Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 8-2] ကပ်ဆိုး/ဘေးဆိုးတံပိုးခုနှစ်လုံး၏ ကပ်ရောဂါများသည် တိကျပါသလား (ဗျာဒိတ်ကျမ်း ၈း၁-၁၃)

ကပ်ဆိုး/ဘေးဆိုးတံပိုးခုနှစ်လုံး၏ ကပ်ရောဂါများသည် တိကျပါသလား
(ဗျာဒိတ်ကျမ်း ၈း၁-၁၃ )
 
ဗျာဒိတ်ကျမ်းအခန်းကြီး (၅)မှ သခင်ယေရှုခံယူသော တံဆိပ်ခုနှစ် ချက်ရိုက်နှိပ်ထားသော စာစောင်ပေါ်ထွက်လာသည်။ ဤစာပိုဒ်၏ဆိုလို ရင်းမှ ယေရှုခရစ်တော်သည် ဘုရားသခင်၏အခွင့်အာဏာနှင့် တန်ခိုးအပ် နှံခြင်းခံရခြင်းဖြစ်သည်။၎င်းအပြင်သူသည် ဘုရားသခင်၏အကြံအစီတော် အတိုင်းကမ္ဘာကြီးကို ထိုအချိန်မှစ၍ ဦးဆောင်လိမ့်မည်။ ဗ္လျာိတ်ကျမ်း အခန်းကြီး (၈) မှာ ဤစာပိုဒ်အားဖြင့် စဖွင့်ထားသည် “သတ္တမတံဆိပ်ကို ဖွင့်သောအခါ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်နေကြ၏။ ဘုရားသခင်ရှေ့၌ ရပ်နေကြသော ကောင်းကင်တမန် ခုနှစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနှစ်လုံးကိုပေး၏။” ထို့ကြောင့် ခရစ်တော်သည် သတ္တမ မြောက် တံဆိပ်ရိုက်ထားသောစာစောင်ကိုဖွင့်၍ ကျွန်ုပ်တို့အား နောင်အ နာဂတ်၌ ပေါ်လာမည့်အရာများကို ပြသည်။
သန့်ရှင်းသူများ၏ဆုတောင်းချက်ဖြင့် တံပိုးခုနှစ်လုံး၏ ကပ်ရောဂါ များစတင်မည် ဖြစ်ကြောင်း အခန်းကြီး (ဂ)က အဖွင့်နိဒါန်းဖြင့် ကျွန်ုပ် တို့အား ပြောပြပါသည်။
 
 

ပထမတံပိုး၏ကပ်ရောဂါပထမတံပိုး

 
အခန်းငယ် (၇) ပထမ သူသည် တံပိုး မှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၏ မြေသုံးစုတစုသစ်ပင်သုံးစုတစုစိမ်းသောမြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။
ကျွန်ုပ်တို့ ပထမဦးဆုံး ရှာဖွေတွေ့ရှိရမည့်အရာမှာ တံပိုးခုနှစ်လုံး ၏ကပ်ရောဂါကမ္ဘာမြေသို့ ကျရောက်လာသောအခါ ကျွန်ုပ်တို့သန့်ရှင်းသူ များသည် ယင်းကပ်ရောဂါ ဘေး၏ အလယ်တွင် ကျရောက်လိမ့်မည်။
ဤနေရာတွင် ကောင်းကင်တမန် (၇) ပါး လာရောက်ပြီး တံပိုးခု နှစ်လုံးကို မှုတ်ကြလိမ့်မည်။ ကျွန်ုပ်တို့ နားလည်သဘောပေါက်ထားရ မည်မှာ ဤကပ်ရောဂါ ခုနှစ်ပါးကျရောက်စဉ် ကျွန်ုပ်တို့သည် ဤကမ္ဘာ မြေတွင်ကျန်ရှိနေဦးမှာဖြစ်ပြီး ပထမဆုံးသော ဆဋ္ဌမကပ်ရောဂါဘေး ဖြတ် သွားရဦးမည် ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့ နားလည်သဘောပေါက် ထား ရမည်မှာ တံပိုးခုနှစ်လုံးမှုတ်သောအခါ ကျွန်ုပ်တို့သည် ချီဆောင်ခြင်း ခံရ မည်။၎င်းအပြင် ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးများကလည်း ယင်း နောက်ကလိုက်လာလိမ့်မည်။
အခန်းငယ်(၇)က ကျွန်ုပ်တို့ကိုပြောပြသည်မှာ ပထမ ကောင်းကင် တမန်က သူ၏တံပိုးကို မှုတ်ပြီးသောအခါ မီးနှင့် မိုးသီးရောနှောလျက် သွေးနှင့်အတူကမ္ဘာမြေကို ရွာချလိမ့်မည်။ ကမ္ဘာမြေ၏သုံးစုတစုနှင့် သစ် ပင်များ၏ သုံးစုတစု မီးကျွမ်းလောင်ကြလိမ့်မည်။ ကမ္ဘာမြေနှင့် သဘာဝ၏ သုံးစုတစုတို့သည် မီးလောင်ကျွမ်း ကုန်လိမ့်မည်။
သဘာဝ လောကကြီး အခိုးအငွေ့အဖြစ် ကျွမ်းလောင်သောအခါ ကျွန်ုပ်တို့ အသက်ရှင်နေနိုင်ပါ့မလား။ မိုးသီးနှင့် မီးရောနှောလျက် သွေးနှင့် အတူ ကျွန်ုပ်တို့အပေါ်သို့ ရွာချလိုက်မည်။ သစ်ပင်တို့သည် ပြာအဖြစ် ပြောင်းသွားကြမည်။ ယင်းကဲ့သို့ မြေကြီးကျွမ်းလောင်ကုန်သောအခါ ယင်း ကဲ့သို့ ပတ်ဝန်းကျင်ဝန်းရံသည့် အခြေအနေတွင် ကျွန်ုပ်တို့တကယ်ဘဲ အသက်ရှင် နိုင်မလား။ မိုးသီးနှင့်မီးရောလျက် သွေးပါသောဤမိုးမျိုး ရွာ သွန်းမှုဖြင့် ကျွန်ုပ်တို့အိမ်များ ကျွန်ုပ်တို့မျက်စိရှေ့တွင် တကယ်ပင် ပြောင် သလင်းခါအောင် ဆုံးရှုံးပြီး ထူထပ်သော သစ်တောနှင့် တောင်များလည်း တငွေ့ငွေ့ လောင်ကျွမ်းနေကြသောအခါ ကျွန်ုပ်တို့ထဲမှ တစုံတယောက်က ဤနေရာတွင်နေထိုင်ရန်ဆန္ဒရှိပါမည်လား။ သို့မဟုတ် ယင်းအဖြစ်အပျက် ကြောင့် ကျွန်ုပ်တို့ဆန္ဒရှိလျှင်ကော လုပ်နိုင်ပါမည်လား။
သင်နှင့် ကျွန်ုပ်သည် ဤပထမကပ်ရောဂါဘေးကို ဖြတ်သွားရမည် ဆိုသည်ကို မမေ့ပါနှင့် ဤအရာကျွန်ုပ်တို့ အပေါ်သို့ ကျရောက်သောအခါ ကျွန်ုပ်တို့သည် အလွန်ကြီးမားသော ကပ်ရောဂါဘေးထဲသို့ ဝင်ရောက် နေပြီဖြစ်သည်။ ထို့နောက် ခန္တီခရစ်သည် ကမ္ဘာမြေကြီးပေါ်၌ တည်ရှိနေပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့လည်း နားလည်သဘောပေါက်ရမည်။ အဘယ် ကြောင့်ဆိုသော် ယင်းကဲ့သို့ အလားတူ ကပ်ရောဂါမျိုးသည် ခန္တီခရစ်၏ ပေါ်ထွက်လာမှု ပြည့်စုံပြီး ကမ္ဘာမြေပေါ်၌ သူ၏အကြွင်းမဲ့ အုပ်စိုးမှုကို ရှာ ဖွေပြီးနောက် စတင်လာလိမ့်မည်။ ကမ္ဘာ၏ ခေါင်းဆောင်များ ကလည်း ကပ်ရောဂါများကို တိုက်ခိုက်ရန် အတွက် ညီညွတ်သော တပ်ဦးဖွဲ့စည်းရန် စတင်လိမ့်မည်။ ထို့အပြင် အချို့သောအုပ်စိုးသူများကလည်း အတူတကွ စုရုံးကြလိမ့်မည်။ အခြားအုပ်စိုးသူ ခုနှစ်ဦးကလည်းကြီးမားသော တန်ခိုး အာဏာများ ပြကြလိမ့်မည်။
ထို့နောက် ခန္တီခရစ်သည် ဤဖြစ်စဉ်၏ အကြွင်းမဲ့ အုပ်စိုးသူကဲ့သို့ ပင်ကို သဘာဝပြည့်စုံစွာ ပေါ်ထွက်လာလိမ့်မည်။ ခန္တီခရစ်သည် သူ၏ ကြီးကျယ်သောအရည်အချင်းကိုအုပ်ချုပ်ရေးနှင့်ပျက်စီးသွားသော သဘာဝ အခြေအနေ ပြန်လည်တည်ဆောက်ခြင်း၌ ဖော်ပြသည် အများစုမှာ သူ၏ အာဏာဖြင့် ဖိနှိပ်ခြင်းခံရမည်။ သူ၏နောက်သို့စတင်လိုက်ကြလိမ့်မည်။ သူအား ဘုရားကဲ့သို့ မှတ်ကြလိမ့်မည်။ သူ့ကို ထောက်ခံသူများ ပေါ်ထွက် လာလိမ့်မည်။ နှေးကွေးသော်လည်း သေသွားသည်။
ကျမ်းစာက ကျွန်ုပ်တို့အား ပြောပြသည်မှာ ပထမကောင်းကင် တမန်က သူတံပိုးကိုမှုတ်လိုက်သည်။ ယင်းအသံကတံပိုးခုနှစ်လုံး၏ ပထ မကပ်ရောဂါကို ယူဆောင်လာလိမ့်မည်။ ယင်းကား ကမ္ဘာ၏သုံးစုတစုကို လောင်ကျွမ်း စေလိမ့်မည်။ ဤကပ်ရောဂါဘေးကြီး ရိုက်ခတ်လာသော အချိန်အတွင်း ကျွန်ုပ်တို့ သန့်ရှင်းသူများရော၊ကမ္ဘာပြည်သူများပါ ဤကမ္ဘာ မြေပေါ်တွင်နေထိုင်လျက် ရှိကြလိမ့်မည်။ ပြီးနောက် ကမ္ဘာပေါ်မှာဘာတွေ ဖြစ်လာမလဲ။ ဝရုန်းသုံးကားဖြင့် ဖရိုဖရဲ ဖြစ်မှုသည် ကမ္ဘာကြီးထဲသို့ ဆူပူ သောင်း ကျန်းခြင်းဖြင့် ဝင်ရောက်လာမည်။ အပျက်အဆီးများ၊ လူသေအ လောင်းများ၊ဒါဏ်ရာရသူများ နေရာတကာတွင်ပြန့်ကျဲနေကြမည်။ လေထု သည်လည်း မီးခိုများနှင့်ဖုံးလွှမ်းလျက်ရှိပြီးနောက် မငြိမ်းနိုင်သော မီးလျှံ ထဲမှထုတ်လွှတ်ပေးသောအဆိပ်သင့်ဓါတ်ငွေ့များကလည်း တကမ္ဘာလုံးကို လွှမ်းခြုံထားလိမ့်မည်။ ၎င်းနောက် လေထုထဲတွင် အောက်ဆီဂျင် “ဓါတ် ငွေ့ချို့တဲ့လာပြီး ကမ္ဘာကြီးကို တစတစနှင့် သဲကန္တာရသဖွယ် ဖြစ်လာစေ မည်။ မီးလျှံအားဖြင့် ကမ္ဘာဂြိုလ်၏ အောက်ဆီဂျင်ဓါတ် ပြန်လည် ထုတ် လုပ်နိုင်စွမ်းကို ပြင်းပြင်းထန်ထန် ဖြတ်တောက် လိမ့်မည်။ပထမ ကပ်ရော ဂါဘေးတစ်ခုထဲက ကမ္ဘာကြီးကို ပြာပုံအတိအခြေဆိုက်စေသည်။ ယင်း ကဲ့သို့သောအကြီးအကျယ်ပျက်ဆီးခြင်းက ကျွန်ုပ်တို့၏ဆက်လက်အသက် ရှင်လိုစိတ်ကိုပင် ကုန်ခမ်း သွားစေလိမ့်မည်။
ဤကပ်ရောဂါဘေးမှကျွန်ုပ်တို့သည်အမြော်အမြင်ရှိသောရွေးချယ်မှုကို လုပ်ရမည်။ ယခုအခါ ပုံမှန် ကမ္ဘာ၌ နေထိုင်နေသည်။ ကျွန်ုပ်တို့သည် ကြောက်မက်ဘွယ်ကောင်းသော ကပ်ဘေးနှင့် ဘေးဒါဏ်ကြီးကာလသို့ ဝင်ရောက်လာနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ဤအကြောက် တရားမှ ရုန်းထွက်နိုင်ပြီး ၎င်းအစား ရဲဝံ့စွန့်စားလာနိုင်သည်။ ကမ္ဘာကြီး၏သုံးစု တစုသည် မီးလောင်ကျွမ်းသွားစဉ်ရာတကာ၌လူတို့သည်ငိုကြွေး မြည်တမ်း နေကြသည့်အတွက် မကြာခင်မှာ ကပ်ဘေးကြီးများသည် တလျောက်လုံး ဆက်လက်ဖြစ်ပွားမည်ကို ကျွန်ုပ်တို့သိနှင့်ပြီး ဖြစ်သည်။၎င်းအပြင် ကပ် ဘေးကြီးများပင် နောက်ထက်ပို၍ဖြစ်လာဦးမည် ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိသည်။ ယင်းအပြင် ကျွန်ုပ် တို့ ဆန္ဒ ပြည့်ဝလိမ့်မည်။ သို့သော် ကျွန်ုပ်တို့ သည်လည်းဘဲ သွေးသားနှင့် ခန္ဓာကိုယ်ဖြစ်သောကြောင့်ယင်အချိန်တွင် ကြောက်ရွံ့ခြင်းက လာရောက် ထုရိုက် နိုင်ပါသည်။သို့သော်ကျွန်ုပ်တို့ ဤကမ္ဘာ၏အနာဂတ်ကို ကြိုသိခြင်း ကြောင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဤကမ္ဘာမြေတွင် မထားရ၊ မတည် စေရ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်တွင်တည်စေရမည်။ ထိုကဲ့သို့ သော ယုံကြည်ခြင်းမျိုးနှင့် သန့်ရှင်းသောဝိညာဉ်တော်ဝင်ရောက် ကိန်း အောင်းခြင်းဖြင့် ကျွန်ုပ်တို့သည် သတ္တိ ရှိလာပြီး ရဲဝံ့လာမည် ဖြစ်သည်။
ကမ္ဘာလူထုကြီး၏ ငိုကြွေးမြည်တမ်းသံတို့သည် ပို၍ ကျယ်လောင် လာလိမ့်မည်။၎င်းတို့ အထဲမှ ကျွန်ုပ်တို့ မိသားစုများသည် သူတို့အပြစ်မှ ခွင့်လွှတ်ခြင်း မခံရခဲလျှင် ကျွန်ုပ်တို့ သည်လည်း ပူဆွေးသောကရောက်ကြ ရမည်။ကျွန်ုပ်တို့၏သွေးသားထဲမှဇာတိမိသားစုအချို့တို့သည် သူတို့အပြစ် မျာမှရွေးနှုတ်ခွင့်မခံရသောအခါ ကျွန်ုပ်တို့အား အန္တီခရစ်ထံသို့ စွန့်ပစ် ထား သောအခါ အကြွင်းအကျန် အစအနအတွက်ပင်ကျွန်ုပ်တို့အား ရောင်းစား ကြလိမ့်မည်။ သို့သော် အခြားသူများက ကျွန်ုပ်တို့ဆီလာပြီးသူတို့၏ အပြစ် များမှ ခွင့်လွှတ်ခြင်းခံရအောင်မည်သို့ လုပ်ရမည်ကို မေးကြလိမ့်မည်။ ဤကိစ္စမှာ ဖြစ်နိုင်သည်ထက်ပိုပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အပြစ်များမှပြန်လည် ရွေးနုတ်ရန်အတွက် အခွင့်အရေးများမှာ ထိုအချိန် ကတည်းကပင် ရနိုင်သောကြောင့် ဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့အား ပြောပြထားသည်မှာတံပိုးခုနှစ်လုံး၏ကပ်ဘေးကြီးများရောက်လာသောအခါ သုံးစုတစုသော ကမ္ဘာမြေသား အားလုံးသည် သေကြလိမ့်မည်။ ဆိုလို သည်မှာကမ္ဘာ၏သုံးစုတစုသောလူတို့မှာ အသက်ရှင်ကျန်နေကြ လိမ့်မည်။ ကမ္ဘာကြီး၏သုံးစုတစုသော လူဦးရေ အမှန်တကယ် မီးလောင်ကျွမ်းစွာ သေဆုံးကုန်သောအခါ ကျွန်ုပ်တို့ နားလည်သဘောပေါက်ရမည်မှာ ကျွန်ုပ် တို့၏ အသတ်ခံရသတ်ဖြတ်ညှင်းပန်း ခံရအချိန်နှင့် သခင်ဘုရား ပြန် လည်ကြွလာမည့်အချိန်မှာ မဝေးသောကြောင့် သိမှတ်ရမည်။ ဘုရားသခင် က သူသည်မိုးသီးနှင့် မီးရေလျက်သွေးနှင့်အတူ ကောင်းကင်မှ မိုးရွာ သွန်းစေမည်ဟု ကျွန်ုပ်တို့အား ပြောထား ပါသည်။
ဘုရားသခင်က ကျွန်ုပ်တို့အတွက် မီးနှင့်မိုးသီး ကျရောက်စေသော အခါ ကျွန်ုပ်တို့မှာ ယင်းတို့ကို မရှောင်နိုင်ကူညီမည့်သူမဲ့ကြ လိမ့်မည်။ လောကဓါတ် သိပ္ပံပညာ ထွန်းကား ဖွံ့ဖြိုးပြီးသည့်တိုင်အောင် ကောင်းကင် တခုလုံးကို မီးနှင့်မိုးသီးဒါဏ်မှကာကွယ်ရန် အကာအကွယ်လိုင်း ပြုလုပ် ရန်များဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့၌ ယင်းကဲ့သို့အကြံ အစည်မျိုးပေါ်ပေါက်လာသည့် အတိုင်အောင် ဘုရားသခင်ဆီမှကျရောက် လာမည့်ကပ်ဘေးကို ယှဉ်ပြိုင်နိုင်မည့် အင်အား မရှိနိုင်ပေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှလုံးထဲတွင်လက်ခံထားရမည့်အချက်မှာ ကပ်ဘေးကြီးများသည် တကယ်ပင် ကျရောက်လာမည်ကြောင်းနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို ကျွန်ုပ်တို့နှလုံးသားနှင့် ယုံကြည်လျက် လက် ရှိဘဝတွင် အသက်ရှင်နေရမည် ဖြစ်သည်။
မကြာသေး ခင်ကပင် တရုတ်ပြည်၌ လူခေါင်း အရွယ်အစားခန့် ရှိပြီးအချင်း ၄၅စင်တီမီတာခန့် ရှိသောမိုးသီးများ ကျရောက်ခဲ့ကြောင်း သ တင်းများကြားခဲ့ရပါသည်။အရှိန်ပြင်းပြင်းနှင့် ကျရောက်လာသော ဤရေခဲ တုံးများသည် အရွယ်အားဖြင့် လူဦးခေါင်းခန့်ရှိပြီး မယုံကြည် နိုင်လောက် အောင် အံ့သြစရာကောင်းသော အရှိန်ဖြင့် ကျရောက်လာပြီး အိမ်ခေါင်မိုး များကို ထိုးဖောက်ခါ ၎င်းတို့ကျရောက်ရာ လမ်းတလျှောက်ရှိသမျှ တရား အားလုံးကို ဖျက်ဆီးသွားသည်။ ပထမကပ်ဘေးကြီးနှင့်ကျရောက်မည့် အ ရာသည် ဘာဖြစ် လိမ့်မည်နည်း။ မည့်သည့် မြန်နှုန်းတိုင်အောင် မြှင့်မား မည်နည်း။ ကမ္ဘာကြီး၏ သုံးစုတစုကို ဝါးမျိုသွားမည့်မီးတောက်ကြီးသည် တရုပ်ပြည်တွင်ကျရောက်ခဲ့သော မိုးသီးထက် ပို၍ပျက်စီးစေနိုင်မည် ဖြစ် ပြီး အမှန်တကယ်ကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ နှလုံးသား တွင် ယုံကြည်နေရမည်။ ဤယုံကြည်ချက်ကို ကျွန်ုပ်တို့နှလုံးသားတွင် သိမ်းဆည်းထားရမည်။ထို့အပြင်ဤကပ်ဘေးကြီးအမှန်တကယ်ကျရောက် လာသည့်အခါ ဤယုံကြည်ချက်အတိုင်း ကျွန်ုပ်တို့လုပ်ဆောင် ကြရမည်။ ဤကမ္ဘာကြီးသည် မကြာမြင့်မီဖျက်ဆီး ခံရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည် ထားရမည်။ ထို့အပြင်ကျွန်ုပ်တို့ သည်လည်းယင်းကဲ့သို့သော ယုံ ကြည်မှုမျိုးဖြင့် ကပ်ဘေးကြီးကို ရင်ဆိုင်မည်ဟု ဆုံးဖြတ်ချက် ချထား ရ မည်။ ပြီးနောက်ကျွန်ုပ်တို့ ဖာသာသတ်ဖြတ် ညှင်းပန်းမှုကို ခံယူမည်ဟု စိတ်ပိုင်းဖြတ်ထားရမည်။ သတ္တမမြောက်တံပိုးခုနှစ်လက် မှုတ်သောအခါ ကပ်ဘေးကြီးခုနှစ်ပါးသည်လည်းကမ္ဘာမြေကြီးသို့အမှန်တကယ်ကျရောက် လာလိမ့်မည်။ဤအကြောင်းအရာများသည်ပထမကပ်ဘေးကြီးအကြောင်း ဖြစ်သည်။
 
 

ဘုရားသခင်ကျရောက်စေသော ဒုတိယ တံပိုး၏ ကပ်ဘေးဒုတိယတံပိုး

 
အခန်းငယ် (၈-၉) ယခုတွင်ဖြောင့်မတ်သော ဘုရားသခင်၏ ဒေါ သကြီးမားသော ဒုက္ခဆင်းရဲခြင်းအချိန်သည် ဒုတိယမွေး ဖွားခြင်းခံရသော ဝိညာဉ်ပျောက်ဆုံးသောသူများအပေါ် မကြာမီကျရောက်ပါတော့သည်။
သို့ဖြစ်၍ ဤစာအုပ်ကို သေသေချာချာလေ့လာနိုင်ရန် မေတ္တာရပ် ခံပါသည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းရရှိပါစေဟု ဆု တောင်းပေးလိုက်ပါသည်။
ကျွန်ုပ်တို့ အာရုံစိုက်ရမည်မှာ သန့်ရှင်းသူများသည်လည်း ဤတ တိယကပ်ဘေးတလျှောက်လုံးအသက်ရှင်နေကြမည်ဆိုသည့်အချက် ဖြစ် သည်။ 
ဤနေရာတွင် အလွန်ကြီးမားသောတောင်ကြီးကဲ့သို့သော အရာ သည် ပင်လယ်ထဲသို့ ပစ်ချ ခံရမည်။ ပင်လယ်၏ သုံးစုတစုကို သွေးအဖြစ် ပြောင်းလဲစေပြီး သုံးစုတစုသော ရေသတ္တဝါတို့ကို သတ်လိမ့်မည်ဟု ပြော ထားသည်။ ကမ္ဘာကြီး၏နောက်ဆုံးအချိန် ကာလဆိုက်ရောက်လာသော အခါ စင်္ကြာဝဠာတခုလုံး၏ဖွဲ့စည်းမှုသည်ချွတ်ယွင်း သွားလိမ့်မည်။ ကြယ် တာရာတို့ကို အခြေပျက်စေမည်။ ၎င်းပြင် တခုနှင့်တခု အပြင်းအထန် တိုက်မိပြီး ပဲ့ထွက်စေမည်။ ၎င်းအပြင် ဤအခြေအနေမှဥက္ကာပျံ များစွာ လည်း ကမ္ဘာမြေသို့ ရှေ့ရှုပျံသန်းပြီး အတိုက်အခံလမ်းကြောင်း ပေါ်ပေါက် စေမည်။ ဥက္ကာပျံအချို့တို့သည် ကမ္ဘာလေထုတလျောက် ဝင်ရောက်ပြီး အချို့တို့သည်ပင်လယ်ထဲသို့မီးလောင်ကျွမ်းလျက်အရှိန်ပြင်းစွာ ကျရောက် လိမ့်မည်။ ပင်လယ်သုံးစုတစုကို သွေးဖြစ် စေလိမ့်မည်။ အသက်ရှင်သော သတ္တဝါသုံးစု တစုကိုသတ်ဖြတ်ကြမည်။ ပင်လယ်သင်္ဘောသုံးစုတစု ကို လည်း ပျက်စီးကြလိမ့်မည်။ ဤအကြောင်းအရာသည် တံပိုးခုနှစ်လုံး၏ ကပ်ဘေးများထဲမှ ဒုတိယ တံပိုး၏ကပ်ဘေးအကြောင်း ဖြစ်ပါသည်။
ထို့နောက် ဤအရာဖြစ်ပျက်လာသည့်အခါ ပင်လယ်ထဲမှ ငါးကို ကျွန်ုပ်တို့စားနိုင် ပါတော့မလား။ ရေကောကူးနိုင် ပါတော့မလား။ မည် သည့်အရာမှ ဖြစ်လာနိုင်တော့မည်မဟုတ်ပါ။ ကြီးမားသော တောင်နှင့်တူ သည့် ဂြိုလ်ငယ်တခု ပင်လယ်ထဲ့သို့ကျသွားသောအခါ ပင်လယ်၏ သုံးစု တစုသည်သွေးအဖြစ် ပြောင်းလဲသွားပြီး သုံးစုတစုသော သက်ရှိသတ္တဝါတို့ အသတ်ခံရပြီး ပင်လယ်ရေသည် လူ၏အသေကောင်များဖြင့် ပုပ်သိုး နေလိမ့်မည်။ ထို့အပြင်ပင်လယ်ဒီရေလှိုင်းနှင့် မြေငလျင်တို့သည် ပင်လယ် သင်္ဘောများကို ဖျက်ဆီးယုံသာမက လူပေါင်းများစွာကိုလည်း သေစေ လိမ့်မည်။
ဂြိုလ်ငယ်လေးတခုသည် ပင်လယ်ထဲကျသွားပြီး ကြီးမားသော ရေလှိုင်းကိုဖြစ်ပေါ်စေကာ ကမ္ဘာကြီးကို ဖုံးလွှမ်းသွားသော ရုပ်ရှင်ကား တကားကို ကြည့်ခဲ့ရသည်ကို မှတ်မိနေပါသည်။ ဤ ရုပ်ရှင် ထုတ်လုပ်သူ များသည် ဤရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်စဉ် သူတို့စိတ်နှလုံးထဲ၌ နောက်ဆုံးသောကာလ၏ထင်ရှားပီပြင်သောရုပ်ပုံလွှာများကို မြင်ယောင် ကြလိမ့်မည်ဟု ကျွန်ုပ်သေချာယုံကြည်ပါသည်။ ထိုကဲ့သို့သော သဘာဝ ဘေးဆိုးကြီးများ ကမ္ဘာသို့ဆိုက်ရောက်လာမည်ဆိုသည်မှာအမှန်ပင် ဖြစ် ကြောင်း မယုံကြည်သူများပင်လျင် အလွယ်တကူ လက်ခံအသိအမှတ်ပြု နိုင်ကြပါသည်။ ဥက္ကာပျံများကျရောက်ခြင်း ကပ်ဘေးဖြင့်မရေတွက်နိုင် သော လူများအသတ်ခံ ကြရလိမ့်မည်။ သို့သော် ကမ္ဘာမြေကြီး၏သုံးစုတစု ပျက်စီးခံရသကဲ့သို့သင်နှင့်ကျွန်ုပ်တို့သည်လည်းဖလားခုနှစ်လုံး၏ကပ်ဘေး သွန်းလောင်းခြင်းမခံရမီတိုင်အောင် ဤကမ္ဘာမြေဆက်လက် နေထိုင်ကြရ မည် ဖြစ်သည်။
ယခင် လူများတို့သည် ချီဆောင်ခြင်းသည် ဘေးဒါဏ်ကြီးကာလ လွန်မြောက်ပြီးမှ ဖြစ်ပျက်လိမ့်မည်ဟု ယုံကြည် လက်ခံခြင်း၌ အသား ကျခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းအခါ ဘေးဒါဏ်ကြီးကာလ မတိုင်မီ ချီ ဆောင်ခြင်းရှိမည် ဆိုသော ဓမ္မအတွေးအခေါ် ပေါ်ပေါက် လာပြီးနောက် ဓမ္မပညာရှင် အများအပြားသည် ဤဘေးဒါဏ်ကြီး ကာလမတိုင်မီ ချီ ဆောင်ခြင်းရှိ မည်ဆိုသောအယူအဆကို စတင်ယုံကြည်လာကြသည်။ ဤ အခြေအနေသည် ယခုအခါ ပို၍ ဆိုးဝါးလာသည့် တိုင်အောင်နှစ်တထောင် အုပ်စိုးခြင်းကိုငြင်းဆန်လာသည့်တိုင်အောင်ဤအဖြစ်အပျက်မှာပေါ်ပေါက် ခဲ့ပြီး ဖြစ်သည်။ ဗျာဒိတ်ကျမ်း၏နှုတ်ကပတ်တော် အားလုံးကို ဖြေရှင်းရန် မစွမ်းဆောင်နိုင်သော ဘာသာရေး ကျွမ်းကျင်သူများသည် ယခုအခါ နှုတ် ကပတ်တော်မှ ရှောင်ထွက်ရန်ပါ ကြိုးပမ်းနေကြပြီ ဖြစ်သည်။ ကပ်ဘေး ကြီး ကျရောက်လာမည့်အကြောင်းကြောင့် ဤကမ္ဘာ၌ မိမိတို့၏ မျှော်လင့် ချက်များ ပျောက်ဆုံးကုန်သောသူများအတွက် အခြေအနေကို ကြာရှည် ခံနိုင်ကြမည့် ဒုတိယမွေးဖွားခြင်းခံရပြီးသော သန့်ရှင်းသူများက ထောက်ပံ့ ကြလိမ့်မည်။ သူတို့၏မျှော်လင့်ချက်ကိုလည်း နှစ်တထောင်နိုင်ငံတော်နှင့် ဘုရားသခင်ကတိ ပေးပြီးသော နိုင်ငံတော်သစ်၌သာ ထားရှိကြလိမ့်မည်။
ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလကျွန်ုပ်တို့ထံ ရောက်ရှိရန် နီးကပ်လာသောကြောင့် ကျွန်ုပ်တို့၏ယုံကြည်ချက်ကိုလည်း ပြင်ဆင် ထား သင့်ပါသည်။ သို့သော် ဤကဲ့သို့လုပ်ဆောင်ရမည့်အစား၊ များစွာသော လူတို့သည် ဘေးဒါဏ်ကြီး ကာလမတိုင်မှီချီထောင်ခြင်း ရောက်မည်။ သို့မဟုတ် အလုံးစုံပျက်စီးခြင်း ဝါဒအကြောင်းများကိုသာ ပြောဆိုရန်ပိုနှစ် သက်ကြပြီ တကယ့်စစ်မှန်သောယုံကြည်ခြင်းကို ရှောင်ဖယ်ရန် ကြိုးပမ်း ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ နေ့စဉ်သွားလာ နေသကဲ့သို့ ပင် သခင်ယေရှုသည် မိုးတိမ်စီးပြီးသူတို့၏အသက်တာကို မနှောင့်ယှက်ဘဲ ကြွလာမည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဆို သော်သူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ မည်သည်ကပ်ဘေးကြီးကိုမျှ မဖြတ်သန်းရဘဲ သူတို့သည် တိုက်ရိုက်ချီမခြင်းခံရမည်ဟု ယုံကြည်သော ကြောင့် ဖြစ်သည်။ သူတို့သည် ဘေးဒါဏ်ကြီးကာလအတွက် သူတို့၏ ယုံကြည်မှုကို မည်သည့်အခါကမျှ မပြင်ဆင်ခဲ့ကြသောကြောင့် ဖြစ်သည်။
အပေါ်ယံအမြင်အားဖြင့်ဘေးဒါဏ်ကြီးကာလအတွက် စိတ်လျှော့ ပြီး ကြိုတင်ပြင်ဆင်မှု မပြုလုပ်သောသူများပင်လျှင် အတော်အသင့် သတ္တိ ရှိကြလိမ့်မည်။ ဒုတိယအကြိမ် မွေးဖွားခြင်းမခံရသေးဘဲ အပြစ်သား ဖြစ်ပါ လျှက် ဘေးဒါဏ်ကြီး ကာလရှေ့မှောက်၌ အလွန် ရဲရင့်သကဲ့သို့ ထင်ရခြင်း အကြောင်းရင်းမှာသူတို့၏ဝိညာဉ်များသည် ပရောဖက်အတုများ၏မုသား ဖြင့်ယဇ်မူးခဲ့ပြီး ဖြစ်သောကြောင့် သေနေကြပြီးဖြစ်သည်။ ၄င်းအပြင် ၄င်း တို့၌ ဝိညာဉ်လိုလားတောင့်တသည့် ဆန္ဒနောက်ထပ် မကျန်ရှိတော့ပေ။ အလားတူ အခြားအကြောင်းပြချက်မှာ သူတို့၏ဝိညာဉ်များသည် သေဆုံးခဲ့ ပြီဖြစ်သည်။ လူတို့သည်သူတို့အား ရေနှင့်ဝိညာဉ်၏ဒုတိယအကြိမ် မွေးဖွား ခြင်းကို ပေးနိုင်ပြီးဘုရားသခင်၏ဝိညာဉ်သတင်းကောင်းကို ဝင်စားစေနိုင် သောရေနှင့်ဝိညာဉ်သတင်းကောင်းကိုကြားလည်း မကြားလိုသည့်ပြင် ငြင်း ဆန် ကြသောကြောင့် ဖြစ်သည်။ (ယောဟန် ၃း၅)
သို့သော်လည်း ဒုတိယအကြေိမ် မွေးဖွားခြင်းခံရပြီး သူများသည် သူတို့၏ပစ္စုပ္ပန်ဘဝမည်မျှ အဆင်ပြေချောမွေ့နေပါစေဘေးဒါဏ်ကြီး ကာ လ၏နောက်ဆုံးအချိန်များအတွက် သူတို့၏ယုံကြည်ချက်ကို ကြိုတင် ပြင် ဆင်ထားကြရမည်။ သူတို့၏စိတ်ဓါတ်များတွင် ဘုရားသခင်ကို သစ္စာ ရှိ လာနိုင်မည့်သူများသတင်းကောင်းကို ဟောပြောလိုသော ဆန္ဒများလက် ဝယ် ထားရှိစေခြင်းဖြင့် အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင်ရမည်။ ဤသို့လျှင် သူတို့သည် ဘေးဒါဏ်ကြီးကာလအတွင်း ဖြစ်နိုင်သမျှသော ဝိ ညာဉ်ပေါင်းများစွာကို ကယ်တင်နိုင်ကြလိမ့်မည်။
မကြာမီ ရောက်ရှိလာတော့မည့် ဘေးဒါဏ်ကြီး ကာလအ ကြောင်းကို လစ်လျူရှုခြင်းသည် မယုံကြည်နိုင် လောက်သောမိုက်မဲမှုပင် ဖြစ်သည်။ ကိုရီးယား စစ်ပွဲမှဆင်တူရိုးမှား မည်သည့်အရာများ ဖြစ်ပျက်ခဲ့ ပါသနည်း။ ထိုမျှလောက် လုပ်သောသူသည် ကပ်ဘေးကြီးများ ကာလ မ တိုင်မီအကူအညီမဲ့ရလိမ့်မည်။ ကိုရီးယားစစ်ပွဲကြီးအပေါ်ပေါက်မီ အမေရိ ကန်နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ၏အလွန်ကြီးမားသောစစ်အင်အား စုရုံးမှုကိုထောက်လှမ်းခဲ့သည်။ထို့နောက် တောင်ကိုရီးယားကို ဖြစ်နိုင်ဘွယ် ရာရှိသော ရုတ်တရက် ကျူးကျော်မှုအတွက် သတိပေးခဲ့သည်။ သို့သော် တောင်ကိုရီးယား အစိုးရနှင့်စစ်တပ်သည် သတိပေးမှုကို လုံးလုံးလစ်လျူ ရှုခဲ့ပြီး တပ်ဖွဲ့များကို အဝေးနိုင်ဆုံး အရပ်ထိပင် စေလွှတ်ခဲ့သည်။ ၄င်းအ ပြင် ရှေ့တန်းစစ်မျက်နှာရှိ အရာရှိ များကိုလည်း သူတို့၏ စနေ၊ တနင်္ဂနွေ အားလပ်ရက်ကိုပျော်ရွှင်ခွင့်ပေးထားသည်မှာတကယ်ကျူးကျော်ဝင်ရောက် လာသည့်နေ့အထိ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်သူတို့သည် မြောက်ကိုရီးယား ကျူးကျော် မှု အကြောင်းထောက်လှမ်းရေး သတင်းကသူတို့အား အခွင့်အရေးပေးခဲ့ သည့်တိုင်အောင်စစ်အတွက်ကြိုတင်ပြင်ဆင်မှု မရှိသောကြောင့် ဖြစ်သည်။ သူတို့သည် မြောက်ကိုရီးယားတို့စစ်ကို ပြန်မတွန်းလှန် နိုင်ဘဲသူတို့သာ အထိုးဖေါက်ခံရသည်။ မကြာခင် ရှိသမျှလမ်းအားလုံးမှ နောက်ဆုံးခံတပ် ဖြစ်သော တောင်ဖက် အစွန်ဆုံးဒေါင့်သို့ နောက်ဆုတ်ရသည်။ တချိန် တည်းမှာပင်တောင်ကိုရီးယားသည် သူ၏တပ်ဖွဲ့များအား အနားယူနေရာမှ အမြန်ဆုံးပြန်ခေါ်ပြီးနောက် စစ်တပ်ကို စစ်ပွဲအတွက် ပြန်လည် စည်လုံး ရန် ကြိုးပမ်းကြသည်။သို့သော် သူ၏ရှေ့တန်းစစ်စခန်းအားလုံး ထိုးဖောက် ဝင်ရောက်ခံရပြီး ဖြစ်သည်။ ထို့နောက် ကြီးမားသောအကျအဆုံး များစွာ ဖြင့် နောက်ပြန်ဆုတ်ရန်မှအပ ရွေးချယ်ရန်လမ်း မရှိတော့ပေ။
ဤသည်မှာအကယ်၍ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ကျရောက် လာမည့်ပူဆွေးဝမ်းနည်းမှုတစ်မျိုးပင် ဖြစ်ပါသည်။ သို့သော် ဤအကြောင်း အရာကို ကျွန်ုပ်တို့ ရိုးသားစွာ ယုံကြည်ကြပါက ယင်းကဲ့သို့သော ပူဆွေး ဒုက္ခများမှ လွတ်မြောက် နိုင်ပါမည်။ ဗျာဒိတ်ကျမ်းက ဘေးဒဏ်ကာလ၏ ခိုလှုံရာကို ပြောပြသော်လည်း တိကျသောတည်နေရာကိုမူ ကျွန်ုပ်တို့အား ပြောမပြခဲ့ပါ။ သို့ပါသော်လည်း သန့်ရှင်းသူများတို့သည် ခိုလှုံရာ နေရာ၌ အကာအကွယ်နှင့်အစောင့်အရှောက်ခံကြရလိမ့်မည်ဟုကျွန်ုပ်တို့အား ပြော ထားပါရန် ခိုလှုံရာဆိုသည်မှာ အခြားနေရာထက် အသင်းတော်ကို ရည် ညွှန်းပါသည်။ ဤကမ္ဘာပေါ်မှာ တစုံတဦးက ခိုလှုံစရာ နေရာတခု ဘယ်မှာ ရှာနိုင်မလဲ။ အကယ်၍အစ္စရေးနိုင်ငံသို့ထွက်ပြေးနိုင်လျှင် သူတို့အသက် ရှင်သန် နိုင်ပါတယ်ဟု တချို့ကပြောကြပါသည်။
သို့သော် သူတို့တွေ့ရသည့် အစ္စရေးနိုင်ငံတွင် ပိုမိုပြင်းထန်သော ကြောင့် ဘေးဒုက္ခများနှင့် တစ်ကယ်ရင်ဆိုင်ရပါမည်။ သင်တို့ နားလည် သဘောပေါက်ထားရမည်မှာ အန္တီခရစ်တော် ကိုယ်တိုင်အစ္စရေးနိုင်ငံ၌ ဌာန ချုပ်ဖြစ်သောကြောင့် ထိုနေရာတွင်ကပ်ဘေးကြီးများပိုမို ပြင်းထန်နေပေ လိမ့်မည်။
သို့ပါသော်ငြားလည်း ဘေးဒါဏ်ကြီးကာလဟူသော စကားလုံး သည် လက်တွေ့ချက်ချင်းဆိုသလို ဗြုးန်စားကြီး ပေါ်ပေါက်လာမည် မဟုတ်ပါ။ သို့လင့်ကစား သင့်နှလုံးသား၌ သိရှိနေမှာဖြစ်ပြီး အနာဂတ် အတွက်ပြင်ဆင် ထားရလိမ့်မည်။ သင်၏ နှလုံးသား၌ ဤအရာကို သင်ယုံ ကြည်ရမှာဖြစ်ပြီး ယင်းယုံကြည်ချက်ဖြင့်ပင် သင်သည် ဘေးဒါဏ်ကြီး ကာ လကို ဒုက္ခထဲ၌ အသက်ရှင် နေခဲ့ရသကဲ့သို့ မှတ်ယူလျှက် လူအများတို့အား သတင်းကောင်းကို ဝေငှရမည် ဖြစ်သည်။ သင်သည် လူအများ၏ နှလုံး သားကို ပြင်ဆင် ပေးရမည်။ ထို့နောက် ရေနှင့်နှလုံးသားကို ပြင်ဆင် ပေးရမည်။ ထို့နောက် ရေနှင့်ဝိညာဉ် သတင်းကောင်းကို သူတို့အား ဟော ကြားခြင်းဖြင့် သူတို့အားသူတို့၏ခိုလှုံရာ နေရာသို့ဦးဆောင်ပေးရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသူ၏အသင်းတော်များထဲ၌ ထိမ်းသိမ်း ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကဲ့သို့သော ပေါ်ပေါက်လာမည် အရာများကို လူတို့အား ဟောကြားခြင်းနှင့် သူတို့၏ယုံကြည်ချက်များကို နောက်ဆုံးသော ကာလ အတွက် ပြင်ဆင်နိုင်ရန် ကူညီရမည်။
ကျွန်ုပ်တို့ အဘယ်ကြောင့် ဤအရာများကို လုပ်ရသလဲ၊ ဘာတွေ လုပ်နေကြသလဲ။၄င်းတို့မှာရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ကျွန်ုပ် တို့ အင်အားအားလုံးကိုသုံးစွဲလျှက် ဟောကြားနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ယခုအချိန်တွင် ဗျာဒိတ်တော်စကားလုံးများကို ဟောကြေားနေရခြင်းမှာ ကျွန်ုပ်တို့ကိုယ်ကို ဝါကြွားရန် မဟုတ်ပါ။ သို့သော် ဤ စကားလုံးသည် ယခုခေတ်ကာလတွင်ယုံကြည်သူများရော ၄င်းတို့ကဲ့သို့သောမယုံ ကြည်သူ များအတွက်ပါ အထူးလိုအပ်နေသောကြောင့် ဖြစ်သည်။ ဤယုံကြည်ချက် ကို ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင်ထားခြင်းသာလျှင် ကျွန်ုပ်တို့ အပေါ်၌ ဘေးဒါဏ်ကြီး ကာလကပ်ဘေးကြီးများ ကျရောက်လာသောအခါ ကျွန်ုပ် တို့၏နှလုံးသားများ မတုန်မလှုပ်မှာ ဖြစ်ပါသည်။
ဘုရားသခင်၏အလိုတော်အရ သူ၏အထူးကာကွယ်မှုကို ကျွန်ုပ် တို့အားအားပေးထားပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ကြောက် စရာကောင်းသည့် အနေအထားမှာ ရှိဆဲပင်ခက်ခဲကြမ်းတမ်း လှသော ဤ ကမ္ဘာကြီးထဲသို့မည်သည့်အရာများနောက်ဆုံးသောကာလများ၌ ရောက် လာမည်ကို သိခဲ့မည်ဆိုလျှင် သတင်ကောင်းကျယ်ပြန့်ရေးကို ကျွန်ုပ်တို့ လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဘေးဒါဏ်ကြီး ကာလကို အောင်မြင် ကျော်လွှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားနိုင်မှာ ဖြစ်ပါ သည်။ ဘုရားသခင်၏နိုင်ငံတော်ထဲတွင် ကျွန်ုပ်တို့သည်မည်သည့်အခါမှ မျက်မှောက်ကမ္ဘာမှ ဖယ်ရှားခံရမည်။ သို့မဟုတ် ကျွန်ုပ်တို့၏ ယုံကြည် ချက်ကို စွန့်လွှတ်မည်မဟုတ်ပါ။ သို့သော် ၄င်းအစား ယုံကြည်ခြင်း အလုပ် ကို ပို၍လုပ်ပြရမည် ဖြစ်သည်။ ဤအကြောင်း များကြောင့် ကျွန်ုပ်တို့သည် ဗျာဒိတ်စကားများကို ဟောပြောနေရခြင်းနှင့်ယုံကြည်ခြင်း၏ အလုပ်များ ကို လုပ်နေရခြင်း ဖြစ်သည်။
 
 
တတိယတံပိုး၏ကပ်ရောဂါတတိယတံပိုး
 
အခန်းငယ် (၁၀-၁၁) ဤစာအုပ်ကို သေချာလေ့လာသောသူသည် အမှန်တကယ်ဒုတိယမွေးဖွားခြင်းခံရမည်မှာသေချာအာမခံပါသည်။ ယေရှု ကသင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါတပည့်အ မှန်ဖြစ်ကြ၏။ ဤစာအုပ်ကိုဖတ်ခြင်းအာဖြင့် သမ္မာတရားကို သိလျက် အပြစ်နှင့်သေခြင်း များမှ လွတ်မြောက်နိုင်ပါစေ။ ကယ်တင်ခြင်းကိုရလျက်ထာဝရအ သက်ကို ရရှိပါစေ။ 
တတိယကပ်ရောဂါ ဘေးကပ်တလျှောက်လုံး သန့်ရှင်းသူများ လည်းအသက်ရှင်နေလိမ့်မည်။ တတိယတံပိုး၏ကပ်ရောဂါမှာ ပင်လယ် ပေါ်တွင်ကျရောက်ခဲ့သည်။ သို့သော် ဤအကြိမ်တွင် တတိယတံပိုး၏ ကပ် ရောဂါဘေးကို မြစ်များနှင့် စမ်းချောင်းများသို့ကျရောက် စေလိမ့်မည်။ ဤ နေရာတွင် ကောင်းကင်ပေါ်မှ ကျရောက်လာသော ကြီးမားသည့် ကြယ် ကြီးဆိုသည်မှာ ကြယ်တံခွန်ကို ရည်ညွှန်းပါသည်။ ကြယ်တံခွန်နှင့် ထိတွေ့ သောမြစ်နှင့် စမ်းချောင်းများတို့သည် ခါးသောအရသာသို့ ပြောင်းသွား ကြသည်။၄င်းတို့သည် ဒေါနပန်းအဖြစ် ပြောင်းသွားကြသည်။ ရှေးအခါက လူတို့သည် ဒေါနပင်ကို စိုက်ပျိုးပြီး ၄င်း၏အရည် (သို့) အစေးကို ဆေးဝါး ဖော်စပ်ရန် အသုံးပြုကြသည်။ ၄င်းသည် စိတ်ကူးနိုင် စွမ်းထက် ပိုခါးသည်။ ဤခါးသောဒေါနပန်းသည် တကမ္ဘာလုံး၏ရေထောက်ပံ့သည့် နေရာများ တစ်လျှောက် ပျံ့နှံ့ပြီးယင်းရေကို သောက်သုံးသော လူပေါင်းများစွာတို့အား သေစေလိမ့်မည်ဟု ကျမ်းစာက ကျွန်ုပ်တို့အားပြောပြပါသည်။
တကမ္ဘာလုံး၏သုံးစုတစုသောသန့်ရှင်းသည့်ရေများသည် ခါးသော ရေအဖြစ်ပြောင်းလဲလာသောကြောင့် လူများစွာတို့သည် ဤရေခါးကြောင့် သေဆုံးကြလိမ့်မည်။ သို့သော်ဘုရားရှင်က ဤကပ်ဘေးကြီးတလျှောက် လုံးသူ၏လူများကို အကာအကွယ်ပေးလိမ့်မည်။ လူပေါင်းများစွာ သေဆုံး ခြင်းကဲ့သို့များစွာ ဖြစ်ပေါ်စေနိုင်ဘွယ်ရှိသော ရေကြောင့်ဖြစ်ပွားသည့် ရော ဂါများရေထဲတွင် ဇီဝဓါတုပြောင်းလဲခြင်းမျိုး အချို့တို့သည် ကြယ်တံခွန် ကျရောက်ခြင်းကြောင့်ဖြစ်သည်။ ရေမှရေခါးအဖြစ် ပြောင်းလဲခြင်းကြောင့် လူများသေရခြင်းမဟုတ် သို့သော် တခြားနည်းနှင့် ပြောရလျှင် တခုခု ထူး ထူးခြားခြား ဖြစ်ပေါ်လာခြင်း ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ သိရှိနားလည် ထားသည်မှာ ဤအရာ အားလုံးတို့သည် အစစ်အမှန် ဖြစ်ပြီး၎င်းတို့သည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည် ဖြစ်သည်။
 
 
စတုတ္ထတံပိုး၏ကပ်ရောဂါ စတုတ္ထတံပိုး 
 
အခန်းငယ် (၁၂) ရေနှင့်အသွေးတော်၏ဧဝံဂေလိတရားကို ဟော ပြော၍ပျောက်ဆုံးနေသောဝိညာဉ်များကို ကယ်တင်ရန် ဘုရားသခင်၏အ မှုတော်မြတ်ကို အတူတကွလုပ်ဆောင်ကြပါစို့။ ကမ္ဘာတခု လုံးစစ်မှန်သော ဧဝံဂေလိတရား၏ အလင်းသည် ပြန်လည်၍ တောက်ပစေ ပါလိမ့်မည်ဟု လျှောက်ထားပါသည်။
သန့်ရှင်းသူများသည် ဤစတုတ္ထကပ်ရောဂါဘေး တလျှောက်လုံး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်အသက်ရှင်ကျန်ဆဲ ဖြစ်နေမည်ကို မမေ့ ပါနှင့်။
အကယ်၍ တနေ့တာ၏သုံးစုတစုသည် နေရောင်ခြည် အလင်း ရောင် မရလျှင်နေ့အလင်းရောင်သည် ပျမ်းမျှ တနေ့တာ၏ခုနှစ် သို့မဟုတ် ရှစ်နာရီ အနက် လေးနာရီခန့် လျော့နည်းကြောင်း ဆိုလိုရာ ရောက်သည်။ လနှင့်ကြယ်တာရာများ၏အလင်းရောင်တို့သည်လည်းသူတို့ အလင်းရောင် ၏ သုံးစုတစုလျော့နည်း ဆုံးရှုံးလျှင် ကမ္ဘာကြီးသည်လည်းအမှောင်ကျသွား လိမ့်မည်။ ၄င်း၏နေ့အလင်းရောင်းများ ကျယ်ပြန့်လာဖို့ကောင်းသည်။ တ နည်းပြောရလျှင် အမှောင်ထုသည်ရုတ်တရက် ကျရောက်လာလိမ့်မည်။ ချီဆောင်ခြင်း ရုပ်ရှင်ဇတ်လမ်းသည် ဘေးဒါဏ်ကြီး ကာလမတိုင်မီ ချီ ဆောင်ခြင်းကျရောက်မည့် အယူအဆအတိုင်း ဖော်ပြထားသည်။ သို့သော် ၄င်းဇတ်ကားထဲတွင် ကမ္ဘာတဝှမ်းလုံးနေ့အလင်းရောင်သည် အမှောင်အ ဖြစ် ပြောင်းလဲသွားပြီး လူတိုင်း စူးစူးဝါးဝါး အော်ဟစ်လျှက်ထိန်မနိုင် သိမ်း မရကြောက်လန့်ခြင်းများပေါ်ပေါက်သည်ကို သင်တွေ့မြင်နိုင်ပါသည်။ ဤ အကြောင်းကို သင့်ဖာသာ စဉ်းစားကြည့်ပါ။ ဤအချိန်သည် နံနက် (၁၁) နာရီချိန်ဟု ယူဆကြည့်ပါ။ ထို့နောက် ဗြုန်းကနဲ နေကွယ်ပျောက်ပြီး အ လင်းရောင်လုံးဝမရှိတော့ သင်သည်လည်း ကြောက်ရွံခြင်းက ထိုးနှက်ခြင်း ခံရမှာ ဖြစ်သည်။ ပြီး သင်ဟာလည်း သေမင်းတမန် လာရောက်လည်ပတ် သလို ခံစားရမှာ ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သော ဆိုးဝါးသည့်အချိန်ကာလကို ဖြတ် ကျော်နေထိုင်ကြရလိမ့်မည်ကိုသိထားရန် လိုသည်။ သို့သော် ကျွန်ုပ်တို့ ကြောက်ရွံ့မနေသင့်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အကာအကွယ် ပေးပြီးပို၍ပင်ကောင်းချိီးပေးပါလိမ့်မည်။သည်အချိန်တွင်သင်၏ ယုံကြည် ချက်သည်လည်း အလွန်ခိုင်မာည့် ဖက်သို့ပြောင်းလဲလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်သည် သင်၏ဆုတောင်းသံကို အဖြေပေးပြီးနောက် သင် သူ့ထံ ဆုတောင်းသည့် တခဏ၌သင့်အတွက် အလုပ်လုပ်ပေးလိမ့်မည်။ တကမ္ဘာ ၏နောက်ဆုံးသောကာလဘုရားသခင်သည်ဘေးဒါဏ်ကြီးကာလ၏နောက် ဆုံးကာလမတိုင်မီအထိ ကျွန်ုပ်တို့နှင့် အတူအမြဲ ရှိနေမည်ဟု ကတိပြု ထားသောကြောင့် ဖြစ်ပါသည်။ အမြဲတမ်း ကျွန်ုပ်တို့နှင့် အတူရှိနေမည်ကို သံသယရှိစရာ မလိုပါ။ ဤအတိုင်းပင် ဘုရားသခင်သည် ကျွန်ုပ်တို့ အ သက်ရှင်ကျန်နေရန်အတွက် ခွင့်ပြုပြီး ကျွန်ုပ်တို့ကိုကာကွယ် ပေးလိမ့် မည်။ ထို့နောက် ကျွန်ုပ်တို့သည် အခြားလူများထံ ယုံကြည်မှု ပျံနှံစေရမည် ဖြစ်ပြီး သူတို့၏ ယုံကြည်မှုကိုလည်း ပြင်ဆင်ပေးရမည်။
 
 
နောက်ထက်ရောက်လာမည့် ကပ်ရောဂါဘေး (၃) ခု
 
အခန်းငယ်(၁၃)မှန်ကန်သောနှုတ်ကပတ်တော်နှင့်အတူ၊ ယနေ့ယုံ ကြည်သူများ၏ကျိုးပေါက်နေသောတိုက်မြစ်များကို စစ်မှန်သောဧဝံဂေလိ တရားကပြန်လည်ပြုပြင်လိမ့်မည်ဟုမျှော်လင့်ထားပါသည်။
ကောင်းကင်တမန်က အမင်္ဂလာအတွက် သုံးကြိမ်မက အော်ဟစ် သည့်တိုင် ဤကမ္ဘာမြေကြီးသို့ ကပ်ရောဂါဘေးကြီး (၃)ခုထက်မက လိုက် လာလိမ့်မည်။ တနည်းပြောရလျှင်တံပိုးခုနှစ်ခုလုံးကပ်ရောဂါ၏ကပ်ဘေး များဖြစ်သောနောက်ထပ်ဘေးကြီး(၃)ခု ကျန်ရှိနေဆဲဖြစ်သည်။ သတ္တမ မြောက်တံပိုးအားဖြင့် ကျွန်ုပ်တို့ ချီဆောင်ခြင်းတကယ်ဖြစ်ပေါ်လာမည် ဆိုသည်ကို ကျွန်ုပ်တို့သဘောပေါက် ကြရမည်ဖြစ်သည်။ ပထမတံပိုး ခြောက်လုံး၏ကပ်ရောဂါဘေးအားလုံးပြီးဆုံးသွားသောအခါသတ္တမမြောက် ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်လိမ့်မည်။ ထိုအခါ သန့်ရှင်း သူများသည်ချက်ချင်းထမြောက်ပြီး ချီဆောင်ခြင်းခံကြရလိမ့်မည်။ သန့်ရှင်း သူများချီဆောင်သွားပြီး သခင်ဘုရားကိုလေထဲတွင် တွေ့ဆုံကြမည်။ ထို့နောက်ကမ္ဘာမြေပေါ်သို့ လောင်းချလိမ့်မည်။
ကမ္ဘာမြေကြီးသည် မကြာမီတံပိုးခုနှစ်လုံး၏ကပ်ရောဂါဘေးကာ လအစပိုင်းထဲသို့ ဝင်ရောက်လိမ့်မည်ဆိုသည်ကို ကျွန်ုပ်တို့ နားလည်သ ဘောပေါက်ကြရမည်။ထို့နောက် ဘုရားသခင်၏ အလိုတော်အတိုင်းဖော်ပြ ခဲ့ပြီးသော သတ္တမမြောက်တံပိုး၏ ကပ်ရောဂါဘေးသွန်းလောင်းလိမ့်မည်။ ထို့ပြင် သူတို့ကို ကျွန်ုပ်တို့၏နှလုံးသားထဲမှယုံကြည် နေရမည်။ ကျွန်ုပ်တို့ ယုံကြည်နေရမည်။ ကျွန်ုပ်တို့၏ဦးစားပေးသင့်သော ဗဟုသုတများကို ယုံကြည်မှုမရှိခဲ့လျှင် သူတို့သည် ဖောက်ပြန်ရေးသမားဘဝနှင့် ဇာတ်သိမ်း သွားသည့်တိုင်အောင် အကယ်တန်းဘေးဒါဏ်ကြီး ကာလကျရောက် သော အခါ တုန်လှုပ်ကြလိမ့်မည်။ 
ဤအတိုင်းပင် ကျွန်ုပ်တို့အတွက် နောက်ဆုံးကာလဤ အောင်ပွဲခံ ရစေရန်အရာပေါ်ထားရှိသော ကျွန်ုပ်တို့၏ယုံကြည်ချက်ကို နောက်ဆုံးကာ လ၏တိကျသော အသိတရားနှင့်အတူ ရှိနေစေရမည်။ ယနေ့ကာလတွင် ကျွန်ုပ်တို့နောက်ဆုံးအချိန်နီးကပ်လာခြင်း အလွန်နီးကပ်လာသည့် အ ကြောင်းကြောင့် ကျွန်ုပ်တို့သည် အသင်းတော်ကို မည်သည့်အခါမျှ လစ် လျူမရှုရ (သို့) အလွန်ဝေးကွာပြီးမနေရ။ ကျွန်ုပ်တို့နှလုံးသား အားလုံးသည် အသင်းတော်ထဲတွင် ညီညွတ်နေရမည်။ ဘာမဆိုတဦးနှင့်တဦး မှီခိုပြီး ယုံကြည်ခြင်းနှင့် အသက်ရှင်နေရမည်။
ဤကပ်ရောဂါဘေးများကျရောက်လာသောအခါ သင်၏ မိသားစု ဆွေမျိုးသားချင်း (သို့) မိတ်ဆွေတို့မှ ကယ်တင်ခြင်းမခံရသေးသူ အချိုတို့ သည်သင်၏နောက်သို့လိုက်လာကြလိမ့်မည်။သာမန်အချိန်ကာလများတွင် ပင် မည်သူသည် ကျွန်ုပ်တို့၏ဆွေမျိုးသားချင်း၊ ညီအစ်ကိုနှင့် မိဘဖြစ် သည်ဟု မေးမြန်းသည့်အခါခမည်းတော်၏အလိုကို လိုက်သောသူသာလျှင် ကျွန်ုပ်တို့မိသားစုမိဘနှင့် ညီအစ်ကိုများဖြစ်သည်ဟုသခင်ဘုရားက ကျွန်ုပ် တို့အား ပြောပြခဲ့ပါသည်။ ကမ္ဘာ၏ ဘေးဒါဏ်ကြီးကာလကျရောက် သောအခါ မည်သူသည် သူတို့၏ညီအစ်ကို၊ မောင်နှမနှင့် မိသားစု အစစ် ဖြစ်သည်ကို ပို၍သေချာစွာ သဘောပေါက်လာကြလိမ့်မည်။ အဘယ့် ကြောင့်ဆိုသော် ယခုအခါ ကျွန်ုပ်တို့သည် ဤယုံကြည်ချက်နှင့်ပင် တဦး နှင့် တဦးနားလည်မှု ရှိပြီးတူညီနေကြခြင်းဖြစ်သည်။ ၄င်းအပြင် ဘုရား သခင်သည် သင်နှင့် ကျွန်ုပ်အား အတူတူပင် ဤကပ်ရောဂါဘေး အားလုံးမှ လွတ်မြောက်စေခဲ့ပြီး ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား ပြုစုပျိုးထောင် ပေးလိမ့်မည်။ ဤယုံကြည်ချက်ကို ကျွန်ုပ်တို့အထဲတွင် ခိုင်မာစွာစိုက်ထူ ထားရမည်။
နောက်ဆုံးသောကာလ၌ကျွန်ုပ်တို့အား အန္တီခရစ်ထံရောင်းစား မည့်သူများမှာ လက်စသတ်တော့ ဟုတ်ကဲ့ပါဟု ပြောတတ်သော ကျွန်ုပ် တို့၏ သွေးသားထဲမှ မိသားစုအရင်းအချာထဲမှ ဖြစ်နိုင်သည်။ သူတို့သည် ကျွန်ုပ်တို့၏မိသားစု၊ ဆွေမျိုးသားချင်းများ ဖြစ်ကြသော်လည်း အကယ်၍ သူတို့သည်ရေနှင့်ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မွေးဖွားခံရသူများ မဖြစ်ခဲ့ လျှင် ဤအခြေအနေ၌ကျွန်ုပ်တို့၏ယုံကြည်ချက်သည် အစကတည်းကပင် သူတို့အားတစိမ်းတရံစာကဲ့သို့ သဘောထားနိုင်ရန် လုံလောက်သောအင် အားရှိရမည်။ တခြားနည်းဖြင့်ပြောရလျှင် သူတို့သည် တကယ့် တစိမ်း တရံစာထက်ပင်အလွန်ဆိုးဝါးသောအရာများကို ကျွန်ုပ်တို့အပေါ်၌ လုပ်နိုင် စွမ်းရှိကြသည်။ အကယ်၍ သူတို့သည် ကယ်တင်ခြင်းမခံရလျှင် ကျွန်ုပ်တို့ ၏ဆွေမျိုးသားချင်းများ ဖြစ်ခြင်းသည် အကြောင်းမဟုတ်ပါ။ သူတို့သည် ကျွန်ုပ်တို့၏ရန်သူများ ဖြစ်သည်ဆိုသည်ကို ထည့်သွင်းစဉ်းစားရန် မလို ကြောင်းကျွန်ုပ်တို့နားလည်သဘောပေါက်ထားရပါမည်။ ကျွန်ုပ်တို့မကြခ ဏကြားနာရသော ဘုရားသခင်၏နှုတ်ကပတ်တော်အတွက် ကျွန်ုပ်တို့၏ နှလုံးသားကို ဖွင့်ထားပြီး ၄င်းအချက်အလက်အပေါ် အမှန်တရား အဖြစ် ယုံကြည်ရမည်။
ဘုရားသခင်က သောဒုံနှင့်ဂေါမောရ မြို့များပေါ်သို့ ကန့်နှင့် ငရဲ မီးကိုရွာချစေပြီး မငြိမ်းနိုင်သောမီးလျှံအဖြစ် မပြောင်းလဲခဲ့သည့် အတိုင်း ပင် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် အပြစ်သားများ အပေါ်သို့ လည်းကပ်ရောဂါဘေးများ ကျရောက်စေလိမ့်မည်။ ဘုရားသခင်၏ သောဒုံ နှင့်ဂေါမောရမြို့များကို ဖျက်ဆီးခြင်းအကြောင်းမှာ ရှေးဟောင်းသုတေသန ဆိုင်ရာ ခိုင်လုံသော သက်သေအထောက်အထား အချက်အလက် ရှိပြီး ဖြစ်သည်။
ယနေ့အချိန်တွင် ရုပ်ရှင်ကားပေါင်းများစွာ၌ လူသားအပေါ်သို့ ကျ ရောက်သော ပျက်စီးခြင်းများသည် ကောင်းကင်မှကျလာသော ဥက္ကာပျံနှင့် ကမ္ဘာမြေထိခိုက်မှုဖြင့် ပေါ်ပေါက်လာပုံကို ဇာတ်လမ်းဆင်၍ ရိုက်ကူးထား ကြပါသည်။ ယင်းကဲ့သို့သော ရုပ်ရှင်ဇာတ်လမ်းများသည် ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသောကမ္ဘာမြေပေါ်သို့နောက်ဆုံးသောကာ၌ ကျရောက် လာရန်ဖြစ်နိုင်ခြေမှာ တကယ်တမ်းအားဖြင့် အတော်ပင်အလှမ်းဝေးပါ သည်။ ဤကပ်ရောဂါဘေးကြီးကမ္ဘာမြေပေါ်သို့ အမှန်တကယ် ကျရောက် အောင်လုပ်ရန် ပို၍ ဖြစ်နိုင်ဖွယ်ရှိပါသည်။
အကောင်းဆုံး ဥပမာမှာ ဒိုင်နိုဆော ရုပ်ကြွင်းမှ ရရှိသော ကျောက် ဖြစ်ရုပ်ကြွင်း ဆိုင်ရာအထောက်အထားပင်ဖြစ်ပါသည်။ ယင်းအချက်က ကမ္ဘာကြီးသည် ရှေးကာလက ကြီးမားသောပြောင်းလုမှုအချို့ကို ဖြတ်သန်း ခဲ့ရကြောင်း ပြသပါသည်။ မျိုးတုန်းသွားပြီ ဖြစ်သော အသက်ပုံစံများက ရှေးက သူတို့၏ရှေးကျသော တည်ရှိမှုကို၄င်းတို့၏ကျောက်ဖြစ် ရုပ်ကြွင်း အားဖြင့် ကျွန်ုပ်တို့အား ပြောပြပါသည်။ အချို့သော သိပ္ပံပညာရှင်များက မျိုးတုန်းသွားပြီဖြစ်သော ဤရှေးဟောင်းသက်ရှိ ရုပ်ကြွင်းပုံစံ ဒိုင်နိုဆော အပါအဝင်တို့က ကမ္ဘာမြေကြီးနှင့် ဂြိုလ်ငယ်တို့ တိုက်မိခြင်းကြောင်း ရုတ် တရက်ကပ်ဘေးကြီးပေါ်လာကြောင်း ပြနေသည်ဟု ယူဆကြသည်။ ထိုအ ကြောင်းများကြောင့် ဗျာဒိတ်ကျမ်း အခန်းကြီး (၈) တွင် ဖော်ပြထားသော ဥက္ကာပျံ ကျရောက်သည် ကပ်ရောဂါဘေးသည် ဤကမ္ဘာမြေပေါ်၌ လက် တွေ့ ပေါ်ပေါက်ရန် ပို၍ ဖြစ်နိုင်ပါသည်။
 
 
မဝေးလှသော အနာဂတ်၌
 
ထိုကဲ့သို့သောကပ်ရောဂါဘေးကြီးများဤကမ္ဘာမြေပေါ်ကျရောက် လာမည်မှာမဝေးလှသော အနာဂတ်တွင်ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်း သဘောပေါက်ထားရမည်။ အချို့သောသိပ္ပံ ပညာရှင်များတို့သည်လူသား ပုံတူပွားခြင်းကို ကြိုးပမ်းခဲ့ကြပြီး ဖြစ်သည်။ ၄င်းသည် ဘုရားသခင်အား ကြောက်စရာ ကောင်းလောက်အောင် စိန်ခေါ်မှုပင် ဖြစ်သည်။ ထို့ကြောင့် ဤကပ်ရောဂါ ဘေးကြီးအားလုံကိုဤခေတ်ထဲ ကျရောက်စေရန်ဘုရားသ ခင်သည် အဆင်သင့်ဖြစ်နေလောက်ပေသည်။ လူသားတို့သည်သိပ္ပံပညာ ၏အင်အားအပေါ် မှီခို အားထားမှုဖြင့် ဘုရားသခင်အားမမေ့ရပါ။
ယခုအခါမှာ လူသားတို့သည် ဤကမ္ဘာ၏ ကပ်ရောဂါဘေးကြီး များကို ပြန်လည်တုန့်ပြန်ရန် သိပ္ပံပညာ အသိပညာအသိအင်အားဖြင့် ကြိုး ပမ်းနေကြသည်။ သို့သော် မည်သည့် သိပ္ပံပညာရှင်ကမှ ဘုရားသခင်၏ ကပ်ရောဂါဘေးများကိုထိုးဖောက်ကာကွယ်နိုင်မည်မဟုတ်ပေ။ သူတို့သည် အခြားသော ရုတ်တရက် ကျရောက်လာတတ်သည့် ဘေးဒုက္ခထက် ပို၍ ဆိုးဝါးသဖြင့် လူသားတို့သည် တချိန်ချိန်တွင် ဖြတ်သန်း ကြရလိမ့်မည်။ လူသားတို့ယနေ့ ပြုလုပ်နေကြသောသိပ္ပံဆိုင်ရာ တိုးတက်မှုများကို လေ့ လာသောအခါ လူသားတို့သည် ဘုရားသခင်၏တန်ခိုးအာဏာကို စိန်ခေါ် လျှက်ရှိပြီး သူကဲ့သို့ ဖြစ်လာရန်ဆန္ဒရှိကြသည်။ သို့သော် သိပ္ပံဆိုင်ရာ တီ ထွင်မှုများ မည်မျှပင် ပိုကောင်းလာပါစေ။ အကြောင်းမဟုတ်ပါ။ ဘုရားသ ခင် သယ်ဆောင်လာမည့် ကပ်ရောဂါဘေးကို မည်သူမျှ ရပ်စဲစေနိုင်မည် မဟုတ်ပါ။ ဤကပ်ရောဂါဘေးများကို တောင်းဆိုလာသူများလည်း အခြား သူများထက် လူသားများ ကိုယ်တိုင်ဖြစ်ကြသည်။
ဘုရားသခင်ကျရောက်စေမည့် ကပ်ရောဂါဘေးများ လွတ်မြောက် နိုင်သောတခုတည်းသော နည်းလမ်းမှာရေနှင့် ဝိညာဉ်ဆိုင်ရာသတင်း ကောင်းအားဖြင့် ကယ်တင်ခြင်း အမှန်တရားကို ရှာဖွေခြင်းနှင့် ဤသတင်း ကောင်းကို ယုံကြည်လျှက် ဘုရားသခင်၏လက်ရုံးတော်အောက်၌ ခိုလှုံ ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ကြောက်မက်ဖွယ်ရော တရားစီရင်မှုမှ ရှောင်ရှားနိုင်မည့် တခုတည်းသောလမ်းမှာ ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်း ကာင်းကို ယုံကြည်ခြင်းပင်ဖြစ်ပြီး ယင်းအချက်ကို နားလည်သဘော ပေါက်ခြင်းနှင့် ယုံကြည်ခြင်းဖြင့် ဤကပ်ရောဂါဘေးမှ လွတ်မြောက်နိုင် မည် ဖြစ်သည်။
ကောင်ချီးနှင့် ကျိန်ခြင်းအားလုံးသည် ဘုရားသခင်လက်ထဲ၌ ရှိ သည်။ အကယ်၍ဘုရားသခင်က ကမ္ဘာကြီးကို ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ လျှင် ကမ္ဘာကြီးသည် ဆက်တည်လိမ့်မည်။ အကယ်၍ဤသို့ မဟုတ်ခဲ့လျှင် ဤကမ္ဘာကြီးသည် ဖျက်ဆီးခံရနိုင်သည်။ဤကဲ့သို့သောခေတ်တွင် အသက် ရှင် နေထိုင်ရစဉ် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ယုံကြည် လိုက်လျှောက်ပြီး ပို၍ စင်ကြယ်လျက် ဘုရားကို ပို၍ ကြောက်ရွံ့လျှင် ဘု ရားသခင်သည် သင့်အား အလွန်ကြောက်မက်ဘွယ်ကောင်းသော ဤကပ် ဘေးကြီး ကျရောက်သည့်အခါ ဘေးမှ ကာကွယ်ပြီး ခိုရန်ခွင့်ပေးနိုင်သော ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းတရားတော်ဖြင့် သင့်အားဦးဆောင် လိမ့်မည်။
ယနေ့တိုင်အောင် ကမ္ဘာတလွှားရှိ လူပေါင်းများစွာတို့သည် ငလျှင် လှုပ်ခြင်း၊တိုင်ဖုံးလေမှုန်တိုင်းနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းနှင့် ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်လျက်ရှိကြသည်။ ၄င်းအပြင် လူမျိုးတမျိုးနှင့် တမျိုးနိုင်ငံတခုနှင့်တခု ဆန့်ကျင်ရပ်တည်လျက် ရှိကြပြီး နေရာတကာ၌ စစ်ပွဲများ မဆုံးနိုင်အောင် ဖြစ်ပွားလျှက်ရှိသည်။ ဤကဲ့သို့သာဖြစ်နေမည် ဆိုလျှင် မဝေးတော့သောအနာဂတ်၌ အန္တီခရစ်ပေါ်ပေါက်လာပြီး ဤပရမ်း ပတာ ဖြစ်နေသောအခြေအနေ၏အရေးပေါ် ပြဿနာများဖြေရှင်းပေးလိမ့် မည်။ ဤသို့ဖြင့် လူပေါင်းများစွာတို့သည် သူ့နောက်သို့ လိုက်ကြလိမ့်မည်။ ထို့နောက်၄င်းသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ကပ်ရောဂါဘေး ကြီးနှင့်အတူ ကမ္ဘာမြေကြီးသို့ ဆင်းသက်လာလိမ့်မည်။ အဆုံးတွင် ဤ ကမ္ဘာမြေကြီးသည်ဘုရားသခင်ကျရောက်စေသော ကပ်ရောဂါဘေးကြီး ဖြင့် လုံးဝဖျက်ဆီးခြင်းခံရလိမ့်မည်။
ဘုရားသခင်သည် အပြစ်မှ ကယ်တင်ခြင်းခံရပြီး သူများအတွက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖန်ဆင်းလိမ့်မည်။ ဘုရားသခင်၏ အသစ်သောကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်မှာ သတ္တဝါများပျောက်ကွယ်သွားသကဲ့သို့ကမ္ဘာကြီး၏ခေတ်မှီသော သိပ္ပံခေတ် လူနေမှုစနစ်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ ၄င်း နောက်ကျွန်ုပ်တို့သည် ကိုယ်တိုင်မြင့်သောမျက်မြင်သက်သေများ အဖြစ် ဘုရားသခင်ဆိုက်ရောက်စေသော ကမ္ဘာသစ်၏အစပိုင်းကို သက်သေခံကြ ရလိမ့်မည်။
ထို့နောက်ကျွန်ုပ်တို့မည်မျှထိအသက်ရှင်နေရမည်ကိုကျွန်ုပ်တို့စဉ်း စားရမည် ဖြစ်သည်။ လက်ရှိစာမျက်နှာ၌ မှတ်တမ်းမတင်ထားသော ကပ်ရောဂါဘေးကြီးများကျရောက်လာမည်ကို ကျွန်ုပ်တို့ ယုံကြည်ကြရ မည်။ ထို့နောက် ကျန်ရှိသောကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအတွက် အသက်ရှင်နေရမည်။ နောက်တဖန် ပေါ် လာမည့် ကမ္ဘာသစ်အတွက် ယုံကြည်မှုဖြင့် ပြင်ဆင်ရမည်။ ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်း၏ ဟောကိန်းထုတ်ချက်များကို နှံ့စပ်သိနေရမည်။ ဤအရာ များကို ကျွန်ုပ်တို့ ယခုမြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေ့ရက် ရောက်လာသောအခါ သင်ရရှိထားသောအသိပညာ အားလုံးသည် သင်၏ ယုံကြည်မှု အတွက် ကြီးမားသော အကျိုး ရရှိစေမည် ဖြစ်သည်။
အာကာသရှိအရာ အားလုံးသည် ကမ္ဘာမြေကြီးနှင့် တိုက်မိရန် ဖြစ် နိုင်ခြေရှိသည်။ ဂြိုလ်သိမ်ဂြိုလ်ငယ်များသည် အင်္ဂါဂြိုလ်မှ ကြသပတေး ဂြိုလ်များအတွင်း ပျံ့ကျဲတည်ရှိနေကြပြီ။ မရေတွက်နိုင်သော ဥက္ကာပျံများ အပါအဝင် မသိသေးသောစက်ဝန်းများအားလုံးကို စုပေါင်းပြီး “ကမ္ဘာအနီး မှ အရာများ” (NEO) ဟု ခေါ်သည်။
ကမ္ဘာနှင့် အနီးကပ်ဆုံး အရာဝတ္ထုများ (NEOs) သည် နေစင်္ကြာဝ ဠာတစ်ခုတည်းတွင်ပင် (၈၉၃) ခုရှိသည်ကို သိရှိထားကြောင်း သက်သေအ ထောက်အထားနှင့်တကွနာဆာအဖွဲ့(NASA)အဖွဲ့က တစ်ကြိမ်က ဖော်ပြခဲ့ ဘူးပါသည်။ အကယ်၍(NEOs) ဤများထဲမှ တခုခုက ကမ္ဘာမြေကြီးကို ဝင်တိုက်မိလာပါက ယင်းဝင်တိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အပျက် အဆီးမှာ စိတ်ကူးဖြင့် ဖော်ပြ မရနိုင်လောက်အောင် ကြီးမားလှပေမည်။ ထိုဘေးဒုက္ခ ဖြစ်စေနိုင်သည့် ဝင်တိုက်မိခြင်းသည် အနုမြူဗုံးအလုံးပေါင်း တစ်ထောင်စုပေါင်း ပေါက်ကွဲခြင်းထက်သာ၍ ကြီးမားနိုင်ပါသည်။
ထို့နောက် ဤကမ္ဘာကြီးဘာတွေ ဖြစ်လာမလဲဆိုတာ စဉ်းစား ကြည့်ပါ။ ကမ္ဘာကြီး၏သစ်တောများ၊ ရေများနှင့်သင်္ဘောများ ပျက်စီးလိမ့် မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နောက် လူသားအားလုံးတို့ သည် ရေနှင့်ဝိညာဉ်သတင်းကောင်းကိုယုံကြည် ရမည်ဖြစ်ပြီး ၄င်းတို့ ဆက်လက် အသက်ရှင် နေထိုင်နိုင်ရန်အတွက် ထာဝရအသက်တာ ရရှိရန် ပြင်ဆင်ကြရမည်။
သဘာဝကပ်ရောဂါဘေးကြီးများ ဤကမ္ဘာမြေသို့ ကျရောက် လာသောအခါ သုံးစုတစုသော နေ၊ လနှင့် ကြယ်တို့သည် အလင်းရောင် ဆုံးရှုံးကြရလိမ့်မည်ဖြစ်ကြောင်း အရှင်ဘုရားက ကျွန်ုပ်တို့အား ပြောပြ ထားပါသည်။ သို့သော် ပုဂ္ပိုလ်အနည်းငယ်က ဤအကြောင်းကို သိပြီး ပို၍ နည်းသော ပုဂ္ပိုလ်အချို့က ဤအကြောင်းကို ယုံကြည်ကြသည်။ ဤအ တိုင်းသာဆိုလျှင် အနည်းငယ်သောအရေအတွက်ရှိသည် ပုဂ္ဂိုလ်များသာ ဤရေနှင့် ဝိညာဉ်သတင်းကောင်း၏မှန်ကန်မှုများကို ယုံကြည်ပြီး ဟော ပြောကြလိမ့်မည်။
ကျွန်ုပ်တို့ စိတ်နှလုံးသည် နိုးထနေရမည်။ ဤကပ်ရောဂါဘေး များသည်အမှန်ပင် ကျရောက်လာမည် ဖြစ်သည်။ မည်ကဲ့သို့သော ယုံ ကြည်မှုနှင့်ဆုံးဖြတ်ချက်မျိုးဖြင့် ကျွန်ုပ်တို့၏ကျန်ရှိသောအသက်တာ ရှင် သန်စေနိုင်မည်ကို ကျွန်ုပ်တို့ လေ့လာရှာဖွေ ရမည် ဖြစ်သည်။ ယနေ့ခေတ် ကာလသည် ဘေးဒါဏ်ကြီး ကာလနှင့်ခြေတလှမ်း အကွာ၌သာ ရှိသည်ကို နားလည်သဘောပေါက်ပြီး ကျွန်ုပ်တို့၏ကျန်ရှိသော အသက်တာကို ကျွန်ုပ် တို့၏နှလုံးသားထဲ၌ မည်သို့ပင် ဖြစ်ပေါ် နေစေကာမူသံသယ အစအန လုံးဝမရှိစေဘဲ ယုံကြည်ခြင်းဖြင့် အသက်ရှင်နေရမည်။
အကယ်၍ ကျွန်ုပ်တို့သည် ယခုအချိန်၌ ဤဘေးဒဏ်ကြီး ကာ လအတွက် ဖော်ပြသော ဗျာဒိတ်စကားများကို ယုံကြည်ခြင်းမရှိပါက ကျွန်ုပ်တို့၏နှလုံးသားများသည်ဘာမျှ မရှိဗလာ ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များပျောက်ဆုံး လိမ့်မည်။ကျွန်ုပ်တို့သည် ဘဝအတွက်ပူပန်မှု များဖြင့် မသန်မစွမ်းဘဝ ဖြစ်သွားကြလိမ့်မည်။ ဤကိစ္စမျိုးမဖြစ်ပွား စေ ရပါ။တချိန်ထဲမှာပင်ကျွန်ုပ်တို့သည်နောက်ပိုင်း၌ဤကမ္ဘာပေါ်တွင်နေတော့ မည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို ဤကမ္ဘာပေါ်တွင် အ နည်းငယ်သာ ထားရှိရမည်။ သိပ္ပံအတတ်ပညာနှင့်ဆိုင်သော အသိအနည်း ငယ်ရှိသူအများကပင် ဤကမ္ဘာကြီးအတွက် မျှော်လင့်ချက် မရှိတော့ ကြောင်း ကောင်းစွာသိရှိကြသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို သေ ချာပေါက် စွန့်ပစ်လိမ့်မည်။
ဘုရားသခင်သည် သခင်ယေရှု၏နိုင်ငံတော်ကို တည်ထောင်မှာ ဖြစ်ပြီး ဖြောင့်မတ်သူများကို ၄င်းနိုင်ငံထဲတွင် နေထိုင်ခွင့် ပြုလိမ့်မည်။ သူ သည် ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သူတိုင်းကို သူနှင့် အတူ အမြဲတန်း နေထိုင်ဘို့ရန် ခွင့်ပြုလိမ့်မည်။
ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဆန္ဒများနှင့်အတွေးအခေါ်တို့ကို ဘုရား သခင်ရှေ့မှောက်၌ ချထားရမည်။ ၄င်းပြင် နှိမ်ချခြင်းကို လက်ခံပြီးသူ၏ ဟောကိန်းစကားများကို ယုံကြည်ရမည်။ ဝိညာဉ်ဆိုင်ရာ သတင်းကောင်း ကိုကျွန်ုပ်တို့ဟောပြောနေရမည်။ ထို့နောက် ကိုယ်တော်ပြန်ကြွ လာသော အခါ သူနှင့်တွေ့ဆုံရမည်။ ဤကဲ့သို့သော ဘုရားသခင်၏အလုပ်၌ အသက် ရှင်ကြပါစို့။ သခင်ဘုရားကမ္ဘာမြေသို့ ပြန်လည်ကြွလာသောအခါ ကျွန်ုပ်တို့ သည် အသစ်သောအသက်တာကို လက်ခံရလိမ့်မည်။ ကျွန်ုပ်တို့၏ ကိုယ် ခန္ဓာသည်လည်း သူ့ကဲ့သို့ပြောင်းလဲလိမ့်မည်။ထို့ပြင် သူပြောခဲ့သည့်အ တိုင်းကျွန်ုပ်တို့အားလုံးသည်သူ၏ကမ္ဘာသစ်တွင် ထပ်မံနေထိုင် ရလိမ့်မည်။
သခင်ဘုရား၏ ပြန်ကြွလာမည့် အချိန်နှင့်နေ့ရက်ကို ကျွန်ုပ်တို့ မသိကြပါ။ သို့သော်လည်း ကမ္ဘာကြီး၏နိမိတ်လက္ခဏာများ ကြည့်ခြင်း အားဖြင့် ဘုရားသခင်၏နှုတ်တော်ဖြင့် မှတ်တမ်းတင်ထားသော ကပ်ရော ဂါ ဘေးကြီးများသည် ကျွန်ုပ်တို့နှင့်အလွန်နီးကပ်စွာ နီးကပ်လာနေပြီ ဖြစ် သည်။ ထို့ကြောင့် ဤဗျာဒိတ်စကားအားဖြင့် အရာအားလုံးကို ပြောပြပြီး ကယ်တင်ရာလမ်းကိုလည်း ညွှန်ပြတော်မူသော ဘုရားရှင်ကိုကျွန်ုပ်တို့ ယုံ ကြည် ကြရမည်။