Search

တရားဟောချက်များ

ဘာသာရပ် ၂ - ပညတ်တရား

[2-1] ပညတ်တော်အားဖြင့်လုပ် ဆောင်လျှင် ကယ်တင်ခြင်း ရရှိနိုင်မည်လော (လုကာ ၁၀း၂၅-၃၀)

ပညတ်တော်အားဖြင့်လုပ် ဆောင်လျှင် ကယ်တင်ခြင်း ရရှိနိုင်မည်လော
(လုကာ ၁၀း၂၅-၃၀)
“ယေရှုကလည်း“သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။သို့သော် သင်တို့မယုံကြည်ကြ။ မယုံကြသည့်အကြောင်းကား သင်တို့သည်ငါ့သိုးမဟုတ်ကြသောကြောင့်ဖြစ်၏။ ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။ ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။ သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။ ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။”
 

လူသားများ၏အကြီးဆုံးပြဿနာမှာ အဘယ်အရာနည်း
သူတို့သည် မှားယွင်းသော ထင်ယောင်ထင်မှား များစွာဖြင့် အသက်ရှင်ကြသည်

လုကာ ၁၀း၂၈ တွင် “ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။” လူသားများသည် ထင်ယောင်ထင် မှားများစွာဖြင့် အသက်ရှင်ကြ သည်။ အထူးသဖြင့် သူတို့သည် ဤကိစ္စရပ်တွင် စိတ်ပျက်နုံချာ ဖွယ်ဖြစ်ကြဟန်တူကြသည်။ သူတို့သည် ဉာဏ်ကောင်းဟန်တူကြ သော်လည်း လှည့်စားရန် လွယ်ကူ၍ သူတို့ဆိုးသောဘက်၌ သတိမ ချပ်ဘဲ နေရစ်ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် မသိဘဲ မွေးဖွားလာကြသော်လည်း ကျွန်ုပ်တို့မိမိစိတ် ကြိုက်အသက်ရှင်ကြ သေးသည်။ လူများသည် မိမိကိုယ်ကိုကိုယ် မသိကြသောကြောင့်  ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ဟု သမ္မာကျမ်းစာက အ ကြိမ်ကြိမ်ပြောရခြင်းဖြစ်သည်။ 
လူများသည် ကိုယ်ပိုင်အပြစ်များ၏တည်ရှိခြင်းအကြောင်းကို ပြော ကြသည်။ လူသားများသည် ကောင်းသောအရာကို မလုပ် ဆောင်နိုင်ကြ ဟန်တူသော်လည်း သူတို့သည် ကောင်းသောသူများ အဖြစ် မိမိကိုယ်ကိုကိုယ် အကျင့်ကောင်းသူများအဖြစ် လိုလားကြ သည်။ သူတို့သည် မိမိနှုတ်ဖျားများဖြင့် အပြစ်သားများဖြစ်ကြသည် ဟု ပြောကြသော်လည်း သူတို့သည် မိမိ ကောင်းမှုအကျင့်များအ တွက် ဝါကြွားကြ၍ ထင်ရှားစေကြသည်။ သူတို့အထဲ၌ ကောင်း သောအရာတစ်စုံတစ်ခု သို့မဟုတ် ကောင်းသောအရာတစ်စုံတစ်ခု လုပ်ဆောင်ရန် အစွမ်းအစမရှိကြသောကြောင့် သူတို့သည် သူတပါး ကို လှည့်စား၍ တစ်ခါတစ်ရံ မိမိကိုယ်ကိုကိုယ် လှည့်စားကြသည်ကို သူတို့မသိကြပေ။ “လာကြပါ။ ငါတို့ သည် လုံးဝမဆိုးသွမ်းနိုင်ကြပေ။ ကျွန်ုပ်တို့အထဲ၌ ကောင်းသောအရာအချို့ရှိသည်။” 
တစ်ဆက်တည်းမှာပင်၊သူတို့သည် သူတပါးကိုကြည့်၍ “ဘုရား၊ သူက ထိုအရာကို လုပ်ခဲ့ရန် ငါဆန္ဒမရှိပါ။ သူကမလုပ်ခဲ့ရင် သူ့အ တွက်ပိုကောင်းလိမ့်မည်။ သူသည် ဒီအရာကို မပြောရင် ပိုကောင်း လိမ့်မည်။  သူက ထိုသို့နည်းလမ်းဖြင့် သတင်းကောင်းဟောပြောရန် သူ့အတွက်ပို၍ကောင်းတယ်ဟု ကျွန်တော်ထင်တယ်။ သူသည် ကျွန် တော့်ရှေ့မှာ ရွေးနှုတ်ခြင်းခံခဲ့ရသဖြင့် သူသည် ရွေးနှုတ်ခြင်းခံရသော သူကဲ့သို့ ပို၍ကျင့်ဆောင်သင့်သည်ဟု ကျွန်တော်ထင်တယ်။ ကျွန် တော်သည် ရွေးနှုတ်ခံရတာမကြာသေးသော်လည်း ကျွန်တော်က ပို ၍သင်ယူလျှင် သူထက်ကျွန်တော်သည် ပိုကောင်းလိမ့်မည်”ဟု မိမိ ကိုယ်ကိုကိုယ် ပြောတတ်ကြသည်။ 
သူတို့သည် နာကျင်မှုခံစားရသည့်အချိန်တိုင်းတွင် သူတို့ နှ လုံးသားများ၌ ဓါးများကို ထက်မြက်စေကြသည်။   “မင်းခဏစောင့် ပါ။ ငါက မင်းနဲ့မတူဟု မင်းသိလိမ့်မည်။ ယခုတွင် သင်သည် ငါထက် သာ သည်ဟု မင်းထင်သော်လည်း အချိန်ခဏစောင့်ပါ။ နောက်ကျ သော သူသည် အရင်ကျလိမ့်မည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား တယ်။ ဒီအရာသည် ကျွန်တော့်အတွက် အသုံးချသည်ကို ငါသိ တယ်။ ခဏ စောင့်ပါ။ ငါ မင်းကို ပြလိမ့်မည်။” လူများသည် မိမိကိုယ်ကိုကိုယ် လှည့်စားကြသည်။ 
သူသည် အခြားသူ၏နေရာတွင် ရှိနေလျှင် သူကဲ့သို့ကျင့်လိမ့် မည်ဖြစ်သော်လည်း သူသည် သူတပါးကို တရားစီရင်သေးသည်။ သူသည် တရားပလ္လင်ပေါ်တွင် မတ်သပ်ရပ်သောအခါ မိမိအဝတ် အစားကို သတိမထားမိသောကြောင့် သူသည် ရုတ်တရက်မိမိကိုယ် ကိုကိုယ် မြော်လင့်ချက်မဲ့ စမ်းတဝါးဝါး ဖြစ်လာသည်။ 
လူများသည် ကောင်းသောအရာလုပ်ဆောင်ရန် စွမ်းဆောင်နိုင် ကြသလောဟု ကျွန်ုပ်တို့မေးကြသောအခါ လူအများစုတို့သည် မိမိနှုတ်ဖျားဖြင့် မစွမ်းဆောင်နိုင်ကြပေဟု ပြောလေ့ရှိကြသည်။  သို့ သော် သူတို့သည် မိမိနှလုံးသားများ၌ ထင်ယောင်ထင် များအောက် တွင် ရှိနေကြသောကြောင့် သူတို့သည် စွမ်းဆောင်မှု မိမိကိုယ်ကို ကိုယ် ရှိကြသည်။ ထိုကြောင့် သူတို့သည် သေသည့်ထိတိုင်အောင် သီလရှိရန် ကြိုးစားကြသည်။ 
သူတို့သည် မိမိနှ လုံးသားများ၌ ‘ကောင်းမှု’ရှိကြသည်ကိုလည်း ကောင်း၊ သူတို့မှာ ကောင်းသောအရာလုပ်ဆောင်ရန် အစွမ်းအစရှိ ကြသည်ကိုလည်းကောင်း သူတို့ ထင်တတ်ကြသည်။ 
သူတို့သည် မိမိကိုယ်ကိုကိုယ်အလွန်ကောင်းကြသည်ဟု သူတို့ ယုံကြည်ကြသည်။ အထူးသဖြင့်၊ ဘုရားသခင်၏အမှုတော်၌ အလွန် ကြီးမားစွာ အောင်မြင်ကျော်ကြားသောသူများအကြား၊ ဘာသာတ ရား မည်မျှပင် ကိုင်းရှိုင်းစေကာမူ သူတို့က ‘ငါက ဘုရားအတွက် ဒီအရာနှင့်ဟိုအရာကို လုပ်နိုင်တယ်’ဟု ယူဆတတ် ကြသည်။ 
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဘဝများမှ ဖယ် ထုတ် ကြလျှင် ကျွန်ုပ်တို့သည် အမှန်အကန် ကောင်းနိုင်ကြသလော။ လူသားများ၌ ကောင်မှုရှိသလော။ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ် များလုပ်ဆောင်၍ အမှန်အကန်အသက်ရှင်နိုင်ကြသလော။ လူသား များသည် ကောင်းသောအရာလုပ်ဆောင်ရန် အစွမ်းအစမရှိကြပေ။  သူတို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် အရာများလုပ်ဆောင်ရန် ကြိုးစားကြသည့်အချိန်တိုင်းတွင် သူတို့သည် အပြစ်ကျူးလွန်ကြ သည်။ လူအချို့တို့သည် ကိုယ်တော်ကို ယုံကြည်ပြီးနောက် သခင်ယေရှုကို ဘေးဖယ်၍ ကိုယ်နည်းကိုယ်ဟန် ဖြင့် ကောင်းမှု ကုသိုလ်ပြုရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့အားလုံးအထဲ၌ အဆိုး သက်သက်သာရှိသောကြောင့် ကျွန်ုပ်တို့သည် အဆိုးများကိုသာ ပြုနေရခြင်း ဖြစ်သည်။ မိမိကိုယ်တိုင် (ကယ်တင်ခြင်းခံခဲ့သော သူများပင်လျှင်) ကျွန်ုပ်တို့သည် အပြစ်ကျူး လွန်နိုင်ကြသည်။ ထိုအ ရာသည် ကျွန်ုပ်တို့ဇာတိအသွေးအသား၏ဖြစ်ခြင်းအမှန် ဖြစ်သည်။

ကျွန်ုပ်တို့သည် အကောင်း သို့မဟုတ် အဆိုးမှ အဘယ်အရာကို အမြဲတမ်း ပြုကြသနည်း
အဆိုး

ချီးမွမ်းသီချင်း ‘ယေရှုနာမတော်ချီးမွမ်း’တွင် “♪ယေရှု မပါလျှင် ငါတို့လဲကျတယ်။ ငါတို့သည် မောင်းသူမဲ့ပင်လယ်ကို ကျော် ဖြတ်သော သင်္ဘောကဲ့သို့ တန်ဖိုးမဲ့သူများဖြစ်ကြသည်♪”ဟူသော စာ သားကိုစပ်ဆိုထားသည့် သီချင်းတစ်ပိုဒ် ဖြစ်သည်။ 
သခင်ယေရှုမပါဘဲ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြ သောကြောင့် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်နိုင်ကြသည်။ ကျွန်ုပ် တို့သည် ကယ်တင်ခြင်းခံရပြီးနောက် ဖြောင့်မတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် အစွမ်းအစရှိကြသည်။ 
တမန်တော်ရှင်ပေါလုက “အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏”(ရောမ ၇း၁၉)ဟု ပြောခဲ့သည်။ လူတစ်ဉီးသည် သခင်ယေရှုနှင့်ရှိနေလျှင် ဘာမျှစိုးရိမ် စရာမရှိသော်လည်း သူသည် ကိုယ်တော်နှင့်သက်ဆိုင်မှုမရှိလျှင်သူသည်ဘုရားရှေ့တော်၌ ကောင်း သောအရာပြုလုပ်ရန် ကြိုးစားသည်။ သို့သော် လူသည်ကြိုးစား လေလေ သူသည် အဆိုးပြုလေလေ ဖြစ်သည်။ 
ဒါဝိဒ်မင်းသည်လည်း တူညီသောဇာတိပကတိရှိခဲ့သည်။ သူ၏ နိုင်ငံတော်သည် ငြိမ်းချမ်း၍ ကြွယ်ဝ လာသောအခါ တစ်ည သူသည် လမ်းလျှောက်ရန် အိမ်ခေါင်မိုးပေါ်သို့ တက်သွားခဲ့သည်။ ထိုနေရာ တွင် သူသည် စုံစမ်းခြင်းရုပ်ပုံတစ်ခုကို တွေ့ခဲ့၍ လိင်ဆက်ဆံရေး ပျော်မွေ့ခြင်းအတွက် ခံစားလာခဲ့သည်။ သူသည် ဘုရားသခင်ကို မေ့လျော့သောအခါ မည်သည့်အရာနှင့်တူသနည်း။ သူသည် အမှန် အကန် ဆိုးသွမ်းခဲ့သည်။ သူသည် ဗေသရှေဘနှင့် ဖောက်ပြန်၍ သူမ၏ခင်ပွန်းဖြစ်သူ ဉရိယကို သတ်ခဲ့သော်လည်း သူသည် မိမိ ကိုယ်ကိုကိုယ် အဆိုးဟု မမြင်နိုင်ခဲ့ပေ။ သူသည် မိမိ လုပ်ဆောင် ချက်များအတွက် အကြောင်းပြချက် ဆင်ခြင်များပေးခဲ့သည်။ 
ထိုနောက် တစ်နေ့ ပရောဖက်နာသန်သည် သူ့ထံ လာ၍ “ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။ ချမ်းသာသောသူ၌ သိုးအုပ်၊ နွားအုပ် အများအပြားရှိ၏။ ဆင်းရဲသောသူ၌မူကား သူဝယ်ယူထားသော သိုးသငယ်မလေးတစ်ကောင်မှလွဲ၍ မည်သည့်အရာမျှမရှိ။ သူသည် ထိုသိုးသငယ်မလေးကို ကျွေးမွေးပြု စုခဲ့၏။ သူနှင့်အတူနေ၍ သူ့သားသမီးနှင့်အတူကြီးပြင်းလာ၏။ သူနှင့်အတူ စား၏။ သူ့ခွက်တွင်ပင် သောက်၏။ သူ့သမီးကဲ့သို့ သူ့ရင်ခွင်တွင် အိပ်၏။ တစ်နေ့တွင် ချမ်းသာသောသူထံသို့ ခရီးသွားဧည့်သည်တစ်ဦးရောက်လာ၏။ သူ့ထံရောက်လာသောဧည့်သည်ကို သူ၏သိုးအုပ်၊ နွားအုပ်ထဲမှ သိုးနွားကိုယူ၍ ချက်ကျွေးရမည်ကို နှမြောသဖြင့် ဆင်းရဲသောသူ၏သိုးသငယ်မလေးကို ယူပြီးလျှင် သူ့ထံရောက်လာသောဧည့်သည်ကို ချက်ကျွေး၏”ဟု ပြောပြလေ၏” ဟု ပြောခဲ့သည်။ 
ဒါဝိဒ်မင်းက “ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ ထိုသို့ပြုသောသူသည် အမှန်ပင် သေရမည်”ဟု ပြောခဲ့သည်။ သူ၏အမျက် ဒေါသည် အလွန်နိုးဆွသောကြောင့် သူက “သူက ချမ်းသာကြွယ်ဝ ချမ်းသာတယ်။ သူသည် မိမိဉစ္စာများထဲက တစ်ခုကို အမှန်အကန် ယူနိုင်တယ်။ သို့သော် သူသည် မိမိ ဧည့်သည်အတွက် အစားအစာ ပြင်ဆင်ရန်ဆင်းရဲသားတစ်ဉီး၏သိုးတစ်ကောင်တည်းကို ယူခဲ့တယ်။ သူအသေခံသင့်တယ်”ဟု ပြောခဲ့သည်။ 
ထိုနောက် နာသန်က သူ့အား “ထိုသူသည် အရှင်မင်းကြီးပင် ဖြစ်၏”ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု နောက်တော် သို့မလိုက်၊ ကိုယ်တော်နှင့်အတူမရှိကြလျှင် ဒုတိယမွေး ဖွားခြင်းခံရ သောသူများသည် ဤသို့သောအပြစ်များကို ပြုနိုင်ကြသည်။ သစ္စာရှိ သူများပင်အပါအဝင် လူသားအားလုံးအတွက် အတူတူပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုမပါဘဲ အမြဲတမ်းခလုတ်တိုက်၍ အဆိုး ပြုကျင့် ကြသည်။  ကျွန်ုပ်တို့အထဲ၌ မည်သို့ပင်အ ဆိုးရှိနေပါစေ သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်ဟု ယနေ့ ကျွန်ုပ်တို့သည် ကျေးဇူးတင်ရကြသည်။ “♪ကားတိုင်အရိပ်အောက် ကျွန်ုပ်နားခိုချင်♪”ကျွန်ုပ်တို့နှလုံးသားများသည် ခရစ် တော်၏ရွေး နှုတ်ခြင်းအရိပ်၌နားခိုသော်လည်း ကျွန်ုပ်တို့သည် အရိပ်ကို စွန့်လွှတ် ၍ မိမိကိုယ်ကိုကိုယ် ကြည့်ကြလျှင် ကျွန်ုပ်တို့သည် ဘယ်တော့မှ အနားယူနိုင်မည်မဟုတ်ပေ။ 
 


ဘုရားသခင်သည် ပညတ်တော်မတိုင်မီ ယုံကြည်ခြင်း ဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်


ယုံကြည်ခြင်း သို့မဟုတ် ပညတ်တော်မှ လိုက်လျှောက် အဘယ်အရာသည် ပို၍ စောလျှင်သနည်း
ယုံကြည်ခြင်း

တမန်တော်ရှင်ပေါ လုက ဘုရားသခင်သည် အစကတည်းက ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့ သည်ဟု ပြောခဲ့သည်။ ကိုယ်တော်သည် အာဒံနှင့်ဧဝ၊ ကာဣနနှင့် အာဗေလ၊ ရှေသနှင့်ဧနောက်၊ နောဧ၊ အာဗြဟံ၊ ဣဇာက်နှင့် နောက် ဆုံး ယာကုပ်နှင့် ၎င်း၏သားဆယ့်နှစ်ဉီးတို့ထံ ၎င်းကို ပေးအပ်တော် မူခဲ့သည်။  ပညတ်တော်မရှိလျှင်တောင် သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ယုံကြည်ခြင်းမှ လာသောဖြောင့်မတ်ခြင်းအားဖြင့် ဘု ရားရှေ့တော်၌ ဖြောင့်မတ်သူများဖြစ်လာခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကောင်း ကြီးမင်္ဂလာခံစားရကြ၍ ချမ်းသာခွင့်ခံစားရရှိခဲ့ကြသည်။  
အချိန်ကုန်ဆုံးလာခဲ့၍ ယာကုပ်၏အမျိုးများသည် ယောသပ် ကြောင့် နှစ်ပေါင်း ၄၀၀ အဲဂုတ္တုပြည်၌ ကျွန်များအဖြစ် အသက် ရှင်ခဲ့ကြသည်။ ထိုနောက် ဘုရားသခင်သည် မောရှေအားဖြင့် ခါနာန် ပြည်သို့ သူတို့ကို ဉီးဆောင်တော်မူခဲ့သည်။  သို့သော် ကျွန်ခံရာ နှစ် ပေါင်း ၄၀၀အတွင်း သူတို့သည် ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းကို မေ့လျော့ခဲ့ကြသည်။ 
ထိုကြောင့် ဘုရားသခင်သည် အံ့သြဖွယ်နိမိတ်လက္ခဏာအား ဖြင့် ပင်လယ်နီကို ဖြတ်သန်းခွင့်နှင့် သဲကန္တရသို့ သူတို့ကို လမ်းပြပို့ ဆောင်ပေးတော်မူခဲ့သည်။ သူတို့သည် အပြစ်၏သဲကန္တရသို့ရောက် ကြသောအခါ ဘုရားသခင်သည် သူတို့အား သိနာတောင်ပေါ်တွင် ပညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အား ပညတ်တော်ဆယ်ပါးနှင့်အတူ ပိုဒ်မအသေးစိတ်ဖော်ပြထားသော ၆၁၃ ပါဝင်သောပညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ ဘုရားသ ခင်က “ငါသည် သင်၏ဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်။ မောရှေသည် သိနာတောင်ပေါ်သို့ တက် ၍ ငါသည် သင်တို့အား ပညတ်တော်ကို ပေးလိမ့်မည်”ဟု မိန့် တော်မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည် ဣသရေလလူမျိုးများ အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ 
ကိုယ်တော်သည် သူတို့အား ပညတ်တော်ကို ပေးအပ်တော်မူ ခဲ့သောကြောင့် သူတို့သည် “အပြစ်တရားကို” (ရောမ ၃း၂၀)သိကြ လိမ့်မည်။ ၎င်းမှာ ကိုယ်တော်နှစ်သက်သောအ ရာနှင့် မနှစ်သက် သောအရာနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းစင်ကြည် ခြင်းကို ထင်ရှားစေရန် အစီရင်ခံစာ ဖြစ်သည်။ နှစ်ပေါင်း ၄၀၀ အတွင်း အဲဂုတ္တုပြည်၌ ကျွန်ခံနေခဲ့ကြသော ဣသရေလလူမျိုးများ အားလုံးသည် ပင်လယ်နီကို ဖြတ်သန်းခဲ့ကြသည်။ သူတို့သည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားနှင့် ယာကုပ်၏ဘုရားကို မမြင် ဘူးခဲ့ကြပေ။ သူတို့သည် ကိုယ်တော့်ကို မသိခဲ့ကြပေ။ 
သူတို့သည် နှစ်ပေါင်း ၄၀၀အတွင်း ကျွန်များအဖြစ် အသက် ရှင်ခဲ့ကြစဉ်တွင် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မေ့လျော့ခဲ့ကြသည်။ ထိုချိန်တွင် သူတို့သည် ခေါင်းဆောင်မရှိခဲ့ကြ ပေ။ ယာကုပ်နှင့် ယောသပ်တို့သည် သူတို့၏ခေါင်းဆောင်များဖြစ် ကြသော်လည်း သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ကြသည်။ ယောသပ်သည် မိမိသားများဖြစ်ကြသူ မနာရှေ နှင့် ဧဖရိမ်တို့အပေါ် ယုံကြည်ခြင်းမလွှဲပြောင်းဟန်တူသည်။
ထိုကြောင့် သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မေ့ လျော့ခဲ့ကြသောကြောင့် သူတို့သည် ဘုရားသခင်ကို တဖန်ရှာဖွေ၍ ကိုယ်တော့်ကို တွေ့ရန် လိုအပ်ခဲ့သည်။ သူတို့သည် ယုံကြည်ခြင်း မေ့လျော့ခဲ့ကြပြီးနောက် ဘုရားသခင်သည် သူတို့အား ယုံကြည် ခြင်း၏ဖြောင့်မတ်ခြင်းကို ရှေးဉီးစွာ ပေးအပ်တော်မူခဲ့ပြီးနောက် ပ ညတ်တော်ကို ပေးအပ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် စိတ်ထဲတွင် မြဲမြံစွာ မှတ်ထားရမည် ဖြစ်သည်။ သူတို့သည် ကိုယ်တော့်ထံ ပြန်လှည့်လာကြရန် ကိုယ်တော်သည် သူတို့အား ပညတ်တော် ကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ဣသရေလလူမျိုးများကို ကယ်တင်ရန်နှင့် သူတို့အား မိမိလူများဖြစ်စေတော်မူရန်အတွက် သူတို့ထံ အရေဖျားလှီးရန် မိန့်ကြားတော်မူခဲ့သည်။ 
သူတို့အား ဘုရားသခင်ခေါ်တော်မူသည့်ရည်ရွယ်ချက်မှာ ကိုယ် တော်သည် ပညတ်တော် တည်ထောင်ခြင်းအားဖြင့် တည်ရှိတော်မူ သည်ကို သူတို့အားသိစေတော်မူတော်ရန်နှင့် ဒုတိယအနေဖြင့် သူတို့သည် ကိုယ်တော်ရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်ဟု သိစေတော်မူရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် သူတို့သည် ကိုယ်တော့်ရှေ့တော်၌ တိုးဝင်ချဉ်းကပ်ရန်နှင့် သူတို့အပေါ် ကိုယ် တော်ပေးအပ်တော်မူခဲ့သော ယဇ်ပူဇော်ခြင်းအမှုအားဖြင့် ရွေးနှုတ် ခြင်းခံရခြင်းအားဖြင့် သူတို့သည် ကိုယ်တော်၏လူများဖြစ် လာကြ ရန်အတွက် ဖြစ်သည်။ ကိုယ်တော်သည် သူတို့အား မိမိလူများ ဖြစ်စေတော်မူခဲ့သည်။ 
ဣသရေလလူမျိုးများသည် ကြွလာတော်မူခဲ့သော မေရှိယကို ယုံကြည်ခြင်းအားဖြင့် ယဇ်ပူဇော်ခြင်းပညတ်တော် စနစ်အားဖြင့် ရွေးနှုတ်ခြင်းခံရကြသည်။ သို့သော် ယဇ်ပူဇော်ခြင်းစနစ်သည် အချိန် ကြာလာသည်နှင့်အမျှ ပျောက်ကွယ်ခဲ့သည်။ ထိုအချိန်သည် ဘယ် ချိန်ဖြစ်သည်ကို ကြည့်ကြပါစို့။ 
လုကာ ၁၀း၂၅ တွင် သခင်ယေရှုကို စုံစမ်းသူ ရှေ့နေတစ်ဉီးကို ဖော်ပြထားသည်။ ရှေ့နေမှာ ဖါရိရှဲတစ်ဉီးဖြစ်သည်။ ဖါရိရှဲများသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ရန် ကြိုး စား သူ အလွန်အယူသီးသူများဖြစ်ကြသည်။ သူတို့သည် နိုင်ငံကို ရှေ့ဉီး စွာ ကာကွယ်ရန် ကြိုးစားခဲ့ကြ၍ ဘုရားသခင်၏ပညတ် တော်အား ဖြင့် အသက်ရှင်ကြသည်။  ထိုနောက် ဣသရေလလူမျိုးများသည် ရောမများမှ လွှတ်လပ်ရေး၊ သူတို့၏ရူပါရုံအောင်မြင်ရန်အတွက် အ ကြမ်းဖက်အသုံးချရန် အလွန်စိတ်အားထက်သန်၍ ဝန်တာစိတ်ရှိသူ Zealots များလည်းရှိကြသည်။ 

သခင်ယေရှုသည် မည်သူ့ကို တွေ့လိုတော်မူသနည်း
သိုးထိန်းမရှိသောအပြစ်သားများ
 
  ယနေ့၌ပင်လျှင် သူတို့နှင့်တူသော ဘာသာရေးသမားအချို့ရှိ ကြသည်။  သူတို့က ‘လောက၌ ဖိနှိပ် ချုပ်ခြယ်မှုခံရသောသူများကို ကယ်တင်ခြင်း’ ကဲ့သို့သော ဆောင်ပိုဒ် ဖြင့် လူမှုရေးလှုပ်ရှားမှုများကို ဉီးဆောင်ကြသည်။ သခင်ယေရှုသည် ဆင်းရဲသားများနှင့် ဖိနှိပ်ချုပ် ခြယ်မှုခံရသောသူများကို ကယ်တင်ရန် ကြွလာတော်မူခဲ့သည်ဟု သူတို့သည် ယုံကြည်ကြသည်။ ထိုကြောင့် သူတို့သည် ကျမ်းစာသင် ကျောင်း၌ သီအို‌‌လော်ဂျီပညာကို လေ့လာခဲ့ကြပြီးနောက် နိုင်ငံရေး တွင် ပါဝင်ကြ၍ လူမှု‌ရေးနယ်ပယ်အားလုံးတွင် ‘ပျက်စီးနေသော သူများကို ရွေးနှုတ်ရန်’ ကြိုးစားကြသည်။ 
သူတို့သည် “သန့်ရှင်း၍ ဂရုဏာနှင့်ပြည့်သောပညတ်တော် ပညတ် တော်နှင့်အညီ၊ နှုတ်ကပတ်တော်အားဖြင့်  ကျွန်ုပ်တို့အားလုံး အသက်ရှင်ကြပါစို့”ဟု တိုက်တွန်းသောသူများဖြစ်ကြသည်။ သို့ သော် သူတို့သည် ပညတ်တော်၏မှန်ကန်သောအဓိပ္ပါယ်ကို နားမ လည်ကြပေ။ သူတို့သည် ပညတ်တော်၏ဘုရားသခင်ဖွင့်ပြချက်ကို အသိအမှတ်မပြုဘဲ ပညတ္တကျမ်းစာနှင့်အသက်ရှင်ရန် ကြိုးစားကြ သည်။ ထိုကြောင့် ခရစ်တော်မတိုင်မီ နှစ်ပေါင်း ၄၀၀ ခန့် ဣသ ရေလတိုင်းပြည်၌ ပရောဖက်များ၊ ဘုရား သခင်၏အစေခံများမရှိကြ ပေဟု ကျွန်ုပ်တို့ပြောနိုင်ကြသည်။  ဤအကြောင်းကြောင့် သူတို့ သည် သိုးထိန်းမဲ့ သိုးစုတစ်စု ဖြစ်လာခဲ့ကြသည်။ 
သူတို့သည် ပညတ်တော် သို့မဟုတ် စစ်မှန်သောခေါင်းဆောင် မရှိခဲ့ကြပေ။  ထိုအချိန်၏ဟန်ဆောင်သောဘာသာရေး ခေါင်းဆောင် များအားဖြင့် ဘုရားသခင်သည် မိမိကိုယ်ကိုကိုယ်ဖွင့် ပြ‌တော်မမူခဲ့ ပေ။ နိုင်ငံတော်သည် ရောမအင်ပါယာ၏ကိုလိုနီတစ်ခု ဖြစ်လာခဲ့ သည်။ ထိုကြောင့် သခင်ယေရှုသည် သဲကန္တာရ၌ ကိုယ်တော့် နောက်တော်သို့ လိုက်လျှောက်သော ဣသရေလလူမျိုးများအား ဆာလောင်မွတ်သိပ်စွာဖြင့် ပြန်လွှတ်တော်မမူခဲ့ပေ။ ထိုအချိန်တွင် ဆင်းရဲဒုက္ခခံရသူများစွာရှိကြသောကြောင့် ကိုယ်တော်သည် သိုး ထိန်းမရှိဘဲ သိုးစုများအပေါ် သနားကြင်နာစိတ်ရှိတော်မူခဲ့သည်။
ရှေ့နေများနှင့် ဤသို့သောရာထူး၌အခြားသူများသည် အထူးသ ဖြင့် အထူးအခွင့်အရေးခံရသောသူများ ဖြစ်ကြသည်။ ဖါရိရှဲများသည် ယုဒဘာသာ၏မျိုး ရိုးအဆက်အနွယ်များဖြစ်ကြသည်။ သူတို့သည် အလွန်ဝါကြွားသောသူများဖြစ်ကြသည်။ 
ဤရှေ့နေက သခင်ယေရှုထံ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု လုကာ ၁၀း၂၅ တွင် လျှောက်ခဲ့သည်။ သူက ဣသရေလလူမျိုးများအကြား သူထက်ပို သာကောင်းမွန်သူတစ်ယောက်မျှ မရှိခဲ့ပေဟု သူတွေးဟန် တူသည်။ ထိုကြောင့် ဤရှေ့နေ(ရွေးနှုတ်ခြင်းမခံရသေးသောသူ) သည် ကိုယ်တော်ထံ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု စိန်ခေါ်ခဲ့သည်။ 
ရှေ့နေသည်မိမိကိုယ်ကိုကိုယ်ရောင်ပြန်ဟပ်သည်။ ကိုယ်တော် သည် သခင်ယေ ရှုထံ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”မေးမြန်းခဲ့သည်။ သခင် ယေရှုက“ပညတ်တရားကျမ်းတွင် မည်သို့ ရေးထားသနည်း။ သင် မည်သို့ဖတ်ရသနည်း”ဟု ပြန်ဖြေတော်မူခဲ့သည်။ 
ထိုကြောင့် သူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်း သတ္တိရှိသမျှနှင့်သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်း ကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု ပြန်ဖြေခဲ့သည်။ သခင်ယေရှုက သူ့ထံ “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြု လျှင် အသက်ရှင်လိမ့်မည်”ဟု ပြန်ပြောတော်မူခဲ့သည်။
သူသည် မိမိကိုယ်ကိုကိုယ် အဆိုးပြုသောသူ၊ ကောင်းသောအ ရာလုံးဝမလုပ်ဆောင်နိုင်သော အပြစ်အစုအဝေးဖြစ်သည်ကို မသိဘဲ သခင်ယေရှုကို စိန်ခေါ်ခဲ့သည်။  ထိုကြောင့် သခင်ယေရှုက သူ့ထံ “ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း”ဟု ပြန်ဖြေတော်မူခဲ့သည်။ 

သင်ဖတ်ရှုသော ပညတ်တော်မှာ အဘယ်အရာနည်း
ကျွန်ုပ်တို့သည် ပညတ်တော်ကို မစောင့်နိုင်ကြသူ အပြစ်သားများဖြစ်ကြသည်

““သင်မည် သို့ ဖတ်ရသနည်း”” ဤကျမ်းချက်အားဖြင့် သခင်ယေရှုက သင်နှင့်ကျွန်တော်တို့အပါအဝင် လူတစ်ဉီးသည် ပညတ္တိကျမ်းကို မည်သို့သိ၍ နားလည်သ ဘောပေါက်သလဲဟု မေးတော်မူသည်။ 
ယနေ့လူများစွာ များကဲ့သို့ ဤရှေ့နေက သူစောင့်ရှောက်ရန်အ တွက် ပညတ်ကို ဘုရားသခင်သည် သူ့အား ပေးအပ်တော်မူခဲ့သည် ဟု တွေးတောခဲ့သည်။ ထိုကြောင့် သူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှ လုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသ မျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်း ကောင်း ဖြစ်ပါသည်”ဟု ဖြေခဲ့သည်။ 
ပညတ္တိကျမ်းမှာ အမှားမရှိပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံသောပညတ္တိကျမ်းကို ပေးအပ်တော်မူခဲ့သည်။ သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိ ဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့်ခွန်အားရှိသမျှတို့ဖြင့် ချစ် ခြင်းမှာ ကျွန်ုပ်တို့အတွက် အခွင့်အရေး ဖြစ်သည်။ သို့သော် ၎င်း သည် ကျွန်ုပ်တို့မစောင့်ရှောက်နိုင်သော သန့်ရှင်းသောပညတ် တော် ဖြစ်သည်။ 
“သင်မည် သို့ ဖတ်ရသနည်း” အဓိပ္ပါယ်မှာ ပညတ်တော်သည် မှန်ကန်၍ ပြည့်စုံသော်လည်း သင်သည် နားလည်သဘောပေါက်သ လော ဖြစ်သည်။ သူသည် ပညတ်တော်ကို နာခံလိုက်လျှောက်ရန် ဘုရားသခင်ပေးအပ် တော်မူခဲ့သည်ဟု ရှေ့နေက ထင်ခဲ့သည်။  သို့ သော် ကျွန်ုပ်တို့အပြစ်ဒုစရိုက်များကို အကုန်အစင် ဖော်ထုတ်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်များကို နားလည်သဘောပေါက်ကြ မည့်အကြောင်း ဘုရားသခင်၏ပညတ်တော်ကို ကျွန်ုပ်တို့ထံ ပေး အပ်ခဲ့ခြင်း ဖြစ်သည်။  “သင်သည် အ ပြစ်ကျူးလွန်ခဲ့တယ်။ ငါက လူ့အသက်မသတ်ရန်ပြောသော်လည်း သင်သည် လူ့အသက်သတ် ဖြတ်ခဲ့တယ်။ သင်သည် ဘာကြောင့်ငါ့ကို မနာခံခဲ့သနည်း။” 
ပညတ္တိ ကျမ်းသည် လူသားများ၏နှလုံးသားများ၌ရှိသောအပြစ် များကို ထုတ်ဖော်သည်။  ကျွန်တော့်လမ်းတွင် လယ်ကွင်းထဲမှာ မှည့် နေသော ဖရဲသီးအချို့ရှိသည်ဟု ဆိုကြပါစို့။ ဘုရားသခင်သည် ပညတ်တော်အားဖြင့် “ထိုဖရဲသီးများကို ကောက်၍မစားပါနှင့်။ သင် သည် စားလျှင် ငါ့ကို ရှုတ်ချခြင်း ဖြစ်တယ်”ဟု သတိပေးတော်မူခဲ့ သည်။ “ဟုတ်ပါ  တယ်။ အဖေ။” “လယ်ယာဟာ ဉီး ဘယ်သူ၊ ဘယ် သူ၏ပိုင်တယ်။ ဒါကြောင့် မင်းက ၎င်းတို့ကို မကောက်သင့်ပါ။”  “ဟုတ်ပါတယ်။ အဖေ။”
ကျွန်ုပ်တို့သည် ၎င်းတို့ကို မကောက်ယူသင့်ဟု ကျွန်ုပ်တို့ကြားရ သည့်အချိန်တွင် ကျွန်ုပ်တို့သည် ၎င်းတို့ကို ကောက်ယူရန် လိုလား မှုကို ခံစားကြသည်။ စပိလိန်တစ်ခုကို ဖိနှိပ်လိုက်လျှင် ၎င်းသည် ပြန်လည်တုံ့ပြန်ကာ ပြန်တက်လာမည် ဖြစ်သည်။ လူများ၏အပြစ် များသည်လည်း ထိုကဲ့သို့ ဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား အဆိုးမပြုရန် မိန့်တော်မူခဲ့ သည်။ ဘုရားသခင်သည် သန့်ရှင်း၍ ပြည့်စုံကာ ပညတ်တော်ကို စောင့်ရှောက်ရန် အစွမ်းအစရှိသောကြောင့် ဖြစ်သည်ဟု ကိုယ်တော် ပြော ကြားနိုင်သည်။ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည် အပြစ် ‘မကျူးလွန်’ဘဲမနေနိုင်ကြ၍ ကောင်းသောအရာဖြင့်လည်း စင် ကြယ်စွာ ‘မနေနိုင်’ကြပေ။ ကျွန်ုပ်တို့သည် နှလုံးသားများ၌ ကောင်း သောအရာ ‘ဘယ်တော့မှ’ မရှိကြပေ။ ပညတ်တော်သည် ‘ဘယ် တော့မှ’စကားလုံးဖြင့် ပြဌာန်းထားသည်။ အဘယ်ကြောင့်နည်း။ လူများသည်မိမိနှလုံးသားများ၌ တပ်မက်မှုများရှိကြသည်။ ကျွန်ုပ်တို့ သည် မိမိတပ်မက်မှုများအပေါ် ပြုမူကြသည်။ ကျွန်ုပ်တို့သည် မိမိနှ လုံးသားများ၌ မိန်းမနှင့်ပြစ်မှားလိုသည့်စိတ်ရှိကြသောကြောင့် လိင် ဆက်ဆံရေးကျူးလွန်ခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို သတိချပ်စွာ ဖတ်သင့်ကြ သည်။  ကျွန်တော်ပထမကြိုးစားခဲ့ သောအခါ ကျွန်တော်သည် နှုတ် ကပတ်တော်ကို ပို့စာသို့ ခွဲခြားစိတ်ဖြာခဲ့သည်။ သခင်ယေရှုသည် ကျွန်တော့်အတွက် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်ဟု ကျွန်တော် ဖတ်သောအခါ ကျွန်တော်မျက်ရည်တပေါက်ပေါက်ကျခဲ့ ရသည်။ ကျွန်တော်သည် လူဆိုးတစ်ဉီးဖြစ်သော်လည်း ကိုယ် တော် သည် ကားတိုင်ပေါ်တွင် ကျွန်ုပ်အတွက် အသေခံတော်မူခဲ့ သည်။ ကျွန်တော့်နှလုံးသားသည် အလွန်နာကျင်နေသောကြောင့် ကျွန် တော်သည် ကိုယ်တော့်ကို ယုံကြည်ခဲ့သည်။ ထိုနောက် ကျွန်တော် က ‘ကျွန်တော်သည် ယုံကြည်လျှင် နှုတ်ကပတ်တော်နှင့်အညီ ယုံ ကြည်ရမည်’ဟု တွေးခဲ့သည်။ 
ထွက်မြောက်ရာကျမ်း ၂၀ ကို ကျွန်တော် ဖတ်သောအခါ “သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ”ဟု တွေ့ရသည်။ ဤပ ညတ်တော်နှင့်အညီ နောင်တရရန် ကျွန် တော်ဆုတောင်းခဲ့သည်။ ကျွန်တော်က ကိုယ်တော်မှတပါးအခြားသောဘုရားကိုးကွယ်သ လော၊ ကိုယ်တော်၏နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုသလော၊ အခြားသောဘုရား များရှေ့မှာ ဒူးထောက်ရှိခိုးခဲ့သလောဟု ကျွန် တော်ပြန်လည်ဆန်း စစ်၍ မိမိမှန်ဉာဏ်ကိုသတိရရန် ရှာဖွေသည်။ ကျွန်တော်သည် မိမိဘိုးဘေးများကို ဂုဏ် ပြုခြင်းပွဲကျင်းပြသည့်အ ချိန်တွင် အခြားသောဘုရားများကို ကြိမ်ဖန်များစွာ ဒူးထောက်ခဲ့ သည်ဟု ကျွန်တော်နားလည်သဘောပေါက်ခဲ့ရသည်။ ကျွန် တော် သည်အခြားသောဘုရားများကိုကိုးကွယ်ခြင်းအပြစ်ကျူးလွန်ခဲ့သည်။ 
ထိုကြောင့် ကျွန်တော်က “ကိုယ်တော်၊ ကျွန်တော်ရုပ်တုကို ကိုး ကွယ်ခဲ့တယ်။ ထိုအရာအတွက် ကျွန်တော် တရားစီရင်ခြင်းခံရမည် ဖြစ်တယ်။ ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော် နောက်တဖန် ထိုအရာကို မလုပ်တော့ပါ”ဟု နောင်တတရားဖြင့် ဆုတောင်းခဲ့သည်။ ထိုနောက် အပြစ်တစ်ခုသည် ပြုစုဟန်တူသည်။ 
ထိုနောက် ကျွန်တော်သည် ကိုယ်တော်၏နာမတော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆိုသလောဟု ကျွန်တော်ပြန်လည်စဉ်းစားရန် ကြိုး စားခဲ့သည်။ ကျွန်တော်ပထမ ဘုရားသခင်ကို ယုံ ကြည်ခဲ့သောအခါ ကျွန်တော် မုသာနှင့်ဆိုင်၍ မြွက်ဆိုခဲ့သည်ကို ကျွန်တော်မှတ်မိခဲ့ သည်။ ကျွန်တော့်မိတ်ဆွေတစ်ဉီးက “မင်းက ဆေးလိပ်သောက် ခြင်းအားဖြင့် ဘုရားသခင် ဘုရားသခင်ကို အရှက်ရစေတော်မူသည် မဟုတ်လော။ ခရစ်ယာန်တစ်ဉီးသည် မည်သို့ဖြင့် ဆေးလိုပ်သောက် နိုင်မလဲ”ဟု ပြောခဲ့သည်။
ထိုအရာသည် ကိုယ်တော်၏နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက် ဆိုခြင်း  ဖြစ်သည်မဟုတ်လော။ ထိုကြောင့် ကျွန်တော်သည် တဖန် “ကိုယ်တော်၊ ကိုယ်တော်၏နာမတော်ကို ကျွန်တော်မုသာနှင့် ဆိုင်၍ မြွက်ဆိုခဲ့တယ်။ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော် ဆေးလိပ်မသောက်တော့ပါ”ဟု ဆုတောင်းခဲ့သည်။ ထိုကြောင့် ကျွန် တော်ဆေးလိပ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း တစ်နှစ်ခန့်ကြာလာ သောအခါ ကျွန်တော် ဆေးလိပ်ပြန်သောက်ခဲ့သည်။  ထိုအရာသည် အမှန်အကန် ခက်ခဲသောကြောင့် ဆေးလိပ်ဖြတ်ရန် မဖြစ်နိုင်ပေ။  သို့သော် နောက်ဆုံးတွင် ကျွန်တော်သည် ဆေးလိပ်ကို လုံးဝဖြတ် တောက်ရန် စီမံခဲ့သည်။ ကျွန်တော်သည် နောက်ထပ်အခြားအပြစ် တစ်ခု ခံလိုက်ရသည်ဟု ခံစားခဲ့ရသည်။ 
အခြားတစ်ခုမှာ “ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့် ထိန်းရန် အောက်မေ့လော့”ဖြစ်သည်။ ဤအရာ၏အဓိပ္ပါယ်မှာ ကျွန်တော် သည် တနင်္ဂနွေနေ့များတွင် အခြားအရာများကို ပြုသင့်ပေ။ အလုပ်မလုပ်သင့်ပေ။ ငွေကြေးမရှာသင့်ပေ။ ထိုကြောင့် ကျွန်တော် သည် ထိုအရာကိုလည်း ရပ်တန့်ခဲ့သည်။ 
ထိုနောက် “သင်၏မိဘကိုရိုသေလော့”ဖြစ်သည်။ ကျွန်တော် အဝေးသို့ရောက်နေသည့် အချိန်တွင် သူတို့ကို ရိုသေနိုင်သော်လည်း ကျွန်တော်အနီးသို့ရောက်သည့်အခါ နှလုံးသား၌ နာကျည်းမှုရှိခဲ့ သည်။  “အောင်မ လေ၊ ကျွန်တော် ဘုရားရှေ့တော်၌ အပြစ်ကျူး လွန်ခဲ့တယ်။ ကိုယ်တော်၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။” နောင်တ နှင့်စပ်ဆိုင်သောဆုတောင်းခြင်းဖြင့် ကျွန်တော် ဆုတောင်း ခဲ့သည်။ 
သို့သော် ကျွန်တော့်မိဘနှစ်ပါးတို့သည် သေဆုံးခဲ့ကြသော ကြောင့် ကျွန်တော်သည် သူတို့ကို မရိုသေနိုင်တော့ပေ။ ကျွန်တော် သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ “ကိုယ်တော်၊ ဤတန်ဖိုးမဲ့သောအပြစ်သားကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော် သည် ကားတိုင်ပေါ်တွင် ကျွန်တော့်အတွက် အသေခံတော်မူခဲ့ တယ်။” ကျွန်တော်သည် မည်မျှ ကျေးဇူးတင်သနည်း။ 
ဤသို့ဖြင့် ကျွန်တော်သည် အပြစ်များတစ်ခုပြီးတစ်ခု ခံရ သည်ဟု ကျွန်တော်တွေးတောခဲ့သည်။ လူ့အသက်မသတ်ရ၊ သူ့မ ယားကိုမပြစ်မှားရ၊ တပ်မက်လိုချင်သော စိတ်မရှိရဟူသော အခြား ပညတ်များလည်းရှိကြသည်။ ကျွန်တော်သည် ပညတ်တစ်ခုတည်း ကိုပင် မစောင့်ရှောက်နိုင်ခဲ့သည်ကို ကျွန်တော်နားလည်သဘော ပေါက်သည့်အထိ ကျွန်တော်ညလုံးပေါက် ဆု‌တောင်းခဲ့သည်။ သို့သော် နောင်တရခြင်းဖြင့် ဆု‌တောင်းခြင်းမှာ အမှန်အကန် ဝမ်း မြောက်စရာမ ဟုတ်သည်ဟု သင်သိသည်။  ထိုအကြောင်းကို ပြော ကြပါစို့။ 
ကျွန်တော်သည် သခင်ယေရှု၏အသေခံတော်မူခြင်းအကြောင်း ကို တွေးခဲ့သောအခါ မည်မျှ နာကျင်မှုခံစားခဲ့ရသည်ကို ကျွန်တော် သနားနိုင်ခဲ့သည်။  နှုတ်ကပတ်တော်နှင့်အ ညီအသက်မရှင်နိုင်သော ကျွန်ုပ်တို့အတွက် ကိုယ်တော်သည် အသေခံတော်မူခဲ့သည်။ ကိုယ် တော်သည် ကျွန်တော့်ကို မည်မျှ ချစ်တော်မူသည်ကိုလည်းကောင်း၊ ကျွန်တော်အား စစ်မှန်သောပျော်ရွှင်ခြင်းပေးအပ်တော်မူခြင်းအ တွက် ကိုယ်တော့်ကို မည်သို့ ကျေးဇူးတင်သည်ကိုလည်းကောင်း စဉ်းစား၍ ကျွန်တော်ညလုံးပေါက် ငိုကြွေးခဲ့ရသည်။ ဘုရားကျောင်း သို့ ကျွန်တော်တက်ရောက်သောပထမနှစ်သည် အများအားဖြင့် အ လွန်လွယ်ကူသော်လည်း ကျွန်တော်သည် မျက်ရည်မကြာခဏကျ ခဲ့သောကြောင့် မျက်ရည်ကျရန် ပို၍ခက်ခဲလာခဲ့သည်ဟု ကျွန်တော် စဉ်းစားခဲ့သောကြောင့် နောက်နှစ်အနည်းငယ်အတွင်း နောင်တရ ခြင်းနှင့် စပ်ဆိုင်၍ ငိုကြွေးရန် ကျွန်တော့်အတွက် ပို၍ ခက်ခဲလာ ခဲ့သည်။ မျက်ရည်များမကျတော့သည့်အခါ ကျွန်တော်သည် တောင် ပေါ်သို့ ဆုတောင်းရန်သွား၍ ၃ ရက်အစာရှောင်ခဲ့ရသည်။ ထိုနောက် မျက်ရည်များကျလာခဲ့သည်။ မျက်ရည်များစိုနေ၍ ကျွန်တော်အဖွဲ့ အစည်သို့ ပြန်လှည့်လာပြီး ဘုရားကျောင်း၌ ငိုကြွေးခဲ့သည်။ 
ကျွန်တော်ပတ် လည်တွင်ရှိသောလူများက “မင်းက တောင် ပေါ်များသို့ ဆုတောင်းခြင်းအားဖြင့် ပို၍များစွာ သန့်ရှင်းလာခဲ့တယ်” ဟု ပြောခဲ့ကြသည်။ သို့သော် မျက်ရည်များသည် နောက်တဖန် ခြောက်သွေ့လာခဲ့သည်။  တတိယနှစ်သည် အမှန်အကန် ခက်ခဲ လာခဲ့သည်။  ကျွန်တော်သည် မိတ်ဆွေများနှင့် မိတ်ဆွေခရစ်ယာန် များအပေါ် ပြုခဲ့သောအမှားများကို စဉ်းစား၍ တဖန်ငိုကြွေးပြန် သည်။ လေးနှစ်ကြာလာပြီးနောက် မျက်ရည်များ တစ်ဖန် ခြောက် သွေ့ခဲ့ပြန်သည်။ ကျွန်တော်မျက်စိများပေါ်တွင် မျက် ရည်ဂလင်းများ ရှိသော်လည်း မျက်ရည်မကျနိုင်တော့ပေ။ ၅ နှစ်ကြာခဲ့ ပြီးနောက် ကျွန်တော်မည်သို့ပင် ကြိုးစားနေပါစေ မငိုနိုင်တော့ပေ။ ကျွန်တော့် နားခေါင်းများသည် ပြေးလာခဲ့သည်။  ပို၍နှစ်အနည်းငယ်ကြာလာခဲ့ ပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုကိုယ် ရွံရှာသောကြောင့် ဘုရားသခင်သည် ကျွန်တော့်အား သမ္မာကျမ်းစာသို့ တဖန်ပြန်လှည့် လာစေတော်မူခဲ့သည်။ 
 


ပညတ်တော်မှာ အပြစ်သိရှိခြင်းအတွက် ဖြစ်သည်


ပညတ်တော်အကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ကျွန်ုပ်တို့ နားလည်ရကြမည်နည်း
ကျွန်ုပ်တို့သည် ပညတ်တော်ကို မစောင့် ရှောက်နိုင်ကြပေ။ 
 
ရောမ ၃း၂၀ တွင် ကျွန်ုပ်တို့သည် “ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏”ဟု ဖတ်ကြသည်။ အစ၌ ဤကျမ်းချက်ကို တမန်တော်ရှင်ပေါလုထံ ကိုယ်ပိုင်သတင်းစကား တစ်ခုမျှသာဖြစ်သည်ဟု စဉ်းစား၍ ကျွန်တော်ပိုနှစ်သက်သော စ ကားလုံးများကို ယုံကြည်ရန် ကြိုးစားခဲ့ကြသည်။  သို့သော် ကျွန် တော်မျက်ရည်များ ခြောက်သွေ့ခဲ့ပြီးနောက် ကျွန်တော်သည် ဘာ သာရေးယုံကြည်မှုအသက်တာကို မဆက်နိုင်တော့ပေ။ 
ထိုကြောင့် ကျွန်တော်သည် အပြစ်မကြာခဏကျူးလွန်ခဲ့၍ ကျွန်တော့်နှလုံးသား၌ အပြစ်ရှိ၍ ပညတ်တော်အားဖြင့် အသက်မ ရှင်နိုင်ကြသည်ဟုကျွန်တော်တွေ့ရှိခဲ့သည်။ ကျွန်တော်သည် ပညတ် တော်ကို မထမ်းနိုင်ခဲ့သော်လည်း ၎င်းကိုနာခံရန် ပေးအပ်ခြင်းဖြစ် သည်ဟု ကျွန်တော်ယုံကြည့်ခဲ့သောကြောင့် ကျွန်တော်သည် ပညတ် တော်ကို မပယ်ဖျက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ကျွန်တော်သည် ကျမ်းစာ၌ ဖော်ပြထားသောသူများကဲ့သို့ ရှေ့နေတစ်ဉီး ဖြစ်လာခဲ့ သည်။ ကျွန်တော်သည် ယုံကြည်ခြင်းအသက်တာဖြင့် ဆက်လက်အ သက်ရှင်ရန် ကျွန်တော့်အတွက် အလွန်ခက်ခဲလာပါသည်။ 
ကျွန်တော်သည် ပညတ်တော်ကို ဖတ်ရှုနေစဉ် နှလုံးသား၌ ပညတ်တော်ဆယ်ပါးမှ တစ်ခုကို ချိုးဖောက်သည့်အချိန်တိုင်းတွင် ထိုအပြစ်များနားလည်သပေါက်ခဲ့ရသဖြင့် ကျွန်တော့်မှာအပြစ်များ စွာရှိခဲ့သည်။ နှလုံးသား၌ အပြစ်ကျူးလွန်ခြင်းမှာ အပြစ် ကျူးလွန် ခြင်းလည်းဖြစ်၍ ကျွန်တော်သည် ပညတ်တော်ကို မလိုလားဘဲ ယုံကြည်သူတစ်ဉီးဖြစ်လာခဲ့သည်။ 
ကျွန်တော်သည် ပညတ်တော်စောင့်ရှောက်ခဲ့သောအခါ ဝမ်း မြောက်ခဲ့သည်။ သို့သော်လည်း ကျွန်တော်သည် ပညတ်တော်ကို မစောင့် ရှောက်နိုင်သောအခါ ကျွန်တော်သည် စိတ်ပျက်လက်ပျက်၊ စိတ်အ နှောင့်အယှက်ဖြစ်၍ ဝမ်းနည်းခဲ့ရသည်။ ကျွန်တော်သည် အမှန်အကန် စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။ “မဟုတ်၊ မဟုတ်ပါ။ ပညတ်တော်အတွက် အခြားအဓိပ္ပါယ်ရှိတယ်။ မင်းက အပြစ်အစုအ ဝေးရှိသည်ဟု ၎င်းက ပြသတယ်။ မင်းမှာ ငွေကြေးချစ်တယ်၊ မတူညီသောအင်္ဂါနှင့် မင်းမြင်တွေ့သောအရာများ ချစ်တယ်။ မင်းမှာ ဘုရားသခင်ထက် ပို၍ ချစ်မြတ်နိုးသောအရာများရှိတယ်။ မင်းက လောကအရာများနောက်သို့ လိုက်လျှောက်တယ်။ ပညတ်တော်ကို စောင့်‌‌ရှောက်ရန် ပေးအပ်ခြင်းမဟုတ်ဘဲ မင်းရဲ့နှလုံးသား၌ အဆိုး ဖြင့် အပြစ်သားတစ်ဉီးအဖြစ် မိမိကိုယ်ကိုကိုယ် အသိအမှတ်ပြုရန် သာဖြစ်တယ်”ဟု အပြစ်တရားနှင့် ပတ်သက်၍ စစ်မှန်သောပညာကို အစကတည်းက သွန်သင်ခြင်းခံရလျှင် မည်မျှ အဆင်ပြေချောမွေ့ လိမ့်မည်နည်း။ 
လူတစ်ဉီးသည် သမ္မာတရားကို ကျွန်တော့်အား သွန်သင်လျှင် ကျွန်တော်သည် ၁၀ နှစ်အတောအတွင်း ဆင်းရဲဒုက္ခခံရမည်မဟုတ် ပေ။ ထိုကြောင့် ကျွန်တော်သည် ဤအရာနားလည်သဘော မပေါက် မှီ ၁၀ နှစ်အတွင်း ပညတ်တော်အောက်၌ အသက်ရှင်ခဲ့ရသည်။ စတုတ္ထမြောက်ပညတ်မှာ “ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရန် အောက်မေ့လော့” ဖြစ်သည်။ ကျွန်ုပ်တို့သည် ဉပုသ်နေ့၌ အလုပ် မလုပ်သင့်သည်ကို ဆိုလိုသည်။ကျွန်ုပ်တို့သည်တနင်္ဂနွေနေ့၌ ဝေးလံ သောခရီးနှင်လျှင် ကားမစီးဘဲ ခြေကျင်ဖြင့် လမ်းလျှောက်သင့်သည် ကို သွန်သင်သည်။ ကျွန်တော်တရားဟောပြောရန် သွားမည့်နေရာ သို့ ခြေကျင်ဖြင့် လမ်းလျှောက်ခြင်းမှာ ပို၍ သင့်တော်၍ ဂုဏ် ယူစရာဖြစ်သည်ဟု ကျွန်တော်တွေးခဲ့သည်။ ထို့ပြင်၊ ကျွန်တော်သည် ပညတ်တော်အကြောင်းကို ဟောပြောရမည် ဖြစ်သည်။ ထိုကြောင့် ကျွန်တော်ဟောပြောခဲ့သည့်အတိုင်း ကျွန် တော်ကျင့်ဆောင်ရမည် ဟု ကျွန်တော်ခံစားခဲ့ရသည်။ ထိုအရာသည် အလွန်ခက်ခဲသော ကြောင့် ကျွန်တော်အရှုံးပေးလုနီးပါး ဖြစ်ခဲ့ရသည်။ 
“သင်မည်သို့ဖတ်ရသနည်း”ဟု ဤတွင် မှတ်တမ်းတင်ထားခဲ့ သည်။ ဤမေးခွန်းကို ကျွန်တော်နားမလည်ခဲ့၍ နှစ်ပေါင်း ၁၀ ဆင်းရဲဒုက္ခခံ ခဲ့ရသည်။ ရှေ့နေသည် ထိုအကောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခဲ့သည်။ သူသည် ပညတ်တော်ကို နာခံ၍ သတိချပ်စွာ အသက်ရှင်ခဲ့လျှင် သူသည် ဘုရားရှေ့တော်၌ ကောင်း ကြီးမင်္ဂလာကို ခံစားရလိမ့်မည်ဟု သူထင်ခဲ့သည်။ 
သို့သော် သခင်ယေရှုက သူ့အား “သင်သည် အဘယ်သို့ဖြစ်ရ သနည်း” ဟု မိန့်တော်မူခဲ့သည်။ သူက မိမိဘာသာတရားယုံကြည်မှု နှင့်အညီ ဖြေ ကြားခဲ့သည်။ သခင်ယေရှုက သူ့အား “ဟုတ်ပါတယ်။ မင်းအဖြေမှန်ကန်တယ်။ မင်းက ကျမ်းစာနှင့်အညီ ခံယူခဲ့တယ်။ ကြိုးစား၍ စောင့်ရှောက်ပါ။ မင်းလိုက်လျှောက်နိုင်လျှင် အသက် ရှင်လိမ့်မည်။ သို့သော် မင်းမလိုက်လျှောက်နိုင်လျှင် သေလိမ့်မည်။ အပြစ်၏အခမှာ သေခြင်း ဖြစ်တယ်။ မင်းက မလိုက်လျှောက်လျှင် သေလိမ့်မည်”ဟု မိန့်တော်မူခဲ့ သည်။ အသက်၏ဆန့်ကျင်ဘက်မှ သေခြင်းဖြစ်သည် မဟုတ်လော။”
သို့သော် ရှေ့နေသည် နားမလည်သေးပေ။ ရှေ့နေသည် ကျွန်ုပ် တို့အားလုံးမှ တစ်ယောက်၊ သင်နှင့်ကျွန်တော်နှင့်တူသည်။ ကျွန် တော်သည် နှစ်ပေါင်း ၁၀အတွင် သီအိုလော်ဂျီပညာကို လေ့လာ ဆည်းဖူးခဲ့သည်။  ကျွန်တော်သည် အစာရှောင်ခြင်း၊ အာရုံပြုခြင်း၊ အ ခြားဘာသာစကားပြောခြင်းစသောအရာအားလုံးကိုကြိုးစားခဲ့သည်။ အရာအားလုံးကို ဖတ်၍ အရာအားလုံးကို ပြုခဲ့သည်။ ကျွန်တော် သည် ၁၀ နှစ်အတွင်း ကျမ်းစာကို ဖတ်ခဲ့၍ တစ်စုံတစ်ခုကို ပြည့်စုံ စေရန် မြော်လင့်ခဲ့သည်။ သို့သော် ဝိညာဉ်ရေးရာအရ ကျွန်တော် သည် မျက်ကန်းသူတစ်ဉီး ဖြစ်နေသေးသည်။ 
ထိုအကြောင်းကြောင့် အပြစ်သားတစ်ဉီးသည် မိမိမျက်စိများ ဖွင့်ပေးနိုင်သော တစ်စုံတစ်ဉီးကို တွေ့ရ၍ ထိုသူမှာ သခင်ယေရှု ခရစ်တော် ဖြစ်တော်မူသည်။ ထိုနောက် လူတစ်ဉီးက “အောင်မ လေး၊ ငါတို့က ပညတ်တော်ကို  ဘယ်တော့မှ မစောင့်ရှောက်နိုင်ကြ ပါ။ ငါတို့သည် ပညတ်တော်ကို စောင့်ရှောက်ရန် မည်မျှပင် ကြိုးစား အားထုတ်စေကာမူ စိတ်ပျက် လက်ပျက်ကြိုးစားနေသည့်အချိန်၌ ပင် ငါတို့သည် သေကြလိမ့်မည်။ သို့သော် သခင်ယေရှုသည် ငါတို့ အားရေနှင့်ဝိညာဉ်တော်အားဖြင့် ကယ်တင်တော်မူခဲ့တယ်။ ဟာလေ လုယာ”ဟု နားလည်သဘော ပေါက်နိုင်သည်။ ရေ နှင့်ဝိညာဉ်တော် သည် ကျွန်ုပ်တို့ကို ကယ်တင်နိုင်သည်။ ထိုအရာသည် ကျေးဇူးတော်၊ ဘုရားသခင်၏ဆုကျေးဇူးဖြစ်သည်။ထိုကြောင့်ကျွန်ုပ်တို့သည် ဘုရား သခင်ကို ချီးမွမ်းကြသည်။ 
ကျွန်တော်သည် မြော်လင့်ချက်မဲ့သော ပညတ်တော်လမ်း ကြောင်းမှ ဘွဲ့ဆွတ်ခူးခဲ့သောကြောင့် အလွန်ကံကောင်းသော်လည်း လူအချို့တို့သည် ဓမ္မပညာကို အချည်းနှီးလေ့လာခြင်းအားဖြင့် သူတို့ ၏ဘဝများကို အသုံးချ၍ သေသည့်ထိတိုင်အောင် သမ္မာတရားကို နားမလည်ကြပေ။လူအချို့တို့သည် ရာစုနှစ်များ သို့မဟုတ် မျိုးဆက် တစ်ဆက်မှတစ်ဆက်သို့ ယုံကြည်နိုင်ကြသော်လည်း သူတို့သည် ဒုတိယမွေးဖွားခြင်းမခံရကြပေ။ 
ကျွန်ုပ်တို့သည် ပညတ်တော်ကို ဘယ်တော့မှ မစောင့်ရှောက် နိုင်ကြ၍ သခင်ယေရှုရှေ့တော်၌ရပ်ကြကာ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို နားထောင်ကြသည်ဟု နားလည်သဘောပေါက်ကြ သောအခါ ကျွန်ုပ်တို့သည် အပြစ်သားတစ်ဉီးမှ လွှတ်မြောက်/ဘွဲ့ ဆွတ်ရကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို တွေ့ကြသောအခါ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းအားလုံးနှင့် ပျက်စီးခြင်းမှ လွှတ်‌ မြောက် ကြသည်။  ကျွန်ုပ်တို့သည် ဆိုးသွမ်းသောအပြစ်သားများဖြစ် ကြသော်လည်းကိုယ်တော်သည် ရေနှင့်အသွေးတော်အားဖြင့် ကျွန်ုပ် တို့ကို ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ် သူများဖြစ် လာကြသည်။ 
ကျွန်ုပ်တို့သည် ကိုယ်တော်၏အလိုတော်နှင့်အညီ ဘယ်တော့မှ အသက်မရှင်နိုင်ကြပေဟု သခင်ယေရှုက မိန့်တော်မူခဲ့သည်။  ကိုယ် တော်သည် ရှေ့နေထံဤအကြောင်းကို ပြောကြားတော်မူခဲ့သော် လည်း သူက နားမလည်ခဲ့ပေ။ ထိုကြောင့် သူသည် နားလည်သဘော ပေါက်နိုင်ရန် ကူညီပေးမည့်ပုံပြင်တစ်ပုဒ်ကို သခင်ယေရှုသည် သူ့ အား ပြောကြားတော်မူခဲ့သည်။ 

မည်သည့်အရာက လူများအား ယုံကြည်ခြင်းဘဝ၌ ကျဆင်းစေသနည်း
အပြစ်တရား
 
“ယေရှုက“လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏”(လုကာ ၁၀း၃၀)။ သခင်ယေရှုက ဓားမြရိုက်နက်ခြင်းခံရ၍ သေလုဆဲဆဲ ဖြစ်နေသောသူတစ်ဉီး၏ ပုံဉ ပမာအားဖြင့် ‌ရှေ့နေအား မိမိဘဝဆင်း ရဲဒုက္ခပေါင်းစုံမှ နိုးကြားရန် ပြောကြားတော်မူခဲ့သည်။ လူတစ်ဉီးသည် ယေရုရှလင်မြို့မှ ယေရိ ခေါသို့ သွားခဲ့သည်။ ယေရိခေါမြို့သည် လောကီကမ္ဘာကို ကိုယ်စား ပြု၍ ယေရုရှလင်မြို့သည် ဘာသာရေးမြို့၊ ပညတ်တော်တတ်ကျွမ်း သူများဖြင့် နာမည်ကျော်ကြားသော ယုံကြည်ခြင်းမြို့ကို ကိုယ်စားပြု သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ဘာသာရေးလမ်းတစ်ခု အ ဖြစ်သာ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ပျက်စီးကြလိမ့်မည်ဟု ဤ ပုံပြင်က ပြောကြားသည်။ 
“လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက် နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။” ယေရုရှလင်မြို့သည် လူဉီးရေထူထပ်သော ကြီး မားသောမြို့တစ်မြို့ ဖြစ်သည်။ ထိုမြို့တွင် ယဇ်ပု ရောဟိတ်ကြီး၊ ယဇ်ပုရောဟိတ်များ၏ဂိုဏ်းချုပ်၊ လေဝိများနှင့်ဘာ သာတရားကိုင်း ရှိုင်းသူများစွာရှိခဲ့ကြသည်။ ပညတ်တော်ကို တတ်ကျွမ်းသူများစွာ လည်း ရှိခဲ့ကြသည်။ ထိုနေရာတွင် သူတို့သည် ပညတ်တော်နှင့်အညီ အသက်ရှင်ရန် ကြိုးစားခဲ့သော်လည်း သူတို့သည် မစောင့်ရှောက် နိုင်ကြဘဲ ယေရိခေါမြို့သို့ ဉီးတည်ခဲ့ကြသည်။  သူတို့သည် ဤလော က (ယေရိခေါမြို့)၌ ကျဆင်းခဲ့ကြ၍ ဓါးမြများကို မရှောင်လွှဲနိုင်ခဲ့ ကြပေ။ 
လူတစ်ဉီးက ယေရုရှလင်မြို့မှ ယေရိခေါမြိုသို့သွားသောလမ်း တွင် ဓါးမြများနှင့်တွေ့ကြ ၍ အဝတ်များချွတ်ခြင်းခံခဲ့ရသည်။ “အ ဝတ်များချွတ်ခြင်း”အဓိပ္ပါယ်မှာ သူသည် မိမိဖြောင့်မတ်ခြင်း ဆုံးရှုံး သွားခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ပတ်တော်အားဖြင့် အသက် ရှင်ခြင်း၊ ပညတ်တော်နှင့်အညီအသက်ရှင်ခြင်းသည် မဖြစ်နိုင်ပေ။ ထိုကြောင့်တမန်တော်ရှင်ပေါလုကရောမ၇း၁၉-၂၀တွင် “အကြောင်း မူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။ သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏” ဖော်ပြထားခြင်း ဖြစ်သည်။ 
ကျွန်တော်သည် ကောင်းသောအရာကို လုပ်နိုင်၍ နှုတ်ကပတ် တော်နှင့်အညီ အသက်ရှင်နိုင်ရန် ဆန္ဒရှိသည်။ သို့သော် အကြောင်းမူ ကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန် ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊လောဘလွန်ကျူးခြင်း၊ဆိုးညစ်ခြင်း၊စဉ်းလဲခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင် လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြသည် (မာကု ၇း၂၁-၂၃)။
သို့သော် ၎င်းတို့သည် ကျွန်ုပ်တို့နှလုံးသားများ၌ရှိကြ၍ ယခု တွင် ထွက်လာကာ ကျွန်ုပ်တို့သည် မလုပ်ရမည်အရာကို လုပ်ကြ၍ လုပ်သင့်သောအရာများကို မလုပ်ကြပေ။ ကျွန်ုပ်တို့သည် နှလုံးသား များ၌ ထိုအဆိုးများကို ထပ်ခါသလဲလဲ ဆက်လက်လုပ်ဆောင်ကြ သည်။ မာရ်နတ်လုပ်ဆောင်သောအရာများမှာ ကျွန်ုပ်တို့အား အပြစ်ပြုရန် အနည်းငယ်သောလှုံ့ဆော်မှုပေးခြင်း ဖြစ်သည်။
 


လူသားများအားလုံး၏နှလုံးသားရှိသောအပြစ်များ


ကျွန်ုပ်တို့သည် ပညတ်တော် အားဖြင့်အသက်ရှင်နိုင်ကြသလော
မရှင်နိုင်ကြပေ
 
မာကု ၇ တွင် “အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက် သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။တစ်ဖန် ကိုယ်တော်က“လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏”ဟု ဖော်ပြထားသည်။
သခင်ယေရှုက ကျွန်ုပ်တို့အား အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင် ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ့အတွင်းမှထွက်လာသည်ဟု မိန့် တော်မူခဲ့သည်။ 
ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ လူ့အသတ်သတ်ခဲ့ကြ သည်။ လူ့အသက်ကိုမသတ်သူတစ်စုံတစ်ဉီးမျှ မရှိပေ။  မိခင်များက မိမိသားသမီးများအား “မဟုတ်ပါ။ ထိုသို့မလုပ်ရ။ ဒီလိုမလုပ်ပါနှင့်ဟု ငါပြောခဲ့တယ်။ ဒီအရာကို မလုပ်ရန် ငါအကြိမ်ကြိမ် ပြောခဲ့တယ်။ မင်းက ထိုအရာကို နောက်တကြိမ်ထပ်လုပ်ရင် သတ်ပစ်လိုက်မယ်။ ဒီလိုမလုပ်ရန် ငါပြောတယ်”ဟု ‌အော်ဟစ်တတ်ကြသည်။ 
ထိုအရာသည် လူ့အသက်သတ်ခြင်း ဖြစ်သည်။သင်သည် န‌မော် နမဲ့ဖြစ်ခြင်းအားဖြင့် သင်၏စိတ်ဖြင့် မိမိသားသမီးများကို သတ် ခဲ့နိုင်သည်။
သားသမီးမျာသည် ကျွန်ုပ်တို့ထံမှ အဝေးသို့ ထွက်သွားလျှင် အသက်ရှင်ရကြလိမ့်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် သူ့အပေါ် သို့ အမျက်ဒေါသများကို ခွင့်ပြုကြလျှင် ကျွန်ုပ်တို့သည် သူတို့ကို သတ်နိုင်ကြလိမ့်မည်။ 
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ကြောက်ကြ သည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဘာကြောင့် ထိုအရာကို ပြုခဲ့သလဲ။” ကျွန်ုပ်တို့သည် မိမိသားသမီးများကို ရိုက်နက်ကြပြီး နောက် ဒဏ်ရာများကို ကြည့်ကြ၍ ထိုသို့ပြုခြင်းသည် မိုက်မဲခြင်း ဖြစ်ရမည်ဟု တွေးတတ်ကြသည်။ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ ၌ လူ့အသက်သတ်ခဲ့ကြသောကြောင့် ထိုသို့လမ်းဖြင့် ပြုမူခြင်းဖြစ် သည်။ 
ထိုကြောင့် “ငါမလုပ်ရမည့်အရာကို ငါလုပ် တယ်”ဟု ဆိုရာတွင် ကျွန်ုပ်တို့သည် ဆိုးကြသောကြောင့် အဆိုးပြု သည်ကို ဆိုလိုသည်။ ထိုအရာသည် စာတန်က ကျွန်ုပ်တို့အား အပြစ်ကျူးလွန်ရန် စုံစမ်း ခြင်းအလွန်လွယ်ကူသည်။ 
ကယ်တင်ခြင်းမခံရ သေးသောယောက်ျားတစ်ဉီးသည် တဲထဲ၌ နှစ်ပေါင်း ၁၀နှစ်အတွင် နံ ရံကို ကပ်၍ ကိုးရီးယားလူမျိုးရသေ့ဖြစ်သူ စုန်းခေါလ်ကဲ့သို့ တရား ထိုင်နေသည်ဆိုကြပါစို့။  သူသည် နံရံပေါ်သို့ မျက်နှာချင်းကပ်၍ ထိုင်နေသည့်အချိန်တွင် အဆင်ပြေသော်လည်း လူတစ်ဉီးသည် သူ့ထံ အစားအစာယူဆောင်လာ၍ သူသည် အပေါ့ အလေးကို သန့်ရှင်းရေး လုပ်ပေးရန် လိုအပ်သည်။ သူသည် လူတစ် စုံတစ်ဉီးဖြင့် ဆက်ချိတ်ရန် လိုအပ်သည်။ သူသည် ယောက်ျားတစ်ဉီး ဖြစ်လျှင် ပြဿနာမရှိသော်လည်း လှပသောအမျိုးသမီးတစ်ဉီးဖြစ် သည်ဆိုကြပါစို့။  သူသည် မတော်တဆ သူမကို မြင်တွေရန် ဖြစ် ပျက်ခဲ့လျှင် သူသည် ထိုင်၍ အချိန်ကြာမြှင့်စွာအသုံးပြုသောအား လုံးသည် အချည်းနှီးဖြစ်သွားခဲ့သည်။ သူက “ငါ့က မတရားသော မေထုံ မပြုရပေ၊ ငါနှလုံးသားထဲမှ ဒီအရာကို ရှိသော်လည်း ဒီအရာ ကို ငါပယ်လိုက်ပြီ။ ငါက ဒီအရာကို နင်ထုတ်ရမည်။ မဟုတ်ပါ။ ငါ့စိတ်ထဲမှ ထွက်သွားပါ”ဟု တွေးနိုင်သည်။ သို့သော် သူ၏ဆုံးဖြတ် ချက်မှာ သူသည် သူမကို မြင်တွေ့သည်နှင့် အခိုးအငွေ့များ တ ထောင်းထောင်းထလာခဲ့သည်။ မိန်းမသည် ထွက်ခွါသွားပြီးနောက် သူသည် မိမိနှလုံးသားသို့ ကြည့်သည်။ ငါးနှစ်ငါးမိုးအတွင်း သူကျင့် ဆောင်ခဲ့သောအရာများသည် အချည်းနှီး၊ အားလုံးသည် ဘာမျှမ ဟုတ်တော့ပေ။ 
စာတန်သည် လူတစ်ဉီး၏ဖြောင့်မတ်ခြင်းကို ယူ ဆောင်သွား ရန် အလွန်ရိုးရှင်းလွယ်ကူသည်။ စာတန်လုပ်ဆောင်သောအရာ အားလုံးမှာ သူ့ကို အနည်းငယ် တွန်းပေးခြင်း ဖြစ်သည်။ လူတစ်ဉီး သည် ရွေးနှုတ်ခြင်းမခံရဘဲ အပြစ်မပြုရန် ကြိုးစားရုန်းကန်နေလျှင် သူသည် အပြစ်သို့ ကျဆင်းသွားသည်။ ထိုပုဂ္ဂိုလ်သည် တနင်္ဂနွေ နေ့တိုင်း သစ္စာရှိစွာဖြင့် ဆယ်ဖို့တစ်ဖို့ပေးနိုင်သည်။ ရက်ပေါင်း ၄၀ အစာရှောင်နိုင်သည်။ ရက်ပေါင်း ၁၀၀ ဆုတောင်းခြင်းများ ပြုနိုင် မည်။ သို့သော် စာတန်သည် ဘဝ၌ ကောင်းသောအရာများ ဟန်တူ သောအရာများအားဖြင့် သူ့ကို စုံစမ်း၍ လှည့်ဖြားသည်။ 
“သင့်အားကုမ္ပဏီတစ်ခု၌ အရေးကြီးသောရာထူးတစ်ခုကို ကျွန် တော်ပေးအပ်သော်လည်း သင်သည် ခရစ်ယာန်တစ်ဉီးဖြစ်၍ တနင်္ဂ နွေနေ့များတွင် အလုပ်လုပ်နိုင်မည်လား။ ဒီရာထူးမှာ ကြီးမားသော ရာထူး ဖြစ်တယ်။ သင်က တနင်္ဂနွေနေ့ သုံးကြိမ်သွား၍ တစ်လလျှင် တစ်ကြိမ် ဘုရားကျောင်းတက်ခဲ့တယ်။ ထိုနောက် သင်က ဤသို့ သောရာထူးခန့်အပ်ခြင်းခံရ၍ ဝင်ငွေကောင်းရရှိခဲ့တယ်။ အဘယ်သို့ လုပ်ရမလဲ။” ဤအချိန်တွင် လူ ၁၀၀ မှ ၁၀၀က လုပ်ဆောင် ကြလိမ့်မည်။ ထိုအရာသည် မအောင်မြင်လျှင် စာတန်သည် လူများ အား မိန်းမတပ်မက်ခြင်း၌ လွယ်လင့်တကူ ကျော့မိသောသူ များအ ပေါ်အခြားသောနည်းပရိယာယ်ကို ကစားသည်။ စာတန်သည် မိန်းမ တစ်ဉီးကို သူ့ရှေ့မထား၍ သူသည် ချစ်ခြင်း၌ ခြေမနောင့်များအပေါ် လဲကျ၍ ဘုရားသခင်ကို မေ့လျော့နေသည်။ ထိုအရာသည် လူ၏ ဖြောင့်မတ်ခြင်းသည် ကွယ်ပျောက်သွားခဲ့သည်။ 
ကျွန်ုပ်တို့သည် ပညတ်တော်အားဖြင့် အသက်ရှင် ရန်ကြိုးစား လျှင် ကျွန်ုပ်တို့၏နောက်ဆုံးပန်းတိုင်အားလုံးမှာ အပြစ် ၏ဒဏ်ရာ များ၊ နာကျင်မှုနှင့် ဝိညာဉ်ရေးရာ ဆင်းရဲနွမ်းပါးမှုဖြစ်၍ ကျွန်ုပ်တို့ သည် ဖြောင့်မတ်ခြင်းအားလုံးကို ဆုံးရှုံးသွားသည်။ “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေ လုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။”
ကျွန်ုပ်တို့သည် သန့်ရှင်းသောဘုရားသခင် ၏အလိုတော်အား ဖြင့် အသက်ရှင်ရန်ယေရုရှလင်မြို့၌ နေထိုင်ရန် ကြိုးစားနိုင်ကြသော် လည်း ကျွန်ုပ်တို့အားနည်းချက်များကြောင့် တစ်ချိန်ပြီးတစ်ချိန် ခလုတ်တိုက်၍ အမှန်အကန်ပျက်စီးကြလိမ့်မည်။ သင်သည် ဘု ရားရှေ့တော်၌ နောင်တတရားဖြင့် ဆုတောင်းနိုင်သေးသည်။ “ကိုယ် တော်၊ ကျွန်ုပ်အပြစ်ကျူးလွန်ခဲ့တယ်။ ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့ ဘယ်တော့မှ မပြုတော့ပါ။ ဒီအရာသည် အမှန်အကန် နောက်ဆုံးအ ကြိမ်ဖြစ်မည်ဟု ကိုယ်တော့်ကို ကျွန်တော် ကတိပြုတယ်။ ဒီတစ် ကြိမ်သာ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူရန် ကိုယ်တော့်အား ကျွန်တော် တောင်းလျှောက် အသနားခံပါတယ်။” 
သို့သော် ၎င်းသည် ကြာရှည်မခံပေ။ လူသားများသည် ဤလောက၌ အပြစ်မကျူးလွန်ဘဲ အသက်မရှင်နိုင်ကြပေ။  သူတို့ သည် အပြစ်ကို အချိန်အချို့ရှောင်လွှဲနိုင်ကြသော်လည်း နောက်တစ် ကြိမ်အပြစ်မပြုရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုကြောင့် ကျွန်ုပ်တို့ သည် အပြစ်ကို ထပ်ခါတလဲလဲ ကျူးလွန်ကြသည်။ မရှောင်နိုင်ကြ ပေ။ “ကိုယ်တော်၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။” ဤသို့ဆက်တိုက် ဖြစ်နေလျှင် သူတို့သည် အသင်းတော်နှင့် ဘာသာ ရေးအသက်တာ များမှ နှုတ်ထွက်ကြလိမ့်မည်။ သူတို့သည် အပြစ်များကြောင့် ဘုရား သခင်ထံမှ နှုတ်ထွက်ကြ၍ အပ္ပါယ်ငရဲ၌ အမှန်အကန် နိဂုံးချုပ်ကြ သည်။ 
ယေရိခေါ်သို့ ခရီးနှင်ခြင်းမှာ လောကီကမ္ဘာသို့ ကျဆင်း ခြင်း ဖြစ်၍ လောကနှင့်ပို၍ နီးစပ်ခြင်းနှင့် ယေရုရှလင်မြို့မှ ပို၍ ဝေး ကွာခြင်း ဖြစ်သည်။ အစောပိုင်း၌ ယေရုရှလင်မြို့နှင့် ပို၍ နီး ကပ်သော်လည်း အပြစ်ပြုခြင်းနှင့် နောင်တရခြင်းတို့သည် စက်ဝိုင်း ပမာ ထပ်ခါတလဲလဲ ဖြစ်၍ လောကသို့ နက်ရှိုင်းစွာ ကျဆင်းခဲ့သည်။ 

မည်သူသည် ကယ်တင်ခြင်း ခံရကြသနည်း
မိမိဖြောင့်မတ်ခြင်းကို တည်ထောင်ရန် ကြိုးစားခြင်းကို စွန့်လွှတ်သူများဖြစ်ကြသည်
 
ယေရိခေါ မြို့သို့သွားသောလမ်းတွင် သူသည် မည်သူ့ကို တွေ့ခဲ့သနည်း။ သူသည် ဓါးမြများကို တွေ့ခဲ့သည်။ ပညတ်တော်ကို မသိဘဲ အသက်ရှင်သောသူ တစ်ဉီးသည် စွန့်လွှတ်ခြင်းခံရသောခွေး တစ်ကောင်နှင့်တူသောဘဝဖြင့် အသက်ရှင်သည်။ သူသည် နေရာ တိုင်း၌ ရေသောက်သည်။ နေရာတိုင်းအပ် အိပ်သည်။ နေရာတိုင်း၌ အပေါ့စွန့်သည်။ ဤခွေးသည် နောက် တစ်နေ့ နိုးလာခဲ့၍ ပြန် သောက်သည်။ စွန့်ပစ်ထားသောခွေးတစ်ကောင်သည် မိမိ အံဖတ် ကိုစားလိမ့်မည်။ ထိုအကြောင်းကြောင့် ဤသို့သောသူကို ခွေးတစ် ကောင်ဟု မှည့်ခေါ်ခြင်း ဖြစ်သည်။ သူသည် မသောက်ရမှန်းသိ သော်လည်း သောက်၍ နောက်မနက် နောင်တရပြီး အကြိမ်ကြိမ် အဖန်ဖန် ဖြစ်စဉ်ကို လုပ်ဆောင်နေသည်။ ထိုအရာသည် ယေရိ ခေါမြို့သို့သွားသောလမ်း၌ ဓားမြကို တွေ့သောသူတစ်ဉီးနှင့်တူ သည်။ သူ့ကို ဒဏ်ရာနှင့် သေလုဆဲဆဲ စွန့်ပစ်ခြင်းခံရသည်။ သူ၏နှလုံးသား၌ အပြစ်သာရှိသည်ကို ဆိုလိုသည်။ ဤအရာသည် လူသားတစ်ဉီး၏ဖြစ်ခြင်း ဖြစ်သည်။ 
လူများသည်ယေရုရှလင်မြို့၊ ဘာသာရေးအဖွဲ့အစည်း၌ ပညတ် တော်ကို စောင့်ရှောက်ခြင်းအားဖြင့် အသက်ရှင်ရန် ကြိုးစား၍ သခင် ယေရှုကို ယုံကြည်ကြသော်လည်း သူတို့၏နှလုံးသားများ၌ အပြစ် သာရှိခြင်းအားဖြင့် စွန့်ပစ်ခြင်းခံရကြသည်။  သူတို့၏ဘာသာရေးအ သက်တာများအတွက် ထင်ရှားစေရန် ပိုင်ဆိုင်သောအရာအားလုံးမှာ အပြစ်၏ဒဏ်ရာများသာ ဖြစ်သည်။ သူတို့၏နှလုံးသားများ၌အပြစ်ရှိ သောသူများသည် နောက်ဆုံးတွင် အပ္ပါယ်ငရဲသို့ ပြစ်ချခြင်းခံရကြ သည်။ သူတို့သည် သိကြသော်လည်း အဘယ်အရာလုပ်ဆောင် မည်ကို မသိကြပေ။ သင်နှင့်ကျွန်တော် တို့သည် ဘာသာရေးမြို့နှင့် ဆင်တူသောနေရာတွင် ရှိခဲ့ကြသလော။ ရှိခဲ့ကြသည်။  ကျွန်ုပ်တို့ အားလုံး ထို နေရာတွင် အတူတူရှိကြသည်။ 
ဘုရားသခင် ၏ပညတ်တော်ကို နားမလည်သော ရှေ့နေသည် မိမိဘဝများအား လုံးကို ကြိုးစားရုန်းကန်သော်လည်း နောက်ဆုံး၌ အပ္ပါယ်ငရဲ၌ ဒဏ် ရာဖြင့် နိဂုံးချုပ်လိမ့်မည်။ သူသည် သင်နှင့် ကျွန်တော်၊ ကျွန်ုပ်တို့မှတစ်ဉီး ဖြစ်သည်။ 
သခင်ယေရှုတစ်ပါးတည်းသာ ကျွန်ုပ်တို့ကို ကယ်တင်တော်မူ နိုင်သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ဉာဏ်ရည်ထက်မြက်သူများ စွာရှိကြ၍ သူတို့သိသောအရာများကို ဝါးကြွားတတ်ကြသည်။ သူတို့ အားလုံးသည် ဘုရားသခင်၏ပညတ်တော်အားဖြင့် အသက်ရှင်ရန် ဟန်ဆောင်ကြ၍ မိမိကိုယ်ကိုကိုယ် ရိုးသားမှုမရှိကြပေ။ သူတို့က အ ဟုတ်ကို အဟုတ်ဟု မပြောနိုင်ကြသော်လည်း သူတို့သည် အပြင် ပန်းသဏ္ဌာန်အားဖြင့် လူကောင်းလူမွန်အဖြစ် အမြဲတမ်း ဟန်ဆောင် ကြသည်။
သူတို့ကြားမှ ဓါးမြများရိုက်နက်ခြင်းခံရ၍ သေလုဆဲဆဲ စွန့်ပစ် ခြင်းခံရသောသူများ၊ ယေရိခေါသို့သွားလမ်း၌ အပြစ်သားများဖြစ်ကြ သည်။ကျွန်ုပ်တို့သည်ဘုရားရှေ့တော်၌ မည်သို့အားနည်းနေကြသည် ကို သိရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ “ကိုယ်တော်၊ ကိုယ် တော် သည် ကျွန်ုပ်ကို ကယ်တင်တော်မမူလျှင် ကျွန်ုပ်သည် အပ္ပါယ် ငရဲသို့ သွားရလိမ့်မည်။ ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကျွန်တော်သည် စစ်မှန်သောသတင်းကောင်းကြားလျှင် ကိုယ်တော်အလိုရှိ သော နေရာ၊ မုန်တိုင်းရေလှိုင်းများထန်နေပါစေ ကျွန်တော် သွားပါမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို စွန့်ပစ်တော်မူလျှင် ကျွန်တော်သည် အပ္ပါယ်ငရဲသို့ သွားရလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ကယ် တင်တော်မူရန် တောင်းလျှောက်ပါသည်”ဟု ဝန်ခံသင့်သည်။ 
သခင်အပေါ်တွယ်ကပ်နေစဉ်သူတို့သည် အပ္ပါယ်ငရဲသို့ ဉီးတည် ၍ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရန် ကြိုစားခြင်းကို စွန့် ပယ်ရန် သိသောသူများသည် ကယ်တင်ခြင်းခံရမည့်သူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်ကြိုးစားခြင်းအားဖြင့် ကယ်တင်ခြင်း မခံရနိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ဓါးမြများအကြား လဲကျနေသော လူတစ်ဉီးကဲ့ သို့ ဖြစ်ကြသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ် သည်။