• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-2. အခန်းကြီး (၁၁) တွင် ပေါ်ထွက်လာသော သက်သေခံနှစ်ဦးဆိုသည်မှာ မည်သူတို့နည်း။

အခန်းကြီး (၁၁)တွင် ပေါ်ထွက်လာသောသက်သေခံနှစ်ဦးမှာ နောက်ဆုံးသောကလ၌ဣသရေလလူမျိုးတို့ကိုကယ်တင်ရန်အတွက်ဘု ရားသခင်က ထူးခြားစွာပေါ်ထွက်စေသောဘုရားသခင်၏ အစေခံကျွန်များ ဖြစ်သည်။ ဘုရားသခင်သည် အဗြဟံခွင့်ပြုထားသောသူ၏ကတိကိုထိန်း သိမ်းရန်အတွက် ဘုရားသခင်သည် ဤပရောဖက်နှစ်ဦးကို စေလွှတ်လိမ့် မည်။ ထိုပရောဖက်တို့သည် ဣသရေလလူမျိုးတို့အား အပြစ်မှလွတ် မြောက်စေရန် ကယ်တင်ဖို့စေလွှတ်ခံရသူများဖြစ်ပြီး အံ့သြဘွယ်ဖြစ်ရပ် များနှင့်နိမိတ်လက္ခဏာများကို ပြသခြင်း၊ ဣသရေလလူမျိုးများကို ဦး ဆောင်လျှက်ယေရှုခရစ်ထံပြန်လာအောင်ပြုလုပ်ခြင်းတို့နှင့် သူတို့၏ ကယ် တင်ရှင်အဖြစ် ယုံကြည်လက်ခံလာအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤသက်သေခံနှစ်ဦးတို့သည် ဣသရေလလူမျိုးတို့ကို ရက်ပေါင်း (၁၂၆၀) ကြာမျှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွေးမွေးကြလိမ့်မည်။တစ် နည်းအားဖြင့် ခုနှစ်နှစ်ကာလကြာမြင့်သောဘေးဒဏ်ကြီးကာလ၏ ပထမ သုံးနှစ်ခွဲကာလကို ဆိုလိုသည်။ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ဣသရေလလူမျိုးများထံပျံ့နှံ့စေခြင်းနှင့် သက်သေခံနှစ်ဦးအားဖြင့် သူတို့ကို ယုံကြည်စေမည်ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတို့ကို တစ်ပါးအမျိုးသားတို့ကို မကြာသေးမီက သူပေးခဲ့သော ယုံကြည်ခြင်း အားဖြင့်သူတို့အားလုံးအပြစ်မှ လွတ်ခဲ့ကြသည့်ကယ်တင်ခြင်းမျိုးကိုပေး အပ်လိမ့်မည်ဖြစ်သည်။
ဗျာဒိတ်ကျမ်း (၁၁း၄) တွင် “ထိူသူတို့သည်ကား မြေကြီးအရှင်၏ ရှေ့တော်၌စိုက်ထားသောသံလွင်ပင်နှစ်ပင်နှင့်မီးခွက်နှစ်လုံး ဖြစ်သတည်း” ဟုဖေါ်ပြထားပါသည်။ဤနေရာ၌သံလွင်ပင်နှစ်ပင်နှင့် ပက်သက်၍ခြားနား သော အဓိပ္ပါယ်ဖွင့််ဆိုချက်အမျိုးမျိုးရှိသည်။ သံလွင်ပင်နှစ်ပင်သည် ဆီဖြင့် ဘိသိက်သွန်းထားသူကို ရည်ညွှန်းပါသည်။ ဓမ္မကျမ်းစာဟောင်းခေတ်၌ လူ တို့သည် ပရောဖက်များဘုရင်များသို့မဟုတ် ယဇ်ပရောဟိတ်များကို ခန့် အပ်သောအခါ ဆီးဖြင့်လိမ်းကြ၍ဘိသိတ်ပေးတတ်ကြသည်။ ထိုသူတို့အား ဆီဖြင့် သွန်းလောင်း၍ဘိသိတ်ပေးပြီးသောအခါ သန့်ရှင်းသောဝိညာဉ် တော်သည် သူတို့အပေါ်သို့ဆင်းသက်လာသည်။ ထို့ကြောင့်သံလွင်ပင် သည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သန္ဓေတည်ခဲ့သောယေရှု ခရစ်ကို ရည်ညွှန်းထားသည်။ (ရောမ ၁၁း၁၇)
သို့သော်ငြားလည်း ဗျာဒိတ်ကျမ်း (၁၁း၁) ကို လေ့လာသောအခါ “တဖန်လှံတံနှင့်တူသောကျူပင်တစ်လုံးကိုငါအားပေး၍ ငါ့ကိုပြောဆိုသည် ကားထလော့၊ ဘုရားသခင်၏ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကိုတိုင်းလော့။ ဗိ မာန်တော်၌ကိုးကွယ်သောသူတို့ကိုရေတွက်လော့။ ဗိမာန်တော်၌ ကိုးကွယ် သောသူတို့ကိုရေတွက်လော့” ဟုဖေါ်ပြထားရာ ကျွန်ုပ်တို့နားလည်သဘော ပေါက်ရသည်မှာ၊ အခန်းကြီး (၁၁) ၏ အဓိကအာရုံစိုက်သည့်အရာမှာ၊ ဣသရေလလူမျိုးတို့၏ကယ်တင်ခြင်းအပေါ်တွင်ဖြစ်သည်။တခြားနည်းဖြင့် ပြောရလျှင်၊ ဤအချိန်မှစ၍ ဣသရေလလူမျိုးထံသို့ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းသည်းဟူသော သူတို့၏အပြစ်များမှလွတ်မြောက် စေသော ယေရှုခရစ်တော်၏ကျေးဇူးတော်ဖြင့်ပေးအပ်သော ကယ်တင်ခြင်းသတင်း ကောင်းကို ဝေငှဖြန့်ဝေသည့်လုပ်ငန်းစတင်မည့်အချိန်ဖြစ်သည်။ ထို့အပြင် သူတို့သည် ဘူရားသခင်၏စစ်မှန်သောသူများဖြစ်လာကြသည့် အချိန် လည်းဖြစ်သည်။ ထို့ကြောင့်သက်သေခံ နှစ်ဦးမှာ နောက်ဆုံးသောကာလ၌ ဣသရေလလုူမျိုးကိုကယ်တင်ရန်အတွက် ဘုရားသခင်ကစေလွှတ်မည့် ပရောဖက်နှစ်ပါးဖြစ်သည်။
ကျမ်းစာထဲ၌ မီးခွက်သည်ဘုရားသခင်၏ အသင်းတော်ကိုရည် ညွှန်းပါသည်။ ထို့ကြောင့်မိးခွက်နှစ်လုံးသည်၊ တစ်ပါးအမျိုးသားထဲ၌ တည် ထောင်သောအသင်းတော်နှင့်ဣသရေလလူမျိုးများကိုခွင့်ပြုထားသောအ သင်းတော်တို့ကို ရည်ညွှန်းပါသည်။ ဘုရားသခင်သည်  ဣသရေလလူမျိုး တို့၏ဘုရားချည်းမဟုတ်ပါ။ သို့သော်တစ်ပါးအမျိုးသားတို့၏ ဘူရားလည်း ဖြစ်ပြီး၊ သူသည်လူတိုင်း၏ဘုရားဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်သည် တစ်ပါးအမျိုးသားများနှင့် ဣသရေလအမျိုးသားတို့အထဲတွင် တူညီသော သူ၏အသင်းတော်ကို သူတို့နှစ်မျိုးစလုံးအထဲ၌တည်ဆောက်ခဲ့သည်။ သူ၏ အသင်းတော်များမှတဆင့်ဘုရားရှင်သည်အပြစ်မှဝိညာဉ်များကို ကယ်တင် သောအလုပ်ကိုနောက်ဆုံးသောနေ့ရက်ကာလတိုင်အောင် လုပ်ဆောင်နေ မည်ဖြစ်သည်။
သမ္မာကျမ်းစာဟောင်းကာလများက ဣသရေလလူမျိုးတို့တွင် ဘု ရားသခင်၏ပညတ်တော်အားဖြင့် ထူထောင်သောပရောဖက် များရှိခဲ့သည်။ ထို့နောက်ထိုသူတို့ကြား နားကြရသည်။ သူတို့တွင်မောရှေ့၏ပညတ်တော် များနှင့်ပရောဖက်များရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ယစ်ပူဇော်ခြင်း နှင့်ဆိုင်သောနည်းစနစ်များနှင့် ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်များ အကြောင်းအလုံးစုံကိုသိရှိနားလည်ထားကြသည်။ ဤသည်မှာ အဘယ့် ကြောင့်သူတို့သည် သူတို့၏ဇာတိလူမျိုးထဲမှ ဘုရားသခင်ခန့်အပ်ထား သော ပရောဖက်လိုအပ်ရသည့် အကြောင်းရင်းပင်ဖြစ်သည်။
ထို့အတူသူတို့သည် ဘုရားသခင်၏ရွေးချယ်ထားသောလူမျိုးဟု သူတို့ကိုယ်သူတို့ယုံကြည်ထားကြသည်။ ထို့ကြောင့်သူတို့သည်၊ တစ်ပါးအ မျိုးသားများက သူတို့၏ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ သောအခါသူတို့သည်အလေ့အနက်ထားခြင်းသော်၄င်း၊ နားထောင်ခြင်း သော်၄င်း၊ မပြုကြပေ။ထို့ကြောင့်ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည်သောပရောဖက်များကို ဘုရားသခင်ကသူတို့ ဇါတ်လူမျိုးထဲမှ ဘုရားသခင်ခန့်ထားသူပေါ်ထွန်းလာသောအခါမှသာ၊ နောက်ဆုံး၌သူတို့ သည် ယေရှုခရစ်တော်ကိုသူတို့၏ကယ်တင်ကဲ့သို့ လက်ခံယုံကြည်ကြလိမ့် မည်။
ဤသည်မှာ အဘယ့်ကြောင့်ဘုရားသခင် ကိုယ်တော်တိုင် ဣသ ရေလလူမျိုးထဲမှပရောဖက်နှစ်ပါးကို ထူထောင်ပြီး ဣသရေလလူမျိုးစုထဲ သို့သူတို့ကိုစေလွှတ်ရသည့် အကြောင်းရင်ဖြစ်သည်။ ဤပရောဖက်များ သည် ဓမ္မဟောင်းကျမ်း၌နာမည်ကျော်ကြားခဲ့သည့် ဘုရားသခင်၏အစေခံ ကျွန်များ၊ ယခင်ကပြုလုပ်ခဲ့ကြသော၊အံ့သြဖွယ်ရာများကဲ့သို့ တကယ်ပင် လုပ်ဆောင်ကြလိမ့်မည်။ ဗျာဒိတ်ကျမ်း(၁၁း၅-၆) က ကျွန်ုပ်တို့အားပြော ပြသည်မှာ “တစ်စုံတစ်ယောက်သောသူသည် သူတို့ကို ညှင်းဆဲခြင်းမှာအ လိုရှိလျှင်သူတို့၏ခံတွင်းထဲကမီးထွက်၍ရန်သူတို့ကို မျိုတတ်၏။ တစ်စုံ တစ်ယောက်သောသူသည် ထိုသူတို့ကို ညှင်းဆဲခြင်းငှာအလိုရှိလျှင် ထိုသို့ အသေသတ်ခြင်းကို ခံရမည်။ ထိုသူတို့သည် ပရောဖက်ပြုသောနေ့ရက် ကာလ၌မိုးမရွာစေခြင်းငှါမိုးကောင်းကင်ကိုပိတ်ရသောအခွင့်၊မြစ်ရေ၊ တွင်း ရေကို အသွေးဖြစ်စေရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအ မျိုးမျိုး ဖြင့် မြေကြီးက္လိုါဏ်ခတ်ရသောအခွင့်ကိုရကြ၏။”
ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ အစေခံကျွန်များဖြစ်ကြ သော ဤသူတို့၌အလားတူ စွမ်းအင်တန်ခိုးများရှိသည့် တိုင်အောင် ဣသ ရေလလူမျိုးတို့သည် နောင်တရကြမည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသ ခင်သည် သူ၏တန်ခိုးစွမ်းအင်တို့ကို သက်သေခံနှစ်ဦးတို့အား ဝတ်ဆင်စေ မည်ဖြစ်သည်။ ဘုရားသခင်သည်သက်သေခံနှစ်ဦးတို့အား သူ၏အထူး တန်ခိုးစွမ်းအင်တို့ကို ပေးအပ်လိမ့်မည်။ ထို့ကြောင့်သူတို့သည် ဣသရေလ လူမျိုးများထံသို့ပရောဖက်ပြုထားသောနှုတ်ကပတ်တော်အားလုံးကို ဟော ပြောနိုင်မည်ဖြစ်ပြီး သူတို့ကိုသက်သေခံလျှက် ယေရှုခရစ်သည် သူတို့ကြာ မြင့်စွာကပင် စောင့်စားခဲ့သောကယ်တင်ရှင်မေရှိယဖြစ်ကြောင်း ယုံကြည် အောင် လုပ်ရမည်ဖြစ်သည်။သက်သေခံနှစ်ဦးတို့ တကယ်တမ်းပြုလုပ်ကြ သော အံ့သြဘွယ်ရာများကိုမြင်တွေ့လျှက်ဣသရေလလူမျိုးတို့သည် သူတို့ စကားကို နားထောင်ကြ ပြီးနောက် ယေရှုခရစ်ထံသို့ ပြန်လာကြလိမ့်မည်။
သက်သေခံနှစ်ဦးတို့အနေဖြင့် သူတို့၏အလုပ်ဖြစ်သော ဣသရေလလူမျိုး များထံ သတင်းကောင်းဖြန့်ခြင်းလုပ်ငန်း ပြည့်စုံသွားသောအခါ အန္တီခရစ် သည်ဤကမ္ဘာပေါ်၌ပေါ်ပေါက်လာမည်။ သူတို့ဟောပြောသော သတင်း ကောင်းကို ဆန့်ကျင်ကြလိမ့်မည်။ ထို့နောက်သူတို့ကို မာတုရများဖြစ် အောင်ပြုလုပ်ကြလိမ့်မည်။ ဗျာဒိတ်ကျမ်း (၁၁း၈)က ကျွန်ုပ်တို့အား ပြောပြသည်မှာ “သူတို့သခင်သည်  လက်ဝါးကားတိုင်မှာ အသေခံတော်မူ သောအရပ်တည်းဟူသော ဆောနံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်း ကောင်း၊အတွင်းအနက်အားဖြင့် ခေါ်ဝေါသောမြို့ကြီး၏လမ်း၌ အလောင်း ကောင်တို့သည် နေရစ်ကြလိမ့်မည်။”
ဣသရေလလူမျိုးများထံသို့ သတင်းကောင်းဟောပြောခြင်းနှင့် ထို့ နောက် သူတို့၏ခေါ်သံလုပ်ငန်းအားလုံးပြည့်စုံသွားသောအခါ သက်သေခံ နှစ်ဦးတို့သည် သခင်ယေရှုလက်ဝါးကားတိုင်၌ အသတ်ခံခဲ့ရသောနေရာ၌ အသတ်ခံကြရလိမ့်မည်။ဤအချက်ကို ဘာသာပြန်ဆိုရာ၌ ဤသက်သေခံ နှစ်ဦးသည်ဣသရေလလူစုထဲမှဖြစ်သည်။ဣသရေလလူမျိုးတို့သည် ဘုရား သခင်၏ အစေခံကျွန်များ ဖြစ်ကြသည်။
နိဂုံးချုပ်အနေနှင့် ဘုရားသခင်သည် ယေရှုခရစ်ကို ယုံကြည်လက် ခံရန်ငြင်းဆန်ပြီးသူ့အားဆန့်ကျင်သူ၊ ဝိညာဉ်ရေးရာအားဖြင့် သောဒုံနှင့် အဲဂုတ္တုနှင့်တူသူ ဣသရေလလူမျိုးတို့ထံ သက်သေခံနိုင်ရန်အတွက် သူ၏ ပရောဖက်နှစ်ပါးကို ပေါ်ထွန်းစေလိမ့်မည်။ ယေရှုသည် အမှန်တကယ် အားဖြင့်သူတို့၏ကြာမြင့်စွာစောင့်ဆိုင်းခဲ့ကြပြီးဖြစ်သော မေရှိယကိုယ်တိုင် ဖြစ်သည်ကို ဤသက်သေနှစ် ဦးတို့ အသက်သေခံကြလိမ့်မည်။ ဤသက် သေခံနှစ်ဦးတို့အားဘုရားရှင်ကသူ၏တန်ခိုးစွမ်းအင်များကိုဝတ်ဆင်ပေးပြီး သောအခါ၄င်းတို့အားဖြင့်ဣသရေလလူမျိုးတို့ ယေရှုကိုယုံကြည်ရန် ဘုရား ရှင်ပြုလုပ်လိမ့်မည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?