• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-4. ဗာဗုလုန်ဆိုသည်မှာအဘယ်နည်း။

ဗာဗုလုန်ဟူသော စကားလုံးကို ကျမ်းစာထဲ၌ ဘုရားသခင်နှင့် ခွဲခွာသည့် ကမ္ဘာရည်ညွှန်းရာ၌ အသုံးပြုသည်။ဓမ္မဟောင်း ကျမ်းစာထဲ၌ “ဗာဘဲလ်မျှော်စင်”၏ပုံပြင်ကိုတွေ့နိုင်ပါသည်။ လူတို့သည် ဘုရားသခင် ကိုစွန့်ခွာရန်အတွက် သူတို့၏အစွမ်းသတ္တိများကို အတူတကွစုဆောင်း ကြပြီးဗာဘဲလ်မျှော်စင်ဆောက်လုပ်ရန် ကြံစည်ခဲ့ကြသောကြောင့် ဘုရား သခင်ကမျှော်စင်ဆောက်လုပ်ခြင်းကိုတားဆီးခဲ့ပြီး သူတို့ကိုဆွဲချကာ သူတို့ ၏ဘာသာစကားများကို ရှုပ်ထွေးစေလျက် နေရာအနှံ့သို့ လူစုကွဲစေသည်။
ထိုနည်းတူစွာပင်ဤကမ္ဘာကြီးသည်လည်း ဗာဘဲလ်မျှော်စင်ကာ လကဲ့သို့ဖြစ်နေသည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို မှီဝဲလျှက် ဤကမ္ဘာ၏ပစ္စည်းဥစ္စာများနှင့် ဇိမ်ခံလျက်ရှိကြပြီး ကုန်သည် အားလုံးတို့သည်လည်းသူတို့၏အသက်တာ၌ဘုရားသခင်ကိုလစ်လျူရှုကာ ဘုရားသခင်ကသူတို့ကိုထားသောအရာအားလုံးကို ရောင်းလျက်၊ ဝယ် လျက်အလွန်များလျက်ရှိ နေကြသည်။ မိစ္ဆာပရောဖက်တို့သည်ဘာသာရေး ကို အသုံးပြုလျက်စကားပြောသည့်အခါ ကျယ်လောင်စွာပြောဆိုလျက် နေ ထိုင်ကြပြီး သူတို့ကိုယ်သူတို့ဝိညာဉ်များကို ကုန်သွယ်သော ကုန်သွယ်အ ဖြစ်သို့ပြောင်းလဲကြသည်။ ကမ္ဘာကပိုင်ဆိုင်သော ရုပ်ဝတ္ထုပစ္စည်းများကိုအ နာဂတ်အတွက်စုဆောင်းကြသည်။ သူတို့သည် ကမ္ဘာကြီးကို အလွန်ချစ် ကြသည်။ ထို့ကြောင့်ယခုကမ္ဘာထက်ပိုကောင်းသော ကမ္ဘာကြီးကို မည် သည့်လူသားကမျှ၊ မည့်သည့်အခါတွင်မျှ၊ တည်ဆောက်နိုင်မည်မဟုတ်ဟု ပြောဆိုကြသည်။
ထိုကဲ့သို့ပင် နောက်ဆုံး ကာလရောက်လာသောအခါ ကမ္ဘာကြီး သည် ဘုရားသခင်ရှေ့မှောက်၌ အလွန်ညစ်ညမ်းလျက်ရှိလိမ့်မည်။ အပြစ် တရားသည်လည်း အလွန်ပျှံ့နှံ့လျက်ရှိပြီး ဘုရားသခင်အဖို့ သူဖန်ဆင်းခဲ့ သောကမ္ဘာကို သူကိုယ်တိုင်ပြန်လည်ဖျက်ဆီးရန်မှတစ်ပါး အခြားရွေး ချယ် ရန်မရှိတော့ပေ။ လောကီကိုအလွန်ချစ်ကြပြီး ကမ္ဘာရှိလူတို့သည် ကမ္ဘာ ကြီးကို သူတို့ဘုရားကဲ့သို့မှတ်ယူလာကြသည်။ ထို့ကြောင့် လောကီကိုယုံ ကြည်ပြီးနောက်သို့လိုက်ကြတော့သည်။ ထို့ကြောင့် ကမ္ဘာကြီးသည် အပြစ် ၏ဒုစရိုက်နယ်မြေဖြစ်လာသည်။ ဤအပြစ်ဒုစရိုက်နယ်မြေ၌ နေထိုင်ကြ သောသူတို့သည် အပြစ်မျိုးစုံတို့ကို သောက်သုံးလာကြတော့သည်။ ထို့ ကြောင့်ဤအပြစ်များ၏ ရလဒ်သည် ကမ္ဘာကြီးကျဆုံးဖို့ ဖြစ်လာတော့ သည်။ ထို့ကြောင့် ကမ္ဘာကြီးသည်သူ၏ကျဆုံးခြင်းကို ဘုရားသခင်၏ ဖလားခုနှစ်လုံးကပ်ရောဂါဘေးအားဖြင့် ရင်ဆိုင်ရလိမ့်မည်။
ဤကမ္ဘာကြီးသည် ဘုရားသခင်ထံမှလာသော ဖလားခုနှစ်လုံးကပ် ရောဂါဘေးနှင့်ရင်ဆိုင်ရသည့် အခြားအကြောင်းရင်းမှာ သူ၏လူများ ကြောင့်ဖြစ်သည်။ သူတို့သည်ကမ္ဘာကြီးကို ချစ်ခင်စွဲလမ်းသဖြင့် အန္တီခရစ် နှင့်စာတန်၏အစေခံကျွန်များသို့ပြောင်းလဲလာပြီးအန္တီခရစ်နှင့်သူတို့၏ကျိုး ပန်းအားထုတ်မှုများကို ညီညွတ်စေပြီး ဘုရားသခင်ပေးထားသော ရေနှင့်ဝိ ညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည်သောဒုတိယအကြိမ် မွေးဖွား ခြင်းခံရသည့် သန့်ရှင်းသူများကို သတ်ဖြတ်ကြသည်။
နောက်ဆုံးကာလ ရောက်လာသောအခါ လူတို့သည် အန္တီခရစ်ထံ အရှုံးပေးကြလိမ့်မည်။ စာတန်ပေးသောအမှတ်လက္ခဏာကို လက်ခံကြ လိမ့်မည်။ ဤသို့ဖြင့်မကောင်းဆိုးဝါး၏ အစေခံကျွန်များအဖြစ် ပြောင်းလဲ သွားကြလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏လူတို့သည် အန္တီခ ရစ်နှင့်အတူလျှို့ဝှက်ကြံစည်ကြလျက်ဘုရားသခင်နှင့်ဆန့်ကျင်ရပ်တည်ပြီး သန့်ရှင်းသူများကိုသတ်ဖြတ်ကြမည်။ ဘုရားသခင်ကလည်းသူတို့ကို သူတို့ ကျရောက်စေသော ညှင်းပန်းနှိပ်စက်မှုများ၊ ဆင်းရဲဒုက္ခခံစားရမှုများ၊ ဒုက္ခ အကြီးအကျယ် ရောက်ရခြင်းများနှင့်သန့်ရှင်းသူများကို သေစေခြင်းများအ လျောက် သူတို့အားပြန်လည်ပေးဆပ်လိမ့်မည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?