Search

တဲတော်အကြောင်းလေ့လာခြင်း

တဲတော်တံတိုင်း၏ဝင်ဂိတ်

ဆက်စပ်သောတရားဟောချက်မျာ

· တဲတော်ဝင်းတံခါး၏အရောင် (ထွက် ၂ရး၉-၁၉)

တဲတော်ဝင်းတံခါး၏အရောင်

(ထွက် ၂ရး၉-၁၉)
“တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့်တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ ထိုကုလား ကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည်။ ထိုနည်းတူ၊ မြောက် ဘက်၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တ ကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ် နှစ်ဆယ် ရှိရမည်။ ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအ တောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ် တဆယ်ရှိရမည်။ ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရ မည်။ တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင် ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိရမည်။ ဝင်း တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအ ထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ် ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ ဝင်းပတ်လည် ၌ တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံ ရမည်။ ဝင်းသည် အလျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါး တောင်ရှိ၍၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။ အမှုတော် ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်း နှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။”

 

ခြံဝင်းတံခါးဒုတိယမွေးဖွားခြင်းခံရသူများယုံကြည်မှုနှင့် သာမန်ခရစ်ယာန် များ၏ယုံကြည်မှုအကြား ရှင်းလင်းပြတ်သားသော ခြားနားမှုများ ရှိ သည်။ ဒုတိယမွေးဖွားခြင်းခံသူများက ဘုရားသခင်သည် ကျွန်ုပ်တို့ ၏အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု သိ၍ ယုံ ကြည်ကြသည်။ သာမန်ခရစ်ယာန်များသည် မိမိကိုယ်ပိုင်အတွေးအ ခေါ်များကို ဘာသာတရားအကျင့်များအဖြစ်သာ အခြေခံင သခင် ယေရှုကို ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်ကို ဘာသာရေး ကိစ္စရပ်တစ်ခုအဖြစ်သာ ယုံကြည်သူများသည် ကြီးပွားတိုးတက်နေ ကြသည်။ စစ်မှန်သောသမ္မာတရားကို ဟောပြောသူများသည် မှား ယွင်းသောတရားများနှင့်ကြွယ်ဝခြင်း မစ္ဆာယုံကြည်မှု ဟောပြောသူ များကို မြင်တွေ့ခြင်းမှာ စိတ်ပျက်စရာကောင်းလှသည်။ ခရစ်ယာန် များစွာတို့သည် ဤသို့များယွင်းသော မတရားသွေးဆောင်ဖြား ယောင်းမှုဘာသာတရား၌ ကျွံကျခဲ့ကြသည်ကို သူတို့သည် ရှင်းလင်း စွာသိခဲ့ကြသောကြောင့် သူတို့သည် အလွန်စိတ်ပျက်ခြင်း ဖြစ်သည်။
ကျွန်တော်လည်း ဤအရာအတွက် ခေတ္တစိတ်ပျက်ခဲ့ရသည်။ ကျွန်တော်သည် သမ္မာတရားကို တွေ့ရှိခြင်းအားဖြင့် စစ်မှန်သော ဒု တိယမွေးဖွားခြင်းခံခဲ့ရသောကြောင့် ကိုယ်တော်၏အမှုတော်များအ တွက် ဘုရားသခင်သည် ကျွန်တော့်အား တန်ဆာပလာအဖြစ်အသုံး ပြုတော်မူသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ကျွန်ုပ်နှ လုံးသားသည် ဘုရားသခင်၏သမ္မာတရား ကျယ်ပြန့်စွာ ဖြန့်ဝေနိုင် ရန်အတွက် တောင့်တမှုရှိခဲ့သောကြောင့် များစွာသောလူများသည် မမမိမိဘာသာရေးအသက်တာများကို မုသာသုံးသူများ၏လှည့်စား ခြင်းကို ခံရကြသည်ကို ကျွန်တော်မြင်တွေ့သောအခါ ကျွန်တော်အ လွန်အမင်း ဝမ်းနည်းမှုခံစားခဲ့ရသည်။
သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်နှလုံးသား၌ ကိန်းဝပ်တော်မူသည်ကို ရှင်းလင်းသည်။ ကျွန်တော်သည် အပြစ်များ စွာ ကျူးလွန်ခဲ့သော်လည်း ကျွန်ုပ်နှလုံးသားမှာ အပြစ်မရှိပေ။ ထို ကြောင့် ကျွန်ုပ်နှလုံးသားတွင် ကျေးဇူးတော်ချီးမွမ်းခြင်းများရှိ၍ ကျွန်တော်ယုံကြည်သော သတင်းကောင်းအပေါ် အရှက်အကြောက် မရှိပေ။ ကျွန်တော်သည် တစ်ကမ္ဘာလုံးသို့ လူသားများထ၌ ဤသ တင်းကောင်းဟောပြောသောအခါ သူတို့သည် ဤသမ္မာတရားနှုတ် ကပတ်တော်ကို ကြား၍ ယုံကြည်ကြလျှင် သူတို့သည် ဤသမ္မာတ ရားကို ယုံကြည်၍ ဘုရားသခင်၏သားသမီးများ အမှန်အကန် ဖြစ် လာခဲ့ကြသောကြောင့် သူတို့သည် ဘုရားနှင့်လူများရှေ့မှာ အရှက်အ ကြောက် မရှိနိုင်တော့ပေ။
သင်သည်လည်း ယုံကြည်ခြင်းအားဖြင့် ဤကောင်းကြီးမင်္ဂလာ များကို အမှန်အကန် ခံစားနိုင်သည်။ သင်သည် သီအိုလော်ဂျီပညာ ကို မလေ့လာခဲ့သော်လည်း သင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသမ္မာတရားကို ယုံကြည်လျှင် သင်သည် အပြစ်များဖြေလွှတ် ခြင်းခံရ၍ ဘုရားသခင်၏သားသမီးများဖြစ်လာကာ သင်၏နှလုံး သားထဲသို့ သန့်ရှင်းသောဝိညာဉ်တော်ရရှိပါလိမ့်မည်။ သင်သည် သန့် ရှင်းသောဝိညာဉ်တော်နှင့်အတူ ဘုရားသခင်၏အစေခံများဖြင့် အ သက်ရှင်လျှောက်လှမ်းနိုင်သည်။ ဤအရာသည် ရှင်းလင်းသော သမ္မာတရားဖြစ်သည်။ ဤသို့ယုံကြည်ခြင်းသည်လည်း မှန်ကန်သော ယုံကြည်ခြင်း ဖြစ်သည်။
မုသာဖြင့်ပြည့်နေသော ကမ္ဘာပေါ်တွင် ကျွန်တော်အသက်ရှင် နေသော်လည်း ကျွန်ုပ်နှလုံးသား၌ ဤစစ်မှန်သောယုံကြည်မှုရှိသော ကြောင့် ကျွန်တော်သည် ဤအချိန်ထိတိုင်း သမ္မာတရားသတင်း ကောင်းဟောပြောနေနိုင်သည်။ တဲတော်ခေါင်းစဉ်းဖြင့် နှုတ်ကပတ် တော်ကို ကျွန်တော်စဟောခဲ့သောအခါ မုသာသုံးသူများ၏လှည့်စား မှုကို ကျွန်တော် ပို၍ သိလာခဲ့သဖြင့် ကျွန်တော်သည် သမ္မာတရား နှင့်အများကို ခွဲခြားနိုင်ခဲ့သည်။ ဤအကြောင်းကြောင့် ကျွန်တော် သည် တဲတော်သမ္မာတရားကို ဝေငှသက်သေခံရခြင်း ဖြစ်သည်။ တဲ တော်အားဖြင့် စစ်မှန်သောသမ္မာတရားဟောပြောမှုမှ ကျွန်တော် အ လွန်ဝမ်းမြောက်မှုခံစားရရှိ၍ လူများသည်လည်း သမ္မာတရားနှင့်အ မှားကို ခွဲခြားနိုင်ခဲ့ကြသည်။
တဲတော်အကြောင်းအခြေခံဤစာအုပ်ကို ရေးသားသောအခါ ကျွန်ုပ်အတွက် ခက်ခဲသောအလုပ်မှာ တဲတော်စကားလုံးအသုံးအ နှုန်း ဖြစ်သည်။ ကျွန်တော်သည် ဤအရာအတွက် ကြီးမားစွာ အာရုံ စူးစိုက်၍ အချိန်ပေးကာ မူရင်းစလုံးကို ကြည့်ခဲ့သည်။ ထိုသို့ ကြိုးစား အားထုတ်သောကြောင့် စာဖတ်သူများသည် တဲတော်အကြောင်းကို ဖတ်သောအခါ မှားယွင်းသော အကြောင်းကြားချက်များရရှိကြလိမ့် မည် မဟုတ်ပေ။ စာဖတ်သူများသည် မှားယွင်းသောခံယူချက်ကို စွဲ ကိုင်ကြလိမ့်မည် မဟုတ်ပေ။  တဲတော်အကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏ပညာနှင့်သိခြင်းကို လျစ်လျူရှု၍ တဲတော်၏ထူးကဲမှုများနှင့် ၎င်း၏ဖုံးအုပ်သောဝိညာဉ်ရေးရာအဓိပ္ပါယ်ကို ပညာရှိသူများအတွက် ရှင်းပြရန် အကန့်အသတ်ရှိသောကြောင့် ကျွန်တော်သည် တဲတော် ထူးခြားမှုကို အမှန်အကန် တိကျရှင်းပြတ်သားစွာ မည်သို့ဟောပြော ရမည်ကို မသိခဲ့သောကြောင့် ထိုဝေါဟာ ရစကားလုံးလေ့လာခြင်း နှင့်ပတ်သက်၍ ကျွန်တော်သည် အချိန်ပေး၍ လေ့လာရသည်။
လူများသည် ၎င်းကို ပထမကြားနှင့်တပြိုင်တည်း နားလည်သ ဘောပေါက်၍ ယုံကြည်နိုင်ကြလျှင် အလွန်ကောင်းပေသည်။ သို့ သော် ရောမမြို့ကို တစ်ရက်အတွင်း မတည်ဆောက်နိုင်ခဲ့ပေ။ ထို နည်းတူ သမ္မာတရားဟောပြောခြင်းနှင့် စစ်မှန်သောယုံကြည်မှု ကိစ္စ များအားလုံးသည်လည်း တစ်ရက်အတွင်း မပြီးစီးနိုင်ပေ။ သို့သော် ကျွန်ုပ်တို့သည် အရေးပါမှုကို တစစီ ပို၍ နက်ရှိုင်းစွာ တူးကြသည့်အ တိုင်း ဖြည်းညှင်းစွာ အောင်မြင်သည်။ ထိုကြောင့် လူတိုင်းသည် ၎င်း ကို နားလည်မည်မဟုတ်သောကြောင့် ကျွန်တော်သည် အစမှစ၍ နက်ရှိုင်းစွာ တူးဆွနေရခြင်းဖြစ်သည်။ ဤအရာသည် ဤစာအုပ်ရေး သားရာတွင် ကျွန်တော်တွေ့ကြုံခဲ့သော အခက်ဆုံးသော စိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။
သို့သော် ဘုရားသခင်၏မစတော်မူခြင်းအားဖြင့် ဤစာအုပ်ကို အခက်အခဲမရှိဘဲ နောက်ဆုံးတွင် ပြီးစီးခဲ့သည်။ ကျွန်တော်သည် ဝမ်းမြောက်ပီတိဖြစ်ရသည်ကို ပြောစရာမလိုအပ်ပေ။ ဤစာအုပ် အားဖြင့် သမ္မာတရားနှင့်အမှားကို ပိုင်းခြားခြင်းအားဖြင့် ကျွန်တော် သည် ယနေ့ ကယ်တင်ခြင်းခံရရန် ရေနှင့်ဝိညာည်တော်သတင်း ကောင်းယုံကြည်သူများနှင့် တစ်ဖက်တွင် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းထက် အခြားသောသတင်းများယုံကြည်သူများ၏ ဘာ သာရေးနှင့်အချည်းနှီးယုံကြည်မှုများအကြောင်းကို နှိုက်နှိုက်ချွတ် ချွတ်၊ ရှင်းရှင်းလင်းးလင်းနှင့် သံသယကင်းစွာ ကျွန်တော် ရှင်းပြလိမ့် မည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်တော့်အား အပြစ်များမှာ ကယ်တင်တော်မူသောကြောင့် ကျွန်တော်သည် ဘုရားသခင်ထံ ကျေးဇူးတင်သည်။
ယနေ့ သခင်ယေရှုကို ယုံကြည်ကြသောကြောင့် အပြစ်ကင်း စင်သည်ဟု အခြေအနေမဲ့ကြွေးကြော်သူများဖြစ်ကြသူ ဧဝံဂေလိယုံ ကြည်သူများစွာ ရှိနေကြသည်။ သူတို့နှလုံးသားများသည် မသေချာ မရီရာသော ယုံကြည်မှုမျိုးစုံဖြင့် ပြည့်နေကြသည်။ ကျွန်တော်သည် တဲတော်ကို လေ့လာနေစဉ် သူတု့၏ အချည်းနှီးနှင့်မှားယွင်းသော ယုံ ကြည်မှုမှာ မည်သု့ဖြစ်သည်ကို ကျွန်တော်ရှင်းလင်းစွာ နားလည်သ ဘောပေါက်ခဲ့ရသည်။ ကျွန်တော်သည် ဤသို့နားလည်သဘော ပေါက်ခဲ့သောကြောင့် ကျွန်ုပ်ကယ်တင်ခြင်းအတွက် နှလုံးသားအ ကြွင်းမဲ့ ဘုရားသခင်ကို ကျေးဇူးတင်သည်။

 


တဲတော်ဝင်း၏တံခါးနှင့်အကာအရံ

တဲတော်ဝင်း၏တံခါးနှင့်အကာအရံ
တဲတော်ဝင်းစတုရန်းလေးထောင့်၏အလျားမှာ ၄၅ မီတာနှင့် ၎င်း၏အနံမှာ ၂၂.၅ မီတာ (၇၅ပေ)ရှသည်ကိုလည်းကောင်း၊  တစ် တောင်၏အရည်မှာ ၀.၄၅ မီတာ (၁.၅ ပေ)နှင့်ညီမျှသည်ကိုလည်း ကောင်း၊ တဲတော်ဝင်းပတ်လည်တွင် ၂.၂.၅ မီတာ (၇.၅ပေ) ရှည် သော တိုင် ၆၀တိုင်များကို ဝိုင်းရံစိုက်ထူသည်ကိုလည်းကောင်း၊ ၎င်း ၏အရှေ့ဘက်တွင် ၉ မီတာမြင့်သော တံခါးရှိသည်ကိုလည်းကောင်း၊ ကျန်ခြံစည်းရိုးအားလုံးသည် ၁၃၅ မီတာ (၁၂၃ ကိုက်)မှ ၁၂၆ မီတာ (၁၁၅ကိုက် ခန့်)တွင် အဖြူရောင်ပိတ်ချောအထည်များ ပတ်လည် တွင် ဆွဲချိတ်ထားသည်ဟူသောအချက်ကု ယနေ့အဓိကကျမ်းချက် တွင် ကျွန်ုပ်တို့တွေ့ရကြသည်။ 
တဲတော်ဝင်းတံခါးကို အပြာရောင်၊ ခရမ်းရောင်နှင့် နီသောအ ထည်းနှင့်ပိတ်ချောတို့ဖြင့် ပြီး၍ အနံ ၉ မီတာနှင့် အမြင့် ၂.၂၅ မီတာ (၇.၅ ပေ)ရှိသည်။ တစ်နည်းအားဖြင့် ဤမတူညီသော ချည်ထည် လေးမျိုးများကို အလျား၉ မီတာ (၃၀ပေ)နှင့်အနံ ၂.၂၅ မီတာ(၇.၅ ပေ)ရှိသော ပိတ်ချေကို ရက်လုပ်ခြင်း ဖြစ်သည်။ အပြာရောင်အ ထည်မှာ အဖြူရောင်ပိတ်ချော၌ အရှည်နှင့်အနံအပြည့်ဖြင့် ရက်လုပ် ထားသည်။ ထိုနောက် ခရမ်းရောင်အထည်ကို အမြင့် ၂.၂၅ မီတာဖြင့် ရက်လုပ်သည်။ ထိုနောက် နီသောအထည်ကို ၂.၂.၅ မီတာ (၇.၅ပေ) ကို ရက်လုပ်သည်။ ထိုနောက် ၂.၂၅ မီတာ (၇.၅ပေ)မြင့်သော ကော် ဇော်ရက်လုပ်သကဲ့သို့ ထူ၍ ခိုင်ခံသော ချည်ဖြင့်  ကုလားကာ ရက် လုပ်ထားသည်။ ဤသို့ဖြင့် ထူ၍ ခိုင်ခံ့စွာရပ်ထားသော ချည်ထထည် အမြင့်မှာ ၂.၂၅ မီတာ (၇.၅ ပေ)နှင့် အကျယ် ၉ မီတာ (၃၀ပေ)ရှိ သော ကုလားကာကို တဲတော်ဝင်းအရှေ့ဘက်တိုင်လေးတိုင်ပေါ်တွင် ချိတ်ဆွဲထားသည်။
လူများသည် တဲတော်ဝင်းသို့ ဝင်ရောက်သောအခါ ကုလားကာ များကို မတင်ရမည် ဖြစ်သည်။ အခြားသော တံခါးများနှင့်မတူဘဲ တဲ တော်တံခါးမှာ သစ်သားဖြင့် မပြုလုပ်ခဲ့ပေ။ ၎င်း၏တိုင်များသည် သစ်သားဖြင့် ပြုလုပ်ခဲ့သော်လည်း ဤသစ်သားများ၌ ချိတ်ဆွဲထား သော တံခါးမှာ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ထည်နှင့် ပိတ်ချောကုလားကာ ချိတ်ဆွဲထားသည်။
သင်သည် ယခင်က ဆပ်ကပ်ပြပွဲကို ကြည့်ရှု၍ ဆပ်ကပ်တဲကို မည်သို့ဆောက်ထားခဲ့သည်ကို မြင်တွေ့နိုင်သည်။ အများအားဖြင့် ၎င်း၏တံခါးမှာ ထူးသောကုလားကာဖြင့် ပြုလုပ်ထားသည်။ တဲ တော်ဝင်း၏တံခါးမှာ ဤသို့သောတံခါးများနှင့် ဆင်တူသည်။ ၎င်းကို ထူးသောကုလားကာဖြင့် ပြုလုပ်ထားသည့်အတိုင်း ခိုင်ခံသောတံခါး များကဲ့သို့ ၎င်းသည် ဆွဲခြင်း သို့မဟုတ် တွန်းခြင်းအားဖြင့် မဖွင့်ပေ။ သို့သော် ဝင်ရောက်ရန် ဆွဲထုတ်ရမည် ဖြစ်သည်။ ဤအရာသည် တဲ တော်ဝင်း၏တံခါးအတွက်သာမဟုတ်ဘဲ သန့်ရှင်းသောဌာန၏တံခါး များနှင့် တဲတော်အတွင်၌ရှိသော အသန့်ရှင်းဆုံးနေရာတံခါးအတွက် ပါ ထိုသို့ပြုလုပ်ထားသည်။
ဘုရားသခင်သည် အဘယ်ကြောင့် တဲတော်ဝင်း၊ သန့်ရှင်းသော ဌာနနှင့် အသန့်ရှင်းဆုံးဌာန၏တံခါးသုံးခုတို့ကို အပြာရောင်၊ ခရမ်း ရောင်နှင့် နီသောအထည်နှင့် ပိတ်ချောတို့ဖြင့် ရက်လုပ်ရန် ဣသရေ လလူမျိုးများကို ပြောကြားတော်မူခဲ့သနည်း။ ဤအမိန့်နောက်ကွယ် တွင် ရှိသော ဘုရားသခင်၏အလိုတော်မျာ အဘယ်အရာဖြစ်သည် ကို ရှင်းလင်းစွာ သိရှိရန် လိုအပ်သည်။ ဓမ္မဟောင်းကျမ်း၌ ကောင်း သောအရာများအားလုံးသည် နောက်လာမည့် မင်္ဂလာ၏အကျိုး- သ ခင်ယေရှုခရစ်တော်၏အရိပ်သာဖြစ်သည်ဟု ဟေဗြဲဩဝါဒစာအုပ်ထဲ တွင် ဖော်ပြထားသည် (ဟေဗြဲ ၁ဝး၁)။
ထိုနည်းတူ၊ တဲတော်ဝင်း၏တံခါးသည် သခင်ယေရှုခရစ်တော် ၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ကိုယ်တော်၏ ဘုရားဇာတိနှင့် ဆက်နွယ်မှုရှိသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဓမ္မ ဟောင်းကျမ်းကို နားလည်ရန် ခက်ခဲသောအခါ ကျွန်ုပ်တို့သည် ဓမ္မ သစ်ကျမ်းကို ကြည့်ခြင်းအားဖြင့် နားလည်သဘောပေါက်နိုင်ကြ သည်။ အမှန်ဖြစ်ပျက်သောအရာကို မသိဘဲ ၎င်း၏အရိပ်ကို နား လည်ရန် ခက်ခဲသည်။ သို့သော် ထိုအရိပ်သည် မည်သည့်အရာ သို့မ ဟုတ် မည်သူဖြစ်သည်ကို သိသောအခါ ကျွန်ုပ်တို့သည် အကြောင်း အရာအားလုံးကို နားလည်သဘောပေါက်နိုင်ကြသည်။ ကျွန်ုပ်တို့ အားလုံးသည် ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်ပြင်ဆင်ပေးတော်မူခဲ့ သော အပြစ်သားများ၏ကယ်တင်ရှင်မျာ မည်သူဖြစ်၍ တဲတော်၏ အမှန်အဖြစ်အပျက်ဖြစ် ဖွင့်ပြတော်မူခဲ့သည့်အတိုင်း ရှင်းလင်းစွာ နားလည်သဘောပေါက် ကိုယ်တော်ပြုတော်မူခဲ့သောအမှုသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်ဟု ယုံ ကြည်ရကြမည် ဖြစ်သည်။
မည်သူသည် တဲတော်၏အမှန်အဖြစ်အပျက်၊ အပြစ်သားများ၏ ကယ်တင်ရှင်ဖြစ်တော်မူခဲ့သောအရှင် ဖြစ်သနည်း။ အခြားသူမဟုတ် ဘဲ သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ သခင်ယေရှုခရစ်တော်၊ ကယ်တင်ရှင် ဤလောကသို့ မည်သို့ ကြွလာတော်မူခဲ့သည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ မည်သို့ ကယ် တင်တော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့ ဆန်းစစ်ကြသောအ ခါ ကိုယ်တော်သည် အပြစ်သားများအား အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ဖြင့် ကယ်တင်တော်မူခဲ့သော စေ့စပ်သေချာသော သမ္မာတရားကို ကျွန်ုပ်တို့ သိနိုင်ကြမည် ဖြစ်သည်။
အပြစ်သားများအတွက် သခင်ယေရှု၏ကယ်ငတ်ခြင်းကို နား လည်သဘောပေါက်ခြင်း၊ တဲတော်ဝင်းတံခါး၏အရောင်များ၌ ထင် ရှားသော သမ္မာတရားကို သိ၍ ယုံကြည်ခြင်းသည် အလွန်အရေးကြီး သည်။ ကျွန်ုပ်တို့သည် တဲတော်၌ ဝင်ရောက်ကြသောအခါ ပထမဉီး ဆုံးနားလည်သဘောပေါက်ရမည့်အရာမှာ ၎င်းဝင်းတံခါးမှာ ချည် လေးမျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤတံခါး၏ လျှို့ဝှက်မှုကို ဖြေရှင်းသောအခါ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်၏လုပ်ငန်းများအားလုံးကို မားမားမတ်မတ် ဆုပ်ကိုင်ထားရကြ မည် ဖြစ်သည်။ ဤချည်လေးမျိုးရောစပ်ထားသော ကုလားကာတံ ခါးကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှုကို မည်သို့သိ ၍ ယုံကြည်ရမည်ကို လည်းကောင်း၊ မည်သို့သောယုံကြည်မှုသည် မှားယွင်းသောယုံကြည်မှုဖြစ်သည်ကို ရှင်းလင်းစွာ နားလည်သဘော ပေါက်ကြမည် ဖြစ်သည်။ 
တဲတော်ဝင်း၏အပြင်ပိုင်းမှာ ကျွန်ုပ်တို့အား သိုးခြံကို သိစေ သည်။ သခင်ယေရှု၊ မေရှိယသည် ဘုရားသခင်၏သိုးခြံသို့ ဝင်သော တံခါး ဖြစ်၍ ကောင်းသောသိုးထိန်းလည်း ဖြစ်တော်မူသည် (ယော ဟန် ၁ဝး၁-၁၅)။ တဲတော်ဝိုင်းရံသောတိုင်းများ၏ကို ကျွန်ုပ်တို့စဉ်း စားလျှင် ကျွန်ုပ်တို့သည် တံခါးဖြစ်လာတော်မူခဲ့၍ သိုးများ၊ ဒုတိယ မွေးဖွားခြင်းခံရသောသူများ၏ ကောင်းသောသိုးထိန်းဖြစ်လာခဲ့သူ မေရှိယအကြောင်းကို သိနိုင်ကြသည်။ သိုးထိန်းသည် မိမိသိုးများကို ကာကွယ်ရန် သိုးခြံဝိုင်းရံ၍ တိုင်များ ချထားတော်မူ၍ တံခါးကို ပြု လုပ်ပေးတော်မူခဲ့သည်။ ဤတံခါးအားြဖင့် ကိုဘ်တော်သည် မိမိ သိုးများကို စောင့်ရှောက်တော်မူခဲ့သည်။ ဤတံခါးအားဖြင့် သိုးထိန်း သည် မိမိသိုးများနှင့် ရင်းနှီးစွာ မိတ်သဟာယဖွဲ့၍ သူတို့ကို ကွယ် ကာ ပေးတော်မူသည်။ တကယ်တန်းကျတော့ ကိုယ်တော်၏သိုးများ မဟုတ်သောသူများသည် ဤတံခါးအားဖြင့် သိုးခြံထဲသို့ ဝင်ရောက် ခွင့်ရလိမ့်မည် မဟုတ်ပေ။ သိုးထိန်းသည် သိုးများနှင့် ဝံပုလွေများကို သဲကွဲစွာ ခွဲခြားနိုင်သည်။ ဤအရာကြောင့် သိုးများသည် သိုးထိန်းလို အပ်နေကြခြင်း ဖြစ်သည်။
သိုးများအကြားတွင် သိုးထိန်း၏လမ်းပြမှုကို ငြင်းဆုသောသိုး များအချို့ရှိနိုင်သည်။ ဤသို့သောသိုးများသည် သိုးထိန်း၏အသံကို နားမထောင်ဘဲ ကိုယ်တော်၏လမ်းပြမှုကို ငြင်းပယ်ကြသောကြောင့် သူတို့က အလွန်အန္တရာယ်ရှိသောနေရာကို လှပ၍ ကောင်းသော လမ်းဖြစ်သည်ဟု ထင်မှတ်၍ သူတို့သည် သေခြင်းလမ်းသို့ ဝင် ရောက်နိုင်ကြသည်။ ဤသိုးများသည် ကိုယ်တော်အားဖြင့် သူတို့၏ ဘဝများ အန္တရာယ်မှ လွှတ်မြောက်နိုင်ကြ၍ သိုးထိန်း၏ကျွေးမွေးပြု စုမှုကို ခံရကြကာ လှပစွာ အမှန်အကန် အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့သိုးထိန်းမှာ မေရှိယဖြစ်လာခဲ့သူ သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။

 


သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား တဲတော်တံခါး ၏အရောင်လေးရောက်ကို ပြသတော်မူခဲ့သည်


တဲတော်တံခါးအဖြစ် ဆွဲချိတ်ထားသောကုလားကာမှာ အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်နှင့်ပိတ်ချောတို့ဖြင့် ရက်လုပ် ထားသည်။ ဤမတူညီသောချည်အရောင်လေးခုတို့မှာ တဲတော်၏ တံခါးအဖြစ် ပြုလုပ်ထားခဲ့သည်။ ၎င်းတို့သည် ဤလောကသို့ ကြွ လာတော်မူခဲ့သော မေရှိယသည် တစ်ကမ္ဘာလုံးတွင်ရှိသော ဝိညာဉ် ရေးရာ ဣသရေလလူမျိုးများဖြစ်သော ပျောက်သောသိုးများကို အ ပြစ်များမှ ကယ်တင်၍ ဘုရားသခင်၏အပြစ်ကင်းစင်သောလူများ ဖြစ်လာစေရန် ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူရန် အမှုတော် လေးပါးကို ပုံဆောင်ထားခဲ့သည်။ 
ကျွန်ုပ်တို့သည် အမှုတော်လေးပါးဖြင့် ကြွလာတော်မူခဲ့သော မေရှိယသည် မည်သူဖြစ်တော်မူသည်ကို အမှန်အကန်သိကြလျှင် မှန်ကန်သောသမ္မာတရားမှာ ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းအား ဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရခြင်းဖြစ်၍ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းဟောပြောခြင်းအတွက် အသက်တာများ ကို ဆက်ကပ်ကာ ဤယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်ကြလိမ့်မည်။ ထိုကြောင့် မေရှိယသည် အပြာရောင်၊ ခ ရမ်းရောင်နှင့် အနီရောင်ချည်ဖြင့် ကြွလာတော်မူ၍ ကျွန်ုပ်တို့အား အ ပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်ဟူသော နှုတ်ကပတ် တော်သမ္မာတရားကို လူတိုင်းသိသင့်သောအချက် ဖြစ်သည်။
သင်သည် မေရှိယာ၏အမှုတော်လေးမျိုးကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များဖြေလွှတ်ခြင်း ခံစားလိုသလော။ ခံစားလိုလျှင် တဲ တော်အကြောင်းကို လေ့လာကြပါစို့။ ဤသာသနာလုပ်ငန်းလေးရပ် ကို သိသောသူများသည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် နှင့် ပိတ်ချောဖြင့် အပြစ်များဆေးကြောခြင်းခံရခြင်းအားဖြင့် ဖြောင့် မတ်သူများ ဧကန်ဖြစ်လာကြလိမ့်မည်။
ဣသရေလလူမျိုးများသည် တဲတော်တံခါး၌ ရက်လုပ်ထား သောချည်အရောင်လေးမျိုးကို ကြည့်ခြင်းအားဖြင့် မေရှိယာသည် အနာဂတ်တွင် ကြွဆင်းတော်မူ၍ ဤအမှုလေးမျိုးတို့ကို ပြည့်စုံစေ တော်မူလိမ့်မည်ဟု အမှန်အကန် ယုံကြည်ရကြမည် ဖြစ်သည်။

 


အပြစ်သားအားလုံးယုံကြည်ရမည့်သမ္မာတရား


တဲတော်ဝင်းတွင် ချိတ်ထားသော ပိတ်ချောကို ကျွန်ုပ်တို့ကြည့် ကြလျှင် သန့်ရှင်းတော်မူသောဘုရားသည် မည်သို့တရားတော်မူ သည်ကို နားလည်သဘောပေါက်ခြင်းအားဖြင့် ကယ်တင်ရှင်လိုအပ် မှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြလိမ့်မည်။ ဘုရားသခင်၏သန့်ရှင်း ခြင်းကို သိသောသူအားလုံးသည် အခြားပြောစရာမရှိဘဲ “ဘုရား၊ ကျွန်ုပ်မှာ ကြီးလေးသောအပြစ်ရှိသဖြင့် အပြစ်များကြောင့် အပ္ပါယ်င ရဲသို့ သွာရမည်ကို ကျွန်ုပ်အသိအမှတ်ပြုတယ်"ဟု ဝန်ခံရကြမည် ဖြစ်သည်။ ဝင်း၏တိုင်များပေါ်တွင် ချိတ်ဆွဲထားသောအဖြူရောင် ပိတ်ချောများကို ကြည့်ခြင်းအားဖြင့် ၎င်း၏သန့်ရှင်းမှုနှင့် ဂုဏ်အသ ရေသည် အလွန်ကြီးမားသောကြောင့် လူများက သူတို့နှလုံးသားများ ၌ရှိသောအပြစ်များကို အသိအမှတ်ပြု၍ သူတို့သည် ဘုရားသခင်နှင့် အသက်မရှင်နိုင်ကြသည်ကို နားလည်သဘောပေါက်ကြသည်။ ဘု ရားရှေ့တော်၌ သွားရန်မကြိုးစားသောနှလုံးသားများသည် သူတို့အ ပြစ်များကို အမြဲတမ်းထင်ရှားသည်။ ဤသို့ဖြင့် လူများသည် မိမိအ ပြစ်များ ထင်ရှားမည်ကို စိုးရိမ်ကြသောကြောင့် သူတို့သည် ဘုရားသ ခင်ရှေ့တော်သို့ တိုးဝင်ရန် ရောင့်ရဲတင်းတိမ်မှုမရှိကြပေ။
သို့သော် ဤသို့အပြစ်ရှိသောသူများသည် သူတို့ကယ်တင်ရှင် က အပြာရောင်နှင့်အနီရောင်ချည်ဖြင့် အပြစ်ပြဿနာကို ဖြေရှင်း ပေးခဲ့သည်ဟု နားလည်သဘောပေါက်ကြသောအခါ သူတို့သည် ဘု ရားရှေ့တော်၌ ကယ်တင်ခြင်းနားလည်မှုနှင့် နှလုံးသားများ၌ မြော် လင့်ချက်ဖြင့် ရောင့်ရဲစွာ တိုးဝင်ချဉ်းကပ်နိုင်ကြသည်။
တဲတော်တံခါး၌ ထင်ရှားသောသမ္မာတရားလေးခုက မေရှိယ သည် လူသားတစ်ဉီးအဖြစ် လူ့ဇာတိကို ခံယူရန် ဤလောကသို့ ကြွ ဆင်းတော်မူ၍ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိအပေါ်သို့ လောကအပြစ်များအားလုံးကို ယူဆောင်သွားကာ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်ဟု ပြောထား သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် တဲတော်ဝင်း၏ တံခါး၌ ထင်ရှားသော အရောင်လေးရောင်သမ္မာတရားကို တိကျစွာ သိ၍ ယုံကြည်သူများသည် ထာဝရအပြစ်ဖြေလွှတ်ခြင်းရရှိနိုင်ကြ သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသေခံတော်မူခြင်း၊ ခရစ်တော်သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးမှ လုံးဝကယ်တင်တော်မူခဲ့သည်ဟူသောသမ္မာတရား များသည်  တဲတော်ဝင်း၏တံခါး၌ အရောင်လေးရောင်ကဲ့သို့ ထင်ရှား သော ကယ်တင်ခြင်း ဖြစ်သည်။
အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ထည်နှင့် ပိတ် ချောတို့သည် အပြစ်သားများအား အပြစ်များအားလုံးမှ ကယ်တင်ခဲ့ သော မေရှိယာ၏အမှုကို ကျွန်ုပ်တို့အား အမှန်အကန် ထင်ရှားစေခဲ့ သည်။ လူသားများအပေါ် ဘုရားသခင်ချပေးတော်မူခဲ့သော ကယ် တင်ခြင်းသမ္မာတရားမှာ ဤအပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင် ချည်နှင့် ပိတ်ချောများ၌ ထင်ရှားခဲ့သည်။ မိမိနှလုံးသားများ၌ အပြစ် ရှိသောသူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှား သော ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ် များအားလုံးမှ ခွင့်လွှတ်ခြင်းရရှိခဲ့ကြသည်။
ဤလောက၌ ဘာသာတရားများသည် မရေတွက်နိုင်လောက် အောင် မှိုကဲ့သို့ ပေါက်နေသည်။ ဤလောကဘာသာတရားအားလုံး သည် မိမိအတွေးအခေါ်များဖြင့် ဓမ္မတွေးခေါ်မှုများကို ဖန်တီး၍ သန့် ရှင်းခြင်းသို့ ရောက်ရန် လူများကို ကြိုးစားအားထုတ်စေကြသည်။ သို့ သော် ဤလောကဘာသာတရားများအားဖြင့် မိမိအပြစ်များကို တစ် စက်မျှ ဆေးကြောပေးနိုင်သောသူတစ်စုံတစ်ဉီးမျှ မရှိပေ။ သူတို့ သည် အပြစ်ဖြင့် ပြည့်နေကြသည်ကို နားမလည်ကြဘဲ မိမိအတွေး အခေါ်များပေါ်တွင်သာအခြေပြုသော ကယ်တင်ခြင်းဓမ္မခံယူချက်ကို ဖန်တီး၍ ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ လူတိုင်းသည် မိမိ ကိုယ်ကိုကိုယ် မသန့်ရှင်းစေနိုင်သောအပြစ်ဖြင့် ပြည့်နေသောသူများ ဖြစ်ကြ၍ မည်သို့ပင်ကြိုးစားနေကာမူ မိမိခြေခံအပြစ်ကို မဖယ်ရှား ပေးနိုင်ကြသောကြောင့် မည်သူမည်ဝါမျှ အောင်မြင်ခြင်းမရနိုင်ကြ ပေ။ ထိုကြောင့် လူတိုင်းသည် အပြစ်များမှ ကယ်တင်တော်မူနိုင် သော ကယ်တင်ရှင်ယေရှုကို လိုအပ်နေကြခြင်း ဖြစ်သည်။ လူသား များသည် သခင်ယေရှုခရစ်တော်ကလွှဲ၍ အခြားစစ်မှန်သောကယ် တင်ရှင်မရှိသည်ကို သင်နားလည်ရမည် ဖြစ်သည်။
ဘုရားသခင်၏ပညာတော်သည် အပြစ်သားများအား ဘုရားသ ခင်၏အိမ်တော်သို့ ဝင်ခွင့်မပေးသောကြောင့် မေရှိယသည် ကျွန်ုပ်တို့ အပြစ်များအားလုံး ဖယ်ရှားပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် သိ ၍ယုံကြည်ရကြမည် ဖြစ်သည်။
လူသားများ၏အပြစ်များကို တစ်ကြိမ်တည်းခွင့်လွှတ်ပေးသော သတင်းကောင်းမှာ အခြားသောအရာမဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ဖြစ်သည်။ လောက ဘာသာတရားများ၏ဓမ္မခံယူ ချက်များကို ယုံကြည်သူများသည် သန့်ရှင်းတော်မူသော ဘုရားသည် အပြစ်သားများ၏အပြစ်များအားလုံးကို မလွဲမသွေ စီရင်မည် ဖြစ် သောကြောင့် သူတို့သည် မိမိအပြစ်များကြောင့် ကြီးမားသောအခက် အခဲများသို့ ရောက်ရှိပါလိမ့်မည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချော ဖြင့် ထင်ရှားခဲ့သောသမ္မာတရားမှာ ဓမ္မသစ်ခေတ်တါင် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ပြည့်စုံခဲ့သည်။ တဲတော်ဝင်းတံခါးမှာ အနီရောင်ချည်ထည် သို့မဟုတ် ခရမ်းရောင်ချည်ထည် နှင့် အနီ ရောင်ချည်ထည်ဖြင့်သာ ပြုလုပ်ထားသည်ဟု လူတစ်ဉီးပြောကြားမှု ကို သင်ကြားဘူးသလေား။ ကြားဖူးလျှင် သင်သည် ယခုမှစ၍ တဲ တော်၏တံခါးမှာ အပြာရောင်၊ ခရမ်းရောင်နှင့်ပိတ်စဖြင့် ရက်လုပ် ထားသည်ဟု သင် နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ဣရေ လလူမျိုးများသည် တဲတော်ဝင်း၏တံခါးကို ရက်လုပ်ထားသော အ ပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်နှင့် ပိတ်ချောဖြင့် ရက်လုပ် ကြရန် ဘုရားသခင်သည် ရှင်းလင်းစွာ မိန့်ကြားတော်မူခဲ့သည်။
သို့သော် လူများစွာတို့က တဲတော်ဝင်းတံခါးမှာ အနီရောင်ချည် ဖြင့်သာ ရက်လုပ်ထားသည်ဟု မှားယွင်းစွာ တွေးတောကြသော ကြောင့် သူတို့သည် ကိုယ်တော်၏အမှုတော်လေးမျိုး၏လျှို့ဝှက် ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ကြပေ။ ထိုကြောင့် သူတို့သည် သခင် ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း သူတို့နှလုံးသားများ၌ အပြစ်ရှိ သေးခြင်း ဖြစ်သည်။ ခရစ်တော်သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောတို့အမှုတော်များအားဖြင့် သင်၏ အပြစ်များအားလုံးကို ယူဆောင်သွားသည်ကို ယခုသ င်နားလည်သ ဘောပေါက်၍ ဤသမ္မာတရားကို ယုံကြည်ပါ။ အပြာရောင်၊ ခရမ်း ရောင်နှင့်အနီးရောင်ချည်းနှင့် ပိတ်ချောအထည်အားဖြင့် ပြည့်စုံခဲ့ သောကယ်တင်ခြင်းအမှုသည် သင့်အားအပြစ်များအားလုံးမှ ကယ် တင်ပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဤသာသနာလုပ်ငန်း လေးမျိုးအားဖြင့် သင်၏အပြစ်များအားလုံးကို ယူဆောင်တော်မူခဲ့ သည်ဟု သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ တစ်နည်း အားဖြင့် သင်သည် ဤသမ္မာတရားကို လျစ်လျူရှု၍ အပြစ်ဖြေလွှတ် ခြင်းစံချိန်စံညွှန်းကို ချမှတ်ခြင်းမှာ မဟာအမှားကြီး ဖြစ်သည်။
လူအချို့တို့သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည် ထည်သည် တဲတော်ဝင်း၏တံခါးအတွက် အသုံးပြုခြင်းအဓိပ္ပါယ်ကို သေချာစွာ မသိဘဲ လူတစ်ဉီးသည် သခင်ယေရှုကို ကယ်တင်ရှင်အ ဖြစ် ယုံကြည်ခြင်းအားဖြင့် အခြေအနေမဲ့ ကယ်တင်ခြင်းခံရသည်ဟု မှားယွင်းစွာ ပြောတတ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏သာသ နာလုပ်ငန်းလေးမျိုးအကြောင်းကို ခရစ်ယာန်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို မေးမြန်းကြသောအခါ သူတို့အများစုက ၎င်းတို့ ကို လျစ်လျူရှုခဲ့ကြသည်ဟု တွေ့ရသည်။ သူတို့သည် အနီရောင် ချည်ထည်၏အမှုကိုသာ ယုံကြည်ကြသည်ဟု ပြောကြသည်။ သူတို့ သည် အခြားအရာတစ်ခုကို ယုံကြည်ကြလျှင် သူတို့သည် ခရမ်း ရောင်ချည်ထည်အမှုတော်ကိုလည်း ယုံကြည်ကြသည်ဟု ပြောကြ လိမ့်မည်။ သို့သော် ကိုယ်တော်သည် လူသားများ၏ကယ်တင်ခြင်းအ မှုများအားလုံးကို အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည် နှင့် ပိတ်ချောအထည်တို့ဖြင့် အမှန်အကန်ပြည့်စုံစေတော်မူခဲ့သည်။ ဤသို့ဖြင့် ကိုယ်တော်သည် ကယ်တင်ခြင်းအမှုတော်လေးခုကို ကျွန်ုပ်တို့အတွက် ထမ်းတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြ မည် ဖြစ်သည်။ တဲတော်တံခါး၌ အပြာရောင်၊ ခရမ်းရောင်နှင့် အနီ ရောင်ချည်ထည်နှင့် ပိတ်ချောအထည်၌ ထင်ရှားသောသမ္မာတရား ကို သိရန် ဆန္ဒနှလုံးသားရှိသူအားလုံးသည် ၎င်းကို သိ၍ ယုံကြည်ကြ လိမ့်မည်။
“အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချော အထည်တို့၏စစ်မှန်သောအဓိပ္ပါယ်ကို ကျွန်တော် မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။” သင်သည် လူတစ်ဉီးကို ဤချည်ထည် နှင့် ပိတ်ချောတို့၏သမ္မာတရားကို ရှာဖွေရန် ဤမေးခွန်းကို မေးလျှင် သူတို့က “သင်သည် ကျမ်းစာကို နက်နဲစွာနှင့်အသေးစိတ်သိရန် မ ကြိုးစားပါနှင့်။ ၎င်းက သင့်ကို ဒုက္ခပေးနိုင်သည်”ဟု ပြန်ငြင်းဆိုလိမ့် မည်။ သင်စိတ်ပါဝင်စားစွာမေးသောမေးခွန်းကို လျစ်လျူရှုလိမ့်မည်။ လူများစွာတို့သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည် နှင့် ပိတ်ချောတို့ဖြင့်အကြောင်းကို မသိဘဲ လက်လွတ်ဆုံးရှုံးခဲ့ရကြ သည်။ သင်သည် တံခါးအားဖြင့် အသေးစိတ်ထင်ရှားသူ မေရှိယကို ဘယ်တော့မှ တွေ့လိမ့်မည် မဟုတ်ပေ။
အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချော တို့၏အခန်းကဏ္ဌကို နားမလည်ဘဲ မေရှိယကို တွေ့ရန် ကြိုးစားသူ များသည် ခရစ်ယာန်ဘာသာအား လောကဘာသာတရားအဖြစ်သာ ယုံကြည်သော ဘာသာရေးကိုင်းရှိုင်းသူများ ဖြစ်ကြသည်။ ဘုရားသ ခင်၏အိမ်တော်သို့ ဝင်ရောက်ရန် ကျွန်ုပ်တို့သည် တဲတော်ဝင်း၏တံ ခါးအတွက် အသုံးပြုသော အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင် ချည်ထည်းနှင့် ပိတ်ချောအထည်၌ ထင်ရှားသော ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလေးမျိုး၏သမ္မာတရားကို သင့်တော်စွာ သိရကြ မည် ဖြစ်သည်။ ဤသမ္မာတရားကို တွေ့ရှိသူများကို ကိုယ်တော် သည် ဓမ္မသစ်ကျမ်းအချိန်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ဖြင်င့ ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သည်ဟု နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။
ဘုရားသခင်သည် မောရှေအား တဲတော်ဝင်း၏တံခါးကို အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်ဖြင့် ရက်ရန် မိန့်ကြားတော်မူခဲ့သည်။ ထိုနောက် ဤအရာ၏ဝိညာဉ်ရေး ရာအဓိပ္ပါယ်မှာ အဘယ်အရာ ဖြစ်သနည်း။ တဲတော်ဝင်း၏တံခါးအ တွက် အသုံးပြုသော အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်၏အရောင်တစ်ခုစီတိုင်းသည် ကျွန်ုပ်တို့ အပြစ်များ ကွယ်ပျောက်ရန်အတွက် သခင်ယေရှုပြုတော်မူခဲ့သော အမှု ဖြစ်သည်။ ထိုကြောင့် ဤချည်ထည်နှင့်ပိတ်ချောအထည်များ သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်လျက်ရှိသည်။ ဤသို့ဖြင့် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို အာရုံစူးစိုက်၍ ယုံကြည်သူများသည် သခင်ယေရှု၏အမှုတော်လေးခုအဖြစ် ထာဝရအပြစ်ဖြေလွှတ်ခြင်းကို ယုံကြည်နိုင်ကြသည်။
ဤအရာကို လျစ်လျူရှု၍ အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီ ရောင်ချည်ထည်၌ ထင်ရှားသော ကယ်တင်ခြင်းသမ္မာတရားကို သိ ရန်မကြိုးစားဘဲ လျစ်လျူရှုခြင်းသည် မေရှိယကို မကိုးစားကြောင်း ထင်ရှားစေခြင်းနှင့် သူတို့သည် ကိုယ်တော်ကို ဆန့်ကျင်သောကိုယ် တော်၏ရန်သူများဖြစ်လာခြင်းနှင့်တူသည်။ လူများစွာတို့သည် အ ပြာရောင်၊ ခရမ်းရောင်းနှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချော၌ ထင် ရှားသော သမ္မာတရားအပေါ်ယုံကြည်ခြင်းမရှိဘဲ ခရစ်ယာန်ဘာသာ ကို လောကဘာသာတရားများစွာထဲမှ တစ်ခုအဖြစ်သာ ပြောင်းလဲ ကြသည်။ ဤပုဂ္ဂိုလ်များက သခင်ယေရှု၏သာသနာလုပ်ငန်းလေးခု ကို ဉက္ခာပြုကြလျှင် သူတို့သည် ခရစ်တော်ကို ဆန့်ကျင်သော လော ကဘာသာရေးကိုင်းရှိုင်းသူများ၏အသီးအပွင့်များ ဖြစ်ကြသည်ဟု သက်သေပြသည်။ သို့သော် ဤလောကတွင် များစွာသောလူများ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ရှာဖွေကြသောကြောင့် ကျွန်ုပ်တို့အတွက် မြော်လင့်ချက်ရှိသေးသည်။ တဲတော်ဝင်းတံခါး၌ ထင်ရှားသောအပြစ်ဖြေလွှတ်ခြင်းဝိညာဉ်ရေးရာသမ္မာတရားကို လူ များက သိကြသောအခါ သူတို့သည် ကောင်းကင်ပတ်သက်သော ဝိ ညာဉ်ရေးရာကောင်းကြီးမင်္ဂလာများအားလုံးကို ခံစားနိုင်ကြသည်။ ဤယုံကြည်မှုသည် မေရှိယကို တွေ့ရန် လူတစ်ဉီးသည် သိ၍ ယုံ ကြည်ရမည့် ယုံကြည်ခြင်း ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တစ် ကြိမ်တည်းမဟုတ် ထာဝရ ထိုအရာပေါ်မှာ ကိန်းဝပ်ရကြမည် ဖြစ် သည်။ သင်သည် ခရစ်ယာန်တစ်ဉီးအမှန်အကန် ဖြစ်လျှင် သင်သည် ဤသမ္မာတရားကို အာရုံစူးစိုက်ရမည် ဖြစ်သည်။
ဘုရားသခင်၏အိမ်တော်သို့ ဝင်ရောက်လာသောသူများသည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချော၌ ထင်ရှားသောသမ္မာတရားကို တွေ့လို၍ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းရကြမည် ဖြစ်သည်။

 


ပရောဖက်များပြည့်စုံစေသောသူအဖြစ် ကြွလာတော်မူ ခဲ့သော မေရှိယ


မေရှိယသည် အပျိုကညာ၏ဝမ်းဗိုက်အားဖြင့် ဖွားမြင်တော်မူ လိမ့်မည်ဟု ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ပရောဖက် ပြုတော်မူခဲ့သည်။ ဟေရှာယ ရး၁၄ တွင် “ထိုကြောင့်၊ ထာဝရဘု ရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော် မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့် ရလတံ့”ဟု ပြောထားသည်။ တစ်ဖက်တွင် မေရှိယသည် ဗက်လင် မြို့၌ ဖွားမြင်တော်မူလိမ့်မည်ဟု မိက္ခာ ၅း၂ တွင် ဖော်ပြထားသည်။ “အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သ ခင်သည် ငါ့အဘို့သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေး ကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။” မေရှိယသည် ဓမ္မ ဟောင်းကျမ်းနှုတ်ကပတ်တော်ပရောဖက်ပြုထားသည့်အတိုင်း ဤ လောကသို့ တိကျစွာ ကြွဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဘု ရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ပရောဖက်များပြည့်စုံခြင်းအ ဖြစ် လူ့ဇာတိကို ခံယူတော်မူရန် ဤလောကသို့ ကြွဆင်းတော်မူခဲ့ သည်။
မေရှိယသည် လူ့သမိုင်း၌ မည်သည့်အချက်အားဖြင့် ကြွဆင်း တော်မူခဲ့သနည်း။ သခင်ယေရှုခရစ်တော်သည် မည်သည့်အချိန်တွင် ဤလောကသို့ ကြွဆင်းတော်မူခဲ့သနည်း။ ကိုယ်တော်သည် ရောမ အင်ပါယာ ဩဂုတ္တုအုပ်စိုးသည့်အချိန်တွင် ဤလောကသို့ ကြွဆင်း တော်မူခဲ့သည် (ဘီစီ ၂၇- အေဒီ ၁၄)။ သခင်ယေရှုသည် ယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းကာအသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးနှင့် တရားစီရင်ခြင်းမှ သင်နှင့်ကျွန်တော်တို့ကို ကယ်တင်တော်မူ ရန် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည်။
ဣသရေလလူမျိုးများသည် ရောမအင်ပါယာ၏ကိုလိုနီလက်သို့ ကျ၍ ဩဂုတ္တုသည် ၎င်း၏အင်ပါယာအဖြစ် အုပ်စိုးသည့်အချိန်တွင် သခင်ယေရှုသည် လူသားများ၏ကယ်တင်ရှင်အဖြစ် ကြွဆင်းတော် မူခဲ့သည်။ ဣသရေလလူမျိုးများသည် ရောမကိုလိုနီလက်အောက်ခံ ဖြစ်သောကြောင့် ရောမအမိန့်များကို နာခံလိုက်လျှောက်ရမည် ဖြစ် သည်။ ဤအချိန်တွင် အင်ပါယာ ဩဂုတ္တုသည် ရောမအင်ပါယာအား ၎င်း၏မွေးရပ်မြေဖြစ်စေရန် လူသားအားလုံးထံ အမိန့်ထုတ်ပြန်၍ သန်းခေါင်စရင်းကောက်စေသည်။ဩဂုတ္တု၏အမိန့်နှင့်အညီ ဤသန်း ခေါင်စာရင်းကို ချက်ချင်းကောက်ခံခဲ့သည်။ သန်းခေါင်းစာရင်သည် အင်ပါယာတစ်ခုလုံးတွင် မှီတင်းနေထိုင်သောလူသားအားလုံး၊ ဣသ ရေလနိုင်ငံတွင် နေထိုင်သူများအပါအဝင်၊ သည် စာရင်းကောက်ခံရ မည် ဖြစ်သောကြောင့် ဣသရေလလူမျိုးများသည် မိမိမွေးရပ်မြေသို့ ပြန်လှည့်ရကြမည် ဖြစ်သည်။ ဤအချိန်တွင် သခင်ယေရှုခရစ်တော် သည် လူ့သမိုင်းတွင် အမှုပြုတော်မူခဲ့ပြီး ဖြစ်သည်။

 

 

ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော်ပြည့်စုံခြင်းကို ကြည့်ပါ


ထိုအချိန်တွင် ယုဒပြည်၌ မေရှိယသည် အပျိုကညာမာရိ၏ ဗိုက်၌ ပဋိသန္ဓတည်တော်မူခဲ့ပြီး ဖြစ်သည်။ ဤမာရိသည် ယောသပ် နှင့်စေ့စပ်ခဲ့ပြီး ဖြစ်သည်။ မာရိနှင့်ယောသပ်တို့သည် ယုဒမျိုးနွယ်စု မှ ဆင်းသက်လာကြ၍ ဣသရေလလူမျိုးဆယ့်နှစ်မျိုးမှ ဘုရားသခင် ၏ကတိတော်နှင့်အညီ ရှင်ဘုရင်များသည် ယုဒမျိုးနွယ်စုမှ မွေးဖွား လာလာကြလိမ့်မည်။
ထိုကြောင့် ရောမအင်ပါယာ ဩဂတ္တုသည် သန်းခေါင်စာရင် ကောက်ယူရန် အမိန့်ပေးခဲ့သောအခါ ယုဒမျိုးနွယ်စု မာရိသည် မိမိ ဝမ်း၌ ကိုယ်ဝန်ရှိနေခဲ့ပြီး ဖြစ်သည်။ မွေးဖွားချိန်နီးကပ်လာသောအ ခါ အင်ပါယာ၏အမိန့်ကြောင့် သူမသည် ယောသပ်နေထိုင်သော မွေး ရပ်မြေသို့သွား၍ သန်းခေါင်စာရင်ပေးသွင်းရမည် ဖြစ်သည်။ ထို ကြောင့် မာရိသည် မည်သည့်အချိန်မဆို ကလေးဖွားနိုင်သော်လည်း ယောသပ်နှင့်အတူ ဗက်လင်မြို့သို့ ဉီးတည်ခဲ့သည်။ မာရိသည် မွေး ဖွားရန် နာကျင်မှုခံစားရသောအခါ သူမသည် အခန်းတစ်ခန်း ရှာဖွေ ခဲ့သော်လည်း သူတို့သည် မြို့ထဲ၌ အခန်းတစ်စုံတစ်ခုမျှ မတွေ့ခဲ့ကြ ပေ။ ထိုကြောင့် သူတို့သည် တည်းခိုနိုင်သော မည်သည့်နေရာမဆို ရှာဖွေကြရာ နောက်ဆုံးတွင် နွားစားခွက်၌ တည်းခိုခဲ့ကြသည်။ မာရိ သည် နွားစားခွက်တွင် ကလေးသူငယ်ယေရှုကို ဖွားမြင်ခဲ့သည်။
အေဒီ ၁ ခုနှစ်တွင် သခင်ယေရှုသည် နွားစားခွက်၌ ဖွားမြင် တော်မူခြင်းကို ခံတော်မူခဲ့သည်။ တန်ခိုးကြီးတော်မူသောဘုရား သည် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည်။ တိရစ္ဆာန်များတစ်ချိန်က တည်းခိုသည့်နေရာတွင် ကယ်တင်ရှင်သည် ဖွားမြင်ခြင်းကို ခံတော်မူခဲ့သည်။ သခင်ယေရှုသည် မေရှိယဖြစ်တော် မူရန်အတွက် အနှိမ့်ကျဆုံး ဖွားမြင်တော်မူခြင်းကို ခံတော်မူခဲ့သည် ကို ဆိုလိုသည်။ ဤအရာများအားလုံးသည် ဖန်ဆင်းခြင်းမတိုင်မီ အ ချိန်ကတည်းက ဘုရားသခင်ချမှတ်၍ ကြံစည်တော်မူခဲ့သောအရာ ဖြစ်သည်။ ယာဝေးဘုရားသည် လူ့သမိုင်းကို ရွှေ့လျားတော်မူသည် ဟု လူများကသိနိုင်ခဲ့ကြသော်လည်း ဘုရားကိုယ်တော်တိုင် သူတို့ကို ကယ်တင်တော်မူရန် အမှန်အကန် ကြွလာတော်မူလိမ့်မည်ဟု မည် သူမည်ဝါကမျှ နားမလည်နိုင်ကြပေ။ ထိုကြောင့် ဘုရားသခင်သည် လူသားများအားလုံးကို အပြစ်မှားမှကယ်တင်တော်မူရန်အတွက် လူ သားတစ်ဉီးအဖြစ် နှိမ့်ချစ်စွာ ဤလောကသို့ မိမိကိုယ်ကိုကိုယ် မွေး ဖွားတော်မူလိမ့်မည်ဟု လူသားတိုင်းနားလည်သဘောပေါက်နိုင်ရန် ကိုယ်တော်လုပ်ဆောင်တော်မူခဲ့ပြီး ဖြစ်သည်။
ဘာကြောင့် သခင်ယေရှုသည် ဗက်လင်မြို့၌ ဖွားမြင်ခြင်းကိုခံ တော်မူခဲ့သနည်း။ ကိုယ်တော်သည် ဘာကြောင့် နွားစားခွက် ဖွားမြင် တော်ခဲ့သနည်းဟု ကျွန်ုပ်တို့မိန်းမောတွေဝေနိုင်ကြသည်။ ဣသရေ လလူမျိုးများသည် ရောမကိုလိုနီလက်အောက်၌နေကြသောအခါ ယေရှုသည် ဘာကြောင့် ဖွားမြင်ခြင်းကို ခံတော်မူခဲ့သနည်း။ သို့သော်  ဘုရားသခင်သည် မိမိလူများအား အပြစ်များမှ ကယ်တင်တော်မူရန် အတွက် သေချာစွာပြင်ဆင်တော်မူချက်အောက်ပ ဤအရာများအား လုံး ဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့သည် မကြာမီ သိရကြသည်။
ယောသပ်နှင့်မာရိတို့သည် မိမိမွေးဇာတိ၌ သန်းခေါင်စာရင်း သွင်းကြသောအခါ သူတို့သည် ဤမြို့မှအမှန်အကန်လာကြောင်းကို သက်သေပြသရန်နှင့် သူတို့သည် နိုင်ငံသားဖြစ်ကြသည်ကို စာရွက် စာတမ်းကိုင်ဆောင်ရန် လိုအပ်သည်။ သူတို့ဘိုးဘေးများသည် မျိုး ဆက်သစ်များအတွက် ဗက်လင်မြို့၌ နေထိုင်ခဲ့ကြောင်း သူတို့သည် ခိုင်လုံသောသက်သေပြသနိုင်မှသာလျှင် သူတို့သည် သန်းခေါင်စာ ရင်းပြုလုပ်နိုင်ကြမည် ဖြစ်သည်။ ထိုကြောင့် သူတို့သည် သန်းခေါင် စာရင်တွင် မိမိဘိုးဘေးများနှင့် သူတို့ပိုင်ဆိုင်မှုအိမ်များ၊ သူတို့၏ မိ သားစုနာမည်စာရင်များကို အသေးစိတ်အားလုံးတင်ပြနိုင်ရမည် ဖြစ် သည်။ ဤအရာများကို အတုမလိုပ်နိုင်ပေ။ ပယ်ဖျက်ခြင်းလည်း မပြု နိုင်ပေ။ ယောသပ်နှင့်မာရိတို့သည် တိကျသောသက်သေအထောက် အထား သမိုင်းမှတ်တမ်းအားဖြင့် လူ့သမိုင်းသည်လည်း သခင်ယေရှု ၏ဖွားမြင်တော်မူခြင်းကို သက်ခံပြသလိမ့်မည်ဟု ဘုရားသခင်ပြု တော်မူခဲ့သည် (မဿဲ ၁း၁-၁၆၊ လုကာ ၃း၂၃-၃၈)။ ဤအရာများအား လုံးသည် ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော်ပရောဖက်များပြည့်စုံ ရန်အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအမှုများ ဖြစ်ကြသည်။
မိက္ခာ ၅း၂ တွင် “အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒ မြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လ အမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏အထဲမှာ ပေါ် ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သ ခင်ဖြစ်၏”ဟု ဖော်ပြထားသည်။ ယောသပ်နှင့်မာရိတို့သည် ထိုမြို့သို့ ရောက်ရှိလာခဲ့ကြသောအခါ  မွေးဖွားသည့်နေ့ရောက်လာ၍ ပရော ဖက်ပြုထားသည့်အတိုင်း ဗက်လင်မြို့၌ ကယ်တင်ရှင်ဖွားမြင်လာခဲ့ ခြင်းမှာ ဘုရားသခင်သည် မိမိပရောဖက်များ၏ပရောဖက်ပြုချက် များ ပြည့်စုံစေတော်မူရန် ဘုရားသခင်သည် ဤအရာကို ပြုတော်မူခဲ့ သည်ကို ဆိုလိုသည်။ ဤအရာမှာ ဘုရားသခင်သည် လူသားများ၏ အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူရန်အတွက် ကိုယ်တော်ပြု တော်မူခဲ့သောအမှု ဖြစ်သည်။ သခင်ယေရှုသည် သေးငယ်သောဗက် လင်မြို့၌ ဖွားမြင်တော်မူခြင်းမှာ ဓမ္မဟောင်းကျမ်း၏ပရောဖက်နှုတ် ကပတ်တော်ပြည့်စုံစေခြင်းအကြောင်း ဖြစ်သည်။
သခင်ယေရှုခရစ်တော်သည် သေးငယ်သောဗက်လင်မြို့၌ ဖွား မြင်တော်ခြင်းမခံမီ နှစ်ပေါင်းထောင်ချီအချိန်ကတည်းက အထက် တွင် ဖော်ပြထားသည့်အတိုင်း (မိက္ခာ ၅း၂) မိမိပရောဖက် မိက္ခာအား ဖြင့် ပရောဖက်နှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့ပြီး ဖြစ်သည်။ ထိုနည်းတူ အပြစ်သားများ၏ကယ်တင်ရှင်ဖြစ်ရန် မေရှိယသည် မိမိ လူများထံ မည်သို့ ကြွလာတော်မူမည့်အကြောင်းကို ကိုယ်တော် ကြွ လာတော်မမူမီ နှစ်ပေါင်း ၇၀၀ ကတည်းက ပရောဖက်ဟေရှာယ သည် ပရောဖက်ပြုခဲ့ပြီး ဖြစ်သည် (ဟေရှာယ ၅၃)။ သခင်ယေရှုခ ရစ်တော်သည် ပရောဖက်မိက္ခာအားဖြင့် ဘုရားသခင်ပရောဖက်ပြု တော်မူခဲ့သည့်အတိုင်း ဗက်လင်မြို့၌ တိကျစွာ ဖွားမြင်တော်မူခြင်းခံ ခဲ့သောကြောင့် ကိုယ်တော်သည် ပရောဖက်ဆိုင်ရာ မိမိနှုတ်ကပတ် တော်အားလုံးကို အမြဲတမ်းပြည့်စုံစေတော်မူသည်။
မာရိနှင့်ယောသပ်တို့သည် သန်းခေါင်စာရင်းပေးသွင်းရန်အ တွက် မိမိဘိုးဘေးများ၏မွေးဖွားရာဇာတိသို့ သွားခဲ့ကြသောအခါ ဤ ပရောဖက်သည် သမိုင်းအချက်အဖြစ် ပြည့်စုံခဲ့သည်။ မာရိသည် ဗက် လင်မြို့သို့ရောက်သောအခါ သူငယ်တော်ဖွားမြင်သည့်အချိန်ရောက် လာသောကြောင့် သူသည် အခြားရွေးချယ်စရာမရှိဘဲ ဤမြို့၌ မွေး ဖွားခြင်းအားဖြင့် ဘုရားသခင်သည် မိမိနှုတ်ကပတ်တော်ကို ပြည့်စုံ စေတော်မူခဲ့သည်။
ဤတွင် ကျွန်ုပ်တို့ဘုရားသည် ကျွန်ုပ်တို့အား ပရောဖက်နှုတ် ကပတ်တော်ပြောတော်မူ၍ နှုတ်ကပတ်တော်အတိုင်း အားလုံးပြည့် စုံစေတော်မူသောဘုရားဖြစ်တော်မူသည်ကို ကျွန်ုပ်တို့သိရကြသည်။ ဤမှ ကျွန်ုပ်တို့သည် တဲတော်ဝင်း၏တံခါးအတွက် အသုံးပြုခဲ့သော “ပိတ်ချောအထည်”မှာ ဘုရားသခင်၏နှုတ်ကပတ်တော်၏စင်ကြယ် ခြင်းနှင့် ပြည့်စုံခြင်းပြဌာန်းသည်ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ ဘု ရားသခင်သည် ဖန်ဆင်းခြင်းမတိုင်မီ လူသားများ၏ကယ်တင်ခြင်း ကို ပြည့်စုံစွာ ကြံစည်တော်မူခဲ့၍ ကိုဘ်တော်သည် ပရောဖက်ဆိုင် ရာနှုတ်ကပတ်တော်နှင့်အညီ မလွဲမသွေး ဤအရာကို ပြည့်စုံစေ တော်မူခဲ့သည်။
ထိုကြောင့် ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော်သည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ဖြစ်သည်ကိုလည်းကောင်း၊ ဓမ္မသစ်ကျမ်း သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ြဖစ်သည်ကိုလည်း ကောင်း ကျွန်ုပ်တို့နားလည်သဘောပေါက်ကြသည်။ ဘုရားသခင် သည် စကြာဝဠာတစ်ခုလံဒးနှင့် ဤကမ္ဘာ၏သမိုင်းအားလုံးကို အုပ် စိုး၍ အမှန်အကန် ထိန်းချုပ်တော်မူသည်ဟု ကျွန်ုပ်တို့နားလည်သ ဘောပေါက်၍ ယုံကြည်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင် သည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့သည့်အတိုင်း ကိုယ် တော် လူသားများအားလုံး၊ သမိုင်းများအားလုံးနှင့် လူသားများ၏အ ခြေအနေများအားလုံးကို အုပ်စိုးတော်မူသည်ဟု ကိုယ်တော်သည် ဖွင့်ပြတော်မူသည်ကို ကျွန်ုပ်တို့တွေ့ရကြသည်။ ထိုကြောင့် ဘုရားသ ခင်သည် ခွင့်ပြုတော်မမူလျှင် မည်သို့ပင် ဖြစ်စေကာမူ လူတစ်ဉီး၏ ဆန္ဒနှင့်အညီ မည်သည့်အရာတစ်စုံတစ်ခုမျှ မအောင်မြင်နိုင်သည်ကို ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖွင့်ပြတော်မူသည်။
သူငယ်တော်ယေရှုသည် ဤလောကသို့ ဖွားမြင်၍ ကြွဆင်း တော်မူခဲ့သောအခါ ကိုဘ်တော်သည် အခြားနေရာ၌ ဖွားမြင်တော်မူ ခြင်းမခံရဘဲ တည်းခိုခန်း၌  နေရာမရှိသောကြောင့် တိရစ္ဆာများနား နေသောနေရာတွင် ဖွားမြင်တော်မူခြင်းခံတော်မူခဲ့သည်။ ကိုယ်တော် သည် ဗက်လင်မြို့၌ ဖွားမြင်တော်မူခြင်းကို ခံတော်မူသည်။ ဤအရာ များအားလုံးသည် ကိုယ်တော်၏သစ္စာစောင့်သိမှုနှင့်အညီ ဘုရားသ ခင်၏ကြိုတင်ဟောပြောတော်မူခဲ့သော ပြင်ဆင်မှု၏အလွန်ကောင်း သော အကောင်အထည်ဖော်ဆောင်မှုများဖြစ်ကြသည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ 
ထိုကြောင့် ဤစကြာဝဠာတစ်ခုလုံး၏သမိုင်းကို ထိန်းချုပ်သော သူမှာ ကျွန်ုပ်တို့ဘုရား၊ ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူ ခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြ မည် ဖြစ်သည်။ ဤသမ္မာတရားမှာ ဘုရားသခင်သည် အားလုံး၏ဘု ရားဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူသည်ကို ထင်ရှားစေသော ဘုရားသခင်၏နှုတ်ကပတ် တော် ဖြစ်သည်။
ထိုကြောင့် ယခုတွင် သေးငယ်သောဗက်လင်မြို့၌ သခင်ယေရှု ဖွားမြင်တော်မူခြင်းမှာ မတော်တဆမဟုတ်ဘဲ သမ္မာကျမ်းစာနှုတ်က ပတ်တော်ချဲ့ထွင်ပြောကြားချက်လည်မဟုတ်သည်ကို သက်သေပြ နိုင်သည်။ ဤအရာသည် ဘုရားသခင်ကိုယ်တော်တိုင်မိန့်တော်မူခဲ့ သောအရာဖြစ်သည်။ သခင်ယေရှုအားဖြင့် ဘုရားသခင်ကိုယ်တော် တိုင် ပြည့်စုံစေတော်မူခဲ့သောအရာလည်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤအရာကို သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ မေရှိယ၏ကယ်တင်ခြင်းမှာ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင် ချည်ထည်နှင့် ပိတ်ချောတို့ဖြင့် ပြည့်စုံစေသော သမ္မာတရားဖြစ်သည် ဟု ကျွန်ုပ်တို့သည် နှလုံးသားများ၌ ယူ၍ ယုံကြည်ရကြမည် ဖြစ် သည်။ အပြစ်ဖြေလွှတ်ခြင်းသည် မတော်တဆရရှိနိုင်သောအရာမ ဟုတ်ပေ။ သို့သော် ဘုရားသခင်၏စီမံချက်၌ သခင်ယေရှုပြင်ဆင် တော်မူခဲ့သော သာသနာလုပ်ငန်းလေးမျိုးအားဖြင့် ရရှိသောအရာ ဖြစ်သည်။ 
ထိုပြင် ခရစ်ယာန်ဘာသာသည် ကမ္ဘာ့ဘာသာရေးများစွာထဲမှ တစ်ခုမျှသာမဟုတ်သည်ကို ထင်ရှားသည်။ လောကဘာသာတရား စတင်တည်ထောင်သူသည် ပုထုဇဉ်လူသားမျှသာ ဖြစ်သည်။ သို့ သော် ခရစ်ယာန်ဘာသာစတင်တည်ထောင်သူမှာ ကယ်တင်ရှင်ယေ ရှု ဖြစ်တော်မူသည်။ ခရစ်ယာန်ဘာသာ၏သမ္မာတရားသည် ဤ ကျွန်ုပ်တို့၏ကယ်တင်ရှင်မှာ ဘုရားဖြစ်တော်မူသည်ဟူသော အချက် မှ စတင်လာသည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့ ယုံကြည်သောခရစ် ယာန်ဘာသာမှာ ကမ္ဘာဘာသာတရားတစ်ခုမျှသာ မဟုတ်ပေဟု ဘု ရားသခင်သည် ကျွန်ုပ်တို့အား သက်သေပြသတော်မူသည်။ ခရစ် ယာန်ဘာသာသည် အခြားကမ္ဘာဘာသာတရားအားလုံးနှင့်မတူဘဲ ဘုရားသခင်ပေးအပ်တော်မူခဲ့သော ကျေးဇူးတော်အားလုံးအပေါ် တည်ထောင်ထားခြင်း ဖြစ်သည်။ ရောမ ၁၁း၃၆ တွင် “ခပ်သိမ်း သောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့် ၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း”ဟု ဖော်ပြထားသည်။ ကိုယ်တော် သည် ကျွန်ုပ်တို့အား တစ်ပါးတည်းသောသားတော်ကို ကယ်တင်ရှင် အဖြစ်လည်းကောင်း၊ အပြစ်များဖြေလွှတ်ရန်အတွက် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုလည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းကိုလည်းကောင်း၊ ကောင်းကင်နိုင်ငံတော်ကိုလည်း ကောင်းပေးအပ်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘု ရားသခင်နှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို နှလုံးသားအကြွင်းမဲ့ ကြောက်၍ နာခံသင့်ကြသည် နှလုံးသားထဲမှ သိ၍ ယုံကြည်ရကြ မည် ဖြစ်သည်။ 
ဤလောက၌ မေရှိယဖွားမြင်တော်မူခြင်းမှာ ကမ္ဘာမတည်မရှိမီ အချိန်ကတည်းက ခမည်းတော်ဘုရားသခင် ချမှတ်တော်မူခဲ့သော ကယ်တင်ခြင်း အကြံအစည်နှင့်ညီညွတ်သည်။ ကျွန်ုပ်တို့ကယ်တင် ခြင်းမှာဤအရာအားဖြင့် ပြည့်စုံစွာ ကြံစည်ခဲ့ပြီး ဖြစ်သည်။ ဤသမ္မာ တရားသည် အပြာရောင်၊ ခရမ်းရောင်၊နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်၏စစ်မှန်သောအရာဖြစ်သည်ဟု ဘုရားသခင်သည် ကျွန်ုပ်တို့အား ရှင်းလင်းစွာ နားလည်သဘောပေါက်ရသောအခွင့် ပေးအပ်တော်မူခဲ့သည်။ ထိုကြောင့် အပြစ်များဖြေလွှတ်ရန် ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ထံရောက်လာသော ကယ်တင်ခြင်းကို ကျွန်ုပ်တို့သည် အသိအမှတ်ပြု၍ ယုံကြည်ရကြ မည် ဖြစ်သည်။ ဤယုံကြည်ခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ ဤအ ရောင်လေးမျိုး၏သမ္မာတရားသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့် ပြည့်စုံခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည် ရကြမည် ဖြစ်သည်။

 


အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောထည်ဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သူ ကယ်တင်ရှင်၊ သခင်ယေရှုခရစ်တော်


အပြစ်သားများအား အပြစ်မှ သခင်ယေရှုခရစ်တော်ကယ်တင် တော်မူခဲ့သော လုပ်ငန်းများမှာ လေးမျိုးရှိသည်။ ၎င်းတို့မှာ အပြာ ရောင်အထည်(သခင်ယေရှု၏ဗတ္တိဇံ)၊ ခရမ်းရောင်အထည် (သခင် ယေရှုသည် ဘုရင်တကာတို့၏ဘုရင်၊ တနည်းအားဖြင့် ဘုရား)၊ အနီ ရောင်အထည် (သခင်ယေရှု၏အသွေးတော်)နှင့် ပိတ်ချောအထည် (ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများနှင့်နှုတ်ကပတ်တော်အားဖြင့် အ ပြစ်သားများအားအပြစ်များမှ ကယ်တင်ခြင်းအမှု ပြည့်စုံခြင်း)တို့ဖြစ် ကြသည်။ သခင်ယေရှုသည် အပြာရောင်ချည်ထည်၊ ခရမ်းရောင် ချည်ထည်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်ဖြင့် ကယ်တင် ရှင် ဖြစ်လာတော်မူခဲ့သည်။
ရေနှင့်ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှု သည် ကျွန်ုပ်တို့အား အပြာရောင်အထည်(သခင်ယေရှုဗတ္တိဇံ)၊ ခရမ်း ရောင်အထည် (သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်)၊ အနီ ရောင်အထည် (သခင်ယေရှု၏အသွေးတော်)နှင့် ပိတ်ချောအထည် (ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်းများ၏နှုတ်ကပတ်တော်ဖြင့် ကယ်တင် ခြင်းပေးခဲ့သူသခင်ယေရှု)အားဖြင့် ကယ်တင်တော်မူခဲ့သည်ဟု ယုံ ကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် အပြစ်များနှင့် ဤအပြစ်များ၏ တရားစီရင်ခြင်းမှ လွှတ်မြောက်ခြင်းခံစားရကြလိမ့်မည်မဟုတ် ကြောင်း ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ထို ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များနှင့် တရားစီရင် ခြင်းမှ ကယ်တင်ခြင်းမရှိလျှင် ကိုယ်တော်သည် ပြည့်စုံသောကယ် ရှင်ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထိုကြောင့် တဲတော်ဝင်း၏တံခါးကုလားကာများကို ဘာ ကြောင့် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ် ချောအထည်ဖြင့် ပြုလုပ်ထားခြင်းအကြောင်းကို ကျွန်ုပ်တို့သည် ဝိ ညာဉ်ရေးရာအရ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ တဲ တော်ဝင်း၏တံခါးမှာ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်ဖြင့် ပြုလုပ်ထားသောကြောင့် လူတိုင်း သည်  တံခါးကို ရှင်းလင်းစွာ အသိအမှတ်ပြု၍ လွယ်ကူစွာရှာဖွေ တွေ့ရှိနိုင်ကြသည်။ ဤတံခါးအားဖြင့် ဘုရားသခင်သည် လူတိုင်း အား ကိုယ်တော်၏တောက်ပသောအိမ်တော်သို့ ဝင်ခွင့်ပေးအပ် တော်မူခဲ့သည်။
တဲတော်သည် အလွန်တောက်ပသောဘုရားသခင်၏အိမ်တော် ဖြစ်သည်။ ခြံစည်းရိုးနှင့်တဲတော်ဝင်း၏တံခါး၌ ထင်ရှားခဲ့သော ကယ် တင်ခြင်းသမ္မာတရားကို နားလည်သဘောပေါက်ခြင်းမရှိဘဲ မည်သူ မည်ဝါမျှ ဘုရားသခင်၏အိမ်တော်သို့ ဝင်ရောက်ရန် ဆန္ဒမရှိနိုင်ကြ ပေ။ တဲတော်၏ဖြူစင်သောပိတ်ချောအထည်၏သန့်ရှင်းမှုကို လျစ် လျူးသူများသည် တံခါးအားဖြင့်တဲတော်သို့ဝင်ရောက်ဘဲအခြားလမ်း တစ်စုံတစ်ခုပေါ် တက်ရောက်သောသူများသည် သူခိုးများနှင့် ဓားမြ များဖြစ်ကြသည် ဘုရားသခင်မိန့်တော်မူခဲ့သည်။ ကယ်တင်ခြင်းတံ ခါးသည် သခင်ယေရှုခရစ်တော်ကို ရည်ညွှန်းသည်(ယောဟန် ၁၀)။
ဤတံခါးကို အပြာရောင်၊ ခရမ်းရောင်၊ နှင့် အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက်လုပ်ထားသည်ဟု သမ္မာကျမ်း စာပြောသောအခါ သခင်ယေရှုသည် ဤလောကသို့ ဘုရားသခင်၏ သားတော်အဖြစ် ကြွဆင်းတော်မူခဲ့၍ ယောဟန်ထံမှ ဗတ္တိဇံခံယူကာ ကားတိုင်ပေါ်တွင်အသေခံပြီး သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ဓမ္မ ဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းနှုတ်ကပတ်တော်အားဖြင့် ဘုရားသ ခင်သည် ကျွန်ုပ်တို့အား ရှင်းလင်းစွာ ပြသတော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ နှင့် အနီရောင်ချည်ထည် နှင့် ပိတ်ချောအထည်တို့၏လျှို့ဝှက်မှုကို တွေ့ရှိနိုင်ကြသည်။  သခင် ယေရှုခရစ်တော်သည် ဤလောကအပြစ်များ၏တရားစီရင်ခြင်းမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန် ကြွလာတော်မူခဲ့သော ဘုရားသ ခင်၏သားတော်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှုတ်ကပတ်တော်အားဖြင့် လူသားများ ၏ကယ်တင်ခြင်းလုပ်ဆောင်ခဲ့ပြီးသော ကယ်တင်ရှင်ဖြစ်တော်မူ သည်ကိုလည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည် စေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ 
တဲတော်ဝင်း၏တံခါးကို ဘာကြောင့် ဤအပြာရောင်၊ ခရမ်း ရောင်၊ နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက် လုပ်ထားသည့်အကြောင်းကို ကျွန်ုပ်တို့သည် မှန်ကန်စွာ နားလည်သ ဘောပေါက်ရကြမည် ဖြစ်သည်။ အပြာရောင်ချည်ထည်က ကျွန်ုပ်တို့ အား ဘာအကြောင်းကို ပြောကြားသနည်း။ ခရမ်းရောင်ချည်ထည်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချော်အထည်တို့သည် အဘယ်အရာကို ပြောကြားသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြံအစည် တော်ကို နားလည်သဘောပေါက်ကြသောအခါ အပြာရောင်၊ ခရမ်း ရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်များလုပ်ဆောင် ချက်များသည်  ကယ်တင်ခြင်းအတွက် ဘုရားသခင်၏အကြံအစည် တော်၊ ထာဝရအသက်၏သမ္မာတရားဖြစ်သည်ဟု ကျွန်ုပ်တို့နားလည် သဘောပေါက်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်စေသော ယုံကြည်ခြင်း ရှိ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။
ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည် ထည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်ကြသည်ဟု ကျွန်ုပ်တို့ပြောကြား သောအခါ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း၊ မေရှိယဖြစ်သူသည် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်း၊ ဓမ္မဟောင်းကျမ်း၏ယဇ်ပူဇော် ခြင်းလျှို့ဝှက်ချက်များအားလုံး၊ ဓမ္မသစ်ကျမ်း၏ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ကျွန်ုပ်တို့သည် ကောင်းမွန်စွာ သိကျွမ်းခြင်းကို ဆိုလိုသည်။ အတိုအားဖြင့် တဲတော်ဝင်း၏တံခါး၌ထင်ရှားသော သမ္မာတရားသည် ထာဝရကယ်တင်ခြင်းခံရရန် သမ္မာတရားကို ရိုး သားဖြူစင်စွာ ရှာဖွေသူယုံကြည်သူအားလုံးအတွက် မရှိမဖြစ် လို အပ်သည်။
လူများစွာတို့သည် တဲတော်အကြောင်းကို ကောင်းမွန်စွာ သိနိုင် ကြသော်လည်း ဤအရာသည် အရေးမကြီးဟန်တူသည်။ လူများ သည် တဲတော်ဝင်း၏တံခါး၌ ရက်လုပ်ထားသော အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်ချည်ထည်၏အဓိပ္ပါယ်ကို လုံးဝ လျစ်လျူရှုတတ် ကြသည်။ ဤအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်၏လျှို့ဝှက်ဆန်းကြယ်မှုများသည် နားလည်ရန် ခက်ခဲ့သောကြောင့် များစွာသောလူများသည် ၎င်းတို့ကို သင်ယူရန် နှင့်ယုံကြည်ရန် အမှန်အကန် ဆန္ဒမရှိကြပေ။ သို့သော် ဤလျှို့ဝှက် ဆန်းကြယ်မှုကို မည်သူမည်ဝါကမျှ နားမလည်နိုင်ကြသောကြောင့် သူတို့အများစုသည် မိမိယူဆချက်များကို အခြေပြု၍ မှားယွင်းစွာ အ နက်ဖွင့်တတ်ကြသည်။ များစွာသော ဘာသာရေးခေါင်းဆောင်များ သည် ဤသမ္မာတရားကို မှားယွင်းစွာအနက်ဖွင့်၍ မိမိခံစားချက်အ တိုင်း မှားယွင်းစွာ နားလည်သဘောပေါက်ခဲ့ကြကာ သူတို့၏ဘာသာ တရားအဖြစ် အသုံးချတတ်ကြသည်။ သို့သော် ဘုရားသခင်သည် ခ ရစ်ယာန်များအား ဤမုသာသုံးသူများ၏ လှည့်စားမှုကို ခံရသောအ ခွင့် ပေးတော်မမူတော့ပေ။ ထိုကြောင့် ကိုယ်တော်သည် တဲတော် ဝင်း၏တံခါးအတွက် အသုံးပြုသော အပြာရောင်၊ ခရမ်းရောင်၊နှင့်အ နီရောင်ချည်ထည်နှင့် ပိတ်ချောသမ္မာတရားကို အဓိပ္ပါယ်ကို ရှင်း လင်းစွာ ရှင်းပြတော်မူခဲ့ခြင်းအားဖြင့် သူတို့ကို အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ 
ဓမ္မသစ်ကျမ်းမှ ၁ ယော ၅း၆-၈တွင် “ထိုသခင်ကား၊ ရေအား ဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခ ရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအား ဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ဖြစ်လျှင်၊ ကောင်းကင် ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိ ညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတ ဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏”ဟု ဖော်ပြထားသည်။ ကိုယ်တော်သည် လူ့ဇာတိခံယူတော်မူရန်အတွက် ဤလောကသို့ ကြွဆင်းတော်မူခဲ့ ၍ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်းကာ အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ကယ်တင်တော်မူခဲ့သည်ဟု ဤကျမ်း ချက်က ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ ထိုကြောင့် တဲ တော်ဝင်၏တံခါးမှာ အပြာရောင်၊ ခရမ်းရောင်၊နှင့် အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်ဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။
ပထမချက်အနေဖြင့်၊ အပြာရောင်ချည်ထည်မှာ မည်သည့်အ ရာကို ထင်ရှားစေသနည်း။ အပြစ်သားများ၏မေရှိယာဖြစ်လာခဲ့သူ သခင်ယေရှု၏ သမ္မာတရားအစိတ်အပိုင်းတစ်ခု၊ ကိုယ်တော်သည် ဤလောကသသို့ ကြွလာတော်မူ၍ ယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် လောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသော သမ္မာတရားကို ပြသထားသည်။  ယောဒန်မြစ်၌ ယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံသည် သခင်ယေရှုက လောကအ ပြစ်များအားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်ဟူ သောသမ္မာတရား ဖြစ်သည်။ သခင်ယေရှုသည် လူသားများကိုယ်စား ပြု၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအ ပြစ်များအားလုံးကို မိမိအပေါ်သို့ အမှန်အကန် ထမ်းတော်မူခဲ့သည်။ ထိုကြောင့် လူသားများအားလုံး၏အပြစ်များကို ခရစ်တော်၏ဉီး ခေါင်းပေါ်သို့ လွှဲပြောင်းခဲ့ပြီ ဖြစ်သောကြောင့် ဤသမ္မာတရားကို ယုံ ကြည်သူများသည် နှလုံးသားများ၌ အပြစ်မရှိတော့ပေ။
ဒုတိယအနေဖြင့် တဲတော်ဝင်း၏တံခါး၌ ရက်ထားသောခရမ်း ရောင်၏  အဓိပ္ပါယ်မှာ အဘယ်အရာ ဖြစ်သနည်း။ သခင်ယေရှုသည် ဘုရင့်တကာတို့၏ဘုရင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့အား ပြေထား သည်။ စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့သော သခင်ယေရှု သည် ဖန်ဆင်းရှင်ဖြစ်တော်မူ၍ ဖန်ဆင်းခံမဟုတ်ပေ။ ကိုယ်တော် သည် ဤလောကသို့ ကြွလာတော်မူခဲ့သော မေရှိယ ဖြစ်တော်မူ သည်။ မေရှိယသည် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်း တော်မူခဲ့သည်။ ကိုယ်တော်သည် ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ လောကအပြစ်များအားလုံးကို ထမ်း တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူ၍ သေခြင်းမှရှင်ပြန် ထမြောက်ခြင်းအားဖြင့် သူတို့၏မေရှိယအဖြစ် အသိအမှတ်ပြု၊ ကြောက်၍ ယုံကြည်သူ မိမိလူများအားလုံးကို အပြစ်များအားလုံးနှင့် အပြစ်၏တရားစီရင်ခြင်းမှ ကယ်တင်တော်မူခဲ့သည်။
သခင်ယေရှုသည် ဧကောဗုဒ္ဓေါဘုရားနှင့် မေရှိယဖြစ်တော်မူ သည်။ ကိုယ်တော်သည် ကယ်တင်ရှင် ဖြစ်တော်မူသည်။ သခင်ယေ ရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင် ပေါ်တွင်အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခြင်းနှင့် သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးဆေးကြောစင် ကြယ်စေတော်မူသည်သာမက ကျွန်ုပ်တို့နေ ရာတွင် အပြစ်၏တရားစီရင်ခြင်းကို ရက်ရက်စက်စက်ခံတော်မူခဲ့ သည်။
တတိယအနေဖြင့် အနီရောင်ချည်ထည်သည် ကားတိုင်ပေါ်မှာ သခင်ယေရှု သွန်းလောင်းတော်မူခဲ့သော အသွေးတော်ကို ရည်ညွှန်း သည်။ ခရစ်တော်သည် ယုံကြည်သူကျွန်ုပ်တို့အားလုံးအပေါ် ဘဝ သစ်ကို ပေးအပ်တော်မူခဲ့သည်ကို ဆိုလိုသည်။ ဤအနီရောင်ချည် ထည်သမ္မာတရားက သခင်ယေရှုခရစ်တော်သည် ယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လောကအပြစ်များကို မိမိကိုယ် ပေါ်သို့ ယူဆောင်သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ၏ တရားစီရင်ခြင်းကိုလက်ခံသည်သာမက ကိုယ်တော်သည် အပြစ်၌ သေနေသောသူများအပေါ် ယုံကြည်ခြင်းဘဝကို ပေးအပ်တော်မူခြင်း အားဖြင့် ယုံကြည်သူများအပေါ် ဘဝသစ်ကိုလည်း ချပေးတော်မူခဲ့ သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကိုယ်တော်သွန်းလောင်းတော်မူခဲ့ သော အသွေးတော်ကို ယုံကြည်သူများအပေါ် သခင်ယေရှုသည် ဘ ဝသစ်ကို ပေးအပ်တော်မူခဲ့သည်။
ထိုနောက် ပိတ်ချောအထည်မှာ အဘယ်အရာကို ဆိုလိုသ နည်း။ ဓမ္မသစ်ကျမ်းအားဖြင့် ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၌ ရေးထားသော ကယ်တင်ခြင်းကတိတော်ကို ပြည့်စုံစေတော်မူခဲ့ သည်ကို ထင်ရှားစေသည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ဓမ္မသစ်ကျမ်း တွင် ကျွန်ုပ်တို့အပြစ်များအတွက် ကားတိုင်ပေါ်တွင် တရားစီရင် တော်မူခြင်းခံတော်မူသောအခါ ဘုရားသခင်သည် ပဋိညာဉ်နှုတ်က ပတ်တော်အားဖြင့် ဣသရေလလူမျိုးများနှင့်ကျွန်ုပ်တို့အပေါ် ကတိ ပြုတော်မူခဲ့သော ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။ 
ဟေရှာယ ၁း၁၈ တွင် ယာဝေးဘုရားက “လာကြ။ တရားစီ ရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီပါနီနှင့်တမျှ နီသော်လည်း၊ သိုး မွေးကဲ့သို့ဖြစ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။ ဓမ္မဟောင်းကျမ်း၏ ယဇ်ပူဇော်ခြင်းစနစ်သည် တဲတော်၌ ယဇ်ပူဇော်သက္ကာကို မည်သို့ပြု ရသည်ကိုလည်းကောင်း၊ ဣသရေလလူမျိုးများသည် လက်များတင် ခြင်းအားဖြင့်  ယဇ်ကောင်သိုးသငယ်ပေါ် မိမိအပြစ်များ လွှဲပြောင်းခဲ့ ကြခြင်းမှာ ဣသရေလလူမျိုးများနှင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင် ပြုတော်မူခဲ့သော ကတိတော် ဖြစ်သည်။ ဤအရာသည် နောင်အနာ ဂတ်တွင် ဘုရားသခင်၏သိုးသငယ်တော်အားဖြင့် လောကလူသား များအားလုံးကို နေ့စဉ်အပြစ်များနှင့် နှစ်စဉ်အပြစ်များမှ ကိုယ်တော် ကယ်တင်တော်မူလိမ့်မည်ဟူသော ဘုရားသခင်၏ကတိတော်ဆိုင် ရာ ဗျာဒိတ်တော် ဖြစ်သည်။
ဤအရာသည် ကြွလာမည့်ကတိပြုထားသောမေရှိယာ၏လက္ခ ဏာလည်း ဖြစ်သည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုခ ရစ်တော်သည် ဓမ္မဟောင်းကျမ်းနည်းလမ်းနှင့်အညီ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို မိမိအပေါ်သို့ ယူ ဆောင်သွားတော်မူခဲ့သောအခါ ဘုရားသခင်၏ပဋိညာည်ပြည့်စုံခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကတိတော်နှင့်ဆိုင်သောနှုတ်ကပတ် တော်အားလုံးကို ပေးအပ်တော်မူခဲ့ပြီးနောက် ကိုယ်တော်သည် က တိပြုတော်မူခဲ့သည်အတိုင်း ၎င်းတို့အားလုံးကို အမှန်အကန် ပြည့်စုံ စေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့အား ပြသတော်မူခဲ့သည်။ သခင်ယေ ရှုခံယူတော်မူခဲ့သော ဗတ္တိဇံသည် ပဋိညာဉ်၏ဘုရားသခင်က မိမိပဋိ ညာဉ်များအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်ဟူသော ဤသမ္မာတ ရားကို ထင်ရှားစေသည်။

 


ရေ၊ အသွေးနှင့် သန့်ရှင်းသောဝိညာည်တော်အားဖြင့် ကြွ လာတော်မူခဲ့သော သခင်ယေရှုခရစ်တော်


သခင်ယေရှုသည် ဘာကြောင့် ယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခဲ့သနည်း။ အကြောင်းမှာ ကိုယ်တော်သည် လူသားများ၏အပြစ် များအားလုံးကို မိမိအပေါ်သို့ ယူဆောင်ရန်နှင့် ကျွန်ုပ်တို့ကိုယ်စား အ ပြစ်၏တရားစီရင်ခြင်းကို လက်ခံရအတွက် ဖြစ်သည်။ သခင်ယေရှု သည် လူသားများအားလုံး၏အပြစ်များအားလုံးကို ကွယ်ပျောက်စေ တော်မူရန်နှင့် ကျွန်ုပ်တို့၏စစ်မှန်သောကယ်တင်ရှင်ဖြစ်လာတော်မူ ရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့၍ ကားတိုင် သို့သွားကာ အသွေးတော်သွန်းလောင်းပြီး အသေခံတော်မူခဲ့သည်။ ကိုယ်တော်သည် ကိုယ်တော်သည် ဤသို့ပြုတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးသည်သာမက ကျွန်ုပ် တို့ကိုယ်စား ဤအပြစ်များ၏တရားစီရင်ခြင်းအားလုံးကို လက်ခံ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင် ဖြစ်တော်မူခဲ့ သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့ သောအခါ ကိုယ်တော်အပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံး လွှဲ ပြောင်းခဲ့၍ ကိုယ်တော်သည် လောကအပြစ်များကို ကားတိုင်သို့ ထမ်းတော်မူခဲ့သည်။  ခရစ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထမ်းတော်မူခဲ့သောကြောင့်လည်းကောင်း၊ ကိုယ် တော်သည် ဤအပြစ်များကို ကားတိုင်သို့ ထမ်းတော်မူခဲ့သော ကြောင့်လည်းကောင်း၊ ကိုယ်တော်သည် ကားစင်တင်ခံ၍ အသွေး တော်သွန်းလောင်းကာ ကျွန်ုပ်တို့ကိုယ်စား အသေခံတော်မူခဲ့သည်။
ဟေရှာယ ၅၃း၅ တွင် “ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ် များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့ ၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ် သို့ ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက် လျက် ရှိကြ၏”ဟု ဖော်ပြထားသည်။ ကိုယ်တော်၏ဗတ္တိဇံအားဖြင့် အာဒံထံမှ ကျွန်ုပ်တို့အမွေဆက်ခံလာခဲ့ကြသော ဗီဇ(ပင်ကို)အပြစ် များနှင့် ဘဝတစ်လျှောက် ကျူးလွန်ခဲ့ကြသောဒုစရိုက်အပြစ်များကို  အားလုံးကို ကိုယ်တော့်အပေါ်သို့ အကုန်အစင်လွှဲပြောင်းခဲ့ပြီး ဖြစ် သည်။ ကိုယ်တော်သည် ဤအပြစ်များအားလုံးအတွက် တရားစီရင် ခြင်းခံတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ရေနှင့်အသွေး အားဖြင့် ကျွန်ုပ်တို့ထံ ကြွလာတော်မူ၍ ကျွန်ု်ပတို့အပြစ်များအား လုံးကို ကွယ်ပျောက်စေတော်မူခဲ့သည် (၁ ယော ၅း၅-၈)။
ကျွန်ုပ်တို့အပြစ်များ အားလုံးကို ယူဆောင်သွား၍ အားလုံးကို ကွယ်ပျောက်စေတော်မူခဲ့သော သခင်ယေရှုခရစ်တော်၊ ကယ်တင် ရှင်နှင့်  မေရှိယမှာ မည်သူဖြစ်သနည်း။ ကမ္ဘာ ၁း၁ တွင် “အစအဉီး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏”ဟု ဖော်ပြထားသည်။ မည်သူသည် စကြာဝဠာတစ်ခုလုံးကို နှုတ်ကပတ် တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သော တန်ခိုးကြီးသော ဘုရားဖြစ်တော် မူသနည်း။ ကိုယ်တော်မှာ အခြားသူမဟုတ်၊ သင်နှင့်ကျွန်တော်တို့ အား လောကအပြစ်များအားလုံးမှ ကယ်တင်တော်မူရန် ဗတ္တိဇံရေ အားဖြင့် ကြွလာတော်မူသော အပြစ်သားများ၏မေရှိယ၊ လောကအ ပြစ်များအားလုံးအတွက် တရားစီရင်ခြင်းခံရန် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခဲ့သော ကယ်တင်ရှင်အဖြစ်ကြွလာ တော်မူသောအရှင် ဖြစ်တော်မူသည်။ သခင်ယေရှုသည် ရေ၊ အသွေး၊ နှင့် ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား အပြစ်များနှင့်တရားစီရင် ခြင်းတို့မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အပြစ်များအားလုံးယူဆောင်သွားတော်မူရန်နှင့် ကျွန်ုပ်တို့နေရာ တွင် ဤအပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူရန်အတွက် ကြွ လာတော်မူခဲ့သည်။ 
မေရှိယသည် ဘုရားဖြစ်တော်မူသောကြောင့် သခင်ယေရှုခရစ် တော်သည် ဘုရားသခင်၏သားတော်နှင့် ဘုရားဖြစ်တော်မူသည်။ “ယေရှု”ဟူသောနာမတော်၏အဓိပ္ပါယ်မှာ “မိမိလူများကို အပြစ်မှ ကယ်ချွတ်မည်သူကယ်တင်ရှင်”(မဿဲ ၁း၂၁) ဖြစ်သည်။ ဂရိဘာသာ စကားအားဖြင့် “ခရစ်တော်” “Basileus”မှာ “ဘုရင့်တကာတို့၏ဘု ရင်” ဆိုလိုသည်။ သခင်ယေရှုသည် စကြာဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့သောဖန်ဆင်းရှင်၊ အားလုံးကို အစိုးရသောအရှင်၊ အပြစ် သားများ၏ကယ်တင်ရှင်နှင့် စာတန်ကို တရားစီရင်တော်မူမည့် ဘု ရင်တကာတို့၏ဘုရင် ဖြစ်တော်မူသည်။
ဤတစ်ဆူတည်းသောဘုရားသည် မိမိပုံသဏ္ဌာန်တော်နှင့်အ ညီ လူကို ဖန်ဆင်းတော်မူခဲ့သည်။ ဖန်ဆင်းခံကျွန်ုပ်တို့သည် အပြစ်၌ နစ်မွန်း၍ မိမိအားနည်းလျက်များကြောင့် ပျက်စီးခြင်းသို့ ချုပ်နှောင် ခြင်းခံရကြသောကြောင့် ဤဘုရင်တကာတို့၏ဘုရင်သည် ကျွန်ုပ်တို့ အား အပြစ်များမှ ကယ်တင်ရန် ကတိပြုတော်မူခဲ့၍ ကိုယ်တော် သည် ကျွန်ုပ်တို့ထံ ကြွလာတော်မူခဲ့သောအခါ ဤကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသ ခင်၏လူများနှင့် အပြစ်ကင်းစင်သူများဖြစ်စေတော်မူရန် ရေ၊ အ သွေး၊နှင့် ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သည်။
ဖန်ဆင်းရှင်မေရှိယသည် ကျွန်ုပ်တို့အပြစ်များအားလုံး ကွယ် ပျောက်သွားစေရန် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်း တော်မူခဲ့၍ ယောဒန်မြစ်၌ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် မိမိအပေါ်သို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့နေရာတွင် အပြစ်များအားလုံးအတွက် တရားစီ ရင်ခြင်းခံတော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် မေရှိ ယဖြစ်တော်မူ၍ ကိုယ်တော်သည် အသက်၏ကယ်တင်ရှင်နှင့်သခင် ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည် ခြင်းအားဖြင့် ဘဝသစ်နှင့်ထာဝရအသက်ကို ရရှိနိုင်ကြသည်။ ထို ကြောင့် မေရှိယသည် ကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူခဲ့သည်။ ထို ကြောင့် တဲတော်တံခါး၌ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင် ချည်ထည်တို့သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးနှင့် အပြစ်များ ၏တရားစီရင်ခြင်းမှ ကယ်တင်သော ရေနှင့်ဝိညာဉ်တော်၏လျှို့ဝှက် ချက်ဖြစ်သောကြောင့် တဲတော်တံခါးကို အရောင်လေးမျိုးဖြင့် ရက် လုပ်ထားခြင်း ဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူ ခဲ့သော သမ္မာတရားမှာ မသေချာမရီရာမဟုတ်ပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိကယ်တင်ခြင်းကို မရှင်းမလင်း ကတိပြုတော်မမူ ပေ။ အကြမ်းဖက် လုပ်ဆောင်တော်မမူပေ။ ကိုယ်တော့်ကို အ ကြောင်းမဲ့ ယုံကြည်သူများ၏ယုံကြည်မှုကို ကိုယ်တော်သည် ထောက်ခံတော်မမူပေ။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား ရေ နှင့်ဝိညာဉ်တော်အားဖြင့် အမှန်အကန် ကယ်တင်တော်မူခဲ့သည်ဟု ရှင်းလင်းပြတ်သားစွာ သိစေတော်မူသည်။ ထိုကြောင့် ကိုယ်တော် သည် ကိုယ်တော့်ကို သာမန်ယုံကြည်သူများထံ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်”(မဿဲ ရး၂၁)ဟု မိန့်ကြား တော်မူခြင်း ဖြစ်သည်။
မိစ္ဆာဆရာများသည် သခင်ယေရှု၏နာမတော်အားဖြင့် လူများ ကို သန့်ရှင်းသောဝိညာဉ်တော်ရရှိစေ၍ ကိုယ်တော်၏နာမတော်အား ဖြင့် နတ်ဆိုးများကို နင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် အံ့ဩဖွယ်နိမိတ်လက္ခဏာများပြုလုပ်နိုင်သည်ဟု ပြောတတ်ကြ သည်။ သို့သော် ဘုရားသခင်သည် မဿဲ ရး၂၃ တွင် သူတို့ထံ “သင် တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ ဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်”ဟု မိန့်တော်မူသည်။ ခရစ်ယာန်များအကြား အပြစ်ရှိသေးသူ၊ တရားစီရင်ရာနေ့တွင် အ ပြစ်များအတွက် တရားစီရင်ခြင်းခံရမည့်သူနှင့် အပ္ပါယ်ငရဲသို့ ပစ်ချ ခြင်းခံရမည်သူများစွာ ရှိနေကြသည်။
“သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူတယ်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ပြတ်သားစွာ ကယ်တင်တော်မူခဲ့တယ်”ဟု ရှင်းလင်းစွာ ဝန်ခံသောခရစ်ယာန်များ စွာ ရှိသည်။ သို့သော် သူတို့သည် ဤသို့ကြွေးကြော်ကြသော်လည်း မေရှိယသည် ဗတ္တိဇံအားဖြင့် သူတို့အပြစ်များအမှန်အကန် ယူ ဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် သူတို့အပြစ်များကို ထမ်း၍ ဤအပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်ကို လည်းကောင်း သူတို့သည် သင်ယူရန်အတွက်လည်း မကြိုးစားလို ကြပေ။ ဤပုဂ္ဂိုလ်များအားလုံးသည် ကမ္ဘာ့ဘာသာတရားများစွာထဲမှ ဘာသာတစ်ခုကို ကျင့်သုံး၍ သာမန်ယုံကြည်ကြသောကြောင့် သူတို့ သည် အပြစ်ရှိလျက်ပင် ဘုရားရှေ့တော်၌ တိုးဝင်ချဉ်းကပ်ကြသည်။
ဤသို့ဖြင့် “သင်သည် သမ္မာတရားကို သိ၍ သမ္မာတရားသည် သင့်ကို လွှတ်လိမ့်မည်”ဟူသော ကိုယ်တော်မိန့်တော်မူသည့် သမ္မာ တရားနှင့် မယုံကြည်ကြသောကောင့် သူတို့သည် ကိုယ်တော်၏ ထောက်ခံမှုကို မခံရကြပေ။ လူများသည် သခင်ယေရှုကို ယုံကြည် သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူတို့မှာ အပြစ်ရှိလျှင် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းမမီသောကြောင့် နှလုံးသားများ၌ အပြစ်ရှိသောသူများသည် ထိုနိုင်ငံတော်သို့ ဝင် ရောက်နိုင်ကြမည် မဟုတ်ပေ။ ထိုကြောင့် သူတို့သည် ဤလောက၌ အသက်ရှင်စဉ် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်၏ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု သူတို့သည် သေချာစွာသိရကြမည် ဖြစ်သည်။ တဲတော်ဝင်း၏တံခါးကို ဤအပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ ဖြင့် ရက်လုပ်သောကုလားကာဖြင့် ပြုလုပ်ခြင်းမှာ မေရှိယ၏စီမံ ချက်ဖြစ်သည်။ အပြစ်ကြောင့် အပ္ပါယ်ငရဲသို့ ခြေဉီးတည့်နေသောသူ များသည် ဤအရာကို ယုံကြည်ရကြမည် ဖြစ်သည်။ 
ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို လျစ်လျူရှုကြသောကြောင့် နှင့်သူတို့သည် သခင်ယေရှုကို မိမိဆန္ဒအလျောက် မှားယွင်းစွာ ယုံ ကြည်ကြသောကြောင့် သူတို့သည် အပြစ်ရှိကြသည်။ သူတို့သည် တဲ တော်၌ရှိသောတန်ဆာများ၌ ဖုံးအုပ်ထားသောသမ္မာတရားနှင့် ယုံ ကြည်ကြမည့်အစား သူတို့သည် မိမိဆန္ဒနှင့်အလျောက် ကယ်တင် ရှင်ကို စဉ်းစား၍ ဤအတွေးအခေါ်များအခြေပြု ကယ်တင်ခြင်းဆိုင် ရာ ဓမ္မခံယူချက်များရှိကြခြင်း၊ ဘုရားသခင်ထံ နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းအားဖြင့် မိမိကြိုးစားအားထုတ်မှုနှင့် စင်ကြယ် ခြင်းအမှုပြုခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည်ဟု ယုံကြည်ကြ သေသာကြောင့် သူတို့သည် အပြစ်ရှိကြခြင်း ဖြစ်သည်။
သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော်လည်း သူတို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို အမှန်အကန် မ ယုံကြည်သူ ဤကမ္ဘာပေါ်တွင် လူများစွာ ရှိကြသည်။ ကမ္ဘာပေါ်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ကို သူတို့၏ကယ်တင်ရှင်အဖြစ် အတပ်အမှန် ယုံကြည်ကြမည့်အစား သူတို့သည် အပြစ်ရှိလျက် သ ခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ၏ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်ဟု ထင်မှတ် သောသူများစွာ ရှိကြသည်။

 


ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများ၏ကိုက်ညီမှု


ဟေရှာယ ၃၄း၁၆ တွင် ဘုရားသခင်၏နှုတ်ကပတ်တော်အား လုံးသည် တစ်ခုနှင့်တစ်ခု ညီညွတ်သည်ဟု ဘုရားသခင်ပြောကြား တော်မူသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော် သည် အားလုံးညိညွတ်သည်။ ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော် သည် ဓမ္မသစ်ကျမ်းနှုတ်ကပတ်တော်နှင့် ညီညွတ်မှုရှိမရှိ စူးစမ်း ကြည့်ရှုရန် ဘုရားသခင်မိန့်တော်မူခဲ့သည်။ ဥပမာအားဖြင့် ဓမ္မ ဟောင်းကျမ်းတွင် လက်များတင်ခြင်းအားဖြင့် ယဇ်ကောင်ပေါ်တွင် ဣသရေလလူမျိုးများသည် မိမိအပြစ်များကို လွှဲပြောင်းခဲ့ကြသည့် နည်းတူ ဓမ္မသစ်ကျမ်းတွင်လည်း သခင်ယေရှုခရစ်တော်သည် ဤ လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူ တော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော့်အပေါသို့လွှဲ ပြောင်းခြင်းအားဖြင့် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတို့သည် ညီညွတ် ကြသည်။
သခင်ယေရှုသည် ရေနှင့်အသွေးအားဖြင့် ယဇ်ကောင်အဖြစ်နှင့် အပြစ်သားများ၏ကယ်တင်ရှင်အဖြစ် ဤလောကသို့ ကြွလာတော်မူ ခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောက အပြစ်များကို ယူဆောင်သွားတော်မမူခဲ့လျှင် ကိုယ်တော်သည် ကား တိုင်ပေါ်တွင် အသေခံစရာအကြောင်းမရှိပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီ ရောင်ချည်ထည်အားဖြင့် ကွယ်ပျောက်စေတော်မူခဲ့သည်။ ဤအရာ ကိုလည်း ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကတိပြု တော်မူခဲ့သောအရာ ဖြစ်သည်။ ကိုယ်တော်သည် ဤနှုတ်ကပတ် တော်အားဖြင့် ကျွန်ုပ်တို့ထံ ကြွဆင်းတော်မူခဲ့၍ နီမောင်းသောအပြစ် များကို မိုးပွင့်ပမာဖြူစင်အောင် ဆေးကြောပေးတော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ဤသမ္မာတရားကို နားမလည်မီ  အပြစ်များစွာ ရှိကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ဝါကြွားစ ရာအကြောင်းမရှိပေ။ ကျွန်ုပ်တို့သ်ည ဘုရားရှေ့တော်၌ ဝါကြွားစရာ တစ်စုံတစ်ခုမျှမရှိသည့်အပြင် ကိုယ်တော်ရှေ့တော်၌ ကျွန်ုပ်တို့သည် ရောင့်ရဲတင်းတိမ်မှု တစ်စုံတစ်ခုမျှ မရှိပေ။ တစ်နည်းအားဖြင့် ကျွန်ုပ် တို့သည် အပြစ်ကင်းစင်သည်ဟု ဟန်ဆောင်ရန်လည်း မရှိပေ။ ဘု ရားရှေ့တော်၌ ကျွန်ုပ်တို့ပြောနိုင်သောအရာအားလုံးမှာ “ဟုတ်ပါ တယ်။ ကိုယ်တော်မှန်ပါတယ်” ဖြစ်သည်။
ဘုရားသခင်က “သင်သည် အပြစ်ဒုစရိုက်များ၏မျိုးနွယ်ဖြစ် တယ်။ အပ္ပါယ်ငရဲသို့ သွားရမည်”ဟု မိန့်တော်မူလျှင်
“ဟုတ်ပါတယ်။ ကိုယ်တော်မှန်တယ်။ ကျွန်ုပ်ကို ကယ်တင် တော်မူပါ။”
“ကိုယ်တော်သည် ကျွန်တော်အား ရေ၊ အသွေး၊ နှင့်ဝိညာဉ် တော်အားဖြင့် ကယ်တင်တော်မူခဲ့တယ်။”
“ဟုတ်ပါတယ်၊ ကိုယ်တော်။ ကျွန်ုပ်ယုံကြည်တယ်။”
ကျွန်ုပ်တို့သည် အချိန်တိုင်း “ဟုတ်ပါတယ်”ဟုသာ ပြောနိုင်ကြ သည်။ ဘုရားသခင်ရှေ့တော်၌ ရပ်၍ ကိုယ်တော့်ထံ “ငါ ဟိုဟာနှင့်ဒီ ဟာလုပ်ခဲ့တယ်။ အသင်းတော်အတွက် ကောင်းကောင်းအစေခံခဲ့ တယ်။ သခင်ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခဲ့တယ်။ မည်သူ မည်ဝါမျှ စိတ်မကူးနိုင်လောက်အောင် ကျွန်ုပ်ယုံကြည်မှုကို ခိုင်ခံ့စွာ ခုခံခဲ့တယ်”ဟု မပြောနိုင်ကြပေ။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို မည်သို့ဖြင့် အမှန်အကန် ကွယ်ပျောက်စေတော်မူခဲ့သနည်း။ ကိုယ်တော်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်အားဖြင့်နှင့် ဓမ္မ ဟောင်းနှင့်ဓမ္မသစ်ကျမ်းများနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အ ပြစ်များကို ကွယ်ပျောက်စေတော်မူခဲ့သည်။ ဓမ္မဟောင်းကျမ်းတွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်ဖြင့် ကျွန်ုပ်တို့အပြစ် များကို ကိုယ်တော်သည် ကွယ်ပျောက်စေတော်မူ၍ ဓမ္မသစ်ကျမ်း တွင် သခင်ယေရှုသည် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်း တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်တော်မူခဲ့၍ ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် အပြစ်များအား လုံးကို ယူဆောင်သွားတော်မူလျက် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို တာဝန်ယူ၍ ဤအပြစ်များ၏တရားစီရင်ခြင်းကို ခံတော်မူခဲ့သည်။ 
ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအ ပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည် (မ ဿဲ ၃း၁၅)။ ကျွန်ုပ်တို့၏လောကအပြစ်များအားလုံးကို သခင် ယေရှု၏ပုခုံးပေါ်သို့ လွှဲပြောင်းခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့ပြီးနောက် ကိုဘ်တော်သည် ဤအပြစ်များကို ကားတိုင်သို့ ထမ်းကာ ကားစင်တင်ခံ၍ အသွေးတော်သွန်းလောင်းလျက် ကား တိုင်ပေါ်တွင် အသေခံပြီး သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကွယ်ပျောက်စေတော်မူခဲ့ သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ကယ် တင်ရှင် ဖြစ်လာတော်မူခဲ့သည်။
ကျွန်ုပ်တို့ရရှိခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ ရေ၊အ သွေးနှင့် ဝိညာဉ်တော်အားဖြင့် ဤလောကသို့ ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသောဖြောင့်မတ် ခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်ထံတော်မှ ရရှိသော ကယ်တင်ခြင်းဖြစ်၍ ကျွန်ုပ်တို့ကောင်းမှုကုသိုလ်အားဖြင့် ရရှိသော အရာမဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ဝါကြွားစရာတစ် စုံတစ်ခုမျှ မရှိပေ။
ကျွန်ုပ်တို့သည် ကယ်တင်ရှင်ဖြစ်လာတော်မူခဲ့သူ သခင်ယေရှု ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရကြသည်။ တစ်နည်းအားဖြင့် အပြစ်သားများဖြစ်ကြသူ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူသောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ် ဖြေလွှတ်ခြင်းခံရကြသည်။ ကယ်တင်ခြင်းအတွက် သခင်ယေရှုပြု တော်မူခဲ့သောအမှုများမှာ ကယ်တင်ခြင်း၏ ၇၀ ရာခိုင်နှုန်းဖြစ်၍ ကျန် ၃၀ ရာခိုင်နှုန်းမှာ အပြစ်မပြုရန် ကြိုးစားခြင်းအားဖြင့် ရရှိပြီး တဖြည်းဖြည်းစင်ကြယ်၍ ကယ်တင်ခြင်းကို တစစီပြည့်စုံလျှင် ကျွန်ုပ်တို့သည် ညလုံးပေါက် စိတ်အားထက်သန်စွာ ဆုတောင်းခြင်း၊ နေ့တိုင်း နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ၊ အဖွဲ့အစည်း အတွက် အစေခံခြင်းများနှင့် မည်သည့်အရာမဆို အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ရန် လိုအပ်မည် ဖြစ်သည်။
သို့သော် တမန်တော်ရှင်ပေါလုက ရောမဩဝါဒစာတွင် “ငါ သည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အ ဘယ်သူ ကယ်လွှတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ် လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော် အလိုသို့၎င်း၊ ဇာတိ ပကတိအားဖြင့် အပြစ်တရား အလိုသို့၎င်း၊ ငါလိုက်တတ်၏။ ဘုရား သခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပ ကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏”(ရောမ ၇◌း၂၄-၈း၁)ဟု ပြောခဲ့ သည်။ ထိုကြောင့် ရှင်ပေါလုဝန်ခံခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် လည်း သူကဲ့သို့ သခင်ယေရှုခရစ်တော်ကို ယုံကြည်ရကြမည် ဖြစ် သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဤကိုယ်ခန္ဓာသေခြင်းမှ ၁၀၀ ရာခိုင်နှုန်း ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်ဟု သမ္မာကျမ်း စာက ပြောထားသည်။ အဘယ်သူသည် ကျွန်ုပ်တို့ကို တရားစီရင်နိုင် မည်နည်း။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို မ ကြည့်ရှုဘဲ ၁၀၀ ရာခိုင်နှုန်းကယ်တင်တော်မူခဲ့သောကြောင့် မည်သူ မည်ဝါကမျှ ကျွန်ုပ်တို့ကို တရားမစီရင်နိုင်တော့ပေ။

 


သင်နှင့်ကျွန်တော်တို့သည် ဝိညာဉ်ရေးရာ ဖါရိရှဲများဖြစ်ကြသည်။


သင်တို့အချို့တို့သည် သခင်ယေရှုကို အချိန်ပို၍ကြာမြှင့်စွာ သိ ၍ ယုံကြည်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် သင်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို မတွေ့မီ သခင်ယေရှုကို ကယ်တင်ရှင်အ ဖြစ် ယုံကြည်ခဲ့သည်။ ကျွန်တော်သည်လည်း ဒုတိယမွေးဖွားခြင်းမရှိ ဘဲ နှစ်ပေါင်း ၁၀ ကျော် ခရစ်ယာန်ဖြစ်ခဲ့သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ပထမဉီး ဆုံးယုံကြည်ခဲ့ကြသောအခါ ၎င်းသည် လန်းဆန်းသောအတွေ့အကြုံ သာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီ ရောင်ချည်ထည်၏သမ္မာတရားကို လျစ်လျူရှုလျက်ပင် သခင်ယေရှု ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် အခြေအနေမဲ့ကယ် တင်ခြင်းခံရလိမ့်မည်ဟု ကျွန်ုပ်တို့တွေးခဲ့ကြသောကြောင့် စိတ်လန်း ဆန်းမှုကို စတင်ခြင်း ဖြစ်သည်။ 
ကျွန်တော်သည် သခင်ယေရှုကို စတင်ယုံကြည်ခဲ့သောအခါ ကျွန်ုပ်နှလုံးသားသည် ဝမ်းမြောက်မှုဖြင့် ပြည့်နေခဲ့သည်။ ထိုကြောင့် ကျွန်တော်သည် သခင်ယေရှုကို ပထမယုံကြည်ခဲ့သောအခါ အလွန် ဝမ်းမြောက်ပီတိဖြစ်ခဲ့ရသည်။ သို့သော် ငါးနှစ်ကြာလာခဲ့ပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုကိုယ် ကြည့်သောအခါ ကျွန်တော်ကျူး လွန်သောအပြစ်များကြောင့် ကျွန်တော်သည် ချည် နှောင်ခြင်းကိုခံရ ၍ ကျွန်တော်သည် မလွှတ်လပ်ခဲ့သည်ကို အသိအမှတ်ပြုလာခဲ့ပါ သည်။ ကျွန်တော်သည် ထိုအစောပိုင်းခရစ်ယာန်အသက်တာငါးနှစ် အတောအတွင်း အပြစ်များကျူးလွန်ခဲ့သည်ဟု သင်ယူဆသလော။ သို့မဟုတ်မကျူးလွန်ခဲ့သည်ဟု သင်ယူဆသလော။ သင်သည် ကျွန် တော့်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျွန်တော်သည် အပြစ် ကျူးလွန်ခဲ့သည်ကို ရှင်းလင်းသည်။ ဤအချိန်တွင် ကျွန်တော်သည် သမ္မာတရားကို မသိခဲ့သောအခါ ကျွန်တော်အပြစ်ကျူးလွန်သည့်အ ချိန်တိုင်းတွင် စိတ်ပူဆွေးသောကရောက်ခဲ့သည်။ ကျွန်တော်သည် သုံးရက်အစာရှောင်ဆုတောင်းခြင်းအချိန်ယူ၍ နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းများပြုကာ အပြစ်များပယ်ဖျက်ရန် စိတ်သော ကရောက်ခဲ့ရသည်။ ထိုနောက် ကျွန်ုပ်နှလုံးသားဝန်မှာ ပို၍ ပေါ့ပါး ဟန်တူသောကြောင့် ကျွန်တော်သည် “♫အံ့ဖွယ်ကျေးဇူး၊ ♫အလွန် ချိုသာ၊ ဆိုးသောကျွန်ုပ်ကို ကယ်တင်♪”ဟု ဘုရားသခင်၏နာမတော် ကို ချီးမွမ်းသည်။ သို့သော် ဤအရာပြီးနောက် ကျွန်တော်သည် အ ပြစ်နောက်တစ်ကြိမ် ကျူးလွန်ခဲ့ပြန်သည်။ ကျွန်တော်သည် အပြစ် များစွာရှိ၍ အပြစ်အနာအဆာဖြင့် ပြည့်ဝ၍ နေ့တိုင်းအပြစ်ကျူးလွန် ခဲ့သောကြောင့် ထိုအပြစ်ကျူးလွန်ခြင်းအတွက် မိမိကိုယ်ကိုကိုယ် မုန်းတီးနေမိခဲ့ရသည်။ ကျွန်တော်သည် အပြစ်၏ပြဿနာများအား လုံးကို ကောင်းရန် တစ်ကြိမ်တစ်ခါမျှ မဖြေရှင်းနိုင်ခဲ့ပေ။
ဤသို့သော အခြေအနေအောက်တွင် ငါးနှစ်ကျော် ကျွန်တော် လုံးပန်းခဲ့ရသည်။ ထိုကြောင့် ကျွန်တော်ခရစ်ယာန်ဖြစ်လာခဲ့ခြင်း နှစ်ပေါင်း ဆယ်နှစ်ခန့်ကြာလာသောအခါ ထိုနှစ်များအတွင်း ကျွန် တော်ကျူးလွန်ခဲ့သောအပြစ်များစွာကို ကျွန်တော်သိရှိသောအခါ ကျွန်တော်သည် ချက်ချင်း တုန်လှုပ်ခဲ့ရသည်။ ကျွန်တော်သည် နေ့ တိုင်းကြီးမားသောအပြစ်များကျူးလွန်ခဲ့ခြင်းကို မိမိကိုယ်ကိုကိုယ် ကြည့်သောအခါ ကျွန်တော်သည် အလွန်အမင်းဝမ်းနည်း၍ စိတ် ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ ကျွန်တော်သည် ပညတ်တော်ရှေ့မှာ မတ်သပ်ရပ်သောအခါ ကျွန်တော်သည် မည်မျှ အပြစ်ကျူးလွန်ခဲ့ သည်ကို ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်သည် ဘုရားရှေ့တော်၌ ရပ်ရန် ပို၍ ခက်ခဲလာခဲ့သည်။ နောက်ဆုံးတွင် ကျွန်တော်သည် သ ခင်ယေရှုကို သိကျွမ်း၍ ကိုယ်တော့်ကို ယုံကြည်သူတစ်ဉီးဖြစ်သည် ကိုပင် စိတ်ထဲမှာတောင် မတွေးရဲသော အပြစ်သားဖြစ်လာခဲ့သည်။ ထိုကြောင့် ခရစ်ယာန်တစ်ဉီးအဖြစ် ဆယ်နှစ်မြောက်တွင် ကျွန်တော် မည်သည့်အရာတစ်စုံတစ်ခုကိုမျှမလုပ်နိုင်ဘဲ မိမိကိုယ်ကိုကိုယ် အ ပြစ်သားအဖြစ်သာ ဝန်ခံခဲ့ရသည်။
ကျွန်တော်သည် သခင်ယေရှုကို ပထမယုံကြည်လာခဲ့သောအ ခါ ကျွန်တော်သည် ကောင်းသောခရစ်ယာန်တစ်ဉီးဖြစ်သည်ဟု အ မှန်အကန် ထင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်သည် ဘုရားရှေ့တော်၌ ဝါကြွားစရာတစ်စုံတစ်ခုမျှ အမှန် အကန်မရှိခဲ့သည်ကို နားလည်သဘောပေါက်ခဲ့သည်။ ကျွန်တော် သည် “ငါက ဖါရိရှဲတစ်ဉီး ဖြစ်တယ်။ ကျွန်တော်သည် မိမိကိုယ်ကို ကိုယ် ယနေ့ဖါရိရှဲတစ်ဉီး ဖြစ်ခဲ့ရသောကြောင့် ဖါရိရှဲမျာကို သမ္မာ ကျမ်းစာတွင် မတွေ့ရပေ”ဟု အသိအမှတ်ပြုခဲ့သည်။
ဖါရိရှဲများသည် သန့်ရှင်းဟန်ဆောင်နေသောလူတန်းစားများ ဖြစ်ကြသည်။ သူတို့သည် တနင်္ဂနွေနေ့ ဘုရားကျောင်းသို့ သွားကြ သောအခါ ကျမ်းစာအုပ်ကိုင်၍ မိမိခရစ်ယာန်အပေါင်းအဖော်များထံ “မင်္ဂလာပါ။ ဟာလေလုယာ”ဟု နှုတ်ဆက်ကြသည်။ သူတို့သည် ဝတ်ပြုကိုးကွယ်နေကြသောအခါ သူတို့က ကားတိုင်၏အကြောင်း ကို တစ်စုံတစ်ဉီးပြောသံကို ကြားကြသောအခါ သူတို့သည် ငိုကြွေးခဲ့ ကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း သခင်ယေရှု၏အသွေးတော် ကို စဉ်းစား၍ မျက်ရည်များစွာ ကျခဲ့ရသည်။ ဤဤရာသည် စစ်မှန် သောကိုးကွယ်ခြင်းဖြစ်သည်ဟု ကျွန်တော် ယူဆခဲ့ရသည်။ သို့သော် ဤလောကတွင် အသက်ရှင်သူအားလုံးသည် အပြစ်တစ်ခုပြီးတစ်ခု ကျူးလွန်နေကြသည်ကို အမှန်အကန် တွေ့ရသည်။ ထိုကြောင့် လူ များသည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ ကြိမ်ဖန်များ စွာ ပြုလုပ်ရကြခြင်း ဖြစ်သည်။ သူတို့သည် ခေတ္တအတွင်း ခံစားချက် ပိုကောင်းနိုင်သော်လည်း မကြာမီ သူတို့ကျူးလွန်ခဲ့သောအပြစ်များ စွာရှိသောကြောင့် သူတို့သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများကို အဆက်မပြတ်လုပ်ရကြမည် ဖြစ်သည်။ အချို့တို့သည် နောက်ပိုင်းတွင် အခြားဘာသာစကားပြောဆို၍ ရူပါရုံများ မြင်တွေ့ ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် လုံးဝ အသုံးမဝင်ပေ။ သူတို့သည် ထိုသို့ပြုလုပ်ရန် မည်သို့ပင် ကြိုးစားနေစေကာမူ သူတို့၏နှလုံးသား များ၌ရှိသောအပြစ်များ၏ပြဿနာများကို ဖြေရှင်းပေးရန် ၎င်းသည် လုံးဝအသုံးမဝင်ပေ။
သူတို့သည် ဘုရားရှေ့တော်၌ မထိုက်တန်သောသူများဖြစ်ကြ သည်ကိုနားလည်သဘောပေါက်၍ အပြစ်ကြောင့်အပ္ပါယ်ငရဲသို့ သွား ရမည့်သူများဖြစ်ကြသည်ကို အသိအမှတ်ပြုကြလျှင် ဤနားလည် သဘောပေါက်ခြင်းမှာ နှောင့်နှေးသော်လည်း သူတို့သည် ကောင်း ကြီးမင်္ဂလာခံစားရကြလိမ့်မည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံ ကြည်ခြင်းကြာလေလေ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခဲ့သည်ကို ပို ၍နားလည်သဘောပေါက်လေလေ ဖြစ်သည်။ သို့သော် ဖါရိရှဲများ သည် ဟန်ဆောင်မှုအလွန် တော်ကြသည်။ သူတို့သည် နှလုံးသား များ၏အပြစ်များ ဖုံးအုပ်ခြင်း၌ အလွန်တော်ကြ၍ သူတို့ပတ်ဝန်း ကျင်တွင်ရှိသောသူများသည် သူတို့၏ဘာသာတရားကိုင်းရှိုင်းမှုကို သက်သေပြသရန် သူတို့သည် ဟန်ဆောင်ကောင်းကြသည်။
ဤလောက၏ဘာသာရေးသမားများသည် အချင်းချင်းအလွန် အမင်း လေးစားကြသည်။ သို့သော် သူတို့သည် သူတပါးထံမှ ရိုသေ မှုနှင့်ထောက်မှု မည်သို့ပင် ရရှိစေကြကာမူ သူတို့သည် ဘုရားရှေ့ တော်၌ ရပ်နေကြသောအခါ သူတို့သည် အပြစ်အစုလိုက်အပုံလိုက်ရှိ သောသူများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည်လည်း သမ္မာတရားကို မသိခဲ့ကြသောအခါ နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများကို အားရနှစ်ထောင်း စွာ ပြုလေ့ရှိကြသည်။ သို့သော် ခဏကြာပြီးနောက် ကျွန်ုပ်တို့သည် မောပန်းကြသောကြောင့် “ကိုယ်တော်၊ ကိုယ်တော်ပြုလိုသောအရာ များကို ပြုတော်မူပါ။ ကျွန်ုပ်မှာ အပြစ်များစွာရှိတယ်။ ကျွန်တော်အ ပြစ်ကျူးလွန်မိပြန်တယ်။ ယခုတွင် ကျွန်တော်သည် ထိုအပြစ်များကို ဖွင့်ပြရန်အတွက်တောင် မချင့်မရဲ ဖြစ်နေတယ်”ဟု ဆုတောင်းတတ် ကြသည်။ ထိုအရာသည် အလွန်စိတ်နှောင့်ယှက်စရာဖြစ်သော်လည်း ကျွန်ုပ်တို့သည် အပြစ်များဝန်ချတောင်းပန်သည့်အချိန်တိုင်း ကိုယ် တော်သည် ဝမ်းမြောက်တော်မူမည်ကိုလည်းကောင်း၊ ကိုယ်တော် သည် မိမိဖြောင့်မတ်ခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်၍ မ ဖြောင့်မတ်ခြင်းအားလုံးကို ဆေးကြောပေးတော်မူမည်ကိုလည်း ကောင်း ကျွန်ုပ်တို့သည် သွန်သင်ခြင်းခံရကြသောကြောင့်  ကျွန်ုပ်တို့ သည် ကိုယ်တော်ထံ “ဘုရားသခင်၊ ကျွန်တော်အပြစ်ကျူးလွန်ခဲ့ တယ်။ ခွင့်လွှတ်တော်မူပါ”ဟု ဆက်လက်ဆုတောင်းကြသည်။ သို့ သော် ကျွန်ုပ်တို့အပြစ်များသည် နှလုံးသားများ၌ ကျန်ရစ်နေသည်။
လူများသည် ဘုရားသခင်ထံ ဆုတောင်းရန် ခေါင်းငုတ်သည့်အ ချိန်တိုင်းတွင် သူတို့၏မနောစိတ်က သူတို့၏အပြစ်များကို သိစေ၍ သူတို့၏နှလုံးသားများကို စားသည်။ ကျွန်ုပ်တို့မနောစိတ်များက “အပြစ်များစွာကျူးလွန်လျက်ပင် သင်သည် ဘုရားသခင်ထံ အဘယ် သို့ ဆုတောင်းရဲမည်နည်း”ဟု ပြောကာ ကျွန်ုပ်တို့နှလုံးသားများကို နှိပ်စက်နေသည်။
ထိုကြောင့် ကျွန်ုပ်တို့မှာ လုပ်ဆောင်စရာတစ်စုံတစ်ခုမျှ မရှိ သောကြောင့် ကျွန်ုပ်တို့သည် ခေတ္တကြာပြီးနောက် “ကိုယ်တော်၊ ကိုယ်တော်”ဟု ငိုကြွေနေသည်။ မကြာခဏ ကျွန်ုပ်တို့သည် တောင် ထိပ်သို့တက်သွား၍ ကိုယ်တော်၏နာမတော်ကို ဟစ်ကြွေးကြသည်။ လူများ၏အာရုံစူးစိုက်နှောင့်ယှက်မှု ရှောင်ကြဉ်ရန် ကျွန်ုပ်တို့သည် ညအချိန်တွင် တောင်ထိပ်သို့ တက်သွား၍ လှိုင်ဂူထဲသို့ ဝင်ကာ ကိုယ်တော်၏နာမတော်ကို ငိုကြွေးနေကြသည်။ သို့သော် ဤအရာ သည် ကျွန်ုပ်တို့အတွက် သင့်တော်သောအရာသာဖြစ်၍ ကျွန်ုပ်တို့ အပြစ်များသည် ကျွန်ုပ်တို့နှင့်အတူ ရှိနေဆဲ ဖြစ်သည်။
ကျွန်ုပ်တို့သည် မနောစိတ်ကြည်လင်ရန် ကြိုးစားကြ၍ “ဘုရား သခင်သည် ဂရုဏာနှင့်ပြည့်စုံတော်မူသောကြောင့် ကိုယ်တော်သည် အပြစ်များကို ဖယ်ရှားပေးတော်မူခဲ့တယ်။ ကျွန်ုပ်သည် သုံးရက်အ စာရှောင်၍ ဆုတောင်းခဲ့တယ်။ ထိုပြင် ကျွန်ုပ်သည် အပြစ်များစွာ မ ကျူးလွန်ခဲ့တော့ပါ။ ဂရုဏာတော်နှင့်ပြည့်စုံတော်မူသောဘုရားသည် ကျွန်ုပ်ကို ခွင့်လွှတ်တော်မူမည်လော”ဟု ကျွန်ုပ်တို့သည် အပြစ်မ ကျူးလွန်ကြောင်း မိမိကိုယ်ကိုကိုယ် ပြောတတ်ကြသည်။ 
သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂရုဏာတော်အတွက် ဘုရားသခင်ကို ချီးမွမ်းလျှင်တောင် မိမိကိုယ်ကိုကိုယ် အမှန်လှည့် ဖြားနိုင်ကြမည်လော? ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အပြစ်ရှိ လျက်ပင် နှလုံးသားကို မည်သို့လှည့်စားနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ သည် လုံးဝမလှည့်စားနိုင်ကြပေ။ ကျွန်ုပ်တို့သည် အသင်းတော်များ ၏ခေါင်းဆောင်မှုနေရာ အမြင့်သို့ မည်သို့ပင် တက်နေပါစေ၊ သူတ ပါးသည် ကျွန်ုပ်တို့ကို မည်သို့ပင် အားပေးထောက်ခံနေပါစေ ကျွန်ုပ် တို့သည် မိမိကိုယ်ကိုကိုယ် အပြစ်ဆက်လက်ကျူးလွန်နေသရွေ့ ကျွန်ုပ်တို့သည် အပြစ်များမှ မလွှတ်မြောက်နိုင်ကြသောကြောင့် နောက်ဆုံးတွင် ဟန်ဆောင်သူများအဖြစ် နိဂုံးချုပ်ကြသည်။
ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်ကျူးလွန်လိုသည့်ဆန္ဒများ တ ဖွားဖွား ပေါ်ပေါက်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကို မရေတွက်နိုင်လောက်အောင် ပြော ကြားခဲ့သော်လည်းကောင်း၊ ကိုယ်တော်၏ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူသောအသွေးတော်ကို စဉ်းစား၍ များစွာ မျက်ရည်ကျ ခဲ့သော်လည်းကောင်း၊ ကျွန်ုပ်တို့သည် ကောင်းသောခရစ်ယာန်ဖြစ် သော်လည်းကောင်း ကျွန်ုပ်တို့သည် ပြည့်စုံသော ရေနှင့်ဝိညာဉ်တော် သတင်းကောင်း မတွေ့အချင်း အပြစ်ကျူးလွန်နေကြသည်။ ကျွန်ုပ် တို့သည် ခရစ်ယာန်ဘာသာ၏ကျင့်စဉ်များအားလုံးနှင့်အညီ အသက် ရှင်ကြသော်လည်း ကျွန်ုပ်တို့သည် အပြစ်ရှိကြသေးသည်။ ဤအရာ သည် ဖါရိရှဲများ၏ ဘာသာတရားဖြစ်သည်။ ဤသို့သော ယုံကြည် ခြင်းရှိသူ ဤလောကမှ လူများစွာရှိသေးသည်။ သူတို့ကို ခရစ်ယာန် အဖွဲ့အစည်းများ၌ များစွာရှိနေကြသည်ကို တွေ့ရသည်။

 


ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ကွယ်ပျောက်သည်


ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မသိမီ နှင့် ဤသတင်းကောင်းမယုံကြည်မှ ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်ရှိ ကြသည်။ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်များ မယုံကြည်မီ ကျွန်ုပ်တို့မနောစိတ် များသည် အပြစ်ကျူးလွန်ကြသည်။ စိတ်နှလုံးဖြူစင်စွာဝန်ခံရလျှင် ကျွန်ုပ်တို့အားလုံးသည် ဘုရားရှေ့တော်၌ အပြစ်ကျူးလွန်ကြ၍ သမ္မာကျမ်းစာက “အပြစ်၏အခကားသေခြင်းပေတည်း”ဟု မိန့် တော်မူသောကြောင့် ကျွန်ုပ်တို့သည် မိမိအပြစ်များကြောင့် အပ္ပါယ်င ရဲသို့ သွားရကြမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်များ ကြောင့် ကြီးမာစွာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရကြသည်။ ကျွန်ုပ်တို့ အပြစ်များအတွက် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏တရားစီရင်ခြင်း ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ခန္ဂာနှင့်ဝိညာဉ်ရေးရာ၌ အပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် လူများစွာအား ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ ခဲ့ကြ၍ သူတို့ကို သွန်သင်ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့သည် မနော စိတ်များကိုပင် မဆေးကြောနိုင်ကြသောကြောင့် ကျွန်ုပ်တို့သည်  အ လုပ်လုပ်ရကြသည်။ ကျွန်ုပ်တို့သည် ဤအရာကို ဘုရားရှေ့တော်၌ မငြင်းဆိုနိုင်ကြပေ။ ကျွန်ုပ်တို့နှလုံးသားများသည် အပြစ်ကျူလွန်ကြ သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ သွားရကြမည် ကိုလည်းကောင်း ကျွန်ုတို့သည် ဘုရားရှေ့တော်၌ အသိအမှတ်ပြုရ ကြမည် ဖြစ်သည်။
ကျွန်တော်မှာ မဖြေရှင်းနိုင်သောမေးခွန်းအမြဲတမ်းရှိခဲ့သည်။ “ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူသောအခါ ဘာ ကြောင့်ဗတ္တိဇံခံယူတော်မူခဲ့သနည်း။” သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သည်ကို ကျွန်တော်သိလိုခဲ့သည်။ သခင်ယေရှု သည် ဘာကြောင့်၊ ဘာရည်ရွယ်ချက်ကြောင့် ဗတ္တိဇံခံယူတော်မူခဲ့ သနည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအမှတ်အသား အဖြစ် ဗတ္တိဇံခံယူနေသည်ကို ကျွန်တော်နားလည်သဘောပေါက်နိုင် ခဲ့သည်။ သို့သော် သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံယောဟန်  အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်ကို ကျွန်တော်နားမလည်နိုင်ခဲ့ပေ။ ဘာကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ ဘာ ကြောင့်နည်း။
ထိုကြောင့် ကျွန်တော်သည် ခရစ်ယန်အဖွဲ့အစည်းများ၌ ခေါင်း ဆောင်အချို့ကို “သိက္ခာတော်ရာဆရာရေ၊ ကျွန်တော်မေးခွန်းလေး မေးပါရစေ။ ကျွန်တော်မေးရင် စိတ်ဆိုးမည်လား”ဟု မေးခဲ့သည်။ သူ တို့က မေးပါဟု ပြောသောအခါ ကျွန်တော်သူတို့ကို မေးခဲ့သည်။ “သမ္မာကျမ်းအကြောင်းမေးပါရစေ။ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်ကို သေချာ တယ်။ သို့သော် ဘာကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့ သည်ကို ကျွန်တော်မသိပါ။ ဆရာရေ၊ ဆရာတို့သိကြသလား။” သူတို့ သည် ပြုံးရယ်ကြ၍ “မင်းက မသိသလော။ ကျွန်ုပ်တို့ဥပုသ်စာဖြေ ကလေးများတောင်သိကြတယ်။ ကျမ်းစာမူရင်း၌ပင်တွေ့ရတယ်။ ကျမ်းစာအဘိဓါန်များတွင်လည်း တွေ့ရတယ်။ သခင်ယေရှုသည် ကျွန်ုပ်တို့လိုက်နာရမည့် စံချိန်စံညွှန်းအဖြစ်၊ မိမိနှိမ့်ချမှုကို ထင်ရှား စေတော်မူရန် ဗတ္တိဇံခံယူခဲ့သည်မဟုတ်လား”ဟု ပြောခဲ့ကြသည်။ ထိုကြောင့် ကျွန်တော်က “သို့သော် ဆရာရေ၊ အဖြေမှာ ရိုးရှင်လျှင် ဉ ပုသ်စာဖြေကျောင်း၌ ကလေးများသည် ထိုအရာကို သိကြလိမ့်မည်။ ကျွန်တော်သည် မူရင်စာပေးနှင့်သမိုင်းအကြောင်းနှစ်ခုစလုံးကို လေ့ လာခဲ့တယ်။ သို့သော် ကိုယ်တော်၏ဗတ္တိဇံမှာ ထိုအရာကို မဆိုလိုခဲ့ ပါ။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူသည့်အ ကြောင်းရင်ရှိလိမ့်မည်မဟုတ်လား”ဟု ပြောခဲ့သည်။
ကျွန်တော် ဆက်လက်၍ မေးခဲ့သည်။ ကျွန်တော်ခရစ်ယာန် တစ်ဉီး ဖြစ်လာခဲ့ပြီးနောက် မှန်ကန်သောအဖြေကို စတင်ရှာဖွေခဲ့ သည်။ ကျွန်တော့်မှာ အခြားရွေးချယ်စရာမရှိဘဲ ထိုမေးခွန်း၏အဖြေ ကို သိရှိရန် နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည်။ ကျွန်တော်စူးစမ်း၍ မေး ကာ အရာအားလုံးကို လေ့လာခဲ့သော်လည်း သခင်ယေရှု၏ဗတ္တိဇံကို ရှင်းလင်းစွာနှင့်တိကျစွာ ဖြေကြားပေးနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်းနှင့် ပိတ် ချော်၌ထင်ရှားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ကိုယ် တော်ဖွင့်ပြတော်မူသည့်အထိ နောက်ဆုံးအဖြေကို သိရှိရန် ရုန်းကန် ခဲ့ရသည်။
ထိုစဉ်ကျွန်တော်သည် သခင်ယေရှု၏ဗတ္တိဇံမေးခွန်းပုစ္ဆာကိုအ ဖြေကို မသိဘဲ စိတ်ထဲမှာ တွေဝေနေစဉ် မဿဲ ၃း၁၃-၁ရကို လေ့လာ သိရှိခွင့်ရရှိခဲ့သည်။ “ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိ လဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန် ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အ ကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာ တော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်း အလုံး စုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေး ပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
 ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်း ကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ ဤသူ ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင် က အသံတော်ဖြစ်လေ၏။”
ဤနှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့ပြီးနောက် ကျွန်တော်သည် နောက်ဆုံးတွင် “ဒါကြောင့် ဤသို့ဖြစ်တယ်။ သခင်ယေရှုသည် ဓမ္မ ဟောင်းကျမ်း၏အပြစ်ဖြေရာယဇ်ပူဇော်သက္ကာ ဖြစ်တော်မူသော ကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်း ဖြစ်တယ်။ ဤအ ရာသည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ် ချောအထည်၌ ဖုံးအုပ်ထားသော ကိုယ်တော်၏ကယ်တင်ခြင်းသမ္မာ တရားဖြစ်တယ်”ဟု နားလည်ဘောပေါက်ခဲ့ရသည်။
ဗတ္တိဇံယောဟန်သည် ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်စေလွှတ် မည့်သူကတိပြုထားတော်မူခဲ့သော ဧလိယဖြစ်ခဲ့သည်။ တရားစီရင် ရာနေ့မတိုင်မီ ဘုရားသခင်သည် ဧလိယကို စေလွှတ်တော်မူလိမ့် မည်ဟု မာလခိ ၄း၅တွင် ကိုယ်တော်ပြောကြားတော်မူခဲ့သည်။ ဤ ဧလိယမှာ ကိုယ်တော်ကတိပြုတော်မူခဲ့သော အခြားသူမဟုတ် ဗတ္တိ ဇံယောဟန်ဖြစ်သည်ကို မဿဲ ၁၁း၂၅ တွင် ဖော်ပြထားသည်။ ထို ကြောင့် ကျွန်တော်သည် ဧလိယအကောင်းကို သိခဲ့သည်။ သို့သော် သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခဲ့သည်ကို ကျွန်တော်သေချာစွာ မသိခဲ့ပေ။ ထိုနောက် ကျွန်တော် သည် မဿဲ ၃း၁၃-၁ရကို ပြန်ကြည့်၍ ကျမ်းချက်ကို ပြန်လည်လေ့ လာခဲ့သည်။ “ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အ စင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။  ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်း ကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊  ဤသူ ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင် က အသံတော်ဖြစ်လေ၏။” ကျွန်ုပ်၏သံသယများအားလုံးကို ရှင်း သွားခဲ့သည်။ “ဖြောင့်မတ်ခြင်းအားလုံးပြည့်စုံစေရန်အတွက်” ကိုယ် တော်သည် ဗတ္တိဇံကို ခံယူတော်မူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လူသားများအားလုံးကို ကယ်တင်ခြင်းဖြောင့်မတ် သောအမှုကို အမှန်အကန် ပြည့်စုံစေတော်မူခဲ့သည်။
ဗတ္တိဇံမှာ ဓမ္မဟောင်းကျမ်း၌ လက်များတင်ခြင်းနှင့်တူသည်။ တဲတော်၏ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ ယဇ်ကောင်၏ဉီးခေါင်းပေါ် တွင် လက်များတင်ရသည်။ အပြစ်သားများသည် မီးရှို့ရာယဇ်ပလ္လင် ရှေ့မှာ ဤယဇ်ကောင်များကို ယူဆောင်လာ၍ သူတို့အပေါ် လက် များတင်ခြင်းအားဖြင့် ယဇ်ကောင်များပေါ်သို့ အပြစ်များကို ဝန်ခံ၍ လွှဲပြောင်းရသည်။ ယဇ်ပရောဟိတ်သည် ဣသရေလလူမျိုးများ၏ အပြစ်ဖြစ်စေ၊ သူတို့၏အပြစ်များဖြစ်စေ အပြစ်များအားလုံးကို ဝန်ခံ ရကြမည် ဖြစ်သည်။ ဓမ္မသစ်ကျမ်းခေတ်ကာလတွင် ခသ်ငယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းသည် ဤအရာ များအားလုံးနှင့် တစ်ခုချင်း ညီညွတ်မှုရှိသည်။ ထိုနောက် သခင်ယေ ရှုသည် လောကအပြစ်များအားလုံးယူဆောင်သွားတော်မူရန်နှင့် လူ သားအားလုံး၏အပြစ်များကို ကွယ်ပျောက်စေတော်မူရန်အတွက် ဗတ္တိဇံ (လက်များတင်ခြင်း)ခံယူတော်မူခဲ့သည်ဟု ကျွန်တော်နောက် ဆုံးတွင် နားလည်သဘောပေါက်ခဲ့သည်။
ထိုကြောင့် ကျွန်တော်သည် မူရင်းကျမ်းချက်ကို ပြန်လည် ကြည့်ခဲ့သည်။ “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါ”စကားစုကို ဂရိမူရင်းဘာသာစကားဖြင့် ကျွန်တော်ကြည့်ခဲ့သောအခါ “Ἄφες ἄρτι, οὕτως γὰρ πρέπον ἐστὶν ἡμῖν πληρῶσαι πᾶσαν δικαιοσύνην.”ဖြစ်ပါသည်။ ဤစ ကားစုတွင် “ထိုကြောင့်”နှင့် “ဖြောင့်မတ်ခြင်း”စကားစုများသည် ဂရိ ဘာသာစကားအားဖြင့် “hoo’-tos gar (οὕτως γὰρ)” နှင့် “dikaiosune (δικαιοσύνην)”ဖြစ်သည်။ ယခင်စကားလုံး၏အ ဓိပ္ပါယ်မှာ “ဤနည်းလမ်းအားဖြင့်၊” “အသင့်တော်ဆုံး၊” “ဤနည်း လမ်းအားဖြင့်သာလျှင်၊” “အတော်လျော်ဆုံး၊" သို့မဟုတ် “ဤဖက် စင်နှင့်အညီ” ဖြစ်သည်။ နောက်ပိုင်းအဓိပ္ပါယ်မှာ “ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း သို့မဟုတ် ဘုရားသခင်လက်ခံသောအရာ” ဖြစ် သည်။
သခင်ယေရှုသည် အပြစ်သားများအားလုံး အပြစ်များမှ ကယ် တင်တော်မူခဲ့သည်ကို ကျွန်ုပ်တို့အား ပြောထားသည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ြခင်းကို ပြည့်စုံစေတော်မူခဲ့ သည်ကို ကျွန်ုပ်တို့အား ပြောထားခဲ့သည်။ တစ်နည်းအားဖြင့် ကိုယ် တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်ကို ဆိုလိုသည်။ ယခုတွင် ကျွန်ုပ်တို့သည် စိတ်ရှုပ်ထွေးစေသောအရာနှင့်တွေဝေစေသောအရာများ၏ စစ်မှန် သောအဓိပ္ပါယ်ကို နားလည်သဘောပေါက်ခဲ့ကြသောကြောင့် ကျွန်ုပ် တို့ ပဟေဠိမေးခွန်းပုစ္ဆာများကို ဖြေရှင်းပေးခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင်သို့သွား၍ ဤအ ပြစ်များ၏တရားစီရင်ခြင်းအဖြစ် အသေခံတော်မူခဲ့သည်။ ဤအရာ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ တွေ့ရသော သမ္မာတ ရားဖြစ်သည်။ 
တစ်နည်းအားဖြင့် ကျွန်ုပ်တို့ဒုတိယမွေးဖွားခြင်းခံရသောသူများ သည် ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ကျွန်ုပ်တို့ကယ်တင်ခြင်း၏မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်ကို လည်းကောင်း၊ ကိုယ်တော်သည် ဤဗတ္တိဇံအားဖြင့် လောကအပြစ် များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည်ကို လည်းကောင်း နားလည်သဘောပေါက်ခဲ့ကြသည်။ သင်သည်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို နားလည်သဘော ပေါက်ရမည် ဖြစ်သည်။ သို့မှသာလျှင် သင်၏ဝိညာဉ်များသည် အ လင်းရရှိနိုင်လိမ့်မည်။
ကျွန်ုပ်တို့သည် ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနေကို မမေ့နိုင်ကြပေ။ ကျွန်ုပ်တို့အပြစ်များအားလုံးကို သခင် ယေရှုအပေါ်သို့ လွှဲပြောင်းခဲ့သောနေ့ကို ကျွန်ုပ်တို့ဘယ်တော့မှ မမေ့ နိုင်ကြပေ။ ကျွန်ုပ်တို့သည် ဤသမ္မာတရားကို နားလည်သဘော ပေါက်ခြင်းအားဖြင့် နှလုံးသားများ၌ ပြောင်းလဲမှ ပေါ်ပေါက်ခဲ့သည် ကို သိရကြသည်။ အိုင်မှစီးဆင်းလာခဲ့သောရေလှိုင်းပမာ ၎င်းတို့ သည် ကျွန်ုပ်တို့နှလုံးသားသို့ ပျံ့နှံ့လာခဲ့သည်။ အမှောင်ထုကြီးကို ဖြတ်သန်း၍ တောက်ပသောအလင်းတန်းသည် ကျွန်ုပ်တို့ထဲသို့ ဝင် ရောက်လာသကဲ့သို့ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း သမ္မာတရားကို သိရှိခွင့်ရရှိခဲ့ကြသည်။

 


သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံသည် လောကအ ပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့သည်


ကျွန်တော်သည် မဿဲ ၃း၁၃-၁၇ကို ဖတ်ရှုခဲ့ပြီးနောက် ကျွန် တော်သည် စကားလုံးတစ်လုံးတည်ကို အချိန်ကြာြမှင့်စွာ နားမလည် နိုင်ခဲ့ပေ။ ကျွန်တော်သည် အပြစ်ကျူးလွန်ခဲ့သော်လည်း သခင်ယေရှု က ဗတ္တိဇံခံယူတော်မူခဲ့သည့်အချိန်တွင် ကိုယ်တော်က “အလုံးစုံ သောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေး ပါ”ဟု မိန့်တော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်း(အနီရောင်ချည် ထည်)အကြောင်းရင်းမှာ ကိုယ်တော်၏ဗတ္တိဇံ (အပြာရောင်ချည် ထည်)ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ၏နှုတ်ကပတ်တော် (ပိတ်ချောအထည်)အားဖြင့် ကျွန်ုပ်တို့အား စစ်မှန်သောကယ်တင်ခြင်းသမ္မာတရားကို သွန်သင် တော်မူခဲ့သည်။ တစ်နည်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။
“ကျွန်ုပ်တို့မှာ ရှိသေးသလော။ မရှိသလော။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောအခါ လူသားများလုံး ၏အပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့သည်။ ကျွန်ုပ်တို့ အပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့ပြီလော။ ကျွန်ုပ်တို့ သည် အမိဝမ်းမှ ဤလောကသို့ မွေးဖွားခဲ့သည့်အခါ အပြစ်များရှိ သလော။ သို့မဟုတ် မရှိသလော။ ကျွန်ုပ်တို့သည် အသက်ကြီးလာ သောအခါ ကျူးလွန်သောအပြစ်များသည် အဘယ်သို့ဖြစ်သနည်း။ ၎င်းတို့သည် လောက၏အပြစ်များဖြစ်ကြသလော။ ကျွန်ုပ်တို့သည် ကလေးဘဝတွင် ကျူးလွန်သောအပြစ်များသည် အဘယ်သို့နည်း။ ၎င်းတို့သည် လောက၏အပြစ်များဖြစ်ကြသလော။
ကျွန်ုပ်တို့သည် မှန်ကန်သောအုတ်ခြေပေါ်တွင် ရှိနေသည်ကို သေချာစေရန်အတွက် ဤမေးခွန်းများကို မိမိကိုယ်ကိုကိုယ် မေးရ ကြမည် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်ဖြင့် မှန်ကန်သောအုတ်မြစ်ပေါ်တွင် ရပ်နေကြသည်ကို သိ ခြင်းမှာ ယုံကြည်ခြင်း ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်တွင် ကျွန်ုပ်တို့ကျူးလွန်ခဲ့သောအပြစ်များသည် လောကအပြစ်များဖြစ်သ ကဲ့သို့ ကျွန်ုပ်တို့ကလေးဘဝတွင် ကျူးလွန်သောအပြစ်များသည် လည်း လောကအပြစ်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့ဘဝတစ်လျှောက် တွင် ကျူးလွန်သောအပြစ်များအားလုံး၊ အရွယ်ရောက်လာသောအ ခါ ပြစ်မှားသောအပြစ်များအားလုံးသည် လောကအပြစ်များ ဖြစ်ကြ သည်။ လောကအပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲ ပြောင်းခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သည်မဟုတ်လော။ မှန် ကန်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များသာမက လူသား အားလုံး၏အပြစ်များအားလုံးကိုလည်း ယူဆောင်သွားတော်မူခဲ့သည် ဟု ရေးသားထားသည်။ ထိုကြောင့် “ကျွန်ုပ်တို့အပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ အမှန်အကန် လွှဲပြောင်းခဲ့သည်။ ကျွန်ုပ်တို့မှာ အပြစ်ရှိသေးသလော။ မရှိတော့ပေ။ ကျွန်ုပ်တို့မှာ အပြစ်တစ်စုံတစ်ခု မျှ မရှိတော့ပေ”ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ခဲ့ကြသည်။
သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူသော အခါ ဗတ္တိဇံယောဟန်က “ဤလောက၏အပြစ်ကို ယူဆောင်သွား တော်မူသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့”(ယောဟန် ၁း၂၉)ဟု သက်သေခံခဲ့သောကြောင့် သခင်ယေရှုသည် လူသားများ အစမှ အဆုံးထိတိုင်အောင် အသက်ရှင်ခဲ့သောသူနှင့် အသက်ရှင် မည့်သူများအားလုံး၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်။ တစ်ဘဝလုံးလူသားများအားလုံးကျူးလွန်ခဲ့သောအပြစ်များ အားလုံးနှင့် ကလေးသူငယ်များအားလုံး၏အပြစ်များပင်လျှင် သခင် ယေရှုသည် ယူဆောင်သွားတော်မူခဲ့သည်။ ဤလောကသည် မည်သို့ ပင် ကြာရှည်နေပါစေ၊ နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းဘီလီ ယံကြာနေပါစေ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် လူသားများအား လုံး၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် မိမိ ပခုံးပေါ်၌ ဤအပြစ်များကို ထမ်းကာ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် အပြစ်တရားစီရင်ခြင်းများအားလုံးကို လက်ခံ တော်မူခဲ့သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည် ဖြစ်သည်။
ကျွန်ုပ်တို့ ဒုတိယမွေးဖွားခြင်းခံရသောသူများအနေဖြင့် သခင် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ ကျွန်ုပ်တို့ကယ် တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့မေးခွန်းများအားလုံး ဖြေကြားခဲ့သည်ဟု နားလည်သဘော ပေါက်ရသည်။
ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထို ကြောင့် သမ္မာကျမ်းစာက တဲတော်ဝင်း၏တံခါးပေါ်တွင် ချိတ်ဆွဲ ထားသော အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင် ချည်ထည်နှင့် ပိတ်ချောအထည်များကို ဖော်ပြထားခြင်းဖြစ်သည်။ ၁ယော ၅း၄-၆ တွင်လည်း သခင်ယေရှုသည် ရေအားဖြင့်သာမဟုတ် ရေနှင့်အသွေး အားဖြင့် ကြွလာတော်မူခဲ့သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် “ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်။ ဤအရာသည် သမ္မာတရား ဖြစ်သည်။ သို့သော် ခရစ်ယာန်ခေါင်းဆောင်များသည် ဤအကြောင်းကို လျစ်လျူရှုခဲ့ကြသောကြောင့် ဤသမ္မာတရားကို မ သွန်သင်ကြပေ”ဟု သမ္မာကျမ်း စာက ဖော်ပြထားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သိရကြသည်။ 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချော အထည်ဘုရားသခင်၏သမ္မာတရားက ကျွန်ုပ်တို့သည် အပြစ်ကင်း စင်နေကြသည်ဟု ပြောထားသောကြောင့် ကျွန်ုပ်တို့သည် အပြစ် ကင်းစင်ခဲ့ကြသည်။ မည်သူမည်ဝါကမျှ အခြားဝိညာဉ်၏ကယ်တင် ခြင်းကို သက်သေမပြသနိုင်ပေ။ ကျွန်ုပ်တို့သည် အခြားသူများထံမှ ကောင်းသောစကားကို မရရှိနိုင်ပေ။ ကျွန်ုပ်တို့သည် ကောင်းသော ခရစ်ယာန်များ သို့မဟုတ် အမှတ် A+ ရသောခရစ်ယာန်ဖြစ်သော ကြောင့် ကယ်တင်ခြင်းရရှိသည်ဟု လူများက အဘယ်သို့ပြောနိုင်ကြ မည်နည်း။ လူများသည် ကျွန်ုပ်တို့ကို မထောက်ခံလျှင်လည်း ကျွန်ုပ် တို့သည် အပြစ်ကင်းစင်သူများမဟုတ်ကြပေ။ သို့သော် ခရစ်တော် သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချော အထည်တို့ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကွယ်ပျောက်စေ တော်မူခဲ့သည်ဟု ဘုရားသခင်၏နှုတ်ကပတ်တော်ပြောသောအခါ ကျွန်ုပ်တို့သည် အပြစ်ကင်းစင်နေကြသည်။
သခင်ယေရှုသည် ကျွန်တော့်အပြစ်များသာမက သင်၏အပြစ် များကိုလည်း ကွယ်ပျောက်စေတော်မူခဲ့သည်ဟု ဘုရားသခင်၏နှုတ် ကပတ်တော်က ပြောထားသည်။ သခင်ယေရှုခရစ်တော်မေရှိယ သည် လူများ၏အပြစ်များအားလုံးကို ကွယ်ပျောက်စေတော်မူခဲ့ သောကြောင့် ကျွန်ုပ်တို့ယုံကြည်လျှင် ကျွန်ုပ်တို့အားလုံးသည် အပြစ် ဖြေလွှတ်ခြင်းခံရကြသည်။ ဤအရာသည် ရေနှင့်ဝိညာဉ်တော်အား ဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရခြင်းအားဖြင့် တဲတော်ဝင်း၏တံခါးသို့ ကျွန်ုပ်တို့ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။

 


ပြည့်စုံသောယုံကြည်ခြင်းမှာ အဘယ်နည်း


တဲတော်ဝင်း၏တံခါးမှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ထည်နှင့် ပိတ်ချောတို့ဖြင့် ရက်လုပ်ထားသည်။ ကိုယ်တော် သည် ဤလောကသို့ ကြွလာတော်မူခဲ့၍ ကျွန်ုပ်တို့အား အပြစ်များ အားလုံးမှ ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်သော ပြည့်စုံသော ယုံကြည်ခြင်းရှိရကြမည် ဖြစ်သည်။ ကိုယ်တော်သည် လူသားတစ်ဉီး အဖြစ် ဤလောကသို့ ဖွားမြင်တော်မူ၍ ယောဟန်အားဖြင့် ဗတ္တိဇံခံ ယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံကာ သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်တော်မူသည် ဟု ကျွန်ုပ်တို့ ယုံကြည်ကြသောအခါ ကျွန်ုပ်တို့အားလုံးသည် ဘုရား သခင်၏သားသမီးများ ဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့ အပြစ်ကျူး လွန်၍ အသွေးအသား၌ မစုံလင်ကြသော်လည်း ကျွန်ုပ်တို့သည် အ ပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည် ကိုနှလုံးသား၌ ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်သူများ ဖြစ်လာ ခဲ့ကြသည်။ ထိုကြောင့် ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့ သည် ဖြောင့်မတ်သူများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောချည်ထည် အားဖြင့် ထင်ရှားသော ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို လွှမ်းခြုံခဲ့ကြသည်။ အကျဉ်းအားဖြင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာခဲ့ကြသည်။
သင်တို့အချို့သည် ပြည့်စုံစွာ နားလည်နိုင်မည်မဟုတ်ပေ။ ထို သို့ဆိုလျှင် သင်လုပ်ရမည့်အရာအားလုံးမှာ ဤစာအုပ်ကို ဆက်လက် ဖတ်ရှုခြင်းသို့မဟုတ် ဘုရားကျောင်းသို့ တက်ရောက်ခြင်း ဖြစ်သည်။ ယခုအထိ ကျွန်ုပ်တို့သည် တဲတော်၏ယေဘုယျတည်ဆောက်မှုများ ကိုသာ ဆွေးနွေးခဲ့ကြသည်။ သို့သော် သင်သည် အသေးစိတ်ရှင်းပြ ချက်ကို တစ်ကြိမ်ဖတ်သောအခါ သင်သည် တဲတော်အကြောင်းကို ပြည့်စုံစွာ နားလည်သဘောပေါက် လိမ့်မည်။ ဤအရာသည် အလွန် လွယ်ကူသောကြောင့် ကလေးသူငယ်များပင်လျှင် လွယ်ကူစွာ နား လည်သဘောပေါက်နိုင်သည်။
လူများသည် သခင်ယေရှုအကြောင်းကို အကြမ်းအဖျင်းသာ ယုံ ကြည်ခြင်းအခြေပြုလျှင် သူတို့သည် သခင်ယေရှုကို နှစ်ပေါင်းတစ် ထောင် သို့မဟုတ် နှစ်ပေါင်းတစ်သောင်း မည်သို့ပင်အချိန်ကြာမြင့် စွာ ယုံကြည်စေကာမူ အပြစ်များမှ လွတ်မြောက်နိုင်ကြမည် မဟုတ် ပေ။ သူတို့သည် နေ့တိုင်း  အပြစ်ကျူးလွန်နေကြသည်။ သူတို့သည် အပြစ်များ၏ကျိန်ခြင်းမှ မလွတ်မြောက်နိုင်ကြသောကြောင့် သူတို့ သည် နေ့တိုင်း ငိုကြွေးနေကြသည်။ သူတို့အတွက် အရာများသည် အဆင်ပြေလျှင် ဘုရားသခင်သည် သူတို့ကို မစတော်မူသည်ဟု ဤ ပုဂ္ဂိုလ်များက ထင်မှတ်ကြသည်။ သို့သော် အရာများသည် အနည်း ငယ်ဆိုးလာသောအခါ သူတို့က “ငါ့က ဆယ်ဖို့တစ်ဖို့မပေးကြောင့် လား။ သို့မဟုတ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဘုရားကျောင်းမတက် ရောက်သောကြောင့်လား။ ကျွန်တော်က အပြစ်ကျူးလွန်၍ ဘုရား ကို သင့်တော်စွာ အစေမခံသောကြောင့် ဤအရာများအတွက် ကိုယ် တော်သည် ကျွန်ုပ်ကို ဒဏ်ခတ်တယ်”ဟု ထင်တတ်ကြသည်။ ဤ နည်းလမ်းအားဖြင့် “ပညတ်တော်သည် အမျက်ဒေါသကို နိုးဆွစေ သည်”ဟု နှုတ်ကပတ်တော်က ပြောထားသောကြောင့် သူတို့သည် ပ ညတ်တော်၌ ပိတ်ဆို့နေကြသည် (ရောမ ၄း၁၅)။
ကျွန်ုပ်တို့သည် မှန်ကန်သောယုံကြည်ခြင်းမျိုးကို မှန်ကန်စွာပိုင် ဆိုင်နိုင်ကြရန်အတွက် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်အားဖြင့် ကြွလာတော်မူခဲ့သော သခင် ယေရှုခရစ်တော်၏ သာသနာလုပ်ငန်းလေးခုကို မှန်ကန်စွာ သိ၍ ယုံ ကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော် ပေးအပ်တော်မူခဲ့သော သမ္မာတရားကို နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရားလေးခုတို့ကို နား လည်သဘောပေါက်၍ ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ဘုရား ရှေ့တော်၌ ပြည့်စုံသော ယုံကြည်ခြင်းရှိကြ၍ ကိုယ်တော်၏ပြည့်စုံ သော သားသမီးများအမှန် ဖြစ်လာနိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် သခင်ယေရှု၏ ဤသာသနာလုပ်ငန်းလေးရပ်တို့ကို ယုံကြည် ခြင်းအားဖြင့် အပြစ်ကင်းစင်သူများဖြစ်လာခဲ့ကြသောကြောင့် ကျွန်ုပ် တို့သည် အပြစ်ချည်နှောင်ခြင်းမှ မိမိကိုယ်ကိုကိုယ်လွှတ်မြောက်ရန် ကြိုးစားစရာမလိုအပ်ဘဲ အပြစ်အမြဲတမ်းကင်းစင်သော ဖြောင့်မတ် သူများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ကြိုး စားစရာမလိုအပ်ဘဲ အပြစ်ကင်းစင်သော ယုံကြည်သူများ ဖြစ်လာ နိုင်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်များ သို့မဟုတ် ကြိုး စားအားထုတ်စရာမလိုဘဲ ကျွန်ုပ်တို့၏အပြစ်များသည် မိုးပွင့်ကဲ့သို့ ဖြူစင်ရန် ဆေးကြောခြင်းခံရသော ဘုရားသခင်၏ပြည့်စုံသော သား သမီးများ ဖြစ်ကြသည်။
ကလေးငယ်တစ်ဉီးသည် မိဘများ၏စောင့်ထိန်သောမျက်စိ အောက်၌ ငြိမ်သက်စွာ ဆော့ကစကား၍ နားခိုသကဲ့သို့ ကျွန်ုပ်တို့ သည်လည်း ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ခမည်းတော် ဘုရားသခင်၏ ဂရုဏာမျက်စိရှေ့မျာ နှလုံးသား၌ ငြိမ်သက်ခြင်းနှင့် စိတ်တည်ငြိမ်ခြင်းရှိကြသည်။ ကျွန်ုပ်တို့ကာယကံများသည် မပြည့်စုံ နိုင်သော်လည်း ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာအားလုံးမှာ သင် သည် မစုံလင်လေလေ ကိုယ်တော်၏မေတ္တာတော်ကို ပို၍ခံစားလေ လေဖြစ်သောကြောင့် ကိုယ်တော်၏လုပ်ဆောင်မှုများကို ယုံကြည် ခြင်း ဖြစ်သည်။
သင်သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည် နှင့် ပိတ်ချောအထည်တို့ကို ယုံကြည်သော ယုံကြည်ခြင်းမရှိနိုင်ဘဲ သင်၏အပြစ်များဖြေလွှတ်ခြင်းခံစားရရှိသည်ဟု ပြောသလော။ ယခု တွင် ဤသမ္မာတရားကို သိသောသူများသည် အပြစ်ဖြေလွှတ်ခြင်းခံ စားရသည်ဟု မပြောဘဲ တိတ်ဆိတ်စွာ ယုံကြည်ကြသည်။ ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့သောသူများ သည်  ရေ၊ အသွေးနှင့် ဝိညာဉ်တော်ာအးဖြင့် ကျွန်ုပ်တို့ထံ ကြွလာ တော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို အမှန်အကန်သိ၍ ယုံ ကြည်သူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ကို အကောင်း ဆုံးလုပ်ဆောင်မှုဖြစ်စေခံရုံမျှမက သူတို့သည် မိမိရှေ့ဉီးစွာ ယုံကြည် ခြင်းအားဖြင့် ကိုယ်တော့်ကို ချစ်၍ အစေခံကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ကြသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ် တော်၏လူများဖြစ်စေတော်မူ၍ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ကြသောကြောင့် ကိုယ်တော် သည် ကျွန်ုပ်တို့ကို မစတော်မူသည်။ ကျွန်ုပ်တို့ယုံကြည်ကြသော သ ခင်ယေရှုသည် ကျွန်ုပ်တို့အား ဗတ္တိဇံနှင့်အသွေးအားဖြင့်ကယ်တင် တော်မူသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအမှုများကို အစေခံသောဘုရားသခင် ၏သားသမီးများဖြစ်လာခဲ့ကြသည်။
ယခုတွင် ဘုရားသခင်သည် အပြစ်ဖြေလွှတ်ခြင်းကယ်တင်ခြင်း ကို ကျွန်ုပ်တို့အား ပေးအပ်တော်မူရန်အတွက် အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက်လုပ် ထားသော တဲတော်ဝင်၏ အပြင်ဝင်း၌ ကယ်တင်တံခါးကို ကိုယ် တော်ပြုလုပ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့အားလုံးသည် နားလည်သ ဘောပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ရေ၊ အသွေးနှင့် ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ထံ ကြွလာတော်မူခဲ့သည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဓမ္မဟောင်းကျမ်း တဲတော် ဝင်း၏တံခါး၌ရှိသော အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် နှင့်ပိတ်ချောတို့ဖြင့် ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်တော်မူခဲ့သည် ကိုလည်းကောင်း သမ္မာကျမ်းစာက ပြောထားသည်။ ကိုယ်တော် သည် အပြစ်မှ ကယ်တင်ခြင်းတံခါ ဖြစ်တော်မူခဲ့သည်။ ကျွန်ုပ်တို့ အား အပြစ်များအားလုံးမှ အမှန်အကန် ကယ်တင်ပေးတော်မူသော မေရှိယ၏လုပ်ငန်းလေးပါးတို့ကို ကျွန်ုပ်တို့သည် ယုံကြည်၍ နောက် တစ်ကြိမ် ယုံကြည်ရကြမည် ဖြစ်သည်။

 


ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ တဲတော်ဝင်း၏တံခါး၌ ထင်ရှားခဲ့သော အပြာရောင်ချည် ထည်၏စစ်မှန်သောတန်ဆာ ဖြစ်သည်

ယေရှု၏ဗတ္တိဇံမဿဲ ၃း၁၃-၁၇ တို့ကို ပြန်ကြည့်ကြပါစို့။ “ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံ သို့ ကြွတော်မူ၏။ ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အ ကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယော ဟန်သည် ဝန်ခံလေ၏။ ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှ ပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ် တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နား တော်မူသည်ကိုမြင်ရ၍၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ် သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။” ဤအ ချိန်တွင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူသောအခါ ကိုယ်တော် သည် အပျိုကညာမှ ဖွားမြင်တော်မူ၍ အသက် ၃၀ နှစ်ရှိတော်မူခဲ့ သည်။ “ထိုနောက်”စကားလုံးသည် ဗတ္တိဇံယောဟန်နှင့် သခင်ယေရှု ၏အသက် ၃၀ နှစ်ရှိသောအချိန်ကို ရည်ညွှန်းသည်။
သခင်ယေရှုဖွားမြင်တော်မမူမီ ခြောက်လတွင် ဖွေးဖွားခဲ့သော ဗတ္တိဇံယောဟန်သည် နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံကို ပေးအပ် ခဲ့သော လောကလူသားများ၏ကိုယ်စားပြုသူဖြစ်သည် (မဿဲ ၃း၁၁၊ ၁၁း၁၁)။ သခင်ယေရှုသည် အသက် ၃၀ နှစ်ရှိသောအခါ ယောဒန် မြစ်၌ လူများကို ဗတ္တိဇံပေးသော ယောဟန်ထံကြွတော်မူ၍ ဗတ္တိဇံခံ ယူတော်မူခဲ့သည်။ သို့သော် ဗတ္တိဇံယောဟန်သည် ကိုယ်တော်ကို ဆီးတား၍ “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အ ကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာ တော်မူသလော”ဟု ပြောသောအခါ သခင်ယေရှုက “အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါ” ဟု ပြန်ပြောတော်မူခဲ့သည်။ ထိုနောက် ယောဟန်သည် ခွင့်ပြု၍ သ ခင်ယေရှုသည် သူအားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကောင်းကင်ဖွင့်လှစ်၍ “ဤသူ ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း”ဟု ကောင်းကင် မှအသံထွက်ပေါ်လာခဲ့သည်ဟု ကျမ်းစာက မှတ်တမ်းတင်သည်။
မဿဲ ၃း၁၅ တွင် သခင်ယေရှုသည် ဘာကြောင့် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ခြင်းအကြောင်းကို သခင်ယေရှုက ပြောကြား တော်မူခဲ့သည်။ ဤသမ္မာတရားက တဲတော်ဝင်း၏အပြာရောင်ချည် ထည်ကို ရည်ညွှန်းထားသည်။ “အလုံးစုံသောတရားတို့ကို အကုန်အ စင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါ။” ယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၏ရည်ရွယ်ချက်မှာ “အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည်”ဟူသော တဲတော်၏ အပြာ ရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်၌ ထင်ရှားသော ကိုယ် တော်၏လုပ်ဆောင်ချက်များအားဖြင့် အပြစ်သားများ၏ အပြစ်ဒုစ ရိုက်များကို ခွင့်လွှတ်ရန်အတွက် ဖြစ်သည်။
ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား အားလုံး၏အပြစ်များကို ကိုယ်တော်ပေါ်သို့ သခင်ယေရှုခရစ်တော် ယူဆောင်သွားတော်မူခြင်းမှာ ရားသခင်၏ဖြောင့်မတ်သော မေတ္တာ တော်နှင့် အပြစ်သားများအားလုံး၏ ကယ်တင်ခြင်းအမှုပြည့်စုံခြင်း ဖြစ်သည်။ ယောဟန် ၃း၁၆ တွင် “ဘုရားသခင်၏သားတော်ကို ယုံ ကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအ သက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသား တော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော် မူ၏”ဟု ပြေထားသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား လောက အပြစ်များမှ ကယ်တင်တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်များကြောင့် တရားစီရင်ခြင်းမခံရကြပေ။ သ ခင်ယေရှုသည် အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်သောကြောင့် ကိုယ်တော်သည် ယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးနှင့် လူ သားများ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။
“ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံး”မှာ အဘယ်အရာ ဖြစ် သနည်း။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအကြောင်းရင်မှာ ခမည်းတော်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခြင်းဖြစ်သည်ဟု အထက်ကျမ်းချက်က ဖော်ပြထား သည်။
ဤတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးမှ အဘယ်အရာ ဖြစ်သည်ကို ကျွန်ုပ်တို့ တိကျစွာ သိရန် လိုအပ်သည်။ “ဖြောင့်မတ် ခြင်းအားလုံး”မှာ သခင်ယေရှုခရစ်တော်သည် ယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံး ယူ ဆောင်သွားတော်မူခြင်းကို ရည်ညွှန်းသည်။ ကိုယ်တော်သည် ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို တစ်ကြိမ် တည်း ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်၏ဖွားမြင်တော်မူ ခြင်းရည်ရွယ်ချည်မှာ လောကအပြစ်များအားလုံးကို ဖယ်ရှားပေး တော်မူရန် ဖြစ်သည်။ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း အားလုံးပြည့်စုံခြင်းဟူသည်မှာ ကယ်တင်ခြင်းပြည့်စုံခြင်းဖြစ်သော လောကအပြစ်များအားလုံး ကွယ်ပျောက်စေသော ဖြောင့်မတ်ခြင်း လုပ်ငန်းများ ပြည့်စုံခြင်း ဖြစ်သည်။
သခင်ယေရှု၏ဗတ္တိဇံမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား အ ပြစ်များမှ ရွေးနှုတ်တော်မူလိမ့်မည့် မဖြစ်မနေဒွန်တွဲသော နိယာမ ဖြစ်သည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတွင် ကျွန်ုပ်တို့အပြစ် များဖယ်ရှားပေးတော်မူရန် ချမှတ်တော်မူခဲ့သည်။ ကိုယ်တော်သည် လူသားများကိုယ်စားပြု ဗတ္တိဇံယောဟန်ကို ရွေးကောက်တော်မူ၍ သားတော်သခင်ယေရှုခရစ်တော်ကို ဗတ္တိဇံပေးစေတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို သားတော်ပေါ်သို့ လွှဲပြောင်း တော်မူခဲ့သည်။ ဤအရာသည် အခြားသောအရာဟုတ်ဘဲ ဘုရားသ ခင်၏ဂရုဏာလုပ်ငန်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အ လွန်ချစ်တော်မူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိ သားသမီးများဖြစ်စေတော်မူရန် နှင့် ကျွန်ုပ်တို့အပြစ်များဖယ်ရှားပေး ခြင်းဖြောင့်မတ်သောအမှုကို ပြည့်စုံစေတော်မူရန်အတွက် သခင်ယေ ရှုကို ယောဟန်အားဖြင့် ဗတ္တိဇံခံယူစေတော်မူခဲ့သည်။ ထိုကြောင့် သ ခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ၍ ရေမှပေါ်ထစဉ်တွင် ဘုရားသခင် သည် “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း”ဟု ဘုရားသခင်မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ခမည်း တော်ဘုရားသခင်သည် “ကိုယ်တော်၏ဗတ္တိဇံအားဖြင့် သားတော် သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲ ပြောင်းတော်မူခဲ့သည်”ဟု ပြောကြားတော်မူခဲ့သည်။
တစ်နည်းအားဖြင့် သခင်ယေရှုခရစ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူ၍ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သော နိယာမ အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို အသင့်တော်ဆုံးနည်းလမ်း ဖြင့် တကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော် သည် ကျွန်ုပ်တို့အပြစ်များ ကွယ်ပျောက်ရန် အပြစ်ဖြေရာယဇ်ပူဇော် သက္ကာ ဖြစ်တော်မူခဲ့သည်။
ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့ကိုယ်တော်စား ဗတ္တိဇံ ခံယူတော်မူ၍ ကိုယ်တော်သည် မိမိအပေါ်သို့ ကျွန်ုပ်တို့အပြစ်များ အားလုံးကို လက်ခံတော်မူခဲ့ကာ ကားတိုင်ပေါ်သို့ ဤအပြစ်များကို ထမ်းတော်မူ၍ အသေခံလျက် အသွေးတော်သွန်းလောင်းတော်မူခဲ့ သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံး၏ကယ်တင်ရှင် ဖြစ်တော်မူခဲ့သည်။ တစ်နည်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင်  အ သွေးတော်သွန်းလောင်းကာ အသေခံတော်မူ၍ သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ယုံကြည်သူ ကျွန်ုပ်တို့ကို ကယ်တင် တော်မူခဲ့သည်။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော် မူ၍ ကယ်တင်ခြင်းအမှုများကို ပြည့်စုံစေတော်မူခဲ့ပြီးနောက် ယခု တွင် ဘုရားသခင်၏ပလ္လင်တော်လက်ျာဘက်၌ စိုးစံတော်မူလျက် အ ချိန်တန်လာသောအခါ ကိုယ်တော်သည် ပြန်လည်ကြွလာတော်မူ လိမ့်မည်။ ဤသမ္မာတရားမှ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့် ကယ်တင်ခြင်း၏အထွတ်အမြတ် ဖြစ်သည်။
တဲတော်ဝင်း၏တံခါးပေါ်တွင် ထွက်မြောက်ရာကျမ်း ၂ရး၁၆ တွင် “ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာ အတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်”ဟု ဖော်ပြထားသည်။ ထိုကြောင့် တဲတော်ဝင်း၏တံခါးမှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက် လုပ်ထားသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းဆုကျေးဇူးကို ယုံ ကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်သည်ဟူ သောသမ္မာတရားကို ဤအရာက ပြောထားသည်။
တဲတော်ဝင်း၏တံခါး၌ အပြာရောင်ချည်ထည် ရက်လုပ်ထား ခြင်းမှာ သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူ၍ ဗတ္တိဇံခံ ယူတော်မူခဲ့သောအခါ ကိုယ်တော့်အပေါ်သို့ ကျွန်ုပ်တို့အပြစ်များ အားလုံးလွှဲပြောင်းခဲ့သည်ကို ရည်ညွှန်းသည်။ 
ခရမ်းရောင်ချည်ထည်မှာ ကျွန်ုပ်တို့အပြစ်များအတွက် ဗတ္တိဇံခံ ယူသူ သခင်ယေရှုခရစ်တော်သည် စကြာဝဠာတစ်ခုလုံးနှင့် ၎င်းတွင် ရှိသောအရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သောဖန်ဆင်းရှင်၊ သင် နှင့်ကျွန်တော်တို့၏သခင်ဖြစ်တော်မူသည်ကို ပြောသည်။ ခရမ်း ရောင်မှာ ရှင်ဘုရင်များ၏အရောင်ဖြစ်သည်(ယောဟန် ၁၉း၂-၃)။ ထို ကြောင့် သခင်ယေရှုခရစ်တော်သည် ဘုရင့်တကာတို့၏ဘုရင်နှင့် အားလုံး၏သခင်ဖြစ်တော်မူသည်ဟု ပြောသည်။ “ခရစ်တော်”စကား လုံး၏အဓိပ္ပါယ်မျာ “ဘိသိက်ခြင်းခံရသောသူ” ဖြစ်၍ ဘုရင်များ၊ ယဇ်ပရောဟိတ်များနှင့် ပရောဖက်များကိုသာ ဘိသိက်ခြင်းခံရကြ သည်။ ဤသို့ဖြင့် သခင်ယေရှုခရစ်တော်သည် ဤလောကသို့ လူ သားတစ်ဉီးအဖြစ် ကြွဆင်းတော်မူခဲ့သော်လည်း ကိုယ်တော်၏ဇာတိ အမှန်သည်  ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူသည်။ တစ်နည်း အားဖြင့် သခင်ယေရှုသည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ သော သခင်နှင့် ဖန်ဆင်းရှင် ဖြစ်တော်မူသည်။ သခင်ယေရှုသည် တန်ခိုးကြီးတော်မူသောဘုရားနှင့် ခမည်းတော်ဘုရားသခင်၏တပါး တည်းသောသားတော် ဖြစ်တော်မူသည်။
တဲတော်ဝင်း၏တံခါးတွင် အနီရောင်ချည်ထည်မှာ ဘုရင့်တ ကာတို့၏ဘုရင်သည် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်း တော်မူခဲ့၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့ပြီးနောက် ယဇ်ပူဇော်သက္ကာအဖြစ် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခြင်းကို ရည် ညွှန်းသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ဗတ္တိဇံခံယူတော်မူ ခြင်း၊ အသွေးတော်သွန်းလောင်းတော်မူခြင်းနှင့် ယဇ်ပူဇော်သက္ကာပြု ပေးတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ပြစ်များ၏အခကို ပေး ဆပ်ကျေအေးစေတော်မူခဲ့သည်။ အနီရောင်ချည်ထည်မှာ သခင်ယေ ရှုခရစ်တော်သွန်းလောင်းတော်မူခဲ့သော အသွေးတော်ကို ထင်ရှား စေသည်။
နောက်ဆုံးအနေဖြင့် ပိတ်ချောအထည်မှ ဘုရားသခင်၏ ဓမ္မ ဟောင်းနှင့်ဓမ္မသစ်ကျမ်းများ၏နှုတ်ကပတ်တော်ကို ရည်ညွှန်းသည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများ၏နှုတ်ကပတ်တော်အားဖြင့် ကယ် တင်ခြင်းအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဓမ္မ ဟောင်းကျမ်းတွင် ဘုရားသခင်သည် အပြစ်များသားများ၏ကယ် တင်ရှင်အဖြစ်ကြွလာတော်မူလိမ့်မည်ဟု ကတိပြုတော်မူခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်သည် ကတိပြုတော်မူခဲ့သည့်အတိုင်း သခင်ယေရှုခရစ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံခံကာ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက် ယဇ်ပူဇော် သက္ကာအဖြစ် မိမိကိုယ်ကိုကိုယ် အားလုံး စတေးတော်မူခဲ့သည်။
ဘုရားသခင်သည် အပြာရောင်ချည်ထည်အားဖြင့် သခင်ယေရှု ခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များကယ်တင်တော်မူရန် ဤ လောကသို့ ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံး ယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော်ကို ထင်ရှားစေတော်မူသည်။ ခရမ်းရောင်ချည်ထည်အားဖြင့် ဘုရားသ ခင်သည် ဗတ္တိဇံခံယူတော်မူခဲ့သောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ သည်ဟု ထင်ရှားစေသည်။ အနီရောင်ချည်ထည်အားဖြင့် ဘုရားသ ခင်သည် ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ် ဤလောကသို့ ကြွဆင်း တော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ကို ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် လောကအပြစ်များ ထမ်းတော်မူခြင်းနှင့် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များမှကယ်တင်တော် မူခဲ့သည်ကို ထင်ရှားစေသည်။
တစ်နည်းအားဖြင့် ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်ကတိပြု တော်မူခဲ့သော နှုတ်ကပတ်တော်အားဖြင့် ဤကယ်တင်ခြင်းရောက် ရှိလာခဲ့သည်ကို ပိတ်ချောအထည်အားဖြင့် ထင်ရှားသည်။ ထို ကြောင့် တဲတော်ဝင်း၏တံခါးမှာ ဤအပြာရောင်၊ ခရမ်းရောင်၊ နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် တဲတော်ဝင်း၏တံခါးကို ကြည့်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်များမှ မည်သို့ ကယ်တင် တော်မူ၍ မိမိသားသမီးများဖြစ်စေတော်မူလိမ့်မည်ကို ထင်ရှားစေ၍ ပြသထားသသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့အားလုံးသည် တဲတော်ဝင်း ၏တံခါးအတွက် အသုံးပြုသော ချည်ထည်လေးမျိုး၏ဝိညာဉ်ရေးရာ အဓိပ္ပါယ်ကို ယုံကြည်ရကြမည် ဖြစ်သည်။
တဲတော်ဝင်း၏တံခါးအရောင်များကို ပြောရာတွင် ၎င်း၏အ ပြာရောင်ချည်ထည်ကို သမ္မာကျမ်းစာက ရှေ့ဉီးစွာ ဖော်ပြသည်။ ကျွန်ုပ်တို့သည် အများအားဖြင့် ခရမ်းရောင်၊ အပြာရောင်နှင့် အနီ ရောင်စသည်ဖြင့် ယူဆနိုင်သည်။ သို့သော် သမ္မာကျမ်းစာက အပြာ ရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်ကို အစဉ်လိုက် ဖော်ပြ ထားသည်။ ဤအရာက အပြာရောင်ချည်ထည်၏အရေးပါမှုကို ကျွန်ုပ်တို့အား ပြသထားသည်။ သခင်ယေရှုခရစ်တော်သည် ကယ် တင်ရှင်အဖြစ် ဤလောကသို့ ကြွလာတော်မူခဲ့သောအခါ ယောဟန် ထံမှ ဗတ္တိဇံခံယူတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်များမှ ဆေး ကြောခြင်း ခံရကြမည် မဟုတ်ပေ။ ထိုကြောင့် သခင်ယေရှုသည် ခ မည်းတော်ဘုရား၏အလိုတော်နှင့်အညီ ယောဟန်ထံမှ  ဗတ္တိဇံခံ ယူတော်မူ၍ အသေခံတော်မူြင်းအားဖြင့် ကျွန်ုပ်တို့အား လောကအ ပြစ်များမှ ကယ်တင်တော်မူခဲ့ခြင်း ဖြစ်သည်။
သခင်ယေရှုသည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သော လူသားအားလုံး၏သခင်နှင့် ကျွန်ုပ်တို့၏ဘုရား ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤလောကတွင် မွေးဖွားစေသောအ ရှင်၊ ဘဝသစ်ကိုပေးအပ်တော်မူခဲ့သောအရှင်နှင့် ကျွန်ုပ်တို့ဘဝများ ကို အုပ်စိုးတော်မူသောအရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူရန်အတွက် လူသား အားလုံးကိုယ်စားပြုသူထံမှ ဗတ္တိဇံကို ခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်တော်မူရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏စစ်မှန် သောကယ်တင်ရှင် ဖြစ်တော်မူသည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန် ဤလောကသို့ ကြွတော်မူခဲ့သည်။ ကိုယ်တော် သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူရန်အ တွက် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ခရစ်တော်သည် ရှေ့ဉီးစွာ ဗတ္တိဇံခံ ယူတော်မမူခဲ့လျှင် ကိုယ်တော်သည် အသေခံနိုင်မည် မဟုတ်ပေ။ ထို ကြောင့် တဲတော်ဝင်း၏တံခါးသည် ကျွန်ုပ်တို့အား သခင်ယေရှုခရစ် တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ မည်သို့ တိကျစွာ ကယ်တင် တော်မူခဲ့သည်ကို ထင်ရှားစွာ ပြသ၍ ကယ်တင်ခြင်းနိယာမကိုလည်း ပြသထားခြင်း ဖြစ်သည်။
သခင်ယေရှုခရစ်တော်သည် ဤလောကသို့ ကြွလာတော်မူ၍ ယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံအားဖြင့် လူသားများ၏အ ပြစ်များအားလုံးကို ယူဆောင်ကာ ကားတိုင်ပေါ်တွင် အသေခံတော် မူခဲ့သည်ဟု တဲတော်ဝင်း၏တံခါး အရောင်များက ပြောသည်။ တစ် နည်းအားဖြင့် ကိုယ်တော်သည် မိမိကိုယ်တိုင် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံယူ တော်မူခဲ့ပြီးနောက် ကောင်းကင်တံခါးဖွင့်လှစ်၍ ခမည်းတော်ဘုရား သခင်သည် “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေ တည်း”ဟု ပြောကြားတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် မေရှိယနှင့် ကယ်တင်ရှင် ဖြစ်တော်မူသည်။ သို့သော် ကိုယ်တော် သည် ဘုရားသခင်၏သားတော်၊ နှုတ်ကပတ်တော်အားဖြင့် စကြာဝ ဠာတစ်ခုလံဒးကို ဖန်ဆင်းတော်မူခဲ့သော ဖန်ဆင်းရှင်ဘုရားလည်း ဖြစ်တော်မူသည်။ သခင်ယေရှုသည် သန့်ရှင်းတော်မူသောဘုရားဖြစ် တော်မူသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ် တော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို ယူဆောင်သွားတော်မူနိုင်ခဲ့သည်။
စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၍ အုပ်စိုးတော်မူခဲ့ သော သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ် တင်ခြင်းအမှုကို ရှင်းလင်းစွာ ပြသတော်မူခဲ့သည်။ သခင်ယေရှုခရစ် တော်သည် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးတော်မူ၍ ဤလော ကသို့ ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ် တွင် အသေခံတော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့၍ သင်နှင့်ကျွန်တော်တို့ကို အမှန်အကန် ကယ်တင် တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ရှင်ခြင်းနှင့်သေခြင်းတို့ ကို အုပ်စိုးတော်မူသော၊ စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ သော၊ ကျွန်ုပ်တို့ဘိုးဘေးများနှင့် လူသားအားလုံးကို ဤကမ္ဘာပေါ် တွင် မွေးဖွားစေတော်မူသော ဖန်ဆင်းရှင် ဖြစ်တော်မူသည်။ ကိုယ် တော်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်နှင့် ပိတ် ချောအထည်တို့၏မှန်ကန်သောတန်ဆာ ဖြစ်တော်မူသည်။
ဘုရားသခင်သည် အပြစ်သားများ၏ပူဇော်သက္ကာအဖြစ် ဤ လောကသို့ ကြွဆင်းတော်မူခဲ့သည်။ ကျွန်ုပ်တို့အား ကယ်တင်တော် မူခဲ့သောသခင်ယေရှုသည် ဘုရား၊ တန်ခိုးကြီးသောအရှင်နှင့် ဂရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ သခင်ယေရှုခ ရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံး ကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်။ ထို ကြောင့် ကိုယ်တော်သည် လောကအပြစ်များကို ကားတိုင်သို့ ထမ်း တော်မူ၍ အသေခံကာ အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ တဲတော်ဝင်း၏တံခါး၌ ထင်ရှားခဲ့သည့်အတိုင်း သခင်ယေရှုခရစ် တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့ သော အပြစ်ဖြေရာယဇ်ဖြစ်လာတော်မူခဲ့သည်။
တဲတော်ဝင်း၏တံခါးသာမက သန့်ရှင်းသောနေရာတံခါး၊ အ သန့်ရှင်းဆုံးနေရာတံခါးနှင့် ဘုရားသခင်၏အိမ်တော်များ၏အဖုံးကို အပြာရောင်၊ ခရမ်းရောင်၊ နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအ ထည်တို့ဖြင့် ရက်လုပ်ထားသည်။ သခင်ယေရှုခရစ်တော်သည် သင့် အတွက် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် သင်နှင့်ကျွန်တော်တို့ သည် ထိုအရာကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးဆေး ကြောခြင်းခံရကြသည်။ သခင်ယေရှုသည် ဖြောင့်မတ်ခြင်းအားလုံး ကို ပြည့်စုံစေတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့၍ ဗတ္တိဇံအားဖြင့် လူ သားအားလုံး၏အပြစ်များကို ယူဆောင်သွားတော်မူခြင်းအားဖြင့် ဤ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထိုအချိန်တွင် သခင်ယေရှုအပေါ်သို့ လွှဲပြောင်း ပေးခဲ့သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်၍ ယုံကြည်ရကြ မည် ဖြစ်သည်။
သို့သော် ကိုယ်တော်ကို အချည်းနှီး၊ မဆင်ခြင်းဘဲ ယုံကြည်သူ ခရစ်ယာန်များစွာ ရှိသည်။ သူတို့သည် မတရားသောဘာသာတရား ယုံကြည်မှုကို စွန့်လွှတ်ရန် ခေါင်းမာကြ၍ အစကတည်းက ဘုရားသ ခင်ကို စိန်ခေါ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ချပေးတော်မူခဲ့ သော ကယ်တင်ခြင်းလမ်းနှင့်အညီ ကိုယ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရား လည်းဖြစ်၏။ အသက်လည်းဖြစ်၏”(ယောဟန် ၁၄း၆)ဟု မိန့်တော် မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါသည် လမ်းခရီးဖြစ် တယ်။ ငါသည် သင့်အား ကောင်းကင်သို့ ပို့ဆောင်သောလမ်း ဖြစ် တယ်။ ငါသည် သိုးထိန်း၊ လမ်းခရီးနှင့် သမ္မာတရားဖြစ်တယ်။ ငါ သည် သင့်ကို ကယ်တင်သောဘဝဖြစ်ဖြစ်တယ်”ဟု မိန့်တော်မူခဲ့ သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ဘဝသစ်၏သခင် ဖြစ်တော်မူခဲ့သည်။

 


ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြသောအခါ ကိုယ်တော်ကို မည်သို့ နားလည်၍ ယုံကြည်သင့်သနည်း


ကိုယ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ကယ် တင်တော်မူခဲ့သော တိကျသောနည်းလမ်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ “ယုံကြည်ခြင်း”စကားလုံးတွင် “မှီခိုအားထားခြင်း၊” “မြဲမြံစွာ  ဆုပ် ကိုင်ခြင်း၊” နှင့် “ဆက်ကပ်အပ်နှံခြင်း” အဓိပ္ပါယ်များသည်လည်း ပါ ဝင်သည်။ အသက်ကြီးသူများသည် အိုမင်းလာကြ၍မိမိကိုယ်တိုင် အသက်ရှင်ရန် ခက်ခဲလာသည်ကို သိကြသောအခါ သူတို့သည် မိမိ သားသမီးများကို မှီခိုအားထားလေ့ရှိကြသည်။ ထိုနည်းတူ၊ ဘုရားသ ခင်ထံ မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခြင်းအားဖြင့် အသက်ရှင်ရသည့် အကြောင်းမှာ ကျွန်ုပ်တို့သည် မိမိအပြစ်များကို ကွယ်ပျောက်စေရန် မိမိကိုယ်ကိုကိုယ် မစွမ်းဆောင်နိုင်ကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် အပြစ်မပြုရန် ကြိုုးစားလျှင် တောင် ကျွန်ုပ်တို့သည် အမြဲတမ်းအပြစ်ကျူးလွန်၍ အသက်ရှင်နေ ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များမှ မိမိကိုယ်ကိုကိုယ် မလွှတ် မြောက်နိုင်ကြသောကြောင့် ကိုယ်တော်ပြုတော်မူခဲ့သောအရာကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်၍ သ ခင်ယေရှုခရစ်တော်ကယ်တင်ရှင်ကို ကိုးစားရကြခြင်း ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်၍ ကယ် တင်ခြင်းကို ရှာဖွေကြသောအခါ မည်သည့်အရာသည် မှန်ကန်သော ယုံကြည်ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့သည် ရှေ့ဉီးစွာ သိရကြမည် ဖြစ် သည်။ သခင်ယေရှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က သင် နှင့်ကျွန်တော်၊ ဤလောကတွင်ရှိသောလူသားအားလုံးကို အပြစ်များ မှ ကယ်တင်တော်မူရန်အတွက် ဤလောကသို့ ကြွလာတော်မူခဲ့ သည်။ ထိုနောက် ကိုယ်တော်သည် အသက် ၃၀ နှစ်ရှိသောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ် များအားလုံးကို ကိုယ်တော့်အပေါ်သို့  ယူဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် ဤအရာကို ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော် တို့၏အပြစ်များသာမက လောကအပြစ်များအားလုံးကို လက်ခံ တော်မူခဲ့သည်သောအခါ သခင်ယေရှုခရစ်တော်သည် အပြစ်တိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ ပြီး ဖြစ်သည်။
သို့သော် သခင်ယေရှုဗတ္တိဇံခံယူတော်မူသောအခါ ကိုယ်တော့် အပေါ်သို့ လောကအပြစ်များအားလုံးသာမက သူတို့အပြစ်များအား လုံးကို လွှဲပြောင်းပေးတော်မူခဲ့သည်ဟူသော အချက်ကို လူများစွာ တို့သည် လျစ်လျူရှုခဲ့ကြ၍ ကားတိုင်၏အသွေးတော်ကိုသာ ဆက် လက်ယုံကြည်ကြသည်။ ထိုကြောင့် တဲတော်တံခါးအားလုံးကို အ ပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအ ထည်တို့ဖြင့် ရက်လုပ်ထားခြင်းကို သူတို့အားလုံးသည် မြင်တွေ့ကြ သော်လည်း သူတို့သည် မှန်ကန်သောယုံကြည်မှုနှင့် မမှန်သောယုံ ကြည်မှုကို လွယ်ကူစွာ မပိုင်းခြားတတ်ကြခြင်း ဖြစ်သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူ ရန် ဤလောကသို့ ကြွဆင်းတော်မူခဲ့သောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အား အဓိပ္ပါယ်မဲ့စွာ ကယ်တင်တော်မမူခဲ့ပေ။ ကိုယ်တော် သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို မိမိအပေါ်သို့ ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များ၏ပြစ်ဒဏ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် သင်နှင့်ကျွန်တော်တို့သည် ကယ်တင် ခြင်းခံရကြသည်။ သခင်ယေရှုသည် ဤသို့ဖြင့် လူသားအားလုံးကို ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် “ခမည်း တော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြ လိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်”(ယောဟန် ၆း၃၇)ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြသည်ဟု ပြောသော အခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဂုဏ်အင်္ဂါများနှင့် ကိုယ်တော် အနန္တတန်ခိုးကိုသား ယုံကြည်ခြင်းမဟုတ်ပေ။ ခရစ်တော်သည် ဘု ရားဖြစ်တော်မူ၍ ဤလောကသို့ ကြွလာကာ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် မိမိအပေါ်သို့ သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် အသေ ခံတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် တဲတော်၌ ထင်ရှားသော ကယ် တင်ခြင်းကို ကြည့်ကြသောအခါ သခင်ယေရှုကို ယုံကြည်ခြင်း၌ ကျွန်ုပ်တို့ပိုင်ဆိုင်ရမည့် မှန်ကန်သောယုံကြည်ခြင်းမှာ အဘယ်အရာ ဖြစ်သည်ကို ကျွန်ုပ်တို့သည် တိကျစွာ သိရှိခဲ့ကြသည်။
ယနေ့တွင် ကားတိုင်၏အသွေးတော်ကို ယုံကြည်သူ လူများစွာ ရှိကြ၍ သူတို့က “♫အပြစ်ဝန်ထုပ်မှ သင်လွတ်လိုသလော။♪အသွေး တော်မြတ်၌ တန်ခိုးတော်ရှိ၊ အသွေးတော်၌ တန်ခိုးရှိ♫”ဟု ချီးမွမ်း တတ်ကြသည်။ သူတို့သည် “ကိုယ်တော် ကျွန်တော်ယုံကြည်သည်” ဟု စိတ်အားထက်တန်စွာ အမှုမဲ့အမှတ်မဲ့ဟစ်ကြွေးတတ်ကြသည်။ သူတို့သည် သခင်ယေရှုကို စိတ်အားထက်တန်စွာ မည်သို့ပင် ယုံ ကြည်နေပါစေ ကားတိုင်၏အသွေးတော်တစ်ပါးတည်းကိုသာ ယုံ ကြည်ခြင်းအားဖြင့် သူတို့သည် အပြစ်များမှ လွှတ်မြောက်ခြင်းမခံ နိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ဘဝတစ်လျှောက် အပြစ်များမှ မလွှတ်မြောက် နိုင်သောသူများ ဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ရှင် တစ်ပါးလိုအပ်ကြသည်။ ထိုကယ်တင်ရှင်မှာ သခင်ယေရှုခရစ်တော် ဖြစ်သည်။ သင်နှင့်ကျွန်တော်တို့ကို ရွေးနှုတ်ကယ်တင်တော်မူရန် ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်သည် ကယ်တင်ရှင်၊ ဘု ရင်တကာတို့၏ဘုရင်၊ စကြာဝဠာတစ်ခုလုံးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သော ဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့ဘဝများ၏သခင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူ ၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင် သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်။ တစ်နည်း အားဖြင့် ကျွန်ုပ်တို့သည် ဗတ္တိဇံနှင့်ကားတိုင်အားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှုခရစ်တော် ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ သည်။ ထိုကြောင့် တဲတော်ဝင်း၏တံခါးသည် ကျွန်ုပ်တို့အား ရှင်း လင်းစွာနှင့်တိကျစွာ ဖွင့်ပြထားခြင်း ဖြစ်သည်။

 


သခင်ယေရှုကို ဘာသာရေးအရာသာ ယုံကြည်သူများ


ဤနေ့ရက်များတွင် လူများသည် ကားတိုင်၏အသွေးတော် တစ်ခုတည်းကိုသာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ သည်ဟု ကြွေးကြော်တတ်ကြသည်။ ဤသို့သောအချည်းနှီးသော ကြွေးကြော်မှုများသည် သူတို့၏ဘာသာရေးယုံကြည်မှုကိုသာ ထင် ရှားစေသည်။ ဤပုဂ္ဂိုလ်များက “ကျွန်ုပ်သည် ဘုရားသခင်ထံ နောင် တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်နှလုံးသားထဲမှာ ‘ငါ့သား ငါ မင်းရဲ့အပြစ်များ ကို ခွင့်လွှတ်ခဲ့တယ်’ဟု ပြောတယ် ဟုပြောကြသည်။ ကျွန်ုပ်သည် ဤစကားသံကို ကြားသောအခါ အလွန်ဝမ်းမြောက်ခဲ့သည်”ဟု ပြော တတ်ကြသည်။ ဤသို့သော ယုံကြည်မှုများသည် သူတို့၏ယုံကြည် ခြင်းဆိုင်ရာ သက်သေခံချက်ဖြစ်သည်ဟု ဟု သူတို့က အားရဝမ်း မြောက်စွာ ကြွေးကြော်တတ်ကြသည်။
သို့သော် ကျွန်ုပ်တို့ကယ်တင်ခြင်းမှာ စိတ်ခံစားချက်များအား ဖြင့် မရောက်လာခဲ့ပေ။ ကျွန်ုပ်တို့သည် ပင်ကူစရိုက်များအလုံး- ဉာဏ်ပညာ၊ ခံစားချက်နှင့် ဆန္ဒများအားဖြင့် ကယ်တင်ခြင်းခံရကြ သည်။ တစ်နည်းအားဖြင့် ကယ်တင်ရှင်ဘုရားသခင်သည် ကျွန်ုပ်တို့ အား မည်သို့ကယ်တင်တော်မူခဲ့သည်ကို ရှေ့ဉီးစွာသိ၍ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းခံရကြသည်။ သို့သော် ဘာသာတရားမှာ အ ဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့မျာ အဘယ်အရာ ဖြစ်သနည်း။ ဘာ သာတရားများမှာ လူသားများ၏တွေးခေါ်မှုပေါ်တွင် တည်ဆောက် သော လူသားများတည်ထောင်သောအဖွဲ့အစည်းသာ ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်တော့်မိသားစု၌ မိခင်မှာ စာဖိုမှုး ဖြစ်ခဲ့သည်။ ကျွန်တော်သည် ကျမ်းစာမှ ယာကုပ်ကဲ့သို့ အမေ အကူအညီလိုအပ်သည့်အချိန်များတွင် မီးဖိုချောင်သို့သွား၍ အမေ နောက်လိုက်ကာ အမေ့ကို ကူညီခဲ့သည်။ အမေသည် မီးဖိုချောင်၌ အစားအသောက်ပြင်ဆင်ရန် အလုပ်ရှုပ်နေသည့်အချိန်တွင် ကျွန် တော်သည် ထမင်းစားစောင်၌ စားပွဲများ ပြင်ဆင်ခဲ့သည်။ အမေနှင့် ကျွန်တော်တို့သည် အတူတူပူးပေါင်း၍ လုပ်ဆောင်လေ့ရှိကြသည်။ နံနက်အိပ်ယာမှ ထလာသောအခါ ကျွန်ုပ်တို့သည် မီးမွှေး၍ စားပွဲကို ပြင်ဆင်၍ အစာစားပြီးနောက်  တံမြတ်စည်းဖြင့် မီးဖိုချောင်ကြမ်း ပြင်ကို သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
ဤအရာသည် ထိုအချိန်က ကိုးရီးယားနိုင်ငံတွင် ထူးခြားသော မြင်ကွင်းမဟုတ်ပေ။ သို့သော် ပို၍ စိတ်တင်စားစရာတစ်ခုမှာ မီးဖို ချောင်ကြမ်းပြင်သန့်ရှင်းရန် အသုံးပြုသော တံမြက်စည်းမှာ ကျွန်ုပ် တို့တောင်းသမျှအရာအားလုံး မလွှဲမသွေပေးသော ဘုရားငယ်အဖြစ် သို့ ရုတ်တရက်ပြောင်းလဲလိမ့်မည်ဟူသောအချက် ဖြစ်သည်။ တစ် နည်းအားဖြင့် ဤပျက်စီးသောတံမြက်စည်းသို့ ဆုတောင်းခဲ့သူများ ရှိ ကြသည်။ ဤသို့အဓိပ္ပါယ်မရှိသောခံယူချက်များသည် ကျွန်ုပ်တို့ဘဝ များတွင်လည်း ရှိလေ့ရှိသည်။ ထိုပြင် မိသားစု၌ဖြစ်စေ၊ အိမ်နီးချင်း ၌ဖြစ်စေ ဆိုးသောကံကြမ္မာကြုံရသောအခါ ကျွန်ုပ်တို့သည် နတ်ဆ ရာများကို ခေါ်၍ စုန်းအတတ်ပြုလုပ်ရန် တောင်းလေ့ရှိကြသည်။ လူ များသည် ထိုအချိန်တွင် နေရာတကာ၌ ဘုရားငယ်များရှိသည်ဟူ သော အချည်းနှီးသောယုံကြည်မှုကို ဆွဲကိုင်၍ ယုံကြည်ကြသည်။ သန့်ရှင်းရေးအတွက် အသုံးပြုသောတံမြက်စည်းကိုပင် ဘုရားငယ် တစ်ပါးဖြစ်ခဲ့ရသည်။ မိမိဘိုးဘေးများ၏နာမည်များ ကဗ္ဗည်းထိုးထား သော ကျောက်ပြားများ၊ တောင်ထိပ်ရှိသော ကျောက်တုံးကြီးများ နှင့် သူတို့မျက်စိဖြင့်မြင်နိုင်သောအရာအားလုံးကို ဘုရားငယ်အဖြစ် သို့ ကိုးကွယ်တတ်ကြသည်။
ယခုနေ့ရက်များတွင် အချိန်ကြာလာသည်နှင့်အမျှ လူများက ဤသို့သော နမော်နမဲ့၊ လျစ်လျူရှုခြင်းကို တဖြည်းဖြည်း ပေါ်ပေါက် လာခဲ့သည်။ သို့သော် ထိုအချိန်တွင် မည်သည့်အရာတစ်စုံတစ်ခုမျှ ဘုရားငယ်အဖြစ်သို့ ပြောင်းလဲသည်ဟု ပေါ်ပေါက်သည်။ ထိုကြောင့် ထိုအချိန်တွင် စီးပွါးရေးလုပ်ငန်းအထွန်းကားဆုံးသောသူများမှာ အ ခြားသူများမဟုတ်ဘဲ နတ်ဆရာများ ဖြစ်ကြသည်။ နတ်ဆရာသည် နတ်အတတ်ဖြင့် ကုသနေစဉ် နားမလည်နိုင်သောစကားလုံးများ မြွက်ဆိုနေသည်ကို ကျွန်တော်သတိရသည်။ ကျွန်တော်သည် နတ် ဆရာ၏ စလုံးပေါင်းကို တုပလေ့ရှိ၍ “အာဗကာဒါဗရာ အာဗကာဒါဗ ရာ၊ နေ့အချိန်ရောက်နိုင်၊ နေ့အချိန်ရောက်နိုင်၊ နေ့အတွင်တွင် အရာ အားလုံးကျွန်ုပ်တို့အတွက် ဖြစ်တယ်။ ဆက်ကပ်မှုအားနည်းချက် ကြောင့် မရုံသီးပျက်စီးခဲ့တယ်။ အာဗကာဒါဗရာ၊ အာဗကာဒါဗရာ” ဟုပြောနေရသည်။ ဟုတ်ပါသည်။ ကျွန်တော်ထိုအရာများ၏အ ဓိပ္ပါယ်ကို နားလည်ခဲ့ပေ။
ဤသို့သော နတ်အလုပ်ကို အိမ်နီးချင်းအိမ်များ၌ လုပ်ဆောင် နေခဲ့သောအခါ တစ်ရွာလုံးမှ လူတိုင်းသည် မြင်တွေ့ရန် အတူတူစုရုံး ခဲ့ကြသည်။ ဤသို့သောအချိန်ခါသမယ၏အဓိကအချက်မှာ သေနေ သောဝက်၏ခေါင်းထဲသို့ သဲလွန်စတစ်ခုမျှမပြုဘဲ ငွေထည့်ခြင်းနှင့် တူသည်။ နတ်ဆရာပြောသောစကားလုံးများနှင့် အစွမ်းအစများ သည် အကျိုးရှိကြောင်း ဆုံးဖြတ်ရန် ငွေကြေးများစွာ အသုံးပြုရပါ သည်။ ဤနတ်ဆရာသည် ညလုံးပေါက် မိုးလင်းသည့်အထိ ဤနတ် စကားများကို တတွတ်တွတ် ရွတ်ဆိုကြသည်။
ယခင်က နတ်အပျိုပူးကပ်သောသည်ဟု ဆိုရသော အသက် ကြီးသောအမျိုးသားတစ်ဉီး ရှိခဲ့သည်။ သူက အခြားနတ်များထက် ပို ၍တန်ခိုးကြီးသော နတ်သမီး၊ အပျိုနတ်ကို ပူးကပ်ခဲ့သောကြောင့် သူ သည် နတ်ဆိုးများအားလုံးကို လွယ်ကူစွာ နှင်ထုတ်နိုင်သည်ဟု ပြော လေ့ရှိသည်။ သူသည် ပို၍တန်ခိုးရှိသောနတ်များကို တွေ့သောအခါ သူကိုယ်တိုင်က ဤနတ်ကို မောင်းထုတ်ခြင်းထက် လည်ပင်းညစ် ခြင်းကို ခံနိုင်သည်ဟု ပြောခဲ့သည်။ သို့သော် သူက ဉယျာဉ်စောင့် နတ်များအားလုံးကို နှင်ထုတ်နိုင်သည်ဟု ပြောခဲ့သည်။ သူသည် အ ခြားသူမဟုတ်ဘဲ နတ်ဝဇ္ဇာပညာရှင်သာ ဖြစ်သည်။
သူသည် အခြားသူများကဲ့သို့ မိမိအချိန်များကို သာမန်အသုံးပြု လေ့ရှိခဲ့သည်။ သို့သော် လူတစ်စုံတစ်ဉီးက သူ၏နတ်ဝဇ္ဇာအတတ်ကို ပြုုလုပ်ရန် ခိုင်းသောအခါ သူသည် မိမိနတ်ဝဇ္ဇာအဝတ်ကို ဝတ်ဆင် ၍ မိမိနတ်ဝဇ္ဇာပညာကို ပြသခဲ့သည်။ ထိုနည်းတူ လူသားများ၏နှ လုံးသားများသည်လည်း သဘာဝထက်လွန်ကဲသောအရာများ၏ လွှမ်းမိုးမှုကို ခံရကြသောကြောင့် သူတို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်နှင့် မညီညွတ်သော ဘာသာရေားကိုမျိုးကို လိုက်လျှောက် ကြ၍ နောက်ဆုံးတွင် စိတ်ရူးသွပ်သောအများနှင့် ရှက်စရာကောင်း သောအရာများအားလုံးဖြင့် နိဂုံးချုပ်တတ်ကြသည်။
တစ်နည်းအားဖြင့် လူများသည် မိမိဘာသာတရားများကို တီ ထွင်ဖန်တီးတတ်ကြသည်။ အထက်တွင် ဖော်ပြထားသောဖြစ်ရပ်မှန် ကဲ့သို့ သူတို့သည် မိမိဘုရားများကို မိမိကိုယ်တိုင် ဖန်တီးခဲ့ကြသည်။ လူများသည် ခရစ်ယာန်များဖြစ်ကြသော်လည်း ဤသို့စိတ်ပျက်စရာ ကောင်းသောယုံကြည်မှုများရှိကြသောကြောင့် သခင်ယေရှုသည် သူ တို့အတွက် အသေခံတော်မူခဲ့သည်ဟု ကြားကြသောအခါ သူတို့ သည် ဤအရာအတွက် စိတ်လှုပ်ရှားမှုဖြင့် အလွယ်တကူခံစားကြ၍ နောက်ဆုံးတွင် ကိုယ်တော်ကို အချည်းနှီး၊ မျက်စိကန်းစွာဖြင့် ယုံ ကြည်ခဲ့ကြသည်။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်နှင့် စကြာစဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့သောဖန်ဆင်းရှင်ဖြစ်တော် မူသည်ဟု သူတို့ကြားကြသောအခါ သူတို့သည် ၎င်းကို နှစ်သက်၍ အခြေအနေမဲ့ ယုံကြည်ကြသည်။ သူတို့က “ငါသည် လမ်းခရီးဖြစ် ၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ”ကို ကြားလိုကြ သည်။ သူတို့သည် စစ်မှန်သောနားလည်သဘောပေါက်ခြင်းမရှိဘဲ ၎င်းကို အခြေအနေမဲ့ ယုံကြည်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ် တော်သည် အမှားကင်းသောကြောင့် သူတို့သည် ကောင်းသောနှုတ် ကပတ်တော်ကို ရှေ့ဉီးစွာ ကြားကြလျှင်တောင် သူတို့ပြောကြား သောအရာမှာ သူတို့သည် သခင်ယေရှုကို ချစ်သည့်အကြောင်းသာ ဖြစ်သည်။
သို့သော် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သူတို့နှလုံး သားများ၌ အပြစ်ရှိသေးသောသူများကို ကိုယ်တော်သည် တရားစီ ရင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူများကို သိမ်းဆည်းရန် ကြွလာတော်မူလိမ့်မည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသမ္မာတရားကို လျစ်လျူရှု၍ မိမိဘာသာတရားအသက်တာဖြင့်သာ သခင်ယေရှုကို ယုံကြည်သူအ များစုတို့သည် ဘုရားသခင်၏ပညတ်တော်နှင့်အညီ အသက်မရှင်နိုင် သောအပြစ်သားများဖြစ်ကြသည်ဟု သူတို့၏ဘာသာတရားအသက် အစပြုခြင်းနှစ်ပေါင်း ၁၀အတွင်း အမှန်နားလည်သဘောပေါက်ကြ လိမ့်မည်။
ကျွန်တော်သည် သခင်ယေရှုကို အဓိပ္ပါယ်မဲ ယုံကြည်ခဲ့သည်။ ကျွန်တော်သည် အမြဲတမ်းဂုဏ်တော်ချီးမွမ်း၍ ခရစ်တော်နှင့်တွေ့ဆုံ ခြင်းအတွက် အလွန်မြူးတူးခဲ့သည်။ သို့သော် ကျွန်တော်သည် သခင် ယေရှုကို သိခဲ့ပြီးနောက် ပညတ်တော်ကို သိခဲ့ရသည်။ ပညတ်တော် သိခဲ့ပြီးနောက် ကျွန်ုပ်အပြစ်များ သိလာခဲ့သည်။ ကျွန်ုပ်အပြစ်များ သိလာခဲ့ပြီးနောက် အပြစ်၏ထာဝရတရားစီရင်ခြင်းရှိ၍ အပြစ်တ ရားကြောင့် ဆင်းရဲဒုက္ခခံရမည်ကိုလည်း နားလည်ခဲ့ရသည်။
ဤအပြစ်၏ဆင်းရဲခြင်းကို ဖြေရှင်းနိုင်ရန် ကျွန်တော်သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ ရိုးသားစွာ ပြုခဲ့သည်။ သို့သော် ဤသို့သောယုံကြည်ခြင်းမှာ ကောင်းကြီးမင်္ဂလာအကုန်အ စင်ခံစားရန် လူများဆုတောင်းသော ယုံကြည်ခြင်းနှင့်တူသည်။ ဘု ရားသခင်၏နှုတ်ကပတ်တော်၌ ဖော်ပြထားသော ပညတ်တော်ကို ကျွန်တော်သိ၍ အပြစ်များကို နားလည်ခဲ့ပြီးနောက် ကျွန်ုပ်နှလုံးသား သည် အလွန်ဒုက္ခရောက်နေသောကြောင့် ကျွန်တော်သည် နောင်တ နှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုရမည်ကို တွေးခဲ့သည်။ နောင် တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများသည် စိတ်ပိုင်းဆိုင်ရာ သက် သာခြင်းအချို့ကို ပေးသည်။ သို့သော် ကျွန်ုပ်မနောစိတ်၌ အပြစ်ရှိ သေး၍ ကျွန်ုပ်စိတ်သည် အပြစ်တရား၏ချည်နှောင်မှုခံစားရ၍ ဆက် လက်ခံဉီးမည်ကိုလည်း ကျွန်တော်သိခဲ့သည်။
ဤနည်းလမ်းအားဖြင့်  ကျွန်တော်သည် ကျွန်ုပ်အပြစ်များ၏ ချည်နှောင်ခြင်းကို ခံရသောကြောင့် သခင်ယေရှုကို ယုံကြည်၍ ချစ် ခြင်းမဟုတ်ပေ။ သို့သော် ကျွန်တော်သည် သခင်ယေရှုကို ယုံကြည်ခဲ့ သောကြောင့် အပြစ်များကို နားလည် သဘောပေါက်၍ ကျွန်ုပ်အပြစ် များက ကျွန်တော့်ကို ဒုက္ခပေးနေသည်ကို နားလည်သဘောပေါက် ခြင်း ဖြစ်သည်။ “ကျွန်တော်သည် သခင်ယေရှုကို စောလျင်စွာ ယုံ ကြည်ရမည် ဖြစ်သည်။” ကျွန်တော်သည် လူငယ်ဘဝအစောပိုင်း တွင် သခင်ယေရှုကို သိ၍ ယုံကြည်သင့်သည်ဟု နောင်တရခဲ့သည် ဟု ကျွန်တော်တွေးမိခဲ့သည်။ သို့သော် ကျွန်တော်သည် သခင်ယေရှု ကို ယုံကြည်ခြင်း မရပ်တန့်နိုင်ပေ။ ထိုကြောင့် ကျွန်တော်သည် အ ပြစ်တရား၏ချည်နှောင်ခြင်းမှ ချိုးဖြတ်ရန်အတွက် နောင်တနှင့်စပ် ဆိုင်သော ဆုတောင်းခြင်းများ ပြုသည်။ သို့သော် ဤဆုတောင်းခြင်း များက ပြဿနာကို အခြေခံကျကျ အနည်းငယ်သာဖြေရှင်းနိုင်ခဲ့ သောကြောင့် အောင်မြင်မှုမရခဲ့ပေ။
သာမန်လူတန်းစားများသည် သူတို့ကျူးလွန်သောအပြစ်များ ကို သူတို့၏ကျူးလွန်ခြင်းအဖြစ် သတိမမူကြပေ။ သို့သော် သူတို့ သည် ဘုရားကျောင်းသို့ စတက်လာကြသောအခါ သူတို့သည် ပ ညတ်တော်အကြောင်းကိုသိ၍ အပြစ်များကို နားလည်ခဲ့ကြသော ကြောင့် သူတို့သည် အပြစ်များ၌ ပိတ်လောင်ခြင်းခံခဲ့ကြသည်။ ထို နောက်သူတို့သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြု ခြင်းအားဖြင့် အပြစ်များ၏ပြဿနာများကို ဖြေရှင်းရန် စတင်ကြိုး စားလာခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် အပြစ်များ၌ ချုပ်နှောင်ခြင်းခံရ၍ လွှတ်မြောက်ခြင်းလိုအပ်သည်ကို ပို၍ နားလည်သဘောပေါက်ကြသည်။
သူတို့သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းများ မည်သို့ပင် ပြုစေကာမူ သူတို့သည် ဆုတောင်းလေလေ အပြစ်များသည် ကွယ် ပျောက်ခြင်းမရှိဘဲ သူတို့တွင်ရှိသောအပြစ်များသည် ပို၍ ထင်ရှား လေလေ၊ သိလာလေလေ ဖြစ်သည်ကို ပို၍ နားလည်သဘောပေါက် ကြသည်။ ဤအချက်အားဖြင့် ဤသို့ဘာသာတရားအသက်တာရှိသူ များသည် နာကျင်မှုကို ပို၍ခံစားကာ ဆင်းရဲဒုက္ခဆက်လက်ခံစားရ ကြသည်။ သူတို့က “ကျွန်ုပ်စတင်ယုံကြည်ခဲ့သောအခါ အဆင်ပြေ သည်ဟု ခံစားခဲ့ရတယ်။ သို့သော် ကျွန်တော်သည် ဘာကြောင့် ၅၊ ၁၀နှစ်ကြာလာသောအခါ ပို၍ဆိုးရွားစွာ ခံစားရသလဲ။ ငါဘာကြောင့် ဒုက္ခခံရသလဲ”ဟု စဉ်းစား၍မနိုင်ပေ။ သူတို့သည် မားမားမတ်မတ် စ တင်ယုံကြည်ခဲ့သောအရာ၊ ကယ်တင်ခြင်းနားလည်မှုသည် ထိုနေရာ တွင် မရှိတော့ပေဟု နားလည်သဘောပေါက်ကြသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ပြီးနောက် အပြစ်ကျူလွန်းခဲ့ကြသည်ဟု စဉ်းစား၍ သူတို့သည် ဓမ္မခံယူချက်အားလုံးကို သူတို့၏ယုံကြည်မှုအ ဖြစ်လက်ခံကာ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်လာခဲ့ကြသည်။
ဤပုဂ္ဂိုလ်များသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် သခင်ယေရှုကယ်တင်တော်မူခဲ့ သော သမ္မာတရားကို လျစ်လျူရှုကြသောကြောင့် သူတို့သည် ဘာ သာတရားကိုင်းရှိုင်းသူများအဖြစ်သာ နောက်ဆုံးတွင် နိဂုံးချုပ်ခဲ့ရကြ သည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သူတို့နှ လုံးသားများ၌ ငြိမ်သက်ခြင်းမရှိကြသောကြောင့် သူတို့သည် ဆင်းရဲ ဒုက္ခခံရကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် အခြားမတူညီသော ဘုရားငယ်သို့ပြောင်းလဲရန် ကြိုးစားလျှင်တောင် မပြောင်းလဲနိုင်ကြ ပေ။ သူတို့သည် ဘုရားသခင်၏အခြားသောအရာများ ယုံကြည်ကြ ခြင်းမှာ ရုပ်တုကိုးကွယ်ခြင်းအပြစ်ကျူးလွန်ခြင်းဖြစ်သည်ကို သူတို့ သိခဲ့ကြသည်။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရား ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် သူတို့၏ကယ် တင်ရှင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ရှင်းလင်းစွာ သိခဲ့ကြသော ကြောင့် သူတို့သည် အခြားသောဘုရားငယ်ကို မယုံကြည်နိုင်ကြပေ။ သို့သော် သူတို့သည် သမ္မာတရားကို မသိကြသောကြောင့် သူတို့အ ပြစ်များ၏ ညှဉ်းပန်းနှိပ်စက်မှု၊ ဒုက္ခများဖြင့် အစဉ်အမြဲအသက်ရှင် ကြသည်။ 
ထိုကြောင့် သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊နှင့် အနီ ရောင်ချည်ထည်းနှင့် ပိတ်ချောအထည်တို့ဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုကို သိ၍ယုံကြည်ရကြမည် ဖြစ်သည်။ ဘာသာရေးကိုင်း ရှိုင်းသူများအဖြစ်သို့ နိဂုံးချုပ်ပြောင်းလဲကြသောဤခရစ်ယာန်များ က သခင်ယေရှုသည် ဘုရင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကိုဘ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော် မူခဲ့သည်ကိုလည်းကောင်း၊ သမ္မာကျမ်းစာနှုတ်ကပတ်တော်သည် ဘု ရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ကိုလည်းကောင်းသိကြသည်။
သို့သော် သူတို့မသိသောအရာမှာ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် သူတို့၏အပြစ်များသာမက လောကအပြစ်များ အားလုံးယူဆောင်သွားတော်မူသောအချက် ဖြစ်သည်။ ဤလျစ်လျူ ရှုမှုကြောင့် သူတို့သည် ယုံကြည်ခြင်းရှိကြသော်လည်း အပြစ်သား များအဖြစ် အသက်ရှင်နေရကြခြင်း ဖြစ်သည်။ သူတို့အားလုံးသည် အပြစ်သားများအတွက် ကြိုတင်နေရာချထားသော နေရာသို့  သွား ကာဘဝ အဆုံးသတ်ကြလိမ့်မည်။ ဤသို့သောဘာသာတရားကိုင်း ရှိုင်းသောခရစ်ယာန်များက သခင်ယေရှုသည် သူတို့အပြစ်များ မည် သို့ဖြင့် တိကျစွာ ယူဆောင်သွားတော်မူခဲ့သည်ကို မသိကြသော ကြောင့် သူတို့သည် စိတ်ထဲမှ ပေါ်ထွက်လာသမျှသော စိတ်လှုပ်ရှား မှုများကို ယုံကြည်ရကြသည်။ ဆိုးကျိုးမှာ မျက်ကန်းတစ်ဉီးသည် ဆင်ကြီးကို ထိ၍ သူတို့ထိသောအရာကို ဆင်ကြီးဖြစ်သည်ဟု ပြော ကြသည့်အတိုင်း သူတို့ယုံကြည်သောအရာသည် အမှန်တရားနှင့် သက်ဆိုင်မှုမရှိကြပေ။ ထိုကြောင့် သူတို့သည် မိမိမှားယွင်းသောယုံ ကြည်မှုကို မသိကြဘဲ နောက်ဆုံးတွင် နောက်တစ်ကြိမ် စိတ်ရှုပ် ထွေးမှုဖြင့် နိဂုံးချုပ်ရကြခြင်း ဖြစ်သည်။

 


ကျွန်ုပ်တို့သည် အပြာရောင်ချည်ထည်သမ္မာတရားကို မ ယုံကြည်ကြလျှင် ဘာဖြစ်ပျက်လိမ့်မည်နည်း


ကျွန်ုပ်တို့သည် တဲတော်ဝင်း၏တံခါး၌ အပြာရောင်ချည်ထည် ကို ချန်ထား၍ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြလျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ဘုရားသခင်သည် တဲတော် ဝင်း၏တံခါးကို အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက်လုပ်ရန် မိန့်တော်မူခဲ့သောအခါ မော ရှေသည် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်းမလုပ်ဘဲ တံခါးကို ခ ရမ်းရောင်နှင့်အနီရောင်ချည်ထည်းနှင့် ပိတ်ချောအထည်တို့ဖြင့်သာ ပြုလုပ်ရန်များထား၍ ဣသရေလလူမျိုးများသည် ဤနည်းလမ်းဖြင့် တံခါးကို ပြုလုပ်ခဲ့ကြလျှင် အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ဘု ရားသခင်သည် တဲတော်တံခါးကို မှန်ကန်သည်ဟု သက်သေပြတော် မူမည်လော။ ကိုယ်တော်သည် လက်ခံတော်မူလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဣသရေလလူမျိုးများအား တဲတော်၏တံကို မတူ ညီသောအရောင်လေးမျိုးဖြင့် တည်ဆောက်ရန် မိန့်တော်မူခဲ့သော ကြောင့် ၎င်းကို ထိုအမိန့်တော်နှင့်အညီ မတည်ဆောက်ခဲ့လျှင် ၎င်း ကို တဲတော်၏တံအဖြစ် ဘယ်တော့မှ မခေါ်နိုင်ပေ။ အရောင်လေး မျိုးမှ တစ်ခုကို ချန်ထား၍ မရနိုင်ပေ။
တဲတော်ဝင်း၏တံခါးကို အပြာရောင်၊ ခရမ်းရောင်နှင့် အနီ ရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ဖြင့် ရက်လုပ်ရမည် ဖြစ် သည်။ ဘုရားဖြစ်တော်မူထာသော သခင်ယေရှုသည် လူ့ဇာတိခံယူ ၍ ကယ်တင်ရှင်အဖြစ် ဤလောကသို့ ကြွလာတော်မူခဲ့၍ မိမိကိုယ် ပေါ်သို့ လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူလျက် ကားတိုင်ပေါ်တွင် အသေခံကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ ခြင်းအားဖြင့် အပြစ်များကို မိုးပွင့်ကဲ့သို့ ဖြူစင်အောင် ဆေးကြော ပေးတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်ကို ကိုးစားခြင်းနှင့် ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ရွေးနှုတ်ခြင်းခံရကြ သည်။ တဲတော်၏တံခါးအရောင်များက ကျွန်ုပ်တို့သည် အပြစ်များမှ ကယ်တင်ခြင်းခံရရန် သခင်ယေရှုကို မည်သို့ ယုံကြည်ရမည်ကို ပြောထားသည်။ တဲတော်တံခါး၌ ထင်ရှားခဲ့သော သမ္မာတရားကို ယုံ ကြည်သူများအားလုံးသည် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။ သူတို့အားလုံးသည် မိုးပွင့်ပမာ ဖြူးစင်ခြင်းအဖြစ် သူတို့အပြစ်များ ဖြေလွှတ်ခြင်းခံရကြသည်။ သခင်ယေရှုသည် ခရစ်တော်သည် သင် နှင့်ကျွန်တော်တို့၏အပြစ်များကို မိုးပွင့်ပမာဖြူစင်အောင် ဆေး ကြောပေးတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် သင်နှင့်ကျွန် တော်တို့၏ စစ်မှန်သောကယ်တင်ရှင် ဖြစ်လာတော်မူခဲ့သည်။
ဤအရာသည် တဲတော်တံခါး၌ ထင်ရှားခဲ့သော သမ္မာတရား ဖြစ်သည်။ သို့သော် ယနေ့ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်တို့ကို ယုံကြည်ကြသော်လည်း အပြာရောင်ချည် ထည်၏အရေးပါမှုကို မယုံကြည်သူ များစွာရှိသည်။
ဤစာအုပ်ကို သုတေသတနပြုလုပ်ရန်အတွက် ကျွန်တော် သည် ခရစ်ယာန်စာအုပ်ဆိုင်သို့ သွားခဲ့ဖူးသည်။ ထိုနေရာတွင် နာ မည်အကြီးဆုံးခရစ်ယာန်ခေါင်းဆောင်အချို့ရေးထားသော တဲတော် အကြောင်းကို စာအုပ်အချို့တို့ကို ကျွန်တော်တွေ့ခဲ့သည်။ သို့သော် အချို့က တဲတော်ဝင်း၏တံခါးကို ဖော်ပြချက်မရှိကြပေ။ အချို့တို့က အောက်ပါအတိုင်း အခြေအမြစ်မရှိသော ဖော်ပြချက်ထုတ်ပြန်ခဲ့ကြ သည်။ “တဲတော်ဝင်း၏ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်တို့က အဘယ်အရာကို ပြောသနည်း။ အ ပြာရောင်မှာ ကောင်းကင်ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်ဟု ပြောထားသည်။ အနီရောင်မှာ သခင်ယေ ရှုသည် ဤလောကသို့ ကြွလာတော်မူစဉ် ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူခဲ့သော အသွေးတော်ကို ရည်ညွှန်းသည်။ ခရမ်းရောင် မှာ ကိုယ်တော်သည် ရှင်ဘုရင်ဖြစ်တော်မူသည်ဟု ပြောထားသည်။”
ဤသို့သော အနက်ဖွင့်ဆိုချက်မျိုးသည် အမှတ်အသားနှင့် ကိုက်ညီမှုမရှိပေ။ သခင်ယေရှုသည် ခရမ်းရောင်ချည်ထည်းအားဖြင့် ဘုရားဖြစ်တော်မူသည်ဟု ပြောထားသည်။ ဘုရားသခင်သည် ခရမ်း ရောင်ချည်ထည်အားဖြင့် သခင်ယေရှုသည် ဘုရင့်တကာတို့၏ဘုရင်  နှင့် သခင်တကာတို့၏သခင်ဖြစ်တော်မူသည်ဟု မိန့်တော်မူခဲ့သော အခါ ကိုယ်တော်သည် ဘာကြောင့် ဤအရာကို အပြာရောင်ချည် ထည်ဖြင့် ပြန်ပြောတော်မူခဲ့သနည်း။ လူများသည် အပြာရောင်ချည် ထည်၏လျို့ဝှက်ချက်ကို မသိကြသောကြောင့် သူတို့သည် သင့် တော်စွာ အနက်မဖွင့်ဆိုကြသောကြောင့် ဖြစ်သည်။

သူတို့သည် ကားတိုင်၏အသွေးတော်ကို သိကြသောကြောင့် သူတို့သည် အနီရောင်ချည်ထည်းပေါ်၌သာ အထူးပြုကြသည်။ တဲ တော်တံခါး၏ပန်းချီရေးဆွဲမှုကို ကျွန်ုပ်တို့ကြည့်ကြသောအခါ ၎င်း သည် အဖြူရောင်နှင့်အနီရောင်များဖြင့်သာ လွှမ်းမိုးခဲ့သည်ကို တွေ့ ရကြသည်။ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည် အရောင်လေးမျိုးတို့ကို တဲတော်ဝင်း၏တံခါးတွင် ရှင်းလင်းစွာ ဖော်ပြထားရမည် ဖြစ်သော်လည်း သူတို့သည် အနီ ရောင်နှင့်အဖြူရောင်ချည်ထည်များနှင့်အတူ ခရမ်းရောင်ချည်ထည် အချို့တို့ကို ရေးဆွဲ၍ အပြာရောင်ချည်ထည်ကို လုံးဝမတွေ့ရပေ။
ဤကမ္ဘာပေါ်တွင် အပြာရောင်ချည်ထည်၏သမ္မာတရားကို နား မလည်ဘဲ မမှန်ကန်သောယုံကြည်ခြင်းအကြောင်းကို ဟောပြောသူ များစွာရှိကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ပြစ်ဒဏ်များကို ထမ်း ရန် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များကို တစ်ကြိမ် တည်းယူဆောင်သွားတော်မူခဲ့သည်ဟု သူတို့သည် နားမလည်ဘဲ ကားတိုင်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံ ရနိုင်သည်ဟု ကြွေးကြော်သူ ယနေ့အချိန်တွင် လူများစွာရှိကြသည်။ ဤကဲ့သို့သောလူသများနှလုံးသားများတွင် အပြစ်အမြဲတမ်းရှိကြ သည်။ ဤပုဂ္ဂိုလ်များသည် ယနေ့၊ မနက်ဖြန်နှင့် နောင်အနာဂတ် များတွင် အပြစ်တရားမှ မလွှတ်မြောက်နိုင်ကြသောကြောင့် အပြစ် ၏ညှဉ်းပန်းနှိပ်စက်မှကို သေသည်ထိတိုင်အောင် ခံစားရကြသည်။ ထိုကြောင့် လူအချို့တို့က “ကျွန်ုပ်သည် သေသည့်ထိတိုင်အောင် ဘု ရားရှေ့တော်၌ အပြစ်သားဖြစ်သည်” ဟု ဝန်ခံကြသည်။ သို့သော် သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သေသည့်ထိ တိုင်အောင် အပြစ်သားများအဖြစ် နေရစ်ခြင်းမှာ စစ်မှန်သော ယုံ ကြည်ခြင်း ဖြစ်သလော။
ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ပြီးနောက် ဖြောင့် မတ်သူများ အမှန်အကန် ဖြစ်သလော။ သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်သူများအတွက် ကောင်းကင်နိုင်ငံတော်ပြင်ဆင်ထားပြီမဟုတ်လော။ ကောင်းကင် နိုင်ငံတော်သည် ဖြောင့်မတ်သူများအတွက် ဖြစ်သည်။ အပြစ်ရှိသော သူများအတွက် မဟုတ်ပေ။ အပြစ်များမှ ကယ်တင်ခြင်းခံရသော ဖြောင့်မတ်သူများနှင့် အပြစ်ကင်းစင်သောသူများသာလျှင် ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြမည် ဖြစ်သည်။
သခင်ယေရှုကို ယုံကြည်ကြသော်လည်း သေသည့်ထိတိုင် အောင်အပြစ်သားများဖြစ်ကြသည်ဟု မိမိကိုယ်ကိုကိုယ် ကြွေးကြော် သောသူများသည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည် နှင့် ပိတ်ချောအထည်များကို မယုံကြည်ကြသောကြောင့် သူတို့သည် ကိုယ်တော့်ကို ယုံကြည်ကြောင့် မည်မျှပင် ဝန်ခံကြစေကာမူ သူတို့ ၏ကယ်တင်ခြင်းမှာ သေချာမှုမရှိပေ။ သူတို့သည် သခင်ယေရှုကို ယုံ ကြည်ကြ၍ ကိုယ်တော့်ထံ ဆုတောင်းခဲ့ကြသော်လည်း သူတို့၏ဆု တောင်းခြင်းအဖြေချပေးသည်ကို သေချာမှုမရှိပေ။ သူတို့သည် သ ခင်ယေရှုကို ယုံကြည်ကြသော်လည်း ကိုယ်တော်၏မစခြင်းနှင့် ချစ် ခြင်းကို မခံစားရကြပေ။ သူတို့သည် ကိုးကွယ်သည့်အချိန်တွင် အ ချစ်ခံရနိုင်သော်လည်း သူတို့သည် မကိုးကွယ်နိုင်ကြသောအခါ ဘု ရားသခင်သည် သူတို့ကို မုန်းတီး၍ စွန့်ပစ်တော်မူသည်ဟု ခံစားခဲ့ ကြသည်။ သူတို့သည် ဘုရားသခင်ထံ အလှူငွေးပေးအပ်၍ ကိုးကွယ် သည့်အချိန်များတွင် ကိုယ်တော်သည် သူတို့ကို ချစ်တော်မူ၍ ကောင်းကြီးမင်္ဂလာချပေးတော်မူသည်ကိုလည်းကောင်း၊ သူတို့သည် အလှူငွေများ မပေးအပ်နိုင်သည့်အချိန်တွင် ကိုယ်တော်သည် သူတို့ ကို ချစ်တော်မမူသည်ဟု သူတို့ထင်တတ်ကြသည်။ သူတို့သည် ခက် ခဲမွန်းကြပ်သည့်အချိန်တွင် ဘုရားသခင်သည် သူတို့ကို မုန်းတီးတော် မူသည်ဟု ထင်၍ သူတို့သည် ဘာကြောင့် ဤသို့ခက်ခဲသောအချိန် များ ဖြတ်သန်းရကြသည်ကို မသိကြဘဲ နောက်ဆုံးတွင် သူတို့သည် စိတ်ပျက်မှုခံစား၍ ကိုယ်တော်ကို မယုံကြည်နိုင်တော့ကြပေ။
နောက်ဆုံးတွင် ဤပုဂ္ဂိုလ်များနှင့်ဘုရားသခင်အကြား ကိုးစား မှု ပျက်စီးခဲ့ရသည်။ သူတို့၏ယုံကြည်မှုသည် သူတို့၏အတွေးအခေါ် များနှင့် စိတ်လှုပ်ရှားမှုများသာဖြစ်သောကြောင့် ထိုအရာသည် စိုး ရိမ်၊ ထိတ်လန့်နှင့် မှားယွင်းစရာကောင်းပေသည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ တိုးဝင်ချဉ်းကပ်ကြသောအခါ ကျွန်ုပ်တို့မိမိစိတ် လှုပ်ရှားမှုများကို ဘေးချိတ်ထားရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားမျက်မှောက်တော်၌ တိုးဝင်ကြသောအခါ အပြစ်များကြောင့် အပ္ပါယ်ငရဲသို့ သွားရမည်ကျွန်ုပ်တို့ကို သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကယ်တင်တော်မူခဲ့သည်ဟူသော သမ္မာတရားကို ဘုံကြည်သော ယုံကြည်ခြင်းဖြင့် တိုးဝင်ချဉ်းကပ်ရ ကြမည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ပညတ် တော်၏နှုတ်ကပတ်တော်ရှေ့၌သော်လည်းကောင်း၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းရှေ့၌သော်လည်းကောင်း ကျွန်ုပ်တို့စိတ်များ၌ ကျွန်ုပ်တို့သည် ခြွင်းချက်မရှိ အပ္ပါယ်ငရဲသို့ သွားရမည့်သူများဖြစ်ကြ သည်ဟု ရှင်းလင်းစွာ အသိအမှတ်ပြုရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် အပြစ်သားများအမှန်အကန်ဖြစ်ကြ၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့ကယ်တင်တော်မူခဲ့သည်ကို သိ၍ သင်ယူကာ ယုံကြည်လျက် ကိုးစားမှသာလျှင် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏စစ်မှန်သောကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ အားလုံးနားလည်သဘောပေါက်ကြလိမ့်မည်။

 


ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်ခြင်းအားဖြင့်သာ လျှင် ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိနိုင်ကြသည်


ထိုကြောင့် သင်နှင့်ကျွန်တော်တို့သည် ကောင်းမှုကုသိုလ်အား ဖြင့်မဟုတ် အပြောရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင် ခြင်းခံရကြသည်ဟု နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင် တော်မူရန်အတွက် ဤသမ္မာတရားလေးမျိုးဖြင့် ရှင်းလင်းစွာ ကြွလာ တော်မူခဲ့သည်ဟု ကျွန်ုပ်တို့သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ် တော်သည် မေရှိယအဖြစ် ကြွလာတော်မူရန် ဓမ္မဟောင်းကျမ်းတွင် ကတိပြုတော်မူခဲ့သည့်တိုင်း ကိုယ်တော်သည် ဤလောကသို့ ကြွ ဆင်းတော်မူခဲ့၍ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များနှင့် လူသားအား လုံး၏အပြစ်များကို မိမိအပေါ်သို့ တစ်ကြိမ်တည်း ယူဆောင်သွား တော်မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည် လောကအပြစ်များကို ကားတိုင်ပေါ်သို့ ယူဆောင်သွားတော်မူ၍ အသေခံကာ အသွေးတော် သွန်းလောင်းတော်မူလျက် မသေခင်မှာ “အမှုပြီးပြီ”(ယောဟန် ၁၉း ၃၀)ဟု ကြွေးကြော်တော်မူခဲ့သည်။ ကိုယ်တော်သည် သုံးရက် မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်တော်မူ၍ ရက် ပေါင်း ၄၀အတွင်း သက်သေခံခဲ့ပြီးနောက် ဘုရားသခင်၏ပလ္လင် တော်လက်ျာတော်၌ စိုးစံတော်မူ၍ ပြန်လည်ကြွလာမည်ဟု ကတိ ပြုတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤအရာများကို ယုံကြည်ရကြ မည် ဖြစ်သည်။
“ငါက သင့်အား အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်သာသနာလုပ်ငန်းများအားဖြင့် တိကျစွာ ကယ်တင်ခဲ့တယ်။ ဤကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်သူများ ကို သိမ်းဆည်ရန်ငါ ပြန်လည်ကြွလာမည်။ ငါသည် သူတို့ကို ဘုရား သခင်၏သားသမီးများဖြစ်ရသောအခွင့်ကိုလည်း ပေးလိမ့်မည်။ ဤ သမ္မာတရားကို နှလုံးသား၌ ယုံကြည်သူများအတွက် သူတို့အပြစ် များကို ဆေးကြောပေး၍ မိုးပွင့်ပမာ ဖြူစင်စေကာ သန့်ရှင်းသော ဝိညာဉ်တော်ပေးအပ်လျက် သူတို့ကို ငါ၏သားသမီးများဖြစ်စေလိမ့် မည်။” ဤအရာသည် ကျွန်ုပ်တို့အား ကိုယ်တော်ပြောကြားတော်မူခဲ့ သောစကား ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို ယုံကြည်ရကြမည် ဖြစ် သည်။ ကိုယ်တော်သည် ဤကတိတော်များကို ပြည့်စုံစေတော်မူခဲ့ သည်။ ကိုယ်တော်သည် ဤလောက၌ အသက်ရှင်သူများတွင် အမှု အမှန်အကန် ပြုတော်မူသည်။ ကိုယ်တော်သည် ဤသမ္မာတရားကို ယုံကြည်သူများနှင့် သက်သေခံသောသူများကို ကာကွယ်တော်မူ သည်။ ကိုယ်တော်၏ဗတ္တိဇံလုပ်ငန်းအားဖြင့် ကျွန်ုပ်တို့သည် ကယ် တင်ခြင်းခံရကြကာ ကျေးဇူးတော်၌ ကိန်းဝပ်၍ ဘုရားသခင်၏ ကွယ်ကာမှုနှင့် မေတ္တာတော်ကို ခ့ဏားကာ ဖြောင့်မတ်ခြင်းအသက် တာအားဖြင့် အသက်ရှင်နိုင်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အားကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အပြစ်များမှ ရွေးနှုတ်ခြင်းခံရကြသည်။
တဲတော်အကြောင်းအခြေပြုဤစာအုပ်ကို ကမ္ဘာ့ဘာသာပေါင်း အားလုံးသို့ ဘာသာပြန်ဆိုသောအခါ တစ်ကမ္ဘာလုံးသည် သမ္မာတ ရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရကြလိမ့် မည်ဟု ကျွန်တော် ယုံကြည်သည်။ သခင်ယေရှု၏အသွေးတော်အား ဖြင့်သာ အပြစ်ဖြေလွှတ်ခြင်းလာသည်ဟု ကြွေးကြော်သောသူများ သည် ဤသို့သောကြွေးကြော်မှု မပြုနိုင်ကြတော့ပေ။ သို့သော် သူတို့ သည် မိမိမှားယွင်းသောကြွေးကြော်မှုများ မည်သို့ပြုခဲ့ကြသည်ကို နားလည်သဘောပေါက်ကြလိမ့်မည်။ သူတို့သည် မှားယွင်းသောအ ရာကို မဆုပ်ကိုင်တော့ဘဲ ဤအရာသည် ကယ်တင်ခြင်းဖြစ်သည်ဟု ကြွေးကြော်ကြလိမ့်မည်။ သူတို့သည် သခင်ယေရှု၏အသွေးတော် တစ်ပါးတည်းကိုသာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်ကြ သည်ဟု လုံးဝပြောနိုင်တော့မည်မဟုတ်ပေ။
တဲတော်ဝင်း၏တံခါးတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၊ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်နှင့်ပိတ်ချောအ ထည်များ၏ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို တွေ့ရသည်။ ဤအ ရာသည် ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကတိ ပြု၍ ပရောဖက်ပြုထားသောအရာဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားသခင်သည် ဓမ္မသစ်ကျမ်း၌ ကိုယ်တော်၏ဗတ္တိဇံနှင့် အသေခံ တော်မူခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းပြည့်စုံစေ တော်မူခြင်းအားဖြင့် ဤကတိတော်စောင့်ရှောက်တော်မူသော ကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ကယ်တင်ခြင်းဆုကျေးဇူးကို ဝမ်းမြောက်ခြင်းနှင့် ကျေးဇူးတင်ခြင်းများဖြင့် ယုံကြည်ကြလျှင် ကျွန်ုပ်တို့အားလုံးသည် ထာဝရအပြစ်ဖြေလွှတ်ခြင်းရရှိနိုင်ကြသည်။
ဤအရာသည် အလွန်လွယ်ကူ၍ ပြည့်စုံသောနှုတ်ကပတ် တော် ဖြစ်သည်။ သို့သော် သင်သည် နှုတ်ကပတ်တော်၌ ဖြူစင်သော ယုံကြည်ခြင်းမရှိလျှင် ထိုအရာသည် ကမ္ဘာပေါ်တွင်ရှိသောပညာ အားလုံးနားမလည်နိုင်သောသမ္မာတရားလည်း ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို နှုတ်ကပတ်တော်အတိုင်း ယုံ ကြည်ရကြမည် ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့လျစ်လျူရှုရန် ကြိုးစားအားထုတ်ခြင်းမပြုနိုင်သော မြင့်မြတ်သောသမ္မာတရားဖြစ် သောကြောင့် သင်နှင့်ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အမှန်အကန် ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် ထည်နှင့် ပိတ်ချောအထည်သမ္မာတရားကို သွန်သင်တော်မူခြင်းအား ဖြင့် ယုံကြည်ခြင်းအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ကယ်တင်ခြင်းဆု ကျေးဇူးကို ကျွန်ုပ်တို့အား ခံစားရရှိစေသောအခွင့်ကို ပေးအပ်တော် မူသည်။ 
ဤသမ္မာတရားကို ယုံကြည်သူ သင်နှင့်ကျွန်တော်တို့အားလုံး သည် ကိုယ်တော်၏သမ္မာတရားမေတ္တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ သို့သော် အပြာရောင်၊ ခရမ်းရောင်နှင့် အနီ ရောင်ချည်ထည်နှင့်ပိတ်ချောအထည် စစ်မှန်သောသမ္မာတရားကို လျစ်လျူရှု၍ မှားသောလမ်းသို့ လူများကို လမ်းပြသူများစွာ ရှိနေ သေးသည်။ သူတို့ထံ ကျွန်ုပ်တို့သည် ဤသမ္မာတရားကို ဟောပြော လိုကြသည်။ သမ္မာတရားကို လျစ်လျူရှုခြင်းအားဖြင့် စိတ်ညှဉ်းဆဲ ခြင်းခံရသောနှလုံးသားများအပေါ် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းသမ္မာတရားကိုု ဟောပြော၍ သူတို့သည် အ ပြစ်များမှ ဖြေလွှတ်ရန်နှင့် ကယ်တင်ခြင်းတံခါးသို့ ဝင်ရောက်ရန် ဆန္ဒရှိကြသည်။ ကျွန်ုပ်တို့သည် တဲတော်၏သမ္မာတရားကို ဟော ပြောကြသောအခါ ၎င်းကို ယုံကြည်သူများသည် ကယ်တင်ခြင်းခံရ ကြလိမ့်မည်။ သို့သော် မယုံကြည်သောသူများသည် အပြစ်များ၏ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံ ကြည်ရန် ဆုံးဖြတ်ချက်ချခဲ့လျှင် အပြာရောင်၊ ခရမ်းရောင်နှင့် အနီ ရောင်ချည်ထည်သမ္မာတရားကို သိ၍ ကိုယ်တော်ကို ယုံကြည်ရကြ မည် ဖြစ်သည်။
မည်သူမည်ဝါမျှ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် ထည်ကို အစကတည်းက မသိကြပေ။ ဘုရားသခင်က “သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (ယောဟန် ၈း၃၂)ဟု မိန့်တော်မူခဲ့သည်။ အဘယ်အရာသည် သမ္မာ တရား ဖြစ်သနည်း။ သမ္မာတရားမှာ စစ်မှန်သောသတင်းကောင်း ဖြစ်သည်(ဧဖက် ၁း၁၃)။ ၎င်းသည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်ချည်ထည် ၌ထင်ရှားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်ကို သင့် တော်စွာသိ၍ ယုံကြည်ခြင်းသည် သမ္မာတရားကို မှန်ကန်စွာ ယုံ ကြည်ခြင်း ဖြစ်သည်။
သမ္မာတရားသည် ကျွန်ုပ်တို့ကို လွှတ်လပ်စေလိမ့်မည်ဟု ဘာ ကြောင့် ဘုရားသခင်ပြောကြားတော်မူခဲ့သနည်း။ သင်သည် အပြစ် များမှ မည်သို့ ကယ်တင်ခြင်းခံရမည်နည်း။ အပြာရောင်၊ ခရမ်း ရောင်၊နှင့် အနီရောင်ချည်ထည်တို့ကို ယုံကြည်ခြင်းအားဖြင့် သင် သည် အပြစ်များအားလုံးမှ လွှတ်မြောက်ရုံမက သင်နှလုံးသား၌ သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်တော်မူမည်လော။ သင်၏နှလုံးသား များနှင့်မနောစိတ်၌ အပြစ်များ ကွယ်ပျောက်ခဲ့သလော။ ဘုရားသ ခင်သည် သင်၏ခမည်းတော်ြဖစ်တော်မူသည်ဟု သင်၏အတွင်းနှ လုံးသားမှ အမှန်အကန်ယုံကြည်၍ အမှန်အကန် ဝန်ခံနိုင်သလော။ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူများကို မိမိသားသမီး များအဖြစ် အသိအမှတ်ပြုတော်မူခဲ့သောကြောင့် ကိုယ်တော်သည် တဲတော်ဝင်း၏တံခါ၌ ရက်လုပ်ထားသော အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ထည်နှင့်ပိတ်ချောအထည်ကို သိ၍ယုံကြည်သူ များ၏ယုံကြည်မှုကိုသာ အသိအမှတ်ပြုတော်မူခဲ့သည်။ အပြစ်သား များသည် ဘုရားသခင်၏သားသမီးများမဟုတ်ကြပေ။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်း၊ ဘုရားသခင်ချပေးတော်မူခဲ့သော သတင်း ကောင်းကိုသာ ယုံကြည်သူ ဒုတိယမွေးဖွားခံရသောသူများသာလျှင် ခမည်းတော်ဘုရားသခင်၏သားသမီးများ ဖြစ်လာနိုင်ကြသည်။
ကျွန်ုပ်တို့သည် ဤလောက၌ အသက်ရှင်နေကြစဉ် အခက်အ ခဲများ၊ တိုက်ခိုက်မှုများနှင့် ဆင်းရဲဒုက္ခများ တွေ့ရကြသော်လည်း ဘု ရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဝမ်းမြောက်ကြသည်။ ကျွန်ုပ်တို့သည် မစုံလင်ကြ သော်လည်း ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာခံစားသောဘဝများ ဖြင့် အသက်ရှင်နေကြ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ကြာကာ တစ်ကမ္ဘာလုံးသို့ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည် ထည်သတင်းကောင်း၊ ကျွန်ုပ်တို့အား ချပေးသောဘုရားသခင်၏ ဖြောင့်မတ်ခြင်းသတင်းကောငး်ကို ဟောပြောနေကြသည်။
ထိုပြင် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်အ တွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်သည်။ ကျွန်တော်သည် သခင်ယေရှုကို ပထမယုံကြည်ခဲ့သောအခါ ကျွန်ုပ်တို့သည် မည်သို့ ပင်ဆက်ကပ်၍ ယုံကြည်နေပါစေ ကျွန်ုပ်နှလုံးသားမှာ အပြစ်ရှိသေး ၍ ဤအရာကြောင့် ကျွန်တော်သည် ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရ သည်။ ကျွန်တော်သည် သခင်ယေရှုကို စိတ်နှလုံးဖြူစင်စွာ မည်သို့ ပင်ယုံကြည်နေပါစေ ကျွန်ုပ်မနောစိတ်၌ အပြစ်ရှိသေးသည်။ လူတစ် ဉီးသည် အပြစ်ရှိသည်/မရှိသည်ကို ဘုရားရှေ့တော်၌ သာမက သူ၏ စိတ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ တစ်နည်းအားဖြင့် သူတို့၏ မနောစိတ်၌ ရေးထားသော အပြစ်များရှိသူများသည် အပြစ်ဖြေ လွှတ်ခြင်းမခံရသေးသောသူများ ဖြစ်ကြသည်။ သူတို့၏မနောစိတ် များ၌ အပြစ်များအသေးငယ်ဆုံးရှိလျှင်တောင် သူတို့သည် အပြစ် ဖြေလွှတ်ခြင်းမခံရခဲ့သည်ကို သက်သေထင်ရှားသည်။
သို့သော် ကျွန်တော်သည် မိမိအပြစ်များ၊ အသေးငယ်ဆုံးသော အပြစ်များကိုပင် ဖြေရှင်းချက်များအားလုံးကို ဖြေရှင်းပေးမည့် သမ္မာ တရားကို မသိနိုင်ကြသောအခါ၊ ကျွန်ုပ်နှလုံးသား၌ မေးခွန်းများနှင့် စိတ်တွေဝေမှုများအားလုံးပေါ်ပေါက်လာသောအခါ ဘုရားသခင် သည် ကျွန်တော့်အား အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည် ထည်နှုတ်ကပတ်တော်အားဖြင့် တွေ့တော်မူခဲ့သည်။
ဤနှုတ်ကပတ်တော်ကို ယခင်က ကျွန်ုပ်တို့ဖတ်ခဲ့သော ရှင်မ  ဿဲခရစ်ဝင်ကျမ်းရှိ ကျမ်းချက်တွင် တွေ့ရကြသည်။ မဿဲ ၃း၁၃- ၁၇ကို ဖတ်စဉ် “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါ”(မဿဲ ၃း၁၅)ဟူသောကျမ်းချက်ကို ကျွန်တော်ဖတ်ခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ၍ ရေ မှ ပေါ်ထစဉ်တွင် ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းကို သက်သေခံ တော်မူ၍ သခင်ယေရှု၏ဗတ္တိဇံအားဖြင့် အပြစ်များအားလုံးကို ဖယ် ရှားပေးခဲ့သည်နှင့်အညီ ဖြောင့်မတ်ခြင်းအားလုံးပြည့်စုံခဲ့သည်ဟု ကျွန်တော်နားလည်သဘောပေါက်၍ ယုံကြည်ခဲ့သည်။
သခင်ယေရှုခရစ်တော်သည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူ တော်မူခဲ့သောအခါ ကျွန်ုပ်အပြစ်များအားလုံးကို ကိုယ်တော့်အပေါ် သို့ လွှဲပြောင်း၍ ထိုအပြစ်များအားလုံးကို ကားတိုင်ပေါ်တွင် တစ် ကြိမ်တည်း ဖြေရှင်းခဲ့သည်။ သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံ ယူတော်မူခဲ့ခြင်းအကြောင်းကို ကျွန်တော်နားလည်သဘောပေါက်၍ ယုံကြည်သောအခါ မဖြေရှင်းရသေးသောအပြစ်များအကြောင်းနှင့် ပတ်သက်၍ ပြဿနာများနှင့်မေးခွန်းများအားလုံးကို အဖြေရခဲ့၍ ကျွန်ုပ်အပြစ်များအားလုံးသည် ကျွန်တော့်ထံမှ လုံးလုံး ကျွတ်သွားခဲ့ သည်။ ဘုရားသခင်၏စစ်မှန်သောနှုတ်ကပတ်တော်၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို သိ၍ ယုံကြည်ခြင်းအားဖြင့် ဤအပြစ်ဖြေ လွှတ်ခြင်းကို ကျွန်တော်ခံစားခဲ့ရသည့်အချက်ကြောင့် ဤအပြစ်ဖြေ လွှတ်ခြင်းသမ္မာတရားအတွက် ကျွန်တော်အလွန်ကျေးဇူးတော်ချီး မွမ်းသည်။
ကိုယ်တော်သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်တော်ထံ ရောက်တော်မူ၍ ကျွန်တော်သည် ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ် တော်၊ ၎င်းကို နှလုံးသား၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် များ ဖြေလွှတ်ခြင်းခံစားရရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများနှုတ်ကပတ်တော်အားဖြင့် လူများစွာ ထံ အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ချည်ထည်သတင်း ကောင်းကို သက်သေခံ၍ ယခုတွင် ကျွန်တော်သည် ဤကယ်တင် ခြင်း သမ္မာတရားများနှင့် လျို့ဝှက်ချက်များကို အားလုံးထံ ဆက် လက်ဟောပြောနေသည်။ စစ်မှန်သောသတင်းကောင်းမှာ လူသား များ တီထွင်ဖန်တီးသော အတွေးအခေါ်များ၊ ဓမ္မခံယူချက်များနှင့် စိတ်လှုပ်ရှားမှုအတွေ့အကြုံများမဟုတ်ပေ။
ကိုယ်တော်သည် အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ချည် ထည်နှင့်ပိတ်ချော်တို့ဖြင့် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးတော်မူ ခဲ့သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်အားဖြင့် တစ်ကမ္ဘာလုံးတွင်ရှိသောလူသားအားလုံးသည် ကယ်တင်ခြင်းသမ္မာ တရားကို ရှင်းလင်းစွာနားလည်သဘောပေါက်၍ ဤသမ္မာတရား သည် အခြားသောအရာမဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြစ်သည်ဟု အသိအမှတ်ပြုကြလိမ့်မည်။ ဤသမ္မာတရား သည် ဤနောက်ဆုံးချိန်များတွင် အလွန်လိုအပ်သော သမ္မာတရား လည်း ဖြစ်သည်။ မရေတွက်နိုင်သောလူများသည် ဤသမ္မာတရား ကို ယုံကြည်လာကြလိမ့်မည်။
ယနေ့ခေတ်ကာလသည် လူများ၏ဖြောင့်မတ်ခြင်းကို ချိုးဖြတ် ၍ သူတို့၏ဆိုးသွမ်းခြင်းကို ပျံ့နှံ့သောခေတ်ကာလ ဖြစ်သည်။ ပတ် ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးသွားသောအခါ လူများ သည် သူတို့၌ပိတ်လှောင်ထားသော ဆိုးသွမ်းမှုများအားလုံး သွန်း လောင်းထင်ရှားသည်။ သို့သော် ကိုယ်တော်သည် သင်နှင့်ကျွန်တော် တို့အား အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်သတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်တော်မူခဲ့သည်။ ဤကောင်းကြီးမင်္ဂလာသည် မည်မျှကျေးဇူးတင်စရာနှင့် တန်ဖိုးမ ဖြတ်နိုင်သောအရာ ဖြစ်သနည်း။ ကျွန်တော်သည် ဝမ်းမြောက်ခြင်း နှင့်ပျော်ရွှင်းခြင်းနှင့်ပြည့်နှက်သဖြင့် ဤရှင်းလင်းသောကယ်တင် ခြင်းအတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်သည်။
ဘုရားသခင်ကြိုတင်ပြောကြားတော်မူခဲ့သည့်အတိုင်း ကမ္ဘာ ကြီးသည် နောက်ဆုံးအချိန်များသို့ ဉီးတည်နေ၍ ဤခေတ်ကာလသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ဤသို့သောအချိန်များတွင် ဘုရားသခင် ကို စိတ်နှလုံးအကြွင်းမဲအစေခံသောသူ အနည်းငယ်ပမာဏသာရှိ သည်။ ယုံကြည်သူများ၏ယုံကြည်ခြင်းသည် အားနည်းသောအခါ သင်သည် ရေနှင့်ဝိညာဉ်တော်သမ္မာတရားထက် အခြားသောအရာ တစ်စုံတစ်ခုတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ရန်ကြိုးစားလျှင် သင် သည် နှလုံးသားများ၌ ဒဏ်ရာဖြင့် နိဂုံးချုပ်လိမ့်မည်။ ဘုရားသခင် ကို ယုံကြည်သောအခါ သင်သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီ ရောင်ချည်ထည်သတင်းကောင်းကို ယုံကြည်ခြင်းမရှိလျှင် သင် သည် မိမိနှလုံးသား၌ အဓိပ္ပါယ်မရှိသောအရာကို သိုလှောင်ခြင်းမရှိ၊ မည်သည့်အသီးကိုမျှ မထုတ်လုပ်သောကြောင့် သင်သည် စိတ်ပျက် လက်ပျက် ဖြစ်ရလိမ့်မည်။
တဲတော်၏အရောင်လေးမျိုးဖြစ်သောအပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ချည်ထည်နှင့် ပိတ်ချောအထည် သတင်းကောင်းသမ္မာ တရားသည် ရှင်းလင်းသောသမ္မာတရားဖြစ်၍ ဤအမှောင်ကမ္ဘာအ တွက် တစ်ခုတည်းသော၊ အကောင်းဆုံးသောသတင်းကောင်း ဖြစ် သောကြောင့် ဖြစ်သည်။ တဲတော်၌ ထင်ရှားသောသမ္မာတရားကို သိ ၍ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသော ဘဝဖြင့် ကျွန်ုပ်တို့အသက်ရှင်ခြင်းမှာ   ကျွန်ုပ်တို့အတွက် တန်ဖိုးမဖြတ်နိုင် သော ကောင်းကြီမင်္ဂလာ၊ မြင့်မြတ်သောဆုကျေးဇူးနှင့် ကြီးမားသော ဝမ်းမြောက်ခြင်းတစ်ခု ဖြစ်သည်။
တဲတော်တံခါး၌ ထင်ရှားသော အပြာရောင်၊ ခရမ်းရောင်၊နှင့်အ နီရောင်ချည်ထည်နှင့် ပိတ်ချောအထည်သမ္မာတရားကို သိ၍ ယုံ ကြည်သူများသည် သမ္မာတရားကို အစေခံကြသောကြောင့် မှားယွင်း ခြင်းမဟုတ် သူတို့၏နှလုံးသားများ၌ ကြီးမားသောဝမ်းမြောက်ခြင်း ကို အမြဲတမ်းတွေ့ရှိကြသည်။
တဲတော်ဝင်း၏တံခါး၌ ထင်ရှားခဲ့သော ဤသမ္မာတရားကို သင် သည်လည်း သိ၍ ယုံကြည်သလော။ သင်သည် ထိုအရာကို သိ၍ ယုံ ကြည်ရမည် ဖြစ်သည်။