• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Tabernacle Study

သန့်ရှင်းသောနေရာ

သန့်ရှင်းရာဌာန
 
ပျဉ်ပြားများ
 
သန့်ရှင်းရာဌာနတော်တန်ဆာများ
 
တဲတော်အတိုင်းအတာမှာ ၁၃.၅မီတာ(၄၅ပေ)ရှည်လျား၍ ၄.၅မီတာ(၁၅ပေ)ကျယ်ဝန်းသည်။ သန့်ရှင်းသော နေရာနှင့်အသန့်ရှင်းဆုံးနေရာဟူ၍ အခန်းနှစ်ခန်းရှိသည်။ သန့်ရှင်းသောနေရာအတွင်းပိုင်းတွင် မီးတိုင်တစ် တိုင်၊ ရှေ့တော်တင်ရာမုန့်၊ နှင့်အမွှေးတိုင်ပလ္လင်ရှိသည်။ အသန့်ရှင်းဆုံးအတွင်းပိုင်းတွင် ပဋိညာဥ်သေတ္တာနှင့် ကျေးဇူးပလ္လင်တော်ချထားခဲ့သည်။ 
သန့်ရှင်းသောနေရာနှင့်အသန့်ရှင်းဆုံးနေရာပါဝင်သောတဲတော်အား ဘေးပတ်လည်တွင် ၇၀ စင်တီမီတာ(၂.၃ ပေ)ကျန်းဝန်း၍ ၄.၅မီတာ(၁၅ပေ)ရှည်လျားသောအကာရှသစ်သားဖြင့် ဘောင်ခတ်ထားပါသည်။ တဲတော်၏ တံခါး၌ ရွှေသွန်းလောင်းထားသောအကာရှသစ်တိုင် ငါးတိုင်ချထားပါသည်။ တံတိုင်းမှတဲတော်သို့ဝင်ရောက် နိုင်သောတံခါးကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောက်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့်ပြုလုပ်ထားသောကု လားကာဖြင့်ပြုလုပ်ထားသည်။ 
တဲတော်တံတိုင်းမှာ ၂.၂၅မီတာ(၇.၄ပေ)မြင့်သောတိုင် ခြောက်ဆယ်တိုင်ရှိသည်။ အရှေ့ဘက်ခြမ်းတွင်ချထား သောတံတိုင်းဂိတ်မှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်တို့ဖြင့်ရက်လုပ်ထားသည်။ တဲတော် တံတိုင်းသို့ဝင်ရောက်သောအခါ ဤအပြင်တံတိုင်းဂိတ်ဖြင့် ဝင်ရောက်နိုင်ပါသည်။ တဲတော်တံတိုင်းများမှာ မီး ရှို့ရာယဇ်ပလ္လင်နှင့်အင်တုံရှိသည်။ 
ဤနှစ်ခုကိုဖြတ်ကျော်၍ တဲတော်တံခါးသို့ရောက်လိမ့်မည်။ တဲတော်တံခါးသည် ၄.၅မီတာ(၁၅ပေ)မြင့်သည်။ တဲတော်တံခါးမှာ တိုင်ငါးတိုင်ရှိ၍ ခြေစွပ်များကို ကြေးဝါဖြင့်ပြုလုပ်ထားသည်။ တဲတော်တံတိုင်းဂိတ်ကဲ့သို့ တဲ တော်တံခါးသည်လည်း အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့်ပြုလုပ်ထား၍ တိုင်ငါးတိုင်ထိပ်မှာ ရွှေကွင်းများပေါ်တွင် ချိတ်ဆွဲထားပါသည်။ တဲတော်၏အတွင်းနှင့်အပြင်ပိုင်းခြားထားသော ကုလားကာပိတ်ရှိသည်။ 
ပျဥ်ပြား ၄၈ ဖြင့်ပြုလုပ်ထားသောတဲတော်တွင် ဘုရားသခင်ကိန်းဝပ်တော်မူခဲ့သည်။ ဘုရားသခင်သည် ဣသ ရေလလူမျိုးများနှင့်အတူပါရှိတော်မူကြောင်း တဲတော်အပေါ်တွင် နေအချိန်၌တိမ်တိုက် အားဖြင့်လည်းကောင်း၊ ညအချိန်၌မီးတိုင်အားဖြင့်လည်းကောင်းထင်ရှားလျက်ရှိသည်။ ဘုရားသခင်ကိန်းဝပ်တော်မူရာ သန့်ရှင်းရာဌာန အတွင်းတွင် ဘုရားသခင်၏ဘုန်းတော်ထင်ရှားလျက်ရှိသည်။  သန့်ရှင်းရာဌာတော်တွင် ရှေ့တော်တင်မုန့်၊ မီး တိုင်နှင့်အမွှေးတိုင်ပလ္လင် နှင့်အသန့်ရှင်းဆုံးနေရာတွင် ပဋိညာဥ်သေတ္တာတော်နှင့်ကျေးဇူးပလ္လင်တော်ရှိသည်။ တဲတော်၏စနစ်အရဣသရေလသာမန်လူများသည် အသန့်ရှင်းဆုံးဌာနတွင်ဝင်ရောက်ခွင့်မရှိကြပေ။ ယဇ်ပ ရောဟိတ်များနှင့်ယဇ်ပရောဟိတ်ကြီးများသာလျှင် ဝင်ရောက်ခွင့်ရှိသည်။ 
သန့်ရှင်းရာဌာနအသုံးအဆောင်ပစ္စည်းအားလုံးကို ရွှေဖြင့်ပြုလုပ်ထားသည်။ မီးတိုင်သည်လည်းရွှေဖြင့်ပြုလုပ် ထားသည်။ ရှေ့တော်တင်ရာမုန်းခုံကိုလည်း ရွှေဖြင့်ပြုလုပ်ထားသည်။ သန့်ရှင်းရာဌာနတွင်ရှိသောအသုံးအ ဆောင်ပစ္စည်းများအားလုံးနှင့် သုံးထောင့်ကျောက်ရိုးတို့ကိုရွှေစင်ဖြင့်လုပ်သည်။ သန့်ရှင်းရာဌာနအတွင်းသည် ရွှေရောင်ခြည်ဖြင့်အစဥ်အမြဲတောက်ပလျက်ရှိသည်။ 
ထိုကြောင့်၊ သန့်ရှင်းရာဌာနအတွင်းတွင် ရွှေရောင်ခြည်တောက်ပခြင်းက ကယ်တင်ခြင်းရရှိခဲ့သောသန့်ရှင်းသူ များသည် ဘုရားသခင်၏အသင်းတော်တွင် ယုံကြည်ခြင်းအားဖြင့် မြင့်မြတ်စွာအသက်ရှင်ကြသည်။ ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောသန့်ရှင်းသူများသည် သန့်ရှင်းရာဌာနတော် တွင်တွေ့ရသောရွှေစင်နှင့်တူသည်။ သန့်ရှင်းရာဌာနအတွင်းရှင်သန်သောဤသို့သောသန့်ရှင်းသူများ၏အသက် တာသည် အသင်းတော်၌ကိန်းဝပ်သောမင်္ဂလာရှိသောအသက်တာဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် ကိုကျွေးမွေးသည်။ ဘုရားသခင်ထံဆုတောင်း၍ဂုဏ်တော်ချီးမွမ်းသည်။ ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ နေ့တိုင်းကိုယ်တော့်ကျေးဇူးတော်၌ လွှမ်းခြုံသည်။ အသင်းတော်အားဖြင့် အားလုံးပြုလုပ် သည်။ ဤယုံကြည်ခြင်းရှိသောအသက်တာသည် သန့်ရှင်းရာဌာနတွင်ရှိသောအသက်တာဖြစ်သည်။ ထိုအ ကြောင်းကိုသင့်နှလုံးသားဖြင့်ယုံကြည်ရမည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်ဖြောင့်မတ်ခြင်းခံရ သောသူများသာလျှင် သန့်ရှင်းရာဌာနအတွင်း၌ ယုံကြည်ခြင်းအသက်တာဖြင့်မြင့်မြတ်စွာအသက်ရှင်နိုင်ကြ လိမ့်မည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?