Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-5] ဣသရေလလူတို့သည်တဲတော်၌ပူဇော်သက္ကာကိုဘယ်ပုံဘယ်နည်းဖြင့်ပူဇော်ခဲ့ကြသနည်း။သမိုင်းနောက် (ကမ္ဘာ ၅း၁-၂၁)

ဣသရေလလူတို့သည်တဲတော်၌ပူဇော်သက္ကာကိုဘယ်ပုံဘယ်နည်းဖြင့်ပူဇော်ခဲ့ကြသနည်း။သမိုင်းနောက်
(ကမ္ဘာ ၅း၁-၂၁)
“အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော် မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။ လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန် ဆင်းသောနေ့၌လည်းသူတို့ကိုအာဒံအမည်ဖြင့်မှည့်တော်မူ၏။အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသား ကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။ ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ အာ ဒံသည်အသက်နှစ်ပေါင်းကိုးရာသုံးဆယ်စေ့သော်သေလေ၏။ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊သားဧနုတ်ကိုမြင်လေ၏။ဧနုတ်ဘွား မြင်သော နောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတ ဆယ်ငါး နှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ ဧနုတ်သည် အ သက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။ကာဣနန်သည် အသက် ခုနစ်ဆယ်ရှိသော်သားမဟာလေလကို မြင်လေ၏။မဟာလေလဘွား မြင် သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သား သမီး များကို မြင်လေ၏။ ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော်သေလေ၏။ မဟာလေလသည် အသက်ခြောက်ဆယ့် ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။ ယာရက်ဘွားမြင် သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ် စေ့သော် သေလေ၏၊ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။ဧနောက်ဘွားမြင်သောနောက် ယာရက် သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ယာရက် သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။ ဧနောက်သည်အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်သားမသုရှလကိုမြင်လေ၏။”
 
 

ဘုရားသခင်၏စကားတော်၌အာဗြဟံ၏ယုံကြည်ခြင်း

 
ကျွန်ုပ်သည် သမ္မာကျမ်းစာ အတွင်း၌ ဖေါ်ပြထားခဲ့သော အာဗြဟံ ၏ယုံကြည်ခြင်းကိုကြီးသော လေးစားခြင်းနှင့် နှစ်ထောင်း အားရခြင်း ဖြစ်မိပါသည်။ အာဗြဟံ၏ ယုံကြည်ခြင်းကိုကျွန်ုပ်တို့ ကြည့်သောအခါ သူ့ ယုံကြည်ခြင်း၏ဒုက္ခအပေါင်းကိုကျွန်ုပ်တို့တွေ့မြင် နိုင်ပါသည်။ယင်းအား ဖြင့်ပင်သူသည် ယေယောဝါ၏စကားတော်ကို လိုက်လျှောက် ခဲ့ခြင်းဖြစ် ကာကျွန်ုပ်တို့အနေဖြင့် ဤယုံကြည်ခြင်းကို ရှုမောမိခြင်းမှ လွဲ၍ ဘာမျှ မ တတ်နိုင်ပေ။ ကမ္ဘာဦးကျမ်း၁၂း၃၌ ဖေါ်ပြထားသည့်အတိုင်း ဘုရားသခင် သည် အာဗြဟံအား ကြီးမားသောကောင်းကြီးကိုပေးခဲ့သည်။ ထိုကျမ်းပိုဒ်၌ ဘုရားရှင်က “သင့်ကို ကောင်းကြီးပေးသောသူကို ငါ ကောင်းကြီးပေးမည်။
သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်းလူမျိုးအ ပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။” ဤ ကြီးမားသော ကောင်းကြီးမင်္ဂလာသည် ကမ္ဘာဦးကျမ်း ၁၅း၁ ၌လည်း ဖေါ်ပြထားပါသည်။ထိုကျမ်းပိုဒ်၌ ဘုရားသခင်သည်အာဗြဟံအား “ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏”ဟု မိန့်တော်မူ၏။ ဘုရားသခင်သည် အာဗြဟံ၏ ဘုရားသခင် ဖြစ်လာသည့် အတိုင်း သူ့အတွက်ထိုသို့သော အထူးချစ်ခြင်း မေတ္တာရှိခဲ့သည်။
အာဗြဟံအား ခါလ္လဲပြည်သားတို့ နေသောဥရမြို့မှ ဦးဆောင်ပြီး နောက် ဘုရားသခင်သည်သူ့ရှေ့၌ သူ့ကိုယ်သူ ဖွင့်ပြပြီး မိန့်တော်မူခဲ့ သည်မှာ“ငါသည် သင်၏အကွယ်အကာ ဖြစ်၏။သင်၏အကျိုးသည် အလွန် ကြီးမားလှ၏”ဟု မိန့်တော်မူ၏။ ဘုရားသခင် ဤအရာကိုမိန့်တော်မူခဲ့ချိန် တွင် အာဗြဟံသည်သူ့အား“အကျွန်ုပ်၌အဘယ်ကျေးဇူးကိုပြုတော်မူမည် နည်း”ဟုမေးလျှောက် လေ၏။ ဤအာဗြဟံ၏ စကားတို့သည် ဘုရားသခင် သူ့အား ပေးနိုင်သည့်အရာများအပေါ် သံသယစိတ်ဖြင့်မေးခြင်းဖြင့် ထွက် ပေါ်လာသည့် မယုံကြည်သော စကားများမဟုတ်ဘဲ အာဗြဟံ၏ ဘုရားသ ခင်ထံမှ ကောင်းကြီးခံစားစေလိုစိတ် ထက်သန်မှုမှ ဖြစ်ပေါ်လာခြင်းဖြစ် သည်။ ထိုသို့ဆိုသော် ဘုရားသခင်ထံမှ အာဗြဟံရှာဖွေခဲ့သော ကောင်းကြီး မင်္ဂလာသည်အဘယ်အရာ ဖြစ်သနည်း။ ဤအရာသည် ဘုရားသခင်ထံသို့ အာဗြဟံပြောခဲ့သည် အရာတို့၌ဖွင့်ပြခဲ့ပါသည်။ “အကျွန်ုပ်၌ အဘယ် ကျေးဇူးကို ပြုတော် မူမည်နည်း။” “အဘယ်ကြောင့်ဆိုသော်အကျွန်ုပ်သည် သားမရှိဘဲသွားရပါသည်။ ဤမာသက်မြို့သားဧလျာကာသည် အကျွန်ုပ်၏
အမွေခံ ဖြစ်ရပါ၏။ အကျွန်ုပ်၌ အဘယ်ကျေးဇူးကိုပြုတော် မူမည်နည်း။” ဤနေရာ၌ သူသည်သူ့သားအရင်းကို မည်မျှလိုချင် တောင့်တကြောင်းကို တွေ့နိုင်ပါသည်။ မိမိသားသမီးအရင်းမရှိရန် တမင်ရည်ရွယ်ပြီး ပြုသူတို့ အနေဖြင့် အာဗြဟံ၏ ပြင်းပြသောဆန္ဒကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။သို့သော်သူသည်အမွေခံအဖြစ်သူ့သားအရင်းကို လိုချင်တောင့် တကြောင်း အမှန်တကယ်ပင် တမ်းတခဲ့ပါသည်။
ဘုရားသခင်သည် သူ၏သဏ္ဍာန်တာ်နှင့်အညီ ဖန်ဆင်းသောသူ၏ သားသမီးတို့အပေါ်သူ၏ ကောင်းကြီးမင်္ဂလာအပေါင်းကို ပေးသည့်အတိုင်း လူတို့သည်လည်း သူတို့၏ သားသမီးများအား အကောင်းဆုံးသော အရာ များကို ပေးလိုသည့် ပြင်းပြသော စိတ်ဆန္ဒ ရှိကြပါသည်။ထိုကဲ့သို့ပင်အာ ဗြဟံသည် ဘုရားသခင်အား “အကျွန်ုပ်၏ အမွေခံ ဖြစ်ရပါသည် တကား” ဟုပြောဆိုချိန် သူသည် ဘုရားသခင်အားဖြင့် မည်မျှကောင်းကြီးခံစားလို ကြောင်း ကျွန်ုပ်တို့အားလုံးသဘောပေါက် နိုင်ပါသည်။ သို့မှသာ သူ့သား အား အမွေခံအဖြစ်ရမည်ဖြစ်သည်။ ထို့နောက်ဘုရားသခင်သည် အာဗြ ဟံအား “ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ ကိုယ်ထဲကထွက်သော သူသည် သင်၏အမွေခံ ဖြစ်လိမ့်မည်” ဟု မိန့်တော်၏။
ထို့နောက် ဘုရားသခင်သည် အာဗြဟံကို အပြင်သို့ ထုတ်ဆောင် တော်မူပြီး မိုးကောင်းကင်ကို မျှော်ကြည့်စေကာ ကြယ်များကို ရေတွက် စေ၏။ထို့ကြောင့် အာဗြဟံသည် ကြယ်များကိုရေတွက်လေ၏။ မရေတွက် နိုင်သောကြယ်များနှင့်လှပသောနဂါးငွေ့တန်းများသည်မိုးခြေမျဉ်း၌ဖြတ် သန်းနေကြောင်း တွေ့ရသည်။ ဘုရားသခင်သည် အာဗြဟံအား ကြယ်များ ကို ရေတွက်နိုင်ခြင်းရှိမရှိ ပြောဆိုချိန်တွင် အာဗြဟံက ရေတွက်ရန်အ တွက်ကြယ်များသည် အလွန်များပြားသည်ဟုအဖြေပေး၏။ ဘုရားသခင် ကအာဗြဟံအားကောင်းကင်၌ ရှိသောကြယ်များကဲ့သို့ များပြားသောအမျိုး အနွယ်ကို ပေးမည်ဟု မိန့်တော်မူ၏။
အာဗြဟံသည် ဘုရားသခင်သူ့ကိုပေးသော ဤဂတိတော် စကား များကို ယုံကြည်ပါသည်။ဤနည်းဖြင့် သူသည် ဘုရားသခင်၏ နှုတ် ကပတ်တော် အားလုံးကို ယုံကြည်သော ယုံကြည်ခြင်း၏ဖခင် ဖြစ်လာခဲ့ သည်။ ထို့ကြောင့်ဘုရားသခင်က အာဗြဟံအား“သင်၏ ယုံကြည်ခြင်းသည်
မှန်၏။ သင်သည် ငါ၏စကားကို အမှန်တကယ် ယုံကြည်၏။ ထို့ကြောင့် ငါသည်ကောင်းကင်၌ရှိသော ကြယ်များကဲ့သို့ သင်၏ အမျိုးအနွယ်ပွားများ စေမည်” ဟု မိန့်တော်မူ၏။
 
 

အာဗြဟံ၏ ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သောပူဇော်သဏ္ဍာန်နှင့်ဘုရား သခင်၏ ကတိတော်ဖြစ်စေသောကာနန်ပြည်

 
ဘုရားသခင်သည် အာဗြဟံအား ခါလ္လဲပြည်မှ ဦးဆောင်ခဲ့ပြီး သူနှင့် သူ၏ အမျိုးအနွယ်အားကာနန်ပြည်ကို ပေးမည်ဟု ကတိတော်ထား ခဲ့ပါသည်။ ထို့နောက် ဤကတိတော်ကို ဘုရားသခင်ဖြည့်ဆည်းမည့် အကြောင်းအဘယ်အရာသည်သက်သေဖြစ်ခဲ့ပါသနည်း။ ဤအရာအားအာ ဗြဟံထံဘုရားသခင်ပြောသည့်အရာ၌တွေ့ရသည့်“ထာဝရဘုရားက လည်း သုံးနှစ်အသက်ရှိသော နွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်မ တကောင်၊ သုံးနှင်အသက်ရှိသော သိုးထီးတစ်ကောင်၊ ချိုးတကောင်၊ ခိုသ ငယ်တစ်ကောင်ကို ငါ့ဘို့ ယူလော့”ဟု မိန့်တော်၏။ဤအရာတို့သည်ကာ နန်ပြည်အား သင်တို့၏ အမျိုးအနွယ်ပေးမည့် အကြောင်း ပဋိညာဉ်ပြု တော်မူခြင်း ပူဇော်သက္ကာကို ပြုပြီး သူတို့၏အပြစ်ကို ဆေးကြောကာ ဤ ယုံကြည်ခြင်းအားဖြင့်သူတို့သည် ကာနန်ပြည်ကို ဝင်မည်ဖြစ်ကြောင်း ဘုရားသခင်၏ ကတိတော် ဖြစ်ခဲ့သည်။
ယဇ်ပူဇော်ခြင်းပူဇော်သက္ကာပြုနေစဉ်တွင်အာဗြဟံသည်ကြီးသော အိပ်ခြင်းဖြင့်အိပ်ပျော်လျှက် နေချိန်ဘုရားသခင်သည် သူ့ရှေ့၌ ထွက်ပေါ် လာပြီး သူ့အား ကတိပေးခဲ့သည်။“ထာဝရဘုရားကလည်း သင်း၏ အမျိုး အနွယ်သည် သူတပါး ပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့် သူတပါး တို့၌ကျွန်ခံခြင်း နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်
မည်ကို အမှန်သိမှတ်လော့။ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင် မည်။ ထို့နောက်မှသူတို့သည်များစွာသောဥစ္စာနှင့် ထွက်သွားကြလိမ့်မည်။ သင်သည် ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီး ရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ သင်သည် ဘိုးဘေးတို့ထံသို့ငြိမ် ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျှက်သင်္ဂြုံလ်ခြင်းကို ခံရလိမ့်မည်။ လူမျိုးလေးဆက်လွန်သောအခါ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့် မည်။ အာမောရီအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေး” ဟု အာ ဗြဟံအား မိန့်တော်မူ၏(ကမ္ဘာ့ ၁၅း၁၃-၁၆)။
အခြားစကားလုံးဖြင့်ဆိုသော် ဘုရားသခင်သည် ဣသရေလတို့ အားအဲကုတ္တုပြည်၌ကြီးပွားဖြစ်ထွန်းစေပြီးနောက် သူတို့အား ကာနန်ပြည် သို့ပို့ဆောင်မည်ဟုကတိတော်ထားသည်။ထိုသို့ပြုလုပ်ရန်အတွက် သူသည် တဲတော်၌ သူတို့၏ အပြစ်များကို ပယ်ဖျက်ပေးသည့်ပူဇော်သက္ကာကို ပြု စေရန်ဆုံးဖြတ်ခဲ့သည်။ဤကတိတော်ကို သူပြည့်စုံစေမည်ဖြစ်ကြောင်းအာ ဗြဟံအား ဖေါ်ပြရန် ဘုရားသခင်သည် အာဗြဟံ၏ ယဇ်ပူဇော်ခြင်းနှင့် ဆိုင်သောပူဇော်သက္ကာမှ ခွဲထားသော အသားအလယ်၌မီးခိုးထွက်သော မီးဖို၊ မီးထွန်းလင်းသော မီးခွက်သည်ထင်ရှားစွာ လျှောက်သွားလေသည်။
ဤနည်းလမ်းဖြင့် ဘုရားသခင်သည် အာဗြဟံအား ယဇ်ပူဇော်ခြင်း နှင့် ဆိုင်သောပူဇော်သက္ကာ၌ ရည်ညွှန်းထားသည့် အပြစ်ခွင့်လွှတ်ခြင်း ပူ ဇော်သက္ကာအားဖြင့် သူနှင့်သူ၏အမျိုး အနွယ်တို့အား သူ၏လူမျိုးအဖြစ် ပြု မည့်အကြောင်းကိုကတိတော်ထားခဲ့ပါသည်။ဘုရားသခင်သည် အာဗြဟံ အား“ကေနိလူ၊ကေဇနလူ၊ ကားဒနမောနိလူ၊ ဟိတ္တလူ၊ ဖေရက်ဇိလူ၊ရေဖိမ့် လူ၊အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ လေဗုသိလူ တို့ကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်အား ငါပေးအပ်ပြီ”ဟုမိန့်တော်မူ၏။ဤအရာကို ဘုရား သခင် ကတိပေးရခြင်းအကြောင်းအရင်းသည် သူသည် အာဗြဟံနှင့် သူ၏ အမျိုးအနွယ်တို့၏အပြစ်အား ယဇ်ပူဇော်ခြင်းပူဇော်သက္ကာဖြင့် ဆေးကြော ပေးမည်ကို ဖေါ်ပြရန်အတွက် ဖြစ်ပါသည်။ဤ အာဗြဟံထံသို့ကတိထား သော စကားတော်တို့အား ဘုရားသခင်ပြည်စုံစေခဲ့သည့် ဖြစ်စဉ်အား ဓမ္မဟောင်းကျမ်း၏ သမိုင်းတလျှောက်၌ တွေ့ခဲ့ရပါသည်။
ဘုရားသခင်သည် ယောသပ်အား အဲကုတ္တရပြည်၏ ဝန်ကြီး အရာ ဖြစ်စေပြီး ယာကုတ်၏မိသားစုအား အဲကုတ္တရပြည်သို့ ပို့ဆောင်ပြီး ပွားများ စေခဲ့သည်။ (ကမ္ဘာ ၄၁း၃၇-၄၅၊ ကမ္ဘာ၄၇)။ သို့သော် အချိန်ကုန်သွား သည်နှင့်အမျှ ယောသပ်၏ လူတု အပေါ်ထူးခြားသောအမှုဆောင်မှုကို မသိ သော ဖာရောဘုရင် အသစ်ထွက်ပေါ်လာပြီး ထိုပြည်၌ ကြီးပွားနေကြသော
ဣသရေလလူတို့အား စတင်၍ညှင်းပန်းနှိပ်စက်ခြင်း ပြုလာခဲ့သည်။ မကြာ မီပင်ဣသရေလလူတို့သည် ကျွန်အဖြစ်သို့ရောက်ပြီး အဲကုတ္တရပြည်အ တွက် ကျွန်အဖြစ် အလုပ်လုပ်ရန်အာဏာဖြင့် ဖာရောဘုရင်သည် ပို၍ ပြင်းထန်သော ဝန်များကိုပေး၍ (ထွ ၁း၈-၁၄) ဆင်းရဲဒုက္ခရောက် စေခဲ့ ပါ သည်။ယင်းသည်ဣသရေလလူတို့၏အဲကုတ္တရပြည်၌နှစ်ပေါင်းလေးဆယ် ကျွန်ခံပြီးနောက်ဆုံး၌ ကယ်တင်ရှင်ကိုရှာခြင်း အကြောင်းအရာ ဖြစ်သည်။
မောရှေအားဖြင့် ဘုရားသခင်သည် သူတို့အား ထိုကျွန်ဖြစ်ခြင်းမှ ထွက်ပြေးလွတ်မြောက်ရန် အဲကုတ္တရပြည်မှ ဦးဆောင်ခဲ့သည်။ (ထွက် ၁၄း ၂၁-၂၅)။ ထို့ကြောင့် အဲကုတ္တရပြည်မှထွက်ပြေးလွတ်မြောက်သော ဣသ ရေလလူတို့ထံ၌ ဘုရားသခင်သည် မောရှေအား ဖြင့် တဲတော်၌ယဇ်ပူဇော် ခြင်းစံနစ်ကိုပေးခဲ့ပြီး သူ့ထံယဇ်ပူဇော်ခြင်းဖြင့် သူတို့၏ အပြစ်များကိုသန့် ရှင်းစေ၏။ထိုနည်းဖြင့် ဣသရေလ လူတို့သည် ဘုရာသခင်ထံမှ ပညတ် တော်(ထွက် ၂၀)ကို လက်ခံရရှိပြီးတဲတော်၌ ယဇ်ပူဇော်ခြင်း စနစ်ကိုလည်း လက်ခံရရှိခဲ့သည် (တော ၁-၄)။ ပညတ်တော်နှင့်တဲတော်၏ ယဇ်ပူဇော် ခြင်းစံနစ်အားဖြင့် ဣသရေလလူတို့သည် သူတို့အပြစ်များကို ခွင့်လွှတ်မည့်
ယဇ်ပူဇော်ခြင်း စနစ်ကို သိလာပြီး ဤအမှန်တရားကို ယုံကြည်သူတို့အား သူ၏ လူအဖြစ်
ဘုရားသခင် ပြုတော်မူ၍ ဣသရေလတို့အား ဘုရားသခင်၏ မင်းစည်းစိမ် ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်လာရကြ၏ (ထွက် ၁၉း၆)။
နောက်ဆုံး၌ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သောပူဇော်သက္ကာအားဖြင့် ဘု ရားသခင်သည်အာဗြဟံအား ကောင်းကင်၌ရှိသော ကြယ်များကဲ့သို့ ပေးပြီး ကာနန်ပြည်ကိုလည်းပေးမည်ဆိုသည့်ကတိတော်အားပြည့်စုံစေခဲ့ကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ ဣသရေလလူတို့ အဲကုတ္တုရပြည်မှထွက်ခွာ သောအခါ အသက်နှစ်ဆယ်အထက်၌ရှိပြီး တိုက်ပွဲဝင်နိုင်သည့် အမျိုးသား ဦးရေမှာ၆၀ဝ၀ဝ၀ အထက်၌ ရှိ၏၊ ဘုရားသခင်သည် အာဗြဟံ အပေါ်၌ ထားသော သူ၏ ကတိတော်ကိုအသေအချာပင် ပြည့်စုံစေခဲ့ပါသည်။
သူ၏ ကတိတော်စကားများကို ယုံကြည်သည့် အာဗြဟံ၏ ယုံ ကြည်ခြင်းကို ကြည့်လျှင်ဘုရားသခင်သည် ဤအာဗြဟံ၏ ယုံကြည်ခြင်း ကို ထောက်ခံခဲ့ပါသည်။ ဘုရားသခင်သည်အာဗြဟံကို ကောင်းကြီးပေးခဲ့ သည်မှာသူ၏ယုံကြည်ခြင်းကိုထောက်ခံခဲ့ပါသည်။ဘုရားသခင်သည် အာဗြ ဟံအားအဘယ့်ကြောင့် ချစ်ပြီးကောင်းကြီးပေးရသည့် အကြောင်းအရင်း မှာဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောသူ၏ ယုံကြည် ခြင်းကြောင့် ဖြစ်သည်။အာဗြဟံသည် စကားတော်ကို ယုံကြည်သော ကြောင့် ဘုရားသခင်သည် သူ၏ ယုံကြည်ခြင်းအားဖြင့်စိတ်ကျေနပ်တော် မူခဲ့သည်။ထို့ကြောင့် ဘုရားသခင်သည် အာဗြဟံထံမှ ဣသရေလလူမျိုးကို
တည်ထောင်လိုပြီးသူ၏အမျိုးအနွယ်တို့ကပြုသည့်ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သော ပူဇော်သက္ကာအားဖြင့် အရေဖျားလှီးခြင်း နှင့်ဆိုင်သော ကတိတော် ကို ပြည့်စုံစေလိုခဲ့သည်။
သူသည် ဘုရားသခင်ထံသို့ ယဇ်ပူဇော်ခြင်းနှင့် ဆိုင်သောပူဇော် သက္ကာကို ပေးသည့်အတိုင်း အာဗြဟံ၏ယုံကြည်ခြင်းသည် ဘုရားသခင် အားဖြင့် ထောက်ခံမှုရရှိခဲ့ကြောင်းကိုကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ ဤယုံ ကြည်ခြင်းသည်လည်း ကျွန်ုပ်တို့၏ အပြစ်အားလုံးကိုကျွန်ုပ်တို့ကောင်း သောအကျင့်အားဖြင့်မဟုတ်ဘဲဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယုံ ကြည်ခြင်းအားဖြင့် ခွင့်လွှတ်ခြင်းကို ခွင့်ပြုခဲ့ပါသည်။ အာဗြဟံ ယုံကြည်ခဲ့ သည့်အတိုင်းသူ၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ယဇ်ပူဇော် ခြင်းနှင့် ဆိုင်သော ပူဇော်သက္ကာကြောင့်အပြစ်များကို ဖြတ်တောက်ပေး သည့် ဝိညာဉ် အရေဖျား လှီးခြင်းကို လက်ခံရရှိသောသူများကိုဘုရားသခင် သည် ကာနန်ပြည်အား သူ၏ ကောင်းကြီးမင်္ဂလာအဖြစ် ခွင့်ပြုခဲ့ပါသည်။ ထိုနည်းအတိုင်းပင် ဘုရားသခင်သည် အာဗြဟံထံ၌ ရှိခဲ့သည့် ယုံကြည် ခြင်းမျိုးကို ကျွန်ုပ်တို့ထံမှလည်းရယူလို၏။ သူသည် ယနေ့သင်နှင့် ကျွန်ုပ် အား အာဗြဟံကဲ့သို့ပင်သူ၏ နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် စိတ်နှလုံးသားထဲ၌အပြစ် ခွင့်လွှတ်ခြင်း ရရှိပြီး ဘုရားသခင်၏ နိုင်ငံတော်
အမွေခံစေလိုပါသည်။ ခမည်းတော်ဘုရားသည်ကျွန်ုပ်တို့၏အပြစ်များ အား ယေရှုခရစ်ထံသို့သူ၏ဗတ္တိဇံအားဖြင့်ရောက်သွားစေပြီး သူ့အား လူအပေါင်း တို့အတွက်ဘုရားသခင်၏ သိုးသူငယ်အပြစ် ပြုတော်မူ၏။ ထို့နောက်ဘု ရားသခင်သည် အာဗြဟံ ယုံကြည်ခဲ့သလိုပင် ကျွန်ုပ်တို့အားဤသမ္မာတရား ကို ယုံကြည်စေလိုပါသည်။ထိုသို့သော ယုံကြည်သူအား သူ၏ လူများ အဖြစ်ထာဝရ ရှိစေလိုပါသည်။
အာဗြဟံသည် ဘုရားသခင်၏စကားတော်၌ ယုံကြည်သော ကြောင့် ကြီးမားသောကောင်းကြီး မင်္ဂလာကို ခံစားခဲ့ရကြောင်း ဘုရားသ ခင်သည် ကျွန်ုပ်တို့ကို ဖော်ပြခဲ့သည်နည်းတူယနေ့ သင်နှင့် ကျွန်ုပ်သည် လည်းအာဗြဟံ၌ ရှိခဲ့သော ယုံကြည်ခြင်းမျိုး ရှိခြင်းအားဖြင့်ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို လက်ခံရရှိနိုင်ပါသည်။ ဘုရားသခင်သည် မောရှေ အားသိနတောင်သို့ ခေါ်ပြီး ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်း စံနစ်ကို ပေး ကာသူ၏စကားတော်ကိုယုံကြည်သောသူတို့အားသူ့လူဖြစ်လာရန် ကောင်း ကြီး ပေးခဲ့သည်။
ကျွန်ုပ်တို့သည် ပညတ်တော်ကို စောင့်ထိန်းနိုင်ကြသော်လည်း တဲ တော်၌ ညွန်ပြထားသည့်အပြစ် ခွင့်လွှတ်ခြင်း အားဖြင့်လည်း ဘုရားသခင် သည် သူ၏ လူများ အဖြစ်သို့ ကျွန်ုပ်တို့ကိုရောက်စေခဲ့သည်။ တဲတော်၌ ထင်ရှားဖေါ်ပြသော သမ္မာတရားအပေါ် ကျွန်ုပ်တို့ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည်ကျွန်ုပ်တို့အားသူ၏ထာဝရကောင်းကြီးမင်္ဂလာကို လက်ခံ
ရရှိစေပါသည်။ထိုကဲ့သို့ပင်ကျွန်ုပ်တို့အားလုံးသည်လည်းတဲတော်၌ထင်ရှား ဖေါ်ပြခဲ့သည့်သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ လူများ ဖြစ်လာသင့်ပါသည်။ဘုရားသခင်သည် ကျွန်ုပ်တို့အား ယေရှုခရစ်ကို ဖေါ်ပြ ခဲ့ပြီး တဲတော်အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို ပေးခဲ့ကြောင်း စိတ်နှလုံးတွင်း၌ ယုံကြည်မှသာလျှင် သူ၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂ လာကိုကျွန်ုပ်တို့လက်ခံရရှိနိုင်မည်ဖြစ်သည်။
 
 

အာဗြဟံသည် ဘုရားသခင်၏ စကားတော်၌ ယုံကြည်ခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည်လည်းဘုရားသခင်အားသူ၏နှုတ်ကပတ်တော်အပေါ်အခြေ ခံ၍ယုံကြည်ရမည်ဖြစ်သည်

 
အာဗြဟံကောင်းကြီးခံစားခဲ့ရခြင်းမှာသူ၏ကောင်းသောအကျင့်များကြောင့် မဟုတ်ဘဲဘုရားသခင်၏စကားတော်၌ယုံကြည်သော ကြောင့် ဖြစ်သည်။ ပညတ်တော်အားဖြင့်ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များ ကို သိစေနိုင်ပြီး တဲတော်၏ ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သည့် ပူဇော်သက္ကာ ထံသို့ ပြောင်းသွားစေကာ ဘုရားသခင်ရှေ့၌ ပယ်ဖျက်စေတော်မူ၏။ထို နည်း အတိုင်းပင် ယေရှုခရစ်သည် ဤ လောကသို့ ြွကလာပြီး ကျွန်ုပ်တို့ အပြစ်အားလုံးအားသူ၏ဗတ္တိဇံအားဖြင့် ယူဆောင်သွားကာ ကျွန်ုပ်တို့၏ အ ပြစ်များအတွက်ကားတိုင်ပေါ်တွင်စီရင်ခြင်းခံခဲ့ရသည်။ထို့နောက်သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ် ခဲ့ပါ သည်။ ဤ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့အားလုံး သည်အပြစ်ခွင့်လွှတ်ခြင်းရပြီးဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ပါ သည်။သမ္မာကျမ်းစာကကျွန်ုပ်တို့ကိုပြောသည်မှာဤသမ္မာတရားကို စိတ်နှ လုံးဖြင့် ယုံကြည်သောသူတို့သာလျှင် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာ အပေါင်းကိုလက်ခံရရှိနိုင်ပါသည်။ ဘုရားသခင်၏ စကားတော်ကို ယုံကြည် ခြင်းအားဖြင့် သူ၏ကယ်တင်ခြင်းစကားတော်အားလောကတခွင်လုံး၌ မ တွေ့နိုင်သည့် အဖိုးတန်ဆုံးသောကောင်းကြီး မင်္ဂလာအဖြစ် လက်ခံနိုင် ပါသည်။
အာဗြဟံသည် ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းကြီမင်္ဂလာ ကိုအဘယ်ကြောင့် လက်ခံရရှိ ခဲ့ပါသနည်း။ သူကောင်းကြီး ခံစား ခဲ့ရသည် မှာ ဘုရားသခင်သူ့ကို ပြောခဲ့သည့် အရာများကိုသူယုံကြည်သော ဘုရားသ ခင်၏ စကားတော်ကို ယုံကြည်ခြင်းအားဖြင့် အာဗြဟံ ကဲ့သို့သောယုံကြည် ခြင်းမျိုး ကျွန်ုပ်တို့ အားလုံးလက်ခံ ရရှိနိုင်ပြီး ကောင်းကင်၏ကောင်းကြီး မင်္ဂလာများစွာကို လက်ခံရရှိနိုင်ပါသည်။ ဤအရာသည် ပြုလုပ်ရန် ခက်ခဲ သည့်အရာမဟုတ်ပေ။ကျွန်ုပ်တို့သည်ဘုရားသခင်၏ လူဖြစ်ကြောင်း သက် သေပြလိုပါကကျွန်ုပ်တို့ ပြုရမည်မှာဘုရားသခင်အား ကျွန်ုပ်တို့၏ ဘာသာ တရားကိုင်းရှိုင်းသည့် အပြုအမူအားဖြင့် မဟုတ်ဘဲသူ၏ စကားတော်ကို စိတ်နှလုံးဖြင့် ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်သည်။
ဘုရားသခင်သည်အာဗြဟံအားကာနန်ပြည်ကို သူ၏ အမျိုးအနွယ် များအတွက်ပေးမည်ဟုသူ၏ စကားတော်ဖြင့် ကတိပေးခဲ့သည်။ ယနေ့ အချိန်အခါ၌ အသက်ရှင်ကြသောကျွန်ုပ်တို့အားလုံးသည်လည်း တဲတော်၏ အပြာရောင်၊ ခရမ်းရောင်နှင့်နီရဲသောခြည်မျှင်နှင့်လက်ရာမြောက်များစွာ ရက်ထားသည့် ဗီသွားလျှော်ဖြင့် ရက်သည့် ပိတ်စအားဖြင့် ပရောဖက်ပြုပြီး
ထင်ရှားဖေါ်ပြခဲ့သည့်ယေရှု၏အမှုတော်မြတ်လေးခုသည် ကျွန်ုပ်တို့အပြစ် အားလုံးမှကျွန်ုပ်တို့ကိုကယ်တင်ခဲ့ကြောင်း ယုံကြည်ရမည်ဖြစ်သည်။ ထိုသို့ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်ခွင့်လွှတ်ခြင်း ရရှိပြီး ဘုရားသခင် ၏သားသမီးများဖြစ်လာကာကောင်းကင်နိုင်ငံကိုအမွေခံလာနိုင်ခဲ့ကြသည်။
ကျွန်ုပ်တို့သည် သူ၏စကားတော်တို့ လုံးလုံးလျားလျား ယုံကြည်ရ မည် ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုလေးမျှအချီးအနှီးမဟုတ်သည့်အပြင်သူ့စကားတော်တို့သည် မှန်ကန် ပြီးကျွန်ုပ်တို့ယုံကြည်ခြင်းအတွက်အလွန်အရေးပါသောကြောင့်ဖြစ်သည်။ သူ၏ ရေနှင့် ဝိညာဉ်တော် စကားကိုလည်း ကျွန်ုပ် သေချာစွာသိထားပြီး ယင်း၌ မမှားမယွင်း ယုံကြည်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ယင်း သည်လုံးလုံးလျားလျား သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။သင် ယခု ယုံကြည်ပြီလား။ အကယ်၍သင်သည် သမ္မာတရားအား သင့် စိတ်နှလုံးဖြင့် ယုံကြည်ပြီးသင့်နှုတ်ဖြင့်ဝန်ခံပါကသင်သည်ဘုရားသခင်၏ ထောက်ခံခြင်း ရမည်ဖြစ်သည်။ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့်ယုံ ကြည်ရ မည်။ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာနှုတ်ဖြင့်ဝန်ခံရမည်(ရောမ ၁၀း၁၀)။
ဤအတွက်ကြောင့် ယုံကြည်ခြင်းသည် အလွန်အရေးကြီးပါသည်။ ကျွန်ုပ် တို့အတွက်အရေးကြီးသည်မှာ လူပြောသည့်အရာကို မယုံကြည်ဘဲ ဘုရား သခင်၏ရေးသားထားသော စကားတော်ကိုယုံကြည်ပြီး ကျွန်ုပ်တို့၏ ကိုယ် ပိုင်အတွေး စိတ်လှုပ်ရှားမှု့ အားဖြင့် ယုံကြည်ခြင်း မဟုတ်ဘဲကျွန်ုပ်တို့၏ ရိုးသားသော စိတ်နှလုံးဖြင့် ယုံကြည်ရမည်ဖြစ်သည်။ ဤအတွက် ကြောင့် ပင်ယခင်အချိန်ကကယ်တင်ခြင်းရခဲ့သော ဘုရားသခင်၏ အစေခံတို့ သည် နှုတ်ကပတ် တော်အားရှိသည့်အတိုင်း ဟောပြောခဲ့ကြခြင်းဖြစ်သည်။
အရေဖျားလှီးခြင်း အမှတ်အသားဖြင့် ဘုရားသခင်သည် အာဗြဟံ နှင့် သူ၏ အမျိုးအနွယ်တို့နှင့် သူ၏ပဋိညာဉ်ကို ပြုလုပ်ပြီး တဲတော်၏ ယဇ် ပူဇော်ခြင်း စံနစ်ကို ပေးခဲ့ပါသည်။ ထို့ကြောင့်သူတို့သည် သူတို့၏အပြစ် များ အားလုံးကို ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော် အားဖြင့်ခွင့်လွှတ် မည့်ကြွလာတော်မူမည့် မေရှိယ၊ ခရစ်တော် ယေရှုကို ယုံကြည်နိုင် ခဲ့ကြ သည်။ ထိုသို့ယုံကြည်သောကြောင့် သူတို့၏ ဤ ယုံကြည်ခြင်းဖြင့်ပင် ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်နိုင်ခဲ့ကြပါသည်။
ကျွန်ုပ်သည် ဘုရားသခင်၏ ပဋိညာဉ်စကားတော်တို့ကို ယုံကြည် ပါသည်။ အာဗြဟံသာလျှင် ဘုရားသခင်၏ စကားတော်ကို ယုံကြည်ပြိး ကောင်းကြီး ခံစားနိုင်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အားလုံးသည်လည်း သူကဲ့ သို့ပင်ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်းဖြင့် ကောင်းကြီးခံစား နိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်အားလုံးမှ ကယ်တင်ရန် တဲတော်ကိုတည်ဆောက်ခဲ့သည်ဟု ကျွန်ုပ်ယုံကြည်သည်။ ဤအတွက် ကြောင့်ပင်ဘုရားသခင်သည်အာဗြဟံ၏အမျိုးအနွယ်အား သိနတောင်ပေါ် သို့ဦးဆောင်ပြီးပညတ်တော်နှင့်တဲတော်၏ယဇ်ပူဇော်ခြင်းစံနစ်ကိုပေးခဲ့ ခြင်း ဖြစ်သည်။ ဤသမ္မာတရားသည် ဘုရားသခင်၏ သတ္တဝါအနန္တအ ပေါင်းတို့အပေါ် ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သဘောပေါက်သင့်ပါသည်။