• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-11. ယေရှုသည် သန့်ရှင်းသူများကို ချီဆောင်ရန်အတွက် ပြန်လာမည်။ ထို့ နောက်သူသည် ဤကမ္ဘာသို့ဆင်းသက်လာပြီး အာမေဂဒုန်စစ်ပွဲကိုလည်း ဆင်နွှဲမည်ဟု သင်ပြောထားပါသည်။ ထို့နောက် သင်က သခင်ဘုရားသည် ဤကမ္ဘာသို့နှစ်ကြိမ်ဆင်းလိမ့်မည်ဟုပြောနေပါသလား။ ဤအချက်နှစ် ချက် မည်သို့ခြားနားပါသနည်း။

ယေရှုသည် သန့်ရှင်းသူများကို ချီဆောင်ရန်အတွက် ကောင်းကင် မှလေထုထဲသို့ဆင်းသက်လာခြင်းနှင့် အာမေဂဒုန်စစ်ပွဲအားဖြင့် မကောင်း ဆိုးဝါးကောင်အားတရားစီရင်ရန်အတွက် ကမ္ဘာမြေသို့ ဆင်းသက်လာခြင်း တို့သည် တစ်ခုနှင့်တစ်ခု ခြားနားပါသည်။
ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲအချိန် ကုန်ဆုံးသောအခါ မကြာမြင့်မှီမှာပင်အန္တီခရစ်ပေါ်ထွန်းလာခြင်းနှင့်အတူသန့်ရှင်းသူများ၏ မာ တုရခံရခြင်းလည်းပေါ်ပေါက်လာမည်။ သခင်ဘုရားသည်လည်းကောင်း ကင်မှဆင်းသက်လာမည်။ ဤအချိန်၌ပင်သင်္ချိုင်းတွင်း၌ အိပ်ပျော်နေကြ သောသန့်ရှင်းသူများနှင့်ဘေးဒဏ်ကြီးကာလတစ်လျှောက်လုံးသားရဲ၏အ မှတ်တံဆိပ်ကိုလက်မခံဘဲသူတို့၏ယုံကြည်ခြင်းကို ကာကွယ်သဖြင့်အ သက်ရှင်ကျန်နေသေးသော သန့်ရှင်းသူများတို့သည် ရှင်ပြန်ထမြောက်ကြ ပြီးနောက် ကောင်းကင်သို့ချီမခြင်းခံကြရမည်။ ထို့နောက် သခင်ဘုရားနှင့် လေထဲ၌တွေ့ဆုံကြလိမ့်မည်။ ထိုတဒင်္ဂလေးမှစ၍ သန့်ရှင်းသူတို့သည် သခင်ဘုရားနှင့်အတူ အမြဲတမ်းနေထိုင်ကြမည်။ ယင်းအချိန်၌ သခင်ဘု ရားသည်ကမ္ဘာမြေသို့ဆင်းသက်လာမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးတည်းဟူသော စာတန်နှင့်အန္တီခရစ်တို့ကို တရားစီရင်ခြင်းသည် ကမ္ဘာမြေသို့ကျရောက်ရန် ကျန်ရှိနေဆဲဖြစ်သောကြောင့်ဖြစ်သည်။ 
ထို့ကြောင့် တမန်တော်ရှင်ပေါလုက (၁သက် ၄း၁၇) တွင် ကျွန်ုပ် တို့အား ဤသို့ပြောထားပါသည်။ “ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေ ခြင်းငှါထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအား ဖြင့်သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်။”အန္တီခရစ်ကိုဆန့်ကျင် တိုက်ခိုက်ပြီးသူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် မာတုရပြုခြင်းခံ ရသော သန့်ရှင်းသူတို့သည် ပထမရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်ကြလိမ့် မည်။ သခင်ဘုရားနှင့်ဤကမ္ဘာမြေ၌မဟုတ်ဘဲ လေထုထဲ၌တွေ့ဆုံကြလိမ့် မည်။ ထို့နောက်သူတို့၏မင်္ဂလာဆောင်သတို့သား ဖြစ်လာသော သခင်ခ ရစ်တော်နှင့်အတူ ကောင်းကင်ဘုံ၏သိုးသူငယ်မင်္ဂလာဆောင် ညစာစားပွဲ သို့ ဝင်ရောက်ကြလိမ့်မည်။
ဤအရာများဖြစ်ပျက်ပြီးနောက် ဘုရားသခင်သည် သူကိုယ်တိုင် ဖန်ဆင်းခြင်းစတင်စဉ်ကပင် စိတ်ရှည်စွာဆုပ်ကိုင်ထားခဲ့သော ဘုရား သခင်၏အမျက်ဒေါသနှင့် ပြည့်နှက်နေသည့် ဖလားခုနှစ်လုံးတည်းဟူသော ကပ်ရောဂါဘေးများကို အန္တီခရစ်နှင့်အပေါင်းပါများ၊ကမ္ဘာပေါ်တွင် ကျန်ရှိ နေသေးသော ဤကမ္ဘာ၏အပြစ်သားအားလုံးတို့အပေါ် သွန်းလောင်းရန်အ တွက်သူ၏ကောင်းကင်တမန်ကို အမိန့်ပေးလိမ့်မည်။ ထို့ကြောင့် ကမ္ဘာကြီး သည် ယခင်က လုံးဝမမြင်ဘူးသည့်အရာနှင့်တူသော အလွန်ကြီးမားသည့် အချိုးအစားရှိသည့် ကပ်ရောဂါဘေးများနှင့် ရင်ဆိုင်ရမည်။ လေထုထဲ၌ သ ခင်ဘုရားနှင့်တွေ့ဆုံကြသောသန့်ရှင်းသူတို့သည် ဤကမ္ဘာမြေသို့ သွန်း လောင်းလိမ့်မည်ဖြစ်သည်။ဖလားခုနှစ်လုံး၏ကပ်ရောဂါများကို အကြောင်း ပြု၍ယခုအခါ သခင်ဘုရားကို လေထုထဲ၌ ချီးမွမ်းကြလိမ့်မည်။
သခင်ဘုရားအားဖြင့် သူတို့၏ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း တို့တွင်ပါဝင်ကြပြီးနောက်သူတို့သည် မီးလျှံနှင့်ရောနှောသောဖန်ပင် လယ် ပေါ်၌ရပ်လျက်ဘုရားသခင်ကမြေကြီးပေါ်သို့ယူဆောင်လာသော ဖြောင့် မတ်သောတရားစီရင်ခြင်းအတွက် ချီးမွမ်းကြလိမ့်မည်။ ထို့ကြောင့် မာတု ရပြုခြင်းခံရသော သခင်ဘုရား၏တန်ခိုးတော်အားဖြင့် သူတို့၏ထမြောက် ခြင်းနှင့် ချီဆောင်ခြင်း၌ပါဝင်ကြသော သန့်ရှင်းသူတို့သည် သူတို့အား ပေးအပ်သော ကယ်တင်ခြင်းအတွက်ကြောင့်လည်းကောင်း၊ အန္တီခရစ်အ ပေါ် သူ၏တရားစီရင်မှုအတွက်လည်းကောင်း၊ သူ၏အလုံးစုံကို သိခြင်းနှင့် အနန္တတန်ခိုးအားဖြင့် ဖြစ်ထွန်းလာသောသူ၏အစေခံကျွန်များအတွက် ကြောင့်သခင်ဘုရားအား မဆုံးနိုင်သောချီးမွမ်းခြင်းဖြင့် ချီးမွမ်းကြလိမ့် မည်။
ဖလားခုနှစ်လုံးကို ကောင်းကင်တမန်များက ပိုင်ဆိုင်သည့်အခါ တိုင်းဖလားတစ်လုံးစီသွန်းလောင်းလိုက်သောအခါ ဤကမ္ဘာပေါ်ရှိ လူအား လုံးတို့သည်ညစ်ပတ်၍စက်ဆုပ်ဘွယ်ရာ အနာများဖြစ်စေသည့် ကပ်ရောဂါ ၊ပင်လယ်ကို သွေးသို့ပြောင်းလဲစေသောကပ်ရောဂါ၊ ရေကိုသွေးသို့ ပြောင်း လဲစေသောကပ်ရောဂါ၊နေ၏အပူချိန်ကြောင့် အပူဟပ်ခြင်းခံစေသည့် ကပ် ရောဂါ၊မှောင်မိုက် ခြင်းနှင့်နာကျင်ခြင်းဖြစ်စေသော ကပ်ရောဂါများဖြင့်ဆိုး ဝါးစွာဆင်းရဲဒုက္ခခံစားကြရမည်။ ဆဌမကောင်းကင်တမန်က သူ၏ဖလား ကိုယူဖရေတီးမြစ်ကြီးသို့ သွန်းလောင်းလိုက်သောအခါ သူ့ရေတို့သည် ခမ်း ခြောက်ပြီးအရှေ့ပြည်မှရှင်ဘုရင်များအတွက် လမ်းဖြစ်စေရန် ပြင်ဆင်ပေး လိမ့်မည်။ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းသည် ဤကပ်ရောဂါမှ ကျ ရောက်လာပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ဖျက်ဆီးလျက် လူသားတို့အတွက် အကြီးကျယ်ဆုံးသော ဆင်းရဲဒုက္ခကို သယ်ဆောင်လာလိမ့်မည်။ နတ်ဆိုး တို့သည် ပြေးလွှားလျက်ထကြွသောင်းကျန်း လိမ့်မည်။ လူတို့၏နှလုံးသား တို့ကိုလည်း အန္တီခရစ်နှင့် မိစ္ဆာပရောဖက်များမှ နှိုးဆွကြလိမ့်မည်။
ထို့နောက်နတ်ဆိုးတို့၏ဝိညာဉ်များကကမ္ဘာ့ရှင်ဘုရင်များကိုစစ်ပြု ရန်အတွက်နှိုးဆွကြပြီးအနန္တတန်ခိုးရှင် ဘုရားသခင်အား တိုက်ခိုက် ရန်အတွက်အာမေဂဒုန်ဟုခေါ်သော အရပ်တွင်သူတို့အား စုရုံးစေကြလိမ့် မည်။ ဤနေရာသည်စာတန်နှင့်ဘုရားသခင်တို့ ၏နောက်ဆုံးစစ်ပွဲတိုက် ခိုက်ရာအရပ်ဖြစ်သည်။ ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ် သည်။ သူသည် သူ၏တပ်မတာ်နှင့်အတူ လေထုထဲ၌ဆင်းသက်လာပြီး ပလ္လင်ဖြူပေါ်၌စံမြန်းလျက်စာတန်ကိုအောင်မြင်ကာသားရဲကိုကန့်နှင့်ငရဲမီး လောင်ကျွမ်းရာ မီးအိုင်ထဲသို့ လွှတ်ပစ်လိမ့်မည်။ (ဗျာ ၁၉း၁၁-၂၁)၊ အ ဘယ်ကြောင့်ဆိုသော်ယခုအခါ ယေရှုခရစ်တော်တွင် အပြည့်အဝအာဏာ ရှိလာပြီး ဒုတိယအကြိမ်ကြွလာသောအခါသခင်ဘုရားအနေဖြင့် ကမ္ဘာကို တရားစီရင်ရန်နှင့်သားရဲကိုဖျက်ဆီးပစ်ရန်အတွက်ဤကမ္ဘာသို့သူပေါ်ထွက် လာမည်။
ထို့ကြောင့်သန့်ရှင်းသူများ၏ချီဆောင်ခြင်းကာလတွင်ကောင်းကင် ဘုံမှ ယေရှုကြွလာသောအခါသူသည်ဤကမ္ဘာပေါ် သို့ဆင်းသက်လာမည် မဟုတ်ပေ။ သို့သော် အတိအကျပြောရမည်ဆိုလျှင် သူသည် သူ၏အရပ်သို့ သန့်ရှင်းသူများကို ချီမရန်အတွက်လေထုထဲသို့ ရောက်လာမည်ဖြစ်ပြီး သူ့အားလေထုထဲတွင် တွေ့ဆုံရန်နှင့်ကောင်းကင်ဘုံ၏မင်္ဂလာဆောင် ည စာစားပွဲသို့ ဝင်ရောက်ရန်အတွက် သူတို့ကို အခွင့်ပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်သဘောပေါက်ကြရမည်။ သခင်ဘုရား ဤကမ္ဘာပေါ်သို့ ပြန်ကြွလာသောအခါတွင် ဘုရားသခင်ကိုဆန့်ကျင်ရပ်တည်နေကြသော စာတန်နှင့်သူ၏တပ်ဖွဲ့ဝင်များကို အနိုင်ယူအောင်ပွဲဆင်ရန်၊  နတ်ဆိုးကို ကန့်နှင့်မီးလျှံရှိရာအိုင်ထဲသို့ချပစ်ရန်နှင့်ကျန်ရှိသေးသောသူ၏နောက်လိုက် အားလုံးကို သတ်ပစ်ရန်တို့အတွက် သူ၏နှုတ်ကပတ်တန်ခိုးစွမ်းအင်နှင့် အတူအာမေဂဒုန်စစ်ပွဲအထိ တောက်လျှောက်အလွန်အလုပ်များလိမ့် မည်ဖြစ်သည်။ ဤသည်မှာ သခင်ဘုရား၏ဒုတိယအကြိမ်ပြန်ကြွလာခြင်း အကြောင်းပင်ဖြစ်သည်။ သခင်ဘုရား၏ လေထုထဲသို့ ြွကလာခြင်းနှင့် ကမ္ဘာမြေသို့ဒုတိယအကြိမြွ်ကလာခြင်းအကြောင်းနှစ်ခုတို့အကြားခွဲခြားနိုင် သော မှန်ကန်သည့်အသိတရားနှင့်ယုံကြည်မှုကို ကျွန်ုပ်တို့လိုအပ်ပါသည်။
သို့တိုင်အောင်လူများစွာတို့ကသခင်ဘုရားသည်ချီဆောင်ခြင်းပေါ်ပေါက်လာသောအခါ ဤကမ္ဘာမြေသို့ ဆက်တိုက်ဆင်းသက်လာမည်ဟု တွေးထင်နေကြဆဲဖြစ်သည်။ဤအတွေးမှာအဖြစ်မှန်မဟုတ်ပေ။ ချီဆောင် ခြင်းဖြစ်ပွားလာသောအခါ သခင်ဘုရားသည် ကမ္ဘာပေါ်သြွို့ကလာမည်မ ဟုတ်ပါ။ သို့သော် လေထုထဲတွင်ဖြစ်ပါမည်။ တခြားနည်းဖြင့်ပြောရလျှင် သူသည် သန့်ရှင်းသူတို့ကို လေထုထဲတွင် ချီမပြီးလက်ခံလိမ့်မည်ဖြစ်သည်။
ထို့ကြောင့်သင်သည်ချီဆောင်ခြင်းကာလတွင် သခင်ဘုရားသည် ဤကမ္ဘာ မြေပေါ်သို့ နောက်တစ်ကြိမ်ပြန်လာမည်ဆိုသော သင်၏ယူဆချက်ကို သင့်ဖာသာသင်ချွတ်ချရမည်။ ထို့အပြင်၄င်းအစား နှုတ်ကပတ်တော်ရေး သားချက်ကိုအခြေခံလျှက် နားလည်သဘောပေါက်ရမည်မှာ သန့်ရှင်းသူတို့ ၏ချီဆောင်ခြင်းသည် သတ္တမမြောက်ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်သောအခါ ရောက်ရှိလာမည်ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?