Search

တရားဟောချက်များ

ဘာသာရပ် ၅ - သင့်တော်သောအပြစ်ဝန်ချတောင်းပန်ခြင်း

[5-1] စစ်မှန်၍ မှန်ကန်သောအပြစ်ဖေါ်ပြတောင်းပန်ခြင်းကို မည်သို့ တည်ဆောက်ရမည်နည်း (၁ ယော ၁း၉)

စစ်မှန်၍ မှန်ကန်သော အပြစ်ဖေါ်ပြတောင်းပန်ခြင်းကို မည်သို့ တည်ဆောက်ရမည်နည်း။

 

(၁ ယော ၁း၉)
“ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရား သခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ။”

 

အသွေးတော်၏သတင်းကောင်းသည်သတင်းကောင်း၏တချို့တဝက်သာလျှင် ဖြစ်သည်

အသွေးတော်သတင်းကောင်း တခုတည်း ဖြင့်ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်ပါသလား။
မရပါ။ သတင်းကောင်းအပြည့်အစုံယုံကြည်ရန်လိုပါသည်။ (ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပါရှိရမည်။)

၁ ယောဟန် ၁း၉ သည် ဖြောင့်မတ်ခြင်းကိုသာရည်ညွှန်းသည်။ အကယ်၍ ဤကျမ်းပိုဒ်အရမိမိနေ့စဉ်ကျူးလွန်ခဲ့သော အပြစ်များဖြေလွှတ် ရန် မကြိုးစားသောသူ သူ၏မှားယွင်းသောအကျင့်များကို မဖော်ပြသော အပြစ်သားတဦးသည် အပြစ်လွှတ်ရန်အတွက် ကျေနပ်စရာမရှိ။ ကျွန်တော် ဆိုလိုသည်ကို သဘောပေါက်ပါသလား။ ဤကျမ်းပိုဒ်သည် ဒုတိယမွေး ခြင်းမခံရသောသူများအတွက် ရည်ညွှန်းခြင်းမဟုတ်ပါ။
ယနေ့တိုင်ဤလောကတွင်ဒုတိယမွေးခြင်းမခံရသေးသောသူ အ မြောက်အမြား ရှိသေးသည်။ ထိုသို့ ဒုတိယမွေးခြင်းမခံရသော်လည်း ဤ ကျမ်းပိုဒ် ၁ ယော ၁း၉ကို ဆုတ်ကိုင်၍ အပြစ်လွှတ်ခြင်းအတွက် မျှော် လင့်ချက်ကြီးစွာဖြင့် သူတို့၏အပြစ်အတွက် နောင်တတရားနှင့်ဆုတောင်း ခဲ့ကြသည်။
သို့သော် ဒုတိယမွေးခြင်းမခံရသောသူတဦးက မိမိအပြစ်ကိုဖော်ပြ တောင်းပန်၍ ဆုတောင်းခြင်းဖြင့် အပြစ်မှလုံးဝလွှတ်ခြင်းကို ရရှိနိုင်ပါသလား ဟူ၍ မေးခွန်းထုတ်စရာရှိ ပါသည်။ ရှေ့ဆက်၍ မသွားမီ ဤအချက်သည် တ ကယ်အရေးကြီးသောအချက်တခုဖြစ်သည်ကို ဆင်ခြင်သုံးသပ်ရန်လိုပါသည်။
၁ယောဟန်ကို မဖတ်မီ ရှင်ယောဟန်သည် ဖြောင့်မတ်သောသူ လား၊ အပြစ်သားလားဟူသောအချက်ကို ဆုံဖြတ်ပေးရန်လိုပါသည်။ အောက် ပါမေးခွန်းကို မေးပါရစေ။ ရှင်ယောဟန်သည် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကိုယုံကြည်ခြင်းဖြင့် ဒုတိယမွေးခြင်း ခံရသောသူဖြောင့်မတ်သောသူ ဟုတ်ပါသလား။ သို့မဟုတ် အပြစ်သားတဦးလား။
အကယ်၍ ရှင်ယောဟန်သည် အပြစ်သားတဦးဖြစ်ပါက သင်၏ယုံ ကြည်ခြင်းသည် ကျမ်းစာအရမှားနေပါသည်။ အကယ်၍ယောဟန်သည် ယေရှုကိုယုံကြည်လာသည်နှင့် ဒုတိယမွေးခြင်းခံရသော ဖြောင့်မတ်သူဖြစ်ပါ သည်ဟုဆိုခဲ့လျှင် သူ၏ယုံကြည်ခြင်းသည် သင်၏ယုံကြည်ခြင်းနှင့်ယုံကြည် ခြင်းသဘောကွဲလွဲနေသည်ကို ရှင်းလာပါလိမ့်မည်။ ရှင်ယောဟန် ကဲ့သို့သော သက်ဝင်ယုံကြည်ခြင်းကို သင်၌ရှိရန် လိုအပ်ပါသည်။
နောက်ထပ်မေးခွန်းတစ်ခုမေးပါရစေ။ ရှင်ယောဟန်က ဤသြဝါ ဒကိုဖြောင့်မတ်သောသူများထံရေးခြင်းလား၊ အပြစ်သားများဆီရေးတာလား။ ဖြောင့်မတ်သောသူများထံ ရေးသောသြဝါဒစာဖြစ်ပါသည်။
ထို့ကြောင့် အကယ်၍ ၁ယောဟန် ၁း၈-၉ တွင် ဖေါ်ပြထားသည့် နှုတ်ကပတ်တော်သည် ဒုတိယမွေးခြင်းမခံရ သေးသောသူများကို ရည်ညွှန်း ထားသည်ဆိုခဲ့လျှင် ဤကျမ်းပိုဒ်သည် လုံးဝမှားပါလိမ့်မည်။ အကယ်၍ ဖြောင့်မတ်သော သူဖြစ်လာပြီဆိုပါက ဘုရားသခင်၏ရှေ့မှောက်တွင် မိမိအ ပြစ်များကိုဖော်ပြတောင်းပန်သည့်အပြင်ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ကို လက်ခံယုံကြည်နေရမည်။ သို့မှသာ ကိုယ်တော်သည် သင်၏အပြစ် အလုံးစုံကို သတင်းကောင်းဖြင့်ဆေးကြော၍ ဤလောက၏ အပြစ်အလုံးစုံ သည် သန့်ရှင်း စင်ကြယ်စေပြီးဖြစ်ပါလိမ့်မည်။
ရှင်ယောဟန်၏ သက်ဝင်ယုံကြည်မှုသည် ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။ ၁ယော၊ အခန်းကြီး ၅ တွင် သူက ရေအသွေးတော်နှင့်ဝိညာဉ်၌ သက်ဝင်ယုံကြည်မှု ထားရှိကြောင်းဆိုခဲ့သည်။ ယေရှုခရစ်သည် ရေအားဖြင့် ၄င်းအသွေးတော်အားဖြင့်၄င်း၊ ဝိညာဉ်တော်အားဖြင့်၄င်း၊ ကြွလာတော် မူ သော သူဖြစ်ကြောင်းကို ယုံကြည်ပါသလား။ ယေရှုသည် ကားတိုင်တော်(ဝါ) သူ၏ဗတ္တိဇံ(ဝါ)သူ၏အသွေးတော်(ဝါ) ဝိညာဉ်တော်တခုတည်း ဖြင့်ကြွလာ သောသူဖြစ်သည်ဟု ယုံကြည်ပါသလား။
အသွေးတော်၏သတင်းကောင်းတခုတည်းကိုသာ ယုံကြည်ခြင်း ဖြင့် သင်သည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်ပါမလား။ အကယ်၍သင် ၏ သက်ဝင်ယုံကြည်ခြင်းသည် ကားတိုင်ပေါ်က အသွေးတော်တခုတည်း သာဖြစ်ခဲ့လျှင် သင်သည် သတင်းကောင်း၏တဝက်မျှကိုသာ သိနားလည် သေးသည်။ အကယ်၍ကားတိုင်ပေါ်က အသွေးတော်တခု တည်းကိုသာယုံ ကြည်ပါက သင်သည် နေ့စဉ်နှင့်အမျှ အပြစ်လွှတ်ဖို့ရန်သာ ဆုတောင်းနေ မည်မှာသံသယဖြစ်စရာမလိုပါ။ နောင်တတရားနှင့်ဆုတောင်းခြင်းဖြင့် သင်၏ အပြစ်များကို ဆေးကြောနိုင်ကြောင်း ယုံကြည်၍သာဖြစ်သည်။
သို့သော် ကားတိုင်ပေါ်က အသွေးတော်ကို ယုံကြည်၍နောင်တရ လျက်နေ့စဉ် ကျူးလွန်ခဲ့သောအပြစ်များလွှတ် ဖို့ရန်ဆုတောင်းခြင်းဖြင့် သင် ၏အပြစ်အလုံးစုံကို ဆေးကြောနိုင်ပါသလား။ အကယ်၍ သင်သည် ထိုလူ စားထဲက တဦးအပါအဝင်ဖြစ်နေလျှင် သင်၏စိတ်နှလုံးထဲ၌ အပြစ်များကျန် ရစ်ဆဲဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ကားတိုင်ပေါ်က အသွေး တော်တခု တည်းကိုသာ ယုံကြည်ခြင်းဖြင့်၄င်း၊ နောင်တတရားနှင့်နေ့စဉ်ဆုတောင်း ခြင်းဖြင့်၄င်း၊ မိမိ၏အပြစ်များကို ဆေးကြောပစ်နိုင်သောသူတစ်ယောက်မျှ မရှိချေ။ သင်သည်လည်း သူများအတိုင်းဖြစ်နေလျှင် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကိုနားလည်သဘောပေါက်ခြင်းမရှိသေးပါသဖြင့်၊သင်၏သက် ဝင်ယုံကြည်မှုသည် မပြည့်စုံသေးသော ယုံကြည်ခြင်းဖြစ်သည်။
ရှင်ဟောဟန်သည် ရေအသွေးတော်နှင့်ဝိညာဉ်တော်၏သတင်း ကောင်းကို ယုံကြည်သောကြောင့် ဒုတိယမွေးခြင်းခံရသောသူဖြစ်ပါသည်။ သို့သော်သင်သည် ကားတိုင်ပေါ်က အသွေးတော်ကိုသာလျှင် ယုံကြည်ခဲ့ သည်။သင့်ကိုယ်တိုင်သတင်းကောင်း၏ရှင်းလင်းပြတ်သားသော ခံယူချက်မရှိ လျှင်သူတပါးကို ကယ်တင်ခြင်းသို့ မည်သို့ပို့ဆောင်နိုင်မည်နည်း။ သင်ကိုယ် တိုင် ဒုတိယမွေးခြင်းမခံရဘဲ နောင်တတရားနှင့်ဆုတောင်းခြင်းဖြင့်၊ သင်၏အ ပြစ်များကိုဖြေလွှတ်ဖို့ရန်၊ ကြိုးစားခဲ့သည်။ ဤလမ်းဖြင့် အောင်မြင်မည်မ ဟုတ်။တစုံတယောက်သောသူသည် အဘယ်မျှပင် ခက် ခက်ခဲခဲ နောင်တ ရလျှက်ဆုတောင်းနေပါစေ၊ အရာရောက် မည်မဟုတ်။ သူ၏အပြစ်များသည် သူ၏စိတ်နှလုံးထဲမှ မည်သည့်အခါမျှဆေး ကြောနိုင်မည်မဟုတ်ပေ။ တခါတရံ မိမိအပြစ်များကို ဆေးကြောခဲ့ပြီဟု ခံ စားကောင်းခံစားခဲ့ပါက ထိုခံစားချက်သည် သင်၏စိတ်ကူးယဉ်နှင့် စိတ်လှုပ် ရှားမှုတန်ခိုးကြောင့်သာ ဖြစ်ပါသည်။ အကယ်၍နောင်တတရားဖြင့် ဆု တောင်းခဲ့လျှင် တနေ့တာသို့မ ဟုတ် အတိုင်းအတာတခုအတွက်မူကား၊ အင်အားဖြည့်လန်းဆန်းစေပါလိမ့် မည်။ သို့သော် ဤနည်းအားဖြင့် မည်သည့်အခါမျှ သင်၏အပြစ်များမှ လွှတ်မြောက် လာနိုင်မည်မဟုတ်ပေ။
အပြစ်သားများသည် နောင်တရလျက်သူတို့၏အပြစ်များမှကယ် တင်ရန် မျှော်လင့်တကြီးဆုတောင်းကြသည်။ ယင်းသည် နှစ်ပေါင်းကြာကြာ ယေရှုကိုယုံကြည်လာခဲ့သော်လည်း အပြစ်သားများဖြစ်နေဆဲဖြစ်ရမည့်အ ကြောင်းရင်းခံ ဖြစ်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို နားမ လည်ကြချေ။ အကယ်၍ သင်သည်ယေရှုကို ယုံကြည်ပါသော်လည်း ဒုတိယ မွေးခြင်းမခံရသေးလျင် ထိုသူများထဲက တဦးအပါအဝင်ဖြစ်ပါသည်။ အကယ် ၍ နေ့စဉ်နေ့တိုင်းနောင်တတရားနှင့်ဆုတောင်းခြင်းဖြင့်၊ သင်၏အပြစ်ကိုဖြေ လွှတ်ရန် ကြိုးစားနေမည်ဆိုလျှင်၊ သင်သည် ဒုတိယမွေးခြင်းမခံရသေး သည့် သက်သေအထောက်အထားပင်ဖြစ်သည်။ ရှင်ယောဟန်ကဲ့သို့ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံရမလား။ သို့မဟုတ်ပါက သင်၏ကိုယ်ပိုင် အတွေးအခေါ်နှင့်စိတ်၏နှိုးဆော်ချက်အတိုင်း သင်၏ယုံကြည်ခြင်း ကိုတည် စေရမလား။ ဆုံးဖြတ်ချက်ချရန်လိုပါသည်။ တခုသည် ပြတ်သားသည့် သမ္မာ တရား၊ နောက်တခုသည် မုသားဖြစ်သည်။
ကျမ်းစာအရ စစ်မှန်သော သတင်းကောင်းသည် ယေရှုသည် ဗတ္တိဇံ ခံယူခြင်းဖြင့် ဤလောက၏အပြစ်အလုံးစုံ ကိုယူဆောင်သွားကာ၊ ကား တိုင်တော်တွင် အပြစ်သားအားလုံးအတွက် အပြီးအပြတ်ပြစ်ဒါဏ်စီရင်ခြင်း ကိုခံခဲ့ရသည် ဟူသောသတင်းကောင်းပင်ဖြစ်ပါသည်။ အကယ်၍ တစုံတ ယောက်သော သူသည် ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က သူ၏အသွေး တော်ကိုယုံကြည်မည်ဆိုပါက သူ၏အပြစ်မှ လုံးဝကယ်တင်ခြင်းရပါလိမ့် မည်။ တနည်းအားဖြင့် အကယ်၍ တစုံတယောက်သောသူသည် နောင်တတ ရားဖြင့် ဆုတောင်းခြင်းနှင့်အတူ သူ၏ဖေါက်ပြန်မှုများကို ဆေးကြောရန် ကြိုးစားခဲ့လျှင်၊ မည်သည့်အခါမျှအပြစ်လွှတ်ခြင်းရလိမ့်မည်မဟုတ်။ နေ့တိုင်း ကျူးလွန်ခဲ့သော အပြစ်မှန်သမျှပြန်၍ သတိရမှတ်မိနိုင်ပါသလား။ သင်၏ နောင်တတရားရခြင်းကို ဘုရားသခင်သည် ဂရုစိုက်အလေးထားပါသလား။ သင်၏နောင်တတရား ဖြင့်ဆုတောင်းခြင်းသည် နေ့စဉ်ကျူးလွန်ခဲ့သောအ ပြစ်၏ ပုစ္ဆာအဖြေလော။
ဤမေးခွန်းများ၏တခုတည်းသောအဖြေသည်“မဟုတ်ပါ” သာလျှင် ဖြစ်သည်။

 

စစ်မှန်သောနောင်တရခြင်းနှင့်အပြစ်ဖော်ပြတောင်းပန်ခြင်း၏ ရည်ရွယ်ချက

 
 
အပြစ်ဖေါ်ပြတောင်းပန်ခြင်းနှင့်ကောင်းသော အကျင့်တရားတို့၏ ကန့်သတ်ချက်များသည် အဘယ်နည်း။
အသက်တာတလျှောက် အပြစ်များဖေါ်ပြတောင်းပန်ရန် လိုပါသော်လည်းကျွန်တော်တို့၏ ဖေါက်ပြန်မှုများ တောင်းပန်ခြင်းနှင့်ကောင်းသော ကိုယ်ကျင့်တရားအားဖြင့် မည်သည်အခါမျှ ကယ်တင်ခြင်းရမည်မဟုတ်

ကျမ်းစာတွင် ဖေါ်ပြထားသော နောင်တရခြင်းသည် မှားယွင်းသော ယုံကြည်ခြင်းမှ စစ်မှန်သောယုံကြည်ခြင်း သို့ပြန်လှည့်လာခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဖြောင့်မတ်သောသူအတွက် တစုံတခုမှားယွင်းသော အမှုကျူး လွန်သည်ကိုဝန်ခံ၍သတင်းကောင်းအလင်းထဲကို ပြန်လာခြင်းဟူ၍ အဓိပ္ပါယ် သက်ရောက်ပါသည်။
အကယ်၍ ယခုပင်သင်သည် အပြစ်သားဖြစ်နေလျှင် အောက်ဖေါ် ပြပါအတိုင်းအပြစ်ဝန်ချတောင်းပန်ရမည်။ ဘုရားသခင်ကျွန်တော်၊ ကျွန်မ သည်အပြစ်များကျူးလွန်ခဲ့ပါသဖြင့် ငရဲနှင့်ထိုက်တန်သော သူဖြစ်ပါ၏။ သို့သော် အပြစ်များမှကယ်တင်ဖို့ရန် ကျွန်တော်၊ကျွန်မတမ်းတနေပါ၏။ ကျေးဇူးဂရု ဏာတော်အားဖြင့် အပြစ်များမှကယ်တင်တော်မူပါ။ ယခု တိုင်ဒုတိယမွေး ခြင်းမခံရသေးပါ။ ငရဲသွားဖို့ရန်ချည်နှောင်ခြင်းခံရပါ၏။ ယင်းသည် မှန်ကန် သော အပြစ်ဝန်ချတောင်းပန်ခြင်းတမျိုးဖြစ်သည်။
သို့ဖြစ်လျှင် မည်ကဲ့သို့သော် အပြစ်ဝန်ချတောင်းပန်ခြင်းမျိုးသည် ဒုတိယမွေးခြင်း ကိုရစေပါသနည်း။ သားသမီးတို့ကို ချစ်တော်မူသောဘုရား သခင်လူ့ဇာတိအားဖြင့် အောက်ဖေါ်ပြပါအပြစ်များကို ကျွန်တော်၊ကျွန်မတို့ ကျူးလွန်မိပါသည်။ယေရှုသည် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံမင်္ဂလာခံ ယူခြင်းဖြင့် ကျွန်တော်၊ကျွန်မ၏အပြစ်များကို ကယ်တင်ခဲ့ပြီဖြစ်လျှက်နှင့်ပင် အပြစ်များကို ဆက်ကပ်ကျူးလွန်ခဲ့ပါသည်။ ထိုအပြစ်များကြောင့် သေဖို့ရန် သာရှိပါ၏။ ကိုယ်တော်သည်ရေနှင့်အသွေးတော်အားဖြင့် ကယ်တင်တော်မူ သောကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏ဟူ၍ အပြစ်ကို ဝန်ချတောင်းပန်ခြင်း သည် ဒုတိယမွေးခြင်းသို့ပို့ဆောင်ပေးနိုင်ပါသည်။ ဒုတိယမွေးခြင်းခံရသောသူ နှင့်မခံရသေးသောသူတို့၏အပြစ်ဝန်ချတောင်းပန်ခြင်းသည် ကွဲပြားလျှက်ရှိ သည်။
ရှင်ယောဟန်ကဲ့သို့ အလားတူယုံခြင်း၊ကျွန်တော်တို့၌ ရှိဖို့ရန်လို အပ်ပါသည်။ ဖြောင့်မတ်ခြင်းသို့ရောက်ခြင်းငှာ မိမိအပြစ်များကို အပြစ်ဝန်ချ တောင်းပန်ခြင်း၏နောက်ကွယ်၌ ဝှက်ထားရန်ကြိုးစားလျှင် အပြစ်၏အဘိုး အခဖြစ်သော သေခြင်းမှ မည်သည့်အခါမျှကယ် တင်ခြင်းခံရမည်မဟုတ်ချေ။
အပြစ်သားအားလုံးဒုတိယမွေးခြင်းမခံရသေးသောသူမှန်သမျှ အ ပြစ်ဝန်ချတောင်းပန်ခြင်း ဆုတောင်းခြင်းနောက်ကွယ်တွင် အပြစ်များဝှက် ထားခြင်းကို ရပ်တန့်လျက်ရေအသွေးတော်နှင့်ဝိညာဉ်တော်၏ သက်ဝင်ယုံ ကြည်ခြင်းကို ဆည်းပူးလေ့လာလျှက် ဤသို့အားဖြင့် ကယ်တင်ခြင်းကိုခံ ရပါလိမ့်မည်။
အပြစ်သားများသည် သူတို့အပြစ်အတွက်ပြစ်ဒဏ်စီရင်ခြင်းသည် အဘယ်မျှ လောက်ကြောက်မတ်ဖွယ်ကောင်းသည် ကိုနားမလည်ကြချေ။ ဘုရားသခင်ရှေ့မှောက်တွင် ကြောက်မတ်ဖွယ်အကောင်းဆုံးသောအပြစ် သည် ရေနှင့်ဝိညာဉ်တော်မွေးခြင်း၏သတင်းကောင်း မယုံကြည်ခြင်းပင်ဖြစ် သည်။
ယေရှုကိုယုံကြည်ပါသော်လည်း ဒုတိယမွေးခြင်းမခံရသေးသော သူအားလုံး ဘုရား သခင်၏ရှေ့တွင် ဤသို့အပြစ် ကိုဝန်ချတောင်းပန်ရမည်။ ဘုရားသခင် ကျွန်တော်၊ကျွန်မသည် တောက်လောင်နေသောငရဲမီးလျှံထဲသို့ စွန့်ပစ်ရမည့် အပြစ်သားဖြစ်ပါသည်။ သခင် ကျွန်တော်၊ကျွန်မ၏အပြစ်များကို ဆေးကြောတော်မူပါဟူ၍မဆိုမိရန်ရှောင်ပါ။ အပြစ်သားတဦးက ယေရှုသည် ယောဒန်မြစ်၌ခံယူသော ဗတ္တိဇံမင်္ဂလာနှင့်ကားတိုင်ပေါ်ကအသွေး တော်အား ဖြင့် ကျွန်တော်ကျွန်မကိုကယ်တင်ခဲ့ပြီဟူသော သတင်းကောင်းကိုနှလုံး သွင်းလာသည်နှင့်သူသည် အပြစ်အလုံးစုံမှလွတ်မြောက်နိုင်သည်။
အပြစ်သားတဦးက သူသည် ဒုတိယမွေးခြင်းမခံရသေးသောအပြစ် ကိုသာလျင် ဝန်ချတောင်းပန်၍ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံ ကြည်ရမည်။ ဤသို့ဖြင့် ချက်ချင်းကယ်တင်ခြင်းကိုရပါလိမ့်မည်။ ရေနှင့်ဝိ ညာဉ်တော်၏သတင်းကောင်းအားဖြင့် အပြစ်သားအားလုံး၏ကယ်တင်ခြင်း သည် ပြီးပြည့်စုံခဲ့သည်။ “ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”(တ ၄း၁၂) ဟုဆိုထားပါသည်။ ဘုရားသခင်သည်အပြစ်သားအားလုံးကို သူတို့၏အပြစ် များမှ ဆရာယောဟန်ထံမှခံယူခဲ့သော သူ၏သားတော်ယေရှု၏ဗတ္တိဇံမင်္ဂ လာ နှင့်ကားတိုင်းပေါ် တွင်အသေခံရခြင်းဖြင့် ကယ်တင်ခဲ့သည်။
ထိုသခင်သည် လူအပေါင်းတို့ကို မွေးသည့်အချိန်မှစ၍ သေသည့် တိုင်အသွေးအသားအားဖြင့်၄င်း၊ စိတ်နှလုံးအားဖြင့်၄င်း၊ ကျူးလွန်ခဲ့သော အ ပြစ်အလုံးစုံကိုဆေးကြောပေးခဲ့သည်။ ကျွန်တော်တို့သည် ကယ်တင်ခြင်း ရဘို့ အလို့ငှာ စစ်မှန်သောသတင်းကောင်းကို ယုံကြည်ရမည်။ ယင်းသာလျှင် ကျွန်တော်တို့အတွက် အပြစ်များမှလွှတ်မြောက်ရန်အတွက်၄င်း၊ အမှန် အကန်သန့်ရှင်းစင်ကြယ်သောသူများဖြစ်လာရန်အတွက်၄င်း၊ တခုတည်း သောသမ္မာတရားလမ်းဖြစ်သည်။ စစ်မှန်သောသတင်းကောင်းဖြစ်သည့် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်လာသည်နှင့်တပြိုင်နက် ကျွန် တော်တို့ သည် ဖြောင့်မတ်သောသူများ ဖြစ်လာနိုင်သည်။
ယေရှုသည် ဗတ္တိဇံမင်္ဂလာကိုခံယူ၍ ဤလောက၏အပြစ်အလုံး စုံကိုယူဆောင်ကာ၊ ထိုအပြစ်များအတွက် ကားတိုင်ပေါ်၌အသက်ကိုပေး ဆပ်လျှက်သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကာ ဘုရားသခင် ၏လကျာ်တော်၌ထိုင်တော်မူသည်။ ယင်းသည် သမ္မာတရားမူရင်းဖြစ်သည်။
ကျွန်တော်တို့အားလုံး ဤသို့အပြစ်ကိုဝန်ချတောင်းပန်ခြင်းပြုရ မည်။ “သခင်ကိုယ်တော်၊ကျွန်တော်ဘာမျှ မတတ်နိုင်။ သေသည့်တိုင်အပြစ် သားဖြစ်မည်။အမိဝမ်းထဲမှအပြစ်သားအဖြစ်မွေးသောသူဖြစ်ပါ၏။အပြစ်ကြွေး များတင်ရှိပါ၏။ ငရဲမီးလျှံထဲစွန့်ပစ်ရ မည်သူဖြစ်ပါ၏။ ဤအကြောင်းကြောင့် ကျွန်တော်သည် ရေ၊အသွေးတော်နှင့်ဝိညာဉ်တော် အားဖြင့်ကြွလာတော်မူ သောယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ရန် အကျွန်ုပ်အလိုရှိပါ၏။
မဿဲခရစ်ဝင်ကျမ်းအခန်းကြီး(၃)တွင်ဖေါ်ပြထားသည့်အတိုင်း၊ယေရှုသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူသောအခါ သေသည့်တိုင် ကျွန်တော်တို့ ကျူးလွန်မည့်အပြစ်များအပါအဝင်၊ ဤလောက၏အပြစ်အလုံးစုံကို ယူ ဆောင် သွားခဲ့သည်။ “သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်’’(ယောဟန် ၈း၃၂)ဟု မိန့်တော်မူ၏။ 
အကယ်၍ ယေရှုသည် ကျွန်တော်တို့၏ မွေးရာပါအပြစ်များမှသာ လျှင် ကယ်တင်ခဲ့လျှင် မိမိအပြစ်အတွက် မိမိကိုယ်တိုင်ဖြေရှင်းရန် မိန့်တော် မူမည်ဖြစ်ပါသဖြင့် ကျွန်တော်တို့သည် ပြင်းထန်သောဝေဒနာကိုသာ အဆက် မပြတ်ခံစားရမည်ဖြစ်သည်။ သို့သော်ယေရှု ကားသူ၏ဗတ္တိဇံနှင့်အသွေးတော် အားဖြင့် ကျွန်တော်တို့ကို အပြစ်အလုံးစုံမှလွတ်မြောက်စေခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့အတွက် ဘယ်အရာမျှစိုးရိမ်စရာအကြောင်းမရှိတော့ချေ။ ယေရှု ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က သူ၏အသွေးတော်ကို ကျွန်တော်တို့ယုံကြည် လာသည့်အခါ ကျွန်တော်တို့၏စိတ်နှလုံးသားထဲ၌ ဝိညာဉ်တော်ကိန်းဝပ် လျက်ရှိသည်။
ယေရှုကိုယုံကြည်ပါသလား။ သင်၏အထဲ၌ ဝိညာဉ်တော်ကိန်းဝပ် တော်မူကြောင်းယုံကြည်ပါသလား။သူ၏ဗတ္တဇံခံယူခြင်းနှင့်အတူဤလောက ၏အပြစ်အလုံးစုံကို ယူဆောင်သွားသောအခါ သင်၏အပြစ်အလုံးစုံသည် ယေရှုထံ လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်သည်။ နောက်တွင် သူသည် ကျွန်တော် တို့၏အပြစ်များအတွက် ကားတိုင်ပေါ်တွင် ပြစ်ဒဏ်စီရင်ခြင်းခံကား ကျွန် တော်တို့ကို ထာဝရငရဲသစ်ငုတ်ဘဝမှ လွတ်မြောက်စေခဲ့သည်။
 


တရားနည်းလမ်းကျသော အပြစ်ဝန်ချတောင်းပန်ခြင်း


တရားနည်းလမ်းကျသည့်စစ်မှန်သော အပြစ်ဝန်ချခြင်းဆိုသည်မှာအဘယ်နည်း
နေ့တိုင်း အပြစ်ဝန်ချတောင်းပန်ကြသော်လည်းအမှန်စင်စစ် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ကတည်းက သူတို့၏နေ့စဉ်ကျူး လွန်ခဲ့ သောအပြစ်များကို ယေရှုကဆေးကြောခဲ့ပြီ ဖြစ်ကြောင်းသင်ဝင်ယုံကြည်သာလျှင်တရားနည်းလမ်းကျ သည့်ဝန်ချတောင်းပန်ခြင်းဖြစ်သည်။

ယော ၁း၉ တွင် “ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှစင်ကြယ်စေတော်မူ၏” ဆိုသည်။ ဆိုလိုသည်မှာ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ရန်ဆုံးဖြတ်ချက်ချသောတစုံတယောက်သော သူသည် ဘုရားသခင်ကျွန်တော်၏အသက်တာ၌ ကျူးလွန်မိသောအပြစ်အ လုံးစုံ အတွက်တက်နိုင်သောအရာမရှိ။ အပြစ်မှလွှတ်ခြင်းငှာ၊ ဆုတောင်းခြင်း အားဖြင့် အပြစ်မှကယ်တင်ခြင်းမရနိုင်ကြောင်း လက်ခံယုံကြည်ပါ၏။ အပြစ် ၏အဘိုးအခသည်သေခြင်းဖြစ်ကြောင်း သိပါ၏။ ယေရှုဗတ္တိဇံနှင့် သူ၏ကား တိုင် တင်သတ်ခံရခြင်းမှ တပါးကျွန်တော်၏အပြစ် အလုံးစုံကို ဆေးကြောနိုင် မည့်အရာ တစုံတရာမရှိ။ ယနေ့အပြစ်ကျူးလွန်ခဲ့သည်ကို ဝန်ခံပါ၏။ သို့ သော် လွန်ခဲ့သောအနှစ်၂၀ဝ၀ ကတည်းကပင် ယနေ့ကျွန်တော်ကျူးလွန် ခဲ့သော အပြစ်များကို ဆေးကြောခဲ့ပြီဖြစ်ကြောင်း ယုံကြည်ပါ၏ဟူ၍ အပြစ် ဝန်ချ တောင်းပန်ဖို့ ရန်ဆိုလိုခြင်းဖြစ်ပါသည်။ အကယ်၍ ထိုသို့သော် ပုဂ္ဂိုလ်သည် ဤနည်းအတိုင်း ဆုတောင်းခဲ့ပါက သူ၏အပြစ်ပြဿနာပုစ္ဆာများ ကို ချက်ချင်း ဖြေရှင်းသွားပါလိမ့်မည်။
ဒုတိယမွေးခြင်းခံပြီးသူများသာလျှင် သူ၏အပြစ်များကိုဝန်ချ တောင်းပန်တတ်သည်။ သူတို့ကျူးလွန်ခဲ့သမျှသောအပြစ်များသည် ယေရှု ဆေးကြောပေးခဲ့ပြီဖြစ်ကြောင်း အပေါ်အခိုင်အမာ ရပ်တည်ကြသည်။ အ ကြောင်းမှာ ယေရှုသည် ဗတ္တိဇံကိုခံယူ၍ လွန်ခဲ့သောအနှစ်၂၀ဝ၀ တွင် အပြစ် သားများအတွက် အသေခံခဲ့ပြီးဖြစ်ပါသဖြင့် သူတို့တွင်မည်မျှပင် အားနည်းပါ စေအကြောင်းမဟုတ်။ သူတို့၏အပြစ်အားလုံးဆေးကြောခဲ့ပြီဖြစ်သည်။
ယနေ့ ကျွန်တော်တို့လေ့လာသုံးသပ်ချက်သည် ဖြောင့်မတ်သော သူများအတွက် အလွန်ကောင်းသော စာပိုဒ်ဖြစ်သည်။ သို့သော် အကယ်၍ အပြစ်သားတဦးသည် ဤကျမ်းပိုဒ်ကို တလွဲတချော်အဓိပ္ပါယ်ကောက်ယူ ပါက ငရဲတွင်သာဇာတ်သိမ်းသွားပါလိမ့်မည်။ သို့သော်ငြားလည်း ကျမ်းပိုဒ် များထဲမှမကြာခဏလွဲသုံးရန်အကောင်းဆုံးကျမ်းပိုဒ်တခုဖြစ်သည်။ ခရစ် ယာန်များကြားတွင်ကြီးမားသောအထင်အမြင်လွှဲမှားခြင်းဖြစ်စေသည်မှာကြာ ပြီဖြစ်သည်။
မကျွမ်းကျင်သောဆရာဝန်သည် သူ၏လူနာများကိုသတ်နိုင်မည် ဟူသော ဆိုရိုးစကားရှိပါသည်။ မကျွမ်းကျင်သောဆရာဝန်တစ်ယောက် ကပို၍ အစွမ်းထုတ်လျှင် သူ၏လူနာကို သတ်ခြင်းဖြင့်အဆုံးသတ်ပါလိမ့်မည်။
တစုံတယောက်သောသူသည် ကောင်းကောင်းလေ့ကျင့်ရမည်။ သူ့ တာဝန်ကိုကောင်းကောင်းမွန်မွန်ဆောင်ရွက် ရန်အတွေ့အကြုံရင့်ကျက်သူ ဖြစ်ရမည်။ ယင်းသည် ဘဝ၏မျဉ်းတံဖြစ်သည်။ သက်ဝင်ယုံကြည်ခြင်းလော ကသည်လည်း ထိုနည်း၄င်းပင်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည် ရေးသားဖေါ်ပြထားသည့်အတိုင်း သမ္မာတရားကို တိတိကျကျရှင်းရှင်းလင်းလင်းအဓိပ္ပါယ်သက်ဝင်နားလည်ရန် လိုအပ်ပါသည်။ ကြားနာသောသူများက လည်းသူတို့ဟောပြောသည့်အတိုင်း သက်ဝင်ယုံ ကြည်ရန်လိုပါသည်။
အကယ်၍ တရားဟောဆရာများက သူတို့၏နောက်လိုက်များကို မှားယွင်းသောခံယူချက်(ဝါ) အယူအဆများဟောပြောခဲ့လျှင် (သို့မဟုတ်) အ ကယ်၍ယုံကြည်သူများကိုယ်တိုင်ကျမ်းစာကိုမမှန်မကန်လေ့လာ၍ အဓိပ္ပါယ် ကောက်ယူပါက တရားစီရင်ခြင်းနှင့်ငရဲသည် သူတို့နှစ်ဘက်စလုံးအတွက် အကျိုးသက်ရောက်မူဖြစ်ထွန်းပါလိမ့်မည်။ ဒုတိယမွေးခြင်းခံ သောသူများ သာလျှင် ကျမ်းစာကို အမှန်အကန်ဟောပြောနိုင်သည်။ ကျွမ်းကျင်သောဆရာ ဝန်ပင်လျှင် ဆေးညွှန်းမှားပါက လူကိုသတ်နိုင်သည်။ ဘုရားသခင်၏နှုတ်က ပတ်တော်ဟောပြောကြားနာရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ယင်း သည် ကျွန်တော်တို့အသက်ရှင်နေထိုင်ရာတွင် မီးသည်မရှိမဖြစ်လိုအပ်သော အရာဖြစ်သကဲ့သို့ဖြစ်သည်။ သို့သော် မီးသည် ကလေးများ၏လက်သို့ကမ်း ပေးလိုက်လျှင်ကြီးမားသော ဘေးအန္တရာယ်ဖြစ်စေသော အရာဖြစ်သွားသည့် နည်း တူဘုရားသခင်၏နှုတ်ကပတ်တော်သည်လည်း တလွဲတချော်ပေး ကမ်းခဲ့ပါကအလွန်ကြောက်စရာကောင်းသောအန္တရာယ် ကိုသယ်ဆောင်လာ နိုင်သည်။
ဖြောင့်မတ်သောသူ၏ အပြစ်ဝန်ချတောင်းပန်ခြင်းနှင့် အပြစ်သား များ၏ အပြစ်ဝန်ချတောင်းပန်ခြင်း၏ကွာခြား ချက်ကိုကောင်းစွာသိနားလည် ရန်လိုပါသည်။ ၁ယော ၁း၉သည်ဖြောင့်မတ်သောသူများအတွက်ဖြစ်ပါသည်။ ဖြောင့်မတ်သောသူတယောက်သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ရှေ့ မှောက်တွင် သူ၏အပြစ်များကို ဝန်ချတောင်းပန်သောအခါ လွန်ခဲ့သော နှစ်၂၀ဝ၀ တွင် ယေရှုက အပြစ်အလုံးစုံကို လုံးဝဆေးကြောပေးခဲ့ပြီးဖြစ်ပါ သဖြင့် သူသည် အပြစ်မှလွတ်ခဲ့ပြီးဖြစ်သည်။
အပြစ်သားများအတွက် မှားယွင်းသောယုံကြည်ခြင်းကြောင့် ကျူး လွန်ခဲ့သောသူတို့၏ အပြစ်မှာအပြစ်လွတ်ခြင်းငှာ အချိန်တိုင်းဆုတောင်း ခြင်းဖြင့် အပြစ်ဆေးကြောကြခြင်းပင်ဖြစ်သည်။ ဒုတိယမွေးခြင်းမခံရသေး သောသူသည် အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့် သူ၏အပြစ်များအမှန်တကယ် ဆေးကြောနိုင်ပါသည်။
ဘုရားသခင်သည် တရားသောဘုရားဖြစ်သည်။ သူ၏တပါးတည်း သောသားတော်ကိုသူ၏ဗတ္တိဇံအားဖြင့်ဤလောက၏အပြစ်များကိုယူဆောင် ခြင်းငှာ၄င်း၊ ရေ၌ခံယူသောသူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က သူ၏အသွေး တော်ကိုယုံကြည်သောသူအပေါင်းတို့ကို ကယ်တင်ခြင်းငှာ၊ စေလွှတ်တော်မူ ၏။ထို့ကြောင့် ဖြောင့်မတ်သောသူတစ်ယောက်အပြစ်ဝန်ချ တောင်းပန်သော အခါ၊ ဘုရားသခင်က လွန်ခဲ့သောနှစ် ၂၀ဝ၀ ခန့်က ယေရှုသည် အပြစ်အ လုံးစုံကိုသယ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း မိန့်တော်မူသည်။ ထိုသို့သော် သူသည် အသွေးအသားအားဖြင့် အပြစ်ကျူးလွန်ဆဲဖြစ်နေသော်လည်း သူ၏ စိတ်နှလုံးထဲတွင် အပြစ်ကင်းစင်ကြောင်း ယုံကြည်သွားစေသည်။