• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Sermons

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-3] စမုရနမြို့၌ရှိသောအသင်းတော်သို့ ပေးစာ (ဗျာဒိတ်ကျမ်း ၂း၈-၁၁)

(ဗျာဒိတ်ကျမ်း ၂း၈-၁၁ ) 
“စမုရနမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍မှာ လိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူတည်းဟူသော၊ အရင် သေ၍အသက်ရှင်လျက်ရှိသောသူ၏အမိန့်တော်ကား၊သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း သင်ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်း အသင်းဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်းသိ၏။ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှမကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည်ဖြစ် ကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။ ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိ သောသူမည်သည် ကားကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်း သည် မညှင်းဆဲရ။”
 
 
အဖွင့်ဋီကာ
 
အခန်းငယ် (၈) “စမုရနမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူနောက်ဆုံးသောသူတည်းဟူ သော အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား သင်အ ကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။”
စမုရနအသင်းတော်သည် ရှင်ပေါလုဧဖက်အသင်းတော်၌အမှု တော်ဆောင်နေသည့်ကာလအတွင်း စတင်ခဲ့ခြင်းဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်အရဤအသင်းတော်၏အသင်းသားများသည်ဆင်းရဲကြကာ သူတို့ ၏ယုံကြည်ခြင်းကြောင့် သူတို့၏အဖွဲ့အစည်းအတွင်း ယုဒလူတို့၏တိုက် ခိုက်ခံရသူများဖြစ်ကြသည်။ဤအသင်းတော်သည် ယုဒလူတို့အားဖြင့် မည် မျှညှင်းပန်းနှိပ်စက်ခြင်းခံခဲ့သည်ကို အသင်းတော်ဖခင်များခေတ်က သင်း အုပ်တစ်ဦး ဖြစ်သည်။ Poly Corp၏ မာတုရခံရခြင်းအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ကနဦးအသင်းတော်၏ သန့်ရှင်းသူတို့သည် ခရစ်တော်အား မိမိတို့၏ကယ်တင်ပိုင်ရှင်အဖြစ် ငြင်းပယ်ခဲ့သော ယုဒလူတို့၏ အဆက်မ ပြတ်ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရကြ သည်။ 
စမုရနရှိအသင်းတော်သည် ရှင်ပေါလုစတင်တည်ထောင်ခဲ့သော အသင်းတော်ဖြစ်သည်။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူတည်းဟူ သောအရင်သေ၍အသက်ရှင်လျက်ရှိသော ဟူသည့်စကားဖြင့် ယောဟန် သည် စင်္ကြဝဠာတစ်ခုလုံးကို ဖန်ဆင်းသောဘုရားသခင်ကို ရည်ညွှန်းပါ သည်။ အပျိုကညာ မာရိအားဖြင့် မွေးဖွားသောကျွန်ုပ်တို့၏သခင်သည် ဗတ္တိဇံဆရာယောဟန်အားဖြင့်လောက၏အပြစ်အားလုံးတို့ကိုသယ်ဆောင် သွားပါကာကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းဖြင့် အပြစ်အတွက် တရားစီ ရင်ခံခဲ့သည်။ ထို့နောက်သူသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ကာ ဘုရားသခင်၏ လက်ယာဘက်တွင်ထိုင်နေတော် မူ၏။ ယေရှုသည် ဘုရား သခင်၏ အသင်းတော်၏ တမန်အား ကျွှန်ုပ်တို့၏ ကယ်တင်ရှင်အနေဖြင့်သာ မဟုတ်ဘုန်းတန်ခိုးကြီးသော ဘုရားသခင်အ ဖြစ်စကားပြောတော်မူ၏။ 
 
အခန်ငယ် (၉) “သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ (သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်းရှိ၏) ယုဒလူဖြစ် ယောင် ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။” 
သခင်ဘုရားသည် စမုရနရှိအသင်းတော်ကြုံတွေ့နေရသော အခက်အခဲနှင့်ဘေးဒါဏ်ကြီးမျိုးစုံကို သိတော်မူ၏။ စမုရနအသင်းတော် သည် ရုပ်ဝတ္ထုပိုင်းတွင်ဆင်းရဲသော်လည်း ဝိညာဉ်ရေးရာပိုင်းတွင်ချမ်းသာ ကြွယ်ဝ၏။ စမုရန၌ များစွာသောယုဒလူတို့နေထိုုင်ကြ၏။ ထိုသူများအား ဘုရားသခင်က ယုဒလူအဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ တမန်၏ အပေါင်းအသင်းဖြစ်သောသူဟု ဖေါ်ဆောင်ထားသည်။ ဤယုဒလူတို့သည် သူတို့ကိုယ် သူတို့စာတန်၏ရည်ရွယ်ချက်များဆောင်ရွက်ရန် ကရိယာတစ် ခုအနေဖြင့် အပ်နှံကြသောကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောရန်အတွက် အနောက်အယှက် ဖြစ်လာခဲ့ကာ ဘုရားသခင်၏ အသင်းတော်အား ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ သူတို့ယုံကြည် ထား သည်မှာ သူတို့သာလျှင် အများလက်ခံသော ယုဒလူများဖြစ်ပြီး သူတို့သာ လျှင် အာဗြဟံ၏သားသမီးများဖြစ်သည်ဟု လက်ခံထားကြသည်။ သို့သော် အမှန်တကယ်တွင် သူတို့သည် အာဗြဟံ၏ယုံကြည်ခြင်းကို လိုက်လျှောက် ရန်ပျက်ကွက်ရုံသာမက ထိုထက်ပို၍ ဆိုးရွားစွာပင် သူတို့၏ ဘိုးဘွား များ၏ဘုရားသခင်ကိုငြင်းပယ်ခြင်းဖြင့်အဆုံးသတ်ကြသည်။ ဤယုဒလူတို့ ၏ လေးလံစွာ ညှင်းပန်းနှိပ်စက်ခံရသည်။” ကြား စမုရနအသင်းတော်သည် ဆင်းရဲသော်လည်း ဝိညာဉ်ရေးရာ၌ ကြွယ်ဝပြည့်စုံသော အသင်းတော် ဖြစ်သည်။ 
 
အခန်းငယ် (၁၀) ``သင်သည် ခံရမည့်အရာ တစုံတခုကိုမျှမကြောက်နှင့် သင်တို့သည် စုံစမ်းခြင်းကို ခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။သေသည်တိုင်အောင်သစ္စာစောင့်လော့သို့ပြု လျှင် အသက်သရဖူကို ငါပေးမည်။`` 
ဘုရားသခင်သည် စမုရနအသင်းတော်အား “သင်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်`` ဟု မိန့်တော်မူ၏။ သူသည် သူတို့အား သေသည်တိုင်အောင်သစ္စာစောင့်ရန်လည်း မိန့်တော်မူခဲ့ကာ အသက်သရ ဖူကို ပေးမည်ဟုလည်း ကတိတော်ထားခဲ့သည်။ စာတန်သည် စမုရန အသင်းတော်ရှိ အချို့သောသန့်ရှင်းသူတို့အား ခြိမ်းခြောက်ကာ သူတို့ ယုံကြည်ခြင်းကို ချိုးဖျက်ရန် ကြိုးစားမည်ကို သခင်ဘုရားသည် ကြိုသိခဲ့ ပြီးဖြစ်သည်။ ဤအတွက်ကြောင့်ပင် အကယ်ဤ သူတို့သည် သေသည့် တိုင်အောင်သူ့အပေါ်သစ္စာစောင့်သိပါကအသက်သရဖူကို ပေးမည်ဟုကတိ တော်ထားခဲ့ခြင်းဖြစ်သည်။ 
ဤကျမ်းပိုဒ်အားဖြင့် သခင်ဘုရားသည် ကျွန်ုပ်တို့အား ပြော နေသည်မှာ နောက်ဆုံးသောကာလ၌ အသက်ရှင်သောဘုရားသခင်၏ အစေခံနှင့်သူ၏ သန့်ရှင်းသူတို့သည် စာတန်နှင့် သူ၏နောက်လိုက်များ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရမည်ဟုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၌ သေ သည်ထိတိုင် ဘုရားသခင်ပေါ်သစ္စာရှိရန်ခွန်အားရှိလာပေလိမ့်မည်။ ဤခွန် အားသည် ကျွန်ုပ်တို့ထံသို့ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းနှင့် ဘုရားသခင် ကျွန်ုပ်တို့အား ကတိပေးထားသည့် ကောင်းကင် သစ်နှင့် မြေကြီးသစ်ပေါ် မျှော်လင့်ခြင်းဖြင့် ရောက်ရှိလာခဲ့ပါသည်။ 
 
အခန်းငယ် (၁၁) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင် သော သူကို ဒုတိယသေခြင်းသည် မညှင်းဆဲရ။” 
နောက်ဆုံးသောကာလ၏ယုံကြည်သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြသောသူတို့နှင့် အန္တိခရစ်ကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲတွင် စေ့စပ်ပါဝင်ကြရမည်ဖြစ်သည်။ ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တော်မူသည်မှာ စစ်မှန်သောသတင်းကောင်းနှင့် ကောင်းကင်တွင် မျှော် လင့်ချက်ရှိသူတို့သည်သာလျှင် သူတို့၏ယုံကြည်ခြင်းဖြင့် အောင်ပွဲခံရမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏သမ္မာတရားနှင့်ယုံကြည်ခြင်း နှုတ်က ပတ်တော်ကို ကျွန်ုပ်တို့အားပေးခြင်းဖြင့် ယုံကြည်သူတိိုင်းကို သူ့ရန်သူအ ပေါ်အောင်နိုင်ခွင့်ပေးသည်။ မေးခွန်းတစ်ခုသာရှိသည့် အရာမှာ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့်သူ၏ အစေခံများဘက်၌ရှိမရှိကိုပင် ဖြစ်သည်။ 
ရောမသြဝါဒစာ ၈း၁၈ ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်း တော်ကို ထောက်သော် ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏ဟု ကျွန်ုပ်တို့ကို ပြောပါသည်။ ကျွန်ုပ် တို့၏ အန္တိခရစ်နှင့် သူ့နောက်လိုက်များ၏ညှင်းပန်းနှိပ် စက်ခြင်းခံရချိန် သည် ခေတ္တမျှသာဖြစ်ပေမည်။ ဖြစ်နိုင်ခြေအားဖြင့် ဆယ်ရက်ခန့်မျှသာ ဖြစ်ပေမည်။ ဘုရားသခင်အားကိုးစားလျှက်သင်သည် ဤတိုတောင်းလှ သော ဆင်းရဲဒုက္ခခံရချိန်ကို ကြံ့ကြံ့ခံနိုင်ကာ အန္တိခရစ်ကို အောင်မြင်ပြီး ဘုရားသခင်ကို ဘုန်းထင်ရှားစေကာ သူ၏ထာဝရနိုင်ငံတော်အား သင်၏ ဆုအဖြစ်လက်ခံရရှိပါ။ ဘုရားသခင်သည် သန့်ရှင်းသူတို့အား သူတို့၏ အန္တိခရစ်နှင့် ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲအတွက်ခွန်အားပေးထား ပါသည်။ 
ကျွန်ုပ်တို့၏ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအပေါ်ထားရှိ သောယုံကြည်ခြင်းဖြင့်အန္တိခရစ်အပေါ်အောင်မြင်ကြကာအနှစ်တစ်ထောင် နိုင်ငံတော်နှင့် ကောင်းကင်သစ်မြေကြီးသစ်၌ ထာဝရနေထိုင်ရန် အတူပြန် လည် ဆုံတွေ့ကြပါစို့။ ပထမသေခြင်းသည် ဤနေရာတွင် ကျွန်ုပ်တို့၏ ခန္ဓာသေ ခြင်းကို ရည်ညွှန်းကာ ဒုတိယသေခြင်းသည် ထာဝရငရဲအိုင်ထဲ၌ ထာဝရအပြစ်စီရင်ခြင်းခံရရန် ဝိညာဉ်သေခြင်းကို ရည်ညွှန်းပါသည်။ သန့် ရှင်းသူတို့အတွက် သူတို့၏ ခန္ဓာသေခြင်းဖြစ်သည့် မာတုရအဖြစ်အသေခံ ခြင်းသာြဖစ်သည်။ သို့သော် ဝိညာဉ်သေခြင်း မျိုးမရှိပေ။ 
သခင်ဘုရားသည် ကနဦးအသင်းသားများကို ပေးခဲ့သည့်မာတုရ ကဲ့သို့ ကျွန်ုပ်တို့နောက်ဆုံးသောကာ ယုံကြည်သူများအား မာတုရ၏ ဘုန်း နှင့်ဂုဏ် တော်တို့ကို ပေးထားသောကြောင့် ကျေးဇူးတင်ပါသည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?