Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-26] တဲတော်အတွက်အသုံးပြုသော ကြေးဝါခြေစွပ်များ၏ ဝိညာဥ်ရေးရာအဓိပ္ပါယ် (ထွက် ၂၆း၁၅-၃၀)

တဲတော်အတွက်အသုံးပြုသော ကြေးဝါခြေစွပ်များ၏ ဝိညာဥ်ရေးရာအဓိပ္ပါယ်
(ထွက် ၂၆း၁၅-၃၀)
 “တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကို လည်းလုပ်ရမည်။ပျဉ်ပြားသည်အလျားဆယ်တောင်၊ အနံတတောင် ထွာ ရှိရမည်။ ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာလုပ်ရမည်။တဲတော်တောင်ဘက်၌ ကာရန်ပျဉ် ပြားနှစ်ဆယ်ကို လုပ်ရမည်။ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြား အောက်၌ခြေထောက်နှစ်ခုစီစွပ်စရာဘို့ငွေခြေစွပ်လေးဆယ်ကို လုပ် ရမည်။ထိုအတူတဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရ မည်။ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရ မည်။ တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊ ထောင့်တဘက်တချက်၌ ကာရန်ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။ အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီးစေရမည်။ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိရမည်။တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသားကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။ တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့် ကျင်ငါးချောင်းကိုလည်းလုပ်ရမည်။ အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံ ရမည်။ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍၊ ကန့်လန့် ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။တောင်ပေါ်မှာ သင့်အားပြသောပုံနှင့် အညီ၊ တဲတော်ကို တည်ဆောက်ရမည်။”
 

ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော်၏ပျဥ်ပြားများကို ရွှေ ဖြင့်အားလုံးမွှမ်းမံထားပါသည်။ တဲတော်ပျဥ်ပြားတစ်ခုစီတိုင်းသည် အပေါ်သို့မားမားမတ်မတ်ထောင်ထားသည်။ ဘုရားသခင်သည် မော ရှေထံ ကြေးဝါခြေစွပ်နှစ်ခုပြုလုပ်ရန် မိန့်မှာတော်မူခဲ့သည်။ ပျဥ်ပြား တစ်ခုစီတိုင်း၌ ကြေးဝါခြေစွပ်နှစ်ခုချထားခြင်း၏ဝိညာဥ်ရေးရာအ ဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ကျမ်းစာတွင် ရွှေသည်ဘယ် တော့်မှမပြောင်းလဲသောယုံကြည်ခြင်းကို ရည်ညွှန်းသည်။ ရွှေဖြင့် သွန်းလောင်းသောပျဥ်ပြားအောက်၌ချထားသောကြေးဝါခြေစွပ်များ ၏အဓိပ္ပါယ်မှာ ဘုရားသခင်ချပေးတော်မူသော ကယ်တင်ခြင်းအာမ ခံချက်ဆုကျေးဇူးနှစ်ပါးဖြစ်ပါသည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှု သည် ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုပြည့်စုံစေတော်မူခဲ့သည်ကို ဆိုလို သည်။ 
ဤယုံကြည်ခြင်းလက်ခံရရှိခြင်းသည် မရှိမဖြစ်လိုအပ်သည်။ ရွှေစင်သည် ကျွန်ုပ်တို့အားဘုရားသခင်၏လူများနှင့်နိုင်ငံတော်သား များဖြစ်စေနိုင်သည့်နည်းတူ၊ သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ် တွင်အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီး နှင့်နိုင်ငံတော်သားများဖြစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့အပြစ်များဖြေ လွှတ်ရန်အတွက် ဘုရားသခင်ချပေးတော်မူသောရေနှင့်ဝိညာဥ်တော် သတင်းကောင်းမှာ ကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်သောဘုရားသ ခင်၏ဆုကျေးဇူးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နေ့တိုင်းအပြစ်ကျူး လွန်၍အပ္ပါယ်ငရဲသို့သွားရမည့်သူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့ သည် ကိုယ်ပိုင်ကြိုးပမ်းခြင်းများ၊ ခွန်အားနှင့် ဆန္ဒအားဖြင့် မိမိအပြစ် များကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။ 
ကျွန်ုပ်တို့အပြစ်များအားလုံးဖယ်ထုတ်ရန်အတွက် ကျွန်ုပ်တို့၏ ခွန်အားကို မှီခိုအားထားရမည့်အစား ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကို ကျွန်ုပ်တို့မှီခိုအားထားရမည်။ သို့မှသာ ကျွန်ုပ်တို့သည် မိမိအပြစ်များမှလွှတ်မြောက်နိုင်ကြသည်။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းအားဖြင့် ဘုရားသခင်ချပေးတော်မူသောကယ်တင်ခြင်း ဆုကျေးဇူးကို ကျေးဇူးတင်တတ်သောနှလုံးဖြင့် ယုံကြည်ရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် ဤနှစ်မျိုးပေါင်းစပ်သောကယ်တင်ခြင်းဆု ကျေးဇူးကိုယုံကြည်ရမည်။ ဤယုံကြည်မှုကိုဘုရားမြင်တွေ့တော်မူ သောအခါ ကျွန်ုပ်တို့အား မိမိပြည့်စုံသောသားသမီးများဖြစ်စေတော် မူသည်။ ထိုကြောင့်၊ သင့်နှလုံးသားထဲမှာ အပြစ်တစ်စုံတစ်ခုရှိသေးပါ ကကျွန်ုပ်တို့အားကယ်တင်ရန်ဘုရားသခင်ချပေးတော်မူသော ရေနှင့် ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သင်သည်လုံး ဝ ကယ်တင်ခြင်းရရှိရမည် ဖြစ်သည်။ 
ဤကမ္ဘာပေါ်တွင်အသက်ရှင်သမျှသောလူသားများစွာတို့သည် ဘုရားသခင်၏လူများဖြစ်ချင်ကြပါသည်။ ဘုရားသခင်၏လူများဖြစ် လာနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် အလင်းဖြင့် မိမိကိုယ်ကိုရှေ့ဦးစွာ ရောင်ပြန်ဟပ်၍ စေ့စေ့စပ်စပ် ဆန်းစစ်ရမည် ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သည် လုံးဝဆန့်ကျင်၍မရနိုင်သော အပြစ်သားများဖြစ်ကြ၍ အပြစ်များအ တွက် တရားစီရင်ခြင်းခံရမည့်သူများဖြစ်ကြသည်ကို တွေ့ပါလိမ့် မည်။ ကျွန်ုပ်တို့သည် နေ့တိုင်းပညတ်တော်ကိုဆန့်ကျင်ကျူးလွန် သောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြ သောကြောင့် ဆိုးညစ်သောအမှုနှင့်အပြစ်ဒုစရိုက်များ မလွှဲသာမ ရှောင်သာပြုလုပ်နေကြ၍ တရားစီရင်ခြင်းက ကျွန်ုပ်တို့ရှေ့မှာစောင့် ကြိုနေပါသည်။  ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများမည်သို့ဖြစ် လာနိုင်ကြမည်နည်း။ ဘုရားသခင်သည် မိမိလူများဖြစ်လာနိုင်ရန်အ တွက် ကိုယ်တော်တိုင်ချပေးတော်မူသော ကယ်တင်ခြင်းဆုကျေးဇူး နှစ်ပါးကိုလက်ခံရရှိကြောင်း ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည် ဖြစ်ပါသည်။ 
သခင်ယေရှုသည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောနှင့်အဖြူရောင်ပိတ်ချောဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ထုတ်ပေးတော်မူသောကယ်တင်ရှင်ဖြစ်တော်မူသည်။သခင်ယေ ရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူသောဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်က ကျွန်ုပ် တို့အပြစ် များအားလုံးမှလုံးဝ ကယ်တင်တော်မူခဲ့သည်။ ဗတ္တိဇံနှင့်အသွေး တော်တို့သည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ် သောအရာနှစ်ခုဖြစ်ပါသည်။ ထိုကြောင့် ဤသမ္မာတရားကိုယုံကြည် ခြင်းမရှိဘဲလျက် ဘုရားသခင်၏လူများမဖြစ်လာနိုင်ကြပေ။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးအပ်တော်မူသောဤကယ် တင်ခြင်းဆုကျေးဇူးတော်နှစ်ပါးအားဖြင့် ကျွန်ုပ်တို့သည် မိမိလူများ အမှန်ဖြစ်စေတော်မူသည်။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများအမှန်မဖြစ်လာနိုင်ကြပေ။ သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့သည် အပြစ် များအားလုံးမှလည်းကောင်း၊ အပြစ်၏တရားစီရင်ခြင်းမှလည်း ကောင်း ကယ်တင်ခြင်းရရှိ၍ လွတ်မြောက်ခြင်းအခွင့်ရရှိခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်‌တော်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာ နိုင်ကြသည်။ ရွှေစင်ကဲ့သို့သောကျွန်ုပ်တို့ယုံကြည်မှုများကို ဤဘု ရားသခင်၏ဆုကျေးဇူးများလက်ခံရရှိခြင်းပေါ်တွင်တည် ဆောက် ထားပါသည်။ 
တဲတော်ကိုတည်ဆောက်ရာတွင် ပျဥ်ပြားတစ်ချပ်စီတိုင်းတွင် ကြေးဝါခြေစွပ်နှစ်ခုစီ ဘုရားချထားတော်မူခဲ့သည်။ ဤသမ္မာတရား ကသခင်ယေရှုခရစ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ယော ဒန်မြစ်တွင် ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံခံယူချက် လူသား များအားလုံး၏အပြစ်များကို ယူဆောင်တော်မူခဲ့သည်။ ကားတိုင် ပေါ်သို့ဤအပြစ်များကိုသယ်ဆောင်သွားတော်မူလျက် အသေခံကာ အပြစ်ကြွေး များအားလုံးပေးဆပ်ကျေအေးစေတော်မူခဲ့သည်။ သခင် ယေရှုခံယူတော်မူသောဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်များသည် အပြစ်ဖြေလွှတ်ရန်အတွက် ဆု ကျေးဇူးများပင် ဖြစ်ပါသည်။
ဤခေတ်ကာလတွင်အသင်ရှင်သူသင်နှင့် ကျွန်တော်တို့သည် အပြစ်ကျူးလွန်နေကြသည်ကို သိရမည်။ ဘုရားသခင်ရှေ့မှောက် တွင် မိမိကိုယ်ကိုသိသောသူများက သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူ‌တော်မူခြင်း နှင့်ကားတိုင်ပေါ်တွင်အသေခံတောမူခြင်းအားဖြင့် သူတို့အပြစ်များ ယူဆောင်တော်မူခြင်းအားဖြင့် သူတို့သည် အပြစ်များအားလုံးနှင့်အ ပြစ်၏တရားစီရင်ခြင်းမှကယ်တင်တော်မူခဲ့သည်။ ကယ်တင်ခြင်းဆု ကျေးဇူးကို ကျွန်ုပ်တို့ယုံကြည်၍ အပြစ်များဖြေလွှတ်ခြင်းခံရသောအ ခါ ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ကြသည်။ သခင်ယေရှု သည် ဗတ္တိဇံခံခြင်းနှင့်ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်း တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်တော်မူခဲ့သည်။ အကယ်၍ကိုယ်တော်သည် မကယ်တင်တော်မူခဲ့လျှင် ကျွန်ုပ်တို့ သည် မိမိအပြစ်များအားလုံးမှ လွှတ်မြောက်ခြင်းခံရကြမည်မဟုတ် ပေ။ ထိုကြောင့် သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်၏ကျေးဇူး တော်အားဖြင့် တစ်ရာရာခိုင်နှုန်းဘုရားသခင်၏သားသမီးများနှင့် ဖြောင့်မတ်သူများဖြစ်လာကြသည်ဟုကျွန်ုပ်တို့ ယုံကြည်ဝန်ခံရကြ မည် ဖြစ်သည်။ 
တဲတော်ပျဥ်ပြားကြေးဝါခြေစွပ်များက အပြာရောင်၊ ရမ်းရောင်၊ နှင့်အနီရောင်ပိတ်ချောဖြင့် ပြည့်စုံသောဘုရားသခင်၏ကျေးဇူးတော် ကြောင့် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းခံရကြသည်ဟု ဖော် ပြထားသည်။ ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်ချည်ထည်ကယ်တင်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့အားချပေး တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လုံးဝကယ် တင်ခြင်းရရှိနိုင်ကြသည်။ မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲသို့သွား ရမည့်သူဖြစ်သည်ဟုဝိညာဥ်ရေးရာ၌စိတ်နှံလုံးနှိမ့်ချသောသူတို့သည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောအားဖြင့် ဘုရားသခင် ပေးအပ်တော်မူသောကယ်တင်ခြင်းရရှိရန်အရည်အချင်းပြည့်မီသော သူများဖြစ်ကြသည်။ မိမိသည် အပ္ပါယ်ငရဲသို့ မျက်နှာမူသွားရမည့် သူ များဖြစ်သည်ဟု မိမိကိုယ်ကို ညည်းတွားသောသူတို့သည် ဘုရားသ ခင်ပေးအပ်တော်မူသော ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံရရှိရန် အရည်အချင်းပြည့်မီသောသူများဖြစ်ကြသည်။ သခင်ယေရှုခရစ် တော်အားဖြင့် ခမည်းတော်ဘုရားသခင်ပေးအပ်တော်မူသောရေနှင့် ဝိညာဥ်တော်သတင်းကောင်း အပြာရောင်၊ အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ်ချောဖြင့်ထင်ရှားသောသမ္မာတရားကို ယုံကြည်သူ များသည် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ရန်အတွက် မိမိ အပြစ်များမှကယ်တင်ခြင်းရရှိနိုင်ကြသည်။  ဘုရားသခင်ချပေးတော် မူသော ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံရရှိသောသူများသည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာများအားလုံးကို ရရှိခံစားနိုင်ကြ သည်။ မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲသို့သွားရမည်သူများဖြစ်ကြ သည်ဟုသိသောသူများနှင့် ဘုရားသခင်၏ဂရုဏာ‌တော်တောင်းခံ သောသူများသည် ကျေးဇူးတော်ခံစားရန် အရည်အချင်းပြည့်မီသော သူများဖြစ်ကြသည်။ ကျေးဇူးတော်အမှန်တကယ်ခံစားကြသည်။ 
ဘုရားသခင်ပေးအပ်‌တော်မူသော ကယ်တင်ခြင်းဆုကျေးဇူး ကြောင့် ကျွန်ုပ်တို့သည် မိမိအပြစ်များအားလုံးမှကယ်တင်ခြင်းခံရ ကြသည်။ ထိုကြောင့် ဧဖက် ၂း၈ တွင် “ကျေးဇူးတော်အားဖြင့်ကယ် တင်ခြင်းရရှိသည်” ဟု ဖော်ပြထားသည်။ ဘုရားသခင်၏သားသမီး ဖြစ်လာခြင်းမှာ ဤကယ်တင်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့ယုံကြည် ကြသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် မည်သည့် အရာအတွက် ဝါကြွားရမည်နည်း။ ဝါကြွားစရာမရှိပေ။ ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းဖို့သာဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ် တို့၏ကယ်တင်ရှင်၊ ကျေးဇူးတော်၏အရှင်ဟု ဝန်ခံရမည် ဖြစ်သည်။ 
ရှင်းရှင်းလင်းလင်ဖော်ပြရလျှင် ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်၊ နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့် ကယ်တင်တော်မမူလျှင်ကျွန်ုပ်တို့သည်မိမိအပြစ်များအားလုံးမှကယ် တင်ခြင်းခံရမည် မဟုတ်ပေ။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ပိတ်ချော၊နှင့်အဖြူရောင်ပိတ်ချောတို့တွင် ပါဝင်သောသမ္မာတရားမှာ ရေနှင့်ဝိညာဥ်‌တော်ကယ်တင်ခြင်း သတင်းကောင်း၏တန်ခိုးဖြစ်ပါ သည်။ ဤအရာက သခင်ယေရှုခရစ်တော်သည် ဤလောကသို့ဖွား မြင်ခြင်းခံတော်မူ၍ ယောဒန်မြစ်တွင်ယောဟန်အားဖြင့် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လူသားများအားလုံး၏အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူလျက် (မဿဲ ၃း၁၃-၁၇) လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံတော်မူကာ သေခြင်းမှတစ်ဖန်ရှင် ပြန်ထမြောက်တော်မူခဲ့သောသမ္မာတရားကို ထင်ရှားစေသည်။ ဘု ရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်သည် ပြည့်စုံသောကြောင့် ထပ်ဖြည့်စရာတစ်စုံတစ်ခုမျှမလိုအပ်တော့ပေ။ ဇာတိအသွေးအသား နှင့်အပြစ်နှင့်ပြည့်သောကိုယ်ခန္ဓာဖြင့် ထပ်ဖြည့်စရာမလိုအပ်ပေ။ ယုံ ကြည်ခြင်းအားဖြင့် ပြည့်စုံသည်။ ဘုရားသခင်၏ကောင်းကင်နိုင်ငံ တော်၏တိုင်များကဲ့သို့ကျွန်ုပ်တို့ကိုမားမားမတ်မတ် ရပ်တည်စေ သည်။ဘုရားသခင်၏နိုင်ငံ‌တော်သားများအဖြစ်သို့ ပြောင်းလဲပေးခဲ့ သည်။ 
 

သင်သည် သခင်ယေရှုကိုယုံကြည်သော်လည်း သင်၏ ဖြစ်ခြင်းအမှန်ကို မသိသေးသလော

ယခုချိန်များတွင် တီဗီထောင်ချီချဲလ်နယ်များကို ကာဘယ် သို့ မဟုတ်ဂြိုဟ်တုမတီဗီမှ ကြည့်ရှုနိုင်သည်။ တစ်ရက်လျှင် ၂၄နာရီ ကြည့်ရှုနိုင်သည်။ ဤချဲလ်နယ်များတွင် အထူးအစီအစဥ်များနှင့် စိတ်ဝင်စားစရာများဆက်တိုက်ကြည့်ရှုနိုင်သည်။ ဤချဲလ်နယ်များ ထဲက ကြည့်ရှုသူအများဆုံးအအောင်မြင်ဆုံးသောချဲလ်နယ်များနှင့် လူကြီးချဲလ်နယ်များဖြစ်ပါသည်။ ဤလူကြီးချဲလ်နယ်များတွင် ညစ် ညမ်းသောရုပ်ပုံများရိုက်ကူးတင်ဆက်ထားသော ဗီဒီယိုဇာတ်လမ်း တိုများကြည့်ရှုနိုင်သည်။ ထိုကြောင့် ဤခေတ်ကာလလူများစွာတို့ သည် ဤသို့သောညစ်ညမ်းသောဗီဒီယိုဇာတ်လမ်းတိုများသို့ စိတ်ဆွဲ လမ်းနေကြသည်။ မှားယွင်းချက်မှာ ဤသို့သောသူများက မိမိညစ် ညမ်းသောအကျင့်သည် အပြစ်များဖြစ်သည်ဟု သတိမူခြင်း၊ ဂရုစိုက် ခြင်းမရှိကြတော့ပေ။ 
သို့သော်၊ ကျမ်းစာက မတရားသောမေထုံပြုခြင်း၊ သူ့မယားကို ပြစ်မှားခြင်းနှင့်ကာမကုန်လွန်ကျူးခြင်းများသည် လူအထဲကထွက် သောအရာဖြစ်၍အပြစ်ဖြစ်သည်ဟု ညွှန်ပြသည်(မာကု ၇း၂၁-၂၃)။ ထိုနောက် ကျွန်ုပ်တို့အားလုံးသည် အပြစ်နှင့်ပြည့်နေကြသလား။ ဘု ရားသခင်က လူ့အထဲတွင်ရှိသောအရာအားလုံးသည် အပြစ်ဖြစ် ကြောင်းကိုလည်းကောင်း၊ အပြစ်၏အခကားသေခြင်းဖြစ်သည်ကို လည်းကောင်း၊ အပြစ်ကြီးထွားလာသောအခါ သေခြင်းဖြစ်စေနိုင် သည်ကိုလည်းကောင်း ကြိမ်ဖန်များစွာမိန့်တော်မူခဲ့သည်။ သို့သော်  ကျွန်ုပ်တို့သည် ဤအပြစ်များကျူးလွန်ကြသလား။ မည်သို့ကျူးလွန် ကြသနည်း။ ကျွန်ုပ်တို့မျက်စိမှတ်၊နားပိတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ညစ်ညမ်းစေသောအပြစ်ဒုစရိုက်များမှ လွတ်မြောက်နိုင်မည်လော။  ကျွန်ုပ်တို့စိတ်အတွေးအခေါ်များဖြင့်အပြစ်အားလုံးကို ကျွန်ုပ်တို့ကျူး လွန်တတ်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်မှအဝေးသို့ထွက်သွားရန် မည်သို့ပင်ကြိုးပမ်းစေကာမူ၊ အပြစ်မပြုရန်မည်သို့ပင်ကြိုးပမ်းစေ ကာမူ ထိုကြိုးစားမှုများမှာ အချည်းနှီးသက်သက်ဖြစ်ပါသည်။ ကျွန်ုပ် တို့သည်အပြစ်အနည်းငယ်မျှမပြုသော ပြည့်စုံသောသန့်ရှင်းသူများ မဟုတ်ကြပေ။ သို့သော် အပြစ်ကိုရှောင်လွှဲရန် မည်သို့ပင်ကြိုးပမ်း စေကာမူ အပြစ်များကျူးလွန်တတ်ကြသည်။ လူ၏ခန္ဓာကိုယ်နှင့်နှ လုံးများသည် သန့်ရှင်းသောအရာများနှင့်ဝေးကွာလျက်ရှိသည်။ ၎င်း တို့သည် အပြစ်နှင့်နီးကပ်လိုရုံသာမက ပို၍ကြီးမားသောအပြစ်များ ကိုတောင် ပြုလုပ်လိုကြပါသည်။ 
ကျွန်ုပ်တို့အားလုံးသည် အပြစ်နှင့်ဒုစရိုက်အပုံလိုက်အခဲလိုက်ရှိ ကြသည်။ ကျွန်ုပ်တို့စိတ်ထဲတွင် ကြာမြင့်စွာနေရာယူသောညစ်ညမ်း မှု၊ မကောင်းမှုများရှိတတ်ကြပါသည်။ ထိုမကောင်းသောစိတ်များက ကျွန်ုပ်တို့ကိုအမြဲတမ်းဒုက္ခပေးတတ်သည်။ လူသားအားလုံး၏နှလုံး သားသည် အခြေခံအားဖြင့် အပြစ်တရားအစုလိုက်အပုံလိုက်ရှိနေ ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်မြောက်များစွာရှိကြောင်း ဘုရားသခင်ရှေ့တော်တွင် ရိုးသားစွာ ဝန်ခံရမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် အပ္ပါယ်ငရဲသို့သွားမည့်အပြစ်သား၊ ဘုရားသခင်၏တရားစီ ရင်တော်မူခြင်းကိုခံထိုက်သောသူများဖြစ်ကြောင်း အသိအမှတ်ပြု၍  ဘုရားသခင်ထံကယ်တင်ခြင်းတောင်းလျှောက်ရမည်ဖြစ်ပါသည်။နာ  ပိုလီယန် ဘိုနာပါတ်က “မိုက်မဲသောသူများ၏အဘိဓါန်ထဲ၌သာ မ ဖြစ်နိုင်သောဟူသောစကားလုံးရှိသည်”ဟု ဖော်ပြထားသည်မဟုတ် လော။ ခရစ်ယာန်များစွာတို့သည် အပြစ်တရားရှောင်လွဲပါက မိမိ ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန် ကြိုးစားတတ်ကြသည်။ သို့သော် ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ကြီးမားစွာဆန့်ကျင်စိန်ခေါ်ခြင်း ဖြစ်သည်။ ဤသို့ပြိုလဲသောယုံကြည်မှုသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းတရားကို မလက်ခံဘဲငြင်းဆို၍ ကိုယ်‌‌တော်ချပေးတော်မူ သောကယ်တင်ခြင်းမေတ္တာတော်ကိုလည်းငြင်းဆိုသူလူဆိုးများ ဖြစ် ကြောင်း ထင်ရှားသည်။ 
သင်သည် မိမိကိုယ်ကို ကောင်းသည်ဟု ယူဆပါသလား။ အ ခြေအနေတစ်စုံတစ်ခုနှင့်အသွင်သဏ္ဌာန်တစ်ခုအောက်တွင် သင် သည် မိမိကိုယ်ကို မဖြောင့်မတ်သောအရာမလုပ်ဘဲ တရားသောအ မှုအရာများကိုသာပြူလပ်သည်ဟု သင်ယူဆပါသလား။ သင်သည် မိမိနှလုံးသားထဲမှာ နေ့တိုင်းဘုရားသခင်၏ပညတ်တော်ကိုစောင့် ထိန်း၍ သင့်ဘဝတွင် ပညတ်တော်အတိုင်းနာခံလိုက်လျှောက်သဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သူဖြစ်သည်ဟု ယူဆပါသလား။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ချပေးတော်မူသောကယ်တင် ခြင်းဆုကျေးဇူးနှင့်ကျေးဇူးတော်ကိုမသိ၊ မိမိနှလုံးသား၌အပြစ်ရှိ လျက်ပင် ဖြောင့်မတ်စွာကျင့်ဆောင်ရန်ကြိုးပမ်းလျှင် ထိုသူ၏လုပ် ဆောင်မှုအရာအားလုံးသည် လူသားများ၏မဖြောင့်မတ်သောညစ် ညမ်းမှုဖြင့် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ဤ သို့သော်လူများ၏ကောင်းမှုသည် ဘုရားသခင်၏အိမ်တော်၏တိုင် များဘယ်တော့်အခါမှ မဖြစ်လာနိုင်ကြပေ။ သူတို့သည် အသုံးမရ အပြစ်ဒုစရိုက်အစုလိုက်အပုံလိုက်ရှိသောသူများဖြစ်ကြပါသည်။ 
အာရှအရှေ့ပိုင်နိုင်ငံများတွင် များစွာသောလူတို့သည် မွေးစက တည်းက ကွန်ဖြူးရှပ်၏သွန်သင်မှုများကို သင်ယူကြပါသည်။ သူတို့ သည် ထိုတရားများအတိုင်း လက်တွေ့ကျကျလုပ်ဆောင်ရန် ကြိုး ပမ်းအားထုတ်တတ်ကြသည်။ တစ်ဘက်မှာ အနောက်တိုင်းမှာ ဘာ သာရေးကိစ္စရပ်များကို ကဲသို့လိပ်အယူဝါဒနှင့် ပရိုတက်စတင့်များ ကလွှမ်းမိုးထားပါသည်။ ထိုကြောင့် များစွာသောအနောက်တိုင်းသား များသည် ဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောင်ရန် ကြိုးစား တတ်ကြသည်။သို့သော် သူတို့သည် မည်သည့်နေရာတွင် မွေးဖွားနေ ပါစေ၊ အရှေ့သားဖြစ်စေ၊ အနောက်တိုင်းသားဖြစ်စေ၊ သူတို့အားလုံး သည်ဘုရားသခင်၏ရှေ့သို့ရောက်လာကြသောအခါ သူတို့၏အခြေခံ သဘောတရားကို ထင်ရှားလေ့ရှိကြသည်။ ကွန်ဖြူးရှပ်၏တရားနှင့် အညီအသက်ရှင်သူများဖြစ်စေ၊ ဘုရားသခင်၏ပညတ်တော်နှင့်အ ညီအသက်ရှင်သူများဖြစ်စေ သူတို့မှာ အပြစ်အစုလိုက်အပုံလိုက်ရှိ ကြ၍ ဆိုးသောမျိုးစေ့များစွာ အသီးသီးရှိကြသည်။ လူသားများသည် မဖြောင့်မတ်ကြပေ။ အနာအဆာဖြင့်ပြည့်ဝသည်။ ဖုံမှုန့်ကဲ့သို့အပြစ် များစွာရှိ၍ညစ်ညမ်းကြသည်။ လူအများရှေ့တွင် မထင်ရှားသောအ ပြစ်မပြုသူ ကောင်းမှုကုသိုလ်ပြုသောလူကောင်းများတောင်မှ မိမိနှ လုံးသားထဲမှာကောင်းမှုကုသိုလ်ပြုကြောင်း ချီးကျူးဩဘာပေးခြင်း မခံစားရဘဲ စိတ်ရောင့်ရဲတင်းတိမ်မှုမရှိကြပေ။ သူတို့သည် ဘုရားသ ခင်၏ရှေ့တော်သို့ရောက်သောအခါ သူတို့စိတ်ထဲမှာရှိသောအပြစ် များကိုဖုံးကွယ်၍မရဘဲ အပြစ်အစုလိုက်အပုံလိုက်ရှိသည်ကိုလည်း ကောင်း၊ လူဆိုးမျိုးစေ့များရှိသည်ကိုလည်းကောင်းထင်ရှားလျက်ရှိပါ သည်။ အကြောင်းမှာ လူသားများ၏ဖြောင့်မတ်ခြင်းသည် ဘုရားသ ခင်ရှေ့တွင် ကြီးလေးသောအပြစ်ဖြစ်သောကြောင့် ဖြစ်သည်။ လူ များသည် မိမိအပြစ်ကိုအသိအမှတ်မပြု ရေနှင့်ဝိညာဥ်တော်သတင်း ကောင်း၊ ၎င်းမှာ ဘုရားသခင်၏မေတ္တာ‌တော်ကို လက်ခံခြင်းမရှိပါက အပြစ်တရား၏တရားစီရင်ခြင်းမှလွတ်မြောက်ကြမည်မဟုတ်ပေ။ဘု ရားသခင်ရှေ့တော်မှ လူသားများ၏ကြိုးပမ်းအားထုတ်မှုများကို ကောင်းမှုကုသိုလ်မဖြစ်နိုင်ပေ။ လူသားများ၏လိုအင်ဆန္ဒများသည် ကိုယ်တော့်ရှေ့မှာ ညစ်ညမ်းမှုပင် ဖြစ်သည်။ လူသားများ၏အခြေခံ သဘောတရားမှာ ညစ်ညမ်းသည်။ သစ်သားနှင့်ကြေးဝါဖြစ်သည်။ လူသားများသည် သစ်သားအမျိုးအစားဖြစ်၍ ရှေ့ဦးစွာ‌ရွှေမွမ်းမံခြင်း မရှိပါက ဘုရားသခင်၏အိမ်တော်တံခါးတွင် စိုက်ထူနိုင်မည်မဟုတ် ပေ။ ဘုရားသခင်ချပေးတော်မူသောကယ်တင်ခြင်းကျေးဇူးတော်မရှိ ပါက သူတို့သည် ကြေးဝါသာဖြစ်၍ မီးဖြင့်တရားစီရင်ခြင်းခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်ကယ်တင်ခြင်းဆုကျေးဇူးကိုမယုံကြည်ပါ က လက်တင်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်မေရှိယသည်ဗတ္တိ ဇံခံတော်မူ၍ အသွေးတော်သွန်းလောင်းခြင်းရှိသောလည်းကျွန်ုပ်တို့ သည် အပြစ်သားများအဖြစ် ကျန်ရစ်သွားလိမ့်မည်။  ဤသို့ဖြင့် ဘု ရားသခင်၏ရှေ့တော်၌အပြစ်ပြုကြောင်း မသိသောသူများနှင့် ကယ် တင်ခြင်းရရှိရန် ဘုရားသခင်၏ဆုကျေးဇူးကိုမလက်ခံသောသူများ သည် အလွန်သနားစရာ ဖြစ်လေသည်။ 
ဘုရားသခင်၏ဖြောင့်မတ်တော်မူခြင်းကို ကျွန်ုပ်တို့မသိမီ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည် ဘာဝစံချိန်စံညွန်းတစ်ခုသာဖြစ် သည်။ ကျွန်တော်သည် ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးကို မသိ၊ စစ်မှန်သောယုံကြည်ခြင်းကိုမသိသောအခါ ထိုကဲ့သို့ပင် ဖြစ်ပါ သည်။ တကယ်တန်းကျ‌တော့ ကျွန်တော့်မှာ ကိုယ်ပိုင်ဖြောင့်မတ် ခြင်းမရှိပေ။ သို့သော် ကျွန်တော်သည် မိမိကိုယ်ကို ဖြောင့်မတ်သူဟု ယူဆသည်။ထိုကြောင့် ကျွန်တော်ငယ်ရွယ်စဥ်ကတည်းကကျွန်တော် ခွင့်လွတ်၍မရသောအပြစ်များစွာရှိ၍ ကျွန်တော်နှင့်စိတ်သဘော ထားမတည့်သောသူများကို ရန်စရ ခိုက်ရန်ပြုတတ်ကြသည်။ ကျွန် တော့်ဒဿဗေဒမှာ ကျွန်တော်သည် တစ်ခါဖွား၍တစ်ခါသေမည် ဖြစ်သောကြောင့် ဖြောင့်မတ်မှန်ကန်စွာအသက်ရှင်ခြင်း ဖြစ်သည်။ ကျွန်တော့်စိတ်ထဲမှာ“ထိုက်တန်သောဘဝဖြင့်အသက်မရှင်၊ စားဖို့အ တွက်သာအသက်ရှင်ခြင်းထက်သေသော်ပို၍ကောင်းတယ်။အဓိပ္ပါယ် မရှိတဲ့အသက်တာဖြင့် အသက်ရှင်ရင် ယခုသေသည်ဖြစ်စေ၊ နှစ် ပေါင်း ၅၀ အထိအသက်ရှင်သည်ဖြစ်စေ ထူးခြားမှုတစ်စုံတစ်ခုမျှမရှိ ပေ။ ဒီလိုအသက်ရှင်ခြင်းဟာ စိတ်ညစ်စရာ၊ ရှက်စရာကောင်းတယ်။ အဓိပ္ပါယ်မဲ့အသက်ရှင်ခြင်း၊ရည်မှန်းချက်မဲ့အသက်ရှင်ခြင်းနှင့် ဖြောင့် မတ်ခြင်းမဲ့အသက်ရှင်ခြင်းစသောဘဝသည် ငရဲနှင့်တူတယ်။ ငရဲမှာ အဘယ်အရာဖြစ်သလဲ။ ဝက်တစ်ကောင်းကဲ့သို့အသက်ရှင်သောလူ တစ်ဦးဖြစ်ပါတယ်။ သေတဲ့အထိ မိမိဝမ်းဝဖို့အတွက်သာ စားလိုက်၊ သောက်လိုက်အသက်ရှင်ခြင်းဖြစ်တယ်။ ဒီအရာဟာ နှိမ့်ကျစွာငရဲ သို့အသက်ရှင်ခြင်းပဲ ဖြစ်ပါတယ်”ဟု ကျွန်တော်ခံယူသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ ဘုရားရှေ့တော်၌ ကျွန်တော်သည် မိမိကိုယ် ကို မသိမြင်ခြင်း ဖြစ်သည်။ ကျွန်တော်သည် မိမိကိုယ်ကို ဖြောင့်မတ် သူအဖြစ်သတ်မှတ်သည်။ ထိုကြောင့် ကျွန်တော်သည် သူတစ်ပါး ထက်ပိုကောင်းသည်ဟု ထင်ခဲ့သောကြောင့် ဖြောင့်မတ်စွာအသက် ရှင်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်သည်။ 
သို့သော်ကျွန်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းရှေ့မှာ အပြစ်များစွာရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်သည် ပညတ် တော်ဆယ်ပါးတွင်ဖော်ပြထားသောပညတ်တော်များနှင့်အတူပညတ္တိ ကျမ်းများ၏အထုံးအဖွဲ့များ ၆၁၃ထဲက တစ်ချက်တောင်မစောင့် ရှောက်နိုင်ပေ။ အတပ်အမှန်ဖော်ပြပါက ကျွန်တော်သည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကိုဆန့်ကျင်သော မဖြောင့်မတ်မှုလုပ်ဆောင် ချက်ကို စောင့်ရှောက်ရန် ဆန္ဒရှိခဲ့သည်။ “မင်း အပြစ်ပြုနေတယ်။ ဘုရားသခင်ကိုဆန့်ကျင့်သောအပြစ်ကျူးလွန်နေတယ်”ဟု နှုတ်က ပတ်တော်ကဆိုပါသည်။ လူသားများ၏ဖြောင့်မတ်ခြင်းအားလုံးသည် ဘုရားသခင်၏ရှေ့တော်၌မဖြောင့်မတ်ခြင်းသာ ဖြစ်သည်။ လူသား များသည် မဖြောင့်မတ်နိုင်ခြင်းသည် အမှန်ဖြစ်ပါသည်။ ယခုချိန် သည် နောက်ဆုံးချိန်ဖြစ်ပါသည်။ အပြစ်တရားအားဖြင့် ယဥ်ကျေးမှု  ပျက်စီးခြင်း၊ ရန်လိုခြင်းနှင့် မနာလိုခြင်းများအားဖြင့် တစ်ယောက် နှင့်တစ်ယောက်မုန်းတီးသောအချိန်ဖြစ်ပါသည်။ ကျွန်ုပ်တို့အသွေးအ သားမှာ ယိုယွင်းပျက်စီးနေသောအပြစ်အားဖြင့် လုံးပန်း၍ အသက် ရှင်နေကြသည်ကိုဆိုလိုသည်။ကျွန်ုပ်တို့သည် မိမိဘဝတွင် ဤအပြစ် များကျူးလွန်နေကြသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် အမြဲတမ်းညစ် ညမ်းသောအပြစ်တရားများက နှောင့်ယှက်ဖျက်ဆီးနေသဖြင့် လူ့အ ထဲတွင် ကောင်းသောအရာတစ်စုံတစ်ခုမျှမတွေ့ရပေ။ 
 

ကျွန်ုပ်တို့သည် မဖြောင့်မတ်၊ အပြစ်နှင့်ပြည့်သည် သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အားရေနှင့်ဝိညာဥ် တော်သတင်းဖြင့် အပြစ်များအားလုံးမှကယ်တင်တော်မူ၍ မိမိလူများဖြစ်စေတော်မူခဲ့သည်

ကျွန်ုပ်တို့အားလုံးသည် မဖြောင့်မတ်ကြပေ။ သို့သော်ကယ်တင် ခြင်းကျေးဇူးအားဖြင့် ဘုရားသခင်သည် အပြစ်များအားလုံးမှကျွန်ုပ် တို့ကို ဤသို့ဖြင့် ကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်၏အိမ်တော်၊ သန့်ရှင်းရာဌာန၏ပျဥ်ပြားများတစ်ချပ်စီတိုင်းမှာ အမြင့် ၄.၅မီတာ နှင့် ၆၇၅ မီလီမီတာကျယ်၍ ရွှေဖြင့်မွှမ်းမံ၍ သန့်ရှင်းရာဌာနနံရံများ ပေါ်တွင် ထောင်ထားပါသည်။ ပျဥ်ပြားတစ်ခုစီတိုင်တွင် ‌ကြေးဝါခြေ စွပ်နှစ်ခုစီ ချထားပါသည်။ ဤကြေးဝါခြေစွပ်များက ဘုရားသခင် သည်သင်နှင့်ကျွန်တော့်ကို လုံးဝကယ်တင်တော်မူခဲ့ကြောင်းထင်ရှား စေပါသည်။ 
သမ္မာတရားမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိမေတ္တာ ဖြင့် အပြစ်မှကယ်တင်တော်မူခဲ့သည်။ ဤမေတ္တာဖြင့် သခင်ယေရှုခ ရစ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ အပြစ်များအားလုံး ယူဆောင်တော်မူရန် ဗတ္တိဇံခံယူတော်မူပြီး ကားတိုင်ပေါ်တွင်အသေ ခံတော်မူခြင်းအားဖြင့် ပြစ်ကြွေးများအားလုံးပေးဆပ်ကျေးအေးစေ တော်မူလျက် ကျွန်ုပ်တို့အား လောကအပြစ်များအားလုံးနှင့်တရားစီ ရင်ခြင်းအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်ပေးအပ် တော်မူသောကယ်တင်ခြင်းဆုကျေးဇူးကို ယုံကြည်ခြင်းအားဖြင့်  ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရကြသည်။ ဘုရားသခင်ချပေး တော်မူသောဤကယ်တင်ခြင်းဆုကျေးဇူးမှာ ရွှေကဲ့သို့ မပျက်စီးနိုင် ပေ။ မပြောင်းမလဲ အစဥ်အမြဲတည်မြဲသည်။
ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းမှာ သခင်ယေ ရှု၏ဗတ္တိဇံနှင့်အသွေးဖြင့်ဖွဲ့စည်းထားသည်။ ကျွန်ုပ်တို့အပြစ်များအား လုံးကို လုံးဝ ဖယ်ထုတ်ဆေးကြောပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှကယ်တင်တော်မူခဲ့သောကြောင့်ကျွန်ုပ် တို့သည် စိတ်ဖြင့်လည်းကောင်း၊ အတွေးဖြင့်လည်းကောင်း၊ အကျင့် ဖြင့်လည်းကောင်းကျူးလွန်ခဲ့သောအပြစ်နှင့် ကျူးလွန်မည့်အပြစ် များအားလုံးမှ ကျွန်ုပ်တို့ကို လုံးဝဥဿုံကယ်တင်တော်မူခဲ့သည်။ ဘု ရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်း ဆုကျေးဇူးကိုနှလုံး သားဖြင့်ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏မြင့်မြတ်သောသန့်ရှင်း သူများဖြစ်လာနိုင်ကြသည်။ တဲတော်တိုင်များနှင့်နံရံများဖြစ်သော ပျဥ်ပြားများအားဖြင့်ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်ကယ်တင် ခြင်းကို ဖွင့်ပြတော်မူသည်။ ပျဥ်ပြား၏ ကြေးဝါခြေစွပ်များအားဖြင့်  ဘုရားသခင်၏သားသမီးဖြစ်ရခြင်းသည် ကိုယ်တော့်ကျေးဇူးတော် နှင့်ဆုကျေးဇူးတစ်ရာရာခိုင်နှုန်းဖြစ်ကြောင်း ဘုရားသခင်ဖွင့်ပြတော် မူသည်။ 
အကယ်၍ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ကိုဖယ်ထုတ်လိုက်ပါက ကျွန်ုပ်တို့အထဲမှာ မည်သည့်အရာတစ် စုံတစ်ခုမျှကျန်ရစ်မည်မဟုတ်တော့ပေ။ ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားကြောင့် တရားစီရင်ခြင်းခံရမည့်သူများဖြစ်ကြပါသည်။ ဘုရားသခင်၏ပညတ်တော်ကအပြစ်တရား၏အခကားသေခြင်းပေ တည်းဟု ကြွေးကြော်ထားသောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့ သည်ငရဲမီးအိုင်သို့တရားစီရင်ခြင်းခံရမည့်သူများဖြစ်ကြသောကြောင့် လည်းကောင်း၊ ကျွန်ုပ်တို့သည် အလွန်ကြောက်မက်ဘွယ်ကောင်း သော ပျက်စီးခြင်းသို့ရောက်မည်သူများဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်‌တော်သတင်းကောင်းကိုယုံကြည်ရန် လိုအပ်နေရခြင်း ဖြစ်သည်။ ယခုလက်ရှိ အပြစ်တရား၏လွှမ်းမိုးမှု၌ ကျွန်ုပ်တို့သည်အသက်ရှင်နေကြသောကြောင့် ကျွန်ုပ်တို့အား ငရဲမီး အိုင်မှ တရားစီရင်ရန်စောင့်ကြိုနေသည်ကို လုံးဝမမေ့အပ်ပေ။ ထို သို့သောအခြေအနေတွင်နေသောသူများအတွက် ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်ကယ်တင်ခြင်းကို ပေးအပ်တော်မူ၍ ကျေးဇူး တော်ကို လုံးဝချပေးသနားတော်မူခြင်း ဖြစ်သည်။ မေရှိယသည် ဤ လောကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိဇံခံယူ တော်မူလျက် ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းကာ သေ ခြင်းမှပြန်လည်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ် များအားလုံးမှလည်းကောင်း၊ မတရားမှုအားလုံးမှလည်းကောင်း၊ တ ရားစီရင်ခြင်းအားလုံးမှလည်းကောင်းကယ်တင်တော်မူခဲ့သည်။ ဤ ပြည့်စုံသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းရရှိခဲ့ကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတင်နိုင်ကြပါသည်။ 
ဇာတိအသွေးအားအားဖြင့်ကျွန်ုပ်တို့သည် မပြည့်စုံကြသော် လည်း၊ လုပ်ဖော်ဆောင်ဖက်များနှင့်လက်တွဲဖက်များ၊ အမှုတော် ဆောင်များနှင့်ကျွန်တော်တို့သည် ဤရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကို တစ်ကမ္ဘာလုံးသို့ ဟောပြောနိုင်ကြခြင်း ဖြစ်သည်။ ဤသို့ ပျက်စီးသောကာလတွင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်‌တော်သတင်း ကောင်းကိုယုံကြည်ကြသောကြောင့် ဘုရားသခင်ကို ဖြူစင်စွာအစေ ခံနိုင်၍ ဆိုးသွမ်းမှုများမှလွတ်မြောက်ကြခြင်း ဖြစ်သည်။ ဤအရာ ကိုစိတ်ထဲမှာရှိနိုင်ခြင်းသည် ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ပေ။ ဘုရားသခင်သည် ကယ်တင်ခြင်းကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ကို လွှမ်းခြုံ၍ စင်ကြယ်ခြင်းပေးတော်မူသောကြောင့် ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အား အပြစ်နှင့်တရားစီရင်ခြင်းမှ ပြည့်စုံစွာ ကယ်တင်‌တော်မူခဲ့ပြီဖြစ်သောကြောင့် ဤကယ်တင်ခြင်းတန်ခိုးဖြင့် လွှမ်းခြုံတော်မူသောကြောင့် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား စင်ကြယ်စွာဖြင့်အစေခံနိုင်ကြခြင်း ဖြစ်သည်။ ဘု ရားသခင်သည် ရေနှင့်ဝိညာဥ်တော်အားဖြင့် အပြစ်အားလုံးမှကျွန်ုပ် တို့ကိုကယ်တင်တော်မူပြီ ဖြစ်သောကြောင့်ကျွန်ုပ်တို့သည် မပြည့်စုံ သော်ြငားလည်းအစေခံနိုင်ခြင်းဖြစ်သည်ဟု ကျွန်တော်ယုံကြည် သည်။ အပြစ်တရားများ၏ချည်နှောင်ခြင်း၊ အပြစ်တရားများနှင့် တရားစီရင်ခြင်းမခံရတော့ပေ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်မပါလျှင် သတင်း ကောင်းကို တစ်ကမ္ဘာလုံးသို့အမှန် ဟောပြောနိုင်မည်မဟုတ်ပေ။ ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ဟောပြောခြင်း၊ နှင့်သတင်းကောင်းကိုစင်ကြယ်စွာအစေခံခြင်းတို့သည် ဘုရားသခင် ၏ကျေးဇူးတော်မပါလျှင် ဘယ်တော့မှမဖြစ်နိုင်ပေ။ သင်နှင့်ကျွန် တော်တို့သည် ယုံကြည်ခြင်းအားဖြင့် ခုခံအသက်ရှင်နိုင်ခြင်းနှင့် စစ် မှန်သောသတင်းကောင်းဟောပြောနိုင်ခြင်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ရာနှုန်းပြည့်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကောင်းကင်နိုင်ငံတိုင်များဖြစ် လာကြ၍နိုင်ငံ‌တော်သားများဖြစ်လာကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရွှေကဲ့သို့ယုံကြည်ခြင်းကိုပေးအပ်တော်မူခဲ့သော ကြောင့် ယခုဘုရားသခင်၏အိမ်တော်၌အသက်ရှင်နိုင်ကြခြင်းဖြစ် သည်။ ဤအချိန်တွင် အပြစ်တရားက ကမ္ဘာကိုလွှမ်းမိုးသည်။ အပြစ် တရားချည်နှောင်ခြင်းခံသောသူများက ဘုရားသခင်ကိုပြစ်တင်တတ် ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောရေဖြင့်ဆေးကြောခြင်းခံရပြီ ဖြစ်သောကြောင့် ဘုရားသခင်ကို စိတ်နှလုံးဖြူစင်စွာ အစေခံနိုင်ကြ ခြင်း ဖြစ်သည်။ ထိုကြောင့် ဤကောင်းချီးမင်္ဂလာအတွက် ဘုရား သခင်၏ကျေးဇူးတော်ကို နှုတ်ဖြင့်မမြွက်ဆိုနိုင်လောက်အောင်ချီး မွမ်းစရာ ဖြစ်ပါသည်။ 
ဤအကြောင့်ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူဖြစ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်မည်ကဲ့သို့ဖြောင့်မတ် သူများဖြစ်ခဲ့ကြသနည်း။ ကျွန်ုပ်တို့အထဲမှာ ကောင်းမှုမရှိဘဲလျက် ဖြောင့်မတ်သူများဖြစ်သည်ဟု မည်သို့ခေါ်နိုင်ကြမည်နည်း။ သင်နှင့် ကျွန်တော်တို့သည် အပြစ်ပြုလျက်ပင် မည်သို့အပြစ်နှင့်ကင်းစင်နိုင် ကြမည်နည်း။ သင့်အသွေးအသားဖြောင့်မတ်ခြင်းအားဖြင့် အပြစ် ကင်းစင်သူနှင့်ဖြောင့်မတ်သူဖြစ်လာနိုင်မည်လော။ ဇာတိအတွေးအ ခေါ်များ၊ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်ခြင်းများနှင့်ကောင်းမှုကုသိုလ် စသည်တို့က အပြစ်ကင်းစင်သောဖြောင့်မတ်သူများဖြစ်စေနိုင်သ လော။ ‌ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သင်ဖြောင့်မတ်သူဖြစ်နိုင်သလော။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချောဖြင့် ထင်ရှားသောဘုရားသ ခင်၏ကယ်တင်ခြင်းကိုယုံကြည်ခြင်းအားဖြင့် သင်ဖြောင့်မတ်သူဖြစ် လာနိုင်မည်လော။ မေရှိယပြည့်စုံစေတော်မူသောရေနှင့်ဝိညာဥ်‌ တော်သတင်းကောင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏နှုတ်က ပတ်တော်အားဖြင့်လည်းကောင်းသင့်ကယ်တင်ခြင်းကိုမယုံကြည်ဘဲ လျက် သင်ဖြောင့်မတ်သူဖြစ်နိုင်မည်လော။ သင်ဖြစ်လာနိုင်မည်မ ဟုတ်ပေ။ အကျဥ်းချုပ်အားဖြင့် အနီရောင်ပိတ်ချောကိုသာယုံကြည် ခြင်းအားဖြင့် သင်သည် ဖြောင့်မတ်သူမဖြစ်လာနိုင်ပေ။ 
သခင်ယေရှုခရစ်တော်၊ ကယ်တင်ရှင်နှင့်မေရှိယသည် ကျွန်ုပ် တို့ကိုယ်စားအပြစ်များအားလုံးကိုယူဆောင်သွားရန်ဗတ္တိဇံယောဟန်ထံမှရရှိသောဗတ္တိဇံအားဖြင့်ကျွန်ုပ်တို့ဘဝတစ်လျှောက် လုံးကျူးလွန် သောအပြစ်များအားလုံးအပါအဝင်လောကအပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူပြီဖြစ်သောကြောင့် ယုံကြည်ခြင်းအားဖြင့်ကျွန်ုပ် တို့သည် ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသည်။ ဓမ္မဟောင်းကျမ်း တွင် ယဇ်ကောင်၏ဦးခေါင်းပေါ်မှာ ယဇ်ပရောဟိတ်ကြီးကလက် တက်လျက်အပြစ်ကို လွှဲပြောင်းပေးသည့်နည်းတူ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူ‌တော်မူခြင်းအား ဖြင့် လောကအပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည် (မဿဲ ၃း ၁၅)။ ဗတ္တိဇံယောဟန်က “လောကအပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသငယ်တော်ကိုကြည့်လော့” (ယောဟန် ၁း ၂၉) ဟု ကြွေးကြော်လျက်သက်သေခံတော်မူခဲ့သည်။ ဗတ္တိဇံခံတော် မူပြီးနောက် သခင်ယေရှုသည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် နောက်သုံးနှစ်သုံးမိုး အသက်ရှင်တော်မူ၍ ဘုရားသခင်ထံ‌တော်သို့ မိမိအသက်ကိုဆက်ကပ်၍ သိုးမွှေးရိတ်သူ၏ရှေ့တွင် သိုးသည် အသံ မမြည်ဘဲနေသကဲ့သို့ကားတိုင်ပေါ်တွင်အပြစ်များနှင့်တရားစီ ရင်ခြင် များအတွက် ပြစ်ကြွေးပေးဆပ်တော်မူလျက် ဘဝသစ်ကိုပေးအပ် တော်မူခဲ့သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှလက်ခံရရှိသောဗတ္တိဇံ အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုယူဆောင်သွားတော်မူ၍ မိမိ အသက်ကိုစတေးတော်မူခဲ့သည်။ ရောမစစ်သားများက ကားတိုင် ပေါ်တွင် ကိုယ်တော့်ကို သတ်သောအခါ လက်များနှင့်ခြေများကိုသံ မှိုဖြင့်ထုရိုက်ခဲ့ကြသည်။ ကားစင်တင်ခံရစဥ် သခင်ယေရှုသည် မိမိ နှ လုံးသားမှ အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ ကိုယ်တော် သည် ကယ်တင်ခြင်းအတွက် နောက်ဆုံးအဆင့်ပြီးဆုံးတော်မူသော အခါ “အမှုပြီးပြီ” (ယောဟန် ၁၉း၃၀) ဟု ဟစ်ကြွေးတော်မူခဲ့သည်။  ကိုယ်တော်သည် အသေခံတော်မူပြီးနောက် သုံးရက်မြောက်သော နေ့တွင် သေခြင်းမှပြန်လည်ထမြောက်တော်မူ၍ ကောင်းကင်ပေါ် သို့တက်ကြွတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့ အား ထာဝရအသက်ကိုပေးအပ်တော်မူ၍ ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှလက်ခံ ရရှိသော ဗတ္တိဇံအားဖြင့် လောကအပြစ်များကို သယ်ထမ်းတော်မူ၍ ကားတိုင်ပေါ်တွင်အသေခံကာ ရှင်ပြန်ထမြောက်တော်မူလျက် ကောင်းကင်ပေါ်သို့တက်ကြွတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ပြည့်စုံ သောကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်။ 
 


ကားတိုင်၏အသွေးတော်တစ်ပါးတည်းနှင့် သန့်ရှင်းစင် ကြယ်ခြင်းဓမ္မခံယူချက်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်မှကယ်တင်ခြင်းမရနိုင်ပေ


ခရစ်ယာန်များအသည် ကားတိုင်၏အသွေးတော်တစ်ပါးတည်း သာယုံကြည်ခြင်းအားဖြင့် အပြစ်များမှပြည့်စုံသောကယ်တင်ခြင်းမ ရနိုင်ကြပေ။ လူများသည် နေ့တိုင်းမျက်စိနှင့်အပြုအမူများအားဖြင့် အပြစ်ကျူးလွန်နေကြသောကြောင့် သူတို့သည် ကားတိုင်၏အသွေး တော်တစ်ပါးတည်းသာယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များကိုမဖယ် ထုတ်နိုင်ကြပေ။ လူအများစုကျူးလွန်သောအပြစ်ဒုစရိုက်မှာ လိင် ဆက်ဆံရေးကျူးလွန်ခြင်း ဖြစ်သည်။ ဤလောကမှာ လိင်ဆက်ဆံမှု ကျူးလွန်ခြင်းပျံ့နှံ့နေသည်။ဤအပြစ်ကကျွန်ုပ်တို့၏ဇာတိအသွေးအ သားတွင် နေရာယူအပြစ်တွယ်ထားပါသည်။ သူ့မယားကိုမပြစ်မှား ရန်အတွက် ကျမ်းစာကပညတ်ထားပါသည်။ သို့သော်ယနေ့လူသား များသည် ပတ်ဝန်းကျင်အခြေအနေညစ်ညမ်းမှု၊ ပတ်ဝန်းကျင်၌ ကာ မဆက်ဆံမှုကျူးလွန်ခြင်းများကြောင့် လူများစွာတို့သည် ဆန္ဒမရှိဘဲ လျက် နေ့တိုင်းအပြစ်ကျူးလွန်နေကြသည်။  စိတ်ထဲမှသူ့မယားကို ပြစ်မှားလိုသောစိတ်ရှိခြင်းကိုလည်း သူ့မယားကိုပြစ်မှားခဲ့ပြီဖြစ် ကြောင်း ဘုရားသခင်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့မျက်စိများက နေ့ တိုင်းသူ့မယားကိုပြစ်မှားနေခြင်း ဖြစ်သည်။ ထိုကြောင့် လူများစွာ တို့သည် မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ဤသို့သော ဒုစရိုက်များကိုကျူး လွန်နေကြသည်။ ဤသို့ဆိုပါက နောင်တရခြင်းနှင့်စပ်ဆိုင်သော ပူ ဇော်သက္ကာအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ သူတို့သည် မည်ကဲ့ သို့ဝင်ရောက်နိုင်ကြမည်နည်း။ သူတို့သည်မည်ကဲ့သို့ ဖြောင့်မတ်နိုင် ကြမည်နည်း။ သူတို့သည် သေသည့်ထိတိုင်အောင် စင်ကြယ်ရန် ကြိုးပမ်း၍ အချိန်ကြာမြင့်စွာ စည်းကမ်းရှိစွာဖြင့်အသက်ရှင်ခဲ့ကြ သော်လည်း သူတို့နှလုံးသားများ ဖြောင့်မတ်နိုင်မည်လော။ သူတို့ ကိုယ်ကျင့်တရားများသည် နူးညံ့သိမ်မွေ့နိုင်မည်လော။ ပို၍စိတ်ရှည် သည်းခံနိုင်မည်လော။ လုံးဝမဟုတ်ပေ။ ဖြစ်လာသောအရာမှာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သွားပါသည်။ 
လူများသည် အသက်ကြီးလာသည်နှင့်အမျှ စိတ်တို၍ဒေါသ ထွက်လွယ်တတ်ကြသည်။ အသက်ကြီးသာသည်နှင့်အမျှဟော်မုန်း ဓါတ်ပြောင်းလဲသွားသည်။ အရင်က အလွန်စိတ်ရှည်သည်းခံနိုင်သူ များတောင်မှ မိမိစိတ်ဆိုးဒေါက ချုပ်ငြိမ်းသွားစေရန် အလွန်ခက်ခဲ လာပါသည်။ သူတို့သည် သူတစ်ပါးအကြောင်းကိုမတွေးမီ မိမိအ ကြောင်းကိုပို၍တွေးတောနေကြသည်။ သူတို့၏ကိုယ်ခန္ဓာသည်အား လျော့ခွန်အားချည့်နည်းနေသောကြောင့် စိတ်ဆိုးဒေါသအမျက်သည် ပို၍ပြင်းထန်လာပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အသက်အရွယ် ပိုကြီးလာသောအခါ ကလေးသူငယ်တစ်ဦးကဲ့သို့ဖြစ်လာပါသည်။စ ကားပုံတစ်ခုတွင်ဤသို့ဖော်ပြထားပါသည်။ လူသားအားလုံးတို့သည် ကလေးသူငယ်ဖြစ်စဥ်တွင်ခြေလေးချောင်းဖြင့်သွား၍ လူငယ်ဖြစ်စဥ် ခြေထောက်နှစ်ချောင်းဖြင့်သွားကာ အိုလာသောအခါ ခြေထောက် သုံးချောင်းတို့ဖြင့်သွားပါသည်။ 
ခရစ်ယာန်ဓမ္မတွေးခေါ်မှုအကြား “သန့်ရှင်းစင်ကယ်ခြင်းဓမ္မခံ ယူချက်”ခေါ် ဓမ္မဒဿဗေဒတစ်ခုပေါ်ပေါက်လာပါသည်။ ခရစ်ယာန် များသည် ကားတိုင်ပေါ်တွင် သခင်ယေရှု၏လွန်ခဲ့သောနှစ်ပေါင်းများ စွာကတည်းကအသေခံတော်မူခြင်းကိုယုံကြည်မှု၊ နေ့တိုင်းနောင်တ တရားနှင့်စပ်ဆိုင်သောဆု‌တောင်းခြင်းပြုခြင်း၊ နေ့တိုင်းဘုရားသခင် ကိုအစေခံခြင်းအားဖြင့် တစ်ဖြည်းဖြည်း သန့်ရှင်းနိုင်ပါသည်ဟု ဤ ဓမ္မခံယူချက်က ဆုပ်ကိုင်ထားကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ကိုယုံကြည်လက်ခံခြင်းပိုကြာလေလေ အပြစ်တရားနှင့်ကင်းကွာ၍ ထိုသူ၏လုပ်ဆောင်ချက်များသည်ကောင်းသည်ဟု သိလေလေဖြစ်ပါ သည်။သေချိန်ရောက်လာသောအခါကျွန်ုပ်တို့သည် လုံးဝစင်ကြည်၍ လုံးဝအပြစ်ကင်းစင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နောင်တနှင့်စပ် ဆိုင်သောဆုတောင်းခြင်းပြုသောအချိန်တိုင်းတွင် နေ့တိုင်းအပြစ် များကိုအမှန်ဆေးကြောနိုင်၍ ကျွန်ုပ်တို့ဝတ်လုံများဆေးကြောနေရ ခြင်းဖြစ်သည်ဟု သွန်သင်ထားပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သေ ဆုံးသောအခါ လုံးဝဖြောင့်မတ်သောသူများအဖြစ် ဘုရားသခင်ထံ တော်သို့သွားရောက်ကြလိမ့်မည်။ ဤသို့ယုံကြည်သောခရစ်ယာန် များစွာရှိသည်။ သို့သော် ဤသို့သောအတွေးအခေါ်များသည် လူများ ဖန်တီးတီထွင်ထားသော မှားယွင်းသော မိစ္ဆာအယူဝါဒပင် ဖြစ်သည်။ 
ရောမ ၅း၁၉ တွင် “အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊လူများတို့သည် အပြစ်ရောက်သည်နည်း တူ၊ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့ သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏” ဟုဖော်ပြထားသည်။လူတစ် ယောက်၏နာခံခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်ကင်းစင် ကြသည်ဟု ဤကျမ်းချက်များက ဖော်ပြထားပါသည်။ သခင်ယေရှု ခရစ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ သင်နှင့်ကျွန်တော် တို့မလုပ်ဆောင်နိုင်သောအရာများကို အောင်မြင်စွာလုပ်ဆောင်ပေး တော်မူခဲ့သည်။ သင်နှင့်ကျွန်တော်တို့သည် မိမိကိုယ်ကိုအပြစ်မှမ လွှတ်မြောက်နိုင်ကြသည်ကို ကောင်းမွန်စွာသိရှိလျက် သင်နှင့်ကျွန် တော်တို့မလုပ်ဆောင်နိုင်သောအရာ အပြစ်မှလွတ်မြောက်ခြင်းကို ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်စားထိုအပြစ်များအားလုံးကို ယူ ဆောင်ပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဤ‌လောကသို့ကြွလာ တော်မူ၍ ဗတ္တိဇံခံကာ အသေခံပြီးသေခြင်းမှရှင်ပြန်ထမြောက်တော် မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ကိုကယ်တင်ခဲ့၍ အပြစ်များအား လုံးမှ ထာဝရအတွက် တစ်ကြိမ်တည်းဆေးကြောသန့်စင်စေတော်မူ ခဲ့သည်။ 
သခင်ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားသခင်၏အလို တော်ကိုဝန်ခံခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခေါ် ကယ်တင် ခြင်းကို ပြည့်စုံစေတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် မေရှိ ယအဖြစ်ဘုရားသခင်၏အလိုတော်ကိုနာခံ၍ ဗတ္တိဇံခံယူခြင်း၊ ကား တိုင်ပေါ်တွင်အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့် ကယ်တင်ခြင်းကျေးဇူးကို ကျွန်ုပ်တို့အားပေးအပ်‌တော်မူခဲ့ သည်။ ထိုကြောင့် ကယ်တင်ခြင်းကျေးဇူးပေးအပ်တော်မူခြင်းအား ဖြင့် သခင်ယေရှုသည် အပြစ်ဖြေလွှတ်ခြင်းပြည့်စုံစွာ ပြည့်စုံစေတော် မူခဲ့သည်။ ကျွန်ုပ်တို့မလုပ်ဆောင်နိုင်သောအရားများ၊ မထိုက်တန် သောအရာများဖြစ်သည့် အပြစ်မှကယ်တင်ခြင်းကို သခင်ယေရှုသည် ပြည်စုံစွာပြည့်စုံစေတော်မူပြီဖြစ်သောကြောင့် ဤကယ်တင်ခြင်း ကျေးဇူးကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့လွှမ်းခြုံနိုင်ကြခြင်း ဖြစ် သည်။ 
သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံကို ယုံကြည်မည့်အစား၊ ကားတိုင်ပေါ်တွင်သွန်းလောင်းသောအသွေးတော်ကိုသာ ယုံကြည် သောလူပေါင်းများစွာတို့သည် ကောင်းမှုကုသိုလ်များအားဖြင့် သန့် ရှင်းစင်ကြယ်ရန် ကြိုးပမ်းကြသည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှု သည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူ‌တော်မူသောအခါ လူသား များ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော်လည်းဤ သမ္မာတရားကိုမယုံကြည်သူ များစွာရှိသေးသည်။ မဿဲ အခန်းကြီး ၃ တွင် သခင်ယေရှု၏လူအများရှေ့မှောက်တွင် ပြုသောပထမအမှု တော်မြတ်မှာ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်း ဖြစ်သည်။ ခ ရစ်ဝင်ကျမ်းလေးကျမ်းအားလုံးတါင် ဤမငြင်းပယ်နိုင်သောသမ္မာတ ရားကို ဖော်ပြထားကြသည်။ 
သခင်ယေရှုသည် လူသားအားလုံးကိုကိုယ်စားပြု၍ မိန်းမဖွား သောသူအားလုံးမှအကြီးမားဆုံးသူဗတ္တိဇံယောဟန်၏ဗတ္တိဇံပေးခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များကိုယူဆောင်သွားတော်မူသော်လည်း ဤအကြောင်းကို လျစ်လျူရှုသူများစွာရှိ၍ ၎င်းကိုမယုံကြည်ကြပေ။ ဤလူများသည် သခင်ယေရှု၏ဗတ္တိဇံကိုယုံကြည်ခြင်းမရှိဘဲလျက်သ ခင်ယေရှုကိုသာယုံကြည်ကြ၍ ကားတိုင်ပေါ်တွင်သွန်းလောင်းတော် မူသောအသွေးတော်ကိုသာ အားရပါးရချီးမွမ်းတတ်ကြသည်။ ကား တိုင်ပေါ်တွင် သခင်ယေရှု၏အသေခံတော်မူခြင်းကို ဂရုဏာကသက် ရောက်၍ စိတ်ထဲတွင် အလွန်အမင်းခံစားကြပါသည်။ သူတို့သည် တေးသီချင်းအဖြစ် ရေးဖွဲ့သီကုန်းလျက် အသံကုန်အောင်အောက်ပါ အတိုင်း ချီးမွမ်းတတ်ကြပါသည်။ 
“♫သိုးသငယ်အသွေးတော်၌ တန်ခိုးတော်လုပ်ဆောင်မှု
တန်ခိုးတော်၊ တန်ခိုးတော်ရှိတယ်၊
“♫သိုးသငယ်အသွေးတော်၌ တန်ခိုးတော်လုပ်ဆောင်မှု
တန်ခိုးတော်၊တန်ခိုးတော်ရှိတယ်။” သူတို့သည် ဘုရားသခင်ထံ တော်သို့ချဥ်းကပ်ကြသည်။တစ်နည်းအားဖြင့်၊ သူတို့သည် စိတ်နှလုံး အကြွင်းမဲ့၊ အားမာန်၊ အစွမ်းအစရှိသမျှတို့ဖြင့် ချီးမွမ်းတတ်ကြသည်။ သို့သော် သင်သည် ဤသို့ပြုလေလေ ငရဲပိုကြီးလေလေ၊ ဟန်ဆောင် သူဖြစ်ကြောင်း ထင်ရှားလေလေဖြစ်သည်ကို သင်နားလည်သဘော ပေါက်ရမည်။ 
သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံမည်ဆိုပါက သခင် ယေရှုပြု‌တော်မူသည့်ဤအမှုတော်မြတ်နှစ်ခုကို မရှိမနေယုံကြည်ရ မည် ဖြစ်သည်။ ထိုအရာတို့မှာ အဘယ်နည်း။ တစ်ခုသည် ဗတ္တိဇံခံ ယူခြင်းအားဖြင့်ကျွန်ုပ်တို့အပြစ်များအားလုံးကိုသခင်ယေရှုယူ‌ဆောင် သွားတော်မူခြင်းဖြစ်သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်သို့သွား၍ အသေခံတော်မူခြင်းအားဖြင့် လောအပြစ်များလုံးကိုသယ်ဆောင် ခြင်းအားဖြင့် အပြစ်၏အခများကို ပေးဆပ်ကျေအေးစေတော်မူပြီး ဖြစ်ပါသည်။ သခင်ယေရှု၏အမှုတော်ဤနှစ်ခုကို လုံးလုံးလျားလျား ယုံကြည်သူများသည် ဖြောင့်မတ်သူများအမှန်ဖြစ်လာနိုင်ကြသည်။ သခင်ယေရှု၏ဗတ္တိဇံခံခြင်းနှင့်ကားတိုင်ပေါ်တွင်သွန်းလောင်းသော အသွေးတော်၊ ဤကယ်တင်ခြင်းမဏ္ဏိုင်နှစ်ပါးတို့က ဘုရားသခင်၏ အိမ်တော်တွင်မားမားမတ်မတ်ရပ်တည်စေပါသည်။ သခင်ယေရှုပေး  အပ်တော်မူသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် ဘယ်တော့အခါမှမပြောင်းလဲသောရွှေစင်ကဲ့သို့ယုံ ကြည်ခြင်းကျွန်ုပ်တို့ရရှိကြသည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်ပိတ်ချောနှင့်အဖြူရောက်ပိတ်ချောသတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် အပြစ်ပြည့်စုံစွာ ဖြေလွှတ်သောကယ်တင်ခြင်းရရှိသူ သန့်ရှင်းသူများဖြစ်လာကြသည်။
 

သီအိုလျော်ဂျီ‌ခေတ်နှင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ခေတ်

အေဒီ ၃၃ခုနှစ် ရောမ၏မီလန်ယုံကည်မှုကြွေးကြောက်ချက်အ ရ ကနဦးအသင်းတော်ခေတ်ကာလအပါအတွင် ခရစ်ယာန်ဘာသာ တရားက သခင်ယေရှု၏ဗတ္တိဇံကိုချန်ထား၍ ကားတိုင်တော်သတင်း ကောင်းကိုသာ ဖြန့်ဝေဟောပြောခဲ့ကြသည်။ ကနဦးအသင်းတော် ခေတ်ကာလမှ အေဒီ ၃၁၃ ခုနှစ်အထိ ခရစ်ယာန်ဘာသာသည် ဘာ သာတရားတစ်ခုအဖြစ်သာ ပျက်သုံးသွားခဲ့သည်။ ရေသတင်းကောင်း ကိုသာဟေ‌ပြော၍ အသင်တော်ကို အနောက်တိုင်းဘာသာတရားက လွှမ်းမိုးခဲ့ရသည်။ ၁၄ ရာစုအစောပိုင်းမှစ၍ လူ့အတွေးအခေါ်ကိုသာ အခြေခံသောယဥ်ကျေးမှုတစ်ရပ် ထွက်ပေါ်လာ၍ အီတလီနိုင်ငံမှာ လူသားများ၏ပြန်လည်ပြုပြင်ပြောင်းလဲမှုတစ်ရပ် ပေါ်‌ပေါက်လာခဲ့ သည်။ Renaissance  (အသစ်ပြုပြင်ပြောင်းလဲမှု)ဟုခေါ်သည်။ 
၁၆ ရာစုရောက်လာသောအခါ အီတလီနိုင်ငံမှစတင်လာသော ဤလူသားဆိုင်ရာယဥ်ကျေးမှုသည် အနောက်တိုင်းတစ်တိုင်းလုံးသို့ ပျံ့နှံ့သွား၍ လူသားမနုဿာဗေဒပညာရပ်လေ့လာသော ပညာတတ် ပုဂ္ဂိုလ်များက လူသားများတီထွင်ဖန်တီးထားသော ဓမ္မတွေးခေါ်မှု ပညာရပ်ကို စတင်လေ့လာခဲ့ကြသည်။ သူတို့က မိမိ တွေးခေါ်မှုနှင့် အမြော်အမြင်အားဖြင့် ကျမ်းစာကိုအနက်ဖွင့်ဆိုခဲ့ကြသည်။ သူတို့ သည် အမျိုးမျိုးအဖုံဖုံးသောခရစ်ယာန်ဓမ္မတွေးခေါ်မှုကို စတင်တည် ထောင်ခဲ့ကြသည်။ သို့သော် သူတို့သည် သမ္မာတရားကိုမသိကြသော ကြောင့် ကျမ်းစာကို သင့်လျှော်စွာ နားလည်သဘောပေါက်ခြင်းမရှိ ကြပေ။ ကျမ်းစာတွင် နားလည်ရန်ခက်ခဲသောကျမ်းချက်မြောက်များ စွာရှိသည်။ ထိုကြောင့် သူတို့က မိမိဒဿဗေဒဆိုင်ရာအမြော်အမြင် ဖြင့် လောကီပညာပေါင်းစည်းခြင်းအားဖြင့် ကိုယ်ပိုင်ခရစ်ယာန်ဓမ္မ တွေးခေါ်မှုများကို စတင်အနက်ဖွင့်လာခဲ့ကြသည်။ထိုကြောင့် ကာလ် ဗီးနီးယမ်းဝါဒ၊ ခေတ်သစ်ဓမ္မတွေးခေါ်မှု၊ ကွန်ဆာဗီးတီးယမ်း၊ ရာရှား နယ်လီယမ်း၊ ဟိုက်ယားခရီးတီးဆီးယမ်း၊ မစ်တီကယ်သီအိုလျော်ဂျီ၊ ဘုရားများစွာယုံကြည်မှုဝါဒ၊ လေဘာရီးရှင်း သီအော်လျော်ဂျီ၊နှင့် ဘုရားသေခြင်းသီအိုလျော်ဂျီ စသောယုံကြည်မှုများ ပေါ်ပေါက်လာခဲ့ သည်။ 
ခရစ်ယာန်သမိုင်းသည် ကြာမြင့်ဟန်တူသော်လည်း အမှန်မှာ တော့မကြာမြင့်ခဲ့ပေ။ ကနဦးအသင်းတော်ခေတ်ကာလ နှစ်ပေါင်း ၃၀၀ က လူများသည်ကျမ်းစာအကြောင်းကို လေ့လာနိုင်ခဲ့ကြသည်။ သို့သော် များမကြာမီး Medieval age (ခေတ်လယ်)၊ ခရစ်ယာန်ဘာ သာမှောက်မိုက်သောခေတ်)ရောက်လာခဲ့သည်။ ဤခေတ်ကာလ တွင် ကျမ်းစာဖတ်သောသူများကို ခေါင်းဖြတ်ခြင်းအားဖြင့် သေဒဏ် ပေးခဲ့ကြသည်။ ၁၇၀၀ ခန်းမတိုင်မီ သီအိုလျော်ဂျီလေတိုက်ခတ်လာ ပါသည်။ ထိုနောက် ခရစ်ယာန်ဘာသာ သည် ၁၈၀၀ နှင့် ၁၉၀၀ ခန့် တွင် ဝေဆာလာခဲ့သည်။ သီအိုလျောဂျီတွေးခေါ်မှုလေလှိုင်းသည် ပြင်းထန်လှုပ်ရှားလာခဲ့သည်။ သို့သော် ယခုတွင် များစွာသောလူတို့ သည် မှားယွင်းသောယုံကြည်ခြင်း၌ ကျဆင်းသွားခဲ့ရသည်ကိုတွေ့ရ သည်။ သူတို့သည် မိမိကိုယ်ပိုင်အတွေ့အကြုံများပေါ်အခြေခံလျက် ဘုရားသခင်ကို ယုံကြည်ကြသည်။ 
သို့သော် ဤအရာသည် သမ္မာတရားဖြစ်သလော။ သင်သည်ဤ သို့ယုံကြည်ပါက သင့်အပြစ်များ အမှန်အကန် ကွယ်ပျောက်သွား မည်လား။ သင်နေ့တိုင်းအပြစ်ကျူးလွန်နေသည်။ စိတ်များ၊ အပြုအ မူများနှင့်အပြစ်ဒုစရိုက်များအားဖြင့် နေ့တိုင်းအပြစ်ကျူးလွန်သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှု သွန်းလောင်းတော်မူသောအသွေး တော်တစ်ခုတည်းကိုယုံကြည်ခြင်းအားဖြင့် ဤအပြစ်များလွှဲပြောင်း ပေးနိုင်မည်လော။ သခင်ယေရှုသည် ဗတ္တိဇံခံခြင်းနှင့်ကားတိုင်ပေါ် တွင်အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို သယ်ဆောင်သွားတော်မူခဲ့ခြင်းသည် သမ္မာတရားဖြစ်ပါသည်။ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းနှင့်နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းများကို ယုံကြည်ခြင်းအားဖြင့် အပြစ်လွှဲပြောင်း ပေးသည်ဟု ပြောဆိုသူ လူပေါင်းများစွာရှိသည်။ ဤသို့သောနောင် တနှင့်စပ်ဆိုင်သောဆု‌တောင်းခြင်းများအားဖြင့် သင်နှလုံးသားများ နှင့်စိတ်များထဲတွင်ရှိသောအပြစ်များ ဆေးကြောသန့်ရှင်းစေနိုင်သ လား။ လုံးဝမသန့်ရှင်းစေနိုင်ပေ။ 
အကယ်၍သင်တို့သည် ခရစ်ယာန်များဖြစ်ပါက ကယ်တင်ခြင်း ဤသမ္မာတရားကို သိရှိ၍ယုံကြည်ရမည်။ သခင်ယေရှုခရစ်တော် သည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိ ဇံခံယူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူခြင်းကို ယုံကြည်ရမည် ဖြစ်သည်။ ဤသက်သေအထောက် အထားကို လျစ်လျူရှု၍ သင်သမ္မာတရားကိုလျစ်လျူရှုသလော။ သိ ရှိရန်ကြိုးပမ်းသလော။ မယုံကြည်ရန် ကြိုးပမ်းသလော။ ထိုသို့ဖြစ်ပါ က သင်သည် သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် အမှန်တကယ် ယုံကြည်ကြောင်း မပြောနိုင်ပေ။ သင်သည် သခင်ယေရှုအား သရော် ခြင်းအပြစ်ကျူးလွန်သူ၊ ကိုယ်တော်၏နာမတော်စော်ကားမော်ကား ပြုသူသားဖြစ်ပါသည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှု၏နာမတော် ကို မရိုမသေပြုသောအပြစ်ကျူးလွန်ခြင်းနှင့် သင်ပြုသောကောင်းမှု ကုသိုလ်အားဖြင့် ဘုရားသခင်ကို ပျက်ရယ်ပြုခြင်း ဖြစ်သည်။ သခင် ယေရှုသည် သင့်အပြစ်များကိုဖယ်ရှားပေးတော်မူရန် ဤလောကသို့ ကြွလာတော်မူ၍ ကိုယ်တော်ကြွလာတော်မူခြင်း၏ရည်ရွယ်ချက်နှင့် အညီအပြစ်များအားလုံးယူဆောင်သွားတော်မူရန်ဗတ္တိဇံကိုခံယူတော် မူလျက် ထိုအပြစ်များအားလုံးကိုကားတိုင်ပေါ်သို့သယ်‌ဆောင်သွား ကာအသေခံတော်မူခြင်းအားဖြင့် ဤအပြစ်များအားလုံး၏တရားစီ ရင်တော်မူခြင်းခံတော်မူခဲ့သည်။ 
ဤကောင်းကင်ဆိုင်ရာသမ္မာတရားကို လျစ်လျူရှုလျက် လူများ စွာတို့သည်သခင်ယေရှုခရစ်တော်၏ကယ်တင်ခြင်းကို မယုံကြည်ကြ ပေ။ ထိုကြောင့် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောခွင့်လွှတ် ၍မရသောပြစ်ကို ကျူးလွန်နေကြသည်။ ကယ်တင်ခြင်းစီမံကိန်းမှ သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းကို ချန်ထား၍ သင့်တော်သည် ဟုထင်သည့်အတိုင်း ကိုယ်တော့်ကိုယုံကြည်ခြင်းအားဖြင့် သူတို့ သည်ကယ်တင်ခြင်းကျေးဇူးကို လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ ဤသမ္မာ တရားများအားလုံးကို လျစ်လျူရှုလျက် ခရစ်ယာန်များစွာတို့သည် သမ္မာတရားကို သမ္မာတရားအတိုင်းမယုံကြည်ကြပေ။ သခင်ယေရှု ကသူတို့အပြစ်များဖယ်ရှားပေးတော်မူသည်ကို မယုံကြည်ကြပေ။သို့ သော်သူတို့က မိမိစိတ်အတွေးအခေါ်နောက်သို့လိုက်၍ ထင်ယောင် ထင်မှား၊ မိမိစိတ်ကြိုက် သမ္မာတရားများကို ပြောင်းပြန်လှန်၍ယုံ ကြည်တတ်ကြသည်။ ယခုချိန်များတွင် လူများ၏စိတ်နှလုံးသားများ သည် မှားယွင်းသောအယူဝါဒယုံကြည်မှုများဖြင့် ခက်ထန်မာကြော ကြပါသည်။ သူတို့သည် ကားတိုင်တော်ပေါ်တွင် သွန်းလောင်းသော အသွေးတော်တစ်ခုတည်းကိုယုံကြည်ခြင်းအားဖြင့်သာလျှင် မိမိအ ပြစ်များအားလုံးကို ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။ 
သို့သော် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောကယ်တင်ခြင်းစီ မံချက်အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်နှင့်ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းအားဖြင့်ထာဝရ အပြစ်လွှတ်ခြင်းရရှိသည်။ ဤကယ်တင်ခြင်းသမ္မာတရားမှ သခင် ယေရှု၏ဗတ္တိဇံကိုဖယ်ရှားခြင်းအားဖြင့် သခင်ယေရှုကို ယုံကြည်သူ မရေတွက်နိုင်လောက်အောက် ပေါ်ပေါက်လျက်ရှိသည်။ သူတို့က အောက်ပါအတိုင်း မှားယွင်းစွာနားလည်သဘောပေါက်လျက်ယုံ ကြည်ကြသည်။ “သခင်ယေရှုကိုယုံကြည်ခြင်း(ကားတိုင်နှင့်ရှင်ပြန် ထမြောက်ခြင်း)+ နောင်တနှင့် စပ်ဆိုင်သောဆုတောင်းခြင်းများ+ ကောင်းမှုကုသိုလ်ပြုခြင်းများ=စင်ကြယ်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိသည်။” ဤသို့ယုံကြည်သူများသည် မိမိနှုတ်ဖြင့် အပြစ်မှလွှတ် မြောက်ခြင်းခံရသည်ဟု ပြောကြသည်။သို့သော် သမ္မာတရားမှာ သူ တို့နှလုံးသားထဲမှာ မဖြေရှင်းရသေးသောအပြစ်များအလုံးလိုက်အခဲ လိုက်ရှိသေးသည်။ 
သခင်ယေရှု၏ကားတိုင်ကိုသာ ယုံကြည်သောသူများသည်ပို၍ များပြားသောအပြစ်များကိုကျူးလွန်နေသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့် သင့်အပြစ်အားလုံးဖယ်ရှားပေးတော်မူခြင်း ကိုမယုံကြည်ဘဲလူများတီထွင်ဖန်တီးသောမိစ္ဆာအယူဝါဒကို အခြေ ပြုလျက် သခင်ယေရှုကို ယုံကြည်သနည်း။ တဲတော်ပျဥ်ပြားတစ်ခုစီ တိုင်းကိုအကာရှသစ်သားဖြင့်ပြုလုပ်၍ အကိုင်းနှစ်ကိုင်းထွက်လာပြီး အောက်ခြေပျဥ်ပြားခိုင်ခံ့ရန်အတွက် ကြေးဝါခြေစွပ်နှစ်ခုချပေးထား ခြင်းကို သင်နားလည်သဘောပေါက်ရမည်။ ရေနှင့်ဝိညာဥ်တော်(သ ခင်ယေရှုဗတ္တိဇံခံခြင်းနှင့်ကားတိုင်ပေါ်ရှိအသွေးတော်) သတင်း ကောင်းမျာ စစ်မှန်သောသမ္မာတရားဖြစ်ပါသည်။ 
တဲတော်ဝင်းတံခါးဝကိုဖွင့်၍ တံတိုင်းသို့ကျွန်ုပ်တို့ဝင်သောအခါ မီးရှို့ရာယဇ်ပလ္လင်ကို အရင်ဦးဆုံးတွေ့ပြီးနောက် ကြေးဝါအင်တုံကို တွေ့ပါလိမ့်မည်။ မီးရှို့ရာယဇ်ပလ္လင်မှာ မည်သို့သောနေရာဖြစ်သ နည်း။ ထိုနေရာသည် မီးရှို့ရာယဇ်ပူဇော်သောနေရာဖြစ်သည်။ ဣသ ရေလလူမျိုးများ၏အပြစ်များယူဆောင်သော ယဇ်ကောင်အသေခံ သောနေရာဖြစ်သည်။ အင်တုံထားရှိသောနေရာမှာ မည်သို့သောနေ ရာဖြစ်သနည်း။ ကိုယ်ခန္ဓာဆေးကြောသန့်ရှင်းစင်ကယ်စေသောနေ ရာဖြစ်သည်။တစ်နည်းအားဖြင့်၊ အပြစ်ဖြင့်ညစ်ညမ်းသောနှလုံးသား သန့်ရှင်းစင်ကြယ်စေသောနေရာ ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ဤနေရာကို ကျွန်ုပ်တို့ဖြတ်ကျော်သောအခါ တဲတော်ကာရံကုလား ကာဖွင့်၍ ဘုရားသခင်၏အိမ်တော်သို့ဝင်ရောက်နိုင်ပါသည်။ 
တဲတော်တံခါကာရံကုလားကာကို အပြာရောင်၊ ခရမ်း‌ရောင်၊ အနီရောင်ချည်ထည်နှင့် အဖြူရောင်ပိတ်ချောတို့ဖြင့်ပြုလုပ်ထားပါ သည်။ ဤအထည်ကို အဖြူရောင်နှင့်အပြာရောင်၊ ခရမ်းရောင်နှင့်အ နီရောင်ချည်ထည်တို့ဖြင့် ရက်လုပ်ထားသည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ဝင်ရောက်နိုင်ရန်အတွက် ဤသမ္မာတရားကို ကျွန်ုပ်တို့ယုံ ကြည်ရမည် ဖြစ်သည်။ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောတို့ဖြင့်ထင်ရှားသောသခင်ယေရှု၏အမှုတော်များကို ယုံကြည် သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက် နိုင်ကြလိမ့်မည်။ သခင်ယေရှုသည် ဤလောသို့ကြွလာတော်မူ၍ အ ပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်တို့ကို ပြည့်စုံစေတော် မူခဲ့သည်။ အပြာရောင်မှာ သခင်ယေရှု၏ဗတ္တိဇံကိုရည်ညွှန်းသည်။ ခ ရမ်းရောင်ချည်ထည်မှာသခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော် မူခြင်းကို ရည်ညွှန်းသည်။ အနီရောင်ချည်ထည်မှာ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍အပြစ်များအားလုံးကို သယ်ဆောင်သွားတော်မူခြင်းအားဖြင့် ပြစ်ကြွေးပေးဆပ်ခြင်းကိုရည် ညွှန်းထားပါသည်။
သင့်နှလုံးသားထဲမှာ တိုက်ခိုက်နေသောအပြစ်ရှိသေးပါသလား။ တစ်နည်းအားဖြင့်၊ သင်နှလုံးသားအလယ်ဗဟိုမှာ အပြစ်ရှိသေးသ လား။ အကယ်၍ သင်သည် သခင်ယေရှုကိုယုံကြည်သော်လည်းသင့် နှလုံးသားထဲမှာအပြစ်ရှိသေးလျှင်သင့်ယုံကြည်မှုတွင် ပြင်းထန်သော ပြဿနာရှိသည်။ သင်သည် သခင်ယေရှုကို ဘာသာတရားထုံးတမ်း စဥ်လာအရသာယုံကြည်သောကြောင့် သင့်စိတ်အတွေးအခေါ်များမ သန့်ရှင်း၍ သင်မှာ အပြစ်ရှိသေးသည်။ သို့သော် အပြာရောင်၊ခရမ်း ‌ရောင်၊နှင့်အနီရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချော၌ ထင်ရှား သောသမ္မာတရားအားဖြင့် ဘုရားသခင်ကိုယုံကြည်သောအခါသင့် စိတ်အတွေးအခေါ်များသန့်ရှင်းစင်ကြယ်စေပါသည်။ 
ယခုတွင် သင်သည် သခင်ယေရှုကို မှားယွင်းစွာသိရှိခြင်းကို အ ပြစ်ဖြစ်သည်ဟု နားလည်သဘောပေါက်နိုင်ခြင်းသည် ကျေးဇူးတော် တစ်ပါးသာ ဖြစ်ပါသည်။အကြောင်းမှာ အပြစ်ရှိကြောင်း အစစ်အမှန် နားလည်သဘောပေါက်သောသူများကသူတို့သည်ဤအပြစ်အတွက်  အပ္ပါယ်ငရဲထဲသို့ မလွဲသာမရှောင်သာရောက်မည်ဖြစ်ကြောင်းနား လည်သဘောပေါက်လိမ့်မည်။ သူတို့သည် ထိုသို့နားလည်သဘော ပေါက်သောအခါ နောက်ဆုံးတွင် သူတို့သည် စိတ်နှလုံးနှိမ့်ကြသည်။ ထိုသို့အားဖြင့် သူတို့သည် စစ်မှန်သောကယ်တင်ခြင်းနှုတ်ကပတ် တော်ကိုကြားနိုင်ကြလိမ့်မည်။ 
အကယ်၍ သင်သည် ယခုတွင် ဘုရားသခင်ထံတော်မှ အပြစ် ဖြေလွှတ်ခြင်းအမှန်ရရှိလိုပါက သင့်နှလုံးသားများကို ပြင်ဆင်ခြင်းခံ ရမည်။ ဘုရားသခင်အတွက် အဆင်သင့်ဖြစ်သောသူများ၏နှလုံး သားများက အောက်ပါအတိုင်း ဝန်ခံပြောဆိုကြလိမ့်မည်။ “ကျွန် တော်သခင်ယေရှုယုံကြည်တာကြာခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော့်နှလုံးထဲ မှာ အပြစ်ပြစ်ရှိသေးတယ်။ အပြစ်ရဲ့အခမှာသေခြင်းဖြစ်သဖြင့် ကျွန် တော်သည် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းအမှန်ခံရမယ်။ ဘုရားသခင်၊ ကျွန်တော်သည် အပြစ်ဖြေလွှတ်ခြင်းရရှိလိုပါတယ်။” ဤကဲ့သို့ သူ တို့သည် မိမိကိုယ်ကို ဘုရားသခင်၏ရှေ့တော်မှာ အပြစ်ကျူးလွန် သောသူများဖြစ်ကြကြောင်း အသိအမှတ်ပြုကြသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို အသိအမှတ်ပြုသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယုံကြည်သောသူများသည် ဤသို့သောနှလုံး သားများသည် အဆင်သင့်သောနှလုံးသားများဖြစ်ကြသောကြောင့် ထိုသို့အဆင်သင့်ဖြစ်သည့်အတိုင်း တိကျစွာ အမှန်အကန်ပြည့်စုံလိမ့် မည်။ ဤသူများသည် ဤနှုတ်ကပတ်တော်ကို ကြားကြလိမ့်မည်။ မိ မိမျက်စိဖြင့်နှုတ်ကပတ်တော်ကိုမြင်တွေ့၍ အတည်ပြုကြလိမ့်မည်။ ထိုသို့ပြုခြင်းအားဖြင့် သူတို့က “အမေလေ၊ကျွန်တော့်မှာ တစ်ချိန်လုံး မှားယွင်းစွာ ယုံကြည်မိခဲ့ပါတယ်။ မရေတွက်နိုင်သောလူများစွာတို့ သည် တူညီသောအမှားများကို ကျူးလွန်နေကြတယ်”ဟု နားလည် သဘောပေါက်ကြပါလိမ့်မည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ကိုယုံကြည်ခြင်းအားဖြင့် သူတပါးပြောသောအရာ၊ လုပ်ဆောင်သော အရာများပေါ်မမူတည်ဘဲ သူတို့သည် မိမိအပြစ်များအားလုံးဖြေ လွတ်ခြင်းမလွဲမသွေခံစားရကြလိမ့်မည်။ 
ဤကမ္ဘာပေါ်တွင်ရှိသောလူပေါင်းများစွာတို့သည် ယုံကြည်ခြင်း မှားယွင်းနေကြသည်ကို ကျွန်တော်စဥ်းစားသောအခါ သူများစွာတို့ သည်မှားယွင်းသောလမ်းသို့လိုက်လျောက်နေကြသည်ကိုမြင်တွေ့၍ ကျွန်တော့်နှလုံးသားဖျားနာနေသည်။ ညီအစ်ကိုမောင်နှမများခင် ဗျား၊ ကျွန်ုပ်တို့၏အပြစ်များမှ ဘုရားသခင်၏ကယ်တင်ခြင်းသတင်း ကောင်းသည် သခင်ယေရှုခံယူတော်မူသောဗတ္တိဇံနှင့်ကားတိုင်ပေါ် တွင်သွန်းလောင်းသောအသွေးတော်အားဖြင့် ပြည့်စုံခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ၍ကားတိုင်ပေါ်တွင်သွန်းလောင်းသောအသွေး တော်အားဖြင့် အပြစ်ကြွေးအားလုံးပေးဆပ်ပေးတော်မူခြင်းအားဖြင့်  ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချော၌ထင်ရှားသောသမ္မာတရားကို ခံယူသောယုံကြည်ခြင်းကိုပေးဆပ်ခြင်းအားဖြင့် ဘုရားသခင် ကယ် တင်ခဲ့သောကယ်တင်ခြင်းကို ကျွန်ုပ်တို့မလွဲမသွေယုံကြည်ရ မည်။ဤနည်းအားဖြင့်သခင်ယေရှုခရစ်တော်သည်သင်နှင့်ကျွန်တော် တို့ကို ကယ်တင်တော်မူသောကြောင့် ကျွန်တော်အလွန်အမင်းဝမ်း မြောက်မိပါသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် သူ သင်နှင့်ကျွန်တော်တို့သည် ငြိမ်သက်ခြင်းအစဥ်အမြဲပိုင်ဆိုင်၍ နှ လုံးသားများသည် ယိမ်းယိုင်မှုမရှိကြပေ။ 
 


အပြစ်များမှကယ်တင်ခြင်းခံရသောသူများသည် ရေနှင့် ဝိညာဥ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် မိမိ ယုံကြည်မှုကို ကာကွယ်ရမည်


ဤကမ္ဘာသည် ဆိုးသွမ်းသောဓမ္မခံယူချက်များဖြင့်ပြည့်ဝနေသ ဖြင့် ဒုတိယမွေးဖွားခြင်းခံခဲ့သောနှလုံးသားများတောင် စုံစမ်းနှောင့် ယှက်ခြင်းခံ၍ညစ်ညမ်းကြသည်။ ထိုကြောင့် သခင်ယေရှုခရစ်တော် က ဤသို့မိန့်တော်မူခဲ့သည်။ “ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တ ဆေးကို၎င်း၊ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့်ကြဉ်ရှောင်ကြဟု ပ ညတ်တော်မူ၏”(မာကု ၈း၁၅)။ ကျွန်ုပ်တို့သည် မှားယွင်းသောသွန် သင်မှုများကို မရေတွက်နိုင်လောက်အောင်ရှိနေသည်။ လူများ၏နှ လုံးသားများကိုမိစ္ဆာတရားဖြင့် ညစ်ညမ်းကြသည်။ ဤကမ္ဘာပေါ်တွင် ကာမဆက်ဆံရေးပျက်စီးမှုများဖြင့်ပြည့်ဝနေသည်ကို ကျွန်ုပ်တို့နား လည်သဘောပေါက်ရမည်။ ကျွန်ုပ်တို့ယုံကြည်မှုကို ကာကွယ်ရန်အ တွက်ယခုကျွန်ုပ်တို့အသက်ရှင်သောခေတ်ကာလသည် မည်သို့သော အချိန်ကာလဖြစ်သည်ကို တိကျစွာ ကျွန်ုပ်တို့ယုံကြည်သူများကသိ ရကြမည်။ ဤကဲ့သို့အပြစ်ဒုစရိုက်ဖြင့်ပြည့်သောကမ္ဘာပေါ်မှာ ကျွန်ုပ် တို့သည် အသက်ရှင်နေကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ အား အပြစ်များအားလုံးမှကယ်လွတ်တော်မူခဲ့သည်ဟူသောသမ္မာတ ရားကျွန်ုပ်တို့နှလုံးသားများထဲမှာ ရှိကြပါသည်။ မပြောင်းလဲသော ကယ်တင်ခြင်းကို သက်သေခံသော သက်သေခံနှုတ်ကပတ်တော်ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် လော ကများမတုန်မလှုပ်နိုင်၊ မဖျက်ဆီးနိုင်သော သမ္မာတရားကို ကျွန်ုပ်တို့ ယုံကြည်ကြမည်။ 
ဤကမ္ဘာသည် သမ္မာတရားမဟုတ်ပေ။ ၎င်းသည် စာတန်၏ လှည့်ဖြားမှုဖြစ်သည်။သို့သော်ဖြောင့်မတ်သောသူများသည် လောက ကိုအောင်နိုင်သည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ မာရ်နတ်ကို အောင်မြင်သော ဖြောင့်မတ်သူများ၏မပြောင်းလဲသောသမ္မာတရား သတင်းကောင်းနှင့်လောကကိုအောင်မြင်သောယုံကြည်ခြင်းအားဖြင့်‌‌အောင်မြင်မှုရရှိနိုင်သည်။ ကျွန်ုပ်တို့သည်မပြည့်စုံသော်လည်း မိမိနှ လုံးသားများ၊ အတွေးအခေါ်များနှင့်ကိုယ်ခန္ဓာများသည်ဘုရားသခင် ၏အိမ်တော်၌ရှိနေသေး၍ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသ တင်းကောင်းပေါ်တွင် မားမားမတ်မတ်ရပ်တည်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်ပြည့်စုံစွာကယ်တင်တော်မူသောရေနှင့်ဝိညာဥ် တော်သတင်းကောင်းပေါ်တွင် ခိုင်ခံ့စွာ ရပ်တည်ကြပါသည်။ 
တဲတော်နံရံများပေါ်တွင်ထူထားသောတိုင်များနှင့်ဖွဲ့စည်းသောပစ္စည်များကို အကာရှသစ်သားပျဥ်ပြားများကို ရွှေဖြင့်မွှမ်းမံထားပါ သည်။ ပျဥ်ပြားများကိုခြေစွပ်များပေါ်တွင်စိုက်ထူထားသောကြောင့် ၎င်းတို့သည် ခိုင်ခံ့စွာတပ်ဆင်၍ ယိမ်းယိုင်ခြင်းမရှိပေ။ ထိုနည်းတူ၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးခြင်းခံရ သောသူများသည် အစဥ်အမြဲတည်တံ့၍ ပြောင်းလဲမှုမရှိပေ။ အကာရှ သစ်သားပျဥ်ပြားများပေါ်တွင် ‌ရွှေသစ်ရွက်များသည် ပြောင်းလဲမှုမရှိ ပေ။ထိုနည်းတူ၊ ကျွန်ုပ်တို့ယုံကြည်မှုသည်လည်း ရွှေစင်ကဲ့သို့ပြောင်း လဲခြင်းမရှိပေ။ အကာရှသစ်သားဖြစ်သောသင်နှင့်ကျွန်တော်တို့ သည်လည်း မီးဖြင့်လောင်ကျွမ်းခြင်းမရှိနိုင်ပေ။ ဘုရားသခင်သည်ဤ သို့ဖြင့် သင်နှင့်ကျွန်တော်တို့ကို ကယ်တင်တော်မူခဲ့သည်။ 
ဤအကြောင်းကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ခြင်းဖြစ်ပါသည်။ ဤလောကတွင် အပြစ်ဒုစရိုက်များဖြင့် ပြည့်ဝနေ သော်လည်း ကျွန်ုပ်တို့ဖြောင့်မတ်သူများမှာ အပြစ်အနာအဆာတစ် စုံတစ်ခုမျှမရှိ မိမိနှလုံးသားထဲတွင် ရွှေကဲ့သို့အစဥ်တောက်ပသော ယုံကြည်ခြင်းရှိသည်။ ကျွန်ုပ်တို့ဖြောင့်မတ်သောသူများသည် ဤယုံ ကြည်ခြင်းအားဖြင့် လောကကိုအောင်သောအသက်တာအားဖြင့်အ သက်ရှင်နိုင်ကြလိမ့်မည်။ သခင်ယေရှုတဖန်ပြန်လာတော်မူသည့်အ ချိန်ထိ၊ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက်ခဲ့ပြီးတောင်မှ ကျွန်ုပ် တို့အားလုံးကဤယုံကြည်ခြင်းကို ချီးမွမ်းနိုင်လိမ့်မည်။ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့အစဥ်အမြဲချီးမွမ်း ကြလိမ့်မည်။ ဤယုံကြည်ခြင်းကိုပေးအပ်တော်မူသောဘုရားသခင် ၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်။ 
ကျွန်ုပ်တို့၏ကြည်တည်သောယုံကြည်ခြင်းသည် ကျောက်ပေါ် တွင်တည်ထားသောကြောင့် ဘယ်တော့်မှ လှုပ်ရှားခြင်းရှိလိမ့်မည် မ ဟုတ်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့တော်၌ရပ် သည့်အထိ ဤလောကတွင် အသက်ရှင်နေကြစဥ် ပတ်ဝန်းကျင်တွင် မည်သို့သောအရာများဖြစ်ပျက်နေပါစေ ကျွန်ုပ်တို့သည် ယုံကြည် ခြင်းအားဖြင့် မိမိနှလုံးသားများကို ကာကွယ်ကြလိမ့်မည်။ ဤလော က၌ရှိသမျှအရာအားလုံးပျက်စီးသွားသော်လည်းကောင်း၊ ဤကမ္ဘာ သည် အပြစ်၌ကျွံနေသော်လည်းကောင်း၊ ဤကမ္ဘာသည် သောဒုံနှင့် ဂေါမောရထက်ပို၍ဆိုးသွမ်းခဲ့သော်လည်းကောင်း ကျွန်ုပ်တို့သည် ဤလောကနောက်သို့လိုက်လိမ့်မည်မဟုတ်ပေ။ သို့သော်ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ခိုင်မြဲစွာယုံကြည်ကြလိမ့်မည်။ ကိုယ်တော် ဖြောင့်မတ်ခြင်းကို လိုက်လံကြလိမ့်မည်။ သခင်ယေရှု၏အမှုတော် မြတ်နှစ်ပါး(သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင်အသေခံတော် မူခြင်း)ကယ်တင်ခြင်း၊ ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်များ ကို ဆက်လက်ဟောပြောကြလိမ့်မည်။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် နိုင်ကြသောသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို အလွန် ချီးမွမ်းအံ့ဩတွေဝေနေရပါသည်။ ဤသတင်းကောင်းကိုသိရှိယုံ ကြည်ကြသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ကောင်းမြတ် သောအမှုကိုထမ်းဆောင်နိုင်ကြသောကြောင့်လည်းကောင်း ဘုရား သခင်၏ကျေးဇူးတော်ကိုအစဥ်ချီးမွမ်းနိုင်ပါသည်။ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းသည် ဘုရားသခင်ချပေးတော်မူသော ကိုယ် တော့်ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်ထံကျွန်ုပ်တို့ပေးဆပ်နိုင် သောအရာအားလုံးမှာ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ကိုကျေးဇူး တင်၍ သခင်ယေရှုပြန်လည်ကြွလာတော်မူသည့်အချိန်အထိတိုင် အောင် ဤသတင်းကောင်းသမ္မာတရားကို ဟောပြောသက်သေခံ ခြင်း ဖြစ်ပါသည်။ 
ဤသမ္မာတရားကိုချပေးသနားတော်မူသောဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။