Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-6] သူ၏အရေဖျားလှီးခြင်း ပဋိညာဉ်တည်းဟူသောဘုရားသခင်အစပြုခဲ့ သည့်ကတိတော်သည် ကျွန်ုပ်တို့အတွ (ကမ္ဘာ ၁၇း၁-၁၄)

သူ၏အရေဖျားလှီးခြင်း ပဋိညာဉ်တည်းဟူသောဘုရားသခင်အစပြုခဲ့ သည့်ကတိတော်သည် ကျွန်ုပ်တို့အတွ
(ကမ္ဘာ ၁၇း၁-၁၄)
“ထိုနောက်၊အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာ ဝရဘုရားသည်အာဗြံအားထင်ရှားတော်မူ၍၊ငါသည်အနန္တတန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏အဘဖြစ်လိမ့်မည်။နောက်တဖန် သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ငါသည်သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအ မျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြ လိမ့်မည်။ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရား ဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ် ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ခါနာန်ပြည်တရှောက်လုံးကို၊သင်အား၎င်း၊သင့်နောက် ၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ ဘုရား လည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ သင်နှင့်တကွသင့်နောက်၌ သင်၏ အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသောငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။ အ ရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏လက္ခဏာသက် သေ ဖြစ်ရလိမ့်မည်။သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျား တိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့်အမျိုးမဟုတ်။ တပါးအမျိုး သား၌ ငွေနှင့်ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျား လှီး မင်္ဂလာကို ခံရမည်။ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင် တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။အရေဖျားမလှီး၊ အရေဖျား လှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။”
 
 
ကမ္ဘာ ၁၇း၁-၁၄ တွင်ဘုရားသခင်နှင့် အာဗြဟံတို့ စပ်ကြား ပြုခဲ့ သောပဋိညာဉ်ဖြစ်သည့် အရေဖျားလှီးခြင်း မင်္ဂလာက ဖော်ညွှန်းလိုသည် မှာဣသရေလလူမျိုးများသည် အပြစ်ဖြေလွှတ်ခွင့် ရရှိဖို့ရန်တဲတော်ထဲတွင် မီးရှို့ရာ ယဇ်ပူဇော်ကြရပြီး ထိုသို့ ပူဇော်ရာတွင် တစ်စုံတစ်ယောက်သည် ယဇ်ကောင်အပေါ်သို့ လက်ကိုတင်၍ အပြစ်ကို လွှဲပြောင်း ပေးလိုက်သည်။ ထိုနည်းလမ်းအားဖြင့်အပြစ်ကိုဖြတ်တောက်ခြင်းသည် ဝိညာဉ်ပိုင်း ဆိုင်ရာ တွင် ကျွန်ုပ်တို့အတွက်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် အာဗြဟံပြုခဲ့သော ပဋိညာဉ်တရားသည် အပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာ ယဇ်ပူဇော်ခြင်းတို့၏ ကြိုတင်ပုံဖော်ပေးခြင်းဖြစ်သည်။ ဘုရားသခင်က အာ ဗြဟံအားပေးခဲ့သည့်အရေဖျားလှီးခြင်းအားဖြင့် ဘုရားသခင်သည် သူနှင့်သူ ၏သားစဉ်မြေးဆက် ကိုးကွယ်သောဘုရားဖြစ်ကြောင်း၊ တဲတော်ကို ရိုသေလျက်အာဗြဟံ၏ သားစဉ်မြေးဆက်တို့သည် ယစ်ကောင်၏ဦးခေါင်း ပေါ်သို့ လက်ကိုတင်လိုက်သောအခါ အပြစ်ကိုလွှဲပြောင်းလိုက်ခြင်းသည် ယဇ်ပူဇော်ခြင်းဖြစ်ကြောင်း ပရောဖက်ပြုခဲ့သည်။ ထိုနည်းတူ ဓမ္မသစ် ခေတ်တွင် ဗတ္တိဇံဆရာယောဟန်ထံမှ နှစ်ခြင်းခံယူခဲ့သူ သခင်ယေရှုသည် လောကသားအားလုံး၏ အပြစ်ကို ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် တို့သည် သဘောပေါက်ကာ ယုံကြည်လက်ခံရမည်။
ကမ္ဘာ ၁၅း၅တွင် ဘုရားသခင်က အာဗြဟံအား “မိုဃ်းကောင်း ကင်ကို မျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ထို့နောက် အာဗြဟံ၏ရှေ့မှောက်တွင် ဘုရားသခင်ကမ္ဘာ ၁၇း၆-၇ “ငါသည် သင့်ကိုအ လွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ကြရလိမ့်မည်။ ငါသည်သင်၏ဘု၇ား၊ သင့်နောက်၌သင့်အမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု သင်နှင့်သင်၏ အမျိုးအ နွယ်အစဉ်အဆက်တို့၌ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်” ဟု ဘုရားသခင်က အာဗြဟံအား ကတိပေးခဲ့ပါသည်။
အာဗြဟံနှင့် သူ၏သားစဉ်မြေးဆက်အပေါ် ဘုရားသခင်ပြုခဲ့သော ပဋိညာဉ်တရားသည် အရေဖျားလှီးခြင်းအားဖြင့်ဖြစ်လာသည်။ အရေဖျား လှီးခြင်းသည်ဣသရေလလူမျိုးများ ယဇ်ပူဇော်သည့်အခါ ယဇ်ကောင်၏ဦး ခေါင်းပေါ်သို့ လက်ကိုတင်သည့် လုပ်ထုံးလုပ်နည်းနှင့် တိုင်ဆိုင်သည်။ ၄င်းသည်ဓမ္မသစ်ကာလတွင် သခင်ယေရှုသည် ယောဟန်ထံသို့သွား၍ နှစ်ခြင်းခံယူပြီးလောကသားအားလုံးတို့၏အပြစ်ကိုယူဆောင်ကာပယ်ဖျက် လိမ့်မည်ဖြစ်ကြောင်း ကြိုတင်ပြောကြားခြင်းဖြစ်သည်။ ကျွန်ုပ်တို့နား လည်ပြီး ယုံကြည်ထားရမည့်အချက်မှာ ဓမ္မဟောင်းကာလ ဘုရားသခင်က အာဗြဟံအားပေးခဲ့သည့် အရေဖျားလှီးခြင်းမင်္ဂလာသည် ဓမ္မသစ်ကာလ အ ပြစ်ဆေးကြောခြင်းတည်းဟူသော ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းသည် သခင်ယေရှု၏နှစ်ခြင်းခံရာ၌ ပြည့်စုံပြီဟု ထင်ရှားခဲ့သည်။ တစ်နည်းအား ဖြင့်ဣသရေလလူမျိုးများသည် တဲတော်တွင် ယစ်ပူဇော်ခြင်းပြုလုပ်သော အခါ အာဗြဟံ၏ယုံကြည်ခြင်းလိုအပ်ကြောင်း ကျွန်ုပ်တို့ကို ဖော်ပြနေပါ သည်။ 
ဘုရားသခင်ကဆက်လက်၍ကတိပြုခဲ့သည်မှာ “အရေဖျားလှီးမင်္ဂ လာသည် ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရ လိမ့်မည်။ သင်တို့အမျိုးအစဉ်အဆက်တို့၌သားယောကျာ်းတိုင်း ကိုယ့်အိမ် ၌ဖွားသောသူဖြစ်စေ၊ ကိုယ့်အမျိုးမဟုတ်တစ်ပါးအမျိုးသားတို့၌ ငွေနှင့်ဝယ် သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင် အရေဖျားလှီးမင်္ဂလာကို ခံရမည်” (ကမ္ဘာ ၁၇း၁၁-၁၂) ဟူ၍ဖြစ်သတည်း။ တစ်နည်းအားဖြင့် အရေ ဖျားလှီးခြင်းအားဖြင့်ဘုရားသခင်သည် အာဗြဟံနှင့် သူ၏သားစဉ်မြေး ဆက်တို့အား ကတိပေးခဲ့သည်။ ဘုရားသခင်သည် အာဗြဟံနှင့် သူ၏သား စဉ်မြေးဆက်တို့၏ဘုရားဖြစ်သဖြင့် အပြန်အလှန်အားဖြင့် အာဗြဟံနှင့် သားစဉ်မြေးဆက်တို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်။ ကမ္ဘာ ၁၇း၁၃ “ကိုယ့်အိမ်၌ဖွားသောသူ၊ ကိုယ့်ငွေနှင့်ဝယ်သောသူသည် အရေဖျား လှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်သည်လည်း သင်တို့၏အသား၌ ထာဝရ ပဋိညာဉ် ဖြစ်လိမ့်မည်။
အာဗြဟံလက်ထက်မှစ၍ကမ္ဘာပေါ်ရှိ ဣသရေလလူမျိုးများ အရေ ဖျားလှီးရသည့်အကြောင်းရင်းမှာထိုအကြောင်းကြောင့်ဖြစ်သည်။ ထိုစဉ် အ ခါက ဣသရေလလူမျိုးများက အရေဖျားလှီးခြင်း မင်္ဂလာတစ်ခုတည်းကို သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် လည်း အကျိုးထူးရှိပါသည်။ဤအရာသည် ဘုရားသခင်က အာဗြဟံအား ပေးခဲ့သည့်အမှတ်အသား၊ အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်တို့က အစဉ် အမြဲလိုက်နာ ကျင့်စောင်ရမည့် သင်္ကေတတစ်ခုဖြစ်သည်။
ကမ္ဘာ ၁၇း၁၁- “အရေဖျားလှီးမင်္ဂလာသည် ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏လက္ခဏာသက်သေဖြစ်ရလိမ့်မည်။” ထို့ကြောင့် အရေဖျားလှီး ခြင်းသည် ပဋိညာဉ်ပြုခြင်း၏ အမှတ်အသားတစ်ခုဖြစ်သည်။ အထက် ပါအကြောင်းအရာများကို ခြုံငုံကြည့်မည်ဆိုလျှင် ဘုရားသခင်က ဤသို့က တိပေးထားသည်။ ကမ္ဘာ ၁၇း၄-၁၄ “သင်သည် ငါ့လူဖြစ်ကြောင်း မည်သို့ သိမည်နည်း။ သင်၏အရေဖျားလှီးသည့် အမာရွတ်ကြည့်ခြင်းဖြင့် သိနိုင် သည်။ယခုမှစ၍သင့်အိမ်တွင် ဖွားမြင်သောသားယောကျာ်းမှန်သမျှအရေ ဖျားလှီးခြင်းခံရမည်။ ဤသို့ဖြင့် ငါ့ပဋိညာဉ်သည် သင်၏အသားပေါ်တွင် ထာဝရနှင့်ဆိုင်၍တည်လိမ့်မည်။ ငါသည်သင်၏ဘုရားဖြစ်ဖို့ကတိ ပေးထား ပြီ။ သင်၏သားစဉ်မြေးဆက်၏ဘုရားလည်းဖြစ်မည်။ သင်သွား၍ ဝင်စား လတ္တံသော ခါနန်ပြည်၌သင့်ကိုတိုးပွားစေဖို့ ကောင်းချီးပေးဖို့ ကတိပြုပါ သည်။ထိုပြည်ကိုသင့်အတွက်ဖြစ်စေ၍ရှင်ဘုရင်များကိုလည်းသင့်အမျိုးထဲ မှ ပေါ်ထွက်စေမည်” (တိုက်ရိုက်ဘာသာပြန်မှု)
ဘုရားသခင်က အာဗြဟံနှင့်သားစဉ်မြေးဆက်အပေါ် ပြုခဲ့သောပ ဋိညာဉ်သည် သူတို့၏အသားတွင် တွေ့ရလိမ့်မည်ဟု ပြောခဲ့သည်။တစ် နည်းအားဖြင့် ဣသရေလလူမျိုးများ၏ အရေဖျားလှီးခြင်းခံရသည့်အမာ ရွတ်သည် ဘုရားသခင်၏ကတိတော်ကို ရိုက်နှိပ်ထားသော တံဆိပ်ဖြစ် သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများအား သူတို့၏အရေဖျားလှီး ခြင်းအားဖြင့် ကတိပေးခဲ့သဖြင့်အရေဖျားလှီးခြင်း (သို့မဟုတ်) မလှီးဘဲ နေခြင်းကိုကြည့်ခြင်းဖြင့် အာဗြဟံ၏အမျိုးဖြစ်သည် (သို့မဟုတ်) မဖြစ်နိုင် ဟု ခန့်မှန်းနိုင်သည်။ အရေဖျားလှီးခြင်း ခံရသောသူသည် အာဗြဟံ၏အမျိုး အဖြစ်သတ်မှတ်ခြင်းခံရသဖြင့် ဘုရားသခင်ကောင်းချီးပေးသော်လည်း မခံ ဘဲနေလျှင် အသိအမှတ်ပြုခြင်းပင် မခံရပါ။
 
 
အမှန်အားဖြင့် အာဗြဟံသည် ဣသရေလ လူမျိုးများအတွက် အရေးပါသော ပုဂ္ဂ္ဂိုလ်ဖြစ်ကြောင်း
 
ဣသရေလလူမျိုးများအတွက် ပညတ်တရားကို ပေးခဲ့သည့်ဖခင် မောရှေသည် ယုံကြည်ခြင်း၏ဖခင် အာဗြဟံထက်သာ၍ အရေးပါသူဖြစ် သည်။ဣသရေလလူမျိုးအများစုကနောင်ကိုမေ့လျော့ကြသကဲ့သို့ အာဗြဟံ ကိုလည်း သတိမရချင်ကြတော့ပေ။ လက်တဆုပ်စာမျှသော် ဣသရေလလူ မျိုးများက ရှေမ၊ရှေသ (သို့မဟုတ်) မသုရှလတို့ကို အောက်မေ့ကြ သော် လည်း အာဗြဟံမူကားဣသရေလလူမျိုးများအတွက် မေ့၍မရနိုင်သော ယုံ ကြည်ခြင်းဖခင်တစ်ဦးဖြစ်သည်။သူတို့အားလုံးသည် သူ့ကို လူမျိုး၏ဖခင် အဖြစ် အသိအမှတ်ပြု၍ယုံကြည်ပြီး နောက်မှလိုက်ကြသည်။ ထို့သို့ အာ ဗြဟံအားဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုးများနှင့် ပြုခဲ့သော ပဋိ ညာဉ်သည် ယခုထိတိုင် အကျိုးသက်ရောက်နေဆဲဖြစ်သည်။
ဣသရေလလူမျိုးများက ကိုယ်တိုင်သဘောပေါက်ပြီး ယုံကြည် ထားသည်မှာ “ငါတို့ဟာ အာဗြ၏ အမျိုးဖြစ်တယ်။ ငါတို့အသားထဲတွင် အရေဖျားလှီးခြင်းအမှတ်သားကို သယ်ဆောင်သွားရမည်။ငါကြောင့် ဘုရား သခင်ဟာ ကျွန်ုပ်တို့၏ဘုရား၊ ကျွန်ုပ်တို့ဟာ သူရဲ့လူဖြစ်တယ်” ဟူ၍ ဖြစ် သတည်း။ဣသရေလလူမျိုးများသည်ရွေးကောက်ခြင်းခံထားရသည့် လူမျိုး ဖြစ်ကြောင်းထင်မြင်ရသည့်အကြောင်းမှာဘုရားသခင်ကအာဗြဟံအား ဖြင့် ပဋိညာဉ်ပြုခဲ့သည့်အရေဖျားလှီးခြင်းကို ယုံကြည်နေကြဆဲ ဖြစ်သည်ကို ထောက်၍ သိနိုင်သည်။
အာဗြဟံတွင် ဘုရားသခင်က နောက်ပိုင်း စာရာဟု အမည်ပြောင်း ပေးခြင်းခံရသည်။ တရားဝင်ဇနီးတစ်ဦးနှင့် စာရာ၏ ကျွန်မ ဟာဂရဟူ၍ ဇနီးနှစ်ဦးရှိသည်။ အကြောင်းမူကား အာဗြဟံသည် သူ၏မယား စာရာ သည် သားမဖွားကြောင်းသိမြင်လေသော် သူ့အကြံအစည်ကိုအသုံးပြု၍ ဟာဂရအားဖြင့် သားရရှိဖို့ ကြိုးစားခဲ့သည်။ (ကမ္ဘာ ၁၆း၁-၄)။ သို့သော် လည်း ဘုရားသခင်ကရှင်းလင်းစွာမိန့်တော်မူခဲ့သည်မှာ သင်၏တရားဝင်ဇ နီးဖြစ်သော စာရာသည် သားကိုဖွား၍ ကြယ်ကဲ့သို့များပြားသော အာဗြဟံ ၏ အမျိုးအနွယ်ကို ပေးလိမ့်မည်ဟုဆိုသည်။ ထိုအချိန်မှစ၍ ဘုရားသခင် ကစာရာ၏ကိုယ်ထံမှ ထွက်သောသူသာလျှင်ဘုရားသခင်၏လူအဖြစ် အသိ အမှတ်ပြုခြင်းခံရပြီး၊ ဟာဂရမွေးဖွားခဲ့သောဣရှမေလသည် ထိုသို့ အသိအ မှတ်ပြုခြင်း မခံရပေ။
ဣသရေလလူမျိုးများသည် အရေဖျားမလှီးဘဲနေသောအခါ ဘု ရားသခင်ပြုခဲ့သော ပဋိညာဉ်သည် ထိရောက်မှုမရှိပါ။ ဘုရားသခင်က သင်တို့၏အရေဖျားလှီးခြင်းသည် ငါ၏ပဋိညာဉ် သက်သေဖြစ်၍ သင်တို့ ၏အသားတွင် အစဉ်ရှိရမည်ဟု မိန့်တော်မူ၏။ ထိုသို့ အရေဖျားလှီး ခြင်းကို သေချာစွာမိန့်မှာခဲ့သဖြင့် အရေဖျားမလှီးဘဲနေလျှင် ဘုရားသခင်ကပေး ခဲ့သည့် ကတိတော်သည် ထိရောက်မှုမရှိပါ။ ထို့ကြောင့် ဣသရေလလူတို့ သည် အရေဖျားမလှီးဘဲနေလျှင် တစ်ပါးအမျိုးသားများကဲ့သို့ဖြစ်ပြီး၊ ဘု ရားသခင်၏ကတိတော်နှင့်လည်း ကိုက်ညီမှုမရှိကြောင်းသိထားသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ အရေဖျားမလှီးဘဲမနေဝံ့ပါ။ 
 
 

ဝိညာဉ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်း

 
ဘုရားသခင်က အာဗြဟံနှင့်သားစဉ်မြေးဆက်အား ပြုခဲ့သည့်ပဋိ ညာဉ်သည် သခင်ယေရှုကို လောကသို့ဆင်းကြွလာ၍ အပြစ်များကို သယ်ဆောင်ကာ ဗတ္တိဇံဆရာယောဟန်ထံသို့သွား၍ နှစ်ခြင်းခံယူခြင်း တည်းဟူသော အပြစ်အားလုံး ဆေးကြောခြင်း သို့ရောက်ခဲ့သည်။
ဘုရားသခင်ကဣသရေလလူမျိုးများအားတဲတော်၏တံခါး ပေါက် များပြုလုပ်သည့်အခါအပြာရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်အဝတ် စများကို ကန့်လန့်ကာအဖြစ် ယက်လုပ်ပြီး အသုံးပြုဖို့ ပြောထားခဲ့သည်။ (ထွ ၂၆း၃၁၊ ၂၇း၁၆)၊ တဲတော်ဖွဲ့စည်းပုံ အသေးစိပ်ကို လေ့လာလျှင် ကျွန်ုပ်တို့အား သခင်ယေရှုခရစ်အားဖြင့်သာ ကယ်တင်ခဲ့ကြောင်း ဘုရား သခင်က သွန်သင်ပေးသည်။ သခင်ဘုရားလောကသို့ ဆင်းသက်ခဲ့ကြောင်း အသက်(၃၀)ပြည့်သောအခါ လောကသားများ၏အပြစ်ကို ယူဆောင်၍ ဗတ္တိဇံဆရာယောဟန်ထံသို့သွား၍ နှစ်ခြင်းခံခဲ့ကြောင်း၊ လက်ဝါးကပ် တိုင်တွင်အသေခံရကြောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ကြောင်း၊ ထို့သို့ အားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ခွင့်လွှတ်ခဲ့ကြောင်း စသည်ဖြင့် သမ္မာတရားကိုယုံကြည်သော သူသည်အာဗြဟံ၏ သားစဉ်မြေးဆက်ဖြစ် သည်။ တဲတော်၏ အပြာရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်ဖြင့် ကောင်းစွာ ယက်လုပ်ထားသောအထည်များအပေါ် ယုံကြည်သော သူတို့ အတွက် ဘုရားသခင်သည် သူတို့၏ ဘုရားဖြစ်လာသည်။
ကျွန်ုပ်တို့၏ ဝိညာဉ်သည် ယေရှု၏နှစ်ခြင်းခံယူမှုကို ယုံကြည်ခြင်း အားဖြင့်အရေဖျားလှီးခြင်းခံရသည်။ ဤဝိညာဉ်နှင့်ဆိုင်သော အရေဖျားလှီး ခြင်းသည် စိတ်နှလုံးမှအပြစ်များကို ဖြတ်ထုတ်ခြင်းဖြစ်၍ သခင်ယေ ရှုနှစ်ခြင်းခံယူခဲ့စဉ် ကျွန်ုပ်တို့အပြစ်အားလုံးကို သူ့အပေါ်သို့ လွှဲပြောင်းတင် ယူလျက် ဆေးကြောခဲ့ကြောင်း ယုံကြည်ခြင်းမှတစ်ပါး အခြားနည်းလမ်း ဖြင့် မရရှိနိုင်ပါ (ရောမ ၂း၂၉)။
ယနေ့ ရေနှင့်ဆိုင်သော ဧဝံဂေလိတရားကို ယုံကြည်သောသူသည် အပြစ်ဖြေလွှတ်ခွင့်ကို ရရှိခြင်းနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် အထည်များသည် ဘုရားသခင်၏ နိုင်ငံတော်မှဘုရင်များ သူ၏သားသ မီးများကိုပုံဆောင်ထားကြောင်းဝိညာဉ်တော်က ထင်ရှားစေခဲ့သည်။ ဘုရား သခင်က“သင့်အထဲမှ ဘုရင်များပေါ်ထွက်လာမည်” (ကမ္ဘာ ၁၇း၆) ကတိ ပေးထားသဖြင့် သူ၏လူများသည် ကမ္ဘာအနှံ့မှထွက်ပေါ်လာမည်။
ကျွန်ုပ်တို့သည် အာဗြဟံ၏ ဆွေမျိုးဖြစ်လိုလျှင် လောကတွင်ခံယူ ခဲ့သော သခင်ယေရှု၏ နှစ်ခြင်းမင်္ဂလာနှင့် လက်ဝါး ကပ်တိုင်ပေါ်မှအသွေး တော်ကိုယုံကြည်ရမည်။ယေရှု၏ဗတ္တိဇံခံခြင်း မည်မျှအရေးပါ အရာရောက် ကြောင်းနှင့်ယုံကြည်သင့်ကြောင်း၊ ကျွန်ုပ်အနေဖြင့် လုံလုံလောက်လောက် အထူးပြုဖော်ပြခြင်း၌ မတတ်နိုင်ပါ။ ယေရှုသည် ဘုရင်တကာတို့၏ ဘုရင် ဖြစ်သည်။ သူသည် အနီရောင်ဝတ်လုံကိုဝတ်ဆင်ထားသူ ဘုရာင်တကာတို့ ၏ ဘုရင်ဖြစ်သည်။ (ယော ၁၉း၅)ယေရှုသည် စင်္ကြာဝဠာကို ဖန်ဆင်းသူ၊ စင်္ကြာဝဠာ၏ရှင်ဘုရင်ဖြစ်သည်။ သူသည် ဘုရားသခင်၏ တစ်ပါးတည်း သောသားတော်၊ ခမည်းတော်၏ အလိုတော်ကိုဆောင်ဖို့ လောကသို့ကြွ လာသောသူ၊ ကျွန်ုပ်တို့ကို အပြစ်မှကယ်ချွတ်မည့်သူနှင့် နှစ်ခြင်းခံယူခြင်း ဖြင့် လောကသားများ၏ အပြစ်ကို ဖယ်ရှားပေးနိုင်ခဲ့သူဖြစ်သည်။ အပြစ် အစက်အပြောက်များကို ဖယ်ထုတ်ဖို့ရန်နှင့် ကျွန်ုပ်တို့စိတ်နှလုံးထဲမှ အပြစ် များကို လှီးထုတ်ဖို့ရန် ဗတ္တိဇံ ခံခြင်းဖြင့် သူ့အပေါ်သို့ အပြစ်များကိုတင်ပြီး လက်ဝါးကပ်တိုင်ပေါ်မှာ အသွေးတော်သွန်းလောင်းခြင်းဖြင့် အပြစ်များအ တွက် တရားစီရင်ခြင်းခံခဲ့ရသည်။ ဤသမ္မာတရားကို ယုံကြည်သူတိုင်း အာ ဗြဟံ၏ ဆွေမျိုးဖြစ်လာနိုင်သည်။
အာဗြဟံ၊ သူ၏မိသားစုနှင့် သားစဉ်မြေးဆက်တို့သည် ခန္ဓာကိုယ် အရေဖျားလှီးခြင်းခံရသည်။ ငွေဖြင့်ဝယ်ခြင်းခံရသူ တစ်ပါးအမျိုးသားကို လည်းအရေဖျားလှီးပေးသည်။ တစ်ပါးအမျိုးသားဖြစ်သော်လည်း ယုံကြည် လျက် အရေဖျားလှီးခြင်းခံရသောအခါ ကောင်းချီးခံစားရပြီး ဘုရားသခင် လည်း သူတို့၏ဘုရားသခင်ဖြစ်လာသည်။ ထိုသို့ပင် ယုံကြည်ခြင်း ဖြင့် ကျွန်ုပ်တို့သည် ဘရားသခင်၏ သားသမီးဖြစ်ခြင်း၊ ယုံကြည်ခြင်းဖြင့် ဘုရား သခင်၏ ကောင်းချီးခံစားရပြီး၊ ယုံကြည်ခြင်းဖြင့် ကောင်းကင်နိုင်ငံတော် ဝင်စားရခြင်းနှင့် ယုံကြည်ခြင်းဖြင့် မြေကြီးပေါ်တွင် ရှင်ဘုရင်ကဲ့သို့ အ သက်ရှင်ရခြင်းတို့ ခံစားရသည်။ဓမ္မသစ်ခေတ်တွင် သူ၏ နှစ်ခြင်းခံခြင်းဖြင့် လောကသားများ၏အပြစ်အားလုံးကို သယ်ဆောင်သူ သခင်ယေရှုဖြစ် ကြောင်း ယုံကြည်ခံယူထားသူကို ထိုသို့သော ယုံကြည်ခြင်းရှိသူ အဖြစ်မှတ် ယူနိုင်သည်။
သို့သော်အချို့တို့က သခင်ယေရှု နှစ်ခြင်းခံယူခြင်းသည် အလွန်အ ရေးပါခြင်းမဟုတ်ပါဟုထင်ပြီး လက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်း လောင်းခြင်းသာ အပြစ်လွှတ်ခွင့်ကို ပေးနိုင်ကြောင်း ယုံကြည်လျက်ရှိကြ သည်။ သူတို့သည် တဲတော်ခေတ်ကာလတွင် ယဇ်ကောင်၏ ဦးခေါင်းအ ပေါ်သို့ လက်ကိုတည်သည့် လုပ်ဆောင်ချက်ကို ယုံကြည် ကြသော်လည်း ယေရှုနှစ်ခြင်းခံယူခြင်းကို အနည်းငယ်သာ အလေးအနက်ထားကြတတ် ကြပါသည်။ အာဗြဟံ၏ယုံကြည်ခြင်းသည်မောရှေ၏တဲတော်နှင့်ဝေးကွာ နေသေးသော်လည်း ခရစ်တော်ပထမအကြိမ်မြေကြီးပေါ်သို့ မကြွလာမီ ကပင်အသိအမှတ်ပြုခြင်းခံရသော်လည်းယနေ့တိုင် သခင်ယေရှု၏ ဗတ္တိဇံခံ ယူခြင်းအားဖြင့် အပြစ်များကို ဖယ်ရှားခဲ့ကြောင်း၊ မယုံကြည်ဘဲ လက်ဝါး ကပ်တိုင်ပေါ်မှ အသွေးတော်အားဖြင့်သာ အပြစ်ကိုဆေးကြောခဲ့ကြောင်း ယုံကြည်နေကြဆဲဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား အသက်သုံးနှစ် ရှိသောနွားမတစ်ကောင်၊အသက်သုံးနှစ်ရှိသောဆိတ်မတစ်ကောင်၊အသက် သုံးနှစ်ရှိသော သိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်၊ ခိုတစ်ကောင်တို့ကို ယူလာခဲ့ဟု မိန့်မှာသည့်အခါ ခါနန်ပြည်ကို သူ၏သားစဉ်မြေးဆက်အား အမွေအဖြစ်ပေးတော့မည် ဖြစ်သဖြင့် မီးရှို့ရာယဇ်ပူဇော်ခိုင်း သည့်အ ကြောင်းကိုကျွန်ုပ်တို့မှတ်သားထားသင့်သည်။ကမ္ဘာ ၁၅း၁၇၊ တစ်ဖန်နေဝင် ၍မိုက်သောအခါ ခွဲထားသောအသားအလယ်၌ မိးခိုးထွက်သော မီးဖို မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ ဘုရားသ ခင်သည် အာဗေလ၏ ယုံကြည်ခြင်းနှင့် မီးရှို့ရာယဇ်ကို လက်ခံခဲ့သော် လည်း ကာဣနသည် မီးရှို့ရာယဇ်ကို ယုံကြည်မှုမရှိသဖြင့် လက်မခံခဲ့ပေ။
ယနေ့ ခရစ်ယာန်များကြားတွင် ယုံကြည်ခြင်းဖြင့် ဝိညာဉ်ပိုင်းဆိုင် ရာ အရေဖျားလှီးခြင်းမခံဘဲယေရှုကို တဖက်သက် ယုံကြည်ခြင်းဖြင့်ကယ် တင်ခြင်းခံရမည်ဟု အများကလွဲမှားစွာ နားလည်ထားကြသည်။ သူတို့က သူ၏ဗတ္တိဇံ ခံယူခြင်းဖြင့် လောကသားအားလုံးတို့၏ အပြစ်သည် သူ့အ ပေါ်သို့ သက်ရောက်သည့်သမ္မတရားကို မယုံဘဲ၊ ယေရှုလက်ဝါးကပ် တိုင်တွင်အသေသတ်ခြင်းခံရကြောင်းတစ်ခုတည်းကိုသာယုံကြသည်။ ထို သို့သောသူများသည် ဘယ်သောအခါမှ ဘုရားသခင်၏ လူဖြစ်လာနိုင်မည် မဟုတ်သကဲ့သို့ ထိုသို့ယုံကြည်ခြင်းကြောင့် အပြစ်စွန်းကွက်သောအရာ နှလုံးသားထဲမှ အပြစ်အားလုံး ဆေးကြောခြင်းများ ခံစားရမည်မဟုတ်ပါ။ ဘုရားသခင်ကပဋိညာဉ်ဖွဲ့သည့် သင်္ကေတသည် ခန္ခာကိုယ်အရေဖျားလှီး ခြင်းဖြစ်၍ အရေဖျားမလှီးဘဲနေခြင်းကြောင့် ဘုရားသခင်၏ ကတိတော် သည် သူတို့အတွက် အကျိုးမရှိပေ။
ဗတ္တိဇံ ဆရာယောဟန်ထံမှ ယေရှုသည် နှစ်ခြင်းခံခဲ့သည်ကို ယုံကြည်မှုမရှိဘဲ လူသည်ကယ် တင်ခြင်းရမည်လား။ ထိုသို့သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်နိုင်သလား။ သူတို့သည်ကောင်းကင်နိုင် ငံတော်ဝင်ရမည်လား။ သူတို့သည်ကောင်းကင်နိုင်ငံတော်၏ ဘုရင်များဖြစ် နိုင်မည်လား။ အဖြေမှာလုံးဝမဖြစ်နိုင်ပါ။ ယနေ့ကျွန်ုပ်တို့ လေ့လာခဲ့ရသည့် အဓိကစာပိုဒ်များရှင်းလင်းသော အထောက်အထားများ ဖြစ်၍ ဤမေးခွန်း အတွက် အဖြေဖြစ်သည်။ ယနေ့ဘုရားသခင် အာဗြဟံကို ကတိပေးခဲ့သော အရာသည် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးသော ကတိနှင့်အတူတူပင် ဖြစ် သဖြင့် ကယ်တင်ရှင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခြင်း၊ နှစ်ခြင်းမင်္ဂလာခံယူခြင်းတို့ကို ယုံကြည်သောသူတို့သည် အပြစ်ဖြေလွှတ်ခြင်း အခွင့်ရှိကြသည်။ ထိုသို့ ယုံကြည်သောသူတို့သည် ဘုရားသခင် အာဗြဟံကို ပြောခဲ့သည့် ကောင်းချီးမင်္ဂလာကို အသုံးချနိုင် သူများ ဖြစ်သည်။
 
 

စစ်မှန်သောယေရှု၏ ယုံကြည်သူများသည် လူ့နည်းလူ့ဟန်နှင့် တီထွင်ထားသော ခံယူချက်နောက်သို့မလိုက်

    
သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ရှင်း လင်းပြတ်သားမှု၊တိကျမှုရှိသော ကယ်တင်ခြင်းဆိုင်ရာ သမ္မာတရားဖြစ်သ ဖြင့် ကျွန်ုပ်တို့အနေဖြင့် ဖတ်လေလေ၊ ဟောလေလေ ၊ ရှင်းလင်းပြတ်သား တိကျလေလေဖြစ်သည်။ ယနေ့ခရစ်ယာန်များအကြားတွင်သူတို့ကိုယ်တိုင် တီထွင်သည့်အတွေးအခေါ် များနောက်သို့လိုက်ပြီး၊ သူတို့၏မှားယွင်းသော အယူအဆများကို နားမလည်ဘဲ လမ်းလွှဲနေကြပါသည်။ ထိုသို့သောသူတို့ ၏ ယုံကြည်ခြင်းအခြေခံအုပ်မြစ်သည် မှားယွင်းလျက်ရှိသည်။ သူတို့၏ ဆင်ခြင်တုံတရားထဲတွင်သခင်ယေရှုကို မျက်စိကန်းသောသူကဲ့သို့ ယုံ ကြည်ခြင်းအပေါ် ပီတိဖြစ်နေတတ်ကြသော်လည်း သူတို့သဘောပေါက် ထားဖို့လိုသည်မှာ ထိုသို့ အကန်းယုံကြည်ခြင်းကို ဘုရားသခင်က အသိအ မှတ်ပြုမည်မဟုတ် ဆိုသည့်အချက် ဖြစ်သည်။
ကျွန်ုပ်တို့၏သခင်က မိန့်မှာခဲ့သည်မှာ ငါ့နောက်သို့လိုက်လိုသော သူသည် မိမိကိုယ်ကိုငြင်းပယ်ပြီး ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍လိုက်ရ မည် ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံ ကြည်သော သူသည် မိမိအတွေးအခေါ်များကို ဘေးဖယ်ထားပြီး နှုတ်ကပတ်တော်က အမှန်အကန်ပြောသည့်အတိုင်း ယုံကြည်ရမည်။ ယနေ့ သခင်ယေရှုခရစ် သည်လောကသို့ဆင်းကြွလာပြီး အပြစ်ဖြေလွှတ်ခွင့်ကို ပေးခဲ့ခြင်း၊ နှစ်ခြင်း ခံယူခြင်းဖြင့်လောက၏အပြစ်ကို သယ်ဆောင်သွားခြင်း၊ လက်ဝါးကပ်တိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက် ခြင်း စသည်တို့ကို ကျွန်ုပ်တို့သည် ယုံ ကြည်ရမည်။
ယခုကာလတွင် ထိုကဲ့သို့ မယုံကြည်သူများစွာရှိလေရာ သူတို့ သည်ယေရှုနာမကို အရမ်းကာရောစွဲကတိုင်ကြပြီး သူတို့ကိုယ်တိုင် တီထွင် ထားသော အတွေးအခေါ်၊ ယုံကြည်ချက်များကိုသာ ပြောတတ်ကြသည်။ ထိုကဲ့သို့ယုံကြည်ခြင်ရှိသော သူများသည် ရေနှင့်ဆိုင်သော ဧဝံဂေလိ တရား၊ယေရှုအားဖြင့်ပေးအပ်ခြင်းခံဝိညာဉ်တော်နှင့်ပါတ်သက်၍ဘာမှလုပ် ဆောင်ချက်မရှိပါ။ ဥပမာ- တစ်ချို့သောသူများက တောင်ပေါ်သို့သွား၍ ဆုတောင်းနေကြစဉ် ကယ်တင်ခြင်းမည်သို့ ခံယူမည်ကို အတင်းအကျပ် တောင်းဆိုခဲ့ကြသည်။ အခြား ဥပမာတစ်ခုမှာ- တစ်ချို့တို့က သူတို့ဘုရား ကျောင်းသွားသည့်အခါဖြစ်စေ၊အစာရှောင်သည့်အခါဖြစ်စေ၊ညလုံးပေါက်ဆုတောင်းသည့်အခါဖြစ်စေ၊ သူတို့၏အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီ၊ အကြောင်းမူကား သူတို့သည် နောင်တဖြင့်ဆုတောင်း၍ မရသောအရာများ အတွက် ပူပန်သောက ဝ္လေနာခံစားရသောကြောင့်ဖြစ်သည်။
ဤသို့သော ယုံကြည်ခြင်းအမျိုးအစားများသည် သခင်ဘုရားပေ သည်ဝိညာဉ်နှင့်ရေနှင့်ဆိုင်သောဧဝံဂေလိအားဖြင့်ရရှိနိုင်သည့် စစ်မှန်သော ကယ်တင်ခြင်းကို အကျိုးမပေးနိုင်ပါ။ ထိုသို့သော ယုံကြည်ခြင်းရှိလျှင် အ ပြစ်မှခွင့်လွတ်ခြင်းခံရမည်ဟု ကျမ်းစာ၏မည်သည့်နေရာတွင် ဖေါ်ပြထား သနည်း။ တစ်နေရာမှမတွေ့ရပါ။ ထိုသို့သောသူများသည်တန်ခိုးကြီးသော ယေရှုနှင့်လုံးဝအစိုး ရသော ဘုရားသခင်အကြောင်းကိုသဲကွဲစွာမသိသော သူများ၊ ခရစ်တော်၏နာမကိုငှါးရမ်းထား သူများ၊သူတို့၏စိတ်မချရသည့်ယုံ ကြည်ခြင်းအပေါ်သို့နည်းပါးပြီးသေချာမှုမရှိသည့်ဘုရားနှင့်ဆိုင်သော အသိ ညာဉ်များကိုပေါင်းထည့်သောသူများဖြစ်သဖြင့် ဘုရားသခင်၏နာမကို အ ချည်းနှီးခေါ်သောသူ၊သူတို့၏အပြစ်ကိုမေ့လျော့သောသူနှင့်ဘုရားသခင်၏အမျက်ဒေါသကိုရှာမီသောသူများသာလျှင်ဖြစ်ကြသည်။ထိုသို့သောသူများသည်စိတ်ကူးယဉ်ဆန်သောကိုယ်ပိုင်ယေရှုကိုပုံဖေါ်ခြင်း၊ ကိုယ်ပိုင်ကယ် တင်ခြင်းစာအုပ်ထားရှိခြင်းနှင့်သူတို့၏စိတ်ကူးယဉ်ထားမှုအပေါ်ယုံကြည်ထားသူများဖြစ်သည်။
ကမ္ဘာ၊ ၁၇း၁၄ “အရေဖျားမလှီး၊အရေဖျားလှီးမင်္ဂလာကို မခံသော သားယောင်္ကျားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည်ငါ့ ပဋိညာဉ်ကို ဖျက်လေပြီ။”ဘုရားသခင်ကကျွန်ုပ်တို့အားရှင်းလင်းစွာကတိပေးသည်မှာ ဝိဉ်အရေးဖျားလှီးခြင်းအားဖြင့်အပြစ်မှ ကယ်နှုတ်မူမည်ဟူ၍ဖြစ်သည်။ ဘုရားသခင်ကရေနှင့်ဝိညာဉ်တော်၌ ထပ်မွေးဖွားသောသူသည်ဘုရားသ ခင်၏ သားသမီးဖြစ်မည့်ကတိကိုလည်းပေးခဲ့သည်။ လက်ဝါးကပ်တိုင်ပေါ် တွင်အသွေးသွင်းလောင်းခဲ့သောယေရှုကိုသာ ယုံကြည်ပြီး သူ၏ရေနှစ်ခြင်း မင်္ဂလာ ခံယူခဲ့သည်ကိုမယုံကြည်လျှင် ဘုရားသခင်၏သားသမီးမဖြစ်နိုင် ပါ။ ထိုသူတို့သည် ဘုရားသခင်အပေါ်သစ္စာဖေါက်သူများ၊ ဘုရားသခင်၏ ကတိတော်နှင့်ဆိုင်သော ဧဝံဂေလိတရားကို မယုံကြည်သူများ၊ ဘုရားသ ခင်၏ လူအစုအဝေးမှဖြတ်တောက်ခြင်းခံရ သူများနှင့် သူ၏ကျန်ခြင်းအမင်္ဂ လာခံရသူ များဖြစ်သည်။
ကျွန်ုပ်တို့ကိုကယ်တင်နိုင်သည့် ယုံကြည်ခြင်း၏အခြေခံအုတ်မြစ် ဆိုသည်မှာ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားမှလွဲ၍ အခြားမဖြစ်နိုင်ပါ။ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားကို ကျွန်ုပ်တို့စိတ်ထဲတွင် အခြေခံအုတ် မြစ်အဖြစ် ချထားနိုင်မှသာလျှင် ဘုရားသခင်၏နှုတ်ကပတ် တော်အားလုံး ကို စွဲစွဲမြဲမြဲယုံထားပြီးဟုဆိုနိုင်သည်။ ဝိညာဉ်ပိုင်းတွင် တစ်ပါးအမျိုး သားများဖြစ်သော အေရေဖျားလှီးခြင်းမခံရသေးသူများ၏စိတ်ထဲတွင် ဘု ရားသခင်၏နှုတ်ကပတ်တော်ကို မည်သို့မှတ်ယူနိုင်မည်နည်း။ သူတို့အ နေဖြင့်ဘယ်တော့မှလုပ်နိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိတရားကသာ ဝိညာဉ်အရေးဖျားလှီးခြင်းကိုဖြစ်စေ ပြီး၊ ကျွန်ုပ်တို့အားဘုရားသခင်၏သားသမီးဖြစ်စေသည်။ ဤသို့တိကျသော အခြေခံအုတ်မြစ်မရှိဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနားလည်ခြင်း သည် ဦးနှောက်အသိတစ်မျိုးတည်းကိုသာဖြစ်စေလိမ့်မည်။
ဤအကြောင်းအရာများဖြင့်ဒုတိယမွေးဖွားခြင်းခံလျှက် အစေခံ သူ၏ဝိညာဉ်ပိုင်းဆိုင်ရာ သွန်သင်ချက်ကို နားလည်သိမှတ်နိုင်ခြင်းနှင့် ရေ၊ဝိညာဉ်ဧဝံဂေလိတရားကို အခြေခံကျကျယုံကြည်ချက်တို့ကို ရစေနိုင် သည်။ တစ်နည်းအားဖြင့် ရေ၊ဝိညာဉ်၌ တဖန်မွေးဖွားခြင်းကို ခံရသော သူသာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြား၍နားလည်နိုင်သည်။ ရေနှင့်ဝိညာဉ်တော်ဆိုင်ရာဧဝံဂေလိတရားကို ဥပက္ခာပြုသူများကို ကျွန်ုပ် တို့တွေ့သည့်အခါ ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်မှ အသွေးတော်အား ဖြင့်သာ တဖန်မွေးဖွားခြင်း၊ ကျွနုပ်တို့လည်းဤဘုရားကိုသာ ကိုးကွယ် ကြောင်း၊ ကျွန်ုပ်တို့ပြောနေသည့်ဘုရားလည်း ထိုဘုရားနှင့် ကွာခြားချက်ရှိ သည်ဟု လုံးဝမခံစားမိကြောင်း စသည်ဖြင့် ပြောဆိုလေ့ရှိကြသည်။ မည် သည့်ဘုရားသည် အစစ်အမှန်ဤနေရာတွင် ဖြစ်သနည်း။ စစ်မှန်သော ဘုရားသည် အာဗြဟံကို ကတိစကားပေးခဲ့သူဖြစ်သည်။
ဘုရားသခင်က အာဗြဟံနှင့်သားစဉ်မြေးဆက်တို့အား “ငါ့ပဋိ ညာဉ်လည်း သင်တို့အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်” (ကမ္ဘာ ၁၇း ၁၃) ဟုကတိပေးခဲ့သည်။ ကျွန်ုပ်တို့အပြစ်ဖြေလွှတ်ခြင်းရရှိသည့် အမှတ် သင်္ကေတသည် မည်သည့်နေရာတွင်ရှိသနည်း။ ထိုအရာသည် ကျွန်ုပ်တို့ ၏နှလုံးသားထဲတွင် တွေ့ရသည်။ ယေရှု၏နှစ်ခြင်းမင်္ဂလာခံယူသည်ကို ကျွန်ုပ်တို့စိတ်ထဲတွင် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြပြီး၊ စစ်မှန်သော ဧဝံဂေလိတရားကို ယုံကြည်ခြင်းဖြင့် ဝိညာဉ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းကိုလည်း ခံရသည်။ ကျွန်ုပ်တို့လော ကသားအားလုံး၏ အပြစ်ကိုသယ်ဆောင်၍ သခင်ယေရှုသည် နှစ်ခြင်းမင်္ဂ လာခံယူခဲ့သည်ဟု ယုံကြည်ခြင်းသည် ဝိညာဉ်အရေဖျားလှီးခြင်းဖြစ်သဖြင့် ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်နိုင်သည်။
ဤသမ္မာတရားကို ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ် အားလုံးကို သခင်ယေရှုအပေါ်သို့ တင်ထားပြီး၊ ယေရှုကလက်ဝါးကပ် တိုင်နှင့်အတူသယ်ဆောင်ကာ ကျွန်ုပ်တို့ကိုယ်စား ရိုက်သတ်ခြင်းခံရသည်။ ထို့နောက်သေခြင်းမှပြန်လည်ရှင်ပြန် ထမြောက်ခဲ့သည်။ ဤနည်းလမ်း အားဖြင့် အပြစ်ထဲမှ ကျွန်ုပ်တို့ကို ကယ်ချွတ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။ ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်နှင့်ကင်းစင်ကြသည်။ကျွန်ုပ်တို့၌ အပြစ်ကျန် ရှိသေး သလား။ မကျန်ရှိတော့ပါ။ မည်သို့ဆိုစေ ကျွန်ုပ်တို့၌အပြစ်မရှိ တော့ပါ။ဤအရာအားလုံးသည် ဧဝံဂေလိသမ္မာတရား အံ့သြဖွယ်ရာ ပြည့်စုံ လာခြင်းဖြစ်သည်။
 
 

သင်နှင့်ကျွန်ုပ် အာဗြဟံ၏ သားစဉ်မြေးဆက် မည်သို့ဖြစ်နိုင်သလဲ

 
ကျွန်ုပ်တို့သည် အာဗြဟံ၏ ဆွေမျိုးဖြစ်ကြသည်။ အဘယ်ကြောင့် ဆိုသော် တဲတော်၌အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် အထည်အသုံးပြု ခြင်းနှင့် ပေါ်လွင်ထင်ရှားခဲ့သည့် ခရစ်တော်၏ လုပ်ဆာင်ချက်ကို ယုံကြည် ခြင်းတည်းဟူသော ဝိညာဉ်ပိုင်းဆိုင်ရာ အရေဖျားလှီး ခြင်းခံရသောကြောင့် ဖြစ်သည်။ ထို့နောက် ဝိညာဉ်ပိုင်းဆိုင်ရာ အရေဖျားလှီးခံရခြင်းတည်း ဟူသော သခင်ယေရှု၏ နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့် လက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်းလောင်းခြင်းကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ သား သမီးများဖြစ်လာကြသည်။ ကျွန်ုပ်တို့ယုံကြည်သည့် အကြောင်းအရာမူ ကားသခင်ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူသည့်အခါ ကျွန်ုပ်တို့၏ အပြစ် အားလုံးကို သယ်ဆောင်သွားကာ လက်ဝါးကပ်တိုင်ပေါ်တွင် ထိုအပြစ်များ အတွက် တရားစီရင်ခြင်းခံရသဖြင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း အခွင့် ကိုရရှိကြသည်။ ဤအကြောင်းအရာသည် ကျွန်ုပ်တို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ အာဗြဟံ၏ ဆွေမျိုးဖြစ်လာသည့်ပုံစံဖြစ်သည်။
ရေနှင့်ဝိညာဉ်၌ တစ်ဖန်မွေးဖွားသောသူသည် သူ၏အဖြစ်မှန်ကို အသိအမှတ်ပြုခံရသူဖြစ်သည်။ သင်နှင့်ကျွန်ုပ်သည် ရေနှင့်ဝိညာဉ် ဧဝံဂေ လိတရား ယုံကြည်သူ၊ ဘုရားပိုင်သောလူ၊ ဘုရားသခင်၏ သားသမီးများ၊ ဝိညာဉ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်း မင်္ဂလာခံယူသူဖြစ်သည်။
ကျွန်ုပ်တို့သည်အခြွေအရံများဖြင့် ပျော်မွေ့လျက်ဘုရားသခင် ဖန် ဆင်းသည်သတ္တဝါအားလုံးကို လာမည့်ထောင်စုနှစ်သစ်တွင်အုပ်ချုပ်ရမည့် ရှင်ဘုရင်များဖြစ်ကြသည်။ ကျွန်ုပ်တို့၏ကဣာသည်မည်သို့ပြောင်းလဲ သွားသနည်း။ လောဘသားများအနေဖြင့်သူတို့သည် မည်သို့သောသူအ မှတ်တကယ် ဖြစ်ကြသည်ကိုသိပါ၍လား။ သူတို့မသိကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ဝိညာဉ် ပိုင်းဆိုင်ရာ အခန်းကဣာပြောင်းလဲသွားပြီ။ ထိုသို့အားဖြင့် မိမိကိုယ်ကိုရှင်း လင်းစွာ သဘောပေါက်နိုင်ပြီဖြစ်သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် တစ်ဖန်မွေး ဖွားလာသူသည် မိမိကိုယ်ကိုမည် သူဖြစ်ကြောင်းသိနိုင်သည်။ လောကဆိုင် ရာဘာသာရေးအပိုင်းတွင် ကြော်ငြာဖို့ကြိုးစားသူများ၊သူတို့သည်လုံးဝမသိ သေးသူများဖြစ်စေကာမူ မှားယွင်းသောခံယူချက်ကို သွန်သင်သူများ၊စစ် မှန်သောဘုရားသခင်လူ၊ ဒုတိယမွေးဖွားခြင်းခံပြီးသူအပေါ် အေးတိအေး စက်ဖြင့်ဆက်ဆံသောသူများနှင့် ကျွန်ုပ်တို့သည်အခြေခံမှစ၍ ကွဲလွဲချက်ရှိ သည်။ ဣရှမေလအမျိုးအနွယ်နှင့်မတူဘဲ ဣသရေလလူမျိုးများသည် မိမိ ကိုယ်ကိုမိမိဘုရားသခင် ရွေးကောက်သော အာဗြဟံ၏အမျိုးအနွယ်ဖြစ် ကြောင်းယူဆသကဲ့သို့ကျွန်ုပ်တို့သည်ဝိညာဉ်ပိုင်းဆိုင်ရာ အာဗြဟံ၏ အမျိုး အနွယ်၊ ဘုရားသခင်ရွေးကောက်ထားသောအမျိုးဖြစ်ပိုင်ခွင့်ရှိသည်။
ရေနှင့်ဝိညာဉ်ဆိုင်ရာဧဝံဂေလိတရားယုံကြည်သောသူသည် ထိုယုံ ကြည်ခြင်းအားဖြင့် အာဗြဟံ၏အမျိုးအနွယ်ဖြစ်လါသည်။ တဲတော်တွင်အ သုံးပြုခြင်းခံရသည့် အပြာရောင်၊ခရမ်းရောင်၊အနီရောင် အထည်နှင့်ဆိုင် သော ဧဝံဂေလိတရားကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည်ကောင်းကင် နိုင်ငံသို့ဝင်ခွင့်ရရှိပြီ။
ဘုရားသခင်ကအာဗြဟံအား သားစဉ်မြေးဆက်တို့သည် ကောင်း ကင်ကြယ်ကဲ့သို့ ပွါးများစေမည့် ကတိတော်ကို ပေးခဲ့သည့်အတိုင်း ကျွန်ုပ် တို့သည်ဖြစ်လာသောအခါ ထိုပဋိညာဉ်ကိုပြည်စုံစေခြင်းဖြစ်သည်။ ဤအ ရာသည်ဘုရားသခင်က ကျွန်ုပ်တို့အားပေးအပ်သော ကောင်းချီးမင်္ဂလာဖြစ် သည်။
ကျွန်ုပ်တို့၏ စိတ်နှလုံးအရေဖျားလှီးခြင်းဖြင့် လောက၏အပြစ် ထဲမှ ဘုရားသခင်က ကယ်တင်ခဲ့ပါသည်။ ဤအရေဖျားလှီးခြင်း ဆိုင် ရာယုံကြည်ခြင်းအထဲတွင် တဲတော်၏တံခါးအဖြစ် အသုံးပြုခဲ့သည် အပြာ ရောင်၊ ခရမ်းရောင်၊အနီရောင် အထည်အလိပ်များ ပါဝင်ဖွဲ့စည်းထားပါ သည်။