• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 3: Revelation

3-13. သက်သေခံနှစ်ဦးတို့သည် သူတို့၏သက်သေခံချက် ပြီးဆုံးသောအခါ ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ချီမခြင်းခံရသည်။ ဤအဖြစ်အပျက် သည် ခရစ်တော်၏ဒုတိယအကြိမ်ကြွရောက်လာခြင်းနှင့်အတူ သန့်ရှင်းသူ များ၏ ချီဆောင်ခြင်းခံရခြင်းနှင့် မည်သို့ ခြားနားသနည်း။

မေးခွန်းအမှတ်(၂)အတွက်ကျွန်ုပ်၏အဖြေ၌ရှင်းပြထားသကဲ့သို့ပင် ဤသက်သေခံနှစ်ဦးတို့သည်ဣသရေလလူမျိုးတို့ကို ကယ်တင်ရန်အတွက် ဣသရေလလူမျိုးထဲမှ ပေါ်ထွက်လာသောဘုရားသခင်၏ အထူးရွေးချယ် ထားသော အစေခံကျွန်များဖြစ်ကြပါသည်။ ဤကမ္ဘာကြီးကို မဖျက်ဆီးမီ ဘုရားရှင်လုပ်ရမည့် အရေးပါသောအလုပ်တစ်ခုရှိသည်။ ၄င်းမှာ ဣသရေ လလူမျိုးများကို အပြစ်ထဲမှကယ်တင်ပြီး သူတို့အား ပထမမြောက်ခြင်းနှင့် ချီဆောင်ခြင်း၌ ပါဝင်အောင်လုပ်ရန်ဖြစ်သည်။
တမန်တော်ရှင်ပေါလုက ရောမ (၃း၂၉-၃၀) တွင် ဤသို့ပြောထား ပါသည်။ “ဘုရားသခင်သည် ယခုလူတို့၏ဘုရားသာဖြစ်တော် မူသလော၊ တစ်ပါးအမျိုးသားတို့၏ဘုရားဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏၊ တစ်ပါးအမျိုးသားများ၏ ဘုရားလည်းဖြစ်တော်မူ၏။ အကြောင်းမူကား အရေးပြားလှီးခြင်းကိုခံသောသူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအား ဖြင့်ဖြောင့်မတ်ရာသို့တည်စေတော်မူသော ဘုရားသခင်တစ်ဆူတည်း ရှိ တော်မူ၏။” ဘုရားသခင်ရှေ့၌ အပြစ်မှကယ်တင်ခြင်းရနိုင်သည့် လမ်းမှာ ယ္လုလူမျိုးနှင့်တစ်ပါးအမျိုးသား နှစ်မျိုးလုံးအတွက် အတူတူပင်ဖြစ်သည်။ ယခုလူမျိုးနှင့်တပါးသောအမျိုးသားတို့တူညီသကဲ့သို့ဖြောင့်မတ်ခြင်းသည် ရေနှင့်ဝိညာဉ် ဆိုင်ရာသတင်းကောင်း၌သူတို့၏ ယုံကြည်ခြင်းအားဖြင့် သာရောက်ရှိနိုင်ပါသည်။ သူတို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရရန်အ တွက်ယခုလူမျိုးတို့သည်လည်း တပါးအမျိုးသားများ ယုံကြည်သကဲ့သို့ပင် ယေရှုခရစ်တော်ကို သူတို့၏ကယ်တင်ရှင်ကဲ့သို့ လက်ခံပြီးယုံကြည် ရန်နှင့် ယေရှုခရစ်သည်သူတို့၏အပြစ်အားလုံးကိုသူ၏ရေနှစ်ခြင်းခံယူခြင်းဖြင့် သူ့ အပေါ်တင်ယူပြီဟူ၍လည်းကောင်း၊လက်ဝါးကားတိုင်၌ အပြစ်များအားလုံး အတွက် သူတို့ကိုယ်စားတရားစီရင်ခြင်း ခံယူရန် သူအသေခံခဲ့သည်ဟူ၍ လည်းကောင်း ယုံကြည်ရမည်ဖြစ်သည်။
ဘုရားသခင်သည် ယခုနှင့်တပါးအမျိုးသားနှစ်မျိုးလုံးကို အတူတူ ပင်ဆက်ဆံပါသည်။၄င်းအပြင် သူသည် သူ၏နှစ်ဦးလုံးကိုတူညီသော ကယ် တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ဤအချက်များ ကြောင့် ဘုရားသခင်သည် ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲအချိန်၌ ယခုလူမျိုးများအား သူ၏သက်သေခံနှစ်ကိုပေးပြီး ဤသက်သေခံနှစ်ဦးကို ပင် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းဟောကြား ခွင့်ပြုရခြင်းဖြစ်သည်။
ဤသက်သေခံနှစ်နှင့်ဆက်စပ်ပြီး ဗျာဒိတ်ကျမ်းအခန်းကြီး (၁၁) ၌ သံ လွင်ပင်နှစ်ပင်နှင့်မီးခွက်နှစ်လုံးကို ရည်ညွှန်းထားပါသည်။ သံလွင်ပင်နှစ် ပင်သည် ဣသရေလလူမျိုးများ၏ကယ်တင်ခြင်းအတွက်စေလွှတ်မည့် ဘု ရားသခင်၏အစေခံကျွန်နှစ်ဦးကို ရည်ညွှန်းပြီး မီးခွက်နှစ်လုံးသည် ဣသ ရေလလူမျိုးနှင့်တပါးအမျိုးသားတို့အတွက် ဘုရားသခင်ခွင့်ပြုသော ဘုရား သခင်၏အသင်းတော်နှစ်ပါးကို  ရည်ညွှန်းသည်။ တခြားနည်းဖြင့်ပြော ရလျှင် ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ်ခွဲအချိန်၌ ဣသရေလလူမျိုးနှင့် တပါးအမျိုးသားတို့ထံရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ဟောကြား မည့်တစ်ခုနှင့်တစ်ခုယှဉ်တွဲနေသောသူ၏အသင်းတော်နှစ်ပါးကိုရည်ညွှန်းပါသည်။
ယခုအခါတွင် ဣသရေလလူမျိုးအထဲ၌ ဘုရားသခင်၏ အသင်း တော်ကို မတည်ဆောက်ရသေးပေ။ သို့သော် ဘုရားသခင်ကသူတို့၏ နှလုံး သားများကိုရှာဖွေသောသူ၏အချိန်ရောက်လာသောအခါ သူသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရန်အတွက် သူတို့၏နှလုံးသားများကို ပြင်ဆင် ပေးပြီး သူတို့အတွက်အစေခံနှစ်ဦးကို ပေါ်ထွန်းစေကာ ယေရှုခရစ်ကို သူတို့၏ကယ်တင်ရှင်အဖြစ် သူတို့လက်ခံကြရန် ဆောင်ရွက်လိမ့်မည်။
ထို့ကြောင့်ဘုရားသခင်သည်ဘေးဒဏ်ကြီးကာလအတွင်း၌ ဣသ ရေလလူမျိုးနှင့်တပါးအမျိုးသား နှစ်မျိုးစလုံးကို ကယ်တင်လိမ့်မည်။ သူ သည်ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီးသောသန့်ရှင်းသူများ၏ ညှင်းပန်းနှိပ် စက်ခံရခြင်းနှင့် မာတုရပြုခံခြင်းတို့ကိုဣသရေလလူမျိုးနှင့်တပါးအမျိုး သား နှစ်မျိုးစလုံးထံသို့လည်း ခွင့်ပြုလိမ့်မည်။ သက်သေခံနှစ်ဦးတို့သည် သူတို့၏သက်သေခံခြင်းအမှုပြည့်စုံပြီးနောက်တွင် မာတုရပြုခြင်းခံရမည်။ ထို့နောက် သူတို့သည်ထမြောက်ကြပြီး ကောင်းကင်ဘုံသို့ သုံးရက်ခွဲအ တွင်း ချီဆောင်ခြင်းခံရလိမ့်မည်။ ဤအချက်အလက်များနှင့် အခြေခံအား ဖြင့် တူညီစွာပါဝင်သော သက်သေခံနှစ်ဦး၏ အချက်အလက်များကဲ့သို့ပင် ဘုရားသခင်၏အစေခံကျွန်များနှင့်တပါးအမျိုးသားတို့အထဲရှိသူ၏လူများတို့သည်လည်း အန္တီခရစ်ကို ဆန့်ကျင်တိုက်ခိုက်ပြီးမာတုရပြုခံယူခြင်း ဤ နည်းဖြင့်သူတို့၏ထမြောက်ခြင်းနှင့်ချီဆောင်ခြင်း၌ပါဝင်ကြမည်ဖြစ် သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?