• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 4: FAQ from the Readers of Our Books

4-1. သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်သွန်းလောင်းသော အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းအခွင့်ရရှိနိုင် သည်ဟု သင်ရေးသားခဲ့သည်။ ထိုနောက် ပဌနာတော်တွင် “သူတစ်ပါးသည် ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ကျွန်ုပ် အပြစ်များကိုလွှတ်တော်မူပါ”ကိုမည်သို့ ဘာသာပြန်ဆိုရမည်နည်း။

သင်ကိုးကားသောကျမ်းချက်မှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ဟန်တူသည်။ သို့သော် ကျမ်းစာသည်ပြည့်စုံ၍ တစ်ခုနှင့် တစ်ခုမဆန့်ကျင်သည်ကို သင်ယုံကြည်နိုင်သည်။ 
ထိုနောက် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသည်မှားယွင်းသလော။ လုံး ဝ မမှားပေ။ 
ဘုရားသခင်သည် ကျမ်းစာတစ်အုပ်လုံးတွင် ဤသတင်းကောင်းသည် စစ် မှန်၍ ပြည့်စုံသောသတင်းကောင်းဖြစ်သည်ဟု ပြသတော်မူခဲ့သည်။ 
ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့တူညီမှုများစွာရှိသည်။ ဓမ္မဟောင်း ကျမ်းရှိယဇ်ပူဇော်ခြင်းစနစ်မှာ သခင်ယေရှုခရစ်တော်၏ထာဝရလုံလောက် သောယဇ်ပူဇော်ခြင်းနှင့်ညီညွတ်သည်။ ယဇ်ပူဇော်ခြင်းစနစ်တွင် မရှိမဖြစ် လိုအပ်သောအချက်သုံးချက်ရှိသည်။ ၁) ယဇ်ကောင်မှာအပြစ်အနာအဆာ ကင်းရမည်၊ ၂)လက်တင်ရမည်၊ ၃)အသွေးသွန်းရမည် (သေရမည်)။
သခင်ယေရှုခရစ်တော်သည် အပျိုကညာမာရိအားဖြင့် ဤလောကသို့ကြွ လာတော်မူခဲ့သည်။လူသားအားလုံးကိုယ်စားပြုသောဗတ္တိဇံဆရာယောဟန် အားဖြင့်ဗတ္တိဇံခံယူ၍ လောကအပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည်။ ကိုယ်တော့်မှာ အပြစ်လုံးဝမရှိပေ။ ထိုနောက် ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးနှင့်အတူ ကားတိုင်ပေါ်သို့သွား၍ အသေခံတော်မူခဲ့သည်။  သို့သော် ကိုယ်တော်သည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန် ထမြောက်တော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုပြည့်စုံစေ တော်မူသောဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံး (အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ်)လွှတ်ခြင်းအခွင့်ခံရကြသည်။  
ထိုနောက် “သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို ကျွန်ုပ် တို့သည် လွှတ်သကဲ့သို့ ကျွန်ုပ်တို့အပြစ်များကိုလည်းလွှတ်တော်မူပါ”ကို မည်သို့ဘာသာပြန်ဆိုရမည်နည်း။
ဘုရားသခင်သည် သူတစ်ပါးမပြည့်စုံခြင်းများကို ခွင့်လွှတ်ရန် ဘုရားသခင် အလိုတော်ရှိသည်ကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံရကြ သော်လည်းကိုယ်ခန္ဓာဖြင့်အသက်ရှင်သဖြင့်အားနည်း၍ အမှားများပြုတတ် ကြပါသည်။ ကျွန်ုပ်တို့ အချင်းချင်းအပြစ်စီရင်၍ အတင်းအဖျင်းပြောဆိုနေ ကြလျှင် စစ်မှန်သောကယ်တင်ခြင်းတန်ခိုးသည် ပျောက်ကွယ်သွား၍ ယုံ ကြည်သူများမိတ်သဟာယသည်လည်း ဆုံးရှုံးပျက်စီးနိုင်ပါသည်။ 
“အပြစ်”စကားလုံးကို “အကြွေး”ဟု အမှားပြင်၍ မှတ်ထားသင့်ပါသည်။ အ မှန်အကန်မှာ “ကျွန်ုပ်အကြွေးများကိုခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့အကြွေး များကိုလည်း ခွင့်လွှတ်တော်မူပါ”(မဿဲ ၆း၁၂)ဟု the New King James Version တွင် ဖော်ပြထားသည်။ 
ရှင်မဿဲတွင် ပဌနာတော်အား အောက်ပါအတိုင်း တိုက်ရိုက်ဖော်ပြထားပါ သည်။ “သင်သူတစ်ပါးအပြစ်အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော် မူသောခမည်းတော်သည်လည်း သင့်ကိုလွှတ်တော်မူမည်။”သို့သော် သင် သည် သူတို့၏အပြစ်ကိုခွင့်မလွှတ်လျှင် ခမည်းတော်သည်လည်းသင်တို့ကို ခွင့်လွှတ်မည်မဟုတ်ပေ။” 
သခင်ယေရှုသည် နေ့တိုင်းရွက်ဆိုရန်အတွက် ပဌနာတော်ကိုပေးအပ်တော် မူခြင်းမဟုတ်ပေ။ နေ့စဥ်ယုံကြည်ခြင်းနှင့်လျှောက်လှမ်းရာတွင် မှတ်ထား ရမည့် အ‌ရေးကြီးသောဆုတောင်းချက် စုစည်းတင်ပြထားခြင်း ဖြစ်သည်။ 
မဿဲ ၁၈း၂၁-၃၅ကို ပြန်ကြည့်ပါ။ ခွင့်လွှတ်ခြင်းမရှိသောအစေခံအပေါ် ဘု ရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်ကို နားလည်သဘော ပေါက်လိမ့်မည်။ 
“ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အ ကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ် ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက် သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ် ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။ထို့ကြောင့် ကောင်းကင် နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တဦးနှင့်တူ၏။စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတ ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။ထိုသူသည် ကြွေးဆပ်ရန်မရှိသော ကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ် စေဟုသူ၏သခင်စီရင်၏။ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက်၊သခင်၊ကျွန် တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင်၊ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ချမ်းသာပေး လေ၏။ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင် သော ကျွန်ချင်းတယောက်ကိုတွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကို ဆပ်ပေးလော့ဟုဆို၏။ ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ပြပ်ဝပ် လျက် ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ် မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား၏။ ထိုအမှုအရာကို အခြား သောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။ ထိုအခါ သခင် သည်ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊ သင်သည်ငါ့ကိုတောင်း ပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလော ဟု ဆိုလျက်၊ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာ သားတို့လက်ကိုအပ်လေ၏။သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ၏။”
သခင်ယေရှုသည် မိမိဗတ္တိဇံနှင့်ကားတိုင်အားဖြင့် ကျွန်ုပ်တို့အတိတ်၊ပစ္စုပ္ပန် နှင့်အနာဂတ်အပြစ်များအားလုံးခွင့်လွှတ်တော်မူပြီဖြစ်သောကြောင့်ကျွန်ုပ် တို့ကိုဆန့်ကျင်သော ညီအစ်ကိုမောင်နှမများကို အမြဲတမ်းခွင့်လွှတ်ရမည် ကိုဆိုလိုသည်။ ထိုကြောင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီဖြစ်သဖြင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းမရှိခဲ့လျှင် ကျွန်ုပ် တို့ခွင့်မလွှတ်ခြင်းအတွက် ကိုယ်တော်သည် အမျက်ထွက်၍ ကျွန်ုပ်တို့သည် လည်း မိမိညီအစ်ကိုမောင်နှမများအပေါ်ပြစ်မှားသောအပြစ်များခွင့်လွှတ် ခြင်းခံရမည်မဟုတ်ပေ။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်အား ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကိုခွင့်လွှတ်တော်မူခဲ့သည်ဟုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိညီအစ်ကိုမောင်နှမများကို ခွင့်လွှတ် ရမည် ဖြစ်သည်။ 
ထိုကြောင့် ဤကျမ်းချက်ကို “ဘုရားသခင်၊ ကိုယ်‌တော်သည် ကျွန်ုပ်အပြစ် များအားလုံးကိုခွင့်လွှတ်တော်မူသောကြောင့် ကျွန်ုပ်ညီအစ်ကိုများကို ကျွန်ုပ်တို့ခွင့်လွှတ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့အပြစ်များကိုအမျက်မ ထွက်ပါနှင့်”ဟု ဘာသာပြန်ဆိုသင့်ပါသည်။ သခင်ယေရှုသည် လောကအ ပြစ်များအားလုံးကိုဆေးကြောတော်မူခဲ့သည်အချိန်မှာ ထိုအတိုင်းမိန့်တော် မူခဲ့သည်။ ထိုသို့ယုံကြည်သောသူများသည် မိမိညီအစ်ကိုမောင်နှမများအ ပြစ်ပြုသောအခါ ခွင့်လွှတ်နိုင်ကြလိမ့်မည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?