• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 4: FAQ from the Readers of Our Books

4-6. သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းသည် ကယ်တင်ခြင်းအတွက်မရှိမဖြစ်လို အပ်သည်ဟု ဆရာသင်ကြားမှုအရသိရသည်။ ထိုနောက်၊ ယုံကြည်သူများ ၏နှစ်ခြင်းသည် မည်သို့ဖြစ်သနည်း။ သန့်ရှင်းသူအားလုံးအတွက် ဖြစ်သ လော။ ထို့ပြင်၊ ကျွန်တော့်ပတ်ဝန်းကျင်တွင် ကျွန်တော့်အား ဗတ္တိဇံကိုပေး နိုင်သူတစ်စုံတစ်ယောက်မျှရှိမည်/မရှိမည်ကို ကျွန်တော်မသိပါ။

ကျွန်ုပ်တို့ဝက်ဆိုဒ်တွင် သင်ဖတ်ရှုရသည့်အတိုင်း ယုံကြည်သူများ၏ဗတ္တိဇံ ခံယူခြင်းသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌ ယုံကြည်သူများ၏ မျက်မြင်သက်သေဝန်ခံခြင်းသာ ဖြစ်သည်။ ဤဗတ္တိဇံခံယူခြင်းအားဖြင့်ဒုတိ ယမွေးဖွားခြင်းခံရသောသူများသည် ပြည့်စုံသောကယ်တင်ခြင်းအတွက်ယုံ ကြည်ခြင်းရှိကြောင်း၊ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံခြင်းနှင့်ကား တိုင်ပေါ်တွင်အသေခံတော်မူခြင်းအားဖြင့် ထိုကယ်တင်ခြင်းအမှုပြည့်စုံစေ တော်မူခဲ့ကြောင်း ထင်ရှားစေသည်။ 
ကျွန်ုပ်တို့သည် အပြစ်ရှိကြောင်းဝန်ခံသောအခါတွင်ဖြစ်စေ၊ အပ္ပါယ်ငရဲသို့ သွားရမည်သူများဖြစ်ကြောင်းအသိအမှတ်ပြုသောအခါတွင်ဖြစ်စေ၊ ရေနှင့် ဝိညာဥ်တော်သတင်းကောင်းယုံကြည်သောအခါတွင်ဖြစ်စေ ဒုတိယမွေး ဖွားခြင်းခံယူနိုင်ကြသည်။ မှန်ကန်ပါသည်။ 
ထိုနောက် ယုံကြည်သူတစ်ဦး၏ဗတ္တိဇံသည် မည်သည့်အရာအတွက်ဖြစ်သ နည်း။ အသုံးမဝင်သလော။ ယုံကြည်သူတစ်ဦးအနေဖြင့် ကယ်တင်ခြင်းရရှိ ခဲ့ပြီးနောက်  ဗတ္တိဇံခံယူရမည် ဖြစ်သည်။ သို့သော် သခင်ယေရှုကဗတ္တိဇံခံ ယူရန် မိန့်တော်မူခဲ့သည်ကိုလည်းသတိထားရမည်(မဿဲ၂၈း၁၉)။ 
ထိုကြောင့်၊ ကယ်တင်ခြင်းရရှိခဲ့ပြီးနောက် ဗတ္တိဇံခံယူခြင်းသည် ပိုကောင်း သည်။ သို့သော် သင်ပြောသည့်အတိုင်း ရေနှင့်ဝိညာဥ်တော်အားဖြင့် ဒုတိယ မွေးခြင်းခံရသေသူတစ်ဦးကို သင်ရှာဖွေတွေ့ရှိရန် လိုအပ်သည်။ သင့်ပတ် ဝန်းကျင်တွင် ဒုတိယမွေးခြင်းခံရသောသန့်ရှင်းသူတစ်ယောက်ရှိလျှင် ဗတ္တိ ဇံပေးရန် တောင်းဆိုပါ။ ထိုသို့နှစ်ခြင်းမခံမီး သင်သည် သခင်ယေရှု၏ဗတ္တိဇံ နှင့်ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်းကို ယုံကြည်ရမည် ဖြစ်သည်။ ထို သူသည် သင်‌ခေါင်းပေါ်သို့လက်တင်စဥ် အောက်တွင်ဖော်ပြထားသည့်အ တိုင်း ကြွေးကြော်ရမည်။ 
“ခမည်းတော်ဘုရား၊ သားတော်သခင်ယေရှုခရစ်တော်နှင့်သန့်ရှင်းသောဝိ ညာဥ်တော်၏နာမတော်အားဖြင့် ညီအစ်ကို ကိုလင်းကို ဗတ္တိဇံပေးပါ၏။” ကျမ်းစာဖော်ပြထားသောဗတ္တိဇံပေးခြင်းသည် ရေထဲသို့နစ်ခြင်းပုံစံဖြစ် သည်။ 
ယုံကြည်သူများဗတ္တိဇံခံယူခြင်းသည် အကြင်လင်မယားဖြစ်ရန် မင်္ဂလာ ဆောင်နှင်းပွဲကျင်းပနေသကဲ့သို့ အလွန်တန်ဖိုးကြီးသည်။ ထိုသို့ဖြင့်၊ သန့် ရှင်းသူများဗတ္တိဇံပေးခြင်းသည် အထဲ၌ရှိသောယုံကြည်ခြင်းကို အပြစ်ပန်း သဏ္ဌာန်အားဖြင့် ကြွေးကြော်ပေးခြင်း ဖြစ်သည်။ ကိုယ်တော်ဗတ္တိဇံနှင့်ကား တိုင်ကို ယုံကြည်ကြောင်း ဘုရားရှေ့၊ ယုံကြည်သူများရှေ့နှင့်မယုံကြည်သူ များရှေ့တွင် ဗတ္တိဇံခံယူြခင်းအားဖြင့်ကြွေးကြော်သောအခါ ကျွန်ုပ်တို့ယုံ ကြည်ခြင်းသည် ပို၍ ခိုင်ခံ့မှုရှိလာခဲ့သည်။ 
သို့သော်၊ အာဗြဟံသည် အရေဖျားလှီးခြင်းမခံမီအချိန်ကတည်းက သူ၏ယုံ ကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ်သတ်မှတ်ခြင်းခံရပြီးနောက် နိမိတ်အ နေဖြင့် အရေဖျားလှီးခြင်းခံရသည်ကို သင်မမေ့သင့်ပေ (ရောမ ၄း၁၁)။တစ် နည်းအားဖြင့်၊ ဘုရားသခင်သည် ကယ်တင်ခြင်းအမှတ်အတသားအဖြစ်အ ရေဖျားလှီးခြင်းကိုပေးအပ်တော်မူခဲ့သည်။ သို့သော် အရေဖျားမလှီးမီဘုရား သခင်သည် သူ့အား ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ 
ထိုနည်းတူ၊ ဗတ္တိဇံခံယူခြင်းသည် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသေခံ တော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းခံရသောသူများဖြစ် သည့်ဒုတိယမွေးခြင်းခံရသောသူများ၏အပြင်ပန်းသဏ္ဌာန်ထင်ရှားစေခြင်း ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?