• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Tabernacle Study

ပဋိညာဥ်သေတ္တာ

ပဋိညာဥ်သေတ္တာ
 
ပဋိညာဉ်သေတ္တာတွင် ပါဝင်သောပစ္စည်းများ
 
ပဋိညာဥ်သေတ္တာ၏အတိုင်းအတာမှာ ၁၁၃စင်တီမီတာ(၃.၇ပေ)ရှည်လျား၍ ၆၈စင်တီမီတာ(၂.၂.ပေ)ကျယ်ဝန်း ပြီး၊ ၆၈စင်တီမီတာ(၂.၂.ပေ)မြင့်သည်။ အကာရှသစ်သားဖြင့်ပြုလုပ်၍ ရွှေစင်ဖြင့်မွှမ်းမံထားသည်။ ဤပဋိညာဥ် သေတ္တာတွင်ပညတ်တော်ဆယ်ပါးကိုကျောက်ပြားနှစ်ပြားပေါ်တွင်ကဗ္ဗည်းထိုးထားပြီးရွှေဖြင့်ပြုလုပ်ထားသော မာနမုန့်၊ နောက်ပိုင်းတွင် အာရုန်၏အပွင့်ပွင့်သောလှံတံကိုလည်းထည့်သွင်းထိန်းသိမ်းထားပါသည်။ 
ပဋိညာဥ်သေတ္တာရှိကျေးဇူးတော်ပလ္လင်ကို ရွှေစင်အစစ်ဖြင့်ပြုလုပ်ထားသည်။ ခေရုဗိမ်တို့သည်မိမိအတောင်ကို ဖြန့်၍ ၎င်း၏ဘေးနှစ်ဘက်ကို ဖုံးလွှမ်းထားသည်။ ပဋိညာဥ်သေတ္တာဖုံးအုပ်ပြီး ခေရုဗိမ်တို့သည် ကျေးဇူးတော် ပလ္လင်တော်ကို မျက်နှာခြင်းဆိုင်သည်။ ကျေးဇူးတော်ပလ္လင်တော်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံ တော်သို့ချဥ်းကပ်လာသောသူများအပေါ်မိမိကျေးဇူးကိုချပေးတော်မူသောနေရာဖြစ်သည်။ 
ပဋိညာဥ်သေတ္တာအစွန်းတစ်ခုစီပေါ်တွင် ရွှေလက်စွပ်များချထားခဲ့သည်။ တစ်ဘက်မှ ရွှေကွင်းနှစ်ကွင်းချထား သည်။ ပဋိညာဥ်သေတ္တာအလွယ်တကူသယ်ဆောင်နိုင်ရန်အတွက် တစ်ဘက်တစ်ချက်ရွှေကွင်းကိုလျှိုထား သည်။ ဤထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြလုပ်ထား၍ရွှေသွန်းလောင်းထားသည်။ ပဋိညာဥ်သေတ္တာဘေး နှစ်ဘက်တွင် ထမ်းစရာထမ်းပိုးနှစ်ခုစီလျှိုထားသည်။ လူနှစ်ယောက်တို့သည်၎င်းကိုမ၍သယ်နိုင်ရန်အတွက် ဘု ရားသခင်ပြင်ဆင်ပေးတော်မူခြင်းဖြစ်သည်။ ဘုရားသခင်သည် “ငါက ဤကျေးဇူးပလ္လင်မှာသင်တို့ကိုတွေ့လိမ့် မည်”ဟု မိန့်တော်မူခဲ့သည်။ 
ဘုရားသခင်သည် ဣသရေလလူမျိုးများအားပဋိညာဥ်သေတ္တာကိုထမ်းဘိုးတပ်၍ ကျေးဇူးတော်ပလ္လင်နှင့်အတူ သယ်ဆောင်နိုင်ရန် မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကမ္ဘာ့အနှံ့အပြားသို့သတင်းကောင်း ဖြန့်ဝေရန် အလိုတော်ရှိကြောင်းဆိုလိုသည်။ နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့်ထပ်တူပင် ဖြစ်သည်။ ဘေးနှစ်ဘက် စလုံးတွင် ရွှေကွင်းများတပ်ဆင်ထားသည်။ ဤရွှေကွင်းများတွင် အပေါက်များဖောက်ထားသည်။ ယဇ် ပလ္လင် ကို လူနှစ်ယောက်က သယ်ဆောင်နိုင်မည်ဖြစ်သည်။
ယဇ်ပရောဟိတ်ကြီးသည် တစ်နှစ်တစ်ကြိမ် ယဇ်ကောင်၏အသွေးကိုယူ၍ အသန့်ရှင်းဆုံးဌာနသို့ဝင်ရောက်ခဲ့ သည်။ ထိုနောက် သူသည် ထိုယဇ်ကောင်၏အသွေးကို ကျေးဇူးတော်ပလ္လင်တော်ပေါ်တွင် ခုနစ်ကြိမ်းပက်ဖြန်း ထားပါသည်။ ဘုရားသခင်သည် ဤကျေးဇူးပလ္လင်ပေါ်တွင် ဣသရေလလူမျိုးများကိုတွေ့လိမ့်မည်ဟု မိန့်တော် မူခဲ့သည်။ ယဇ်ပရောဟိတ်ကြီးကဲ့သို့ယုံကြည်ခြင်းရှိသောသူများကိုဘုရားသခင်တွေ့တော်မူလိမ့်မည်။ ထိုယုံ ကြည်ခြင်းမှာ ယဇ်ပူဇော်ခြင်းစနစ်အရ အပြစ်ဖြေလွှတ်ခြင်းယုံကြည်မှုပင် ဖြစ်သည်။ 
ကျေးဇူးပလ္လင်တော်ပေါ်တွင်ယဇ်ကောင်၏အသွေးပက်ဖြန်းခြင်းသည် အပြစ်အတွက်ဘုရားသခင်၏တရားစီ ရင်ခြင်းနှင့်လူသားများအပေါ်ကျေးဇူးဂရုဏာကိုပြသသည်။ အပြစ်ဖြေရာနေ့၊ ခုနစ်လဆယ်ရက်နေ့မှာ ယဇ်ပ ရောဟိတ်ကြီးအာရုန်သည် ဣသရေလလူမျိုးများအားလုံး၏နှစ်စဥ်အပြစ်များအားလုံးကို ယဇ်ကောင်၏ခေါင်း ပေါ်သို့လက်တင်ခြင်းအားဖြင့် အပြစ်များလွှဲပြောင်းပေးခဲ့သည်။ ထိုနောက် သူသည် လည်ပင်းကိုဖြတ်၍အသွေး ယူခဲ့လျက် ကုလားကာဖွင့်ကာ ကျေးဇူးတော်ပလ္လင်ပေါ်တွင် အသွေးကိုပက်ဖြန်းခဲ့သည်(ဝတ် ၁၆း၁၁-၁၆)။
အသွေးပက်ဖြန်းခြင်းအားဖြင့် ဘုရားသခင်ဣသရေလလူမျိုးများကိုတွေ့တော်မူ၍ အပြစ်လွှတ်ခြင်းကောင်းကြီး မင်္ဂလာကိုချပေးတော်မူခဲ့သည်။ ဣသရေလလူမျိုးများအတွက်ယဇ်ပူဇော်ခြင်းစနစ်အားဖြင့်ဘုရားသခင်ထူ ထောင်ပေးတော်မူသောဘုရားသခင်၏ကျေးဇူးတော် ဖြစ်သည်။ ယဇ်ကောင်ပေါ်တွင် လက်များတင်ခြင်းနှင့် အသွေးကိုယူခြင်းအားဖြင့် ဘုရားသခင်သည် သူတို့၏အပြစ်များကိုဖယ်ရှားပေးတော်မူ၍ ကျေးဇူးတော်အား ဖြင့်အပြစ်ဖြေလွှတ်ခြင်းကျေးဇူးကို ချပေးသနားတော်မူခဲ့သည်။
The New Life Mission

TAKE OUR SURVEY

How did you hear about us?