Search

တရားဟောချက်များ

ဘာသာရပ် ၆ - မစ္ဆာဝါဒ

[6-1] အစဉ်အလာကို မယုံကြည်သော ခရစ်ယာန်များနှင့်ခရစ်ယာန် ဘာသာတွင်ကွဲပြားသောအယူအဆရှိသူများ (မိစ္ဆာကောင်များ)

အစဉ်အလာကို မယုံကြည်သော ခရစ်ယာန်များနှင့်ခရစ်ယာန် ဘာသာတွင်ကွဲပြားသောအယူအဆရှိသူများ

 

(ဟေရှာယ၂၈း၁၃-၁၄)
“ထိုကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်။ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။”
 

ကျမ်းစာနှင့်စပ်ဆိုင်၍ အယူဝါဒကွဲပြားခြင်းများ(ဝါ)မိစ္ဆဒိဋ္ဌိ
    

မိစ္ဆာဒိဋ္ဌိ(ဝါ)သင်းခွဲသောသူဟူသော စကား လုံးကိုကျမ်းစာအတွင်း မည်သို့အ ဓိပ္ပါယ်ဖွင့်ဆိုပါသနည်း
ကျမ်းစာတွင် သင်းခွဲသောသူ (ဝါ)မိစ္ဆာဒိဋ္ဌိသည်ယေရှု ကို ယုံကြည်သော်ငြားလည်း သူ၏စိတ် နှလုံးထဲတွင် အပြစ်ရှိနေသူတစ်ဦးအဖြစ်အဓိပ္ပါယ်ဖွင့်ဆိုသည်

ယနေ့သတင်းရေးသမားများတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည် များတွင် အတုအယောင်သတင်းသမား မြောက်များစွာရှိနေကြသည်။ သူတို့ လည်း သတင်းစာရေးသူများ အယောင်ဆောင်ကြသော်လည်း ဓားစားခံများ လုပ်ဆောင်ခဲ့သမျှကို ဖော်ထုတ်ရန်ခြိမ်းခြောက်ကာ ထိုဓားစားခံများထံမှ ငွေညှစ်ကြသည်။ မိစ္ဆာဒိဋ္ဌိဟူသောစကားလုံးသည် တစ်စုံတစ်ခုသောအ ရာသည် အစစ်အမှန်ဟန်တူသော်လည်း အကြောင်းရင်းမှန်မဟုတ်ကြောင်း ကို ရည်ညွှန်းသည်။တနည်းအားဖြင့်တကယ်စစ်မှန်သောအရာသည် အပြင် ဘက်အသွင် သဏ္ဍာန်နှင့်လုံးဝကွဲသွားသည်။ အတုအယောင်နှင့်သင်းခွဲသော သူ ဟူသော စကားလုံးသည် အထူးသဖြင့် ခရစ်ယာန်အသင်းတော်များ တွင်မ ကြာခဏသုံးတတ်ကြသည်။
သင်းခွဲသောသူ(ဝါ)မိစ္ဆဒီဋ္ဌိ၏ပီပြင်သောအဓိပ္ပါယ်ရှင်းလင်းချက် အ နည်းအကျဉ်းသာရှိ၍ အတုအယောင်ဟူသောဝေါဟာရကိုမူ ပြတ်သား သောအယူအဆများဖြင့် ဟောပြောသောသူ မြောက်များစွာရှိကြသည်။
ထိုအကြောင်းအရာနှင့်သက်ဆိုင်သော ဖိစီးလွှမ်းမိုးမှုကို ကွဲပြား သောအယူအဆအဖြစ် ကျမ်းစာတွင်မည်သို့ဖော်ပြထားသည်ကို၄င်း၊ ရှင်း လင်းစေရန် မိမိတွင်အတိုင်းအတာအရ တာဝန်ရှိသည်ဟုခံစားရပါသည်။ နေ့ စဉ်အသက်တာတွင် တချို့သောအယူဝါဒကို ထောက်ပြ၍ အတူတကွထည့် သွင်းစဉ်းစားကြစေလိုပါသည်။ဘုရားသခင်ကိုယုံကြည်သောသူတိုင်းသူတို့၏ အသက်တာတွင်အယူဝါဒကွဲပြားခြင်းကိုအနည်းဆုံးတစ်ကြိမ်တစ်ခါလောက် တော့ ဆင်ခြင်စဉ်စားကြမှာဖြစ်ပါသည်။ 
တိတု ၃း၁၀-၁၁ တွင် သင်းခွဲသောသူတစ်ယောက်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုသည်။ သင်းခွဲသောသူသည် ဆုံးဖြတ်ချက်မူမမှန်ဖြစ်စေ၍ မိမိကိုယ်မိမိ အပြစ်ဒဏ်ကျခံမည့် သူတစ်ယောက်အဖြစ် အသိတရားကင်းမဲ့စေခဲ့သည်။ ထို့ကြောင့် ယေရှုကိုယုံကြည်ခဲ့သော်လည်း သူတို့၏နှလုံးသားထဲ၌ အပြစ်ရှိ သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် သင်းခွဲသောသူ လူ(ဝါ)မိစ္ဆာ များဖြစ်ကြသည်။
ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် အပြစ်အလုံးစုံကိုယူဆောင်သွား သည်။သို့သော်သင်းခွဲသောသူသည်စစ်မှန်သောကယ်တင်ခြင်းကို၄င်း၊ အပြစ် သားများထံသို့ ကယ်တင်ခြင်းတရားကိုယူဆောင်ရန်၄င်း၊ ငြင်းပယ်၍ သူတို့ ကိုသူတို့အပြစ်ဒဏ်ကျခံစေရန်အပြစ်သား၏အဆင့်သို့ပေါင်းစည်းသွားသည်။
သင်သည် သင်းခွဲသူတစ်ယောက်ဖြစ်နေသလား။ အကယ်၍ အကျင့်သိက္ခာဖြောင့်မတ်သူတစ်ယောက်အဖြစ်၄င်း၊ အမှန်တကယ်စစ်မှန် သူအဖြစ်၄င်း၊ အသက်တာအသက်ရှင်လိုပါက ထိုအကြောင်းကိုစဉ်းစား ဆင်ခြင်သင့်သည်။
ရေနှင့်ဝိညာဉ်တော်အားဖြင့်မိမိကိုယ်မိမိစစ်ဆေးသောအခါ သင် သည် ယေရှုကို ယုံကြည်သော်လည်းဘဲ မိမိကိုယ်မိမိအပြစ် သားတစ် ဦးအဖြစ်မှတ်ယူခဲ့လျှင် ယေရှု၏ပြည့်စုံသောကယ်တင်ခြင်းနှင့် ရေနှင့်ဝိညာဉ် တော်၏သတင်းကောင်းကို မထီလေးစားပြုခြင်းကြောင့် ယေရှုကိုအကျိုး ယုတ်စေသောလုပ်ရပ်ကို လုပ်ဆောင်သူတစ်ဦးဖြစ်ပါသည်။
မိမိကိုယ်မိမိ ဘုရားသခင်ရှေ့မှောက်၌ အပြစ်သားအဖြစ် သတ်မှတ် ခြင်းသည် ဘုရားသခင်၏သားမဟုတ်ကြောင်းဝန်ခံခြင်းပင်ဖြစ်ပါသည်။ အို ဘုရားသခင်- ကျွန်တော်/ကျွန်မတို့သည် အပြစ်သားတစ်ဦးဖြစ်ပါ၏ဟု ယေရှု ထံ အပြစ်ဝန်ခံသောသူသည် သူတို့၏ယုံကြည်ခြင်းကို ထည့်သွင်းစဉ်း စားရန်လိုအပ်သည်။
ဤလောက၏အပြစ်အလုံးစုံကို ယေရှုဆောင်သွားပြီး သင့်ကိုထာဝ ရငရဲသစ်ငုတ် ဘဝမှလုံးဝကယ်တင်လျက်နှင့် အပြစ်သားတစ်ဦးအဖြစ် ဝန်ခံ ဆဲဖြစ်နေလျှင်ယေရှုကိုမည်သို့ ယုံကြည်နိုင်မည်နည်း။ ယေရှုသည်သူ၏ ဗတ္တိဇံအားဖြင့်သင်၏အပြစ်များကိုဆောင်သွားသည့်အပြင် ထိုအပြစ်များ အ တွက် ကားတိုင်ပေါ်တွင်တရားစီရင်ခြင်းခံပါလျက်နှင့် သင်သည် ထိုသူ၏ ကယ်တင်ခြင်းဆုကျေးဇူးကိုငြင်းပယ်၍ မိမိကိုမိမိအပြစ်သားတစ်ယောက် မည်သို့ သတ်မှတ်ထားပါသနည်း။
ထိုသို့သောပုဂ္ဂိုလ်များသည် သူတို့၏အမှုတော်ဆောင်ခြင်းသည် ဘုရားသခင်၏နှုတ် ကပတ်တော်နှင့် သီးခြားစီဖြစ် နေပါသည်။ ရေနှင့်ဝိညာဉ် တော်၏သတင်းကောင်းသည် ဘုရားသခင်၏ရှေ့မှောက်တွင် အတုအ ယောင်ခရစ်ယာန်မဖြစ်ရလေအောင် ရှောင်တိမ်းစေနိုင်ကြောင်းကို သဘော ပေါက်နားလည်ရန်လိုအပ်ပါသည်။
ဒုတိယမွေးခြင်းမခံရဘဲ ယေရှုကိုယုံကြည်သောသူသည် သူ၏နှလုံး သားထဲတွင် အပြစ်များရှိနေဆဲဖြစ်ပါသဖြင့်တိတ္ထိ(ဂါ) သင်းခွဲသောသူတစ် ယောက်ဖြစ်ပါသည်။
အကယ်၍ ကယ်တင်ခြင်းကောင်းကြီးကို ငြင်းပယ်မည်ဆိုလျှင် တလောကလုံး၏ အပြစ်အလုံးစုံကို ယေရှုယူ ဆောင်သွားခဲ့ပြီဖြစ်ပါသော ကြောင့် ဘုရားသခင်၏ရှေ့၌ ကျွန်တော်တို့သည်ကွဲပြားသောအယူဝါဒရှိ သောသူများဖြစ်ကြပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်သန့်ရှင်းသောသူ ဖြစ်သောကြောင့် အကယ်၍ကျွန်တော်တို့၏နှလုံးသားထဲတွင် အပြစ်ရှိ နေလျှင် ကျွန်တော်တို့သည် တိတ္ထိ(ဝါ)သင်းခွဲသောသူများဖြစ်ကြပါသည်။ အကယ်၍ကျွန်တော်တို့သည် ဖြောင့်မတ်ခြင်းသို့ အမှန်တကယ်ရောက်လို လျှင် ယေရှု၏ဗတ္တဇံနှင့်ကားတိုင်ပေါ်ကအသွေး တော်၏သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်ပါသည်။
 

ကျမ်းစာရှိ မိစ္ဆဒိဋ္ဌိ၏ဇစ်မြစ်
 
ယဇ်ပရောဟိတ်တပါးအတွက် အရေးကြီးဆုံးသော အရည်အချင်းသည် အဘယ်နည်း။
ဒုတိယမွေးခြင်ခံယူရန်ဖြစ်သည်။
 
ဓမ္မရာဇဝင်တတိယစာစောင် ၁၂း၂၅-၂၆ ကိုကြည့်ကြရအောင်။ “ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။ ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏’’ဟု အောက်မေ့သည်။ ယေရောဗောင်သည် ရှော်လမွန်လက်အောက်ခံဖြစ်သည်။ နောက်ပိုင်းကာလတွင် ရှော်လမွန်အကျင့်ပျက်လာသောအခါ ယေရော ဗောင် သည် ရှင်ဘုရင်ကိုပုန်ကန်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှောလမွန်၏သား ရောဗောင် လက်ထက်တွင် ဣသရေလမျိုးနွယ်စု ၁၀ မျိုး၏ရှင်ဘုရင် ဖြစ် လာခဲ့သည်။
ယေရောဗောင်သည် ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်လာ သောအခါ ပထမဆုံးသူအလေးထားသည်မှာ သူ့လူမျိုးများ ဗိမာန်တော်တည် ရှိရာ ယုဒပြည်ကိုပြန် သွားကြမှာကို စိုးရိမ်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ထိုအကြံအစည်နှင့်အတူ အပြစ်ဖြစ်စရာအကြောင်းကို ပြုလေသည်။ ရွှေနွားသငယ်နှစ်ကောင်ကိုလုပ်ပြီးလျှင် ဗေသလမြို့၌တစ် ကောင်ထား၍ ပြည်သားတို့သည်နွားသငယ်ကိုကိုးကွယ်ခြင်းငှာ အမိန့်ထုတ် လေ၏။ ဓမ္မရာဇဝင်တတိယစောင် ၁၂း၂၈တွင် “ရှင်ဘုရင်သည်သူတစ်ပါး နှင့်တိုင်ပင်၍ ရွှေနွားနှစ်ကောင်ကိုလုပ်၏” ဟုဖော်ပြထားသည်။ ဗေသလ၌ တကောင်၊ ဒန်မြို့တွင်တစ်ကောင်ကိုထား၍ ပြစ်မှားစရာအကြောင်း ကိုပြု လေသည်။ယေမိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပရောဟိတ် အရာ၌ ခန့်ထားလေသည်။
“ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရော ဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ် အ မြတ်ထားရာ ကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များ ဖြစ်လာကြ၏” (ဓမ္မရာဇဝင်တတိယစောင် ၁၃း၃၃)။ သင်သည် မိစ္ဆာဒိဋ္ဌိအား အတုအယောင် ဇစ်မြစ် ဖြစ်ပါသည်။
ယခုပင်လျှင်အတုအယောင်များဖြစ်ကြသောဘုရားသခင်အမှုတော် ဆောင်တိုင်းကို ပုရောဟိတ်အရာကိုခန့် ထားကြသည်။ သီအိုလော်ဂျီနှင့်ဆိုင် သော ကျမ်းစာကျောင်းများမှ ဘွဲ့ရသူအယောက်တိုင်း ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းကိုမခံရသော်လည်း အမှုတော်ဆောင်၊ ဧဝံဂေလိဆရာ၊ သာသ နာပြုဆရာနှင့် အသင်းတော်တွင်လူကြီး သူမများ ဖြစ်လာကြသည်။
တစ်စုံတစ်ယောက်သောသူသည်ဒုတိယမွေးခြင်းမခံရဘဲ မည်သို့အ မှုတော်ဆောင်ဖြစ်လာနိုင်ပါသနည်း။ အကယ်၍ ထိုလူစားမျိုးကို ယဇ်ပရော ဟိတ်တစ်ပါးအဖြစ်ခန့်ထားမည်ဆိုလျှင်အတုအယောင်များထုတ်လုပ်ရန်အတွက်စက်ရုံတစ်ခုအဖြစ် အသင်းတော်ကရွေးကောက်ခြင်းသာဖြစ်ပါလိမ့်မည်
နောက်ထပ်အတုအယောင် ၏ဇစ်မြစ်အကြောင်းကို စဉ်းစားဆင်ခြင်ကြရ အောင်။ပထမဦးဆုံးယေရောဗောင်ကသူ၏နိုင်ငံရေးတန်ခိုးအာဏာ ဆက် လက်တည်မြဲနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်အဖြစ် ရွှေနွားသငယ်ကိုလုပ်ခဲ့သည်။ ဒုတိယအကြိမ်ယစ်ပရောဟိတ်ဖြစ် လိုသူတိုင်း ယဇ်ပရောဟိတ်အရာတွင် ခန့်လိုက်သည်။ တနည်းအားဖြင့် သာမန်လူတို့ ကိုယဇ် ပရောဟိတ်များအဖြစ် ခန့်ထားသည်။ ယနေ့တွင်ပင်လျှင် ထိုသို့သောအလေ့အထ ရှိပါသည်။
ယေရောဗောင်နောက်ပိုင်းတွင် မိစ္ဆဒိဋ္ဌိသမိုင်းသည် ဆက်လက် တည်ဆဲဖြစ်ပါသည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းမခံသော သူများသည် ဘယ်သောအခါမှ ယဇ်ပရောဟိတ်ဖြစ်လာဖို့ရန် ခွင့်မပြုသင့်ပေ။
ဘာသာရေးဆိုင်ရာ ကျမ်းစာကျောင်းများမှ ဘွဲ့ရမှသာလျှင် အမှုတော်ဆောင် သို့မဟုတ် ဧဝံဂေလိတယောက်ဖြစ်နိုင်ရသလား။ အမှန်မှာ ဘုရားသခင် အသိအမှတ် မပြုသည့်ကြားကပင် ဘုရားသခင်ထံဆက်ကပ်သူများအတွက် မှန်ကန်ပါသလား။ မမှန်ကန်ပါ။ ဘုရားသခင်အသိအမှတ်ပြုသောသူများသာ လျှင်သူ၏အစေခံများဖြစ်လာရသော အခွင့်ရှိသည်။ ဘုရားသခင်အသိအမှတ် ပြုသောသူများသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းခံရသူများ ဖြစ်ကြသည်။
ဤအကြောင်းကို ဓမ္မရာဇဝင်တတိယစောင် ၁၂း၂၅-၂၆ နှင့် အခန်းကြီး ၁၃ တွင် ယေရောဗောင်၏အပြစ်ကြောင့် ဘုရားသခင်၏ဒေါသကို ဆွပေးခဲ့သည်ဟု ဖော်ပြလေသည်။ ဤသမိုင်းကို အားလုံးနားလည်သဘော ပေါက်သင့်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးသောသူသည် ထိုဖြစ်ရပ်နှင့်အ ကျွမ်းတဝင်မဖြစ်ခဲ့ဘူးဆိုခဲ့လျှင် ကျမ်းစာကို နောက်ကြောင်း ပြန်၍လေ့လာ သင့်သည်။
အကယ်၍ ရွှေနွားသငယ်ကိုသာ ဘုရားသခင်အတွက် သင်၏သာ သနာတွင်အစားထိုးခဲ့ပါလျှင် ပြန်၍ဆင်ခြင်သုံးသပ်စေလိုပါသည်။ သင်၏ နောက်လိုက်များ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို နောက်ကြောင်းပြန် လှည့်မှာစိုး၍ ဤလောကနှင့်စပ်ဆိုင်သော ကောင်းကြီးများကိုသာ အမှတ်တ မဲ့များအလေးပေးနေပါသလား။
သင်၏နောက်လိုက်တပည့်များကို အကယ်၍ယေရှုကိုယုံကြည် လျှင် သူတို့၏ရောဂါကိုပျောက်ကင်းစေနိုင်ကြောင်း ပြောခဲ့ပါသလား။ စည်း စိမ်ချမ်းသာခြင်းကောင်းကြီးခံစားလိမ့်မည်ဟုဟောပြောမိပါသလား။ သင်၏ အသင်းတော်တွင် အမှုတော်ဆောင်သို့တည်း မဟုတ် အသင်းတော်ဝန်ထမ်း များသည် ဒုတိယမွေးခြင်းမခံသေးသောသူများကို ခန့်ထားပြီး သင်၏ဂိုဏ်းဂ နသည် အများလက်ခံထားသောဂိုဏ်းဖြစ်ကြောင်း အခိုင်အမာပြောပါသ လား။ အကယ်၍သာ ထိုသို့ပြုခဲ့လျှင် ဘုရားသခင်၏ရှေ့မှောက်တွင် ယေရော ဗောင်ပြုခဲ့သော အပြစ်ဖြစ်စရာများကိုပြု၍ ဘုရားသခင်၏ဒေါသကိုဆွပေး နေပါသည်။
 
 

ရွှေနွားသငယ်ကို ဘုရားတဆူကဲ့သို့ ဝတ်ပြုကိုးကွယ်သောတိတ္ထိ(ဝါ) သင်းခွဲသောသူများ


ယခုခေတ်မှာပင် ရွှေနွားသငယ်ကိုကိုးကွယ်သော သင်းကွဲသောသူ များ၊ မြောက်များစွာရှိသေးသည်။ သူတို့က ရှောလမုန်ဘုရင်သည် မီးရှိုရာ ယစ်တစ်ထောင်ကိုပူဇော်သောအခါ ဘုရားသခင်ကောင်းကြီးပေးသည်ဟုဆို ကြသည်။ ဓမ္မရာဇဝင်တတိယစောင် ၃း၃-၅ တွင် “ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။ ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။ ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏” ဟုဆိုထားပါသည်။
သူတို့သည် ရှောလမုန်၏မီးရှိုရာ ယစ်တစ်ထောင်ပူဇော်ခြင်းကိုအ ကြောင်းပြု၍ မရိုးမသားလိမ်လည်မှုအောက်၌ သူတို့၏နောက်လိုက်များထံမှ ငွေများကို ကလိမ်ကျတတ်သည်။ ထိုသို့မိုက်မဲသောနောက်လိုက်များသည် သူတို့၏ငွေများကို ပေးလှူကြသည်။ ထို့ပြင် ရွှေနွားသငယ်များကို သူတို့၏ ဘုရားအလား ဝတ်ပြုကိုးကွယ်သူများထံမှ သိမ်းယူသောသူတို့ငွေ များကိုခမ်း နားကြီးကျယ်သောဘုရားကျောင်းအဆောက်အဦများတည်ဆောက်ရန်ထည့် ဝင်သောငွေအဖြစ် အသုံးပြုခဲ့ကြသည်။ ဤသို့ပြုခြင်းသည် သူတို့၏ဘု ရားရှိခိုးကျောင်းများသေးငယ်လွန်၍မဟုတ်။ သူတို့၏နောက်လိုက်များထံမှ ငွေများကိုခြိမ်းခြောက် ငွေညှစ်ချင် သောကြောင့်သာဖြစ်ပါသည်။
ဤသို့ရွှေနွားသငယ်ကို ဝတ်ပြုကိုးကွယ်ခြင်းဇာတ်ထွင်ခြင်းသည် ဝတ်ပြုကိုးကွယ်သူပရိသတ်များထံမှ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းဖြင့် တိတ္ထိ(ဝါ)သင်းကွဲများပေါ်ပေါက်လာစေရန် အခွင့်အလမ်းတစ်ခုသာလျှင်ဖြစ် သည်။ ဘုရားသခင်ကိုယုံကြည်သော ကျွန်တော်တို့သည် ဘယ်သောအခါမျှ လူနုံလူအသို့တည်းမဟုတ် မိုက်တွင်းနက်သောသူ များမဖြစ်သင့်ပါ။ အကယ် ၍သင်သည် ရွှေနွားသငယ်ဝတ်ပြုကိုးကွယ်ရာတွင် သင်၏ငွေများကိုဆက် ကပ်လှူဒါန်းခဲ့လျှင် ဘုရားသခင်ထံပေးလှူခြင်းမဟုတ်ဘဲ ယေရောဗောင် ကဲ့သို့ လောဘရမ္မက်တက်နေကြသော အတုအယောင်ယဇ်ပရော ဟိတ်များ ၏အိတ်ထဲတွင် ဇာတ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့သောသင်းခွဲများ၏ ကျော့ကွင်းထဲဘယ်တော့မှမကျ ရောက်သင့်ပါ။
အဘယ့်ကြောင့် ရှောလမုန်၏မီးရှိုရာယစ် တစ်ထောင်ပူဇော်ခြင်း သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ပါသနည်း။ အကြောင်းမူကား ရှော်လမုန်သည် မိမိအပြစ်များကိုသိ၍ ထိုအပြစ်များကြောင့်သေရမည်ဖြစ် ကြောင်းဝန်ခံလျက် ယုံကြည်ခြင်းနှင့်အညီ ပူဇော်သက္ကာ ယပြုခြင်းကြောင့် ဖြစ်သည်။ သူသည်ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီး မွမ်းသည့်အနေဖြင့်ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ဆင်ခြင်အောက် မေ့ခြင်းလျှက် နေ့တိုင်းမီးရှိုရာယဇ်တစ်ထောင်ကို ပူဇော်ဆက်ကပ်ခဲ့သည်။ ယခုတွင် အတုအယောင်ယစ်ပရောဟိတ်များ၏ လှည့်ဖြားခြင်းကိုဘယ် တော့ မှမခံရလေအောင်အတု အယောင်၏စစ်မှန်သောအနက်အဓိပ္ပါယ်ကို မှတ်သားစေလိုပါသည်။
 
 

ဒုတိယမွေးခြင်းမခံရဘဲ အမှုတော်ဆောင်သောသူတို့သည် တိတ္ထိ (ဝါ) သင်းခွဲများဖြစ်ကြသည်။


မိစ္ဆာ(ဝါ)ကွဲပြားသော အယူအဆရှိသူများ က ဒုတိယမွေးခြင်းကို မည်သို့ဆိုခဲ့ပါ သနည်း။
ရူပါရုံ၊ အိပ်မက်နှင့်အခြားဝိညာဉ်ဆိုင်ရာရင့်ကျက် မှုများဖြင့် ဒုတိယမွေးခြင်းခံရသည်ဟု ဆိုကြသည်။
 
သူတို့ကိုယ်တိုင် ပြန်လည်မွေးဖွားခြင်းမခံရသောအခါ ဒုတိယမွေး ခြင်းကို အမျိုးမျိုးဖြင့်ဟောပြောသူများမြောက် များစွာရှိပါသည်။ သူတို့အား လုံးသည် မိစ္ဆာ(ဝါ)ကွဲလွဲသောအယူအဆရှိသူများဖြစ်ကြသည်။သူတို့သည် သာရေနှင့် ဝိညာဉ်၏သတင်းကောင်းအကြောင်း မသိနားမလည်ဘဲ သူတို့ သည်ပြန်လည်မွေးဖွားခြင်း၊မစွမ်းဆောင်နိုင်သောအခါ အခြားသူများကို ဒုတိ ယမွေးဖွားခြင်းခံယူရန် ဟောပြောကြသည်မှာ ရယ်စရာကောင်းပါသည်။
အတုအယောင်ယစ်ပရောဟိတ်များသည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို တလွဲတချော်လိမ်လည်၍ မမှန်သောသတင်းကောင်းများ ကိုဟောပြောကြသည်။ နေ့စဉ်နှင့်အမျှသူတို့၏အပြစ်များကို ဆေးကြောရန်ပ ရိသတ်များ အားဟောပြောကြသည်။ သွား၍တောင်ပေါ်မှာဆုတောင်းပါ။ အစာရှောင်ဆုတောင်းပါ။ ဘုရားအမှုတော်မြတ်၌ မိမိကိုယ်ကိုဆက်ကပ်ပါ။ အာရုဏ်ဦးတွင်ဆုတောင်းပါ။ နာခံပါ။ ဘုရားရှိခို ကျောင်းများအတွက် ငွေ များများပေးလှူကြပါ။သို့သော်သင်၏အပြစ်များစောင့်ထိန်းနိုင်ရန် သတိရှိ ရ မည်ဟုဆိုကြသည်။
တစ်စုံတစ်ဦးက သူဒုတိယမွေးခြင်းခံရကြောင်း သက်သေခံခဲ့သည် ကိုတစ်ကြိမ်ကြားခဲ့သည်။ သူကအိပ်မက်တွင် တန်းစီနေရာတွင်ရပ်နေစဉ် သူ့ အလှည့်ရောက်သောအခါယေရှုကသူ့နာမည်ကိုခေါ်လိုက်သည်ဟု သက်သေ ခံလေသည်။ သူ၏ဒုတိယမွေးခြင်းခံရသည့် အကြောင်း သက်သေခံခြင်းသည် ထိုမျှလောက်ပင်။ သူ၏ခံယူချက်သည် မှန်ကန်ပါသလား။ ယေရှုသည်ထိုကဲ့ သို့မပြောပါ။
ယောဟန် ၃ တွင်သူက “ရေနှင့်ဝိညာဉ်တောင် မမွေးသောသူမည် သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ”ဟုဆိုသည်။ ဘုရားသခင်က လည်း ရေနှင့်ဝိညာဉ်တော်မွေးသောသူများသာလျှင် စစ်မှန်သောယစ်ပရော ဟိတ်ဖြစ်နိုင်သည်ဟုမိန့်တော်မူခဲ့သည်။ အိပ်မက်တွင်လည်းကောင်း၊ စိတ် ကူးယဉ်အိပ်မက်တွင်လည်းကောင်း၊ ဝိညာဉ်ဆိုင်ရာပီတိ ဖြစ်ခြင်းဖြင့်လည်း ကောင်း၊နောင်တတရားအတွက် ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မွေးသော သူသည်ကား မိစ္ဆာ(ဝါ) သင်းခွဲသောသူသာလျှင်ဖြစ်သည်။
ယခုကာလတွင်လည်း မြောက်များစွာသော ခရစ်ယာန်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ဖော်ပြသည့်အတိုင်းမယုံကြည်ကြဘဲ ရေ နှင့်ဝိညာဉ်တော်မွေးဖွားခြင်းသတင်းကောင်းအစား သူတို့၏ဂိုဏ်းဂနနှင့်ဆိုင် သော အယူဝါဒ များကိုသာထိမ်းသိမ်းကြသည်။ရေနှင့်ဝိညာဉ်တော်မွေးခြင်း ၏သတင်းကောင်းကို ဟောပြောဖို့ရန် ငြင်းပယ်သောသူများသည် အတုအ ယောင် ခရစ်ယာန်များနှင့် မိစ္ဆာများ(ဝါ)သင်းခွဲသော သူများဖြစ်ကြသည်။
 

ပြုပြင်ပြောင်းလဲရေးသမားများနှင့် ခရစ်ယာန်ဘာသာရပ်တည်ချက်

ဘယ်အချိန်မှစ၍ စစ်မှန်သောသတင်း ကောင်းသည်အခြားဘာသာအယူဝါဒနှင့် ရောထွေး၍လိုရာဆွဲကြပါသနည်း။အေဒီ ၃၁၃ ရောမ
ဧကရာဇ် ကွန်စတင်တိုင်းက မီလန် အမိန့်ပြန်တမ်းထုတ်ပြန်သည့်အချိန်မှ စတင်သည်။
 
ဘယ်အချိန်မှစ၍ ခရစ်ယာန်ဘာသာတွင် ဂိုဏ်းဂနများဖွဲ့ခဲ့သနည်း။ ဘယ်အချိန်မှစ၍ပရက်ဘီတီရီယန်း၊မက်သိုဒစ်၊နှစ်ခြင်း၊ လူသာရီယာန်၊ ဟော လီနစ်၊သတင်းကောင်းစသည်ဖြင့်ကွဲပြားသောဂိုဏ်းဂနများစတင်ခဲ့ပါသနည်း။ လွန်ခဲ့သောနှစ်ပေါင်း၅၀ဝခန့်၌ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်လာခဲ့သည်။
ကနဦးခရစ်ယာန်များသည် လောက၌ယေရှုသက်တော်ရှိနေစဉ် သူ့ နောက်လိုက်နေသောသူများဖြစ်ကြသည်။ “ခရစ်ယာန်” ဆိုသည်မှာ ခရစ် တော် နောက်လိုက်သောသူများ ဖြစ်ကြသည်။
ကနဦးခရစ်ယာန်များသည် တပည့်တော်များနှင့် သူတို့၏နောက် လိုက်တပည့်တော်များသာဖြစ်ကြသည်။ တပည့်တော်များနှင့်အသင်းတော် ဘုန်းကြီးများသည် အေဒီ ၃၁၃ အထိသာ စစ်မှန်သောသတင်းကောင်းကို လိုက်လျှောက်ကြသည်။ သို့သော်လည်း မီလန်ဧက ရာဇ်ကွန်စတင်တိုင်း နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာသည် နှစ်ပေါင်း ၁၀ဝ၀ ထက်မက၊ မှောင်မိုက်သောခေတ်အဖြစ် ရှည်ကြာခဲ့သည်။
၁၆-ရာစုအစောပိုင်းတွင်မာတင်လူသာက“ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ရမည်”ဟူ၍ ပြုပြင်ပြောင်းလဲရေးကို ကျေညာခဲ့သည်။ ၁၅၀ဝ-၁၆၀ဝ လောက်တွင် ပြုပြင်ပြောင်းလဲရေးသ မား John Calvin နှင့် John Knox တို့ကထိုလှုပ်ရှားမှုကိုဦးဆောင်ကာ ကာသို လစ်ဝါဒမှခွဲထွက်လာခဲ့သည်။ ယင်းလှုပ်ရှားမှုကြောင့် ပြုပြင်ပြောင်းလဲမှုမှာ လည်း အောင်မြင်မှုရလာခဲ့သည်။
ထိုပြုပြင်ပြောင်းလဲမှုသည် သာမန်အားဖြင့် (ဘရင်ဂျီ)ရိုမန်ကက်သို လစ်အသင်းတော်မှ အသင်းတော်အသစ်များ တည်ထောင်ရန် ဦးတည်ကြိုး စားမှုတစ်ခုဖြစ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသမားများသည် ကက်သို လစ်ဝါဒကိုအခြေခံကျငြင်းဆိုချက်တစ်စုံ တစ်ရာထုတ်ပြန်ရန် ကြိုးစားခြင်း မရှိကြပေ။
သူတို့၏အဓိကရည်ရွယ်ချက်သည် ရေနှင့်ဝိညာဉ်တော်မွေးဖွား ခြင်း၊ ယုံကြည်မှုကို မြှင့်တင်ပေးရန်မဟုတ်ဘဲ ရောမကက်သိုလစ်အသင်း တော်ဝင် ဖိနှိပ်ဖျက်စီးမှုအောက်မှ သူတို့ကိုယ်တိုင်လွတ်မြောက်ဖို့ရန်သာဖြစ် သည်။ ဤလှုပ်ရှားမှုကို ရောမကက်သိုလစ်အသင်းတော်က ပရိုကတ်စတင့်ဝါ ဒဟုခေါ်သည်။ “ကန့်ကွက်ဆန္ဒပြသူများ”ဟူ၍ အဓိပ္ပါယ်ရသည်။
ထိုအချိန်တွင် ပရိသတ်အားဇိမ်ခံခြင်းကို ဝယ်ယူကြရန်တိုက်တွန်း ကြသည်။ သူတို့က ထိုဇိမ်ခံခြင်းကိုငွေကြေး မြောက်မြားစွာဖြင့်ဝယ်ယူသော အခါ သေဆုံးသွားပြီဖြစ်သော အဘိုးအဘွားများကိုပင်လျှင် ကောင်းကင်နိုင်ငံ တော်သို့ ပို့ဆောင်ပေးနိုင်သည်ဟု ဆိုကြသည်။ လူသာက ထိုကက်သိုလစ် ဝါဒသည် အခြေခံကျကျမှားယွင်းနေကြောင်းကို သဘောမပေါက်ခဲ့ချေ။ ရောမန်ကက်သိုလစ်အသင်းတော်၏စိန့်ပီတာဘုရားရှိခိုးကျောင်းကြီး တည် ဆောက် ရေးရံပုံငွေအတွက် ဇိမ်ခံခြင်းရောင်း၍ ငွေရှာသည့်လုပ်ရပ်ကိုသာ ရပ်တန့်ကရပ်ရန် ကြိုး စားခဲ့လေသည်။
အကျိုးအဆက်အဖြစ် ခေတ်သစ်ပရိုတက်စတင့်အသင်းတော်များ ထဲတွင် ကလေးငယ်များဗတ္တိဇံပေးခြင်း၊ ရိုမန် ကက်သိုလစ်အသင်းတော် အောက်တွင်အပြစ်ဝန်ခံခြင်းနှင့် အလားတူအပြစ်နောင်တတရားနှင့်ဆု တောင်းခြင်း၊ သန့်ရှင်းခြင်း၊ ဘာသာရေးကျင့်စဉ်များ အမှုတော်ဆောင်များ အဖြစ် ဘာသာရေးကျမ်းစာကျောင်းများမှဘွဲ့ရသူများသာလျှင် အသိအမှတ် ပြုခြင်း၊ ခန်းနားကြီးကျယ်သောဘုရားကျောင်းများတည်ဆောက်ခြင်း၊ ရိုမန် ကက် သိုလစ်၏အမွေအနှစ် အကြွင်းအကျန်များရှိနေသေးသည်။ ထို့အရာ အားလုံးသည် ရိုမန်ကက်သိုလစ်(ခ)ဘရင်ဂျီကျောင်းတော်၏အကြွင်း အကျန် များဖြစ်ကြသည်။
ပြုပြင်ပြောင်းလဲခြင်းကာလ ၁၅၀ဝ အစောပိုင်းမှစ၍ ရေတွက်လျှင် ပရိုတက်စ တင့်ဝါဒ၏သက်တမ်းသည် နှစ်ပေါင်း ၅၀ဝ လောက်ရှိလေသည်။ ယခုနှစ်သည် ပြုပြင် ပြောင်းလဲရေး၏ ၄၈၁ နှစ်မြောက်သောနှစ်ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၈၄၁ နှစ်တွင် မာတင်လူသာသည် သူ၏မိခင်အ သင်းတော်အား ဆန့်ကျင်ကန့်ကွက်ကြောင်းသင်သိလာလိမ့်မည်မဟုတ်ပေ။ ခရစ်ယာန်ဘာသာ၏ပြုပြင်ပြောင်းလဲခြင်းသည် ယနေ့ထိတိုင် ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကာ နောက်လည်းဘဲ ဆက်လက်ပြောင်းလဲနေ ဦးမည်ဖြစ် ပါသည်။
သို့သော်လည်း အမြဲသတိရသင့်သောအချက်တစ်ချက်ရှိပါသည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်း မခံရသောသူသည်ဘုရားသခင် ၏နိုင်ငံတော်ကို မဝင်နိုင်ကြောင်းကို ကျွန်တော်တို့ဘယ်တော့မှ မမေ့သင့် ပေ။ ထိုအကြောင်းကိုဟောကြပါစို့၊ ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းသ တင်းကောင်းတည်းဟူသောယေရှု၏သတင်းကောင်းကို ဟောပြောပါ။ အ ကယ်၍မဟောခဲ့ဘူးဆိုလျှင် သင်သည်ဘုရားသခင်၏အစေခံတယောက်မ ဟုတ်ပါ။ ထိုရေနှင့်ဝိညာဉ်တော်၏ဒုတိယမွေးခြင်းသတင်းကောင်းကို ကျွန် တော်တို့ယုံကြည်ရန် ဘုရားသခင်အလိုတော်ရှိသည်။ ယင်းအကြောင်းကို ယောဟန်အခန်းကြီး(၃)တွင် ဖော်ပြထားသော ယေရှုကနီကောဒင်ပြောပြခဲ့ ပါသည်။
ကျမ်းစာက ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးဖွားခြင်းသတင်း ကောင်းကိုသာဟောခဲ့ပါသလား။သို့မဟုတ်အဖွဲ့အစည်းတစ်ခု၏ ကောင်းကျိုး ကိုသာလုပ်ဆောင်၍ သန့်ရှင်းသောအသက်တာအားဖြင့် အသက်ရှင်ခြင်းစ သည့် အခြားကိုယ်ကျင့် တရားများအကြောင်း ဟောပြောပါသလား။ နောက် ဆက်တွဲဖော်ပြထားသော အချက်အလက်လည်း အရေးကြီးပါသည်။ သို့သော် လည်း ရေနှင့်ဝိညာဉ်တော်မွေးဖွားခြင်းခံရပြီးမှ လုပ်ဆောင်နိုင် သောအရာ များဖြစ်ပါသည်။
 

မိစ္ဆာ(ဝါ)အစဉ်အလာအရမဟုတ်ဘဲ ကွဲပြားသောအယူဝါဒရှိသူများ၏ ဟော ကြားချက်များ

မည်သူသည် မိစ္ဆာကောင်းဖြစ်ပါသနည်း
ယေရှုကိုယုံကြည်ပါသော်လည်း အပြစ်သား တစ်ဦးအဖြစ်ဆက်လက်ရပ်တည်နေသောသူ

အတုအယောင်ခရစ်ယာန်များသည် မိစ္ဆာဒိဋ္ဌိယုံကြည်ခြင်းနှင့်ဆိုင် သော သက်ဝင်ယုံကြည်ခြင်းကို ဘယ်အချိန်မှ စ၍စနစ်တကျဖြစ်ပါရသ နည်း။ဓမ္မရာဇဝင်ဒုတိယစာစောင် အခန်းကြီး(၁၂-၁၃)တွင်ဖော်ပြထားသည့် အတိုင်းယေရောဗောင်လက်ထက်၊နိုင်ငံတော်နှစ်ခြမ်းမကွဲမီတိုင်အောင် ဣသ ရေလလူမျိုးများသည် ဘုရားတဆူတည်းကိုသာကိုးကွယ်ဝတ်ပြုကြသည်။ ထိုအချိန်မှစ၍ ဤလောကသို့ခရစ်တြွော်ကမလာခင်အထိ မိစ္ဆာဒိဋ္ဌိယုံကြည် သူများသည်ထိုယုံကြည်ခြင်းကို လက်တွေ့အကောင်အထည်ဖော်သူ မြောက် များစွာရှိခဲ့သည်။
ထိုသူတို့၏ အတုအယောင်ဟောကြားချက်များကို ဟေရှာယ ၂၈ နှင့်တိတု ၃း၁၀-၁၁ များတွင်ဖော်ပြထားလေသည်။ ကျမ်းစာတွင် မိစ္ဆာဒိဋ္ဌိများ သည် ယေရှုကိုယုံကြည်ကြပါသော်လည်း သူတို့၏နှလုံးသားထဲတွင် အပြစ် များရှိနေဆဲဖြစ်သည်။ ထိုသူများနှင့်တူနေသော တစ်စုံတစ်ယောက်သော သူကို မိစ္ဆ(ဝါ)သင်းခွဲသောသူတစ်ယောက်ဖြစ်ပါသည်။
ယေရှာယ၂၈း၉-၁၀တွင် “သူတို့က “ကိုယ်တော်သည် မည်သူအား အသိပညာကိုသင်ကြားပေးမည်နည်း။ မည်သူအား သတင်းစကားကို သိနားလည်စေမည်နည်း။ နို့ပြတ်သောကလေးငယ်တို့ကိုလော။ နို့ဖြတ်ထားသောကလေးငယ်တို့ကိုလော။ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်ပါသည်တကား”ဟု ဆိုကြ၏”ဟုဖော်ပြထားသည်။
မိစ္ဆာ(ဝါ)သင်းခွဲသူသည် ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ လမ်းစဉ်တစ် ခုပေါ်၊တစ်ခု၊လမ်းစဉ်တစ်ခု ပေါ်တခုဖြည့်စွက်ပေးလိုက်သည်။ ဘာကိုဆိုလိုပါ သနည်း။ ဆိုလိုသည်မှာ ယေရှုကိုသက်ဝင်ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေး ဖွားခြင်းခံရသည်ဆိုသောသူများကို သတိထားပါ၊ သတိထားပါ ဟု သတိပေး ခြင်းပင်ဖြစ်ပါသည်။ အရာမရောက်အရေးမကြီးသောအရာများကို သတိထား ရန် ဟောပြောတတ်လေသည်။ မိစ္ဆာဒိနှ်ယုံကြည်ခြင်းထဲရောက် သွားမှာဆိုး သောကြောင့် ဟိုကိုမသွားပါနှင့် နားမထောင်ပါနှင့်ဟု သင့်ကိုပြောဆိုပါ လိမ့်မည်။
သို့သော်လည်း အကယ်၍သူတို့၏ယုံကြည်ခြင်းသည် သမာရိုးကျ ယုံကြည်ခြင်းသာဖြစ်ကြောင်း သေချာလျှင် အဘယ်ကြောင့် သူတို့၏ယုံ ကြည်ခြင်းသည်ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ကွဲပြားသည်ဟု ဆိုသော သူများကို မတွန်းလှန်နိုင်ပါသနည်း။ သနားစရာကောင်းကြပါသည်။ သမာရိုး ကျခရစ်ယာန်ဟူ၍ အခိုင်အမာပြောဆိုသော်လည်း မိစ္ဆာဒိဋ္ဌိ ဟုသူတို့ခေါ် နေသောအတုအယောင်များကို ချိုးနှိမ်နိုင်ရန် နှုတ်ကပတ်တော်ရှာမတွေ့ ဖြစ်ကြပါသည်။ စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင်၏ နှုတ်ကပတ် တော်အားဖြင့် မည်သည့် ကွဲပြားသောအယူဝါဒရှိသူကိုမဆိုအနိုင်ယူနိုင်ပါ သည်။
ထိုခေတ်ကာလတွင် သမာရိုးကျခရစ်ယာန်များကိုပင် သူတို့၏ယုံ ကြည်ခြင်းကွဲပြားမှုကြောင့် ဒုတိယမွေးခြင်းခံရသူများကို မိစ္ဆာကောင်များ အဖြစ်စွပ်စွဲလိုက်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် လျက်နှင့် မည်သို့ မိစ္ဆာကောင်များဖြစ်နိုင်ပါမည်နည်း။
အကယ်၍ မိစ္ဆာအယူအဆရှိသူများကသာ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ဟောပြောမည်ဆိုလျှင် သူတို့ သည်စစ်မှန်သောသမာရိုးကျ ခရစ်ယာန်များဖြစ်ကြပါလိမ့်မည်။ ထိုနည်းတူ သမာရိုးကျခရစ်ယာန်များ ကသာ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မဟောပြောခဲ့လျှင် သူတို့ သာ မိစ္ဆာဒိဋ္ဌိများသာဖြစ်ကြမည်ဖြစ်သည်။
သမာရိုးကျခရစ်ယာန်များနှင့် အတုအယောင်ခရစ်ယာန်များ၏အ ကြားကွာခြားချက်မှာ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဟောပြောခြင်းရှိ မရှိ ယေရှုကိုယုံကြည်သည် မယုံကြည်သည်နှင့် သူတို့၏နှလုံးသားထဲတွင် အပြစ်ရှိမရှိပေါ်တွင်တည်သည်။ အကယ်၍ ဘုရားသခင်၏နှုတ်ကပတ်တော် ကို ယုံကြည်၍ ရေနှင့်ဝိညာဉ်တော်မွေးဖွားသူများဖြစ်ကြသည် မှန်လျှင် မည် သို့မိစ္ဆာ(ဝါ) သူများဖြစ်နိုင်ပါသည်။
ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်မှ အသွေးတော်အားဖြင့် အပြစ် များကိုလုံးဝဆေးကြောလိုက်ပြီဖြစ်ကြောင်း ယုံကြည်လက်ခံခြင်းသည် အတု အယောင်ဟုတ်ပါသလား။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံ ကြည်ခြင်းသည် သမာရိုးကျဟုတ်ပါသလား။
ကျမ်းစားမှတဖြည်းဖြည်းဝေးရာကို လွင့်ပါသွားခဲ့သော ဘာသာ ရေးဂိုဏ်းမြောက်မြားစွာ ရှိကြသည့်အပြင် သမာရိုးကျခရစ်ယာန်များဖြစ် ကြောင်း အခိုင်အမာပြောဆို သောသူ မြောက်များစွာရှိလေသည်။ သူတို့သည် ယေရှု၏ ဗတ္တိဇံ(ရေ)ကို ငြင်းပယ်၍ ကားတိုင်တော်မှအသွေးတော်အကြောင်း ကိုသာ ဟောပြောသောကြောင့် ကျမ်းစာတွင်အတိ အကျဖေါ်ပြထားသောရေ နှင့်ဝိညာဉ်တော်မွေးဖွားခြင်းမှ တဖြည်းဖြည်းဝေးရာကို လွင့်ပါသွားကြသည်။
ယခုတွင် ရိုမန်ကက်သလစ်နှင့် ပရိုတက်စတင်တို့၏ကွာခြားချက်သည် အဘယ်နည်း။ ရိုမန်ကက်သိုလစ် အသင်းတော်ကို ပြုပြင်ပြောင်းလဲရေးသ တင်းများက ဆန့်ကျင်တော် လှန်သကဲ့သို့၄င်း၊ ရိုမာန်ကက်သိုလစ်အသင်း တော်မှခွဲထွက်၍ ပရိုတက်စတင်ဝါဒကို တည်ဆောက်သကဲ့သို့ ကျွန်တော် တို့သည် မျက်ကန်းခရစ်ယာန်များနှင့်အတုအယောင် ယဇ်ပရောဟိတ်များကို ဆန့်ကျင်၍ဆိုဆုံးမရသည်။ စစ်မှန်သောသတင်းကောင်းကို စစ်မှန်သော ယုံကြည်ခြင်းကသာလျှင် ကျွန်တော်တို့၏ မျက်စိကိုပွင့်စေနိုင်သည့်အပြင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းအားဖြင့်သာလျှင် လုံးဝကယ်တင်ခြင်း ရနိုင်မည်ဖြစ်သည်။

မိစ္ဆာပရောဖက်များကို ရှောင်ရန် မည်သို့လုပ်ဆောင်ရမည်နည်း
ရေနှင့်ဝိညာဉ်တော်မွေးခြင်းကိုခံယူရမည်
 
ကျမ်းစာတော်က ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က အသွေးတော် ၏သတင်းကောင်းကိုယုံကြည်သောသူများသာလျှင် စစ်မှန်သောသမ္မာတ ရားလမ်းသို့လိုက်သည်ဟု ဆိုထားပါသည်။ ယေရှုကလည်း ထိုကဲ့သို့ပင် နိုကောဒင်ကို ယောဟန် ၃း၁-၁၂ ကိုပြောထားပါ သည်။
မိစ္ဆာ(ဝါ)ကွဲပြားသော အယူအဆရှိသူ(ဝါ)သင်းခွဲသူတို့သည် သူတို့ ၏နောက်လိုက်တို့ကို ယုံကြည်ခြင်းတွင် လှိုက်လှိုက်လှဲလှဲရှိကြပါရန် အမြဲ တိုက်တွန်းလေ့ရှိကြသည်။ အာရုဏ်ဦး ဆုတောင်းရန်နှင့် ကျင့်တရားများပို၍ ကျင့်ကြံရန်တိုက်တွန်းကြသည် ယင်းမျက်စိကန်း သူများကို ပြေးရန်တိုက် တွန်းခြင်းနှင့်အတူတူပင်ဖြစ်သည်။
အကယ်၍ ရေနှင့်ဝိညာဉ်တော်မွေးခြင်းမခံရလျှင် သင်၏ခက်ခက်ခဲ ခဲဆုတောင်းခြင်းသည် အချည်းအနှီးသာလျှင်ဖြစ်ပါသည်။ ကျွန်တော်တို့ပြော နေသည့် ရေနှင့်ဝိညာဉ်တော်မွေးသောသူများသ်ညဖြောင့်မတ်သောသူများ ဖြစ်ကြကြောင်းနှင့် မိစ္ဆာဒိဋ္ဌိများကို ရောမ ၃း၁၀ တွင် ]]ဖြောင့်မတ်သောမရှိ တယောက်မျှမရှိ}} ဟုတုန့်ပြန်ခဲ့ သည်။ ဤကျမ်းပိုဒ် ဖြင့် ယုံကြည်သူများကို မိစ္ဆာဒိဋ္ဌိအဖြစ်သတ်မှတ်ကြသည်။
သို့သော်လည်း အမှန်တကယ်အားဖြင့် မိစ္ဆာဒိဋ္ဌိများသည် သူတို့သာ လျှင်ဖြစ်ကြသည်။ ထိုကျမ်းပိုဒ်၏ စစ်မှန်သော အဓိပ္ပါယ်များသည်သာမှန် ထက်ပို၍နက်နဲသည်။ ထိုမိစ္ဆာများသည် ကျမ်းစာတအုပ်လုံးမဖတ်ကြပါ။ တမန်တော်ရှင်ပေါ်လုကဤလောကတွင်ဖြောင့်မတ်သော သူတစ်ယောက်မျှ မရှိဟုဆိုထားပါသည်။ ဤလောကကို ယေရှုကြွလာတော်မူ၍ ဘုရားသခင်၏ ကယ်တင်ခြင်းအားဖြင့် လူသားအားလုံးကို သူတို့၏အပြစ်များမှ မကယ်တင် မီတွင် ဤလောက၌ဖြောင့်မတ်သော သူတစ်ယောက်မျှမရှိဟု ဖေါ်ပြထား သောဓမ္မဟောင်းကျမ်းမှ ကျမ်းပိုဒ်တစ်ပိုဒ်ကိုသာ သူကကိုးကားထားသည်။ သို့သော် ယေရှုအားဖြင့် ကယ်တင်သောသူများသည် ဖြောင့်မတ်ခြင်းသို့ ရောက်ကြသည်။
အကယ်၍ အခန်းကြီးတခုလုံးကို ဖတ်မည်ဆိုလျှင် သမ္မာတရား လမ်းကိုတွေ့နိုင်ပါသည်။ မိစ္ဆာဒိဋ္ဌိ(ဝါ) သင်းခွဲ သောသူများကသူတို့နောက် လိုက်များကို သူတို့အားကွဲပြားသော ယုံကြည်ခြင်းရှိသူများကို သတိထား ရန်ကိုသာ အမြဲသတိပေးလေ့ရှိကြသည်။ မြောက်များစွာသော အသင်း တော်များတွင် အစဉ်အလာယုံကြည်ချက်အယူဝါဒကို စွဲမြဲလက်ခံထား သော အသင်းတော်ကိုသာ အသိအမှတ်ပြုကြသည့်အပြင် သူတို့၏နောက်လိုက်တ ပည့်များအား အခြားတနေရာရာတွင် ဝတ်ပြုကိုးကွယ်ခြင်းမှ တားမြစ်ထား ကြသည်။ သို့ဖြစ်ပါသဖြင့် သူတို့ပရိတ်သတ်များသည် အခြားသောအသင်း တော်များ သို့မသွားဝံ့ကြပါသဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မ ကြားနိုင်ကြချေ။
သူတို့သည် စစ်မှန်သော သတင်းကောင်းများနှင့် နားမကြားသူများ ဖြစ်လာရပါသဖြင့် ဒုတိယမွေးခြင်းမရနိုင်ချေ။ အယောင်ဆောင်ခေါင်းဆောင် များ၏ ဟောပြောခြင်းများ သည် အမှန်အားဖြင့် ငရဲ၏သားသမီးများကိုသာ ပြုစုပျိုးထောင်ပေးလေသည်။ယင်းအတွက် သူတို့သည် ဘုရားသခင်၏တရား စီရင်ခြင်းကို ခံရမည်ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိများဘုရားသခင် ဆီပြန်လှည့်လာသင့် ပါသည်။
မည်သူတို့သည် မိစ္ဆာဒိဋ္ဌိ(က) သင်းခွဲသောသူများဖြစ်ကြပါသနည်း။ ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ရွေးယူကယ်တင် သောသူများလား? သို့မဟုတ်ယေရှုကိုယုံကြည်သည်ဟု အခိုင်အမာဆိုသော် လည်း ရေနှင့်ဝိညာဉ်တော်မွေးခြင်း ကို ဆုံးရှုံးသူများလား။
တိတု ၃း၁၁ တွင် ယေရှုကို ယုံကြည်သောသူဖြစ်သော်လည်း ကိုယ့် အပြစ်ကိုသိလျှက်ပင် အပြစ်ပြု၍မှောက်လှန်သောစိတ်ရှိသောသူကို သင်းခွဲ သောသူဟု ဆိုထားလေသည်။
သူတို့သည် နောက်လိုက်တပည့်များကို ရေနှင့်ဝိညာဉ်တော်မွေး ခြင်း သတင်းကောင်းများဟောပြောသည်။ နိုးထခြင်းဝတ်ပြုအစည်းအဝေး များသို့ မသွားကြရန် တားထားကြသည်။သမရိုးကျခရစ်ယာန်များသည် ဆန့်ကျင်ဘက်ယုံကြည်ခြင်းကို အဘယ်ကြောင့်ကြောက်ကြပါသနည်း။ သူတို့ဖက်တွင် သမ္မာတရားမရှိခြင်းကြောင့်ဖြစ်ပါသည်။ ပညတ်တခုပေါ်မှာ တခု၊ တခုပေါ်မှာ တခုရှိခြင်းကြောင့်ဖြစ်ပါသည်။ သင်းခွဲသူများ၏ဟော ပြောချက်များသည် ထိုနည်း၄င်းပင်။
အတုအယောင်ယစ်ပရောဟိတ်များသည် ဤစာအုပ်မှနည်းနည်း ဟိုစာအုပ်မှနည်းနည်းဖီလော်ဆိုဖီသမားများ အတွေးအခေါ်များမှ၄င်း တချို့ သော စာရွက်စာတမ်းများမှ၄င်း၊ ကောက်ယူကိုးကား၍ သူတို့၏တွေးခေါ်မှု များနှင့်ပေါင်းစပ်ကာ၊အရာရာကို နှစ်သက် ဖွယ်ယုံကြည်လောက်အောင်လုပ် ဆောင်တတ်ကြသည်။
သူတို့၏နောက်လိုက်များကို အသိဉာဏ်ကင်းမဲ့သော သူများဟု ယုံမှတ်၍ လောကီရေးရာနှင့်ဆိုင်သောသွန်သင်ချက်များဖြင့် သူတို့ကိုဆုံးမ သွန် သင်ရန်ကြိုးစားကြသည်။ စစ်မှန်သောအသင်းတော်သည် ဘုရားသ ခင်၏နှုတ်ကပတ်တော် ကိုဟောပြော၍ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် ယုံကြည်သူများကို ဆုံးမသွန်သင်သည်။ ပရိတ်သတ်သည် လူ့လောက ၏လမ်းစဉ်အတိုင်း ဆုံးမသွန်သင်သောနေရာသို့မလာချင်ကြပေ။ ကောင်း ကင်ဘုံနှင့်ဆိုင်သောအရာများကိုကြားနာရန် ဘုရားရှိခိုးကျောင်းသို့လာ ရောက်ကြခြင်းဖြစ်သောကြောင့် လောကီရေးနှင့်ဆိုင်သော အရာကိုမကြား နာနိုင်ဖြစ်ကြသည်။ ယေရှု၏နှုတ်ကပတ်တော်ကို ကြားနာရန်လာရောက်ကြ ခြင်းဖြစ်သည်။
လူတို့သည် အပြစ်သားများအဖြစ်သူတို့၏ ဘုရားရှိခိုးကျောင်းထဲကို ဝင်လာကြသော်လည်း အပြစ်ကင်း၍ ဖြောင့်မတ်သောယုံကြည်သူများအဖြစ် အသင်းတော်တွင် ရေပန်းစားလိုသူများဖြစ်ကြသည်။ သင်းခွဲယစ်ပရောဟိတ် များသည် မည်သို့ဟောပြောပါသနည်း။ သူတို့၏တပည့်နောက်လိုက်များကို ဘုရားသခင်၏ စစ်မှန်သောသတင်းကောင်း ဟောပြောသည့်နေရာ နိုးထ ခြင်းဝတ်ပြုအစည်းအဝေးများသို့ မသွားကြရန်၊ ဟောပြောကြလေသည်။ သူ တို့၏နောက်လိုက်တပည့်များကို ရေနှင့်ဝိညာဉ်တော်မွေးခြင်းမှကြိုတင် တားဆီးကြသည်။
ထိုသို့ပြုခြင်းသည် မိုက်မဲရာရောက်ပါသည်။ သူတို့၏နောက်လိုက် တပည့်တပန်းများကို လိမ့်လည်လှည့်ဖြားနိုင်ခဲ့သော်လည်း ဘုရားသခင်ကို မူကာ လိမ်လည်လှည့်ဖြား၍မရပါ။

အတုအယောင်ယဇ်ပရောဟိတ်များသည် သူတို့၏နောက်လိုက်တပည့်များကို နှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်း
ရရှိစေနိုင်ပါသလား။
မရနိုင်ပါ။ ဒုတိယမွေးခြင်းခံသော သူသာလျှင် အခြား သောသူများကို ဒုတိယမွေးခြင်းရရှိစေနိုင်ပါသည်။

အကယ်၍သင်သည် စစ်မှန်သောဘုရားသခင်၏အစေခံဖြစ်ခဲ့လျှင် သင်၏ နောက် လိုက်တပည့်များကို စစ်မှန်သောဘုရားသခင်အစေခံများ၏ ရေနှင့်ဝိညာဉ်တော်မွေးခြင်းသတင်းကောင်းဟောပြောရာ နိုးကြားခြင်းအ စည်းအဝေးများသို့မသွားရန်တားမြစ်ချက် များကို ရပ်တန့်ကရပ်ပါ။
သင်းခွဲသောသူများသည် သူတို့၏နောက်လိုက်တပည့်များကို ဘာ သာရေးယုံကြည်မှုအခြေခံသော ပညာရပ်တခုတည်းကိုသာ သွန်သင်ပေးကြ သောကြောင့် အခြားပညာရပ်ဆိုင်ရာများနှင့် မထင်မှတ်ဘဲကြုံတွေ့ရသော အခါ၊ အခက်ကြုံတတ်ကြသည်။ သနားဖွယ်ကောင်းကြသည်။ အတုအ ယောင်ယစ်ပရောဟိတ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပြင် ဘက်သာသနာပြုရာတွင် အလွန်တော်ကြသည်။ ဟောပြောခြင်း အကြံဉာဏ် ထုတ်ခြင်းနှင့် အမှုတော်ဆောင်ခြင်းများသည် လမ်းလွဲနေသောသူတို့၏ ကိုယ်ပိုင်ခိုင်မာသော ခံယူချက်များအပေါ်၌သာလျှင် အခြေခံလျက်ရှိသည်။ ဘုရားသခင်၏အပြင် ဘက်၌သာသနာပြုသူနှင့် ဟောပြောသူများသည် သင်း ခွဲသောသူများနှင့် ကြေးစားများဖြစ်ကြသည် (ယော ဟန် ၁၀း၃)။
အတုအယောင်အမှုတော်ဆောင်များသည် သူတို့၏အတွင်းစိတ်သ ဘောနှင့်အပြင်ပန်းအားဖြင့် ပင်ကိုယ်သဘာဝသည်ကွာခြားပါသည်။ အချို့ သောသူများက အသင်းတော်များသည် ကွဲပြားသောအယူအဆရှိသည့် သင်း ခွဲများအဖြစ် ဂိုဏ်းဂနများမတည်ထောင် သင့်ကြောင်းဖွင့်ပြောကြသည်။ သို့ သော်လည်းထိုအသင်းတော်များထဲမှ တချို့သည်တစုံတခု သောဂိုဏ်းဂန တွင်အဖွဲ့ဝင်ဖြစ်ရန်မလိုချင်ကြချေ။ အကြောင်းမှာများသောအားဖြင့် ထိုအ သင်းတော်များသည် ကျမ်းစာအတိုင်းစစ်မှန်သောသွန်သင်ချက်များနှင့်ဝေး ကွာ၍လှုပ်ရှားခြင်းကြောင့်ဖြစ်သည်။
သင်းခွဲသူများသည် သူတို့ကိုယ်တိုင် သူတို့၏အပြစ်များ၏ပြဿ နာကို ဘယ်သောအခါမှမဖြေရှင်းခဲ့သောငြားလည်း၊ သူတို့၏နောက်လိုက်တ ပည့်များကိုမူ အပြစ်မှလွတ်မြောက်၍ ရွေးနှုတ်ကယ်တင်ခြင်းရရန် ဟော ပြောကြသည်။ သူတို့သည် ယေရောဗောင်၏အပြစ်များကဲ့သို့သော အပြစ် များကိုကျူးလွန်ခဲ့ကြသည်။အကယ်၍တစုံတယောက်သောသူသည် သူ၏ စိတ်နှလုံးထဲတွင် အပြစ်ရှိနေဆဲဖြစ်နေသော်လည်း ဘုရားသခင်၏အမှုတော် ကို ဆောင်ရန်ကြိုးစားနေမည်ဆိုလျှင် ထိုသူသည် သူ၏အပြစ်နှင့်ဘုရားသ ခင်၏သန့်ရှင်းမြင့်မြတ်မှုသည် သဟဇာတမဖြစ်ကြောင်း သဘောပေါက်နား လည်သင့်ပါသည်။ သူသည် သင်းခွဲသူတယောက်ဖြစ်ကြောင်း သိနားလည် ရမည်။
ထို့ကြောင့် အကယ်၍ ထိုအခြေအနေအတိုင်း ဟောပြောသူမည်သူ မည်(ဝါ)အသင်းတော်တွင်တာဝန်ရှိသူသည် အပြစ်သာတစ်ဦးဖြစ်နေဆဲဖြစ်ပါ သည်။ သူသည်သင်းခွဲသူတစ်ဦးဖြစ်ကြောင်း သဘောပေါက်နားလည်သင့်ပါ သည်။ သူသည် ခရစ်တော်၏ကယ်တင်ခြင်းတရားကို၄င်း၊ ရေနှင့်ဝိညာဉ် တော်မွေးခြင်းသတင်းကောင်းကို၄င်း၊ မသိနားမလည်သောကြောင့် မိစ္ဆာ(ဝါ) သင်းခွဲသူတစ်ယောက်ဖြစ်ပါသည်။ အကယ်၍ တစ်ဦးတစ်ယောက်က သင်းခွဲ သူတစ်ဦးထံမှ ကျမ်းစာကိုသယ်ယူ၍ ထိုနည်းအတိုင်း အခြားသောသူများကို ဟောပြောခဲ့လျှင်လည်း သူသည် သင်းခွဲတစ်ယောက်ဖြစ်လာရပါသည်။
သစ်ပင်တပင်သည် ထိုအပင်အသီးအပွင့်အားဖြင့်သိရသည်။ ယေရှု ၏ဗတ္တိဇံနှင့် သူ၏အသွေးတော်ကို ယုံကြည် ခြင်းဖြင့်ဖြောင့်မတ်ခြင်းသို့ ရောက်သောသူတို့သည် အပြစ်သားဖြစ်နေဆဲသူများအနေဖြင့် အပြစ်သား များကို မွေးဖွားနေစဉ် ဖြောင့်မတ်ခြင်းကိုသာလျှင် သီးပွင့်လျှက်ရှိကြသည်။ “ထိုနည်းတူ ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကိုသီးတတ်၏။မကောင်းသောအပင်မူကား မကောင်းသောအသီးကိုသီးတတ်၏” (ရှင်မဿဲ ၇း၁၇)။
 

အတုအယောင်ယဇ်ပရောဟိတ်များသည်ဒေသနာကိုမည်သို့ဟောပြောကြသနည်း။

မိစ္ဆာပရောဟိတ်တို့သည်မိမိဒေသနာကိုမည်သို့ဟောပြောသနည်း
ဤလောကနှင့်စပ်ဆိုင်သော ဘာသာရေးယုံကြည်မှု အခြေခံပညာနှင့်လူ့အတွေးအခေါ်များကို ဟောပြောကြသည်။

မိစ္ဆာယစ်ပရောဟိတ်များသည် အမြဲသတိထားကြသည်။ အဘယ် ကြောင့်နည်း။ သူတို့သည် ရေနှင့်ဝိညာဉ်တော် မွေးခြင်း၏ယုံကြည်ခြင်းတွင် ကျိုးကြောင်းခိုင်လုံမှုမရှိသေးသောကြောင့် သူတို့၏ အလိမ်ပေါ်မှာကိုစိုးရိမ်၍ သတိထားဟော ပြောကြခြင်းဖြစ်သည်။
သင်းခွဲများသည် သည်ဘက်မှာအနည်းငယ် ဟိုဘက်မှာအနည်းငယ် ယူသည်။ လူတွေကိုလိမ်လည်လှည့်ဖြား၍စစ်မှန်သော သတင်းကောင်း၏အ နက်အဓိပ္ပါယ်ကို ကောင်း စွာ နားမလည်ဘဲဟောပြောကြသည်။
“ထို့ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်” (ဟေရှာယ ၂၈း၁၃)။
သူတို့သည် တနည်းပေါ်တနည်းထပ်၍ “ဂရိဘာသာတွင် ဘယ်သူ ဘယ်ဝါက ဘယ်လိုဟေဗြဲဘာသာအားဖြင့် ဘယ်သူဘယ်ဝါက ဘယ်လို” ထို့နောက် ယင်းကဲ့သို့သော အတွေးအခေါ်များလည်းရှိကြသည် စသည်ဖြင့် ဆိုတတ်ကြသည်။ အကယ်၍ စာနှင့်ပေနှင့်ရေးသားထားသော ဆန်းသစ် သည် ဝေါဟာရမများသုံးထားသောကယ်တင်ခြင်းက သဘောတရားနှင့်ကြုံ တွေ့လျှင် ပရိတ်သတ်အား စဉ်းစဉ်းစားစားလုပ်ကြရန်၊ သတိပေးကြသည်။ မာတင်လူသာက ဘယ်လို John Calvin ကဘယ်ပုံ John Knox ကဘယ် နည်းဖြင့် ဆိုကြသည် စသည်ဖြင့် ဟောပြောလေ့ရှိကြသည်။
သူတို့ကိုယ်တိုင် အဘယ်အကြောင်းအရာကို ဟောပြောရန်မည် သည့်အရာကို ယုံကြည်ကြောင်း၊မသိကြပေ။ စစ်မှန်သောယုံကြည်ခြင်းရှိသူ သည် သမ္မာတရားစာပေသုံးဝေါဟာရကို ကောင်းစွာသိနားလည်နိုင်ပါသည်။ စစ်မှန်သောယုံကြည်မှုဒုတိယမွေးခြင်းရသောသူနှင့်မရသောသူတို့၏ကွာခြား ချက်များကိုရှင်းရှင်းလင်းလင်းပြောနိုင်သည်။ကျွန်တော်တို့သည်လည်းရေ နှင့်ဝိညာဉ်တော်မွေးခြင်းသတင်းကောင်းကိုရှင်းလင်းစွာဟောပြောနိုင်သည်။
သို့သော် သင်းခွဲသောသူများသည် လောကကိုပရမ်းပတာဖြစ်စေသောသူများ ဖြစ်သည်။ သူတို့ယုံကြည်ခြင်းသည် လင်းဆွဲနှင့်တူပါသည်။ လင်းဆွဲသည် နေ့ တာတလျှေက်လုံးလှိုင်ဂူအတွင်းပိုင်းကိုရွေးချယ်၍ညဘက်တွင် အပြင်ဘက် ကို ရွေးချယ်သကဲ့သို့ သင်းခွဲသောသူတို့သည်လည်း ဟိဟာဒီဟာယူ၍ စသည်ဖြင့် ယုံကြည်ကြသည်။ဘယ်အရာသည်သစ္စာတရားဖြစ်သည်ကို ဘယ် သောအခါမျှ နားမလည်နိုင်ကြချေ။ မိစ္ဆာပရောဟိတ်တပါး ငရဲသို့ သွား သောအခါ သူ၏နောက်လိုက်တဖွဲ့လုံးလိုက်ပါ၍ ဇာတ်သိမ်းသွား ကြမည် ဖြစ်သည်။ သို့ဖြစ်ပါသဖြင့်မြောက်များစွာသော ယုံကြည်သူတို့သည် မိစ္ဆာ ပရောဟိတ် ဖက်များကို ယုံကြည်ကြသောကြောင့် ငရဲထဲတွင် ဇာတ်သိမ်း သွားကြသည်။
သင်၏ အမှုတော်ဆောင်(ဝါ)သင်းအုပ်ဆရာသည် ရေနှင့်ဝိညာဉ် တော်၏ ဒုတိယမွေးခြင်းခံရပါသလား။ကျမ်းစာတော်၌ ဖေါ်ပြထားသည့်အ တိုင်းရေနှင့်ဝိညာဉ်တော်မွေးခြင်းသတင်းကောင်းကို ဟောပြောပါသလား။ အကယ်၍ဟောပြောသည်ရှိသော် သင်သည် အလွန်ကံကောင်းသောသူဖြစ် ပါသည်။ အကယ်၍ ကျမ်းစာအရမဟောလျှင် သင့်ကို ငရဲကျစေလိမ့်မည်။ အကယ်၍သင်သည်ဒုတိယမွေးခြင်းမခံရလျှင် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကိုကြားနာပါ။ စာအုပ်များကို ဖတ်ပါ။ ဒုတိယမွေးခြင်းခံရပါလိမ့်မည်။
သင်းခွဲသော သူတို့သည် ရေနှင့်ဝိညာဉ်တော်မွေးခြင်းသတင်းကောင်းကို မနှစ် သက်ကြချေ။ သူတို့က ယေရှုသည် ကျွန်တော်တို့၏အပြစ်များကို ချေဖျက်ဖို့ ရန်ကြွလာသည်။ သူသည် ယနေ့ထက်ထိကျွန်တော်တို့၏အပြစ်များကို ဆေးကြောနေသည့် အပြင်အနာဂတ်တွင်လည်း ဆက်လက်လုပ်ဆောင် သွားမည်ဟူ၍ဟောပြောကြသည်။ယင်းသည် မည်သို့အမှန်အကန်ဖြစ်နိုင် မည်နည်း။ သူတို့သည် ကိုယ့်ကိုယ်ကိုဖြောင့်မတ်သောသူများဖြစ် ကြသည် ဟု ဆိုကြသော်လည်း အပြစ်ဖြစ်ရာလမ်းစဉ်ကို လျှောက်လှမ်းနေကြသည်။ သူတို့သည် တခဏတာအတွင်းဖြောင့်မတ်သော သူများဖြစ်ကြပါသော်လည်း နောက်တွင် အပြစ်သားများဖြစ်လာကြသည်။
သူတို့၏ ဘာသာရေးအခြေခံပညာရပ်သည် လွဲမှားသော အတွေး အခေါ်ဖြစ်သည်။မမှန်ကန်သောအယူအဆဖြစ်သည်။ တစုံတစ်ယောက် သောသူသည် ယခုတွင် ဖြောင့်မတ်သောသူဖြစ်၍နောက်ပိုင်းတွင် အပြစ် သား တစ်ဦးဖြစ်ခဲ့လျှင် ထိုသူသည် သင်းခွဲသောသူ မိစ္ဆာပရောဖတ်တစ်ဦးသာ ဖြစ်သည်။ မိမိကိုယ်မိမိပြစ်တင်ရှုတ်ချသောသူသည် မိမိကို မိမိဖျက်ဆီး သောသူနှင့်အတူတူပင်ဖြစ်သည်။
 

ဘုရားသခင်၏ကျိန်ခြင်းသည်မိစ္ဆာ(ဝါ)သင်းခွဲသောသူများ၏နောက်လိုက်တ ပည့်များအပေါ်ကျရောက်မည်

သင်းခွဲသောသူများသည် ဘယ်အရာကိုအဓိကထားသနည်း
ကိုယ်ကျင့်တရား

သင်းခွဲသောသူများသည် ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် သူတို့၏ နောက်လိုက်တပည့်များက မည်ကဲ့သို့ ဒုတိယမွေးခြင်းရနိုင်သည်ကို သူတို့ အားသွားရောက်မေးကြသောအခါ၊ ရေနှင့်ဝိညာဉ်တော်မွေးခြင်းသို့ ဦးတည် ခေါ်ဆောင်သွား ခြင်းမပြုနိုင်ကြချေ။ အမှန်မှာ သူတို့၏ နောက်လိုက်များကို အဓိပ္ပါယ်မရှိသော အယူအဆများကိုသာ ပေးကမ်းနိုင်သဖြင့် လူအပေါင်း တို့သည် စိတ်ကူးယဉ်အိမ်မက် ဒုတိယမွေးခြင်းကိုသာခံရကြသည်ဖြစ်၍ နိုး ထမှုမ ရှိချေ။ အဓိပ္ပါယ်မရှိ ဖြစ်ခဲ့ရပါသည်။
ယောဟန်(၃)တွင် ယေရှုက “ရေနှင့်ဝိညာဉ်တောမမွေးသောသူ မည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ” ဟု မိန့်တော်မူသည်။ သို့သော် ဤခေတ်တွင် ဒုတိယမွေးခြင်းခံဖြောင့်မတ်သောသူများကို စိတ်ကြီး ဝင်နေသော မိစ္ဆာများဟု ခေါ်ကြသည်။
မိစ္ဆာပရောဟိတ်များသည်နှိမ့်ချသောသူများဖြစ်သောကြောင့်သူတို့ ကိုသူတို့ ဖြောင့်မတ်သောသူများဟုခေါ်ဆိုကြသည်။ သူတို့၏ နောက်လိုက် များကို ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းသတင်းကောင်းအကြောင်း ဟောပြောရန် အကြံအစည်ရှိသောတရားဟောဆရာများ၏ မည်သည့်နှိုင်းထ ခြင်း ဝတ်ပြုအစည်းအဝေးကိုမဆို မတက်ကြပါနှင့်။ အကယ်၍ သင်သည် ဒုတိယမွေးခြင်းခံရပါက၊ သင်းခွဲသောသူဖြစ်လာပါလိမ့်မည်။ ဤအသင်း တော်မှ ရှုတ်ချခြင်းခံရမည်။ ကျွန်တော်တို့နှင့်အတူနေပါက အပြစ်သားတစ် ဦးအနေဖြင့် ရပ်တည်ရမည်။ အချိန်တန်လျှင် ဘုရားသခင်က သင့်ကိုဖြောင့် မတ်သောသူဖြစ်စေပါလိမ့်မည်ဟုပြောပြကြသည်။ယင်းသည်သူတို့အမြဲပြော နေကျစကားဖြစ်သည်။ အမှန်တကယ် သူတို့ဆိုလိုသည့်မှာ ဒုတိယမွေးခြင်းရ မရ ဆုံးဖြတ်ရန်၊ သင်၌တာဝန်ရှိသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။
သင်းခွဲသောသူများကနောက်လိုက်များကို“သင်တို့သည်ကျွန်တော် တို့နှင့်အတူနေသော်လည်း ဒုတိယမွေးခြင်းသည်သင်၏တာဝန်သာလျှင်ဖြစ် သည်။ သို့ဖြစ်ပါသဖြင့် ကိုယ်ဘာသာကြိုးစားပါ။ ယခုရပ်တည်ချက်အတိုင်း ဆက်လျှောက် လျှင်လမ်းကိုတွေ့ရပါလိမ့်မည်။ ယင်းနောက်ပိုင်းဘယ်အမှု ဖြစ်လာမည်ကိုမူ မသိနိုင်ပါ။ သို့သော် ဤအသင်းတော်သည် အခြေခံကျ သော အသင်းတော်ဖြစ်ပါသဖြင့် ကျွန်တော်တိုနှင့်အတူနေရမည်ဟူ၍ဆိုကြ မည်။ မှန်ကန်ပါသည်ဟု သင်ယုံကြည်ပါသလား။
ဤမိစ္ဆာပရောဟိတ်များသည်ဟိုနည်းနည်းသည်နည်းနည်းကောက် ယူကာ သတို့ကိုယ်ပိုင် အယူအဆများကိုဖန်တီးကြသည်။ ထိုအယူအဆသည် သူတို့အတွက်သာလျှင် သမ္မာတရားလမ်းဖြစ်လာသည်။ ကျွန်တော်တို့ကို ပြောပြထားသော ရေနှင့်ဝိညာဉ်တော်တည်းဟူသော ဘုရားသခင်၏ နှုတ်က ပတ်တော်အကြောင်းကို မူကားနားမလည်ကြချေ။
သင်းခွဲသောသူများသည် သူတို့ကိုယ်ပိုင်အယူအဆအရ ကျမ်းစာကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ကျွန်တော်တို့သည် ကျမ်းစာကိုမူရင်းစာလုံး အတိုင်း အဓိပ္ပါယ်ပြန်ဆိုသော်လည်း သူတို့ကမူ ကိုယ်ပိုင်နည်းဟန်ဖြင့်ပြန် ဆိုကြသည်။ ယင်းသည် ခရစ်ယာန်ဘာသာဝင်များထဲတွင် ဘာသာရေးယုံ ကြည်မှုဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များနှင့်ဂိုဏ်းဂန မြောက်များစွာထွက် ပေါ်လာရခြင်း၏ အကြောင်းအရင်းဖြစ်သည်။
သင်းခွဲဂိုဏ်းဂနနှင့် ဘာသာရေးကျွမ်းကျင်ပညာရှင်မြောက်များစွာ ပေါ်ထွက်လာခြင်းကြောင့် မရေတွက်နိုင်လောက်အောင် မိစ္ဆာဒိဋ္ဌိစာအုပ် မြောက်များစွာထွက်ပေါ်သည်။ အတုအယောင်ယစ်ပရောဟိတ်များကလည်း တရားဟောကြသည့်အခါ ဟိုစာအုပ်မှနည်းနည်း၊ သည်စာအုပ်ထဲမှနည်းနည်း ကိုးကား၍ ဟောပြောကြသည်။ သို့သော်လည်း စစ်မှန်သောယဇ်ပရော ဟိတ်များသည် ကျမ်းစာတခုတည်းကိုသာ ပြောပြကြသည်။
သင်းခွဲသောသူများသည် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် သူတို့၏ နောက်လိုက်များထံမှ ခြိမ်းခြောက်၍ ငွေညစ်ကြသည်။ ဤလောကတွင် ကောင်းကောင်းနေ၊ ကောင်းကောင်းစားကြသော်လည်း ဒုတိယမွေးခြင်းကို ရှုံးဆုံးကြသောကြောင့် ငရဲတွင်သာဇာတ်သိမ်းကြမည်ဖြစ်သည်။ ဤဇာတ် သိမ်းခြင်းကို သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားပါသည်။
အစပထမတွင်ဘုရားသခင်သည်သူတို့ကိုသည်းညဉ်းခံသည်။ သို့ သော် ရေနှင့်ဝိညာဉ်တော်မွေးခြင်းကောင်းကြီး ကိုခိုင်မာစွာငြင်းပယ်သော သူတို့ကိုမူကား အပါယ်ငရဲသို့ပို့ပါလိမ့်မည်။
မိစ္ဆာ(ဝါ)သင်းခွဲသောသူများကို ဘုရားသခင်တရားစီရင်ပါလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို အစပထမတွင် စိတ်အားထက်သန်စွာဖြင့် ကျမ်းစာ ရှင်းလင်းချက်မှတ်စုစာ အုပ်များမှ တတွဲပြီးတတွဲအသုံးပြုကြသည်။ သို့သော် လူ၏ပညတ်ချက်များမှ တဖြည်းဖြည်း စတင်ဟောပြောလာကြ သဖြင့် သူတို့၏နောက်လိုက်များသည်လည်းဒုတိယမွေးခြင်း ဘယ်သောအခါ မျှ မရနိုင်ဖြစ်ကြသည်။
သင်းခွဲသောသူများသည် မျှော်လင့်ချက်နည်းနည်းမျှမရှိသော သူတို့ ၏ကိုယ်ကျင့်တရားကို အလေးထားမှုဘက်ကိုဦးတည်ကြသည်။ ရေနှင့်ဝိ ညာဉ်တော်မွေးခြင်းသတင်းကောင်းကို မဟောပြောသော မည်သည့်အမှု တော်ဆောင်မဆိုဘုရားသခင်ရှေ့တွင် မိစ္ဆာ(ဝါ) သင်းခွဲသောသူသာဖြစ်ကြ သည်။
သူတို့၏နောက်လိုက်များကို တချိန်လုံးဖိအားပေးကြသည်။ အရက် (၄၀)ညလုံး ပေါက်ဆုတောင်းပွဲ၊ အရက်(၁၀ဝ) ဆုတောင်းပွဲ၊ စုပေါင်းဆု တောင်းပွဲ၊ ပုံမှန်အစာရှောင်ဆု တောင်းခြင်း၊ ဘုရားရှိခိုးကျောင်းများဆောက် ရန် အလှူငွေထည့်ဝင်ခြင်း၊ မီးရှို့ရာယစ်တထောင်ပူဇော်သက္ကာပြုခြင်း၊ နိုး ကြားရေးအစီအစဉ်အတွက် အလှူငွေထည့်ဝင်ခြင်းများကိုတစ်ဦး လျှင်မည်မျှ ထည့်ဝင်ရမည်ဟု ဇယားဆွဲချကာ အတင်းအကျပ်ထည့်ဝင်ခိုင်းသည်။ သူတို့ လုပ်ဆောင်မှုအသီးအပွင့်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် မိစ္ဆာ(ဝါ) သင်းခွဲသူ များဖြစ်ကြကြောင်းသိနိုင်ပါသည်။
သူတို့နည်းတူ နောက်လိုက်များ၌လည်း၊ ဘုရားသခင်၏ကျိန်ခြင်း သည် ကျရောက်ပါလိမ့်မည်။ ဒုတိယမွေးခြင်းမခံရဘဲ၊ တရားဟောကြားသော အမှုတော်ဆောင်၏ နောက်လိုက်များအားလုံး ဘုရားသခင်၏ ကျိန်ခြင်း အောက်၌ ရှိကြသည်။
 

မိစ္ဆာဒိဋ္ဌိ(ဝါ)သင်းခွဲသောသူများသည်နောက်လိုက်တပည့်များ၏စိတ်များဖမ်းယူရန်ကြိုးစားကြသည်။

အဘယ်ကြောင့် သင်းခွဲသောသူများ သည်နောက်လိုက်များ၏စိတ်ကိုဖမ်းယူရန်ကြိုးစားကြပါသနည်း။
သူတို့သည် ဒုတိယမွေးခြင်းမရသောသူများဖြစ်ကြ သော ကြောင့် သူတို့၏နှလုံးသားထဲတွင် ဝိညာဉ် တော်မပါဘဲ သူတော်ကောင်းယောင်ဆောင်လျှက် အမှုတော်ဆောင်ကြသည်။
 
မိစ္ဆာပရောဖက်များသည် နေ့တိုင်းအော်ကြသည်။ အမှုတော် ဆောင် အမျိုးသားအမျိုးသမီးများအသင်းတော်လူကြီးများ၊ သာမန်အသင်း တော်လူကြီးများ၊ သာမာန်လူများကို ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချရန် နှစ်သိမ့်ကြသည်။ ယင်းသည်နေ့စဉ်သူတို့၏ တိုးတက်မှုဖြစ်သည်။
နေ့တိုင်းအယောင်ဆောင်သော အကျင့်ရှိကြသည်။ ကြောက်စရာ လည်းကောင်းကြသည်။ သနားစရာလည်း ကောင်းကြသည်။ သူတို့တွင် အပြစ်နှင့်ပြည့်စုံနေသော်လည်း သန့်ရှင်းသောအရာကို ဟောပြောကြသည်။ သို့ဖြစ်ပါသဖြင့် ဖြတ်သန်းသွားလာခဲ့သော နေ့ရက်တိုင်းတွင် ပို၍သာအ ယောင်ဆောင်များဖြစ်လာရပါသည်။
တချိန်ကတရားဟောဆရာတပါးက “နှလုံးသားထဲ၌ ဝိညာဉ်မပါဘဲ အမှုတော် ဆောင်ခြင်းသည် ပျက်စီးခြင်းဖြစ်သည်။ ရွေးနှုတ်ကယ်တင်ခြင်း မခံရဘဲ၊ဘုရားသခင်၏အမှုတော်မြတ်ဆောင်ရွက်ခြင်းသည်အယောင်ဆောင် သာဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ကျိန်စာသင့်သော ဘဝအသက်တာ တွင် ရပ်တည်ခြင်းဖြစ်သည်။ အကယ်၍ သင်သည် မိစ္ဆာ(ဝ)သင်းခွဲသော သူထဲကတယောက်အပါအဝင်ဖြစ်ပါက ရေနှင့်ဝိညာဉ်တော်မွေးခြင်း ခံရန်လို အပ်ပါသည်။
ယေရှုကို ယုံကြည်သော်လည်း ဒုတိယမွေးခြင်းမခံရသောသူ မည်သူမဆို သင်းခွဲသောသူသာဖြစ်သည်။ နောက်ထပ် ရေနှင့်ဝိညာဉ်တော် မွေးခြင်းသတင်းကောင်းကို လူတိုင်းပြန်လှည့်လာဖို့ရန်လိုပါသည်။ ရေနှင့်ဝိ ညာဉ်တော် မွေးခြင်းခံ၍ ဖြောင့်မတ်သူများသာလျှင် သူတပါးကိုသတင်း ကောင်း ဟောပြောနိုင်သည်။
 

မိစ္ဆာ(ဝါ)သင်းခွဲသောသူများသည်ငြိမ်းချမ်းရေးတခုတည်းကြွေးကြော်တောင်း ဆိုကြသည်

မိစ္ဆာပရောဟိတ်များသည် နောက်လိုက် များကိုမည်သို့နှစ်သိမ့်ကြပါသနည်း
ငြိမ်းချမ်းရေးကို အမြဲကြွေးကြော်သူတို့၏နောက် လိုက်များအားအပြစ်သားများဖြစ်ကြပါသော်လည်းကောင်းကင်နိုင်ငံတော်ကိုနိုင်စားနိုင်ပါသည်ဟု ဆိုကာအမြဲနှစ်သိမ့်မှုပေးကြသည်

ဟေရှာယ ၂၈း၁၄-၁၅ တွင် “ဤလူမျိုးကိုအုပ်စိုးသော ဂျေရုဆလင်မြို့ရှိ ပြက်ရယ်ပြုတတ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ သင်တို့က “ငါတို့သည် သေခြင်းနှင့်ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
မည်သူတို့သည် ယင်းနေရာတွင် အထင်အမြင်သေးခံရသော သူများဖြစ်ကြသည့် မှားယွင်းသောသူတို့သည် ယုံကြည်ခြင်းနှင့်ရောထွေး၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသူများဖြစ်ကြ၏။ တရားဟော ဆရာနှင့်ပတ်သက်၍ သူ၏အတွေးအခေါ်များသည် ဘယ်ဘာသာရေးပညာ ရပ်မဆို ဟောပြောသောအခါ ကျမ်းစာ၏စစ်မှန်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တင်ဆက်ရမည်။ သို့သော် မိစ္ဆာပရောဟိတ်များသည် သူတို့၏အမြင် နှင့်ဆီ လျှော်အောင် ကျမ်းစာကိုဟောပြောလေ့ရှိကြသည်။ ကျိန်စာသင့်သောသူ များဖြစ် ကြသည်။
“ငါတို့သည် သေမင်းနှင့်မိတ်သဟာရဖွဲ့ကြပြီး မရဏာနိုင်ငံနှင့် အကျွမ်းတဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။”
မိစ္ဆာဒိဋ္ဌိများက ကြာပွတ်သည် သူတို့ထံမရောက်ရ ဟုဆိုကြသည်။ လူတို့ကို မစိုး ရိမ်ကြဖို့ရန်နှစ်သိမ့်ကြသည်။ ပျက်စီးခြင်းနှင့်အပါယ်ငရဲသည် သူတို့ကိုစောင့်နေသော်လည်း မစိုးရိမ်ကြပါနှင့် ပျက်စီးခြင်းနှင့်အပါယ် ငရဲသည်သူတို့အတွက်တည်ရှိခြင်းမဟုတ်ဟု ဆိုကြသည်။ သို့ဖြစ်ပါသဖြင့် အကယ်၍သင်သည် အသက်ရှင်လိုလျှင် ထိုသို့သော မိစ္ဆာများနှင့် ဝေးဝေးနေ သင့်ပါသည်။
မိစ္ဆာများကရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းခံနိုင်မည်မဟုတ် ဟုဆိုကြလျှင် မှန်ပါသလား။ လုံးဝမမှန်ပါ။ သင်သည် ရေနှင့်ဝိညာဉ်တော် မွေးခြင်းမရှိလျှင် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ။
ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရခြင်းသည် ကောင်းသောအမှု ဟုတ်ပါသလား။ ဤမေးခွန်း၏အဓိပ္ပါယ် မှာငရဲထဲလောင်ကျွမ်းရမည့်အခြေအ နေသည် ကောင်းသလားဟူသော မေးခွန်းနှင့်အဓိပ္ပါယ်အတူတူပင်ဖြစ်ပါ သည်။ ယင်းမေးခွန်းနှစ်ခုစလုံး၏ အဖြေသည် “မကောင်း” ဟုသော အဖြေ တခုသာရှိကြောင်း ပြောစရာမလိုပေ။ ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်း သတင်းကောင်းကို ကျွန်တော်တို့အားလုံးယုံကြည်၍ ကောင်းကင်နိုင် ငံတော်သို့ အတူတကွဝင်စားကြပါစို့။
မိစ္ဆာပရောဟိတ်များက သူတို့သည် ယေရှုကိုယုံကြည်သောသူများ ဖြစ်ကြပါသဖြင့် အပါယ်ငရဲသို့မရောက်ရဟူသောအဆိုဖြင့် လူတကာကိုမှား ယွင်းစေအောင်သွေးဆောင်ကြ သည်။
အကယ်၍ယေရှုက သင်တို့အပြစ်သား ဖြစ်လျက်နှင့်စောင့်ရှောက် ပါမလား။ အပြစ်သားတစ်ဦးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်ပါသ လား။ သင်သည် အပြစ်သားဖြစ်လျက်နှင့် အပါယ်ငရဲကိုရှောင်နိုင်ပါသလား။ ကျမ်းစာတွင်သင်၏နှလုံးသားထဲတွင် အပြစ်ရှိသော်ငြားလည်း ယေရှုကိုယုံ ကြည်လာသောအခါ ငရဲသို့သွားရတော့မည်မဟုတ်” ဟူ၍ ဖေါ်ပြထားသည် မဟုတ်လော။
မိစ္ဆာပရောဟိတ်များက သူတို့သည် သေခြင်းနှင့် မိတ်သဟာယဖွဲ့ ကြသည်ဖြစ်ပါသဖြင့် သေခြင်းသည်သူတို့ဆီသို့ ရောက်လာလိမ့်မည်မဟုတ် ဟု ဆိုကြသည်။ ယုံကြည်သူတစ်ယောက်သည် သူ၏စိတ်နှလုံးထဲတွင် အပြစ်ရှိနေသော်ငြားလည်း အပါယ်ငရဲကိုရောင်လွှဲနိုင်သည်ဟု မှတ်ယူကြ သည်။ဤနည်းလမ်းသည်တကယ်ပင်ဖြစ်နိုင်သည်ဟုသင်ယုံကြည် ပါသလား။
မိစ္ဆာဆရာများသည်သေခြင်းနှင့်အပါယ်ငရဲတို့ကသူတို့အား စောင့် ရှောက်မနေကြပါကြောင်း အလွတ်ရွတ်ဆိုလျှက် မိမိကိုမိမိယုံကြည်စိတ်ချ မှုရှိရလေအောင် လူကိုလှုံ့ဆော်ပေးကြသည်။ မိစ္ဆာပရောဟိတ်တို့သည် ဒုတိယမွေးခြင်းမခံရသေးသောသူများကို သင်းထောက် လူကြီး၊လူကြီးသူ မများ၊ အမှုတော်ဆောင်များအဖြစ်ရွေးချယ်လေ့ရှိကြသည်။ သို့သော် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို မယုံကြည်သောကြောင့် သူတို့သည် အပါယ်ငရဲတွင်ဇာတ်သိမ်းသွားလိမ့်မည့်ဖြစ်ကြောင်း သိနားလည်ရန် သင့်ပါ သည်။ သူတို့လုပ်ဆောင်သမျှသည်ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း ယုံကြည်ခြင်းကို သူတို့၏နောက်လိုက်တပည့်များထဲသို့ သွတ်သွင်းပေးရန် လိုပါသည်။
အပြစ်သားများဖြစ်ကြသော်ငြားလည်း ကောင်းကင်ဘုံသို့ဝင်စားရန် အတွက် သင့်လျော်သောသူများဖြစ်နေဆဲဘဲလား။ အပြစ်သားတစ်ဦးသည် ကောင်းကင်နိုင်ငံတော်ကိုဝင်စားနိုင်ပါသလား။မဆိုထားပါ။ အပြစ်ရှိလျက်နှင့် ဖြောင့်မတ်ခြင်းသို့ရောက်နိုင်ပါသလား။ မရောက်နိုင်ပါ။ ယင်းတို့သည် မိစ္ဆာဒိဋ္ဌိ ဟောကြားချက်နှင့် အတုအယောင် ဘာသာရေး ယုံကြည်ခြင်း ပညာ ရပ်သာ ဖြစ်သည်။
ကျမ်းစာတွင် အပြစ်၏အဖိုးအခသည်သေခြင်းဖြစ်၏ (ရောမ- ၆း၂၃) ဟုဆိုထားပါသည်။ ယင်းသည်ဘုရားသခင်၏ ပညတ်တရားဖြစ်သည်။ ဘုရားသခင်သည် အပြစ်သားများကို ငရဲသို့တိုက်ရိုက်ပို့သည်။ သို့သော်လည်း ရေနှင့်ဝိညာဉ်တော်မွေးသောသူများသည် ဤကြောက်မက်ဖွယ်ကောင်း သော ကြမ္မာဆိုးနှင့်ဆန့်ကျင်လျက် ကောင်းကင်နိုင်ငံတော်က ကြိုဆိုနေပါ သည်။
“လွမ်းမိုးသောဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့မရောက် ရ။ငါတို့သည် မုသားကိုကိုးစားကြ၏။ လှည့်စားခြင်းအောက်၌ ပုန်းကွယ် လျက်နေကြ၏။” မိစ္ဆာပရောဟိတ်တို့က သူတို့၏စိတ်နှလုံးထဲတွင် အပြစ်များ ရှိပါသော်လည်း ငရဲသို့သွားရလိမ့်မည်မဟုတ်ဟူ အဓိပ္ပါယ်သက်ရောက်သော စကားလုံးများနှင့် မမှန်သောဘာသာရေး ယုံကြည်မှုပညာရပ် များအောက်၌ ပုန်းကွယ်နေသောကြောင့် ဖြစ်သည်။ သူတို့အတွက် ဘုရားသခင်ဘာမျှ မတတ်နိုင်ပါ။ သူတို့၏ဘာသာရေးယုံကြည်မှုအခြေခံပညာရပ် တခုတည်းကို သာ ယုံကြည်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အစား၊ သူတို့၏ဘာ သာရေးယုံကြည်မှု ပညာရပ်များကိုသာ ယုံကြည်ခြင်းကြောင့် အပ္ပါယ်ငရဲအ တွက် လျာထားပြီးဖြစ်သော သင်းခွဲသောသူများနှင့် အပြစ်သားများဖြစ်ကြ သည်မှာ အလွန်ပင်ဝမ်းနည်းစရာ ကောင်းပါသည်။
 

မိစ္ဆာဒိဋ္ဌိ(ဝါ)သင်းစွဲသောသူများသည် အသပြာကိုသာစိတ်ဝင်စား ကြ သည်။

မိစ္ဆာယဇ်ပရောဟိတ်တို့၏ ရည်ရွယ် ချက်မှာ အဘယ်နည်း
သူတို့၏ နောက်လိုက်တပည့်များထံမှခြိမ်းခြောက်၍ အသပြာများရနိုင်သလောက်ရယူရန်

မိစ္ဆာနှင့်အတုယောင် ပရောဟိတ်များသည် အသပြာကိုသာ စိတ် ဝင်စားကြသည်။ သူတို့သည် လောဘသမား များဖြစ်ကြသည်။ သူတို့က ဤ လူငါ့အသင်းတော်လာခဲ့လျှင်၊ အသပြာဘယ်လောက် လှူနိုင်မလဲ၊ ဟူသော အတွေးသာလျှင် သူတို့တွင်ရှိသည်။ သူတို့၏ဆယ်ဖို့တစ်ဖို့ကိုသာ မျှော်ကိုး ထားကြသည်။ ယင်းသည်ရွှေနွားသငယ်ကို ကိုးကွယ်ခြင်းနှင့် တူကြသည်။ မိစ္ဆပရောဟိတ်များကလူတွေကို“ကိုယ်တော်၊ကျွန်တော်၊ကျွန်မကိုအောင်မြင် ခြင်းပေးပါ။ အသပြာမြောက်များစွာကို ပေးသနားတော်မူပါဟု ဆုတောင်း ကြရန် သွန်သင် ထားပါသည်။
သူတို့က၊ အကယ်၍ယေရှုကို ယုံကြည်လျှင် အသပြာမြောက်များ စွာရမည်။ ဆင်းရဲခြင်းမှလွတ်မြောက်လျက် သင်၏လုပ်ငန်းများတွင် အောင် မြင်ခြင်းကို ရမည်ဟု ဆိုကြသည်။
သို့ဖြစ်၍ မြောက်များစွာသောသူတို့ကို မိစ္ဆာပရောဟိတ်များက အမျိုးမျိုးလိမ်လည်လှည့်ဖြား၍ သူတို့၏အသပြာများကို ခြိမ်းခြောက်တောင်း ယူခံကြသည့်အပြင် ငရဲထဲပို့ဆောင်ပေးလိုက်သည်။ အဘယ်မျှလောက်မတ ရားသောအမှု ကိုပြုကြပါသနည်း။ အကယ်၍ တစုံတယောက်သောသူသည် သူ၏အာရုံထဲတွင် မိစ္ဆာစိတ်ဝင်လာသည့် အချိန်ရောက်လျှင် သူလှည့်စား ထားသောသူများထံမှ အသပြာမြောက်များစွာ ပေးလှူလာ ကြမည့်နည်းလမ်း များကိုသာ ကြောက်လန့်စရာ ကောင်းအောင် စဉ်းစားရှာဖွေရတော့သည်။ သူ၏နောက်လိုက်များရှေ့တွင် သူ့ကိုယ်သူ ခြောက်ပြစ်ကင်းသဲလဲစင်အဖြစ် အယောင် ဆောင်၍ အကျင့်တရားများကို ခက်ခက်ခဲခဲကျင့်စေခဲ့လေသည်။
မိစ္ဆာ(ဝါ)သင်းခွဲသောသူများသည် အထူးသဖြင့် ဘာသာရေးယုံကြည်မှုတစ်ုကို အကြောင်းပြ၍တရားဝင်အသက် မွေးဝမ်းကျောင်းရှာသူများဖြစ်ကြသည်။ သူတို့က နောက်လိုက်တပည့်များကလည်း အာရုဏ်ဦးဆုတောင်းခြင်း၊ စုပေါင်းဆုတောင်းခြင်း၊သီး သန့်ပေးလှူခြင်း၊ ဆယ်ဖို့တဖို့ပေးလှူခြင်း၊ အပတ် တိုင်းပူဇော်လက္ကာပြုခြင်းများဖြင့် သူတို့ကို သူတို့ဆက်ကပ်ကြသည်။ သူတို့ ၏ နောက်လိုက်ပရိတ်သတ်များထံမှ အသပြာရယူရန် အကြောင်းပြချက် အမျိုးမျိုးရှိသည်။
သူတို့၏နောက်လိုက်များသည် ခက်ခက်ခဲခဲတရားများကို ကျင့်ကြံ သော်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမည်သူကမျှ ပြောမပြပါသ ဖြင့် သူတို့၏နှလုံးသားထဲတွင် အပြစ်များရှိနေဆဲပင်။ တချို့ကထိုအ ကြောင်းနှင့် စပ်လျဉ်း၍မေးကြသော်လည်း မည်သူကမှတိကျသောအဖြေကို မပေးကြချေ။ ရေနှင့်ဝိညာဉ်တော်မမွေးသောမည်သူမဆို မိစ္ဆာပရောဟိတ် သာဖြစ်သည်။
 

သနားဖွယ်ဖြစ်ကြသောသင်းခွဲသောသူများနှင့်သူတို့၏နောက်လိုက်များ

ဤလောကတွင် မည်သူတို့သည် သနားဖွယ် ရာအကောင်းဆုံးသောသူများ ဖြစ်ကြပါသနည်း
ရေနှင့်ဝိညာဉ်တော်မွေးခြင်းမခံရဘဲ အမှုတော် ဆောင်သောသူများ

အော် သနားဖွယ်ရာကောင်းသော သင်းခွဲသောသူများ။ပထမဦးဆုံး သင်၏ရွေးနှုတ်ကယ်တင်ခြင်းအတွက် လုပ်ပါဦး။ အတုအယောင်ယုံကြည် ခြင်း၏ အထူးအရေးပါသော သင်္ကေတမှာ ယေရောဗောင်ဇ်ရွှေနွားသငယ်ကို ကိုးကွယ်ခြင်းပင်ဖြစ်သည်။ ဓမ္မဟောင်းခေတ်တွင် မိစ္ဆာဒိဋ္ဌိအယူရှိသူများ၊ ပထမဦးဆုံးလုပ်ဆောင်သောအရာသည် ဗိမာန်တော် ကိုဆောက်၍ရွှေနွားသ ငယ်ကို ထားရှိခြင်းဖြစ်သည်(၃ရာ ၁၂း၂၅-၃၃)။
ယခုခေတ်တွင် အလွန်ကြီးမားသော ဘုရားရှိခိုးကျောင်းများကို ဆောက်၍သူတို့၏ နောက်လိုက်များထံမှ အသပြာများကိုခြိမ်းခြောက်ငွေ ညစ်ကြသည်။ သူတို့၏နောက်လိုက်များကို ခန်းနားကြီးကျယ်သော ဘုရားရှိ ခိုးကျောင်းတည်ဆောက် ရန်ဘဏ်မှ ငွေများချေးငှား၍ ပေးလှူခိုင်းကြသည်။ ဝတ်ပြုစည်းဝေးသော ပရိတ်သက်၏စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေး ၍အလှူ ငွေခွက်များဖြင့်အလှူငွေကိုလှည့်ပတ်ကောက်ခံကြသည်။အသပြာ၊ လက်စွပ် များ၊ ရွှေများခွက်ထဲဖြည့်ကြသည်ကိုစောင့်ကြည်ကြသည်။ ဤနည်းဖြင့် လုပ် ဆောင်ကြသည်။ မိစ္ဆာဒိဋ္ဌိအယူရှိသူများအသင်းတော်တိုင်း ထိုနည်းအတိုင်း လုပ် ဆောင်ကြသည်။
အပြင်ပန်းအားဖြင့် ဝိညာဉ်ရေး၌ စိတ်ဝင်စားဟန်ရှိကြသော်လည်း အမှန်မှာ အသပြာကိုသာစိတ်ဝင်စားကြသည်။ အသပြာကိုသာဂရုစိုက်လွန်း သော အသင်းတော်များမှဝေးဝေးနေရန် သင့်ကိုအကြံပြုပါသည်။ စည်းစိမ် ချမ်းသာသောသူကိုသာလျှင် အရေးတယူ ဆက်ဆံတတ်သော အသင်းတော် မျာသို့ကျေးဇူးပြု၍မသွားပါနှင့်။ အသင်းသားတဦးချင်းပေးလှူငွေများကို ကြေ ညာခြင်းဖြင့်မလျှော်ကန်သောအမှုများကိုပြုကြ၏အကြောင်းမှာအသပြာပို၍ များလာအောင်ဆွဲဆောင်ရန်မျှော်လင့်ချက်ထားကြခြင်းကြောင့် ဖြစ်သည်။
သင်းခွဲသောသူများသည် နှုတ်ကပတ်တော်အားဖြင့် နောက်လိုက် များကို ချည်နှောင်ထားလေသည်။ ယေရှုကို ယုံကြည်လျှင် ကောင်းကြီး ခံစားရမည်။ သင်ကိုယ်တိုင်ဘုရားသခင်၏ အမှုတော်မြတ်တွင်ပါဝင်ဆက် ကပ်ပါ။ ပို၍ဆက်ကပ်လေလေကောင်းကြီးပို၍ ခံစားလေလေဖြစ်မည်။ အသင်းတော်လူကြီးတဦးအဖြစ် ဆက်ကပ်လျှင် ပစ္စည်းဥစ္စာအားဖြင့် ကောင်း ကြီးခံစားမည်။ စသည်ဖြင့်နှုတ်ကပတ်တော်အားဖြင့် ချည်နှောင်ထား ကြ သည်။
အကျိုးအဆက်အဖြစ် တဦးနှင့်တဦးအပြိုင်အဆိုင်အသင်းလူကြီး များဖြစ်လာကြသည်။ အကယ်၍ တစုံတခုသော နစ်နာကြေးများခံစားခွင့်မ ရှိပါက အသင်းတော်လူကြီးအဖြစ် ဆက်ကပ်ရန်မည်သူလိုချင်မည်နည်း။ အသင်းတော်လူကြီးများသည် ငွေရေးကြေးရေးအားဖြင့် အလှူငွေများကို မျှော်လင့်ထားကြခြင်းသာဖြစ်ပါသည်။
သူတို့၏ဂိုဏ်းဂနခံယူချက်ကိုအဘယ်မျှလောက်နက်နဲစွာ ယုံကြည် သည်ကို၄င်း သူတို့၏အဖွဲ့အစည်းတွင် အဘယ်မျှလောက်လူသိများခြင်းအ ပေါ်၌၄င်း၊ အသင်းတော်သို့ အဘယ်မျှလောက်အသပြာလှူဒါန်းနိုင်ခြင်းအ ပေါ်၌၄င်း၊ အခြေခံ၍အသင်းတော်လူကြီးများကို ရွေးချယ်ပါသလား။ ထိုနည်း အတိုင်းမှန်ပါသည်။
သင်းခွဲသောသူများသည် ငွေကိုသာအလေးထားကြသည်။ ကြီးမား သောဘုရားရှိခိုး ကျောင်းအဆောက်အဦးများ ကိုသာစိတ်ဝင်စားသူများဖြစ် ကြသည်။ အကယ်၍ အသပြာမြောက်များစွာပေးလှူရမည်ဟူသော သတ် မှတ်ချက်ကြောင့် သူတို့၏နောက်လိုက်များ၊ ငရဲပြည်ရောက်သွားမည်ဆိုလျှင် လည်း၊ ဂရုမစိုက်ကြပေ။
သင်းခွဲသောသူများသည် စားဝတ်နေရေးအတွက် အမှုတော်ဆောင် သူများဖြစ်ကြသည်။ ဂုဏ်ထူးဘွဲ့ထူးဆောင်များဖြင့်မိမိကိုယ်ကို မိမိအထင် ကြီးသွေးနားထင်ရောက်၍လူကို လှည့်စားသောသူများဖြစ်ကြသည်။ သူတို့ ၏ဘွဲ့ထူးဂုဏ်ထူးများကို (ယေဇကျေလ ၁၃း၁၇-၁၉)။ ရင်း၍ အသင်းတော်နှင့် အသင်းသားများကို ချည်ထားကာစည်းစိမ်တိုးပွား သောသူများဖြစ်ကြ သည်ကို ဆိုလိုခြင်းဖြစ်သည်။ မိစ္ဆာ(ဝါ)သင်းခွဲသောသူများသည် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကိုဟောပြောခြင်းမရှိ။ သူတို့ကိုယ်တိုင် ပို၍ ချမ်းသာဖို့ရန် သာကြိုးစားကြသည်။
လပိုင်းလောက်သာ ဘုရားရှိခိုးကျောင်းလာတက်သေးသောသူ ပင်လျှင် အသင်းတော်လူကြီးတဦးဖြစ်လာနိုင် ပါသည်။ ထိုမျှမက အကယ်၍ အသင်းတော်၏အယူဝါဒများ သိကျွမ်းလာပြီး ငွေရေးကြေးရေး နောက်ခံ ကောင်းသူဖြစ်ပါက အသင်းတော်တွင် သြဇာတ္တိက္ကမကြီးသော လူကြီးသူများ အဖြစ်သို့မြှင့်တင်ပေးကြသည်။ ယင်းသည် ဘုရားသခင်အစား ရွှေနွားသ ငယ်ကို အစားထိုးခဲ့သည့်ရှက်စရာကောင်းသော ယေရောဗောင်ကျူးလွန်ခဲ့ သည် အပြစ်မျိုးပင်ဖြစ်ပါသည်။
သင်းခွဲသောသူများသည်ရွှေနွားသငယ်ကိုကိုးကွယ်ကြသည်။ သူတို့ ၏ပရိတ်သတ်များကို ဒုတိယမွေးခြင်းရရှိရန် မကူညီကြချေ။ လောကီစည်း စိမ်၏ဇာတိတော်များဖြင့်သူတို့၏ပရိသတ်ကို ဆွဲဆောင်ခြင်းဖြင့် သူတို့၏အ သပြာများကိုသာ အရယူကြသည်။ သူတို့သည် သူတို့၏နောက်လိုက်များ ငရဲသို့အပြစ်ဒဏ်ကျခံမခံသူတို့၏သတ်မှတ်ချက်မှာ ငွေရေးကြေးရေးတွင် အ လေးထားယုံကြည်လောက်သောသူ ဟုတ်မဟုတ်ဖြင့် တိုင်းတာသည်။
 

မိစ္ဆာပရောဟိတ်များသည်သူတို့၏ဒေသနာများတွင်ခိုင်မာသောယုံ ကြည်ချက်ကင်းမဲ့သည်။

မိစ္ဆာများသည်သူတို့ပြောဆိုရာတွင်ခိုင်မာသော ယုံကြည်ချက်မ ရှိသောကြောင့် “ဖြစ်ကောင်းဖြစ်နိုင်သည်”ဟူ သောစကားလုံးကို သိပ်သုံး ချင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းသူတို့တွင်မ ရှိသည့်အပြင် သူတို့ဟောပြောသည့်များကိုလည်း အမှန်တကယ်ယုံကြည် ခြင်းမရှိကြပေ။ သူတို့၏ယုံကြည်ခြင်းနည်းစနစ်သည် ဘုရား သခင်၏နှုတ်က ပတ်တော်သက်ဝင်ယုံကြည်မှုတွင် မတည်ဘဲသူတို့တွင် ခိုင်မာသော ခံယူချက်နှင့်ပတ်သက်၍ ဘယ်သောအခါ မျှပြတ်ပြတ်သားသားပြောဆို လေ့မရှိဘဲ “ဖြစ်နိုင်ဖွယ်ရှိသည်”ဟူ၍သာ ပြောလေ့ပြောထရှိသည်။ သူတို့ သည် လိမ်ညာလှည့်စား၍ နောက်လိုက်များ အား ဟောပြောနေသည်ထက် ဘာမျှမဟောပြောဘဲနေလျှင်သာ၍ ကောင်းသည်။
သင်းခွဲသောသူများသည် လူကိုရေနှင့်ဝိညာဉ်တော်မွေးခြင်းသို့ပို့ ဆောင်မပေးနိုင်ကြပါ။ မြောက်များစွာသော လူတို့ကို ငရဲသို့အပြစ်ဒဏ် စီရင်ခြင်းခံရရုံမျှလောက်သာ ပို့ဆောင်ပေးနိုင်သည်။
 

သင်းခွဲသောသူတို့သည်ရုပ်ဆောင်သည်

မည်သည့်အပြောအဆိုအပြုအမူသည် ဝိညာဉ်တော်ကို ဆန့်ကျင်ပါသနည်း
အပြစ်သားဖြစ်လျှက်နှင့်ပင် ယေရှုကို ယုံကြည်သော် လည်းသူ၏ဗတ္တိဇံကို မယုံကြည်သော အပြစ်သားတဦးအဖြင့် အသက်ရှင်နေခြင်း

ရှင်မဿဲ (၇)တွင် ယေရှုကိုယုံကြည်သော်လည်း ငရဲတွင်ဇာတ် သိမ်းနေရသောသူများအကြောင်းကိုဖေါ်ပြထားပြီး ဖြစ်ပါသည်။ နောက်ဆုံး သောကာလတွင် သင်းခွဲသူများသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကန့် ကွက်ဆန္ဒပြကြပါလိမ့်မည်။ ကျမ်းစာတွင် “ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ 23ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောသည်”(ရှင်မဿဲ ၇း၂၂-၂၃)ဟု ဖေါ်ပြထားသည်။ 
ယေရှုသည် လူတို့၏အပြစ်အလုံးစုံကို ဆေးကြောခဲ့ပြီးဖြစ်ကြောင်း မယုံကြည်ကြပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုလည်း မယုံကြည် ကြပေ။
သူတို့သည် ဥပဒေမဲ့အကျင့်များကို ကျင့်ကြံသည်။ ဘာကို ဆိုလို ပါသနည်း။ သူတို့၏နှလုံးသားထဲတွင် အပြစ်ရှိလျက်နှင့်ပင် သူတပါးအား ယေရကိုယုံကြည်ရန် ဟောပြောနေကြသည်ကိုဆိုလိုခြင်းဖြစ်သည်။ အမှန် မှာ ဤအမှုသည်ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု သောကြီးမားသည့်အပြစ် တခုဖြစ်သည်ကို အံ့သြပါလိမ့်မည်။
အပြစ်သားတဦးသည် ယေရှုကို ယုံကြည်ရန် လိုအပ်ကြောင်းကို သူတပါးအားဟော ပြောသောအခါ သူတို့ကိုယ် တိုင်ရေနှင့်ဝိညာဉ်တော်မွေး ခြင်းမခံရပါသဖြင့် သူတို့အား ဒုတိယမွေးခြင်းသို့ပို့ဆောင် မပေးနိုင်ပါ။
သင်းခွဲသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ဖေါ်ပြထားသည့်အတိုင်း ဟောပြောခြင်းမရှိ သည့်အပြင်နှုတ်ကပတ်တော် ကိုလည်း မယုံကြည်ကြပေ။ သူတို့၏နောက်လိုက်များထံမှ အသပြာကိုသာ ခြိမ်းခြောက်၍ ညစ်ယူကြသည်။ ယေရှုကိုယုံကြည်သည်ဆိုကြသော်ငြား လည်း အပြစ်သားများဖြစ်ကြပါသည်။ သူတို့ကိုယ်တိုင် ဒုတိယမွေးခြင်းမခံရ သော်လည်း အခြားသောသူများကို ဦးစီးဦးဆောင်ရန် ကြိုးစားကြသည်။ ဤနည်းအတိုင်း ဥပဒေမဲ့လုပ် ဆောင်ကြသည်။
 

သင်းခွဲသောသူများသည်ဖြောင့်မတ်ခြင်း၏လက်ဆွဲပုန်းအတုယောင်များဖြစ် ကြသည်

ဒုတိယမွေးခြင်းခံရသောသူနှင့် မခံရသော သူကိုမည်သို့ခွဲခြားရမည်နည်း
အပြစ်ရှိမရှိဖြင့်ခွဲခြားနိုင်သည်

အပြစ်သားများဖြစ်ပါသည်ဟု ဆိုသောမိစ္ဆာတရားဟောဆရာများ မလှည့်စားရလေ အောင် သတိပြုပါ။ အသပြာများပေးလှူခြင်းမပြုပါနှင့်။ ထိုအပြစ်သားများထံ ခက်ခက်ခဲခဲရရှိသည့် အသပြာများကို မပေးကမ်းကြ ပါနှင့်။ သင်၏အပြစ်များအတွက် လုပ်ဆောင်မပေးနိုင်သော ထိုတရားဟော ဆရာများကို အဘယ်ကြောင့် သင်၏အလှူငွေများကို ပေးရမည်နည်း။ 
အကယ်၍ အသင်းတော်တပါးသို့ သင်၏အလှူငွေများပေးအပ်လို လျှင် သင်၏အပြစ်များကို ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းဖြင့် ချေဖျက် သွားသည့်တိုင်စောင့်ပါ။ အနုပညာတွင် အတုအယောင်ဆောင်သူများရှိ သကဲ့ သို့ အသက်တာများ၌လည်း အတုအ ယောင်ဆောင်များရှိကြသည်။ 
ဥပမာ- အားဖြင့် ဘာသာရေးယုံကြည်မှုတွင်လည်း စိတ်နှလုံးထဲက အပြစ်များကို ဆေးကြောမပေးနိုင်သောအတုအယောင်များရှိသည်။ ဘာသာ ရေးယုံကြည်မှုအတု အယောင်မည်သူဖြစ်သည်ကို မည်သို့သက်သေပြနိုင် မည်နည်း။ အတုအပတခုသည် အပြင်ပန်းအားဖြင့် ကြည့်လျှင် အစစ်နှင့်တူ သောလည်း အမှန်မှာ စစ်မှန်သောအရာနှင့်လုံးဝ ကွာခြားပါသည်။
သင်ကိုယ်တိုင် ဆုံးဖြတ်ရန်လိုပါသည်။ မည်သူသည် စစ်မှန်သော တရားဟောဆရာ ဖြစ်ပါသနည်း။ မည်သူသည် အတုအယောင်(ဝါ)သင်းခွဲ သောသူဖြစ်ပါသနည်း။ ဘယ်အရာသည် အခြေခံကျသော အစဉ်အလာယုံ ကြည်ခြင်းဖြစ်ပါသနည်း။ ယေရှုနှင့်သူ၏ရွေးနှုတ် ကယ်တင်ခြင်းတန်ခိုးတော် ကို သမာရိုးကျယုံကြည်ပါ။ ထိုသို့သောသူတို့သည် နှလုံးသားတွင် အပြစ် ကင်း၏ သို့သော် သင်းခွဲသောသူတို့၏ နှလုံးသားတွင် အပြစ်ရှိသည်။
လူအားလုံး သင်းခွဲသောသူများကဲ့သို့ ဖြစ်ကြပါသလား။ ဖြစ်နိုင် ချေရှိပါသည်။ သို့သော်လည်း ကျမ်းစာကို ပြန်သွားရအောင်။ တစုံတယောက် သောသူသည် ယေရှုကို ယုံကြည်သော်လည်း ဒုတိယမွေးခြင်းမရသောသူသာ သင်းခွဲသောသူဖြစ်သည်။ ဒုတိယမွေးခြင်းခံရသောသူများသည် သမာရိုးကျ ယုံကြည်သောသူများဖြစ်ကြသည်မှာ ရှင်းနေပါသည်။ ထို့ကြောင့် ဒုတိယ မွေးခြင်းမခံရသောသူများသည် သင်းခွဲသောသူများဖြစ်ကြပါသည်။ သင်းခွဲ သောသူများသည် ယေရှုကိုယုံကြည်သောသူများဖြစ်ကြသော်လည်း သူတို့၏ နှလုံး သားတွင် အပြစ်များရှိဆဲပင်ဖြစ်သည်။
သင်းခွဲသောသူများသည် ဖြောင့်မတ်သောသူ အယောင်ဆောင်များ ဖြစ်ကြသည်။ ယေရှုကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ရောက်နိုင် သောလမ်းကိုသိကောင်းသိပါလိမ့်မည်။ သို့သော် ကံမကောင်းအကြောင်း မလှလို့ သူတို့နှလုံးသားတွင်အပြစ်များရှိနေဆဲဖြစ်သည်။ သူတို့ကို သူတို့ အပြစ်သား များဖြစ်ကြကြောင်း ယုံကြည်ကြပါသည်။ သို့သော်ကောင်း ကင်နိုင်ငံတော်ကို ရောက်ရမည်ဟု ကြုံးဝါးသည့်အပြင် ဘုရားသခင်ကို ကိုးကွယ်ယုံကြည် ပါသည်ဟုဖြောင့်မတ်သောသူများ၏ ကြွေးကြော်သံ နှင့်တူသော်လည်း အတုအဟောင်များ၏လှည့်စားခြင်းမခံရလေအောင် သတိ ထား ကြပါစို့။
 

သင်းခွဲသောသူများကိုဘုရားသခင်၏တရားစီရင်ခြင်းကစောင့်လျက်နေသည်

အဘယ်ကြောင့် သန့်စင်သော သတင်း ကောင်း သည်ပြောင်းလဲခဲ့ပါသနည်း
မိစ္ဆာပရောဟိတ်များနှင့် သင်းခွဲသောသူများကမှား ယွင်း သောယုံကြည်ခြင်းနှင့် ထိုသန့်စင်သော သတင်း င်းကိုရောထွေးစေသောကြောင့်ဖြစ်သည်

‘‘ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။ ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။ သင်၏တရားသူကြီးတို့ကို ယခင်ကကဲ့သို့၊ သင်၏အကြံပေးသူတို့ကို မူလအစကကဲ့သို့ ပြန်လည်ခန့်ထားမည်။ သို့ပြီးမှ သင်၏မြို့ကို ဖြောင့်မတ်သောမြို့၊ သစ္စာရှိသောမြို့ဟု ခေါ်ဝေါ်ကြမည်”ဟု မိန့်တော်မူ၏။ ဇိအုန်မြို့သည် တရားမျှတမှုအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ထိုမြို့မှ နောင်တရသောသူတို့သည် ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနုတ်ခြင်းခံရမည်။ ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရ ဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။ အကယ်စင်စစ် သူတို့သည် သင်တို့တပ်မက်ခဲ့သောဝက်သစ်ချပင်တို့ကြောင့် အရှက်ကွဲရလိမ့်မည်။ သင်တို့ ရွေးချယ်ခဲ့သောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ရလိမ့်မည်။ အမှန်ပင် သင်တို့သည် အရွက်ညှိုးနွမ်းသောသပိတ်ပင်ကဲ့သို့၊ ရေမရှိသောဥယျာဉ်ကဲ့သို့ ဖြစ်လိမ့်မည်။ ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်” (ယေရှာမ ၁း၂၄-၃၁)။
ဘုရားသခင်က အကယ်၍သက်ရှိလူသားများကို ယုံလျှင် ထိုသက်ရှိ လူသားများ ကြောင့် သင်တို့သည် အရှက်ရကြလိမ့်မည်ဟု မိန့်မှာခဲ့ပါသည်။ နောက်တဖန်အသင်းတော်တွင် ကျွန်တော်တို့ကိ်ုယ်တိုင် ရွေးခန့်ခဲ့သော ကြောင့် အရှက်ရကြလိမ့်မည်။ ဤအရှက်သည် အရွက်နွမ်းသောသပိတ်ပင် ကဲ့သို့၄င်း၊ ရေမရှိသော ဥယျာဉ်ကဲ့သို့၄င်း ဖြစ်ကြလိမ့်မည်ဟု ဆိုထားပါသည်။
ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ထက်လူသားများ၏ ပညတ်ချက် များကို ယုံကြည်သောမိစ္ဆာပရောဟိတ်များနှင့် သူတို့၏နောက်လိုက်များ သည် မီးခတ်မှို့ပါသည့်လောင်စာဘူးနှင့် မီးပွားဖြစ်လာကြလိမ့်မည်။ ထိုနှစ်ပါး သည် ငရဲမီးထဲလောင်ကြလိမ့်မည်။ အပြစ်သားများကဲ့သို့ ရွေးနှုတ်ခြင်းမခံရ သောမိစ္ဆာတရားဟောဆရာများနှင့်သင်းခွဲသောသူများနှင့်ဖြောင့်မတ်သော တရား၏ရန်သူတို့ကို ဘုရားသခင်၏မီးလျှံအားဖြင့် တရားစီ ရင်ခြင်းခံရမည်။
ဘာသာရေးယုံကြည်မှုပညာရပ်ပေါ်တွင် တည်ဆောက်သောအ သင်းတော်များသည် အပြင်ပန်းအားဖြင့် ကြီးကျယ်ခန်းနားဟန်ရှိသော်လည်း အထဲတွင်ဟာလဟင်းလင်း ဖြစ်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော် ယုံကြည်ခြင်း၌၄င်း၊ ရေနှင့်ဝိညာဉ်တော်မွေးခြင်းသတင်းကောင်း၌၄င်း၊ မ တည်ဆောက်သောမည်သည့်အသင်းတော်မဆိုရေမရှိသောဥယျာဉ်လိုဖြစ်သည်။
သစ်ပင်တပင်ဖြစ်သော်လည်း အသီးမသီးနိုင်သည့် သေသောအပင် တပင်သာဖြစ်ပါလိမ့်မည်။ ရေမရှိသောရေ တွင်းသည် ကြာလျှင်ရေတွင်းမ ဟုတ်တော့ပေ။
“ခွန်အားကြီးသောသူသည် ပိုက်ဆန်လျော်ဖြစ်လျက်သူ၏အမှု သည် မီးပွားဖြစ်လျက် ထိုနှစ်ပါးသည်အတူလောင်ကြလိမ့်မည်။ ထိုမီးကို အ ဘယ်သူမျှမသတ်ရ။” ဝိညာဉ်တော်အတူမပါရှိသောသူသည် သူတပါးအတွက် ခွန်အားကြီးသော သူဖြစ်နိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင် သူတို့ သည် ငရဲမီးထဲကမီးပွားနှင့်တူကြသည်။ 
ဘုရားသခင်က “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း” (ဟေရှာယ ၂၁း၁၁) ဟူ၍ မှောင်မိုက်သောညတွင် ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းကို ဟောပြော၍ ထာဝရအသက်ကိုရသော ဖြောင့်မတ်သူကိုမေ့လေ သည်။
ဘုရားသခင်သည်အလင်းဖြစ်၍ ဆာတန်သည်မှောင်မိုက်ခြင်းဖြစ် သည်။ ဘုရားသခင်သည် လူကိုဖြောင့်မတ်ခြင်း (ဝါ)တရားသောလမ်းသို့ ပို့ဆောင်၍ဆာတန်မှာလူကို ဖရိုဖရဲဖြစ်နေသော မိစ္ဆာဗိမာန်တော်များနှင့်လွဲ မှားသောဘာသာရေး ယုံကြည်ခြင်းပညာ ရပ်များဆီသို့ ပို့ဆောင်ပေးခဲ့သည်။
ပရောဖက်ဟေရှာယအချိန်ကာလလူတို့၏ ယုံကြည်ခြင်းသည် ယခုကဲ့သို့ ပရမ်းပတာဖြစ်ခဲ့သည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့်ဘာသာရေး ယုံ ကြည်မှုပညာရပ် (သီအိုလော်ဂျီ)နှင့်လောကီသားတို့၏ ပညတ်ချက်များကို ရောထွေးစေသည်။ သူတို့က ပရမ်းပတာဖြစ်သောလူသားတို့၏ ပညတ်ချက် ဖြင့် ဣသရေလအမျိုးသားတို့ကို မှားယွင်းသောဦးဆောင်မှုများ အလွန်များ ပြားသောကြောင့် ဘုရားသခင်က သူတို့အားလုံးကို သုတ်သင်ရှင်းလင်းပစ် ဖို့ရန် ဆုံးဖြတ်ထားလေသည်။
“သင်၏ကြေးဖြူရှိသမျှတို့ကိုလည်း ပယ်ရှားမည်။ သင်၏တရားသူ ကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာ ခန့်ထားသည့်နည်းတရပ်၊ တဖန် ငါခန့်ထားမည်။” ဘယ်သောအခါမျှ ဘုရားသခင်လက်သင့်မခံသော ပူဇော် သက္ကပြုခြင်းများသည် ချော်တည်းဟူသော ပေါင်းစုံပါ ဝင်သည်။
ဘုရားသခင်သည် ထိုသို့ ပေါင်းစုံပါဝင်သောပူဇော်သက္ကာများကို ဘယ်တော့မှ လက်သင့်မခံချေ။ လူ့အမြင်၌ သန့်စင်ကောင်းသန့်စင်ပါလိမ့် မည်။ သို့သော်မှားယွင်းသောလူသားတို့၏ ယုံကြည်ခြင်း နှင့်မစင်ကြယ်သော အရာပေါင်းစုံပါဝင်ခဲ့ပါက ဘုရားသခင် လက်ခံနိုင်ဖွယ်သော အရာမဟုတ်ပေ။
ဣသရေလအမျိုးသားတို့ကို ဘုရားသခင်ကြိမ်းမောင်းရာတွင် အထူးသဖြင့်အ ယောင်ဆောင်တရားဟောဆရာများ သင်းခွဲသောသူများနှင့်အပြစ်သားများ ကို ကြိမ်းမောင်းခဲ့လေသည်။
အကယ်၍ထွက်မြောက်ရာကျမ်း (ဝါ)တောလည်ရာကျမ်းကိုဖတ်ပါ က အစပထမတွင် ဘုရားသခင်သည် သူတို့ကိုကြိမ်းမောင်းခြင်းမရှိခဲ့ပါ။ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို ကူညီမစ၍ ကောင်းကြီးများ ပေးခဲ့သည်။ သို့သော်ယေရှုသေပြီးနောက်ပိုင်း တရားသူကြီးမှတ်စာ အချိန်မှ စ၍ ဣသရေလအမျိုးသားများ ဖေါက်ပြန်လာကြသည်။
သို့သော်လည်းသူတို့၏ကိုယ်ပိုင်လမ်းကိုသာရွေးခဲ့ကြသည်။ ထိုအ ချိန်တွင် ပရောဖတ်ယေရမိကို ဘုရားသခင် စေလွှတ်၍ ဗာဗုလုန်လက်သို့ အပ်နှံမည်အကြောင်း ပြောခိုင်းလိုက်သည်။
ယေရမိကလည်း ဣသရေလအမျိုးသားတို့ကို ဗာဗုလုန်ထံအပ်နှံကြ ပါရန် ပြောခဲ့သည်။ ယင်းသည် ဝိညာဉ်ရေး အရအဓိပ္ပါယ်ရှိသည်။ အမှန်မှာ မိစ္ဆာ(ဝါ) သင်းခွဲသောသူများနောက်သို့လိုက်ပါသွားသောသူများကို ဖြောင့် မတ်ခြင်း သမ္မာကျမ်းတရားလမ်းဖြစ်သော ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်း၌အသက်တာအပ်နှံကြပါရန် ဝိညာဉ်ဆိုင်ရာ သင်္ကေတတခုဖြစ်သည်။
 

ဘုရားသခင်သည် သင်းခွဲသောသူများကို အပြစ်တင်သည်

အဘယ်ကြောင့်သင်းခွဲသော သူများကို ဘုရားသခင်ပြစ်တင်ရှုပ်ချပါသနည်း
ဘုရားသခင်အစား ရုပ်ထုကို ဆက်ကပ်ပူဇော်ခြင်းကြောင့်ဖြစ်သည်။

အဘယ်ကြောင့်ဘုရားသခင်၏ အခြေခံများသည် ဣသရေလအမျိုး သားတို့ကို အပြစ်တင်ကြပါသနည်း။ ပူဇော်သက္ကာနည်းစနစ်ကို ပြောင်းလဲ ခြင်း သာမာန်လူများကို ယဇ်ပရောဟိတ်များအဖြစ်ရွေးချယ်ခန့်ထားခြင်း၊ ယဇ်ပူဇော်ရာ နေ့ရက်များကို ပြောင်းလဲသတ်မှတ်ခြင်း စသည်တို့ကြောင့်ဖြစ် ပါသည်။
သူတို့သည် အပြစ်ဖြေရာနေ့ကို ခုနှစ်လ ၁၀ ရက်နေ့မှ ရှစ်လ ၁၅ ရက်နေ့သို ရက်ရွှေ့ပြောင်းလိုက်ပြီး လေဝိသား မဟုတ်သူများကို ယဇ်ပရော ဟိတ်များအဖြစ် ခန့်ထားကြသည်။ သူတို့သည် ဒုတိယမွေးခြင်းလမ်းကိုပိတ် ဆို့တားဆီးကြသည်။
ဘုရားသခင်သည် မိစ္ဆာဆရာများကို ကြိမ်းမောင်းခဲ့သည်။ ဘုရားသ ခင်အစား ရွှေနွားသငယ်ကိုကိုးကွယ်သူတို့သည် မိစ္ဆာပရောဟိတ်များဖြစ်ကြ ပါသည်။
အမှန်မှာ ဘုရားသခင်က ရုပ်ထုကို ကိုးကွယ်ခြင်းသက်သက်အ တွက် သာသူတို့ကို အပြစ်တင်သည်မဟုတ် ကျွန်တော်တို့သည်လည်းတခါ တလေရုပ်ထုများကိုကိုးကွယ်ရသည် မဟုတ်လော။ မကြာခဏအပြစ်များ ကျူးလွန်ခဲ့သော် လည်းကျွန်တော်တို့သည် ဘုရားသခင်၏ကျေးဇူးတော် အောက်၌ရှိနေပါသဖြင့် လေးနက်သည့်အပြစ်များသာလျှင် မစဉ်းစား သင့်ပေ သို့သော်ဘုရားသခင်အစား ရွှေနွားသငယ်သည်အပြစ်များကိုမလွှတ်နိုင်ပေ။ ယဇ်ပူဇော်ခြင်းနည်းစနစ် ပြောင်းလဲခြင်း သာမန်လူများကို၊ ယစ်ပရောဟိတ် ဝင်များအဖြစ် ခန့်ထားခြင်းသည်လည်းထိုနည်းတူပင်ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသောအပြစ်များမဟုတ်လော။ ယင်းတို့ သည် အကြီးလေးဆုံးသောအပြစ်များဖြစ်ကြသည် ဘုရားသခင်အတွက်ရွှေ နွားသငယ်အားဖြင့် ပြောင်းလဲအစားထိုးကိုးကွယ်သူကိုအပြစ်မှ လွတ်ငြိမ်း ချမ်းသာခွင့်မည်သို့ ပေးနိုင်မည်နည်း။ယင်းသည်ကျမ်းစာတွင်ဖေါ်ပြထား သောဘုရားသခင်၏အမျက်တော်ဖြစ်သော ယေရောဗောင်ကျုး လွန်သည့် အပြစ်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းတွင်ဘုရားသခင်သည် သူ၏အမျက်တော်ပြသကဲ့ သို့ သူ့ကိုဆန့်ကျင်သောအပြစ်သားများကို၊ ယခုပင်လျှင်၊ ဖျက်ဆီးခဲ့သည်၊ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို ရွှေနွားသငယ်ကို ကိုးကွယ် ဝတ်ပြုခြင်းမှပြန်၍မလှည့်သောသူသည်၊ ကျိန်ခြင်းကိုခံရမည်ဟု မိန့်တော်မူ ခဲ့သည်။
 

သင်းခွဲသောသူများသည်ပညတ်တရားအပြင်ဘက်မှယဇ်ပူဇော်ခြင်းများကို ပြုကြသည်

ဘုရားသခင်ထံမဆတ်ကပ်နိုင်မီ၊ အဘယ်အမှုကိုပြုရမည်နည်း
ကျွန်တော်တို့၏အပြစ်များကို ဆေးကြောပြီးပြီ

ရှင်ဘုရင်နှင့်ဣသရေလမိစ္ဆာဖရောဟိတ်များသည်ဘုရားသခင်ကိုဆန့်ကျင်၍ ယဇ်ပူဇော်ခြင်းဆိုင်ရာအစဉ်အလာ များကိုအလေးမထားသောသူ များအားယဇ်ပရော ဟိတ်များအဖြစ်ခန့်ထားကြလေသည်။ ဖောက်ပြန် နေသောယေရောဗောင် ဘုရင်သည်၊ လေဝိမိသားစုမဟုတ်သောသူများကို၊ ယဇ်ပရောဟိတ်အဖြစ်ခန့်ထားလေသည်။
လေဝိမျိုးနွယ်သူများသာလျှင်ယဇ်ပရောဟိတ်များဖြစ်လာနိုင်ကြသည့်အပြစ်၊ တရားဇရပ်များတွင် အမှုထမ်းခွင့်ရှိသည်။ ပို၍တိတိကျကျဆိုရ လျှင်၊ အာရုန်မျိုးနွယ်သာလျှင်၊ ယဇ်ပရောဟိတ်ဖြစ်ရသောအခွင့်ရှိသည်။ ယင်းသည် ဘုရားသခင်၏ထာဝရပညတ် တရားတော်ဖြစ်သည်၊ သို့သော်ယေ ရောဗောင်သည်၊ လေဝိသားမဟုတ်သောသူများကို ယစ်ပရောဟိတ်ခန့်၍ ရွှေနွားသငယ်အားပူဇော်သက္ကာပြုစေသည်။ ထိုအပြုအမူသည် ဘုရားသခင် ၏ အမျက်တော်အဘယ်မျှလောက် ဖြစ်စေသည်ကို နားလည်သဘောပေါက် သင့်ပါသည်။
ယနေ့တွင်ပင်လျှင် ဒုတိယမွေးခြင်းမခံရသော သူများသည် အသင်း တော်တွင် အမှုတော်ဆောင်များသင်းအုပ် များနှင့်သင်းထောက်လူကြီးများ ဖြစ်လာကြသည်။ ယင်းသည် ဘုရားသခင်၏ပညတ်တရားတော်ကို ဆန့် ကျင်၍ ဘုရားသခင်၏အမျက်တော်ကို ဖိတ်ခေါ်ခြင်းပင်ဖြစ်သည်။ ထိုတရားမဲ့ ယဇ်ပူဇော်ခြင်းသည် ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့မှု ထိမှုရှိပါ သလား။အစဉ်အလာကိုဆန့်ကျင်သူ(ဝါ)သင်းခွဲသောသူတို့သည် သူတို့၏ ရွှေ နွားသငယ်ကိုဖျက်ဆီး၍ဘုရားသခင်ထံပြန်လှည့်ကာ ဒုတိယ မွေးခြင်းခံရန် လိုပါ သည်။
ဟေရှာယ ၁း၁၀-၁၇ တွင် “သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။ ထာဝရ ဘုရားက “သင်တို့၏များစွာသောယဇ်တို့သည် ငါ့အတွက်မည်သည့်အကျိုးရှိသနည်း။ မီးရှို့ပူဇော်သောသိုးထီး၊ ဆူဖြိုးသောတိရစ္ဆာန်၏အဆီကို ငါမလိုတော့ပြီ။ နွားထီး၊ သိုးသငယ်၊ ဆိတ်ထီးတို့၏သွေးကိုလည်း ငါမနှစ်သက်။ သင်တို့သည် ငါ့ထံ၌ မျက်နှာလာပြကြသောအခါ ငါ့အိမ်တော်ဝင်းကို နင်းချေ၍ ထိုသို့သောယဇ်ကိုပူဇော်ရန် မည်သူတောင်းဆိုသနည်း။ အချည်း နှီးသောပူဇော်သက္ကာကို နောက်တစ် ဖန်မယူဆောင်လာကြနှင့်။ နံ့သာ ပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကိုငါသည်းမခံနိုင်တော့ချေ။ ငါ့ဝိညာဉ်သည် သင်တို့ကျင်းပသော လဆန်း နေ့ပွဲများ၊ သတ်မှတ်ထားသောပွဲများကို မုန်း၏။ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကဲ့သို့ဖြစ်၏။ ငါထမ်းထားရသည်မှာ ပင်ပန်းလှ၏။ သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည်သွေးစွန်းလျက်ရှိ၏။ ဂျေရုဆလင်မြို့ကို သန့်ရှင်းစင် ကြယ်စေခြင်းကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြလော့။ သင်တို့၏ဆိုးညစ်သောလုပ်ရပ်တို့ကို ငါ့မျက်မှောက်မှ ဖယ်ရှားကြလော့။ ဆိုးညစ်သောအမှုပြုခြင်းကို ရပ်တန့်ကြလော့။ ကောင်းသောအမှုကိုပြုရန် သင်ယူကြလော့။ တရားမျှ တမှုကိုရှာကြလော့။ အဖိနှိပ်ခံရသူကို ကူမကြလော့။ ဖတဆိုးဘက်မှ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမဘက်မှ ရင်ဆိုင်ဖြေရှင်းပေးကြလော့”ဟု မိန့်တော်မူ၏” ဟု ဆိုထားပါသည်။
အကယ်၍ ဤကျမ်းပိုဒ်ကို သေချာဖတ်ပါက ဣသရေလအမျိုးသား တို့၏ ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးကိုင်းရှိုင်းသူများဖြစ်ကြ သည်ကိုတွေ့ရှိနိုင်ပါသည်။သို့သော်သူတို့၏ဘာသာရေးကိုင်းရှိုင်းမှုသည်ကြားမှာပင်ဘုရားသခင်၏ပညတ်တရားကိုမနာခံဘဲမှားယွင်းသော ယဇ်ပူသက္ကာ များပြုခြင်းကြောင့်ပျက်စီးခြင်းသို့ရောက်ကြရသည်ကို တွေ့ရှိရပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို အလေးမထားဘဲ၊ ယဇ်ပူဇော် ခြင်းများပြုသောအခါ ဘုရားသခင်၏ ပညတ်တရားအား လိုက်လျှောက်ခြင်းမ ရှိကြသည်ကို တွေ့ရှိရပါသည်။ ထိုခေါင်းဆောင်များသည် ဘာသာရေးကိုင်း ရှိုင်းသူများဖြစ်ကြပါသဖြင့် ဘုရားသခင်ရှေ့မှောက်တွင် မရေတွက်နိုင် လောက်အောင် ပူဇော်သက္ကာပြုသူများဖြစ်ကြပါသည်။ ကျမ်းစာတွင် ဗိမာန် တော်အတွင်းဘက်၌ အသွေးများသည်မြစ်ရေအလား စီးဆင်းသည် ဟုဆို ထားပါသည်။
သို့သော်လည်း သူတို့ပြုခဲ့သမျှအမှုကို ဘုရားသခင်မြင်တွေ့သော အခါ ဂေါ်မောရ၏အပြစ်နှင့်တူသည်ဟု မိန့်တော်မူသည်။ သူ၏အရှေ့တွင် ယဇ်ပူဇော်ခြင်းပြုကြသည်ကို သူတို့ကျူးလွန်နေသည်ဟု မြင်သည်။ အစက တည်းကယဇ်ပူဇော်ရာယဇ်ကောင်များယူဆောင်မလာလျင်ပင်သာ၍ကောင်း မည်ဟု မိန့်တော်မူ၏ သူတို့ယဇ်ပူဇော်ခြင်းကို လက်သင့်ခံရန် အလိုမရှိပေ။
ရွှေနွားသငယ်၏ ရှေ့တွင် ယဇ်ပူဇော်ရာယဇ်ကောင်များဆက်ကပ် ခဲ့သောအခါ သူတို့အပြစ်ကို ဘုရားသခင်သည် မလွှတ်နိုင်။ နောက်ထပ်စောင့် ကြပ်မနေနိုင်တော့ချေ။ ငါမိန့်မှာသည် အစဉ်အလာအရ ယဇ်ပူဇော်ခြင်းကို ဆက်ကပ်ရ မည်ဟု သူတို့အားမိန့်တော်မူခဲ့သည်။ ထိုသို့ မပြုလျှင် ပူဇော် သက္ကမပြုဘဲနေလျှင် သာ၍သူတို့အတွက် ကောင်းသည်။
သူတို့၏ဆက်ကပ်ပူဇော်ခြင်းသည် မှန်ကန်သောလမ်းအားဖြင့် ဘုရား သခင်ထံ ဆက်ကပ်ခြင်းမဟုတ်သည့်အပြင် အကျိုးဆက်အဖြစ် ယစ်ပရောဟိတ်များသည် ဘုရားသခင်ကိုပင် ဆန့်ကျင်၍ အပြစ်ကျူးလွန် ကြသည်။ သင်၏အပြစ်များ ကိုဆေးကြောခြင်းမပြုဘဲ ဘုရားသခင်ထံ ဆက် ကပ်အပ်နှံ၍အမှုတော်မြတ်ကို ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏အမြင် တွင် အပြစ်သင်္ချိုင်းတခုဖြစ်ပါသည်။
 

မိစ္ဆာတိတ္ထိ(ဝါ)သင်းခွဲသောသူများသည်ကျောင်းဆရာများနှင့်တူ ကြသည်

မိစ္ဆာကိတ္ထများသည် မည်သို့သင်ကြားကြပါသနည်း
မည်သို့ဒုတိယမွေးခြင်းကို ခံရမည့်အကြောင်းကို မ သင်ကြား ဘဲ၊ကိုယ်ကျင့်တရားကိုသာလျှင် သင်ကြားသည်။

မိစ္ဆာကိတ္ထိများသည်အပြင်ပန်းသန့်ရှင်းစင်ကြယ်မှုကိုသာ ကြည့်ကြ သည်။ ပလ္လင်ပေါ်အချိန်ယူကြသောအခါ သူတို့သည် အထင်ကြီးလောက် အောင်နေတတ်သောကြောင့် သူတို့၏သွင်ပြင်လက္ခဏာအားဖြင့် မြောက် များစွာသော လူတို့ကိုလှည့်စားခဲ့သည်။ ကျိုးကြောင်းဆီလျော်သော တရား ဟောချက်များဖြင့် ဆွဲဆောင်ကြသည်။ သူတို့၏ဒေသနာ များကိုလူကောင်း များဖြစ်ဖို့ရန် အမြဲသတိပေးစကားများဖြင့် အဆုံးသတ်ခဲ့ကြသည်။ အဘယ် ကဲ့သို့သောဒေသနာမျိုးဖြစ်ပါသနည်း။သူတို့၏ဒေသနာနှင့်ကျောင်း ဆရာများ သင် ကြားပို့ချသော သင်ခန်းစာတို့၏ကွာခြားချက်သည် အဘယ်နည်း။
ဘုရားသခင်၏အသင်းတော်သည် ဒုတိယမွေးခြင်းခံရသူများလာ ရောက်၍ အတူတကွဘုရားဝတ်ပြုကိုးကွယ်ရာနေရာဖြစ်ပါသည်။ ထိုကဲ့သို့ သော် အသင်းတော်မျိုးသာလျှင် စစ်မှန်သော အသင်းတော်တပါးဖြစ်ပါသည်။ စစ်မှန်သော ဘုရားသခင်၏အသင်းတော်သည် ဘုရားသခင်၏ရှေ့မှောက် တွင် မည်သို့သော်အကျင့်ရှိရမည်ကို ဟောပြောရန်မကြိုးစားခဲ့ပါ။ စစ်မှန် သော အသင်းတော်၏တရားဟောဆရာသည် ရေနှင့်ဝိညာဉ်တော်၏ အသင်း တော်ကိုသာ ဟောပြောလေ့ရှိသည်။ သင်သည် ဘယ်လောက်ပင်ချည့်နဲ့ သောသူဖြစ်ပါစေ အကြောင်းမဟုတ်ပါ။ သင်၏အပြစ်အလုံးစုံကို ဘုရားသ ခင်ဆေးကြောခဲ့ပြီးဖြစ်ပါသည်။
မိစ္ဆာတိတ္ထိဆရာများသည် သူတို့၏နောက်လိုက်များကို ဟိုလိုလုပ် ဒီလိုလုပ်စသည်ဖြင့်ဆိုကာ လေးလံသောအထုပ်အပိုးများကို သူတို့အပေါ် တင်ပေးလိုက်ကြသော်လည်း သူတို့ကိုယ်တိုင်မူကား နောက်လိုက်များကို အပြစ်မှဆွဲနှုတ် ရန်ဆန္ဒမရှိကြချေ။
မိစ္ဆာတိတ္ထိဆရာတပါးသည် သူသားကို ငွေအမြောက်အများအကုန် အကျခံ၍နိုင်ငံရပ်ခြားသို့ ပညာတော်သင်ရန် စေလွှတ်ခဲ့သည်။ ဆရာတပါး အနေအားဖြင့်ယင်းကဲ့သို့သားကိုပညာတော်သင်စေလွှတ်နိုင်ရန် မည်သို့အ ရင်းအနှီးစိုက်နိုင်ပါသနည်း။ ငွေများကို ဘယ်ကရမည်နည်း။ အကယ်၍ သူမှာ ထိုငွေကြေးမျိုးရှိခဲ့ပါက သတင်းကောင်းဟောပြောရာတွင် မသုံးဘဲထားသည် မှာကောင်းပါသလား။ ဆရာတပါးသည် ဈေးကြီးသောကားများကို စီးရမှာ လား။ ဇိမ်ခံကားများစီးရမှ သူ့မှာဂုဏ်သိက္ခာရှိရမည်လော။ ဇိမ်ခံကားစီး သောဆရာသည် သူခိုးတစ်ယောက်သာဖြစ်သည်။ သူ၏နောက်လိုက်များ ပင်လျှင် သန့်ပြန့်သည့်ကားဝယ်မစီးနိုင်သည့်အခါကြီးမှာ အမျိုးအစားကောင်း သည့်ကားကြီးဝယ်စီးရန် မည်ကဲ့သို့ လူမှန်နေရာမှန်ဖြစ်နိုင်ခဲ့ပါမည်နည်း။ သူ၏ဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် မိစ္ဆတိတ္ထိတရား ဟော ဆရာဖြစ်ကြောင်း သိနိုင်ပါသည်။
မိစ္ဆာဒိဋ္ဌိထားသောဆရာများသည် မြောက်များစွာသော အသပြာ များကို တောင်းခံတတ်ကြသည်။ တချို့သောအသင်းတော်များသည် သူတို့၏ ဆရာများလစာကို တစ်လျှင်ဒေါ်လာ၁၀ဝ၀ိ/-ပေးကြသည်။ ယင်းသည် တရား ဝင်လစာသာလျှင်ဖြစ်သည်။ ပညာရေးထောက်ပံ့ငွေ စာအုပ်အတွက်ကလေး စောင့်ရှောက်ရန် ထောက်ပံ့ငွေခရီးစရိတ်စသည့် ဖြင့်ခေါင်းစဉ်အမျိုးမျိုးပေး ထောက်ပံ့ခဲ့သေးသည်။
ထိုသို့သော ထောက်ပံ့ပေးသည့်တိုင် တချို့ကမလောက်ကြောင်း စောဒကတက်ကြသည်။ တလလျှင်ဒေါ်လာ တစ်သောင်းရသည်အပြင် ထပ်၍ တောင်းခံသေးသည်။ ဒေါ်လာတစ်သောင်းသည် နည်းသောဝင်ငွေလား? တရားဟောဆရာတစ်ဦးသည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုဟော ပြော ခြင်းဖြင့် ရရှိသောဝင်ငွေပေါ်တွင် ရောင့်ရဲတင်းတိမ် မှုရှိရမည်။
စစ်မှန်သောတရားဟောဆရာသည် ဘုရားသခင်ထံမှ အားပေး နှစ်သိမ့်ခြင်းနှင့်ငြိမ် သက်ခြင်းကို ရယူသည်။ သို့သော် မိစ္ဆာဒိဋ္ဌိဆရာများသည် ငွေရေးကြေးရေးတောင်းခံခြင်း နှင့်ပတ်သက်၍ နှုတ်စောင့်စီးခြင်းမရှိသော သူများဖြစ်ကြသည်။ ထိုကဲ့သို့သော တရားဟော ဆရာများသည် အမှန်မှာ ရွှေနွားသငယ်ကို ကိုးကွယ်သူများဖြစ်ကြပါသည်။
ဘုရားသခင်၏အသင်းတော်သည် တခါတရံ ဇိအုန်ဟူ၍ခေါ်လေ့ရှိကြသည်။ ဇိအုန်ထက်ပို၍ လှပသောအသင်း တော်မရှိတော့ပါ။ ဘုရားသခင်၏အ သင်းတော်သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ဟောပြောသော နေရာ ဒေသဖြစ်သည်။
ဟေရှာယ ၁း၂၁ တွင် “သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့် မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား’’ ဟုဆိုထားပါသည်။ ဟေရှာယက ဘုရားသခင်၏ အသင်းတော် ကို ဖြောင့်မတ်ခြင်းနှင့်ပြည့်၏” ဟုဖေါ်ပြထားပါ သည်။
ဘုရားသခင်သည် တရားသောဘုရား၊ တရားသဖြင့်ပြုမူဆောင်ရွက် သောဘုရားဖြစ်သည်။ ကျွန်တော်တို့သည် မပြည့်စုံသောသူများဖြစ်သော ကြောင့်၄င်း၊ အာဒံမှဆင်းသက် လာသောသူများဖြစ်သောကြောင့်၄င်း၊ အပြစ် နှင့်မွေးဖွားခဲ့သည်။ ထိုအပြစ်များကို ရေနှင့်ဝိညာဉ်တော်အားဖြင့် ဆေး ကြေားပေးဖို့အလိုငှာ၊ ယေရှုသည် ဤလောကသို့ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်သည် ဘယ်မျှကောင်းမြတ်သောဘုရားဖြစ်သည်ကို ထင်ရှားစေ ပါ သည်။
ဓမ္မဟောင်းခေတ်ကာလတွင် လူတို့သည် မပြည့်စုံသောသူများဖြစ် ကြောင်းသိလာသည့်အခါ ဘုရားသခင်ထံ ချဉ်းကပ်၍ ဆက်ကပ်ယစ်ပူဇော် သက္ကာများပြုလုပ်ကြသည်။ တနည်းမဟုတ်တနည်းဖြင့် အမှားအယွင်းများ ပြုခဲ့ပါသည်။ ကျွန်တော်သည် အပြစ်အနာအစာနှင့်ဖြစ်ပါသည်ဟု ဘုရားသ ခင်ရှေ့တွင် ဝန်ခံကြသည်။ နောက်တွင် သူတို့နေ့စဉ်ကျူး လွန်ခဲ့သောအ ပြစ်များမှ အပြစ်လွှတ်ခြင်းကို ရရှိသူများဖြစ်ကြသည်သာမက တနှစ်ပတ်လုံး ကျူးလွန်ပြစ်မှားခဲ့သောအပြစ်များအတွက် အပြစ်ဖြေရာနေ့တွင် တစ်ကြိမ် အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းဖြင့် အပြစ်လွှတ်ခြင်းကိုရယူနိုင်ကြသည်။
ထိုနည်းတူစွာ ဓမ္မသစ်ကျမ်းတွင် ယေရှုခရစ်တော်သည် ဤလော ကသို့ကြွလာ တော်မူ၍တကြိမ်တည်းဖြင့် လူသာတို့၏အပြစ်များကို ဆေး ကြောပစ်ရန်သူသည်ဗတ္တိဇံကိုခံယူကာ ကားတိုင်ပေါ်တင်သတ်ခြင်းခံရသည်။
သို့သော် မြောက်များစွာသောသူတို့သည် နှစ်သစ်ကူးအစီးအစဉ် တွင် နောင်တတရားနှင့်ချစ်ရပါသောဘုရား သခင်လွန်ခဲ့သောနှစ်တွင် ကျူး လွန်ခဲ့သော အပြစ်များကိုလွှတ်တော်မူပါဟူ၍ အော်ဟစ်တောင်းပန်ကြ သည်။ 
ထိုသူတို့သည် မိစ္ဆာတိတ္ထိများဖြစ်ကြသည်။ ထိုသို့ပြုလျှင်ရေနှင့် ဝိညာဉ်မွေးခြင်းသတင်းကောင်း၏ သမ္မာတရားလမ်းသည် အဘယ်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ လောက်တွင် ယေရှုသည် ဤလောကသို့ကြွ လာတော်မူ၍ အပြီးအပြတ်လူသားများ၏အပြစ်များကို ဆေးကြောကာ အပြစ်မှထာဝရ ကယ်တင်ခဲ့ပြီဖြစ်သည်။ ရေနှင့်ဝိညာဉ်အသွေးတော်အားဖြင့် ဤလောက၏အပြစ်အလုံးစုံမှ ကျွန်တော်တို့ကို ကယ်တင်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် အကယ်၍နေ့စဉ်နှင့်အမျှ အပြစ်လွှတ်ခြင်းအတွက် ကျွန်တော်တို့ တောင်းလျှောက် နေမည်ဆိုပါက သူသည် မည်သို့မိန့်တော်မူမည်နည်း။
“သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။” မိမိကိုယ်ကို မိမိအပြစ်သားတစ်ယောက်ဟု သမုတ်သောသူသည် မိစ္ဆာတိတ္ထိ တဦးဖြစ်သည်။
 

မိစ္ဆာပရောဟိတ်များသည်ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေးခြင်း၏သတင်းကောင်းကိုမဟောပြောနိုင်ကြပါ။

အပြစ်သားများ၏ ဆုတောင်းခြငး်ကို ဘုရားသခင်ကြားနိုင်ပါသလား
မကြားနိုင်ပါ။ သူတို့၏အပြစ်များကြောင့်ဘုရားသခင် ထံမှ ကွဲကွာသွားကြကြောင်း၊မကြားနိုင်ပါ

ကျွန်တော်တို့၏ဘုရားသခင်ကိုယုံကြည်သောသူများသည် သူ့ကို ခေါ်၍ လူသတ်သမားများအဖြစ်မှအပြစ်လွှတ်ခြင်းကို သူ့ထံတောင်း လျှောက်ကြသည်။ သူတို့သည် အပြစ်လွှတ်ခြင်းအတွက် တောင်းလျှောက် ကတည်းက သူတို့သည်အပြစ်သားများဖြစ်ကြကြောင်း ပြောဆိုခြင်း သာဖြစ်သည်။ ယေရှုသည် ဒုတိယအကြိမ်ကြွလာ၍ သူတို့၏အပြစ်များ အတွက်သေရမည်ဟု မျှော်လင့်ထားကြသလား။ အမှန်စင်စစ်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်တော် အားဖြင့် ကယ်တင်ခြင်းဖြစ်သည်။
ပေ ၃း၂၁ တွင် ယေရှု၏ဗတ္တိဇံသည် ထမြောက်တော်မူသောအား ဖြင့် ငါတို့ကို ကယ်တင်တတ်၏ယေရှုခရစ်သည် လူသားတို့ကို အပြစ်မှ ကယ်တင်ရန် တကြိမ်တည်းသာ သေခဲ့သည်။ တကြိမ်တည်းဖြင့် အပြီးအ ပြတ်လူသားများ၏အပြစ်များကို ဆေးကြောခဲ့ပြီးနောက် သုံရက်မြောက် သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ ယခုမူကား ဘုရားသခင် ၏လကျာ်တော်၌ ထိုင်နေသည်။
ယေရှုခရစ်သည် ကျွန်တော်တို့အား အပြစ်များမှ ထာဝရကယ်တင် ရန်တကြိမ်ဗတ္တိဇံခံယူ၍ ကားတိုင်တော်တွင် တကြိမ်သေခဲ့သည်။ အသက် (၃၀)ပြည့်သောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကိုခံသည်။ သူသည် ဤ လောက၏ အပြစ်လုံးအစုံမှ ကျွန်တော်တို့ကို ကယ်တင်နိုင်ဖို့ရန် တကြိမ် သေခဲ့ပြီဖြစ်သည်။ ထိုတရားစီရင်ခြင်းသည် ရာဇဝင်တွင်မည့်အရာ အဖြစ်ပေး ထားခဲ့ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။
အကယ်၍ မိစ္ဆာတိတ္ထိများက သူတို့သည် အပြစ်သားများဖြစ်နေကြ ဆဲဘဲဟုဆိုပါက ဒုတိယအကြိမ် သူတို့တောင်း လျှောက်၍ နောက်ထပ်တခါ ကားတိုင်တင်သတ်ခြင်းခံရ မည်ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်တည်းဟူသော သတင်းကောင်းကိုယုံကြည်၍ စိတ်နှလုံးထဲတွင်ရှိသောသူတို့သည် အပြစ်မှထာဝရကယ်တင်ခြင်းရကာ ဖြောင့်မတ်သောသူများဖြစ်လာရသည့်အပြင်ဘုရားသခင်ကောင်းကြီးမင်္ဂလာ နှင့်ထာဝရအသက်ကိုရရှိဖို့ရန် ကောင်းကင်နိုင်ငံတော်ကိုသွားရမည်ဖြစ်ပါ သည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့်ကယ်တင်ခြင်းနှင့်ကိုက်ညီသည့်ဖြောင့် မတ်သောသူမည်သူမဆိုဘုရားသခင်ကောင်းကြီးပေးခဲ့သော သူတယောက် ဖြစ်လာသည်။တရားသောကယ်တင်ခြင်းကိုဘုရားသခင်ထံတောင်းလျှောက် သောသူသည် ကောင်းကြီးပေးပါလိမ့်မည်။
ဟေရှာယ ၁း၁၈-၂၀ တွင် “ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။ သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏’’ ဟူ၍ဆိုထား ပါသည်။
ဘုရားသခင်မိန့်တော်မူနေသည်မှာ“အကယ်၍ကျွန်တော်က ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို နာခံပါက ကောင်းသောမြေအသီးအနှံကို စားရကြလိမ့်မည်။ သို့သော်ငြင်းဆန်၍ ပုန်ကန်လျှင် ထားလက်နက်ဖြင့်ဆုံးရ ကြလိမ့်မည်”ဟု၍ပင် ဖြစ်သည်။
ကျွန်တော်တို့၏ ဘုရားသခင်က ယခုပင်လာကြလော။ အတူတကွ အကျိုးသင့်အကြောင်းသင့် စဉ်းစားကြပါစို့။ နှီးနှောဆွေးနွေးရအောင်။ သင်၌ မပြည့်မစုံဖြစ်နေသလား။ အပြစ်ရှိသောသူဖြစ်နေသလား။ သင်တို့သည် ကိုယ့်ကိုကိုယ် သိပ်ပြီးချစ်လွန်းနေသလား။ ပညတ်တော်အတိုင်း အသက်ရှင် နိုင်ပါသလား။ ပညတ်တရားလမ်းညွှန်ချက်အတိုင်းလိုက်မ လျှောက်နိုင် ဖြစ်နေကြ သလား။ သိလျက်နှင့်မကျင့်နိုင်ဖြစ်နေသလား။ ငါ့ထံသို့လာကြပါ။ သင်တို့အ ပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင်သကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့် အမျှနီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ သည်။ တနည်းအားဖြင့် ဘုရားသခင်သည် အပြစ်လူသားများကို တရားသဖြင့် ကယ် တင်၍ ဖြောင့်မတ်သောသူဖြစ်စေ သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
လောကတွင်သင်သည်အဘယ်မျှလောက်များပြားသော အပြစ်များ ကို ကျူးလွန်ခဲ့ပါသနည်း။ သင်မသေခင်စပ်ကြားအဘယ်မျှလောက်များပြား လှသော အပြစ်များကို ကျူးလွန်ဦးမည်နည်း။
“အို ဘုရားသခင် အပြစ်မကျူးလွန်ရအောင် ကြိုးစား၍မဖြစ်နိုင်ပါ။ ဘယ်လောက်ပင်ကြိုးစားကြိုးစား သန့်ရှင်းသောသူဖြစ်မလာနိုင်ပါ။ အချည်း နှီးသာဖြစ်ပါသည်။
ကောင်းပြီ။သင်သည် ယခုတိုင် အဘယ်မျှလောက်သော အပြစ်ကို ကျူးလွန်ခဲ့ပါ သနည်း။
ကိုယ်တော်အားလုံးကိုတော့ မမှတ်မိတော့ပါ။ အနည်းငယ်မျှသာ အသိတရားထဲ၌ပေါ်နိုင်ပါတယ်။ အဲဒီအချိန် ကိုမှတ်မိပါသလား။ ကျွန်တော် အခုပြောနေတာ ကိုယ်တော်နားလည်ပါတယ်။ အခြားအချိန်တွေမှာလည်း ဖြစ်မည်ဆိုတာကိုယ်တော်သိပါသည်။
ထို့နောက်ဘုရားသခင်က “ငါကိုဆက်ပြောပြပါ။ အကုန်သိနေသ လား။ သင်အနားမှ ဘယ်လောက်ရှိတယ်ဆို သိပါသလား။ သို့သော်လည်းဘဲ သင်တို့သိသိမသိသိ အကြောင်းမဟုတ်ပါ။ သင်တို့မှတ်မိသော အပြစ်အလုံးစုံ ကို၄င်း သင်တို့မမှတ်မိတော့သည့် အပြစ်အလုံးအစုံကို၄င်း၊ အနာဂတ်တွင် သင်တို့ကျူးလွန်ရလိမ့်မည့်အပြစ်များပါမကျန်အပြစ် အလုံးအစုံကိုထာဝရ အတွက် ငါဆေးကြောပေးလိုက်ပြီး သို့သော်လက်ရှိသင်တို့အတွက်သာလျှင် မဟုတ်။ သင်တို့၏သားသမီးတို့ကအစ သားစဉ်မြေးဆက် သင်တို့မျိုးဆက် များ၏ အပြစ်အားလုံးပါဆေးကြောခဲ့ပြီ။ ငါသည် တရားသောဘုရားဖြစ်တော် မူ၏။ တကြိမ်တခါတည်းဖြင့် သင်တို့၏အပြစ်များကို ငါဆေးကြောခဲ့ပြီဟု မိန့်တော်မူသည်။
အာဒံ၏အပြစ်မှစ၍ နောက်ဆုံးသော ဤလောကလူသားတိုင် အောင် တယောက်မကျန်၊ လူသားတို့အပြစ်များကို ဆေးကြောပေးခဲ့သော ဘုရားသခင်သည် အာလဖဖြစ်၏။သြမေဃလည်းဖြစ်သည်။ အစနှင့်အဆုံး လည်းဖြစ်သည်။
“ငါသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသော ကယ်တင်ရှင်ဘုရား ဖြစ်၏။”
“ငါသည် ယေဟောဝါç ကြင်နာသနားတတ်သောဘုရားဖြစ်သည်။”
“ငါသည် ဂရုဏာတော်နှင့်ကောင်းမွန်စွာ ထိုက်တန်သော သူအပေါ် ဂရုဏာတော် ထားရှိ၍ အကြင်နာမေတ္တာ ထိုက်တန်သော အပေါ်တွင်ငါသည် အကြင်နာမေတ္တာ ထားရှိသည်။
အကယ်၍ သူ၏ဂရုဏာတော်ကို ကျွန်တော်တို့တောင်းလျှောက်ပါ က သူ၏တံဆိပ်ရိုက်ခြင်းနှင့်အတူ ကျွန်တော်တို့သည်ဘုရားသခင်၏ အကြင် နာမေတ္တာကိုရရှိခံစားနိုင်ပါသည်။ ကျွန်တော်၏အဖသည်အားလုံးကို ကောင်း ကြီးပေးလိုက်ပါသည်။ ကျွန်တော်တို့အားလုံးကို ဖြောင့်မတ်ခြင်းသို့ရောက်ရန် အလိုရှိပါသည်။ သူ၏ချစ်ခြင်းနှင့်အကြင်နာမေတ္တာသည် ကျွန်တော်တို့အား လုံးကို ဖြောင့်မတ်သောသူ၏ သားသမီးများဖြစ်စေဖို့ရန် အလိုရှိသည်။

ကျွန်တော်တို့သည် ဒုတိယမွေးခြင်းခံပြီး နောက်ပိုင်းဘုရားသခင်သည် ကျွန်တော် တို့အားအဘယ်အမှုကိုလုပ်ဆောင်ရန်အလိုရှိပါသနည်း
ကမ္ဘာအနှံ့သတင်းကောင်းကို ဟောပြောရန် ကျွန်တော်တို့အား ဘုရားသခင်အလိုရှိသည်

ဘုရားသခင်သည် ကျွန်တော်တို့ကို မိုးပွင့်ကဲ့သို့ဖြူစင်စေလိုပါ သည်။ ယေရှုကလည်း သူ၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့်လူသားများ၏ အ ပြစ်အလုံးစုံကိုတကြိမ်တည်းအပြီး အပြတ်ဆေးကြောပေးခဲ့သည်။ အကယ်၍ အသင်းတော်မှ အပြစ်၏ပြဿနာကိစ္စအဝ၀နှင့် ယုံကြည်သူများအသက်တာ ရှိပြဿနာများကိုမဖြေရှင်းနိုင်ဖြစ်ခဲ့ပါသည်။ ထိုအသင်းတော်သည် စစ်မှန် သော ဘုရားသခင်၏အသင်းတော်မဟုတ်ပါ။
လူတို့သည် ယဇ်ပရောဟိတ်များကို“ကျွန်ုပ်မှာအပြစ်ရှိတယ်။ ဘယ် လိုလုပ်ရမလဲ။ နောင်တရပြီးရ၊ရပြီးရနှင့်အကြိမ်ပေါင်းမနည်းတော့ဘူး။ ဒါပေ မယ့်ငါ့ရဲ့ဘာသာရေးနှင့် တို့အသက်တာကို ဆောင်ထားနိုင်မည်မထင်ပါဘူး” ဟူ၍ မေးကြသည်။ အကယ်၍ယဇ်ပရောဟိတ်တပါးပါက ထိုသူ၏ပြဿနာ အဖြေမှန်ပေးနိုင်လျှင် သူသည် မိစ္ဆာတိတ္ထိဖြစ်ပါသည်။သူက မင်းမှာ တာဝန် ရှိနေပြီ။ စုပေါင်းဆုတောင်းတဲ့နေရာကိုသွားပါ။ အရက်၄၀ အစာရှောင်ဆု တောင်းပါ”ဟု ပြောရမည်။
မိစ္ဆာပရောဟိတ်များ(ဝါ) ဘာသာရေးခေါင်းဆောင်များသည် ရေနှင့် ဝိညာဉ်တော်မွေးခြင်းသတင်းကောင်းကို မသိနားမလည်ကြသောကြောင့် ညစ်ညမ်းမှုများနှင့်ပြည့်လျှံနေကြသည်။ သူတို့၏ဝိညာဉ်သည် ကောင်းကင် ဘုံတွင် လမ်းဆုံးမလား။ အပါယ်ငရဲတွင် ဇာတ်သိမ်းရမလားဆိုသည်ကိုပင် မသေမချာဖြစ်ကြသည်။
ထိုခေါင်းဆောင်များသည် ဘုရားသခင်ရှေ့မှောက်တွင် သူတို့လုပ် ဆောင်သမျှ အမှန်မရှိ။ သူတို့သည်အယောင် ဆောင်ခရစ်ယာန်နှင့်မိစ္ဆာ တိတ္ထိများသာဖြစ်ကြသည်။ သူတို့ကို အပြင်ပန်းအားဖြင့် ကြည့်လျှင် ယေရှုကို ယုံကြည်သောသူများနှင့် ခွဲမရဖြစ်နေသော်လည်း သူတို့၏စိတ်နှလုံးမှာ မူကားအပြစ်နှင့်ပြည့်လျှက်နေသည်။ သူတို့၏အပြစ်များကို ဆေးကြောခြင်း မရှိကြပါ။ သူတို့သည် အပြစ်အလုံးစုံကို ဆေးကြောပေးနိုင်သောရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောနိုင်ခြင်းမရှိကြချေ။ သူတို့လှည့် စားခြင်းကို မခံရလေအောင် ဂရုစိုက်ကြပါစို့။
တိတု ၃း၁၁ တွင် မိစ္ဆာဒိဋ္ဌိများနှင့်စပ်လျဉ်း၍ “ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။ ထိုသို့သောသူသည် ဖောက်ပြန်လွဲမှားသောသူဖြစ်ပြီး မိမိမှားယွင်းနေကြောင်းသိလျက်နှင့် အပြစ်ပြုနေသူဖြစ်ကြောင်း သိမှတ်လော့”ဟုဆိုထားကြသည်။ အကြောင်းမှာ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြပါသော်လည်း ဒုတိယမွေးခြင်းမခံကြရပါသဖြင့် အပြစ်သားများအဖြစ်သူတို့ကို သူတို့မှောက် လှန်ကြသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို လစ်လျူရှူသည့်အပြင် ခြေထောက်ဖြင့်နင်းချေကာ သူတို့သည် အပြစ်သား များမဖြစ်နိုင်ပါဟု ဆိုကြသော်လည်း အပါယ် ငရဲကိုသာ သွားကြလေသည်။
သူတို့သည် ခရစ်ယာန်ဘာသာတွင် အစဉ်အလာအရ ယုံကြည်ခြင်း မရှိသူများ(ဝါ) မိစ္ဆာတိတ္ထိများဖြစ်ကြပါသည်။ တစုံတယောက်သောသူသည် ယေရှုကိုယုံကြည်ပါလျက်နှင့် အပြစ်ရှိခြင်း၊ မိစ္ဆာတိတ္ထိတဦးသာ လျှင်ဖြစ်ပါ သည်။ ထိုသူတို့သည် ဘုရားသခင်ထံမှ ကင်းကွာလျှက်ရှိကြသည်။ ဘုရားသ ခင်သည် သန့်ရှင်းမြင့်မြတ်သောဘုရားဖြစ်သည်။ သို့သော် သူတို့သည် သန့် ရှင်းသောသူများမဖြစ်ချေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် သောသူများသည်သူတို့၏အပြစ်များမှသန့်ရှင်းစင်ကြယ်စေခဲ့ပြီးဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ပါသော်လည်း အပြစ်ရှိနေဆဲပါ ဟုဆိုနေ ကြလော။ အပြစ်သားများနှင့် ဝေးဝေးနေသင့်ပါသည်။
ယခုတိုင် သတင်းကောင်းကိုမကြားရသေးသောသူများဆီသို့၄င်း၊ ယုံကြည်ချင်ပါသော်လည်း မသိနားမလည်ခြင်းကြောင့် ယုံကြည်သူမဖြစ်ကြ သေးသူများဆီဆို၄င်း၊ သွားရောက်ကာ သတင်းကောင်းများကို ဟောပြော ကြပါစို့။ ထိုသူများကို ဒုတိယမွေးခြင်းရရှိရန် ကူညီကြပါစို့။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းလျှောက်လျှမ်းရာလမ်းတွင် ရပ်တန့်နေသော သူများကို ကျွန်တော်တို့ တွန်းလှန်ကြပါစို့။
ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်မွေးခြင်း၏ သတင်းကောင်း ကို ကမ္ဘာနှင့် အဝှမ်းဟောပြောရပါလိမ့်မည်။ အာမင်။