Search

တရားဟောချက်များ

ဘာသာရပ် ၇ - ကြိုတင်ခွဲခန့်ခြင်းသီအိုရီနှင့်ဘုရားရွေးကောက်ခြင်းမှားယွင်းချက်

[7-1] ဘုရားသခင်မှဖြစ်သော ရွေးချယ်ခြင်း၊ ခွဲခန့်မှတ်သားခြင်းဆိုင်ရာ ယူဆချက်၌ရှိသော တလွဲအယူအဆ (ရောမ ၈း၂၈-၃၀)

ဘုရားသခင်မှဖြစ်သော ရွေးချယ်ခြင်း၊ ခွဲခန့်မှတ်သားခြင်းဆိုင်ရာ ယူဆချက်၌ရှိသော တလွဲအယူအဆ
 
(ရောမ ၈း၂၈-၃၀)
‘‘ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီး မြှောက်တော်မူ၏”

ဘုရားသခင်သည် အမှန်တကယ်ပင် ကျွန်ုပ်တို့အချို့ကိုသာရွေးနှုတ်ခဲ့သလား
မဟုတ်ပါ။ သူသည်ခရစ်တော်၌ကျွန်ုပ်တို့ အားလုံးကို ရွေးနှုတ်ခဲ့ပါသည်

ဘုရားနှင့်ဆိုင်သော သီအိုရီဖြစ်သည့် ခွဲခန့်မှတ်သားခြင်းနှင့် ဘုရား သခင်မှဖြစ်သော ရွေးချယ်ခြင်းသည် ခရစ်ယာန်သင်ကြားခြင်းကို ဆက်စပ် ပူးပေါင်းထားသော ဘုရားနှင့်ဆိုင်သောသီအိုရီတစ်ခုဖြစ်သည့်ပြင် ထိုအရာ သည် ခရစ်တော်အားယုံကြည်လိုသူများစွာတို့အား ဘုရားသခင်၏နှုတ်က ပါတ်တော်ကို နားလည်မှုလွဲစေရန် ပို့ဆောင်ခဲ့ပါသည်။ ဤတလွဲလမ်းညွှန် သည့် သီအိုရီသည် ရှုပ်ထွေးမှုများစွာတို့ကို ဖြစ်ပေါ်စေခဲ့ပါ သည်။
ဤမမှန်ကန်သော သီအိုရီများ၏ ခွဲခန့်မှတ်သားနှင့်ခြင်းနှင့် ပါတ်သတ်၍ ပြောဆိုချက်မှာ ဘုရားသခင်သည် သူမနှစ်သက်သူများအား အပြစ်ရှိကြောင်း ဖော်ပြလျှက်ပင် သူချစ်သောသူများအားရွေးနှုတ်တော် မူ၏ဟူ၍ပင်ဖြစ် သည်။ ဤဆိုလိုချက်များ ရွေးနှုတ်ထားခြင်းမရှိသူများအား ငရဲတွင်လောင် ကျွမ်းခြင်းကိုခံရရန် ကြိုတင်စီမံထားချိန်တွင် အချို့သောရွေးနှုတ်ပြီး ရေ-ဝိညာဉ်ဖြင့်အသစ်တစ်ဖန်မွေးဖွားပြီးသူတို့သည်ကောင်းကင်နိုင်ငံတွက် လက် ခံခဲ့သည်ဟူ၍ ဖြစ်ပါသည်။
ဘုရားသခင်သည် အမှန်တကယ်ကျွန်ုပ်တို့အချို့ကိုသာ ရွေးနှုတ်ခဲ့ပါက “ငါသည် ကယ်တင်ခြင်းအတွက် ရွေးနှုတ်ခံရပြီလား”ဆိုသည့်မေးခွန်းအား နာ ကျင်စွာမေးရုံမှလွဲ၍ ကျွန်ုပ်တို့မတတ်စွမ်းနိုင်ပါ။ ကျွန်ုပ်တို့သည် ရွေးနှုတ်ခံ ထားခြင်းမရှိပါက ကျွန်ုပ်တို့ယေရှုအား ယုံကြည်နေခြင်းသည် အသုံးဝင်လိမ့် မည်မဟုတ်ပေ။ထို့ကြောင့်ဤသီအိုရီသည်လူအများအားသူတို့သည်ယုံကြည် ခြင်းသက်သက်ထက် ဘုရားသခင်အားဖြင့် ရွေးချယ်သူဖြစ်ရန် လိုအပ်သည် အမြင်ဖြင့် ပူပန်စေပါသည်။
ဤအချက်အာ ယုံကြည်မည်ဆိုပါက ကျွန်ုပ်တို့သည် အဘယ်သို့သံသယ များနှင့် ကင်းလျှက်ဘုရားသခင်ကိုသာ ယုံကြည်နိုင်ပါမည်နည်း။ ဘုရားသခင် ကျွန်ုပ်တို့အား ရွေးနှုတ်ခဲ့ပါသည်ဆိုသည့် အချက်အားအဘယ်ကဲ့သို့ အတည် ပြုနိုင်ပါမည်နည်း။ “သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။” (ရောမသြဝါဒစာ၃း၂၉) ဟု ပြောနေပါသော်လည်း သူသည်ရွေးနှုတ်ခြင်း ခံပြီးသောသူများ၏ ဘုရားသာဖြစ်နေပေမည်။
လူအများတို့သည် ဘုရားသခင်မှဖြစ်သော ရွေးချယ်ခြင်းနှင့်ခွဲခန့် မှတ် သားနှင့်ခြင်းဆိုင်ရာသီအိုရီတို့အားလွဲမှားစွာနားလည်ခဲ့သောကြောင့်ယေရှုအား သူတို့ယုံကြည်ကြပါသော်လည်းသူတို့သည်ပျက်စီးခြင်းသို့ ရောက်ရလိမ့် မည်ဟု ကြောက်ရွံ့နေကြပါသည်။
ဧဖက်သြဝါဒစာ ၁း၃-၅ပြောသည်မှာ “အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏” ဟုဖြစ်သည်။
ထို့ကြောင့်ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဆိုင်သော ခွဲခန့်မှတ်သားနှင့် ခြင်းနှင့် ဘုရားမှဖြစ်သောရွေးကောက်ခြင်းတို့သည် အတွေးကိုပြန်လည်စမ်း သပ်သင့်ပေသည်။ ကျမ်းစာမှပြောသော ခွဲခန့်မှတ်သားနှင့်ခြင်းနှင့် ဘုရားနှင့် ဆိုင်သောရွေးကောက်ခြင်းများကို ကျွန်ုပ်တို့ပဌမဦးစွာ နားလည်ထားသင့်ပေ သည်။ သို့မှသာရေနှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရသည့်ကယ်တင် ခြင်းနှင့် ပါတ်သက်၍ယုံကြည်မှုအား တိုး၍အားတတ်စေမည်ဖြစ်ပါသည်။
ရောမသြဝါဒစာစောင်က ဘာပြောခဲ့ပါသနည်း။ အချို့သောဘုရားတရား အတတ် ပညာကျွမ်းကျင် တတ်ပွန်သူများသည် “စည်းကမ်းသတ်မှတ်မထား သောရွေးကောက်ခြင်း” ဆိုသည့်အခြေအမြစ်မရှိသည့်သီအိုရီအား ဖွံ့ဖြိုးစေခဲ့ ကြသည်။ ဘုရားတရားအတတ်ပညာသည် ဘုရားဖြစ်ပါသလား။ ပြီးလျှင်ဘု ရားတရား အတတ်ပညာကိုယ်၌ပင် ဘုရားမဟုတ်ပေ။
ဘုရားသခင်သည်ဤကမ္ဘာမတည်မရှိမှီကပင် ခရစ်တော်၌လူသားနွယ် အားလုံးအား ရွေးချယ်ပြီးလျှင် ကျွန်ုပ်တို့အားလုံးအား ဖြောင့်မတ်သူများ အဖြစ်ပြုလုပ်၍ကယ်တင်ရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါသည်။ ယေရှုသည် ကျွန်ုပ်တို့အား အကြွင်းမဲ့ချစ်ပါသည်။ သူ့အား ခွဲခြမ်းခြားနားသော ဘုရားဖြစ် ရန်မပြုပါနှင့်။ မယုံကြည်သူများသည် သူတို့၏တွေးမြင်ယူဆချက်များဖြင့် ယုံကြည်ကြသည်။ သို့သော်ယုံကြည်သူများမှာမူ သူတို့၏အခြေခံယုံကြည်မှု သည် ရေးသားထားသောဘုရားသခင်၏ နှုတ်ကပါတ်တော်၌ ထားရှိကြ၏။

 

ဓမ္မဟောင်းကျမ်းရှိ ဘုရားသခင်နှင့်ဆိုင်သော ရွေးကောက်ခြင်း

 
ခြွင်းချက်မရှိသီအိုရီသည်မှန်ကန်ပါသလား
မဟုတ်ပါ။ ကျွန်ုပ်တို့သခင်သည် ထိုကဲ့သို့သော သ ဘောထားမကြီးသည့်ဘုရားသခင်မဟုတ်ပါ။ ဘုရားသခင်သည် ယေရှုအပြစ်သားအားလုံးအား ရွေးချယ်ခဲ့ပါသည်။ ရွေးကောက်ထားသောသူအနည်းငယ်သာ မဟုတ်ပါ။

ကမ္ဘာဦးကျမ်း ၂၅း၂၁-၂၆ တွင် ဣဇက်၏သားနှစ်ယောက်ဖြစ်သော ဧသောနှင့်ယာကုပ်အကြောင်း ကျွန်ုပ်တို့ဖတ်ရပါသည်။ ဣဇက်၏သား နှစ်ယောက်သည် သူတို့၏ အမိဝမ်းတွင်း၌ရှိစဉ်၌ပင်ဘုရားသခင်သည် ယာ ကုပ်အားရွေးချယ်ခဲ့ပါသည်။
နှုတ်ကပါတ်တော်အား လွဲမှားစွာနားလည်သော သူများသည် “ခြွင်းချက် မရှိသော ရွေးကောက်ခြင်း” သီအိုရီ၏အခြေခံအဖြစ်ဖြင့်ယူကြသည်။ ဤအ ရာသည် ကံကြမ္မာဘုရားအား ခရစ်ယာန်ဘာသာနှင့် ရောနှောခြင်းပင်ဖြစ် ပါသည်။
အကယ်၍ဘုရားသခင်ကခရစ်တော်၌မဟုတ်ပါဘဲ “ခြွင်း ချက်မရှိသော ရွေးကောက်ခြင်း” ပေါ်အခြေခံ၍ကျွန်ုပ်တို့အား ရွေးချယ်သည်ဟုယုံကြည်ပါ က ကျွန်ုပ်တို့သည် ရုပ်တုနှင့်ကံကြမ္မာဘုရားအား ကိုးကွယ်နေသည်နှင့် တူတူပင်ဖြစ်ပါသည်။ ဘုရားသခင်သည် ကံကြမ္မာဘုရားမဟုတ်ပေ။ အကယ် ၍ကျွန်ုပ်တို့သည် ကံကြမ္မာဘုရားအပေါ်၌ ယုံကြည်ခဲ့မည်ဆိုပါက စာတန်၏ ထောင်ချောက်၌ကျကာ ဘုရားသခင်၏ကျွန်ုပ်တို့အတွက် အစီအစဉ်များ အားငြင်းပယ်ပြီး သကဲ့သို့ဖြစ်နေပေလိမ့်မည်။
အကယ်၍လူများသည် ဘုရားသခင်၏အလိုတော်ပေါ်၌ နာခံခြင်းမရှိ ပါက သေဆုံးပျက်ဆီးရန်ကြိုတင်စီမံထားသည့် ခြေလေးချောင်းသတ္တဝါများ နှင့် မခြားသကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ယုံကြည်သူ ကျွန်ုပ်တို့သည် ခြေလေးချောင်းသတ္တဝါများမဟုတ်သကဲ့သို့ကျမ်းစာ၌ရေးထားသော သမ္မာတ ရားများကို အစဉ်ဖတ်ရှု၍ယုံကြည်သော စစ်မှန်သည့်ယုံကြည်သူများ ဖြစ် လာသင့်ပေသည်။ ကျမ်းစာတွင်ရေးသားထားသော သမ္မာတရားအားဦးစွာ စဉ်းစားခြင်းသည်ကိုယ့်ကိုယ်ကို စာတန်လက်သို့ ပေးအပ်ရန်ဖြစ်ပါသည်။
စစ်မှန်သောယုံကြည်ခြင်းရှိရန်အတွက် ဦးစွာကျမ်းစာတွင်ရေးထားသော သမ္မာတရားကိုစဉ်းစား၍ခရစ်တော်၌ အသစ်မွေးဖွားပြီးသော ယုံကြည်သူများ ၏ ယုံကြည်ခြင်းကိုလိုက်လျောရန် လိုအပ်ပါသည်။
Calvinismသည် ကန့်သတ်ထာသော ရွေးနှုတ်ကယ်တင်ခြင်းအပေါ်တွင် ခိုင်မာစွာရပ်တည်၏။ ဤအချက်သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သခင်၏ရွေးနှုတ်ကယ်တင်ခြင်းသည် အချို့သောသူများအတွက် မပါဝင်ပေ။ ဤအချက်မှန်ကန် နိုင်ပါ မည်လော။
ကျမ်းစာလာသည်မှာ“လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာ တရားကိုသိရှိခြင်း သို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏” (တိမောသေသြဝါဒစာပဌမစောင်၂း၄) အကယ်၍ ရွေးနှုတ်ကယ်တင်ခြင်း ကောင်းချီးသည် အချို့သောသူများအတွက်သာ ဖြစ် ပါကများစွာသော ယုံကြည်သူတို့သည် ယေရှုအားယုံကြည်ခြင်းကို အရှုံးပေး ပေလိမ့်မည်ကို အားလုံးထက်၊ အဘယ်သူသည်ထိုကဲ့သို့ သဘောထားမကြီး သည့်ဘုရားအား ယုံကြည်ချင်ပါမည်နည်း။
ကျွန်ုပ်တို့တွင် ငါတို့ဘုရားသခင်သည် သဘောထားမကြီးသည့် ဘုရားမ ဟုတ်ကြောင်းယုံကြည်ခြင်းရှိရပေမည်။သူသည်မှန်ကန်သော၊ချစ်ခြင်းမေတ္တာ နှင့်ဖြောင့်မတ်သည့်ဘုရားဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယေရှု၌ယုံကြည်ရန် နှင့် ရေနှင့်ဝိညာဉ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားခြင်းခံရသော သတင်း ကောင်းကို ယုံကြည်ရန်လိုအပ်ပါသည်။ သို့မှသာ အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရပေမည်။ ယေရှုသည် ရေနှင့်ဝိညာဉ်အားဖြင့်အသစ် တစ်ဖန်မွေး ဖွားသော သူအားလုံး၏ကယ်တင်ရှင်ဖြစ်ပါသည်။
Calvinismအယူဝါဒအရဆိုပါက အကယ်၍ဆယ်ယောက်ရှိသည်ဆိုပါက ထိုထဲမှအချို့သောသူများသည်ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းသို့ရောက် ၍ အချို့သောသူများသည် ငရဲမီးထဲတွင်လောင်ကျွမ်းခြင်း ခံရန်ကျန်ခဲ့ပေလိမ့် မည်။ ဤအရာသည် မမှန်ကန်ပေ။
ထိုအချက်သည် ဘုရားသခင်သည် အချို့ကိုချစ်၍အခြားသူများအား ပစ် ပယ်သည်ဟုပြောဆိုနားလည်သဘောပေါက်ရန် မပြုလုပ်နိုင်ပါ။ ယနေ့ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိနေသည်ဟု တွေးကြည့်ပါ။ သူသည်လက် ယာဘက်တွင်ထိုင်နေသူအားလုံးအား ရွေးချယ်ရန်ဆုံးဖြတ်ပြီး ဘယ်ဘက် တွင်ကျန်သောသူအားလုံးအားငရဲကျရန်ချန်ထားပါကကျွန်ုပ်တို့သူ့အားဘုရား ကဲ့သို့ ပြောဆိုမည်လော။
ပစ်ပယ်ခြင်းခံရသောသူများကကန့်ကွက်သည့်အသံများဖြင့် ကြွေးကြော် နေပေလိမ့် မည်မဟုတ်လော။ ဖန်ဆင်းထားသောအရောအားလုံးက “ဘုရား သခင်သည် အဘယ်သို့မရိုးသားမဖြောင့်မတ်လွန်းသူ ဖြစ်နိုင်ပါမည်နည်း” ဟု အော်ဟစ်ပေလိမ့်မည်။ ခြွင်းချက်မရှိသောရွေးချယ်ခြင်းသည် မမှန်ကန်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်၌ လူသားအားလုံးအား ရွေးကောက်ပေးပြီးဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်ပင် ဘုရားသခင်၏ ခရစ်တော်နာမဖြင့် ခေါ်ခံရသောသူအ ပေါင်းတို့သည်ရွေးကောက်ထားသူဖြစ်ပါသည်။ထို့ပြင်ဘုရားရှင်သည်အဘယ်သို့သောသူများအား သူ့ထံခေါ်ပါသနည်း။ သူသည်အပြစ်သားများကိုခေါ်ပါ သည်။ ဖြောင့်မတ်သူများမဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကို ဖြောင့် မတ်သည်ဟု သတ်မှတ်သူများအား မခေါ်ပေ။
ဘုရားသခင်သည် ရွေးနှုတ်ကယ်တင်ခြင်း ကောင်းချီးသည် အပြစ်သား နှင့် ငရဲသို့ချရန်သတ်မှတ်ထားသူများထွက် ဖြစ်ပါသည်။ ရွေးကောက်ခြင်းဆို သည်မှာ ဘုရားသခင်၏အပြစ်သားများအား သူ၏ဖြောင့်မတ်သောသားများ ဖြစ်ရန် ခေါ်ခြင်း ဖြစ်ပါသည်။

 

ဘုရားသခင်သည် ဖြောင့်မတ်ပါသည်

 
ဘုရားသခင်သည် ရွေးခြယ် ထားသောသူအချို့ကိုသာ ချစ်ပါသလား။
မဟုတ်ပါ။ဘုရားသခင်သည် သဘောထားသေး သိမ် သူမဟုတ်။ ဘုရားသခင်သည်ဖြောင့်မတ်သည်။

ဘုရားသခင်သည် ဖြောင့်မတ်ပါသည်။ သူသည်ခြွင်းချက်မရှိ ရွေးချယ် ထားသောသူများကိုသာ ချစ်သောဘုရားမဟုတ်ပေ။ သူသည်ယေရှုနာမ အားဖြင့် အပြစ်သားအားလုံးအား ခေါ်နေပါသည်။ ခရစ်တော်၏ အပြစ်ခွင့် လွှတ်ခြင်းနှင့်ရွေးနှုတ်ကယ်တင်ခြင်းမရှိပါဘဲ ကျွန်ုပ်တို့အဘယ်သို့ ဘုရားသ ခင်၏ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာအားနားလည်နိုင်ပါမည်နည်း။ သူ့အား မဖြောင့် မတ်သောဘုရားဖြစ်အောင် ဘယ်တော့မျှမလုပ်ပါနှင့်။
ဧဖက်သြဝါဒစာ၁း၃-၅ “အားဖတ်ချိန်၌ ဘာတွေလိုအပ်ပျောက်ဆုံးနေ သည်ကိုရှာတွေ့နိုင်ရန်ကြိုးစားပါ။  အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ငါတို့သည် ရှေ့တော်၌သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရား သခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏” ဘာသည်ပျောက်ဆုံး နေပါသနည်း။ ပျောက်ဆုံး နေသည်မှာ “ယေရှုခရစ်တော်၌” ဆိုသည်ပင်ဖြစ်သည်။
ခြွင်းချက်မရှိသော ရွေးကောက်ခြင်းကိုပြောသည့် Calvinism သည် ကျမ်းစာ၏စကားလုံးများနှင့်ကိုက်ညီမှုမရှိပေ။ ကျမ်းစာပြောသည်မှာ“ဤ ကမ္ဘာမတည်ရှိမှီကပင် ငါတို့ကိုခရစ်တော်၌ ရွေးချယ်ခဲ့သည်” ဟုပင်ဖြစ်ပါ သည်။
ဘုရားသခင်သည် လူသားအားလုံးအား ရေနှင့်သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် အသစ်တဖန်မွေးဖွားခြင်းခံရန် ခရစ်တော်၌ရွေးချယ်ခဲ့ပါသည်။ ကယ်ဆယ်ရန်မတတ်နိုင်သူများ၊ အပြစ်နှင့်မွေးဖွားခဲ့သူများ အပြစ်မှကယ် တင်ခြင်းရ၍သူ၏ ကလေးများဖြစ်လာနိုင်ပါသည်။ ကယ်တင်မည့်သူများစာ ရင်းတွင်လူသားအားလုံးကိုပါဝင်စေပြီးခရစ်တော်၌အားလုံးအား ရွေးကောက် ခဲ့ပါသည်။
ဘုရားတရားအတတ်ပညာအားတတ်ကျွမ်းသူများစွာတို့သည်ခြွင်းချက်မ ရှိသောရွေးကောက်ခြင်းအယူပေါ်၌ အခိုင်အမာပြောဆိုသည်မှာ အချို့သော သူများသာရွေးချယ်ထားသည်ဟုဖြစ်သည်။ များစွာသောသူတို့သည် ကစဉ့်က လျားဖြင့်ရှုပ်ထွေးသောယုံကြည်မှုနှင့် လုံးဝသဘာဝမကျသော သင်ကြားမှု ဖြင့်လည်းစားခံရကြပါသည်။ ဘုရားသခင်သည် အပြစ်သားအားလုံးအား ယေရှုအားဖြင့်ရွေးချယ်သည်ဟုသူ၏သမ္မာတရား၌ဘုရားသခင်သည် ပြောဆို နေစဉ်ပင် မှားယွင်းသောဘုရားတရာအတတ်ပညာရှင်တို့သည် ခြွင်းချက်မ ရှိသော ရွေးကောက်ခြင်းဖြင့် ဘုရားသခင်သည် အချို့သူများအားရွေးချယ်၍ အချို့အားပစ်ပယ်ခဲ့သည်ဟုပြောဆိုကြပါသည်။ များစွာသောသူတို့သည်နိ မိတ် နမအစွဲအလမ်းကြီးသောယုံကြည်မှုအတွက် သူ့ကိုပေးဆပ်ရန် မမှန် သောသင်ကြားမှုကဲ့သို့ ကျရောက်သွားခဲ့ပါသည်။
ဘုရားသခင်သည်ခရစ်တော်၌လူသားအားလုံးအားကယ်တင်ရန်ဆုံးဖြတ် ထားပြီးအပြစ်ခွင့်လွှတ်ခြင်းသည်လည်း ယေရှုအားယုံကြည်သူအားလုံးအ တွက် ဆိုသည်ကိုသတိရဖို့ရန် သတိရပါ။ ထိုကဲ့သို့ပြုခြင်းအားဖြင့် ကျွန် တော်တို့၏အပြစ်များ အားလုံးမှကယ်တင်ခြင်းခံရ၍ ဘုရား၏သားသမီးများ ဖြောင့်မတ်သောသူများ၊ ထာဝရအသက်ရသောသူများနှင့် ဘုရားသခင်သည် ဖြောင့်မတ်ပါသည်ဟု ယုံကြည်မှုရှိသူများ ဖြစ်လာနိုင်ပါသည်။

 

ဧသောနှင့်ယာကုပ်ပုံပြင်၌ရှိသောဘုရားသခင်မှဖြစ်သောရွေးကောက်ခြင်း

 
ဘုရားသခင်သည် ဘယ်သူ့ကိုရွေး ချယ်ခဲ့သနည်း။ရွေးချယ်ထားသူများကိုသာ ဟုတ်ပါသလား
မဟုတ်ပါ။ ဘုရားသခင်သည် ခရစ်တော်၌ လူသားအားလုံးအား ရွေးကောက်ခဲ့သည်

ထို့ကြောင့် ခရစ်တော်၌ယုံကြည်သူအားလုံးသည်အပြစ်ခွင့်လွှတ်၍ ယေ ရှု၏နှစ်ခြင်းပေးခြင်းဖြင့်ရွေးကောက်ထားပြီး ဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း ၂၅း၁၉-၂၈၌ ဧသောနှင့်ယာကုပ်သည် သူတို့၏မိခင်ရေ ပက္က၏ဝမ်းတွင်း၌ပင် အချင်းချင်းတိုက်ခိုက်ခဲ့ ကြပါသည်။ ဘုရားသခင်သည် ကမ္ဘာဦးကျမ်း ၂၅း၂၃ ၌ “ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည်အငယ်ကို အ စေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏’’
အပြစ်သားများအား ဤစကားလုံးများအား ဘုရားသခင်နှင့်ဆိုင်သော ခွဲခန့်မှတ်သားနှင့်ခြင်းနှင့် ဘုရားမှဖြစ်သော ရွေးကောက်ခြင်းသီအိုရီအဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ထို့ကြောင့်ယေရှု၌ ယုံကြည်သူများရှုပ်ခြင်းသို့ရောက် ကာ သူတို့သည် ရွေးပြီးသူဟုတ်မဟုတ် မသေချာဘဲ စွန့်ခွာသွားကြပါသည်။ သူတို့ကိုယ်သူတို့ ရွေးချယ်ပြီးသားသူများအဖြစ် တွေးထင်သောအခါ၌ ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရန် လုံးဝစိတ်ဝင်စားမှုမရှိကြ တော့ပေ။
ဤခြွင်းချက်မရှိသော ရွေးကောက်ခြင်းအတွေးအခေါ်သည် များစွာသော ယေရှုအား ယုံကြည်သူများကို ရွေးနုတ်ကယ်တင်ခြင်းမှလွဲစေကာ ငရဲသို့စီ ရင်ခြင်းခံစေရကြ၏။ ဤအချက်သည်လည်း ဘုရားသခင်အား မဖြောင့်မတ် သူအဖြစ်မြင်စေပါသည်။
များစွာသောဘုရားတရား အတတ်ပညာကျွမ်းကျင်တတ်မွန်သူတို့က သူတို့အတွေးထဲမှ ပေါ်ထွက်လာသော မမှန်သောသြဝါဒများကို သင်ပေးကြ ပါသည်။ ယေရှုအားယုံကြည်သူများစွာတို့သည် သူတို့ရွေးချယ်ခြင်းခံထားပြီး ခြင်း ရှိမရှိအံ့သြတုန်လှုပ်၍မသေချာမှုများ ရှိလာစေပါသည်။ သူတို့၏ရွေး နှုတ်ကယ်တင်ခြင်းသည် ခွဲခန့်မှတ်သားနှင့်ပြီးသားဖြစ်သည်လောဟု မသေ ချာမှုများ ဖြစ်ခဲ့ပါသည်။
ယာကုပ်နှင့်ဧသော၌ အဘယ်သူကို ဘုရားရှင်က ရွေးကောက်ခဲ့ပါ သနည်း။ သူသည် ယာကုပ်အားယေရှု၌ ရွေးချယ်ခဲ့ပါသည်။ ရောမသြဝါဒစာ ၉း၁၀-၁၁တွင် သူ၏အကိုဧသောအစားယာကုပ်အားရွေးချယ်ခဲ့သည်မှာ သူတို့ နှစ်ဦးသည် မဖွားမီနှင့်ကောင်းသောအကျင့်နှင့် မကောင်းသောအကျင့်မကျင့် မှီလူပင်ဖြစ်ပါသည်။
လူသားအားလုံးသည်အာဒံ၏အနွယ်မှ ဆင်းသက်လာသူများဖြစ်သဖြင့် မွေးကတည်း ကပင်အပြစ်ပါသောအပြစ်သားများဖြစ်ပါသည်။ ဒါဝိဒ်မင်းက သူသည်အမိဝမ်းထဲ၌ ရှိစဉ်ပင်အပြစ်ရှိခဲ့သဖြင့် အပြစ်ပါလျက် မွေးဖွားခဲ့သည် ဟုဆိုပါသည်။ “အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏” (ဆာလံကျမ်း- ၅၁း၅)။
လူအားလုံးသည်သူတို့၏ဘိုးဘေးဘီဘင်များ၏အပြစ်များကြောင့်အပြစ် သားများအဖြစ်မွေးဖွားလာခဲ့ပပါသည်။ထို့ကြောင့်ဤကမ္ဘာလောက၌ မွေးဖွား လာသူအားလုံးသည် အလိုလိုပင်အပြစ်သားအဖြစ်မွေးဖွားပြီး၊ အပြစ်သားကဲ့ သို့ပြုမူကာ အပြစ်၏အသီး အပွင့်များသီးလာကြသည်။
အပြစ်မပြုဖူးသေးသော ကလေးငယ်ပင် အပြစ်၏မျိုးဖြင့်မွေးဖွားခဲ့သော ကြောင့် အပြစ်သားဖြစ်ပါသည်။ သူ့တွင်မကောင်း သောအတွေးအခေါ်၊ ကြာ ခိုခြင်း၊ မတရားသောမေထုံမှီဝဲခြင်းနှင့် သူ့အသက်ကိုသတ်ရန် သူ့စိတ်နှလုံး ထဲတွင် ရှိခြင်းကိုတွေ့ရပါသည်။ သူသည် သူ၏ဘိုးဘွားများ၏အပြစ်များဖြင့် မွေးဖွားခဲ့သူဖြစ်ပါသည်။ လူအားလုံးသည် မမွေးမှီကပင်အပြစ်သားများဖြစ် ကြပါသည်။
ဘုရားသခင်၏ကျွန်ုပ်တို့အား အားနည်းစေခြင်း၏အကြောင်းအရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ လူမျိုးနွယ်အားလုံးသည် ဘုရားသခင်ဖန်ဆင်း ထားသူများဖြစ်ပါသည်။ သို့သော်ဘုရားသခင်၌ ကျွန်ုပ်တို့အားအပြစ်မှ ကယ်တင်၍သူ၏သားသမီးများဖြစ်စေရန်အကြံအစည်ရှိခဲ့ပါသည်။ထို့ကြောင့် အာဒံအားအပြစ်ပြုရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
ထိုအကျိုးပြစ်ကြောင့်ကျွန်ုပ်တို့အပြစ်သားများဖြစ်လာချိန်၌ဘုရားသခင်သည် ယေရှုအားဤလောကသို့စေလွှတ်၍ သူ၏နှစ်ခြင်းအားဖြင့် လူမျိုးနွယ် အားလုံး၏အပြစ်များကို ယူဆောင်သွားရန်တပါးတည်းသော သားတော်ကို ခွင့်ပြုတော်မူ၏။
ဘုရားသခင်၏ရည်ရွယ်ချက်မှာလူသားအားလုံးအား ယေရှု၏နှစ်ခြင်း နှင့်လက်ဝါးကပ်တိုင်မှာ အသွေးတော်အားဖြင့် ရွေးနုတ်ကယ်တင်ပြီးယေရှု အားယုံကြည်ခြင်းအားဖြင့် သူ၏သားသမီးများဖြစ်လာရန် တန်ခိုးစွမ်းအား ပေးရန် ဖြစ်ပါသည်။ယေရှုအားဖြင့် အပြစ်အားလုံးကိုဆေးကြောမည့် ကတိ တော်ဖြင့်အာဒံအားအပြစ်ပြုရန်ခွင့်ပြုခဲ့ပါသည်။
မှားယွင်းသောသင်ကြားခြင်းအားယုံကြသည် သူအပြစ်သားများသည် “ယာကုပ်နှင့်ဧသောအသက်တာကို ကြည့်ပါ။ သူသည်ခြွင်းချက်မရှိဘဲ မရွေးခဲ့ပါ။ ခရစ်တော်၌ ကျွန်ုပ်တို့အား ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ သည်ကျမ်းစာတွင်ရေးသားထားသောစကားလုံးများကို ကြည့်ရန်သာလိုအပ် ပါ သည်။ ရောမသြဝါဒစာ ၉း၁၀-၁၂ ပြောသည်မှာ “ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန် “အကြီးသည် အငယ်ကို အစေခံရလိမ့်မည်”ဟု ရေဗက္ကာအား မိန့်တော်မူ၏”ဟူ၍ဖြစ်ပါသည်။
ဘုရားသခင်သည် ယာကုပ်အား ယေရှု၌ရွေးချယ်ခဲ့ပါသည်။ ယာကုပ်မှာ မထိုက်တန်သောအပြစ်သားဖြစ်သူ၊ သူတို့၏ဖြောင့်မတ်ခြင်းများဆုံးရှုံးပြီး သည့်သူများ၏ပုံစံနမူနာဖြစ်ပါသည်။ ဧဖက်၁း၄တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ယေရှု၌ရွေးချယ် ထားခဲ့ပါသည်။
အဘယ်သူကိုဘုရားသခင် ခေါ်ခဲ့ပါနည်း။ သူယာကုပ်အားခေါ် ခဲ့သည် မှာ သူသည် အပြစ်နှင့်ပြည့်၍ဘုရားသခင်ရှေ့၌ မဖြောင့်မတ်ဘဲ ဘုရားကိုသာ မှီခိုအားထားသည်ကို သိပြီးဖြစ်သောကြောင့်ပေ။ သူသည်ယာကုပ်အား သူ၏ သားတော်ယေရှု၏အမည်နာမဖြင့်ခေါ်တော်မူခဲ့ပြီး ရေနှင့်အသွေးတော်၏ သ တင်းကောင်းဖြင့် သူ့သားဖြစ်အောင်ပြုခဲ့ပါသည်။ ထို့ကြောင့်ဘုရားသခင် သည် ယာကုပ်အားခေါ်၍ ရွေးနှုတ်ကယ်တင်တော်မူခြင်း ကောင်းချီးကို ခံစား စေခဲ့ပါသည်။
သူသည်အပြစ်သားများအားယေရှု၌ရွေးချယ်ကယ်တင်ခြင်းဖြင့် ဖြောင့် မတ်သူများအဖြစ်သို့ ရောက်ရန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် ဘုရား သခင်၏ အကြံအစည်တော်ဖြစ်သည်။

 

မှားယွင်းသောသင်ကြားခြင်းဖြစ်သည့်ခြွင်းချက်မရှိသောရွေးကောက် ခြင်း

 
ဘုရားသခင်သည် ယာကုပ် အားအဘယ်ကြောင့်ချစ်ခဲ့ပါသနည်း
ယာကုပ်သည် သူ၏မဖြောင့်မတ်ခြင်းကို သူသိသောကြောင့်ဖြစ်ပါသည်

ကျွန်ုပ်မကြာသေးမှီက ခြွင်းချက်မရှိသော ရွေးကောက်ခြင်းအပေါ် အခြေ ခံ ရေးသားထားသော စာအုပ်တစ်အုပ်ဖတ်ခဲ့ပါသည်။ လူငယ်တစ်ယောက် အိမ်မက်မက်ခဲ့သည်။ သူ၏အိမ်မက်တွင် အဘွားအိုတစ်ယောက်ပေါ်လာကာ ထိုလူငယ်အားနေရာတစ်ခုသို့လာရန် ခေါ်သဖြင့်သူသွားခဲ့ပါသည်။ ပြီးမှထိုအ ဘွားအိုက သူသည်ဘုရားသခင်ရွေးကောက်ခြင်းခံရသူဖြစ်ကြောင်း ပြောလေ ၏။
ဘုရားသခင်အားသူမယုံကြည်ပါပဲလျှက် အဘယ်ကြောင့် သူ့အားရွေး ချယ်ခဲ့ပါသနည်းဟု ထိုအဘွားအိုအား လူငယ်ကမေးခဲ့သည်။ သူ၏ယုံကြည် ခြင်းမရှိသော်ငြားလည်း ဘုရားသခင်သည် သူ့အားခြွင်းချက်မရှိရွေးချယ်ခဲ့ သည်ဟု ဆိုပါသည်။
ဤအချက်သည် မမှန်ကန်ပေ။ အဘယ်ကဲ့သို့ဘုရားသခင်သည် စိတ်ထင်သည့်တိုင်းအချို့အား အပြစ်ငရဲတွင်ဆုံးမ၍ အချို့အားကယ်တင်ခြင်း အတွက် ရွေးချယ်ခြင်းပြုနိုင်ပါသနည်း။ ဘုရားသခင်သည်လူအားလုံးအား ခရစ်တော်၌ရွေးချယ်ခဲ့ပါသည်။
ဘုရားနှင့်ဆိုင်သော ရွေးကောက်ခြင်းသီအိုရီသည် ယေရှုသည်မှားယွင်း ကြောင်းဖယ်ထားခဲ့ပါသည်။ ထိုအချက်သည် မမှန်ကန်ပါ။ သို့သော်ဘုရား တရား အတတ်ပညာကျွမ်းကျင်တော်မွန်သူများစွာတို့ကဘုရားသခင်သည် ကျွန်ုပ်တို့အချို့ကိုသာရွေးချယ်ခဲ့ကြောင်း အခိုင်အမာပြောဆိုကြပါသည်။ ထို အရာသည်လည်းမမှန်ကန်ပါ။ ဘုရားသခင်သည် ယေရှု၌ လူသားအားလုံးကို ကယ်တင်ခြင်းပါသည်။ယေရှုအားဖြင့်ရေနှင့်ဝိညာဉ်တော်ဖြင့်ရွေးနှုတ်ကယ်တင်တော်မူခြင်းအပေါ်၌မယုံကြည်သောသူများသာ ကယ်တင်ခြင်းရလိမ့် မည် မဟုတ်ပေ။
ဘုရားသခင်သည် ဤကမ္ဘာမတည်မရှိမှီကပင် သူ၏သားယေရှုအားဖြင့် လူအားလုံးအားကယ်တင်ခြင်းရရန် ခွဲခန့်မှတ်သား နှင့်ပြီးသူ၏သားသမီးများ မအဖြစ်သို့ရောက်ရန် ရည်ရွယ်ခဲ့ပါသည်။ ယေရှုခရစ်၏ရွေးနှုတ်ကယ် တင်တော်မူခြင်းအားဖြင့် လူသားအားလုံးတို့အား အပြစ်ကမ္ဘာမှကယ်တင်ရန် ကြံစည်ထားတော်မူခဲ့၏။ ဤအရာသည်ကျမ်းစာတွင်ရေးသားထားခြင်းဖြစ် သဖြင့် မှန်ကန်ပေသည်။
ခရစ်တော်၌ အသစ်တဖန်မွေးဖွားသော ဖြောင့်မတ်သူများသည် ရွေး ချယ်ထားသူများဖြစ်ပါသည်။ သို့သော်ဘုရားတရားအား အတတ်ပညာ ကျွမ်းကျင်သူတို့က ဘုရားသခင်သည် ကျွန်ုပ်တို့အချို့ကိုသာ ရွေးချယ်ထား ခဲ့ကြောင်း အခိုင်အမာပြောဆိုကြ ပါသည်။ သူတို့ပြောသည်မှာ ဥပမာအားဖြင့် ဗုဒ္ဓဘုန်းတော်ကြီးအချို့တို့သည် ထိုဘုရားသခင်ရွေးချယ်သောသူများထဲမှ အချို့ဖြစ်သည်ဟုဖြစ်ပါသည်။ သို့ပါသော်လည်း ဘုရားသခင်သည် သူတို့အား လည်း ယေရှု၌ရွေးချယ်ခဲ့ပါသည်။
ဘုရားသခင်သည် ခြွင်းချက်မရှိအချို့သောသူများအား ယေရှုမပါဘဲ ရွေးကောက်ခဲ့ပါက ကျွန်ုပ်တို့သတင်းကောင်းကို ဟောပြောရန်လိုအပ်တော့ မည်မဟုတ်ပေ။ဘုရားသခင်သည်တစ်စုံတစ်ဦးအားယေရှုမပါဘဲ ရွေးကောက် ခဲ့မည်ဆိုပါက အပြစ်သားများသည် ယေရှုအားယုံကြည်ရန် လိုအပ်တော့ မည်မဟုတ်ပေ။ ဤသို့ဆိုသော်သူ၏ချစ်မေတ္တာစကား၊ သမ္မာတရားနှင့် ကယ် တင်ခြင်းသည် အဘယ်ကဲ့သို့ ပြည့်စုံနိုင်ပါမည်နည်း။
လောကတွင်သတင်းကောင်းဟောပြောရန် ဘုရားသခင်၏ အစေခံ များတွက်အကျိုးအကြောင်းတစ်ခုမျှရှိမည်လော။ ဤအရာသည် ဘုရားသခင် သည်ရွေးနှုတ်ကယ်တင်ပြီးသူများနှင့်အပြစ်စီရင်မည့်သူများအားယေရှုမပါဘဲ ြွခင်းချက်မရှိရေးချယ်ခဲ့ ပြီးဖြစ်သည်ဟု အဓိပ္ပါယ်ရောက်စေပါသလား။
ဘုရားသခင်သည် ယာကုပ်အားခရစ်တော်၌ ရွေးချယ်ခဲ့သည့်အကြောင်း သူယာကုပ်အားချစ်၍ဧသောအားမုန်းရသည့် အကြောင်းမှာသူတို့ မဖန်ဆင်းမှီ ကပင် ယာကုပ်သည်ယေရှု၌ယုံကြည်၍ ဧသောသူ သူ၌ယုံကြည်လိမ့်မည် မဟုတ်ဟု သိနှင့်ပြီးသောကြောင့် ဖြစ်ပါသည်။
ဤလောကတွင် ယေရှုအားယုံကြည်သောအပြစ်သား များစွာရှိပါသည်။ အချို့သော သူများမှာဧသောကဲ့သို့ဖြစ်ပြီး အခြားသူများမှာ ယာကုပ်ကဲ့သို့ဖြစ် ပါသည်။
ဘုရားသခင်သည် ဘာကြောင့်ယာကုပ်အား ချစ်ခဲ့ပါသနည်း။ ယာကုပ် သည် မဖြောင့်မတ်သောသူဖြစ်ပြီး သူ၏မထိုက်တန်ခြင်းကိုသူသိခဲ့သည်။ ထို့ကြောင့်သူသည် ဘုရားသခင်ရှေ့၌ အပြစ်သားဖြစ်ပြီး သူ၏ကျေးဇူးတော် အားတောင်းလျှောက်ရန် အပ်နှံခဲ့ပါသည်။ ထိုအကြောင်းအရာကြောင့်ပင် ယာကုပ်အားဘုရားသခင်ကယ်တင်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သောဧသောသည် ဘုရားထက်သူကိုယ်သူ ပို၍အားကိုးကာ ဘုရားသ ခင်၏ကျေးဇူးတော်အားဆာလောင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့်ဘုရားရှင် မိန့် တော်မူသည်မှာ ယာကုပ်ကိုသူချစ်၍ ဧသောအားမုန်းသည်ဟုပင်။ ဤအ ရာသည် သမ္မာတရားစကားဖြစ်ပါသည်။
ဘုရားသခင်သည် ယေရှု၌ကျွန်ုပ်တို့အားလုံးအား ကယ်တင်ရန်ခွဲခန့်မှတ် သားနှင့်ပြီး ဖြစ်ပါသည်။ အပြစ်သားအားလုံး၏လုပ်ဆောင်ရမည့်အရာမှာ ယေရှု၌ယုံကြည်ရန်သာဖြစ်ပါသည်။ထိုအခါဘုရားသခင်၏ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းသည် သူတို့၏နှလုံးသားထဲသို့ တစိမ့်စိမ့်ပျံ့နှံ့သွားမည် ဖြစ်ပါ သည်။ ကျွန်ုပ်တို့အပြစ်သားများအနေဖြင့်လုပ်ဆောင်နိုင်သည့်ရာတစ်ခုမျှမရှိ ပေ။သို့သော်ယေရှုအားဖြင့် ကယ်တင်ခင်းရကြောင်းနှလုံးသား အကြွင်းမဲ့ယုံ ကြည်ရန်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်ရန် လိုအပ်သည့် အချက်မှာ ယေရှုအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရသည်ဟု ယုံကြည်ရန်ပင်ဖြစ်ပါသည်။
 
 

မှားယွင်းသောတဖြည်းဖြည်းခြင်းဖြစ်ပေါ်လာသည့်သန့်ရှင်းစင်ကြယ်စေခြင်း သီအိုရီ

 
အပြစ်သားသည် တဖြည်းဖြည်းနှင့် ဖြောင့်မတ်သောသူဖြစ်လာနိုင်သည်ဆိုသည်မှာ မှန်ကန်ပါသလား။
မမှန်ပါ။ ထိုအရာသည် မဖြစ်နိုင်ပါ။ သူ၏ရွေးနှုတ်ကယ် တင်ခြင်းနှစ်ခြင်းအားဖြင့် အပြစ်သားများကိုအပြစ်တင် ခြင်းမရှိဘဲ ဖြောင့်မတ်သူများဖြစ်စေခဲ့ပါသည်။


စာတန်သည် တဖြည်းဖြည်းဖြစ်ပေါ်လာသည့် သန့်ရှင်းစင်ကြယ်စေခြင်း သီအိုရီ အားဖြင့် အပြစ်သားများအားသူတို့၏ အပြစ်မှကယ်တင်ခြင်းမရရှိရန် လိမ်ညာနေပါသည်။ တဖြည်းဖြည်းဖြစ်ပေါ်လာသော သန့်ရှင်းစင်ကြယ်စေ ခြင်းဆိုသည်မှာ အပြစ်သားသည် ယေရှုအားယုံကြည်ပြီးမှတဖြည်းဖြည်းဖြင့် သန့်ရှင်းလာသည်ဟု ဖြစ်ပါသည်။
ဤသီအိုရီကဤကဲ့သို့ဆိုပါ၏။အပြစ်သားသည် တစ်ခါတည်းဖြင့် ဖြောင့် မတ် သောသူဖြစ်မလာနိုင်ပေ။ သို့သော်ယေရှုအားယုံကြည်သောအချိန်၌ မူလအပြစ်မျသာကယ်တင်ခြင်းရခဲ့သည်။ အမှန်တကယ်အပြစ်များသည် နောင် တရ၍နေ့စဉ်ဆုတောင်းခြင်းနှင့် လူများသည် တဖြည်းဖြည်းသန့်ရှင်း လာကာ ဆေးကြောပျက်ပြယ်လာသည်။ 
ဤသီအိုရီ၏ ရှုပ်ထွေးစေသောအပိုင်းမှာ တဖြည်းဖြည်းဖြစ်ပေါ်လာ သည့် သန့်ရှင်းစင်ကြယ်စေခြင်းဖြစ်ပါသည်။ ထိုအရာသည် တစ်စုံတစ်ဦး သည် ယေရှုအားယုံကြည်၍ တဖြည်းဖြည်းဖြင့် ပို၍သန့်ရှင်းသော ခရစ်ယာန် တစ်ဦး ဖြစ်လာနိုင်သည်ဟူသောအသံမြည်စေပါသည်။ ဤသီအိုရီသည် များ စွာသော ခရစ်ယာန်တို့အား နှစ်ပေါင်းများစွာကတည်းက လိမ်ညာကာမူမှန်မှု ကင်း၍ လုံခြုံစိတ်ချစေခဲ့သည်။ဤအချက်သည်အဘယ်ကြောင့် များစွာ သောခရစ်ယာန်တို့သည် အခြားခရစ်ယာန်များထက် ပို၍သန့်ရှင်းသည် ဟုခရစ်ယာန် ဘာ သာ၌ ပြောကြခြင်း၏အကြောင်းအရင်း ဖြစ်ပါသည်။
သူတို့ထင်ထားသည်မှာ တနေ့တွင်သူတို့သည် ထင်ရှားစွာပြောင်းလဲပြီး လျှင်အပြစ်ရှိတော့မည်မဟုတ်ဟုပင် ဖြစ်သည်။ သို့သော်သူတို့သည် အပြစ် သားများကဲ့သို့ အသက်ရှင်၍အပြစ်သေပြီးသောအခါ ဘုရားသခင်ရှေ့၌ အပြစ်သားကဲ့သို့ပင်တရား စီရင်ခြင်းခံရပေလိမ့်မည်။
ကျမ်းစာတွင်းမှ မှန်ကန်သောစကားလုံးများအားဖတ်ပါ။ ရောမသြဝါဒစာ ၈း၃၀တွင် ‘‘ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”
ထို့နောက်အခန်းငယ် ၂၉ တွင် “အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။” ပထမရုတ်တ ရက်ကြည့်ပါက ဖြောင့်မတ်သောသူဖြစ်လာရန် အဆင့်ဆင့်ရှိသည်ဟု ထင်မှတ်စရာဖြစ်ပေသည်။သို့သော်နှုတ်ကပါတ်တော်ပြောသည်မှာ ဖြောင့် မတ်ခြင်းသို့ရောက် ရန် တကြိမ်တည်းဖြင့်ခွင့်ပြုခဲ့ပါသည်ဟု ဖြစ်သည်။
“သူခေါ်တော်မူသောသူအားလုံးအား သူဖြောင့်မတ်သောသူများ ဖြစ်စေ ခဲ့ပါသည်။” ယေရှုသည်အပြစ်သားများအားခေါ်၍ သူ၏ယောဒန်မြစ်၌နှစ်ခြင်း ခံခြင်းနှင့် လက်ဝါးကပ်တိုင်တွင်သေခြင်းအားဖြင့် ဖြောင့်မတ်သူများအဖြစ်သို့ ရောက်စေခဲ့သည်။
ထို့ကြောင့် ယေရှု၏ရွေးနှုတ်ကယ်တင်ခြင်း၌ ယုံကြည်သောသူသည် လည်း ဂုဏ်တော်ထင်ရှားသော ဘုရား၏သားတော်ဖြစ်လာ၏။ ထိုအရာ သည် ဘုရားသခင်၏ကျေးဇူးတော်ဖြင့် အပြစ်သားများအား ရွေးနှုတ် ကယ်တင်ရန်နှင့် သူ၏နာမ၌ဂုဏ်တော် ထင်ရှားစေကြရန် ဖြစ်ပါသည်။
ဤအရာသည်ဘုရားသခင် ကျွန်ုပ်တို့အားပြောသောအရာဖြစ်ပါသည်။ သို့သော် အချို့သောခရစ်ယာန်များသည် ရောမသြဝါဒစာ ၈း၃၀ အားကြည့် ရန် ကျွန်ုပ်တို့အားပြော၏။ “သန့်ရှင်းစင်ကြယ်ရန် အဆင့်ဆင့်ရှိပါသည်။ ထိုအရာသည် ကျွန်ုပ်တို့တဖြည်းဖြည်းခြင်းပြောင်းလဲကြောင်း ပြောနေသည်မ ဟုတ်ပါလား”ဟု ပြောကြ၏။ လူတို့အားအနာဂါတ်ကာလအားဖြင့်ပြော၍ အ ပြစ်သားများသည်အချိန်နှင့်ဖြောင့်မတ်သူများဖြစ်လာကြသည်ဟုဆိုကြ၏။
သို့သော်ကျမ်းစာပြောဆိုသည်မှာ အနာဂါတ်ကာလနှင့်မဟုတ်ပါဘဲ ပြည့်စုံသောအတိတ်ကာလဖြင့် ကျွန်ုပ်တို့သည် တကြိမ်တည်းဖြင့် ဖြောင့် မတ်သူများဖြစ်ခဲ့သည်ဟု ဖြစ်ပါသည်။ အနာဂါတ်အတွေးအထင်နှင့် ပြည့်စုံခဲ့ သော အတိတ်ကြားတွင်ရှင်းလင်းစွာ သတ်မှတ်ထားသော ခြားနားချက်ရှိပါ သည်။
ကျွန်ုပ်တို့သည်ကျမ်းစာအားအပြည့်အဝယုံကြည်သင့်ပေသည်။ ရေးသား ထား ချက်မှာတကြိမ်တည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားများဖြစ် နိုင်သည်ဟုဖြစ်ပါသည်။ ဤအချက်သည် တဖြည်းဖြည်းနှင့်သန့်ရှင်းစင်ကြယ် စေခြင်းဆိုသည့် သီအိုရီနှင့် လုံးဝခြားနားနေပါသည်။
တဖြည်းဖြည်းဖြစ်ပေါ်လာသော သန့်ရှင်းစင်ကြယ်စေခြင်း သီအိုရီမှပြော သည်မှာ ယေရှုအားယုံကြည်ချိန်၌ ကျွန်ုပ်တို့၏မူလကရှိသောအပြစ်သာ ခွင့်လွှတ်ခြင်းရှိခဲ့သည်ဟုဖြစ်သည်။ ထိုအရာသည်ကျွန်ုပ်တို့အားဘာသာ တရားကိုင်းရှိုင်းသော အသက်တာနှင့်ရှင်သန်ရန်လမ်းညွှန်နှင့် ကျွန်ုပ်တို့အ ပြစ်များအတွက် နေ့တိုင်းနောင်တရရန် လမ်းညွှန်ကြောင်းခန့်မှန်းရပါသည်။ သို့မှသာဘုရားသခင်ရှေ့၌ ကျွန်ုပ်တို့ရပ်သောအချိန်၌ ကျွန်ုပ်တို့သည် ဖြောင့် မတ်သောသူများဖြစ်လာပေမည်ဟူ၍ ဆိုပါသည်။
လူများစွာတို့သည် ဤသီအိုရိ၌ယုံကြည်ကြသောကြောင့် သူတို့ယေရှု၌ စတင်၍ ယုံကြည်ချိန်၌ပင် အပြစ်သားအဖြစ်ရှိနေခဲ့ပါသည်။ ထို့ကြောင့်ဤ တဖြည်းဖြည်းဖြစ်ပေါ်လာသော သန့်ရှင်းစင်ကြယ်စေခြင်းသည် မမှန်ကန်ပေ။
သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူ များနှင့် ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့သည်ဟု ရှင်းလင်းစွာပြော ပါသည်။ ကလေးငယ်များအား ကမ္ဘာလောကကြီးတွင် မွေးဖွားလာသကဲ့သို့ ဘုရားသခင်၏သားသမီးများသည်လည်း ယေရှု ၏ရွေးနှုတ်ကယ်တင်တော် မူခြင်းအား သတိရယုံကြည်သည်နှင့်တပြိုင်တည်း သန့်ရှင်း စင်ကြယ်စေခဲ့ ပါသည်။မှားယွင်းသောတဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာသောသန့်ရှင်းစင်ကြယ် စေခြင်း သီအိုရိသည် လိမ်ညာမှုများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
 
 

အပြစ်အားလုံးမှ အပြည့်အဝကယ်တင်ခြင်း

 
အပြစ်သားသည် တဖြည်းဖြည်းနှင့် ဖြောင့်မတ်သောသူဖြစ်လာနိုင်သည်ဆိုသည်မှာ မှန်ကန်ပါသလား
ရေနှင့်ဝိညာဉ်တော်၏ရွေးနှုတ်ကယ်တင် ခြင်းပေါ် ကျွန်ုပ်တို့ယုံကြည်ရ ပေမည်။


ရောမသြဝါဒစာ ၈း၁-၂ ပြောသည်မှာ “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတ ရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။” ဤကျမ်းပိုဒ် ကျွန်ုပ်တို့အားပြောသည်မှာ ဘုရားသခင်သည် အပြစ်သားအားလုံးအား ဖြောင့်မတ်သောသူများဖြစ်စေပြီး အပြစ်နှင့်သေခြင်း ၏ပညတ်တော်မှ ယေရှု ထံသို့လာသောသူအားလုံးတို့အား ကယ်တင်ခဲ့ပါ သည်။
ကျမ်းစာသည် ပြည့်စုံသောကယ်တင်ခြင်းနှင့် ပါတ်သက်၍ ဟေဗြဲသြဝါ ဒစာ၉း၁၂ “ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏” ရေး သားထားပါသည်။ ဤဆိုလိုချက်မှာ ယေရှုအား ယုံကြည်သူများသည် ရွေး နှုတ်ကယ်တင်ခြင်းပြီး ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသူများ ဖြစ်လာ သည်ဟု ဖြစ်ပါသည်။
ယေရှုအားဖြင့် ဖြစ်သောရေနှင့်ဝိညာဉ်တော်၏ ရွေးနှုတ်ကယ်တင်ခြင်း သတင်းကောင်းအား ကျွန်ုပ်တို့ကြားနာယုံကြည်ပြီးသည်နှင့် ကျွန်ုပ်တို့၏အ ပြစ်များအားလုံးအတွက် ခွင့်လွှတ်ခြင်းရလာပါသည်။ သို့သော်သူတို့၏ မူလ အပြစ်များသာခွင့်လွှတ်ခြင်းရခဲ့သည်ဟုယုံကြည်သော အပြစ်သားများသည် အမှန်တကယ်ကယ်တင်ခြင်းခံရသူများမဖြစ်နိုင်ပေ။ အပြစ်များအတွက်သန့် ရှင်းစင်ကြယ်ခြင်းရရန် သူတို့ယေရှုအားယုံကြည်ပြီးသည့်ချိန်တိုင် သူတို့နေ့ စဉ်နောင်တတရားနှင့် ဆက်ကပ်ရန်လိုအပ်သည်ဟု ခံစားကြသည်။
သူတို့၏မှားယွင်းသော ယုံကြည်ခြင်းကသူတို့အား ငရဲသို့ပို့ဆောင်ခဲ့ပါ သည်။ သူတို့၏မှားယွင်းသောယုံကြည်ခြင်းသည် သူတို့၏ဆိုးညစ်သောအမှု များအားလုံးမှ ကင်းစင်ရန်နေ့စဉ်နောင်တရစေမည့်အကြောင်း ဖြစ်စေပါ သည်။ ထိုအရာသည်ကျွန်ုပ်တို့အားငရဲမှ ကယ်တင်ခဲ့သော စစ်မှန်သည့်ယုံ ကြည်ခြင်းမဟုတ်ပေ။
သူတို့သည်ယေရှု၌ယုံကြည်ခဲ့မည်ဆိုပါက တစ်ကြိမ်တည်းဖြင့် ရွေးနှုတ် ကယ်တင်ခြင်းခံ၍ ဖြောင့်မတ်သောဘုရားသခင်၏ သားသမီးများဖြစ်လာသင့် ပေသည်။ စစ်မှန်သောရွေးနှုတ်ကယ်တင်ခြင်းက ယုံကြည်သူများအားတစ် ကြိမ်တည်းဖြင့်ဖြောင့်မတ်သောသူဘုရားသခင်၏သားမီးများအဖြစ်သို့ရောက် စေခဲ့ပါသည်။
ယုံကြည်သူများသည်ဤကမ္ဘာလောက၏အပြစ်များအားလုံးမှရွေးနှုတ်ကယ်တင်ခြင်းခံရသော်လည်း သူတို့၏ခန္ဓာမှာ သေသည်အထိပြောင်းလဲခြင်း မရှိပေ။ သို့သော်သူတို့၏နှစ်လုံးသားများသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းများဖြင့်စွဲမြဲလျှက်ရှိပါသည်။ဤမှန်ကန်သောအချက်အား ကျွန်ုပ်တို့ဘယ် သောအခါမျှ လွဲမှားစွာနားမလည်မိစေရန် လိုအပ်ပါသည်။
သတင်းကောင်းအား ယုံကြည်ချိန်၌ ကျွန်ုပ်တို့သည်သန့်ရှင်းစင်ကြယ် ဖြောင့်မတ်သူများဖြစ်လာကြောင်းကျမ်းစာက ဖော်ပြထားပါသည်။ ဟေဗြဲ သြဝါဒစာ ၁၀း၉-၁၄ အားကြည့်ကြပါစို့။ စစ်မှန်သောသတင်း ကောင်းမှာ “ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။ သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက် မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် တစ်ခုတည်းသောပူဇော်သက္ကာအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူတို့အား ထာဝစဉ်စုံလင်စေတော်မူ၏”
“ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကိုတခါတည်းပူဇော် သောအားဖြင့်၊ ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏။” ဤအရာသည် ပစ္စုပ္ပန်ပြည့်စုံသောကာလဖြင့်ရေးသားထားသည့် အနာဂါတ်ကာလ၌ရေး ထားခြင်း မဟုတ်ကြောင်းသတိပြုပါ။
ပြည့်ဝစွာသန့်ရှင်းစင်ကြယ်သို့ရောက်ရန် ကျွန်ုပ်တို့အားလုံးသည် ယေရှု ပေးခဲ့သော ရေနှင့်ဝိညာဉ်တော်ဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်ဖို့ လိုအပ်ပေသည်။
 
 

ယေရှုသည်တစ်ကြိမ်တည်းဖြင့်ထာဝရရွေးနှုတ်ကယ်တင်ခြင်းကိုပေး ခဲ့သည်

 
လူအားအဘယ်ကြောင့်အစဉ်အမြဲ ဝမ်း မြောက်ရန်သတ်မှတ်ထားသ နည်း (၁သက် ၅း၁၆)။
ယေရှုသည်သူ၏ကိုယ်တိုင် မျှော်လင့်ချက်မဲ့ သော အပြစ်မှအပြစ်များအားလုံးကို ယူဆောင် သွားသော ကြောင့်သူ့ရှေ့၌နှိမ့်ချကာသူ၏ကျေး ဇူးတော်တွက် အမြဲကျေးဇူးတင်ရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် ယေရှုထာဝရရွေးနှုတ်ကယ်တင်ခြင်းအားယုံကြည်ပါက တစ်ကြိမ်တည်းဖြင့်ဖြောင့်မတ်သောသူများ ဖြစ်လာကြပါသည်။ ကျမ်းစာလာ သည်မှ “အစဉ်ဝမ်းမြောက်ကြလော့။ အမြဲမပြတ် ဆုတောင်းကြလော့။ အရာရာ၌ကျေးဇူးတော်ချီးမွမ်းကြလော့” (သက်သာလောနိတ်သြဝါဒစာ ပဌ မစောင် ၅း၁၆-၁၇)ဟု ဖြစ်ပါသည်။
အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိပါ။ ကျွန်ုပ်တို့မည်ကဲ့သို့ အချိန်ပြည့်ဝမ်း မြောက်နိုင်ပါမည်နည်း။ တစ်ကြိမ်တည်းဖြင့် ထာဝရ ရွေးနှုတ်ကယ်တင်ခြင်း အား လက်ခံရရှိပြီးသူများသည် အဆုံးမရှိပျော်ရွှင်နိုင်ကြပါသည်။ သူတို့သည် အပြစ်နှင့်ကင်းလွတ်ကာ ယောဒန်မြစ်၌ ယေရှုသည်သူတို့အပြင်အားလုံးအား ယူဆောင်သွားခဲ့သည်ဆိုသည့် အသိစိတ်ကြောင့်ဖြစ်ပါသည်။ သူတို့သည် သူ့ ရှေ့၌နှိမ့်ချစွာဖြင့်သူ၏ကျေးဇူးတော်အတွက်ချီးမွမ်းခြင်းပြုနိုင်၏။ ထို့ကြောင့် ပင်အစဉ်အမြဲ ဝမ်းမြောက်နိုင်ခြင်းဖြစ်သည်။
“တရားမဲ့သောအမှုများကို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်များကို ဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏” (ရောမသြဝါဒစာ ၄း၇)။ ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့ အပြစ်များသည် နှလုံးသားထဲ၌အမှန် တကယ် တည်ရှိနေကာ ဖုံးအုပ်ခြင်းခံ ထားရသည်ဟုမဆိုလိုပါ။ ကျွန်ုပ်တို့နှင့်နှလုံး သားသည် သန့်ရှင်းခြင်းသို့ရောက် ခဲ့ပြီးဖြစ်သည်။ ယေရှုသည်တစ်ဦး တစ် ယောက်၏ အပြစ်များအားလုံးအား တစ်ကြိမ်တည်းဖြင့် လုံးဝဆေးကြောကာ ကယ်တင်ခဲ့ပါသည်။
ဤထာဝရရွေးနှုတ်ကယ်တင်ခြင်းသည် ဓမ္မသစ်ကျမ်းထဲတွင် ရည်ညွှန်း ဖော်ပြထားသည်။ယေရှုနှစ်ခြင်းခံသောအချိန်၌ မိန့်တော်မူခဲ့သည်မှာ “ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။’’(ရှင်မဿဲ ၃း၁၅)။
ဓမ္မဟောင်းကျမ်းတွင် သိုးနှင့်ဆိတ်ကောင်တို့ပေါ် လက်တင်ပူဇော်ခြင်း အားဖြင့်လူတို့အပြစ်များသယ်ယူသွားကြောင်းတွေ့ရသကဲ့သို့ ယေရှုသည်ဤ ကမ္ဘာလောကကြီး၏ အပြစ်များအားလုံးအားသယ်ဆောင်ယူသွားကာ လူမျိုး နွယ်တစ်ခုလုံးအား အလွန်သင့်မြတ်လျော်ကန်သော နည်းလမ်းဖြင့်သန့်ရှင်း စေခဲ့ပါသည်။
ထိုအရာသည် ယေရှုပြောသကဲ့သို့ ကျွန်ုပ်တို့တွက် အလုံးစုံသောအ ရာတို့ကို အကုန်အစင် ကျင့်သင့်သည့်တွက်ဖြစ်သည်။ ယေရှုသည်အလွန့်အ လွန်သင့်လျှော်သောနည်းလမ်းဖြင့် နှစ်ခြင်းခံခဲ့ကာလူမျိုးနွယ်အားလုံး၏ အပြစ်အားသူပေါ်တင်ယူကာ ကျွန်ုပ်တို့အား ကယ်တင်ခဲ့ပါသည်။
ရှင်မဿဲ ၃း၁၅ တွင် ယေရှုသည် လောက၏အပြစ်အားလုံးကို ယူဆောင် သွားခဲ့ကြောင်းရေးသားထားပါသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် စုံ လင်ပါ၏။ကျွန်ုပ်တို့သည် ဤထာဝရရွေးနှုတ်ကယ်တင်ခြင်းအား နားလည်ရန် မကြိုးစားသင့်ပေ။ ထိုအရာအားသူ၏ကယ်တင်ခြင်း စကားအဖြစ်လက်ခံရန် ဖြစ်ပါသည်။ “ကျူးလွန်သောအပြစ်ခွင့်လွှတ်ခြင်းခံရသောသူ၊အပြစ်ဖုံးအုပ်ခြင်းခံရသောသူသည် မင်္ဂလာရှိ၏။”(ဆာလံကျမ်း ၃၂း၁)။
ယေရှုသည်ယောဒန်မြစ်၌ ဗတ္တိဇံဆရာယောဟန်အားဖြင့် နှစ်ခြင်းခံချိန်၌ နှလုံးသားမှအပြစ်နှင့်ခန္ဓာမှအပြစ်အားလုံးတို့အား ဆေးကြောခဲ့ပါသည်။ သူ သည် ဤဖောက်ပြန်ပျက်စီးနေသောကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ပြုလုပ်သမျှ သောအပြစ်များတွက် စီရင်ခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့အပြစ်အားလုံးအား သယ်ဆောင်သွားပြီးချိန်၌ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ပါသည်။
ဤအပြစ်တွက် ရွေးနှုတ်ကယ်တင်ခြင်းအားလုံး ယုံကြည်သူမည်သူမဆို တကြိမ်တည်းဖြင့် ဖြောင့်မတ်သောသူနှင့်အပြစ် တင်ခြင်းမှကင်းလွတ်သူဖြစ် နိုင်ပါသည်။ ယေရှုသည် ထာဝရအသက်ရှင်သောကြောင့် ခရစ်တော်၏ရွေး နှုတ်ကယ်တင်ခြင်း၌ယုံကြည်သူမည်သူမဆို ဖြောင့်မတ်သူများအဖြစ် တည်ရှိ နေမည်ဖြစ်ပါသည်။
ယခုကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ ယုံကြည်မှုအပြည့်ဖြင့်ရပ်လျှက် “သခင်၊ ကျန်းမာပါ၏လော” ဟုမေးနိုင်ပါသည်။ သခင်၏တပါးတည်းသော သားတော်ယေရှုခရစ်ကို ယုံကြည်ပြီးကျွန်ုပ်သည်လည်း သခင်၏သားဖြစ်ပါ သည်။ ကျေးဇူးတင်ပါသည်အဖ။ ကျွန်ုပ်အားအရှင်၏သားအဖြစ် လက်ခံခဲ့ သည့်တွက် ကျေးဇူးတင်ပါသည်။ ဤအရာသည်ကျွန်ုပ်၏ အလုပ်အားဖြင့် မဟုတ်ပါ။ သို့သော်ခရစ်တော်၌ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေး ဖွားခြင်းအားယုံကြည်မှုသက်သက်ကြောင့် ဖြစ်ပါသည်။ ဤလောက၏ အပြစ်များအားလုံးမှ ကျွန်ုပ်အားသခင်ကယ်တင်ခဲ့ပါသည်။ သခင်ပြောခဲ့သော “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍” ဆိုသည်မှာ ကျွန်ုပ်တို့ဖြစ်ကြောင်း ယုံကြည်ပါ၏(ရှင်မဿဲခရစ်ဝင် ၃း၁၅)။ ယေရှု၏ နှစ်ခြင်းခံခြင်းနှင့် သူ၏လက်ဝါးကားတိုင်ကြောင့် ကျွန်ုပ်သည် သခင်၏သား ဖြစ်လာရပါ၏။ ထို့အတွက် ကျွန်ုပ်ကိုယ်တော်အား ကျေးဇူးတင်ပါသည်။
သင်၏အပြစ်မျာအားလုံးအား ယေရှုပေါ်၌ထားပြီလော။ သင်၏အပြစ် အားလုံးသူဖြင့် သယ်ဆောင်သွားခြင်းရှိပါသလား။ ကျမ်းစာမိန့်ဆိုသည်မှာ ကျွန်ုပ်တို့သည်ယေရှု၏နှစ်ခြင်းနှင့် သူ၏လက်ဝါးကပ်တိုင်တွင် သေခြင်းအား ကျေးဇူးတင်သင့်ကာ၊ အပြစ်သားများသည် ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း စင်ကြယ်ခြင်းသို့ ရောက်ခဲ့ပါသည်။


ယေရှု၏ဗတ္တိဇံနှင့် ရွေးနှုတ်ကယ်တင်ခြင်းကြားဆက်စပ်မှု

ယေရှု၏ဗတ္တိဇံနှင့်ရွေးနှုတ်ကယ်တင်ခြင်းကြား၌ရှိဆက်စပ်မှုမှာဘာအချက်လဲ
ယေရှု၏ဗတ္တိဇံသည် ရွေးနှုတ်ကယ်တင်ခြင်း ကိုကြိုတင်ဟောခဲ့သည်။ ဓမ္မဟောင်းကျမ်းမှ ကယ်တင်ခြင်း၏ ပုံနမူနာဖြစ်ပါသည်။

ယေရှုအားယုံကြည်ပါသော်လည်း အပြစ်သားကဲ့သို့နေထိုင်၍ ဘုရား ကျောင်းတွင်း၌ ဆုတောင်းနေသူ၏ဆုတောင်းချက် အားစိတ်ကူးကြည့်ပါ။ “ဘုရားသခင်၊ အရင်ပတ်ကကျွန်ုပ်ပြုခဲ့သည့် အပြစ်များတွက်ခွင့်လွှတ် တော် မူပါ။ လွန်ခဲ့သောသုံးရက်မှပြုခဲ့သောအပြစ်များအတွက် ကျွန်ုပ်အားခွင့်လွှတ် တော်မူပါ။ အိုဘုရားသခင် ယနေ့အပြစ်တွက်ခွင့်လွှတ်တော်မူပါ။ ယေရှုအား ကျွန်ုပ်ယုံကြည်ပါ၏။”
ဤလူသည် သူ၏နေတုံအပြစ်များအတွက် ဆုတောင်းခြင်းဖြင့်ခွင့်လွှတ် ခြင်းရသည်ဟု တွေးထင်ကြည့်ပါစို့။ သို့သော်ပြီးမှ သူ၏နေ့စဉ်အသက်တာ၌ အပြစ်ပြုလုပ်ပြန်ပါသည်။ ထိုအခါသူသည် ပြန်လည်၍အပြစ်သားဖြစ်လာ ပေမည်။
ယေရှုသည်ဘုရားသခင်၏ သိုးသူငယ်တော်ဖြစ်လာကာ အပြစ်သားအား လုံး၏အပြစ်များအားသယ်ဆောင်သွားခဲ့သည်။ သူ၏နှစ်ခြင်းခံခြင်း ရွေးနှုတ် ကယ်တင်ခြင်းအားဖြင့် ၄င်းလက်ဝါးကားတိုင်တွင် ရိုက်နှက်ခံရခြင်းဖြင့်၄င်း ကယ်တင်ခဲ့ပါသည်။ ရွေးနှုတ်ကယ်တင်ပြီးသူဖြစ်ရန် အပြစ်သားသည် ယုံ ကြည်ခြင်းရှိရန်လိုအပ်၍သည့်အောက်ပါအ ချက်များအားယုံကြည်ရန်လိုအပ် ပါသည်။ 
အပြစ်အားလုံးသည် ဗတ္တိဇံဆရာယောဟန်အားဖြင့် ပေးသောယေရှု၏ နှစ်ခြင်းခံခြင်းအားဖြင့်ယူဆောင်သွားပြီဖြစ်၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း များကို ပြည့်စုံစေခဲ့ပါသည်။ လောက၏အပြစ်အားလုံးသည် ဆေးကြာခဲ့ ပြီးဖြစ်ပါသည်။ ဤမှန်ကန်သောအချက် အားယုံကြည်သူမှန်သမျှ ကယ်တင် ခြင်းခံရပြီး ရှင်မဿဲခရစ်ဝင် ၃း၁၃-၁၇တွင် ရေးထားသည့်အတိုင်း “ထိုအ တွက်ကြောင့်” ဗတ္တိဇံဆရာယောဟန်အားဖြင့် ယေရှုသည် နှစ်ခြင်းခံကာ အ ပြစ်သားအားလုံး၏ ကယ်တင်ရှင်ဖြစ်လာခဲ့ပါသည်။
စစ်မှန်သောသတင်းကောင်းမှာ ယေရှုသည်တကြိမ်တည်းဖြင့် လောက ၏အပြစ်များကို ယူဆောင်သွားသည်ဟုကျွန်ုပ်တို့ အားပြောပါသည်။သို့သော် မှားယွင်းသောသီအိုရီမှကျွန်ုပ်တို့သည်နေ့စဉ်ရွေးနှုတ်ကယ်တင်ခြင်းခံရသည် ဟု ပြောဆိုသည်။ ဘယ်အချက်ကိုကျွန်ုပ်တို့ယုံကြည်သင့်ပါသနည်း။ ကျွန်ုပ် တို့တစ်ကြိမ်တည်းဖြင့် ရွေးနှုတ်ကယ်တင်ခြင်း ခံခဲ့ပါသလား (ဝါ) ကျွန်ုပ်တို့ သည်နေ့စဉ် ရွေးနှုတ်ကယ်တင်ခြင်းခံရပါသလား။
ယေရှုသည်ကျွန်ုပ်တို့အားတစ်ကြိမ်တည်းဖြင့် ကယ်တင်ခဲ့သည်ဆိုသည် မှာ ထင်ရှားလှပါသည်။ စစ်မှန်သောယုံကြည်ခြင်းမှာ တစ်ကြိမ်တည်းဖြင့် ရေနှင့်ဝိညာဉ်တော်ဖြင့် ရွေးနှုတ်ကယ်တင်ခြင်းအား ယုံကြည်ခြင်းပင်ဖြစ်ပါ သည်။ ကျွန်ုပ်တို့နေ့စဉ် ရွေးနှုတ်ကယ်တင်ရန်လိုအပ်သည်ဟု ယုံကြည်သူ များသည် ကယ်တင်သောအခါမှ ကယ်တင်ခြင်းခံရမည်မဟုတ်ပေ။
စစ်မှန်သောရွေးနှုတ်ကယ်တင်ခြင်းမှာ ယေရှုသည်သူ၏ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင်အသေခံခြင်းအားဖြင့်တစ်ကြိမ်တည်းကယ်တင်ခဲ့သည်ကို သူတို့ ယုံကြည်သင့်ပေသည်။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အရာမှာဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းကာဤစစ်မှန် သောသတင်းကောင်းအားယုံကြည်ရန်ပင် ဖြစ်ပါသည်။
သို့သော်မှားယွင်းစွာဦးဆောင်ခြင်းခံရသူများ၏ယုံကြည်ခြင်း၌ ကျွန်ုပ်တို့ သည် မူလအပြစ်မှသာကယ်တင်ခြင်းခံရ၏။ ထို့ကြောင့်အမှန်တကယ် အပြစ် များမှနေ့စဉ်ကယ်တင်ခြင်းခံရန် လိုအပ်ကာထိုသို့ဖြင့် တဖြည်းဖြည်းဖြင့် ကျွန်ုပ်တို့သည် မဖြောင့်မတ်သူများဖြစ်လာနိုင်ပေသည်။ ထိုအချက်သည် မှား ယွင်းပါသည်။
ယေရှု၏နှစ်ခြင်းခံခြင်းနှင့် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းက တစ်ကြိမ်တည်းဖြင့်အပြစ်ခွင့်လွှတ်ခြင်းကိုပြည့်စုံစေခဲ့ပါသည်။ ဤအရာသည် မှန်ကန်သောအချက်ဖြစ်ပါသည်။ ဗတ္တိဇံဆရာယောဟန် အားဖြင့်ကျွန်ုပ်တို့၏ အပြစ်များယေရှုထံ ရောက်ကာ ကျွန်ုပ်တို့ကယ်တင်ခြင်း ရရန် ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့အပြစ်ပြုပြီးမှ “ကျွန်ုပ်အားခွင့်လွှတ်ပါ” ဆို၍ပြောဆိုနေခြင်း သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်မထိုက်တန်ပေ။ ဘုရားသခင်၏ပ ညတ်တော်ပြောသည်မှာ အပြစ်၏အခကားသေခြင်းဟူ၍ဖြစ်ပါသည်။ ဘုရား သခင်သည်ဖြောင့်မတ်သန့်ရှင်းကြောင်း ကျွန်ုပ်တို့ သိသင့်ပေသည်။
“ကျွန်ုပ်ဝမ်းနည်းပါသည်” ကျွန်ုပ်အားခွင့်လွှတ်ပါဟု ဘုရားသခင်ထံ ဆုတောင်းတတ်သူသည် အပြစ်ပြုပြီးသည့်အခါ၌ ဘုရားသခင်၏တရားမျှတ ဖြောင့်မတ်ခြင်းကို မသိနားမလည်ကြပေ။ ခွင့်လွှတ်ခြင်းတရားအတွက် သူတို့ ဆုတောင်းခြင်းသည် သူတို့၏အသိစိတ်အား သက်သာနှစ်သိမ်စေရန်အတွက် သာ ဖြစ်ပါသည်။ သူ၏အပြစ်ကျူးလွန်မှုများအတွက် သူတဦးတစ်ယောက် ၏အသိစိတ်အားနှစ်သိမ့်ပေးနိုင်ခြင်းသည်အကြိမ်ကြိမ် နောင်တရခြင်းအား ဖြင့်ဆိုသည်မှာမှန်ကန်ပါသည်မဟုတ်လော။ကယ်တင်ခြင်းရရန်တစ်ခု တည်း သောနည်းလမ်းမှာ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်မှသူ၏အသွေးအားယုံကြည် ခြင်းဖြင့်သာဖြစ်ပါသည်။ ထိုအရာအား ကျွန်ုပ်တို့၏နှလုံးသားထဲမှ ယုံကြည် သင့်ပေသည်။ ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ ဘုရားသခင်၏တရာစီရင် ခြင်းမှ လွတ်ကင်းနိုင်မည်ဖြစ်ပါသည်။
အပြစ်မှကယ်တင်ခြင်းအကြောင်းအား သည့်ထက်ပိုစဉ်းစားကြည့်ပါစို့။ ဟေဗြဲသြဝါဒစာ ၉း၂၂ ပြောသည်မှာ “ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ”။
ယုဒလူမျိုးများ၏ ပညတ်တရာအရအပြစ်သည် အသွေးအားဖြင့်သန့်ရှင်း စေရမည်ဖြစ်ပြီး အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိပေ။ ဤအရာ သည် ဘုရားသခင်၏ဖြောင့်မတ်၍မျှတသောပညတ်တော်ဖြစ်ပါသည်။ အပြစ် ၏အခတွက်ပေးဆပ်ခြင်းမရှိပါဘဲ အပြစ်လွှတ်ခြင်းဘယ်သောအခါမျှ ရှိမည် မဟုတ်ပါပေ။
ဘုရားသခင်၏ ပညတ်တရားမျှတပါသည်။ ယေရှုသည်အပြစ်သား ကျွန်ုပ်တို့အား ကယ်တင်ရန်ဗတ္တိဇံဆရာယောဟန်အားဖြင့် နှစ်ခြင်းခံယူကာ လက်ဝါးကားတိုင်ပေါ်တွင် အသွေးသွန်းခြင်းခံခဲ့ရပါသည်။ ကျွန်ုပ်တို့၏ပြစ် မှားမှုအားလုံးအားယူဆောင်ကာသူ၏နှစ်ခြင်းခံခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးသွန်းလောင်းခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များတွက် ပေးဆပ်ခဲ့ပါ သည်။ သူသည် ကျွန်ုပ်တို့၏ကိုယ်စားအပြစ်၏အခကို ပေးဆပ်ခဲ့ပါသည်။

ရွေးနှုတ်ကယ်တင်ခြင်းသည်တကြိမ် တည်းဖြင့်လော
တစ်ကြိမ်တည်းဖြင့် ဖြစ်ပါသည်။ ယေရှုသည် အပြစ်သားအားလုံး၏ အပြစ်များအားသူ၏ ဗတ္တိဇံခံခြင်းအားဖြင့်ယူဆောင်သွားခဲ့ပါသည်

ရှင်မဿဲ ၃း၁၅ တွင် အသင့်လျှော်ဆုံးသောနည်းလမ်းဖြင့် ယေရှုသည် နှစ်ခြင်း မင်္ဂလာခံယူချိန်၌သူ၏ဗတ္တိဇံခံခြင်းအားဖြင့် အပြစ်အားလုံးကို ဆေး ကြောကာလက်ဝါးကားတိုင်တွင် လောက၏အပြစ်မှကယ်တင်ရန် သေခံခဲ့ပါ သည်။
နေ့စဉ်အပြစ်ခွင့်လွှတ်ရန် တောင်းဆိုခြင်းသည် ကျွန်ုပ်တို့အပြစ်များအား ယူဆောင်ကာနောက်တစ်ကြိမ် အသေခံရန် တောင်းဆိုခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။ ဘုရားသခင်၏သင့်တင့်မျှတသော ပညတ်တော်အားကျွန်ုပ်တို့ မှန်ကန်စွာနားလည် ထားသင့်ပေသည်။ ကျွန်ုပ်တို့အပြစ်များအားကယ်တင် ရန် ယေရှုသည်အကြိမ်ကြိမ်သေရန် မလိုအပ်ပေ။
အမှန်တကယ်အပြစ်ယေရှုအားခွင့်လွှတ်ရန် အကြိမ်ကြိမ်တောင်းပန်ရန် လိုအပ်သည်ဟုယုံကြည်သူများအားအလွန်ပင် နှုတ်သရမ်းသောသူများအဖြစ် ဘုရားသခင်ကသတ်မှတ်ပါသည်။ “ဤနှုတ်သရမ်းသောရူးသွပ်သူများသည် ငါ၏သားယေရှုအား ဒုတိယအကြိမ်နှစ်ခြင်းခံ၍ ကားတိုင်ပေါ်တွင် အသေ ခိုင်းသည်ဟုဆိုပေမည်။ သူတို့သည် ယေရှု၏ရွေးနှုတ်ကယ်တင်ခြင်း၌ ယုံကြည်ပါသော်လည်းသူတို့ကိုယ်သူတို့ အပြစ်သားအဖြစ် ခေါ်နေပါသေး သည်။ ငါ၏မျှတသောပညတ်တရားဖြင့် သူတို့အားစီရင်ကာ လောင်ကျွမ်းနေ သောငရဲအိုးထဲသို့ကျရောက်စေမည်ဟုဆိုပါသည်။ သင်၏တစ်ဦးတည်းသော သားအား ဒုတိယအကြိမ်သေစေရန်ဆန္ဒရှိပါသလား။ သင်၏အပြစ်တွက်သင် သည် ငါ၏သားတော်ကိုဒုတိယအကြိမ်သက်ရန်တောင်းဆုနေသည်။ ငါသည် ငါ၏သားတော်ကိုလောက၏အပြစ်သားအားလုံးအတွက် တစ်ကြိမ်တည်းဖြင့် သေခံစေခဲ့ပြီးပြီ။ထို့ကြောင့်အမှန်တကယ်အပြစ်တွက် အကြိမ်ကြိမ်ခွင့်လွှတ် ရန်တောင်းဆိုခြင်းဖြင့် ငါ့အားဒေါသမထွက်စေပါနှင့်။ ရေနှင့်ဝိညာဉ်တော်၏ ရွေးနှုတ်ကယ်တင်ခြင်းအားယုံကြည်ပါ။
ယေရှုကအပြစ်သားများအပြစ်ရှိနေသေးသောသူများအား စစ်မှန်သော သတင်း ကောင်းကိုဟောသော အသင်းတော်သို့ သွားရန်နှင့်မှားယွင်းသော ယုံကြည်မှုကိုစွန့်လွှတ်ကာ မမှန်ကန်သည့်အရာများကို ယုံကြည်ခြင်းဖြင့် အောင်မြင်ကာရွေးနှုတ် ကယ်တင်ခြင်းကို လက်ခံပါ။
ယခုသည် သင်၏နှလုံးသားထဲ၌ ယုံကြည်လျှက်ကယ်တင်ခြင်းရမည့် အချိန်ဖြစ်ပါသည်။ သင်ယုံကြည်ပါသလား။
 

သမ္မာတရား၌မဟုတ်ပေအလုပ်၌သာဖြစ်သော ယုံကြည်ခြင်း၏အကျိုး

ခရစ်ယာန်အများစုသည် အဘယ် ကြောင့်ရှိသောအသက်တာနှင့်ဆက်လက်မရှင်သန်နိုင်ကြပါသနည်း
သူတို့၏အလုပ်ပေါ်တွင် မှီခိုအားထားသောကြောင့်ဖြစ်ပါသည်

ယေရှု၌ယုံကြည်သူအပြစ်သားများပင်ကယ်တင်ပြီးခြင်းမရှိသော်လည်း၃-၅နှစ်တောက်ပစွာထွန်းလင်းနိုင်ပါသည်။ သူတို့သည်အစ၌အလွန်စိတ်အား ထက်သန်ကြပါသည်။သို့သော်သူတို့၏ယုံကြည်ခြင်းမှအချိန်ပိုင်းတွင်းဆုတ်ယုတ်စေပါသည်။
အကယ်၍ သင်သည် ယေရှုအားသင်၏အလုပ်အားဖြင့် ယုံကြည်ပါက စိတ်အားထက်သန်မှုသည်လျှင်မြန်စွာပျောက်ကွယ်သွားပေလိမ့်မည်ပင် ဖြစ် ပါသည်။
မျက်ကန်းများသည်မမြင်နိုင်ပေ။ထို့ကြောင့်သူတို့သည် ဤနည်းလမ်း ဖြင့်သူတို့၏ အခြားသောအာရုံခံနိုင်မှုနှင့် ကြီးထွားလာသောအသိဉာဏ်ပေါ်၌ အားကိုးကြ၏။ သူတို့၌မျက်ရည်များဖြင့် ငိုကြွေးမှုခံစားသောအခါ မှားယွင်းစွာ ဖြင့် အပြစ်ခွင်လွှတ်ခြင်း၏ အမှတ်အသားအဖြစ် ယုံကြည်ကြ၏ စစ်မှန်သော ခွင့်လွှတ်ခြင်းသည်ခံစားမှုသက်သက်မဟုတ်ပေ။
ဝိညာဉ်ရေးရာကန်းနေသူများသည် သူတို၏ပထမအချစ်အား အကျိုး မရှိသောနိုးထမှုအစည်းအဝေးများတက်ရောက်ခြင်းဖြင့်ပြန်လည်ရယူရန်လမ်း ရှာဖွေကြသည်။ သို့သော်သူတို့မူလအနေအထားသို့ပင် ပြန်မရောက်ကြပါပေ။ အပြစ်ခွင့်လွှတ်ခြင်းတရာသည် လက်ခံရရှိရန် မဖြစ်နိုင်သကဲ့သို့ပင် ထင်ရပါ သည်။ အကယ်၍သူတို့သည် အစ၌ပင်မှန်ကန်စွာ ယုံကြည်ခဲ့ပါက သူ၏ခွင့် လွှတ်ခြင်းနှင့်ကျေးဇူးတော်အားဖြင့် နေ့ရက်များကုန်ဆုံးနေသကဲ့သို့ ပို၍ပင် တောက်ပစေလိမ့်မည်ဖြစ်ပါသည်။
သို့သော်မှန်ကန်သောခွင့်လွှတ်ခြင်းမှာအစပိုင်း၌သာတောက်ပကာသူတို့ ပေါ်၌ထင်ရှားတောက်ပခြင်းသည် ဆက်လက်ပျောက်ဆုံးသွားပါသည်။ သူတို့ ၏ရဲရဲတောက်စိတ်အားထက်သန်မှုသည် သူတို့၏ဝိညာဉ်မျက်စိကန်းကာ စစ် မှန်သောသတင်းကောင်းကားအစဦး၌ပင်နာခံခြင်းမရှိ၍လျင်မြန်စွာပျောက် ကွယ်သွားပါသည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖရိုဖရဲ များသည် လက်မောင်းကြားတွင်ကျမ်းစာညှပ်ကာ တမန်တော်များ၏အယူဝါ ဒနှင့်ပဌနာတော်များကိုအလွတ်ကျက်ကာ အမြဲဆုတောင်းကြပါသည်။ သူတို့ သည် အသင်းတော်တွင်း၌ရာထူးတိုးတက်ကာစိတ်လှုပ်ရှားမှုဖြင့် ပြောင်းလဲ သော်လည်း သူတို့၏တိုးပွားလာသောအပြစ်များဖြင့် နောက်ဆုံး၌ဘုရားသ ခင်၏ထုတ်ပြစ်ခြင်းခံရပေသည်။သာဘာရေးကောင်းမှုများဖြင့် အပြင်ပန်း တွင်ဖုံးကွယ်ထားသော်လည်း အတွင်းပိုင်း၌ မူအပြစ်များဖြင့် ပုတ်သိုး နေပါ သည်။ ဤသည်ယုံကြည်ခြင်း၏အကျိုးဖြစ်ပါသည်။သမ္မာတရား၌မဟုတ်ပေ။ အလုပ် ဖြင့်အခြေခံသော ဘာသာရေး၌ဖြစ်ပါသည်။
 

ကျွန်ုပ်တို့သည် ယုံကြည်သောအားဖြင့်ဖြောင့်မတ်ရာသို့ရောက်ကြ၏

ဤကမ္ဘာမြေကြီးရှိအပြစ်အားလုံးတွက် ရွေးဝယ်ခြင်းသည်ပြည့်စုံခဲ့ပြီးပြီလား။
ဟုတ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်မှယေရှု၏ သေခြင်းနှင့် ဗတ္တံဇံအားဖြင့်ပြည့်စုံခဲ့ပြီဖြစ်ပါသည်။

ဟေဗြဲသြဝါဒစာ ၁၀း၁၆-၁၈အား ဖတ်ကြည့်ကြပါစို့။ “ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက် တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။”
ယခုကျွန်ုပ်တို့သည် ယေရှု၏ရေအားဖြင့် ဗတ္တိဇံခံခြင်းနှင့် လက်ဝါးကပ် တိုင်မှသွေးတော်အားဖြင့် ရွေးဝယ်ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့အပြစ်အတွက် ပေးဆပ်ဖို့ရန် မလိုအပ်တော့ပေ။ ဤအကြောင်းပထမဦးစွာ ကြားသောအခါ သင့်အတွက် စိမ်းနေပေလိမ့်မည်။ သို့သော်ဤအကြောင်းအရာသည်သမ္မာ ကျမ်းစာ၏စကားလုံးများပင်ဖြစ်ပါသည်။ ၄င်းအကြောင်းအရာများသည် လူ့စ ကားဖြစ်ပါသလား။ သမ္မာကျမ်းစာသည် အရာအားလုံးအား တိုင်းတာရန် အတွက် အဓိကအမှတ်အသားနှင့် ချိန်သီးဖြစ်ပါသည်။
“နောက်ကာလ၌ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကိုသူတို့ကို သူတို့ နှလုံးသားထဲမှာ ပေးသွင်းမည်။ သူတို့၏စိတ်ဝိညာဉ်၏အပေါ်မှာ ရေးသား မည်။” ရွေးနှုတ်ကယ်တင်ခြင်းခံရပြီးနောက် သင်မည်ကဲ့သို့ခံစားရပါသနည်း။ ယခုသင်၏နှလုံးသားသည် အပြစ်မှလွတ်မြောက်ပြီး လန်းဆန်းပေါ့ပါးမှုကို ခံစားရပါသည်။ ဖြောင့်မတ်သောသူဖြစ်လာပြီး အလင်း၌ နေထိုင်လာနိုင်ပြီ ဖြစ်ပါသည်။
ဘုရားသခင်သည် ဟေဗြဲသြဝါဒစာ ၁၀း၁၇ အရပြောသည်မှာ “တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏” သခင်ကသူသည် ပြစ်မှားခြင်း၊ ကျူးလွန် ခြင်းအမျိုးမျိုးကို မအောက်မေ့ဘဲနေမည်ဟု ပြောပါသည်။ အဘယ်ကြောင့် နည်း၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် “ထိုအရာအတွက်” ဆိုလျှက်အ သင့်လျှော်ဆုံးနှင့်အသေချာဆုံးသော ဗတ္တိဇံခံခဲ့သောကြောင့် ဖြစ်ပါသည်။ အပြစ်အားလုံးယူ ဆောင်ပြီးသည့်နောက်တွင် ယေရှုသည် သူ့ကိုယုံကြည် လက်ခံစေသော သူများကိုယ်စားတရားစီရင်ခြင်း ခံခဲ့ရပါ သည်။
ယခုကျွန်ုပ်တို့အားလုံး၏ အပြစ်တွက်ဆပ်ပေးခဲ့ပြီးပြီဖြစ်၍ ထိုအပြစ် နှင့်မှားယွင်းမှုများအား သတိရနိုင်သောငြားလည်း အပြစ်ရှိသည်ဟု ခံစားဖို့ ရန် မလိုအပ်တော့ပေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များအတွက် သေခံ ဖို့ရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ကျွန်ုပ်တို့ အတွက်လက်ဝါးကပ်တိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းခဲ့ပြီးအပြစ်အား လုံးကိုဆေးကြောခဲ့ပြီး ဖြစ်ပါသည်။
ဟေဗြဲသြဝါဒစာ ၁၀း၁၉-၂၀ တွင် “ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။ ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ် ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။” ဤဆိုလိုချက်မှာ ကမ္ဘာမြေ ကြီး၏အားလုံးအတွက်သူ့အသွေး ပူဇော်ခဲ့ပြီး ဖြစ်ပါသည်။ ထိုအရာက လည်း ယေရှု၌ဒုတိယမွေးဖွားခြင်းခံပြီးသောသူသည် မိမိအပြစ်အတွက် ပူဇော် သဏ္ဌာန်ပြုရန် မလိုအပ်တော့ကြောင်း ဆိုလိုပါသည်။
ကျွန်ုပ်တို့သည် “အိုဘုရားသခင်၊ ကျွန်ုပ်ကိုခွင့်လွှတ်ပါ။ ကျွန်ုပ်သည် ယေရှုကို ယုံကြည်သောအကြောင်းနှင့်ကျွန်ုပ်သည် ရွေးနှုတ်ကယ်တင်ခြင်း မခံရသေးဘဲ ဆင်းရဲဒုက္ခရှိနေဆဲဖြစ်ပါ၏။ အကျွန်ုပ်သည် ခရစ်ယာန်ဖြစ်ပါ သည်။သို့သော်လည်းကျွန်ုပ်၏စိတ်နှလုံးအတွေးသည် အပြစ်ထဲ၌သာ နစ်မွန်း လျက်ရှိပါ၏” ဟု ဆုတောင်းရန်မလိုတော့ပါ။
အပြစ်သားသည် မသိမမှတ်ဘဲ အပြစ်အားကျူးလွန်တတ်ကြပါသည်။ သူတို့သည် အပြစ်ဆိုလိုသည်ကို မသိကြပါ။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင်၏မှန်ကန်သောဝိညာဉ်တော်ကို မသိသောကြောင့်ဖြစ်ပါသည်။ သူတို့ စိတ်အတွေးထဲ၌ အပြစ်မလုပ်ရန်သာသိပြီး၊ ဘုရားသခင်ရှေ့၌ အပြစ်သည် ဘယ်အရာနည်းဆိုသည်ကို မသိကြပါ။ ယေရှုကို ယုံကြည်ခြင်းသည် အပြစ် ဖြစ်သည်ဟု ဘုရားသခင်က ဖော်ပြခဲ့ပါသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၆း၉ ၌ ဘုရားသခင်ရှေ့၌ အပြစ်ဖြစ်ဆိုသည်ကို ရှင်းပြပါသည်။ “ငါ့ကိုမယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြ မည်။” သူ့အားမယုံကြည်ခြင်းသည် ဘုရားသခင်ရှေ့၌ အပြစ်ပင်ဖြစ်ပါသည်။ ရှင်ယောဟန်ခရစ်ဝင် ၁၆း၁၅၌ ဖြောင့်မတ်ခြင်းကိုဖော်ပြပါသည်။ “ခမည်း တော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏” တနည်းအားဖြင့် ယေရှု သည် ကမ္ဘာကြီးအား အပြစ်များအားလုံးမှလွတ်မြောက်ရန် ကယ်တင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဒုတိယအကြိမ်ဗတ္တိဇံခံရန်နှင့်လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံဖို့ရန် မလိုအပ်တော့ပါ။
သူသည် သူ၏ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်သောသူတို့အား ရှင်သန်လာစေရန်နှင့် ဖြောင့်မတ်စေရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဤကမ္ဘာမြေကြီး ၌ ရွေးနှုတ်ကယ်တင်ခြင်းသည် သူ၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့်ပြည့်စုံလုံလောက်ခဲ့ပြီဖြစ်ပါသည်။ အပြစ်သားများအားကယ် တင်ရန် အခြားသောရွေးနှုတ်ခြင်းမျိုး မလိုအပ်တော့ပါ။
“ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါးငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။” (တမန်တော် ၄း၁၂) ယေရှုသည် ဤလောကသို့ကြွဆင်းလာကာ ဗတ္တိဇံဆရာယောဟန် အားဖြင့် နှစ်ခြင်းခံပြီး အပြစ်သားအားလုံးကို ကယ်တင်ရန် အတွက် ကားတိုင်၌အ သွေးတော်သွန်း လောင်းခဲ့ပါသည်။ သင်၏နှလုံးသားထဲ၌ ထိုအရာကို ယုံကြည်ပါက ကယ်တင်ခြင်းသို့ ရောက်မည်ဖြစ်ပါသည်။ ယေရှုသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် သင့်ကိုသန့်ရှင်းစေခဲ့ပြီးဖြစ်ပါသည်။
ယေရှုသည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာထဲမှ အပြစ်အားလုံးအား ရေနှင့် ဝိညာဉ်တော်အားဖြင့် အဝေးသို့လှည်းကျင်းသန့်ရှင်း စေခဲ့ပါသည်။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရပြီဖြစ်ပါသည်။ အကယ်၍ကျွန်ုပ် တို့သည် သမ္မာတရားကို ယုံကြည်လျှင် ယေရှုခရစ်တော်၏သတင်းကောင်း ကို ယုံကြည်လျှင် ကျွန်ုပ်တို့သည် တကြိမ်တည်းဖြင့် အရာအားလုံးအတွက် ဖြောင့်မတ်ခြင်းရပြီဖြစ်ပါသည်။ ယေရှုဗတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ် အသေခံ ခြင်းသည် အဓိကနှင့်အခြေခံကျသော အမှန်တရားနှစ်ခုဖြစ်ပါသည်။


မိမိတို့ခိုလှုံရာအဖြစ် အပြစ်သားများအသုံးပြု ကျမ်းပိုဒ်များ

ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံခြင်းဖြင့် အမှန် တကယ် ရွေးကောက်ခြင်းခံနိုင်ပါသလား (ဝါ) ကျွန်ုပ်တို့သည်ရွေးနှုတ်ကယ်တင်ခြင်းခံ ပြီးပြီလား။
ဘုရားသခင်သည် အပြစ်အတွက် ရွေးနုတ် ခြင်းအားတကြိမ်တည်းဖြင့်အားလုံးတွက် ခွင့်ပြုခဲ့ပါသည်။


၁ယော၁း၉၌ “ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏” ဟုရေးသားထား၏။
အပြစ်မှခွင့်လွှတ်ခြင်းရရန်အတွက်ကျွန်ုပ်တို့သည် အပြစ်ဝန်ချတောင်း ပန်ခြင်းသာလိုအပ်မည်ဆိုလျှင် အင်မတန်မှကောင်း ပေလိမ့်မည်။ ဤအရာ နှင့် စပ်လျဉ်း၍ အချို့သောဘုရားတရားအတတ်ပညာကျွမ်းကျင်သူများက သြဝါဒသစ်တွက်ကြီးမားသော အတွေး အခေါ်သစ်တစ်ခုပေါ်ပေါက်စေခဲ့ပါ သည်။ ထိုသူတို့က တစ်စုံတစ်ယောက်သောသူသည် 
“ဤအရာသည် သင့်လျှော်လိုအပ်ပါသလား။သို့သော်ယေရှုက ကျွန်ုပ်တို့ သည် ဘုရားသခင်ဆီသို့ အချိန်တိုင်းခွင့်လွှတ်ဖို့ရန် ဝန်ချတောင်းပန်ဖို့ တခါမျှ မပြောခဲ့ဖူးပါ။ 
ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံရုံသက်သက်ဖြင့် ရွေးနုတ်ကယ်တင်ခြင်း အမှန်တကယ်ခံရသလား(ဝါ) ကျွန်ုပ်တို့သည် ရွေးနုတ်ကယ်တင်ခြင်းခံရပြီးပြီ လား။ဘယ်အရာကို သင်ယုံကြည်ပါသလဲ။ ဤမှားယွင်းသောဝါဒကို ယုံကြည် သောသုူတို့ဟာ ၄င်းတို့အပြစ်တွက်ဝန်ခံသောအချိန်တိုင်း၌ ခွင့်လွှတ်ခြင်းခံ စားရကြောင်း တင်ပြကြသော်လည်း သူတို့၏နှလုံးသားထဲ၌ အပြစ်တင်ကျန် နေပါသည်။ အဘယ်ကြောင့်ဆိုသော် ရွေးနုတ်ကယ်တင်ခြင်း၏စစ်မှန်သော အဓိပ္ပါယ်ကို မသိသောကြောင့် ဖြစ်ပါသည်။ ယေရှုခရစ်ကို ယုံကြည်သော အပြစ်သားများသည် အပြစ်ခွင့်လွှင့်ဖို့ရန် တောင်းလျှောက်ချိန်တိုင်း၌ ၄င်းတို့ ၏ဒုစရိုက်အပြစ် (နေ့စဉ်လုပ်လေ့ရှိသော အပြစ်)အတွက်ခွင့်လွှတ်ခြင်းမ ဟုတ်ပါ။
ဤအကြောင်းကြောင့် ရွေးနုတ်ကယ်တင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သည် သိထားသင့်ပြီး၊ မှားယွင်းသောခံယူချက်နှင့်မှန်ကန်သော ခံယူချက်ကို လည်း ကျွန်ုပ်တို့လေ့လာခဲ့သည့်အတိုင်း ခွဲခြားရမည်ဖြစ်ပါသည်။
အပြစ်သားများသည် ၁ယော ၁း၉ အားနားလည်မှုလွဲကာ နေ့စဉ်ပြု လုပ်သော ဒုစရိုက်အပြစ်အား ခွင့်လွှတ်ခြင်းနှင့်မှားယွင်းစွာ တွေးထင်တတ် ကြသည်။သမ္မာကျမ်းစာ၏သင်ပြချက်ကို ဂရုစိုက်ဖတ်ရှုကြပါစို့။ “ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကိုမတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏” ကျွန်ုပ် တို့သည် ဗိဇအပြစ်မှသာကယ်တင်ခြင်းခံရ ပြီးကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်များ အတွက်ခွင့်လွှတ်ဖို့ရန်နှင့်ဖြောင့်မတ်ရန် သစ္စာရှိ ရန်ဝန်ချတောင်းပန် ရမည်ဖြစ်ကြောင်းသင်တွေးထင်မိပါသလား။ ဤအရာများသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏အားနည်းချက်အတွက်မှားယွင်းသော အကြံအစည်များသို့ ညွှန် ပြပို့ ဆောင်နေသော အရာများဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် ယေရှု၏ အသွေးတော်နှင့် ဗတ္တိဇံခံခြင်း၌ ယုံကြည်လျှင် ဤအရာများသည်မမှန်ကန်ကြောင်းသိရှိနိုင်ပါသည်။နှစ်ပေါင်းမြောက်များစွာ ကတည်းကပင်လက်ဝါးကပ်တိုင်ပေါ်မှာအသွေးတော်နှင့်ဗတ္တိဇံအားဖြင့်အပြစ် အားလုံးအားဆေးကြောခဲ့ ပြီးဖြစ်ပါသည်။
ဝိညာဉ်တော်အားဖြင့် ယုံကြည်ခြင်းနှင့် မှားယွင်းသောခံယူချက်၏လမ်း ညွှန်ခြင်းဖြင့် ယုံကြည်ခြင်းသည် အလွန်ကွာခြားသောအရာဖြစ်ပါသည်။ မိမိ တို့၏တွေးထင်ချက်အတိုင်း ယုံကြည်သောသူတို့သည် သူတို့၏အပြစ်များ အတွက် နေ့စဉ်ဆေးကြောရန်လိုအပ်သည်ဟု ခံယူကြသော်လည်း အသွေး တော်နှင့်ရေအားဖြင့်ရွေးနုတ်ခြင်းကို ယုံကြည်သောသူတို့သည် တစ်ကြိမ် တည်းဖြင့်ဖြစ်သော ယေရှုခရစ်တော်၏အသွေးတော်နှင့် ဗတ္တိဇံခံခြင်းအားဖြင့် ရွေးနုတ်ကယ်တင်ခြင်းကို သိနားလည်ကြပါသည်။
ယေရှုအသွေးတော်နှင့်ဗတ္တိဇံအားဖြင့် ရွေးနုတ်ခြင်းကို မယုံကြည်သော သူတို့သည် မိမိတို့ကျူးလွန်မိသော ဒုစရိုက်မိသောဒုစရိုက်များအတွက် အသစ်သော ရွေးနုတ်ခြင်းခံရန် နေ့စဉ်ဝန်ချတောင်းပန်ရမည်ဟုခံယူကြ ပါ သည်။
ယေရှု၏ အသွေးတော်နှင့်ဗတ္တိဇံ၌ သင်သည် တကြိမ်တည်းဖြင့်အားလုံး တွက်ရွေးနုတ်ခြင်းမခံသေးသောသူများသည် ကယ်တင်ခြင်းသို့ရောက်ရန် ၄င်းတို့၏ဒုစရိုက်အပြစ်များအတွက် နေ့စဉ်ဝန်ချတောင်းပန်ရန် ကြိုးစားကြပါ သည်။ ဤသို့ပြုခြင်းဖြင့် အနာဂတ်၌ဒုစရိုက်အပြစ်များကို ကျူးလွန်မိစေရန် အတွက် ပြဿနာတစ်ခုအနေဖြင့်ကျန်ရစ်စေပါ သည်။
သူတို့သည် မိမိတို့၏ အနာဂတ်အပြစ်များအတွက် ဝန်ချတောင်းပန်ရန် ပို၍ ကြိုးစားကောင်းကြိုးစားကြလိမ့်မည်။ သို့သော်၄င်းတို့သည်ယေရှု၌ ယုံကြည်ခြင်းကိုနည်းပါး ကြောင်းဖော်ပြပါသည်။ သူတို့သည်ရွေးနုတ်ခြင်းသ တင်းကောင်းအား မမြင်နိုင်သော မျက်ကန်းသူများဖြစ်ပါသည်။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကိုယ်စားတရားစီရင်ခြင်းကို၊ ခံယူခဲ့ပြီး၊ သူ့အသွေး တော်နှင့်ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အား အပြစ်မှတစ်ကြိမ်တည်းဖြင့် အားလုံး တွက်ကယ်တင်ခဲ့ပြီးဖြစ်ပါသည်။ သူ့အားယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ရိုးရှင်း စွာပင် ကယ်တင်ခြင်းရပြီဖြစ်ပါသည်။
အကယ်၍သင်သည် သင့်အနာဂတ်အပြစ်များအတွက် ကယ်တင်ရန်ဝန် ချတောင်းပန်ဖို့လိုအပ်သည်ဟု တွေးထင်နေပါက ဝိညာဉ်တော်နှင့်ရေအား ဖြင့် ဒုတိယမွေးခြင်းကို လုံးဝနားမလည်သောမယုံကြည်သူများနှင့် ကွာခြား ချက်ရှိမည်မဟုတ်ပါ။ အပြစ်သားများသည် ဝန်ချတောင်းပန်ခြင်းဖြင့် ရွေး နုတ်ကယ်တင်ခြင်းမခံနိုင်ပါ။
ထို့ကြောင့် သင်သည် ကျွန်ုပ်သည် ရွေးနုတ်ကယ်တင်ခြင်းမခံရသေး သောအပြစ်သားဖြစ်ပါသည်။ဟုရိုးသားစွာဝန်ချပြီး ယေရှု၏ဗတ္တိဇံသတင်း ကောင်းနှင့် လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းကို ယုံကြည်လက်ခံလျှင်၊ ဘု ရားသခင်သည်သင်၏အပြစ်အားလုံးမှ သင့်ကို ကယ်တင်မည်ဖြစ်ပါသည်။
သို့သော်သင်သည် ရွေးနုတ်ကယ်တင်ခြင်းသတင်းကောင်းကိုမယုံကြည် ဘဲ အပြစ်တွက်နောင်တရခြင်း ဆုတောင်းခြင်း၌သာပုန်းအောင်းနေလျှင် ယေရှုဤလောကကို တရားစီရင်ရန်ကြွလာသောအခါ သင်သည်ကြောက် မက်ဖွယ်ရာတရားစီရင်ခြင်းကို ဖြောင့်မက်သောတရားသူကြီး၏စီရင်ခြင်း အားဖြင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။ 
ရေနှင့်ဝိညာဉ်တော်အားဖြင့် ရွေးနုတ်ခြင်းသတင်းကောင်းကို မယုံကြည် သော သူသည် တရားစီရင်ခြင်းခံရမည်ဖြစ်ပါသည်။ အကယ်၍သူတို့သည် အပြစ်ဝန်ချတောင်းပန်ခြင်း၌သာပုန်းနေမည်ဆိုလျှင် တရားစီရင်ခြင်းအား ရင် ဆိုင်ကြုံတွေ့ရမည်။ ထို့ကြောင့် မိတ်ဆွေတရားစီရင်ခြင်းနေ့ရက်ကို မစောင့် ပါနှင့်။ ယခုပင်ဝိညာဉ်တော်နှင့် ရေ(ဗတ္တိဇံ)၏ သတင်းကောင်းကိုယုံကြည်ပါ။


သင့်လျှော်သော ဝန်ခံခြင်းနှင့်မှန်ကန်သောယုံကြည်ခြင်း

အပြစ်သားအတွက်သင့်လျှော်သော ဝန်ခံခြင်းဆိုသသည်မှာအဘယ်နည်း။
သူသည်မှန်ကန်သောသတင်းကောင်းအား မယုံမခြင်းအပြစ်ရှိနေပြီးငရဲသို့ရောက်မည်ဆို သည်ကို သိ၍ဝန်ခံရန်ဖြစ်ပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အားတကြိမ်တည်းဖြင့်အားလုံးတွက်ရွေး နုတ်ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်ဘာကိုဆိုလိုသည်ကို ဥပမာပေးရှင်းပြရန် လက်တွေ့ဘဝပ် အတွေ့အကြုံတစ်ခုရှိပါသည်။ မြောက်ကိုရီးယားမှ သူလျှို သည်တောင်ပိုင်းသို့လာသည် ဆိုကြပါစို့။ ကျွန်ုပ်တို့ဘယ်လောက်ဖွံ့ဖြိုးတိုး တက်သည်ကို သူမြင်၍သူသည် လိမ်ညာခံရသည်ဟု ခံစားသိမြင်လာကာ သူ့ကိုယ်သူ အဖမ်းခံရန်ဆုံးဖြတ်ခဲ့ပါသည်။
အနီးဆုံးသော ရဲစခန်းသို့သွား၍–ဤကဲ့သို့သူဝန်ခံနိုင်ပါသည်။ကျွန်ုပ် သည် မြောက်ကိုရီးယားမှ သူလျှိုဖြစ်ပါသည်။(ဝါ) ကျွန်ုပ်တောင်ပိုင်းသို့လာရ ခြင်းသည် လူ့အချို့အားလုပ်ကြံသတ်ဖြတ်ရန်ဖြစ်ပါသည်။ ထိုသို့တောင်ပြော မြောက်ပြောပြောကာ ယခုကျွန်ုပ်အဖမ်း ခံပါပြီ။ ထို့ကြောင့် ကျွန်တော်ဟာ အမှန်တကယ်သူလျှိုမဟုတ်တော့ပါဘူး။
ဤအရာသည်သင့်လျှော်သောဝန်ခံခြင်းဖြစ်ပါသလား။ သူအမှန်တကယ် ဝန်ခံခြင်းသည်ဆိုပါက သူပြောရမည်က ကျွန်ုပ်သည် သူလျှိုဖြစ်ပါသည် ဆိုသည့်အချက်တစ်ခု သာဖြစ်ပါသည်။ ဤရိုးရှင်းသော အဆိုပြုချက်က အား လုံးကို နားလည်စေပါသည်။ သူသည် မကောင်းသောသူဖြစ်ကာ တရားစီရင် လိုအပ်သည်။ ထိုရိုးရှင်းသောအဆိုပြုချက်ဖြင့် အဘယ်သို့သောအမှုကို ပြုရန် ခန့်အပ်ထားသည်ဖြစ်ဖြစ် သူသည် ခွင့်လွှတ်ခြင်းရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ပင်၊ အပြစ်သားသည် ဘုရားသခင်မျက်မှောက်၌ ဝန်ခံခဲ့ပါက “ကျွန်တော်သည် ရွေးနုတ်ကယ်တင်ခြင်းမခံရသေးသော အပြစ်သားဖြစ်ပါ သည်။ ကျွန်တော်သည်ငရဲဘုံချကာ အပြစ်စီရင်ရန် သတ်မှတ်ထားသူဖြစ်ပါ သည်။ ကျွန်ုပ်ကိုကယ်ပါ။ ပြီးလျှင် ယေရှုအား ယုံကြည်ပါ။ သူသည်ရွေး နုတ်ကယ်တင်ခြင်းခံရလိမ့်မည်ဖြစ်ပါသည်။ ယေရှုသည် ဗတ္တိဇံခံကာ ကျွန်ုပ်တို့တွက် သူ၏အသွေးသွန်းလောင်းခဲ့ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင် ရန် တစ်ခုတည်းရှိသည်မှာ သူ့အားဖြင့်ရသော ကယ်တင်ခြင်းအား ယုံကြည် ကာကယ်တင်ခြင်းခံပြိး သူများဖြစ် ရန်သာပင် ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း ၂း၁၇ တွင် “ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။”ဟုပြောပါသည်။ကျမ်းစာပြောသည်မှာ တ ကြိမ်တည်းဖြင့် ရွေးနုတ်ကယ်တင်ခြင်းခံရသူသာလျှင် ဖြောင့်မတ်သော သူဖြစ်လာစေနိုင်မည့်လျှို့ဝှက်ချက်ကိုသိသူဖြစ်ပါသည်။
ရနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ နှုတ်ကပတ်တော်ကို မသိသော သူသည် နေ့စဉ်နေ့တိုင်းနောင်တရစွာ ဆုတောင်းသော်လည်း အပြစ်သား ဘဝခထဲက၌ မလွှတ်မြောက်နိုင်ပါ။ ခွင့်လွတ်ဖို့ရန် နေ့စဉ်နေတိုင်း ဆုတောင် ခြင်းသည် အပြစ်ဝန်ခံခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ လူတစ်ဦးတစ်ယောက် သည် ခရစ်ယာန်ဆယ်နှစ်ဖြစ်ခဲ့သော်လည်း ခွင့်လွတ်ဖို့အတွက် နေ့စဉ်ဆု တောင်ခြင်းဖြင့်အပြစ်ထဲကမလွတ်မြောက်နိုင်ပါ။ ကယ်တင်ခြင်းရဖို့ရန် သူအ ပြစ်ကို ဝန်ခံပြီးခရစ်တော်၏ကယ်တင်ခြင်းကို ယုံကြည်ဖို့လိုအပ်ပါသည်။ ဤအရာသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်၏။


တစ်ဦး၏အပြစ်များအား စာရင်းပြုခြင်းပြုရန် သက်သက်သည် ၁ ယော ၁း၉ ၌ ကျွန်ုပ်တို့အားပြောသော ဝန်ခံခြင်းမျိုးမဟုတ်ပေ။

ကျွန်ုပ်တို့၏ အပြစ်များတွက် ကယ် တင်ခြင်းရရန်တစ်ကြိမ်သာ(ဝါ)နေ့စဉ် ဝန်ခံရမည်လော။
တစ်ကြိမ်သာဖြစ်ပါသည်။

သူခိုးနှင့် လူသတ်သမားသည် သူတို့၏ ပြစ်မှုအတွက် ဝန်ခံကာ ရွေးနုတ် ကယ်တင်ခြင်းရနိုင်မည်လား။ အပြစ်သားများသည် သူတို့၏အပြစ်များအား ဖော်ပြခြင်းဖြင့်ရွေးနုတ်ကယ်တင်ခြင်းရသည်မဟုတ်ပေ။ သူတို့သည် သတင်း ကောင်းအားယုံကြည်၍ယေရှု၌ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေး ဖွားခဲ့ခြင်းအားဖြင့်သာရွေးနုတ်ကယ်တင်ခြင်းခံရပါသည်။အချို့သောမှား ယွင်း စွာ ပို့ဆောင်ခံခဲ့ရသည့် ခရစ်ယာန်များ ဤကဲ့သို့ ဝန်ခံတတ်ကြပါသည်။ 
“ဘုရားသခင်၊ ကျွန်တော်တစ်စုံတစ်ယောက်နှင့် စကားများခဲ့ပါသည်။ ကျွန်တော်အပြစ်ပြုခဲ့ပါသည်။ ကျွန်တော်တစ်စုံတစ်ယောက်ကို လိမ်ညာခဲ့ပါ သည်။ ကျွန်တော် ခိုးခဲ့ပါသည်။”
ထိုကဲ့သို့သူတို့ဆက်ပြောနေပါက “တိတ်ဆိတ်စွာနေပါအပြစ်သား၊ ထို သို့ဆိုသော် အဘယ်နည်း။”
“ကျွန်တော့်ကိုကျေးဇူးပြု၍ ဆက်လက်နားထောင်ပေးပါ။ ဘုရားသခင် သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပြစ်အတွက် ဝန်ခံရန် မိန့်တော်မူခဲ့ပါသည်။ သခင်၏ သနားကြင်နာမှုကို တောင်းခံပါသည်။”
ဤဆုတောင်းချက်မျိုးသည် ဘုရားသခင်ကြားလိုသော ဆုတောင်းချက် မဟုတ်ပေ။ သူသည်ရေနှင့်ဝိညာဉ်တော်၏ ရွေးနုတ်ကယ်တင်ခြင်းအား ယုံ ကြည်သူများ၏ ဆုတောင်းသံကို သာသူကြားချင်ပါသည်။ စစ်မှန်သော ဒုတိ ယမွေးဖွားခြင်း၏သတင်းကောင်းအားယုံကြည်၍ သူတို့၏အပြစ်တို့၏ အပြစ် များကို အပ်နှံသူများ၏ ဆုတောင်းခြင်းကိုသာကြားလိုပါသည်။
Augustine ပြောခဲ့သည်မှာသူ၏အမိရင်ခွင်၌ နို့စို့ချိန်၌ပင် နောင်တရခြင်း ရှိသည်ဟုဖြစ်၏။ သူတွေးထင်ခဲ့သည်မှာ ထိုကဲ့သို့ဝန်ခံခြင်းအားဖြင့် ဘုရား သခင်၏ကောင်းကင်နိုင်ငံသို့ ပို့ဆောင်မည်ဟုပင်ဖြစ်သည်။ ကျွန်ုပ်တို့ထို အချက်ပေါ်၌ လှောင်ရယ်နိုင်ယုံပင်ရှိသည့် တစ်စုံတစ်ယောက်၏အပြစ်အား ဝန်ခံရုံမျှဖြင့် ရမည်မဟုတ်ပေ။
ဘုရားသခင်မိန့်ဆိုနေသည်မှာ “တိတ်ဆိတ်စွာနေပါ သင်အပြစ်ပြုခဲ့ သည်ဆိုပါကပြောပါ။ ထိုသို့ပြောနေသည်ကိုရပ်လိုက်ပါ။ ယခုချိန်ထေိသင် သည်မှားယွင်းစွာယုံကြည်နေခဲ့ပြီးထို့ကြောင့် သမ္မာတရားအား သင်ပေးသော အသင်းတော်သို့သွားပါ။ ရွေးနုတ်ကယ် တင်ခြင်းသတင်းကောင်းအားယုံ ကြည်၍ ရွေးနုတ်ကယ်တင်ခြင်းခံပါ။ သို့မဟုတ်ပါက သင့်အား ငါလာ၍တရား စီရင်မည်ဟူ၍ ဖြစ်ပါသည်။
အပြစ်လွှတ်ခြင်းတွက် နောင်တရဆုတောင်းခြင်းနှင့် အခြားဝန်ခံခြင်း ဖြင့် ကယ်တင်ခြင်းရရန် ကြိုးစားခြင်းသည်မှားယွင်းစွာ ပို့ဆောင်ခဲ့ပြီး မမှန် ကန်သော ယုံကြည်မှုဖြစ်ကြောင်း ဖော်ပြပါသည်။
၁ယော ၁း၉ တွင်ရေးသားထားသည်မှာ ကျွန်ုပ်တို့၏ အပြစ်အားလုံး တို့အားဆပ်ကပ်အပ်နှံချိန်ရေနှင့်အသွေးတော် ၏သတင်းကောင်းသည်ကျွန်ုပ် တို့အား အပြစ်အား လုံးမှ ကယ်တင်မည်ဖြစ်ပါသည်။


“ငါ့ထံမှဖယ်ကြ”

အဓမ္မမှုပြုခြင်းဆိုသည်မှာအဘယ် နည်း
စိတ်နှလုံးထဲမှ အပြစ်ဖြေလွှတ်ခြင်းမရရှိဘဲ၊ အပြစ်ရှိလျက်နှင့်ယေရှုကိုယုံကြည်ခြင်းကိုဆိုလိုသည်။


အပြစ်နှင့်မကင်းသောခရစ်ယာန်များသည် ယေရှုရှေ့တော်မှောက်တွင် အဓမ္မအမှုကိုပြုသောသူများဖြစ်ကြသည်“ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ 23ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်” (မဿဲ ၇း၂၂၊ ၂၃)။
သမ္မာတရားမသိနားမလည်သော ယုံကြည်သူသည် သေသောအခါ ဘုရားသခင်ရှေ့တော်မှောက်တွင်ရပ်ပြီး“ကိုယ်တော်မည်သို့အားဖြင့်ဤနေရာသို့ရောက်သနည်း။ အောက်အရပ်မြေကြီးမှာ အကျွန်ုပ်နေခဲ့ချိန်မှာ ကိုယ် တော်သည် အရမ်းလှပလိမ့်မည်ဟု ထင်ခဲ့သည်။သို့သော် ယခုကျွန်ုပ်အထက် သို့ရောက်တဲ့အခါမှာ ကိုယ်တော်သည် အကျွန်ုပ် ထင်ထားခြင်း ထက်များ စွာလှပနေသည်ကိုတွေ့ရပါသည်။ အကျွန်ုပ်ကိုကယ် တင်တော်မူတဲ့ အတွက် ကြောင့် ကိုယ်တော်ကိုအရမ်းကျေးဇူးတင်ပါသည်။ ကျွန်ုပ်နှလုံးသားထဲ မှာအပြစ်ရှိသော်လည်း အပြစ်မရှိတဲ့သူကဲ့သို့သတ်မှတ်လိုက်ပြီ။ ကောင်းကင် နိုင်ငံသို့ခေါ်သွားဘို့ကိုယ်တော်ကတိထားတော်မူတဲ့အတိုင်း ယခုအကျွန်ုပ် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိပါပြီ။ ထိုကြောင့်အခုပန်းပွင့်များနှင့် ပြည့်ပြီး လှပသောဥယျာဉ်ဆီကိုသွားပါအုံးမည်။ ကိုယ်တော်နှင့်ဆုံတွေ့ဘို့ မြော်လင့်လျက်ဘိုင်းဘိုင်း”ဟုဆိုလိမ့်မည်ဟူ၍စိတ်ကူးထဲမှာ စဉ်းစားမိသည်။
ပန်းပွင့်များနှင့်ပြည့်နေသောဥယျာဉ်ဘက်သို့လျှောက်လှမ်းရန် အစပြု သောအခါ ယေရှုကသူ့ကိုတားလိုက်သည်။ “ခဏနေပါအုံး စိတ်နှလုံးထဲမှာအ ပြစ်ရှိမရှိအရင်စစ်ဆေးပါ။ သင်သည် အပြစ်သားဖြစ်သလား။”
“ကျွန်ုပ်တော်အပြစ်သားဖြစ်ပါတယ်။”ဒါပေမယ့်ကိုယ်တော်ကိုယုံကြည်ပြီးပါပြီ။”
“သင်ငါ့ကိုယုံကြည်ပေမယ့်လည်း အပြစ်ရှိသေးသည်မဟုတ်လား။”
“ဟုတ်ကဲ့ ကျွန်ုပ်မှာအပြစ်ရှိပါတယ်။”
“သင့်၌အပြစ်ရှိလား။ အသက်စာစောင်ကိုငါ့ထံသို့ယူလာကြ။ လုပ်ငန်း များကို မှတ်တမ်းတင်သောစာအုပ်ကို ယူလာပြီးမှ သူ့နာမည်စာရင်းပါဝင် သောစာအုပ်ကို ရှာကြသည်။”
မှန်ပါသည်။ထိုသူ၏နာမည်သည်အလုပ်များမှတ်တမ်းတင်ထားသောစာ အုပ်ထဲတွင်ပါဝင်ပါသည်။ 
“လောက၌ အသက်ရှင်နေစဉ်ပြုမှားမိသောအပြစ်များကိုဖေါ်ပြပါ။” ထို သူသည်မဖေါ်ပြချင်သော်လည်း၊ ဘုရားသခင်သည်သူ၏ နှုတ်ကိုဖွင့်ဟစေပြီး၊ ဖေါ်ပြရန်အမိန့်ပေးသောကြောင့် မိမိပြုမှားခဲ့သောအပြစ်များကို ဝန်ခံလျက် ဖေါ်ထုတ်လေသည်။”
“ဟုတ်ကဲ့၊ ကိုယ်တော် ကျွန်တော်အပြစ်အမျိုးမျိုးကိုကျူးလွန်ခဲ့ ပါတယ်...”
ထိုသူသည်မိမိနှုတ်ကိုမပိတ်နိုင်ဘဲ၊ အပြစ်အားလုံးကိုဖေါ်ထုတ်လာ တော့သည်။
ဂဟုတ်ပြီ၊ ရပါပြီ။ သူပြုခဲ့သောအမှားသည် ငရဲနှင့်သာတန်ပါသည်။ ထို ကြောင့်လောင် ကျွမ်းတဲ့မီးထဲသို့သူ့ကိုပို့လိုက်ပါ”ဟူ၍ ယေရှုကပြောလိမ့် မည်။
ပန်းပွင့်များနှင့်ပြည့်နေသောလှပသောဥယျာဉ်သို့ထိုသူကိုမပို့ဘဲ၊ လောင် ကျွမ်းသောမီးနှင့်ပူလောင်သောနေရာသို့ ပို့လိုက်သည်။ ထိုသို့ငရဲသို့ပို့ချခြင်း ခံသောအခါ၊ အဲသွားခဲကြိတ်ခြင်းသို့ရောက်တော့သည်။
“ကိုယ်တော်ကိုယုံကြည်ပါသည်။နာမတော်အားဖြင့်ပရောဖက်လည်းပြုခဲ့ပါသည်။နာမတော်အားဖြင့် သတင်းကောင်းဟောပြောခဲ့ပါသည်။ ကိုယ် တော်၏အစေကိုခံဘို့ ငါ့အိမ်ကိုလည်းရောင်းခဲ့ပါသည်။ ကိုယ်တော်၏နာမ တော်အားဖြင့် မိဘမဲ့ကိုလည်းကူညီခဲ့ပြီး များစွာသောဆင်းရဲဒုက္ခဝေဒနာများ ကိုလည်းခံခဲ့ပါသည်။ မနာမကျန်းသူများအတွက်လည်း ဆုတောင်းပေးခဲ့ ပါသည်။ ထိုအရာများကြိုးစားကျင့်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ဝင်စား နိုင်ရန် ဆက်ကပ်ခဲ့ပါသည်။”
သို့သော်ဘာမှမရှိသောအောက်အရပ်သို့ရောက်သောအခါ အံသွားခဲ ကြိတ်ပြီး ဝမ်းနည်းစွာနေရတော့သည်။ ငရဲသို့ရောက်သောအခါ ယေရှု၏ ရွေးနှုတ်တော်မူခြင်းတရားကို စစ်မှန်စွာမသိရှိနားမလည်သော ခရစ်ယာန် များစွာကိုသွားတွေ့လိုက်သည်။ ထိုကဲ့သို့ရွေးနှုတ်တော်မူခြင်းတရားကို ကြား လွဲသော၊ မှားယွင်းသောသူများသည် ဘုရားသခင်ကိုယ်တိုင်ဖယ်ထားခြင်း ကိုခံရကြသည်။


မှားယွင်းသောယုံကြည်သူများ၏အပြစ်များသည်အလုပ်စာရင်းထဲတွင်မှတ်တမ်းတင်ခဲ့သည်။

မှားယွင်းနေသောအပြစ်သားများ၏ အပြစ် များကိုဘယ်နေရာ၌မှတ်တမ်းတင်ခဲ့သနည်း
သူ၏နှလုံးသားနှင့်အလုပ်များ မှတ်တမ်းတင် သောစာအုပ်ထဲတွင် မှတ်တမ်းတင်ခဲ့သည်


ယေရှုကိုယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ စိတ်နှလုံးထဲမှာ ရှိသောအပြစ်ဟူသမျှတို့ကိုဘုရား သခင်သည်ဖြေလွှတ်ပေးပြီး၊ ဆေးကြောခဲ့ သည်။ အကယ်၍သေးငယ်သောအပြစ်ဖြစ်သော်လည်း လူတဦး၏စိတ်နှလုံး ထဲတွင် တွေ့ရှိပါက ထိုပုဂ္ဂိုလ်သည် တရားစီရင်သောနေ့တွင် ငရဲသွားဘို့ရန် တရားစီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် ရွေးနှုတ်တော်မူခြင်းမခံသေး သော အပြစ်သားများအား အကယ်၍ရွေးနှုတ်တော်မူခြင်း ခံရန်အလိုရှိပါက မိမိကိုယ်ကိုဝန်ခံကြစေရန် တိုက်တွန်းနှိုးဆော်ပါသည်။
အပြစ်သားများ၏အပြစ်များသည် စိတ်နှလုံးထဲတွင်မှတ်တမ်းတင်ခဲ့ သည်။ ရေနှင့်ဝိညာဉ်တော်ထဲ၌ ဒုတိယမွေးဖွားခြင်းခံပြီးသောသူများသည် မိမိ၌အပြစ်ရှိသည်ကို သိသော်လည်း ထိုအပြစ်များသည်သူ၏နှလုံးသားထဲမှ ဖယ်ထားပြီး ဆေးကြောပြီးဖြစ်သောကြောင့် ဖြောင့်မတ်သောသူများဖြစ်ကြ သည်။
သို့သော်ဒုတိယမွေးဖွားခြင်းမခံသောသူများသည် စိတ်နှလုံးထဲတွင်အ ပြစ်ရှိသောကြောင့် ဘုရားသခင်ရှေ့တွင် အပြစ်သားများဖြစ်ကြသည်။ မည် မျှပင်ဒူးထောက်ပြီး ဆုတောင်းစေကာမူ သူတို့၏အပြစ်ကသူတို့ဆုတောင်း ခြင်းကို ဘုရားသခင်နားမညောင်းနိုင်အောင်တားဆီး၍ သူတို့ကိုဘုရားသခင် နှင့်ဝေးကွာစေသည်။ အမျိုးမျိုးအတွက် ဆုတောင်းကြသော်လည်း အပြစ် သည်သူတို့၏စိတ်နှလုံးထဲတွင် ကျန်ရစ်နေသေးသည်။ လွန်ခဲ့သောအ နှစ်(၁၀)၊ သို့မဟုတ်(၁၁)နှစ်၊ အနှစ်(၂၀)တုန်းက မှားခဲ့သောအပြစ်များကို ပြန် လည်ဖေါ်ထုတ်ပြီး နောင်တရကာ၊အပြစ်ဝန်ချတောင်းပန်ခြင်းနှင့် အချိန်ကုန် ခဲ့သည်။
သူတို့ဆုတောင်းသောအခါတိုင်း၊ အမှန်တကယ်နောင်တရကြသလား။ အဘယ်ကြောင့်ထိုကဲ့သို့လုပ်ကြသနည်း။ သမ္မာတရားအတိုင်းမလုပ်ချင်ကြ သော်လည်း ဆုတောင်းသောအခါတိုင်း၊ ဘုရားသခင်ရှေ့၌သူတို့မှားခဲ့သောအ ရာများကို ပြန်လည်အောက်မေ့တတ်ကြသည်။ ထိုအခါအပြစ်မှကယ်လွှတ် ခြင်းခံရန်လိုအပ်ကြောင်း သိရှိလာပြီး၊ ရွေးနှုတ်ခြင်းရရှိ ရန်ကြိုးစားအားထုတ် ပြီး ဆုတောင်းကြသည်။
ဘုရားသခင်သည်သူတို့၏အပြစ်များကို သံကညစ်နှင့်စိန်ချွန်ဖြင့်သူတို့ ၏နှလုံးသား ပေါ်တွင်ရေးသားထားသောကြောင့် ဆေးကြောဖျက်ဆီး၍မရ နိုင်ပါ။ ထို့ကြောင့်ဘုရားသခင်ဆုတောင်းတိုင်း အပြစ်ဝန်ချတောင်းပန်ရန်လို အပ်သည်ဟုခံယူပြီး ဆုတောင်းတိုင်းအပြစ်ဝန်ချတောင်းပန်ခြင်းနှင့် အဆုံး သတ်တတ်ကြသည်။ သို့ဖြစ်၍ ယေရှု၏ဧဝံဂေလိတရားကို တချို့တဝက်သာ ယုံကြည်သောသူသည်အမင်္ဂလာခံသောအပြစ်ကြသားဖြစ်သောကြောင့် ငရဲ၌ သာအဆုံးသတ်ရလိမ့်မည်။
ယေရမိ ၁၇း၁ တွင် “ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏” ဟုရေးသားထားသည်။
ယုဒသည် ဣသရေလလူမျိုးထဲတွင် ဘုရင်အမျိုးအနွယ်နာမည်ဖြစ် သည်။ သမ္မာကျမ်းစာထဲတွင် လူသားအား လုံးကိုဆိုလိုရာတွင် ယုဒနာမည် ကိုအသုံးပြုသောကြောင့် ယုဒဆိုသည်မှာ လူသားအားလုံးကိုဆိုလိုခြင်း ဖြစ်သည်။
ယုဒ၏အပြစ်သည်သံမဏိအားဖြင့်သာလျှင် ထုခွဲ၍ရသောမာကြော သောသံကညစ်နှင့်စိန်ချွန်အားဖြင့် မှတ်တမ်းတင်၍ရေးသားထားသည်။ စိန် သည် ကမ္ဘာပေါ်ရှိအရာဝတ္ထုများထဲတွင် အသန်မာဆုံးနှင့် အခိုင်မာဆုံးဖြစ် သည်။ ကျွန်ုပ်တို့၏အပြစ်များကို စိန်ကဲ့သို့သန်မာသော သံကညစ်နှင့်စိန်ချွန် အားဖြင့် ဘုရားသခင်မှတ်တမ်းတင်ခဲ့သည်။
တခါမှတ်တမ်းတင်ထားသောအရာသည် နောက်တခါပြန်ဖျက်၍မရပါ။ ဝိညာဉ်တော်နှင့်ရေသတင်းကောင်းမယုံကြည်ပါက ထိုအပြစ်များကိုမည် သည့်အရာနှင့်မျှပြန်ဖျက်၍မရပါ။
စိတ်နှလုံးထဲ၌အပြစ်ရှိသောသူသည် အသင်းတော်၌မည်မျှပင်ဆက်ကပ် ပြီး ဓမ္မပညာတို့ကိုကျက်မှတ်၍ ခရစ်ယာန်တို့၏ယုံကြည်ခြင်းကျင့်စဉ်များကို ကျင့်သော်လည်း ထိုကဲ့သို့သောထင်မြင်ယူဆချက်ရှိသူများအတွက် ရွေး နှုတ်ကယ်တင်ခြင်းသည် အသုံးမဝင်သောအရာသာလျှင်ဖြစ်သည်။
သူတို့၏အပြစ်များသည်ယေရှု၏ဗတ္တိဇံခံယူခြင်းမပါဘဲ ဖြေလွှတ်၍မရ သောကြောင့် ဆုတောင်းသောအခါတိုင်း “ကိုယ်တော်ကျွန်တော်သည် အပြစ် သားဖြစ်ပါ၏” ဟူ၍မိမိအပြစ် များကိုပြန်လည်အောက်မေ့တတ်ကြသည်။ ထို ကဲ့သို့သောသူများသည် ဓမ္မပညာများကို လေ့လာ၍အသင်းတော်၏လုပ်ငန်း များကို ကြိုးစားပြီးလုပ်ဆောင်ကာ ဘုရားသခင်နှင့်မိဿဟာယဖွဲ့ရန် ကြိုး စားကြသော်လည်းသူတို့နှလုံးသားထဲတွင်အပြစ်နှင့်ရှိသောကြောင့် သူတို့ လုပ်ဆောင်သမျှသည် အချည်းနှီးသာဖြစ်ကြသည်။
ထို့ကြောင့်တောင်ပေါ်သို့တက်ကာ မီးလောင်သောခြုံဖုတ်ကဲ့သို့သော ရူပါရုံမျိုးမြင်ရန်သော်၄င်း၊ အမျိုးမျိုးသောဘာသာစကားပြောရန်သော်၄င်း ကြိုးစားကြသော်လည်း ထိုအရာများသည် အချည်းနှီးသောလုပ်ဆောင်ချက် နှင့်ကြိုးစားမှုသာဖြစ်သည်။ သင့်နှလုံးသားထဲ၌ အပြစ်လျင် ငြိမ်သက်ခြင်း ရနိုင်မည်မဟုတ်ပေ။
ယေရမိ ၁၇း၁ အရ ကျွန်ုပ်တို့၏အပြစ်များသည် ယဇ်ပလ္လင်ဦးချိုတွင် မှတ်တမ်းတင်ခဲ့သည်။ ကောင်းကင်နိုင်ငံတော်တွင် အသက်စာစောင်နှင့် အ လုပ်ကိုမှတ်တမ်းတင်သောစာအုပ်ဟူ၍ရှိရသည်။ အပြစ်သားများ၏အပြစ် သည် အလုပ်များကိုမှတ်တမ်းတင်သောစာအုပ်ထဲတွင် မှတ်တမ်းတင် သောကြောင့်၊ လူများသည် မိမိအပြစ်ဒုစရိုက်မှ ရှောင်ဖယ်၍မရပါ။ ဘုရား သခင်သည် ကျွန်ုပ်တို့၏အပြစ်များကိုလုပ်ငန်းစာအုပ်နှင့်ကျွန်ုပ်တို့၏ အသိတ ရားနှလုံးသားထဲတွင် မှတ်သားတော်မူသောကြောင့် ပညတ်တရားကိုအသုံး ပြုပြီး ဖေါ်ပြခဲ့သည်။
ထိုမှတ်သားတော်မူသောအပြစ်များကို ယေရှုသွန်းလောင်းတော်မူသော အသွေးတော်မြတ်နှင့်ဗတ္တိဇံခံယူခြင်းကို ယုံကြည်ခြင်းဖြင့်ဆေးကြောဖြေ လွှတ်တော်မူပြီး ကယ်တင်တော်မူခြင်းသို့ရောက်နိုင်သည်။ ထိုမှသာထာဝရ အသက်ရရှိ ရန်အသင့်ဖြစ်ပြီး၊ အသက်စာစောင်ထဲတွင် ကျွန်ုပ်တို့၏နာ မည်ကိုထည့်သွင်းနိုင်သည်။


သင့်နာမည်သည်အသက်စာစောင်ထဲတွင်ရှိနေပြီလား

အသက်စာစောင်ထဲတွင်မည်သူတို့၏နာမည်များရေးသားရသနည်း
စိတ်နှလုံးသားထဲတွင်အပြစ်မရှိသော သူတို့၏နာမည်များ

အသက်စာစောင်ထဲတွင်သင့်နာမည်ရေးထားခြင်းသည် အရေးကြီးသော အချက်ဖြစ်သည်။ သင့်နာမည်သည် ထိုစာစောင်ထဲတွင်မပါရှိပါက၊ ယေရှုကို ယုံကြည်ခြင်းသည် အကျိုးရှိမည်လော။ စစ်မှန်သောရွေးနှုတ်ကယ်တင်ခြင်း သည် ဝိညာဉ်တော်နှင့် ရေ၌ဒုတိယမွေးဖွားခြင်းယုံကြည်ခြင်းမှဖြစ်သည်။
ယေရှုသည် ကျွန်ုပ်တို့ကိုကယ်တင်ရန် အသက်(၃၀)တွင် ဗတ္တိဇံခံယူခြင်း နှင့်လက်ဝါးကားတိုင်ပေါ်အသေခံခြင်းဖြင့် အပြစ်အားလုံးကိုဆောင်ယူသွား ရန် ဤလောကသို့ကြွဆင်းလာခဲ့သည်။ မဿဲ ၃း၁၅တွင် ရေးသားထား သည့်အတိုင်း “အလုံးစုံသောတရား”တို့ကိုကျင့်ခြင်းငှာ ဗတ္တိဇံခံယူပြီး လက်ဝါး ကားတိုင်ပါ်တွင်အသေခံခဲ့သည်။ ကျွန်ုပ်တို့၏နာမည်ကို အသက်စာစောင် ထဲတွင်ရေးသားထည့်သွင်းနိုင်ရန် ဤအရာများကို ယုံကြည်လက်ခံရပါမည်။
လူတို့သည် သေသောအခါဘုရားသခင်ရှေ့တော်မှောက်တွင်ရပ်ပြီးဘု ရားသခင်သည် ထိုသူ၏နာမည်ကိုအသက်စာစောင်ထဲတွင်ရှိမရှိကို ရှာခိုင်း သည်။ ထိုသူ၏နာမည် တွေ့သောအခါ...
“ကိုယ်တော် ဤသူ၏နာမည်သည်အသက်စာစောင်ထဲတွင်ရှိပါသည်။”
“ဟုတ်ပြီ၊ သင်သည်လောက၌ အသက်ရှင်နေစဉ် မျက်ရည်ကျလျက်၊ ဒုက္ခများစွာခံခဲ့ပြီ။ ယခုသင့်ဆင်းရဲ ဒုက္ခမခံရသောနေရာတွင်ငါခေါ်ဆောင် ခဲ့ပြီ။”
ဘုရားသခင်သည် ထိုကဲ့သို့သောသူတို့ကို သူ၏ကတိတော်အတိုင်း ဆို ထားသော်မူသောဖြောင့်မတ်ခြင်းသရဖူကိုဆောင်းစေပြီးချီးမြောက်လိမ့်မည်။
“ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ ကိုယ်တော်၏ကျေးဇူး တော်ကိုထာဝ ရချီးမွမ်းပါ၏။”
ကောင်းကင်တမန်များကထိုသူကိုသရဖူဆောင်းပေးကြသည်။
“ကိုယ်တော်၊ ကိုယ်တော်၏ကယ်တင်တော်မူခြင်း ကျေးဇူးသည်သာ ၍ကြီးမြတ်ပါသည်။” သရဖူသည်အကျွန်ုပ်အတွက်အလွန်ကြီးမြတ်ပါသည်။ ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ကယ်တင်ခြင်းအတွက် ကိုယ်တော်ကိုချီးမွမ်းပါသည်။ ကိုယ်တော်၏ရှေ့တော်မှောက်တွင်အသက် ရှင်နေထိုင်ရသောအခွင့်ပေးတော်မူသောကြောင့် ကိုယ်တော်၏ကျေးဇူး တော်သည်ချီးမွမ်း၍မကုန်ဆုံးနိုင်ပါ။”
“ကောင်းကင်တမန်များ ဒူးထောက်၍ဤ၁၀.ဝဝဝသော ငါ့သားကိုကျော ပေါ် တင်ပြီးချီသွားလော့။”
ကောင်းကင်တမန်များကလည်း “ဟုတ်ကဲ့၊ ကိုယ်တော်”
“ငါ့ကျောပေါ်တက်ခဲ့”
“ဟား၊ ကောင်းလိုက်တာ၊ ကျွန်တော်ဤကဲ့သို့စစ် မှန်သောတရားလုပ်ခဲ့ ပါသလား။ ဆက်လက်သွားရအောင်”
ကောင်းကင်တမန်များသည် သတိရှိစွာခေါ်သွားသည်။
“ခြေခြင်လျှောက်သွားချင်သလား။”
“ဟား၊ ဤနေရာကလှလိုက်တာ။ ဤနေရာဘယ်လောက်ကြီးမားသလဲ”
“နှစ်ပေါင်းများစွာ လျှောက်သွားလိုက်ပြီး အဆုံးတောင်မရောက်နိုင်သေး ပါလား။”
“ဤဟာကအမှန်တကယ်လား။ ကျွန်တော်ကြောင့် ကိုယ်တော်ပင်ပန်း လှပြီ၊ အောက်သို့ချတော်မူပါ”
“ကျွန်ုပ်တို့၏ခွန်အားတတ်စွမ်းမှုအားဖြင့် ထိုနေရာသို့မရောက်နိုင်”
“ကျေးဇူးတင်ပါသည်။ သို့သော်ကောင်းကင်နိုင်ငံတော်ရှိ မြေကြီးသစ် ပေါ်တွင် ခဏလောက်ရပ်ချင်ပါသည်။ ကျွန်တော်ထက်အရင်ရောက်နှင့်သော ဖြောင့်မတ်သော သူများဘယ်နေရာမှာရှိကြပါသလဲ။”
“သူတို့ကဟိုဘက်မှာ....”
“သူတို့ဘက်ကိုသွားကြစို့။”
ထိုနေရာသို့ရောက်သည့်အခါ ဟာလေလုယ၊ တယောက်နှင့်တယောက် ဖက်ကြပြီး ပျော်ရွှင်သောအပြုံးမျက်နှာလေး နှင့်ထာဝရအသက်ရှင်ကြသည်။
ထိုအရာများကိုစဉ်းစားကြည့်သောအခါ ယေရှုကိုယုံကြည်သော်လည်း ယခုပင်အပြစ်ရှိသောသူသည် သေသောအခါဘုရားသခင်ရှေ့တော်မှောက် တွင်ရပ်ရလိမ့်မည်။ ယေရှုကိုယုံကြည်သော်လည်း သူ၌အပြစ်ရှိကြောင်းနှင့် အပြစ်သားဖြစ်ကြောင်းသူကိုယ်တိုင် ဝန်ခံလိုက်သည်။ ဘုရားသခင်က “ဤ သူ၏နာမည်ကို အသက်စာစောင်တွင်ရေးသားခြင်းရှိမရှိကိုရှာကြ”ဟု ပြော သည်။ ထိုအခါကောင်းကင်တမန်များက အသက်စာစောင်ထဲတွင် သူနာမည် ကိုရှာကြသည်။
“ကိုယ်တော် ဤသူ၏နာမည်ရေးသားခြင်းမရှိပါ။”
“ဒါဆိုရင်အလုပ်မှတ်တမ်းတင်သောစာအုပ်ထဲမှာရှာကြ။”
သူ့နာမည်နှင့်အပြစ်များရှိပါသည်။
“ထိုသို့ဖြစ်လျှင် ဤသူကိုနောက်တဖန်စိုးရိမ်ပူပန်ခြင်းမရှိသော နေရာသို့ ပို့လိုက်ပြီး၊ ထိုနေရာမှာ ထာဝရ စိုးရိမ်ပူပန်ခြင်းသို့ ဝင်စေလော့။”
“အိုကိုယ်တော်၊ ဒီလိုလုပ်ရင်မတရားသောအမှုဖြစ်မှာပေါ့....”
ဘုရားသခင်ကပြန်ပြောသည်မှာ ဤသို့ပြုခြင်းသည် မတရားသောအမှု ဖြစ်သည်မဟုတ်၊ ယေရှုကိုစိတ်အား ထက်သန်စွာ ယုံကြည်သောသူကိုအ ဘယ်ကြောင့် ငရဲသို့ပို့ရမည်နည်း။
ဤကဲ့သို့ဖြစ်ရခြင်းမှာ စာတန်သည်ထိုသူကိုလှည့်ဖြားပြီး၊ တချို့တဝက် သောသမ္မာတရား၏ဧဝံဂေလိတရားကိုသာ နားထောင်ရသောကြောင့်ဖြစ် သည်။ ရွေးနှုတ်တော်မူခြင်းအကြောင်း၏စစ်မှန်သောအနက်အဓိပ္ပါယ်ကို နား မလည်ပါက ငရဲ၌သာဘဝကို အဆုံးသတ်ရလိမ့်မည်။
အထက်ကဖေါ်ပြသောလူတဦး၏ပုံဥပမာနည်းတူ ထိုသူသည်ယေရှုကို ယုံကြည်သော်လည်း၊ စာတန်၏လှည့်ဖြားမှုခံရသောကြောင့် မိမိကိုယ်ကို အပြစ်သားဟုထင်ရသည်။ အကယ်၍စစ်မှန်သောဧဝံဂေလိတရားကြားခဲ့ပါက သူ၏ ထင်မြင်ယူဆချက်သည် မှားယွင်းကြောင်းနားလည်နိုင်မည်ဖြစ်သည်။ သို့သော်မှားယွင်းသောမိမိ ထင်မြင်ယူဆချက်အပေါ် တွယ်ငြိရသောကြောင့် မှားယွင်းသောယုံကြည်ခြင်းသို့ လျှေက်လှမ်းမိခြင်းဖြစ်သည်။
သင်သည်အမှန်တကယ်ကောင်းကင်နိုင်ငံတော်သို့ ဝင်စားလိုပါက ဝိ ညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးဖွားခြင်း သတင်းကောင်းကိုယုံကြည်လက်ခံ ရမည်။ ရှင်မဿဲ ၃-၁၅တွင်ရေးသားထားသည့်အတိုင်း “အလုံးစုံသောတရား” တည်းဟူသော လောကအပြစ်အား လုံးကိုယေရှုသည် မိမိအပေါ်သို့တင်ကာ ယူဆောင်သွားခြင်းဖြင့် ဖြေလွှတ်ဆေးကြောခဲ့သည်။ အသွေးတော်မြတ်နှင့် ရေအားဖြင့်ဆောင်ရွက်ပေးသွားသောကယ်တင်ခြင်းတရားကို ယုံကြည်လက် ခံခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းကို ရရှိနိုင်သည်။

အလုပ်စာအုပ်ထဲတွင် မည်သူကို နာမည်များကိုရေးသားရသနည်း
စိတ်နှလုံးထဲတွင်အပြစ်ရှိသောသူတို့၏ နာမည်များ

သင်သည် ခိုင်းသမျှအရာကို ငြင်းဆိုခြင်းမပြုတတ်သော ကောင်းသောသူ တဦးကဲ့သို့၊ ပြောသမျှကိုယုံကြည်မိပါက၊ ငရဲ၌ဘာဝကိုအဆုံးသတ်သောသူ ဖြစ်လိမ့်မည်။ ငရဲတွင်ထိုကဲ့သို့သောသူတော်ကောင်းများစွာရှိကြသော်လည်း ကောင်းကင်နိုင်ငံတော်တွင်မူ မိမိယုံကြည်ခြင်းအတွက် ကောင်းသောတိုက် လှန်ခြင်းကိုပြုသောသူများရှိကြသည်။
ကောင်းကင်နိုင်ငံတော်တွင် ဝင်းစားသောသူများသည် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းနှင့် ငရဲသည် အပြစ်သားများအတွက် ရည်ရွယ်ထား သောနေရာဖြစ်ကြောင်းကိုလည်း သိရှိနားလည်ကြသည်။ ထို့ပြင်ယေရှု၏ အသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် သူတို့၏အပြစ်အားလုံးကိုဖြေ လွှတ်ပြီး ဆေးကြောတော်မူကြောင်းကို ကျေးဇူးသိစွာယုံကြည် လက်ခံသော သူများဖြစ်ကြသည်။
အချို့ကကောင်းကင်နိုင်တွင် နားနှင့်ပါးစပ်များစွာရှိသည်ဟု ပြောတတ် ကြသည်။ လူတို့သည် ယေရှု၏ရွေးနှုတ်တော်မူခြင်းကို နားဖြင့်သာယုံကြည် ၍အချို့တို့သည် ပါးစပ်မျှဖြင့်သာယုံကြည်ကြသောကြောင့် ဘုရားသခင်သည် ထိုသူတို့၏နားနှင့်ပါးစပ်ကိုသာ ကောင်းကင်နိုင်ငံတော်သို့ဝင်စားစေပြီး သူ တို့၏ကိုယ်ခန္ဓာသည် လောင်ကျွမ်းသောမီးဖိုတည်းဟူသော ငရဲသို့ပစ်ချခြင်းခံ ရလိမ့်မည်။
ယေရှုကိုယုံကြည်သော်လည်းစိတ်နှလုံးထဲ၌အပြစ်ရှိသောသူသည် ဘု ရားသခင် ရှေ့တော်မှောက်တွင်ရပ်သောအခါ “ကိုယ်တော်၊ အကျွန်ုပ်သည် စိတ်နှလုံးထဲ၌အပြစ်ရှိသော်လည်းယေရှုကိုယုံကြည်သောကြောင့်ဖြောင့်မတ် သောသူဟု လူများကခေါ်ဆိုကြသည်။ ကိုယ်တော်သည်လည်းအကျွန်ုပ်ကို အပြစ်ကင်းသောသူဟူ၍သတ်မှတ်လိမ့်မည်ဟုယုံကြည်ပါသည်။ ထိုအရာ သည်ကျွန်တော်သင်ယူရသောအရာနှင့်ယုံကြည်သောအရာဖြစ်သည်။ လူများလုပ်ဆောင်သည့်အတိုင်း အကျွန်ုပ်ယုံကြည်ပါသည်။ ထိုအရာ များသည်  ကျွန်ုပ်၏ယုံကြည်ခြင်းကို အစပြုလာစေသောယုံကြည်ခြင်း ဖြစ် သည်”ဟုပြောပြလိမ့်မည်။ဘုရားသခင်သည် “ထိုကဲ့သို့စိတ်နှလုံးထဲ၌အပြစ်ရှိ သော သူကိုငါခွင့်မလွှတ်နိုင်။ ဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးဖွားခြင်း ခံခြင်းအားဖြင့် အပြစ်အားလုံးကိုငါဆေးကြောခဲ့ပြီ။ သို့သော်သင်သည် ထိုအရာကိုမယုံကြည်ဘဲငြင်းဆိုခဲ့သည်။ ကောင်းကင်တမန်များ ဤမောက် မာစော်ကားသောသူကို ငရဲမီးအိုင်ထဲသို့ပစ်ချလိုက်ကြပါ” ဟူ၍ ပြန်ပြော လိမ့်မည်။
ယေရှုကိုယုံကြည်သော်လည်း စိတ်နှလုံးထဲ၌အပြစ်ရှိသောသူမည်သည် ကား ငရဲ၌ဘဝကိုအဆုံးသတ်မည့်သူများဖြစ်ကြသည်။ စစ်မှန်သောရွေးနှုတ် တော်မူခြင်း ဧဝံဂေလိတရားကိုကြားနာ၍ အပြစ်မှကယ်တင်တော်မူခြင်းသို့ ရောက်ကြလော့။ သို့မဟုတ်ပါကငရဲမီးအိုင်ထဲသို့ လောင်ကျွမ်းခြင်းခံရလိမ့် မည်။
စိတ်နှလုံးထဲ၌အပြစ်ရှိလျက်နှင့် အပြစ်ကင်းသောသူဟု ခေါ်ဆိုခြင်း သည် ဘုရားသခင်ကိုမုသားပြောခြင်းသာ ဖြစ်သည်။ အပြစ်ရှိသောသူနှင့် ဖြောင့်မတ်သောသူတို့၏ ကွာခြားချက်သည် နောက်ဆုံးသောအချိန်တွင် ကောင်းစွာတွေ့နိုင်သည်။ သင်ကိုကယ်တင်တော်မူခြင်းသို့ရောက်နိုင်ရန် အ ဘယ်ကြောင့်ကျွန်တော်သင့်ကို ဤသို့အတင်းအကျပ်ဖိတ်ခေါ်၍ဆုတောင်း ပေး နေခြင်းကိုနားလည်လာလိမ့်မည်။
ပြည့်စုံသောရွေးနှုတ်တော်မူခြင်း (လက်ဝါးကားတိုင်ပေါ်တွင်ယေရှုအ သေခံတော်မူခြင်းနှင့်ဗတ္တိဇံခံယူခြင်း)ကို ယုံကြည်သောသူနှင့်မယုံကြည် သောသူများ၏ ကွာခြားချက်ကို ကောင်းကင်နှင့်ငရဲလမ်းခွဲရောက်သောအခါ သင်နားလည်ပါလိမ့်မည်။ ထိုအရာ သည်ကြီးမားသောကွာခြားချက်ကိုဖြစ် ပေါ်စေလိမ့်မည်။ အချို့သောသူများသည်ကောင်းကင် နိုင်ငံတော်သို့ဝင်စား ရ၍ အချို့တို့သည် ငရဲသို့သွားကြလိမ့်မည်။
သင်သည်ယေရှုကိုယုံကြည်သော်လည်း စိတ်နှလုံးထဲ၌အပြစ်ရှိသော သူဖြစ်သလား။ ထိုသို့ဖြစ်ပါက ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းကို သိရှိနားလည်ရန်လိုအပ်ပါသည်။ ဘုရားသခင်သည်စိတ်နှလုံးထဲမှအပြစ်ရှိ သောသူကိုငရဲသို့ပို့လိမ့်မည်။ အပြစ်ခွင့်လွတ်ခြင်းကို ယုံကြည်လက်ခံသော သူများသာကောင်းကင်နိုင်ငံတော်သို့ဝင်ရကြလိမ့်မည်။
ယခုယုံကြည်၍လက်ခံပါ၊ ယခုလက်မခံပါက နောက်ကျလိမ့်မည်။ ကြို တင်အသင့်ပြင် ထားပါ။ ငရဲ၌ ဘဝအဆုံးမသတ်ခင်၊ သန့်ရှင်းခြင်းရရှိနိုင်ရန် ဝိညာဉ်တော်နှင့်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်တော်မူခြင်း ကိုခံယူပါ။
ကျွန်ုပ်တို့၏သခင်ယေရှုသည်သာ၍ဘုန်းကြီးပါစေသော် ကျွန်ုပ်သည် အပြစ်သားဖြစ်လျက်ပင် သူ၏ကြီးမြတ်တော်မူသောအားဖြင့် ဖြောင့်မတ် သောသူဖြစ်စေတော်မူပြီ။ ကိုယ်တော်ကိုချီးမွမ်းပါ၏။ ဟာလေလုယ။


ဖြောင့်မတ်သောသူများကိုထောက်မတော်မူသောယေရှု

နောင်တနှင့်ဆုတောင်းခြင်းသည်ကျွန်ုပ်တို့အပြစ်များဖြေလွှတ်နိုင်မည်လော
မဖြေလွှတ်နိုင်ပါ။ ၄င်းအားဖြင့်လုံးဝမဖြစ်နိုင်ပါ။ ထိုနည်းလမ်းသည်စာတန်လှည့်ဖြားသောနည်း လမ်းသာဖြစ်သည်။]

မဖြေလွှတ်နိုင်ပါ။ ၄င်းအားဖြင့်လုံးဝမဖြစ်နိုင်ပါ။
ထိုနည်းလမ်းသည်စာတန်လှည့်ဖြားသောနည်း
လမ်းသာဖြစ်သည်။
၁ယော ဟန် ၂း၁-၂ ကို ဖတ်ကြစို့ “ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။ ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။”
ဤကျမ်းပိုဒ်တွင်ရေးထားသောအရာကိုတွေ့သလော။ ယုံကြည်သော် လည်းစိတ်နှလုံးထဲတွင်အပြစ်ရှိသောသူရှိသလား။သင့်စိတ်နှလုံးထဲတွင် အ ပြစ်ရှိကြောင်း ဘုရားသခင်အားမဖေါ်ပြပါက သင်သည်ဘုရားသခင်ကို မုသား ပြောသောသူဖြစ်သည်သာမက မိမိကိုယ်ကိုမုသား ပြောသောသူလည်း ဖြစ်လိမ့်မည်။
အကယ်၍ယောဒန်မြစ်၌ ယေရှု၏ဗတ္တိဇံခံခြင်းအားဖြင့် အပြစ်များဆေး ကြော ဖြေလွှတ်ပေးခြင်းနှင့်ယေရှုလုပ်ဆောင်ခဲ့သောအရာများကို လက်ခံယုံ ကြည်ပါက အပြစ်မှကယ်လွှတ်ခြင်းကို အပြည့်ခံစားရရှိမည်ဖြစ်သည်။ ထိုမှသာ “ကိုယ်တော်ဝိညာဉ်တော်နှင့်ရေအားဖြင့် ကျွန်တော်ဒုတိယမွေးဖွား ခြင်းခံနေပြီ။ ကျွန်ုပ်၌အပြစ်မရှိတော့ပါ။ ရှက်ကြောက်ခြင်းမရှိဘဲ ကိုယ်တော် ရှေ့တော်မှောက်တွင်ရပ်တည်နိုင်ပြီ” ဟု ပြန်ပြောနိုင်မည်။
ထို့နောက်ဘုရားသခင်သည် “ဟုတ်ကဲ့၊ သင်မှန်ပါသည်။ အာဗြဟံသည် ငါ့ကိုယုံကြည်ပြီး၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ်သတ် မှတ်ပေးသကဲ့သို့၊ ငါသည်သင့်အပြစ်ကိုဖြေလွှတ်ပြီးဆေးကြောပေးခဲ့ပြီးဆို တာကိုသင် ယုံကြည်သောကြောင့် သင်သည်လည်းဖြောင့်မတ်သောသူ ဖြစ်ပြီး” ဟူ၍ပြန်ပြောလိမ့်မည်။ သို့သော်ယေရှုကိုယုံကြည်သော်လည်းစိတ် နှလုံးထဲမှအပြစ်ရှိသောသူတဦး၏အကြောင်းကိုကြည့်ကြပါစို့။“ငါသည် ယေရှု ကိုယုံကြည်သောကြောင့် စိတ်နှလုံးထဲ၌အပြစ်အနည်းငယ်ရှိသော်လည်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်” ဟုဆိုခဲ့သည်။
ဘုရားသခင်၏တရားပလ္လင်ရှေ့တွင်ရပ်ပြီးတရားစီရင်ခြင်းခံသောအခါ ကောင်း ကင်နိုင်ငံသို့ဝင်စားဘို့ရန် ကြိုးစားပြီး မိမိကိုယ်ကိုအမျိုးမျိုးဖြင့် ကွယ်ကာသော်လည်း သူ၏အဆုံးသည် ငရဲသာလျှင်ဖြစ်ပါသည်။ အဘယ် ကြောင့်နည်း။ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာတည်းဟူသော ဝိညာဉ် တော်နှင့်ရေ၌ဒုတိယမွေးခြင်းအကြောင်းကို မသိရှိနားမ လည်သောကြောင့် ဖြစ်သည်။
ယေရှုဤလောက၌ တရားစီရင်ရန်ကြွလာချိန်တွင် လူသားတိုင်းမိမိအ ပြစ်ကိုဝန်ခံ၍ သူ၏ရှေ့တော်မှောက်တွင် မိမိအပြစ်ကိုဤသို့ဖြင့်ဖေါ်ထုတ် ကြလိမ့်မည်။ “ကျွန်တော်အပြစ် သားဖြစ်ပါသည်။ငရဲသွားမည့်သူဖြစ်ပါသည်။ ကျေးဇူးပြု၍ ကယ်တင်တော်မူပါကိုယ်တော်”ဟုလျှောက်ကြလိမ့်မည်။ အ ပြစ်သားသည်နောင်တရဆုတောင်းခြင်းဖြင့် ကယ်တင်ခြင်းသို့မ ရောက်နိုင်။ ထိုအရာထက်မိမိအပြစ်ကိုဝန်ခံ၍ ဝိညာဉ်တော်နှင့်ရေ ရွေးနှုတ်ကယ် တင်ခြင်းသတင်းကောင်းကိုယုံကြည်လက်ခံသင့်သည်။ ဝိညာဉ်တော်နှင့်ရေ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်သောသူဖြစ်နိုင်သည်။
ယေရှုသည်ကျွန်ုပ်တို့၏မွေးရာပါအပြစ်ကိုသာဖြေလွှတ်ဆေးကြောပေးပြီး၊ ကယ်တင်ခြင်းသို့ရောက်ရှိနိုင်ရန် နေ့စဉ်ပြုမှားသောအပြစ်များကို နောင် တရရန်လိုအပ်သည်ဟူသော ခံယူချက်သည် လွှဲမှားသောစာတန်၏လှည့် ဖြားမှုဖြစ်သည်။ ဤအရာသည် ငရဲသို့ပို့ဆောင်တတ်သောတရားလမ်းဖြစ် သည်။ များစွာသောယုံကြည်သူ(ခရစ်ယာန်)များသည် ဤလွဲမှားသောဧဝံဂေ လိတရားကို ယုံကြည်လက်ခံခြင်းအားဖြင့် သူတို့အသက်တာကို ထိန်းချုပ် သောကြောင့် မိမိကိုယ်ကို ငရဲသို့ပို့ဆောင်တတ်ကြသည်။
သင်သည်မှားယွင်းသောဧဝံဂေလိတရားသာလက်ခံသည်ကို မိမိကိုယ် ကို သိနိုင်သလား။ အပြစ်ကြွေးကိုပေးဆပ်ပေးပြီးမှ ယခုထိသင်သည်အကြွေး တင်သော သူဖြစ်နိုင်အုံးမည်လော။ ယေရှုကို ယုံကြည်လျက် မိမိကိုယ်ကိုယ် အပြစ်သားဟုထင်မိပါက စစ်မှန်စွာယေရှုကိုယုံကြည်သည်ဟု သင်ပြောနိုင် မည်လော။ သင်သည်အပြစ်သားလား၊ သို့မဟုတ် ယုံကြည်ခြင်းဖြင့်ဖြောင့် မတ်သောသူလား။
သင်၏ယုံကြည်ခြင်းသည်အပြစ်အားလုံး ယေရှုခွင့်လွှတ်ပေးခဲ့သော အရာအပေါ် သို့မဟုတ် နေ့စဉ်ပြစ်မှားသော ဒုစရိုက်များအတွက် နောင်တ ရခြင်းအပေါ်အခြေခံနိုင်သည်။ကောင်းကင်နိုင်ငံတော်သို့ဝင်စားခြင်းနှင့် ငရဲသို့ ကျဆင်းခြင်းသည် သင်၏ရွှေးချယ်မှုအပေါ်၌သာမူတည်ပါသည်။ သင်အားစစ် မှန်သောဧဝံဂေလိတရား ဟောပြောနိုင်သူဧဝံဂေလိ ဆရာကို သတိထားပြီးရှာ သင့်ပါသည်။
မှားယွင်းသောဧဝံဂေလိတရားကိုလက်ခံသောသူများသည် ဆုတောင်း စည်းဝေးရှိရာ နေရာတိုင်း၌၄င်း၊ ဗုဒ္ဓဟူးနေ့တိုင်းဆုတောင်းရာတွင်၄င်း၊ သော ကြာည၊ ညလုံးပေါက်ဆု တောင်းချိန်တွင်၄င်း မိမိအပြစ်များဖြေလွှတ်ရန်နှင့် ခွင့်လွှတ်ခြင်းရရှိရန် ကြိုးစားအားထုတ်ပြီး ဆုတောင်းတတ်ကြသည်။
“ကိုယ်တော် အကျွန်ုပ်ပြစ်မှားပါပြီ။ ဒီတပါတ်အတွင်းကိုယ်တော်ကိုပြစ် မှားပါသည်”ဟူ၍ လျှောက်ကြသည်။ ထို့နောက်လွန်ခဲ့သောနှစ်များကပြစ်မှား ခဲ့သော အပြစ်များကိုပြန်လည်အောက်မေ့၍သတိရလာကြပြီး၊ ထိုအပြစ်များ ခွင့် လွှတ်ရန်ဆု တောင်းကြသည်။ ထိုအရာသည်ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းသတင်း ကောင်းကို ငြင်းပယ် သည့်သဘောဖြစ်သည်။
ကျွန်ုပ်တို့၏အပြစ်ကြွေးကို ယေရှုသည်ကားတိုင်ပေါ်တွင်အသွေးတော် မြတ်သွန်းလောင်းခြင်းအားဖြင့် ပေးဆပ်ခဲ့ပြီ။ ဟေဗြဲ ၉း၂၂ “ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်း လောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ” အပြစ်ရှိသည်ဟု မိမိကိုယ်ကိုထင်သောအခါ နောက်တဖန်အသွေးသွန်းလောင်းပေးရန် ဆု တောင်းဖူးသလား။ ပြည့်စုံသောရွေးနှုတ်ကယ်တင်ခြင်းကိုမယုံကြည်သောသူသည် ယေရှု၏ရွေး နှုတ်တော်မူခြင်းကို မုသာဖြစ်စေသောသူများဖြစ်ကြသည်။ ထိုသူများသည် တခါတည်းနှင့်ထာဝရအတွက်ယေရှု၏ ကယ်တင်ခြင်းကိုလက်မခံဘဲ မုသာ ဟူ၍ စွပ်စွဲသောသူများဖြစ်ကြသည်။
ယေရှု၌ ရွေးနှုတ်ကယ်တင်ခြင်းရရှိနိုင်ရန်၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်လက်ခံသင့်သည်။ အကြိမ်တသန်း သို့မဟုတ်တထောင် သို့မဟုတ် တရာဆုတောင်းရုံမျှဖြင့် အပြစ်ခွင့်လွတ်ခြင်းအမှန်တကယ်ရ ရှိနိုင်မည်လော့။ စစ်မှန်သောဧဝံဂေလိတရားအားဖြင့်သာ တချိန်တည်းတွင် ထာဝရအတွက်ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။ ထိုသို့ဖြင့် ဖြောင့်မတ်သောသူ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်စားမည့်သူနှင့် ဖြောင့်မတ်ခြင်းနှင့်ထာဝရအ သက် ရှင်မည့်သူဖြစ်ရမည်။
“ငါသည်ယေရှု၌အသစ်သောအသက်တာနှင့်အသက်ရှင်ပြီ။ ဟောင်း သောအရာသည် လွန်သွား၍ အသစ်အရာသည်အစပြုလာပြီ။ ဟောင်းသော အရာများသည်တဖြည်းဖြည်းလွန်သွားပါပြီ။အို၊ယေရှုသည်စစ်မှန်သောကျွန်ုပ် ၏အသက်ရှင်ခြင်းဖြစ်သည်။ ငါသည်ယေရှု၌ အသစ်သောအသက်တာနှင့် အသက်ရှင်ပြီ။”
သင်သည်ယေရှု၌ အသစ်သောအသက်တာနှင့်အသက်ရှင်ပြီ။ မိမိစိတ် ကြိုက်ချောမောလှပသောသူမဖြစ်သော်လည်း၊ သို့မဟုတ် အရပ်ပုသော သူဖြစ်စေ၊ အလွန်၍ကြီးသောသူဖြစ်စေ၊ ဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေး ဖွားခြင်းခံပြီး၊ကျေးဇူးတော်ခံစားသောသူမူကား၊ ငြိမ်သက်ပျော်ရွှင်သော အသက်တာနှင့် အသက်ရှင်သောသူဖြစ်ရသည်။ မိမိစိတ်ကြိုက်အတိုင်း နှာခေါင်းမချွန်၊ ကိုယ်လုံးသေး၍ ပုတုတုဖြစ်နေသလား။ ကျွန်တော်တို့သည် မပြည့်စုံသောသူဖြစ်သော်လည်း ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းကို ယုံကြည်လက်ခံခြင်းဖြင့် ယေရှု၌ကယ်တင်ခြင်းရရှိသောသူများဖြစ်ကြသည်။ သို့သော် မိမိထင်မြင်ယူဆသည့်အတိုင်းသာ ဆောင်ရွက်တတ်သောသူသည် ငရဲ၌သာဘဝအဆုံးသတ် ကြလိမ့်မည်။
ကိုယ်တော်ကိုအစဉ်ထာဝရချီးမွမ်းပြီး ကျေးဇူးတင်ပါ၏။ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်စားခွင့်ရသောကြောင့် ကိုယ်တော်ကိုအစသ်ထာဝရချီးမွမ်းပြီး ကျေးဇူးတင် ပါသည်။


မစစ်မှန်သောတရားသည် အပါယ်ငရဲသို့ပို့ဆောင်တတ်သည်

နောက်ဆုံးသောနေ့ရက်၌ ဖြေင့်မတ် ခြင်းသရဖူဆောင်းမည့်သူများသည် မည်သူတို့ဖြစ်ကြမည်နည်း

မမှန်ကန်သောတရားကိုကျော်ဖြတ်နိုင်သောသူများ

မမှန်ကန်သောတရားသည် အပြစ်ဖြေလွှတ်ခြင်းရရှိနိုင်ရန် နေ့စဉ်နောင် တရဘို့ ကျွန်ုပ်တို့ကိုသွန်သင်သော်လည်း ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေး ဖွားခြင်း ဧဝံဂေလိတရားကမူ အပြစ်အားလုံးကိုဖြေလွှတ်ဆေးကြောပေးခဲ့ပြီး။ ထိုအရာကိုယုံကြည်လက်ခံရန်ထိုသတင်းကောင်းက ကျွန်ုပ်တို့ကိုသွန်သင် ပေးသည်။
အဘယ်အရာသည် သမ္မာတရားဖြစ်သနည်း။ နေ့စဉ်နောင်တရရန်လိုအပ် ပါသလား။ သို့မဟုတ်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် အပြစ်အားလုံးဆေး ကြော ဖြေလွှတ်ပေးသည်ဆိုသောအရာသည် ယုံကြည်ထိုက်သောအရာဖြစ် သလား။ ယေရှုသည်အပြစ်အားလုံးကိုတကြိမ်တည်းတွင် ထာဝရအတွက်ဖြေ လွှတ်ဆေးကြောပေး၍ ထိုနည်းအားဖြင့်ကယ်တင်ခြင်းကို ဆောင်ရွက် ပေးသည်ဟူသောအချက်သည် စစ်မှန်သောသမ္မာတရားဖြစ်သည်။
ကျွန်ုပ်တို့သည် မမှန်ကန်သောတရားကို ဝိညာဉ်ရေးရာတိုက်ပွဲအားဖြင့် အနိုင်ယူသင့်သည်။ များစွာသောသူတို့ သည်မမှန်ကန်သောတရားသို့လိုက် သွားတတ်ကြသည်။ “ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကိုငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အ သတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ”(ဗျာ ၂း၁၂-၁၃)။
‘‘ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏” (ဗျာဒိတ် ၂း၁၇)။
ဝိညာဉ်ဆိုးများ ကျိန်းဝပ်သောနေရာများတွင် မမှန်ကန်သောတရားကို စစ်မှန်သောသမ္မာတရားကဲ့သို့ ဟန်ဆောင်ပြသ၍ စာတန်သည်လည်း လင်း သောကောင်း ကင်တမန်ကဲ့သို့ပေါ်လာတတ်သည်။ စစ်မှန်သော ကယ်တင် ခြင်းတရားတည်းဟူသော ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းတရားကို ကြားနာ၍မယုံကြည်သောသူကို ဘုရားသခင်သည် မကူညီမမစနိုင်ပေ။ ထို ကဲ့သို့သောလူတို့၏အဆုံးသည် ထာဝရငရဲသို့ကျဆင်းခြင်းသာဖြစ်သည်။
ယေရှု၏ကယ်တင်တော်မူခြင်းတရားကို ယုံကြည်လက်ခံရန် လူသား တိုင်းမိမိကိုယ်ကိုဆုံးဖြတ်ကြရမည်။ သင်ကယ်တင်ခြင်းရရှိရန်အတွက်သင့် ရှေ့တွင်ဒူးထောက်ပြီးမည်သူကမျှလာပြီးတောင်းပန်ကြလိမ့်မည်မဟုတ်ပေ။
သင်သည်ကယ်တင်ခြင်းသို့ရောက်လိုပါက ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်လက်ခံပါ။ ဘုရားသခင်၏ဂရုဏာကျေးဇူးတော်ဖြင့် ဆောင်ရွက်ပေးသောကယ်တင်ခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါ ကထိုအရာများကိုယုံကြည်လက်ခံပါ။သင်သည်ငရဲသွားမည့်သူအဖြစ်ခန့်ထား ခြင်းခံသောသူဖြစ်ပါကလက်ဝါးကားတိုင်ပေါ်တွင်ယေရှု၏အသေခံခြင်း၊ ဗတ္တိ ဇံခံယူခြင်းနှင့်ရေနှင့်ဝိညာဉ်တော်၌ဒုတိယမွေးဖွားခြင်းသတင်ကောင်းကိုယုံ ကြည်လက်ခံပါ။ထိုမှသာဖြောင့်မတ်သောသူအဖြစ်သို့ ပြောင်းလဲနိုင်မည်။
အကယ်၍သင်သည်အပြစ်သားမဟုတ်ဟုမိမိကိုယ်ကိုထင်မိပါက၊ ယေရှု ၏ရွေးနှုတ်ကယ်တင်တော်မူခြင်းကို အလိုမရှိသောသူဖြစ်လိမ့်မည်။ အပြစ်ရှိ သောသူများသည်ဝိညာဉ်တော်နှင့်ရေ၌ဒုတိယမွေးဖွားခြင်းခံယူခြင်းဖြင့်ကယ် တင်ခြင်းလိုအပ်သောသူများ ဖြစ်ကြသည်။ ယေရှုသည်အပြစ်သားများအ တွက် ကယ်တင်သောအရှင်နှင့်ဆင်းရဲ ဒုက္ခရောက်နေသောသူများအတွက် နှစ်သိမ့်ပေးသောငြိမ်သက်ခြင်းအရှင်ဖြစ်သည်။သူသည် အရာခပ်သိမ်းကို ဖန် ဆင်း တော်မူသောအရှင်ဖြစ်သည်။ မေတ္တာတော်ရှင်လည်းဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းတည်းဟူသော ဧဝံဂေလိတ ရားကို ယုံကြည်လက်ခံအထူးတိုက်တွန်းနှိုးဆော်လိုပါသည်။ ထိုအရာကိုယုံ ကြည်လက်ခံပါက၊ ယေရှုသည်သင်၏ဘုရား၊ ကောင်းသောသိုးထိန်း၊အ ကောင်းဆုံးမိတ်ဆွေနှင့်ကယ်တင်ရှင်ဖြစ်ပါလိမ့်မည်။ငရဲ၌အဆုံးမသတ်လိုပါကထိုအရာများကိုယုံကြည်ပါ။ဘုရားသခင်သည်ကယ်တင်ခြင်းသတင်းကောင်းကိုယုံကြည်လက်ခံစေရန်ကျွန်ုပ်တို့ကိုတိုက်တွန်းနှိုးဆော်မည်မဟုတ်။
သင်ကောင်းကင်နိုင်ငံတော်သို့ဝင်စားချင်ပါသလား။ ဝင်စားချင်ပါက ရေနှင့်ဝိညာဉ်တော်၌ဒုတိယမွေးဖွားခြင်း သတင်းကောင်းကိုယုံကြည်လက် ခံပါ။ ယေရှုက “ငါသည်လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်၊ အသက် လည်းဖြစ်သည်။ ငါ့ကိုယုံကြည်ပါ” ဟူ၍လူသားအားလုံးကိုခေါ်ဖိတ်သည်။ သင်ငရဲသို့ပစ်ချခြင်းကိုခံချင်ပါသလား။ အကယ်၍ခံချင်ပါက အထက်၌ဖော် ပြသောသမ္မာတရားကိုမယုံကြည်ဘဲနေလိုက်ပါ။ ဘုရားသခင်သည် သင့်အား အပါယ်ငရဲသည်သူ့အတွက်ပြင်ဆင်ပေးခဲ့သောနေရာဖြစ်သည်ဟုပြောရလိမ့်မည်။
ဘုရားသခင်သည် အဘယ်သူကိုမျှမတိုက်တွန်းမနှိုးဆော်ပါ။ သူဌေးတဦး သည် အဘယ်သူမျှခွဲခြားခြင်းမရှိဘဲ၊ လူသားအားလုံးအား မိမိကုန်ပစ္စည်း ရောင်းရန်အတွက်သာကြိုဆိုသော်လည်း ဘုရားသခင်မူကား၊ လူသားအား လုံးကို ကောင်းကင်နိုင်ငံတော်သို့ ဝင်စားစေခြင်းအလို့ငှာရွေးနှုတ်တော်မူခြင်း ကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။ ဘုရားသခင်သည် တရားတော်မူသော ဘုရားဖြစ်သည်။
အချို့သောသူတို့ကမူ ဤကမ္ဘာကြီးသည် အဆုံးသို့ရောက်လုနီးပြီ ဟုဆို တတ်ကြသည်။ မှန်ပါသည်။ ကျွန်တော်လည်းထိုကဲ့သို့ယုံကြည်ပါသည်။ သို့သော်ထိုကဲ့သို့ သောယူဆချက်သည် မိုက်မဲသောယူဆချက်စစ်မှန်သောဝိ ညာဉ်တော်နှင့်ရေ၌ဒုတိယမွေးဖွားခြင်း သတင်းကောင်းကိုလက်မခံမယုံ ကြည်သောသူတို့၏ယူဆချက်သာဖြစ်သည်။
ဝိညာဉ်တော်နှင့် ရေ၌ဒုတိယမွေးဖွားခြင်းသတင်းကောင်းတည်းဟူသော စစ်မှန်သောကယ်တင်ခြင်းကောင်းကြီးမင်္ဂလာကိုယုံကြည်လက်ခံပါ။ ကောင်း ကင်နိုင်ငံတော်သို့ ကျွန်တော်တို့အားလုံးအတူ တကွလက်တွဲပြီးဝင် စားကြပါစို့။ ယေရှုကျိန်းဝပ်တော်မူရာ နေရာသို့ ကျွန်ုပ်တို့နှင့်အတူမ ဝင်ချင် ဘူးလား။
 
သင်သည်အပြစ်သားလား သို့မဟုတ်ဖြောင့်မတ်သောသူလား
စိတ်နှလုံးထဲတွင်အပြစ်မရှိသော ဖြောင့်မတ်သောသူဖြစ်ပါသည်

ရောမ ၈း၁-၂ ကိုဖတ်ကြပါစို့။“ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”
ယေရှုသည်လက်ဝါးကားတိုင်ပေါ် အသေခံတော်မူခြင်းနှင့် ဗတ္တိဇံခံ၏ယူ ခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဆေးကြောဖြေလွှတ်ပေးခဲ့ပြီ။ အ ပြစ်ကြောင့်တရားစီရင်ခြင်းခံရမည့်အပြစ်သားများကို ကယ်တင်တော်မူခဲ့ သည်။
ဘုရားသခင်၏ကယ်တင်တော်မူခြင်းတရားတွင် အကြောင်းအရာနှစ်ခုပါ ဝင်ပါသည်။ တခုသည်ပညတ်တရားဖြစ်၍၊ အခြားတခုသည်သူ၏ချစ်ခြင်း မေတ္တာတော်ဖြစ်ပါသည်။ ပညတ်တရားအရအပြစ်၏ အခသည်သေခြင်းဖြစ် သည်။ ပညတ်တရားအားဖြင့် အဘယ်သူမျှကယ်တင်ခြင်းကိုမရနိုင်ကြချေ။ ပညတ်တရားသည်ကျွန်ုပ်တို့၏အပြစ်နှင့်မပြည့်စုံသောအရာကို ဖေါ်ပြပေး သောအရာသာဖြစ်သည်။ ပညတ်တရားအားဖြင့် အပြစ်သားအကြောင်းပို၍ နားလည်ရသည်။
အပြစ်၏အခကိုဆပ်ပေးဘို့ရန် ယေရှုသည် ဤလောကသို့ကြိုလာခဲ့ပြီး မိမိအသက်ကိုပေးလှူခြင်းအားဖြင့်၊ ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ပြီး အပြစ် ၏အခကိုပေးဆပ်ပေးခဲ့သည်။အပြစ်များမှကယ်တင်တော်မူခြင်းသည် အကြီး မားဆုံးသောဘုရားသခင်၏မေတ္တာတော်သက်သက်ဖြစ်သည်။
ကျွန်ုပ်တို့သည် မမှန်ကန်သောတရားများကိုအောင်မြင်စွာ ကျော်လွှား သောသူများဖြစ်ကြသည်။ ထိုမမှန်ကန်သောတရားကို အောင်မြင်စွာကျော် လွှားသောသူများအား ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်၌ဒုတိယမွေး ဖွားခြင်း ကောင်းကြီးမင်္ဂလာကိုပေးခဲ့သည်။
ကျွန်တော်တို့သည်ယေရှုကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်တော်မူခြင်း သို့ရောက်ရကြသည်။သူ၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် သမ္မာ တရားကိုနားလည်သောသူများဖြစ်၍ဖြောင့်မတ်ခြင်းသို့ရောက်ရကြသည်။ ရေနှင့်ဝိညာဉ်တော်၌ဒုတိယမွေးဖွားခြင်းတည်းဟူသောသမ္မတရားကိုယုံ ကြည်လက်ခံပါက ထာဝရကယ်တင်တော်မူခြင်း သို့ ရောက်ရလိမ့်မည်။