို့ ဘုရားသည် sourules, Conlucius Buddhist (သို့) လူသားများနှင့် နှိုင်းယှဉ်လို့မရခဲ့ပေ။ ယေရှု သည် လူဇာတိကိုခံယူပြီး ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ၃၃နှစ်မျှ ဤလော ကသို့ အသက်ရှင်နေထိုင်ခဲ့ရပါသည်။ သို့သော်သူသည်အသက်ရှင်သော ဘုရားဖြစ်ခဲ့သည်။ လူက လူသားကို မွေးဖွားသကဲ့သို့ ဘုရားသခင်က သူ၏ သား တော်ယေရှုကိုလည်း မွေးဖွားခဲ့ပါသည်။
ထို့ကြောင့် ယေရှုသည် ဖန်ဆင်းရှင်ဘုရားဖြစ်ခဲ့သည်။ သို့ သော် သူသည်ကျွန်ုပ်တို့ကိုကယ်တင်ဖို့ရန်ဤလောကသို့ ကြွဆင်းလာခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှလုံးသားဖြင့် ယေရှုသည် ဖန်ဆင်းသောအရာမ ဟုတ်ဘဲ ဖန်ဆင်းသူဖြစ်သည်ကို ယုံကြည်ဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့အ တွက် မည်သို့သောဝမ်းမြောက် ဖွယ်ရာဖြစ်သနည်း။
 
 

ဘုရားသခင်အကြံတော်ကိုပြည့်စုံစေနိုင်သောယေရှု

 
ဘုရားသခင်ကသာ တံဆိပ်ခုနှစ်ချက်ခတ်သောစာစောင်ကို ဖွင့်ပြ နိုင်ခဲ့ပါသည်။ ဤတံဆိပ်စာစောင်ခုနှစ်ချက်ကို ဘုရားသခင်၏ ကတိတော် စာစောင်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပါအဝင် အရာခပ် သိမ်းကို ဖန်ဆင်းတော်မူ၏။ ဤလောကကို မဖန်တီးခင်ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ဘုရားသခင်၏ဖန်တီးခြင်း အကြံတော်ကို ပြည့်စုံဖို့ရန် ယေရှုဘုရားသည် ဤတံဆိပ်စာစောင်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ဘုရားသခင်နှုတ်ပတ်တော်က “ထိုစာစောင်ကို ဖွင့်၍ ကြည့် ခြင်း ငှာ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမ တတ်နိုင်ခဲ့ဟု ပြောပြထားပါသည်။” တစ်နည်းအဖြစ်ဆိုလျှင် ဘုရားသခင်၏ အကြံတော် ကိုဖြည့်ဆည်းပေးဖို့ရန် အဘယ်မျှမတတ်နိုင်ပေ။ ယေရှုခရစ်ကသာ လုပ် ပေးနိုင်ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ခမည်းတော်ဘုရားသည် သူ၏သား တော်အားဖြင့် အရာအားလုံးကို ကြံစည်တော်မူသောကြောင့်ဖြစ်သည်။
ခမည်းတော်ဘုရားကြံစည်သည့်တံဆိပ်ခုနှစ်ချက်ခတ်သော စာ စောင်ကိုလည်း ဖွင့်နိုင်သော တန်းခိုးအာဏာသည် ခရစ်တော်၌ရှိ၏။ ဤ တန်ခိုးအာဏာဖြင့် ယေရှုသည် ဗတ္တိဇံခံပြီးမှ ကျွန်ုတို့အတွက် လက်ဝါးကပ် တိုင်ပေါ်သို့ အသေသတ်ခံပြီး သုံးပါတစ်ဆူ ဘုရား၏အကြံအစည်တော်ကို ပြည့်စုံစေနိုင်ခဲ့ပါသည်။ ယေရှုသည် သူ၏အသက်ကို ပေးဆပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုအပြစ်ထဲကကယ်တင်ပြီးဘုရားသခင်ရှေ့မှောက်မှ သူ၏ပရော ဖက်အဖြစ် ခန့်အပ်ထားခဲ့ကြသည်။
ယေရှုခရစ်ကလည်း သူကိုယုံကြည်သောသူတို့သည် သူနှင့် အတူ အသက်ရှင်ခွင့်ပေးခဲ့သည်။ ဘုရားသခင်နှုတ်ကပတ်တရား တော်အတိုင်း ဘုရားသခင်သည်ဤလောကသို့ ပြန်လည်ဆင်းကြွလာသောအခါ ခပ်သိမ်း သောအရာတို့ကိုအောင်မြင်ခဲ့ပြီဖြစ်သည်။ ထို့နောက် အနှစ်တစ်ထောင်ကာ လသို့ ဝင်သွားပြီး ဤလောကကို အုပ်ချုပ်မည်ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?