Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-7] တဲတော်တည်ဆောက်သည့်အခါအသုံးပြုသည့်ပစ္စည်းများကယုံကြည်ခြင်း အခြေခံအုတ်မြစ်ကိုချပေးခဲ့ (ထွက် ၂၅း၁-၉)

တဲတော်တည်ဆောက်သည့်အခါအသုံးပြုသည့်ပစ္စည်းများကယုံကြည်ခြင်း အခြေခံအုတ်မြစ်ကိုချပေးခဲ့
(ထွက် ၂၅း၁-၉)
“ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊ငါ့အား လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသော စေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရ မည်။ ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။ အနီဆိုးသော သိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာ နံ့ သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊ ရှဟံကျောက်၊ ယဇ် ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။ ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရ မည်။”
 
 
တဲတော်
ဆင်းရဲသည့် အသက်တာများ
 
အသက်တာ၏ဆာလံသီချင်းတစ်ပိုဒ်ဆိုသည့်ခေါင်းစဉ်ဖြင့်ဟင်နရီ ဝုဒ်စ ဝတ်(Henry Wadsworth Longfellow)လောင်းဖဲလောက “ကြေကွဲ ဖွယ် ရာကောင်းသည့်အကြောင်းအရာကို မပြောနှင့်ဟုဆိုလျှင်ဘ၀သည် အ ဓိပ္ပါယ်မဲ့သော အိပ်မက်တစ်ခုသာ ဖြစ်မည်” ဟုစပ်ဆိုခဲ့ပါသည်။
ထို့သို့စေကာမှုသင်သည် ဘ၀ကို စေ့စေ့တွေးကြည့်မည်ဆို လျှင်လူ့ဘ၀သည်အမှန်အားဖြင့် အလွန်ပင်ဆင်းရဲလှကြောင်း တွေ့ရလိမ့် မည်။ ကန္တရလောကတွင် ယာယီအသက်ရှင်ခြင်းနှင့် အထီးကျန်ဆန်ပြီး လူတိုင်း အနတ္တသဘောအရမြေကြီးထဲသို့ ပြန်သွားရခြင်းဖြင့် နိဂုံးချုပ် ရသော်လည်း ကမ္ဘာလောကသည် နောက်ဆုံးခရီးစဉ် မဟုတ်သေးပါ။လူ တိုင်းနောက်ဆုံးရောက်ရမည့် ခရီးပန်းတိုင်မှာ အပြစ်ကြောင့် ထာဝရဒု က္ခခံရမည့် ကြောက်မက်ဖွယ် ငရဲမီးအိုင်ပေတည်း။
သေခြင်း၏တစ်ဖက်ကမ်း (သို့မဟုတ်) သင်္ချိုင်းကုန်းတစ်ဖက်တွင် လူသည် ကွဲပြားမှုမရှိတော့ပါ။ လူတို့အသက်ရှင်နေစဉ် ရည်ရွယ်ချက်တစ်စုံ တစ်ရာ မရှိဘဲနေခြင်း၊ ငရဲသို့ဦးတည်နေခြင်း၊ သူတို့ကို ကယ်တင်သည့် ဘုရားနှင့်မတွေ့ဘဲနေခြင်းဖြင့် ဖြတ်သန်းနေကြရသည်။ ထိုသို့ဖြစ်ခြင်း သည် ဘ၀အသက်တာတစ်ခုပင်ဖြစ်သည်။ ထို့သို့ရင်ဆိုင်ဖြတ်သန်းခြင်းကို ဘ၀တစ်ခုအဖြစ်သတ်မှတ်မည်ဆိုလျှင် မည်မျှသနားစရာကောင်း၍ မည်မျှ ဆင်းရဲလိုက်မည်နည်း။
ထိုသို့သောအသက်တာများက မေရှိယကို စောင့်မျှော်လျက်ရှိ သည်။အကယ်၍ဖွင့်ထားလျက်ရှိသောလောကသို့ရည်ရွယ်ချက်မဲ့ညဉ်းတွား ခြင်းနှင့် အမှောင်ထုထဲသို့ ပျောက်ကွယ်လျက် လူတို့သည် မဆင်မချင် ဆင်းသက်မည်ဆိုလျှင် သနားစဖွယ် စိတ်ပျက်စရာအနေအထားဆီသို့ ဦးတည်စေလိမ့်မည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူများ ဤသို့အသိအမှတ် ပြုလျက် အမှန်အတိုင်း ရှုမြင်ကြပါစို့။
တစ်ခုသောနေ့တွင်အသက်(၆၀)ခန့်ရှိသည့် အဖိုးကြီးတစ်ဦး လမ်း လျှောက်နေသည်ကို ကားပေါ်မှလှမ်းတွေ့လိုက်ရသည်။ သူသည်ကျွန်ုပ်ကို ကျောပေးလျက် ခေါင်းကိုငိုက်စိုက်ချပြီး ပခုံးနှစ်ဖက်လှုပ်ကာ အထီးကျန် သည့်ပုံစံဖြင့် လမ်းလျှောက်နေခြင်းဖြစ်သည်။ ကျွန်ုပ်ဟွန်းတီးလိုက်သော် သူကပြန်၍လှည့်ကြည့်သဖြင့် ပူဆွေးသောကနှင့် ပြည့်နေသောမျက်နှာကို မြင်တွေ့လိုက်ရပါသည်။ သူ၏မျက်နှာကိုကြည့်ပြီး တဒင်္ဂအတွင်း ဆင်ခြင် ကြည့်မိသည်မှာသူ၏အသက်တာမှာ အချဉ်းနှီးသက်သက်သာ ဖြစ်ကြောင်း သိရပါသည်။ အချဉ်းနှီးဘ၀၏ ခံစားချက်ကိုထိတ်လန့်အားငယ်ခြင်းက သာ၍ လေးလံစေသကဲ့သို့ သူ့အားသာ၍ အဓိပ္ပါယ်သာ၍ ကင်းမဲ့စေပါ သည်။ ထိုသူတစ်ဦးတည်းသာမက အခြားသူအယောက်တိုင်းသည်လည်း သနားစဖွယ် သတ္တဝါပင် မဟုတ်ပါလား။
လူတို့က အချိန်သည် လျှင်မြန်ကုန်ဆုံးသွားသည်ကို သတိမမူဘဲ အိုမင်းလာသဖြင့် မျက်နှာပေါ်တွင် အရေတွန့်သည့် အကြောင်းကိုသာ ရုတ် တရက်တွေ့ရတတ်ကြသည်။ သူတို့သည် ဘ၀ခရီးကို လျှောက်လှမ်းရာ တွင် ပြန်လှည့်ဖို့ (သို့မဟုတ်) ခဏနားမည့် အခွင့်အရေးမရရှိဘဲ အခက် အခဲပေါင်းများစွာကို တွေ့ကြုံရင်ဆိုင်နေကြရပါသည်။ မိဘများအနေဖြင့် လည်း သားသမီးများ၊မိသားစုများအတွက် ခက်ခဲပင်ပန်းစွာ အလုပ်လုပ် ရပြီး ပြောပြ၍မရလောက်အောင် ဝမ်းနဲမှုကို ခံစားလျက် နေဝင်စေကြ သော်လည်း နောက်ဆုံးတွင် ဘာမှအဖတ်မတင်ဘဲရှိကြ၏။
သူတို့သည် စိတ်ထဲမှ ခံစားရင်း မျက်ရည်များ၏ ဖလွှမ်းမိုးခြင်းကို ခံကြရသည်။ အချိန်များ၊ နှစ်များစွာကုန်လွန်ပြီး နောက်ဆုံးပြန်ကြည့်မည့် အခွင့်အရေးရသဖြင့် ကြည့်လိုက်သောအခါ အထီးကျန်ဆန်သည့် ဘ၀မြင် ကွင်းကိုတွေ့ကြရပြီး နောက်ကျမှသာ တုန့်ပြန်မှုပြုသည်ကို သတိထား မိကြသည်။နွေရာသီသို့ရောက်လျှင် သစ်ရွက်များ ကြွေကြသကဲ့သို့ သူတို့၏ အသက်တာသည် မကြာမီကွယ်ပျောက်မည့်အရေးကို အသိအမှတ်ပြုကြ ရလေ၏။ ထိုအကြောင်းအရာများကို ဤသို့နောက်ကျပြီးမှ နားလည်ကြရ ခြင်းအတွက် နောင်တရကြသည်။ သူတို့အတွက် လာမျှော်လင့်ချက်ရှိဦး မည်နည်း။ သခင်ဘုရားနှင့် မတွေ့ဘဲ အချိန်ကိုမည်သို့ကျော်ဖြတ်ရမည် နည်း။ ထိုသို့မေရှိယနှင့်မတွေ့ဘဲ အသက်တာကို ကုန်ဆုံးစေသောသူများ သည် မည်မျှသနားစရာကောင်းပါသလဲ။
ကျွန်ုပ်တို့သည်လည်း သခင်ဘုရားနှင့် မတွေ့ခဲ့သော် အလွန်သနား စဖွယ်အသက်တာပိုင်ရှင်ဖြစ်လိမ့်မည်။သင်သည်လည်း အဘယ်သို့ဖြစ်မည် နည်း။ သင်သည်လည်းသခင်ဘုရားနှင့် မတွေ့ဘဲနေလျှင် မည်သည့်နေရာ သို့ ဦးတည်မည်နည်း။ကမ္ဘာပေါ်ရှိ လူအများစုသည် သခင်ဘုရားနှင့် မတွေ့ သေးသဖြင့် ပျော်ရွှင်မှု မခံစားရဘဲ ချန်လှပ်ထားခြင်း ခံနေကြရသည်။
သူတို့အကြောင်းကို ကျွန်ုပ်စဉ်းစားသည့်အခါ စိတ်ကြေကွဲမှု ခံစားရပါသည်။သူတို့သည် ပျော်ရွှင်မှုကင်းမဲ့သည့် ဒဏ်ကိုခံစားကြရသည်။ ဝက်များကို သတ်မစားမီ အစာ၀အောင်ကျွေးထားသော်လည်း ကျွန်ုပ်တို့လူ သားများမူကား ထိုဝက်နှင့်မတူဘဲ ယခုကာလ နောက်မှလိုက်လာမည့် ထာ ၀ရအနာဂတ်ကာလကိုရှုမြင်သုံးသပ်ရမည်။ လူများစုသည် သူတို့၏နောက် ဆုံးနေ့ရက်ကို နောင်တများစွာဖြင့် ကြည့်ရှုတတ်ကြပါသည်။ သူတို့သည် ထာ၀ရကောင်းကင်နိုင်ငံတော်ရှိကြောင်း သိလျက်ပင်အပြစ်ထဲတွင် ဆက် လက်ကျင်လည်နေကြသဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်ဖို့မထိုက် တန်သူများ အဖြစ် သတ်မှတ်ခြင်းခံရသည်။ နောင်တရားနှင့်ပြည့်လျှက်ရှိသည့် ထိုသို့ သော အသက်တာများက ကျွန်ုပ်ကို ညဉ်းထွားမြည်တမ်းစေခဲ့ပါသည်။
ထိုသို့အသက်ရှင်နေသူများအကြောင်းကို ကျွန်ုပ်တို့စဉ်စားလိုက် မည်ဆိုလျှင် သူတို့သည် ဘုရားသခင်ပြင် ဆင်ထားပေးသည့် ကောင်း သောနေရာသို့ မရောက်နိုင်ကြောင်း သူတို့အသက်ရှင်ဖို့ ရည်ရွယ်ချက်ကို မပြည့်စုံစေနိုင်ဘဲ လောကမှထွက်ခွာသွားရမည့် အကြောင်းများရှိသဖြင့် ကျွန်ုပ်တို့သည်လည်း ဝမ်းနဲကြေကွဲခြင်းမှတစ်ပါး တတ်န်ိုင်သော အရာမရှိ ပါ။ ထို့ကြောင့်လူဘ၀ဆိုသည်မှာ လှိုင်းလေကြားတွင် ကြမ်းတမ်းခက်ထန် စွာသွားသော ခရီးသည်နှင့် တူသည်ဟုဆိုကြပါသည်။ သူတို့၏အဆိုအရ လူသည်ပင်လယ်ခရီး သွားသူနှင့်တူသဖြင့် လောက၏ခါးသည်းမှုဒဏ်ကို ခံစားကာ ဆက်လက်အသက်ရှင်ဖို့ မွေးသည့်နေ့မှ သေသည်အထိ ရုန်း ကန်လှုပ်ရှား ကြရလေ၏။
လူ့ဘ၀အစအဆုံးအထိအဖြစ်အပျက်ကို ဤသို့ပုံဖော်ခြင်းဖြင့် ကျွန်ုပ်တို့အားသတိတရားရရှိစေနိုင်ပြီးတဲတော်၏သမ္မာ တရားအကြောင်း သဘောပေါက်ဖို့ သေသေချာချာရှင်းပြပေးမည်ဆိုလျှင် လူတို့အား သခင် ဘုရားနှင့်တွေ့ဖို့ အလွန်အရေးပါသော ဆောင်ရွက်ကူညီပေးမှုဖြစ်ကြောင်း သိရလိမ့်မည်။အဘယ်ကြောင့်နည်း။ မီးရှို့ရာယဇ်ပူဇော်ခြင်းဖြင့် ဘုရားသ ခင်သည် အပြစ်ထဲတွင် ကျင်လည်နေသော အပြစ်သားများကို ထိုဘ၀မှ လွတ်မြောက်ခွင့်ကို သူ၏အိမ်တော်တွင်ပေးခဲ့သည်။ တဲတော်သည် သဲ ကန္တရတွင် ထူထောင်ခဲ့သည့် ဘုရားသခင်၏ အိမ်တော်ဖြစ်သည်။ တဲတော် ဖြစ်သည့် ဘုရားသခင်၏အိမ်တော်တွင် မီးရှို့ရာယဇ်ပူဇော်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်အပြစ်ဖြေလွှတ်ခွင့်ရရှိသူများနှင့် ဘုရားသခင် အတွေ့ ခံတော်မူ၏။ဘုရားသခင်က“ငါကျိန်းဝပ်မည့် ငါ၏အိမ်တော်တွင် သင်တို့ကို တည်ဆောက်မည်။တဲတော်၏ကရုဏာပလ္လင်တော်တွင် သင်တို့ကို ငါတွေ့ မည်” ဟုမိန့်တော်မူ၏။ ဘုရားသခင်၏ အိမ်တော်တည်းဟူသော တဲတော် တွင်သာ ဘုရားသခင်နှင့်တွေ့ခွင့်ကိုရရှိကြသည်။
ဤတဲတော်၏သမ္မာတရားယုံကြည်ချက်ကမ္ဘာပေါ်တွင် မည်သည့် အရာကြောင့်ဖြစ်စေ ပြောင်းလဲခြင်းမရှိနိုင်သကဲ့သို့ တန်ဖိုးဖြတ်၍မရနိုင် လောက်အောင် အဖိုးတန်သောအရာဖြစ်သည်။ ခရစ်ယာန်တို့၏ယုံကြည် ချက်ဖြစ်သည့် ယေရှုခရစ်ကို မိမိတို့ကယ်တင်ရှင်အဖြစ် လက်ခံထား သူများပင်လျှင် တဲတော်နှင့်ပါတ်သက်၍ မှန်ကန်တိကျ လျော်ကန်သင့် မြတ်သောဥာဏ်ပညာရရှိမည်ဆိုလျှင်သာ၍ကောင်းချီးခံစားရသည့် လမ်း ပေါ် သို့ခြေလှမ်း လှမ်းစေနိုင်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
 
 
ကောင်းချီးရသည့် အသက်တာတွင် အသက်ရှင်ရခြင်း
 
ကျွန်ုပ်သည် ထိုသို့သော ကောင်းချီးခံရသည့် အသက်တာတွင်အ သက်ရှင်နေရပါလားဟု စဉ်းစားမိလိုက်တိုင်း စိတ်ထဲတွင် အံ့ဩလျက် ဝမ်း မြောက်ခြင်းနှင့်ပြည့်လျှံလျက်ရှိပါသည်။ လူ့ဘ၀သည် သနားစဖွယ်အနေ အထားတွင် ရှိသော်လည်း သူတို့သည် သတိမမူနိုင်ကြဘဲပုံမှန်အတိုင်း သွားမြဲသွားနေကြပါသည်။ သူတို့သည် ယခင်ကမည်မျှပင် ခေါင်းမာသော သူများ ဖြစ်စေကာမူ ယခုဘုရားသခင်က နောင်တရရှိစေချင်ပါသည်။ အခြားတဖက်တွင် သူတို့သည် ဘုရားသခင်က အခမဲ့ပေးသည့် ဧဝံဂေ လိတရားကို နားမထောင်ဘဲနေ၍သော်လည်းကောင်း၊ စိတ်နှလုံးတံခါးကို အနည်းငယ်မျှ မဖွင့်ဘဲနေ၍သေည်လည်းကောင်း၊ ကိုယ်ပိုင်ကြိုးစားမှု ဖြင့် သာ အသက်ရှင်နေကြသည်။
ထွက်မြောက်ရာကျမ်းတွင်ဘုရားသခင်က ဘေးဒဏ်(၁၀)မျိုးကိုဖါ ရောဘုရင်အား ပေးခဲ့ကြောင်းဖော်ပြထားပါသည်။ ဘုရားသခင်က ဖါရိုဘု ရင်အား အီဂျစ်ပြည်တွင်ရှိသော သူ၏လူတို့ကို လွှတ်ပေးဖို့ အမိန့်ပေးခဲ့ ပါသည်။ အကယ်၍ထိုအမိန့်ကို နာခံမှုမရှိခဲ့လျှင် ဘေး’ဏ်ကြီး(၁၀)ပါး ပေးမည်ဟုပြောခဲ့ပါသည်။ ဖါရိုဘုရင်သည် ခေါင်းမာလျက် ဘုရားသခင်၏ အမိန့်ကို ငြင်းဆန်ခဲ့သဖြင့် ကတိတော်အတိုင်း ဘေးဒဏ်ကြီး(၁၀)မျိုးကို အားလုံးခံခဲ့ရပါသည်။ ဖါရိုဘုရင်၏ ခေါင်းမာခြင်းသည် လွဲမှားသော ခေါင်းမာခြင်းဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဒဏ်စီရင်ခြင်းအားလုံးကို ခံရပြီးမှသာ ဣသရေလလူမျိူးများကို လွှတ်ပေးရခြင်းမှာ စာတန်က ချုပ် ကိုင်ထားသောကြောင့်ဖြစ်သည်။ ဤအဖြစ်အပျက်က ကျွန်ုပ်တို့တစ်ဦးစီ၏ ဆိုဆုံးမရခက်သော အနေအထားကို လမ်းညွှန်ပြပေးနေခြင်းဖြစ်သည်။
ထိုသို့ဖြစ်နေစေကာမူ တဲတော်ထဲတွင် အပြစ်ဖြေလွှတ်ခြင်းအခွင့် ကိုရရှိနိုင်ပြီး၊ ယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ အသက်ရှင်ကြသည်။ သူတို့သည် ဆက်၍ခေါင်းမာလျက် ငြင်းဆန်မှုပြုကြပြီး မြင်းလားကဲ့သို့ လည်ပင်းခိုင်မာ၍ ဘုရားသခင်၏သမ္မာတရားကို မယုံဘဲနေ ကြသေး သည်။ ထိုသို့ပင် လူတို့သည် ဘုရားသခင်၏ သမ္မာတရားကိုမတွေ့ဘဲ အပြစ်ထဲတွင် အပြစ်သား အဖြစ် အသက်ရှင်ကာ နောက်ဆုံးပျက်စီးခြင်းကို ရင်ဆိုင်ကြရသည်။ ဤဝမ်းနည်းကြေကွဲမှုက ကျွန်ုပ်ကို ဆွေးမြေ့စေပါ သည်။ လူအများစုသည် ဘုရားသခင်၏ရှေ့မှောက်တွင် အလွန်ပင်ခေါင်း မာလျက်ရှိကြသည်။
ထိုသို့သောသူများသည် အခက်အခဲကြုံရသည့်အချိန်တွင် အ ခိုက်အတန့်အားဖြင့် အညံ့ခံကြသော်လည်း နောက်တဖန်သွား၍ ဘုရား သခင်၏ အလိုတော်ကို ငြင်းဆန်ကြပြီး ဆိုဆုံးမရခက်သောသူ ဖြစ်ကြသ ဖြင့် ဘုရားသခင်၏ ဒုတိယဘေးဒဏ်ကို ခံကြရ၏။ သို့ရာတွင် ထိုနေရာ၌ အဆုံးမသတ်သေးဘဲဘုရားသခင်ကို နာခံမှုမရှိဘဲ ပြန်လည်၍ စိန်ခေါ်ခဲ့ကြ သည်။ ထိုနည်းလမ်းအားဖြင့် တတိယ၊ စတ္ထုထ၊ ပဉ္စမ၊ ဆဌမ၊ သတ္တမ၊ အဌမ၊ န၀မစသည်ဖြင့် ဒသမအကြိမ် နောက်ဆုံးပျက်စီးခြင်းသို့ မရောက်မ ချင်း သွားခဲ့ကြပါသည်။
မေရှိယက သူတို့အတွက် လုပ်ပေးခဲ့သောအရာကို မယုံကြည်ဘဲ နေကြသဖြင့် နောက်ဆုံးအကြိမ် ဘေးဒဏ်ကျ ရောက်လာသောအခါ လူအ များတို့သည်ငရဲ၏ဒုက္ခဝေဒနာကို ခံစားကြရသည်။ သူတို့သည်မည်မျှအထိ မိုက်မဲကြသလဲ။ဤအဖြစ်အပျက်က ကျွန်ုပ်တို့သည် မည်မျှသနားစရာ ကောင်းသလဲဆိုသည်ကို ပြသလျက်ရှိသည်။
ဘုရားသခင်၏ ရှေ့မှောက်တွင် လူတို့သည် သနားစဖွယ်ဖြစ် သော်လည်း တဲတော်ထဲတွင် ဘုရားသခင်နှင့် တွေ့ဆုံခြင်း၊ ဤနားလည်သ ဘောပေါက်ခြင်းဖြင့် တဲတော်၏နှုတ်ကပတ်တော်အပေါ်တွင် ရပ်တည်နေ ထိုင်ခြင်းတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာကို သင့်အတွက်ဖြစ်စေ သည်။
 
 
ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုသော ပူဇော်သက္ကာ
 
ဘုရားသခင်က မောရှေအားတောင်ပေါ်သို့ တက်လာရန်အမိန့်ပေး ပြီး သူ၏ပညတ်ချက်များကို တသီတစ်တန်းကြီးပေးခဲ့သည်။ ရှေးဦးစွာ ပညတ်တော်(၁၀)ပါးကို ပေးခဲ့သည်။ ၎င်းတို့မှာ- ငါမှတစ်ပါး အ ခြားသော ဘုရားမကိုးကွယ်ရ။ရုပ်တုဆင်းတုမကိုးကွယ်ရ၊ ငါ၏နာမကို မုသာနှင့်ဆိုင် ၍မမြွတ်မဆိုရ၊ဥပုဒ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ကို အောက်မေ့လော့။ သင်၏မိဘကို ရိုသေစွာပြုလော့။ လူ့အသက်ကိုမသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူတစ်ဖက်၌ မမှန်သောသက်သေမခံနှင့်။ လောဘမတက်မက်နှင့်တို့ဖြစ်ကြသည်။ ဣသ ရေလလူမျိူးများအတွက် နေ့စဉ်အသက်တာတွင် လိုက်လျှောက်ရမည့် အ ခြားပညတ်များကိုလည်း ထပ်မံ၍ပေးခဲ့ပါသည်။ ဘုရားသခင်၏ အမိန့် တော်၊ ပညတ်တော်များအားလုံးပေါင်းလိုက်လျှင် (၆၁၃)ခုရှိသည်။
ပညတ်တော်(၆၁၃)ခုထဲတွင် အောက်ပါအချက်များ ပါဝင်ပါ သည်။ဣသရေလလူမျိုးများ၏ အိမ်မွေးတိရစ္ဆာန်ပျောက်လျှင် မည်သို့ပြုရ မည်။သူတစ်ပါး၏ အိမ်မွေးတိရစ္ဆာန်တွင်းခေါင်းထဲတွင် ကျနေလျှင် မည် သို့ပြုရမည်။သွေးသားချင်းနီးစပ်သူကိုမရှုတ်ချရ။ ကျွန်များကို ခုနှစ်မြောက် တွင်လွှတ်ပေးရမည်။ ထိုသို့လွှတ်ပေးရာတွင် ကျွန်၏သားမယားတို့ကို ထားခဲ့ရမည်။ ဣသရေလလူမျိုးများအနေဖြင့် ယုံကြည်ခြင်းဖြင့် ဘုရားသ ခင်၏ရှေ့မှောက်တွင် နေ့စဉ်လိုက်နာရမည့် ကိုယ်ကျင့်တရားဆိုင်ရာပ ညတ်ချက်များကို ဘုရားသခင်က မောရှေအားပေးခဲ့ပါသည်။
ဘုရားသခင်သည် မောရှေအား တောင်အောက်သို့ဆင်းခိုင်းပြီး အကြီးအကဲများကိုစုရုံးစေပြီး သူ၏ပညတ်ချက်များကို ပြောခိုင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြားရသောအခါ ဣသရေလလူမျိူးများ အားလုံး သဘောတူကြပြီး သူ၏ပညတ်တော် ရှိသမျှကို လိုက်လျှောက်ဖို့ အသွေးအားဖြင့် ကျိန်ဆိုခြင်းပြုခဲ့ကြသည် (ထွက်၂၄း ၁-၄)။
ထို့နောက် ဘုရားသခင်သည် နောက်တဖန်မောရှေအားခေါ်ပြီး တောင်ပေါ်သို့ တက်ခိုင်းလျက် တဲတော်ဆောက်လုပ်မည့် အကြောင်း မိန့်မှာခဲ့ပါသည်။
ဘုရားသခင်ကမောရှေအား “ငါ့အားလက်ဆောင်ပဏ္ဍာကို ဆောင် ခဲ့ရမည်အကြောင်းဆင့်ဆိုလော့။ ကြည်ညိုသောစေတနာ စိတ်နှင့်ငါ့အား လှူသမျှသောသူတို့၌ သင်သည်အလှူကိုခံရမည်”(ထွက် ၂၅း၂) ဟုမိန့် တော်မူ၏။ ထို့နောက် သူခံယူမည့် အလှူစာရင်းကိုလည်း “ခံရသော အလှူဟူမူကား ရွှေ၊ ငွေ၊ ကြေးဝါ၊ ပြာသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွှေး၊ အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှ သစ်သား၊ လိမ်းရန်ဆီကော်ဖို့၊ မီးရှို့ရာနံ့သာပေါင်း၊ မွှေးဘော်ဖို့ရာ နံ့သာ မျိုး၊ မီးထွန်းစရာဆီ၊ ရှဟံကျောက်၊ ယဇ်ပရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကိုခံရမည်”(တွ ၂၅း၃-၇) ဟုဖော် ပြထားခဲ့သည်။
ဤပူဇော်သက္ကာများကို ယူဆောင်လာဖို့ ဘုရားသခင်မိန့်တော်မူ သည့်နောက်ကွယ်တွင် ခိုင်မာသောရည်မှန်းချက်ရှိသည်။ ဤရည်မှန်း ချက်အတွက်အပြစ်မရှိသည့်နေရာ၊ ဘုရားသခင်ကျိန်းဝပ်သည့်နေရာဖြစ် သာ တောက်ပသည့်ဘုရားသခင်၏အိမ်တော်ကို မြေကြီးပေါ်တွင် ဆောက် ရသဖြင့် ထိုနေရာတွင် ဘုရားသခင်သည် ဣသရေလ လူမျိုးများနှင့်တွေ့ပြီး သူတို့၏အပြစ်ကို ဖြေလွှတ်ပေးလိမ့်မည်။ ဘုရားသခင်က ထိုသို့မိန့်မှာခဲ့ ခြင်းသည် ယနေ့ခေတ်တွင် ပိုက်ဆံကောက်ပြီး အောက်မေ့ဖွယ်ရာ ဘုရား ကျောင်း ဆောက်ခြင်းကိုမဆိုလိုပါ။ ယနေ့ခရစ် ယာန်လောကတွင် လွဲမှား သောပရောဖက်တို့သည် သူတို့၏ ဇါတိတပ်မက် ခြင်းကို ပြေစေဖို့ အလို့ငှာ ဘုရားကျောင်းများတည်ဆောက်သည့်အခါ ဤကျမ်းပိုဒ်ကို လွဲမှားစွာ အသုံးပြုလေ့ရှိသည်။
ဘုရားသခင်က ဣသရေလလူမျိုးများအား လှူဖွယ်ပစ္စည်းများကို ယူဆောင်လာစေခဲ့ပြီးအိမ်တော်ကိုတည် ဆောက်ခြင်းဖြင့် သူတို့သည် များစွာ ကောင်းချီးခံစားရပါသည်မှာ ကွားခြားချက်ပေတည်း။ ကျွန်ုပ်တို့ ထံမှ ဘုရားသခင်က အလှူဘဏ္ဍာများကို ဘုရားသခင်ကလက်ခံရသည့် အကြောင်းရင်းမှာ ကျွန်ုပ်တို့ကို အပြစ်များ၊ တရားစီရင်ခြင်းတို့မှ လွတ် မြောက်စေဖို့ဖြစ်သည်။ ထို့နောက် ဘုရားသခင် ကျွန်ုပ်တို့နှင့်တွေ့ဖို့ရန် သော်လည်းကောင်း၊ သနားစဖွယ် အသက်တာသို့ ဦးဆောင်ခြင်းခံရသော ကျွန်ုပ်တို့၏ အပြစ်များမှ လွတ်မြောက်စေဖို့၊ ကျွန်ုပ်တို့၏ အပြစ်များကို ပျောက်ကွယ်စေဖို့နှင့် သူ၏လူအဖြစ် ကျွန်ုပ်တို့ကိုပြုလုပ်ပေးဖို့၊ ကျွန်ုပ် တို့၏ အလှူကိုလက်ခံခြင်းဖြစ်သည်။
 
 
ဘုရားသခင်က လှူဖွယ်ပစ္စည်းများကို သူ့ထံသို့ယူဆောင် လာဖို့ပြောခဲ့သည့် နောက်ကွယ်တွင်ဝိညာဉ်ပိုင်းဆိုင်ရာ ကွယ်ဝှက်ထားသော အနက်အဓိပ္ပါယ်ရှိနေခြင်း
 
တစ်ခြားအရာများကို မကြည့်မီ ဘုရားသခင်က လှူဖွယ်ပစ္စည်း များကို သူ့ထံသို့ယူဆောင်လာဖို့ပြောသည့် နောက်ကွယ်တွင် ဝိညာဉ်ရေား ရာလျှို့ဝှက် အဓိပ္ပါယ်ရှိကြောင်းကို ရှေးဦးစွာ ဆင်ခြင်သုံးသပ်ကြပါစို့။ ထို့ နောက်ဤအလင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပြန်လည်ဆန်း စစ်ကြပါစို့။
 
 
ရွှေ၊ ငွေနှင့်ကြေးဝါ
 
ရွှေ၊ငွေနှင့်ကြေးဝါတို့ကို မည်သည့်နေရာတွင် အသုံးပြုကြောင်း ရှေးဦးစွာကြည့်ကြပါစို့။ တဲတော်ထဲတွင် ရွှေကိုသန့်ရှင်းရာ ဌာန၊ အ သန့်ရှင်းဆုံးဌာနတို့၌ မီးခုံတိုင်၊ စားပွဲ၊ အမွှေးနံ့သာထွန်းသည့်ပလ္လင်က ဂုဏ်ပလ္လင်၊ ပဋိညာဉ်သေတ္တာစသည့် အသုံးအဆောင် ပစ္စည်းများတွင် အသုံးပြုသည်။ ရွှေသည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအား ရည်ညွှန်းထားသည်။ ငွေသည် ကယ်တင်ခြင်း ကျေးဇူးတော်ကို ရည်ညွှန်းထားပါသည်။ ထိုအရာက မေရှိယအားဖြင့် ပေးအပ်ခြင်းခံရသည့် ကယ်တင်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့သည် ယုံကြည်ရန်နှင့် ကျွန်ုပ်တို့၏ သခင်သည် အပြစ်များအားလုံးကိုယူဆောင်လျက် ကျွန်ုပ်တို့အတွက် တ ရားစီရင်ခြင်းခံရကြောင်း ယုံကြည်ရမည်ကို ပြောဆိုနေပါသည်။
ကြေးဝါကို တစ်ခြားအရာများနှင့်မတူဘဲ တဲတော်တိုင်ခြေစွပ်၊ ကြိုးဆိုင်းငုတ်၊အင်တုံနှင့်မီးရှို့ရာယဇ်ပလ္လင်အဖြစ် အသုံးပြုသည်။ ကြေးဝါ အသုံးအဆောင်ပစ္စည်းများအားလုံးကို မြေပြင်ပေါ်သို့ချထားရမည် (သို့မ ဟုတ်) မြေကြီးထဲသို့မြုပ်နှံရမည်။ ဤအရာက လူတို့၏အပြစ်တရားစီရင် ခြင်းကိုဆိုလိုပြီး၊ ကြေးဝါက ကျွန်ုပ်တို့သည် ပညတ်တော်ကို ချိုးဖောက် ခြင်းနှင့် အပြစ်များကြောင့် ဘုရားသခင်ရှေ့မှောက်တွင် ရှုတ်ချခြင်းခံရ ကြောင်း ဖော်ပြလျက်ရှိသည်။
ရွှေ၊ ငွေနှင့်ကြေးဝါတို့သည် ဝိညာဉ်ပိုင်းဆိုင်ရာအတွက် မည်သို့အ နက်အဓိပ္ပါယ်သက်ရောက်သနည်း။ ထိုအရာများက ဘုရားသခင်အားဖြင့် ပေးအပခြင်းခံရသည့် ကယ်တင်ခြင်းဆုကျေးဇူးအတွက် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကိုချမှတ်ပေးပါသည်။ သမ္မာကျမ်းစာကပြောထားသည် မှာ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသဖြင့် ပညတ်တော်များကို လုံခြုံ စွာမစောင့်ထိန်းနိုင်သဖြင့် အပြစ်ကြောင့် ကျွန်ုပ်တို့သည် အသေခံရ မည့်အစား သခင်ဘုရားသည် လောကသို့ကြွလာပြီး ကျွန်ုပ်တို့ကိုယ်စား အ ပြစ်၏ကဲ့ရဲ့ရှုတ်ချခံရခြင်းသည် တဲတော်တွင် အပြစ်ဖြေရာယဇ်၊ မီးရှို့ရာ ယဇ်ပူဇော်သကဲ့သို့ဖြစ်သည်။
သူတို့၏ အပြစ်ပြဿနာကို ဖြေရှင်းဖို့ရန် အနာအဆာကင်းမဲ့သော တိရစ္ဆာန်ကိုယူဆောင်လာပြီး ယဇ်ပူဇော်သည့်နည်းစနစ်အရ ထိုသတ္တဝါ ၏ခေါင်းပေါ်သို့ အပြစ်ကိုလွှဲပြောင်းပေးရသည်။ ထို့နောက်အပြစ်ဖြေရာ ယဇ်ပူဇော်ဖို့ရန် ယဇ်ကောင်ကိုသတ်၍ အသွေးသွန်းခြင်းကို ဘုရားသခင် ကလက်ခံသည်။ ထိုသို့ပြုခြင်းအားဖြင့် ငရဲ (ကြေးဝါ) သို့ကျရောက်မည့် ဣ သရေလလူမျိုးများသည် အပြစ်ဖြေလွှတ်ခွင့် (ငွေသား) နှင့်ယုံကြည်ခြင်း အားဖြင့် အပြစ်ကြောင့် ကဲ့ရဲ့ရှုတ်ချခြင်းခံရမည့်ဒဏ်မှ လွတ်မြောက်ခြင်း (ရွှေ)ကို ရရှိကြသည်။
 
 

အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်မျှင်ကြိုးနှင့် အစင်းကြောင်းပါသည့် လှပစွာယက်လုပ်ထားသောအထည်

အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်မျှင်ကြိုးနှင့် အစင်းကြောင်းပါသည့် လှပစွာယက်လုပ်ထားသောအထည်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်မျှင်ကြိုးနှင့် အစင်း ကြောင်းပါသည့် လှပစွာယက်လုပ်ထား သောအထည်တို့ကို အခြားနေရာ တွင်လည်း အသုံးပြုကြသည်ကို အကြာခဏတွေ့ရသည်။ ဤချည်မျှင် များကို တဲတော်၏တံခါး၀၊ သန့်ရှင်းရာဌာန၏တံခါး၀နှင့် အသန့်ရှင်းဆုံးဌာ န၏ပိုင်းခြားရာတွင် ကန့်လန့်ကာများအဖြစ် ယက်လုပ်ထားပါသည်။ ဤ အထည်အလိပ်(၄)မျိုးသည်ကမ္ဘာ၃း၁၅တွင် ကြိုတင်၍ ပရောဖက်ပြုထား သည့်အတိုင်း သခင်ဘုရားသည် မိန်းမ၏အမျိုးအနွယ်မှ ဆင်းသက်လာ ပြီး အပြစ်သားများကို အပြစ်ထဲမှကယ်တင်ဖို့ လောကသို့ကြွလာကာ နှစ် ခြင်းမင်္ဂလာကိုခံယူသည့်နောက်လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းခံရ သဖြင့် ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပါသည်။
ဤအထည်အလိပ်(၄)မျိုးကို တဲတော်ကန့်လန့်ကာအဖြစ် အသုံး ပြုသည်သာမက ယဇ်ပုရောဟိတ်၏ဝတ်စုံနှင့် တဲတော်ကို ဖုံးအုပ်ဖို့ရန်အ တွက် အသုံးပြုခဲ့ကြသည်။ သူ၏အပြာရောင်၊ ခရမ်းရောင်းနှင့် အနီရောင် တို့ဖြင့် လုပ်ဆောင်ချက်သည် သခင်ယေရှု လောကသို့ဆင်းကြွလာကာ အ ပြစ်ထံမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ခြင်းသည် ဘုရားသခင်၏ ပဋိညာဉ်တော် ဖြစ်သည်။ ဘုရားသခင်သည် သူပေးထားသည့် ကတိကိုစောင့်သည့် အ နေဖြင့် ကျွန်ုပ်တို့အား လောကအပြစ်ထဲမှာ ကယ်နှုတ်ခဲ့ပါသည်။
အထူးသဖြင့် ဝေဖန်သုံးသပ်ရမည့်အရာမှာ တဲတော်တံခါးကန့်လန့် ကာကို အပြာရောင်အထည်ဖြင့် ပြုလုပ်ထားသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ မေရှိယယေရှု ခရစ်လောကသို့ကြွလာ၍ လက်ဝါးကပ်တိုင်ပေါ် ၌ အသေခံခု့ခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းမှာ သူသည်နှစ် ခြင်းမင်္ဂလာခံယူခဲ့သောကြောင့်ဖြစ်သည်။ အပြာင်ချည်မျှင်သည် နှစ်ခြင်း မင်္ဂလာခံယူခြင်းကိုသော်လည်းကောင်း၊ခရမ်းရောင်ချည်မျှင်သည် ယေရှု၏ ဘုရာင်ဖြစ်ခြင်းသော်လည်းကောင်း၊ ကြက်သွေးရောင်သည် လက်ဝါးကပ် တိုင်ပေါ်တွင် ယေရှု၏အသွေးတော် သွန်းလောင်းခြင်းကိုသော်လည်း ကောင်း ရည်ညွှန်းထားသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် လှ ပသောအဆင်းပါသည့် အထည်တို့သည်အ”dကဆောင်လုပ်ရေး ပစ္စည်း များဖြစ်၍ သခင်ယေရှုလောကသို့ မေရှိယအဖြစ် ကြွလာပြီး ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သူ့အပေါ်သို့တင်ဆောင်သွားခြင်းဖြင့် ပေးခဲ့သည့်ကယ် တင်ခြင်းဆုကျေးဇူးကို ပြဌာန်းပေးခဲ့သည်။
ကမ္ဘာပေါ်တွင် လူအများစုက ယေရှုခရစ်သည် ဘုရားသခင်ဖြစ် သည့်အပြင် ဘုရားသခင်၏သားတော်လည်းဖြစ်ကြောင်းကိုသာ အထူးပြု ပြောဆိုနေကြပါသည်။ သို့ရာတွင်တဲတော်အကြောင်းကို သမ္မာကျမ်းစာ တွင် ဘုရားသခင်က ရှင်းလင်းစွာဖော်ပြ ထားသဖြင့် ထို့သို့သောသွန်သင် ချက်သည် ပြည့်၀သော သမ္မာတရားမဟုတ်ပေ။
ပေတရုဩဝါဒပထမစာစောင်၃း၂၁တွင်“ထိုသို့သောဥပမာအ တိုင်း ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်သော မူသောအားဖြင့် ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ်ကာယ၏အညစ်အကြေး ဆေး ကြောခြင်းကိုမဆိုလို ကိုယ့်ကိုယ်ကိုသိသောစိတ် ကြည်လင်၍ ဘုရား သခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း” ဟုဖော်ပြထားပါသည်။
ဤအရာကား ကျွန်ုပ်တို့အားကယ်တင်ခြင်း ပုံသေကားချပ်ကဲ့သို့ ထားသည်ကိုဆန့်ကျင်၍ သူ၏နှစ်ခြင်း မင်္ဂလာခံယူခြင်းကို လက်ခံခြင်းဖြင့် ယေရှုခရစ်သည်ကယ်တင်ခြင်းကတိတော်ကို ပြည့်စုံစေခြင်းနှင့် ပြည့်စုံ သောယုံကြည်ခြင်း၏ အခြေအုတ်မြစ်ကို ချမှတ်ပေးခဲ့ကြောင်းသက်သေထူ နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏မေရှိယသည် မည်သူနည်း။ မေရှိယဆိုသည်မှာ ကယ်တင်ရှင်ကိုဆိုလိုပြီး သူသည်လောကသို့ဆင်းကြွလာခဲ့ပြီး ရေနှစ်ခြင်း ယူသည့်အခါ ကျွန်ုပ်တို့၏အပြစ်များ၊ လောကသားအားလုံးတို့၏ အပြစ် များအားလုံးကို သူ့အပေါ်သို့တင်၍ သယ်ဆောင်သွားပြီး ဗတ္တိဇံကိုခံခဲ့ သည်။
ဘုရားသခင်က ဣသရေလလူမျိုးများအား တဲတော်ကိုဆောင် သည့်အခါ တံခါးအတွက် ကန့်လန့်ကာများကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသည့်အထည်များကို အသုံးပြုစေခဲ့သည်။ ဘုရင် တကာတို့၏ဘုရင်၊ ကောင်းကင်နိုင်ငံ၏သခင်သည် လူ၏ခန္ဓာကိုယ်ကို ခံ ယူလျက် ကြွလာရသည့်ရည်ရွယ်ချက်မှာ ဤအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်မစင်းပါသောအထည်ချောတို့၏ သမ္မာတရားကို ပြည့်စုံစေဖို့ ဖြစ်သည်။ကျွန်ုပ်တို့၏သခင်သည်ခန္ခာကိုယ်ကိုခံယူ၍လူသားမျိုးနွယ်ကိုယ် စားလှယ်တော်အဖြစ် ဗတ္တိဇံဆရာယောဟန်ထံမှ နှစ်ခြင်းခံခဲ့ခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သည်။
ဓမ္မဟောင်းကျမ်းထဲမှ ယဇ်ပူဇော်သည့်အခါ ဣသရေလလူမျိုးများ ၏အပြစ်သည်ယဇ်ပုရောဟိတ်ကယဇ်ကောင်၏ဦးခေါင်းအပေါ်သို့လက် တင်လိုက်သောအခါ သူ့အပေါ်သို့သက်ရောက်သွားပြီး ထိုတိရစ္ဆာန်သည် ဣသရေလလူမျိုးများ၏အပြစ်ကြောင့် ရှုတ်ချခြင်းကိုခံရသည်။ တစ်နည်း အားဖြင့် ဓမ္မဟောင်းကျမ်းတွင် အပြစ်ဖြေရာ ယဇ်ပူဇော်သကဲ့သို့ ဓမ္မသစ် ကျမ်းထဲတွင် ယေရှုသည် လောကသားအားလုံး၏အပြစ်များအတွက် ဗတ္တိ ဇံခံခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေသတ်ခံရခြင်းသည် လောက၏ အပြစ်အတွက် ရှုတ်ချခံရခြင်းဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏ သိုးသငယ်တော်ယဇ်ကောင်အဖြစ် နှစ်ခြင်းကိုယောဟန်ထံတွင် ခံခဲ့ခြင်း ဖြင့် အပြာရောင်အထည်ကို ပြည့်စုံစေခဲ့သည်။ ဤဗတ္တိဇံခံခြင်းဖြင့် ယေရှု သည်လောကသားအားလုံးတို့၏ အပြစ်ကိုသူ့အပေါ်သို့ တစ်ကြိမ်တည်း တင်ထားခဲ့သည်။
ယနေ့ခရစ်ယာန်အများစုတို့သည် ပြန်လှည့်၍ အခြားဘာသာဝင် များထက်သာ၍ ဆိုးသွမ်းရသည့်အ ကြောင်းရင်းမှာ- ယေရှု၏ ဗတ္တိဇံခံ ယူခြင်းဖြစ်သော အပြာရောင်အထည်ဓမ္မတရားကိုမ သိခြင်း၊ယုံကြည်းမှုမ ရှိခြင်းကြောင့်ဖြစ်ပြီး သူတို့သည်တစ်ကြိမ်တစ်ခါ တည်းပေးသော အပြစ် ဖြေလွတ်ခွင့်ကိုမရရှိကြပါ။ ခရစ်ယာန်များအနေဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကိုသယ်ဆောင်၍ ဗတ္တိဇံခံသည့်အကြောင်းအရာကို မှန်ကန်စွာအနက်ဖွင့်ဆိုခြင်းမရှိသောအခါအစကတည်းကပင်ယုံကြည်ခြင်း ၏ အခြေခံအုတ်မြစ်ကိုပင်မှန်ကန်စွာမချနိုင်ကြတော့ပါ။
တိကျစွာပြောရပါမူ အပြာရောင်ချဉ်မျှင်အထည်ဆိုသည်မှာ- မေရှိ ယလောကသို့ကြွလာ၍ ကျွန်ုပ်တို့အပြစ် များကိုသယ်ဆောင် သွားသည့် နည်းစနစ်နှင့် သမ္မာတရားဖြစ်သည်။ အနီရောင်အထည်သည် ယေရှု၏အ သွေးတော်ဖြစ်သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေး တော်သွန်းလေါင်း၍ အသေသတ်ခြင်း ခံခဲ့ရခြင်းသည် ဗတ္တိဇံခံခဲ့စဉ်က ယူဆောင်လာသော အပြစ်ကြောင့်ဖြစ်သည်။သခင်ယေရှုသည် ယောဟန် ထံတွင် ဗတ္တိဇံခံဖိုးသွားသည်အခါ ကျွန်ုပ်တို့၏အပြစ်များကို သယ်ဆောင် လာသောကြောင့် လက်ဝါးကပ်တိုင် တွင်အသေခံခဲ့ရပြီး၊လက်ဝါးကပ်တိုင် ပေါ်တွင် ယစ်ပူဇော်ခဲ့ခြင်းသည်လည်း အချဉ်းနှီးမဖြစ်ခဲ့ပါ။ ယေရှုခရစ်မေရှိ ယသည် ဗတ္တိဇံခံခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေသတ်ခံရခြင်းတို့ဖြင့် အပြစ်ကြောင့် အပြည်အဝကဲ့ရဲ့ရှုတ်ချခြင်းခံရကာ ကျွန်ုပ်တို့၏ ကယ်တင် ခြင်းကို ပြည်စုံစေခဲ့ပါသည်။
ခရမ်းရောင်အထည်ဆိုသည်မှာ- ယေရှုသည်ဘုရားသခင်၊ ဘုရင် တကာတို့၏ဘုရင်ခရမ်းရောင်အတည်ဖြစ် သော်လည်း လူသားများ၏ ကိုယ်စားလှယ်အဖြစ် ယောဟန်ထံသို့သွား၍၊ အပြစ်အားလုံးကို သူ့အပေါ် သို့တင်ပြီး ဗတ္တိဇံခံခြင်း(အပြာရောင်အထည်)၊ လက်ဝါးကပ်တိုင်ပေါ်တွင် နာကျင်မှုဝေဒနာများစွာခံ၍ အသေခံခြင်း(အနီရောင်)တို့ တွေ့ကြုံခဲ့ သော်လည်း သူ၏သေခြင်းသည် အချဉ်းနှီးမဖြစ်ခဲ့ပါ။ အစင်းပါသောအ ထည်ချောဆိုသည်မှာ ပရောဖက်ပြုချက်များဖြစ်၍ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ပြောခဲ့သမျှသည် ဓမ္မသစ်ကျမ်းတွင် အားလုံးပြည်စုံလာသည်။ 
 
 

ယနေ့ခရစ်ယာန်လောကတွင် အပြာရောင်ချည်မျှင်၏ ဆိုလိုရင်းအဓိပ္ပါယ်ပျောက်ဆုံးနေခြင်း

 
ယနေ့ခရစ်ယာန်လောကတွင် ဘုရားသခင်နှုတ်ကပတ်တော်ကို တစ်ဦးတစ်ယောက်၏အာဘော်ဖြင့် ထင်ရာမြင်ရာအနက် ဖွင့်နေကြသဖြင့် အထည်ချည်(၄)မျိုးတွင် အပြာရောင်ချည်သည် မျက်ကွယ်ပြုခြင်းခံရ ကြောင်း သိသိသာသာပေါ်လွင်ထင်ရှားလာသည် အပြစ်ကြီးမားသောအ ပြစ်ဖြစ်သဖြင့် ကဲ့ရဲ့ရှုတ်ချခြင်း ခံရမည်။ 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသော ချည် ချောထည်များကို တဲတော်၏ကန့်လန့်ကာ များအဖြစ် အသုံးပြုထားပြီး ကျွန်ုပ်တို့အားကယ်တင်ခြင်း သမ္မာတရားကို ပြောပြသည်။ ထိုတရားအရ မေရှိယယေရှုခရစ်သည် လူ၏ခန္ဓာကိုဖြင့် မြေကြီးပေါ်သို့ရောက်ရှိလာ သည့်ဗတ္တိဇံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့အား အပြစ်ထဲမှ ကယ်တင်ခဲ့သည်။ ယေရှုကကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူ ဆောင်သွားခဲ့ပါသည်။
ယေရှုသည်ကျွန်ုပ်တို့အပြစ်အားလုံးကိုသူကိုယ်တိုင်မည်သို့ယူတင် ဆောင်ရွက်ခဲ့သနည်း။ ယောဟန်ပေးသည့် ဗတ္တိဇံကို ခံယူခြင်းအားဖြင့် ယူဆောင်သွားခဲ့ပါသည်။ ကျွန်ုပ်တို့အပြစ်အားလုံးကို ယူတင်ဆောင်ရွက် ခြင်းအားဖြင့် စစ်မှန်သောကယ်တင်ရှင်ဖြစ် လာသည်။ တဲတော်၏ ကန့် လန့်ကာကို ဤအထည်(၄)မျိုးဖြင့် ပြုလုပ်ရသည့် ဆိုလိုရင်းမှာ- လောက သို့ကြွလာပြီး ဗတ္တိဇံကိုခံကာ လက်ဝါးကပ်တိုင်တွင် အသွေးတော်သွင်းပြီးမှ သေလွန်၍ပြန်လည်ထမြောက်ခဲ့သော ယေရှုသည်ဘုရားသခင်ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။
ထိုကဲ့သို့ပင် တဲတော်၏ကန့်လန့်ကာများအတွက် အသုံးပြုရန် အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသော ချည်ချောထည် များကိုပြုလုပ်ခဲ့ကြသည်။ယေရှုသည်ကောင်းကင်နိုင်ငံသို့ ဦးတည်စေသည့် ကယ်တင်ခြင်းတံခါး၀ဖြစ်သည်။ ဤတံခါးသည် အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အစင်းပါသော ချည်ချောထည်ဖြင့် ပြုလုပ်သောကန့်လန့်ကာ ဖြင့်ကာထားသည့် တံခါးပေါက်ပင်ဖြစ်သည်။ ယေရှုသည် အပြစ်သား များ၏ကယ်တင်ရှင်ဖြစ်သည်။ယေရှု၏ဗတ္တိဇံခံခြင်း၊လက်ဝါးကပ်တိုင် တွင် အသေသတ်ခံရခြင်းတို့သည် အပြစ်သားများအားအပြစ်သားဘ၀မှ ကယ် နှုတ်ခဲ့သည့် ကယ်တင်ခြင်းဆုကျေးဇူး ဖြစ်သည်။
ထိုသို့ဖြစ်နေသဖြင့် ယနေ့ခရစ်ယာန်လောကတွင် ယေရှု၏ဗတ္တိဇံ ခံခြင်းကို ကောင်းစွာနားမလည်ကြသဖြင့် စစ်မှန်သောဘုရားကို မတွေ့နိုင် ကြဘဲ ခရစ်ဘာသာသည်လည်း အခြားဘာသာများကဲ့သို့ နိဂုံးချုပ်ရတတ် သည်။ ယုံကြည်ခြင်းကို နက်နဲနိုင်သလောက် နက်နဲစေရန် အလေးအနက် ထားဖို့ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အထည်၏ သမ္မာတရားအပေါ် ရှေးဦးစွာယုံကြည်ခြင်း အုတ်မြစ်ကိုခိုင်မာစွာချရမည်။ ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်ကို ရရှိစေဖို့ရန် သခင်ဘုရားသည် လော ကသို့ကြွလာပြီး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသော ချည်ချောထည်အားဖြင့် သင်နှင့်ကျွန်ုပ်ကိုအ ပြစ်ထဲမှ ကယ်တင်ခဲ့သည်။
ယေရှုသည် လောကသို့ကြွလာ၍ ဗတ္တိဇံခံခြင်းနှင့် လက်ဝါးကပ် တိုင်မှ အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်ခဲ့ပြီး ကယ်တင်ခြင်းဆုကျေးဇူးကို ပြည့်စုံစေခဲ့သည်။ သာ၍သိကျစွာ ပြောရပါမူ- ယေရှုသည် ခန္ဓာကိုယ်အားဖြင့် လောကသို့ဆင်းကြွလာပြီး လောက၏အ ပြစ်များကို သယ်ဆောင်လျက် ဗတ္တိဇံကိုခံခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးသွင်း၍ ကျွန်ုပ်တို့၏အပြစ်များအတွက် ယဇ်အဖြစ်ပူဇော်ခံရခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် ကဲ့ရဲ့ရှုတ်ချမှုခံရခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဤယေရှုသည် အသွေးနှင့် ရေ(၁ယော ၅း၄-၈)ဖြင့် ကျွန်ုပ်တို့အား ကယ်တင်သောသူသည် အခြေခံကျ ကျ ကျွန်ုပ်တို့အား ကယ်တင်ခဲ့သောသူ၊ကယ်တင်ခဲ့သူ၊ ကယ်တင်ခြင်းဆု ကျေးဇူးကို ပေးခဲ့သည်။ ဤယေရှုသည် ကျွန်ုပ်တို့အားအပြစ်မှ ကယ်တင် ခဲ့ပြီး ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံလျက် ကယ်တင်ရှင်ဖြစ်သည်။ ဤအကြောင်း အရာများသည် တဲတော်ကို ဆောက်လုပ်သည့် ပစ္စည်းကိရိယာများက ကျွန်ုပ်တို့ကိုပြောနေသည့်အရာများဖြစ်သည်။ 
ဤပစ္စည်းကိရိယာများကို ယုံခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည် ခြင်းကို ခိုင်မာစွာအစပြုရမည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ မေရှိယအ ဖြစ်အမှန်ပင် ကြွလာခဲ့သော ဤယေရှုကို ယုံကြည်ခြင်းဖြင့် သူ၏ဗတ္တိဇံ ခံခြင်း လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် ကဲ့ရဲ့ရှုတ်ချခံရခြင်း၊ လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော်ဖြင့် ကျွန်ုပ်တို့၏ အပြစ်များအတွက် ယဇ်ကဲ့သို့ပူဇော်ခံရခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့ကို တိကျ ရှင်းလင်းစွာ ဆက်လက်ယုံကြည်ရမည်။ ကျွန်ုပ်တို့အား အပြစ်ထဲမှ ကယ် နှုတ်ခဲ့ပြီး ကယ်တင်ခြင်းဆုကျေးဇူးကို သူ၏ဗတ္တိဇံခံခြင်းနှင့် လက်ဝါးကပ် တိုင်တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့် ပေးခဲ့သူကယ်တင်ရှင်သည် လူဖြစ်သည်သာမက လူသားအပါအဝင် စကြာ၀ဌာတစ်ခုလုံးကို ဖန်ဆင်း ခဲ့သူ ဖန်ဆင်းရှင်ဖြစ်သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အထည် ယုံကြည်ခြင်းကို ကျွန်ုပ်တို့ဝန်ခံရမည်။ ထိုကဲ့သို့ ယုံကြည်ချက်ကို ဝန်မခံဘဲ ယေရှုကိုကယ်တင်ရှင်အဖြစ် ယုံပါသည်ဟု ပြော၍မရပါ။
စကားတစ်လုံးတည်းကို လက်ဆင့်ကမ်းပြောရသည့် ကစား နည်းကို သင်ကစားဖူးပါသလား။ ဤကစားနည်းကို အစပြုသည့်အခါ လူတစ်ယောက်ပေါ်တွင်ဝါကျတစ်ကြောင်းကိုရေး၍ စသောသူကို ပေး လိုက်ရပါသည်။ထိုသူကထိုစာကိုတိတ်တဆိတ်ဖတ်ရှုပြီး ဝါကျတွင်ပါသည့် အကြောင်းအရာကို နှုတ်ခမ်းအမူအရာအားဖြင့်သာ ဖော်ပြရသည်။ ထို့ နောက်ဒုတိယလူကို ကမ်းပေးပါ။ သူသည်ပထမလူ၏ နှုတ်ခမ်းကိုကြည့်ပြီး ထိုသူကတတိယလူအား ကမ်းပေးသည်။ ထိုသို့ဖြင့် နောက်ဆုံလူအလှည့် မရောက်မချင်း ပြုလုပ်ပါ။ နောက်ဆုံးရလဒ်အနေဖြင့် နောက်ဆုံးလူက မူလဝါကျတွင် ရေးထားသည့်အတိုင်း ပထမလူကဲ့သို့ နှုတ်ခမ်းအားဖြင့် ပြနိုင်သလားဆိုသည့်အချက်ကိုကြည့်ပါ။ အဖြေမှာ- မူလကပေးထားသော ဝါကျသည် အလွယ်တကူမှားယွင်းလေ့ရှိကြောင်း တွေ့ရသည်။ ဥပမာ- မူလဝါကျသည် ပန်ကာကိုဖွင့်လိုက်ပါ ဖြစ်သည်ဆိုပါစို့။ ထိုစကားကိုပင် အသံမထွက်ဘဲ လက်ဆင့်ကမ်း ပြောဆိုခိုင်းစေပြီး နောက်ဆုံးလူထဲသို့ ရောက်သော်- မြည်းကလေးကို အဝေးသို့လွှတ်လိုက်ပါဟု အဓိပ္ပါယ်ရ သောစကားဖြစ်သွားသည်။ 
ဤစကားသံမထွက်ဘဲ စကားပြောလက်ဆင့်ကမ်းကစားနည်း တွင်နောက်ဆုံးလုံး၀ကွဲပြားသော စကားဖြစ်သွားသကဲ့သို့ ယနေ့ခရစ်ယာန် လောကတွင်ရှိသော ယုံကြည်ခြင်းသည်လည်း လုံး၀လွဲမှားလျက်ရှိသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် အထည်ယုံကြည်ခြင်း အပေါ်တွင်ယုံကြည်ခြင်း ၏အခြေခံအုတ်မြစ်ကို မချထားသောကြောင့်ဖြစ်သည်။ ယနေ့ခရစ်ယာန် ယုံကြည်သူများသည် ဤအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်အထည် ယုံကြည့်ခြင်းအပေါ်တွင် အခြေခံအုတ်မြစ်ကို မချထားကြပါ။ ယေရှုကို မည်မျှပင်ယုံကြည်၍ အသက်တာတွင် သူ၏သွန်သင်ချက်ကိုလက်တွေ့ ကျင့်သုံးဖို့ မည်မျှပင်ရှာဖွေစေကာမူ ယုံကြည်ခြင်း၏အခြေခံအုတ်မြစ် ယိမ်းယိုင်နေလျှင် ကျွန်ုပ်တို့သည် မည်သို့မျှတတ်နိုင်မည် မဟုတ်ပါ။
ဘုရားသခင်သည် ဣသရေလလူမျိုးအား တဲတော်ဆောက်လုပ် ရန် ရွှေ၊ငွေ၊ကြေးဝါ၊အပြာရောင်၊ခရမ်း ရောင်၊အနီရောင်နှင့် အစင်းပါသော ချည်ချောထည်စသည့် လှူဖွယ်ပစ္စည်းများကို ယူလာဖို့မိန့်မှာခဲ့သည်။ ဤ ဆောက်လုပ်ရေးပစ္စည်များက ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံကိုခံယူ ခြင်း၊လက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်းလောင်းခြင်း၊ သေခြင်းမှရှင် ပြန်ထမြောက်ခြင်းတို့ရှိပြီးမှ ကယ်တင်ခဲ့ကြောင်း ဖေါ်ပြခဲ့သည်။
အပြာရောင်အထည်ကို တဲတော်ကန့်လန်ကာတစ်မျိုးတည်း အ ဖြစ်သာမက ယဇ်ပုရောဟိတ်၏ဝတ်လုံ၊တဲ တော်ကိုဖုံးအုပ်ဖို့ အကာအဖြစ် လည်း အသုံးပြုသည်။ ဤအရာကသခင်ဘုရားသည် မည်သို့မည်ပုံလောက သို့ကြွဆင်းလာပြီး သင်နှင့်ကျွန်ုပ်အားအပြစ်မှ အမှန်တကယ်ကယ်တင်ခဲ့ ကြောင်း ဧဝံဂေလိတရားကို ပြောပြလျက်ရှိသည်။ ဤပစ္စည်း(၄)မျိုး ဖြစ် သောအပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အစင်းပါသော ချဉ်ချောထည် တို့သည် အခြေခံကျသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြဌာန်းပေးခဲ့သဖြင့် အလွန်အရေးပါလျက်ရှိသည်။ ဤနှုတ်ကပတ်တော်ကို အခြေခံလျက် ကျွန်ုပ်တို့၏ယုံကြည်ခြင်း အခြေခံအုတ်မြစ်ကို ခိုင်မာစွာချထားရမည်။ ဤနည်းလမ်းအားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း နှင့်အပြစ်ဖြေလွှတ်ခွင့်ရရှိကာ ကိုယ်တော်၏အစေခံများဖြစ်ပြီး ဤသတင်း စကားကို ဖြန့်ဝေလျှင် သခင်ဘုရားပြန်လည်ကြွလာသည့်အခါ ထိုသို့သော ယုံကြည်ခြင်းရှိထားသူများသာ ဘုရားသခင်၏ ရှေ့မှောက်တွင် တည်ကြည် စွာ ရပ်တည်နေနိုင်ကြလိမ့်မည်။
ယနေ့ထိတိုင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားမှလာသောအရာသာ ပိုကောင်းသည်ဟုထင်ကြ၏။ဤယိမ်းယိုင်မှုသည်ကျွန်ုပ်တို့နိုင်ငံရှိဓမ္မပညာ ရှင်များကြားတွင်လည်းရှိတတ်သဖြင့် အနောက်နိုင်ငံမှ ဓမ္မပညာရှင်များအ ပေါ်အကြီးအကျယ်ယုံကြည်နေကြသဖြင့် သူတို့ပြောသောစကားကို သမ္မာ ကျမ်းစာတက်ပင်သာ၍အားကိုးတတ်ကြသည်။ ဤသို့အသိတရားကင်းမဲ့ ခြင်းမှလွတ်မြောက်ဖို့ရန် သူတို့သည် အခြေခံအားဖြင့် ကယ်တင်တံခါး၀ ဖြစ်လာသည် သခင်ဘုရား၏ဗတ္တိဇံခံခြင်း၊ သူ၏အသွေးတော်နှင့် သူကိုယ် တိုင်သည်ဘုရားသခင်ဖြစ်ကြောင်း သမ္မာတရားတည်းဟူသော နှုတ်ကပတ် တော်ကိုမှန်ကန်စွာယုံကြည်ခြင်း၊ ကိုယ်တော်ကိုမှီခိုအားထားခြင်း ရှိရမည်။
အကယ်၍ သင်သည်ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သခင် ဘုရားသည် ကျွန်ုပ်တို့အားအပြစ်မှ ကယ်တင်ဖို့ လောကသို့ ကြွလာခြင်း၊ သခင်ဘုရားသည် ဗတ္တိဇံခံခြင်း၊လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊သေ ခြင်းမှထမြောက်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သယ်ဆောင်သွားကာ ကယ်တင်ခဲ့သည့် စစ်မှန်သောဘုရားဖြစ်ကြောင်း ယုံကြည်မည်ဆိုလျှင် တမန်တော်ပေကရုကမဿဲ၁၆း၁၆တွင်“ကိုယ်တော်သည်ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူ သည်”ဟုဝန်ခံသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝန်ခံနိုင်ကြလိမ့်မည်။ ကျွန်ုပ် တို့သခင်ဘုရား၏ဗတ္တိဇံခံခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် သွန်းလောင်း သောအသွေးတော်သည် ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိစေနိုင်သော စစ် မှန်သည့်ယုံကြည်ခြင်း၏အခြေခံအုတ်မြစ် ဖြစ်သည်။ နှုတ်ကပတ်တော် အတိုင်း အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အထည် ယုံကြည်ချက်ကို ကျွန်ုပ်တို့သည် မယုံကြည်ခဲ့သော် စစ်မှန်သော ယုံကြည်ချက်ရှိပြီဟု မည် သို့ပြော နိုင်မည်နည်း။
 
 
ပညတ်တော်သည် ရောက်ရှိလာမည့် ကောင်းသောအရာများ၏ ပုံရိပ်ဖြစ်ကြောင်း
 
တဲတော်ဆောက်လုပ်သည့်အခါ အသုံးပြုသည့် ပစ္စည်းကရိယာ များက ကျွန်ုပ်တို့အားဖော်ပြပေးသည့်အရာမှာ- သခင်ဘုရား လူဇာတိ ကိုခံ၍လောကသို့ကြွလာပြီး ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံး ကို ယူတင်ဆောင်ရွက်ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အတွက် ကဲ့ရဲ့ရှုတ်ချခံရခြင်းနှင့် သေခြင်းမှရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်လာသည်။ဓမ္မဟောင်း ကျမ်းထဲတွင် ဘုရားသခင်က အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အထည် အားဖြင့် သူသည်ကယ်တင်ခြင်းဆုကျေးဇူးကိုပေးမည့်ကတိတော်ထားရှိခဲ့ ပါသည်။ ထိုသို့ပဋိညာဉ်ဖွဲ့ခဲ့သူသည် ယေရှုခရစ်၊ ဘုရင်တကာတို့၏ ဘုရင်၊ အပြစ်သားများအတွက် ဗတ္တိဇံကိုခံပြီး လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ သူမှတစ်ပါး အခြားသူမဖြစ်နိုင်ပါ။ တစ်နည်းအားဖြင့် ဤဘုရားသည် မေရှိယအဖြစ် ဤလောကသို့ကြွလာခဲ့သည်။ ဤသမ္မာတရားအလုံးစုံကို သိမြင်ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအခြေခံအုတ်မြစ်ကို ချထားရမည်။ ရေနှင့်ဝိညာဉ်ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံရမည်။
ရွှေ၊ ငွေနှင့်ကြေးဝါတို့ကိုလည်း တဲတော်ဆောက်သည့်အခါတွင် အသုံးပြုသည်။ ဤပစ္စည်းများသည်လည်း ကျွန်ုပ်တို့၏ယုံကြည်ခြင်း အ ခြေခံအုတ်မြစ်ကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့၏ အပြစ်ကြောင့် ငရဲသို့ပစ်ချ ခြင်းခံရမည်ဆိုလျှင် ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သူကမှ ကူညီနိုင် မည်မဟုတ်။ ထိုသို့သောလူများဖြစ်သော်ငြားလည်း ဘုရားသခင်က ယုံ ကြည်သောသူကို ကယ်တင်ခြင်းဆုကျေးဇူးပေးလျက်ရှိသည်။ လူသားများ အတွက် ယဇ်ပူဇော်ခြင်းအလို့ငှါ ယေရှုခရစ်သည် ယောဟန်အားဖြင့် ဗတ္တိဇံ ကိုခံလျက် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့ကိုအပြစ်ထံမှ လုံးလုံးလျားလျားကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် ငရဲမှမလွတ်မြောက် နိုင်သူများဖြစ်ပြီး၊ အပြစ်အတွက် ကဲ့ရဲ့ရှုတ်ချခြင်းခံဖို့ ထိုက်တန်သူများဖြစ် သဖြင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များကို မည်သို့ပပျောက် စေမည်ကို မသိသောသူများဖြစ်သည်။ သို့ရာတွင် ဘုရားသခင်အားဖြင့်သာ ကယ်တင်ခြင်းဆုကျေးဇူးရှိသည်။ ယေရှုသည် လောကသို့ကြွလာ၍ ဗတ္တိ ဇံခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို ခံယူခဲ့ပြီး လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံ၍အပြစ်ပြဿနာကို ဖြေရှင်းပေးခြင်းနှင့် ကဲ့ရဲ့ရှုတ်ချ မှုခံပြီး ကယ်တင်ခြင်းဆုကျေးဇူးကို ပေးခဲ့ပါသည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြ သဖြင့် ဘုရားသခင်သည် သူ၏အမှုတော်မြတ်ဖြစ်သည့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့ပြီး၊ ကျွန်ုပ်တို့အား ကယ်တင်ခြင်းဆုကျေးဇူး ကိုပေးခဲ့သည်။ ဤအရာသည် အဘယ်သူမျှမကယ်တင်နိုင်သော ကျွန်ုပ်တို့ သည် ငရဲကျဖို့ရာတားခြင်းခံရသူများ ဖြစ်သော်လည်း ကယ်တင်ခြင်းဆု ကျေးဇူးကိုပေးမည့်အရိပ်အဖြစ်ရွှေ၊ ငွေနှင့်ကြေးဝါ ယုံကြည်ခြင်းကို ကျွန်ုပ် တို့အတွက်ယူဆောင်လာရသည့်အကြောင်းရင်းဖြစ်သည်။ အကြောင်းမူ ကားသခင်ဘုရားသည် လောကသို့ဆင်းကြွလာပြီး ကျွန်ုပ်တို့အားကယ် တင်ခဲ့ခြင်း၊ သူ့အပေါ်သို့ ကျွန်ုပ်တို့၏အပြစ်အားလုံး ယူတင်ဆောင် ရွက် ခြင်း၊ ကျွန်ုပ်တို့အတွက်ကဲ့ရဲ့ရှုတ်ချခြင်း အားလုံးကိုခံခဲ့ရသဖြင့် ကယ်တင် ခြင်းဆုကျေးဇူးကို ယုံကြည်ခြင်းဖြင့်ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ်တို့ ကယ်တင်ခံခဲ့ပြီးဖြစ်သည်။ 
ယခုယေရှုခရစ်သည် ပြည့်စုံသောကယ်တင်ရှင်ဖြစ်သည်။ ကျွန်ုပ် တို့သည်သူ၏ကယ်တင်ခြင်း ဆုကျေးဇူးအပေါ်တွင် ယုံကြည်လျက် မြဲမြံစွာ ရပ်တည်ဖို့လိုအပ်လျက်ရှိရာ ထိုယုံကြည်ခြင်းမှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အစင်းပါသော ချည်ချောထည်များဖြစ်ပြီး ကယ်တင်ခြင်းဆု ကျေးဇူးများပင်ဖြစ်သည်။ ဘုရားသခင်သည် အစအဆုံး ဃဂနဏမသိဘဲ ကျွန်ုပ်တို့အား အရမ်းကာရော တစ်ဖက်သတ်ဆန်ဆန်မယုံကြည်စေလိုပါ။
 
 
ဆိတ်မွှေး၊ အနီဆိုးထားသောသိုးသားရေ၊ ခွေးတူဖျံတူ အရေခွံများ
 
ဆိတ်မွှေး၊ အနီဆိုးထားသောသိုးသားရေ၊ ခွေးတူဖျံတူ အရေခွံများဤပစ္စည်းများကို တဲတော်ဖုံးအုပ်စရာအဖို့အသုံးပြုသည်။ အပြာ ရောင်အထည်၊ ခရမ်းရောင်၊ အနီရောင်အစင်းပါသော ချည်ချောထည် များကို တဲတော်အမိုးအဖြစ်ဖုံးအုပ်ကာရန်နှင့် သိုးသားရေကို အခင်းအ တွက်အသုံးပြုသည်။ ဤအဖုံးအကာသည် အနီရောင်ဆိုးထားသော သိုး သားရေနှင့် ခွေးတူဖျံတူ၏ သားရေဖြစ်သည်။ ဤသို့ဖြင့် တဲတော်၏ အဖုံးအကာကို ပစ္စည်း(၄)မျိုးဖြင့် ပြုလုပ်ထားပါသည်။
နောက်ဆုံးအနေဖြင့် တဲတော်ဖုံးအဖြစ် ခွေးတူဖျံတူ၏ သား ရေကိုအသုံးပြုသည်။ ထို့ကြောင့် တဲတော်၏မျက်နှာပြင်သည် အမဲရောင် အဖြစ်ပေါ်ထွက်လာသည်။ ခွေးတူဖျံတူသည် ပင်လယ်သတ္တဝါတစ်မျိုး ဖြစ်၍ သူ၏အရေခွံသည် လူတစ်ကိုယ်စာ (သို့မဟုတ်) အနည်းငယ်ခန့် သေးငယ်ဖွယ်ရှိသည့်အပြင် ရေစိုခံသည်။ ထို့ကြောင့်တဲတော်၏ အပေါ် သို့ဖုံးအုပ်ဖို့ရန် အသုံးပြုခံရခြင်းဖြစ်သည်။ ထိုကြောင့်တဲတော်ကို အဝေးက ကြည့်မည်ဆိုလျှင် စွဲမက်လောက်စရာကောင်းသည့်အရောင် (သို့မဟုတ်) အထင်ကြီးစရာကောင်းသည့် အရောင်မဟုတ်ပါ။ ဤအရာကယေရှုသည် ကျွန်ုပ်တို့ထံသို့ ကြွလာသည့်အခါ အလွန်နှိမ့်ချသော အနေအထားဖြင့် လာရသဖြင့် နှစ်သက်ဖွယ် ပုံပန်းသဏ္ဍာန်မရှိကြောင်း ဆိုလိုပါသည်။
သိုးသားရေကို အနီရောင်ဆိုးထားရခြင်းမှာ ယေရှုခရစ်လောကသို့ ကြွဆင်းလာပြီး ကျွန်ုပ်တို့အတွက် ယဇ်ကောင်အဖြစ် ပူဇော်ခြင်းခံရပြီး ဆိတ်သားရေဆိုသည်မှာ ယဇ်ပူဇော်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သဖြင့် ကျွန်ုပ်တို့၏ အပြစ် များကိုလက်ခံ၍သူ့အပေါ်သို့တင်၍ လက်ဝါးကပ်တိုင်ပေါ်တွင် ယဇ်ကောင် အဖြစ် ပူဇော်ခြင်းခံရသည်။
တစ်နည်းအားဖြင့် တဲတော်ကိုအဖုံးအကာအဖြစ် အသုံးပြုထား သော ပစ္စည်းများသည် ကျွန်ုပ်တို့၏အခြေခံယုံကြည်ချက်ကို ပုံဆောင် သည်။ ဤသမ္မာတရားများဖြစ်သည့် အိမ်ဆောက်ပစ္စည်းနှင့်ဆိုင်သော ယုံ ကြည်ချက်ကို လုံး၀ချန်လှပ်ထား၍မရပါ။ သခင်ယေရှုလောကသို့ ကြွလာ ခြင်းသည် ကျွန်ုပ်တို့အတွက် ယဇ်ကောင်အဖြစ်ပူဇော်ခြင်းခံသောအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းဆုကျေးဇူးကို ပေးဖို့ဖြစ်သည်။ ဓမ္မဟောင်း ကာလတွင်ဣသရေလလူမျိုးများအားအပြစ်ဖြေလွှတ်ခြင်း အခွင့်ရရှိဖို့ ယဇ် ပူဇော်သည့်နည်းစနစ်ကိုပေးခဲ့ပြီး ပူဇော်သည့်အခါ အနာအဆာမရှိအခါမ လည်သော ဆိတ်၊ သိုး(သို့မဟုတ်) နွားကိုယူ၍အပြစ်ကိုထိုတိရစ္ဆာန် အ ပေါ်သို့လွှဲပြောင်းသည့်အနေဖြင့် ခေါင်းပေါ်သို့လက်တင်ကာ သတ်မှတ် ထားသည့်နေရာတွင်သတ်၍ အသွေးသွန်းခြင်း၊ မီးရှို့ခြင်းဖြင့် သူတို့ကိုအ ပြစ်မှ ကယ်တင်ခဲ့သည်။
ယေရှုခရစ်သည် လောကသို့သိုးသငယ်အဖြစ် ကြွဆင်းလာပြီး ဗတ္တိဇံခံခြင်းအားဖြင့် လောက၏အပြစ်ကို ခံယူခဲ့သည်မှာ သိုးသငယ်အပေါ် သို့ လက်ကိုတင်ခြင်းဖြစ်သည်။ ဣသရေလလူမျိုးများ၏ အပြစ်ကိုခေါင်း ပေါ်သို့ လက်ကိုတင်ခြင်းဖြင့် ခံယူခဲ့သောထိုယဇ်ကောင်သည် ယဇ်ကောင် အဖြစ်အသေသတ်ခံရပြီး အသွေးသွန်းကာ ပလ္လင်ပေါ်တွင် မီးရှို့ခံရသကဲ့သို့ ယေရှုခရစ်သည်လည်း ကျွန်ုပ်တို့၏အပြစ်အတွက် ကဲ့ရဲ့ရှုတ်ချခြင်းကို ဗတ္တိ ဇံခံလျက်လက်ဝါးကပ်တိုင်တွင်အသေခံခြင်းဖြင့်လောကသားများ၏ အပြစ် မှ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။
တရားစီရင်မည့်စာအုပ်တွင် ရေးမှတ်ထားသောအမည်များကို မီးရှို့ ရာယဇ်ပူဇော်သည့်နေရာတွင် သိုးချိုထဲမှအသွေးကိုပက်ဖျန်း လိုက်သော အခါ ပယ်ဖျက်ခြင်းခံရသကဲ့သို့ ယေရှုသည် ဗတ္တိဇံခံခြင်း၊ အသွေးတော် သွန်းလောင်းခြင်းဖြင့် ထာ၀ရကိုယ်စားပြု အပြစ်ဖြေခြင်းကို ပြုခဲ့သဖြင့် လောကအပြစ်ထဲမှ နှုတ်ယူခဲ့သည်။ တဲတော်၏ အသုံးအဆောင်ပစ္စည်း အားလုံးက ယေရှုခရစ်နှင့် သူ၏အမှုတော်မြတ်လုပ်ငန်းဖြစ်သော ကျွန်ုပ်တို့ ကို လောကအပြစ်မှ ကယ်တင်ခဲ့ကြောင်း ပြောဆိုလျှက်ရှိသည်။ ဓမ္မ ဟောင်းကျမ်းမှ ဓမ္မသစ်ကျမ်းအထိ နှုတ်ကပတ်တော်များကား ယေရှုသည် ကျွန်ုပ်တို့အား အပြစ်မှကယ်တင်ခဲ့ပြီဆိုသည်မှာ လုံး၀အမှားကင်းစင်သော ပြည့်စုံသည့်သမ္မာတရားပင်ဖြစ်သည်။ 
ယနေ့ခရစ်ယာန်များသည် ယေရှုလောကသို့ ကြွလာ၍ဗတ္တိဇံခံ ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ယူတင်ဆောင်ရွက်ခဲ့ပြီး ယဇ် ကောင်အဖြစ် ပူဇော်ခံခဲ့ရကြောင်းကို လက်မခံဘဲ လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံခဲ့ကြောင်းကိုသာ တရားသေသဘောမျိုးဖြင့် ယုံကြည်ကြ သည်။ထိုသို့သောခရစ်ယာန် ယုံကြည်ချက်သည် တဲတော်ကိုဆောက်သည့် အပြာရောင်အထည်ကို ချန်လှပ်ထားပြီး ခရမ်းရောင်၊ အနီရောင်အ ထည်တို့ကိုသာ အသုံးပြုထားသဖြင့် ပညတ်တော်နှင့်ကိုက်ညီမှုမရှိပါ။ သူ တို့သည် မှားယွင်းသော ယုံကြည်ချက်ရှိပြီး အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်အစင်းပါသော ချည်ချောထည်သည် အသုံးမလိုဘဲ အနီရောင်ဆိုး ထားသော သိုးသရေနှင့် ခွေးတူဖျံတူ၏ သားရေကိုသာ အဖုံးအကာအဖြစ် အသုံးပြုရန်လိုသည် ဟုမြင်ကြသည်။
ကမ္ဘာနှင့်အဝှမ်း တဲတော်ကိုအရောင်ချယ်၍ ပုံဖော်ကြည့်သော် အ ပြာရောင်ချည်ထည်ကို အနည်းငယ်သာတွေ့ရလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဤပုံကိုဆေးရောင်ချယ်သောသူများသည် ရေနှင့်ဝိညာဉ်တော်ဧဝံ ဂေလိတရားကို မျက်ကွယ်ပြုကြသဖြင့် တဲတော်ကန့်လန့်ကာကို အရောင် ချယ်သည့်အခါ ခရမ်းရောင်နှင့် အဖြူရောင်များသာ ဖြစ်ကြသည်။သို့သော် လည်း ထိုသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ရှေ့မှောက်တွင် မှန် ကန်မှုမရှိပါ။
တဲတော်ကန့်လန့်ကာအတွက် အထည်ယက်လုပ်သည့်အခါ အသုံး ပြုသောချည်မှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်တို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် တဲတော်၏ကန့်လန့်ကာကိုကြည့်လျှင် ဤအ ရောင်(၄)မျိုးကို ချက်ချင်းတွေ့ရလိမ့်မည်။ အကြောင်းမူကား ကမ္ဘာပေါ်ရှိ လူအများစုသည် သူတို့၏ယုံကြည်ခြင်းထဲတွင် ယေရှု၏ဗတ္တိဇံခံယူသည့်အ ချက်ကို ပယ်ဖျက်ထားကြပြီး အရောင်(၄)မျိုးပါသော ချည်ထည်ဖြင့်တဲ တော်ကို ဆောက်လုပ်ခြင်းမပြုဘဲ အရောင်(၂)မျိုးကိုသာ အသုံးပြုလေ့ရှိ ကြသည်။
ထိုသို့ပြုလုပ်သည့်အပြင် နှုတ်ကပတ်တော်ကို အကန့်အသတ်ဖြင့် သာသိသူများ၊ နှုတ်ကပတ်မသ်ကျိုး ကျွံပြုသောသူများကို လိမ်လည်လှည့် ဖြားနေကြသည်။ သူတို့သည်မှားယွင်းသော ပရောဖက်များဖြစ်ကြသည်။ သခင်ယေရှုက ဂျုံစပါးများထဲတွင် နတ်ဆိုးကမြက်ပင်များကို ရော၍ကျဲ သည် (မသဲ၁၃း၂၅) ဟုဆိုရာတွင် ထိုသို့သောသူတို့ကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် တဲတော်၏ကန့်လန့်ကာကို အပြာရောင်ချည် ဖြင့် အရောင်မချယ်ဘဲထားခဲ့သူများသည် မှားယွင်းသောအယူအဆကို ဖြန့် ပေးသူများဖြစ်သည်။ ထို့ကြောင့်သူတို့သည် ယေရှုကိုယုံကြည်သော်လည်း အပြစ်ထဲတွင်သာရှိနေသေးခြင်း၊ သူတို့၏ယုံကြည်ခြင်းကို ယေရှုအပေါ် တွင် ချထားသော်လည်း ပျက်စီးရာသို့ ချည်နှောင်ခံရခြင်းတို့သည် အပြစ် ကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအခြေခံအုတ်မြစ်ကို ခိုင်မြဲစွာချမှတ် ထားရမည်။ ပညတ်တော်နှင့်မကိုက်ညီသော ယုံကြည်ခြင်း၏ အခြေ ခံအုတ်မြစ်ကို သင်သည်ချထားမည်ဆိုလျှင် ဘာသာတရားယုံကြည်မှု၏ ရှည်လျားသောခရီးစဉ်တွင် မည်သည့်ကောင်းကျိုး ရရှိနိုင်မည်နည်း။ မှား ယွင်းသောယုံကြည်ချက်သည် အခိုက်အတန့်အချိန်မှာပင် တစ်စစီချိုးဖဲ့ လိမ့်မည်။ ကျွန်ုပ်တို့၏အိမ်သည် မည်မျှပင်လှပစွာ ဆောက်ထားစေကာမူ အနာအဆာရှိသော ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် ဆောက် မည်ဆိုလျှင် မည်သည့်ကောင်းကျိုးရရှိမည်နည်း။ သင်သည်မည်မျှပင် ကြိုးစား၍ ဘုရားသခင်ကို အမှုတော်ဆောင်စေကာမူ အနာအဆာရှိသော ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ချထားမည်ဆိုလျှင်သင်သည်တဲပေါ် တွင် အိမ်ဆောက်သူသာဖြစ်ပြီး မိုးရွာ၍လေမုန်းတိုင်းနှင့် လှိုင်းတံပိုးထလာ သောအခါ ထိုအိမ်သည် ချက်ခြင်းပျက်စီးလိမ့်မည်။
ကျောက်ပေါ်တွင်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ချခြင်းဆို သည်မှာအဘယ်နည်း။ မည်မျှပင်တုန်ခါမှုရှိပါစေ သူသည်ပြိုလဲ မည်မ ဟုတ်ပါ။ ဘုရားသခင်က ကျောက်ပေါ်တွင် အိမ်ဆောက်သောသူသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အစင်းပါသည့် ချည်ချောထည် သမ္မာ တရားပေါ်တွင်တည်ထားသည်၊ ဘယ်သောအခါမှ ပြိုလဲမည်မဟုတ်ပါ။ ဤအရာသည် အမှန်ပင်အရေးပါ လျက်ရှိသည်။ ယုံကြည်ခြင်း၏ကျောက် ဆိုသည်မှာ အဘယ်နည်း။ ထိုအရာသည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်အစင်းပါသော ချည်ချောထည် သမ္မာတရားယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် အိမ်ကိုဆောက် သော သူသည် မည်သည့်အခါမှ ပျက်စီးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည်ခိုင်မာသောအခြေခံအုတ်မြစ်ပေါ်တွင် တည် ရှိ၊မရှိဆိုသည်ကို ဆန်းစစ်ဖို့လိုသည်။ သခင်ဘုရားက ကျွန်ုပ်တို့အတွက် လုပ်ဆောင်ခဲ့ပြီးသည့်အရာကို ကျွန်ုပ်တို့သည် အမှန်တကယ် ယုံကြည်စွဲ ကိုင်အထားလျှင် ထိုသို့သော ယုံကြည်ခြင်းသည် မှားယွင်းသော ဘာသာ ရေးခံယူချက်ဖြစ်ပြီး ဘုရားသခင်ကလည်း မနှစ်သက်ပါ။
 
 
အကာရှသား၊ ဆီနှင့်ဟင်းခတ်အမွှေးအကြိုင်များ
 
တဲတော်၏တိုင်များ၊ မီးရှို့ရာယဇ်ပလ္လင်၊ ပျဉ်ပြားများသန့်ရှင်းရာ ဌာနရှိ ပရိဘောဂများအားလုံးကို အကာရှသစ်သားဖြင့် ပြုလုပ်ထားသည်။ ကျမ်းစာထဲတွင် သစ်သားသည်လူကိုပုံဆောင်ထားသည်(တရားသူကြီး ၉း၈-၁၅၊ မာ၈း၂၄)။ ဤနေရာတွင်လည်း သစ်သားသည် ကျွန်ုပ်တို့၏ လူသားများ၏သဘောသဘာ၀ကို ဆိုလိုပြီး အကာရှသစ်သားကို တိုင်များ မီးရှို့ရာယဇ်ပလ္လင်နှင့် တဲတော်တွင် အသုံးပြုရသဖြင့် သူ၏နောက်ထပ်ဆို လိုရင်းမှာ- အကာရှသစ်ပင်၏အမြစ်များသည် မြေကြီးအောက်တွင်တွယ် နေသဖြင့် အပြစ်ကြောင့်ကျွန်ုပ်တို့၏ အခြေခံကျမှုသည်လည်း လူ့အပိုင်း ကမတတ်နိုင်ပါ။ လူသည်မိမိကိုယ်ကို ကောင်းအောင်အလုပ်နိုင်ဘဲ မ ဖြောင့်မတ်သည့်အနေအထားတွင် ဆက်လက်နေ၍ အမြဲအပြစ်ကျူးလွန် ကြသည် ဟူ၍ဖြစ်သတည်း။
တစ်ချိန်တည်းမှာပင် အကာရှသစ်သားသည် သခင်ယေရှု၏ လူ့သ ဘာ၀ကို ဖော်ညွှန်းလိုသည်။ လူ့ဇာတိကိုခံယူ၍ လောကသို့ကြွလာပြီး လောက၏အပြစ်ကို ယူတင်ဆောင်ရွက်ကာ လူသားမျိုးနွယ်စုအားလုံး ကိုယ်စား အပြစ်စီရင်ခြင်းခံခဲ့ရသည်။ သူသည်ဘုရားသခင်ဖြစ်၍ ပဋိညာဉ် သေတ္တာ၊ နံ့သားပေါင်းယဇ်ပလ္လင်၊ တဲတော်၏ ပျဉ်ပြားအားလုံးကို အကာရှ သစ်သားဖြင့် ပြုလုပ်၍ရွှေနှင့်ကွပ်ထားပါသည်။
မီးထွန်းသည့်ဆီ၊ ဘိသိက်ဆီအတွက် ဟင်းခတ်အမွှေးအကြိုင်၊ အမွှေးတိုင်တို့သည် ယေရှုအား ကျွန်ုပ်တို့ဆက်သရသည့် ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းဖြစ်သည်။ ယေရှုသည်သင်နှင့် ကျွန်ုပ်ကိုကယ်တင်ခဲ့သောမေရှိ ယဖြစ်သည်။ ယေရှုဟူသောအမည်၏ အဓိပ္ပါယ်မှာ သူ၏လူတို့ကိုအပြစ်မှ ကယ်ချွတ်မည့်သူဟုရပြီး၊ ခရစ်ဆိုသည်မှာ ဘိသိက်ခံရသူ ဟူ၍ဖြစ်သဖြင့် ပေါင်းစပ်လိုက်သော် ယေရှုသည်ဘုရားသခင်ဖြစ်ပြီး၊ ကျွန်ုပ်တို့အားကယ် တင်ခဲ့သူ၊ ကောင်းကင်နိုင်ငံ၏ယဇ်ပုရောဟိတ်ကြီးဖြစ်သည်။ ဘုရားသခင် ၏အလိုတော်ကို နာခံသောအားဖြင့် သခင်ယေရှုသည် လောကသို့ကြွလာ လျက် လူ့ဇာတိကိုခံယူကာ ဗတ္တိဇံကိုခံယူပြီးကျွန်ုပ်တို့အတွက် လက်ဝါး ကပ်တိုင်တွင် မိမိကိုယ်ကို ယဇ်ကောင်အ ဖြစ်ပူဇော်ခြင်းခံရပြီး ကျွန်ုပ်တို့ ကို ကယ်တင်ခြင်းဆုကိုပေးခဲ့သည်။ ကျွန်ုပ်တို့အား ကယ်တင်ခြင်းဆုကို ပေးခဲ့သူသခင်ယေရှု တာဝန်ယူခဲ့ရသည်။ ယဇ်ပရောဟိတ်ကြီး၏ အခန်း ကဏ္ဍသည် အတင့်တယ်ဆုံး တာဝန်တစ်ရပ်ဖြစ်သည်။
 
 
မဟူရာကြောင်ဝင်ကျောက်နှင့် အခြားသောကျောက်များကို ယဇ်ပုရောဟိတ်၏ အဝတ်အစား၊ ရင်ဖုံးအပေါ်တွင်တပ်ဆင်ခြင်း
 
ယဇ်ပုရောဟိတ်၏ ဝတ်လုံနှင့်ရင်ဖုံးတွင် ကျောက်မြတ်ရတနာ (၁၂)မျိုးတပ်ဆင်ထားပါသည်။ ယဇ်ပုရောဟိတ်အကြီးသည် ရှေးဦးစွာ သင် တိုင်း(အတွင်ခံ)၊ ထို့နောက် အပြာရောင်ဝတ်လုံ၊ ဧဖု(အပြင်ခံ)ဝတ်လုံတို့ကို ဝတ်ဆင်ထားသည်။ ထိုဧဖုအပေါ်တွင် ကျောက်မြတ်ရတနာ(၁၂)မျိုးစီ ထားသောရင်ဖုံးကို ယဇ်ပူဇော်သည့် အခမ်းအနားပြုလုပ်ချိန်တွင်ဝတ်ဆင် ထားရသည်။ ဤအရာက ယဇ်ပုရောဟိတ်အကြီး၏ အခန်းကဏ္ဍသည် ဣ သရေလလူမျိုးကိုသော်လည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးရှိလူသားများကို သူ၏ရင်ခွင်ထဲတွင်ထား၍ ဘုရားသခင်ရှေ့တော်သို့သွား၍ ယဇ်ပူဇော်ခြင်း ဖြစ်သည်။
ကောင်းကင်နိုင်ငံတော်၏ ယဇ်ပုရောဟိတ်ကြီးဖြစ်သော ယေရှု သည်လည်း ကမ္ဘာပေါ်ရှိလူသားအားလုံးကို ရင်ခွင်ထဲထား၍ ဗတ္တိဇံခံခြင်း အားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူဆောင်ဖို့သူ၏အသက်ကို အဆုံး ရှုံးခံ၍ ကျွန်ုပ်တို့ကိုယ်စားယဇ်ပူဇော်ခြင်းကို ပြုခဲ့ပြီး သူ၏လူများကို ခမည်း တော်ထံသို့ ဆက်သခဲ့သည်။ အဖိုးတန်ကျောက်(၁၂)မျိုးသည် ကမ္ဘာပေါ်ရှိ လူအများတကာအပေါင်းတို့ကိုဆိုလို၍ ယဇ်ပုရောဟိတ်ကြီးသည် သခင် ယေရှုကိုဆိုလိုသဖြင့် ယေရှုခရစ်သည် ကမ္ဘာပေါ်ရှိလူမျိုးအားလုံးကို သူ့ရင် ခွင်ထဲသို့ထည့်၍ ကယ်တင်ခဲ့ကြောင်း ဖော်ပြလိုပါသည်။
ဤယဇ်ပူဇော်ခြင်းများကို ပြုလုပ်ရခြင်းသည် ဘုရားသခင်က ဣသရေလလူမျိုးများအား တဲတော်ကိုတည်ဆောက်၍ ယူဆောင်လာစေရ ခြင်းအကြောင်းဖြစ်သည်။ ဘုရားသခင်သည် တဲတော်ကို တည်ဆောက် စေခြင်း၏ ဝိညာဉ်ရေးရာအဓိပ္ပါယ်မှာ ထိုနေရာသ်ည ဘုရားကိုယ်တော် တိုင်ကျိန်းဝပ်မည့်နေရာနှင့် ယဇ်ပူဇော်ရမည့်နေရာဖြစ်သည်။ ဣသရေလ လူမျိုးများသည် ဘုရားသခင်ပေးထားသည့် ပညတ်တော်များကို မစောင့် ရှောက်နိုင်သဖြင့် အပြစ်ထဲတွင်ဆက်လက်၍ ကျင်လည်နေကြသည်။ တဲ တော်ထဲတွင် ယဇ်ပူဇော်ခြင်းအခွင့်ကိုပေး၍ အပြစ်ဖြေလွှတ်ခွင့်တည်းဟူ သောယဇ်ပူဇော်သည့်နည်းစနစ်နှင့်အတူ မောရှေအားဖြင့် ဘုရားသခင် သည် သူတို့အား တဲတော်ကိုတည်ဆောက်စေခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ဤယဇ်ပူဇော်ဖို့ တည်ဆောက်ကြသည့် သူ၏အိမ် တော်တွင် ယဇ်ပူဇော်ခြင်းများကို ခံယူသဖြင့် ဣသရေလလူမျိုးများ၏ စွန်းကွက်နေသောအပြစ်များကို ဖယ်ရှားပေးခြင်းနှင့် သူသည်ယဇ်ပူဇော် ခြင်းလုပ်ထုံး၊ လုပ်နည်းဆိုင်ရာလိုအပ်ချက်အတိုင်း သူတို့အားယဇ်များ ကို ပူဇော်စေခဲ့သည်။ ဤအရာများသည် ဣသရေလလူမျိုးများအကြားတွင် ဘုရားသခင်မည်သို့ ကျိန်းဝပ်ကြောင်း ဖော်ပြချက်ပေတည်း။
သို့ရာတွင် ကမ္ဘာပေါ်ရှိခရစ်ယာန်အတော်များများသည် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသော ချည်ချောထည်များကို ယုံကြည်မှုမရှိကြပါ။ ဘုရားသခင်က ရွှေ၊ငွေနှင့်ကြေးဝါများကို ယူဆောင် လာဖို့ပြောသည့်အခါ ဤယဇ်ပူဇော်ခြင်းဆိုင်ရာ သမ္မာတရားကို အဘယ် ကြောင့် အယုံအကြည်မရှိကြသနည်း။
ကျွန်ုပ်တို့အားလုံးအပြစ်ကြောင့် ငရဲသွားဖို့ချည်နှောင်ခြင်း ခံရသူ များမဟုတ်ပါလား။ ယနေ့ခရစ်ယာန်များသည်လည်း မိမိကိုယ်မိမိ ငရဲသွား ဖို့ချည်နှောင်ခြင်းခံရသူများဖြစ်သည်ကိုမခံယူခဲ့သော် အခြားဘာသာတရား များကဲ့သို့ ဖြစ်မည်ကို သင်ယုံကြည် ပါသလား။ ထိုသို့ယုံကြည်မှုမရှိခဲ့သော် သင်သည်လည်းနောင်တရ၍ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသောချည်ချောထည်များထံသို့ ပြန်လာပါ။ ဘုရားသခင်၏တင်း ကျပ်လှသော ပညတ်တော်များကြောင့် သူ၏ရှေ့တွင်သင်သည် အပြစ်များ လှ သူတစ်ဦးဖြစ်၍ ထိုအပြစ်များကြောင့် ငရဲသွားရမည့်သူဖြစ်သဖြင့် သင် ရေနှင့်ဝိညာဉ် ဧဝံဂေလိတရားကို ယုံကြည်ရမည်။
ယခုသင်သည်ငရဲသို့သွားရမည့်သူတစ်ဦးဖြစ်စေကာမူ ကျွန်ုပ်တို့၏ သခင်သည် မေရှိယအဖြစ်လောကသို့ကြွလာပြီး ဗတ္တိဇံခံခြင်းအားဖြင့် သင် ၏အပြစ်များအားလုံးကို ယူဆောင်သွားကာ လက်ဝါးကပ်တိုင်သို့ သယ် ဆောင်လျက်အသွေးတော်သွန်းလောင်းခဲ့သဖြင့် ကျွန်ုပ်တို့ကိုယ်စား အပြစ် နှင့်ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကာကယ်တင်ခဲ့သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ဖြင့် ထင်ရှားခဲ့သည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရား မယုံဘဲ ကျွန်ုပ်တို့ယုံကြည်ခြင်း အခြေခံအုတ်မြစ်ကို အပြည့်အဝမချနိုင်ပါ။
 
 
ကျွန်ုပ်တို့ယုံကြည်ခြင်းနှင့် အခြေခံအုတ်မြစ်ကို စဉ်းစားရမည်
 
ဘုရားသခင်က အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ယုံကြည် ခြင်းရှိရန် ပြောထားသဖြင့် မိမိကိုယ်ကိုမေးရမည့် မေးခွန်းမှာ ကျွန်ုပ်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ခြင်းရှိသလား (သို့မဟုတ်) အပြာရောင်ကို ချန်လှပ်ထားပြီး ခရမ်းရောင်၊ အနီရောင် သမ္မာ တရားကိုသာ ယုံကြည်သလားဟူ၍ ဖြစ်သတည်း။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုပြန်ကြည့်ပြီး ကျွန်ုပ်တို့ခံတွင်းတွေ့ သော ထိုမှားယွင်းသည့် ယုံကြည်ချက်အတွင်း ရှိသော ဘုရားကိုသာယူသ လား၊ မယူသလားဆိုသည့် အချက်ကိုမြင်နိုင်ရမည်။ ဘုရားသခင်က အပြာရောင်၊ခရမ်းရောင်၊အနီရောင်အပ်ချည် ကြိုးကို ယူလာခိုင်းသည့် အခါ ကျွန်ုပ်တို့ကအမဲရောင်နိုင်လွန်ချည်ကိုသာ ယူလာကြသလား။ “ဘုရားသ ခင်ကိုယ်တော်ယူလာခိုင်းတဲ့ အပ်ချည်ကြိုးတွေဟာ တဲတော်ဆောက်သည့် နေရာမှာ အသုံးမဝင်ပါဘူး။ မိုးရေနှင့်ထိလျှင်ဆွေးကုန်မည်။ အဲဒါတွေကို ရှာပြီး ယူလာရတဲ့အလုပ်ဟာ သိပ်ပင်ပန်းတာဘဲ။အဲဒါတွေအစား နိုင် လွန်ချည်ကိုသုံးပါ။ဒီချည်ဟာကိုယ်တော်ကောင်းမွန်စွာ ထိန်းသိမ်းရင် အ နှစ်(၅၀) (သို့မဟုတ်) အနှစ်(၁၀၀) အထိတောင်ခံနိုင်တယ်။ မြေကြီး ထဲမြုပ်နှံထားရင်တောင်အနှစ်(၂၀၀)လောက် အာမခံတယ်။ ဘယ်လောက် အံ့ဩစရာကောင်းသလဲ။”
ဤသို့ပင် ဘုရားသခင်ကို ကျွန်ုပ်တို့ပြောဆိုနေကြသလား။ ကျွန်ုပ် တို့သည် မိမိကိုယ်ကိုကောင်းစွာကြည့်ရှုပြီး ဘုရားသခင်ကို အယူသည်း သော ယုံကြည်ခြင်းနှင့် မိမိကိုယ်မိမိ လွန်ကဲစွာအထင်ကြီးမှု ရှိမရှိမြင်နိုင်ရ မည်။ ထိုသို့သောယုံကြည်ခြင်းရှိခဲ့သော ယခုပင် ကျွန်ုပ်တို့သည် နောင်တ ရမည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် နောက်ပြန်လှည့်ရမည်။
ကျွန်ုပ်တို့အထဲတွင် ကောင်းသောခရစ်ယာန်များစွာ ရှိသော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် သူတို့၏အသိတရားနှင့် ယုံကြည်ချက်သည် မှားယွင်းလျက်ရှိသည်။
 
 
နားမလည်နိုင်သော ဝိညာဉ်ရေးရာ လျှို့ဝှက်ချက်ယုံကြည်မှုသည် ယနေ့ခရစ်ယာန်လောကကို စိုးမိုးလျက်ရှိခြင်း
 
နားမလည်နိုင်သော ဝိညာဉ်ရေးရာ လျှို့ဝှက်ချက်ကို သာမန်ခရစ် ယာန်အများစုက ယုံကြည်နေကြပါသည်။ သူတို့သည် ဘုရားသခင်၏ နှုတ် ကပတ်တော်က အမှန်တကယ်ဘာကိုပြောသလဲဆိုသည့် အချက်ကိုမခံယူ လိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မေရှိယကပေးထားသည့် သမ္မာတရားကိုမသိဘဲ သူတို့၏စိတ်ဆန္ဒ၊ စိတ်ခံစားချက်အတိုင်း ပုံဖော် သည်။သခင်ဘုရား နောက်ကိုသာ လိုက်သောသူများဖြစ်သည်။ သူတို့သည် ထိုသို့သောခံစားချက်များသာ အမှန်ဖြစ်သည်ဟု ယူဆကြသည်။ အ ဘယ်ကြောင့်ဆိုသော် သူတို့သည်စိတ်ခံစားချက်၊ စိတ်ဆန္ဒနောက်သို့ လိုက်၍ဘုရားသခင်ထံစိတ်အားထက်သန်စွာဆုတောင်းကြသော်လည်းစစ် မှန်သောဘုရားသခင်ကို ယုံကြည်ခြင်းကို ဝေဖန်ပိုင်းခြားတတ်ခြင်းမရှိပါ။
ထိုသို့ မိမိစိတ်ခံစားချက်၊ လှုပ်ရှားမှုနောက်သို့လိုက်၍ ကိုယ်ပိုင် အတွေးအခေါ်ဖြင့် ညီသောဘုရားကို ယုံကြည်ခြင်းမှ နားမလည်နိုင်သော ဝိညာဉ်ရေးရာ လျှို့ဝှက်ချက် ယုံကြည်မှုထွက်ပေါ်လာသည်။ သူတို့က ဘုရားသခင်ကို ယုံကြည်ပါသည်ဟု ဆိုကာ အစာရှောင်ခြင်း၊ချီးမွမ်းခြင်း၊ ယုံကြည်ခြင်း၊အာရုံဦးဆုတောင်းခြင်း၊ဆုတောင်းတောင်းတတ်ခြင်း၊ အပြစ် ကျူးလွန်ခြင်း၊ နောင်တစိတ်ဖြင့်ဆုတောင်းခြင်း စသည့်အမှုများကိုပြုသော အခါတွင်ပင် သူတို့သည် နားမလည်နိုင်သော ဝိညာဉ်ရေးရာ လျှို့ဝှက် ချက်ကို ယုံကြည်သူများဖြစ်သည်။ တစ်နည်းအားဖြင့် တစ်စုံတစ်ယောက် ၏စိတ်ခံစားချက်ကို ဆုပ်ကိုင်၍နေ့စဉ် အသက်တာတွင် အသက်ရှင်နေသူ သည် မေရှိယပြောခဲ့သည့် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်မဟုတ်ပါ။
ယနေ့ခရစ်ယာန်၏ ၉၉.၉ ရာခိုင်နှုန်းသည် ဤဝိညာဉ်ရေးရာ လျှို့ဝှက်ချက်ကို ယုံကြည်သူများဖြစ်သည်။ တစ်နည်းအားဖြင့် ကနဦး ခရစ်ယာန်ယုံကြည်သူများမှလွဲ၍ ခရစ်ယာန်လောကတစ်ခုလုံးသည် ဤ ဝိညာဉ်ရေးရာ လျှို့ဝှက်ချက်ကို ယုံကြည်နေကြသူများဖြစ်သည်။ သူတို့ တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်မရှိဘဲ သူတို့၏စိတ်ခံစားချက်ကိုသာ ယုံကြည်ချက်ဟုထင်၍ လှည့်စားခြင်းခံစား ရသည်။ သူတို့ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းများကို ပြုလုပ်နေစဉ် ဘုရား သခင်နှင့်တွေ့ခဲ့ကြောင်း “ဘယ်လောက်အံ့ဩစရာကောင်းသလဲ}} စသည့် ဖြင့် ပြောလေ့ရှိကြသည်။
သူတို့က “ကျွန်တော်တို့ ချီးမွမ်းဖို့စုဝေးကြပြီး၊ အားလုံးလက် မြှောက်တယ်။ အတူတကွအပြစ်ဝန်ချကြတယ်၊ ကျွန်တော်တို့ လက်ဝါး ကပ်တိာင်ကိုထမ်းပြီး ဝတ်ပြုကိုးကွယ်တဲ့အခါ စိတ်ထဲမှာမီးလိုလောင်ကျွန်း ပြီးခရစ်တော်ကို ပိုချစ်လာနိုင်တယ်။ ခရစ်တော် အသွေးတော်သွန်းခဲ့တဲ့အ တွက် စိတ်ထဲကပိုပြီး ကျေးဇူးတင်မိတယ်။ ကျွန်တော်၏ အပြစ်တွေကို သခင်ဘုရားက ဆေးကြောခဲ့တယ်။ အဲဒီအတွက် အသွေးတော်သွန်း လောင်းခဲ့တာတွေကို ပိုပြီးသဘော ပေါက်လာတယ်။ တစ်အားယုံကြည် လာတယ်။ ဒီအတွေ့အကြုံကို အထူးကျေနပ်မိတယ်” ဟုပြောကြသည်။ သို့သော် သူတို့၏စိတ်ခံစားမှု ကျဆင်းသော နေ့တစ်နေ့တွင် “ကျွန်တော် ခံစားချက်အားလုံး ခန်းခြောက်သွားပြီ၊ ကျွန်တော်စိတ်ထဲမှာ အပြစ်တွေ ပြည့်နေတယ်”ဟုဆိုပြန်သည်။ ဤသို့သော် ယုံကြည်ချက်မျိုးသည် ဝိညာဉ် ရေးရာ လျှို့ဝှက်ဆန်းကြယ်သော ယုံကြည်ချက်မှလွဲ၍ အခြားမဖြစ်နိုင်ပါ။
ဂိုဏ်းကဏ္ဍ၊ အသင်းတော်နှင့်မဆိုင်ဘဲ ခရစ်ယာန်တိုင်းအတွက်အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်ရှိဖို့ လိုအပ်သည်။ ဤအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်မရှိသော သူအားလုံးသည် ဝိညာဉ်ရေးရာလျှို့ဝှက်ယုံကြည်သူ၊ အယူသီးသူများဖြစ် သည်။ သူတို့ကဘုရားသခင်ကို ချက်မှလွဲ၍ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်ချည်ထည် ယုံကြည်ချက်ကိုမပေးဘဲ နိုင်လွန်ချည်ထည် ယုံကြည် ချက်ကိုသာ ပေးကြသည်။ တစ်နည်းအားဖြင့်သူတို့က ဘုရားသခင် မကြည့် လိုသောဝိညာဉ်ရေးရာ လျှို့ဝှက်ဆန်း ကြယ်သော ယုံကြည်ချက်များကို သာ ယူဆောင်လာကြသည်။
ဆိပ်ကမ်းတွင် မော်တော်ဘုတ်ကို ချည်ထားသည့် ကြိုးကြီးများကို သင်တွေ့ဖူးပါသလား။ ဝိညာဉ်ရေးရာ လျှို့ဝှက် ဆန်းကြယ်သော ယုံကြည် ချက် ဤသို့သောဘုရားများကို ပေးအပ်လိမ့်မည်။ ကျွန်ုပ်တို့၏သခင်ဘု ရားက အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အစင်းပါသောချည်ထည် များကို ယူဆောင်လာခိုင်းသည့်အခါ ဤသို့သောကြိုးကြီးများကို ယူဆောင် လျက် “ကိုယ်တော် ဤယုံကြည်ချက်ကို လက်ခံတော်မူပါ” ဟုဆိုလေ့ ရှိ ကြသည်။ အချို့သောသူများက သင်္ဘောကြီးများကို ချည်သည့် သံချိန်း ကြိုးကို ယူဆောင်လာကြသည်။ သူတို့က သံချိန်းကြိုးကြီးများကို သခင်ဘု ရား၏ခြေတော်ရင်းသို့ယူဆောင်လာပြီး လက်ခံပေးဖို့ တောင်းဆိုကြသည်။
သို့သော် သခင်ဘုရားက ကျွန်ုပ်တို့အား အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်များကို ယူဆောင်လာခိုင်းပါသည်။ သံကြိုးများကို ယူမလာခိုင်းပါ။အချို့တို့က သူတို့စိတ်ထင်ဖြင့် သာ၍ကောင်းမည်ဟုအရာ များ (သို့မဟုတ်)သာ၍လွယ်ကူ သောအရာများကို ယူဆောင်လာလေ့ရှိကြ သည်။ သူတို့ကသံကြိုး၊ နိုင်လွန်ကြိုး၊ နိုင်လွန်ချည်၊ အာဒီလွတ်ပင်မှ ဖြစ်သော ကြိုးများကို ဘုရားသခင်ထံ ယူဆောင်လာကြသောအချိန်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ကြိုးကိုသာ ဘုရားသခင်လက် ခံကြောင်းတွေ့ရသည်။ ဘုရားသခင်က အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်ယုံကြည်ချက်ကိုသာ လက်ခံဖို့ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ကျွန်ုပ် တို့သည်လည်း အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ကြိုးကိုသာ ဘုရားသခင်ထံသို့ ယူဆောင်သွားရမည်။
 
 
မေရှိယက မည်သည့်အလှူကိုမှလက်မခံပါ
 
ဘုရားသခင်သည် ဣသရေလလူမျိုးများအား ရွှေ ၊ငွေ၊ ကြေးဝါ၊ ကျောက်မြတ်ရတနာ (၁၂)မျိုးကို ယဇ်ပုရောဟိတ်၏အပေါ် ဝတ်လုံ၊ရင် အုပ်တန်ဆာတွင် တပ်ဆင်ဖို့ရန်ယူလာဖို့ မိန့်မှာခဲ့ပါသည်။ အချို့တို့က သံ(သို့မဟုတ်)ကြေးနီကို ဘုရားသခင်ထံ ယူဆောင်လာခဲ့ကြပါသည်။၊ သခင်ယေရှုသည် အမျိုးစုံထည့်၍ ရရှိနိုင်သည့်အမှိုက်ပုံဖြစ်သောကြောင့် သူသည်ထိုအရာအားလုံးကို လက်ခံရမည်လား။ မရနိုင်ပါ။
ယေရှုသည် အမှိုက်သရိုက်ကို လက်ခံသောသူမဟုတ်ပါ။ သူသည် အသုံးမလိုတော့သည့် စွန့်ပစ်ပစ္စည်းများထည့်စရာ အမှိုက်ပုံးမဟုတ်ပါ။ သူ သည်အပြစ်ဖြေလွှတ်ခြင်းတည်းဟူသော အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်ကရုဏာတရားကိုပေးလိုသော မေရှိယနှင့်သူ၏ စစ်မှန်သော မေတ္တာ ကိုပေးလိုသောသူဖြစ်သည်။ ထို့ကြောင့် ယေရှုကိုမေတ္တာဘုရင်ဟုခေါ် သည်။ ကျွန်ုပ်တို့၏သိုးထိန်းသည်မေတ္တာဘုရင်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏စစ်မှန်သော မေရှိယဖြစ်သည်။ သူကိုယ်တိုင် သတ်မှတ်ထား သည့် စရိုက်လက္ခဏာနှင့်ပြည်စုံသော ယုံကြည်ချက်တည်းဟူသော ကျွန်ုပ် တို့ထံမှ သူပြန်လိုချင်သည့် ယုံကြည်မျိုးကို မေရှိယကမှတ်ပေးထား ခဲ့ သည်။ ဤယုံကြည်ချက်ဖြင့် ဘုရားသခင်၏ရှေ့တော်သို့ ကျွန်ုပ်တို့သွားမှ သာ သူကတိခံထားသောအရာကို ပေးလိမ့်မည်။
သူတို့၏ လွဲမှားသောအသိတရားကို အခြေခံ၍ မေရှိယေကိုယုံ ကြည်သူတို့အနက် အချို့တို့သည် အလွန်ခေါင်းမာလျက်ရှိကြောင်း စာ အားဖြင့်ရေး၍မကုန်နိုင်ပါ။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဖါ ရောဘုရာပုန်ကန်ဆန့်ကျင်သကဲ့သို့ ဆိုးသွမ်းမိုက်ရိုင်းသူများဖြစ်ကြသည်။ မောရှေက“ဘုရားသခင်နဲ့ငါတွေ့ခဲ့ပြီ၊သူ့လူတွေကိုလွှတ်ပေးပါ”ဟုတောင်း ဆိုရာ၊ ဖါရောဘုရင်က“ဘုရားသခင်ဟာ ဘယ်သူလဲ” ဟုပြန်မေးခဲ့ပါသည်။
ဘုရားသခင်တည်ရှိကြောင်း သူ့ကိုရှင်းပြသည့်အခါ၊ သူ၏ဆုံးမရ ခက်ခြင်း၏ ဆိုးကျိုးတန်ဖိုးကို တွက်ချက်ပြီး အမြန်ဆုံး လက်မြှောက်အရှုံး ပေးပြီးကိုယ်တော်ထံ အညံ့ခံသင့်သည်။ သူသည်ယုံကြည်မှုမရှိသော ကြောင့်ဆက်လက်၍ခေါင်းမာနေမည်ဆိုလျှင် လည်း ဘေး’ဏ်(၂)ပါးခန့်ကျ ရောက်ပြီးအနည်းငယ်အချိန်ယူ၍ စဉ်းစားကြည့်မည်ဆိုလျှင် လက်မြှောက် လိမ့်မည်။ နိုင်ငံတော်တစ်ဝှမ်းလုံးတွင် ဖါးများဖုံးအုပ်သော်လည်း ဘုရားသ ခင်၏ နှုတ်ကပတ်တော်ကို နာခံမှုမရှိနိုင်လောက်အောင် ခေါင်းမာနေသည့် ဖါရောဘုရင်သည် ဘယ်လောက်မိုက်မဲပြီး ဘယ်လောက်များသနားစရာ ကောင်းသလဲ။
ဖားများသာမက ခြင်ကောင်များသည် ဖါရောဘုရင်၏နန်းတော်သို့ ရောက်လာကြသည်။ အဲဂုတ္တုနိုင်ငံအနှံ့အပြားတွင် ခြင်ကောင်များပြားစွာ ကျရောက်သော်လည်း ဖါရောဘုရင်ကလက်မလျှော့ခဲ့သေးပါ။ နေရာအနှံ့ အပြားတွင် ထိုသို့ခြင်ကောင်များစွာ ကျရောက်သောအခါ တစ်စုံတစ် ယောက်အနေဖြင့် ဆက်လက်အသက်ရှင်ရမည်နည်း။ ဤသို့သော အ ခြေအနေတွင် သူနားလည်ထား ရမည့်အချက်မှာ “ဘုရားသခင်ကစစ်မှန် သောရှင်ဘုရင်ဘယ်သူလဲဆိုတာ ပြပေးခဲ့ပေမယ့် ကျွန်ုပ်နာခံမှုမရှိခဲ့ဘူး။” ကျွန်တော့်ရဲ့အင်ပါယာထဲမှာ ကျွန်ုပ်တော်က ရှင်ဘုရင်တစ်ပါးဖြစ် သူနဲ့ ကျတော့ဘာမှမဟုတ်တော့ဘူး။ ကမ္ဘာ့အကြီးဆုံးနိုင်ငံရဲ့ ရှင်တစ်ပါး ဖြစ်တဲ့ ကျွန်တော်ဟာ တန်ခိုးအာဏာအရှိဆုံးဖြစ်ပေမယ့် ဘုရားသခင်ကသာ၍ ကြီးမြတ်တဲ့အတွက် နာခံမှုမရှိတဲ့ကျွန်တော်ကို ဘေးဒဏ်များနဲ့ ဒဏ်ခတ် လိုက်တယ်” လို့ သူဟာလက်မြှောက်အရှုံးပေးသင့်တယ်။
သူရဲ့ဆန့်ကျင်ပုန်ကန်မှုကြောင့် ဆိုးကျိုးများကိုသူကိုယ်တိုင် တွေ့ မြင်ပြီးတဲ့နောက် အမြန်ဆုံးလက်မြှောက်အရှုံး ပေးခြင်းဟာ ဖါရောဘုရင် အတွက် လိမ္မာပါးနပ်ရာရောက်ပါသည်။ ဖါရောဘုရင်မည်မျှပင် တန်ခိုးကြီး စေကာမူ နောက်ဆုံးအနေဖြင့် နိဂုံးချုပ်မည်ဆိုလျှင် ဘုရားသခင်ကို ဆန့် ကျင်မည့်နည်းလမ်းမရှိသဖြင့် အမြန်ဆုံးလက်မြှောက်အရှုံးပေးလျက် “ဘု ရားသခင်ကိုယ်တော်က နံပါတ်(၁)နေရာကိုယူပါ၊ ကျွန်တော်နံပါတ်(၂) နေရာကို ယူမယ်”ဟုပြောရမည်။ သို့သော်ဖါရောဘုရင်က ထိုသို့အညံ့မ ခံလိုတဲ့အတွက် သူရဲ့တိုင်းသူပြည်သားများဟာ ခြင်ကောင်ဘေးဒဏ်သင့် ခဲ့ကြတယ်။
ဤဘေးဒဏ်ကြောင့်အဲဂုတ္တုလူတို့ဟာဘာမှမလုပ်နိုင်ကြတော့ပါ။ တစ်ဦးချင်းအနေနဲ့ခြင်ကောင်တွေကြောင့် နာကျင်မှုကို ခံရတဲ့အပြင် ဤ ဘေးဒဏ်ကိုရပ်တန့်စေဖို့ မတတ်နိုင်ကြဘူး။ သနားစရာကောင်းသည့်အဲ ဂုတ္တုလူတို့ကိုကြည့်မည်ဆိုရင်ခြင်တွေကို ကာကွယ်ဖို့ ခြင်ဆေးခွေတွေ ထွန်းကြ၊နောက်ဆုံးအိမ်တွေကို မီးရှိုကြပြုလုပ်ပေမယ့် ခြင်ကောင်တွေဟာ သာ၍ပွားများလာခဲ့ပြီး ကျေးရွာတွေကို ပြည့်နှက်စေခဲ့ကြသည်။
လူတတ်နိုင်သော အမှုများရှိသကဲ့သို့ လူမတတ်နိုင်သော အမှုများ လည်းရှိသည်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရားဖြစ်သဖြင့်လူတို့၏သေခြင်း၊အသက်ရှင်ခြင်း၊ ပျော်ရွှင်မှု၊ ကြေကွဲခြင်း၊ ကောင်းကြီးမင်္ဂလာများ အပေါ်တာဝန်ယူထားပါသည်။ ဤ သို့ ဖြစ်ပျက်လာသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆန့်ကျင်၍ မိမိကိုယ်ကိုမိမိယုံကြည်ကိုးစားရမည့်အစား ကျွန်ုပ်တို့သည် အကျိုးအ ကြောင်းဆီလျှော်မှုဖြင့် ဆင်ခြင်ကြည့်ပြီး နိဂုံးချုပ်လိုက်သော် ခေါင်းမာခြင်း ကို စွန့်လွှတ်ရမည်။ ကျွန်ုပ်တို့အထဲတွင်ပင် တစ်ခြားသူများကို အနိုင်ယူဖို့ တစ်စုံတစ်ဦး၏နည်းလမ်းကို စွဲကိုင်သူရှိန်ိုင်သဖြင့် မေရှယနှင့် ဆက်ဆံသ ည့်အခါ တာရှည်စွာသွားနိုင်မည်မဟုတ်ပါ။
ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်တို့သည် မည်သို့သောပုဂ္ဂိုလ် ဖြစ်သည်ကို စဉ်းစားရမည်။ ကျွန်ုပ်တို့အထူးတ လေစဉ်းစားရမည့် အချက် မှာကျွန်ုပ်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သလား(သို့) ကျွန်ုပ်တို့စိတ်နှ လုံးသည် နူးညံ့သိမ်မွေ့ခြင်း၊ ညှာတာမှုရှိသလားဆိုသည့် အချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် တိကျမှုရှိသည့်နိဂုံးအနေဖြင့် ဘုရားသခင်၏ရှေ့မှောက် တွင်၏အောက်ကျို့နေသောကြောင့် ၎င်း၏အကျိုးဆက်များကို ခံစားရ သည့်အချိန်တွင် ဘုရားသခင်၏ရှေ့မှောက်တွင် အောက်ကျို့ခံရမည်။
“ဘုရားသခင်၊ ကျွန်တော်မှားသွားပြီ”ဟု မိမိကိုယ်ကို ဝဋ်ခံသော သူသည် မှန်ကန်သောလမ်းကိုရွေးချယ်သောသူ ဖြစ်သည်။ ထိုသို့ ဝဋ်ခံ သောသူများသည် အမင်္ဂလာခံရသောအသက်တာမှ ကယ်တင်ခြင်းခံ ရသောသူများဖြစ်သည်။ မိမိအပြစ်ကို စွန့်လွှတ်ပြီး မိမိလမ်းခရီးကို ဘုရား သခင်လက်တော်ထဲသို့ အပ်နှံသောသူ၊ သက်စမ်းရေကို သောက်သောသူ သည်ရေနှင့်ဝိညာဉ်အားဖြင့် အသစ်တဖန်မွေးဖွားသောသူဖြစ်သည်။ လော ကသဲကန္တာရထဲတွင် အသီးအပွင့်မရှိသောဘ၀၊ ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် သွေ့ခြောက်သောမြေတွင် လေထဲ၌ လွင့်မျောနေသည့်ဘ၀မှ မြေမှုန့်သို့ ပြန်သွားရမည့်သူထံမှ မည်သည့်အရာကို မျှော်လင့်ရမည်နည်း။
မြေကြီးထဲသို့ ပြန်သွားရမည့်သူနှင့် ငရဲမီးအိုင်ထဲသို့ ပစ်ချခံရမည့် သူအတွက် ကယ်တင်ခြင်းရနိုင်သည့်တစ်ခု တည်းသောလမ်းမှာ ရေနှင့်ဝိ ညာဉ်တော် ဧဝံဂေလိတရားတည်းဟူသော အပြစ်ဖြေလွှတ်ခွင့်ရရှိခြင်း တရားကို ယုံကြည်ခြင်းသာဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သဖြင့် ထာ ၀ရပျက်စီးရာသို့ရောက်ဖို့ရာ တားခြင်းခံရသောသူဖြစ်သည့် မျှော်လင့် ချက် ကင်းမဲ့ပြီးထင်၍ခိုင်းသောဘ၀တွင် အသက်ရှင်နေသူသည် သူ၏ကယ်တင် ခြင်းမေတ္တာတရား၊ ကရုဏာမေတ္တတရားဖြင့် ဘုရားသခင်၏ရှေ့မှောက် တွင် သူသည် ဤတရားကြောင့် အပြစ်မှ အံဩဖွယ်ရာ ပြန်လည်လန်းဆန်း လာသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ဝတ်ဆင်ရမည်။
သေတတ်သောလူသည် ဘုရားသခင်ကိုအဘယ်သို့ စိန်ခေါ်နိုင် မည်နည်း။ဘုရားသခင်ထိုသို့သောယဇ်၊ဤသို့သော ယဇ်များကို ယူလာခိုင်း လျှင် သူ၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့က နာခံရမည်။ အဓိကကျသော အထက်ပါစာပိုဒ်ကိုကြည့်မည်ဆိုလျှင်ကျွန်ုပ်တို့အနေဖြင့် မည်သည့်ယဇ်ကို ယူဆောင်လာရမည့်အရာကို အားလုံးနားလည်ပြီး “အား၊ ဒီအရာဟာ ဘု ရားသခင်ယူဆောင်လာခိုင်းတဲ့ ယုံကြည်ခြင်းအမျိုးအစားပါလား” ဟု ပြော ဆိုနိုင်ကြမည်။
ယဇ်ပုရောဟိတ်၏ ရင်ဖုံးတန်ဆာထဲတွင် အဖိုးတန်ကျောက်(၁၂) မျိုးတပ်ဆင်ပေးရပါသည်။ ရင်ဖုံးတန်ဆာတည်း ဟူသောတရားစီရင်ခြင်း အောက်တွင် ဥရိမ်နှင့်သုမိမ်တည်းဟူသောအလင်းနှင့် ပြည့်စုံခြင်းကို တား ခြင်းအားဖြင့်ယဇ်ပုရောဟိတ်သည်ဣသရေလလူမျိုးများအပေါ်တွင် ဖြောင့် မတ်စွာတရားစီရင်နိုင်လိမ့်မည်။
ဤအရာက ဘုရားသခင်၏ကျွန်များသာလျှင် ယုံကြည်သူ၊ သူတို့ ၏ဝိညာဉ်သားသမီးများအပေါ် ဝိညာဉ်တော်၏ အလင်းအားဖြင့် တည်နေ ခြင်း၊နှုတ်ကပတ်တော်၌တည်နေခြင်းအားဖြင့်ဖြောင့်မတ်မှန်ကန်စွာ တရား စီရင်နိုင်ပြီး အခြားသူများက ထိုသို့တတ်နိုင်ကြောင်း ဆိုလိုသည်။
ယခုဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့သဘောပေါက်ထား ရမည့်အချက်မှာ- အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်သည်သာ စစ်မှန်သောသမ္မာတရားနှင့် ကယ်တင်ခြင်းဖြစ်သည်ဟူသော အကြောင်း ပင်ဖြစ်သည်။ ဤအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်ကသာ စစ်မှန်သောကယ်တင်ခြင်းဖြစ်ပြီး၊ အသက်ကို ပြန်သွင်းပေးနိုင်သဖြင့် ဤ အရာမှသွေဖယ်မည်ဆိုလျှင် ကျွန်ုပ်တို့ကယ်တင်ခြင်း ရမည်မဟုတ်ပါ။ ဤ အရာအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် အခြေခံ၍ မှန် ကန်တိကျမှုရှိသည်။တဲတော်အတွက် အသုံးပြုထားသော ပစ္စည်းအားလုံး သည် လူတို့ကိုအပြစ်မှ ကယ်တင်ခြင်းနှင့် ဆက်စပ်မှုရှိသည်။
 
 

လူတို့သည် မိုက်မဲသောသူများဖြစ်သဖြင့် ခေါင်းမာလျက် ယုံကြည်ဖို့ငြင်းဆန်နေလျက်ရှိကြသည်

 
သူတို့သည် မည်သည့်အခါမှ ကယ်တင်ခြင်းရနိုင်မည်မဟုတ်ပါ။ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်တို့၏မိုက်မဲခြင်းကို စွန့်ပစ်ရမည်။ ကျွန်ုပ်တို့၏နှလုံးသားများကို ဖွင့်လှစ်ထားရမည်။ ကျွန်ုပ်တို့သည် ကိုယ် တိုင်စဉ်းစားတွေးခေါ်မှု၊ ခေါင်းမာခြင်းများကို ဘုရားသခင်ရှေ့တွင် ချထား ပြီး၊ သူ၏နှုတ်ကပတ်တော်ကို နာခံခြင်း၊ နှလုံးသားများကို အပ်နှံခြင်းများ ဖြင့်အစားထိုးရမည်။ကျွန်ုပ်တို့အနေဖြင့်ဆိုဆုံးမရခက်သောလမ်းသို့လိုက်၍ ဘုရားသခင်အားပုန်ကန်ခြင်း၊ မည်သည့်အခါမျှမလုပ်သင့်ပါ။ ကျွန်ုပ်တို့ သည် ခရစ်ယာန်များဖြစ်ကြသော်လည်း တစ်ခြားသူများအပေါ်တွင် ထိုသို့ သောအမှုကို ပြုကောင်းပြုနိုင်ကြသော်လည်း ဘုရားသခင်၏ရှေ့တွင် လုံး ၀မရပါ။ မိုက်မဲသောသူများသာ ဘုရားသခင်၏ရှေ့မှောက်တွင် မျက်နှာကို ဖုံးအုပ်ပြီး ဘုရားသခင်ပြောသမျှ အားလုံးမှန်ကန်ကြောင်းအသိအမှတ်ပြု၍ ပြည့်စုံစေရမည်။
ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုး စားခြင်းဖြစ်သဖြင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှုတ်ကပတ်တော် အပေါ်ကျွန်ုပ်တို့သည် ယုံကြည်ကိုစားရမည်။ ဘုရားသခင်၏ခြေတော်ရင်း သို့ တိုးဝင်ချဉ်းကပ်ပြီး ကျွန်ုပ်တို့၏စိုးရိမ်ပူပန်ခြင်းများကို ဝန်ချတောင်းပန် လျက်သူ့ထံမှ အကူအညီတောင်းလျှင် ဧကန်မုချ အဖြေရရှိလိမ့်မည်။ ထို့ နောက် ကျွန်ုပ်တို့အတွက် သူပြုပေးသော အမှုများအတွက် ကျေးဇူးတော် ချီးမွမ်းရမည်။ ဤအမူအရာများသည် ယုံကြည်ခြင်း၏ အကြောင်းတရား ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြာရေင်၊ ခရမ်းရောင်၊ အနီရောင်ချဉ်ထည် များယူသွားရမည့် အာစားငါးမျှားချိတ်ကြိုး (သို့) သံချိန်းကြိုးများ ဘုရား သခင်ထံသို့ ယူသွားမည်ဆိုလျှင် ဖြစ်နိုင်ချေမရှိသူများ၊ မိုက်မဲသူများဖြစ် မည်မဟုတ်ပါလား။ အသုံးမတည့်သောကြိုးများကို ဘုရားသခင်ထံသို့ ယူ ဆောင်လာပြီး၊ “ဒီဟာ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းပဲ၊ ဒီဟာ ကျွန်တော် သီး သန့်စွာ ယုံကြည်ရမည့်အချက်ပါ။ ဒီအရာဟာ ကျွန်တော်သီးသန့်လုံခြုံစွာ ထိမ်းသိမ်းထားရမည့် ယုံကြည်ခြင်း” ဟု ပြောမည်ဆိုလျှင် ထိုအရာသည် ယုံကြည်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ မိုက် မဲမှုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်အနေဖြင့် မေရှိယထံသို့ ခေါင်းမာမှုကို ဆက်သ ပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ရှေ့တွင် တစ်စုံတစ်ယောက်က ဘုရားသခင်၏ရှေ့တွင် မိမိကိုယ်ကို အသိအမှတ်ပြုခံရသည်။ ဘုရားသခင် ကျွန်ုပ်တို့အတွက်ဆုံးဖြတ်ခံရသည်။ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ဆုံး ဖြတ်သည့်အတိုင်းပြောပြီး၊ ထိုပြောဆိုမှုအတိုင်း ကျွန်ုပ်တို့ အသိအမှတ် ပြုရမည်။ထိုသို့သောခရစ်ယာန်ယုံကြည်ချက်မှ တစ်ပါးအခြား မဖြစ်နိုင်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း နာခံခြင်း၊ ယုံကြည်ခြင်းသည် မှန် ကန်သောဟန်အနေအထားသစ္စာရှိသော နှလုံးသားဖြစ်သည်။ ဤယုံကြည် ချက်ကို စိတ်ထဲတွင် အစဉ်သဖြင့် ထိန်းသိမ်းထားရမည်။
ကျွန်ုပ်တို့ အချင်းချင်းထဲတွင် မိမိအောင်မြင်မှုအတွက် ဝါကြွားမှု၊ နှိုင်းယှဉ်မှု၊ပြိုင်ဆိုင်မှုနှင့် စိမ်ခေါ်မှုများရှိနိုင်သည်။ ဤသို့ တိုင်းထွာမှု များသည်အသုံးမဝင်သဖြင့် ဘုရားသခင်ရှေ့တွင် အားလုံးအတူတူဖြစ် ကြသော်လည်း လူသားများတွင် အနည်းငယ်သော လူစုကသာ ထိုသို့ရွေး ချယ်နိုင်ကြလိမ့်မည်။
ခွေးသတ္တဝါများပင်လျှင် သူတို့၏သခင်ကို အသိအမှတ်ပြုခြင်း၊ အညံခံခြင်းနှင့် နာခံခြင်းရှိသည်။ တစ်နည်းအားဖြင့် ခွေးများသည် သူ၏ အိမ်ရှင်ကိုနာခံခြင်း၊အသံကို မှတ်မိခြင်း နောက်မှလိုက်ခြင်းများပြုလုပ်ကြ သည်။ သူတို့၏အိမ်များက အပြစ်တင်သောအခါ သူတို့ပြုမိခဲ့သော အမှား များကို သိခြင်းဖြင့်နာခံသည့်အနေဖြင့် ခေါင်းငုံ့ထားလေ့ ရှိခြင်း၊ နောက်ပြန် လှည့်၍ကောင်းသောအပြုအမူများကို ပြန်လည်ပြုလုပ်မည့်အပြုအမူများ ကို တွေ့ရသည်။ လူတို့က သူတို့ထင်မြင်ချက်မှ စွဲကိုင်ထားသည့် ယုံကြည် ချက်ဖြင့် ဘုရားသခင်ကို စိန်ခေါ်နေကြသည့်အချိန်တွင် တိရစ္ဆာန်များက ထိုသို့ ပြန်မူကြပါသည်။ တစ်နည်းအားဖြင့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်၍ သူတို့၏ကိုယ်ပိုင်နည်းလမ်းများ၊ တွေးတောမှုများကို ဖက် တွယ်ထားလေ့ရှိကြသည်။
ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည် ထည်အားဖြင့်လူတို့၏အပြစ်ကိုပပျောက်စေပြီး သခင်ဘုရား၏ လုပ်ဆောင် ချက်အပေါ် ယုံကြည်ကိုးစားမှုရှိဖို့ပြောဆိုလျက်ရှိသည်။ လူတို့သည် ဘုရား သခင်ကို စိန်ခေါ်ခြင်း၊ ဆိုဆုံးမရခက်ခြင်းအနေအထားတွင်ပင် ရှိနေကြဆဲ ဖြစ်သည်။
သခင်ဘုရားက ကျွန်ုပ်တို့အပြစ်အားလုံးကို ယူလာ၍ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်များဖြင့် အားလုံးပပျောက်စေခြင်းတည်း ဟူသော အပြစ်ဖြေလွှတ်ခြင်းအခွင့်ကို ကျွန်ုပ်တို့အား ပေးခဲ့သည်။ ဘုရား သခင်က အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ထည်ကို ယူလာဖို့ လူတို့အား မိန့်မှာသည့်အခါ သူတို့က ယုံကြည်မှုမရှိဘဲ မိမိသခင်အပေါ် အာခံလျက် ရှိကြပါသည်။ ဤသူတို့သည် ကျိန်ဆဲခြင်းခံရမည်။
သူတို့သည် သခင်ဘုရားအလိုမရှိသော ယုံကြည်ခြင်းမျိုးကို မေရှိ ယထံသို့ယူဆောင်လာလျှင် သခင်ဘုရားဒေါသ ထွက်လိမ့်မည်။ သူတို့သည် ဘုရားသခင်ထံသို့ သူတို့၏ခေါင်းမာခြင်းကို ယူဆောင်လာလျက် “ကျွန် တော်ယုံကြည်ခြင်းခိုင်မာမှုရှိတယ်၊ အလုပ်ကြိုးစားသူအဖြစ် သတ်မှတ်ပေး ပါ”ဟု ပြောလိမ့်မည်။ ဘုရားသခင်က သူတို့၏ယုံကြည်ခြင်းကို အသိအ မှတ်ပြုမည်လား ဟုမေးသော်- သူတို့၏ ယုံကြည်ခြင်းသည် လုံး၀အသုံး မကျသဖြင့် အသိအမှတ်မပြုနိုင်ပါ။
ကျွန်ုပ်တို့၏ အသက်တာတွင် ခေါင်းမာဖို့လိုအပ်သည့်အချိန်ရှိနိုင် သည်။သို့သော် ဘုရားသခင်ရှေ့တွင် မှားယွင်းသောယုံကြည်ခြင်းဖြင့် ခေါင်း မာခြင်းသည် အချည်းအနှီးဖြစ်သည်။ ဘုရားသခင်ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် ယုံကြည်သူများအား သန့်ရှင်းသောဝိညာဉ်တော်ရ ရှိရန် ပို့ဆောင်သည့် လှပသောသတင်းကောင်းပါသော ခရစ်ယာန်စာအုပ်များကို ထုတ်ဝေစေပါသည်။ ပထမအကြိမ်၌ ကျွန်ုပ်တို့သည် စာမျက်နှာအနည်း ငယ်သာ ပါသော စာစောင်များနှင့် စတင်ခဲ့ပါသည်။ သို့သော် မကြာမှီပင် ကျွန်ုပ်တို့၏ လှပသောသတင်းကောင်း ပါဝင်သည့် စာအုပ်များ ဖြင့် ကမ္ဘာ တစ်ဝှမ်းတွင် ထုတ်ဝေခဲ့ပါသည်။
ယေရှုခရစ်ကိုယုံကြည်သောသူနှင့် သူ၏နောက်လိုက်သောသူကို ခရစ်ယာန်ဟုရည်ညွှန်းလေ့ရှိကြသည်။ ကျွန်ုပ်တို့လည်း ခရစ်ယာန်ဖြစ်ကြ သည်။သို့သော် အချို့တို့သည် ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ် လက်မခံ သောကြောင့် အသစ်မမွေးဖွားသေးသော သူများ၊ အပြစ်ဖြေလွှတ်ခွင့်မ ရရှိသူများ၊ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ယုံကြည်ခြင်း မရှိသူများ ဖြစ်သဖြင့်ငရဲသွားမည့်သူအမည်ခံခရစ်ယာန်များဖြစ်ရခြင်းမှာ- သူတို့သည် မိမိအလိုဆန္ဒအတိုင်းသွားနေကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဘုရား တရားကိုင်းရှိုင်းသူများ ဖြစ်ကြသော်လည်း၊ စစ်မှန်သောခရစ်ယာန်များ မ ဟုတ်သောကြောင့် ဘုရားသခင်ကစွန့်ပစ်ထားလိမ့်မည်။
အနည်းဆုံးဘုရားသခင်၏ရှေ့တွင် ကျွန်ုပ်တို့သည်ရိုးသားမှုရှိပြီး ကိုယ့်အပြစ်မှန်ကိုအသိအမှတ်ပြုရမည်။ အချိန်တိုင်း၊ မိနစ်၊ စက္ကန့်တိုင်း မှာပင် ကျွန်ုပ်တို့၏အပြစ်များကြောင့် ငရဲကျရောက်သည့် အပြစ်များရှိ ကြောင့်ဝန်ချတောင်းပန်ရမည်။ မေရှိယ၏ရှေ့တွင် အပြာရောင်၊ခရမ်း ရောင်၊အနီရောင် ယုံကြည်ခြင်းရှိရမည်။ ထိုသို့ယုံကြည်ခြင်းသည် မှန်ကန် သောလုပ်ရပ်ဖြစ်သည်။ကျွန်ုပ်တို့အပြစ်ဝန်ချ တောင်းပန်သည့်အခါ မေရှိ ယကကျွန်ုပ်တို့အတွက်လုပ်ခဲ့ပြီးသောအရာကို အောက်မေ့လျက် ကိုယ် တော်သည်ကျွန်ုပ်တို့ကို အပြစ်မှလွတ်စေဖို့ ဗတ္တိဇံခံယူ၍ လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံခြင်းဖြင့်အပြစ္လ်ဏ်စီရင်ခြင်းကိုခံပြီး အချိန်တိုင်းမှာ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို အသိအမှတ်ပြုခဲ့ပါသည်။ ဤယုံကြည်ချက် သည် ဘုရားသခင်ကျွန်ုပ်တို့ထံမှ တောင်းဆိုသောယုံကြည်ချက်ဖြစ်သည်။
မေရှိယကျွန်ုပ်တို့အား ပြုလုပ်စေလိုသောအရာကို တိကျစွာမပြု လုပ်ဘဲ ဘုရားသခင်အားကျွန်ုပ်တို့ ဘယ်သောအခါမှစိတ်ကျေနပ်စေနိုင် မည်မဟုတ်ပါ။အဘယ့်ကြောင့်နည်း။အကြောင်းမှာသူသည်အပြာရောင်၊ခရမ်းရောင်နှင့် အနီရောင်ချည်ထည်အားဖြင့် ကျွန်ုပ်တို့၏ထာ၀ရကယ်တင် ရှင်ဖြစ်လာပြီး၊ ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့သောအရာကို အချိန်တိုင်း ကျွန်ုပ်တို့မှတ်မိရမည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ထည်ယုံ ကြည်ချက်သည် အစစ်အမှန်ဖြစ်ခဲ့သော် ကျွန်ုပ်တို့ နေ့စဉ် ကျူးလွန်ခဲ့သောအပြစ်များအတွက်အပြစ်ဖြေလွှတ်ခွင့်သာ၍ လိုအပ်သည်။
 
 
ကျွန်ုပ်တို့ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် ထုတ်လုပ်ထားသောအရာကို ဘုရားသခင်အားဆက်ကပ် မည်ဆိုလျှင် သူသည်ကျေနပ်နိုင်မည်လား
ယေရှု၏ဗတ္တိဇံယေရှု၏လက်ဝါးကပ်တိုင်လောကနှင့်ဆိုင်သောအရာများကိုသာ ဘုရားသခင်ကိုပေးမည်ဆို လျှင်သူသည်ကျွန်ုပ်တို့အပေါ်တွင် အမျက်ဒေါသထွက်သည် သာမက သူ့အ ပေါ်တွင်အပြစ်ကျူးလွန်ရာကျပြီး ဆန့်ကျင်မှုဖြင့်စိန်ခေါ်ရာလည်းကျပါ သည်။ ထိုသို့သောယုံကြည်ခြင်းသည်သစ္စာဖေါက် ခြင်းဖြစ်သဖြင့် ဘုရား သခင်ကိုဆန့်ကျင်ရာရောက်သည်။ ကမ္ဘာပေါ်ရှိ မည်မျှပင်အဖိုးတန်ပစ္စည်း နှင့်ဈေးနှုန်းမြင့်မားသောပစ္စည်းဖြစ်နေပါစေ၊ဘုရားသခင်ကို ကျေနပ်စေနိုင် မည်မဟုတ်ပါ။ ဤကမ္ဘာပေါ်ရှိထိုသို့သော အရာဝတ္ထုကိုဘုရားသခင်ထံသို့ ယူဆောင်လာခြင်းသည် မှန်ကန်သောယုံကြည်ခြင်းနှင့် ဘုရားသခင်ပေး ထားသည့် ပညတ်တော်မဟုတ်ပါ။ လောကအမြင်တွင်ထိုအရာများသည် မည်မျှ ပင်ကောင်းနေစေကာမူ ဘုရားသခင်သည်ထိုသို့သော အရာများကို လက်ခံမည်မဟုတ်ပါ။ ဘုရားသခင်သည်ကျွန်ုပ်တို့ထံမှ အမှန်တကယ်ရရှိ လိုသော ဤယုံကြည်ချက်မျိုးကို ကျွန်ုပ်တို့သည်သူအားပေးရမည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကပြောသည့်အတိုင်း ယုံကြည်သည် ယုံကြည်ခြင်းဖြစ်သည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်က တောင်းဆိုသည့်ယုံကြည်ခြင်းဖြစ်ရမည်။ အချိန်တိုင်းလိုလို ကျွန်ုပ်တို့သည်ချို့တဲ့သောသူ၊ အားနည်းသောသူများဖြစ်ကြောင်း မိမိ ကိုယ်ကို မိမိအသိအမှတ်ပြုသကဲ့သို့ ဘုရားသခင်ကျွန်ုပ်တို့အတွက်ပြုခဲ့ သော အမှုကိုအသိအမှတ်ပြုရမည်။ ကျွန်ုပ်တို့ဆင်ခြင်အောက်မေ့ရမည့် အရာမှာ ဘုရားသခင်က ကြွယ်၀သောကောင်းကြီးမင်္ဂလာကို ကျွန်ုပ်တို့ အားပေးအပ်ခဲ့ကြောင်းဘုရားသခင်ကကျွန်ုပ်တို့အတွက်ပြုခဲ့သော အမှုများ ကိုတိကျစွာသိရှိပြီး ယုံကြည်ရမည့် အကြောင်းနှင့် သူသည်လိုလိုလားလား နှင့် ကျွန်ုပ်တို့ကိုတွေ့ခဲ့ကြောင်းစသည်ဖြင့်ဖြစ်သည်။
ဒဏ္ဍာရီဆန်သောယုံကြည်ခြင်းကိုစွန့်ပစ်၍ ဘုရားသခင်၏ နှုတ် ကပတ်တော်ကပြောသည့် ယုံကြည်ခြင်းခံယူထားရမည်။ ထိုအရာသည် ကျွန်ုပ်တို့ကဘုရားအားပေးရမည့် ပူဇော်သက္ကာဖြစ်သည်။ မှန်ကန်သောယုံ ကြည်ခြင်းတည်းဟူသော ပူဇော်သက္ကာကို ကျွန်ုပ်တို့သည် ဘုရားသခင် အားပေးမှသာသူသည်ကျေနပ်ပြီး ကျွန်ုပ်တို့အားတွေ့ဆုံကာ ယုံကြည်ခြင်း ကိုလည်းလက်ခံလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုသို့ပြုလုပ်မည်ဆိုလျှင် ကျွန်ုပ် တို့အတွက် ပြင်ဆင်နှင့်သော ကောင်းကြီးမင်္ဂလာများကို ပေးလိမ့်မည်။
ကျွန်ုပ်တို့သည်နှုတ်ကပတ်တော်အပေါ်တွင် ရပ်တည်လျက်“ဘု ရားသခင် ကျွန်ုပ်တို့ဆီကနေ အမှန်တကယ်လိုချင်တဲ့ ယုံကြည်ခြင်းဆိုတာ ဘာလဲ” ဆိုသည့်အရာကိုဆင်ခြင်ရမည်။ ကျွန်ုပ်တို့ထံမှ ဘုရားသခင်လို အပ်သည့် ဆုတောင်းခြင်းဆိုသည်မှာ ယုံကြည်ခြင်းပါသော ဆုတောင်းခြင်း မှတစ်ပါး အခြားမရှိ။ ကျွန်ုပ်တို့၏သခင်ဘုရား ကျွန်ုပ်တို့ထံမှ လိုချင် သည့်ဆုတောင်းချက် ဆိုသည်မှာ ဘုရားသခင်ကျွန်ုပ်တို့အားပေးထားသည့် သူလက်ခံလောက်သော ယုံကြည်ခြင်းနှင့်အတူ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်းကို ဆက်သခြင်းဖြစ် သည်။ဘုရားသခင် ကျွန်ုပ်တို့ထံမှအလိုရှိသောအရာများမှာ ယုံကြည်လျက် ဆုတာင်းစဉ် ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးစား အားထုတ်မှုဖြင့် ပြုလုပ်ထားသော အရာများကို ယူဆောင်လာမည် (သို့မ ဟုတ်) ခြေတော်ရင်းတွင် ချထားမည်ဆိုလျှင် သူသည်ဘယ်သောအခါမျှ လက်ခံမည်မဟုတ်ပါ။ ကျွန်ုပ်တို့ ထိုသို့လုံး၀မပြုလုပ်သင့်ကြောင်း နား လည်ထားရမည်။ 
ဘုရားသခင်က ပြောနေသည်မှာ- ယုံကြည်ခြင်းတစ်ခုကလွဲလို့ အ ခြားဘာမှငါအလိုမရှိဘူး၊ ငါသည် ဗတ္တိဇံခံပြီး လက်ဝါးကပ်တိုင်မှာ သင့်အ တွက်အသေခံခဲ့တယ်။ သင်၏အပြစ်အားလုံး ပျောက်ကွယ်စေဖို့ ငါသည် နှစ်ခြင်းမင်္ဂလာကို ခံခဲ့တယ်။ ဤအကြောင်းအရာသည် သင်၏အပြစ်အား လုံးကို ငါ့အပေါ်သို့တင်ပြီးအပြစ်ဒဏ်စီရင်ခြင်းခံရသဖြင့် လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံရသည့် အကြောင်းရင်းဖြစ်သည်။ ငါသည် သင့်ရဲ့ကယ် တင်ခြင်းဖြစ်သကဲ့သို့ မူလဘုရားသခင်လည်းဖြစ်တယ်။ ငါသည် ဘုရင်တ ကာတို့၏ ဘုရင်လည်းဖြစ်သကဲ့သို့ ငါသည် ဘုရားသခင်လည်းဖြစ်သဖြင့် အရာခပ်သိမ်းကိုပြည့်စုံစေဖို့ လောကသို့ကြွဆင်း လာခဲ့သည်။ သင်သည် ငါ့ကိုယုံကြည်ဖို့ ငါအလိုရှိပြီး သင်၏စိတ်နှလုံးထဲတွင် ငါ၏အခွင့်အာဏာ ကို အသိအမှတ်ပြုရန်နှင့် ငါသည်သင်၏စစ်မှန်သော ဘုရားဖြစ်ကြောင်း စိတ်နှလုံးအကြွင်းမဲ့ဝန်ခံရမည်။ဤသို့ရည်ရွယ်ချက်ထားရှိမှုကြောင့် ဘုရား သခင်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချောထည်တို့ကို ကျွန်ုပ်တို့အားပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဤသို့သော ယုံကြည်ချက်သည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုသော ယုံကြည်ချက်မျိုးဖြစ်သည်။
ကျွန်ုပ်တို့၌ အပြာရောင်၊ ခရမ်ရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်ရှိရမည်။ သင်သည် မိမိကိုယ်ကို ဤသို့ပြောဆို ကောင်း ပြောဆိုမိလိမ့်မည်။ “ကောင်းပြီ၊ ငါကောင်းကောင်းအသက်ရှင်နေတယ်၊ ကောင်းတဲ့အမှုကိုပြုနေတယ်၊အားလုံးအဆင်ပြေပါတယ်။”ကျိုးပဲ့ပျက်ဆီးမသွားဘူးဆိုရင်ဘာလို့တပ်ဆင်ဖို့လိုသလဲ။ငါ့အနေနဲ့ဒီလိုဘာကြောင့် တိတိ ကျကျ ယုံကြည်ဖို့လိုသလဲ။ ငါ့အနေနဲ့ ဒီလိုပုံစံ (သို့မဟုတ်) ဟိုလိုပုံစံနဲ့ ယုံကြည်တာပဲဖြစ်ဖြစ်အားလုံးအတူတူပဲမဟုတ်လား။မဟုတ်ဘူး၊ အဲဒါတွေ ဟာ မတူညီကြပါဘူး။ သင်၏စိတ်နှလုံးထဲတွင် ဤယုံကြည်ချက်ထက် အခြားယုံကြည်ချက်ကို ခံယူခဲ့သောသင်သည် လုံး၀ကယ်တင်ခြင်း မခံရ သေးသူဖြစ်သည်။ အကြောင့်ဆိုသော် ထိုသို့သောနှလုံးသားတွင် အပြစ် များကို ဆက်လက်မြင်တွေ့နေရပြီးသင်သည်နောက်ပြန်လှည့်လျက် စစ် မှန်သောယုံကြည်ချက်တည်းဟူသော ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရား ထံသို့ ပြန်လာပါ။
စစ်မှန်သော ဧဝံဂေလိတရားကို ယုံကြည်သောသူနှင့် မယုံကြည် သောသူတို့၏စိတ်နှလုံးသည် အခြေခံမှစ၍ ကွာခြားမှုရှိသည်။ ဘုရားသ ခင်က ဤအရာကိုသိရှိပြီး ကျွန်ုပ်တို့သည် ဤအတိုင်းခံယူမည်ဆိုလျှင် အ သစ်တဖန်မွေးဖွားလာသူများဖြစ်သည်။ သင်သည်မိမိကိုယ်ကို သိသော အခါပြန်လှည့်၍လာပါ။ “ဘုရားသခင် ကျွန်တော်အမှန်ပင် အပြစ်သားဖြစ် တယ်။ ကျေးဇူးပြု၍ကယ်တင်တော်မူပါ။” သင်သည်သင်၏စိတ်ကို ထိုသို့ နောက်ကြောင်းပြန်စေပြီးကယ်တင်ခြင်းကိုရှာဖွေမည်ဆိုလျှင် ဘုရားသခင် သည် သူ၏သမ္မာတရားဖြင့်သင့်ကိုတွေ့လိမ့်မည်။
 
 

ကျွန်ုပ်တို့၏ သခင်ဘုရားသည် ကျွန်ုပ်တို့၏ အပြစ်အာလုံးမှ ကျွန်ုပ်တို့အားကယ်တင်ခဲ့သည်

 
ကျွန်ုပ်တို့၏သခင်သည်ကျွန်ုပ်တို့အတွက်ရေနှစ်ခြင်းကိုခံ၍လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်။ မသဲ-(၃)တွင် ရေးသားထားသည့် အတိုင်းသခင်ဘုရားသည်ကျွန်ုပ်တို့အတွက် မည်သည့်အရာကို လုပ်ဆောင် ပေးခဲ့သည်ကို သိနိုင်သည်။ ကျွန်ုပ်တို့သည် ထိုအရာကိုယုံကြည်သည်။ ထိုအရာကို ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ ယေရှုဗတ္တိဇံခံသည့်အခါ ကျွန်ုပ် တို့၏အပြစ် အားလုံးသူ့အပေါ်သို့ တင်ထားပါသည်။ သူသည် လက်ဝါး ကပ်တိုင်ပေါ်သို့တင်ထားပါသည်။ သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် အ သေခံခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ့အပေါ်တို့တင်၍လက်ဝါးကပ်တိုင်ပေါ်သို့သယ်ဆောင်သွားသောကြောင့် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏အပြစ်သာမက လောကသားအားလုံး၏ အပြစ်အတွက်အပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား တဲတော်၏အိမ်ဆောက်ပစ္စည်း ကို ပူဇော်ဖို့သူ့ထံသို့ယူဆောင်လာစေသည့်အခါ (သို့မဟုတ်) သူသည်အ ခြားအရာတစ်ခုခုကို ကျွန်ုပ်တို့အားပြောသည့်အခါ သူသည်အစဉ်အမြဲ အစီ အစဉ်တကျပြောလေ့ရှိသည်။ သူသည်အမြဲပင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်ကိုယူလာခဲ့ပါဟုပြောသည်။ အပြာရောင်ချည်ကြိုး သည် အစအဦးဆုံးလာလေ့ရှိသည်။ ထို့နောက်သူသည် ချည်ချောထည်ကို ယူလာဖို့ မိန့်မှာခဲ့ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ဖို့ပြော ပါသည်။ လက်ဝါးကပ်တိုင်မှ ယေရှု၏ဗတ္တိဇံခံခြင်းကို နောက်မှယုံကြည် ခြင်းသည် အကြမ်းအားဖြင့် ကောင်းနေသယောင် ရှိသော်လည်း အမှန်အား ဖြင့် မှားယွင်းလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ရေနှစ် ခြင်းမင်္ဂလာခံပြီးမှသာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်။ ကျွန်ုပ် ထပ်မံပြောလိုသည်မှာ ယေရှု၏လက်ဝါးကပ်တိုင်မှ အသွေးတော်ကို ပထမ နေရာတွင်ထား၍ သူ၏နှစ်ခြင်းမင်္ဂလာကိုဒုတိယနေရာတွင်ထားခြင်းသည် မည်သည့်အခါမှ မှန်ကန်မှုရှိနိုင်မည်မဟုတ်ပါ။ ဘုရားသခင်က ထိုသို့သော် ယုံကြည်ခြင်းမျိုးကို မည်သည့်အခါမှ ခွင့်ပြုမည်မဟုတ်ပါ။
လူ့ဇာတိခံယူကာ လောကသို့ကြွလာပြီး သက်တော်(၃၀)ပြည့် သောအခါကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို သယ်ဆောင်ကာ ရေ နှစ်ခြင်းမင်္ဂလာကိုခံယူခဲ့ပါသည်။ထိုသို့ပြုလုပ်ပြီးနောက်သူသည်အပြစ်အား လုံးကို လက်ဝါးကပ်တိုင်သို့ သယ်ဆောင်သွားကာ အပြစ္လ်ဏ်စီရင်ခြင်း ခံရသော်လည်း သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခဲ့သဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်လာခဲ့ပါသည်။ ထိုကဲ့သို့ပင် သခင်ဘုရားသည် သူ၏အ လုပ်ကို ပြည့်စုံစေခြင်းတည်းဟူသော အစီအစဉ်တကျ ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့သော အမှုကိုယုံကြည်ရမည်။ ဤအရာသည် ကျွန်ုပ်တို့ မည်ကဲ့သို့ ယုံကြည်ရမည်ဆိုသည့် အမှုဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ ယုံကြည်ရမည့် တစ်ခုတည်းသောအရာ၊ အားလုံးသောအရာ၊ မည်သည့်အ ရှုတ်ထွေးမှုမရှိနိုင်သည့်အရာ၊တုန်လှုပ်မှုမရှိနိုင်သည့်အရာဖြစ်သည်။ ကျွန်ုပ် တို့သည်အခြားသူများကိုဧဝံဂေလိသတင်းစကားဝေငှသည့်အခါ ထိုသို့ပြု လုပ်ရမည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သည့်အ ခါတိုင်းသော်လည်းကောင်း၊ သူချမှတ်ထားခဲ့သည့်အတိုင်းသော် လည်း ကောင်း ကျွန်ုပ်တို့ယုံကြည်ရမည်။    
မည်သို့သောယုံကြည်ခြင်းအလှူကို ဘုရားသခင်က ကျွန်ုပ်တို့အား ယူဆောင်လာစေခဲ့သနည်း။ သူသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ချောထည်ယုံကြည်ခြင်းကို ယူဆောင်စေဖို့ခိုင်းနေခြင်းမဟုတ်ပါလား။ ဤသို့သောယုံကြည်ခြင်းရရှိပြီလား။ ဤသို့အစဉ် အစဉ်တကျ ယုံကြည် ချက်မရှိလျှင် မည်သည့်နည်းလမ်းအားဖြင့် မရနိုင်ပါ။ ကျွန်တော်က ဤ နည်းလမ်း(သို့မဟုတ်) ထိုနည်းလမ်းအားဖြင့် ယုံကြည်သည်ဆိုသည့်အ ချက်သည် အဓိကမဟုတ်ပါ။ ဤမှန်ကန်သောယုံကြည်ခြင်းကို အားလုံးက ခံယူလာမည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်အနေဖြင့် အနီရောင်ချည်ကို အရင်ယုံကြည်ပြီးအပြာရောင်ချည်ကို အလယ်တွင်ထားကာ ခရမ်းရောင် ချည်ကို နောက်ဆုံးတွင်ထား၍ ယုံကြည်သည်ဆိုပါ ဆိုလျှင်သင်၏ အစီအ စဉ်မကျသော သင်၏ယုံကြည်ခြင်းကို ဘုရားသခင်က မည်သည့်အခါမှ အ သိအမှတ်ပြုလိမ့်မည်မဟုတ်ပါ။
ဘုရားသခင်သည် သမ္မာတရားရှိသောဘုရား၊ တရားမျှတမှုရှိသော ဘုရားဖြစ်သည်။ သူသည်ထိုအတိုင်း မှားယွင်းသော ယုံကြည်ခြင်းကို အသိ အမှတ်မပြုပါ။အစီအစဉ်ရောထွေးနေသောယုံကြည်ခြင်းသည် ဘုရားသခင် ရှေ့တွင် ဖြောင့်မတ်မှုမရှိသောကြောင့် ဘုရားသခင်က အသိအမှတ်ပြု ချင်သော်လည်း အသိအမှတ်ပြုနိုင်မည်မဟုတ်ပါ။ အိမ်ဆောက်ပြီးမှ အခြေ ခံအုတ်မြစ်ကို မချနိုင်သောကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ယူဆောင်သွားပြီးမှ လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ ပါသည်။
ကျွန်ုပ်တို့သည် သခင်ဘုရားပြောသည့်အတိုင်း ယုံကြည်ရမည်။ ဤအရာသည် မှန်ကန်သောယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မှန်ကန်ဖြောင့်မတ်ပြီး တရားမျှတစွာ ကယ်တင်ခဲ့သဖြင့် မိမိသဘောထားအတိုင်း ထိုအစီအစဉ်ကို ပြောင်းလဲ၍ မရပါ။ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်မှ အသွေးတော်ကိုရှေ့တွင်ထား ပြီး ယေရှု၏ဗတ္တိဇံခံခြင်းကို နောက်သို့ရွှေ့ပြီး ယုံကြည်မည်ဆိုလျှင် မှားယွင်း ကြောင်းအလွယ်တကူသိနိုင်သည်။ ထိုသို့ယုံကြည်သော သူ၏စိတ်ထဲတွင် အပြစ်ကိုမြင်တွေ့နေရဆဲဖြစ်ပြီး သူတို့၏အပြစ်များသည် ပုံမှန်အစီအ စဉ်ကို ပြောင်းပြန်ဖြစ်စေသော ယုံကြည်ခြင်းကို ယုံကြည်ကြသောကြောင့် ဆေးကြောခြင်းမခံရသေးပါ။ ဤအရာသည် အမှန်ပင်အံ့ဩဘွယ်ရာပေ တည်း။ ဤအရာထက် အခြားအံ့ဩဘွယ်ရာ သမ္မာတရားမရှိတော့ပါ။
မေရှိယ၏ရှေ့တော်တွင် လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော် တစ်ခုတည်းကိုသာ ကျွန်ုပ်တို့ယုံကြည်ကြလေ့ရှိသည်။ ကျွန်ုပ်တို့သည် ယေရှုကကျွန်ုပ်တို့အပြစ်အားလုံးကို သယ်ဆောင်သွားပြီး လက်ဝါးကပ် တိုင်ပေါ်တွင်သူ၏အသွေးသွန်းလောင်းခြင်းဖြင့်အပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့ ရသည်ကို ယုံကြည်ကြပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သော ခရစ်တော်ထံမှကျွန်ုပ်တို့၏ ကယ်တင်ခြင်းရောက်ရှိလာပါသည်။ ဤအရာ ကို ယုံကြည်သူမည်သူမဆို ကယ်တင်ခြင်းရရှိပါသည်။ ထို့နောက် ယေရှု ဗတ္တိဇံခံခြင်း၏ မူလအဓိပ္ပါယ်ကို ကျွန်ုပ်တို့နားလည်လိမ့်မည်။ ရှေးဦးစွာ အပေါ်ပိုင်းတွင်ဖော်ပြခဲ့သည့်မှားယွင်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့က ထပ်၍ ပေါင်းထည့်ထားခြင်းဖြစ်သည်။ ထို့နောက်မည်သို့ဖြစ်လာသနည်း။ အကြောင်းမှာ ဤသို့သောယုံကြည်ခြင်း မျိုးသည် လူ့ဦးနှောက်နှင့် ခံယူ ချက်တစ်ခုမျှသာဖြစ်သဖြင့် ထိုအရာသည် ကျွန်ုပ်တို့၏ နှလုံးသားထဲမှ မှန် ကန်သောယုံကြည်ခြင်း စစ်စစ်မဖြစ်နိုင်ပါ။
သင်၏ယုံကြည်ချက်သည် ဤသို့ဖြစ်ခဲ့သော် နောက်ပြန်လှည့်၍ ပြောင်းလဲပါ။ရှေးဦးစွာသင်ယုံကြည်ခဲ့သောအရာသည်မှားယွင်းနေကြောင်း ပွင့်လင်းစွာအသိအမှတ်ပြုရမည်။ ထို့နောက်သင်၏ အခြေခံယုံကြည်ချက် အုတ်မြစ်ကိုချက်ခြင်းအသစ်ဖြစ်စေပါ။ ထို့နောက် အားလုံးအစီအစဉ်တကျ ဖြစ်စေရန် ပြန်လည်ပြုလုပ်ပါ။ လေယကသို့ကြွလာခဲ့စဉ်က ဗတ္တိဇံဆရာ ယောဟန်အားဖြင့်ယေရှုသည် ဗတ္တိဇံခံယူသည့်အခါ ကျွန်ုပ်၏အပြစ်အား လုံးကို သူ့အပေါ်သို့တင်ဆောင်ခဲ့ပြီ။ အကြောင်းမှာ လောက၏အပြစ် အားလုံးကို သူ့အပေါ်သို့တင်ဆောင်၍ ထိုသို့လောက၏ အပြစ်အားလုံးကို သူ့အပေါ်သို့တင်ဆောင်သည့်အချိန်မှစ၍ ကျွန်ုပ်၏အပြစ်သည်လည်း ယေ ရှုအပေါ်သို့ ရောက်ရှိသွားပြီ။ ထို့နောက် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ု ပ်အပြစ်များ၏အဖိုးအခကိုပေးဆပ်ဖို့ရန်သူ၏အသွေးတော်ကိုသွန်းလောင်း ခဲ့သည်။ ဤအရာသည် သင်မည့်သို့ယုံကြည်သင့်သည် ဆိုသည့်အချက်ဖြစ် သည်။
ကျွန်တော် ဒီလို(သို့)ဟိုလို ယုံကြည်တာဘဲဖြစ်ဖြစ် ဘယ်သူဂရု စိုက်မှာလဲ။ ဤအရားအားလုံးသည် ကျွန်ုပ်ယုံကြည်သည့် သခင်ဘုရား၏ အမှုတော်မြတ် (၄)မျိုးဖြစ်သည်။ အဘယ်ကြောင့် ဤအစီအစဉ်ကို ငြင်း ဆန်ရသနည်း။ဘယ်နည်းနှင့်မဆိုကို ငြင်းဆန်သည့် ယုံကြည်ခြင်းကို ဖက် တွယ်လျက်ရှိနေပါသေးသလော။သင်၏စိတ်နှလုံးထဲတွင် ထားရမည့် သမ္မာ တရားမှာ ယေရှုသည် နှစ်ခြင်းခံပြီးမှသာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံခဲ့ရပါသည်။ ဤအရာသည် သင်ယုံကြည်ရမည့် သမ္မာတရားဖြစ်ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် မတရားသောအမှုကို မည်သည့် အခါမှထောက်ခံမည်မဟုတ်ပါ။ ဤကမ္ဘာပေါ်ဝယ် မေရှိယသည် ကျွန်ုပ်တို့ အဖို့ ပြုခဲ့သောအမှုအား အရှိတရားအတိုင်း ယုံကြည်ထားသော ယုံကြည် ချက်ကိုသာဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အသိအ မှတ်ပြုလိမ့်မည်။သန့်ရှင်းသောဝိညာဉ်တော်က ဤသို့ပြောလိမ့်မည်မဟုတ် ပါ။ သင်သည် သခင်ယေရှု၏ လုပ်ဆောင်ချက်(၄)မျိုးကို ယုံကြည်၏။ အာ မင်၊ သင်သည်မှန်ကန်စွာယုံကြည်သည်ဖြစ်စေ၊ ရှေ့နောက်ပြောင်းပြန် အစီ အစဉ်ဖြင့် ယုံကြည်သည်ဖြစ်စေ၊ ဒီနည်းလမ်း(သို့) ထိုနည်းလမ်းအားဖြင့် ယုံကြည်သည့်ဖြစ်စေ ယုံကြည်ရင်ပြီးရော၊ အာမင်၊ ကောင်းပြီ သင်သည် ငါ၏သား၊ သမီးဖြစ်ပြီ။
မေရှိယယေရှုသည် ခမည်းတော်ဘုရားသခင်၏ အလိုတော် အတိုင်းလောကသို့ကြွဆင်းလာပြီး ခမည်းတော်ပြောသည့် အတိုင်း ပြုလုပ် ခဲ့ပါသည်။ ဤအရာသည် ကမ္ဘာပေါ်ဝယ်(၃၃)နှစ်ကြာ အသက်ရှင်ခဲ့ရသည့် အကြောင်းဖြစ်သည်။ သူသည် လောကသို့ကြွလာပြီး ကယ်တင်ခြင်းအ မှုတော်မြတ်တည်းဟူသော ဗတ္တိဇံခံခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံ ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအမှုများကို ပြုလုပ်အကောင်အထည်ဖော်၍ ကောင်းကင်ဘုံသို့တက်ကြွသွားခဲ့သည်။ ထို့နောက်သူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ခဲ့သည်။
အပြစ်ဖြေလွှတ်ခွင့်ခံရသောသူ၏ စိတ်နှလုံးထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကျိန်းဝပ်တော်မူ၍ သခင်ဘုရားက သူတို့အတွက် ပြု လုပ်ပေးခဲ့သောအရာများကို လက်ခံသောယုံကြည်ချက်ကို သူသည်အသိ အမှတ်ပြုပေးခဲ့သည်။ ဤသို့သော အကြောင်းကြောင့် ကျွန်ုပ်တို့စိတ်ထင် အတိုင်း ကိုယ်အလိုရှိသည့်အတိုင်း ယုံကြည်၍မရပါ။ သင်နှင့်ကျွန်ုပ်သည် ယေရှုကို အမှန်အကန်ယုံကြည်သော်လည်း အစီအစဉ်တကျမဖြစ်ဘဲ ယုံ ကြည်၍ရနိုင်မည်လား။ သင်ထိုသို့ အစီအစဉ်တကျမဟုတ်ဘဲ ယုံကြည်ခဲ့ သော ပြန်၍ပြုပြင်ဖို့လိုသည်။
ထို့သို့ပြုလုပ်သည့်အခါ သင့်အထဲသို့ သန့်ရှင်းသောဝိညာဉ်တော် ဝင်ရောက်အလုပ်လုပ်လိမ့်မည်။ ထိုသို့ဘုရားသခင်၏ ရှေ့တော်မှောက်သို့ သွားသောအခါ ဝိညာဉ်ပိုင်းဆိုင်ရာ အကျုးdကျေးဇူးများဟူမူကား ဝိညာ ဉ်ဘုရားထိန်းချုပ်ထားသည့်တည်ငြိမ်မှုရှိသောစိတ်နှလုံးရရှိခြင်း၊သူ၏ကျေး ဇူးတော်နှင့် ပြည့်၀သော စိတ်နှလုံးရှိခြင်း၊ စသည့်တို့ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်က တန်ခိုးကို ကျွန်ုပ်တို့အားပေးပါသည်။ သူသည် ကျွန်ုပ်တို့ကို ခွန်အားပေးပါသည်။ သူသည် ကျွန်ုပ်တို့အား ခွန်အား ကိုပေးသည်။ သူသည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးသည်။ သူသည် ကျွန်ုပ်တို့ အား ကောင်းကြီးပေးပါသည်။ သူသည် ကျွန်ုပ်တို့အတွက် တောက်ပသော အနာဂတ်ကို သူသည်ကတိပေးနေပါသည်။ ယုံကြည်သောသူများအား သူသည်ယုံကြည်ခြင်းအဆင့်ဆင့်တိုးပွားစေပြီးသူ၏နိုင်ငံတော်ထံသို့ ဝင်နိုင် မည့်အရည်အချင်းကို လျော့နည်းစေမည်မဟုတ်ပါ။
သခင်ဘုရားလုပ်ဆောင်ပေးခဲ့သောအရာကို ကျွန်ုပ်တို့ယုံကြည် သောအခါ (သို့) သူယူဆောင်လာခိုင်းသည့် အလှူကို ကျွန်ုပ်တို့ယူလာ သည့်အခါကျွန်ုပ်တို့ယုံကြည်သင့်သောအချက်မှာ ရေနှင့်ဝိညာဉ်တော်အား ဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီဆိုသည့် အရာပင်ဖြစ်သည်။ တဲတော် ဆောက်လုပ်ရေးတွင်ပါဝင်သောပစ္စည်းအားလုံးတို့သည် ရေနှင့်ဝိညာဉ် တော်အားဖြင့်ဒုတိယမွေးဖွားခြင်းဆိုင်ရာ လျှို့ဝှက်ချက်ကို အခိုင်အမာပြော ဆိုလျက်ရှိသောကြောင့် အလွန်အရေးကြီးသည်။ တစ်နည်းအားဖြင့် ဗိမာန် တော် ဆောက်လုပ်သည့်ပစ္စည်းများအားဖြင့် ဘုရားသခင်ကပြောပြသည့် အရာတစ်ခုမှာ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားဖြစ်သည်။
 
 
ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် အခြေခံအုတ်မြစ်သည် အလွန်အရေးပါ အရာရောက်သောအရာဖြစ်သည်
 
ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကိုမချဘဲ ယုံကြည်ခြင်းအိမ်ကို တည်ဆောက်မည်ဆိုလျှင်ယေရှုကိုကြာကြာယုံကြည်လေလေ အပြစ်များစု ပုံလေလေ၊ နောင်တရလျှက် ဆုတောင်းလေလေ ဟန်ဆောင်ထားသော အပြစ်သားဖြစ်လာလေလေ ဖြစ်လိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ကယ် တင်ခြင်းဆုကျေးဇူးကို ယုံကြည်သောအခါ သခင်ဘုရား၏ အပြာရောင်၊ ခ ရမ်းရောင်နှင့် အနီရောင် ချည်ချောထည်တို့အားဖြင့် ကယ်တင်ခြင်းကို ရရှိ ပြီး ကျွန်ုပ်တို့အားလုံးသည် ပြည့်စုံသောဘုရားသခင်၏ သားသမီးများ ဖြစ် နိုင်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြာရောင်၊ခရမ်းရောင်၊အနီ ရောင် နှင့် ချည်ချောထည် သမ္မာတရားကို ယုံကြည်လျက် ဘုရားသခင်၏ သား၊ သမီးများဖြစ်ရမည်။
ချွတ်ယွင်းချက်ရှိနိုင်သော်လည်း ထိုသို့သော ယုံကြည်ခြင်း၏ အ ခြေခံအုတ်မြစ်ချထားသောသူသည် သူ၏ယဇ်ပရောဟိတ်လုပ်ငန်းကို တောက်ပသောအလင်းရောင်ထဲတွင် အမြဲဆောင်ရွက်နိုင်သည်။ တစ် နည်းအားဖြင့် ထိုသို့ယဇ်ပရောဟိတ်များ ပြုလုပ်ရမည့် အလုပ်ဖြစ်သော ကမ္ဘာသူ ကမ္ဘာသားအားလုံးကို သူ့ရင်ခွင်ထဲသို့ထည့်၍ အပြစ်ဖြေ လွှတ်ခွင့်ရရှိဖို့ ဘုရားသခင်ထံဆုတောင်း၍ ဘုရားသခင်၏ရှေ့မှောက်တွင် ဤဧဝံဂေလိတရားအတွက် အစေခံနိုင်သည်။
ကွာခြားချက်အနေဖြင့် ထိုသို့သောယုံကြည်ခြင်း၏ အခြေခံအုတ် မြစ်မရှိသောသူသည် အချိန်ကြလာသည်နှင့်အမျှ သူတော်ကောင်းယောင် ဆောင်သူ သာ၍သာ၍ဖြစ်လိမ့်မည်။ သူတို့သည် လူဆိုးဖြစ်သည်။ သူတို့ သည်သူတော်ကောင်းယောင်ဆောင်သောသူဖြစ်သည်။ ကျွန်ုပ်တို့၏ သခင် ဘုရားပြောခဲ့သည့်အတိုင်း အသီးအားဖြင့် အပင်၏သဘောတရားကို သိနိုင် သဖြင့်ထိုသို့သောသူများ သီးသောအသီးသည် စက်ဆုပ်ရွံရှာဖွယ်ကောင်း သောအသီး၊ ညစ်ပတ်သောအသီး၊ သူတော်ကောင်းယောင် ဆောင်သောအ သီးဖြစ်သည်။ သို့သော်လည်း ဒုတိယမွေးဖွားခြင်းခံရသော သူသည် တချိန် လုံးသူတော်ကောင်းအဖြစ် ယောင်ဆောင်၍ရမည်မဟုတ်ပါ။ သူတို့သည် သမ္မာတရားရှိသောသူဖြစ်သည်။ သူတို့တွင် ချွတ်ယွင်းချက်များရှိငြား သော်လည်း ရိုးသားဖြောင့်မတ်သူများဖြစ်သည်။ သူတို့သည် မိမိအားနည်း ချက်၊ လုပ်မိသောအမှားများရှိကြောင်း ဝန်ခံလျက် အလင်းရောင် အောက် တွင် အစဉ်အမြဲအသက်ရှင်ကြသည်။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် ဗတ္တိ ဇံခံ၍ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သုတ်သင်ဖယ်ရှားခဲ့သောကြောင့်သော်လည်းကောင်း ထိုသို့သူ၏ဆောင် ရွက်ချက်ကြောင့် ကျွန်ုပ်တို့၏ အပြစ်များကင်းစင်သောကြောင့်သော်လည်း ကောင်း၊ဤသမ္မာတရားကို ကျွန်ုပ်တို့ယုံကြည်လက်ခံသောကြောင့်သော် လည်းကောင်း၊ ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခွင့်ကို ရရှိကြသည်။ ကျွန်ုပ် တို့သည်မပြည့်စုံသောသူများ၊ အပြစ်လွန်ကျူးသောသူများ၊ အားနည်းသော သူများဖြစ်သော်လည်း ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်ခံ့သော ကြောင့် စိတ်နှလုံးသည် အစဉ်သဖြင့် အပြစ်ကင်းစင်၍ အသက်တာသည် တောက်ပလျက်ရှိသည်။ ကျွန်ုပ်တို့၏ချွင်းချက်ကြောင့် လမ်းလွှဲသောအ ချိန်များရှိလင့်ကစား ကျွန်ုပ်တို့သည် အပြစ်မရှိဘဲ ကျွန်ုပ်တို့အပါအဝင် အခြားသူများကိုလည်း ပျက်စီးရာလမ်းထဲသို့ လွဲမှားစွာ ဦးဆောင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် မပြည့်စုံသူများ၊ ဘုရားသခင်ကို ကျေနပ်စေ သောလမ်းတွင်မလျှောက်သောသူများ ဖြစ်လင့်ကစား ရှေ့သို့တစ်လှမ်းချင်း ချီတက်၍ ဧဝံဂေလိတရားကိုသာ၍ အစေခံနိုင်သည်။ ယေရှုသည် ကျွန်ု ပ်တို့အားပြည့်စုံစွာကယ်တင်ခဲ့သဖြင့် ဤအရာများအားလုံးကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်လိမ့်မည်။
အကယ်၍ ကျွန်ုပ်တို့၏ ကယ်တင်ရှင်မေရှိယ ယေရှုခရစ်သည် အပ်ချည်ကြိုး(၄) မျိုးဖြင့် ပြည့်၀စွာမကယ်တင်ခဲ့သော ကျွန်ုပ်တို့မည်သည့် အခါမှ ကင်တင်ခြင်းရမည်မဟုတ်ပါ။ သူကယ်တင်ခဲ့သဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီးကျွန်ုပ်တို့သည် ယုံကြည်သောကြောင့် ဧဝံဂေလိတ ရားကို ဖြန့်ဝေကြပြီးယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချီးမွမ်းကြပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ကျေးဇူးတော်ချီး မွမ်းခြင်း၊ အစေခံခြင်း၊ သူ၏နောက်တော်သို့လိုက်ခြင်းများကို ပြုလုပ်နိုင် သည်။ ကျွန်ုပ်တို့သည် ဤသို့သောသူဖြစ်လာသည်။ တစ်နည်းအားဖြင့် ယုံ ကြည်ခြင်းအားဖြင့်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူများဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို အခိုင်အမာချထား သောသူများဖြစ်ကြသည်။
ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ကောင်းစွာမချသေးသောသူ သည် ပြန်လည်ချရမည်။ ထို့ကြောင့် (ဟေဗြဲ ၆း၁-၂)ထဲတွင် ဤသို့ ဖော်ပြထားပါသည်။ ထို့ကြောင့် သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကိုနောင် တရခြင်း၊ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဗတ္တိဇံကိုသွန်သင်ခြင်း။ လက်ကို တင်ခြင်း၊ သေလွန်သောသူတို့၏ထမြောက်ခြင်း၊ ထာ၀ရစီရင် ဆုံးဖြတ် ခြင်းတည်းဟူသောမူလအပြစ်ကို ငါတို့သည် ပြန်၍မတည်ပဲ ခရစ်တော် ၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထား၍ စုံလင်သော အဖြစ်သို့ တက်ကြကုန်အံ့။
ဤစာပိုဒ်အနေဖြင့် ဘာကိုဆိုလိုသနည်း။ ၎င်းအနေဖြင့် ယေရှု ဘာကြောင့် နှစ်ခြင်းခံခဲ့ရသလဲ။ ဗတ္တိဇံခံခြင်းသည်ဓမ္မဟောင်းခေတ် လက် တင်ခြင်းနှင့်ဆန့်ကျင်နေပါသလား။ ကျွန်ုပ်တို့ပြန်လည်အသက်ရှင်ကြမည် လား။ ထာ၀ရကာလနှင့်ဆိုင်သော တရားစီရင်ခြင်းဆိုသည်မှာ အဘယ် နည်း။ စသည့်မေးခွန်းများ၏ အဖြေကိုရှင်းလင်းစွာ သိရှိနားလည်ပြီး ယုံ ကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ကောင်းမွန်စွာချစေလိုသောကြောင့် ဖြစ်သည်။ ဤအရာက ထားရှိရမည့် ယုံကြည်ခြင်းအလုံးစုံနှင့် အစအဦး၌ ပင် ယုံကြည်ခြင်းနှင့် အခြေခံအုတ်မြစ်ကိုချစေပြီး ထိုသို့ဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် တုန်လှုပ်ခြင်းမရှိဘဲနေနိုင်ခြင်း (သို့) ဤအရာဖြင့် ယုံ ကြည်ခြင်း၏အခြေခံအုတ်မြစ်ကိုအတင်းအကြပ်ချစေခြင်းမရှိဘဲ နေလိမ့် မည်ဟုပြောထားပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် ချည် ချောထည်ကိုယုံသော ယုံကြည်ခြင်းသည် သခင်ဘုရားပြည်စုံစွာ ပြုလုပ် ပေးခဲ့သည့် ကယ်တင်ခြင်းကို ခံယူသည့် ပြည့်၀သောယုံကြည်ခြင်း ဖြစ် သည်။ ဤယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင်ခိုင်မာစွာရပ်တည်ပြီး ဤနေရာမှ စတင်ပြေးရမည်။ ယုံကြည်ခြင်းအပြေးပြိုင်ပွဲကို ပြေးကြပါစို့။ 
ဤကျမ်းပိုဒ်ကို အချို့တို့က ယေရှုခရစ် ဗတ္တိဇံခံခြင်း ကျွန်ုပ်တို့၏ အပြစ်ကို သယ်ဆောင်သွားသည်ဟု မပြောနိုင်ကြောင်းနှင့် ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းအခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့ ပြောဆိုနေခြင်းမ ဟုတ်ဟု ပြောကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် အစပိုင်းတွင် ယုံကြည် ခြင်း၏အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့မည်ဆိုလျှင် ယခုတဖန်ပြန်လည်ချ မှတ်ဖို့မလိုပါ။ ဤကျမ်းပိုဒ်ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်ကို ခိုင်မာစွာမ ချရသေးသူကို ချမှတ်စေပြီး ယုံကြည်ခြင်းအခြေခံအုတ်မြစ်ကို မှန်ကန်စွာ ချမှတ်ပြီး သူကိုသာ၍ခိုင်မာစေသည့်အပြင် ရှေ့သို့ပြေးစေလိမ့်မည်။
ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ဘုရားသခင်သည် မောရှေအား တဲတော်ဆောက်လုပ်ရန် အလှူဘဏ္ဍာများကို ကောက်ခံစေခဲ့ပါသည်။ ဣ သရေလလူမျိုးများအား ဘုရားသခင်က ရွှေ၊ ငွေ၊ ကြေးဝါ၊ အပြာရောင်၊ ခ ရမ်းရောင်၊ အနီရောင်၊ ချည်ချောထည်၊ ဆိတ်သားရေ၊ သိုးသားရေ၊ အကာ ရှသစ်သားများကို ယူလာဖို့မိန့်မှာခဲ့ပါသည်။ ဤပစ္စည်းများကို တောင်းခံ ရသည့်အဓိပ္ပါယ်မှာသခင်ဘုရားသည်လောက၏အပြစ်များမှသင်နှင့်ကျွန်ုပ် အားလွတ်မြောက်စေပြီး ကယ်တင်ခြင်းဆုကျေးဇူးကိုကျွန်ုပ်တို့အား ပေးလို ၍ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်သည် ဣသရေလ လူတို့အား အလှူဘဏ္ဍာများကို ယူဆောင်လာ၍ တဲတော်ဆောက် လုပ်ခြင်း၊ ယဇ်ပူဇော်ခြင်းနည်းစနစ်ကို ပေးခြင်းနှင့် ဤနည်းစနစ်အတိုင်း ယဇ်ကိုပူဇော်သော ဣသရေလလူမျိုးတို့၏ အပြစ်ကို ဖြေလွှတ်ပေးခြင်း တို့ကို ပေးမည်ဟု ဘုရားသခင်က ဧကန်အမှန်ပြောခဲ့ပါသည်။
 
 
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့် ချည်ချောထည်ကို ယုံကြည်ခြင်းအားဖြင့် ပြည့်စုံခြင်းတည်းဟူ သော ကျွန်ုပ်တို့အား ကြိုတင်ပြောထားခဲ့သည့်အတိုင်း ယေရှုခရစ် အားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ပြည့်စုံလာစေသည်
 
ကျွန်ုပ်တို့သည် ယေရှုခရစ်အားဖြင့် ပြည့်စုံခဲ့သည် ပြည့်၀သော သမ္မတရားတို့ကို မယုံကြည်လျှင်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ခိုင် မာစွာချထားမရောက်သဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အဆက်မ ပြတ်လှုပ်ရှားနေလိမ့်မည်။ သခင်ဘုရားသည် ကျွန်ုပ်တို့အား စုံလင်စွာကယ် တင်ခဲ့ပြီဆိုသည့် အချက်နှင့်ဆိုင်သော အသိတရား၊နားလည်မှု၊ယုံကြည် ခြင်းတို့ မရှိဘဲသွားမည်ဆိုလျှင် ကျွန်ုပ်တို့သည်ကယ်တင်ခြင်း ရရှိဖို့ရန်လူ အပိုင်းကကြိုးစားမူဖြင့် အဆုံးသတ်ရလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်း သည် မပြည်စုံသည့် အပြင်မှားယွင်းလျှက်ရှိသည်။
ဟေဗြဲ(၁ဝး၂၆-၃၁)ကို ကြည့်ကြပါစို့ “အကြောင်းမူကား သမ္မာ တရားကိုသိပြီးမှကိုယ့်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တဖန်အ ပြစ်ဖြေသော် ယဇ်ကိုပူဇော်ရသောအခွင့်မရှိဘဲ အပြစ်ဒဏ်စီရင်ခြင်းကို ခံရ မည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန် သောသူတို့ကိုဖျက်ဆီးဖို့ရာ အမျက်တော်မီးလောင်ခြင်းကို ခံရသောအ ကြောင်းရှိ၏။ မောရှေ၏တရားကိုပယ်သောသူမည်သည်ကား သက်သေ ခံနှစ်ဦး၊ သုံးဦးရှိလျှင် သနားခြင်းကိုမခံရဘဲ သေရ၏။ ထိုမျှမက ဘုရားသ ခင်၏သားတော်ကို ခြေဖြင့်ကျော်နင်းလျက် မိမိကိုစင်ကြယ်စေသော ပဋိ ညာဉ်တရား၏အသွေးကိုအပြစ်တင်လျှက် ဆုကျေးဇူးကိုပေးသောဝိညာဉ် တော်ကိုမထီမဲ့မြင်ပြုလျက်ရှိသောသူသည်အဘယ်မျှလောက် ကြီးစွာသော ဒဏ်ဖြင့်ခံထိုက်သည်ကို သင်တို့ထင်ကြသနည်း။ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။အပြစ်နှင့်အလျှောက် ငါဆပ်ပေးမည်ဟူ၍လည်းကောင်း ထာ ၀ရဘုရားသည် မိမိလူတို့အဖို့တရားစီရင်မည်ဟူ၍လည်းကောင်း၊ မိန့်တော် မူသောသူကို ငါတို့သည် အမှန်သိကြ၏။ အသက်ရှင်တော်မူသော ဘုရား သခင်၏ လက်တော်သို့ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သော အမှုဖြစ်သတည်း။
ဤကျမ်းပိုဒ်က ဖော်ပြထားသည်မှာ သမ္မာတရားဥာဏ်ကို လက်ခံ ရရှိပြီးနောက်သိလျက်ပင်ကျွန်ုပ်တို့သည်မှားယွင်းခဲ့သော်အပြစ်ဖြေလွှတ် ခြင်း၊ယဇ်ပူဇော်ခြင်းမရှိတော့ဘဲ ကြောက်မက်ဘွယ်ရာ တရားစီရင်ခြင်းကို သာ ခံရတော့မည်။ သမ္မာတရားကို သိလျက်ပင် ရဲတင်းစွာအပြစ်ကျူး လွန်သောသူဟုဆိုရာတွင် ရေနှင့်ဝိညာဉ်တော်ဆိုင်ရာ ဧဝံဂေလိတရားကို သိလျက်ယုံကြည်လက်ခံခြင်းမပြုသောသူကို ဆိုလိုသည်။ ကျွန်ုပ်တို့ယုံ ကြည်ရမည့် သမ္မာတရားတို့မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြာ ရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်နှင့် ချည်ချောထည်အားဖြင့် ကယ် တင်ခဲ့ကြောင်း၊ ရွှေ၊ ငွေ၊ ကြေးဝါအားဖြင့် ကယ်တင်ခဲ့ကြောင်း၊ တဲတော်၏ အမိုးကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချောထည်၊ ဆိတ် သားရေ၊ အနီရောင် ဆိုးထားသောသိုးသားရေ၊ခွေးတူဖျံတူသားရေတို့ဖြင့် ဖုံးအုပ်ခဲ့ကြောင်း စသည့်ဖြင့်ဖြစ်သည်။ ဤသမ္မာတရားကို ကျွန်ုပ်တို့သည် ရှင်းလင်းစွာသိထားရမည့်အပြင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအခြေခံအုတ် မြစ်ကို ချထားရမည်။
ကျွန်ုပ်တို့၏ သခင်ဘုရားက ကျွန်ုပ်တို့အား ကတိပေးထား သည်မှာ ကာလအချိန်တန်သောအခါ သူသည်ဗတ္တိဇံကို ခံခြင်းတည်းဟူ သောအပြစ်ကို သယ်ဆောင်ခြင်းပြုလုပ်ခဲ့ပြီး လက်ဝါးကားတိုင်ပေါ်တွင် အ သေခံလျက်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်ုပ်တို့အား လုံးလုံး လျားလျားကယ်တင်ခဲ့ပြီဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အခြေခံအုတ်မြစ်ကို မြဲမြံစွာချပေးခဲ့သူ ယေရှုခရစ်အား ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပြည့်စုံစွာကယ်တင်ခြင်းခံရကြပြီ။
ဤသမ္မာတရားကို သိလျက်ပင် ယုံကြည်ဖို့ငြင်းဆန်သောသူတို့ သည်သူတို့၏ နောက်ဆုံးတရားစီရင်ခြင်း နေ့ရက်ရောက်ရှိလာသောအခါ ဘုရားသခင်၏ အမျက်ဒေါသဆိုင်ရာ အပြစ်ဒဏ်ခတ်ခြင်းကို ရင်ဆိုင်ရလိမ့် မည်။ သူတို့၏ခန္ဓာကိုယ်မသေရဘဲ ထာ၀ရကာလတွင် ဝ္လေနာခံစားရမည်။ သမ္မာကျမ်းစာကသူတို့အတွက် အမျက်ဒေါသသက်သက်သာရှိပြီး ငရဲတွင် ခံရသော ဝေဒနာအလွန်ပြင်းထန်သည့်ပုံကို မီးအိုင်တွင် အဆက်မပြတ်ကျ ခံနေရပုံနှင့် တင်စားဖော်ပြထားပါသည်။ (မာ ၉း၄၉) ထိုကျမ်းချက်က အ လွန်ကြောက်မက်ဘွယ်ရာ အမျက်ဒေါသကိုခံရဖို့ မျှော်လင့်စေပြီး ထိုဒေါ သဖြင့် ရန်သူများကို အားလုံးဝါးမြိုလိမ့်မည်ဟု ဖော်ပြထားပါသည်။
ပညတ်တရားကို ချိုးဖောက်လာသူကိုပင် ကြောက်မက်ဖွယ်ရာ တရားစီရင်မည်ဆိုလျှင် ဘုရားသခင်၏သားတော်အားဖြင့် ပေးသော ကယ် တင်ခြင်းကို ငြင်းပယ်သောသူကို မည်မျှအထိ ကြီးမားစွာတရားစီရင်လိမ့် မည်နည်း။ထိုသို့ဖြစ်သောကြောင့် ယေရှုခရစ်ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်ခြင်း၊ ထိုသခင်ယေရှုခရစ်သည် လူ့ဇာတိကိုခံယူ ကာလောကသို့ကြွဆင်းလာပြီးဗတ္တိဇံခံခြင်းဖြင့် လောကသားများ၏ အပြစ် ကို သယ်ဆောင်လျက်လက်ဝါးကားတိုင်ကို ထမ်းသွားသည့်အခါ ထိုအ ပြစ်များကြောင္လ့်ဏ်စီရင်ခြင်းခံရသဖြင့် အသေခံရပြီး သေခြင်းမှ ရှင်ပြန်ထ မြောက်ကာ ယခုအသက်ရှင်နေကြောင်း ယုံကြည်ရမည်။
 
 
ထို့ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ကို စွဲမြဲမြံစွာ ချမှတ်ထားရမည်
 
အဘယ်ကြောင့်တဲတော်ကိုဆောက်ဖို့ရန်ဘုရားသခင်သည် မော ရှေအားပြောခဲ့သနည်း။ တဲတော်ဆောက်သည့်အခါ အသုံးပြုသည့် ပစ္စည်း များကို တစ်ခုချင်းကြည့်မည်ဆိုလျှင် ယေရှုခရစ်သည် လူ၏ခန္ဓာကိုယ်ကို ယူတင်ဝတ်ဆောင်၍ လောကသို့ ဆင်းကြွလာပြီး၊ကျွန်ုပ်တို့၏အပြစ်များ ကို ယူတင်ဆောင်ရွက် ဗတ္တိတံဆရာယောဟန်ထံသို့သွား၍ နှစ်ခြင်းခံယူ ကာလောကသားအားလုံး၏အပြစ်များ လက်ဝါးကပ်တိုင်ပေါ်တွင် တင်၍ အသေခံခြင်း၊ထို့နောက်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ကောင်းကင်ဘုံ သို့ တက်ကြွသွားခြင်း၊ ခမည်းတော်ဘုရား၏လက်ယာဖက်ပလ္လင်တွင် ထိုင် ရခြင်းများပြုလုပ်ကာ ယခုကျွန်ုပ်တို့ထာ၀ရဘုရား ဖြစ်တော်မူခြင်း စသည့် သမ္မာတရားများကို ပေါ်လွင်စေခဲ့ပါသည်။ တဲတော်၏ဝင်းတံခါးမှစ၍ တိုင် များအထိကြေးဝါခြေစွပ်များက ဧဝံဂေလိသမ္မာတရားကို ဖေါ်ပြလျှက်ရှိ သည်။တစ်နည်းအားဖြင့်ဓမ္မဟောင်းကျမ်းတစ်ခုလုံးတွင်သခင်ယေရှု၏ဗတ္တိဇံမင်္ဂလာခဲ့ယူခြင်း၊ယဇ်ပူဇော်ခြင်း၊သူ၏ပင်ကိုယ်အရည်အချင်းနှင့်ကယ် တင် ခြင်းအမှုများတို့ကို ဖေါ်ပြလျက်ရှိသည်။
ဓမ္မဟောင်းကျမ်းမှစ၍ဓမ္မသစ်ကျမ်းအထိကြားကာလတွင် ယေရှုခ ရစ်တော်ဟောကြားတော်မူသော ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရား တည်းဟူသော အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်နီမောင်း သောအ ထည်(ချဉ်ချောထည်)ဧဝံဂေလိတရားဖြစ်ပြီး၊ အပြာရောင်၊ခရမ်းရောင်၊အနီ ရောင်နှင့်ချည်ချောထည် ဧဝံဂေလိတရားကို အစဉ်အမြဲယုံကြည်လက်ခံ သောသူသည် အခွင့်အရေးတစ်ခု ရရှိကြောင်းပြောခဲ့ပါသည်။ ကျွန်ုပ်တို့ သည် ဤအကြောင်းအရာနှင့် ပတ်သက်သည့်တရားများကို မကြာခဏ ကြားဖူးကြသော်လည်း မည်မျှအရေးကြီးကြောင်းကို တစ်ခါတစ်ရံမေ့လျော့ တတ်ကြသည်။ ဤသမ္မာတရားအဘယ်မျှလောက် အရေးကြီးသနည်း။ ရှောလမုန်ဘုရင်လက်ထက်တွင် ရွှေနှင့်ငွေကိုကျောက် တုံးကျောက်ခဲများ ကဲ့သို့ မှတ်ယူကြကြောင်း ဘုရားကျောင်းတွင် မကြာခဏကြားရ သကဲ့သို့ ဤကယ်တင်ခြင်းကိုလည်း သဘောထားတတ်ကြသည်။ သို့သော်မိတ်ဆွေ မှတ်သားထားရမည့် အချက်မှာဘုရားသခင်၏ အသင်းတော်ပြင်တွင် ဤ သို့သောသတင်းစကားကို ကြားရမည်မဟုတ်သကဲ့သို့ ယုံကြည်ခြင်း၏အ ခြေခံ အုတ်မြစ်ကိုချထားခြင်း (သို့)ကယ်တင်ခြင်းရရှိခြင်းလည်း ရှိနိုင်မည် မဟုတ်ပါ။
သင်နှင့်ကျွန်ုပ်အား ကယ်တင်ခြင်းကိုပေးခဲ့သော ယုံကြည်ခြင်း သည်သခင်ဘုရားကအပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်ချည်ချောထည် များဖြင့် ယုံကြည်ခြင်း၏အခြေခံ အုတ်မြစ်ကိုချမှတ်ခဲ့ပြီး ကျွန်ုပ်တို့ကိုလုံး၀ ဥဿုံကယ်တင်ခဲ့ပြီဟုယုံကြည်ခြင်းကိုခေါ်သည်။ဤသမ္မာတရားကို ကျွန်ုပ် တို့၏စိတ်ထဲတွင် မှတ်သားဖို့ထပ်ခါတစ်လဲလဲ ပြောပါရစေ။ ဘုရားသခင် သည် ကျွန်ုပ်တို့အားကတိပေးခဲ့ပြီး တိုးပေးခဲ့သော ကတိတော်အတိုင်း မိန်း မ၏မျိုးစေ့အားဖြင့် လောကသို့ကြွလာခြင်း (ကမ္ဘာ၃း၁၅)၊သူ၏ဗတ္တိတံမင်္ဂ လာခံယူခြင်းဖြင့် အပြစ်အားလုံးကို သယ်ဆောင်သွားခြင်း၊လက်ဝါးကပ် တိုင်ပေါ်တွင် အပြစ်အဖိုးအခအားလုံးစီရင်သည့် ‘ဏ်ကိုခံခဲ့ခြင်း၊သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းနှင့် ကျွန်ုပ်တို့အားလုံး၀ဥဿုံကယ်တင်ခဲ့ ခြင်းစသည်တို့ကို ပြုလုပ်ပေးခဲ့ပါသည်။ ဤသမ္မာတရားသည် အလွန် လွယ်ကူရိုးစင်းပြီး ရှင်းပြရလွယ်ကူခြင်း၊နားလည်းရလွယ်ကူခြင်း ရှိသည့်အ ပြင်နေ့စဉ်နှင့်အမျှ ကမ္ဘာအနှံ့အပြားဟောပြောနိုင်သောတရားဖြစ်သည့် အသနားစဖွယ်လူများရှိနေဆဲဖြစ်သည်။ ထိုသို့မသိသေးသူများထက် သိ လျှက်ပင်မယုံကြည်သောသူ ဘုရားသခင်၏အသင်းတော်ထဲတွင် ရှိသေး သဖြင့်ပို၍ သနားစရာကောင်းပါသည်။
သင်၏အပြစ်များကို ဖြေလွှတ်နှင့်ရရှိလင့်ကစားသင်၏ တွေးခေါ် မှုသည်ဆိုးသွမ်းလျှက်ရှိသော်လည်းသူတစ်ပါး၏ကောင်းကျိုးကို ဆောင် ရွက် ဖို့သင့်စိတ်တွင် ဖြစ်ပေါ်လိမ့်မည်။ လျှို့ဝှက်သောသူတို့သည် ထိုသို့မ ဟုတ်ဘဲအပြင်ပန်းသဏ္ဍာန်ဖြင့် သူတစ်ပါးကို သနားနေသယောင်ရှိသော် လည်း အတွင်းစိတ်ထဲတွင်မူ မရေတွက်နိုင်သော လူများနှင့်ဘုရားသခင်ကို နေ့စဉ်လှည့်ဖြားလျက်ရှိသည်။သင်နှင့်ကျွန်ုပ်သည်ယုံကြည်ခြင်း၏ အခြေခံ အုတ်မြစ်ကိုချရမည်။ ကျွန်ုပ်တို့၏သခင်က ကယ်တင်ခြင်းကိုအစပြု ထူ ထောင်ခဲ့ပြီး ကျွန်ုပ်တို့သည် ထိုအရာကိုယုံကြည်ခြင်းဖြင့် ဘုရားသခင်ဖက် တွင် ရပ်တည်နိုင်ပါသည်။
 
 
တဲတော်၏အစိတ်အပိုင်းသာ တဲတော်အခိုင်အမာရပ်တည်နိုင်သကဲ့သို့ ယုံကြည်ခြင်းအားဖြင့် ရပ်တည်ခြင်း
 
ဘုရားသခင်သည် ထိုသို့သောလှူဖွယ်ပစ္စည်းများကို တောင်းဆို၍ တဲတော်ကို ဆောက်ခိုင်းပါသည်။ သင်နှင့်ကျွန်ုပ်သည် ယေရှုခရစ်လော ကသို့ကြွလာ၍ဝိညာဉ်ပ်ိုင်းဆိုင်ရာကယ်တင်ခြင်းအမှုကိုပြုခဲ့သည်ဟုယုံ ကြည်သောသူများအထဲတွင် အပါအဝင်ဖြစ် ကြသည်။ ကျွန်ုပ်တို့သည်တဲ တော်ကို ဆောက်လုပ်သည့်အခါ အသုံးပြုသောပစ္စည်းများကဲ့သို့ ဘုရားသ ခင်၏ရှေ့မှောက်တွင် ယုံကြည်ခြင်းဖြင့် ခိုင်မာစွာရပ်တည်ရမည်။ သင်ယုံ ကြည်ပါသလား။ ဤသို့သောယုံကြည်ခြင်းမျိုး သင်ထံတွင်အမှန်တကယ်ရှိ ပါသလား။ ဘုရားသခင်၏ အသင်းတော်အားဖြင့် ရေနှင့်ဝိညာဉ်တော်ဧဝံ ဂေလိတရားကို ဆက်လက်၍ပြောဟောခြင်းရှိသေးသည်။ အကြောင်းမှာ ဤအရာသည်စစ်မှန်သော ယုံကြည်ခြင်း၏အခြေခံအုတ်မြစ် ဖြစ်သည်။ ကျွန်ုပ် အနေဖြင့် လုံလောက်အထူးပြု ဖေါ်ပြနိုင်ခြင်းမရှိပါ။
ထိုသို့သောအသင်းတော်၊ဂိုဏ်းဂဏအများစုသည် ယေရှုခရစ်၏ လက်ဝါးကပ်တိုင်မှ အသွေးတော်တစ်ခုတည်းကိုသာ ယုံကြည်လက်ခံပြီး ဗတ္တိဇံခံခြင်းအားဖြင့် အပြစ်အားလုံးကို သယ်ဆောင်သွားခဲ့ခြင်းကို မျက် ကွယ်ပြုလျက်ရှိနေကြသေးသည်။ ဤသို့သောအခြေအနေများကြားမှ သ ခင်ဘုရားသည် ကျွန်ုပ်တို့အားသမ္မာတရားကို ရှာတွေ့ဖို့ခွင့်ပြုထားဆဲဖြစ် သည်။ ယေရှုလက်ဝါးကပ်တိုင်တွင် သံနှင့်ရိုက်ထားခြင်း၊ချိုးဖဲ့ခြင်းလက်ဝါး ကပ်တိုင်ပေါ်တွင် ခံခဲ့ရသည့်အကြောင်းရင်းမှာ- သူသည်ဗတ္တိဇံဆရာယော ဟန်အားဖြင့် ရေနှစ်ခြင်းခံခဲ့၇သည်အတွက်ကြောင့်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော်-ထိုသို့သူသည် ရေနှစ်ခြင်းခံယ.lခြင်းအားဖြင့် လောဘသား အားလုံး၏ အပြစ်ကိုယူတင်ဆောင်ရွက်ခဲ့ပြီး၊လက်ဝါးကပ်တိုင်ပေါ်တွင် မိမိ ကိုယ်ကိုချိုးဖဲ့ခြင်းအားဖြင့် အပြစ်၏ဒဏ်စီရင်ခြင်းကို ခံခဲ့ရသည်။
ထိုသို့လက်ဝါးကပ်တိုင်မှ အသွေးတော်ကိုယုံကြည်ခြင်းဖြင့်သာ အ ပြစ်ဖြေလွှတ်ခွင့်ရရှိသည်ဆိုသော ယုံကြည်ချက်သည် မှားယွင်းလျှက်ရှိပြီး ထိုယုံကြည်ချက်အပေါ် မည်မျှပင်ဆက်ကပ်စေကာမူ နောက်ဆုံးတွင်ပြို လဲလိမ့်မည်။ သူတို့သည် ယေရှုအား ယုံကြည်ဖို့မမောနိုင်မပန်းနိုင်အောင် ကျယ်လောင်စွာဟောပြောကြစေကာမူ ယေရှုခရစ်၏အသွေးတော်တစ်ခု တည်းကိုသာလက်ခံသော ယုံကြည်ခြင်းသည် နောင်တနှင့်ဆိုင်သော ဆု တောင်းချက်ကိုသာဖြစ်စေပြီး အပြစ်ပြဿနာကို ဖြေရှင်းမပေးနိုင်သဖြင့် ထိုသို့သောအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားသော အဆောက်အ ဦးသည် မိုးရွာပြီးလေတိုက်၍ လှိုင်းထသော် ချက်ခြင်းပြိုလဲသကဲ့သို့ ထိုမှား ယွင်းသော ယုံကြည်ခြင်းလည်း ပျက်စီးလိမ့်မည်။
ကျွန်ုပ်ယေရှုကို ယုံကြည်လက်ခံခြင်းပြီးနောက် (၂၀) နှစ်ကြာ သည့်တိုင်အောင် ယေရှု၏ဗတ္တိဇံခံခြင်းအကြောင်း အသေးစိတ်ကိုမကြား ခံရပါ။ကျွန်တော်သည်နှုတ်ကပတ်တော်ဖြင့်ယေရှုကိုတွေ့သောအခါ ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်း ခံခဲ့ရပါသည်။ ယခုကျွန်ုပ်သိရ သည်မှာ ကမ္ဘာပေါ်ရှိ လူများစွာတို့သည် စစ်မှန်သောသမ္မာတရားကို ရှာဖွေ နေကြသော်လည်းမတွေ့ရဘဲရှိနေကြသည်ဆိုသည့်အချက်ဖြစ်သည်။သူတို့ အားကျွန်ုပ်ပြောလိုသည်မှာ သူတို့သည် ရေနှင့်ဝိညာဉ်တော် သမ္မာတ ရားကို ကြားသိမှသာလျှင် အပြစ်ဖြေလွှတ်ခွင့်ကို စိတ်ထဲမှယုံကြည်ခြင်း ဖြင့် ရရှိခံစားကြလိမ့်မည်။
သင်သည် ဒုတိယအကြိမ်မွေးဖွားခြင်း မခံရမီ သင်၏ဘာသာရေး နှင့်ဆိုင်သော အသက်တာကို ဦးဆောင်ကောင်းဦးဆောင် နေရလိမ့်မည်။ ထိုအချိန်သည်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချောထည်အ ကြောင်း မကြားရသေးချိန်ဖြစ်လိမ့်မည်။ ထိုသို့မကြားရလျှင် ရေနှင့်ဝိ ညာဉ်တော်ဧဝံဂေလိတရား မကြားရသည်သာမက ကျွန်ုပ်တို့၏ အပြစ် များသည် ယေရှု၏ဗတ္တိဇံ ခံသည့် အထဲသို့လွှဲပြောင်းပေး၍လည်း မရနိုင်ပါ။
ခရစ်ယာန်များအနေဖြင့် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် နှင့်ချည်ချောထည်သမ္မာတရားကို သိလျက်ယုံကြည်ဖို့ရန် အလွန်ပင်အရေး ကြီးလှပါသည်။ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် ချည်ချောထည် ယုံကြည်ခြင်းအပေါ်တွင် ယုံကြည်ခြင်း၏အခြေခံအုတ် မြစ်ကို ချမှသာလျှင်ခိုင်ခံ့မှုရှိနိုင်သည်။ထိုကဲ့သို့သင်သည် ယုံကြည်မှုမရှိ လျှင် သင်သည် မဆိုင်းမတွဘဲ ယခုဖော်ပြသည့် ယုံကြည်ချက်အတိုင်း ချက်ချင်းလက်ခံပါ။ဤသို့သင်သည်ယုံကြည်မှသာပြည့်၀သောကယ်တင်ခြင်းရရှိခြင်း၊ယုံကြည် ခြင်းအခြေခံအုတ်မြစ်ကို ခ်ိုင်မာစွာချမှတ်ခြင်း၊ ထို အခြေခံအုတ်မြစ်ပေါ်တွင်ယုံကြည်ခြင်းကိုအစပြုထူထောင်နိုင်ခြင်းစသည်တို့ကို ပြုလုပ်နိုင်မည်။
 
 
ဘုရားသခင်၏ အသင်းတော်၌ပါဝင်သောသူသည် သူတို့၏ယုံကြည်ခြင်းကို မြဲမြံစွာ အခြေခံအုတ်မြစ်ချထားရမည်
 
မဿဲ(၁၄း၄၀) ကပြောပြသည်မှာ “ထိုအခါ လယ်၌ရှိသော သူနှစ် ယောက်တို့တွင်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်မူကားနေရစ်လတ္တံ” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် တူညီသော ဧဝံဂေလိတရားကို ဝန်ခံ၍ တူ ညီသောဧဝံဂေလိတရားကို ဘုရားသခင်၏အသင်းတော်ထဲတွင် စောင့် ရှောက်လျှင်အချို့တို့သည်ကျန်ရစ်ခဲ့ရလတ္တံဟု ဖော်ပြသည့်အခါ မည်မျှဝမ်း နည်း ဖွယ်ရာကောင်းလိမ့်မည်နည်း။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် နှုးညံ့သိမ်းမွေ့ခြင်းနှင့် ပြည့် ၀သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မာယုံ ကြည်ခိုင်း၍ မရနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယဉ်ကျေး သိမ်မွေ့စွာ ဟောပြောသည်ကို ကြားရသောအခါ ထိုအကြောင်းအရာများ သည် ဟုတ်မှန်ကြောင်းသင်သည် တည်ကြည်သောစိတ်ဖြင့် နားထောင် လိမ့်မည်။ မောရှေ့သည်ဣသရေလ လူမျိုးတို့အား တရားဟောသည့်အခါ သူတို့သည်မောရှေဖြစ်သည်ဟု မမှတ်ယူဘဲ၊ ဘုရား၏နှုတ်ကပတ်တော်ကို သခင်ဟောပြောနေသည်ဟု မှတ်ယူကြသည်။ ထိုနည်းတူစွာ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို သင်သည်ဟောကြားသည့်အခါ ဘုရားသခင်ထံမှ လာသည်(သို့)မလာသည်ကို သေချာစွာစစ်ဆေးဖို့လိုသည်။ သင်သည် ခေါင်းအေးအေးထား၍ စဉ်းစားပြီးအမှန်အကန်ပြောနေသည့် အကြောင်း အရာကို ယုံကြည်ရမည်။
သမ္မာကျမ်းစာက ဗေရိမြို့သားယုံကြည်သူများသည် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို အလှန်ကြည်ညိုသောစိတ်ဖြင့် နားထောင်ခဲ့ ကြောင်းဖေါ်ပြခဲ့ပါသည်။ “ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့ သားတို့ထက်ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ် ကပတ်တရားတော်ကို ခံယူ၍မှန်သည်မမှန်သည်ကို သိခြင်းငှါကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။”တဖန်၁၇း၁၁ အတိုချုပ်အားဖြင့် သူတို့ သည်သင်ယူခဲ့သည်အတိုင်း ယုတ္တိရှိရှိယုံကြည်ကြပါသည်။
စစ်မှန်သောယုံကြည်ခြင်းသည် ကြည်ညိုသောစိတ်ဖြင့် စေ့စေ့ ထောက်ရှုသည့် နှုတ်ကပတ်တော်မှ ထွက်ပေါ်လာသည်။ သင်ဆန္ဒမရှိဘဲ အတင်းအကျပ်ယုံကြည်ခိုင်း၍ရမည်လား။ အကယ်၍သင့်အား အတင်းအ ဓမ္မယုံကြည်ခိုင်းမည်ဆိုလျှင် ထိုယုံကြည်ချက် သည်အသုံးမကျသော ယုံ ကြည်ချက်ဖြစ်ပြီးစစ်မှန်သောယုံကြည်ချက်ကို သင်အားအတင်းအဓမ္မနည်း ဖြင့် မည်သူမှယုံကြည်ခိုင်းမည်မ ဟုတ်ပါ။ ဘုရားသခင်နှင့်အတွေ့မီ လူသည် သူ၏စိတ်ကြိုက်ရွေးချယ်မှုကို အမှီပြုရပါသည်။ ကျွန်ိုပ်တို့ ထပ် ခါတစ်လဲလဲ ပြောဆိုနေသည့် အကြောင်းအရာကို သင်သည်မယုံကြည်ဘဲ နေမည်ဆိုလျှင် သင်သည်ငရဲတွင်ခရီးဆုံးရလိမ့်မည်။
ထို့ကြောင့်ကမ္ဘာပေါ်တွင်ရှိသော အပြစ်သားများကို သနားစရာ ကောင်းသည်။ ထိုအရာထက်ဘုရားသခင်၏အသင်းတော် အိမ်ခေါင်မိုး အောက်တွင် အတူနေထိုင်ကြလျှက်၊ ဤသမ္မာတရားကို မယုံကြည်န်ိုင် သော်သူတို့သည်သာ၍ သနားဖို့ကောင်းပါသည်။ ထိုသို့သည် ခန္ဓာကိုယ် အားဖြင့် ဘုရားသခင်၏ အသင်းတော်တစ်ခုတည်းတွင် အတူရှိကြသော် လည်း ဝိညာဉ်သည်ငရဲသို့သွားရမည် ဖြစ်သောကြောင့် အလွန်ပင်သနားစ ရာကောင်းပါသည်။
သခင်ယေရှု၏ တပည့်တော်(၁၂)ဦးအနက် ယုဒရှာကဂုဏ်တစ်ဦး တည်းသာ ယေရှုသည်ကယ်တင်ရှင်မေရှိယဖြစ်ကြောင်း မယုံကြည်ဘဲနေခဲ့ သည်။ ထို့ကြောင်ယုဒရှကဂုဏ်သည် ယေရှုအားဆရာဟူ၍သာ အမြဲခေါ် ဆိုခဲ့ပါသည်။ပေတရုကလည်အစပိုင်းတွင်ယေရှုအား “ဆရာ”ဟူ၍ သာခေါ် ဆိုခဲ့ရာမှတစ်နေ့သောအခါယုံကြည်လာ၍ “ကိုယ်တော်သင်သည် ဘုရားသ ခင်၏ သားတော်နှင့် ခရစ်တော်ဖြစ်၏။ သင်သည်ကျွန်ုပ်တို့၏အပြစ်များကို ပပျောက်စေမည့်ဘုရားသခင်၏ သားတော်ကယ်တင်ရှင်ဖြစ်သည်။ သင် သည်ကယ် တင်သောဘုရားဖြစ်သည်”ဟုဝန်ခံခဲ့ပါသည်။
တနည်းအားဖြင့် ပေတရု၏ယုံကြည်ချက်နှင့် ယုဒရှကာ ရုတ်၏ ယုံကြည်ချက်တို့သည် ကွဲပြားခြားနားမှုရှိသည်။ ယုဒရှတရုတ်သည် ယေရှု ကိုသစ္စာဖောက်၍ ရောင်းစားခဲ့၍ မိမိကိုယ်ကိုသက်သေခဲ့ပါသည်။ ယုဒရှာကရုတ်သည် အခြားသော တပည့်တော်များကဲ့သို့ ယေရှုနောက်သို့ အတူလိုက်ခဲ့သော်လည်း ယေရှုခရစ်ကို အသိအမှတ်ပြု မလုပ်နိုင်ခဲ့သဖြင့် ငရဲသို့သွားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ပေတရုသည် စိတ်တိုတတ်သဖြင့် ဆိုးကျိုးများစွာတွေ့ခဲ့သော်လည်း ယေရှုခရစ်၏ ကယ်တင်ရှ်၏င်မေရှိယ ဖြစ်ခြင်းကို အသိအမှတ်ပြုသည့်အပြင် ယုံကြည်လက်ခံခဲ့သဖြင့် ကယ်တင် ခြင်းခံခဲ့ရပါသည်။
ထိုနည်းတူစွာ ကယ်တင်ခြင်းသည် သူ၏စိတ်နှလုံးသားဖြင့် သမ္မာ တရားကိုယုံကြည်၏။(သို့မဟုတ်) မယုံကြည်ဆိုသည့် အပေါ်တွင်မူတည် သည်။ တစ်စုံတစ်ယောက်က သမ္မာတရားကိုမသိဘဲ ယုံကြည်နိုင်မည်မ ဟုတ်ပါ။ အကယ်၍သူတို့သည် သမ္မာတရားကို သိလျက်ပင် မယုံကြည် ဘဲနေမည်ဆိုလျှင်သာ၍ကြီးမားသည့်အပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်။ (လု ၁၂း၄၈)တို့ကြောင့်ဘုရားသခင်က ကျွန်ုပ်တို့၏ယုံကြည်ခြင်း အခြေခံအုတ် မြစ်ကို ခိုင်မာစွာချထားရမည်ဟု ပြောဆိုခြင်းဖြစ်သည်။
 
 
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကား အဘယ်သို့နည်း
 
ကျွန်ုပ်တို့၏ အခြေခံယုံကြည်ခြင်း ခိုင်မာမှုရှိပြီလား။ မြဲမြံမှုရှိပြီ လား။ သခင်ဘုရားက သင့်အားတိကျစွာကယ်တင်ခဲ့ပြီလား။ ရေနှင့်ဝိညာဉ် တော်အားဖြင့် ဘုရားသခင်ကျွန်ုပ်တို့၏ကျွန်ုပ်တို့အား အမှန်အကန်ကယ် တင်ခဲ့ပြီ။ဤသမ္မာတရားသည် ကျွန်ုပ်တို့အသင်းတော် ဂိုဏ်းကဏ္ဍတွင် သီး ခြားသင်ကြားပေးသောအချက်မဟုတ်ဘဲ ယေရှုခရစ်တော်က ကျွန်ုပ်တို့ အားကယ်တင်ခဲ့သည့်အကြောင်းတည်းဟူသောဓမ္မဟောင်းခေတ်တွင်ဘုရားသခင်ကတိပေးခဲ့ပြီးဓမ္မသစ်ခေတ်တွင် သခင်ယေရှုက ပြီးပြည့်စုံခဲ့သော အချက်ဖြစ်သည်။
လူ့ဇာတိကိုခံ၍ လောကသို့ကြွလာသောသူ ရေ၌နှစ်ခြင်းခံခြင်း အားဖြင့်လောကသားများ၏အပြစ်ကို ယူတင်ရွက်ဆောင်သောသူ (အပြာ ရောင်ချည်ထည်)၊ ဤအပြစ်များကို လက်ဝါးကပ်တိုင်ပေါ်သို့တင်၍ သယ် ဆောင်သွားပြီးလက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်ခြင်းခံခဲ့သူ အနီရောင် ချည်ထည်)၊သေခြင်းမှရှင်ပြန်ထမြောက်ပြီးကျွန်ုပ်တို့အား ကယ်တင်ခဲ့ သောသူ စသည်ဖြင့်ဖြစ်သောယေရှုသည် ဘုရာင်တကာတို့၏ဘုရင် (ခရမ်း ရောင်ချည်ထည်) ဖြစ်တော်မူ၏။ သူသည် ဓမ္မဟောင်းခေတ်တွင် ထိုသို့ပြု လုပ်ပေးရန်ကတိတော်ပေးခဲ့သည့်အတိုင်း ဓမ္မသစ်ကာလတွင် ထိုကတိ တော်ကို ကယ်တင်ခြင်းအမှုဆောင်ရွက်ခဲ့ခြင်းအားဖြင့် ပြည့်စုံစေခဲ့သည်။ သင်သည်ယုံကြည်ပါသလား။ ဤယုံကြည်ချက်မှတစ်ပါး အခြားသော ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်မရှိပါ။
ကမ္ဘာပေါ်တွင် သန်းပေါင်းများစွာသော ခရစ်ယာန်များ၏ အခြေခံ ယုံကြည်ခြင်း အုတ်မြစ်သည် ကျိုးပဲ့လျက်ရှိသည်။ သူတို့၏ယုံကြည်ခြင်း မှန်သည် (သို့မဟုတ်) မမှန်သည်ကို သူတို့ထုတ်ဝေထားသော စာအုပ်များ ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ထိုစာအုပ်ကို ရေးသားသူများသည် ခရစ်ယာန်အသိုင်းအဝိုင်း၏ခေါင်းဆောင်များဖြစ်သဖြင့်သူတို့၏စာအုပ်များ ကိုဖတ်သည့်အခါ သူတို့သည် မှန်ကန်သော သမ္မာတရားရှိ၊မရှိ တွေ့နိုင် သည်။ ထိုသို့သောခေါင်းဆောင်တစ်ဦးသည် ဤသမ္မာတရားကို ဥပက္ခာ ပြုခြင်း (သို့မဟုတ်) လက်မခံခြင်းရှိပြီး သူ၏သွန်သင်ချက်နောက်လိုက်သူ များသည် နောက်ဆုံးတွင် ခေါင်းဆောင်နှင့်အတူ ငရဲသို့သွားရလိမ့်မည်။ ဝမ်းနည်းဖွယ်ရာကောင်းသောအချက်မှာ သန်းပေါင်းများစွာအနက် ဤ သမ္မာတရားကိုသိကျွမ်းသူအလွန်နည်းပါးလျှက်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ဤဧဝံဂေလိတရားကို သစ္စာရှိရှိအမြန်ဆုံးကမ္ဘာအနှံ့သို့ ကျွန်ုပ်တို့ဖြန့် ဝေရမည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် အလုပ်လုပ်နေပါသည်။ သင် နှင့်ကျွန်ုပ်သည် ဤတရားတော်ကို ဟောပြော၍ရှောင် လွှဲ၍မရသကဲ့သို့ မဟောဘဲနေလျှင် ဘုရားသခင်၏ရှေ့မှောက်တွင် ကြီးမားသောအပြစ်ကို ကျူးလွန်သူဖြစ်လိမ့်မည်။ ဤသမ္မာတရားကို မှန်ကန်စွာယုံကြည်လက် ခံပြီး လိုက်လျှောက်ခြင်းမပြုလျှင် ဘုရားသခင်ရှေ့၌ ဧကန်အမှန် အပြစ် ကျူးလွန်သူများဖြစ်မည်။ ကျွန်ုပ်တို့သည် ငရဲသွားသူများကို ရပ်တန့်ခိုင်း ၍ရသော်လည်းမရပ်ခိုင်းဘဲ ငရဲသို့ပို့နေသူများဖြစ်ပြီး ကျွန်ုပ်တို့သည် သမ္မာ တရားကိုသိလျှက်ပင် ပါးစပ်ပိတ်ထားသူများဖြစ်သဖြင့် ခွင့်လွှတ်၍မရနိုင် သော အပြစ်ကိုကျူးလွန်သူများ ဖြစ်သည်။
အကယ်၍ ကျွန်ုပ်တို့အပေါ် ပေးအပ်ထားသော တာဝန်ကိုကျေပွန် စွာထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့သော် သူတို့ကကျွန်ုပ်တို့အား အပြစ်တင်ကြ လိမ့်မည်။“သို့မဟုတ် ကင်းစောင့်ထားသောသူသည်ကား ဘေးရောက် ကြောင်းကိုမြင်လျက် တံပိုးမမှုတ်ပြည်သားတို့အား သတိမပေးသော ကြောင့် ကားဘေးရောက်၍ တစ်စုံတစ်ယောက်သောသူ အသက်ဆုံးလျှင် ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း သူ့အသက်ကို ယုံ ကြည်သောသူ၌ အပြစ်ကြောင့်အသက်ဆုံးသော်လည်း သူ့အသက်ကို ကင်း စောင့် သောသူ၌ ငါတောင်းမည်”(ယေဇ ၃၃း၆)။ ပထမဆုံးသိသောသူ၊ ယုံကြည်သောသူဖြစ်သော ကျွန်ုပ်တို့သည် ဤကင်းစောင့်၏ တာဝန်ကို ထမ်းဆောင်ရမည်။
ဤသမ္မာတရားကိုသိစေသောဘုရား၊ဧဝံဂေလိတရားကို ပေးသော မူသော သခင်ဘုရားကို ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတင်ပါသည်။ ဤသ တင်းကောင်းနှင့် သမ္မာတရားကိုသိသော လူနည်းစုဖြစ်သည် ရွေးချယ်ခြင်း ခံရသူများအထဲတွင် ပါဝင်ခွင့်ပေးသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို အမှုတော် ဆောင်များ၊ ယုံကြည်သူများကို ကမ္ဘာနှင့်အဝှမ်းဟောပြောသော်လည်း နေ့စဉ်အသက်တာတွင် ဤဧဝံဂေလိတရားကို တိကျစွာသာမြင် ယုံကြည် သူအလွန်နည်းပါးသေးကြောင်း သက်သေထူလျှက်ရှိသည်။ ကျွန်ုပ်တို့အား ဖြင့် ကမ္ဘာတစ်ဝှမ်းလုံးခန့် ဤရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှင့် သမ္မာတရားကို ပျံ့နှံ့စေဖို့ ဟောပြောစေလိမ့်မည်။ ကျွန်ုပ်တို့ယုံကြည် ခြင်း၏ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ ချထားသောသူများက နိုင်ခဲ့သော ယုံ ကြည်ခြင်းကို ပျံ့နှံ့စေလိမ့်မည်။
ထိုသို့ဧဝံဂေလိတရားကိုပျံ့နှံ့စေသူများပြားလာမည်ဆိုလျှင် ကျွန်ုပ် တို့အနည်းငယ် သက်သာရာရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုသို့ ယုံကြည်သူနည်းပါးလျက်ရှိနေသည်။ကမ္ဘာ့သမိုင်းတွင် ပြန်လည်ပြုပြင်ရေး သမားများ၏ စွမ်းဆောင်မှုကို အထင်ကြီးလွန်းနေကြသည်။ သူတို့၏ပြုပြင် ပြောင်းလဲရေးကိုအသေးစိပ်ကြည့်သောအခါ ပြုပြင်ရေးသမားများက သမ္မာ ကျမ်းစာဆိုင်ရာ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်နှင့် နောက်ဆက်တွဲ လိုက်လာရမည့်အရာများကို နေရာလွဲမှားစွာ ချမှတ်ခဲ့ကြသည်ကို တွေ့နိုင် သည်။ သူတို့၏နောက်ပိုင်းမှ လွဲမှားမှုများကိုမဆိုထားနှင့် ပထမပိုင်း မှား ယွင်းမှုကို ပြုပြင်မည်ဆိုလျှင် ကမ္ဘာ့ခရစ်ယာန်သမိုင်းကို အစမှပြန်လည်ပြု ပြင်ရေးသားဖို့လိုလိမ့်မည်။
သင်သည်ဘုရားသခင်၏ ရှေ့တော်တွင်ခိုင်မာသော ယုံကြည်ခြင်း အုတ်မြစ်ကိုချ၍ စစ်မှန်သောဧဝံဂေလိတရားကို အခြေခံပြီးအသက်ရှင်ဖို့ ကျွန်ုပ်ဆုတောင်းလျက်မျှော်လင့်နေပါသည်။ ဧဝံဂေလိတရားအတွက် သင် သည်အသက်ရှင်သောအခါဝမ်းမြောက်ခြင်းကိုခံစားရလိမ့်မည်။ တစ်စုံတစ် ယောက်သည် ဧဝံဂေလိတရားအတွက် အသက်ရှင်သောအခါ အသက်တာ ပြောင်းလဲ လာလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် သင်၏စိတ်နှလုံးကို ဖြည့်ဆည်းပေးကာ အလုပ်လုပ်သောအခါ သင်၏စိတ်သည် ပျော်ရွှင်မှုနှင့် ပြည့်၀လိမ့်မည်။
သို့သော် ဧဝံဂေလိတရားအတွက် အသက်မရှင်ခဲ့သော် သင်သည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားဖြင့် အပြစ်ဖြေ လွှတ်ခွင့်ရရှိရုံသာဖြစ်၍ ဇာတိအလိုဆန္ဒအတိုင်းအသက်ရှင်နေသောကြောင့်အဓိပ္ပါယ်မရှိ၊ အချဉ်းနှီး အသက်တာတွင် အသက်ရှင်ရလိမ့်မည်။
ဤတန်ဖိုးကြီးသော ဧဝံဂေလိတရားနှင့် ကယ်တင်ခြင်းတို့ကို အ ခမဲ့ပေးခဲ့သည့် ဘုရားသခင်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ သင်၏ယုံ ကြည်ခြင်းကို ထပ်မံစစ်ဆေးကာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် ချည်ချောထည်အားဖြင့်ပြည့်စုံသော ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံရ ယူဖို့ ကျွန်ုပ်ဆုတောင်းလျက် မျှော်လင့်နေပါသည်။