• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-3. အခန်းကြီး (၁၂) တွင် ပါဝင်သော မိန်းမတစ်ဦး ဘေးဒဏ်ကြီးကာလအ လယ်၌ရှိသောဘုရားသခင်၏ အသင်းတော်ဖြစ်သည်ကို ရည်ညွှန်းသည်။

အခန်း (၁၂) က ကျွန်ုပ်တို့အား ဖော်ပြထားသည်မှာ နဂါးအားဖြင့် နှိပ်စက်ခြင်းခံရသောမိန်းမအကြောင်းဖြစ်ပြီး ဆိုလိုရင်းမှာ နောက်ဆုံးသော ကာလ၌စာတန်သည်ဘုရားသခင်၏ အသင်းတော်ကို အကြီးအကျယ်အန္တ ရာယ်ပေးလိမ့်မည်ဟု ဆိုလိုပါသည်။မည်သို့ပင်ဖြစ်စေကာမူ ဘုရားသ ခင်၏ အထူးတလည် ကာကွယ်စောင့်ရှောက်မှုအားဖြင့်သူ၏အသင်းတော် သည် စာတန်နှင့်အန္တီခရစ်တို့ကို သူ၏ယုံကြည်ခြင်းဖြင့် အောင်ပွဲဆင်အနိုင် ယူလိမ့်မည်။ ထို့နောက် ဘုရားသခင်ကြီးမားသော ကောင်းချီးများ လွှမ်းခြုံ ခံရခြင်းဖြင့် ဘုရားရှင်၏ ဂုဏ်ကျက်သရေတော်ကို ခံစားရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဘေးဒဏ်ကြီးကာလကျရောက်နေ ချိန် ဖြစ်လင့်ကစား၊ ဘုရားသခင်၏အသင်းတော်တွင် အသက်ရှင် ကျန်ရှိနေ သေးသောသန့်ရှင်းသူတို့သည် ယုံကြည်ခြင်းအစားအစာများကို ရရှိကြမှာ ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သည်အန္တီခရစ်ကို အောင်မြင်ကြမှာ ဖြစ်ပြီး ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းတည်းဟူသောသူတို့၏ ယုံ ကြည်ခြင်းဖြင့်သူတို့၏မာတုရအဖြစ်ခံရခြင်းကို ပွေ့ပိုက်လျှက် အောင်ပွဲ ခံကြရလိမ့်မည်။ ဘုရားသခင်သည်အခန်းကြီး (၁၂) ၌ မိန်းမတစ်ဦးကို တင် စားလျှက် ကျွန်ုပ်တို့အားဤအချက်အလက်များကို ရှင်းပြနေခြင်းဖြစ်ပါ သည်။
ဗ္လျာိတ်ကျမ်း (၁၂း၁၃-၁၇) က ကျွန်ုပ်တို့အား “ထိုနဂါးသည် မြေ ကြီးသို့ကိုယ်ကျသည်ကို သိမြင်လေသော်သားယောင်္ကျားကို ဖွားမြင်သော မိန်းမကိုညှင်းဆဲ၏။ မိန်းမသည် ထြွေိုမနှင့်လွတ်၍ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်၊ပတ်လုံးကျွေးမွေးခြင်းကိုခံရာအရပ်တည်းဟူသောတောအ ရပ်သို့ပြန့်နိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏အတောင်နှစ်ဘက်ကို ရ လေ၏။ ထိုအခါမိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ နဂါးသည် မိမိခံတွင်းထဲက မြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင် နဂါး၏ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေကိုမျိုလေ၏။ နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘု ရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှုသက်သေခံတော်မူချက်ကိုစွဲ လမ်းသောသူတည်းဟူသောထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်ကိုစစ်တိုက် ခြင်းငှါသွား၏” ဟုပြောပြပါသည်။ 
ကျမ်းစာထဲ၌ တစ်ခါတစ်ရံ နဂါးဟုဖော်ပြခြင်းခံရသောသူသည် ဘု ရားသခင်၏နေရာကိုရယူရန်ကြံစည်ကျိုးပန်းသဖြင့်ကောင်းကင်ဘုံမှ ပစ်ချ ခံရသောမူလအစက ကောင်းကင်တမန်ဖြစ်ခဲ့သော သူဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ထိုမကောင်းဆိုးဝါး၏ရလဒ်အဖြစ် သူ့နောက်ကို လိုက်ပါ သူများနှင့် အခြားကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံမှ ပစ်ချခံခဲ့ရ ပြီး အဆုံးမရှိသောတွင်းထဲသို့ ပစ်ချခံရမည်ကို သိထားပြီးဖြစ်သည်။ ထို့ နောက်သူသည် ဤကမ္ဘာမြေသို့ ဆင်းသက်လာပြီး ဘုရားသခင်၏အသင်း တော်များနှင့် သူ၏သန့်ရှင်းသူများတို့ကို ညှင်းပန်းနှိပ်စက်ခဲ့သည်။
စာတန်သည် ယေရှုခရစ် ဤကမ္ဘာသို့လာရောက်ပြီး လုပ်ဆောင်ရ မည့်အရာများကိုတားမြစ်ရန် ကြိုးပန်းခဲ့သော်ငြားလည်း၊ ဆိုလိုသည်မှာ ခရစ်တော်သည် လူများကို သူတို့အပြစ်မှကယ်တင်ရန်ဖြစ်သည်။ သို့သော် ငြားလည်း ခရစ်တော်သည်လူသားတို့၏အပြစ်အလုံးစုံကို သူ၏ရေနှစ်ခြင်း ခံယူခြင်းဖြင့်သူ့ပေါ်တင်ယူပြီးလက်ဝါးကားတိုင်၌ အသွေးစီးစေကာသေ ခြင်းမှပြန်လည်ထမြောက်ခဲ့သည်။ ဤသို့အားဖြင့် လူသားအားလုံးတို့သည် သူတို့၏အပြစ်များမှ တကယ်ပင်လွတ်မြောက်ခဲ့ကြသည်။ ထို့ကြောင့် ယေရှုသည်ခမည်းတော်၏အလိုကို ပြည့်စုံစေခဲ့သည်။ စာတန်၏ကျိုးပန်းမှု အစား၊ ယေရှုခရစ်၏လုပ်ငန်းဖြစ်သော ခမည်းတော်၏အလိုတော်အတိုင်း လူသားတို့အားသူတို့အပြစ်မှကယ်တင်ရန် လုပ်ဆောင်ခြင်းဖြင့် ခရစ်တော် သည်မကောင်းဆိုးဝါးကောင်၏နှောက်ယှက်မှုများကို အောင်မြင်ပြီး ခမည်း တော်၏ အလိုတော်ကို ပြည့်စုံစေခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူစာတန်သည်လူအများကိုလှည့်စားခြင်းဖြင့် သူ၏အပေါင်းပါဖြစ်စေလျှက် သူတို့အား ယေရှုခရစ်နှင့်သန့်ရှင်းသူများကို ဆန့်ကျင်စေသည်။ သူ၏နေ့ရက်ကာလမှာ ရေတွက်ထားပြီးကြောင့်ဖြစ် ကြောင်းသိလျက်နှင့်ပင်စာတန်သည်ဤကမ္ဘာရှိလူအပေါင်းတို့ကို ဘုရားသ ခင်နှင့်သူ၏သန့်ရှင်းသူများကို ဆန့်ကျင်ရန်နှင့်နှိပ်စက်ကြစေရန် နိုးဆွခဲ့ သည်။ကမ္ဘာကြီးတစ်ခုလုံးကို အပြစ်နှင့်ဝင်ရောက်ဖျက်ဆီးနိုင်ရန်အသေအ ချာလုပ်ဆောင်ခြင်းဖြင့် စာတန်သည်လူတိုင်းကို အပြစ်နောက်သို့ လိုက်ပါ ရန်သွေးဆောင်မှုကိုပြုလုပ်ခဲ့ပြီးသူတို့၏စိတ်နှလုံးကိုလည်းမာကျောသောနှ လုံးသားများဖြစ်စေကာ သူတို့၏ဒုစရိုက်မှုများနှင့်အတူ ဘုရားသခင်အား ဆန့်ကျင်ရပ်တည်စေသည်။
စာတန်သည်ဘုရားသခင်၏ အလွန်ချစ်ခင်ရသော သန့်ရှင်းသူများ ကို အပြစ်ဖြင့်အဆက်မပြတ်တိုက်ခိုက်လျက်သည်။ အဘယ့်ကြောင့်ဆို သော် သူသည်သူ၏အချိန်သက်တမ်းကုန်သွားလိမ့်မည်ကို ကောင်းစွာသိ သောကြောင့်ဖြစ်သည်။ သူသည် ဤကမ္ဘာရှိလူတိုင်းကို အပြစ်ဖြင့်ဖြား ယောင်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ရန်အတွက်သူတို့စိတ်နှလုံးကို မာကျောစေသည်။ ထို့ကြောင့်သန့်ရှင်းသူများသည် နောက်ဆုံးသောကာလ ကျရောက်လာသောအခါ သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရမည်ဖြစ်ပြီး စာတန်ကို ဆန့်ကျင်တိုက်ခိုက်ကာ အောင်ပွဲခံရမည်ဖြစ်သည်။
သို့သော် ဘုရားသခင်၌ အထူးကောင်းချီးများကို သန့်ရှင်းသူများအ တွက် သိုမှီထားလျက်ရှိနေခြင်းမှာ သူသည်သူ၏အသင်းတော်ထဲ၌ ကျန် ရှိနေသေးသောသန့်ရှင်းသူများကိုချစ်သောကြောင့်ဖြစ်သည်။ဤကောင်းချီး မင်္ဂလာများသည် အန္တီခရစ်ကသူ၏အသွင်သဏ္ဍာန်ကို ဤကမ္ဘာ၌ပြုလုပ်ပြီး လူအပေါင်းတို့ကို လှည့်ဖြားလျှက်ဘုရားသခင်နှင့်သူ၏သန့်ရှင်းသူများကို ဆန့်ကျင်ရပ် တည်ရန်အတွက် သူ၏အစေခံကျွန်များ ဖြစ်အောင်မပြုလုပ်မီ ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲကာလအတွင်း၌ ဘုရားသခင်၏ အသင်းတော်ရှိသန့်ရှင်းသူများကို ယုံကြည်ခြင်း အစားအစားများဖြင့် ကျွေးမွေးပြုစုလိမ့်မည်။ ကောင်းချီးများဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော်အပြစ်တရားများ ထကြွသောင်းကျန်းသော အချိန် ရောက်လာခြင်းနှင့်အန္တီခရစ်၏အသွင်အပြင်ပေါ်ပေါက်လာခြင်းတို့ ကြောင့် သန့်ရှင်းသူများသည်မာတုရပြုခြင်းခံရသောအချိန် ရောက်လာလိမ့်မည်။ ထိုသို့ဖြစ်လာသောအခါ ဘုရားသခင်သည် သူ၏သန့်ရှင်းသူများကို သူ၏အ သင်းတော်များမှနေပြီး ပြုစုပျိုးထောင်ပြီးသုံးနှစ်ခွဲကာလ များအတွင်း၌သူ တို့၏ယုံကြည်ခြင်းဖြင့် မာတုရခံရခြင်းကို ခံယူနိုင်ရန် စွမ်းဆောင်နိုင်စွမ်း ပေးအပ်လိမ့်မည်။တစ်နည်းအားဖြင့်ဆိုလျှင်“တစ်ကာလ၊နှစ်ကာလ၊ကာလ တစ်ဝက်ပတ်လုံး” (ဗျာဒိတ်၁၂း၁၄) ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?