• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Tabernacle Study

တဲတော်တံတိုင်း၏ဝင်ဂိတ်

တဲတော်ဝင်းအတွက် တိုင်များ
 
ခြံဝင်းတံခါး
 
တဲတော်တံတိုင်းဝင်ဂိတ်အတွက် အသုံးပြုသောပစ္စည်းပစ္စယများမှာ အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင်တို့ဖြင့်ရက်လုပ်ထားသောချည်ထည်ဖြစ်ပါသည်။ ဂိတ်၏အမြင့်မျာ ၂.၂၅ မီတာ(၇.၄ပေ)၊ နှင့်အ ကျယ်မှာ ၉မီတာ(၃၀ပေ) ဖြစ်ပါသည်။ ၎င်းသည် အပြောရောင်၊ ခရမ်းရောင်နှင့်အနီရောင်၊ အဖြူရောင်တို့ဖြင့် ရက်လုပ်ထားသောအထည်ဖြစ်၍ တိုင် လေးတိုင်ပေါ်တွင် ချိတ်ဆွဲထားပါသည်။ ထိုသို့ဖြစ်၍ လူတစ်ယောက် သည် တဲတော်တံတိုင်းတော်သို့ဝင်ရောက်လိုသောအခါ ထိုသူသည် ၎င်းဂိတ်ကို လွယ်ကူစွာတွေ့ရှိနိုင်ပါသည်။ 
အပြာရောင်၊ ခရမ်း‌ရောင်၊ အနီရောင်နှင့်အဖြူရောင်တို့ဖြင့်ရက်လုပ်ထားသောအထည်မှာ တဲတော်ဝင်ဂိတ်အ တွက်အသုံးပြုထားခြင်းဖြစ်၍ ဘုရားသခင်သည် မိမိသားတော်ယေရှု၏လုပ်ဆောင်ချက်လေးရပ်အားဖြင့်အ ပြစ်များအားလုံးမှကယ်တင်ရန်အသုံးပြုတော်မူသောအရာဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ 
ပထမအနေဖြင့်၊ အပြာရောင်ချည်ထည်မှာ မည်သည့်အရာကို ပြသသနည်း။ အပြစ်များ၏မေရှိယဖြစ်တော်မူ၍ ဤလောကသို့ကြွလာတော်မူလျက်ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်များကိုယူဆောင် သွားတော်မူသော သခင်ယေရှု၏သမ္မာတရားအစိတ်အပိုင်းတစ်ခုကို ပြသထားသည်။ အတပ်အမှန်ဖော်ပြရ လျှင် ယေရှုသည် ယောဒန်မြစ်၌ ယောဟန်ထံမှလက်ခံရရှိသောဤဗတ္တိဇံသည် တစ်ကြိမ်တည်းဖြင့် ထာ၀ရလုံ လောက်သောလောကသား၏အပြစ်များအားလုံးသခင်ယေရှုယူဆောင်တော်မူခြင်းသမ္မာတရားပင်ဖြစ်သည်။ သခင်ယေရှုသည် လူသားများအားလုံးကိုယ်စားဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသား များ၏အပြစ်များအားလုံးကို မိမိပခုံးပေါ်သို့သယ်ဆောင်တော်မူခဲ့သည်။ လူသားများအားလုံး၏အပြစ်များကို ခရစ်တော်ပေါ်သို့ လွှဲပြောင်းလိုက်ပြီဖြစ်သောကြောင့် ဤသမ္မာတရားကိုယုံကြည်သောသူများသည် မိမိနှလုံး သားထဲတွင် အပြစ်တစ်စုံတစ်ခုမျှမရှိတော့ပေ။ 
ဒုတိယအနေဖြင့်၊ တဲတော်တံတိုင်းဝင်ပေါက်တွင်ရှိသောခရမ်းရောင်ချည်ထည်၏အဓိပ္ပါယ်မှာ မည်သည့်အရာ ဖြစ်သနည်း။ သခင်ယေရှုသည် ဘုရင့်တကာဘုရင်ဖြစ်တော်မူကြောင်း ပြသသည်။ သခင်ယေရှုသည် စကြာဝ ဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူသောအရှင်ဖြစ်သည်။ ဖန်ဆင်းခံရသူမဟုတ်ပေ။ မေရှိယအဖြစ်ဤလောသို့ကြွ လာတော်မူသောဘုရားလည်းဖြစ်တော်မူသည်။ မေရှိယသည် လူ့ဇာတိကိုခံယူတော်မူ၍ ဤလောကသို့ကြွလာ တော်မူခဲ့သည်။ ကိုယ်တော်သည် ယောဟန်ထံမှလက်ခံရရှိသောဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသားအား လုံး၏အပြစ်များယူဆောင်တော်မူ၍ အသေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် မေရှိယကို အသိအမှတ်ပြု၊ ကြောက်ရွံ့ရိုသေ၊ ယုံကြည်သော မိမိလူများအားလုံးကို မိမိအပြစ်များအားလုံးနှင့်အပြစ်၏တ ရားစီရင်ခြင်းမှကယ်တင်တော်မူခဲ့သည်။ 
သခင်ယေရှုသည် ဘုရားနှင့်မေရှိယအမှန်ဖြစ်တော်မူသည်။ သူသည် ကယ်တင်ရှင်ဖြစ်တော်မူသည်။ သခင်ယေ ရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်မျအားလုံးယူဆောင်သွားတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကားတိုင်ပေါ်၌အသွေးတော်သွန်းလောင်းအသေခံတော်မူခြင်းအားဖြင့်သော်လည်းကောင်း၊ သေခြင်းမှရှင်ပြန် ထမြောက်တော်မူခြင်းအားဖြင့် သော်လည်းကောင်း ကျွန်ုပ်တို့အပြစ်များအားလုံးသန့်ရှင်းဆေးကြောပေးရုံမက ကျွန်ုပ်တို့ကိုယ်စားအပြစ်အတွက် တရားစီရင်ခြင်းကို ရက်ရက်စက်စက်ခံတော်မူခဲ့သည်။ 
တတိယအနေဖြင့်၊ အနီရောက်ချည်ထည်မှာ ကားတိုင်ပေါ်တွင်သွန်းလောင်းသောသခင်ယေရှု၏အသွေးတော် ကိုရည်ညွှန်းထားသည်။ အဓိပ္ပါယ်မှာ သခင်ယေရှုခရစ်တော်သည် ယုံကြည်သူကျွန်ုပ်တို့အားလုံးအား ဘဝသစ် ကိုပေးအပ်တော်မူခြင်း ဖြစ်သည်။ အနီရောင်ချည်ထည်ဖြင့်ဖော်ပြသောသမ္မာတရားမှာ သခင်ယေရှုခရစ်တော် သည် ယောဟန်ထံမှဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကလူသားများအပြစ်များယူဆောင်တော်မူခြင်းအား  ဖြင့် ကျွန်ုပ်တို့အပြစ်များအတွက်တရားစီရင်ခြင်းခံရုံမက မိမိအသက်စတော်မူလျက်အပြစ်အတွက်အသေခံ တော်မူခြင်းအားဖြင့်ယုံကြည်သူများအား ဘဝသစ်ကိုပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် သွန်းလောင်းတော်မူသောအသွေးတော်ကိုယုံကြည်သောသူများအား သခင်ယေရှုသည် ဘဝသစ်ကိုပေးအပ် တော်မူခဲ့သည်။ 
အဖြူရောင်ချည်ထည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဓမ္မဟောင်းကျမ်းထဲတွင်ကတိပြုထားသောကယ် တင်ခြင်းတရားကို ဘုရားသခင်သည် ဓမ္မသစ်ကျမ်းတွင်ပြည့်စုံစေတော်မူခဲ့ခြင်းကို ထင်ရှားစေသည်။ သခင်ယေ ရှုသည် ဓမ္မသစ်ကျမ်းတွင်ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်အားလုံးကိုကိုယူဆောင်သွား၍ ကားတိုင်ပေါ် တွင် ထိုအပြစ်များအတွက် တရားစီရင်တော်မူခြင်းခံရသောအခါ ဘုရားသခင်သည် ဣသရေလလူမျိုးများအ ပေါ်ကတိပြုတော်မူသောကယ်တင်ခြင်းနှင့်မိမိပဋိညာဥ်ကိုပြည့်စုံစေတော်မူခဲ့သည်။ 
ဟေရှာယ ၁း၁၈ တွင် ယာဝေးဘုရားက “ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည်နီသောအဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှနီသော်လည်း သိုးမွှေးကဲ့သို့ ဖြစ်လိမ့်မည်”ဟုမိန့်တော်မူခဲ့သည်။ ဓမ္မဟောင်းကျမ်းရှိယဇ်ပူဇော်ခြင်းစနစ်ကိုတဲတော်တွင်ယဇ် ပူဇော်ခြင်းစနစ်ဖြစ်သည်။ သူတို့သည် ယဇ်ကောင်ပေါ်တွင်လက်များကိုတင်လျက် ဣသရေလလူမျိုးများ၏အ ပြစ်များကို တင်ခဲ့ကြသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများနှင့်ကျွန်ုပ်တို့အတွက် ပြုတော်မူသောက တိတော်ပင် ဖြစ်သည်။ နောင်အနာဂတ်မှာ ဘုရားသခင်၏သိုးသငယ်တော်အားဖြင့် လူသားအားလုံးအား နေ့ စဥ်အပြစ်နှင့်နှစ်စဥ်အပြစ်များအားလုံးမှရွေးနှုတ်ကယ်တင်တော်မူရန် ဖွင့်ပြထားသောဘုရားသခင်၏ဗျာဒိတ် တော်ပင် ဖြစ်သည်။ 
ဤအရာသည်လည်း မေရှိယကြွလာတော်မူသောနိမိတ်လက္ခဏာဖြစ်ခဲ့သည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းတွင် ဓမ္မဟောင်းကျမ်းနည်းလမ်းနှင့်အညီ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသားများ၏အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောအခါ ဘုရားသခင်၏ပဋိညာဥ်ကိုပြည့်စုံခဲ့ခြင်း ဖြစ်သည်။ ဘုရား သခင်သည် မိမိကတိတော်စကားအားလုံးပေးအပ်တော်မူခဲ့ပြီးနောက် မိမိကတိတော်နှင့်အညီ ၎င်းတို့ကိုအမှန် အကန်ပြည့်စုံခဲ့ကြောင်း ဘုရားသခင်ထင်ရှားစေတော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းက ဤသမ္မာတ ရားကိုထင်ရှားစေခဲ့သည်။ ထိုသမ္မာတရားမှာ ဘုရားသခင်၏ပဋိညာဥ်ပြည့်စုံစေခဲ့သော မိမိပဋိညာဥ်အားလုံး ဖြစ်သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?