Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-28] ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအတွက် တန်ဆာဆင်သောဘူးသီးများ (ထွက် ၂၅း၃၁-၄၀)

ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအတွက် တန်ဆာဆင်သောဘူးသီးများ
(ထွက် ၂၅း၃၁-၄၀)
“မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။ မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ ရမည်။ မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက် တလက်၌ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့် ပုံတူသောခွက်သုံးခွက် ရှိရမည်။မီးခုံတိုင်၌လည်းဘူးကြာပွင့်နှင့် တကွ၊ဗာတံသီးနှင့် ပုံတူ သောခွက်လေးခွက် ရှိရမည်။မီးခုံတိုင်ထဲကထွက်သော အလက် ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်းဘူး သီးတလုံးစီ ရှိရမည်။ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ် တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည်။ မီး ခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကို လင်းစေခြင်းငှာ ထိုမီး ခွက်ကို ထွန်းရမည်။ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက် တဆယ်နှင့် လုပ်ရမည်။ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။”
 

ဤကျမ်းချက်က တဲတော်၏မီးခုံကိုဖော်ပြခဲ့သည်။ ယနေ့၎င်း၏ တန်ဆာဆင်သောဘူးသီးများ၊ကြာပွင့်များနှင့်မီးခုံများ၏ဝိညာဥ်ရေးရာအဓိပ္ပါယ်ကိုရှင်းပြလိုပါသည်။ ဘုရားသခင်ကမောရှေအားရှေးဉီး စွာ ရွှေတစ်လုံးထဲကချွန်ထက်သောမီးခုံတစ်ခုံပြုလုပ်ရန် မိန့်မှာတော် မူခဲ့သည်။ ထိုကြောင့် တံရိုးကိုရှေ့ဦးစွာ ပုံသွင်းရမည်။ ထို့နောက်ဤ တံရိုးလက်များကို တူဖြင့်ထုရမည်။ မီးခုံတစ်ဘက်စီတိုင်းမှ အလက် သုံးလက်ထွက်လာခဲ့သည်။ လက်တစ်ခုစီတိုင်းတွင် ဘူးသီးပွင့်ကဲ့သို့ ခွက်သုံးခွက်ပြုလုပ်ရမည်။ ထိုနောက် တန်ဆာဆင်သောဘူးသီးများ နှင့်ကြာပွင့်များကိုပြုလုပ်ရမည်။ ဤကဲ့သို့ အလက်များ၏ထိပ်ဖျား တွင်မီးခုံခုနစ်ခုံစီချထားခဲ့သည်။ ညှိထွန်းနိုင်ရန်အတွက် ဤမီးခုံခုနစ် ခုံထဲတွင် ဆီထည့်ထားသည်။ ထိုကြောင့် မီးခုံသည် သန့်ရှင်းရာဌာန အတွင်းနှင့်၎င်း၏အသုံးအဆောင် ပစ္စည်းများအားလုံးအားအလင်းကို တောက်ပစွာပေးသည်။ 
ကောင်းကင်နိုင်ငံတော်၏ရှင်ဘုရင်၊ သခင်ယေရှုသည် သင်နှင့် ကျွန်တော်တို့အတွက် ဤလောကသို့ကြွလာတော်မူ၍ နှိမ့်ချစွာဖြင့် လူ့ဇာတိကိုခံယူတော်မူခဲ့သည်။ သခင်ယေရှုသည် ဤလောကတွင် အပြာရောင်နှင့်အနီရောင်ပိတ်ချော၌ထင်ရှားသောကယ်တင်ခြင်းအ မှုများကို ယူဆောင်တော်မူခဲ့သည်။ဤလောကသို့မွေးဖွားခြင်းခံရ သောသခင်ယေရှုခရစ်တော်အားဖြင့်လည်းကောင်း၊ မိမိအသက် ၃၀ စေ့သောအခါ ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့်လည်းကောင်း ဤကယ်တင်ခြင်းအမှုများပြည့်စုံစေ တော်မူခဲ့ပြီးနောက် ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းခံတော်မူခဲ့ သည်။ လက်တင်ခြင်းပုံစံအားဖြင့် “ယခု” ဗတ္တိဇံခံခြင်းအားဖြင့် လူ သားများ၏အပြစ်များအားလုံးကို သခင်ယေရှုယူဆောင်သွားတော်မူ ခဲ့သည်(မဿဲ ၃း၁၅)။ လူ့ဇာတိခံယူ‌တော်မူသောသခင်ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် လူသား၏အပြစ်များအားလုံးကိုယူဆောင်သွား တော်မူခဲ့သောကြောင့်  ကားစင်တင်အသတ်ခံ၍အသွေးတော်သွန်း လောင်းတော်မူခြင်း ဖြစ်သည်။ အပြာရောင်နှင့်အနီရောင်ပိတ်ချော၌ ထင်ရှားသောကယ်တင်ခြင်းတာဝန်များကိုယူဆောင်တော်မူခဲ့သည်။ ဤအရာသည် ဘုရားသခင်၏အသင်းတော်ချထားသော အခြေခံ အုတ်မြစ်သမ္မာတရားဖြစ်သည်။ သခင်ယေရှုသည် အသင်းတော်၏ တန်ဆာဆင်ထားသောဘူးသီး ဖြစ်လာတော်မူခဲ့သည်။ ဘုရားသခင် သည် အပြစ်များလွှတ်ခြင်းခံရသောသင်နှင့်ကျွန်တော်တို့အတွက် ကယ်တင်ခြင်းအခြေခံအုတ်မြစ်ဖြစ်လာခဲ့သည်။ ထိုကြောင့် အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော၌ထင်ရှားသောကယ်တင် ခြင်းအမှုများဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ သခင်ယေရှုကယ် တင်တော်မူခဲ့သည်ဟုယုံကြည်ခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ သည် ဘုရားသခင်၏အသင်းတော်တွင် သင်းဝင်သူများဖြစ်လာနိုင် ကြခြင်းဖြစ်သည်။ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်ကျွန်ုပ် တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုလွှမ်းခြုံကြသည်။ ထို ကြောင့် “အသင်းတော်”စကားလုံးမှာ ဂရိဘာသာစကားအားဖြင့် “έκκλησία” (Ekklesia)ဖြစ်၍ အဓိပ္ပါယ်မှာ “အပြစ်ဒုစရိုက်ဖြင့်ပြည့် နှက်နေ‌သော လောကမှခေါ်ဖိတ်ခြင်းခံသေသူများ၏စုရုံးခြင်း” ဖြစ် သည်။ 
သခင်ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင် အပြစ်မှကယ် တင်တော်မူခြင်းအားဖြင့် ဤကမ္ဘာပေါ်တွင်ရှိသောလူများကို အပြစ် မှကယ်တော်မူနိုင်သည်။ကိုယ်တော်သည် ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းဖြင့်ကြွ လာတော်မူ၍ အပြစ်သားများအားလုံး၏အပြစ် ဒုစရိုက်များကိုဆေးကြောသန့်စင်‌စေတော်မူသော သခင်ယေရှုဖြစ် သည်။သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ခြင်းရရှိ၍ ပြည့်စုံသောဖြောင့်မတ် သူများဖြစ်လာနိုင်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြောင့် မတ်သူများဖြစ်စေတော်မူသည်အကြောင်းမှာ အပြာရောင်နှင့်အနီ ရောင်ပိတ်ချော၌ထင်ရှားသော ကိုယ်တော်ပြည့်စုံစေတော်မူသည့် ကယ်တင်ခြင်းလုပ်ငန်းများနှင့် ကိုယ်တော်သည်ဤလောကသို့ကြွ လာတော်မူသည်ဟူသောသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့်ဖြစ်ပါ သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောဖြင့်ထင်ရှား သောယုံကြည်ခြင်းမှာ ဤအရာဖြစ်သည်။ 
သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူ၍ ယောဟန် ထံမှဗတ္တိဇံခံယူခြင်းအားဖြင့်ကျွန်ုပ်တို့ အပြစ်များအားလုံးယူဆောင် သွားတော်မူခဲ့သည်(မဿဲ၃း၁၃-၁၇)။ ဤအရာမှာ အပြာရောင်၊ခရမ်း ရောင်နှင့်အနီရောင်ပိတ်ချောဖြင့်ထင်ရှားသော သမ္မာတရားနှင့်ယုံ ကြည်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံ ခံတော်မူခဲ့ပြီးနောက် ကားတိုင်ပေါ်တွင် လောကအပြစ်များအတွက် အသေခံတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို တစ်ကြိမ် ဖယ်ရှားခြင်းဖြင့် ထာဝရဖယ်ရှားပေး တော်မူခဲ့သည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့အပြစ်များများအားလုံး ကိုယူဆောင်သွားတော်မူသောသခင်ယေရှုက ကျွန်ုပ်တို့အားပြစ်များ အားလုံးမှ ရွေးနုတ်တော်မူခဲ့သည်။ ဤနည်းအားဖြင့် အပြာရောင်၊ခ ရမ်းရောင်နှင့်အနီရောင်ချည်ထည်၌ထင်ရှားသောကယ်တင်ခြင်းလုပ် ငန်းများအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား လောကအပြစ် များအားလုံးမှကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့အတွက် စစ်မှန် သောကယ်တင်ခြင်းယုံကြည်မှုအဓိပ္ပါယ်မှာ ဤသမ္မာတရားကိုမှန် ကန်စွာသိရှိယုံကြည်ခြင်းပင် ဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးမှကယ်တင်ခြင်းရရှိခဲ့သောကြောင့်အပြစ်မှ ကယ်တင်ခြင်းသည် ဘုရားသခင်၏ဆုကျေးဇူးတစ်ပါးဖြစ်သည်။ ဤသို့အားဖြင့်၊ ကမ္ဘာမ တည်မရှိမီအချိန်ကတည်းက ကျွန်ုပ်တို့ကယ်တင်ခြင်းသည် သခင် ယေရှုခရစ်တော်၌ ကိုယ်တော်ခံယူသောဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် ရှိသောအသွေးတော်အားဖြင့် ကြိုတင်ပြင်ဆင်‌ထားခြင်း ဖြစ်သည်။ ဤကမ္ဘာမဖန်ဆင်းမီအချိန်ကတည်းက၊ လူသားများ၏ဘိုးဘွားများ ဖြစ်ကြသော အာဒံနှင့်ဧဝတို့မဖန်ဆင်းမီအချိန်ကတည်းက ခမည်း တော်ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့်အကြံအစည် ချထားတော်မူ၍ ရေနှင့်ဝိညာဥ်တော်ကယ်တင်ခြင်းသတင်းကောင်း အားဖြင့် အပြစ်သားများကို အပြစ်ဒုစရိုက်မှကယ်တင်ရန်အကြံအ စည်ရှိတော်မူခဲ့သည်။ အချိန်ရောက်လာသောအခါ ကိုယ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ဘုရားသခင်၏အကြံအစည်တော်များ ပြည့်စုံစေတော်မူခဲ့သည်။ လူသားများကိုဖန်ဆင်းတော်မူသောဘုရား သခင်သည် မိမိကတိတော်အတိုင်း လူသားများအားလုံး၏အပြစ်များ မှလွှတ်မြောက်ခြင်းအမှုပြုလုပ်တော်မူခဲ့ပြီး ဖြစ်ပါသည်။ ဘုရားသ ခင်၏ကတိတော်များအားလုံးကို ယောဟန်ထံမှသခင်ယေရှုခရစ် တော်၏ဗတ္တိဇံခံယူတော်မူခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူ ခြင်းတို့ဖြင့် ပြည့်စုံခဲ့ပြီး ဖြစ်ပါသည်။ ဤအ‌ရာကို ယုံကြည်သူအား လုံးတို့အပေါ်သို့ ဘုရားသခင်သည် လောကလူသားအားလုံး၏အပြစ် များအားလုံးမှရွေးနုတ်သောကယ်တင်ခြင်းဆု‌ကျေးဇူးကို ပေးအပ် တော်မူ၍ သူတို့ကို အပြစ်များဖြေလွှတ်ခြင်းအခွင့်ရရှိစေကာ ထာဝရ အသက်ပေးအပ်တော်မူခဲ့သည်။ ဤသမ္မာတရားကိုယုံကြည်သောသူ များသည် ဘုရားသခင်၏လူများအဖြစ် ဘုရားသခင်က ပြည့်စုံစွာ ကယ်တင် တော်မူခဲ့သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ပိတ်ချော၌ထင်ရှားသောကယ်တင်ခြင်းသမ္မာတရားမှာ ဤသမ္မာတ ရားပင် ဖြစ်ပါသည်။ 
 


ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ မီးခုံ၏ တံရိုးဖြစ်သည်


သခင်ယေရှုသည် ကယ်တင်ခြင်း၏အခြေခံအုတ်မြစ်ဖြစ်တော် မူသည်။ လူသားများအားလုံး၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လို အပ်သောအုတ်မြစ်ဖြစ်တော်မူသည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်တော်မူခဲ့သည်။ ဘုရားသခင်၏မီးခုံမှာ ဘူးသီး ပွင့်များကဲ့သို့ခွက်များ၊ တန်ဆာဆင်ထားသောဘူးသီးများနှင့်ကြာပွင့် များရှိသည်။ ၎င်းမှာ တံရိုးတစ်ချောင်းရှိသည်။ သခင်ယေရှုခရစ်တော် သည် ကယ်တင်ခြင်း၏ပန်းပွင့်ဖြစ်တော်မူသည်။ သခင်ယေရှုခရစ် တော်၏သမ္မာတရားသည် ပန်းပွင့်ဖြစ်ပါက မည်သူသည် တန်ဆာ ဆင်သောဘူးသီးများဖြစ်လိမ့်မည်နည်း။ ဘုရားသခင်၏အစေခံများ နှင့် အပြစ်များမှဖြေလွှတ်ခြင်းခံရသောသူများအားလုံးဖြစ်ပါသည်။ တစ်နည်းအားဖြင့်၊ ပန်းမှာ သခင်ယေရှုခရစ်တော်ဖြစ်၍ ကျွန်ုပ်တို့ သည် အပွင့်ဖြင့်ပြည့်သောပန်းများကို ထောက်ပံ့ပေးသော တန်ဆာ ဆင်ထားသည့်ဘူးသီးများဖြစ်ကြပါသည်။ 
ကျွန်ုပ်တို့အပြစ်များမှကယ်တင်တော်မူပြီးနောက် သခင်ယေရှု သည်သတင်းကောင်းတန်ဆာဆင်သောဘူးသီးများကို ကျွန်ုပ်တို့အား လုံးအားချပေးတော်မူခဲ့သည်။ ဤသမ္မာတရားကိုသိရှိယုံကြည်ပါသ လား။ သင်းအုပ်ဆရာများ၊ သင်းထောက်လူကြီးများနှင့်ညီအစ်ကို၊ မောင်နှမများအားလုံးတို့သည် တန်ဆာဆင်ထားသောဘူးသီးများ ဖြစ်ကြပါသည်။ အပြစ်များလွှတ်ခြင်းခံရသောသူများသည် ဆန်ဆာ ဆင်ထားသောဘူးသီးများဖြစ်ကြသည်။ဘုရားသခင်က အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်ဖြင့် ကယ်တင်ခြင်းတံရိုးကိုချပေး တော်မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည် ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းဖြင့် ကျွန်ုပ်တို့ကိုကယ်တင်တော်မူ၍ ပွင့်နေသောသ တင်းကောင်း၏ပန်းများထောက်ပံ့ပေးသော တန်ဆာဆင်သည့်ဘူး သီးများဖြစ်စေတော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် တန်ဆာဆင် သောဘူးသီးများဖြစ်လာသောအခါမှသာလျှင် အပြစ်သားများသည်မိ မိအပြစ်များမှကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ခြားနားမှုတစ်ခု မှာ အရွယ်အစား ဖြစ်သည်။ အချို့သောတန်ဆာဆင်ဘူးသီးများမှာ ကြီး၍အချို့မှာသေးငယ်သည်။ သို့သော် ကျွန်ုပ်တို့အားလုံးတို့သည် မပြောင်းလဲသောသတင်းကောင်းအတွက် တန်ဆာဆင်သောဘူးသီး များဖြစ်ကြပါသည်။ 
စာတန်မာရ်နတ်သည် ဘုရားသခင်ကိုဆန့်ကျင်ဘက်ပြုသဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှလွတ်မြောက်ခြင်းမခံရလေအောင်သူ သည်ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို မယုံကြည်ရန်အတွက် တားဆီးပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။သို့သော် မုန်တိုင်းကျရောက်ပြီး နောက် ပန်းများသည် ပျက်စီးသောမြေကြီးထဲက ပွင့်နေသကဲ့သို့ ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ်သော ကယ်တင်ခြင်းသတင်း ကောင်းကိုကြားနာခြင်းအားဖြင့် အပြစ်သားများသည် အပြစ်မှကယ် နုတ်ခြင်းခံနိုင်ပါသည်။ ဘုရားသခင်သည် ပျောက်ဆုံးသောဝိညာဥ် များအားအပြစ်မှကယ်တင်ရန်အလိုတော်ရှိသည်။ တစ်နည်းအားဖြင့်၊ ကိုယ်တော်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို တစ်ကမ္ဘာ လုံးသို့ဖြန့်ချီရန် အလိုတော်ရှိသည်။ ထိုကြောင့် ဘုရားသခင်၏အ သင်းတော်သည် တူညီသောရည်ရွယ်ချက်အတွက် အလုပ်လုပ်နေရ ခြင်း ဖြစ်သည်။ 
အမှုတော်ဆောင်များသည် မိမိကိုယ်ကိုအသင်းတော်၏တန် ဆာဆင်ထားသောဘူးသီးများအဖြစ် မိမိအသင်းတော်များကိုအစေမ ခံသောအခါ ဤသို့သောအသင်းတော်များသည် ကယ်တင်ခြင်းအသီး ကို သီးနိုင်ရန်အတွက် အလွန်ခက်ခဲသည်။ ထိုကြောင့် အမှုတော် ဆောင်များသည် မိမိအသင်းသူ/သားများအားဖြင့် ကယ်တင်ခြင်းခံရ ရန် ကြိုးပမ်းသောအခါ သူသည် လှပသောကယ်တင်ခြင်းသတင်း ကောင်းကိုထောက်ခံအားပေးသူမဟုတ်ဘဲ သတင်းကောင်းကိုတား ဆီးနှောင့်ယှက်သူဖြစ်ပါသည်။
စာတန်မာရ်နတ်လာရခြင်းပထမအချက်မှာ ကျွန်ုပ်တို့ဘဝကို ဖျက်စီးရန်နှင့်သတ်ဖြတ်ရန်အတွက် ဖြစ်သည်။ သို့သော် သခင်ယေရှု က မိမိသိုးများအား ပြည့်စုံကြွယ်ဝသောအသက်တာကိုပေးအပ်တော် မူခဲ့၍(ယော ၁၀း၁၀) ရှိသမျှစွန့်တော်မူခြင်းအားဖြင့် အစေခံတော်မူ ခဲ့သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကျယ် ပြန့်ဖို့ရန်အတွက် မည်သို့ပင် အခက်အခဲကြုံတွေ့နေပါစေ ချီတုံချတုံ မပြုဘဲ အားတက်သရောလုပ်ဆောင်ရမည် ဖြစ်သည်။ ဤသို့သော အတွေးအခေါ်များက ကျွန်ုပ်တို့အား ကယ်တင်ခြင်းအတွက် တန် ဆာဆင်ထားသောဘူးသီးများဖြစ်စေနိုင်သည်။ သင်းအုပ်ဆရာများ အတွက်အသင့်တော်ဆုံးသောလုပ်ငန်းမှ သတင်းကောင်းဟောပြော ခြင်း ဖြစ်သည်။ သတင်းကောင်းအတွက်လုပ်ဆောင်သောသင်းအုပ် ဆရာများသည် နေပူကျဲကျဲအောက်တွင် အတပ်အမှန်အလုပ်လုပ် သောအစေခံများဖြစ်ကြသည်။ သူတို့သည် နေပူကျဲကျဲအောက်တွင် တန်ဆာဆင်သောဘူးသီးများ၏အခန်းကဏ္ဌကိုပြည့်စုံစေခြင်းအား ဖြင့် ပျောက်ဆုံးဝိညာဥ်တစ်ပါးသည် ကယ်တင်ခြင်းခံရပါက သူတို့ သည် တစ်သက်လုံးဤသို့လုပ်ဆောင်ကြပါလိမ့်မည်။ အမှုတော် ဆောင်များသည် ဘုရားသခင်၏သတင်းကောင်းပန်းဖူးပွင့်စေရန် အတွက် လိုလိုလားလားဖြင့်လုပ်ဆောင်လိုသည့်ယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်သောသူများဖြစ်ကြပါသည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းအား ဖူးပွင့်တစ်ပွင့်မြင်တွေ့နိုင်ရန်အတွက် မည်မျှကြိုးပမ်း၍ ပေးဆပ်ရမည်ကို သင်နားလည်သဘောပေါက်ရန် လိုအပ်သည်။ သင်နှင့်ကျွန်တော်တို့သည်အပြစ်များဖြေလွှတ်ခြင်းခံစားရရှိနိုင်သည့် အကြောင်းမှာ ယုံကြည်ခြင်းအားဖြင့် မာတုရအသေခံသူ ဘိုးဘေးတို့ ၏နှုတ်ကပတ်တော်သမ္မာတရား ကာကွယ်စောင့်ထိန်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
တဲတော်တွင်ရှိသောမီးခုံခုနစ်ခုတို့သည် ဘုရားသခင်၏တန်ဖိုး ကြီးသောဆီများသွန်းလောင်းသည့်နေရာဖြစ်သည်။ ရေနှင့်ဝိညာဥ် ‌တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤ တန်ဖိုးကြီးသောဆီကိုလက်ခံရရှိနိုင်၍သုံးဆောင်နိုင်ကြသည်။ ဘု ရားသခင်၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း တန်ဆာဆင်ထားသောဘူးသီးများဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့ သည် သတင်းကောင်းအတွက်အစေခံသောအခါ လုပ်ဆောင်စရာ များစွာရှိသည်ကို နားလည်သဘောပေါက်ရမည်။ တစ်ခုမှအခြားတစ် ခု၊ လုပ်ဆောင်စရာများစွာတို့သည် ကုန်ဆုံးခြင်းမရှိနိုင်ပေ။ သတင်း ကောင်းစာအုပ်များထုတ်ဝေဖြန့်ချီခြင်း၊ နှုတ်ကပတ်တော်ဟောပြော သောအမှုတော်ဆောင်များအတွက် လုံလောက်သောရံပုံငွေရှာဖွေ ပေးခြင်း၊ သူတို့ညီအစ်ကိုမောင်နှမများအတွက် ဆုတောင်းပေးခြင်း နှင့်လမ်းပြပို့ဆောင်ပေးခြင်း၊ ညီအစ်ကိုမောင်နှမများအားဘုရားကို အစေခံနိုင်ရန် လမ်းပြပေးခြင်းစသည်ဖြင့် သတင်းကောင်းကိုအစေခံ ရာတွင် တန်ဆာဆင်ထားသောဘူးသီး၏အခန်းကဏ္ဌပြည့်စုံစေရန် လုပ်ဆောင်စရာမြောက်များစွာရှိသည်။ ဘုရားသခင်သည် ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းပန်းဖူးပွင့်ရန်အတွက်တန်ဆာဆင်ထား သောဘူးသီးများအဖြစ် ဖြောင့်မတ်သောကျွန်ုပ်တို့အားအသုံးပြုတော် မူသည် သင်မေ့လိမ့်မည်မဟုတ်ဟု ကျွန်တော်မြော်လင့်မိပါသည်။ 
 

ယုံကြည်သူအသစ်များကိုပြုစုပျိုးထောင်ခြင်းသည် ဘုရားအမှုလုပ်ဆောင်ခြင်းဖြစ်သည်

ဘုရားသခင်၏အသင်းတော်တွင် ချစ်စရာအကောင်းဆုံးနှင့်စိုး ရိမ်စရာအကောင်းဆုံးမှာ မကြာသေးမီက အပြစ်များဖြေလွှတ်ခြင်းခံ ရသော ငယ်ရွယ်သောညီအစ်ကိုမောင်နှမများဖြစ်ကြပါသည်။ သူတို့ ရှေ့မှာ သင်းအုပ်ဆရာများပင်လျှင် နှိမ့်ချ၍ ဝိညာဥ်ရေးရာ၌သူတို့ နားလည်သဘောပေါက်နိုင်သောအဆင့်ဖြင့် စေ့စပ်သင်ကြားပေးရ မည်။ အကြောင်းမှာသူတို့သည် အပြစ်များဖြေလွှတ်ခြင်းခံရကြသော် လည်း သူတို့၏တရားစီရင်ခြင်းစံချိန်မှာ ဇာတိပေါ်တွင်သာအခြေပြု ထားသောကြောင့် ဖြစ်သည်။ ထိုကြောင့်၊ ရှေးဦးစွာယုံကြည်ခဲ့သူအ ရင်ကျသောယုံကြည်သူများသည် ငယ်ရွယ်သောယုံကြည်သူများက မိမိခြေရာခံနောက်သို့လိုက်လျှောက်သောသူများအတွက် တန်ဆာ ဆင်ထားသောဘူးသီးများဖြစ်ရမည် ဖြစ်သည်။ သူတို့သည် ယုံကြည် သူအသစ်များအားအစေခံရမည်ဖြစ်သည်။ သို့မှသာ ဤယုံကြည်သူ အသစ်များသည်လည်း ယုံကြည်ခြင်း၌ကြီးထွားရင့်ကျက်သောအခါ သူတို့သည် ယုံကြည်ခြင်း၌နုနယ်နေသည့်အချိန်တွင် ပြုစုပျိုးထောင် ပေးခြင်းခံရကြောင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ သူတို့ အပေါ်သို့သက်ရောက်သောအကြင်နာတရားအတွက် သူတို့သည် ကျေးဇူးသိကြလိမ့်မည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် အသင်း တော်တွင်ရှိသောယုံကြည်သူအသစ်များအပေါ်သို့ ဤအကြင်နာတ ရားကို ပြန်၍အသုံးပြုကြပါလိမ့်မည်။ 
သို့သော် သူတို့အား အခြေအနေမဲ့ကြင်နာမှုဖြင့် မဆက်ဆံသင့် ပေ။ လူတစ်ယောက်အပေါ် ဇာတိသဘောဖြေင့်အခြေအနေမဲ့ကြင် နာခြင်းသည် ဤပုဂ္ဂိုလ်၏ဝိညာဥ်ရေးရာတိုးတက်ရန်နှင့်အောင်မြင် ရန်အတွက်မရှိမဖြစ်လိုအပ်သောအရာမဟုတ်ပေ။လူများအားဝိညာဥ် ရေးရာကောင်းမွန်ရန်ဦးဆောင်သောနည်းလမ်းမှာ ယုံကြည်ခြင်းအား ဖြင့် သူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီအသက်ရှင်ရန်လမ်း ပြခြင်း ဖြစ်သည်။ အကယ်၍သင်သည် ဇာတိပကတိအားဖြင့် မိုက် ကန်းစွာ ကူညီလျှင် သူတို့၏ဝိညာဥ်ရေးရာတိုးတက်ရန်ကူညီခြင်းမ ဟုတ်ဘဲ သူတို့ကို အမှန်ဖျက်စီးနေခြင်းသာဖြစ်သည်။ ညီအစ်ကို မောင်နှမအချို့တို့သည် ဘုရားကျောင်းကို ဘာကြောင့် စွန့်ခွါသွား သည်ကို သင်သိသလော။ သူတို့ကို ဝိညာဥ်ရေးရာသို့ယုံကြည်ခြင်း အားဖြင့် လမ်းပြပို့ဆောင်သောသူမရှိသောကြောင့် အသင်းတော်ကို စွန့်ခွါရခြင်း ဖြစ်သည်။ ရွှေစင်ဖြင့်ထုလုပ်ထားသောမီးခုံများနှင့်တူ သည်။ မီးခုံနှင့်တန်ဆာဆင်သောဘူးသီးများဖြစ်ခဲ့ပြီးသောသူများ သည် ဇာတိပကတိအ‌တွေးအခေါ်များနှင့်မိမိဖြောင့်မတ်ခြင်းကို စွန့် လွတ်ရမည်။ သူတို့သည် မိမိနှလုံးသားများကိုထုချေ၍ ဘုရားသခင် ၏အလိုတော်နှင့်အညီဆက်ကပ်ခြင်းပြုရမည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ထံတော်သို့သင့်လျော်စွာဆက်ကပ်ရန် မိမိကိုယ်ကိုရိုက် နက်ခြင်းအားဖြင့် ဘုရားသခင်၏အသင်းတော်၏အမှုဆောင်များဖြစ် လာရမည် ဖြစ်သည်။ 
လူမှုဝန်ထမ်းများသည် တစ်ခါတစ်ရံ လူများကိုအကောင်းဆုံး ကူညီနိုင်ရန်နည်းလမ်းရှာကြံတတ်ကြသည်။ သင့်တော်သောလုပ် ဆောင်ချက်မှာ အဘယ်အရာ ဖြစ်သနည်း။ သူတောင်းစားများထံငွေ ကျေးပေးအပ်ခြင်းသို့မဟုတ် သူတို့သည် မိမိကိုယ်ကိုရပ်တည်နိုင်ရန် ကူညီခြင်းလော။ တစ်ခါတစ်ရများစွာသောလူတို့သည် သူတို့အား ငွေကြေးပေး၍စားစရာပေးတတ်ကြပါသည်။ သို့သော် လူမှုဝန်ထမ်း များ၏စိတ်ဓါတ်ရှိသောသူများသည် ငွေကြေးကို ဘယ်တော့်မှမပေး ခဲ့ကြပေ။ သူတို့သည် ဆင်းရဲသားများသည် ကိုယ်ခြေထောက်ဖြင့်ရပ် တည်နိုင်ရန်တွက် သူတို့စိတ်ကို တက်ကြွမှုဖြစ်စေသောမျိုးစေ့များ နှင့်မိမိကိုယ်ကိုရပ်တည်မှုဖြစ်စေသောအကူအညီများပေးတတ်ကြပါ သည်။ ဤသို့ကူညီခြင်းသည် သူတို့အတွက် စစ်မှန်သောကူညီခြင်း ဖြစ်သည်။ ထိုကြောင့် သူတပါးကိုကူညီခြင်းတွင် နည်းစနစ်ကျကျ ကူညီဖေးမခြင်းများလည်းလိုအပ်လျက်ရှိသည်။ 
ထိုနည်းတူ၊ သတင်းကောင်းဟောပြောခြင်းသာသနာလုပ်ငန်း ကို ဘုရားသခင်၏ဆုကျေးဇူးတစ်ပါးဖြစ်သည်ဟု ဆိုရသည်။ အ ကြောင်းမှာ လူတစ်ဦး၏ဝိညာဥ်အားဘုရားသခင်နှင့်နှုတ်ကပတ် တော်ရေလောင်းရန်နှင့် သူတို့၏ကိုယ်၊စိတ်၊ဝိညာဥ်များ လိုက်လျော ညီထွေစွာတိုးတက်ရန်အစေခံခြင်းများလိုအပ်လျက်ရှိသည်။တနည်း အားဖြင့်၊ အမှုတော်ဆောင်များသည် သူတို့ကို ဘုရားသခင်ထံတော် သို့လမ်းပြရမည် ဖြစ်သည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဘဝ မှာအောင်မြင်ခြင်းပန်းတိုင်သို့ရောက်ရှိနိုင်ရန်အတွက် ကိုယ်ကာယ အရေးကိစ္စအတွက်လည်း လမ်းပြရန်လိုအပ်ပါသည်။ အမှုတော် ဆောင်များသည် အမြဲတမ်း အမြော်အမြင်ကြီးရမည် ဖြစ်သည်။ ဒုတိ ယမွေးဖွားခြင်းခံရသူအဖြစ် ကျွန်ုပ်တို့ယုံကြည်ခြင်းအသက်တာများ သည်နေ့တိုင်းနှင့်နေရာဒေသနှင့်အချိန်ကာလအသီးသီးတွင်တန်ဆာ ဆင်ထားသောဘူးသီးများ၏အခန်းကဏ္ဌကိုပြည့်စုံစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့တာဝန်မှာ ဘုရားသခင်၏ရှေ့တော်သို့ချဥ်းကပ်သောအခါ သတင်းကောင်း၏တန်ဆာဆင်ထားသောဘူးသီးများကဲ့သို့ ကျွန်ုပ်တို့ ၏ဘဝတစ်ခုလုံးသစ္စာရှိစွာဖြင့် အသုံးပြုရမည် ဖြစ်သည်။ 
ဘုရားသခင်သည်ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ပြီးနောက် ကျွန်ုပ်တို့အား တန်ဆာဆင်ထားသောဘူးသီးများဖြစ်စေတော်မူ၍  ကျွန်ုပ်တို့သည်သတင်းကောင်းပန်းကို ပွင့်လန်းစေနိုင်ကြရန်အတွက် သင့်တော်သောလုပ်ငန်းတာဝန်များကို ဘုရားသခင်ပေးအပ်တော်မူခဲ့ သည်။ ဤကမ္ဘာပေါ်တွင် ဒုတိယမွေးဖွားခြင်းမခံရသောသူများသည် အာဏာရှင်ဖြစ်လိုကြသည်။ ဟန်ဆောင်ကြသည်။ ရမ္မက်ကြီးကြ သည်။ အခြားယုံကြည်သူများ၏ပြုစုအစေခံခြင်းကို အမြဲတမ်းရှာဖွေ နေကြသည်။ သို့သော် ဘုရားသခင်ခန့်အပ်တော်မူသောအစေခံများ သည်ဒုတိယမွေးခြင်းခံရသောအသင်းတော်၌ အမှုတော်ဆောင်များ အဖြစ် ဘုရားသခင်၏အလိုတော်ကိုရှာဖွေကြသည်။ သူတို့သည် သ တင်းကောင်း၏တန်ဆာဆင်သောဘူးသီးများအဖြစ် မိမိအပေါ်ခန့် အပ်သောလုပ်ငန်းတာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြပါ သည်။ အမှုတော်ဆောင်များသည် ဤတန်ဆာဆင်ထားသောဘူးသီး များ၏အခန်းကဏ္ဌကိုပြည့်စုံစေခြင်းသည် အလွန်အရေးကြီးသည်။ ဘုရားသခင်က“အစွန့်အကြဲခံခြင်းအရာထက်စွန့်ကြဲခြင်း အရာသည် သာ၍ မင်္ဂလာရှိသည်” (တမန် ၂၀း၃၅) ဟု မိန့်တော်မူခဲ့သည်။ ဤအ ရာသည် နမော်နမဲ့၊ အဓိပ္ပါယ်မဲ့ မိန့်ဆိုခြင်းမဟုတ်ပေ။ သို့သော်ယုံ ကြည်ခြင်း၏အခြေခံလမ်းညွှန်ချက်နှင့်ဘဝအစစ်အမှန်ဖြစ်ပါသည်။ ပေးကမ်းလှူဒါန်းသောသူများသည် စွန့်ကြဲခြင်းခံသောသူထက်ပို၍ မင်္ဂလာရှိသည်။ ဤအကြောင်းကို သင်ကိုယ်တိုင်ခံစားခဲ့ဘူးသလား။
ပုံပြင်တစ်ခုကို ကျွန်တော်ပြောပါရစေ။ လင်မယားနှစ်ဦးကအ သက်ကြီးလာသောအခါ ကလေးတစ်ဦးရရှိခဲ့ကြသည်။ ဤသားငယ် သည်အချစ်ခံ၍ကြီးပြင်းလာရန်အတွက် ဆု‌တောင်းခဲ့ကြသည်။ သူ တို့ဆုတောင်းသည့်အတိုင်း ကလေးသည် အမြဲတမ်းအချစ်ခံ၍ကြီး ပြင်းလာခဲ့သည်။ သို့သောအချိန်ကြာလာသည်နှင့်အမျှ အချစ်သာခံ၍ ကြီးပြင်းလာသောသူတို့၏သားငယ်သည် အခြားသူများကိုဂရုမစိုက်၊ ကိုယ့်ကိုသာဂရုစိုက်သော အတ္တကြီးသောသူအဖြစ်ကြီးပြင်းလာခဲ့ပါ သည်။ သူတို့လင်မယားပြုသောအရာသည် ကလေးငယ်အတွက်မည် သည့်အကျိုးတစ်စုံတစ်ခုမျှမပေးခဲ့ပေ။ သူသည် ရယူခြင်းအားဖြင့် သာကြီးပြင်းလာခဲ့သောကြောင့် ပေးကမ်းခြင်းမဟုတ်ရယူနည်းကို သာသိရှိလာခဲ့သည်။ ထိုကြောင့် ဤကလေးငယ်သည် လောဘကြီး ၍အတ္တဆန်ခဲ့သည်။ ထိုနောက် ဤလင်မယားက မိမိသားငယ်အား သူတစ်ပါးကိုချစ်တတ်သောသူတစ်ဦးဖြစ်လာရန်အတွက် နောက်တ ဖန်ဆုတောင်းခဲ့ကြသည်။
စွန့်ကျဲခြင်းသည် ရရှိခြင်းထက်ပို၍ကောင်းသည်။ ဘုရားသခင် ကိုစေခံခြင်းသည် မည်မျှပျော်ရွှင်စရာကောင်းသနည်း။ မည်မျှကျေ နပ်စရာကောင်းသနည်း။ ယုံကြည်ခြင်းအားဖြင့် သတင်းကောင်း ဟောပြောသည့်အချိန်တိုင်းတွင် အပြစ်များဖြေလွှတ်ခြင်းခံရသော ဝိညာဥ်မြောက်များစွာရှိသည်ဟု ကျွန်တော်တွေးသောအခါ ကျွန် တော်အမြဲတမ်းဝမ်းမြောက်၍ကျေနပ်သည်။ ဖြောင့်မတ်သောယုံ ကြည်သူများသည်ဝိညာဥ်များစွာထံသို့သတင်းကောင်း‌ဟောပြောရန် ဆန္ဒရှိကြသည်။ ဘုရားသခင်၏အသင်းတော်တွင် သတင်းကောင်း၏ တန်ဆာဆင်သောဘူးသီးများမှာ အလွန်အရေးကြီးပါသည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အား တန်ဆာဆင်သောဘူးသီးများအဖြစ်ခန့် အပ်တော်မူသည်တာဝန်ကို သင်နှင့်ကျွန်တော်တို့ကနားလည်ရမည် ဖြစ်သည်။ ဤတန်ဆာဆင်သောဘူးသီးများတာဝန်ကို ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့လုပ်ဆောင်မည့်အခန်းကဏ္ဌ ကိုပြည့်စုံစေရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဇာတိအစွမ်းအစနှင့် မာန်မနာများကြောင့်မဟုတ် ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် သတင်းကောင်းကိုဟောပြောသောအခါ ကိုယ်တော်သည် ကယ်တင် ခြင်းပန်းကို ဝေဝေဆာဆာပွင့်စေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် သတင်းကောင်း၏ပန်းများအားဝေဆာစွာပွင့်သောသတင်းကောင်း၏ တန်ဆာဆင်ဘူးသီးများဖြစ်လာသောအခါ ဤကြာပန်းများအားဖြင့် ကောင်းကြီးမင်္ဂလာများစွာခံစားရရှိကြပါလိမ့်မည်။ 
 


အသင်းတော်သည် ဤလောကကိုကယ်တင်ခြင်းအလင်း ထွန်းတောက်ပေးသော မီးခုံဖြစ်သည်


အတူတကွပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းအားဖြင့် ဖြောင့် မတ်သူများသည် သတင်းကောင်းမီးခုံဖြစ်လာ၍ ဤလောကကိုထွန်း လင်းစေပါသည်။ ဖြောင့်မတ်သောသူများသည် ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအလင်းကို တောက်ပထွန်းလင်းစေကြသည်။ ကျွန်ုပ် တို့၏ဘဝများသည် သမ္မာတရားအလင်းဖြင့် အမှောင်ကမ္ဘာအား တောက်ပစွာထွန်းလင်းစေသောမီးခုံများဖြစ်ကြပါသည်။ အပြစ်များ ဖြေလွှတ်ခြင်းခံရသောဖြောင့်မတ်သူများသည် သတင်းကောင်း၏ တန်ဆာဆင်သောဘူးသီးများဖြစ်လာကြ၍ ယုံကြည်ခြင်းပန်းများ သည် ဤလောက၌ အလင်းကို ဝေဝေဆာဆာထွန်းလင်းစေပါသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ကမ္ဘာ့နေရာအနှံ့အပြားသို့ သက်သေခံသောအခါ ကြာပန်းများဝေဆာစွာပွင့်နိုင်မည်ဖြစ်ပါသည်။  ဤတန်ဆာဆင်သောဘူးသီးများမရှိပါက ပန်းများ သို့မဟုတ်မီးခုံရှိ လိမ့်မည်မဟုတ်ပေ။ မီးခုံတံရိုးမှာဗာတံသီးပွင့်ကဲ့သို့ ခွက်လေးခွက်ရှိ သည်။ ခွက်တစ်ခွက်စီတိုင်းတွင် တန်ဆာဆင်သောဘူးသီးနှင့်ပန်းပွင့် များရှိသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့တန်ဆာဆင်ထားသောဘူးသီး များဖြစ်လာ၍ ကျွန်ုပ်တို့အားလုံးအပေါ်ပေးထားသောတာဝန်များ အ ခန်းကဏ္ဌကိုပြည့်စုံစေသောအခါ ဘုရားသခင်၏အသင်တော်သည် နေရာတိုင်း၌တိုးတက်ကြီးထွား၍ ဝိညာဥ်များစွာတို့သည် မိမိပြစ်များ မှကယ်တင်ခြင်းခံစားရကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် မီးခုံကိုကြည့် သော် တန်ဆာဆင်ထားသောဘူးသီးတစ်ခုပေါ်မှာ အခြားတန်ဆာ ဆင်ထားသောဘူးသီးထပ်ဆင့်၍ထားရှိသည်ကိုတွေ့ရသည်။ ထိပ် ဆုံးဘူးသီးပေါ်တွင် အခြားဘူးသီးတစ်လုံးကိုစီထားခဲ့သည်။ ဤသို့ ဖြင့် သတင်းကောင်းဟောပြောခြင်းအားဖြင့် သတင်းကောင်းပန်းများ မှာ ဖူးပွင့်နေသည်။ ထိုသို့ဖြင့် သတင်းကောင်းအား ဤကမ္ဘာ့နေရာ အနှံ့အပြားသို့ဟောပြောရမည် ဖြစ်သည်။ သင်နှင့်ကျွန်တော်တို့သည် ဤတန်ဆာဆင်သောဘူးသီးများဖြစ်ကြပါသည်။ ရေနှင့်ဝိညာဥ်တော် သတင်းကောင်းကိုကြားနာခြင်းမှ ဤသတင်းကောင်းကို နေ့စဥ်နေ့ တိုင်း ကမ္ဘာတစ်ဝှမ်းလုံးသို့ဖြန့်ဝေခြင်းပြုသောအခါ တန်ဆာဆင် ထားသောဘူးသီးများအဖြစ် မရေတွက်နိုင်သောလုပ်ငန်းများလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ဤအရာသည် သင့်အပြစ်များမှလွှတ်မြောက် ခြင်းရရှိ၍ သူတစ်ပါးထံသို့ပြန်လည်ဟောပြောနိုင်သောနည်းလမ်း ဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် ဤတန်ဆာဆင်သောဘူးသီးများအဖြစ်မိမိအ ခန်းကဏ္ဌကိုထမ်းဆောင်နိုင်သောလုပ်ငန်းအမျိုးမျိုးလုပ်ဆောင်ခဲ့ကြ သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် ဤခန်းမအားလွန်ခဲ့သောနှစ် နှစ်ခန့်က တပည့်တော်သင်တန်းနှင့်ဝိညာဥ်ရေးရာအားသစ်လောင်း သင်တန်းအတွက် တည်ဆောက်ခဲ့ကြသည်။ ဤနံကပ်တိုက်တည် ဆောက်ရန်အတွက် အချိန်တစ်လခန့်ကြာခဲ့သည်။ ယုံကြည်ခြင်း အားဖြင့်ဤအဆောက်အဦးကိုဆောက်လုပ်သောအခါ ကျွန်ုပ်တို့ သည် “ညီအစ်ကို မောင်နှမများသည် ဤနေရာသို့ ဝိညာဥ်ရေးရာ အားသစ်လောင်းသင်တန်းအတွက်လာကြမည်။ ပျောက်ဆုံးဝိညာဥ် များစွာ သတင်းကောင်းကြားနာမည်၊ နှုတ်ကပတ်တော်ကြားနာမည်၊ အပြစ်များလွှတ်ခြင်းအခွင့်ရရှိကြမည်”ဟု ထင်ခဲ့ကြသည်။ သို့သော် ဤအဆောက်အဦးတည်ဆောက်သောအခါ အခက်အခဲများစွာရင် ဆိုင်ခဲ့ရသော်လည်း ဤအတွေးကိုကျွန်ုပ်တို့စိတ်ထဲမှာ မြဲမြဲစွဲလမ်း ခဲ့ကြသည်။ မြော်လင့်ချက်ဖြင့် အခက်အခဲများစွာကိုရင်ဆိုင်၍ သစ္စာ ရှိစွာဖြင့် ဆက်လက်တည်ဆောက်ခဲ့ကြသည်။ ဤသို့ဖြင့် တပည့် တော်သင်တန်းစင်တာတည်ဆောက်ခဲ့ပါသည်။ ယခုတွင် ဤနွေး ထွေးပြီးသက်တောင့်သက်တာနေရာမျိုးတွင် ဘုရားသခင်ကို ကိုး ကွယ်နိုင်ကြခြင်း ဖြစ်သည်။ တန်ဆာဆင်ထားသောဘူးသီးတစ်ခုစီ တိုင်း၏အခန်းကဏ္ဌကိုပြည့်စုံစေသောသူများကြောင့် ဤအဆောက် အဦးပြီးဆုံးသည့်ထိတိုင်အောင် အောင်မြင်စွာတည်ဆောက်ခြင်းဖြစ် ပါသည်။ သင်နှင့်ကျွန်တော်တို့သည် တန်ဆာဆင်သောဘူးသီးများ ဖြစ်လာသောကြောင့် အေးချမ်းသောရာသီ၌ပင်လျှင် ဘုရားသခင်ကို နွေးထွေးစွာ ယခုကိုးကွယ်နိုင်ကြခြင်း ဖြစ်သည်။ တန်ဆာဆင်သော ဘူးသီးမရှိလျှင် ဤလွယ်ကူသောပတ်ဝန်းကျင်အခြေအနေသည် ဘယ်တော့မှရောက်လာနိုင်မည်မဟုတ်ပေ။ ဤအဆောက်အဦးမ တည်ဆောက်မီ ဤနေရာသည်လူဆိတ်ညံရာတောကြီး ဖြစ်ပါသည်။ အကယ်၍ ထိုခြောက်သွေ့သောနေရာများတွင် ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြားနာရန်စုရုံးမည်ဆိုလျှင် မည်သူများရောက်လာ ကြမည်နည်း။ ဝတ်ပြုကိုးကွယ်ရန်အတွက် အလွန်အေးချမ်းသော ကြောင့် သင်ရောက်လာလျှင် ချက်ချင်းပြန်လှည့်နိုင်ပါသည်။ 
တန်ဆာဆင်ထားသောဘူးသီးများသည် ယနေ့အထိတိုင်သ တင်းကောင်းဝေဝေဆာဆာဖူးပွင့်ခြင်းပြုနိုင်သောနေရာတွင်ရှိ၍ ရှေ့ အနာဂတ်ကာလတွင်လည်း ဆက်လက်ဖူးပွင့်နိုင်သောနေရာမျိုးတွင် ရှိသောကြောင့် ဖြစ်သည်။ နာမည်ကြီးကိုးရီးယားကဗျာတစ်ပိုဒ် “Chrysanthemum အနားမှာ” ရှိခဲ့သည်။ 
“Chrysanthemum ပန်းဖူးပွင့်ရန်အတွက်၊
နွေဦးအချိန်ရောက်မှနိုက်တင်ဂေးငှက် မြည်တွန်သံကြားရ။
Chrysanthemum ပန်းဖူးပွင့်ရန်အတွက်၊
မိုးတိမ်အောက်၌ မိုးချုံးသံများ တလိမ့်လိမ့်ထွက်ပေါ်နေ....”
အတပ်အမှန်ပြောရလျှင်ဘုရားသခင်၏အစေခံများနှင့်သန့်ရှင်း သူစွာတို့၏တန်ဆာဆင်သောဘူးသီးများသည် သတင်းကောင်း၏ သစ်ပင်တွင် နေရာချထားခဲ့ကြသည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းဖူးပွင့်လာရန်အတွက် တန်ဆာဆင်ထားသောဘူးသီးများ၏ အခန်းကဏ္ဌပြည့်စုံစေသောအမှုတော်ဆောင်ျမားသည် နေ့စဥ်နေ့ တိုင်းအလုပ်ကြိုးစားခဲ့ကြသည်။ ဤတန်ဆာဆင်သောဘူးသီးများ အောက်တွင် ဘုရားသခင်သည် ဗာတံပွင့်ကဲ့သို့ခွက်များစွာချထား တော်မူခဲ့သည်။ သို့မှသာ ကျွန်ုပ်တို့သည် တန်ဆာဆင်ထားသောဘူး သီးများ၏အခန်းကဏ္ဌကို ပို၍ကောင်းမွန်စါာ ပြည့်စုံစေနိုင်ကြလိမ့် မည်။ ဘုရားသခင်သည် မိမိအချိန်တန်လာသောအခါ မိမိကျေးဇူး တော်ကိုချပေးသနားတော်မူခဲ့သည်။ မီးခုံခုနစ်ခုံအတွက် ဆီကိုလည်း  ချပေးတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိခွန်အား ဖြင့်မည်သည့်အရာတစ်စုံတစ်ခုမျှမပြုလုပ်နိုင်သည်ကို သိတော်မူ သောကြောင့် အသင်းတော်အားဖြင့် ကျေးဇူးတော်အားဖြင့်လွှမ်းခြုံ တော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်းကိုဟော ပြောနိုင်ရန်အတွက် တန်ဆာဆင်သောဘူးသီးများ၏အခန်းကဏ္ဌကို ပြည့်စုံစေနိုင်ကြခြင်း ဖြစ်သည်။ ထိုကြောင့် ဤတန်ဆာဆင်သော ဘူးသီးများက ကျွန်ုပ်တို့သည် မိမိခွန်အားအစွမ်းအစများအားဖြင့် သတင်းကောင်းမဟောပြောနိုင်သည်ကိုဆိုလိုကြောင်း သင်နားလည် သဘော‌ပေါက်ရမည် ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်အား ဖြင့်သာလျှင် ကျွန်ုပ်တို့အားလုံးသည် ဤတန်ဆာဆင်သောဘူးသီး များဖြစ်လာနိုင်ရန် ဘုန်းတော်ခံရခြင်း ဖြစ်သည်။ 
ယခုအပြစ်ဖြေလွှတ်ခြင်းခံရသောသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ခံရသောသူများသည် တန်ဆာဆင်ထားသောဘူးသီး များဖြစ်ကြပါသည်။သူတို့အားလုံးသည် တူညီကြသော်လည်း ဝိညာဥ် ရေးရာအဆင့်အတန်းခြားနားကွာဟသည့်အကြောင်းမှာ သူတို့အား လုံးသည် တန်ဆာဆင်ထားသောဘူးသီးများအဖြစ်မှည့်ခေါ်ခြင်းခံရ သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် တန်ဆာဆင်သော ဘူးသီးများ ချွင်းချက်မရှိဖြစ်ကြသည်။ ဝိညာဥ်ရေးရာ၌နှုတ်ကပတ် ဟောပြောသောအခါ သူတပါးလုပ်ငန်းကို လက်ညှိုးထိုးပြခြင်းမပြု ဘဲ သင့်လျော်သောဝိညာဥ်ရေးရာအသက်တာအားဖြင့် ကျွန်ုပ်တို့ သည် အသက်ရှင်ရကြမည် ဖြစ်သည်။ သတင်းကောင်းအကျိုးတက် ရောက်ရန်အတွက်မူ စစ်မှန်သောဝိညာဥ်နှင့်ပြည့်ဝသောသူများက တစ်စုံတစ်ခုပြုနိုင်ကြသည်။ “ကျွန်တော့်အသင်းတော်ရပ်တည်မှုမှာ ဒီအရာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဤအရာများကိုပြုနိုင်တယ်။ မင်းက ယခုအပြစ်လွှတ်ခြင်းခံရရင် ကျွန်တော်လုပ်နေသကဲ့သို့ မင်း က အခြားသောအရာများစွာလုပ်သင့်ပါတယ်။”  ဤအရာသည်မှန် ကန်ပါသည်။ သတင်းကောင်းအစေခံရာတွင် သူတစ်ပါးထက်ပို၍ နိမ့် သည် သို့မဟုတ် ပို၍မြင့်သည်ဟူ၍မရှိပေ။ ကျွန်ုပ်တို့သည် အတူတ ကွစည်းလုံးကြ၍ သတင်းကောင်းအား လှပဝေဆာစွာဖူးပွင့်နိုင်ရန် အတွက် ကောင်းသောမြေဆီလွှာဖြစ်ရမည် ဖြစ်သည်။ 
 


ဒုတိယမွေးခြင်းခံသောသန့်ရှင်းသူများသည် အသွေးအ သားနောက်သို့မည်သို့လိုက်နိုင်မည်နည်း


“ကျွန်တော့်အပြစ်များဖယ်ရှားခဲ့၍ အပြစ်ကင်းစင်သူဖြစ်သဖြင့် ယခုကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော်ချမ်းသာရင် ပိုပြီးပျော် ရွှင်ပါလိမ့်မယ်။ နောက်ဆုံးတွင် တိုက်နှင့်ကားယိမ်ခံပြီးနေထိုင်ရင် ပို ကောင်းလိမ့်မည်မဟုတ်ဘူးလား။”ကိုယ်ကာယ၌ အောင်မြင်လိုသူ များသည် ဝိညာဥ်ရေးရာပြဿနာများကိုလည်းဖြေရှင်းရန် ဆန္ဒရှိကြ သည်မဟုတ်ဘူးလား။ဘုရားသခင်ကို ကျွန်တော်ပထမဦးဆုံးတွေ့ဆုံ သောအခါ ကျွန်တော်သည် သတင်းကောင်းအတွက် ပြည့်စုံသော တန်ဆာဆင်သောဘူးသီးဖြစ်ရန် ဘုရားကယ်တင်တော်မူခဲ့သည်ကို ကျွန်တော်နားမလည်ဘဲ စီးပွါးရေးလုပ်၍ ငွေ‌ကြေးများစွာရရှိခြင်း အားဖြင့် ဤအခန်းကဏ္ဌပြည့်စုံစေနိုင်လိမ့်မည်ဟု ကျွန်တော်တွေးမိ ခဲ့သည်။ နေ့တိုင်းဘုရားကျောင်းသို့တက်ရောက်နိုင်မည်၊ ဥပုသ်စာ ဖြေကျောင်း၌ကျမ်းစာပေးနိုင်မည်၊ ကလေးများထံသွား၍ ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းဟောပြောနိုင်မည်၊ သေးငယ်သောစီးပွါး ရေးလုပ်ငန်းလုပ်ကိုင်၍ တစ်ရက်မှနာရီအနည်းငယ်လုပ်ဆောင်နိုင် မည်၊ ကျွန်တော်ရရှိသောငွေများကိုဘုရားကျောင်းသို့လှူဒါန်းမည်၊ ဤသို့ကူညီခြင်းအားဖြင့် အသင်းတော်တည်တည်သူမျာကိုကူညီ မည်၊ စသည်ဖြင့် ကျွန်တော်တွေးမိခဲ့သည်။ ဟုတ်ပါသည်။ စီးပွါးရေး အတွက် ကျွန်တော်အချိန်အနည်းငယ်အသုံးပြု၍ ကျန်သေးသောအ ချိန်များကို ဘုရားသခင်အတွက် အသုံးပြုမည်ဟု ကျွန်‌တော်ယူဆမိ ခဲ့သည်။သို့သော်ကျွန်တော်မည်သို့ပင်တွေးတောနေပါစေ၊ ကျွန်တော် သည် တန်ဆာဆင်သောဘူးသီးအဖြစ်မိမိ၏အခန်းကဏ္ဌကိုပြည့်စုံ စေနိုင်မည်လားဟု ဘုရားသခင်ကိုမေးသောအခါ ကိုယ်တော်သည် ကျွန်တော်အား ငွေကြေးရှာဖွေရန်အတွက် အလိုတော်မရှိခဲ့ပေ။ 
ထိုအချိန်တွင် ကျွန်တော့်၏အတွေးများသည် မှားယွင်းခဲ့သည်။ ဘုရားသခင်သည် ဤအရာကိုလုပ်ဆောင်ရန် ခွင့်ပြုတော်မမူခဲ့ပေ။ ထိုကြောင့် ယခုတွင် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုဟော ပြောခြင်းအားဖြင့် ကျွန်တော့်သာသနာလုပ်ငန်းအတွက် အပြည့်အဝ ဆက်ကပ်ခြင်းအားဖြင့် သင့်တော်သောတန်ဆာဆင်ထားသည်ဘူး သီးအဖြစ် ကျွန်တော့်အခန်းကဏ္ဌကို ပြည့်စုံနေပါသည်။ ဘုရားသခင် ဝမ်းမြောက်စေတော်မူသောအရာဟူသမျှကို ကျွန်ုပ်တို့လုပ်ဆောင်ရ မည်ဖြစ်သည်။ ဘုရားသခင်သည် တောင်တစ်တောင်ကိုရွှေ့လျားစေ ရန် မိန့်တော်မူလျှင် ကျွန်တော်တို့ထိုတောင်ကိုရွှေ့လျားစေရမည်ဖြစ် သည်။ ဤတောင်ရွှေ့လျားခြင်းအားဖြင့် မရေတွက်နိုင်သောလူများ စွာတို့သည် ကယ်တင်ခြင်းရှိမည်ဖြစ်ပါက ကျွန်ုပ်တို့သည် ထိုတောင် ကိုရွှေ့လျားရန် ဆန္ဒရှိကြမည် ဖြစ်သည်။  အကယ်၍ မြော်လင့်ချက် မဲ့မဖြစ်နိုင်သောအရာနှင့်စိတ်ထဲမှာတွေးခေါ်၍မရသောလုပ်ငန်းများ ကိုပင်ဘုရားပေးအပ်တော်မူလျှင် ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင် ရမည် ဖြစ်သည်။ ဝိညာဥ်ရေးရာတွင်အကျိုးပြုမည့်အရာများကိုလုပ် ဆောင်ရန် ဘုရားစေခိုင်းတော်မူလျှင် အောင်မြင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ တောင်ကိုဖြိုခွဲရန် တူးဆွသောအခါ အစပိုင်းတွင် အားနည်းနိုင်သော်လည်း အချိန်မီ ထိုတောင်ကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ၍ အကျိုးအပဲ့များကို ဘူဒိုဇာဖြင့် ရှင်းလင်းစွာဖယ်ရှားနိုင်မည်ဖြစ် သည်။ ထိုနောက် တောင်သည် ပျောက်ကွယ်သွားလိမ့်မည်။ တစ် နည်းအားဖြင့် ကျွန်ုပ်တို့သည် လူများတီထွင်ဖန်တီးသောအတွေးအ ခေါ်နောက်သို့မလိုက်၊ ဘုရားသခင်၏အလိုတော်သို့လိုက်လျှောက် ကြသောကြောင့် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကယ်တင် ခြင်းအတွက် တန်ဆာဆင်သောဘူးသီးများ၏အခန်းကဏ္ဌကို ကျွန်ုပ် တို့အမြဲတမ်းပြည့်စုံစေနိုင်ကြမည် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ သည် ကိုယ်တော်၏တန်ဆာဆင်သောဘူးသီးများအဖြစ် ကျွန်ုပ်တို့ ၏အခန်းကဏ္ဌကိုထမ်းရွက်နိုင်ကြမည် ဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် သတင်းကောင်းကျယ်ပြန့်ဖို့ရန်အတွက်တန်ဆာ ဆင်သောဘူးသီးများဖြစ်နိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အားမိမိ အသင်းတော်တွင်ထားရှိတော်မူခဲ့သည်။ထိုနေရာတွင် ကျွန်ုပ်တို့သည် မတူညီသောတန်ဆာဆင်သောဘူးသီးများအဖြစ်နေခဲ့ကြသည်။ သ တင်းကောင်းကျယ်ပြန့်ဖို့ရန်အတွက်ဆိုပါက ပို၍အရေးကြီးသောနေ ရာ သို့မဟုတ် ပို၍အဆင့်နိမ့်သောနေရာဟူ၍မရှိပေ။ ကျွန်ုပ်တို့သည် အစဥ်အလာ၊ အစီအစဥ်အတိုင်းထားရှိပါက အရင်ဦးသောသူသည် နောက်ဆုံးဖြစ်ရမည်။သခင်ယေရှုက“အရင်အဦးဖြစ်လိုသောသူမည် သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံစုံတို့၏ အစေခံလည်းဖြစ်ရ မည်”(မာကု ၉း၃၅)ဟုမိန့်တော်မူခဲ့သည်။ဘုရားသခင်သည် တန်ဆာ ဆင်ထားသောဘူးသီး၏အခန်းကဏ္ဌကိုပြည့်စုံစေရန် ကျွန်ုပ်တို့ခေါ် ဖိတ်တော်မူသောအခါကျွန်ုပ်တို့သည် ဘာမျှမလုပ်ဘဲ အေးသေးအေး စက်နေရန် အလိုတော်ရှိမည်လော။ ကျွန်ုပ်တို့သည် တန်ဆာဆင် သောဘူးသီးများ၏အခန်းကဏ္ဌကိုပြည့်စုံစေသောအခါသန့်ရှင်းရာဌာ နတွင် မီးခုံပေါ်တွင်ချထားသောမီးအိမ်ခုနစ်အိမ်တို့သည် တောက်ပ စွာ ထွန်းလင်းထားသည့်အတိုင်း ဘုရားသခင်၏အလွန်အံ့သြဖွယ် ကောင်းသောအမှုအရာများကို မြင်တွေ့နိုင်ပါသည်။ 
ယနေ့ကျမ်းစာဖော်ပြချက်မှာ “မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့ သည်လည်း ရွှေစင်ဖြစ်ရမည်။ မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီး သောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်” (ထွက် ၂၅း၃၈- ၄၀)။ မီးခုံ၏အသုံးအဆောင်ပစ္စည်းများအကြားတွင် ၎င်း၏မီးညှပ် များပါဝင်သည်။ ဆီကိုထည့်ထား၍ မီးခုံထိပ်တွင်တင်ထားသောမီး ခွက်များတွင် မီးစာများထည့်ထားသည်။ မီးစာများလောင်ကျွမ်းသော သောအခါအလင်ရောင်ထွက်လာခဲ့သည်။မီးညှပ်ခံစရာခွက်များသည် ပြာများခံရန်အတွက် အသုံးပြုထားသည်။ မီးညှပ်ခံစရာခွက်များကို ရွှေဖြင့်ပြုလုပ်ထားပါသည်။ ယဇ်ပရောဟိတ်များက လောင်ကျွမ်းပြီး သောမီးစာများကို ဖြတ်၍ မီးညှပ်ခံစရာခွက်များထဲတွင် ထည့်ထား သည်။ ဤအသုံးအဆောင်ပစ္စည်းများသည် သန့်ရှင်းရာဌာနတွင်အ သုံးပြုသောပစ္စယများဖြစ်ကြပါသည်။
ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းရရှိခဲ့ပြီးနောက် တန် ဆာဆင်သောဘူးသီးများ၏အခန်းကဏ္ဌကိုပြည့်စုံစေသောအခါ မိမိ နှလုံးသားများလုပ်ငန်းတစ်ခုဖြင့် မိမိကိုယ်ကိုအလုပ်ရှုပ်သဖြင့် နှလုံး သားများမောပန်းနွမ်းနယ်သောအချိန်များစွာရှိနိုင်သည်။ ထိုကြောင့် ကျွန်ုပ်တို့ထံအပ်နှံသောလုပ်ငန်းများမှာ သမရိုးကျလုပ်ရိုးလုပ်စဥ် သို့မဟုတ် စိတ်မပါတပါလုပ်ရသောအချိန်များစွာလည်းရှိသည်။ ဤ သို့သော်အချိန်များတွင် ဘုရားသခင်၏အစေခံများသည် မီးခုံ၏မီးစာ များပြောင်းလဲရန်လိုအပ်သည်။ မီးစာများလောင်ကျွမ်း၍တိုလာသကဲ့ သို့ ဘုရားသခင်၏အစေခံများသည်လည်း ကျွန်ုပ်တို့ထံပေးအပ်သော တာဝန်များပြောင်းလဲခြင်းအားဖြင့် နှလုံးသားများအသစ်ပြုပြင်ရန်လို အပ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသားများ၏အ ဟောင်းများကိုဖယ်ရှားပေးတော်မူ အသစ်ပြုပြင်သောနှလုံးသားများ ဖြင့်သတင်းကောင်းကို ကျွန်ုပ်တို့ဆက်လက်ဟောပြောနိုင်ကြသည်။  ကျမ်းစာတွင် “ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်း သောအရာတို့သည် အသစ်ဖြစ်ကြပြီ”(၂ကော ၅း၁၇) ဟု ဖော်ပြထား ပါသည်။ ဤသို့အားဖြင့် အမှုတော်ဆောင်များသည် အသစ်ပြုပြင် သောနှလုံးသားအပြည့်အဝဖြင့် သတင်းကောင်းကိုအစေခံနိုင်ကြ ခြင်း ဖြစ်သည်။ 
သန့်ရှင်းရာဌာနအတွင်းတွင်း ရွှေစင်ကလွှဲ၍အခြားသောအရာ တစ်စုံတစ်ခုမျှမရှိသည်ကို သင်မှတ်မိပါသလား။ သင်သည် ယုံကြည် ခြင်းအားဖြင့် သစ္စာရှိသောတန်ဆာဆင်ထားသောဘူးသီးဖြစ်လာရန် ဘုရားသခင်အတွက် အလုပ်သစ်များကို မရပ်အနားရှာဖွေရမည်ဖြစ် သည်။ ထိုနောက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အစဥ်အမြဲ အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ရမည်။ မနက်ဖြန်မှာလည်း ယုံကြည်ခြင်းအား ဖြင့်အသက်ရှင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအား ဖြင့် အသစ်တန်ဆာဆင်သောဘူးသီးများ၏အခန်းကဏ္ဌများကို နေ့ တိုင်းပြည့်စုံစေရမည် ဖြစ်သည်။ ဘုရားသခင်၏ကယ်တင်အမှုတော် ဆောင်ကျွန်ုပ်တို့သည် မီးစာများမှလောင်ကျွမ်းခဲ့သောမီးစာပြာများ ကို ဖယ်ရှား၍ မီးခုံကို ကြည့်ရှုရမည်။ မီးခွက်ကိုအစဥ်အမြဲထွန်း တောက်စေ၍ လုံးဝမီးမသေစေရပေ။ 
သန့်ရှင်းရာဌာနအတွင်းသည် အလွန်တင့်တယ်လှပသည်။ ဘု ရားသခင်သည် မိမိအသင်းတော်၌ဖြောင့်မတ်သူမျာကိုခေါ်၍စုစည်း တော်မူခဲ့သည်။ ထိုကြောင့် သူတို့သည် အပြစ်များဖြေလွှတ်ခြင်းသ တင်းကောင်းကိုဖြန့်ချိသော မီးခုံဖြစ်လာနိုင်ကြမည် ဖြစ်သည်။ အ သင်းတော်တွင် ဘုရားသခင်သည် ခေါင်းဆောင်များကိုချထားတော် မူခဲ့သည်။ ဘုရားသခင်သည် ဖြောင့်မတ်သူအားလုံးအား ဤဆုကျေး ဇူးများကိုချပေးတော်မူသဖြင့် သူတို့သည် သတင်းကောင်းကို အစေ ခံနိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ရှိသည့်နေရာအသီးသီး၌ မိမိ ထမ်းရွက်ရမည့်တာဝန်များကိုထမ်းဆောင်ကြ၍ သတင်းကောင်း အားဝေဝေဆာဆာဖူးပွင့်စေသော တန်ဆာဆင်ထားသောဘူးသီး များဖြစ်လာခြင်းအားဖြင့် ဘုရားသခင်ကိုအစေခံနိုင်ရန် ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ကမ္ဘာလုံးသို့ အပြစ်သားများအားလုံးထံသတင်းကောင်းဖြန့်ဝေ စေတော်မူခဲ့သည်။ ဤအရာသည် “ekklesia” ခေါ် ဘုရားသခင်၏ အသင်းတော်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏အသင်း တော်တွင်ရှိသောလူများသည် ရွေးကောက်ခေါ်ခြင်းခံရသောသူများ ဖြစ်ကြ၍ ကယ်တင်ခြင်းရရှိသောသူများစုရုံးသောနေရာဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးနှင့်ဒုစရိုက်များ မှရွေးနုတ်၍ ကမ္ဘာမှခေါ်ခြင်းအားဖြင့် အပြစ်မှကယ်တင်တော်မူခဲ့ သည်။ဘုရားသခင်၏ကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင် ယေရှုကိုယုံကြည်၍ ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် သ တင်းကောင်းအတွက်ပခုံးချင်းဆက်၍ လက်တွဲညီညီထမ်းဆောင်နိုင်    ရန်အတွက် ဘုရားသခင်သည် မိမိအသင်းတော်အား ပုံသွင်းပြုပြင် တော်မူခဲ့သည်။ ထိုကြောင့် ဤသမ္မာတရားသည် ယုံကြည်သူများ အားစုရုံးစေ၍ ပုံသွင်းပြုပြင်တော်မူခြင်း ဖြစ်သည်။ 
 


အတင်းတော်တည်ရှိခြင်းအကြောင်းရင်းမှာ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းအလင်း လင်းရန် ဖြစ်သည်


မီးခုံအား ရွှေအခွက်တစ်ဆယ်ဖြင့်ထုလုပ်ထားခြင်းအကြောင်း မှာ ဘုရားသခင်၏အသင်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်လျက် သတင်းကောင်းကို ဝေဝေဆာဆာဖူးပွင့်ရန်အတွက် ဖြစ်ပါသည်။ ဤ မီးခုံမှာ ဘုရားသခင်၏အသင်းတော်ဖြစ်သည်။ အမှောင်ထုကြီးအား လုံးကို အလင်းလင်းစေရန်အတွက် တည်ရှိခြင်း ဖြစ်သည်။ ဤအရာ သည် အသင်းတော်တည်ရှိခြင်း၏ရည်ရွယ်ချက်ဖြစ်ပါသည်။ အသင်း တော်သည် ကျွန်ုပ်တို့အား ဒုတိယမွေးခြင်းခံရရန် တန်ဆာဆင်သော ဘူးသီးအဖြစ်ရှေ့ဦးစွာအစေခံခဲ့သည်။ ယခုသည် ကျွန်ုပ်တို့အစေခံ ရမည့်အချိန်ဖြစ်ပါသည်။ သင်နှင့်ကျွန်တော်တို့အားလုံးသည် အပြစ် များလွှတ်ခြင်းခံရသူများဖြစ်ကြသောကြောင့် ဤတန်ဆာဆင်သော ဘူးသီးများဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် တန်ဆာဆင်သောဘူး သီးများအဖြစ် မိမိတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်ဖြစ် သည်။ သတင်းကောင်းပန်းများဝေဝေဆာဆာဖူးပွင့်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဓါတ်မြေသြဇာကျွေးရမည် ဖြစ်သည်။ ဖြောင့်မတ် သောကျွန်ုပ်တို့အားလုံးနှင့် ဘုရားသခင်၏အသင်းတော်အားလုံးတို့ သည် တစ်ကမ္ဘာလုံးသို့သတင်းကောင်းအလင်းဖြန့်ဝေ၍ဘုရားသခင် ကိုအစေခံနိုင်ရန်အတွက် မီးခုံ၏အခန်းကဏ္ဌကို ထမ်းဆောင်ရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် အသစ်သောဂိုဏ်းဂဏများတည်ထောင်ရန်ကြိုး ပမ်းနေသူများမဟုတ်ကြပေ။ အကယ်၍ ဂိုဏ်းဂဏများမလွဲမ‌သွေ တည်ထောင်မည်ဆိုပါက သခင်ယေရှု၏ဂိုဏ်းဂဏကိုသာတည် ထောင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုအစေခံရန် ခေါ်ဖိတ်ခြင်းခံရသောဖြောင့်မတ်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့ သည် မီးခုံ၏တန်ဆာဆင်ထားသောဘူးသီးများဖြစ်လာ၍ဘုရားသ ခင်ကိုအစေခံကြသောအခါဘုရားသခင်သည် ကျွန်ုပ်တို့အားတန်ဆာ  ဆင်ထားသောဘူးသီးများဖြစ်လာရန် လိုအပ်မှုများအားလုံးကိုဖြည့် ဆည်းပေးတော်သည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ကြပါ သည်။ကျွန်ုပ်တို့သည် မိမိလိုအပ်မှုများအားလုံးကို ဖြည့်ဆည်းပေးရန် မိမိကိုယ်ကိုမကြိုးပမ်းကြသော်လည်း ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့လိုအပ်မှုများကို ကြွယ်ဝစွာ ဖြည့်ဆည်းပေးတော်မူလိမ့် မည်။ ဘုရားသခင်မိန့်တော်မူသည်နှင့်အညီ အရာအားလုံးကိုကိုယ် တော်ထောက်ပံ့ပေးတော်မူခဲ့သည်။ “ဘုရားသခင်၏နိုင်ငံ‌တော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဦးစွာရှာကြလော့။ နောက်မှထိုအ ရာများကို ထပ်၍ပေးတော်မူလတံ့”(မဿဲ ၆း၃၃)။ ဘုရားသခင်သည် သတင်းကောင်းအစေခံသောဖြောင့်မတ်သူအားလုံးအပေါ် လိုသမျှ ဖြည့်ဆည်းပေးတော်မူသည်။ တန်ဆာဆင်သောဘူးသီးများ၏အခန်း ကဏ္ဌကိုထမ်းဆောင်သောလုပ်ဆောင်ဖက်များသည် အခက်အခဲများ နှင့်ရင်ဆိုင်နေရသောအခါ ဘုရားသခင်က ခွန်အားပေးတော်မူသည်။ ကိုယ်တော်က “ကောင်းတယ်၊ ငါ မင်းနှင့်အတူအမြဲရှိတယ်”ဟုမိန့် တော်မူသည်။ တန်ဆာဆင်သောဘူးသီးများသည် ယုံကြည်ခြင်းမရှိ သောအခါ ဘုရားသခင်သည် ယုံကြည်ခြင်းကို ပေးအပ်တော်မူသည်။ ကိုယ်တော်က “ယုံကြည်ခြင်းရှိပါ။ ငါပေးသောခွန်အားနှင့်မင်းက အ ရာအားလုံးလုပ်ဆောင်နိုင်တယ်” ဟုမိန့်တော်မူသည်။ ဘုရားသခင် သည် သူတို့အပေါ်သို့ ကျေးဇူးတော်ချပေးတော်မူသည်။ ကိုယ်တော် သည် သူတို့တွေ့ကြုံသော အခက်ပြဿနာများကို ဖြေရှင်းပေးတော် မူသည်။ ကိုယ်တော်က “ ငါ့တန်ဆာဆင်သောဘူးသီး မင်းက အဲဒါ ကိုအမှန်လိုအပ်တယ်။ ဒီအခက်အခဲပြဿနာကို ငါဖြေရှင်းပေးမယ်” ဟု မိန့်တော်မူသည်။ ကိုယ်တော်၏ဖြောင့်မတ်သောလုပ်ငန်းများအ တွက် တန်ဆာဆင်သောဘူးသီးများအဖြစ်အသုံးခံသောကျွန်ုပ်တို့အ ပေါ်သို့ တန်ဆာဆင်သောဘူးသီးများဖြစ်လာနိုင်ရန် ဖြောင့်မတ်သူ ကျွန်ုပ်တို့အပေါ်သို့ ကောင်းကြီးမင်္ဂလာများစွာ ချပေးတော်မူသည်။ 
ဖြောင့်မတ်သောကျွန်ုပ်တို့သည် လုပ်ဆောင်မှုတစ်ခုစီတိုင်းတွင် သတင်းကောင်းဝေဝေဆာဆာဖူးပွင့်ရန်အတွက် တန်ဆာဆင်သော ဘူးသီးများအဖြစ် အစေခံရမည် ဖြစ်သည်။ ကျွန်ုပ်တိုကျောင်းသူ/ သားများသည်လည်း သတင်းကောင်း၏တန်ဆာဆင်သောဘူးသီး များအဖြစ် သစ္စာရှိရှိအသက်ရှင်ရန် လမ်းပြရမည်ဖြစ်သည်။ သာမန် ယုံကြည်သူများသည်လည်း မိမိအလုပ်ခွင်တွင်အသက်ရှင်သောအခါ သတင်းကောင်း၏တန်ဆာဆင်သောဘူးသီးများအဖြစ် အသက်ရှင်ရ မည် ဖြစ်သည်။ ကျွန်ုပ်တို့ပြုလေသမျှ၌ ကျွန်ုပ်တို့အားလုံးသည် ဘု ရားသခင်၏သတင်းကောင်း တန်ဆာဆင်သောဘူးသီးများအဖြစ်အ စေခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့ဖြောင့်မတ်သူများသည် သတင်း ကောင်း၏တန်ဆာဆင်သောဘူးသီးများ၏ အခန်းကဏ္ဌကိုသယ် ဆောင်ရန် အသက်ရှင်ရကြမည် ဖြစ်သည်။ ဤသို့သောအသက်တာ သည် ယုံကြည်ခြင်းအားဖြင့် အတပ်အမှန်အသက်ရှင်သောဘဝပင် ဖြစ်ပါသည်။တန်ဆာဆင်သောဘူးသီးများသည် သတင်းကောင်းပန်း များဝေဆာလှပစွာဖူးပွင့်နိုင်ရန်အတွက် အလွန်အရေးကြီးသောအရာ များဖြစ်ကြသည်။ 
ကျွန်ုပ်တို့သည် ပန်းများမဟုတ်ကြသည်ကို သင်သိမှတ်ရမည်။ သတင်းကောင်း၏ပန်းမှာ သခင်ယေရှု ဖြစ်သည်။ စစ်မှန်သောအ လင်းသည်လည်း သခင်ယေရှု ဖြစ်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အရာများအားလုံးမှာအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည် နှင့် အဖြူရောင်ပိတ်ချောဖြင့်ထင်ရှားသောကယ်တင်ခြင်း သမ္မာတရား ကိုယုံကြည်၌ သခင်ယေရှုခရစ်တော်ကို ကမ္ဘာနေရာအနှံ့အပြားသို့ ဟောပြောခြင်းဖြစ်သည်။၁ကော၁၀း၃၁တွင်“သင်တို့သည် စားသော် ၎င်း၊သောက်သော်၎င်း၊မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” ဟု ဖော်ပြထားသည်။ကျွန်ုပ်တို့ဘဝများ၏ရွည်ရွယ်ချက်မှာ တန်ဆာဆင် သောဘူးသီး များ၏အခန်းကဏ္ဌကိုသစ္စာရှိစွာဖြင့်ပြည့်စုံစေရန်ဤသ တင်းကောင်းဟောပြောခြင်းဖြစ်သည်။ 
လူများသည် မိမိငယ်ရွယ်သောအချိန်တွင် အစိုးရိမ်ရဆုံးသော အရာမှာ သူတို့၏အနာဂတ်ရှေ့ရေးဖြစ်ပါသည်။ သူတို့သည် “ကျွန် တော့်အနာဂတ်အသက်တာမည်သို့ဖြစ်လာမလဲ။ ကျွန်တော့်အချက် ကဘယ်မှာလဲ။ ကျွန်တော့်အနာဂတ်အိမ်ထောင်ဘက်ကဘာလုပ်နေ လဲ?”ဟု တွေဝေတတ်ကြသည်။ ကျွန်တော့်အနာဂတ်အိမ်ထောင် ဘက်ကမည်သည့်နေရာတွင်ရှိသနည်း။ ဘုရားသခင်၏အသင်းတော် မှာရှိသည်။ ထိုသူမှာ အခြားသူမဟုတ်၊ သခင်ယေရှုခရစ်တော်ပင် ဖြစ်သည်။ ကိုယ်တော်သည် ဘာလုပ်နေတော်မူသနည်း။ ကိုယ်တော် သည် အလင်းလင်းတော်မူသည်။ ကိုယ်တော်သည် ရေနှင့်ဝိညာဥ် တော်သတင်းကောင်း၏အလင်းတော်ဖြစ်တော်မူသည်။ ကိုယ်တော် သည် သခင်ဖြစ်တော်မူသည်။ သင်တို့အားလုံးသည် ခရစ်တော်၏သ တို့သမီးများဖြစ်ကြသည်။ ကိုယ်တော်က သင်တို့အား မိမိအသင်း တော်သို့လာရန် ခေါ်ဖိတ်တော်မူသည်။ နှုတ်ကပတ်တော်အားဖြင့် မိမိအသင်းတော်တွင် သင်တို့နှင့်တွေ့ဆုံတော်မူမည်ဟု မိန့်တော်မူ သည်။ သင်သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော နှင့်အဖြူရောင်ပိတ်ချော၌ထင်ရှားသောသမ္မာတရားကို စိတ်နှလုံးအ ကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ဆုတောင်း သောအခါ ဘုရားသခင်သည် သင့်ကိုတွေ့တော်မူလိမ့်မည်ဟု ကိုယ် တော်မိန့်တော်မူခဲ့သည်။သင်သည် ကိုယ်တော့်ကိုယုံကြည်သောအခါ ကိုယ်တော်သည်သင့်ဆီသို့ကြွလာတော်မူ၍တွေ့တော်မူလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ 
ဖြောင့်မတ်သူများသည် မိမိစိတ်များထဲ၌ အမြဲတမ်းသတိရှိရ မည်ဖြစ်သည်။သင်သည် မိမိနှလုံးသား၌ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုပြည့်စေသောအခါ သန့်ရှင်းသောဝိညာဥ်တော်သည် သင့် အားနေ့စဥ်နေ့တိုင်း နိုးစေတော်မူလိမ့်မည်။ ဖြောင့်မတ်သူများအား လုံးလုပ်ဆောင်ရမည့်အရာမှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဟောပြောရန် သန့်ရှင်းသောဝိညာဥ်တော်၏လမ်းပြပို့ဆောင်မှုနှင့်အ ညီ အသက်ရှင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသို့လုပ်ဆောင် သောအခါ ကျွန်ုပ်တို့သည် နုနယ်/ကလေးအတွေးအခေါ်များနှင့် ရင့် ကျက်သောဝိညာဥ်အတွေးအခေါ်များ ကောင်းမွန်စွာနားလည်သ ဘောပေါက်လျက်ပိုင်းခြင်းသိမြင်နိုင်ကြလိမ့်မည်။ 
သင်သည် ကြက်သွန်နီကို အလွာလိုက်လှီးဖြတ်နိုင်လိမ့်မည်။ အရင်ဆုံးအခွံခွါပြီးနောက် အလွာလိုက် တစ်လွာပြီးတစ်လွာ ခွါနိုင် သည်။ အောက်ဆုံးအလွာမှ နုနယ်သည်။ အပေါ်အလွာအစိမ်းများကို ခွါပြီးနောက်အတွင်းတွင်ဖြူသောအလွာထင်ရှားလာသည်။သင်သည် ကြက်သွန်နီတစ်လုံး၏အလွာကို ခွါပြီးနောက် အခြားတစ်လုံးအလွာ ကိုပြန်ခွါလျှင် အစောပိုင်းကအလွာနှင့်တူလိမ့်မည်။ ကြက်သွန်နီများ မှာ ဖြူသောအလွှာဖြင့် တစ်လွာပြီးတစ်လွာတည်ဆောက်ထားခြင်း ဖြစ်သည်။ ကြက်သွန်နီအခွံများခွါလိုက်သောအခါ အတွင်းရှိအဖြူ ရောင်အခွံထင်ရှားသည်။ အချိန်ခဏကြာလာသောအခါ ထိုအဖြူ ရောင်အခွံမှာ အဝါရောင်သို့ကူးပြောင်းသွားသည်။ သို့သော် ဤအခွံ ကိုပြန်ခွါလိုက်သောအခါ အတွင်းအဖြူရောင်အခွံမှာ နောက်တစ်ဖန် ထင်ရှားခဲ့သည်။ အချိန်အချို့ကြာလာပြီးနောက် ဤအတွင်းခွံသည် လည်း နောက်တစ်ဖန် အပြင်ဘက်အခွံသို့ပြောင်းလဲသွားသည်။ထိုသို့ ဖြင့် တဖန်ပြန်ခွါလိုက်သောအခါ ကောင်းသောအခွံတဖန်ရရှိပြန် သည်။ 
ကျွန်ုပ်တို့အသွေးအသားသည်လည်း ကြက်သွန်နီတစ်လုံး၏ အခွံနှင့်တူသည်။ထို့ကြောင့် ကျွန်ုပ်တို့သည် မရင့်ကျက်သောကလေး အတွေးများကို နေ့တိုင်းဖယ်ရှားရမည် ဖြစ်သည်။ ယခုတွင်သင်သည် “ကျွန်တော်ကယ်တင်ခြင်းရသောအခါ မိမိကိုယ်ကိုငြင်းပယ်တယ်။ ဒါပေမဲ့ ကျွန်တော်အပြစ်လွှတ်ခြင်းရရှိခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ထပ်ခါတလဲလဲငြင်းပယ်ရမလား။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်မိမိကိုယ် ကိုယ်ကို အကြိမ်မည်မျှငြင်းပယ်ဟု စဥ်းစားဖူးသလား။ ကျွန်တော် မှတ်မိရန်ခက်ခဲသည်။ ကျွန်တော်ယခုတစ်ကြိမ်ပြန်လုပ်ရမည်။ အ ရမ်းခက်ခဲတယ်”ဟု တွေးနိုင်သည်။ သို့သော် ညီအစ်ကိုမောင်နှမများ ဤသို့ဖြင့် ဇာတိအတွေးအခေါများကို ဖယ်ရှားပေးနိုင်သောအခွင့်အ ရေးကို သင်ရှာဖွေရမည် ဖြစ်သည်။ ကြက်သွန်နီးအခွံများအတစ်လွှာ ပြီးတစ်လွှာခွါလိုက်သကဲ့သို့ ကျွန်ုပ်တို့၏ဇာတိအတွေးအခေါ်များကို လည်း တစ်လွှာပြီးတစ်လွှာခွါခြင်းသည် ဝိညာဥ်ရေးရာ၌ရင့်ကျက် ခြင်း၏အခြေခံသဘောတရားနှင့်မှန်ကန်သောအရာ ဖြစ်သည်ဟု ဘုရားသခင်မိန့်တော်မူသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား နှုတ်ကပတ်တော်အားဖြင့် တွေ့ဆုံရန်အလိုတော်ရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားရှေ့ တော်တင်ရာမုန့်စားပွဲ၊ မီးခုံ၊ နံသာပေါင်းမီးရှို့ရာပလ္လင်နှင့်ဂရုဏာ ပလ္လင်တော်ရှေ့မှောက်တွင် တွေ့ဆုံရန်အလိုတော်ရှိသည်။ ဤနေရာ တွင်ကျွန်တော်ဖော်ပြလိုသောအရာမှာ သင်သည် ယုံကြည်ခြင်းရှိ ဟန်ဆောင်၍ မိမိကိုယ်ကို အတင်းအဓမ္မငြင်းဆိုသင့်သည်ဟု မဆို လိုပေ။ သင်သည်ထိုသို့မလုပ်သင့်ပေ။ သို့သော် သင်သည်ယုံကြည် ခြင်းအားဖြင့် မိမိနှလုံးသားထဲတွင်ရှိသောဇာတိပကတိစိတ်များကို ဖယ်ရှားရမည် ဖြစ်သည်။ ယခုသင်နားလည်သဘောပေါက်သလား။ ဘုရားသခင်သည် မိမိကိုယ်ကိုငြင်းပယ်ခြင်းသည် ပိုကောင်းသည် အ ကြံပြုတော်မူခြင်းမဟုတ်ပေ။ သို့သော် သင်နှင့်ဇာတိပကတိစိတ်များ ကိုငြင်းပယ်ခြင်းအားဖြင့် မိမိကိုယ်ကိုငြင်းပယ်ရမည်ကို မိန့်တော်မူ ခြင်း ဖြစ်သည်။ သင်သည် မိမိနှလုံးသားများထဲတွင် မိမိကိုယ်ကိုယ် ကိုငြင်းပယ်ရမည်ဟု ကဗ္ဗည်းထိုးလျှင် ထိုအရာသည် မိမိကိုယ်ကိုယ် ကို ငြင်းပယ်ခြင်း ဖြစ်လေသည်။ ထိုသို့ပြုသောအခါ သင်သည် “အ မေလေ၊ ကျွန်တော်သည် မိမိကိုယ်ကိုယ်ကို ငြင်းပယ်နိုင်တယ်”ဟု မ သိမသာလေးဖြင့် ဇာတိပကတိစိတ်များဖယ်ရှားနိုင်မည် ဖြစ်သည်။ သို့သော် အခြေခံသဘောတရာများမသိလျှင်လည်းကောင်း၊ လူများ သည် မိမိလိုအင်ဆန္ဒများတိမ်းညွတ်ရန်အတင်းအဓမ္မတိုက်တွန်းခြင်း ခံရလျှင်လည်းကောင်း၊ သူတို့သည် အောင်မြင်ခြင်းပန်းတိုင်သို့ ရောက်ရကြမည်မဟုတ်ပေ။ သို့သော် သူတို့သည် နောက်ဆုံးတွင် မိ မိယုံကြည်ခြင်းပင်လျှင် ဆုံးရှုံးသွားနိုင်သည်။  
ကျွန်ုပ်တို့သည် စိတ်နှလုံးနှိမ့်ချလျက် ဆက်ကပ်ခြင်းပြုသောအ ခါ ဘုရားသခင်ဝမ်းမြောက်တော်မူသည်။ ဘုရားသခင်ဝမ်းမြောက် တော်မူသောအခါ ကျွန်ုပ်တို့သည် ဇာတိအတွေးအခေါ်များကိုပယ်၍ နှိမ့်ချခြင်းဖြင့် အသက်တာဆက်ကပ်နိုင်မည် ဖြစ်သည်။ ဇာတိအပ ကတိများကိုငြင်းပယ်၍ဝိညာဥ်တော်နှင့် ပြည့်ဝသော အဆင့်သို့ ရောက်နိုင်ရန် တစ်စုံတစ်ခုလိုအပ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ဝိညာဥ်‌တော်နှင့်ပြည့်ဝသောအဆင့်သို့ရောက်နိုင်ရန် ကြိုးစားအား ထုတ်ရမည် ဖြစ်သည်။ မဖြစ်နိုင်ဘူးဟု သင်ထင်သလော။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အားကယ်တင်တော်မူ၍ မိမိလုပ်ဆောင်ဖက်များ ဖြစ်စေတော်မူပြီဖြစ်သောကြောင့် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သောအ ရာတစ်စုံတစ်ခုမျှမရှိသော်လည်း တမန်တော်ရှင်ပေါလုက “ငါ့ကိုခွန် အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသောအ ရာတို့ကို ငါတတ်စွမ်းနိုင်၏”(ဖိလိပ္ပိ ၄း၁၃) ဟု မိန့်တော်မူသည့်အ တိုင်းကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် အရာခပ်သိမ်းကိုတတ်စွမ်း နိုင်ပါသည်။ ထို့ပြင်၊ သတင်းကောင်းပန်းများဝေဝေဆာဆာပွင့်သော အခါ တန်ဆာဆင်သောဘူးသီးသည် အလွန်သေးငယ်တော်သည် ထို အလင်းမှာ  တောက်ပစွာထွန်းလင်းပါလိမ့်မည်။ ထိုနောက် ကျွန်ုပ်တို့ သည်မလုပ်ဆောင်နိုင်သောအရာတစ်စုံတစ်ခုမျှရှိသလော။ ဘုရားသ ခင်သည် ကယ်တင်ခြင်းပန်းများဝေစာစွာဖူးပွင့်ရန်ပြုလုပ်တော်မူ၍ ဝိညာဥ်များကယ်တင်တော်မူပြီဖြစ်သည်။ ကျွန်ုပ်တို့သည် တန်ဆာ ဆင်သောဘူးသီးများမှအငယ်ဆုံးဖြစ်လျှင်တောင်မှာ တန်ဆာဆင် သောဘူးသီးအဖြစ် မထွန်းလင်းနိုင်စရာအကြောင်းရှိမည်လား။ မရှိ ပေ။ ကျွန်ုပ်တို့သည် တန်ဆာဆင်သောဘူးသီးများအဖြစ် အလင်းကို တောက်ပစွာဖြင့် ထွန်းလင်းနိုင်ပါသည်။ 
ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ယုံကြည်ခြင်းဖြင့်ဆက်ကပ် ရန်အသင့်ရှိရမည်။ ကျွန်ုပ်တို့သည် မှန်ကန်သောအရာကို “ဟုတ်ပါ တယ်၊မှန်ကန်တယ်”ဟုဝန်ခံ၍ အသိအမှတ်ပြုရမည်။ မှားသောအ ရာကို “မဟုတ်ဘူး၊ ကျွန်တော့်အတွေးမှားနေတယ်။ ကျွန်တော်မှား နေတယ်”ဟု ဝန်ခံရမည်။ ဤသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ နောက်တော်သို့လိုက်လျှောက်ခြင်း၊ မိမိကိုယ်ကိုငြင်းပယ်ခြင်းနှင့်မိမိ လိုအပ်ဆန္ဒကို ရှေ့တန်းမတင်ဘဲအောက်သို့ငုတ်လျှိုးခြင်း ဖြစ်သည်။  ထိုကြောင့် ကျွန်ုပ်တို့သည် ဇာတိအသွေးအသားဆန္ဒများကိုနှိမ့်ချ လိုက်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အားပုံသွင်းပြုပြင်တော် မူသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိကိုယ်ကို ပုံသွင်းပြုပြင်ခြင်းမပြု နိုင်ကြပေ။ ဝိညာဥ်ရေးရာ၌ရင့်ကျက်သူဖြစ်လာခြင်းသည် ကျွန်ုပ်တို့ ၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်ခြင်းအားဖြင့်ရရှိနိုင်သောအရာမဟုတ် ပေ။ ကျွန်ုပ်တို့သည် မှားသလား၊ မှားသလားဟု ဘုရားသခင်၏နှုတ် ကပတ်တော်ရှေ့မှာ မိမိကိုယ်ကို ဆန်းစစ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် “ဟုတ်ပါတယ်၊ ဘုရား။ ကိုယ်တော်သာမှန်တော်မူတယ်။ မှား တာက ကျွန်တော်ပါ”ဟု မိမိကိုယ်ကို ဝန်ခံပြောဆိုရမည် ဖြစ်သည်။ ဤသို့ကျွန်ုပ်တို့ဝန်ခံသည်နှင့်အမျှ မိမိနှလုံးသားထဲတွင်ရှိသောအ မှောင်ထုကြီး ပျောက်ကွယ်သွားလိမ့်မည်။ ထိုနောက် ဘုရားသခင်က  ကျွန်ုပ်တို့အား “မင်းတို့ကဲ့သို့သောလူမျိုးများအတွက် ငါက မင်းတို့အ ပြစ်များအားလုံးကိုဖယ်ရှားပေးခဲ့တယ်။ မင်းကို အလင်းအဖြစ်ငါ ပြောင်းလဲပေးလိုက်ပြီ”ဟု မိန့်တော်မူသည်။ ဘုရားသခင်သည်ကျွန် တော်တို့အား “အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ၏။ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အ လင်းဖြစ်၏”(ဧဖက် ၅း၁၃) ဟုမိန့်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့ပြုသောကောင်းမှုကုသိုလ်တစ်စုံတစ်ခုမျှမပါဝင်ပေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းရာဌာန၌ အသက်ရှင် ဖို့ရန်အတွက်သာ လိုအပ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယုံကြည် ခြင်းအားဖြင့် သန့်ရှင်းရာဌာန၌အသက်ရှင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌အမှုပြုတော်မူလိမ့်မည်။ ပို၍ထိုက်တန်သောတန် ဆာဆင်သောဘူးသီးများဖြစ်လာရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပို၍များပြားသောကျေးဇူးတော်နှင့်ကောင်းချီးမင်္ဂလာ များကိုချပေးသနားတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဖြန့်ဝေရန်အလိုတော်ရှိ သဖြင့်ပို၍ကြွယ်ဝသောကောင်းချီးမင်္ဂလာများစွာ သွန်းလောင်းတော် မူခြင်း ဖြစ်သည်။ ဤသမ္မာတရားကိုသင်တို့အားလုံးယုံကြည်လိမ့် မည်ဟု မြော်လင့်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံး ကို သင်ယုံကြည်လိမ့်မည်ဟု မြော်လင့်ပါသည်။ သင်ယုံကြည်ပါသ လား။ အကယ်၍ “ယုံကြည်ပါတယ်”ဟု ဖြေလျှင် မည်သို့ပင်မေးခွန်း များရှိနေပါစေ သင့်ယုံကြည်ခြင်းသည် တိုးပွားလိမ့်မည်။ ယုံကြည် ခြင်းတိုးပွားနိုင်ရန် ဤသို့လုပ်ဆောင်ရမည် ဖြစ်သည်။ လေ့လာသင် ယူ၍ရသောအရာမဟုတ်ပေ။ 
အမှုတော်ဆောင်များသည် တန်ဆာဆင်သောဘူးသီးများဖြစ် ကြသည်။ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ “မင်းက ရိုပ်ဆိုးသော တန်ဆာဆင်သောဘူးသီးဖြစ် တယ်။ငါက အလွန်လှပသောဘူးသီးဖြစ်တယ်။”မည်သူမည်ဝါကမျှ ဤသို့မတွေးနိုင်ပေ။ သို့သော် သင်သည် ဤသို့တွေးလျှင် သင့်အ တွေးအခေါ်များသည်  မသန်မစွမ်းဖြစ်လိမ့်မည်။ သင်သည် ပတ်ဝန်း ကျင်ကိုကြည့်၍ ဘုရားသခင်၏စိတ်တော်နှင့်ဆန့်ကျင်ဘက်ခြေဦး လှည့်နေသည်ကို နားလည်သဘောပေါက်ရမည်။ တန်ဆာဆင်သော ဘူးသီးများသည် အခြားယုံကြည်သူများဖြင့်အံတုပြိုင်ဆိုင်ခြင်းသည် အဓိပ္ပါယ်မရှိပေ။ ထိုသို့ပြိုင်ဆိုင်ရာတွင်လည်းအနိုင်ရသောသူကို အ ဘယ်ဆုချရမည်နည်း။ အချို့သောတန်ဆာဆင်သောဘူးသီးများ သည် ကောင်းနိုင်သည်။ သို့သော် ထိုဘူးသီးများသည် အခြားသော ပန်းများထက်ပို၍လှပနေသလော။ အကယ်၍ တန်ဆာဆင်ထား သောဘူးသီးများသည် ပန်းများကို တိုက်ခိုက်နေပါက ထိုပန်းများ သည် အသုံးမရတော့ဘဲ ညှိုးနွမ်းပျက်စီးသွားမည် ဖြစ်သည်။ တိုက် အိမ်တည်ဆောက်သောအခါ အုတ်ခဲအသေးနှင့်အကြီးများ သူ့နေရာ နှင့်သူအသုံးဝင်သည်။ ပိုကောင်းသောဘူးသီးဖြစ်စေ၊ ပိုညံ့သောဘူး သီးဖြစ်စေ ဘုရားသခင်၏သတင်းကောင်းပန်းများအား ဝေဆာလှပ စွာဖူးပွင့်နိုင်သော တန်ဆာဆင်သောဘူးသီးများဖြစ်ကြပါသည်။ 
ထိုကြောင့် ကျွန်ုပ်တို့သည် ရမ္မက်ကြီး၍ တစ်ယောက်နှင့်တစ် ယောက် လျစ်လျူမရှုသင့်ပေ။ တစ်ယောက်နှင့်တစ်ယောက်စောင့် ‌ရှောက်ပြုစုသင့်သည်။ ကျွန်ုပ်တို့အားလုံးသည် တန်ဖိုးရှိသည်ကို နား လည်သဘောပေါက်ရမည်။ အားလုံးသည် တန်ဖိုးရှိကြသည်။ အား လုံးသည် သူ့နေရာနှင့်သူအသုံးဝင်ကြသည်။ ဘုရားသခင်သည် မော ရှေအား မီးခုံကို ရွှေစင်တစ်ဆယ်ဖြင့် ထုလုပ်ရန် မိန့်မှာတော်မူသည့် အတိုင်း  ကယ်တင်ခြင်းပညတ်တော်အားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သူများဖြစ်စေတော်မူ၍ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုအစေခံနိုင်သော တန်ဆာဆင်သောဘူးသီး များဖြစ်စေတော်မူသည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အားဖြင့်ကယ်တင်ခြင်းသတင်းကောင်းအား ကျယ်ပြန့်ရန်အလိုတော် ရှိသည်။ ယခု၌ပင်လျှင် ဘုရားသခင်သည် မိမိအသင်းတော်အားဖြင့် လူသားများအားလုံးထံသို့ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဖြန့်ချီတော်မူသည်။ ဤကယ်တင်ခြင်းသတင်းကောင်းဖြန့်ချီခြင်း အားဖြင့်လည်းကောင်း၊ ၎င်း၏တန်ဆာဆင်သောဘူးသီးများအားဖြင့် လည်းကောင်း ဘုရားသခင်သည် ကိုယ်တော်၏မေတ္တာတော်သမ္မာ တရားဖြင့် လောကတစ်ခုလုံးအလင်းတောက်ပစွာ ထွန်းလင်းစေရန် အလိုတော်ရှိသည်။ 
ဟာလေလုယာ။