Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-27] ကျေးဇူးပလ္လင်တော် (ထွက် ၂၅း၁၀-၂၂)

ကျေးဇူးပလ္လင်တေ
(ထွက် ၂၅း၁၀-၂၂)
“အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင် ထွာရှိသောသေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအ ပြင်ကိုရွှေစင်နှင့်မွမ်းမံရမည်။ သေတ္တာအပေါ် နားပတ်လည်၌ကွပ် သော ရွှေတန်ဆာကိုလည်းလုပ်ရမည်။ ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်ရမည်။အကာရှ သားထမ်းဘိုးကိုလုပ်၍ရွှေနှင့်မွမ်းမံပြီးမှ၊ သေတ္တာထမ်းစရာဘို့တ ဘက်တချက်ရွှေကွင်းထဲသို့လျှိုထားရမည်။ ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။ငါပေးသော သက် သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တ ချက်၌ ထုလုပ်ရမည်။ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊ ခေရု ဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအ တောင်ကိုဖြန့်၍သေတ္တာဖုံးကိုမိုးရမည်။သေတ္တာအဖုံးကို သေတ္တာ ပေါ်မှာတင်ရမည်။ငါပေးသောသက်သေခံချက်ကိုလည်း သေတ္တာထဲ မှာ ထားရမည်။ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက် ထားသောသေတ္တာဖုံးအပေါ်၊ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့် နှုတ် ဆက်သဖြင့်၊ဣသရေလအမျိုးသားတို့၌ဆင့်ဆိုရာသမျှတို့ကို စီရင် မည်။”
 

တဲတော်အတွင်းပိုင်းကို အဓိကအားဖြင့်အပိုင်းနှစ်ပိုင်းဖြင့်ပိုင်း ခြားထားသည်။ သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနဖြစ်သည်။ အ ခန်းခွဲအဖြစ်ကာထားရန် ကုလားကာချထားသည်။ ပဋိညာဥ်သေတ္တာ ကို အသန့်ရှင်းဆုံးဌာနအတွင်းဤကုလားကနောက်တွင် ချထားခဲ့ပါ သည်။ ပဋိညာဥ်အဖုံးကို ကျေးဇူးပလ္လင်တော်ဟု သိရပါသည်။
 

ကျေးဇူးပလ္လင်တော်မှာ ၂.၅ကုဗပေရှည်လျားသည်

ကျမ်းစာတွင်တစ်ကုဗ၏အရှည်မှာ လက်ဖျားထိပ်မှတံတောင် ဆစ်အထိအရှည်ဖြစ်သည်။ ထိုကြောင့် ဓမ္မဟောင်းကျမ်းတွင်ရှိသော တစ်ကုဗပေမှာ ယေဘုယျအားဖြင့် ယနေ့တိုင်းတာမှုစနစ်ဖြင့် ၅၀၀ မီလီမီတာခန့်ရှိသည်ဟုယူဆရသည်။ထိုနောက်ကျေးဇူးတော်အရှည်နှစ်ကုဗခွဲမမှာ ယနေ့တိုင်းတာခြင်းအားဖြင့် ၁.၀မီတာခန့်ရှည်သည်။ အလျားအနံ တစ်ကုဗခွဲမှာ ၇၅၀ မီလီမီတာခန့်ရှိသည်။ ဤကျေးဇူး တော်ပလ္လင်တော်အောက်တွင် ပဋိညာဥ်သေတ္တာတော်ရှိသည်။ ပဋိ ညာဥ်သေတ္တာတော်မှာ အကာရှသစ်သားဖြင့်ပြုလုပ်၍ ရွှေစင်ဖြင့်မွမ်း မံထားပါသည်။ ကျေးဇူးတော်ပလ္လင်အဆုံးနှစ်ဘက်စလုံး၌ ခေရိုဗိမ် နှစ်ပါးရှိ၍ မိမိအတောင်ပံများကိုဖြန့်လျက် မိမိအတောင်များဖြင့် ကျေးဇူးပလ္လင်ကိုဖုံးအုပ်ကာ ကျေးဇူးပလ္လင်ဘက်သို့မျက်နှာမူလျက် မျက်နှာချင်းဆိုင်၍မျက်နှာမူကြပါသည်။ ကျေးဇူးပလ္လင်တော်သည် ဘုရားသခင်က မိမိကျေးဇူးတော်သွန်းလောင်းသောနေရာြဖစ်သည်။
ဘုရားသခင်သည် ကျေးဇူးပလ္လင်တော်ပေါ်တွင် လူများနှင့်တွေ့ မည်ဟု ကျွန်ုပ်တို့အားမိန့်တော်မူခဲ့သည်။ ပဋိညာဥ်သေတ္တာတော်အ တွင်းတွင် အဖူးအညွတ်ပွင့်နေသောအာရုံ၏တောင်ဝှေး၊ မန္နမုန့်တင် ရာရွှေအိုးနှင့် ပညတ်တော်ဆယ်ပါးထုထွင်းထားသောကျောက်ပြား နှစ်ပြားတို့ ချထားပါသည်။ ကျေးဇူးပလ္လငတော်၏ထောင့်လေးခု၌ ပဋိညာဥ်သေတ္တာကို သယ်ထမ်းနိုင်ရန်အတွက် ကွင်းလေးကွင်းတပ် ဆင်ထားပါသည်။ အပေါက်နှစ်ပေါက်တို့ကို အကာရှသစ်သားဖြင့်ပြု လုပ်၍ ရွှေဖြင့်မွမ်းမံထားသည်။ ဤအပေါက်များအားဖြင့် ကွင်းမှပဋိ ညာဥ်ကို သယ်ဆောင်နိုင်ပါသည်။
တစ်နှစ်တစ်ကြိမ် ယဇ်ပရောဟိတ်ကြီးသည် ယဇ်ကောင်၏အ သွေးကို အသန့်ရှင်းဆုံးဌာနသို့ယူခဲ့၍ ကျေးဇူးတော်ပလ္လင်ပေါ်တွင် ပက်ဖြန့်ခဲ့ပါသည်။ ဤသို့လုပ်ရခြင်းအကြောင်းမှာ လက်တင်ခြင်း အားဖြင့် ဣသရေလလူမျိုးများအားလုံး၏တစ်နှစ်ပတ်လုံးအပြစ်များ ကို ယဇ်ကောင် ပေါ်သို့လွှဲပြောင်းပေးခဲ့သောကြောင့် ဖြစ်သည်။ ထို ကြောင့်ဘုရားသခင်က“ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေ ခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင် နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ ကိုစီရင်မည်”(ထွက် ၂၅း၂၂) ဟုမိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် လူသားအားလုံးအား အပြစ်များဖြေလွှတ်ခြင်းယူဆောင်လာမည်ဟူ သောမိမိကတိတော်သည် ဤအရာပင် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ကြသောအ ခါ ဓမ္မဟောင်းကျမ်းတွင်ဖော်ပြထားသောယဇ်ပူဇော်ခြင်းစနစ်ကိုအ သေးစိတ်သိရှိခြင်းသည် အလွန်အရေးကြီးသည်။
ယဇ်ပရောဟိတ်များသည် ပဋိညာဥ်သေတ္တာကိုထမ်းသယ်သော အခါ သူတို့သည် ပဋိညာဥ်သေတ္တာဘေးနှစ်ဘက်တွင်တပ်ထားသော အပေါက်များအားဖြင့် သယ်ထမ်းရမည်ဟု ဘုရားသခင်မိန့်တော်မူခဲ့ သည်။ဤအရာက မည်သည့်အရာကို ပြဌာန်းထားပါသနည်း။ ကျွန်ုပ် တို့သည် ကိုယ်နှင့်စိတ်များအားလုံးဖြင့် ကိုယ်တော့်ကယ်တင်ခြင်း သမ္မာတရားကို အစေခံဟောပြောရမည်ကို ပြဌာန်းထားပါသည်။ ကျွန်ုပ်တို့သည် တစ်ကိုယ်‌တော်မဟုတ် စည်းလုံးညီညွတ်မှုဖြင့်ဘုရား သခင်ကိုအစေခံရန်ဘုရားသခင်အလိုတော်ရှိသည်ကို ပြဌာန်ထားပါ သည်။ ထိုကြောင့် ကျေးဇူးပလ္လင်ဖြစ်စေ၊ ရှေ့တော်တင်ရာမုန့်စားပွဲခုံ နှင့်နံ့သာပေါင်းမီးရှို့ရာပလ္လင်ဖြစ်စေ ဘေးနှစ်ဘက်ရှိကွင်းများတွင် တပ်ဆင်ထားသောဤအပေါက်များအားဖြင့် သယ်ထမ်းရမည်ဟု ဘု ရားသခင်မိန့်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်၏သတင်းကောင်း ဟောပြောရာတွင် မိမိကိုယ်ခန္ဓာများနှင့်နှလုံးသားများအားလုံးဖြင့် ဆက်ကပ်ရမည်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဤနေရာတွင်ဘု ရားသခင်၏မိန့်မှာချက်မှာ ကယ်တင်ခြင်းသမ္မာတရားကို ကိုယ်များ နှင့်နှလုံးသားများဖြင့်ဟောပြောရန် ရည်ညွှန်းထားသည်။ လူသား အားလုံးထံ ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူ၍ ဖြောင့်မတ်သူများဖြစ်စေတော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်က ဣသရေလလူမျိုးများအား ပဋိညာဥ်သေတ္တာကို ဤအပေါက်များဖြင့် ထမ်းသယ်ရန်အတွက် မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် မိမိနှလုံးများတွင် အပြစ်များဖြေလွှတ်ခြင်းခံစားရရှိကြ သည်။ ပဋိညာဥ်သေတ္တာအတွင်းတွင် မန္နမုန့်သိုထားရာ ရွှေအိုးတစ် လုံးရှိသည်။ ဝိညာဥ်ရေးရာပြောရလျှင် ဤမန္နမှာ ဘုရားသခင်၏နှုတ် ကပတ်တော်ကိုဆိုလိုသည်။ပဋိညာဥ်သေတ္တာတွင် အပွင့်ပွင့်နေသော အာရုန်၏တောင်‌ဝှေးရှိသည်။ ဤအပွင့်ပွင့်သောအာရုန်၏တောင်ဝှေး မှာ သခင်ရှင်ယေရှုရှင်ပြန်ထမြောက်တော်မူခြင်း၊ အသက်သခင်ကို ရည်ညွှန်းထားသည်။ နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်၏ပညတ် တော်ထုထွင်းထားသောပဋိညာဥ်ကျောက်ပြားနှစ်ပြားတွေ့ရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိနှလုံးသားအကြွင်းမဲ့ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်ကိုအစေခံရမည်ဟု ဤအရာက ထင်ရှား‌ စေခဲ့သည်။ 
 


ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျေးဇူးပလ္လင်တွင် တွေ့ဆုံ လိမ့်မည်ဟု မိန့်တော်မူခဲ့သည်


ဝိညာဥ်ရေးရာပြောရလျှင် ကျေးဇူးပလ္လင်တော်သည် ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အားတွေ့ဆုံသောနေရာပင် ဖြစ်သည်။ ကျေးဇူးပလ္လင်တော်ပေါ်တွင် ခေရုဗိမ်က အပေါ်မှအောက်သို့ငုံ့ကြည့်ခြင်းသည် ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြင့် ကျွန်ုပ်တို့အားစကားပြော တော်မူသည်။ ဤကျေးဇူးပလ္လင်တော်က ဝိညာဥ်ရေးရာအရ အပြစ် များဖြေလွှတ်ခြင်းအကြောင်း ဖော်ပြသည်။ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်သွန်းလောင်းခြင်းအားဖြင့် ဘုရားသ ခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ထို ကြောင့် ကျွန်ုပ်တို့သည် ကျေးဇူးပလ္လင်တော်ကို ဘုရားသခင်ကမိမိ ကယ်တင်ခြင်းကျေးဇူးတော်ကို ကျွန်ုပ်တို့အပေါ်ချပေးတော်မူခြင်း ဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ကျေးဇူးပလ္လင် တော်က ပြစ်ကြွေးပေးဆပ်ခြင်းကို ပြဌာန်းထားသည်။ ဘုရားသခင် သည် ရေနှင့်ဝိညာဥ်‌တော်သတင်းကောင်းအားဖြင့် ထာဝရတည်တံ့ မည့်အပြစ်များအားလုံးပထုတ်တော်မူခဲ့သည်ဟု ထင်ရှားစေသည်။ 
ဣသ‌ရေလလူမျိုးများသည် မည်သို့ဖြစ်သနည်း။ ဘုရားသခင် သည် သူတို့အပြစ်များကိုမည်သို့ ပထုတ်ပေးတော်မူခဲ့သနည်း။ကိုယ် တော်သည် ကျေးဇူးပလ္လင်တော်ပေါ်တွင်ပက်ဖြန်းသောအသွေးဖြင့် ပ ထုတ်ပေးတော်မူခဲ့သည်။ အကြောင်းမှာ ယဇ်ကောင်သည် ဣသရေ လူလူမျိုးများ၏နှစ်စဥ်အပြစ်များအားလုံးကို သယ်ဆောင်သွားပြီဖြစ် သောကြောင့် ဖြစ်သည်။ အပြစ်ဖြေလွှတ်ရာယဇ်ပူဇော်သောနေ့တွင် ယဇ်ပရောဟိတ်ကြီးသည် ဣသရေလလူမျိုးများ၏နှစ်စဥ်အပြစ်များ အားလုံးကို ယဇ်ကောင်၏ဦးခေါင်းပေါ်သို့လက်တင်လျက်လွှဲပြောင်း ပေးခဲ့ပြီးနောက် သူသည် ထိုယဇ်ကောင်၏လည်ပင်းကိုဖြတ်၍ အ သွေးကိုယူခဲ့သည်။ ထိုနောက် ဤသွေးကို ဣသရေလလူမျိုးများတစ် နှစ်အတွင်းကျူးလွန်ခဲ့သောအပြစ်များအတွက် ဖြေလွှတ်ခြင်းရရှိရန် ကျေးဇူးပလ္လင်ပေါ်တွင် ပက်ဖြန်းခဲ့သည်။ ဓမ္မဟောင်းခေတ်တွင်ဤ ယဇ်ပူဇော်ခြင်းကျင့်ထုံးကျင့်စဥ်တို့သည် ဓမ္မသစ်ခေတ်တွင်ရေနှင့်ဝိ ညာဥ်တော်အားဖြင့် ပြည့်စုံသောဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဖော်ပြထားပါသည်။ သခင်ယေရှုခရစ်တော်၊ ကောင်းကင်ယဇ်ပရော ဟိတ်ကြီးသည် လူသားအားလုံးအတွက် ပြစ်ကြွေးပေးဆပ်ကျေအေး ရန် မိမိအသက်ကိုစတေးတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမှကယ်တင်တော်မူခဲ့သည်။ 
တဲတော်ဝင်းတံခါးကဲ့သို့ တဲတော်တံခါးအကာကိုလည်း အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောနှင့်အဖြူရောင်ပိတ်ချော တို့ဖြင့် ပြုလုပ်ထားခဲ့သည်။အပြာရောင်ပိတ်ချော၏ ဝိညာဥ်ရေးရာ အနက်အဓိပ္ပါယ်မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိ ဇံခံတော်မူခြင်းအားဖြင့် သခင်ယေရှုသည် သင့်အပြစ်များနှင့်ကျွန် တော့်အပြစ်များအားလုံးယူဆောင်တော်မူခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် အပြာရောင်ပိတ်ချောက သခင်ယေရှုသည် ဗတ္တိဇံယောဟန် အားဖြင့်ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်အားလုံးကို တစ်ကြိမ် တည်းသယ်ဆောင်ခြင်းအားဖြင့် အပြစ်များထာဝရယူဆောင်သွား တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် လူသားများအားလုံး၏ အပြစ်များအားလုံးအတွက် အသေခံပြစ်ကြွေးပေးဆပ်တော်မူနိုင်ရန် အတွက်  ဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည်။ ဤသမ္မာတရားသည် တဲတော်တံခါး၌ဖုံးအုပ် ထားသောနက်နဲသောသမ္မာတရားဖြစ်သည်။ ထိုကြောင့်၊ ယခုတွင် လူသားအားလုံးက ဘုရားသခင်၏သား‌တော်သခင်ယေရှုသည် ဗတ္တိ ဇံ‌ယောဟန်ထံမှဗတ္တိဇံခံတော်မူခြင်းအားဖြင့် လောကအပြစ်များ အားလုံးကို ပထုတ်တော်မူခဲ့သည်ဟူသော ဤသမ္မာတရားကိုယုံ ကြည်ရမည်ဟု ခမည်းတော်ဘုရားသခင်မိန့်တော်မူခဲ့သည်။ သန့်ရှင်း သူအားလုံးတို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအစေခံသော မိမိလူများဖြစ်ရန် ဘုရားသခင်အလိုတော်ရှိသည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ဘုရားသခင်၏အလိုတော်ကိုနားလည်သဘောပေါက်၍ တိ ကျစွာ လိုက်လျှောက်သင့်ပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဖြောင့် မတ်သူများဖြစ်လာကြသည်။ ကျွန်ုပ်တို့အားလုံးမှ ဘုရားသခင်၏အ လိုတော်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်သင့်ပါသည်။ 
 


တဲတော်၏တံခါးအတွက်ခရမ်း‌ရောင်ပိတ်ချောမှာသခင်ယေ ရှုသည်ဘုရင့်တကာဘုရင်ဖြစ်တော်မူကြောင်းပြဌာန်းသည်


သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူ၍ ထာဝရအ သက်၏အရှင်ဖြစ်တော်မူသည်(၁ယော ၅း၂၀)။ တစ်နည်းအားဖြင့်၊ လောကအပြစ်များအားလုံးမှကျွန်ုပ်တို့အား ကယ်တင်ရန်အတွက်ဘု ရားသခင်သည် လူသားအဖြစ် လူ့ဇာတိကိုခံယူ‌တော်မူခဲ့သည်။ ဘု ရားသခင်သည် ဤအကြောင်းကို ပရောဖက်ဟေရှာယအားဖြင့်ကတိ ပြုတော်မူခဲ့သည်။“ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သ တို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လ တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသ တည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရား သခင်ဟု ဆိုလိုသတည်း” (မဿဲ ၁း၂၃၊ ဟေရှာ ၇း၁၄) ဟုဖော်ပြပါ သည်။ သခင်ယေရှုခရစ်တော်သည်ကျွန်ုပ်တို့အပြစ်များအားလုံးမှအ ပြစ်သားများအားလုံးကိုကယ်တင်တော်မူရန်အတွက် ကောင်းကင်ဘုံ မိမိဘုန်းပလ္လင်တော်ကိုစွန့်လွှတ်တော်မူ၍ သခင်ယေရှုသည် ဤ လောကသို့‌ဖွားမြင်တော်မူခြင်းမရှိမီ နှစ်ပေါင်း ၇၀၀ကျော်က ပရော ဖက်‌‌ဟေရှာယထံ ဘုရားသခင်ကတိတော်မူသည်နှင့်အညီ အပျိုက  ညာမာရိအားဖြင့် ဤလောကသို့ကြွဆင်းတော်မူခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်သည် လူသားတစ်ဦးဖြစ်လာတော်မူ၍ လူသားအားလုံး ၏အပြစ်များအားလုံးကိုသယ်ဆောင်သွားတော်မူ၍ ဗတ္တိဇံခံတော်မူ ခြင်းအားဖြင့်အပြစ်သားအားလုံးကိုကယ်တင်တော်မူခဲ့သည်။ ဤ သမ္မာတရားကိုယုံကြည်သူကျွန်ုပ်တို့အားလုံးကိုလည်း ဖြောင့်မတ် ခြင်းဝတ်လုံးတော်အားဖြင့် လွှမ်းခြုံတော်မူခဲ့သည်။ 
 


တဲတော်တံခါးအတွက်အသုံးပြုသောအနီ‌ရောင်ပိတ်ချော က အသေခံခြင်းအားဖြင့် သခင်ယေရှုယူဆောင်တော်မူ သောဘဝသစ်ကိုရည်ညွှန်းသည်


သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့်လူသားများ၏အပြစ်များအားလုံးယူဆောင်သွား တော် မူပြီးနောက် ကျွန်ုပ်တို့အတွက် အသက်ပေးအသေခံတော်မူခဲ့သည်။ ကိုယ်တော်သည်ခြေတော်နှင့်လက်တော်များကိုသံမှိုရိုက်ခြင်းခံတော် မူခဲ့သည်။ သခင်ယေရှုခံတော်မူခဲ့သောဤပြစ်ဒဏ်ကို သင်နှင့်ကျွန် တော်ကဲ့သို့အပြစ်သားအားလုံးခံသင့်ခံထိုက်သောအပြစ်ဒဏ်ဖြစ်ပါ သည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှုကိုယ်တိုင် ကျွန်ုပ်တို့ကိုယ်စား အသေခံတော်မူခဲ့သည်။ ကျွန်ုပ်တို့ကိုယ်စားအပြစ်များအားလုံးအ တွက်တရားစီရင်ခြင်းခံတော်မူခဲ့သည်။တဲတော်တံခါး၌ထင်ရှားသော အပြာရောင်၊ခရမ်းရောင်နှင့်အနီ‌ရောင်ပိတ်ချောဖြင့် ကြိုတင်ဖွင့်ပြ သော ကယ်တင်ခြင်းဆိုင်ရာဤသာသနာသုံးရပ်များအားဖြင့် ကျွန်ုပ် တို့သည် ကယ်တင်ခြင်းလုပ်ဆောင်ချက်သုံးပါးတို့ကို မှန်ကန်စွာနား လည်သဘောပေါက်နိုင်ကြသည်။ သခင်ယေရှုကယ်တင်ခြင်းလုပ် ဆောင်ချက်၊ ကိုယ်တော်သည် လူသားမျိုးနွယ်စုအားလုံး၏အပြစ် များအားလုံးကိုတစ်ကြိမ်တည်းယူဆောင်သွားတော်မူခြင်းနှင့်ဤအ ပြစ်များအားလုံးအတွက်တရားစီရင်ခြင်းခံတော်မူခြင်းတို့ကို ကျွန်ုပ် တို့က ရှင်းလင်းစွာ သိရှိနိုင်ကြသည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ကမ္ဘာပေါ်တွင် ရှိသောလူသားအားလုံးထံသို့ဟောပြောရန် မိန့်မှာတော်မူခြင်းဖြစ် သည်။ ဤသတင်းကောင်းကိုဟောပြောရန် ကိုယ်တော်မိန့်မှာတော် မူခဲ့သည်။ 
တဲတော်တွင်ရှိသောပဋိညာဥ်သေတ္တာကို ကျေးဇူးပလ္လင်တော် ဖြင့်လွှမ်းခြုံထားသည်။ ပဋိညာဥ်သေတ္တာကိုလွှမ်းခြုံသောဤကျေးဇူး ပလ္လင်တော်၌ ဘုရားသခင်သည် မည်သူနှင့်တွေ့ဆုံတော်မူသနည်း။ ဘုရားသခင်၏သိုးသငယ်တော်၊ သခင်ယေရှုထံအပြစ်များအားလုံး လွှဲပြောင်းပေးခဲ့ပြီဖြစ်သည်ကိုလည်းကောင်း၊ အပြစ်များအားလုံးအ တွက်ကိုယ်တော်သည် တရားစီရင်ခြင်းခံတော်မူသည်ကိုလည်း ကောင်းယုံကြည်သောသူများသာလျှင် ဘုရားသခင်တွေ့ဆုံးတော်မူ သည်။ တစ်နည်းအားဖြင့်၊ ဝိညာဥ်ရေးရာအရပြောရလျှင်  ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းကိုယုံကြည်သောသူများကိုသာ ဘုရားသ ခင်တွေ့တော်မူသည်။ အပြစ်ဖြေရာနေ့ရောက်သောအခါ ယဇ်ပရော ဟိတ်ကြီးသည် ဣသရေလလူမျိုးများအားလုံး၏နှစ်စဥ်အပြစ်များ အားလုံးကို သန့်ရှင်းသောဆိတ်နှစ်ကောင်မှတစ်ကောင်၏ဦးခေါင်း ပေါ်သို့လက်တင်၍ထိုအပြစ်များအားလုံးကိုလွှဲပြောင်းခဲ့ပြီးနောက် ဣ သရေလလူမျိုးများကိုယ်စားသူတို့အပြစ်များအားလုံးကိုဝန်ချတောင်း ပန်ခဲ့သည်။ ထိုနောက် ခေါင်းပေါ်တွင်လက်တင်ခြင်းအားဖြင့် ဣသ ရေလလူမျိုးများအားလုံး၏အပြစ်များအားလုံကိုလွှဲပြောင်းခဲ့ပြီး နောက် ယဇ်ပရောဟိတ်ကြီးသည် ၎င်း၏အသွေးကိုယူ၍ အသန့်ရှင်း ဆုံးဌာနသို့ယူဆောင်သွားပြီးနောက်ဘုရားသခင်၏ပဋိညာဥ်သေတ္တာ ပေါ်တွင် ခုနစ်ကြိမ်ပက်ဖြန်းခဲ့သည်။ 
ဓမ္မဟောင်းခေတ်ကာလတွင်ဘုရားသခင်သည် ဤသို့ဖြင့် ဣသ ရေလလူမျိုးများကို တွေ့ဆုံတော်မူခဲ့သည်။ ယနေ့ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူသောဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကြွေးကြော်သောရေနှင့် ဝိညာဥ်တော်သတင်းကောင်းယုံကြည်သောသူများကို ဘုရားသခင် တွေ့ဆုံတော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် ရေနှင့်ဝိညာဥ် တော်ယုံကြည်သောယုံကြည်သူများထံ “သင့်မှာ အပြစ်မရှိတော့ဘူး။ သင့်အပြစ်ကိုငါယူဆောင်ခဲ့ပါပြီ။ သင်တို့အားလုံးကိုအပြစ်များမှငါ ကယ်တင်ခဲ့ပြီ”ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်သောသူများအပေါ်ဘုရား သခင်သည် မိမိကျေးဇူးတော်ကို သွန်းလောင်းတော်မူခဲ့သည်။ ဘုရား သခင်၏ကျေးဇူးတော်ကိုကိုယ်တော်၏ဆုကျေးဇူးကိုရည်ညွှန်းသည်။ ခမည်းတော်ဘုရားသခင်သည် မိမိသားတော်အပေါ်သို့ ဤလောက တွင်နေထိုင်သောလူသားအားလုံး၏အပြစ်များအားလုံးကိုလွှဲပြောင်း ပေးတော်မူခြင်းအားဖြင့် မိမိဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့ သည်။ သခင်ယေရှုသည် ဤလောက၏အပြစ်များအားလုံးကို ကား တိုင်တော်ပေါ်သို့ယူဆောင်သွားတော်မူ၍ကျွန်ုပ်တို့နေရာတွင် အပြစ် များအားလုံးအတွက်တရားစီရင်ခြင်းခံ‌တော်မူခဲ့သည်။ ဤအရာသည် ဂရုဏာပလ္လင်ပေါ်တွင်ထင်ရှားသောဘုရားသခင်၏မေတ္တာတော်ပင် ဖြစ်သည်။ 
ဘုရားသခင်၏သားတော်သခင်ယေရှုသည် ဤလောကသို့ကြွ လာ၍လူ့ဇာတိကိုခံယူတော်မူခဲ့သည်။ ဗတ္တိဇံခံယူခြင်းအားဖြင့် လော ကအပြစ်များအားလုံးကို ယူ‌ဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့ကိုယ် စားကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ သုံးရက်မြောက်သော နေ့တွင် သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ကိုယ် တော်သည်ကောင်းကင်ပေါ်သို့တက်ကြွတော်မူ၍ ခမည်းတော်ဘုရား  သခင်၏လက်ျာဘက်မှာ စိုးစံ‌တော်မူခဲ့သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အားလောကအပြစ်များအား လုံးမှကယ်တင်တော်မူခြင်း၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံ ကြည်သူများအပေါ် ဘုရားသခင်၏ကျေးဇူးတော်သွန်းလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်သူကျွန်ုပ်တို့ အားလုံးအပေါ် ကိုယ်တော်က “သင်တို့ဟာ ငါ့လူများဖြစ်ကြတယ်။ သင်တို့ဟာအပြစ်သားများမဟုတ်ကြတော့ပါ။ သင်တို့ကို ငါ့အရမ်း ချစ်တဲ့အတွက်ကြောင့် ငါက အခြေအနေကိုမကြည့်ဘဲ ငါတစ်ပါး တည်းသောသားတော်ကိုတောင် ပေးအပ်ခဲ့တယ်။ ငါ မင်းတို့ကိုချစ် ရုံသက်သက်မဟုတ်ဘဲ သင့်တို့အပြစ်များအားလုံးကိုသယ်ဆောင်၍ သင်တို့အတွက် ငါ့အသက်ကိုစတေးခဲ့ခြင်းဖြင့် ငါ့ချစ်ခြင်းကို ထင် ရှားစေခဲ့တယ်။ အဲဒါက ငါ့မေတ္တာသက်သေဖြစ်၍ ထိုသက်သေကို သင်တို့အားလုံးကို ငါပြသခဲ့ပါပြီ” ဟုမိန့်တော်မူခဲ့သည်။ 
 

ဘုရားသခင်သည် မိမိနှုတ်ကပတ်အားဖြင့် ဘာကိုပြ‌တော်မူခဲ့သနည်း။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအကြောင်းကိုပြောနေသော် လည်း ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် လောကလူသား များ၏အပြစ်များအားလုံးမှကယ်တင်တော်မူခဲ့ခြင်းအကြောင်း ပို၍ ပြောတော်မူသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ ဘုရားသခင်သည် ကယ် တင်ခြင်းကတိတော်ကိုပေးအပ်တော်မူခဲ့ပြီးနောက် ထိုကတတော် နှင့်အညီ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ပြည့်စုံစေ တော်မူ၍ထာဝရအတွက်ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော် ဖယ်ရှားပေးတော်မူခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ ကျမ်းစာထွဲတွင်ဖော်ပြထားသောကယ်တင်ခြင်းသက်သေတစ်ပါးဖြစ် ပါသည်။ ကျွန်ုပ်တို့သည် မိမိအပြစ်များအားလုံးမှကယ်တင်ခြင်းရရှိခဲ့ ပြီဟု ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းအားဖြင့်ဖြစ်သည်ဟု မှတ်တမ်းတင်ထားပါသည်။ ထို ကြောင့်၊ ကျွန်ုပ်တို့သည် သန့်ရှင်းတော်မူသောဘုရားသခင်ကျိန်းဝပ် တော်မူရာအရပ်သို့ချဥ်းကပ်သောအချိန်တိုင်းတွင်ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအားဖြင့်လည်းကောင်း၊ တဲတော်တံခါးတွင်ရှိသောအ ပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ် ချော၌ထင်ရှားသောကယ်ခြင်းကိုယုံကြည်ခြင်းအားဖြင့် သော်လည်း ကောင်း ဘုရားသခင်ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသည် ကျွန်ုပ်တို့အတွက်ဘု ရားသခင်ချပေးတော်မူသောဆုကျေးဇူးဖြစ်သည်။ ဤစစ်မှန်သော သတင်းကောင်းကိုယုံကြည်သောအခါ ဘုရားသခင်သည်ကျွန်ုပ်တို့ အားတွေ့ဆုံတော်မူလိမ့်မည်။ သခင်ယေရှုသည် လောကအပြစ်များ အားလုံးမှကယ်တင်ရန်အတွက် ဤလောကသို့ကြွလာတော်မူသည် ကိုလည်းကောင်း၊ ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် အ ပြစ်များအားလုံးကို ကိုယ်တော်ယူဆောင်သွားတော်မူသည်ကိုလည်း ကောင်း၊ သူတို့ကိုယ်စားလက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ သည်ကိုလည်းကောင်း၊ သူတို့ကိုထာဝရအသက်ပေးအပ်ရန်အတွက် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်ကိုလည်းကောင်း၊ ယုံ ကြည် သောသူများကို ဘုရားသခင်တွေ့တော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းကိုယုံကြည်သောသူများပေါ်၌ သာ မိမိကျေးဇူးတော်ကို ချပေးတော်မူခဲ့သည်။ ဘုရားသခင်မိန့်တော် မူသောအရာမှာ “ သင်တို့ဟာ ဖန်ဆင်းခြင်းခံရသောသူများဖြစ်ကြ ပေမဲ့ သင်တို့ကို ငါ၏ချစ်သောသားသမီးများအဖြစ် အမွေခံစေခဲ့ တယ်။ ယခုသင်တို့ဟာ ငါ့သားသမီးများဖြစ်လာကြတယ်။ သင်တို့ ဟာစာတန်ရဲ့သားသမီးများမဟုတ်တော့ပါ။ ဖန်ဆင်းခြင်းခံသောသူ များသာမဟုတ်တော့ပါ။ ငါ့လူများဖြစ်ကြပါတယ်။ သင့်အပြစ်များ အားလုံးကို ငါ့သားယေရှုပေါ်သို့ ငါလွှဲပြောင်းပေးလိုက်ပါပြီ။ အဲဒါ ကြောင့် ငါ မင်းတို့အားလုံးကို အိမ်တော်သားအဖြစ်မွေးစားလိုက်ပါ ပြီ။ ငါ့ကိုယုံကြည်ခြင်းအားဖြင့် သင့်တို့အားလုံးသည် ငါ၏သားသမီး များဖြစ်လာကြပါတယ်။”ဤသို့ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား လုံးအပေါ်သို့ မိမိကယ်တင်ခြင်းကျေးဇူးကို ချပေးတော်မူခဲ့သည်။ 
 

ကျေးဇူးပလ္လင်တော်ကွင်းများ၌တပ်ဆင်ထားသော ထမ်းဘိုးများကို မထုတ်ပယ်ရ

ကျေးဇူးပလ္လင်တော်သယ်ထမ်းရန်အတွက် ၎င်း၏ဘေးနှစ်ဖက် မှာ ထမ်းဘိုးနှစ်ခုရှိသည်ကိုမှတ်ထားခြင်းသည်အလွန်အရေးကြီးပါ သည်။ ၎င်တို့သည် ပဋိညာဥ်သေတ္တာမှ လုံးဝမထုတ်ရပေ။ အချိန် တိုင်းတပ်ဆင်ပေးရသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဥ်တို့ဖြင့်အစေခံသောယုံကြည်သူအားလုံးတို့ သည် မိမိယုံကြည်ခြင်း၌ အမြစ်စွဲလျက်ကြည်တည်ခြင်းရှိရမည်ကို ပြဌာန်းထားပါသည်။သို့သော်ပြဿနာမှာ ယနေ့မြောက်များစွာသော ခရစ်ယာန်များသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုကိုယ် ခန္ဓာများနှင့်နှလုံးသားများဖြင့်ယုံကြည်ရန် ငြင်းငယ်ရုံသာမက ဤ စစ်မှန်သောသတင်းကောင်းကိုတောင်ယုံကြည်ခြင်းမရှိတော့ပေ။ မ ရေတွက်နိုင်သောလူပေါင်းများစွာတို့သည် သခင်ယေရှုကိုယုံကြည် ကြောင်းနှင့်လူအများစုကဒုတိမွေးခြင်းခံရကြကြောင်း ကြွေးကြော် ကြသော်လည်း စစ်မှန်သောယုံကြည်သူများမဟုတ်ကြပေ။ သူတို့ သည် ရေနှင့်ဝိညာဥ်တော်ကယ်တင်ခြင်းသတင်းကောင်းကို ယုံကြည် ရန် ငြင်းဆိုတတ်ကြသည်။ ထိုကြောင့် ဤသို့သောရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုမယုံကြည်သောခရစ်များအား ဘုရားသခင် ကချိုသာစွာအမိန့်ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ 
ထွက် ၂၅း၁၅တွင် “ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲ က မနှုတ်အစဥ်ရှိစေရမည်” ဟု မိန့်တော်မူသည်။ ဤကျမ်းချက်က ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုဟောပြောရ မည်ဟုသွန်သင်ထားပါသည်။ တစ်နည်းအားဖြင့်၊ လောကအပြစ်များ အားလုံးမှကျွန်ုပ်တို့အားကယ်တင်သောရေနှင့် ဝိညာဥ်တော်သတင်း ကောင်း၌ထင်ရှားသည် တဲတော်တံခါး၏ အပြာရောင်၊ခရမ်းရောင်၊ နှင့်အနီရောင်ချည်ထည်တို့၏နက်နဲများကိုအပြစ်သားများအားလုံးထံ သို့သွားရောက်၍ ဟောပြောရမည် ဖြစ်သည်။ ဘုရားသခင်သည် မောရှေထား မိမိဖွင့်ပြတော်မူသည့်အတိုင်းတဲတော်ကို တိကျစွာ တည်ဆောက်ရန် မိန့်မှာတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏နှုတ်ကပတ်တော်၌ဖော်ပြထားသည့်အတိုင်း တိကျစွာယုံကြည်ရ မည်ဟု ပြဌာန်းထားပါသည်။ သို့သော် ယခုခရစ်ယာန်များစွာတို့က သခင်ယေရှုကို ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာယုံကြည်၍ သူတို့ယုံ ကြည်မှုတွင် ကိုယ်တော့်ဗတ္တိဇံကို ဖယ်ထုတ်လိုက်ကြသည်။ 
တဲတော်တံခါးမှာ အပြာရောင်၊ခရမ်းရောင်နှင့်အနီ‌ရောင်ပိတ် ချောနှင့်အဖြူရောင်ပိတ်ချောတို့ဖြင့် ပြုလုပ်ထားသည်။ ဤတံခါး သည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောကယ်တင်ခြင်းတံခါးကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့အားလုံးသည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် ထိုတံခါးသို့ဝင်ရောက်နိုင်ကြသည်။ အဖြူရောင်ပိတ်ချောသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရည် ညွှန်းထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အား ကိုယ်တော့် ကျွန် ၄၀ ခန့်အပေါ်တွင် မှုတ်သွင်းထားခြင်း ဖြစ်သည်။  ဘုရားသခင် သည် မိမိကျွန်များအပေါ် နှစ်ပေါင်း ၁၅၀၀ ကျော် ပရောဖက်နှုတ်က ပတ်တော်ကိုချပေးတော်မူ၍ မိမိအချိန်တန်လာသောအခါ မိမိကိုယ် ခန္ဓာဖြင့် ပရောဖက်အားလုံးပြည့်စုံစေတော်မူခဲ့သည်။ တစ်နည်းအား ဖြင့်၊ ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းကိုထာဝရအတွက် ပြည့်စုံစေတော်မူခဲ့သည်။
သို့သော်ဝမ်းနည်းစရာတစ်ခုမှာဤလောကတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှုတ်ကပတ်တော်အတိုင်း တိကျစွာမဟောပြော သူဤကမ္ဘာပေါ်မှာ ခရစ်ယာန်များစွာရှိသည်။ သင်ရော မည်သို့ဟော ပြောသနည်း။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့် အပြစ်များဖြေလွှတ်ခြင်းရရှိခဲ့သလော။ အကယ်၍သင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့်အပြစ်များ လွှတ်ခြင်းရရှိပါက ဘုရားသခင်၏နှုတ်ကပတ်‌တော်ထဲမှရေးထား သည့်အတိုင်း ဤသတင်းကောင်းကို တိကျစွာ ဟောပြောရမည်ဖြစ် ပါသည်။ 
 


ဘုရားပေးတော်မူသောကယ်တင်ခြင်းကျေးဇူးတော်သည်ကျွန်ုပ်တို့အပြစ်များအားလုံးထက်ပို၍ကြီးမားသည်


လူတစ်ယောက်၏နာမခံခြင်းအားဖြင့် များစွာသောလူတို့သည် အပြစ်သားများဖြစ်လာခဲ့ကြ၍ လူတစ်ဦးဖြစ်သော သခင်ယေရှုခရစ် တော်၏ဖြောင့်မတ်ခြင်းအားဖြင့် လူများစွာတို့သည် ဖြောင့်မတ်သော သူများဖြစ်လာကြသည်။အာဒံ၏နာမခံခြင်းကြောင့် သင်သည် အပြစ် သားတစ်ဦး ဖြစ်လာခဲ့သည်။ တစ်နည်းအားဖြင့်၊ သင်သည် အာဒံ၏ မျိုးရိုးမျိုးဆက်အဖြစ်ဖွားမြင်လာသောကြောင့် သဘာဝအလျောက် အပြစ်သားဖြစ်လာခဲ့သည်။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကိုဆန့် ကျင့်နေကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် သဘာဝအားဖြင့်အ ပြစ်သားများဖြစ်လာကြသည်။
 သို့သော် သခင်ယေရှုခရစ်တော်ချပေးတော်မူသောဘုရားသ ခင်၏ကျေးဇူးတော်သည် ကျွန်ုပ်တို့ကျူးလွန်‌သောဒုစရိုက်အားလုံး ထက်ပို၍ကြီးမားသည်။ ကျွန်ုပ်တို့သည် ဤလောကတွင် မရေတွက် နိုင်သောအပြစ်မြောက်များစွာကျူးလွန်၍ သေသည့်ထိတိုင်အောင် အပြစ်မြောက်များစွာဆက်လက်ကျူးလွန်မည်ဖြစ်သော်လည်း သခင် ယေရှုပြည့်စုံစေ‌တော်မူခဲ့သောဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် ဤ အပြစ်များအားလုံးကို လုံးဝဥဿုံ တစ်ကြိမ်တည်းဖယ်ရှားပေးတော် မူခဲ့သည်။ သခင်ယေရှုသည် ကောင်းကင်ဘုန်းစည်းစိမ်ဖြင့်ပြည့်ဝ သောပလ္လင်တော်ကိုစွန့်လွှတ်တော်မူ၍ ဤလောကမှာလူ့ဇာတိကိုခံ ယူတော်မူခဲ့သည်။ ဗတ္တိဇံယောဟန်ထံမှခံယူသောဗတ္တိဇံအားဖြင့်  ဤလောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်စားကားတိုင်ပေါ်တွင်အသွေးတော် သွန်းလောင်းတော်မူခဲ့သည်။ ဤကယ်တင်ခြင်းလုပ်ဆောင်ချက်အား ဖြင့် ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များအားလုံးကို သခင်ယေရှုဖယ် ရှားပေးတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များအားလုံးကို ဖျက်ဆီးတော်မူခဲ့သည်။ ဤလောကတွင် မမွေးဖွားရသေးသောသူ များ၏အပြစ်များနှင့် ကျူးလွန်ခြင်းမရှိသေးသောမရေတွက်နိုင်သော အပြစ်များအားလုံးကိုလည်း ချေဖျက်တော်မူပြီး ဖြစ်ပါသည်။ သခင် ယေရှုသည် ဤလောကသို့ကြွလာတော်မူခြင်းအားဖြင့် တဲတော်တံ ခါး၏အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောတို့ဖြင့်ထင်ရှား သော ကယ်တင်ခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုဆေးကြော ပေးတော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အားပြည့်စုံသော သူများဖြစ်စေတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်ယူ ဆောင်လာတော်မူသောအပြစ်များအားလုံးဖယ်ရှားပေးခြင်းကယ် တင်ခြင်းသည်ကျွန်ုပ်တို့အပြစ်များအားလုံးနှင့် ကျူးလွန်နေသောဒုစ ရိုက်များနှင့် လူတစ်ဦး၏ဆိုးညစ်မှုကြောင့်ကျူးလွန်မည့်အပြစ်များ အားလုံးထက်ပို၍ ကြီးမားသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် လုံးဝအပြစ် ကင်းစင်သောသူများဖြစ်လာကြသည်။ 
 


ကျေးဇူးပလ္လင်၌တွေ့ရန်ဘုရားကတိပြုတော်မူခဲ့သည်


အသန့်ရှင်းဆုံးဌာနအတွင်းတွင်ချထားသောပဋိညာဥ်သေတ္တာ မှာကောင်းကင်တမန်နှစ်ပါးတို့သည် မိမိအတောင်ပံများကိုဖြန့်လျက် ကျေးဇူးပလ္လင်ဘက်သို့မျက်နှာမူနေသည်။ ဤနေရာတွင်မည်သည့်အ ရာကို တွေ့နိုင်သနည်း။ အသွေးကိုကျွန်ုပ်တို့တွေ့နိုင်ကြသည်။ မည် သူ၏အသွေးဖြစ်သနည်း။ ဓမ္မဟောင်းခေတ်ကာလတွင် ထိုအသွေး မှာယဇ်ကောင်၏အသွေးသွန်းလောင်းခြင်း ဖြစ်သည်။ ဓမ္မသစ်ခေတ် ကာလတွင် သခင်ယေရှုခရစ်တော်၏အသွေးတော်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ကျေးဇူးပလ္လင်တော်တွင် ကျွန်ုပ်တို့မြင်တွေ့ရ သောအသွေးမှာ ခမည်းတော်ဘုရားသခင်၏သားတော်၏အသွေး တော်ပင်ဖြစ်ပါသည်။ သခင်ယေရှုသည် ဗတ္တိဇံခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုယူဆောင်သွားတော်မူပြီးနောက်ကား တိုင်ပေါ်တွင်သွန်းလောင်းတော်မူသော ယဇ်ပူဇော်ခြင်းအသွေးဖြစ် ပါသည်။ ဤယဇ်ပူဇော်ခြင်းအမှုပြုပြီးပြီဖြစ်သောကြောင့် ဘုရားသ ခင်၏သားတော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သောသူအား လုံးတို့သည် အပြစ်များလွှတ်ခြင်းအခွင့်ရရှိနိုင်သည်။ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုနားလည်သဘောပေါက်လျက် ယုံကြည်သူ များအားလုံးသည်အပြစ်ကင်းစင်ကြကြောင်းဘုရားသခင်ကြွေး‌ကြော် နိုင်ပါသည်။ ထိုသူများကို ဘုရားသခင်က မိမိလူများဖြစ်စေတော်မူခဲ့ သည်။ ဤသမ္မာတရားမှာ ကျေးဇူးပလ္လင်၌ထင်ရှားသောသမ္မာတရား ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်‌တော်သတင်းကောင်းကိုဟော ပြောသည့်အချိန်တိုင်းတွင် ကျမ်းစာထဲတွင်‌ဖော်ပြသည့်အတိုင်းတိ ကျစွာဟောပြောရမည်ဖြစ်သည်။ဘုရားသခင်၏ ရေနှင့်ဝိညာဥ်‌တော်  သတင်းကောင်းဟောပြောရာတွင်ဖြစ်စေ၊ အစေခံရာတွင်ဖြစ်စေ ယို ယွင်းပျက်စီးသောနည်းလမ်းအားဖြင့် မပြုသင့်ပေ။ ကျွန်ုပ်တို့ဟော ပြောသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို နားထောင်သူများ အားကယ်တင်ခြင်းသို့ရောက်နိုင်၍နှလုံးသားအကြွင်းမဲ့ ယုံကြည်နိုင် ကြခြင်း ဖြစ်သည်။ သို့သော် အချို့သောခရစ်ယာန်များသည်ကျွန်ုပ် တို့ကိုလှောင်ပြောင်၍ သခင်ယေရှုကို ယုံကြည်သောသူများသည် မည်သို့ပင်ယုံကြည်စေကာမူ အပြစ်ကင်းစင်သည်ဟု ဆိုကြသည်။ထို ကြောင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို သိရှိယုံကြည်ရန်မလို အပ်ပါဟု သူတို့က ကြွေးကြော်ခဲ့ကြသည်။ 
သို့သော် သခင်ယေရှု၏နာမတော်ကို တစ်နည်းနည်းအားဖြင့် ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်ကင်းစက်သူအစစ်အမှန်ဖြစ် လာနိုင်မည်လော။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စားအသေခံ တော်မူ၍တရားစီရင်ခြင်းခံတော်မူသည်ဟုမိုက်မိုက်မဲမဲယုံကြည်ခြင်း အားဖြင့် သင့်အပြစ်များအမှန်အကန်ပျောက်ကွယ်သွားမည်လော။ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုခရစ်ယာန်များ စွာတို့သည် သခင်ယေရှုကို ဤသို့ဖြင့် မိုက်မဲစွာ ယုံကြည်ခဲ့ကြသည်။ သူတို့သည် မဟုတ်မမှန်သောစကားကိုကြား၍ ထိုသို့ယုံကြည်လျှင် အပြစ်ကင်းစင်နိုင်သည်ဟု ထင်၍ယုံကြည်ကာ အပြစ်ကင်းစင်သည် ဟုဝမ်းမြောက်ဝမ်းသာစွာပြောကြသေးသည်။ ထိုကြောင့် ခရစ်ယာန် များစွာတို့သည် ဤသို့မှားယွင်းသောအယူဝါဒများကို စွဲကိုင်ယုံကြည် ၍ မိမိကိုယ်ကိုစိတ်ချလက်ချရှိနေသေးသည်။ အကယ်၍သင်သည် အကျဥ်းချခြင်းခံရ၍ အစိုးရက အသနားခံပေးပါက သင်ဝမ်းမြောက် လိမ့်မည်လော။ ပြဿနာမှာ ဤအသနားခံခြင်းသည် အစစ်အမှန်မ ဟုတ်ခြင်း ဖြစ်သည်။ 
ကျမ်းစာက “သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”(ယောဟန် ၈း၃၁) ဟုမိန့်တော်မူခဲ့သည်။ လူသားများ၏အပြစ်များကို မည်သည့်နည်းလမ်းအားဖြင့် ပြစ်ကြွေး ပေးဆပ်ကျေအေးနိုင်သနည်း။ သူတို့သည် ထာဝရအသက်ကိုမည်သို့ ရရှိနိုင်မည်နည်း။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ်သော တဲ တော်၏အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောတို့၌ထင်ရှား သည်ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်ဖြေလွှတ်ခြင်းနှင့်ထာဝရအသက်ရရှိနိုင်ပါသည်။ ဤစစ်မှန် သောကယ်တင်ခြင်းကိုယုံကြည်သောသူများသာလျှင် ဘုရားသခင်၏ သားသမီးများဖြစ်လာနိုင်ကြသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ ဘုရားသခင်၏သတင်း ကောင်းဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ဤစစ်မှန်သောသတင်း ကောင်းကို ဟောပြောဝေငှသက်သေခံခြင်းသည် ကျွန်ုပ်တို့အားလုံး ၏တာဝန်ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ‌ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းယုံကြည်ခြင်းအားဖြင့် ဝိညာဥ်ရေးရာ၌ ဣသရေလလူ မျိုးများဖြစ်လာခဲ့ကြသည်။ အနည်းဆုံးလူနှစ်ဦး သို့မဟုတ် လူများထံ သို့ ကျွန်ုပ်တို့ဟောပြောရမည့်တရားမှာ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုဟောပြောသည့်အခါတိုင်းတွင် တဲတော်တံခါး၏အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောတို့ဖြင့်ထင်ရှားသောကယ် တင်ခြင်းသမ္မာတရားကို ဟောပြောရမည် ဖြစ်သည်။ သခင်ယေရှု သည် မိမိကတိတော်အတိုင်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုပြည့် စုံစေတော်မူခဲ့သည်။ဤဖြောင့်မတ်ခြင်းမှာသခင်ယေရှုသည်ဤလော ကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိဇံယူကာ ကား တိုင်ပေါ်တွင်အသေခံတော်မူပြီး သေခြင်းမှရှင်ပြန်ထမြောက်လျက် ကောင်းကင်နိုင်ငံတော်သို့တက်ကြွတော်မူခြင်းအားဖြင့် မိမိယုံကြည် သူများအားကယ်တင်တော်မူခဲ့သည် အပြစ်များအားလုံးကိုဖယ်ရှား ပေးတော်မူခဲ့သည့်အကြောင်း ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်။ ကြားနာသောသူများသည် ကယ်တင်ခြင်းရရှိမည်ဖြစ်သောကြောင့် သူတို့သည် ဤသတင်း ကောင်းကိုယုံကြည်ရမည် ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သတင်း သည် ကျွန်ုပ်တို့အတွက် မည်မျှအရေးကြီးသည်ကို ကျွန်တော်မပြော နိုင်တော့ပေ။ ကြားနာသောသူများသည် ကယ်တင်ခြင်းသို့ရောက် စေသည့် သန့်ရှင်းသောဝိညာဥ်တော်၏လုပ်ဆောင်ချက်ဖြစ်သော ကြောင့် ဤအရာသည် စစ်မှန်သောသတင်းကောင်းဖြစ်ပါသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ ကျွန်ုပ်တို့၏ကယ်တင် ခြင်းဖြစ်သည်။ ပြစ်ကြွေးပေးဆပ်ကျေအေးစေခြင်းလည်းဖြစ်သည်။ ဘုရားသခင်သည်ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်ကျွန်ုပ် တို့အပြစ်များအားလုံးကို တစ်ကြိမ်တည်းဖယ်ရှားပေးတော်မူခဲ့သည်။ သခင်ယေရှုသည်ဗတ္တိဇံယောဟန်ထံမှရရှိသောဗတ္တိဇံအားဖြင့်ကျွန်ုပ် တို့များအားလုံးကိုယ်တော့်အပေါ်သို့လွှဲပြောင်းပေးသွားပြီဖြစ်သော ကြောင့် ကျွန်ုပ်တို့အပြစ်များအားလုံးပေးဆပ်ကျေအေးခြင်းအခွင့်ရရှိ ခြင်းဖြစ်ပါသည်။ ထို့ပြင် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအား လုံးကိုယူဆောင်သွားရုံမက ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူ၍ အသွေးတော်သွန်းလောင်းကာကျွန်ုပ်တို့ခံသင့်ခံထိုက်သောကျိန်ခြင်း အမင်္ဂလာအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ သခင်ယေရှု သည် ကျွန်ုပ်တို့အားလုံးအား အပြစ်များနှင့်ကျိန်ခြင်းများအားလုံးမှ ကယ်တင်တော်မူခဲ့ပြီး ဖြစ်ပါသည်။ ဤအရာသည် ဘုရားသခင်ယူ ဆောင်လာသောကယ်တင်ခြင်းနှင့်မေတ္တာတော်ပင် ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်းသမ္မာတရားကိုတိကျစွာ ယုံကြည်၍ယုံကြည်ခြင်းအားဖြင့်ဟောပြောသက်သေခံရရမည်။
သခင်ယေရှုသည် ကိုယ်တော့်ဖြောင့်မတ်ခြင်းကိုယုံကြည်သူ အားလုံးတို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကိုခံယူသောယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကျိန်း ဝပ်တော်မူရာဌာနသို့တိုးဝင်ချဥ်းကပ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျေးဇူးပလ္လင်တော်ရှေ့သို့ရက်၍ ဘုရားသခင်ထံတော်သို့ သခင်၏ ယဇ်ပူဇော်သောအသွေးတော်ကိုဆက်ကပ်သောအခါ ယုံကြည်ခြင်း အားဖြင့် တိုးဝင်ချဥ်းကပ်ရမည် ဖြစ်သည်။ ဘုရားသခင်ထံ “ကိုယ် တော်ဘုရား၊ ကိုယ်တော့်သားတော်သခင်ယေရှုခရစ်တော်၏အသွေး တော်ကကျွန်တော့်အပြစ်များမှကယ်တင်တော်မူခဲ့ပြီ”ဟုပြောရမည်။ ထိုနောက်မှ ဘုရားသခင် က “ဟုတ်ပါတယ်၊ ငါ မင်းကို ကယ်တင်ခဲ့ တယ်။ ငါ မင်းကိုအရမ်းချစ်တဲ့အတွက်ကြောင့်မင်းကို ငါကိုယ်တိုင် ကယ်တင်ခဲ့တယ်”ဟု မိန့်တော်မူလိမ့်မည်။ သခင်ယေရှုသည် ကျွန်ုပ် တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ၌ ယုံကြည်ခြင်းအားဖြင့် ချဥ်းကပ်သောသူအားလုံးအပေါ် ဘုရားသ ခင်သည် ကောင်းချီးမင်္ဂလာချပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့အပေါ် ၌ဖြစ်စေ၊ မိမိနှလုံးသားဖြင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို လက်ခံသောသူများအပေါ်၌ဖြစ်စေ ဘုရားသခင်သည် မိမိသားသမီး ဖြစ်ရသောအခွင့်ကိုပေးအပ်တော်မူခဲ့သည်။ ဘုရားသခင်သည်ကျွန်ုပ်  တို့အား ကျိန်ခြင်းအမင်္ဂလာအားလုံးမှလည်းကောင်း၊ အပြစ်ဒဏ် အားလုံးမှလည်းကောင်း၊ ပျက်စီးခြင်းအားလုံးမှလည်းကောင်းကယ် တင်တော်မူခဲ့ပြီး ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ် လုံးဝကင်းစင်သူ ယုံကြည်သူများဖြစ်စေတော်မူခဲ့၍ ထာဝရပျော်ရွှင် ခြင်းကိုလည်းချပေးတော်မူခဲ့သည်။ ဤအရာမှာ ဂရုဏာပလ္လင်၌ ထင်ရှားသောဘုရားသခင်၏ကျေးဇူးတော်ပင် ဖြစ်ပါသည်။ 
ဂရုဏာပလ္လင်တော်မှ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်သို့ ကယ်တင်ခြင်းကျေးဇူးတော်ကို ချပေးတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည် ခြင်းအားဖြင့် ကျေးဇူးတော်ပလ္လင်တော်ရှေ့သို့ တိုးဝင်ချဥ်းကပ်ရမည် ဖြစ်သည်။ သင်သည် မည်သို့ပင်အပြစ်ပြု၍ပျက်စီးနေရသော်လည်း သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့်ရှင်ပြန်မြောက်တော်မူခြင်း- တဲတော်တံခါး၏အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော ဖြင့်ထင်ရှားသည့်ကယ်တင်ခြင်းသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် သင့်အပြစ်များအားလုံးမှဖြေလွှတ်ခြင်းခံနိုင်ပါသည်။ ဘုရားသခင် တည်ထောင်တော်မူသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ် သည့်ကယ်တင်ခြင်းပညတ်တော်နှင့်အညီ ဤသို့ယုံကြည်ခြင်းအား ဖြင့်သင်သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဌာနသို့တိုးဝင်ချဥ်းကပ် နိုင်ပါသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်းအားဖြင့် သင်သည်ဘုရားသခင်ထံတော်သို့ချဥ်းကပ်ရမည်။ သခင်ယေရှုသည် အပြစ်သားအားလုံးကိုကယ်တင်တော်မူရန် ဤလောကသို့ကြွလာ တော်မူကြောင်းကိုလည်းကောင်း၊ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံ ခံယူ၍လူသားများ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်ကိုလည်းကောင်း၊သင့်ကိုယ်စားကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းအားဖြင့် အပြစ်အခပေးဆပ်တော်မူခဲ့သည်ကိုလည်း ကောင်း သင်ယုံကြည်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍သင့်အပြစ် များအားလုံးကိုယူ ဆောင်သွားတော်တော်မူသည်ကို သင်ယုံကြည်၍ ဘုရားသခင်ထံ “ကိုယ်တော်၊ ကျွန်တော့်အပြစ်များအားလုံးမှလွတ်မြောက်ရန်အ တွက်ကိုယ်တော်ပြုတော်မူသောအမှုအားလုံးကို ကျွန်တော်ယုံကြည်  ခဲ့ပါတယ်”ဟု ဝန်ခံပြောဆိုရမည် ဖြစ်သည်။ ဤယုံကြည်ခြင်းအား ဖြင့် သင်သည် ဘုရားသခင်ထံတော်သို့ချဥ်းကပ်သောအခါမှသာလျှင် ကယ်တင်ခြင်းခံစားရရှိပါလိမ့်မည်။ 
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်လိုသည် ဖြစ်စေ၊ အပြစ်များဖြေလွှတ်ခြင်းရရှိလိုသည်ဖြစ်စေ တဲတော်တံခါး ၏အပြာရောင်၊ ခရမ်းရောင်နှင့်အနီ‌ရောင်ပိတ်ချောဖြင့်ထင်ရှားသော ကယ်တင်ခြင်းသမ္မာတရားကို သင်ယုံကြည်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ သင်သည် ရေနှင့်ဝိညာဥ်‌တော်သတင်း ကောင်းကိုမှန်ကန်စွာသိရှိယုံကြည်မှသာလျှင် အပြစ်လွှတ်ခြင်းအခွင့် အမှန်ရရှိမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်တွေ့၍ကိုယ် တော့်ကောင်းကြီးမင်္ဂလာများကိုခံစားရရှိလိုသည်ဖြစ်စေ၊စစ်မှန်သော ပျော်ရွှင်ခြင်းကိုပိုင်ဆိုင်လိုသည်ဖြစ်စေ၊ ဘုရားသခင်ထံတော်သို့ပြန် လှည့်လာ၍ကိုယ်တော်နှင့်အတူ ကိုယ်တော်မေတ္တာခံစားသောသူ ဖြစ်လိုသည်ဖြစ်စေ၊ သင်သည် လောကအပြစ်များအလုံးမှသင့်ကို ကယ်တင်ခြင်းကယ်တင်ခြင်းကိုလည်းကောင်း၊ ဗတ္တိဇံယောဟန်ထံ မှခံယူသောဗတ္တိဇံအားဖြင့် လူသားများအားလုံးတို့၏အပြစ်များအား လုံးကိုကိုယ်တော်ယူဆောင်သွားတော်မူသည်ကို လည်းကောင်း၊ လောကအပြစ်များအားလုံးကိုထမ်းရွက်၍ ကားတိုင်ပေါ်သို့အသေခံ တော်မူသည်ကိုလည်းကောင်း၊ ထိုသို့အားဖြင့် သင့်အပြစ်များမှသင့် ကိုကယ်တင်တော်မူခဲ့သည်ကိုလည်းကောင်း သင်ယုံကြည်ရမည်ဖြစ် သည်။ ဤကယ်တင်ခြင်းသမ္မာတရားကိုသင်ယုံကြည်၍ဘုရားသခင် ၏ကယ်တင်ခြင်းကိုရရှိလျှင် သင်သည် မှန်ကန်သောလွှတ်မြောက် ခြင်းခံစားရရှိပါလိမ့်မည်။ သင်သည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုဟောပြောသောအခါတိုင်းတွင် ဤအချက်ကို အောက်မေ့ သတိရခြင်းသည် အလွန်အရေးကြီးသည်။ 
ကျမ်းစာထဲတွင် ရေနှင့်ဝိညာဥ်‌တော်သတင်းကောင်းသည် စစ် မှန်သောသတင်းကောင်းဖြစ်သည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ တဲတော်တွင်ရှိသောရှေ့တော်တင်ရာမုန့်စားပွဲခုံကို ကြည့်လိုက်ပါ။ ရှေ့တော်တင်ရာမုန့်စားပွဲခုံသည် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သည်။ဤကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်တွင်ဖော်ပြထား သည့်အတိုင်းရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို သင့်နှလုံးသား ဖြင့်ယုံကြည်မှသာလျှင် အပြစ်များဖြေလွှတ်ခြင်းအခွင့် ရရှိလိမ့်မည်။ 
ယနေ့“နာမည်ကျော်တရားဟောဆရာများ”က ကယ်တင်ခြင်း အကြောင်းကို မည်သို့ဟောပြောကြသနည်း။ သူတို့က သခင်ယေရှု ကိုကယ်တင်ရှင်အဖြစ်ယုံကြည်သူတိုင်းကယ်တင်ခြင်း ရရှိနိုင်သည် ဟု ကြွေးကြော်ြကသည်။ ကားတိုင်ပေါ်တွင်သခင်ယေရှု၏အသွေး တော်ကိုယုံကြည်သောသူများအားလုံးသည် ကယ်တင်ခြင်းရရှိသည် ဟု ပြောကြသည်။ သို့သော် သင်သည် သခင်ယေရှုကို ဤကဲ့သို့ မ စဥ်းစားမဆင်ခြင်းဘဲယုံကြည်ပါက သင့်ဘဝတွင်ကျူးလွန်ခဲ့သော အပြစ်တစုံတခုမှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပေ။ ယနေ့ခရစ် ယာန်များ၏ကြီးမားသောအဓိကပြဿနာမှာ သူတို့စိတ်နှလုံးသားထဲ တွင် အပြစ်များအားလုံးကျန်ရစ်နေခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန် ထံမှသခင်ယေရှုခံယူသောဗတ္တိဇံကိုချန်ထား၍ သခင်ယေရှုကိုမှား ယွင်းစွာယုံကြည်သောခရစ်ယာန်များသည် သူတို့နှလုံးသားထဲတွင် အပြစ်များစွာ အပြည့်ရှိနေသေးသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့သည် မိမိအပြစ်များကို သခင်ယေရှုခရစ်တော်ထံသို့ လွှဲပြောင်း ခြင်းမပြုကြသောကြောင့် ဖြစ်သည်။ သူတို့သည် သခင်ယေရှုကိုစိတ် အားထက်သန်စွာယုံကြည်ခဲ့ကြသော်လည်း သူတို့နှလုံးသားထဲတွင် ရှိသောအပြစ်များ ဖြေရှင်းခြင်းမရှိကြပေ။ သူတို့သည် ကားတိုင်ပေါ် တွင်သွန်းလောင်းသောသခင်ယေရှုအသွေးတော်ကို ယုံကြည်ကြ သော်လည်း သူတို့၏ဝိညာဥ်ရေးရာအခြေအနေပြောင်းလဲတိုးတက်မှ မရှိကြပေ။ အကြောင်းမှာ သူတို့သည် တဲတော်တံခါး၌အပြာရောင် ပိတ်ချောကို၌ထင်ရှားသောကယ်တင်ခြင်းသမ္မာတရားကို မသိကြ သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူတို့သည် မှားယွင်း သောခရစ်ယာန်များဖြစ်ရခြင်းအကြောင်းမှာ ဗတ္တိဇံယောဟန်မှသ ခင်ယေရှုခံယူသော ဗတ္တိဇံ၏အဓိပ္ပါယ်ကိုနားမလည်ခြင်း၊ သတို့၏ နှလုံးသားထဲတွင် အပြစ်ဒုစရိုက်ကျန်ရစ်ခြင်းနှင့်အပြစ်သားဘဝဖြင့် ဆက်လက်အသက်ရှင်နေသေးသောကြောင့် ဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ရေ၊အသွေး နှင့်ဝိညာဥ်တော်အားဖြင့် ဖယ်ရှားပေးတော်မူပြီဖြစ်သောကြောင့် ဖြစ်သည် (၁ယော ၅း၆-၈)။ဘုရားသခင်၏သမ္မာတရားနှုတ်ကပတ် တော်အားဖြင့် ဘုရားသခင်သည် မိမိကတိတော်ကိုပြည့်စုံစေတော် မူခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အား ငြင်းဆိုဖွယ်မရှိ အ တည့်အလင်းကယ်တင်တော်မူခဲ့သည်။ တစ်နည်းအားဖြင့် တဲတော် တံခါး၏အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော၌ထင်ရှား သည့်ရေ၊အသွေးနှင့်ဝိညာဥ်အားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ သန့်ရှင်းသောဝိညာဥ် တော်သည် ဘုရားဖြစ်တော်မူသည်။ သန့်ရှင်းသောဝိညာဥ်တော်၏ သက်သေခံချက်မှာ သခင်ယေရှုသည် စစ်မှန်သောဘုရားဖြစ်၍လူ သားဖြစ်တော်မူခြင်း၊ ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံယူခြင်းနှင့် ကျွန်ုပ် တို့ကိုယ်စား အပြစ်များအတွက်ပြစ်ကြွေးပေးဆပ်ရန် ကားတိုင်ပေါ် တွင်အသွေးတော်သွန်းလောင်းတော်မူခြင်းတို့ ဖြစ်ပါသည်။ သခင် ယေရှုသည်ဤသို့ဖြင့် ကျွန်ုပ်တို့အားလုံးကို ကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည်ရေနှင့်ဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့ကိုအပြစ်များ  အားလုံးမှကယ်တင်တော်မူခဲ့ပြီးဖြစ်သော်လည်း များစွာသောခရစ် ယာန်များသည်သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ်စိတ်အားထက် သန်စွာယုံကြည်ခဲ့ကြသော်လည်း ဗတ္တိဇံယောဟန်ထံမှသခင်ယေရှု ခံယူသောဗတ္တိဇံကိုချန်ထားသောကြောင့် သခင်ယေရှုကို မိုက်မိုက် ကန်းကန်းယုံကြည်ခြင်းသာ ဖြစ်ပါသည်။ 
ထိုကြောင့်တမန်တော်ရှင်ပေါလုကဲ့သို့ သခင်ယေရှုကို ရေနှင့် ဝိညာဥ်တော်သတင်းကောင်းနှင့်အညီယုံကြည်၍ကျမ်းစာဖော်ပြထား သည့်အတိုင်း ယုံကြည်ခြင်းအားဖြင့် ဤအကြောင်းကို လူတိုင်းထံ ဟောပြောရမည် ဖြစ်သည်။ ရှင်ပေါလုက ၁ ကော ၁၅း၃-၄ တွင် “ငါ သည်ကိုယ်တိုင်ခံယူသည်အတိုင်း၊သင်တို့အားရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာ သည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏” ဟု ဖော်ပြထားသည်။ ရှင်ပေါလုက  “ခရစ်တော်သည်ကျမ်းစာလာသည် အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏” ဖော်ပြသောအခါ “ကျမ်းစာ”စကားလုံးသည် ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းထားသည်။ အကြောင်းမှာ ထိုအချိန်တွင် ဓမ္မသစ်ကျမ်းစာရေးသားထားခြင်းမရှိ သေးသောကြောင့် ဖြစ်ပါသည်။ ထိုနောက် ရှင်ပေါလုက သခင်ယေရှု သည် ဓမ္မဟောင်းကျမ်းယဇ်ပူဇော်ခြင်းနှင့်အညီ သခင်ယေရှုခရစ် တော်သည် လောကအပြစ်များအားလုံးအတွက် ပြစ်ကြွေးပေးဆပ် တော်မူခဲ့သည်ဟုမိန့်ဆိုထားသည်။ ထိုသို့မိန့်ဆိုထားသည့်အကြောင်း မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံကာ အသွေးတော်သွန်းလောင်းမူသော ကြောင့် ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးကိုယူဆောင်သွားတော်မူသဖြင့် ကားတိုင်ပေါ်တွင်အသေခံ ကာ ထိုကားတိုင်ပေါ်တွင် အပြစ်ကြွေးအားလုံးပေးဆပ်ကျေအေးစေ တော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်သည် ဤလောက သို့ကြွလာတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူ ခဲ့သည်။ ထိုကြောင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် သူအားလုံးအပေါ်သို့ ဘုရားသခင်က အပြစ်လွှတ်ခြင်းအခွင့်ပေးအပ် တော်မူခဲ့ခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံ ကြည်သူများအားလုံးအပေါ်သို့ ထာဝရကယ်တင်ခြင်းသက်ရောက်ခဲ့ ပြီး ဖြစ်ပါသည်။ 
ဟာလေလုယာ။