• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-10. သန့်ရှင်းသူတို့၏ ချီဆောင်ခြင်းသည် သတ္တမမြောက်ကောင်းကင် တမန်၏တံပိုးမှုတ်သံပေါ်လာပြီး နောက်မှရောက်လာမည်ဟု သင်ကပြော လိုက်သောအခါ သင်သည်ဘုရားသခင်ပြောခဲ့သော ချီဆောင်ခြင်းကာလ၏ နေ့ရက်နှင့်နာရီကိုမည်သူမျှမသိသခင်ဘုရား ကိုယ်တော်တိုင်ကပင် မသိဟူ သောစကားနှင့် ဆန့်ကျင်ကွဲလွဲနေမည် မဟုတ်လော။

ကိစ္စမရှိပါ။ ကျွန်ုပ်တို့သခင်ဘုရားက ကျွန်ုပ်တို့ကို ပြောပြသော အရာမှာ ချီဆောင်ခြင်း၏နေ့ရက်အတိအကျနှင့် အချိန်မဟုတ်ပါ။ သို့သော် လည်း နောက်ခံအကြောင်းအရာနှင့်အမှတ်သင်္ကေတတို့က ဤမှတ်သား ဘွယ်ရာအဖြစ်အပျက်ကို အစပြုကြပါလိမ့်မည်။ အချိန်ကျလာသောအခါ ဘုရားသခင်ကိုချစ်ပြီး၊ သူတို့ယုံကြည်ခြင်းကို ပြင်ဆင်ထားသော သန့်ရှင်း သူများကိုဆန့်ကျင်တိုက်ခိုက်ခြင်းနှင့်သူတို့၏မာတုရခံရခြင်းတို့ကို ပွေ့ဖက် ခြင်းများ ပြုလုပ်နိုင်ကြသူများသာလျှင် ချီဆောင်ခြင်းတွင် ပါဝင်နိုင်ကြမှာ ဖြစ်သည်။
သူ၏ဗျာဒိတ်ဖော်ပြချက်များဖြင့် ထိုအချိန်ကပတ်မိုစ်ကျွန်း၌ နယ် နှင်ဒဏ်ခံရသောတမန်တော်ရှုင်ယောဟန်ကို ဤကမ္ဘာ၏ နောက်ဆုံးသော ကာလ၌ ဖြစ်ပေါ်လာမည့်အရာအားလုံးကို ပြသခဲ့သည်။ ထိုနည်းတူစွာပင် ဘုရားသခင်သည် သူ၏အကြံအစဉ်များနှင့်သူ၏အလုပ်အားလုံး ပြည့်စုံမှု များကို သူ၏အစေခံကျွန်များကို နားလည်သဘောပေါက်စေရန် သေချာစွာ ပြုလုပ်ခဲ့သည်။ 
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်အထူးသဖြင့် ဗျာဒိတ် ကျမ်းစာအုပ်ထဲ၌ရေးသားထားချက်များသည်ဥပမာတင်စားချက်အမြောက် အများဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး ရှားမှရှားပင်ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသော် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံ ကြည်လက်ခံခြင်းအားဖြင့် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းခံရပြီးသော ဘုရားသခင်၏အစေခံများက သူတို့၏နှလုံးသားများထဲ၌ သန့်ရှင်းသောဝိ ညာဉ်တော် ကိန်းဝပ်သဖြင့် ထိုဥပမာတင်စားချက်များကို အဖြေရှာဖြေရှင်း နိုင်ပြီးလူတို့ကိုသူတို့ကသာရှင်းပြနိုင်သောကြောင့်ဖြစ်သည်။ဘုရားသခင်၏ အစေခံကျွန်များနှင့်သန့်ရှင်းသူများထံသို့ဗျာဒိတ်ကျမ်း၏ နှုတ်ကပတ်တော် များက အသေးစိပ်ဖော်ပြပေးသောအကြောင်းအရာများမှာ တံပိုးခုနှစ် လုံး၏ ကပ်ရောဂါဘေးများ၊အန္တီခရစ်ပေါ်ပေါက် လာပုံများ၊ သန့်ရှင်းသူတို့ ၏ မာတုရခြင်းခံရပုံ၊ သူတို့၏ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း၊ ခရစ်တော် ၏နှစ်တစ်ထောင်နိုင်ငံတော်နှင့်ကောင်းကင်သစ်နှင့်မြေကြီးသစ်အကြောင်း တို့ဖြစ်သည်။
သန့်ရှင်းသူများ၏ ချီဆောင်ခြင်းအကြောင်းသည် သူတို့၏မာတုရ ခြင်းခံရခြင်းအကြောင်းများနှင့် အတွင်းကျကျဆက်နွယ် နေသည်။ ဗျာဒိတ် ကျမ်း (၁၁း၁၀-၁၂)က ကျွန်ုပ်တို့အား ပရောဖက်နှစ်ပါး သေဆုံးခြင်းအ ကြောင်းနှင့် သူတို့၏သုံးရက်ခွဲအတွင်းကျရောက်သော ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းအကြောင်းကို ဖော်ပြပါသည်။ ထိုသက်သေခံနှစ်ဦးတို့သည် အန္တီခရစ်အားဖြင့်မာတုရပြုခြင်းခံရပြီးနောက် သူတို့၏သေခြင်းမှ သုံးရက်ခွဲ အတွင်း ပြန်လည်ရှင်ပြန်ထမြောက်ကြသည်။ ဤအကြောင်းအရာများထဲမှ ကျွန်ုပ်တို့လေ့လာတွေ့ရှိနိုင်သော အရာများမှာ အန္တီခရစ်ပေါ်ထွက်လာ သောအခါ သူ၏အမှတ်တံဆိပ်များကို သူတို့၏ညာဖက်လက်မောင်း (သို့ မဟုတ်) နဖူးထက်၌လက်ခံစေခြင်းဖြင့် လူတို့အားသားရဲကို ကိုးကွယ်စေ ခြင်း၊သန့်ရှင်းသူတို့သည် သူတို့၏ယုံကြည်ခြင်းလက်နက်ဖြင့် အန္တီခရစ်ကို ဆန့်ကျင်တိုက်ခိုက်လျှက် သူတို့၏မာတုရပြုခြင်းကိုခံယူခြင်း၊ သို့သော် ထိုအဖြစ်အပျက်နောက်မှ ချက်ချင်းလိုက်လာသောသခင်ဘုရား၏ ဒုတိ ယအကြိမ်ကြွလာခြင်း၊ သူတို့သည်လည်းပထမထမြောက်ခြင်းနှင့် ချီ ဆောင်ခြင်းတို့၌ ပါဝင်ကြပုံတို့ကို တွေ့ရှိနိုင်ပါသည်။ 
တမန်တော်ရှင်ပေါလုကလည်း ချီဆောင်ခြင်းအကြောင်းကို (၁ သက် ၄း၁၆-၁၇)တွင် ဤသို့ပြောထားပါသည်။ “သခင်ဘုရားသည် ကြွေး ကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုး တော်ကို မှုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော် မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ကြွင်းကျန်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေကြရလိမ့်မည်။”
အန္တီခရစ်၏အုပ်စိုးမှု ဤကမ္ဘာ၌စတင်သောအခါ သူ၏အမှတ်တံ ဆိပ်ကို ကျွန်ုပ်တို့လက်ခံစေရန် အတင်းအကြပ်စီရင်သောအခါ ၄င်းအပြင် သူ့အားဘုရားကဲ့သို့ကိုးကွယ်ရန်အတွက်တောင်းဆိုလာသောအခါကျွန်ုပ်တို့ သန့်ရှင်းသူများ နားလည်သဘောပေါက်ထားရမည်မှာကျွန်ုပ်တို့၏ မာတု ရပြုခြင်းခံရမည့်အချိန်သည် လက်တစ်ကမ်းအလိုသို့ ရောက်ပြီဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့၏မာတုရပြုခြင်းခံရပြီးများမကြာမီတွင် ကျွန်ုပ်တို့၏ထ မြောက်ခြင်းနှင့် ချီဆောင်ခြင်းကျရောက်လာတော့မည်ဖြစ်ကြောင်းယုံ ကြည်ရမည်။ဤအရာများမည်သည့်လ၊ မည်သည့်ရက်တွင် ဖြစ်ပွားလိမ့် မည်ကို ကျွန်ုပ်တို့အတိအကျမသိရပါ။ သို့သော် ကျွန်ုပ်တို့အဖို့ သေချာသော အချက်မှာသတ္တမမြောက်ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်သော အခါ သန့်ရှင်းသူတို့၏ချီဆောင်ခြင်းကာလကျရောက်ပြီး ဖြစ်သည်။ ဤ အမှန်တရားကို ယုံကြည်ခြင်းဖြင့် သန့်ရှင်းသူအားလုံးတို့သည်သခင်ဘုရား ၏ နေ့ရက်ကိုလက်ခံရန် ပြင်ဆင်ထားကြရမည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?