Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-29] ယဇ်ပရောဟိတ်ကြီး၏ ဝတ်လုံများ၌ဖုံးကွယ်ထားသော ဝိညာဥ်ရေးအရာအဓိပ္ပါယ်များ (ထွက် ၂၈း၁-၄၃)

ယဇ်ပရောဟိတ်ကြီး၏ ဝတ်လုံများ၌ဖုံးကွယ်ထားသော ဝိညာဥ်ရေးအရာအဓိပ္ပါယ်မျာ
(ထွက် ၂၈း၁-၄၃)
“သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အ မှုကိုဆောင်ရမည်အကြောင်း၊သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။ သင်၏အစ်ကိုအာရုန်၌ ဘုန်းအသရေ ထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသောအဝတ်ကို လုပ်၍ ပေးရမည်။ အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်ရသောအခွင့်ရှိ၍၊သူ့ကိုသန့်ရှင်းစေခြင်းငှါ၊ ငါပေးသော ဥာဏ်ကို ရသောပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည်။လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ် လုံ၊ ချယ်လှယ်သောအင်္ကျီ၊ဗေါင်း၊ ခါးပန်းတည်းဟူသော သင်၏အစ် ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ၊
ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ် ချောတို့ကို ယူရမည်။ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်း စွာလုပ်ရမည်။သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေ ခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်ရမည်။ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊မောင်းသောအထည်၊နီသောအထည်၊ ပိတ်ချောတို့ ကို၎င်းလုပ်ရမည်။ရှဟံကျောက်နှစ်လုံးကိုယူ၍၊ ဣသရေလအမျိုးတ ဆယ်နှစ်မျိုးကို၊အသက်အကြီးအငယ် အလိုက်၊ ကျောက်နှစ်လုံးပေါ် မှာအမျိုးနာမည်ခြောက်ခုစီအက္ခရာ တင်ရမည်။တံဆိပ်ပေါ်မှာ အက္ခ ရာတင်သကဲ့သို့၊ကျောက်လုပ်သော အလုပ်နှင့်တကွ၊ဣသရေလအ မျိုး၏ နာမည်တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင်၍ ရွှေ ကျောက်အိုး၌ထည့်ရမည်။ဣသရေလအမျိုးသားတို့ကို အောက်မေ့  စေခြင်းငှါ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရ မည်။ ထိုသို့ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ၊ သူတို့ နာမည်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မိမိပခုံးပေါ်မှာ ဆောင်ရမည်။ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။အဆုံးနှင့် တပ်ရ သော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍ လုပ်ပြီးမှ ကျောက်အိုး၌ တွဲရမည်။ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။နှစ်ထပ်ခေါက်လျက်၊ အ လျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့် ဖြစ်ရမည်။ ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီရမည်။ ပဌမအတန်းကား၊ ကျောက်နီ၊ ဥဿဖရား၊ ပတ္တမြား၊ဒုတိယအတန်းကား၊ မြ၊ နီလာ၊ စိန်၊ တတိယအတန်းကား၊ဝှါကိန္တုမဟူရာ၊ဂေါ်မိတ်။ စတုတ္ထအတန်းကား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီရမည်။ ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတဆယ့်နှစ်ပါးသော နာ မည်အသီးသီးတို့ကိုတင်လျက်၊ကျောက်တလုံးလျှင် နာမည်တပါးစီပါ ရမည်။ရင်ဖုံးအပေါ် ထောင့်နှစ်ခု၌ ရွှေနှစ်ကွင်းကို၎င်း၊ကျစ်သော ရွှေကြိုးနှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေနှစ်ကွင်း၌ တပ်၍၊ သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော  ကျောက်အိုးတို့၌ တွဲရမည်။တဖန် ရွှေနှစ် ကွင်းကိုလုပ်၍သင်တိုင်းအောက်နားမှာရှိသောရင်ဖုံးအောက်ထောင့်နှစ်ခု၌တပ်ရမည်။အခြားသောရွှေနှစ်ကွင်းကိုလည်းလုပ်၍၊ သင်တိုင်း ရှေ့ဘက်အောက်နား၌ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာ တွင်၊ သင်တိုင်းကိုယ်တဘက်တချက်၌ တပ်ရမည်။  ရင်ဖုံးရွှေနှစ် ကွင်းကို သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရ မည်။ ထိုသို့ရင်ဖုံးကိုထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင် တိုင်းနှင့်မကွာအမြဲရှိစေရမည်။အာရုန်သည်လည်း၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲသို့ဝင်သောအခါ၊ ဣသရေလအမျိုးသားတို့ကို ထာဝရ ဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ၊ ဗျာဒိတ်ရင်ဖုံး၌ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည်။ဗျာဒိတ်ရင်ဖုံးအ ထဲ၌ ဥရိမ်နှင့်သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည် ဖြစ်၍၊ဣသရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရ ဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်။ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို၊ ပြာသောအထည်နှင့်သာ လုပ်ရမည်။ ဝတ်လုံ၌ လည် စွပ်ပါ၍ လည်စွပ်ကို မစုပ်စေခြင်းငှါ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။ပြာသောအထည်၊ မောင်းသောအ ထည်၊ နီသောအထည်နှင့်လုပ်သောသလဲသီးများကို၎င်း၊ ရွှေ ဆည်း လည်းများကို၎င်း၊ဝတ်လုံအောက်စွန်းနားပတ်လည်၌၊ သလဲသီးတ လုံး၊ ရွှေဆည်းလည်းတလုံးစီခြားလျက်၊အစဉ်အတိုင်း ဆွဲထားရမည်။ အာရုန်သည် အမှုတော်ကို ဆောင်၍၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ၊ ထာဝရဘုရားရှေ့တော်၌ ထွက်ဝင်သောအခါ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ ထိုဝတ်လုံကိုဝတ်၍ သူ၏အသံကို ကြား ရမည်။ရွှေစင်သင်းကျစ်ကိုလည်းလုပ်၍၊ တံဆိပ်ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊  ပြာ သောကြိုးနှင့်ဗေါင်းရှေ့၌ ချည်ထားရမည်။အာရုန်သည် ထိုသင်းကျပ် ကို နဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ် ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ ခြင်းငှါ၊ အာရုန်၏ နဖူး၌ အစဉ်ဆင်ရမည်။ပိတ်ချောအင်္ကျီကိုလည်း လုပ်၍ ချယ်လှယ်ရမည်။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည်။ အာ ရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။ထိုသို့ သင်၏ အစ်ကိုအာရုန်နှင့် သူ၏ သားတို့ကိုဝတ်ဆင်စေပြီးမှ၊သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အ မှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်းစေရမည်။သူတို့၌ရှက်စရာအကြောင်း၊ မထင်မ ပေါ်စေခြင်းငှါ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ်၍ ပေးရမည်။ အာရုန်နှင့်သူ၏သားတို့သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲ သို့ဝင်သော်၎င်း၊သန့်ရှင်းရာအရပ်ဌာန၌ ယဇ်ပလ္လင်အနားသို့ချည်း ကပ်သော်၎င်း၊ အပြစ်ရောက်၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည်။ အာရုန်မှစ၍သူ၏အမျိုးအစဉ်အဆက်တို့သည်စောင့်ရသော ပညတ် တော် ဖြစ်သတည်း။”
 


ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံးများ


ယနေ့ ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံများပေါ်တွင်ဖုံးကွယ်သော ဝိညာဥ်ရေးရာအဓိပ္ပါယ်ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ ဤဝတ်လုံများ ကို အာရုန်နှင့်သူ၏သားများက ဝတ်ရမည်။ ဤယဇ်ပရောဟိတ်ကြီး ၏ဝတ်လုံများအားဖြင့် ကျွန်ုပ်တို့အားအပြစ်မှကယ်တင်တော်မူခဲ့ သောဘုရားသခင်၏အကြံအစည်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အသိအမှတ်ပြုနိုင်ကြသည်။ 
ဘုရားသခင်သည် မောရှေအား သူ၏ညီအာရုန်နှင့်သူ၏သား များကိုသန့်ရှင်းစေရန်မိန့်တော်မူခဲ့သည်။ သို့မှသာသူတို့သည် ယဇ် ပရောဟိတ်များအဖြစ် ဘုရားသခင်ကိုအစေခံနိုင်ကြမည် ဖြစ်သည်။ ဘုရားသခင်သည် မောရှေအား မိမိပြသတော်မူခဲ့သောပုံစံနှင့်အညီ ဝတ်လုံများချုပ်တည်းရန်လည်း မိန့်မှာတော်မူခဲ့သည်။ 
အခန်းငယ် ၄ တွင်ဘုရားသခင်က “လုပ်ရသောအဝတ်ဟူမူ ကား၊ ရင်ဖုံး၊သင်တိုင်း၊ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပန်း တည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသော အဝတ်ကို လုပ်ရမည်” ဟု မိန့်တော်မူခဲ့သည်။ 
ပထမအနေဖြင့်၊ ယဇ်ပရောဟိတ်ကြီးသည် မိမိအရှက်ကိုဖုံးရန် အတွက် ချယ်လှယ်ထားသောအင်္ကျီနှင့်ဗေါင်းဘီရှည်ကိုဝတ်ရမည် ဖြစ်သည်။ ဤဝတ်လုံများကို လေဝင်လေထွက်ရရှိနိုင်ရန်အတွက် အ ဖြူ‌ရောင်ပိတ်ချောဖြင့်ပြုလုပ်ထားသဖြင့်ချွေးများစွာ ထွက်ခြင်းမှကာ ကာကွယ်နိုင်ပါသည်။ ဤအရာ၏ဝိညာဥ်ရေးရာအဓိပ္ပါယ်မှာ ယဇ်ပ ရောဟိတ်ကြီးသည် မိမိဇာတိကိုယ်ခန္ဓာကြိုးပမ်းအားထုတ်မှုကို ဘေးချိတ်၍သူ့အားပေးအပ်ခဲ့သောယုံကြည်ခြင်းနှင့်ကျေးဇူးတော်နှင့် အညီဘုရားသခင်ကိုအစေခံရမည်ကိုဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ယဇ်ပရောဟိတ်ကြီးသည် မိမိအတွေးအခေါ်များနှင့်ကိုယ်ခန္ဓာဖြင့် ကြိုးပမ်းအားထုတ်မှုများကို ဘေးချိတ်ထား၍ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ချမှတ်ပေးတော်မူခဲ့သည် ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ အပြစ်ဖြေလွှတ်ခြင်းယဇ်ကို ပြုရမည် ဖြစ်သည်။ ထိုကြောင့် ဘုရား သခင်သည် ယဇ်ပရောဟိတ်ကြီးအား ချယ်လှယ်ထားသောအင်္ကျီနှင့် ဗေါင်းဘီရှည်ပြု၍ ဝတ်ဆင်ရန်မိန့်မှာခြင်း ဖြစ်သည်။ 
ဘုရားသခင်သည် ဤဝတ်လုံးများ၏ထိပ်ဖျားတွင် အပြာရောင် ကြိုးတပ်၍ ယဇ်ပရောဟိတ်ကြီးကို ဝတ်ဆင်စေတော်မူခဲ့သည်။ အ ပြာရောင်ဝတ်လုံပေါ်တွင် သင်တိုင်ကိုပြုလုပ်၍ ရင်ဖုံးတွင်ချိတ်ဆွဲ ထားပါသည်။ ယဇ်ပရောဟိတ်မင်း၏ရင်ခွင့်၌ထားသောရင်ဖုံးကို နှစ် ဆခေါက်၍ အပြာရောင်၊ခရမ်းရောင်းနှင့်အနီရောင်ချည်နှင့်အဖြူ ရောင်ပိတ်ချောတို့ဖြင့်ပြုလုပ်၍အရွယ်အစားမှာ အလျားနှင့်အနံတစ် ထွာစီရှိသည်။ ဤရင်ဖုံးပေါ်တွင် ကျောက်မြက်ရတနာ ၁၂ခုထားခဲ့ သည်။ ဤကျောက်မျက်ရတနာများပေါ်တွင် ဣသရေလလူမျိုးဆယ့် နှစ်မျိုးတို့၏နာမည်များကို ရေးထားသည်။ 
ထိုနောက် သူသည် အဖြူရောင်ပိတ်ချေဖြင့်ပြုလုပ်ထားသော ခေါင်းပေါင်းကို ဝတ်ဆင်ခဲ့သည်။ ခေါင်းပေါင်း၏ရှေ့ဘက်တွင် ရွှေ စင်ပေါ်မှာ “ဘုရားသခင်အတွက်သန့်ရှင်းခြင်း”ဟူသောစသားကို ကဗ္ဗည်းထိုး၍ အပြာရောင်ကြိုးဖြင့် ချိတ်ဆွဲထားပါသည်။ ဤအရာ များသည် ယဇ်ပရောဟိတ်ကြီးများဝတ်ဆင်ထားသော ဝတ်လုံများ၊ ခေါင်းပေါင်းနှင့်ရွှေပြာများအကြောင်းကို အကျဥ်းချုံးတင်ပြထားခြင်း ဖြစ်သည်။ 
ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံအများစုမှာ အပြာရောင်၊ခရမ်း ရောင်၊နှင့်အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့်ပြုလုပ်ထား ပါသည်။ ယဇ်ပရောဟိတ်ကြီး၏ရင်ဖုံးလည်းရှိသေးသည်။ဤရင်ဖုံး ပေါ်တွင် အဖိုးတန်ကျောက်ဆယ့်နှစ်လုံးတပ်ဆင်၍ ဤကျောက်များ ပေါ်တွင် ဤသရေလလူမျိုးများ၏နာမည်ဆယ်နှစ်ခုကို ကဗ္ဗည်းရေး ထိုးထားပါသည်။
ယဇ်ပရောဟိတ်၏လုပ်ရမည့်တာဝန်မှာအောက်ပါအတိုင်းဖြစ် သည်။ သူတို့သည် ဣသရေလူလူများတစ်မျိုးလုံးမှ ယဇ်ကောင်ကို သူတို့ထံမှယူရ၍ သူတို့ကိုယ်စားသေခံသောယဇ်ကောင်၏ဦးခေါင်း ပေါ်တွင် သူတို့အပြစ်များကိုလွှဲပြောင်းပေးခြင်းဖြစ်သည်။ ထိုယဇ် ကောင်ကိုသတ်၍ ဘုရားသခင်ထံတော်သို့ဤယဇ်ကောင်များ၏အ သွေးကို ဆက်ကပ်ပူဇော်ရမည်။ တစ်နည်းအားဖြင့်၊ ယဇ်ပရောဟိတ် ကြီးသည်ဘုရားသခင်၏ပညတ်တော်နှင့်အညီ ယဇ်ပူဇော်ခြင်းအား ဖြင့်မိမိလူများ၏အပြစ်များကိုဖြေလွှတ်ပေးရန် အမှုတော်ထမ်း‌ရွက် ရမည် ဖြစ်သည်။ ယဇ်ပရောဟိတ်ကြီးသည်ဣသရေလလူမျိုးများ၏ ကိုယ်စား ဘုရားသခင်ရှေ့မှောက်တွင်ပူဇော်သောယဇ်ကောင်း၏ ဦး ခေါင်းပေါ်သို့မိမိလက်များကိုတင်ရမည်။ လည်ပင်းကိုဖြတ်၍အသွေး ကိုယူပြီးနောက် ဤအသွေးကို မီးရှို့ရာယဇ်ပလ္လင်၏ဦးချိုများပေါ်မှာ တင်ထားသည်။ ထိုနောက်သည် ၎င်းအသွေးကို အသန့်ရှင်းဆုံးဌာန တွင်ယူဆောင်၍ ကျေးဇူးပလ္လင်ရှေ့တွင် ပက်ဖြန်းခဲ့သည်။ ထိုနောက် သေပြီးသောယဇ်ကောင်းကို တပ်အပြင်ဘက်တွင်သယ်ဆောင်၍ အ ကုန်အစင်မီးရှို့ပစ်လိုက်သည်(ဝတ် ၁၆း၃-၂၈)။ ဤအရာသည် ယဇ်ပ ရောဟိတ်ကြီးများပြုလုပ်သောယဇ်ပူဇော်ခြင်း ဖြစ်သည်။ ဤနည်း လမ်းအားဖြင့် ယဇ်ပူဇော်သောအခါ ဘုရားသခင်ဝမ်းမြောက်တော်မူ သည်။ ယဇ်ပရောဟိတ်ကြီးသည် ဘုရားသခင်၏အမျက်တော်ကိုပြေ စေသောမိမိတာဝန်ကို ပြည့်စုံစွာလုပ်ဆောင်ခဲ့သည်။ တစ်နည်းအား ဖြင့်၊ ယဇ်ပရောဟိတ်သည် ဘုရားသခင်နှင့်မိမိလူများအကြား ကြား ဝင်ဖြန်ဖြေမှုလုပ်ငန်းအခန်းကဏ္ဌကို ပြည့်စုံစေခဲ့သည်။ 
ဤသို့ဖြင့် သခင်ယေရှုမေရှိယသည် ကောင်းကင်နိုင်ငံတော်၏ ယဇ်ပရောဟိတ်ကြီးဖြစ်တော်မူ၍ ဘုရားနှင့်လူတို့အကြားမှာကြား ဝင်ဖျန်ဖြေတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကိုခံယူတော်မူ၍ မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များ အားလုံးကို ယူဆောင်တော်မူကာ ကားတိုင်ပေါ်တွင်မိမိအသက်ကို စတေး၍အသေခံတော်မူခြင်းအားဖြင့် လူသားများအားလုံးကိုအပြစ် နှင့်သေခြင်းမှ မေရှိယကယ်တင်တော်မူခဲ့သည်။ ဓမ္မဟောင်းခေတ် ကာလတွင် ယဇ်ပရောဟိတ်ကြီသည် မိမိလူများ၏အပြစ်များဖြေ လွှတ်ခြင်းအခွင့်ရရှိရန် ယဇ်ပူဇော်ခြင်းအမှုပြုပေးခဲ့သည်။ ဓမ္မသစ် ခေတ်ကာလတွင်မူ သခင်ယေရှု၏နာမ‌တော်အားဖြင့် မေရှိယသည် ကြွလာတော်မူ၍ လူမျိုးနွယ်စုတစ်ခုလုံး၏အပြစ်များအားလုံးကိုဖယ် ရှားပေးသော ထာဝရယဇ်ပရောဟိတ်ကြီး၏အမှုကို ပြည့်စုံစေတော် မူခဲ့သည်(‌ဟေဗြဲ အခန်းကြီး ၇-၉)။
ဤဓမ္မသစ်ခေတ်ကာလတွင် ဘုရားသခင်သည် အပြာရောင်၊ ခ ရမ်းရောင်နှင့်အနီရောင်ချည်ထည်၌ဖုံးအုပ်ထားသောသမ္မာတရားဖြင့် မိမိအပြစ်များအားလုံးကိုဆေးကြောသန့်ရှင်းစေသောဖြောင့်မတ်သူ များအပေါ် ယဇ်ပရောဟိတ်ကြီး၏အမှုကို ထမ်းဆောင်ရန် တာဝန် အပ်နှင်းတော်မူခဲ့သည်။ ဤအကြောင်းကြောင့် ယဇ်ပရောဟိတ်ကြီး ၏ခေါင်းပေါင်းပေါ်တွင် ရွှေပြာဖြင့် “ဘုရားသခင်အတွက်သန့်ရှင်း ခြင်း”ဟူသောစာသားကို ကဗ္ဗည်းထိုးထားခြင်း ဖြစ်သည်။ ဤသို့ဖြင့် ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံးများက လူသားအားလုံး၏အပြစ်များ အားလုံးကိုဆေးကြောသန့်စင်စေသောသတင်းကောင်းကို တိကျစွာ အသေးစိတ်ထင်ရှားစေသည်။ 
ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံမှာ အပြာရောင်ချည်ဖြင့်ရက် လုပ်ထားသည်။ ထိုပြင် ဤအပြာရောင်ဝတ်လုံသည် သခင်ယေရှုခံ ယူတော်မူ‌သောဗတ္တိဇံနှင့်ဆက်ကပ်မှုရှိသည်။ ယဇ်ပရောဟိတ်ကြီး ဝတ်ဆင်သောဝတ်လုံမှာ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ချည်ဖြင့်ရက်လုပ်ထားသည်။ ရွှေချည်ဖြင့်ပြုလုပ်ထားသဖြင့်၊ သူ၏ ဝတ်လုံများသည် အလွန်တောက်ပါ၍မျက်ဝါးထင်ထင်မြင်တွေ့နိုင် သောအရောင်လေးမျိုးဖြင့်ပေါင်းစပ်ထားသည်။ အပြာရောင်ဝတ်လုံ ၏အနားမှာသလဲသီးဖြင့်ပေါင်းစပ်ရက်လုပ်ထားသည်။ ဘေးများတွင် ရွှေခေါင်းလောင်းများချိတ်ထားသည်။ အခန်းငယ် ၃၃ အဓိကအ ကြောင်းမှာ “ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအ ထည်နှင့်လုပ်သော သလဲသီးများကို၎င်း၊ ရွှေ ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌ချိတ်ထားသည်” ဟုဖော်ပြထား သည်။ထိုကြောင့် ယဇ်ပရောဟိတ်ကြီးသည် တဲတော်သို့ဝင်ရောက်၍ မိမိလူများအတွက် ယဇ်ပူဇော်ခြင်းအမှုပြုသောအခါ အပြင်တွင်မတ် သပ်ရပ်စောင့်နေသောဣသရေလလူမျိုးများက ခေါင်းလောင်းသံများ ကြားသိသောအခါ သူသည် ယဇ်ပူဇော်ခြင်းအမှုပြုကြောင်းကို သိရှိ ကြလိမ့်မည်။ 
ဤအမှုအရာအားလုံးသည် ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားနှင့်ဆက်စပ်သည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိကြသည်။ ယဇ်ပရောဟိတ် ကြီး၏လုပ်ငန်းမှာ လူများ၏အပြစ်များဆေးကြောသန့်စင်စေခြင်း ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏အလိုတော်မှာ သူ့အားဤသို့ သောဝတ်လုံများဖြင့်လွှမ်းခြုံပေး၍ ဤတာဝန်ကိုကျေပြွန်စွာပြည့်စုံ စေခြင်းဖြစ်သည်ကို ကျွန်ုပ်တို့နားလည်ရသည်။ ဓမ္မသစ်ကျမ်းခေတ် ကာလတွင် ယနေ့ယဇ်ပရောဟိတ်များဖြစ်ကြသောဘုရားသခင်၏ လူများသည် သူတပါးအပြစ်များကို မည်သို့ဆေးကြောသန့်စင်စေနိုင် ကြသနည်း။ သူတို့သည် ဤလုပ်ငန်းကိုလုပ်ဆောင်နိုင်ရန်အတွက် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်တို့ဖြင့်ဖွင့်ပြသော ရေနှင့် ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့၏အ ပြစ်များဖြေလွှတ်ခြင်းကို ရှေးဦးစွာရရှိရမည် ဖြစ်သည်။ ဤသို့ဖြင့် ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံးများက ကျွန်ုပ်တို့အပြစ်များအားလုံး ကိုဆေးကြောပေးသောသတင်းကောင်းကို ထင်ရှားစွာပြသခဲ့သည်။ 
ဒုတိယအနေဖြင့် လက်ရှိခေတ်ကာလမှာ ကျွန်ုပ်တို့ဖြောင့်မတ် သူများသည် ယဇ်ပရောဟိတ်အမှုကိုထမ်းဆောင်ရာတွင် လူများ၏ မနှောစိတ်အပြစ်များကိုဆေးကြော၍ သန့်ရှင်းစင်ကြယ်စေရမည် ဖြစ်သည်။ ဤသို့ဖြင့် ယဇ်ပရောဟိတ်ကြီး၏ခေါင်းပေါင်းအတွက် ရွှေ တံဆိပ်ပြုလုပ်၍“ထိုရွှေပြားပေါ်တွင်“ဘုရားသခင်အတွက် သန့်ရှင်း ခြင်း” ဟူသောစသားကို ကဗ္ဗည်းထိုးထားခြင်းဖြစ်သည်။ 
ဤရွှေပြားပေါ်တွင်ကဗ္ဗည်းထိုးထားသော“ဘုရားသခင်အတွက် သန့်ရှင်းခြင်း”သည် ယဇ်ပရောဟိတ်ကြီး၏ခေါင်းပေါ်တွင်ဝတ်ထား သောခေါင်းပေါင်ပေါ်မှာ အပြာရောင်ကြိုးဖြင့် ချိတ်ဆွဲထားသည်။ လူ များကယဇ်ပရောဟိတ်ကြီး၏ဦးခေါင်းကိုကြည့်၍ ရွှေပြားကိုမြင်နိုင် ခြင်းအားဖြင့်သော်လည်းကောင်း၊ အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်‌ရွှေချည်နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့် ပြုလုပ်ထားသောဝတ် လုံးများနှင့်အတူ အပြာရောင်ချည်ကြိုးကိုမြင်သောအခါ ချက်ခြင်း သိရှိခဲ့ကြသည်။ ယဇ်ပရောဟိတ်ကြီးသည် အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ဖြင့်အပြစ်များဆေးကြောသန့်စင်ခြင်းလုပ်ငန်းကို အမြဲပြုလုပ်ခဲ့ကြောင်း ဤအရာက ထင်ရှားစေခဲ့သည်။
 

ကျွန်ုပ်တို့သည် ဘုရားသခင်အစေခံများ၏‌ဖြောင့်မတ်  သောတရားစီရင်ခြင်းကို နာခံရမည်

ယဇ်ပရောဟိတ်ကြီးသည် သန့်ရှင်းရာဌာနသို့ဝင်ရောင်သော အခါ မိမိနှလုံးသားတရားစီရင်ခြင်းရင်ဖုံးပေါ်တွင် ဣသရေလူမျိုးများ ၏သားများနာမည်များကို ထမ်းဆောင်ခဲ့သည်။ ထိုနည်းတူ၊ ကျွန်ုပ် တို့သည်လည်း ဘုရားသခင်ကိုလက်ခံရန် လောကအပြစ်သားများ၏ ဝိညာဥ်များကို မိမိနှလုံးသားများ၌ သယ်ဆောင်ကာ သူတို့အတွက် ဆုတောင်းပေးရမည် ဖြစ်သည်။ ဘုရားသခင်သည် မောရှေအား ယဇ် ပရောဟိတ်ကြီးဝတ်ထားသောရင်ဖုံး၌ ဥရိမ်နှင့်သုမိမ်ခေါ်အဖိုးတန် ကျောက်နှစ်ပြားချထားရန် မိန့်မှာတော်မူခဲ့သည်။ ယနေ့ကျမ်းစာကို ကြည့်သော် အခန်းငယ် ၃၀ တွင် “ဗျာဒိတ်ရင်ဖုံးအထဲ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည်။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ်၍၊ ဣသ ရေလအမျိုးသားတို့အမှု၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည်” ဟု ဖော်ပြထားသည်။ 
ဤအဖိုးတန်သောကျောက်များ ဥရိမ်နှင့်သုမိမ်၏အဓိပ္ပါယ်မှာ  “အလင်းနှင့်ပြည့်စုံခြင်း”ဖြစ်သည်။တနည်းအားဖြင့်၊ယဇ်ပရောဟိတ် များသည် ဣသရေလလူမျိုးများအား ဖြောင့်မတ်မှန်ကန်စွာဖြင့်တ ရားစီရင်နိုင်ရန်အတွက် တောက်ပသောနှလုံးသားကို ဘုရားသခင်ချ ပေးတော်မူခဲ့သည်။ ယဇ်ပရောဟိတ်ကြီးများသည် ဘုရားသခင်၏လူ များအသက်တာများ၌ အမှားနှင့်အမှန်ကို တရားစီရင်နိုင်ရန်အတွက် ဘုရားသခင်က သူတို့အားအခွင့်အာဏာနှင့်ဉာဏ်ပညာကိုပေးအပ် တော်မူခဲ့သည်။ ယဇ်ပရောဟိတ်ကြီးများသည် ဣသရေလလူမျိုးများ ၏ဝိညာဥ်ရေးရာအသက်တာများတွင်အမှားနှင့်အမှန်ကို ခွဲခြားဆုံး ဖြတ်ပေးနိုင်သောတာဝန်ရှိသည်။ 
ဤအချိန်တွင်လည်း ဘုရားသခင်သည် ကိုယ်တော့်အစေခံများ တစ်ဦးချင်းစီတိုင်းအား အမှားအမှန်ကိုပိုင်းခြားတရားစီရင်ရန်အ တွက်သော်လည်းကောင်း၊ လူတစ်ယောက်သည် အပြစ်လွှတ်ခြင်းအ ခွင့်ရ/မရ ပိုင်းခြားနိုင်ရန်အတွက်သော်လည်းကောင်း အစွမ်းအစများ ချပေးတော်မူခဲ့သည်။ 
ဘုရားသခင်ပေးထားသောအစွမ်းအစအားဖြင့် ကိုယ်တော့်အ စေခံများက စစ်မှန်သောသတင်းကောင်းကို မှန်ကန်စွာတရားစီရင် ခြင်း၊ မှန်ကန်သောအပြစ်ဖြေလွှတ်ခြင်းသည်အဘယ်ရောဖြစ်သည် ကိုသိခြင်း၊ ဘုရားသခင်သားသမီးများအသက်ရှင်သင့်သောဖြောင့် မတ်သောလမ်းကိုသိရှိခြင်း၊ သူတစ်ယောက်သည် ဒုတိယမွေးခြင်းခံ ရ/မရသည်ကို ပိုင်းခြားသိမြင်ခြင်းတို့ကို တရားစီရင်နိုင်ကြသည်။ ထို ကြောင့် ဘုရားသခင်၏လူများအားလုံးသည် မိမိတရားစီရင်ခြင်းများ နှင့်ခေါင်းဆောင်မှုကို နာခံခြင်းရှိရမည်။ ဘုရားသခင်၏အစေခံများ တရားစီရင်ခြင်းကိုငြင်းဆန်သောသူများသည် ဘုရားသခင်၏အလို တော်ငြင်းပယ်ခြင်းဖြစ်သည်ကို သူတို့သည်နားလည်သဘောပေါက် ရမည် ဖြစ်သည်။ ထိုကြောင့် ဣသရေလလူမျိုးများသည် ယနေ့ယဇ် ပရောဟိတ်ကြီးများကဲ့သို့ ဘုရားသခင်၏တရားစီရင်ခြင်းကိုလိုက်နာ နာခံရမည် ဖြစ်သည်။ 
ထိုနည်းတူ၊ ယခုလက်ရှိအချိန်တွင် ဘုရားသခင်သည် မိမိအစေ ခံများအား “အမှားနှင့်အမှန်”ကို တရားစီရင်သောတာဝန်ကို အပ်နှင်း ထားတော်မူခဲ့သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အသင်း တော်၏ခေါင်းဆောင်များလုပ်ဆောင်နေသောအရာများကို ရိုသေ လေးမြတ်ခြင်းရှိ၍ သူတို့လုပ်ငန်းများကို နှလုံးသားဖြင့်စည်းလုံးမှုရှိရ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအတွင်းနှလုံးမှယုံကြည်ခြင်းအား ဖြင့် မှန်ကန်သောတရားစီရင်ခြင်းများနှင့်ခေါင်းဆောင်မှုကို လိုက် လျှောက်ခြင်းသည် တင့်တော်သောအရာဖြစ်သည်ကို ကျွန်ုပ်တို့နား လည်သဘောပေါက်ရမည်။ ကျွန်ုပ်တို့သည် “သူက ယဇ်ပရောဟိတ် ကြီးဖြစ်သဖြင့်မိမိတာဝန်ကိုလုပ်ပေမယ့် ငါတို့နှင့်အတူတူပဲဖြစ်” တယ်လိုမတွေးသင့်ပေ။ လူအချို့က “ကျွန်တော့်သင်းအုပ်ဆရာ၏ အကျင့်ကိုမကြိုက်ပါ။သူအပြုအမူဟာလွန်လွန်းတယ်။ သူကမဟုတ် မမှန်ဆုံးဖြတ်တယ်။ ဒါကြောင့် သူဟောပြောသောသတင်းကောင်း ကိုကျွန်တော်ယုံကြည်ပေမယ့် သူအကြံပြုသောနည်းလမ်းအတိုင်း ကျွန်တော်ဆုံးဖြတ်ချက်ချမှတ်ရန် သဘောမတူဘူး။ ကျွန်တော်သူ၏ ရည်ရွယ်ချက်နှင့်မတူသောရည်ရွယ်ချက်လည်းရှိတယ်”ဟု ပြော တတ်ကြသည်။ လူများသည်မိမိမရင့်ကျက်သေးသောအတွေးအခေါ် မျိုးဖြင့် ယဇ်ပရောဟိတ်ကြီးများကိုကြည့်၍ မှားယွင်းစွာနိဂုံးချုပ် တတ်ကြသည်။ သို့သော် ဤသို့သော်မှားယွင်းမှုများက တရားစီရင် ခြင်းကို မရှောင်လွှဲနိုင်ပေ။ 
ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံသည့်နည်းတူ အပြော ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ကို ကယ်တင်ခြင်းအဖြစ်ယုံ ကြည်သူများဖြစ်သောဘုရားသခင်၏အစေခံများကို နာခံခြင်းရှိရ မည်ဖြစ်သည်။အကြောင်းမှာ သူတို့၏တရားစီရင်ခြင်းမှာ မိမိအတွေး အခေါ်ကြောင့်မဟုတ်ပေ။ ဘုရားသခင်ကိုဝမ်းမြောက် စေသောသူတို့ ၏ယုံကြည်ခြင်းကြောင့် တရားစီရင်ခြင်းမှလွှတ် မြောက်ကြခြင်း ဖြစ် သည်။ ယနေ့ယဇ်ပရောဟိတ်ကြီးများ၏တရား စီရင်ခြင်းများသည် ဘုရားသခင်၏အလင်းနှင့်သမ္မာတရားပေါ်တွင်အ ခြေခံထားသည်။ ဘုရားသခင်၏တရားစီရင်တော်မူခြင်းနှင့်ဆုံးဖြတ်ချက်ပင်ဖြစ်သည်။  အကယ်၍သူတို့၏ဆုံးဖြတ်ချက်များသည် မိမိ သေးသိမ်သောအ တွေးအခေါ်များမှလာသောအရာမတုတ်ဘဲ ဘုရားသခင်၏နှုတ်က ပတ်တော်ပေါ်တွင်သာအခြေပြု၍ရေနှင့် ဝိညာဥ်တော်သတင်း ကောင်း ကိုယုံကြည်ခြင်းနှင့်အညီတရားစီရင်ခြင်းသည် မှန်ကန် သောတရားစီရင်ခြင်း ဖြစ်သည်။ ဤသို့သောဆုံးဖြတ်ချက် များသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အလိုတော်မှ သွေဖယ်ခြင်းမရှိ လျှင် သူတို့၏ဆုံးဖြတ်ချက်များသည် ဘုရားသခင်၏ဆုံးဖြတ် ချက် များဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။ 
ဤသို့ဖြင့်၊ ယဇ်ပရောဟိတ်ကြီးများ၏လုပ်ငန်းမှာ လူများအ တွက်အလွန်အရေးကြီးသည်။ ဤလက်ရှိအချိန်သည်လည်း ဓမ္မ ဟောင်းကျမ်းခေတ်ကာလကဲ့သို့ ဘုရားသခင်၏လူများဦးဆောင် လမ်းပြသူမှာ အခြားသူများမဟုတ် ယဇ်ပရောဟိတ်ကြီးများဖြစ်ကြ သည်။ ဣသရေလလူမျိုးများတွင် ယဇ်ပရောဟိတ်ကြီးကလွဲ၍လူမျိုး ကိုဦးဆောင်နိုင်သူ အခြားရှင်ဘုရင်မရှိတော့ပေ။ ဣသရေလလူမျိုး များ၏နိုင်ငံရေးစနစ်သည် သီအိုဂရစ်တစ်စနစ်ဖြစ်သောကြောင့် လူ မျိုးတစ်မျိုးလုံးအတွက် ယဇ်ပရောဟိတ်ကြီးများက ဆုံးဖြတ်ချက်ချ ပေးရမည် ဖြစ်သည်။ ယခုဝိညာဥ်ရေးရာကိစ္စများကိုကြည့်သော် ဘု ရားသခင်၏လူများသည် ဘုရားသခင်နှုတ်ကပတ်တော်အရမိမိအ သင်းတော်၌တာဝန်အပ်နှင်းခြင်းခံရသော အစေခံများ၏လမ်းပြပို့ ဆောင်ခြင်းကို ယုံကြည်၍ လိုက်လျောက်ရမည် ဖြစ်သည်။ ယဇ်ပ ရောဟိတ်ကြီးများသည်ဘုရားသခင်၏အလိုတော်နှင့်အညီအရာအား လုံးကို ဆုံးဖြတ်ရမည် ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် နှုတ်ကပတ် တော်နှင့်ကိုယ်တော့်ပြင်ဆင်မှုများပေါ်တွင် အခြေခံရမည်ဖြစ်သည်။ 
ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံများက သင်ခန်းစာများစွာပေး သည်။ ပထမဦးဆုံး ဝတ်လုံအတွက်အသုံးပြုသောအပြာရောင်၊ ခရမ်း ရောင်နှင့်အနီရောင်ချည်နှင့် ရွှေရောင်ချည်တို့၏ဝိညာဥ်ရေးရာအ ဓိပ္ပါယ်များကို သိရှိရန်လိုအပ်သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အ နီရောင်ချည်၏သမ္မာတရားကို ကျွန်ုပ်တို့လေ့လာသင်ယူခဲ့ပြီးဖြစ်ပါ သည်။ ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံများအားဖြင့် ဘုရားသခင်က အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်တို့၏မရှိမဖြစ်လိုအပ်မှု နှင့်အရေးပါမှုများနှင့်၎င်းတို့ကိုခံယူသောယုံကြည်ခြင်း အကြောင်းကို  မိန့်တော်မူခဲ့သည်။ ဤချည်များသည် လူများ၏အပြစ်များဖြေလွှတ် ရန်ကြောင်းထင်ရှားစေရန်အတွက် မရှိမဖြစ်လိုအပ်သော တန်ဆာပ လာများဖြစ်ကြသည်။ သခင်ယေရှုသည် ဤလောကသို့ကြွလာတော် မူ၍ ဗတ္တိဇံခံယူလျက်အသွေးတော်သွန်း‌လောင်းတော်မူခဲ့သည်။ ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်သာလျှင် ကမ္ဘာပေါ်တွင်ရှိ သောလူသားအားလုံး၏အပြစ်များကိုဆေးကြောသန့်စင်စေသည်။အ ပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်က ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းသည် သမ္မာတရားဖြစ်ကြောင်းကိုလည်းကောင်း၊ ၎င်း ကပြည့်စုံသောပြစ်ကြွေးပေးဆပ်ပေးသည်ကိုလည်းကောင်း ထင်ရှား စေပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဤအနက်အဓိပ္ပါယ်ကိုမှန်ကန် စွာနားလည်သဘောပေါက်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအ ကြောင်းကိုမှန်ကန်စွာသိရှိယုံကြည်ပါက ကျွန်ုပ်တို့သည် မိမိအပြစ် များကို ထာဝရဆေးကြောသန့်စင်၍ ထာဝရအသက်ပိုင်ဆိုင်ရရှိကြ လိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေ၊အသွေးနှင့်ဝိညာဥ်၏သ တင်းကောင်းအားဖြင့်ပြည့်စုံသောတိကျသောသမ္မာတရားကို ခံယူ သောယုံကြည်ခြင်း ရှိကြရမည်။ 
 


ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ချည်ဖြင့်ယုံကြည်မှုကို ကာကွယ်ရမည်


အကယ်၍ ကျွန်ုပ်တို့သည် အပြာရောင်၊ခရမ်းရောင်နှင့်အနီ ရောင်ချည်၌တိကျသောပညာမရှိ၊ စစ်မှန်သောယုံကြည်ခြင်းမရှိပါက စစ်မှန်သောသတင်းကောင်းခုခံနိုင်မည်မဟုတ်ပေ။ပို၍ဆိုးသွမ်းသော အရာမှာ ဤသတင်းကောင်းသည်ပင်လျှင် လုံးလုံးပျက်ဆီးနိုင်ပါ သည်။အချိန်ကာလာသည်နှင့်အမျှ ဤကမ္ဘာပေါ်တွင်ရှိသောဘာသာ တရားများသည် မိမိကိုယ်ကိုပြောင်းလဲနို်ငသည်။ သို့သော် ယဇ်ပ ရောဟိတ်ကြီး၏ဝတ်လုံများ၏အရောင်များအားဖြင့် ဘုရားသခင်က အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်၏လုံးဝမပြောင်းလဲသော သမ္မာတရားကို ပြသတော်မူခဲ့သည်။  ယဇ်ပရောဟိတ်ကြီး၏ဝတ် လုံများအားဖြင့်သော်လည်းကောင်း၊တဲတော်အတွင်းတွင်တွေ့ရသော အသုံးအဆောင်ပစ္စည်းများအားလုံးအားဖြင့်သော်လည်းကောင်း၊ တဲ တော်၌ပြုလုပ်သောယဇ်ပဇော်ခြင်းနည်းလမ်းအားဖြင့် သော်လည်း ကောင်း ဘုရားသခင်သည် မိမိမေတ္တာတော်နှင့်ကျွန်ုပ်တို့အတွက်အ ကြံအစည်တော်များကို ပြည့်စုံစွာထင်ရှားစေတော်မူခဲ့သည်။ ဤသို့ အားဖြင့် ကျွန်ုပ်တို့သည် အပြာ‌ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် သတင်းကောင်းအဖြစ်ရောက်ရှိလာသော ဤထာဝရသမ္မာတရားကို ယုံကြည်မှုကို ခုခံကာကွယ်နိုင်ရမည် ဖြစ်သည်။ အချိန်များပြောင်းလဲ နေသော်လည်း မပြောင်းလဲသောအရာမှာ ရေနှင့်ဝိညာဥ်တော်ကယ် တင်ခြင်းသတင်းကောင်းယုံကြည်မှုပင် ဖြစ်သည်။ ဤယုံကြည်ခြင်း သည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်၌ထင်ရှားသောထာ ဝရကယ်တင်ခြင်းကိုခံယူသောယုံကြည်ခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်သ တင်းကောင်းယုံကြည်ခြင်းကို မည်ကဲ့သို့မပြောင်းမလဲတည်စေနိုင် ကြမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြာရောင်၊ခရမ်း ရောင်နှင့်အနီရောင်ချည်သတင်းကောင်းဖြင့်အပြစ်မှ ကယ်တင်တော် မူခဲ့သည်ဟုမိန့်တော်မူလျှင် ဤအရာသည် သမ္မာတရားဖြစ်သည်။ဓမ္မ ဟောင်းကျမ်းတွင် ဘုရားသခင်သည် လက်များတင်ခြင်းနှင့်အသွေး သွန်းလောင်းခြင်းအားဖြင့်အပြစ်သားများ၏ အပြစ်ဒုစရိုက်များကို ဖယ်ရှားပေးတော်မူခဲ့သည်။ ယခုချိန်တွင်မူ ဘုရားသခင်သည် ဗတ္တိဇံ ယောဟန်ထံမှခံယူသောဗတ္တိဇံ(မဿဲ၃း၁၅)နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ကျွန်ုပ်တို့အတွက်အ ပြစ်ဖြေလွှတ်ခြင်းပြည့်စုံစေတော်မူခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းအားဖြင့် ဘုရားခသင်သည် တစ်ကမ္ဘာလုံးတွင်မှီတင်း နေထိုင်သောအပြစ်သားအားလုံးများ၏ဒုစရိုက်အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်။ 
မည်သို့သေချာနိုင်သနည်း။ ဘုရားသခင်က ကျမ်းသာတွင် ‘ယုံ ကြည်ခြင်း’ဟုသတ်မှတ်တော်မူသည်။ ထိုကြောင့် ယဇ်ပရောဟိတ် ကြီး၏ဝတ်လုံအတွက်အသုံးပြုသော အပြာရောင်၊ခရမ်းရောင်နှင့်အ နီရောင်ချည်တို့နှင့်အတူအသုံးပြုသောရွှေချည်သည် ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို ခွဲခြားမှုမပြု၊ ချန်လှစ်ခြင်းမပြုဘဲနှစ်ပါးစ လုံးယုံကြည်ရမည်ကို ရည်ညွှန်းထားသည်။ဘုရားသခင်သည် ကျွန်ုပ် တို့အပြစ်များဖယ်ရှားပေးတော်မူရန် နည်းစနစ်ကိုချပေးတော်မူခဲ့၍ ပြောင်းလဲရန်ခွင့်ပြုတော်မမူသောကြောင့် ကျွန်ုပ်တို့သည် ပတ်ဝန်း ကျင်အခြေအနေများကြောင့် အခက်အခဲမည်သို့ပင် တွေ့ကြုံနေပါ စေ ကျွန်ုပ်တို့သည် စိတ်ငြိမ်သက်ခြင်းခံစားရရှိနိုင်ကြသည်။ ဤအ ကြောင်းမှာ ဘုရားသခင်ဖွင့်ပြ‌တော်မူသော အပြာရောင်၊ခရမ်းရောင်၊ နှင့်အနီရောင်ချည်တို့ဖြင့်ထင်ရှားသည်သမ္မာတရားကြောင့်ဖြစ်သည်။
 


ယဇ်ပရောဟတ်မင်းကြီး၏ခါးပတ်


ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံများအကြားတွင် ခါးပတ်တစ်ခုရှိ သည်။ ယဇ်ပရောဟိတ်ကြီး၏သင်တိုင်းပေါ်တွင် ပတ်ထား၍ရွှေ၊ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချော ဖြင့်ပြုလုပ်ထားသည်။ သင်တိုင်းပတ်ထားခြင်းသည် ခွန်အား၏ သင်္ကေတအမှတ်အသားဖြစ်သည်။ကျမ်းစာက “သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ် တန်ဆာကို ဝတ်ဆင်လျက်”(ဧဖက် ၆း၁၄) ဟုဖော်ပြထားသည်။ယဇ် ပရောဟိတ်ကြီး၏ခါးပန်းသည် သမ္မာတရားသတင်းကောင်းယုံကြည် ခြင်းမှလာသောတန်ခိုးကိုရည်ညွှန်းထားသည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့အပြစ်များအားလုံးမှကယ်တင်ခဲ့သော အပြာရောင်၊ ခရမ်း ရောင်နှင့်အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချော သမ္မာတရားကိုခံ ယူသောယုံကြည်ခြင်းကို ကျွန်ုပ်တို့အားဖွင့်ပြထားသည်။ ထိုကြောင့် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချော ၌ထင်ရှားသော သတင်းကောင်းကလွဲ၍အခြားလူများတီထွင်သော သတင်းကိုယုံကြည်ခြင်းသည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ပင် ဖြစ်ပါသည်။ 
ကိုယ်ခန္ဓာ၌အားနားသောသူများသည် ဘုရားသခင်ပေးထား တော်မူသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် သူတို့အပြစ်များအားလုံးမှပြည့်စုံစွာ ဆေးကြောခြင်းခံရကြ သည်။ အကြောင်းမှာ ဘုရားသခင်သည် အပြစ်ဖြေလွှတ်ခြင်းသမ္မာ တရားအားဖြင့် သခင်ယေရှုခရစ်တော်ပေါ်သို့ လောက၏အပြစ်များ အားလုံးကိုလွှဲပြောင်းပေးတော်မူပြီဖြစ်သောကြောင့်ဖြစ်သည်(မဿဲ ၃း၁၅၊ဝတ် ၁၆း၁-၂၂)။ထိုကြောင့်၊ အပြာရောင်၊ခရမ်းရောင်နှင့်အနီ ရောင်ချည်ဖြင့်ထင်ရှားသော သခင်ယေရှု၏လုပ်ဆောင်ချက်များကို ယုံကြည်သောသူများသည် ကိုယ်ခန္ဓာနှင့်လိုအင်ဆန္ဒများ၌အားနည်း နေကြသော်လည်း သူတို့သည် ကယ်တင်ခြင်းခံရကြသည်။ ကောင်း ကင်နိုင်ငံယဇ်ပရောဟိတ်ကြီးသခင်ယေရှုခရစ်တော်ပေးအပ်တော်မူ သော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ကျွန်ုပ်တို့ကြားမှာကိန်း ဝပ်တော်မူသောအခါ ခရစ်တော်၏မေတ္တာတော်နှင့်ကျွန်ုပ်တို့ကိုမည် သူက ကွဲကွာစေနိုင်သနည်း။ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင် ချည်နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့်ထင်ရှားသောသမ္မာတရားကို ယုံ ကြည်သောခါ ကိုယ်တော်၏ပြည့်စုံသောကယ်တင်ခြင်းကို ကျွန်ုပ် ရယူပိုင်ဆိုင်နိုင်ကြသည်။ 
ယဇ်ပရောဟိတ်များသည် ယဇ်ပရောဟိတ်တာဝန်များကိုထမ်း ဆောင်ကြသည်။ သူတို့သည် တဲတော်၌ဖော်ပြထားသောယဇ်ပူဇော် ခြင်းစနစ်ကလွဲ၍လူများဖန်တီးတီထွင်ထားသော အယူဝါဒများ၏ နောက်သို့မလိုက်လျှောက်ကြပေ။ ထိုနည်းတူ၊ ယနေ့ဘုရားသခင်၏ အစေခံများသည် ပျောက်ဆုံးသောဝိညာဥ်များသို့ အမြစ်တွယ်ထား သောစစ်မှန်သောသတင်းကောင်းမှလွှဲသွားသော အခြားသတင်းများ နောက်သို့မလိုက်သင့်ပေ(ဂလာ၁း၆၊၉)။ အခြားသတင်းကိုဟောပြော သောသူများသည် သူတို့၏တရားဟောချက်များမည်သို့ပင်ကောင်း မွန်နေပါစေ တဲတော်၌ထင်ရှားသောဘုရားသခင်၏ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို မှန်ကန်စွာသက်သေခံမဟောပြောကြသော ကြောင့် ပျောက်ဆုံးသောဝိညာဥ်များကို ဘယ်အရာကိုမျှကူညီခြင်းမ ပြုနိုင်ကြပေ။ သူတို့သည် လိမ်လည်လှည့်ဖြားသောသွန်သင်ဆရာ များဖြစ်ကြသည်။ ကောင်းကင်ယဇ်ပရောဟိတ်ကြီးသခင်ယေရှုခရစ် တော်ကို မိမိကယ်တင်ရှင်အဖြစ်ယုံကြည်သောအခါ တဲတော်၌ထင် ရှားသောလက်တင်ခြင်းနှင့် အသွေးတော်သွန်းလောင်းခြင်းဆိုင်ရာ ယဇ်ပူဇော်ခြင်းစနစ်ကို မလွဲမသွေလက်ခံအသိအမှတ်ပြုရမည်ဖြစ် သည်။ ဤလောကမှာ မှားယွင်းသောသတင်းများစွာရှိသည်ကိုကျွန်ုပ် နားလည်သဘောပေါက်ရမည်။ မည်သို့ပင်ဟောပြောသောသတင်း ကောင်းဖြစ်စေကာမူ သူတို့ဟောပြောသောတရား‌တော်သည် ဘုရား သခင်၏နှုတ်ကပတ်‌တော်ကိုအခြေပြုလျက်ရေနှင့် ဝိညာဥ်တော်သ တင်းကောင်းသမ္မာတရားကိုဟောပြောလျှင် ကျွန်ုပ်တို့သည်ကြားနာ ယုံကြည်ရမည် ဖြစ်သည်။ 
ယနေ့ခရစ်ယာန်ဘာသာတွင် ပြဿနာများစွာပေါ်ပေါက်ရခြင်း အကြောင်းရင်းတစ်ခုမှာ အမှုတော်ဆောင်များသည် ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုမသိဘဲလျက် မိမိယဇ်ပရောဟိတ်ဆိုင်ရာ တာဝန်များကို ပြည့်စုံစေရန် ဝိညာဥ်ရေးရာလှည့်စားယိမ်းယိုင်မှုများ စွာရှိခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ရှေ့တော်၌စစ်မှန်သော ယဇ်ပရောဟိတ်များဖြစ်လာရန် ပထမခြေလှမ်းမှာ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုယုံကြည်ခြင်း ဖြစ်သည်။ ဤယုံကြည်ခြင်းရှိ သောသူများသာလျှင် ဘုရားသခင်ထံတော်သို့သင့်တော်သော ယဇ်ပူ ဇော်ခြင်းကိုပြုနိုင်ကြမည်။ ဤသို့ဖြင့်၊ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုသိရှိယုံကြည်သောသူများသည် လူတိုင်းကိုအမှန်အကန် ချစ်နိုင်ကြမည် ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်တည်ရှိခြင်း အကြောင်းကို သင်သိသလော။ ဘုရားသခင်၏အသင်းတော်တည်ရှိ ခြင်းအကြောင်းမှာ အပြစ်သားများထံရေနှင့်ဝိညာဥ်တော်သတင်း ကောင်းဟောပြောဖြန့်ဝေရန်ဖြစ်သည်ဟု သင့်အားကျွန်တော်ပြော ကြားနိုင်သည်။ 
ကျမ်းစာ၌ထင်ရှားသောအပြာရောင်၊ခရမ်းရောင်နှင့် အနီရောင် ချည်သမ္မာတရားကို ကျွန်ုပ်တို့သည် လုံးဝဥဿုံယုံကြည်သောအခါ ကျွန်ုပ်တို့သည် မိမိအပြစ်မှကယ်တင်ခြင်းရရှိနိုင်၍ အပြစ်ကင်းစင်သူ များဖြစ်လာနိုင်ကြသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများထဲမှာ စစ်မှန်သောြငိမ် သက်ခြင်းခံစားရရှိနိုင်ကြသည်။ ဤငြိမ်သက်ခြင်း၌ကျွန်ုပ်တို့အသက် ရှင်ကြသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဘယ်တော့မှမခွဲခွါ နိုင်ကြပေ။ ကျွန်ုပ်တို့သည် ပြည့်စုံသောသတင်းကောင်းကိုယုံကြည် သောအခါ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်။ ထိုနောက်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်ရောက်ကာ အသက်ရှင်နိုင်ကြလိမ့်မည်။ ဘု ရားသခင်သည်ကျွန်ုပ်တို့အားငြိမ်သက်ခြင်းသို့ လမ်းပြပို့ဆောင်တော် မူသည်။ လောကလူသားများအားလုံးကို ဘုရားသခင်ထံတော်သို့ လမ်းပြပို့ဆောင်ခြင်းအားဖြင့် ယဇ်ပရောဟိတ်ကြီး၏ရင်ဖုံးအ‌ရှေ့ ရွှေပြားပေါ်တွင် “ဘုရားသခင်အတွက်သန့်ရှင်းခြင်း”ဟုရေးထား သည့်အတိုင်း ကိုယ်‌တော်သည် အပြစ်များဖြေလွှတ်ခြင်းစစ်မှန်သော အလင်းဖြင့် သူတို့ကို တောက်ပစွာ ထွန်းလင်းစေတော်မူသည်။ ထို ကြောင့် အပြစ်လွှတ်ခြင်းရရှိနိုင်ရန်အတွက် ဘုရားသခင်သည်ကျွန်ုပ် တို့အား တာဝန်အပ်နှင်းတော်မူခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင်ရှိသော ယဇ်ပရောဟိတ်များ၏တာဝန်များနှင့် အတူ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်သတင်းကောင်းကို ယုံကြည်သူကျွန်ုပ်တို့အားလုံးကို ဤတာဝန်အပ်နှင်းတော်မူခြင်းဖြစ် သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤပြည့်စုံသောသမ္မာတရား အလင်း၌ မြင့်မြတ်သောအရာလုပ်ဆောင်စေတော်မူသောကြောင့် ကျေးဇူး‌တော်ချီးမွမ်းပါသည်။ ဘုရားသခင်ထံတော်မှ ဤသတင်း ကောင်းနှုတ်ကပတ်တော်ကို ကျွန်တော်ပထမဦးဆုံးကြားရသောအ ခါ ကျွန်တော်ဝမ်းမြောက်ပီတိဖြစ်ခဲ့ရသည်။ ကျွန်တော်ကျမ်းစာကို ဖတ်ရှုသောအခါ ဤသတင်းကောင်းကို ကျွန်တော် တိကျမှန်ကန်စွာ သိရှိခွင့်ရရှိခဲ့သည်။ ကျွန်တော်၏ဝိညာဥ်မျက်စိများပွင့်ခဲ့ပြီးနောက် သန့်ရှင်းသောဝိညာဥ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသေးစိတ်သိရှိခွင့်ရရှိခဲ့သည်။ ကျမ်းချက်များတွင်ဖော်ပြထားသော အကြောင်းအရာအားလုံးသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း သက်သေဖြစ်သည်ကို တိကျစွာ သိရှိခြင်းသည် ဘုရားသခင်ချပေး တော်မူသောစစ်မှန်သောသတင်းကောင်းဖြစ်သည်။ဓမ္မဟောင်းကျမ်း ခေတ်ကာလတွင် ဤသတင်းကောင်းကို အပြာရောင်၊ခရမ်းရောင်၊ နှင့်အနီရောင်ချည်တို့ဖြင့်ထင်ရှားခဲ့သည်။ ဓမ္မသစ်ခေတ်ကာလတွင် မူ တမန်တော်များအားလုံးနှင့်ကျမ်းစာရေးသားသူများက သခင်ယေ ရှုခံယူတော်မူသောဗတ္တိဇံနှင့်အသွေးတော်သည် ကျွန်ုပ်တို့အားအပြစ် မှပြည့်စုံစွာ ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းဝတ် လုံကိုလွှမ်းခြုံနိုင်ရန်အတွက် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ရမည် ဖြစ်သည်။ နောင်တရားနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများအားဖြင့် ဘုရားသခင်ထံတော်မှ အပြစ်လွှတ်ခြင်းအခွင့်မရ နိုင်ပေ။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ စစ်မှန်၍ပြည့်စုံသော သတင်းကောင်းပင် ဖြစ်လေသည်။ 
ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ယဇ်ပရောဟိတ်ကြီးသည် ကောင်းမွန်စွာပြုလုပ်ထားသောဝတ်လုံများကို ဝတ်ဆင်ရမည်။ အ ကယ်၍ ယဇ်ပရောဟိတ်ကြီးသည် အေးမြသောလေကို ငြီးငွေ့၍ ဘုရားသခင်ကသူ့အတွက်ပြုလုပ်ပေးတော်မူသောဝတ်လုံးကိုမဝတ် ဘဲ အခြားပို၍ထူသောဝတ်လုံကိုဝတ်နေလျှင် ထိုသူသည် ချက်ခြင်း အသတ်ခံရမည် ဖြစ်သည်။ အကယ်၍ ယဇ်ပရောဟိတ်ကြီးသည် အဖြူရောင်ပိတ်ချောဖြင့် ပြုလုပ်သောဝတ်လုံတစ်ခုတည်းသာဝတ် ဆင်၍ အသန့်ရှင်းဆုံးနေရာသို့ဝင်သွားခဲ့လျှင် ထိုသူသည်လည်းအ သတ်ခံရမည် ဖြစ်သည်။ သူသည် အပြာရောင်ဝတ်လုံနှင့်ရွှေ၊ အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ဖြင့်ရက်လုပ်ထားသောသင် တိုင်းကိုလည်းဝင်ဆင်ရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်အကြံအစည်တော်နည်းလမ်းအ တိုင်းတိကျစွာလိုက်လျှောက်ကြလျှင် ဘုရားသခင်သည်ကျွန်ုပ်တို့ရှေ့ မှာကြွတော်မူ၍လမ်းပြကာဘဝအားလုံး၌ အမှုပြုတော်မူလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် မေရှိယကိုစေလွှတ်ရန်အကြံ အစည်ရှိတော်မု၍ ဤအကြံအစည်တော်ကိုထင်ရှားစေတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံ ကြည်၍ဘုရားသခင်၏အကြံအစည်တော်အတိုင်း လိုက်လျှောက်ကြ ပါက ကိုယ်တော်သည် ကျွန်ုပ်တို့ဘဝများတွင် အမှုပြုတော်မူလိမ့် မည်။ ဤအရာကကျွန်ုပ်တို့သည် မိမိကြိုးပမ်းအားထုတ်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းမရနိုင်သည်ကို ဖော်ပြထားသည်။ သို့သော် ကျွန်ုပ် တို့သည် အပြစ်များဖြေလွှတ်ခြင်းရရှိနိုင်ရန်အတွက် ယဇ်ပရောဟိတ် ကြီး၏ဝတ်လုံများအတွက်အသုံးပြုသောအပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ဖြင့်ထင်ရှားသောဘုရားသခင်၏ကယ်တင်ခြင်းအ ကြံအစည်များကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းခံစားရရှိ နိုင်ပါသည်။ 
ဘုရားသခင်၏ယဇ်ပရောဟိတ်များဖြစ်သော ကျွန်ုပ်တို့လုပ် ဆောင်ရမည့်အရာမှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကြံစည်‌တော် မူသောအရာများကိုယုံကြည်၍တိကျစွာလိုက်လျှောက်ရမည် ဖြစ်ပါ သည်။ ဤရာသည် စစ်မှန်သောယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်စီရင်သောအကြံအစည်အားလုံးအားဖြင့် ဘုရားသခင်ကိုအ စေခံခြင်းသည် ဘုရားသခင်၌စစ်မှန်တင့်တော်သောယုံကြည်ခြင်းမ ဟုတ်ပေ။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုတိုင်းတပါးသို့ဟော ပြောဝေငှရန် မိမိကိုယ်ကိုကြိုးပမ်းသောအခါ လူများဖန်တီးတီထွင် ထားသောအကြံအစည်များနှင့် လုပ်ဆောင်ချက်များဖြစ်သဖြင့်ဘယ် တော့မှအောင်မြင်မှုဆွတ်ခူးရရှိကြလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ယုံကြည်ခြင်းအားဖြင့်မိမိလူများထံဘုရားသခင်ပေးအပ်တော်မူသော ကိုယ်တော်အကူအညီအားဖြင့်သာလျှင် အောင်မြင်ခြင်းပန်းတိုင်ကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏အလို တော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် တစ်စုံတစ်ခု ကိုလုပ်ဆောင်သောအခါ ကျန်ရှိသေးသောအရာများကိုဘုရားကိုယ် တော်တိုင်ပြည့်စုံစွာလုပ်ဆောင်ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုသိ၍ရေနှင့် ဝိညာဥ်တော်သတင်း ကောင်းဟောပြောသောအခါဘုရားသခင်သည် ကျွန်ုပ်တို့စာအုပ်များ ကိုဖတ်ရှုသောသူများ၏နှလုံးကိုတို့ထိတော်မူ၍ နိုးထမှုဖြစ်စေလျက် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်စေတော်မူလိမ့်မည်။ သူတို့သည် ယုံကြည်နိုင်ရန်အတွက် မှားယွင်းသောအတွေးအခေါ် များကို ပြုပြင်ပေးတော်မူလိမ့်မည်။ သူတို့သည် ရေနှင့်ဝိညာဥ်တော် သတင်းကောင်းကို ပြန်လည်၍ဟောပြောဝေငှကြပါလိမ့်မည်။ 
 

ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဟောပြောရန်ကျွန်ုပ် တို့သည် ၎င်းကိုစိတ်နှလုံးအကြွင်းမဲ့‌ရှေ့ဦးစွာ ယုံကြည်ရကြမည်။

စစ်မှန်သောသတင်းကောင်းဟောပြောခြင်းသည် ကျွန်ုပ်တို့ အ စွမ်းအစဖြင့်အောင်မြင်နိုင်သောအရာမဟုတ်ကြောင်းကျွန်တော်ပြော ခဲ့သည်။ သို့သော် ဘုရားသခင်၏အလိုတော်နှင့်အညီ ယုံကြည်ခြင်း အားဖြင့် ထိုသတင်းကောင်းကို ဟောပြောသောအခါ အောင်မြင်မှု ရရှိကြမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများနှင့်ဆက်ကပ်မှုဖြင့် ပျောက်ဆုံးသောဝိညာဥ်များပြောင်းလဲမည်ဟုတ်ပေ။ သို့သော် ကိုယ် တော်လုပ်ဆောင်တော်မူသောအမှုများနှင့် ဘုရားသခင်ပြည့်စုံစေ တော်မူသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏အလိုတော်ကိုရှာဖွေတွေ့ရှိသောအခါသူတို့ သည်ပြောင်းလဲကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ် တော်ကိုအစေခံခြင်းသည် ယုံကြည်ခြင်းဖြစ်သည်။ ဤပစ္စုပ္ပန်ကာ လတွင် ကျွန်ုပ်တို့သည် ဓမ္မဟောင်းခေတ်ကာ၏ယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယခုဤအချိန်တွင် အရင်ကအတိုင်း ဘုရား သခင်၏သားသမီးများသည် အပြာရောင်၊ခရမ်း‌ရောင်နှင့်အနီရောင် ချည်ယုံကြည်မှုကို ဟောပြောသက်သေခံရမည် ဖြစ်သည်။ 
အနီ‌ရောင်ချည်နှင့်ခရမ်းရောင်ချည်ကို ကျွန်ုပ်တို့ယုံကြည်ဟော ပြောရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့‌ရှေ့ဦးစွာသိရှိရမည့်အရာမှာ အပြာရောင်ချည်၌ထင်ရှားသောအရာဖြစ်သည်။ ၎င်းမှာ သခင်ယေရှု မေရှိယခံယူသောဗတ္တိဇံဖြစ်သည်။ ကျွန်ုပ်တို့သည် အပြာ‌ရောင်ချည် ကိုပျောက်ဆုံးသောဝိညာဥ်များထံဟောပြောသောအခါ သူတို့သည် သမ္မာတရားတစ်ခုလုံးကို ပို၍လွယ်ကူစွာနားလည်သဘောပေါက်၍ ရောင့်ရဲတင်းတိမ်မှုဖြင့်ယုံကြည်ကြမည် ဖြစ်သည်။ အကြောင်းမှာ သ ခင်ယေရှုမေရှိယသည် ဗတ္တိဇံခံခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ လူသား တစ်ခုလုံး၏အပြစ်များကို ယူဆောင်သွားတော်မူသောကြောင့် ဖြစ် သည်။ လူများက သခင်ယေရှု၏ဗတ္တိဇံကိုယုံကြည်ခြင်းအားဖြင့် သ ခင်ယေရှုသည် သူတို့အပြစ်များအားလုံးကိုဆေးကြောတော်မူခဲ့သည် ဟုသိရှိသောအခါကိုယ်တော်သည် သူတို့အပြစ်များအားလုံးပြစ်ကြွေး ပေးဆပ်တော်မူရန် ကားတိုင်ပေါ်တွင်အသေခံတော်မူသည်ဟု ဧကန် မလွဲ သိရှိအသိအမှတ်ပြုကြပါလိမ့်မည်။ တစ်နည်းအားဖြင့်၊ လူများ သည် အနီရောင်နှင့်ခရမ်းရောင်ချည်ကိုသာယုံကြည်ကြသောအခါ သူတို့သည် သခင်ယေရှုမေရှိယသည် ဗတ္တိဇံယောဟန်ထံမှခံယူသော အပြာရောင်ချည်ကို၏ဗတ္တိဇံခံခြင်းလေးနက်မှုကိုသိရှိယုံကြည်နိုင်ကြ သည်။ သူတို့သည် “အာမေလေ၊ ကိုယ်တော်သည် ဗတ္တိဇံခံယူ၍ ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်သွားတော်မူတယ်။ သခင်ယေ ရှုခရစ်တော်သည်ဘုရားဖြစ်တော်မူ၍ လူသားအားလုံးတို့၏ကယ် တင်ရှင်ဖြစ်တော်မူတယ်။ အဲဒါက သမ္မာတရားဖြစ်တယ်”ဟု အမှန် အကန်နားလည်သဘောပေါက်ကြလိမ့်မည်။ 
လူများအစွာအတွက် ခရမ်းရောင်ချည်ယုံကြည်ခြင်းဟူသော သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်ဟု နားလည်သဘော ပေါက်ခဲ့ကြသည်။သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်စတင်ယုံကြည် လက်ခံခဲ့ပြီးနောက် ကျွန်ုပ်တို့သည် “သခင်ယေရှုသည် ဘုရားဖြစ် တော်မူတယ်”ဟု ဝန်ခံခဲ့ကြသည်။ သို့သော် ဤသို့ပြုခြင်းသည် စိတ် ထဲတွင်ပေါ်လာသောတွေးသာဖြစ်သည်။ နောက်ပိုင်းတွင် ကျွန်ုပ်တို့ သည် မိမိနှလုံးသားများ၌ ဤသို့သောခိုင်မာသောယုံကြည်ခြင်းမျိုး ကိုပိုင်ဆိုင်နိုင်ပါသည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးကိုယုံကြည် ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းကို ကျွန်ုပ်တို့ရရှိသောအခါ သခင်ယေ ရှုသည် ဘုရားဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အားကူညီဖေးမသောအရှင်နှင့် ဘဝမှာအမှုပြုတော်မူသော အရှင်ဖြစ်တော်မူသည်ကိုလည်းကောင်း သိရှိသောယုံကြည်ခြင်းမျိုး ကို ပိုင်ဆိုင်ကြသည်။ ထိုနောက် သခင်ယေရှုကိုယုံကြည်ခြင်းသည် တစ်လှမ်းချင်း ဖြည်းဖြည်း တိုးတက်ကြီးထွားသည်။ ဤသို့ဖြင့် အ ပြစ်လွှတ်ခြင်းခံရသောသူများအတွက် သူတို့သည် ဘုရားသခင်ချပေး တော်မူသောအပြာရောင်၊ခရမ်းရောင်နှင့် အနီရောင်ချည်သတင်း ကောင်းကို သူတို့သည် ယုံကြည်ရကြမည် ဖြစ်သည်။ 
 

ယနေ့ယဇ်ပရောဟိတ်များသည် ဘာကိုအစေခံရမည်နည်း

တဲတော်တွင် ယဇ်ပရောဟိတ်များက အဘယ်အရကိုလုပ် ဆောင်ခဲ့ကြသနည်း။ သူတို့သည် ယဇ်ပူဇော်ခြင်းစနစ်အားဖြင့်အ ဘယ်အရာကို ထင်ရှားစေခဲ့ကြသနည်း။ မေရှိယသည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ဖြင့် ကျွန်ုပ်တို့အပြစ်များကိုဖယ်ရှား ပေးသည့်သမ္မာတရားကို ထင်ရှားစေကြသည်။ ဤခေတ်ဘုရားသခင် ၏အစေခံများသည် ဤတာဝန်နှင့်လုပ်ငန်းကို ဆက်ခံခဲ့ကြသည်။ သူ တို့သည်ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် လူများ၏အပြစ် များကို ဖယ်ရှားပေးခဲ့ကြသည်။ 
မရေတွက်နိုင်သောလူများက ကိုယ်ပိုင်တီထွင်ထားသောသ တင်းကောင်းကိုဟောပြောရန်ကြိုးပမ်းကြသည်။ ဤသို့သောသတင်း ကောင်းမှာ ကျမ်းစာနှင့်မညီညွတ်၊ မည်သူမည်ဝါကိုမျှကယ်တင်၍မ ရနိုင်ပေ။ သူတို့သည် လူများဖန်တီးထားသောအယူဝါဒများကို စု စည်းတင်ဆက်ထားတတ်ကြသည်။ သို့သော် ရေနှင့်ဝိညာဥ်‌တော်သ တင်းကောင်းသည် ခရစ်ယာန်အယူဝါဒအမျိုးမျိုးစုစည်းတင်ဆင် ထားသောအရာမဟုတ်ပေ။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်လူ များက အပြစ်လွှတ်ခြင်းအခွင့်ကို မလွဲမသွေခံစားရရှိကြသည်။ တစ် နည်းအားဖြင့်၊ နှုတ်ကပတ်တော်သည် ကယ်တင်ခြင်း၏စံနှုန်းဖြစ် သည်။ ဘုရားသခင်ချမှတ်တော်မူသောစံချိန်စံညွှန်းနှင့်အညီလူများ ၏အပြစ်များကို သန့်စင်ဆေးကြောပေးနိုင်သည်။ ဤစံချိန်စံညွှန်း မှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ်သည်။ စစ်မှန်သောကယ် တင်ခြင်းသတင်းကောင်းအပြင် မည်သူမည်ဝါမျှမိမိအပြစ်များမှဖြေ လွှတ်ခြင်းမရရှိနိုင်ပေ။ သန့်ရှင်းခြင်းလည်းမရနိုင်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တော်၌ အပြစ်များအားလုံးဆေးကြောခြင်းနှင့်သန့်ရှင်း စင်ကယ်ခြင်းရရှိခြင်းတို့သည် ယောဒန်မြစ်တွင်သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်ကယ်တင်ရှင်အဖြစ်ကားတိုင်ပေါ်တွင်အသွေးတော်သွန်း လောင်းတော်မူခြင်းတို့ကိုယုံကြည်ခြင်းအားဖြင့်သာ ခံစားရရှိနိုင် သည်။ လူများသည် မိမိအပြစ်များမှလွတ်မြောက်ခြင်းခံစားရရှိနိုင်ရန် အတွက် ကယ်တင်ခြင်းအဖြစ် အပြာရောင်၊ ခရမ်းရောင်၊အနီရောင် ချည်ဖြင့် ကြွလာတော်မူသောသခင်ယေရှုခရစ်‌တော်ကို ယုံကြည်ရ မည် ဖြစ်သည်။ ဤနည်းလမ်းကလွဲ၍ သူတို့သည် အပြစ်များဖြေ လွှတ်ခြင်းရရှိနိုင်သောနည်းလမ်းမရှိတော့ပေ။ 
ဘုရားသခင်၏ ယဇ်ပရောဟိတ်များဖြစ်လာသောဘုရားသခင် ၏အစေခံများသည် ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံးများအတွက်ပြု လုပ်ထားသော ရွှေ၊ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်စစ် မှန်သောသတင်းကောင်းကိုယုံကြည်ရမည် ဖြစ်သည်။သူတို့သည်ဤ သမ္မာတရားကိုယုံကြည်ခြင်းမရှိလျှင် သူတို့သည် ဘုရားသခင်၏အ စေခံဖြစ်ရန် အရည်အချင်းမမီကြပေ။ သူတို့သည် ဘာသာရေးသမား များသာဖြစ်ကြလိမ့်မည်။ ကမ္ဘာပေါ်တွင်မရေတွက်နိုင်သောဘာသာ တရားများစွာရှိသည်။ သူတို့သည် သခင်ယေရှု၏နာမတော်ကိုသာ ငှါးရမ်းအသုံးပြုလျက် မိမိထင်ယောင်ထင်မှားသောဘာသာရေးများ အတွက်သာအစေခံတတ်ကြသည်။ စစ်မှန်သောဘုရားသခင်၏အ စေခံများသည် ရေ၊ အသွေးနှင့်ဝိညာဥ်တော်ဖြင့်ကယ်တင်ရှင်အဖြစ် ကြွလာတော်မူသောသခင်ယေရှုခရစ်တော်ကို ယုံကြည်သောယုံ ကြည်ခြင်းရှိရမည်။ ထိုကြောင့် သူတို့သည် ဘုရားသခင်၏အလင်း တော်သမ္မာတရားကို ရှင်းလင်းစွာတင်ရှားတောက်ပစေသောမှန်ကန် သောယုံကြည်ခြင်းပြုရန် ကိုယ်တော်၏ဗတ္တိဇံကို သက်သေခံသင့် သည်။ ထိုသို့ပြုလုပ်သောသူများသာလျှင် ဘုရားသခင်၏အစေခံများ ဖြစ်ကြ၍ကိုယ်တော်ရှေ့တော်တွင် ကယ်တင်ခြင်းခံရပြီးသောသူများ ဖြစ်ကြသည်။ 
သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်တော်၊ သို့မဟုတ်သခင်ယေရှု သည် ဘုရားဖြစ်တော်မူခြင်းကိုချန်ထားသောသူများနှင့် ယုံကြည် ခြင်းမရှိဘဲ သီအိုလျောဂျီဓမ္မပညာကိုသာဟောပြောသောသူများ သည် စာတန်၏ကျွန်များဖြစ်ကြ၍ဘုရားသခင်နှင့်လုံးဝသက်ဆိုင်မှု မရှိကြပေ။ 
ယနေ့ “ဧဝံဂေလိဆရာများ”ဟုခေါ်သောဓမ္မဆရာများစွာကမ္ဘာ ပေါ်မှာရှိသည်။ သူတို့က ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုကိုယုံ ကြည်သောသူများအားလုံးသည် အပြစ်များအားလုံးဆေးကြောခြင်း ခံရပါသဖြင့် အပြစ်ကင်းစင်နေကြသည်ဟု ကြွေးကြော်ကြသည်။ အ စောအပိုင်းတွင် သူတို့သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီးရောင် ချည်သမ္မာတရားကိုဟောပြောသည်ဟု ကျွန်တော်ထင်ခဲ့သော်လည်း ကျွန်တော်နားလည်သဘောပေါက်သောအခါ သူတို့ဟောပြောသော တရားမှာ ရေနှင့်ဝိညာဥ်တော်နှင့်သက်ဆိုင်မှုမရှိပေ။ သူတို့သည်ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းကိုမဟောပြောကြပေ။ သူတို့သည် စစ်မှန်သောသတင်းကောင်းဟု မိမိထင်မှတ်သောဓမ္မတွေးခေါ်မှုများ ကိုသာမှန်ကန်သည်ဟုထင်မှတ်ရဟောပြောနေခြင်း ဖြစ်သည်။ သူ တို့သည် မိမိကိုယ်ကို “ဧဝံဂေလိဆရာများ”ဟုမှည့်ခေါ်ကြသော် လည်းသူတို့သည် မိမိအတ္တစိတ်နှင့်လောကအရာများနောက်သို့လိုက် ၍သူတို့၏ရည်ရွယ်ချက်မှာ မိမိလိုအင်ဆန္ဒများကိုကျေနပ်စေရန်အ တွက်သာ ဖြစ်ပါသည်။ 
ယခုဤလောကတွင်ယဇ်ပရောဟိတ်များဟု မှည့်ခေါ်သူများစွာ ရှိသည်။ သို့သော် သူတို့သည် အမှန်အကန်သန့်ရှင်းစေနိုင်သောစစ် မှန်သောကယ်တင်ြခင်းကိုလက်ခံရန်အဘယ်ကြောင့် ငြင်းဆိုနေကြ သနည်း။ ဖန်ဒါမင်တယ်သမားများသည် နှုတ်ကပတ်တော်၌မိမိတင်း တမ်မှုအတွက် ဝါကြွားတတ်ကြသည်။ သို့သော် ဤသို့သောလူများ သည် အမှန်အားဖြင့် မှန်ကန်သောယုံကြည်မှုကိုစွဲကိုင်သောသူများ မဟုတ်ကြပေ။ နှုတ်ကပတ်တော်သည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုတိကျစွာထင်ရှားစေသောအခါ သူတို့သည် မိမိယုံကြည်  ခြင်းမှ အဘယ်ကြောင့် သခင်ယေရှု၏ဗတ္တိဇံကိုပယ်ထားကြသနည်း။ နာဒပ်နှင့်အာဘိဟုတို့သည် ဘုရားသခင်ရှေ့တော်၌မီးနံ့သာပေါင်းရှို့ သောအခါ အသေခံခဲ့ကြသည်ကို မှတ်ထားပါ။ ဤယဇ်ပရောဟိတ် များသည် သူတို့အတွက်ဘုရားသခင်ချမှတ်တော်မူသောယဇ်ပူဇော် ခြင်းနှင့်အညီ ယဇ်ပူဇော်ခြင်းမပြုပါသဖြင့် ဘုရားသခင်၏မီးသည် ထွက်လာ၍ သူတို့ကိုလောင်ကျွမ်းခဲ့ပါသည်(ထွက် ၂၆း၆၁)။
ယဇ်ပရောဟိတ်ကြီးသည် ဘုရားသခင်ချထားသည့်အတိုင်းမိမိ သင်တိုင်းကိုမဝတ်လျှင် အသတ်ခံရသည်(အငယ် ၄၃)။ အပြစ်သား များသည် တဲတော်အတွင်းသို့ယဇ်ပူဇော်ခြင်းပြုရန် ယဇ်ကောင်အ သွေးကိုမည်သို့ပင်ယူဆောင်နေပါစေ တိရစ္ဆာန်၏ခေါင်းပေါ်တွင် လက်တင်ခြင်းအရင်မပြုလျှင် သူတို့ယဇ်ပူဇော်ခြင်းသည် အချည်းနှီး သက်သက် ဖြစ်သည်။ လက်များတင်ခြင်းခံယူသောဤယုံကြည်မှုမ ရှိဘဲ သူတို့၏အပြစ်ဒုစရိုက်များဝန်ခံ၍ ယဇ်ကောင်များပေါ်တွင်အ ပြစ်များလွှဲပြောင်းပေးခြင်းမပြုလျှင် သူတို့သည် အသွေးကိုမည်သို့ ပင်ယုံကြည်စေကာမူ သူတို့ပူဇော်သောယဇ်သည် အကျိုးမရှိအချည်း နှီးသက်သက် ဖြစ်သည်။ ယဇ်ပရောဟိတ်ကြီးများသည်အသွေးကို ကြိမ်များစွာယူဆောင်၍ ပိတ်ကာကိုဖွင့်လျက် အသန့်ရှင်းဆုံးဌာနသို့ ဝင်လျက် ဂရုဏာပလ္လင်ပေါ်သို့အသွေးကိုဖြန့်သောအခါ သူတို့သည်  ဘုရားသခင်ချမှတ်တော်မူသော “အပြာရောင်” သင်တိုင်းကိုမဝတ်ခဲ့ လျှင် သူတို့သည်အသတ်ခံရမည် ဖြစ်သည်။ ထိုကြောင့် လူမျိုးရေးဝါ ဒီများသည် ဟောင်းသောမိမိယုံကြည်ခြင်းကိုစွန့်ပယ်၍ “အလင်းနှင့် ပြည့်စုံခြင်း”ဖြစ်သော “ဥရိမ်နှင့်သုမိမ်”(ထွက် ၂၈း၃၀) စစ်မှန်သော သတင်းကောင်းသို့ ပြန်လှည့်ရကြမည် ဖြစ်သည်။ 
ဘုရားသခင်သည် မပြည့်စုံသော်လည်း နှုတ်ကပတ်တော်နှင့်အ လိုတော်ကိုယုံကြည်လိုက်လျှောက်သောသူများအားဖြင့် ဝမ်းမြောက် တော်မူသည်။ ထိုကြောင့် ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကိုယုံကြည်သောကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူခြင်းဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဥ်‌တော်သတင်း ကောင်းကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အတူတကွစည်းလုံး၍ သတင်းကောင်းဟောပြောသောအ ခါ ဘုရားသခင်သည် အံ့သြဖွယ်ကောင်းသောအမှုအရာများကိုအစဥ် အမြဲကျွန်ုပ်တို့အားဖြင့် ပြုတော်မူလိမ့်မည်။ 
ဘုရားသခင်လုံးဝပြည့်စုံစေတော်မူမည့်ပြင်ဆင်ချက်ကို ကျွန်ုပ် တို့ယုံကြည်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌အမှန်အ ကန်ဝမ်းမြောက်ကြသည်။ ကိုယ်ခန္ဓာအားဖြင့် ကျွန်ုပ်တို့မှာ အပြစ် များစွာရှိသည်။ ကျွန်တော်သည် အပြစ်များစွာရှိသည်ဟု ယူဆပါ သည်။ ကျွန်တော်သည် သင့်ရှေ့မှာ စိတ်နှလုံးဖြူစင်စွာအပြစ်ဝန်ချ တောင်းပန်လျှင် ကျွန်တော့်လူသားဘက်မှအပြစ်များစွာရှိသော ကြောင့် ကျွန်တော့်မျက်နှာအနီရောင်ထွက်လာမည် ဖြစ်သည်။ ကျွန် တော်မပြည့်စုံမှုများသည် ယာယီခေတ္တမဟုတ်ပေ။ အချိန်ကြာလာ သည်နှင့်အမျှသတင်းကောင်းဟောပြောလေလေ ဘုရားသခင်၏ရှေ့ တော်၌ မပြည့်စုံမှုများပြားလေလေဖြစ်သည်ကို ကျွန်တော်ပို၍နား လည်သဘောပေါက်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ဖက်များကြည့်လျှင် သူတို့သည်လည်း ကျွန်တော်ကဲ့သို့မပြည့်စုံကြပေ။ သို့သော် ကျွန်ုပ် တို့သည် သတင်းကောင်းကိုအစေခံနိုင်ကြသောကြောင့် ဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၌အမှု ပြုတော်မူကြောင်းကို ဘုရားသခင်ယုံကြည်စေ‌တော်မူသည်။ သို့မှ သာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သတင်းကောင်းနှင့်အကြံအစည် တော်များကိုယုံကြည်ခြင်းအားဖြင့် နောက်တော်သို့လိုက်၍အစေခံ နိုင်ကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် မပြည့်စုံကြသော်လည်း ဘုရားသခင်၏ဘုန်း တော်ထင်ရှားသည်။ ကျွန်ုပ်တို့သည် မပြည့်စုံခြင်းပိုများလေလေရေ နှင့်ဝိညာဥ်တော်သတင်းကောင်းသည် ကျွန်ုပ်တို့နှလုံးသားများ၌ပို၍ ထွန်းတောက်လေလောဖြစ်ပါသည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားတော်မူခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ် ကို အပြစ်ကင်းမဲ့သူအဖြစ်အသိအမှတ်ပြု၍ ပို၍ဝါကြွာလေလေဘု ရားသခင်သည် ရောင့်ရဲကျေနပ်မှုမရှိလေလေဖြစ်သည်။ မပြည့်စုံ သောသူဖြစ်သော်လည်း ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်သည် ချီးမွမ်း ဂုဏ်ပြုခြင်းခံလိုတော်မူသည်။ 
သင်နှင့်ကျွန်တော်တို့သည် လုံးဝမပြည့်စုံကြပေ။ ကျွန်ုပ်တို့ သည် မည်သို့မပြည့်စုံကြသနည်း။ ဖော်ပြတွက်ချက်၍မရနိုင်ပေ။ သို့ သော် လူတိုင်းက မိမိမပြည့်စုံခြင်းကို အမျိုးမျိုးမဖုံဖုံးခံစားနိုင်ကြ သည်။ ပင်လယ်ရေအနက်နှင့်မြစ်ရေအနက်တို့သည် ဇလုံထဲတွင်ရှိ သောရေ၏အနက်နှင့်မတူညီကြပေ။ မိမိမပြည့်စုံခြင်းတိုင်းတာ၍မရ ဟု အမှန်အကန်သိသူများက ဘုရားသခင်ကိုပို၍ချစ်နိုင်ကြသည်။ အကြောင်းမှာသူတို့သည် ဘုရားသခင်အပေါ် ကြီးမားသောအကြွေး ရှိကြသောကြောင့် ဖြစ်သည်။ မိမိမပြည့်စုံခြင်းကိုကောင်းမွန်စွာသ တိထားသောသူများနှင့် ပေးဆပ်ရန်အကြွေးများစွာရှိသည်ဟုယုံ ကြည်သောသူများသည် ဘုရားသခင်၏မေတ္တာတော်ကိုပို၍ခံစားရရှိ ကြသည်။ ထိုကြောင့် သူတို့သည်ဘုရားသခင်၏သတင်းကောင်းကို ပို၍နှစ်နှစ်ခြိုက်ခြိုက်မြတ်နိုးလာကြခြင်းဖြစ်သည်။ သတင်းကောင်း ၌ပို၍ဂုဏ်ယူဝမ်းမြောက်၍ သာ၍ကိုယ်တော့်နောက်တော်သို့လိုက် လျှောက်နိုင်ကြခြင်း ဖြစ်သည်။ သို့သော် မိမိမပြည့်စုံခြင်းများကိုမသိ သောသူများသည် ဘုရားသခင်ကို အနည်းငယ်သာချစ်သည်။ သူတို့ က မိမိပေးဆပ်ရမည့်အကြွေးမှာအနည်းသာရှိ၍  ဘုရားသခင်သည် သူတို့အပြစ်ကို အနည်းငယ်သာရေးမှတ်တော်မူသည်ဟု မြော်လင့် ချက်ရှိသေးသည်။ 
မိမိအပြစ်ကျူးလွန်ခြင်းအနည်းငယ်သာရှိသည်ဟုသိရှိသောဤ လူများသည် မိမိအပြည့်စုံခြင်းများကို မည်ကဲ့သို့အမှန်အကန်အသိအ မှတ်ပြုနိုင်ကြမည်နည်း။ သူတို့သည် အပြစ်များစွာကျူးလွန်သူများ၊ မပြည့်စုံသူများဟုအတင်းမစွပ်စွဲနိုင်ပေ။ သို့သော် သူတို့သည်မပြည့် စုံကြသော်လည်းဘုရားသခင်၏အလိုတော်နှင့်အညီအစေခံနိုင်သည် ဟုယုံကြည်လျက်သတင်းကောင်းဟောပြောသောခါ သူတို့၏ကျူး လွန်သောအပြစ်ဒုစရိုက်များပို၍ထင်ရှားလာပါသည်။ သူတို့၏အ ပြည့်စုံခြင်းထင်ရှားလာလေလေ ဘုရားသခင်ကိုပို၍နက်ရှိုင်းစွာချစ် လာလေလေဖြစ်သည်။ 
ကျွန်ုပ်တို့မပြည့်စုံခြင်းကို သီအိုလျော်ဂျီနည်းကျကျသိရှိခြင်း သည်အသုံးမဝင်ပေ။ ကျွန်ုပ်တို့သည် သတင်းကောင်းအမှန်အကန် ဟောပြောရန်ကြိုးစားနေစဥ်အခက်အခဲများကို တွေ့ကြုံသောအခါ ကျွန်ုပ်တို့အပြည့်စုံခြင်းများကိုအသိအမှတ်ပြုလာနိုင်ကြသည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုပို၍အစေခံလေလေ ကျွန်ုပ် တို့အတွက် ထိုတရားသည် ပို၍တန်ဖိုးရှိလေလေဖြစ်ပါသည်။ ဘုရား သခင်ကြောင့် ကျွန်ုပ်တို့သည် ရဲရင့်ခြင်းရှိကြသည်။ ကိုယ်တော် ကြောင့် ကျွန်ုပ်တို့သည် ဂုဏ်အသရေနှင့်ပြည့်ဝသည်။  ဘုရားသခင် ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်နိုင်၍သ တင်းကောင်းအတွက် မိမိကိုယ်ကိုဆက်ကပ်နိုင်ကြသည်။ ဘုရားသ ခင်မရှိလျှင် သင်နှင့်ကျွန်တော်တို့သည် ဘာမျှမဟုတ်ဘဲ အချည်းနှီး သက်သက်ပင် ဖြစ်သည်။ 
ဗတ္တိဇံယောဟန်က“ထိုသခင်သည်တိုးပွားခြင်းရှိရမည်။ ငါမူ ကား ဆုတ်ယုတ်ခြင်းရှိရမည်”(ယောဟန် ၃း၃၀) ဟုပြောခဲ့သည်။ ဘု ရားသခင်သည် ကျွန်ုပ်တို့အားအပြစ်ဖြေလွှတ်ခြင်းပေးအပ်တော်မူ၍ သတင်းကောင်းကိုအစေခံရန်အခွင့်အရေးကိုလည်း ချပေးတော်မူခဲ့ သည်။  ကျွန်ုပ်တို့အသက်ရှင်ခြင်းသည် သတင်းကောင်းကျယ်ပြန့်ရန် အသုံးတော်ခံသောတန်ဆာပလာဖြစ်လာရန် ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် ဘုန်းကြီးခြင်းဂုဏ်ပြုခြင်းအလုံးစုံကိုခံထိုက် တော်မူသောဘုရားဖြစ်ည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အား အသုံး တော်ခံသောတန်ဆာပလာအဖြစ်အသုံးပြု‌တော်မူခြင်းသည် အလွန် ဝမ်းမြောက်ဝမ်းသာစရာ၊ ကျေးဇူးတော်ချီးမွမ်းစရာပင် ဖြစ်ပါသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားယဇ်ပူရောဟိတ်ကြီးတာဝန် များကိုထမ်းဆောင်နိုင်ရန် အခွင့်အရေးပေးအပ်တော်မူသောကြောင့် ကျေးဇူးတော်ကိုချီးမွမ်းရမည် ဖြစ်သည်။ သခင်ယေရှုသည်ကျွန်ုပ်တို့ အတွက် ကောင်းကင်နိုင်ငံတော်ဆိုင်ရာယဇ်ပရောဟိတ်ကြီးနှင့်သိုး ထိန်းကြီးဖြစ်တော်မူသည်။ ကိုယ်‌တော့်အစေခံများသည် သိုးထိန်း ငယ်များဖြစ်ကြသည်။ သင်နှင့်ကျွန်တော်တို့သည် သိုးထိန်းကြီးပြု တော်မူခဲ့သောအရာများနောက်သို့ လိုက်လျှောက်သောသိုးထိန်းငယ် များဖြစ်ကြသည်။ သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်ကို နှုတ်ကပတ်တော်အဖြစ် တိကျစွာယုံကြည်ရမည်။ ရေး ထားသောနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်လိုက်လျှောက်ရ မည်ဖြစ်သည်။ ဘုရားသခင်ပြုတော်မူခဲ့သည့်အတိုင်း တိကျစွာအစေ ခံရမည် ဖြစ်သည်။ ဘုရားသခင်ပြုတော်မူခဲ့သည့်အတိုင်းအတုယူ၍ ယုံကြည်ကာ လိုက်လျှောက်ရမည် ဖြစ်သည်။ ဘုရားသခင်၏အကြံ အစည်တော်နှင့်အညီကိုယ်တော်အမိန့်တော်အတိုင်းကျွန်ုပ်တို့ ယုံ ကြည်၍အသက်ရှင်ကာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုဟော ပြောရမည် ဖြစ်သည်။ ကိုယ်‌တော့်နှုတ်ကပတ်တော်သည် စင်ကြည် ကြောင်းလက်ခံ၍ ယုံကြည်လက်ခံခြင်းအားဖြင့် ရေနှင့်ဝိညာဥ်တော် သတင်းကောင်းကိုဟောပြောခြင်းသည် ဘုရားသခင်ရှေ့တော်၌မှန် ကန်သောယုံကြည်မှု ဖြစ်သည်။ 
ကျွန်ုပ်တို့ယဇ်ပရောဟိတ်ကြီးဖြစ်တော်မူသောဘုရားသခင်အ ပေါ် ဂုဏ်ပြုခြင်းနှင့်ချီးမွမ်းခြင်းအလုံးစုံကို စိတ်နှလုံးအပြည့်အဝ ကျွန်ုပ်တို့ပေးအပ်ကြသည်။