• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 2: The Holy Spirit

2-6.။ အခြားသောဘာသာစကားပြောခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်း၏ သက်သေအထောက်အထားဖြစ်သည်မဟုတ် လော။ မဟုတ်လျှင် ကျွန်ုပ်တို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သည် ကို ကျွန်တော်မည်ကဲ့သို့သိရှိနိုင်မည်နည်း။

လူတစ်ဦးသည် အခြားသောဘာသာစကားပြောဆိုခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသည်ဟု ကျွန်ုပ်တို့မပြောနိုင်ပေ။ နတ် ဆိုးစွဲသောသူများသည်လည်း အခြားသောဘာသာစကားပြောတတ်ပါသည်။ နတ် ဆိုးများကလည်း သခင်ယေရှုခရစ်တော်၏နာမတော်ကိုအသုံးပြုပြီး အခြား သောဘာ သာစကားများကိုကျွမ်းကျင်စွာပြောစေနိုင်သည်ကို ကျွန်ုပ်တို့သိသင့် သည်။ 
    အခြားသောဘာသာစကားပြောခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းသက်သေအထောက်အထားဖြစ်သည်ဟု ကျွန်ုပ်တို့ပြေဆိုလျှင် သမ္မာ ကျမ်း စာကိုလွှဲမှားစွာခံယူသောသူများဖြစ်ကြပြီး သန့်ရှင်းသောဝိညာဉ်တော်မ ထီမဲ့မြင်ပြု သောအပြစ်ကိုကျူးလွန်သောသူများဖြစ်ကြပါလိမ့်မည်။ ၁ကော ၁၂း၃၀ တွင် "ရရှိသမျှတို့သည် အနာရောဂါငြိမ်းစေနိုင်သော အခွင့်ရှိသလော။ ရှိရှိသမျှတို့သည် အခြားသောဘာသာစကားပြောနိုင်ကြလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သလော"ဟု ဖော်ပြထားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ဝိညာဉ်တော်ဖြစ်သောကြောင့် သူသည်အပြစ်တရားနှင့် မိမိနှလုံးသားထဲတွင် အပြစ်ရှိသောသူများ၌ကိန်းဝပ်ခြင်း မရှိနိုင်ပေ။ 
    လူတစ်ဦးသည် အခြားသောဘာသာစကားပြောတတ်ကြောင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိသည်ဟု ကျွန်ုပ်တို့ မယုံကြည်သင့်ပေ။ သို့သော် သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းရရှိ သည်/မရရှိသည်ကို ကျွန်ုပ်တို့ဆန်းစစ်ရကြမည်ဖြစ်သည်။ အံ့သြဖွယ်နိမိတ်လက္ခ ဏာများဖြစ်ကြသော အခြားသောဘာသာစကားပြောခြင်းစသောအတွေ့အကြုံ မျိုးကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိသည်ဟု ထင်လျှင် ထိုသူသည် စာတန် ၏လှည့်ဖြားခြင်းခံနေခြငး်ဖြစ်သည်။ (၁သက် ၂:၁၀)။ဘုရားသသခင်၏နှုတ် ကပတ် တော်အားဖြင့် အပြစ်လွှတ်ခြင်းရရှိသောသူများအပေါ် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်အပေးခဲ့သည်။
    ဒုတိယမေးခွန်း၏အဖြေမှာ သန့်ရှင်းသည်ဝိညာဉ်တော်သည်ဘုရားသခင် ဖြစ်ပြီး၊ သမ္မာတရား၏ဝိညာဉ်တော်ပင်ဖြစ်သည်။ ထိုကြောင့် သူသည် ရေနှင့်သန့် ရှင်းသောဝိညာဉ်တော်သတင်းကောင်းအားဖြင့်အတူတကွအလုပ်လုပ်သည်။ သူ သည်လူတွေ၏ဆန္ဒအားဖြင့်အလုပ်မလုပ်ခဲ့ပေ။ သူသည် အပြစ်သားများအား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ရန် မစပြီးဖြောင့်မတ်သောသူများ ဖြစ်လာရန် သမ္မာတရားကိုသွန်သင်ခဲ့သည်။ ဘုရားသခင်၏အလိုတော်အတိုင်း သူ သည် သူတို့နှင့်သတင်းကောင်းကို ငြိမ်သက်စွာဟောပြောနေသည်။ သူသည် မီး လျှံပမာလောင်ကျွမ်းသောစိတ်(သို့)လုံးဝတား၍ မရသောသူအခြေအနေမျိုးဖြင့် လူတွေပေါ်တွင်မဆင်းသက်ပေ။ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနာခံခြင်းအားဖြင့် အပြစ်လွတ်ခြင်းရရှိသော ဖြောင့်မတ်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏သားသမီး များဖြစ်ကြကြောင်း သနှ့်ရှင်းသောဝိညာဉ်တော်ကသွန်သင်ခဲ့သည်။ ဖြောင့်မတ်သူ များ၏နှလုံးသားတွင်အပြစ်ကင်းလျက်ရှိကြောင်းနှင့် သူတို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်ကြသည်ဟု သန့်ရှင်းသောဝိ ညာဉ်တော်ကသက်သေခံထားသည်။
    ထိုကြောင့် လူတစ်ယောက်သည်အခြားသောဘာသာစကားပြောနေသော် လည်းသူ၏နှလုံးသားတွင်အပြစ်ရှိလျှင် သူ့အထဲတွင်ရှိသောဝိညာဉ်သည် သန့်ရှင်း သောဝိညာဉ်တော်မဟုတ်ပေ။ သို့သော် စာတန်၏ဝိညာဉ်ပင်ဖြစ်သည်။ မိတ်ဆွေ သည် မိတ်ဆွေ၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိလို ပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ရကြမည်ဖြစ်သည်။ သို့မှသာ ဘုရားသခင်သည် မိတ်ဆွေအား သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကောင်းချီးချပေးမည်ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?