Search

တဲတော်အကြောင်းလေ့လာခြင်း

ကြေးဝါအင်တုံ

ဆက်စပ်သောတရားဟောချက်မျာ

· ကြေးဝါအင်တုံအားဖြင့်ထင်ရှားသည့် ယုံကြည်ခြင်း (ထွက် ၃၀း၁၇-၂၁)

ကြေးဝါအင်တုံအားဖြင့်ထင်ရှားသည့် ယုံကြည်ခြင်း
(ထွက် ၃၀း၁၇-၂၁)
“တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ အာရုန်နှင့်သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ် ကြား၌ ထားရမည်။သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော် ၎င်း၊၊အမှုတော်ကို ထမ်း၍ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်း ငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊သေဘေးနှင့် ကင်းလွတ်မည်အ ကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အ နွယ်အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။”
 
 
တန်တိုင်းတော်တွင်ရှိသော ကြေးဝါအင်တုံ
 
ကြေးဝါအင်တုံ
အသုံးအဆောင်ကြေးဝါ အင်တုံကို ကြေးဝါဖြင့် ပြုလုပ်၍အထဲ တွင် အစဉ်သဖြင့်ရေနှင့် ပြည့်စေရမည်။
ဝိညာဉ်ရေးရာအနက်အဓိပ္ပါယ်-ကြေးဝါဆိုသည်မှာလူသားမျိုးနွယ် တစ်ရပ်လုံး၏အပြစ်ဒဏ်စီရင်ခြင်းဖြစ်သည်။ လူသားအားလုံး၏ အပြစ် ဒဏ်စီရင်ခြင်းကို ခံယူဖို့ယေရှုသည်ယောဟန်ထံ၌ဗတ္တိဇံကိုခံယူခြင်းအား ဖြင့်လောကသားအားလုံး၏အပြစ်ကို သူ့အပေးသို့တင်တော်မူ၏။ ထိုသို့ နှင့်အညီကြေးဝါအင်တုံ၏အခြားအဓိပ္ပါယ်မှာ ယေရှုသည် ဗတ္တိဇံခံယူခြင်း ဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့ တင်တော်မူပြီဟု ယုံကြည် ခြင်းဖြင့်ကျွန်ုပ်တို့၏ အပြစ်များကို ဆေးကြောနိုင်သည်ဟူ၍ဖြစ်သည်။
ယဇ်ပုရောဟိတ်များသည် သေခြင်းကိုရှောင်လွှဲနိုင်ဖို့ တဲတော်သို့မ ဝင်မီကြေးဝါအင်တုံတွင် ခြေနှင့်လက်တို့ကို ဆေးရမည်။ ကြေးဝါ၏အ ဓိပ္ပါယ်မှာလူသားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်ဒဏ်စီရင်ခြင်းဖြစပြီး ကြေးဝါ အင်တုံမှ ရေဆိုသည်မှာ ယေရှုသည်ယောဟန်၏လက်မှဗတ္တိဇံကိုခံယူ ခြင်း ဖြင့် လောကလူသားအားလုံး၏ အပြစ်ကို ယူတင်ဆောင်ရွက်ခဲ့သည်ဟုဆို လိုသည်။ တစ်နည်းအားဖြင့် ကြေးဝါအင်တုံမှ ယေရှုသည် အပြစ်ရှိသမျှကို လွှဲပြောင်းရယူပြီးမှ ထိုအပြစ်၏အဖိုးအခအတွက် ကဲ့ရဲ့ရှုတ်ချခြင်းကို ခံယူ ခဲ့ကြောင်းဆိုလိုသည်။ဓမ္မဟောင်းကျမ်းမှကြေးဝါအင်တုံရှိရေသည်တဲတော် ရှိ အပြာရောင်ချည်ထည်ကို ဆိုလို၍ဓမ္မသစ်ကာလတွင် ယောဟန်၏လက် မှ ယေရှုခံယူခဲ့သည့် ဗတ္တိဇံမင်္ဂလာကို ဆိုလိုသည်(မ ၃း၁၅၊ ၁ပေ ၃း၂၁)။
ကြေးဝါအင်တုံဆိုသည်မှာ ယေရှု၏ဗတ္တိဇံမင်္ဂလာခံယူခြင်းကို ရည် ညွှန်းလျက်လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ကျော်က ယေရှုသည် ယောဟန် ၏လက်မှဗတ္တိဇံခံယူခြင်းအားအပြစ်ရှိသမျှကို ယူတင်ဝတ်ဆောင်လျက် ဆေးကြောသည့်နေရာဖြစ်ကြောင်း ယုံကြည်သည့်အချက်အပေါ် အတည် ပြုနိုင်သည်။
ကမ္ဘာပေါ်တွင်ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိတရားကို ယုံကြည် သောသူသည်ဖြောင့်မတ်သောသူဖြစ်သည်။ သူတို့သည် အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်အားဖြင့် ထင်ရှားခဲ့သည့် ယေရှု၏ ဆောင်ရွက်ချက်ကို ယုံကြည်ခြင်းအားဖြင့်ခွင့်လွှတ်ခြင်းခံရလျက် အပြစ်ရှိ သမျှဆေးကြောခြင်းကို ခံရသော သူများဖြစ်ကြသည်။ထိုသို့ဖြစ်သည့်တိုင် အောင် ဖြောင့်မတ်သောသူသည် အပြစ်ဆေးကြောခြင်းခံရသော်လည်းမ လွဲသာမရှောင်သာဘဲနေစဉ် အပြုကျူးလွန်သဖြင့် ထိုအပြစ်ကို ဒုစရိုက်အ ပြစ်ဟုခေါ်သည်။ဖြောင့်မတ်သော သူတစ်ဦးအတွက် နေ့စဉ်ကျူးလွန်သော ဒုစရိုက်အပြစ်ကို ကျူးလွန်သောအခါ တဲတော်ရှိတန်တိုင်းတော်မှ ကြေးဝါ အင်တုံရှိရာသို့ လာ၍ခြေနှင့်လက်ကိုဆေးကြောလျှင် ယေရှုအနေဖြင့် ဒုစ ရိုက်အပြစ်ကို အားလု့းဆေးကြောခဲ့ပြီဟူ၍၎င်း၊ ဘုရားသခင်၏၏နှုတ်က ပတ်တော်တွင် ရေးသားထားပြီဟူ၍ ၎င်းယုံကြည်သည့် ယုံကြည်ချက်အ ပေါ်ထပ်မံအတည်ပြုခြင်းဖြစ်သည်။
သမ္မာကျမ်းစာတွင်ရေဆိုသည်မှာဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းအကြိမ်ပေါင်းများစွာ ဖော်ပြထားသည်အနက် အရေးကြီးသော အနက်အဓိပ္ပာယ်တစ်ခုမှာယေရှု၏ရေဖြင့် ခံယူသော ဗတ္တိဇံကို ဆိုလိုသည်။ “အသရေတင်တယ်လျက်ရှိသောအသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့် စင် ကြယ် သန့်ရှင်းစေမည်အကြောင်း” ဟု ဖော်ပြထားလျက်“သင်တို့သည် ငါ ဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏” (ဧ ၅း၂၆၊
ယော၁၅း၃)ဟုထပ်မံဖော်ပြထားလျက်ရှိသည်။ ကြေးဝါအင်တုံမှသန့်ရှင်း သောသူသည်အဘယ်မျှ လောက်ပင်ချွတ်ယွင်းချက်ရှိစေကာမူယေရှု၏ ရေ ၌ဗတ္တိဇံခံယူခြင်းအားဖြင့်အပြစ်ရှိသမျှကို ဆေးကြောကာ ခွင့်လွှတ်ခြင်း ခံရ သည့်အထောက်အထားရှိကြောင်းကြေးဝါအင်တုံမှပြသပေးလျက်ရှိသည်။
“ထိုသို့သော ဥပမာအတိုင်းယခုတွင်ဗတ္တိဇံ ယေရှုခရစ်ထမြောက် တော်မူသောအားဖြင့် ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ် ကာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်၍ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။ ထိုသခင် သည် ကောင်းကင်ဘုံသို့ကြွတော်မူသည်ဖြစ်၍ ကောင်းကင်တမန် အစရှိ သော အာဏာစက်တန်ခိုးများတို့ကိုအုပ်စိုးလျက် ဘုရားသခင်၏ လကျာ် တော်ဖက်၌ရှိတော်မူ၏။” (၁ပေ ၃း၂၁-၂၂) ဤကျမ်းပိုဒ်မတိုင်မီ နောဧ လက်ထက်ရေလွှမ်းမိုးခြင်းအဖြစ်အပျက်မှ ရေနှင့်စပ်ဆိုင်သော ဝိညာဉ်ရေး ရာအနက်အဓိပ္ပါယ်ကို ပေတရုမှ ရှင်းလင်းတင်ပြထားလျက်ရှိသည်။ နော ဧအနေဖြင့်သတိပေးသည့်ကြားမှ တစ်နည်းအားဖြင့် ဆေးကြောခြင်းခံရ သဖြင့် ပထမကမ္ဘာသည်သန့်စင်လျက် လူ(၈)ဦးသည်သာရေကြောင့် ကယ် တင်ခြင်းရရှိခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ် တော်ကို မယုံကြည်သော သူတို့သည် ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီးခဲ့ကြသည်။ပေတရုအနေဖြင့် ရေလွှမ်းမိုးသည့် အဖြစ်အပျက်မှ ရေသည်ယေရှု၏ရေ၌ ဗတ္တိဇံကိုခံယူခြင်း အတွက် ပုံဆောင်ချက်ဖြစ်သည်ဟု ထောက်ပြခဲ့ပါသည်။ ထိုသို့ အားဖြင့် ကြေးဝါအင်တုံသည် ကယ်တင်ခြင်းရပြီးမှ ဘုရားသခင်၏ရှေ့မှောက်တွင် ထပ်မံ၍ ကယ်တင်ခြင်းကိုအတည်ပြုသည့်နေရာဖြစ်သည်။
အပြစ်များထဲမှ ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရသော သန့်ရှင်း သူများသည်ကြေးဝါအင်တုံမှ ရေ(ယေရှု၏ဗတ္တိဇံ) နှင့်ကြေးဝါ (ဘုရားသ ခင်၏ တရားစီရင်ခြင်း) ကိုအသုံးပြုချက် ယေရှုသည် အပြစ်ထဲမှ သူတို့ ကိုလွတ်မြောက်စေပြီဆိုသည့် အချက်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသ ခင်၏ ကျေးဇူးတော် ဝတ်လုံကိုဝတ်ဆင်သူများဖြစ်သည်။ကျွန်ုပ်တို့သည် အားနည်းချက်၊ ချွင်းချက်များနှင့်ပြည့်နှက်နေသောကြောင့် ဖြောင့်မတ် သောသူအဖြစ် မိမိကိုယ်ကို သတ်မှတ်ဖို့ ခက်ခဲသူများ ဖြစ်သော်လည်း ယေ ရှု၏ဗတ္တိဇံ(အပြစ်ကိုထမ်းရွတ်ခြင်းရေ)နှင့် လက်ဝါးကပ်တိုင်ပေါ်ဝယ် သွန်း လောင်းသည့်သူ၏အသွေးတော်အပြစ်ဒဏ်စီရင်ခံရခြင်း-ကြေးဝါ) ယုံကြည် ချက်ကို ထပ်မံ၍ဆက်သခြင်းဖြင့် အကုန်အစင်ဖြောင့်မတ်သော သူဖြစ် ကြောင်း အတည်ပြုနိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်း ဟူသောအပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းအားလုံးထဲမှ ကျွန်ုပ်တို့အား ကယ် တင်ခဲ့သည်ဆိုသည့်အချက်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ် နှင့်ကင်းစင်သော ဖြောင့်မတ်သူအစဉ်အမြဲဖြစ်နိုင်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့အား ပြောပြသည့်အ ချက်မှာယေရှုသည်ယောဟန်၏လက်မှ ဗတ္တိဇံကို ခံယူခြင်းအားဖြင့် ကျွန်ုပ် တို့၏အပြစ်အားလုံးကိုယူတင်ဆောင်ရွက်လျက် ကျွန်ုပ်တို့ကိုယ်စား အပြစ် ဒဏ်စီရင်ခြင်းကိုခံဖို့ လက်ဝါးကပ်တိုင်ပေါ်ဝယ်အသွေးတော် သွန်းလောင်း ခြင်းဖြင့် ခပ်သိမ်းသော အပြစ်ထဲမှ ကျွန်ုပ်တို့အား အပြည့်အဝကယ်တင်ခဲ့ ပြီဟူ၍ဖြစ်သည်။
 
 
နေ့စဉ်ပြုမိသော ဒုစရိုက်အပြစ်ထဲမှသင်သည်အစဉ်အမြဲလွတ်မြောက်သော သူဖြစ်ပြီလား။
 
လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေမခံမီနောက်ဆုံးညနေစာကို တ ပည့်တော်တို့နှင့်အတူတကွသုံးဆောင်နေကြစဉ်ပသခါအစားအစာနှင့်စပျစ် ရည်ကိုဝေငှပေးပြီးမှယေရှုသည် ပေတရုနှင့်အခြားတပည့်တော်တို့၏ ခြေ ထောက်ကိုရေဖြင့် ဆေးဖို့ဆန္ဒရှိသည်။အကြောင်းမူကား ယေရှုသည် ယော ဟန်၏လက်မှဗတ္တိဇံမင်္ဂလာခံယူသည့်အခါတပည့်တော်တို့၏အပြစ်အာလုံး ကို ယူတင်ဆောင်ရွက်ခဲ့သဖြင့် ကြေးဝါအင်တုံနှင့်ပါတ်သက်သည့် သမ္မာ တရားကို သွန်သင်ပေးလိုသော ဆန္ဒရှိသည်။ သူသည် ဗတ္တိဇံကိုခံယူပြီးမှ ပ သခါသိုးသငယ်ဖြစ်လျက် အပြစ်၏အဖိုးအခအတွက် အသေခံဖို့ သစ်တိုင် ပေါ်ဝယ် ဆွဲထားခြင်းခံရမည့်အကြောင်း ယေရှုသည် သူတို့အား ပြောထား ပြီးဖြစ်သည်။ ယေရှုကိုယုံကြည်ပြီးမှ တပည့်တော်တို့သည် အပြစ်သားမ ဖြစ်နိုင်သော်လည်း မပြည့်စုံမှုများရှိနေကြသေးကြောင်း သိနိုင်သည်။
ထိုနည်းတူစွာယေရှုသည် သူတို့၏ခြေထောက်ကို ဆေးခြင်းအား ဖြင့် သူသည်သူတို့၏အပြစ်အပါအဝင် လောက၏အပြစ်အားလုံးကို ဆေး ကြောပေးပြီးဖြစ်သည် ဆိုသည့်ဘုရာသခင်၏နှုတ်ကပတ်တော်ကိုအတည် ပြု ခြင်းဖြစ်သည်။ ဤအကြောင်းအရာသည်လောကလူသားများကို တမန် တော်တို့အနေဖြင့် အစဉ်သွန်သင်ခဲ့သည့် တရားတည်းဟူသောယေရှုသည် ကယ်တင်ရှင်ဖြစ်လျက် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ပြည့်စုံစေခဲ့ သည်ဆိုသည့် သတင်းကောင်းဖြစ်သည်(ဟေ ၁၀း၁-၂၀)။ သမ္မာတရားကို ယုံကြည်ခြင်းဖြင့်အပြစ်များအားလုံးထဲမှ ကယ်တင်ခံရသော သန့်ရှင်းသူ အတွက် ကြေးဝါအင်တုံသည်ယေရှု၏ဗတ္တိဇံကို သတိရစေသော အရာပင် ဖြစ်သည်။ ထိုအရာမှ ဘုရားသခင်ကိုယ်တိုင်သူတို့ကိုလွတ်မြောက်သော ကြောင့်၊ ကယ်တင်ခြင်းကို ပိုမိုသဘောပေါက်လာစေလိမ့်မည်။
 
 
ကြေးဝါအင်တုံ၏အရွယ်အစားနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမရှိပါ။
 
တဲတော်နှင့်ပတ်သက်သည့် ပစ္စည်းဥစ္စာမှန်ကန်သမျှ အတိုင်းအ ထွာကို ဖော်ပြထားသော်လည်း ကြေးဝါအင်တုံ၏ အရွယ်အစားကိုမူ သမ္မာကျမ်းစာတွင် မတွေ့ရပါ။ ဤအရာအားဖြင့် ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်း သူ့အပေါ်သို့ တင်ထားသော အပြစ်၏ပ မာဏအရွယ်အစားသည် တိုင်းထွာ၍မရလောကအောင် ကြီးမားသည်ဟု ဆိုလိုသည်။ ထို့နောက် အပြစ်နှင့်အပြစ်ဒဏ်စီရင်ခြင်းအထဲမှ ကျွန်ုပ်တို့ အား ကယ်တင်ခဲ့သောယေရှု၏မေတ္တာသည် အကန့်အသက်မရှိကြီးမား လျက်ရှိကြောင်း ဖော်ပြခြင်းလည်း ဖြစ်သည်။ကြေးဝါအင်တုံမှ တိုင်းတာ၍ မရလောက်အောင် ကြီးမားသည့် ဘုရားသခင်၏မေတ္တာကိုထင်ရှားစေပါ သည်။ လူသည်အသက်ရှိသရွေ့အပြစ်ကို ဆက်လက်ကျူးလွန်နေ လိမ့် မည်။ သို့သော် ယေရှုခရစ်သည် ယောဟန်၏လက်မှတ် ဗတ္တိဇံကိုခံယူသော အခါ လောကသားအားလုံး၏အပြစ်ကို သူ့အပေါ်သို့ တင်လျက် လက်ဝါး ကပ်တိုင်ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းဖြင့်အပြစ်ရှိသမျှကို ထာဝ ရကာလအတွက် ဆေးကြောသုတ်သင်နိုင်ခဲ့ပါသည်။
ကြေးဝါအင်တုံကို တဲတော်တွင်အစေခံသော အမျိုးသမီးများမှ ကြည့်မှန်အဖြစ်အသုံးပြုသည့်ကြေးဝါကို ယူ၍ သွန်းလုပ်ထားခြင်းဖြစ် သည်။ထိုအရာ၏ဆိုလိုရင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှအပြစ် သားများအပေး ကယ်တင်ခြင်းအလင်းကိုထွန်းလင်း၍ သူတို့၏အမှောင်ထု ကိုပပျောက်စေမည်ဆိုသည့်အဓိပ္ပါယ်ဖြစ်သည်။ကြေးဝါအင်တုံကိုဘုရားသ ခင်ပြုလုပ်ထားသည့်အတွက် ကျွန်ုပ်တို့၏အပြစ်များကိုသူကိုယ်တိုင်ဆေး ကြောလိမ့်မည်ဟုလည်းအဓိပ္ပါယ်သက်ရောက်သည်။ ဤနှုတ်ကပတ်တော်
သမ္မာတရားမှ စိတ်နှလုံး၏အနက်ရှိုင်းဆုံးနေရာတွင် ရှိသောအပြစ်မှောင် မိုက်ကို အလင်းပေးခြင်း၊ အပြစ်များကို ဆေးကြောခြင်း၊ အပြစ်ဆေးကြော ပြီးမှ သန့်စင်စေခြင်းရှိပြီးမှယုံကြည်သူများကို သန့်ရှင်းသူများ ဖြစ်စေ သည်။တစ်နည်းအားဖြင့် ကြေးဝါအင်တုံသည်ယေရှုခရစ်သည် ဘုရားသခင် ၏ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်သားများကိုပြည့်စုံစွာ ကယ် တင်ခဲ့ပြီးဟု ရှင်းလင်းစွာသက်သေပြသည့် အခန်းကဏ္ဍမှပါဝင်သည်။
 
 
အင်တုံကို ကြေးဝါဖြင့် ပြုလုပ်ထားသည်
 
အင်တုံကိုကြေးဝါဖြင့်ပြုလုပ်ရသည်ထူးခြားချက်ဝိသေသနကိုသင် သိပါသလား။ကြေးဝါးဆိုသည်မှာ ကျွန်ုပ် တို့ရင်ဆိုင်ရမည့် အပြစ်ဒဏ်စီရင် ခြင်းမှလွဲ၍ အခြားမရှိပါ။သာ၍တိကျစွာဖော်ပြရမည်ဆိုလျှင် ယေရှုသည် ဗတ္တိဇံခံယူ ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို လွှဲပြောင်းရယူကာ ကျွန်ုပ်တို့ကိုယ်စား အပြစ်ဒဏ်စီရင်ခြင်းကို လက်ဝါးကပ်တိုင်ပေါ်ဝယ် ခံယူ တော်မူ၏။ ကျွန်ုပ်တို့သည် အပြစ်၏အဖိုးအခအတွက် ဒဏ်စီရင်ခြင်းကိုအ မှန်ခံဖို့ရှိသော်လည်း ကြေးဝါအင်တုံမှရေအားဖြင့် ကျွန်ုပ်တို့၏အပြစ်အား လုံး၊ဆေးကြောခြင်းခံရပြီဆိုသည့်အချက်တဖန် ပြန်လည်အတည်ပြုပေး လိမ့် မည်။ ဤအရာကိုယုံကြည်သောသူသည် သူ၏ယုံကြည်ချက်အားဖြင့် တရားစီရင်ခြင်းခံရသဖြင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံဖို့မရှိတော့ပါ။
ကြေးဝါအင်တုံတွင် ဖြည့်ထားသည့်ရေမှ အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊အဖြူရောင်ချည်ထည်အားဖြင့် ယေရှုသည်အပြစ်အား လုံးကို ဆေးကြောအပြည့်အဝကယ်တင်ခဲ့ပြီဟုဆိုလိုသည်။ သူသည်သင့် ကို ကယ်တင်ခဲ့ပါပြီ။ တစ်နည်းအားဖြင့် ကြေးဝါအင်တုံဆိုသည်မှာ ဖြောင့် မတ်သောသူသည် အပြစ်အားလုံးဆေးကြောခြင်းခံရသည်သာမက ကယ် တင်ခြင်း ခံရပြီဖြစ်ကြောင်း အကောင်းမြင်ဝါဒနှင့်ဆိုင်သော သက်သေပြ ချက်ဖြစ်သည်။
မီးရှို့ရာယဇ်ပလ္လင်သည် တရားစီရင်ခြင်းကို ရည်ညွှန်းနေစဉ် ကြေး ဝါအင်တုံသည်တဲတော်၏အသုံးအဆောင်ပစ္စည်းများထဲမှအပြာရောင် ချည် ထည်နှင့်ဆက်စပ်လျက်ရှိပြီးဓမ္မသစ်ကျမ်းထဲတွင် သူ၏ဗတ္တိဇံဖြင့်ကျွန်ုပ်တို့ ၏အပြစ်အားလုံးကို သယ်ဆောင်သွားသည့်အကြောင်းဖော်ပြထားပါသည်။
သန့်ရှင်းရာဌာနသို့ ဝင်လိုလျှင် တန်တိုင်းတော်တံခါးကိုဖွင့်လျက် မီးရှို့ရာယဇ်ပလ္လင်နှင့် ကြေးဝါအင်တုံကို ကျော်ဖြတ်ပြီးမှ ဝင်ရောက်ခွင့်ရ လိမ့်မည်။ ဘုရားသခင် ကျန်းဝပ်ရာတဲတော်သို့ ဝင်နိုင်သော သူသည်မီးရှို့ ရာယဇ်ပလ္လင်နှင့်ကြေးဝါအင်တုံတို့ကို ယုံကြည်ခြင်းဖြင့် ရှင်းလင်းပြတ်သား စွာ ဖြတ်သန်းနိုင်သူဖြစ်ရမည်။ တဲတော်၏အပြင်တန်တိုင်းတော်ရှိကြေးဝါ အင်တုံယုံကြည်ချက်ဖြင့် အပြစ်ဆေးကြောခြင်းခံရသောသူသည်သာလျှင် သန့်ရှင်းရာဌာနသို့ ဝင်ခွင့်ရရှိလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် ကိုယ်ပိုင်ကြိုးစားအား ထုတ်မှုဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ဖို့ကြိုးစားမည်ဆိုလျှင် ထိုဌာနမှ မီးထွက် လာပြီးမှ သူ့အပေါ်သို့ ကျ၍လောင်လိမ့်မည်(ဝတ် ၁၀း၁-၂)။ ထိုအထဲတွင် အာရုန်၏သားများကိုလည်း ချွင်းချက်ပေးထားခြင်းမရှိသဖြင့် အကျိုးရလဒ် အားဖြင့် အမှန်တကယ်မီးလောင်ကျွမ်းခြင်း အဖြစ်အပျက်ရှိခဲ့ဖူးပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ခံစားရခြင်း သမ္မာတရားကိုဥပက္ခာပြုသောသူသည်အပြစ်ကြောင့် သေလိမ့်မည်။ အပြစ် ထဲမှ စနစ်တကျပြင်ဆင်ထားသော ကယ်တင်ခြင်းကို ယုံကြည်ရမည့်အစား မိမိ၏ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ဖို့ကြိုး စားသောသူသည် အပြစ်ကြောင့်တရားစီရင်ခြင်း မီးကိုအမှန်ပင်ရင်ဆိုင် ရ လိမ့်မည်။ အကြောင်းမူကား အပြစ်တရားစီရင်ခြင်း၏နောက်ဆက်တွဲအ ကျိုးသက်ရောက်မှုသည် မလွဲမသာရှောင်သာဘဲ ငရဲမီးအိုင်သာလျှင်ဖြစ် လိမ့်မည်။
ယေရှုသည်အပြာရောင်၊ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည် ထည်အားဖြင့်အပြစ်ထဲမှကျွန်ုပ်တို့အားပြည့်စုံစွာကယ်တင်ခဲ့သဖြင့်ကျွန်ုပ်တို့သည်သန့်ရှင်းရာဌာနသို့ဝင်ခွင့်ရရှိသောသူများဖြစ်ကြသည်။ဤသမ္မာတ ရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်ထဲမှကျွန်ုပ်တို့သည် အပြည့်အဝကယ် တင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် လူကိုကယ်တင်ဖို့ရန် ဖန်ဆင်း ခြင်းမတိုင် မီစီမံကိန်းရေးဆွဲထားသဖြင့် သူ၏အလိုတော်အသေးစိတ်ကို သမ္မာကျမ်းစာအတိုင်း အပြာရောင်ချည်ထည် (ယေရှု၏ ဗတ္တိဇံမင်္ဂလာ)၊ ခရမ်းရောင်ချည်ထည် (ဘုရားသခင်၏ လူ့ဇာတိကိုခံယူခြင်း)၊ အနီရောင် ချည်ထည် (ယေရှု၏လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေခံခြင်း)ဖြင့် သိနိုင် သည်။ ဤစီမံကိန်းအရ သူသည်အပြာရောင်၊ခရမ်းရောင်၊ အနီရောင်၊ ချည် ထည်ဖြင့် ထင်ရှားခဲ့သည် ယေရှု၏လုပ်ဆောင်ချက်ဖြင့်အပြစ်ဒုစရိုက် များထဲမှ အပြစ်သား အားလုံးကို ကယ်တင်ခဲ့သည်။
“ဘုရားသခင်၏သားဖြစ်သော သူမည်သည်ကား လောကကို အောင်တော်၏။လောကကို အောင်ခြင်းအကြောင်းမူကား ငါတို့၏ယုံကြည် ခြင်းပေတည်း။သက်သေခံတော်မူချက်ဟူမူကား ဘုရားသခင်သည် ငါတို့ အားထာဝရအသက်ကို ပေးတော်မူ၍အသက်သည်လည်း သားတော်၌ပါ ၏”(၁ ရော ၅း၄) ဤကယ်တင်ခြင်း သက်သေခံချက်ဆိုသည်မှာ အဘယ် နည်း။ ရေ၊အသွေး၊ ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကိုပေးထားသည့် ကယ် တင်ခြင်း ဧဝံဂေလိသမ္မာတရားဆိုသည်မှာ (၁ရော ၅း၆-၈)။ဘုရားသခင်၏ သားတော်အပေါ် ယုံကြည်ခြင်းဆိုင်ရာ သက်သေခံချက်ဖြစ်သည်။တစ် နည်းအားဖြင့် ကျွန်ုပ်တို့လက်ခံယုံကြည်သည် ရေနှင့် ဝိညာဉ်တာ် ဧဝံဂေလိ တရားသည်ဘုရားသခင်အနေဖြင့် ကျွန်ုပ်တို့အားအပြစ်ထဲမှ ဆေးကြော ကာ သူ၏လူအဖြစ် ပြုလုပ်ခဲ့သည့် အထောက်အထားဖြစ်သည်။ အပြစ်များ အားလုံးထဲမှ ကယ်တင်ခြင်း၊ သန့်ရှင်းရာဌာနသို့ ဝင်ရောက်ခြင်း၊ ဘုရားသ ခင်ပေးထားသည့်အသက်မုန့်ကိုမှီဝဲခြင်း၊ ကျေးဇူးတော်အားဖြင့် အသက်ရှင် ခြင်းစသည့် အရာများဖြစ်ပေါ်လာစေနိုင်ဖို့ တစ်ခု တည်းသောနည်းလမ်းမှာ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ယုံကြည်ခြင်းမှလွဲ၍ အခြားအရာမ ဖြစ်နိုင်ပါ။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ယုံကြည်ခြင်းဖြင့်သာ အ ပြစ်အားလုံးဆေးကြောခြင်းကို ခံရလျက်ကယ်တင်ခြင်းကို ရရှိပြီး ယုံကြည် ခြင်းဖြင့် အသက်ရှင်ရင်းဘုရားသခင်၏အသင်တော်သို့ ဆက်နွယ်ခွင့်ရ လိမ့်မည်။
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသမ္မာတရားအားဖြင့် နှုတ်ကပတ် တော်ကို အသုံးပြု၍ဘုရားသခင်၏အသင်းတော်ကို ကျွေးမွေးခြင်း၊ အသင်း သူ/သားများကို စည်းလုံးစေခြင်း၊ဘုရားသခင်ထံမှ ဆုတောင်းခြင်းအဖြေ ရရှိသောဖြောင့်မတ်သောသူဖြစ်စေခြင်းစသည့်အမှုတို့ကိုပြုလုပ်နိုင်သည်။ ဤသမ္မာတရားကိုယုံကြည်သောသူသည်ဘုရားသခင်၏မျက်မှောက် တော် တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ခြင်းရှိသော သူ၊ ကျေးဇူးတော်ဝတ်လုံးကို ဝတ်ဆင်သော သူတည်းဟူသော ဖြောင့် မတ်သော သူဖြစ်လာမည်။ ဘုရားသခင်၏ လူများအတွက် အသက်ရှင် နေ ထိုင်နိုင်ခြင်းသည် ရေ၊ အသွေးနှင့်ဝိညာဉ်တော်တို့ကို ယုံကြည်ခြင်းမှ ထွက် ပေါ်လာနိုင်သည်။ ယေရှု၏ဗတ္တိဇံမင်္ဂလာ၊အသွေးတော် သွန်းလောင်းခြင်း၊ သေခြင်း၊ ဘုရားဖြစ်ခြင်းတို့ကို စိတ်နှလုံးထဲမှယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ အားလုံးအပြစ်ထဲမှ ကယ်တင်ခြင်းရရှိနိုင်သည်။ ဘုရားသခင်၏အသင်း တော်ထဲတွင် နေထိုင်စေမည့် ယုံကြည်ခြင်းသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊အဖြူရောင်ချည်ထည် ယုံကြည်ချက်ဖြစ်သည်။
ယခုခေတ်တွင် လူအတော်များများမှ ဤသို့ပြောဆိုလာကြသည် ကို တွေ့ရှိရပါသည်။“ကျွန်တော်တို့အတွက် လုပ်စရာတစ်ခုပဲရှိတယ်။ ဒါ ကဘာလဲဆိုတော့ ယေရှုကိုယုံကြည်ဖို့တစ်ခုဘဲ ဒီလိုရှုပ်ထွေးနေတာ စိတ် အနှောင့်အယှက်ဖြစ်တယ်။ ဒီလိုအကျိုးမရှိတဲ့စကားတွေကိုပြောပြီးအချိန် မဖြုန်းကြပါနဲ့ ကိုယ်ကောင်းတယ်လို့ထင်သလို ယေရှုကိုပဲ ယုံကြည်ကြပါ။
“ထိုသို့သောသူများအဖို့ ကျွန်ုပ်တို့သည် ခရစ်ယာန်လောကကို နှောင့် ယှက် သောသူဖြစ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် အပြစ် ဆေးကြောခြင်းကို မခံရဘဲယေရှုကိုယုံကြည်ခြင်း တစ်ခုတည်းသာရှိမည် ဆိုလျှင် ထာဝရအပြစ်ဒဏ် စီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့ရပါသည်။ ရေ၊ အသွေး၊ ဝိညာဉ်တော် ဧဝံဂေလိတရားကို အပြည့်အဝ မယုံကြည်ခြင်းသည် မှားယွင်းသော ယုံကြည်ချက်၊ အလေးချိန်မရှိသောယုံ ကြည်ချက်ဖြစ်သည်။ အမှန်အားဖြင့် ထိုယုံကြည်ချက်မဟုတ်ပါ။
ဧည့်သည်တစ်ဦးကို ခင်မင်လိုသောဆန္ဒဖြင့်“ကျွန်တော်ခင်ဗျားကို ယုံကြည်တယ်”ဟုပြောလိုက်မည်ဆိုလျှင်သူက“ဒီလူတကယ်ငါ့ကိုယုံကြည် နေတာဘဲ”ဟုဆိုကာ ပျော်ရွှင်နိုင်မည်လား။ မပျော်ရွှင်သည့်အပြင် “ခင် ဗျားငါ့ကိုသိသလား။ ကျွန်တော်ခင်ဗျားကို မသိပါလား”ဟု ပြောလိမ့်မည်။ သို့သော်လည်း သူ၏စိတ်သက်သာမှုရရှိစေရန် ကြိုးစား၍ ကြည့်ပြီး“ဘာပဲ ဖြစ်ဖြစ်ကျွန်တော် ခင်ဗျားကို ယုံကြည်ပါတယ်ဗျာ”ဟု ပြောမည်ဆိုလျှင် သူသည်ပျော်ရွှင်နိုင်မည်လား။ မပျော်ရွှင်နိုင်သည့်အပြင် ချောစားတတ်သူ၊ မြှူဆွယ်တတ်သူ၊အခြေအမြစ်မရှိဘဲ ဖော်လံဖားလုပ်တတ်သောသူအဖြစ် ကျွန်ုပ်ကိုမြင်လာလိမ့်မည်။
အကျိုးအကြောင်း မဆီလျော်ဘဲ ယုံကြည်သောသူများကိုလည်း ဘုရားသခင်နှစ်သက်ခြင်းမရှိပါ။ “ဘုရားသခင်ကို ယုံကြည်ပါတယ်။ ယေရှု ကိုကျွန်တော့်ရဲ့ ကယ်တင်ရှင်အဖြစ်ယုံကြည်ပါတယ်”ဟု ပြောသောအခါ အပြစ်သားများ၏ အပြစ်ကို ယေရှုအနေဖြင့်မည်ကဲ့သို့ ဆေးကြောပေးခဲ့ ကြောင်း သိမြင်ယုံကြည်လျက် နှုတ်မှမကြာခဏဝန်ခံရမည်။အကယ်၍ အပြီးအမောက်မတည့်ဘဲ ယုံကြည်မည်ဆိုလျှင် လျှောက်ပတ်သော စရိုက် လက္ခဏာမပါသောကြောင့် ဘယ်သော အခါမှ ကယ်တင်ခြင်းရနိုင်၏မည်မ ဟုတ်ပါ။ ယေရှုအနေဖြင့်ကျွန်ုပ်တို့၏အပြစ်များကို မည်သို့ သုတ်သင်ဖယ် ရှားခဲ့ကြောင်း ရှေးဦးစွာ သဘောပေါက်ဘဲကယ်တင်ခြင်းမရနိုင်ပါ။ တစ်စုံ တစ်ဦးကို ယုံကြည်ပါသည်ဟု ပြောဆိုသည့်အခါသူ့အကြောင်းကို ဃဂ နဏသိရှိထားပြီး ယုံကြည်စိတ်ချ၍နိုင်သည့် အကြောင်းရင်းကိုလည်းသိရှိ ထားရမည်။ လူတစ်ယောက်၏ အကြောင်းကို အစအဆုံးမသိဘဲ ယုံ ကြည် ပါသည်ဟုပြောခြင်းမှာ သူ့ဖက်မှလိမ်လည်မှု (သို့) ကိုယ်ဖက်မှ လိမ်လည် မှုဖြစ်သဖြင့် သစ္စာဖေါက်ခြင်းလည်း ခံရလိမ့်မည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့အ နေဖြင့် ယေရှုကို ယုံကြည်ပါသည်ဟုဆိုရာတွင်သူသည် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှကို အဘယ်သို့ဆေးကြောသန့်စင်စေခဲ့သည့် အကြောင်းအရာ အပေါ် စေ့စပ်စုံလင်စွာ သိရှိထားရမည်။ ထိုသို့ ဖြစ်မှသာလျှင် ကျွန်ုပ်တို့ သည်ဒုတိယမွေးဖွားခြင်းခံသောသူဘုရားသခင်၏သား/သမီးဖြစ်၍ကောင်း ကင်နိုင်ငံသွားရမည့်အချိန်တွင် ကျန်ရစ်ခဲ့ခြင်းမရှိဘဲ ဝင်ခွင့်ရလိမ့်မည်။
ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင်သွားမည့် စစ်မှန်သော ယုံကြည် ခြင်းဆိုသည်မှာအပြာရောင်၊ ခရမ်းရောင်။ အနီရောင်ချည်ထည် ယုံကြည် ချက်ဖြစ်သည်။ တစ်နည်းအားဖြင့်စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားတည်းဟူသောရေ (ယေရှု၏ဗတ္တိဇံ မင်္ဂလာ)၊ အသွေး (ယေရှု၏အသေခံခြင်း)နှင့် သန့်ရှင်းသော ဝိညာဉ်တော် (ယေရှုသည်ဘုရားသခင်ဖြစ်သည်)ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိ နိုင်သည်ဆိုသည့် ယုံကြည်ချက်ဖြစ်သည်။ သခင်ဘုရား၏ ကျေးဇူးတော် နှင့် ကယ်တင်ခြင်းသည် အဘယ်မျှလောက် ကြီးမားကြောင်း၊ သိမြင်ယုံ ကြည်သောသမ္မာတရားသည်ကျွန်ုပ်တို့အား ကယ်တင်ခြင်းသို့ ခေါ်ဆောင် သွားလိမ့်မည်။
တစ်စုံတစ်ယောက်၏ ယုံကြည်ချက်သည် ပြည့်စုံမှုရှိမရှိ အဆုံးအ ဖြတ်ပေးနိုင်သောအရာသည် သမ္မာတရားကိုသိခြင်း (သို့မဟုတ်) မသိခြင်း အပေါ်တွင် မူတည်သည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို စိတ်နှ လုံးထဲမှ ယုံကြည်မှသာလျှင် ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ပါ သည်ဟု ပြော၍ရလိမ့်မည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရား အားဖြင့်
အပြစ်ဆေးကြောပေးခဲ့သူ ကယ်တင်ရှင် ယေရှုအား ယုံကြည်လက်ခံခြင်း သည် စစ်မှန်သောယုံကြည်ချက်ဖြစ်၍ အပြစ်အားလုံးထဲမှ ကျွန်ုပ်တို့အား ကယ်တင်မည့်တရားဖြစ်သည်။
 
 

ကြေးဝါအင်တုံသည်ကယ်တင်ခြင်းကိုအသိအမှတ်ပြုခြင်းတည်းဟူသော ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ်သည်

 
ကြေးဝါအင်တုံကို ရေဖြည့်ထားရမည်။ ၎င်းကိုသန့်ရှင်းရာဌာန၏ ရှေ့မျက်နှာစာတွင် ချထားရမည်။ ကြေးဝါအင်တုံသည် ယုံကြည်ခြင်း အား ဖြင့်အပြစ်ဆေးကြောခြင်းခံယူခဲ့သည့်နေရာ၊ထိုဆေးကြောခြင်းကို အတည် ပြုလျက် ဆင်ခြင် အောက်မေ့စေသည့်နေရာဖြစ်သည်။ ၎င်းအနေဖြင့် ယုံ ကြည်သူများ၏အပြစ်အားလုံးကို ဘုရားသခင်သည်ဆေးကြောခဲ့ကြောင်း အတည်ပြုပေးသည်။ ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌာနတွင်အ မှုတော်ထမ်းဆောင်သည့်အခါ ညစ်ပေစွန်းထင်းသော ခြေလက်များကို ကြေးဝါအင်တုံတွင်ဆေးကြောရသကဲ့သို့ အပြစ်ဆေးကြောခြင်းကိုရရှိသော သူသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည့် ယေရှု၏အပြစ် ရသမျှကို ဆေးကြောသုတ်သင်ခြင်းတည်းဟူသောကျူးလွန်သည့် ဒုစရိုက် အပြစ်များအားလုံးတွက် ကိုယ်စားပြုအသေခံခြင်းအကြောင်းကို၏ပြန် လည်ဆင်ခြင်အောက်မေ့ခြင်း အတည်ပြုခြင်းရှိရမည်။
မြေကြီးပေါ်တွင်နေထိုင်သမျှကာလပတ်လုံးမည်သို့မျှမတတ်နိုင်ဘဲ အပြစ်များကိုကျွန်ုပ်တို့ကျူးလွန်ကြလိမ့်မည်။ ကျွန်ုပ်တို့အား ညစ်ပေ စေသောအရာ(အပြစ်)ကိုအဘယ်သို့ဆေးကြောရမည်နည်း။ ဘုရားတကာ တို့၏ဘုရင်ဖြစ်သောယေရှုခရစ်သည်လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်က လောကသို့ကြွလာလျက် ဗတ္တိဇံမင်္ဂလာကိုခံယူခြင်း။လက်ဝါး ကပ်တိုင်ပေါ် ဝယ် အသွေးတော် သွန်းလောင်းခြင်းတို့ဖြင့် ယုံကြည်သူများ၏အပြစ်အား လုံးကို ဆေးကြောပေးခဲ့ပြီဆိုသည့် ယုံကြည်ဝန်ခံချက်အားဖြင့် ကျွန်ုပ်တို့၏
ဒုစရိုက်အပြစ်များကိုဆေးကြောနိုင်သည်။ ယေရှုသည်ဗတ္တိဇံကို ခံယူခြင်း အားဖြင့်ကျွန်ုပ်တို့၏အပြစ်ရှိသမျှကိုသူ့အပေါ်သို့တင်တော်မူပြီဟု ယုံကြည် သောအခါ ကျွန်ုပ်တို့၏ဗီဇအပြစ်၊ ဒုစရိုက်အပြစ် အားလုံးတို့သည် ဆေး ကြောခြင်းခံရမည်။တစ်နည်းအားဖြင့်ဘုရားသခင်သည် အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်ချည်ထည်ယုံကြည်ခြင်းဖြင့် အပြစ်အားလုံးကို ဆေးကြော ပေးခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် လွန်ကျူးမိသော ဒုစရိုက် အပြစ်များ သည် ဆေးကြောခြင်းခံရလိမ့်မည်။
 
 
ကြေးဝါအင်တုံသမ္မာတရားကို သိ၍ ကျွန်ုပ်တို့ ယုံကြည်ရမည်
 
ကြေးဝါအင်တုံ ယုံကြည်ချက်မရှိဘဲ ဘုရားသခင်ကျိန်းဝပ်သည့် သန့်ရှင်းရာဌာနသို့ဝင်၍မရပါ။ ကျွန်ုပ်တို့လုပ်ဆောင်ချက်သည် အစဉ်အ မြဲ ပြည့်စုံခြင်းမရှိပါ။ အကြောင်းမူကားကျွန်ုပ်တို့သည် ချွင်းချက်ရှိသော သူ များဖြစ်သဖြင့် အပြစ်ကျူးလွန်သည့် အချိန်များစွာရှိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပြည့်စုံသကဲ့သို့ သူပေးထားသည့် ကယ်တင်ခြင်းသည်လည်းပြည့်စုံမှုရှိသည်။ အကြောင်းမူကား ဘုရားသခင် သည်သူ၏ကယ်တင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ချွင်းချက်ကိုဆေးကြောပေးပြီ ဖြစ်သဖြင့်သန့်ရှင်းရာဌာနသို့ လွတ်လပ်စွာ ဝင်ခွင့်ကို ကျွန်ုပ်တို့ရလျက် ရှိသည်။ ကြေးဝါအင်တုံကိုဖြတ်ကျော်မသွားသော သူသည် သန့်ရှင်းရာဌာန သို့ဝင်၍မရနိုင်ပါ။ အပြာရောင်၊ခရမ်းရောင်၊အနီရောင်ချည်ထည်ဖြင့် ပရော ဖက်ပြုသည့်အတိုင်းယေရှုခရစ်သည်လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်က လောကသို့ကြွလာလျက် ရေ၊ အသွေး၊ ဝိညာဉ်တော်ဧဝံဂေလိတရားအား ဖြင့် လောကအပြစ်အားလုံးကို ဆေးကြောပေးခဲ့သည်ဆိုသည့်သမ္မာတရား ကို ယုံကြည်လက်ခံခြင်းအားဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ဖို့ကျွန်ုပ်တို့သည်
အရည်အချင်းပြည့်မှီသူများ ဖြစ်လိမ့်မည်။ သခင်ဘုရားအနေဖြင့်ကျွန်ုပ်တို့ ၏အပြစ်အားလုံးကို ဆေးကြော၍ အပြစ်နှင့်ကင်းစင်သော သူဖြစ်စေသည် ဆိုသည့် ယုံကြည်ချက်မရှိဘဲသန့်ရှင်းရာဌာနသို့ ဝင်ခွင့်မရှိပါ။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည် ယုံကြည်ချက်မ ရှိဘဲ ဘုရားသခင်၏သန့်ရှင်းရာဌာနသို့ ဝင်ခွင့် မရခဲ့သော် ရေနှင့်ဝိညာဉ် တော် ဧဝံဂေလိတရားကိုလည်းယုံကြည်ခြင်းမရှိသကဲ့သို့ အသင်းတော်ထဲ တွင် သူ၏နှုတ်ကပတ်တော်ကို ယုံကြည်လျက်ဘုရားသခင်၏ ပလ္လင်တော် သို့ တိုးဝင်ခွင့်ကောင်းကြီး မင်္ဂလာကြောင့် ဝမ်းမြောက်ခြင်း၊ဆုတောင်းခြင်း ဖြင့် သူ၏ကျေးဇူးတော်ကို ခံစားခြင်း၊ သူ၏အစေခံများ၊ သန့်ရှင်းသူများနှင့် အတူအသက်ရှင်ခွင့်တို့ကိုလည်း ရရှိနိုင်မည် မဟုတ်ပါ။ အပြာရောင်၊ ခရမ်း ရောင်၊အနီရောင် ချည်ထည်ဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံး ဆေးကြောခဲ့ ပြီဟု ကျွန်ုပ်တို့ ယုံကြည်မှသာလျှင် ဘုရားသခင်၏အသင်းတော်ထဲတွင် ယုံကြည်သူမိတ်ဆွေများနှင့်အတူ အသက်ရှင်ခြင်း၊ ဘုရားသခင်၏ နှုတ် ကပတ်တော်ကိုကြား၍ယုံကြည်ခြင်း၊သူထံသို့ ဆုတောင်းခြင်းအခွင့်စသည် တို့ကို ရရှိနိုင်လိမ့်မည်။
ကြေးဝါအင်တုံသည်အပြစ်ထဲမှ ကျွန်ုပ်တို့အား ကယ်တင်ခြင်းဆိုင် ရာ နောက်ဆုံးအတည်ပြုချက်ဖြစ်သည်။ အပြစ်ဆေးကြောခြင်း ဧဝံဂေလိ တရားကို ယုံကြည်သောသူအတွက် အတည်ပြုချက်ကိုပေးနိုင်ဖို့ ဘုရား သခင်သည် ကြေဝါအင်တုံကို သန့်ရှင်းရာဌာန၏ရှေ့မျက်နှာစာတွင် ချထား လျက်ရေနှင့် ဖြည့်ထားခြင်းဖြစ်သည်။ ကြေးဝါအင်တုံမှယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သူတို့၏ စွန်းထင်းညစ်ပေနေသော သြတ္တပစိတ်ကို ဆေးကြော
နိုင်သည်။
၁ယော ၂း၁-၂ ကို ဖတ်ကြပါစို့။ “ချစ်သားတို့ သင်တို့သည် ဒုစရိုက် ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံ တယောက်သောသူသည်ဒုစရိုက်ကို ပြုမိလျှင်ဖြောင့်မတ်တော်မူသော အ ရှင်ယေရှုခရစ်တည်း ဟူသောငါတို့အမှုဆောင်သခင်သည် ခမည်းတော် ထံ၌ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက လောကီသား အပေါင်း တို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။ အာမင်”
အကယ်၍ကျွန်ုပ်တို့အပြစ် ဒုစရိုက်ပြုမိမည်ဆိုလျှင် ဖြောင့်မတ် သော ယေရှုခရစ်သည် ကျွန်ုပ်တို့အတွက် ခမည်းတော်ရှေ့တွင် ရှေ့နေဖြစ် လိမ့်မည်။ ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် အပြစ်ကြောင့်ညစ်ညူး မည်ဆိုလျှင်ယေရှုသည် ရေဖြင့်ဆေးကြောပေးလိမ့်မည်။ လက်ဝါးကပ်တိုင် ပေါ်ဝယ် တင်ခြင်းမခံရမီနေ့တွင် ဥပနေစာကိုစားပြီးမှတပည့် တော်တို့အား စုရုံးစေလျက် ဇလုံထဲသို့ရေကိုလောင်းလျက် သူတို့ခြေကိုစတင်ဆေးကြော ပေးခဲ့သည်။ “ငါဗတ္တိဇံကို ခံယူခဲ့စဉ်က သင့်ရဲ့အပြစ်အားလုံးကို ယူတင် ထမ်းရွက်ပြီး (ထိုအပြစ်ထဲတွင် သင်ကျူးလွန်လာမည့် အပြစ်များလည်း ပါသည်။) သင့်ကိုယ်စားအပြစ်ရဲ့ အဖိုးအခကိုပေးဆပ်ဖို့ လက်ဝါးကပ် တိုင်ကို ထမ်းခဲ့ရတယ်။ ခင်ဗျားအနာဂတ်မှာကျူးလွန်လာမည့် အပြစ်အား လုံးကိုလည်း ငါ့ပခုံးမှာတင်ပြီး အားလုံးဆေးကြောသုတ်သင်ခဲ့တယ်။ ဒါ ကြောင့် ငါဟာသင့်ရဲ့ ကယ်တင်ရှင်ဖြစ်တယ်။”
ဤစကားသည် ပဿခါပွဲကျင်းပနေစဉ် နောက်ဆုံးညစာစားပြီး တပည့်တော်တို့၏ခြေထောက်ကို ယေရှုမှ ဆေးကြောနေစဉ် ပြောရမည့် စကားဖြစ်သည်။ ပေတရုသည် ယေရှုမှခြေထောက်ဆေးပေးမည့်အရာကို ငြင်းပယ်သော ကြောင့် ယေရှုက “သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်” (ရော ၁၃း၇) ဟု ပြောခဲ့သည်။
ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားကို ယုံကြည်သူတို့အတွက် ယေရှုသည် ပြည့်စုံသောကယ်တင်ရှင်ဖြစ်ဖို့ ဆန္ဒရှိသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ထည်ကိုယုံကြည်သောသူအတွက်ယေရှုသည် ထာဝရကယ် တင်ရှင်ဖြစ်သည်။
 
 
ကြေးဝါအင်တုံကို အသုံးပြုပုံ
ကြေးဝါအင်တုံကို အသုံးပြုပုံ
 
ကြေးဝါအင်တုံကို တဲတော်တွင် ဘုရားသခင်ထံ ယဇ်ပူဇော်သည့် အခါယဇ်ပုရောဟိတ်၏ကိုယ်ပေါ်မှ ညစ်ပေစွန်း ထင်းသော အရာများကို ဆေးကြောဖို့အသုံးပြုရန်ဖြစ်သည်။ အဘယကြောင့် ဆေးကြောခြင်းကို ပြု လုပ်ရမည်နည်း ဆိုသောဣသရေလလူမျိုးများ၏ အပြစ်အတွက် ယဇ် ကောင်ကို ယူဆောင်လာ၍ ယဇ်ပူဇော်သည့်အခါယဇ်ကောင်၏ လည်ပင်း ကို ဖြတ်၍အသွေးကို ခံယူခြင်း၊ အသေသတ်ခြင်း၊ အသားကိုခုတ်ထစ်၍ စဥ်းပေးရခြင်းစသည်အားဖြင့်ယဇ်ပုရောဟိတ်၏ ခန္ဓာကိုယ်သည် ညစ်ပတ် သောကြောင့်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုသို့ယဇ်ပူဇော်သောအခါ ညစ်ပတ်သွားသဖြင့်သန့်စင်ဖို့ရန် ကြေးဝါအင်တုံချထား၍ သန့်ရှင်းရေး လုပ်ဖို့ဖြစ်သည်။
ဝိညာဉ်ရေးရာ (သို့) ခန္ဓာကိုယ်နှင့်စပ်ဆိုင်၍ အပြစ်ပြုမိသည့် အခါဖြစ်စေ၊ဘုရားသခင်၏ပညတ်ချက်ကို ချိုးဖေါက်သဖြင့် အပြစ်လွန် ကျူးသည့်အခါဖြစ်စေ၊ကျွန်ုပ်တို့အနေဖြင့်ကြေးဝါအင်တုံမှရေကိုယူ၍ ဆေး ကြောရမည်။ အကယ်၍ ယဇ်ပုရောဟိတ်များအနေဖြင့် အသေကောင်တစ် စုံတစ်ရာကိုထိခိုက်မိလျှင်သူတို့လိုချင်သည်ဖြစ်စေ၊မလိုသည်ဖြစ်စေညစ်ပေ သွားသည့် အစိတ်အပိုင်းကို ရေနှင့်ဆေးရမည်။
ထိုနည်းတူစွာဘုရားသခင် ယုံကြည်သူသည် မစင်ကြယ်သော အရာနှင့် ဆက်စပ်မိလျှင် ထိုအပြစ်ကို ကြေးဝါအင်တုံ မှ ရေဖြင့်ဆေးရ မည်။ အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင်ကြေးဝါအင်တုံမှ ရေကိုဒုတိယ မွေးဖွားခြင်းခံရသောသူတို့အသုံးပြုဖို့အတွက်ပေးထားခြင်းဖြစ်သည်။ ကြေး ဝါအင်တုံတွင် ဘုရားသခင်၏ ကရုဏကာ တော်ပါဝင်သည်။ကြေးဝါအင်တုံ ၏အနက်အဓိပ္ပါယ်မှာကျွန်ုပ်တို့အတွက် ရွေးချယ်စရာအပိုအလိုအဖြစ်ထား ပေးခြင်းမဟုတ်ဘဲ ယေရှုကို ယုံကြည်သော သူတို့အတွက် မရှိမဖြစ်လိုအပ် သောအရာဖြစ်သည်။
တဲတော်တွင်ရှိသော အရာဝတ္ထုအားလုံး၏ အရွယ်အစား၊ အတိုင်း အရှည်၊အနိမ့်အမြင့်ဘုရားသခင်အနေဖြင့် အသေးစိတ်ဖော်ပြထားလျက် ရှိ သည်။ သို့သော်လည်းကြေးဝါအင်တုံ၏ အရွယ်အစားကိုမူ ဖော်ပြထားခြင်း မရှိပါ။ ဤသို့မြှုပ်ကွက်ထားခြင်းသည်ကြေးဝါအင်တုံ၏ ထူးခြားချက်ဖြစ် သည်။ဤအရာအားဖြင့်မေရှိယသည် နေ့စဉ်နှင့်အမျှဒုစရိုက်အပြစ်ကို ကျူး လွန်သော ကျွန်ုပ်တို့အပေါ် အတိုင်းအဆမရှိ မေတ္တာထားတော်မူကြောင်း ထင်ရှားစေခဲ့ပါသည်။ ဤမေတ္တာကို မေရှိယ၏ဗတ္တိဇံမင်္ဂလာခံယူခြင်းအ ထဲတွင်တွေ့နိုင်ပြီးလက်တင်သည့်ပုံစံဖြင့် အပြစ်ရှိသမျှကို ဆေးကြောခဲ့ သည်။ ယဇ်ပုရောဟိတ်များအနေဖြင့် ဆောင်ရွက်စရာအမှုကို များစွာ ဆောင်ရွက်ရသဖြင့် ရေများစွာ အလိုရှိသောကြောင့် ကြေးဝါအင်တုံတွင် ရေကိုအစဉ်သဖြင့် ပြည့်စေရမည်။ ထို့ကြောင့် ကြေးဝါအင်တုံ၏အရွယ် အ စားသည်ဤလိုအပ်ချက်အပေါ်မူတည်သည်။အကြောင်းမူကား အင်တုံကို ကြေးဝါဖြင့်ပြုလုပ်ထားသဖြင့်ယဇ်ပုရောဟိတ်သည်ထိုရေဖြင့်ဆေကြော သောအခါသူတို့အနေဖြင့် အပြစ်တရားစီရင်ခြင်းကို စဉ်းစားမိကြလိမ့်မည်။
တဲတော်တွင်အမှုတော်ထမ်းလျက်ရှိသောယဇ်ပုရောဟိတ်များအနေဖြင့် သူတို့၏ညစ်ပေနေသော ခြေနှင့်လက်များကို ထိုရေဖြင့်ဆေးကြော ရမည်။ အကယ်၍ ကြေးဝါသည်အပြစ်တရားစီရင်ခြင်း ဖြစ်မည်ဆိုလျှင် ရေ သည် အပြစ်ဆေးကြောခြင်း ဖြစ်လိမ့်မည်။“ကိုယ်ကာယကိုလည်း ကြည် သောရေဖြင့်ဆေးကြောခြင်းရှိပြီးမှ”(ဟေဗြဲ-၁၀း၂၂)“မိမိသနားခြင်းဂရုဏာ တော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊
သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ် တင်တော်မူ၏”(တိတု-၃း၅)။ဤကျမ်းပိုဒ်ကဲ့သို့ ရေ၌ဗတ္တိဇံအားဖြင့် အပြစ် ဆေးကြောခြင်းရှိကြောင်း ဖော်ပြသောကျမ်းပိုဒ်များစွာ ရှိသည်။
အကယ်၍ ယဇ်ပုရောဟိတ်များသည် သူတို့ကျူးလွန်သောအပြစ် များကိုကြေးဝါအင်တုံမှရေဖြင့်ဆေးကြောနိုင်မည်ဆိုလျှင်ယနေ့ယုံကြည်သူ များသည်လည်း ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် လောကအပြစ် အားလုံးကို ယူတင် ဝတ်ဆောင်ကာဆေးကြောခဲ့ပြီဟူ၍ ဖြစ်သည်။
ယေရှုသည် ယောဟန်၏ လက်မှဗတ္တိဇံကို ခံရသောအခါ ဣသရေ လလူမျိုးများ၏အပြစ်ကိုသာမက လောကလူသားအားလုံး၏ အပြစ်ကို ယေရှုအပေါ်သို့တင်ထားခဲ့ကြောင်း၊ဘုရားသခင်သည် ကျမ်းစာအားဖြင့် မိန့် တော်မူ၏။ ယေရှုသည် ဗတ္တိဇံမခံယူမီ ယောဟန်အားဤသို့အခွင့်တောင်း ခဲ့ပါသည်။ “အလုံးစုံသောတရားတို့ကို အကုန်အစဉ် ကျင့် သင့်သည်ဖြစ်၍
ယခုအခွင့်ပေးတော်မူပါ”(မဿဲ ၃း၁၅)။ယောဟန်၏ လက်တင်ခြင်းဖြင့် ယေရှုသည်ဗတ္တိဇံခံယူသောအခါ ဓမ္မဟောင်းကာလမှ လက်တင်သည့်ပုံစံ ဖြင့်တင်၍ လူသားမျိုးနွယ်တစ်ရပ်လုံး၏ကိုယ်စား သူ၏ခန္ဓာကိုယ်ဖြင့် အ ပြစ်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မေရှိယယေရှုသည် ဗတ္တိဇံကိုခံယူခြင်းအားဖြင့် ကျွန်ုပ် တို့၏အပြစ်အားလုံးကို ယူတင်ဆောင်ရွက်လေပြီဟု ယုံကြည်ခြင်းအားဖြင့် စိတ်နှလုံးထဲမှနေ့စဉ်ကျူးလွန်သောအပြစ်များကိုလည်းဆေးကြောခြင်းခံရလိမ့်မည်။ အကြောင်းမူကားယေရှုအပေါ်သို့ ကျွန်ုပ်တို့၏ အပြစ်အားလုံး ကိုတင်ထားပြီဆိုသည့် သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏သားတော် သည် လောကသားအားလုံး၏ အပြစ်ကို လက်ဝါးကပ်တိုင်အပေါ်သို့တင် ထားလျက်လက်ဝါးကပ်တိုင်တွင် တင်ထားခြင်းခံရပြီး အသွေးတော်သွန်း လောင်းခြင်းဖြင့် လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် ပြည့်စုံသောယဇ် ကောင်ဖြစ်ကာကျွန်ုပ်တို့၏အပြစ်များထဲမှကယ်တင်ခဲ့ပါသည်။ သင်၏စိတ် နှလုံးထဲမှ ဤသမ္မာတရားကို ယုံကြည်ပါသလား။ မေရှိယသည် ကျွန်ုပ် တို့အတွက်ယဇ်ကောင်ဖြစ်လာသည်ဟုယုံကြည်သောသူသည်ထာဝရကယ် တင်ခြင်း ခံရလိမ့်မည်။
 
 

နေ့စဉ်ပြုမှားမိသော အပြစ်များကို ဖြေရှင်းဖို့ရန်ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်း

 
နေ့စဉ်ကျူးလွန်သော အပြစ်များကို မည်သို့ဆေးကြောရမည်နည်း ဆိုသည့်အချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ တွင် ဖော်ပြထားပါသလား။ ဓမ္မဟောင်းကျမ်းတွင်ယဇ်ပုရောဟိတ်များသည် စွန်းထင်းညစ်ပေမှုရှိလာ သောအခါ ကြေးဝါ အင်တုံမှ ရေဖြင့်ဆေးကြောသကဲ့သို့ ဓမ္မသစ်ခေတ်တွင် ကျွန်ုပ်တို့သည်လည်းနေ့စဉ်ကျူးလွန်သောဒုစရိုက်အပြစ်များကိုဆေးကြော ဖို့ရန်ယေရှုသည် ယောဟန်၏လက်မှသူ၏ခံယူခဲ့သောဗတ္တိဇံအားဖြင့် လော ကအပြစ်ရှိသမျှကို သူ့အပေါ်သို့ တင်လျက် ပြည့်စုံစေခဲ့သောဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရမည်။ နောက်ဆုံးတွင် ဤသမ္မာတ ရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်ရှိသမျှ ဆေးကြောခြင်းကို ခံခဲ့ရပါပြီ။
ဣသရေလလူမျိုးများသည် ဘုရားသခင်ထံသို့ ယဇ်ပူဇော်သော အခါ တဲတော်သို့အပြစ်အနာအဆာနှင့် ကင်းစင် သော သိုး(သို့)ဆိတ်ကဲ့သို့ သော အကောင်ကိုယူဆောင်လျက်မိမိအပြစ်ကို ဝန်ချတောင်းပန်ပြီးမှ ယဇ် ကောင်အပေါ်သို့ လက်တင်ခြင်းဖြင့်ထိုအပြစ်အားလုံးကို သူ့အပေါ်သို့ လွှဲ ပြောင်းကာ အသေသတ်ခြင်းအားဖြင့် ယဇ်ကောင်သည်လည်ပင်း ကိုဖြတ် လျက်အသွေးကိုထုတ်ယူပြီးမှကြေးဝါမီးရှို့၍ယဇ်ပလ္လင်ရှိသိုးချိုထဲတွင်ထည့် ကာ ကျန်သည့်အသွေးကို မြေကြီး ပေါ်သို့ သွန်းလောင်းရမည် (ဝတ်-
၄၊၁၆)။ဣသရေလလူမျိုးများ၏ တစ်နှစ်စာအပြစ်ကို ဆေးကြောသုတ်သင် ဖို့ရန် ယဇ်ကြီးပူဇော်သောနေ့တွင် ယုံကြည်ခြင်းအားဖြင့် တစ်ကြိမ်တည်း ယဇ်ကို ပူဇော်ခဲ့ကြပါသည်။
ဓမ္မဟောင်းခေတ်တွင် လက်တင်ခြင်းအမှုသည် ဓမ္မသစ်ခေတ်တွင် ယေရှုခံယူခဲ့သည့်ဗတ္တိဇံမင်္ဂလာနှင့်တူညီမှု ရှိပါသည်။ ကျွန်ုပ်တို့၏ မေရှိ ယသည် ယောဟန်၏လက်မှ ဗတ္တိဇံခံယူသောအခါ အပြစ်အားလုံးကို ယူ တင်ဆောင်ရွက်လျက်လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေခံခြင်းအားဖြင့်ဆေး ကြောခဲ့ပါသည်။ မေရှိယ၏ဗတ္တိဇံမင်္ဂလာခံယူသည့်လုပ်ဆောင်ချက်၊ လက် ဝါးကပ်တိုင်ပေါ်ဝယ် သူ၏အသွေးတော်သွန်းလောင်းခြင်းအားဖြင့်အပြစ် အားလုံးထဲမှ ကျွန်ုပ်တို့အား ပြည့်စုံစွာ ကယ်တင်ခဲ့သဖြင့် အပြစ်ဖြေလွှတ် ခွင့်ရရှိစေရန်မည်သည်ကိုထပ်မံရှာရမည်နည်း။ နေ့စဉ် အသက်တာတွင် အားနည်းချက် ရှိသောကြောင့်ဒုစရိုက်အပြစ်ကို ကျူးလွန်မည်ဖြစ်သော် လည်းထိုအပြစ်များသည်လည်းယေရှုခရစ်ရေနှင့်အသွေးအားဖြင့် ကြွလာ၍ ဤအပြစ်အားလုံးကို ဆေးကြောပြီဟု ယုံကြည်ခြင်းအားဖြင့်ဖြေလွှတ်ခွင့်ရ ရှိလိမ့်မည်ကိုသတိရသင့်သည်။ဘုရားသခင်ကို ယုံကြည်သော်လည်းကျွန်ုပ် တို့၏ချွတ်ယွင်းချက်ကြောင့် အားနည်းချက်ထောင်ချောက်ထဲသို့ မကြာ ခဏ ဆိုသလိုကျဆင်းနိုင်ပါသည်။ သို့ရာတွင် ဘုရားသခင်သည် ဤအ ကြောင်းအရာအလုံးစုံတို့ကိုသိသဖြင့် မေရှိယကို လောကသို့ စေလွှတ် လျက် ကယ်တင်ခဲ့ခြင်း သူ၏ဗတ္တိဇံအားဖြင့်လူသားမျိုးနွယ်တစ်ရပ်လုံး၏ အပြစ်သည် သူ့အပေါ်သို့ရောက်၍ သူသည်ယဇ်ကောင်အဖြစ်ကိုယ်စား ပြုအသေခံခဲ့ရပါသည်။
တဲတော်၏ ပရဝုဏ်အတွင်း မီးရှို့ရာယဇ်ပလ္လင်နှင့် ကြေးဝါအင်တုံ ကိုချထားခြင်းအားဖြင့် ဘုရားသခင်၏အိမ်တော်ဖြစ်သည့် သန့်ရှင်းရာဌာ နသို့ မဝင်မီနေ့စဉ်ကျူးလွန်မိသော ဒုစရိုက်အပြစ်များကို ဆေးကြောဖို့ သူ သည်ကျွန်ုပ်တို့ အားခွင့်ပြုခဲ့ပါသည်။ သို့သော်လည်း နေ့စဉ်နောင်တရ လျက် ကျူးလွန်သောအပြစ်များအတွက်ဆုတောင်းခြင်းဖြင့် ဆေးကြောဖို့ အကြံပြုထားခြင်းမဟုတ်ပါ။ ထိုသို့အကြံပြုရမည့်အစားမေရှိယ၏ ဗတ္တိဇံ မင်္ဂလာခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဆေးကြောရမည်ဟု ပြော လိုပါသည်။ ဖြောင့်မတ်သောသူသည် အမှားပြုခြင်း၊ ဒုစရိုက်ကိုပြုခြင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းများရှိသောအခါမေရှိယခံယူခဲ့သည့် ဗတ္တိဇံမင်္ဂ လာ၊ကြေးဝါအင်တုံဖြင့်ယေရှု၏လုပ်ဆောင်ချက်များမကြာခဏယုံကြည် ဝန်ခံခြင်းဖြင့် ထိုအပြစ်များကို ဆေးကြောနိုင်သည်။
လူအများစုအနေဖြင့် ယေရှု၏လက်ဝါးကပ်တိုင်တစ်ခုတည်းဖြင့် အပြစ်ပြဿနာရပ်အားလုံးကို ဖြေရှင်းပေးခဲ့ပြီဟု ယူဆလေ့ရှိကြသည်။ သို့ ရာတွင် ခန္ဓာကိုယ်အားနည်းနေသဖြင့် နေ့စဉ်အပြစ်ကျူးလွန်ကြသဖြင့် ထို အပြစ်များကို ဆေးကြောခြင်းနှင့်အပြစ်တရားစီရင်ခံရခြင်းဟူ၍ နှစ်မျိုးရှိရ မည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့တင်ခြင်း၊ ထိုအပြစ်အား လုံးအတွက် အပြစ်တရားစီရင်ခြင်း၊ ကျွန်ုပ်တို့အား ပြည့်စုံစွာကယ်တင်ခြင်း စသည့်အမှုများကို ပြုလုပ်နိုင်ဖို့ ရန် ယောဟန်၏ လက်မှ မေရှိယဗတ္တိဇံမင်္ဂ
လာခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော်သွန်းလောင်းခြင်း ရှိ ရမည်။ဤယုံကြည်ချက်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏အ ပြစ်တရားစီရင်ခြင်းသည်တစ်ကြိမ်တည်းဖြင့် ပြီးပြတ်ခဲ့ပါပြီ။ ထိုနည်း အတိုင်း ကျွန်ုပ်တို့၏နေ့စဉ်အပြစ်ကိုမေရှိယခံယူခဲ့သည့် ဗတ္တိဇံကို ယုံကြည် ခြင်းအားဖြင့် ဆေးကြောနိုင်ပါသည်။ ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင် တည်း ဟူသောအရာနှစ်ခုပေါင်းစပ်ခြင်းအားဖြင့်ပြီးပြည့်စုံသောကယ်တင်ခြင်း ထွက်ပေါ်လာသည်။ ဤအရာသည် ပြီးပြည့်စုံသောအပြစ်ဆေးကြောခြင်း သမ္မာတရားဖြစ်သည်။ အပြစ်ပြဿနာရပ်ကို ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ယေရှု၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ကိုသီးခြားခွဲထုတ်၍စဉ်းစားပြီးယုံကြည် လက်ခံမှု ရှိရမည်။
ယဇ်ပုရောဟိတ်များအနေဖြင့်တဲတော်တွင် ယဇ်ကောင်များကို သတ်ဖြတ်သည့်အခါ ညစ်ပေစွန်းထင်းသောအရာများရှိသည်။ ထိုသို့ညစ် ပတ် သောနေရာများကိုဆေးကြောဖို့ လိုအပ်လျက်ရှိသော်လည်း ကြေးဝါ အင်တုံတွင် ရေမရရှိခဲ့သော် မဖြစ်နိုင်ပါ။တစ်နှစ်စာ အပြစ်ဖြေလွှတ်ခွင့်ရ ရှိသော ယဇ်ပုရောဟိတ်မင်းကြီး(သို့) ယဇ်ပုရောဟိတ်(သို့)သာမန် အရပ် သားတစ်ဦးသည် ကြေးဝါအင်တုံ၏ရေမှ အပြစ်ဆေးကြောခြင်းမရှိခဲ့သော်
အပြစ်သည် ဆက်လက်၍ တင်ကျန်ခဲ့လိမ့်ဦးမည်။
အကယ်၍ ယဇ်ပုရောဟိတ်မင်းကြီးသည် သူ၏ခန္ဓာကိုယ်အပေါ် တွင်ထိုသို့ညစ်ပေစွန်းထွန်းမှုရှိခဲ့သော်တဲတော်၏ပုရဝုဏ်အတွင်းရှိ ကြေးဝါ အင်တုံမှ ရေဖြင့်ဆေးကြောနိုင်သဖြင့် အစဉ်အမြဲ သန့်ရှင်းရသော အခွင့်ရှိ လိမ့်မည်။ အကယ်၍တစ်နှစ်စာအပြစ်ဖြေရာယဇ်ကိုဖြေပြီးသော ယဇ်ပု ရောဟိတ်မင်းကြီးဖြစ်စေကာမူနေ့စဉ်ကျူးလွန်သော အပြစ်သည်ရှိနေသေး သဖြင့် အစဉ်ဆေးကြောမှသာလျှင် သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်လျက် ရှိသောယဇ်ပုရောဟိတ်များကို ကြေးဝါအင်တုံတွင် ကိုယ်လက်ဆေးကြော ဖို့ ဘုရားသခင်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ တဲတော်၏ တန်တိုင်းတော်အ တွင်း အဘယ်ကြောင့် ကြေးဝါအင်တုံကိုချထားခဲ့ကြောင်း သဘောပေါက် ကြလိမ့်မည်ဟု ယူဆပါသည်။ ထို့နောက် ကြေးဝါအင်တုံကိုမီးရှို့ရာယဇ် ပလ္လင်နှင့်သန့်ရှင်းရာဌာနကြားတွင်အဘယ်ကြောင့်ချထားသည်ကိုတဆက်
တည်း သိနိုင်ပါသည်။
 
 
ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် ကြေးဝါအင်တုံအလိုရှိသနည်း
 
ကြေးဝါအင်တုံအတွက် အသုံးပြုသော သမ္မာတရားကို ယော (၁၃) တွင် တွေ့နိုင်ပါသည်။ ပဿခါပွဲအတွင်း တပည့်တော်တို့နှင့်အတူ ညစာသုံး ဆောင်ပြီးမှ ယေရှုသူတို့၏ခြေကိုဆေးပြီးမှ ပေတရု၏ ခြေကိုဆေးပေးဖို့ အလှည့်ရောက်ရှိလာသည်။ယေရှုကပေတရုအား ခြေလက်ကို ဆေးပေးရန် ဆန့်ပါဟုတိုက်တွန်းခဲ့ပါသည်။သို့သော် ပေတရုသည်ငြင်းပယ်လျက် “ကျွန် တော်က ကိုယ်တော်ရဲ့ခြေကို ဆေးသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့
ခြေကိုကိုယ်တော်က ဘာလို့ ဆေးမှာလဲ”ဟု စောဒက တက်ခဲ့ပါသည်။
ပေတရုအနေဖြင့် စောဒကတက်ရသည့် အကြောင်းရင်းမှာ ဆရာ သည် တပည့်၏ခြေကို မဆေးသင့်ပါဟု ယူဆထားသောကြောင့်ဖြစ်သည်။ “ငါ့ဆရာကိုဘယ်လိုခြေထောက်ဆေးခိုင်းဝံ့မှာလဲ။မဆေးခိုင်းနိုင်ဘူး” ဟု စဉ်း စားမိပုံ ရရှိပါသည်။
ပေတရုအနေဖြင့် ယေရှု၏လုပ်ဆောင်ချက်အပေါ် စောဒကတက် ခဲ့ပါသည်။ထို့ကြောင့်ယေရှုသည်ပေတရုအားအလေးအနက်ထား၍အောက်ပါအတိုင်း မိန့်တော်မူ၏။
“ယေရှုကလည်းသင်သည်ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏” (ယော ၁၃း၇) ဤကျမ်းပိုဒ်၏ဆို လိုရင်းမှာ - “ခင်ဗျားရဲ့ခြေထောက်ကို ငါဆေးပေးရတဲ့ အကြောင်းရင်းကို အခုနားလည်မှာ မဟုတ်သေးဘူး -ဒီလိုလုပ်တာဟာ ခင်ဗျားရဲ့ နေ့စဉ်ကျူး လွန်တဲ့အပြစ်ကို ဆေးကြောဖယ်ရှားဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။ နောက်နေ့မှာလည်း ဒီလိုအပြစ်မျိုးကို ဆက်လက်ကျူးလွန်ကြဦးမည်။ငါက ခင်ဗျားတို့အနာဂတ်မှာကျူးလွန်မည့်အပြစ်တွေအားလုံးကိုလည်း လက်ဝါး ကပ်တိုင်မှာသွန်းလောင်းခဲ့တဲ့အပြစ်တွေနဲ့ ဆေးကြောပေးခဲ့ပါပြီ။ ငါဟာ ခင်ဗျားတို့အနာဂတ်မှာ ကျူးလွန်မည့်အပြစ်တွေ အားလုံးကိုလည်း ဆေး ကြောပေးခဲ့တဲ့ မေရှိယဖြစ်တယ်ဆိုတာကိုသိပြီးယုံကြည် ရမည်။”
ပေတရု၏စိတ်ထဲတွင် မေရှိယက သူ၏ခြေကို ဆေးကြောခြင်း သည် ကိုယ်ကျင့်တရားရှုထောင့်နှင့်ကိုက်ညီမှု မရှိဟု ယူဆထားသော ကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်ယေရှု “ငါဒီလိုလုပ်ရတဲ့ အ ကြောင်းရင်းကို ခင်ဗျားနောက်မှာဘဲ သိလိမ့်မည်” ဟု ရှင်းပြပေးခဲ့ပါသည်။
“ခင်ဗျားရဲ့ ခြေထောက်ကို ငါကဆေးရမှာ ငါနှင့်ဆက်ဆံလို့ရမည်။ ဒီလိုခြေထောက်ဆေးပေးရတဲ့ အဓိပ္ပါယ်ကို အခုခင်ဗျားသဘောပေါက်မှာ မဟုတ်သေးဘူး။ဒါပေမယ့်ငါဟာလက်ဝါးကပ်တိုင်မှာအတင်ခံရပြီးကောင်း ကင်နိုင်ငံကိုတက်ကြွသွားတဲ့နောက်ဘာလို့ငါခင်ဗျားရဲ့ခြေထောက်ကိုဆေး ပေးရသလဲဆိုတာသိလာလိမ့်မည်။ ဘာလို့လဲဆိုတော့ငါဟာခင်ဗျားရဲ့ မေရှိ ယဖြစ်တဲ့အတွက်အနာဂတ်မှာ ကျူးလွန်တဲ့အပြစ်တွေကိုလည်းဆေးကြော နိုင်ဖို့ ခင်ဗျားရဲ့အပြစ် တွေအတွက် ယဇ်ကောင်ဖြစ်လာပြီး ခင်ဗျားရဲ့ကယ် တင်ရှင်လည်းဖြစ်နေတယ်။”
သခင်ဘုရား၏ပြောပြချက်အရ ပေတရုသည် ယခုအချိန်တွင် ဤ အရာနှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာကို နားလည်ခြင်းမရှိသော် လည်း သခင်ဘုရားရှင်ပြန်ထမြောက်သည့်နောက်ပိုင်းတွင် သဘောပေါက် ခဲ့ပါသည်။ အမှန်အားဖြင့်ထိုကာလသည် သူ၏ဒုစရိုက်အပြစ်ကို ဆေး ကြောခြင်းခံရသည့်အချိန်ဖြစ်သည်။
“လောကမှာ အသက်ရှင်နေတဲ့အချိန်မှ ဘယ်လိုမှ ရှောင်လွှဲလို့မ ရဘဲဒုစရိုက်အပြစ်ကိုကျူးလွန်နေရတဲ့အတွက်သခင်ဘုရားဟာ ကျွန်တော့် ရဲ့ခြေကိုဆေးပေးတဲ့အတွက် ယောဟန်၏လက်မှသူ့ရဲ့ဗတ္တိဇံမင်္ဂလာခံယူ ခြင်းဖြင့် နေ့စဉ်ပြုမှားမိတဲ့အပြစ်တွေအားလုံးကိုလည်း ဆေးကြောပေးခဲ့ပါ ပြီ။မေရှိယ၏ဗတ္တိဇံမင်္ဂလာမှ အနာဂတ်တွင်ကျူးလွန်မည့်အပြစ်များ ကိုပင် ဆေးကြောခဲ့ပြီးပါပြီ။ ယေရှုသည် ဗတ္တိဇံမင်္ဂလာခံခြင်းအားဖြင့်လောက အ ပြစ်မှန်သမျှကို ယူတင်ဆောင်ရွက်လျက် ထိုအပြစ်များကို လက်ဝါးကပ် တိုင်အပေါ်တင်လျက်၎င်းအပေါ်အသေသတ်ခြင်းခံရသည့်တိုင်အောင်အ ပြစ်များအတွက်ပေးဆပ်ခဲ့ရပါပြီ။ ဒီလိုနဲ့ဘဲ သေခြင်းမှရှင်ပြန်ထမြောက်ပြီး တဲ့နောက် အပြစ်ရှိသမျှအထဲမှငါတို့ကိုကယ်တင်နိုင်ခဲ့ပါပြီ။”
သခင်ဘုရားအပေါ် သစ္စာဖောက်လျက် သုံးကြိမ်ငြင်းပယ်ခဲ့ပြီးမှ ပေတရုသည်ဤအကြောင်းအရာကို သဘော ပေါက်ခဲ့ပါသည်။ ထို့ကြောင့် ၁ပေ ၃း၂၁ တွင် ဤသို့ဖော်ပြထားပါသည်။ “ထိုသို့သော ဥပမာအတိုင်း ယခုတွင်ဗတ္တိဇံသည်ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ်ကာယ၏အညစ်အကြေး ဆေး ကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်၍ဘုရားသ ခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။” ဤနေရာတွင် ဥပမာဆိုသည်မှာ
ဓမ္မဟောင်းကာလ၏ အရိပ်အမြွက်ဖြစ်၍ ထိုအရိပ်အမြွက်သင်္ကတေသည် ဓမ္မသစ်ခေတ်ရောက်သောအခါပြည့်စုံလာခြင်းဖြစ်သည်။ ထို့ကြောင့် ယခင် ဆက်စပ်မှု ဖော်ပြချက်အရယေရှု၏ရေ၌ဗတ္တိဇံမင်္ဂလာ ခံယူချက်သည် ဓမ္မ ဟောင်းကာလမှရေနှင့်ဆိုင်သောကယ်တင်ခြင်း၏ပုံဆောင်ချက်ဖြစ်သည်။
ဓမ္မဟောင်းကာလတွင်အပြစ်ဖြေရာယဇ်ပူဇော်သည့်နေ့ရက်ကြီးတွင်တစ်နှစ်တာအတွင်း ကျူးလွန်သည့်အပြစ်များ အားလုံး ဖြေလွှတ်ခွင့်ရ ရှိဖို့ ဣသရေလလူမျိုးအားလုံး၏ ကိုယ်စားလှယ်ယဇ်ပုရောဟိတ်မင်းကြီး သည် အပြစ်ကိုလွှဲပြောင်းပေးသည့်အနေဖြင့် ယဇ်ကောင်အပေါ်သို့ လက် ကိုတင်ရမည်။ ဤသို့လက်တင်ပေးရသည့်ပုံစံသည် ယေရှု၏ဗတ္တိဇံမင်္ဂလာ ခံယူပုံနှင့်တူညီမှုရှိသည်။ ဓမ္မဟောင်းကာလတွင် ယဇ်ကောင်ကိုသတ်သည့် အခါ ဣသရေလလူမျိုးအားလုံး၏ အပြစ်ကို လွှဲပြောင်းရယူခဲ့ရသဖြင့်အ သွေးသွန်ရမည်။ ယဇ်ကောင်၏လည်ပင်းကိုဖြတ်လျက် ရှိသမျှအသွေးကို သွန်ရမည်။ယဇ်ပုရောဟိတ်များသည် ယဇ်ကောင်၏အရေခွံကိုခွာလျက် အသားကိုစဉ်းကာဘုရားသခင်၏ရှေ့မှောက်တွင် မီးရှို့၍ ပူဇော်ရမည်။
မေရှိယသည် ဓမ္မဟောင်းကာလ၏ စစ်မှန်သောယဇ်ကောင်အဖြစ် လောကသို့ကြွလာလျက် လက်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အား လုံးကို ယူတင်ဆောင်ရွက်လျက် လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော် သွန်းခြင်းဖြင့်ကျွန်ုပ်တို့ ကိုယ်စားအသေခံပေးခဲ့သည်။ ယနေ့သင်နှင့် ကျွန်ုပ် သည်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော် သွန်းလောင်း၍ အသေခံခြင်းဖြင့် ပြည့်စုံသောအပြစ်ဆေးကြောခြင်းမင်္ဂ လာကို လက်ခံရရှိလျက် နေကြပါသည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးသည် ကျွန်ုပ်တို့၏သခင်ဘုရားခံယူခဲ့သည့် ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ်ဝယ် သွန်းလောင်း ခဲ့သောအသွေးတော်အားဖြင့် အားလုံးဆေးကြောသန့်စင်ခဲ့ပြီး ဖြစ်သည့်အားလျှော်စွာ နေ့စဉ်ကျူးလွန်သည့် ဒုစရိုက်အပြစ် များကို ထိုအ ရာအားဖြင့်ထပ်ခါတလဲလဲဆေးကြောရမည်။ဤသမ္မာတရားကိုသိ၍ကျွန်ုပ် တို့ယုံကြည်ရမည်။ ယေရှုခရစ် သည် ဗတ္တိဇံကိုခံယူသောအခါကျွန်ုပ်တို့၏ အပြစ်ရှိသမျှကိုယူတင်ဆောင်ရွက်ခဲ့ပြီဟုယုံကြည်လက်ခံသောအခါ နေ့စဉ်
ပြုမှားမိသော ဒုစရိုက်အပြစ်ရှိသမျှ သန့်စင်လိမ့်မည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည်ဒုစရိုက်အပြစ်ကိုကျူးလွန်မိသောအခါရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားအပေါ်ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို မကြာခဏ အတည်ပြု ရမည်။ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ဖြင့် အပြစ်အားလုံး ဆေးကြောသုတ် သင်ခြင်းခံရပြီဆိုသည့် သမ္မာတရားကိုမကြာခဏစားမြုံ့ ပြန်ခြင်းအားဖြင့် မည်သို့သောအခြေအနေ၌ပင်ဖြစ်ပါစေကယ်တင်ခြင်းဆုံးရှုံးနိုင်မည် မဟုတ် ပါ။ (သို့) ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ဒုစရိုက်အပြစ်၏ တိုက်ခိုက်မှုကိုခံရ သောအခါ ပြန်လည်တည့်မတ်ခွင့် ရရှိလိမ့်မည်။
အကြောင်းမူကား နေ့စဉ်ကျူးလွန်သော ဒုစရိုက်အပြစ်များကို ယေရှုသည်အကုန်အစင် ဆေးကြောပေးခဲ့ပြီဟု ယုံကြည်လက်ခံသော ဖြောင့်မတ်သောသူ ရေ၊ အသွေး၊ဝိညာဉ်တော်ဖြင့် အပြစ်ဆေးကြောခြင်း ခံရသောသူသည် ကြေးဝါအင်တုံမှ ရေကိုဘုရားသခင် အသုံးပြုခွင့်ပေးထား သောကြောင့် သူတို့နေ့စဉ်ကျူးလွန်သော အပြစ်များကိုရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားအပေါ် ယုံကြည်ခြင်းအားဖြင့် ဆေးကြောလိမ့်မည်။
ကြေးဝါအင်တုံကို သွန်းလုပ်သည့်အခါ ပရိသတ်နှင့် တွေ့ဆုံရာအ ရပ်တွင်အစေခံကြသော အမျိုးသမီးများ အသုံးပြုသည့် ကြည့်မှန်များကို ယူ၍ ပြုလုပ်ထားသဖြင့်မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ဟု ဆိုလိုသည်။ ကိုယ်ကာယ၏အားနည်းချက်ကြောင့်ဒုစရိုက်အပြစ်ကိုကျူးလွန်လျက်စိတ် ပျက်သောအခါ ကြေးဝါအင်တုံရှိရာသို့ သွား၍ခြေနှင့်လက်ကို ဆေးကြော ရမည်။ ကြေးဝါအင်တုံ၏ ဝိနည်းအထုံးအဖွဲ့မှ ယေရှုခရစ်သည်ယောဟန် ၏လက်မှဗတ္တိဇံကို ခံယူခြင်းဖြင့် လောကအပြစ် ရှိသမျှကို သူ့အပေါ်သို့ယူ တင်ဆောင်ရွက်ခဲ့ပြီဟူသောအချက်ကို သတိရစေပါသည်။ အမျိုးသမီးများ အသုံးပြုသောကြည့်မှန်အားဖြင့်သွန်းလုပ်ထားသောကြေးဝါအင်တုံမှရေနှင့် ယဇ်ပုရောဟိတ်များ၏ညစ်ပေစွန်းထင်းသော ခြေ၊လက်များကို ဆေးကြော သကဲ့သို့ သန့်ရှင်းသူများ၏ အပြစ်ကိုလည်း ဆေးကြောနိုင်သည့်ဆိုသည့် သမ္မာတရားကို သွန်သင်ပြသလိုခြင်းဖြစ်သည်။
ယေရှုသည် ဘုရားသခင်၏ သားတော်၊ ဖန်ဆင်းရှင်၊ လူသားမျိုး နွယ်တစ်ရပ်လုံး၏ကယ်တင်အဖြစ် ကျွန်ုပ်တို့ယုံကြည်ရမည်။ လောကတွင် အသက်ရှင်နေထိုင်သည့်အခါခန္ဓာကိုယ်အားနည်းသောကြောင့် ဒုစရိုက်အ ပြစ်ကိုပြုမိသောအခါ မေရှိယယေရှုခရစ်သည်ခန္ဓာကိုယ်ဖြင့် လောကသို့ ကြွလာလျက် ယောဟန်၏ လက်မှ ဗတ္တိဇံကို ခံယူခြင်းအားဖြင့်ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူတင်ဆောင်ရွက်လျက် ထိုအပြစ်များကြောင့် လက်ဝါး
ကပ်တိုင်ပေါ်ဝယ် အသေခံခဲ့ပြီ ဆိုသည့် သမ္မာတရားကို ဗီဇအဖြစ်တစ်ခု တည်းသာမကနေ့စဉ်ကျူးလွန်သော ဒုစရိုက်အပြစ်များကိုပင် ဆေးကြော ပေးနိုင်သည့် သမ္မာတရားဖြစ်ကြောင်း အောက်မေ့သတိရသင့်သည်။
အကယ်၍ အပြစ်ဆေးကြောခြင်းကို ခံယူပြီးသောသူတစ်ဦးအနေ ဖြင့်အကြောင်းအရာကို ယုံကြည်လျက် ဆင်ခြင်အောက်မေ့ခြင်း မရှိခဲ့သော် နေ့စဉ်ကျူးလွန်သောဒုစရိုက်အပြစ်အားဖြင့်ချည်နှောင်မှုခံရလျက် အသက် တာဟောင်း၏ အပြစ်နွံထဲသို့ပြန်လည်ကျဆင်းလိမ့်မည်။ ထိုနည်းအတိုင်း အားနည်းချက်၊ ချို့ယွင်းချက်ရှိသော ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်ကို ပြုမိ သော်လည်း ထိုအပြစ်များအားလုံး ယေရှု၏ဗတ္တိဇံခံယူခြင်းဖြင့်လွှဲပြောင်း ပေးခဲ့ပြီဟု ယုံကြည်ထားရမည်။ နေ့စဉ်အသက်တာတွင် မေရှိယသည်ဗတ္တိ ဇံခံယူခြင်းကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူတင်ဆောင်ရွက်လျက်ဆေး ကြောသန့်စင်ပေးခဲ့ပြီ ဆိုသည့်အချက်ကို သတိရအောက်မေ့ခြင်း၊ ယုံကြည် ခြင်း၊ အတည်ပြုခြင်းစသည့်အမှုများကို ထပ်ခါတလဲလဲ ပြုလုပ်ရမည်။
သူသည် ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းလောက၏ အပြစ် အားလုံးကိုယူတင်ဝတ်ဆောင်လျက် သူ၏အသွေးတော် သွန်းလောင်းသည့် တိုင်အောင် ထိုအပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့ပြီဆိုသည့် ယုံကြည်ချက်မ ပါဘဲ ကမ္ဘာပေါ်ဝယ်အခြားယုံကြည်ချက်ဖြင့် အပြစ်ဖြေလွှတ်ခွင့်ကို ရရှိနိုင် မည်မဟုတ်ပါ။အကယ်၍အပြစ်ဆေးကြောခြင်းကိုခံရသောသူတစ်ယောက် မျှရှိသူမှန်လျှင် ဒုစရိုက်အပြစ်ကိုပြုမည်မဟုတ်ပါ။ ထိုသို့နှင့်အညီယေရှု၏ ဗတ္တိဇံကို မယုံကြည်သောသူသည် အပြစ်သားဖြစ်သောကြောင့် ဘုရားသ ခင်၏အလိုတော်ကို ပြည့်စုံစေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင် သည်သူ၏တစ်ပါးတည်းသောသားတော်ကိုကျွန်ုပ်တို့အားပေးပြီးယောဟန် ၏လက်မှ ဗတ္တိဇံကိုခံယူကာလက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်း လောင်းစေခဲ့ခြင်းဖြစ်သည်။ ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် ခြင်းဖြင့် အပြစ်ဖြေလွှတ်ခွင့် ကို ကျွန်ုပ်တို့ရရှိလိမ့်မည်။ဤသမ္မာတရားကို ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံး ဆေးကြောသုတ် သင်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ မေတ္တာတော်ကို စိတ်နှလုံးထဲမှ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူ ဖြစ်လိမ့်မည်။ ယခုအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် အပြစ်နှင့်ကင်းစင်ခြင်း၊ သန့်ရှင်း ခြင်း၊ အနာအဆာကင်းမဲ့ခြင်း များ ရှိလိမ့်မည်။သို့ရာတွင် အသွေးအသား၌ ချွတ်ယွင်းချက်ရှိလိမ့်မည်။ ထို့ကြောင့် ယေရှု၏ ဗတ္တိဇံမင်္ဂလာခံယူခြင်းကို နေ့စဉ်အောက်မေ့လျက် ဤယုံကြည်ချက်ကို အစဉ်ဆင်ခြင်ရမည်။ ကျွန်ုပ် တို့၏အားနည်းချက်၊ ချွတ်ယွင်းချက်များရှိလာ သောအခါဖြစ်စေ၊ ညစ်ညမ်း သောအတွေးအခေါ်များ ထွက်ပေါ်လာသောအခါဖြစ်စေ၊ ညစ်ညူးလျက် အပြုအမူအားဖြင့် လမ်းလွဲသဖြင့်ယေရှုသည် ယောဟန်၏လက်မှ ဗတ္တိဇံခံ ယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးယူတင်ဝတ်ဆောင်လျက်သန့်စင် စေခဲ့ပြီဆိုသည့် ဤသမ္မာတရားကို ထပ်မံယုံကြည်မှသာဘုရားသခင်သည် ကျေနပ်အားရမှုရှိလိမ့်မည်။
အပြစ်တစ်စုံတစ်ရာ ကျူးလွန်မိသောအခါ ထိုအပြစ်ကို ဘုရားသ ခင်၏ ရှေ့တော်တွင် ဖော်ပြလျက် ထိုအပြစ် အားလုံး သူ၏ဗတ္တိဇံအားဖြင့် ယေရှုအပေါ်သို့ တင်ထားလျက်ရှိကြောင်း တစ်ဖန်ယုံကြည်ရမည်။ ယေရှု ၏ဗတ္တိဇံအားဖြင့်အပြစ်မှန်သမျှ ဆေးကြောခြင်းခံရသောသူသည် ထိုလုပ် ဆောင်ချက်ကို ယုံကြည်ခြင်းအာဖြင့် နေ့စဉ်ကျူးလွန်သောအပြစ်များကို ဆေးကြောရမည်။ ထို့ကြောင့် ယေရှုခရစ်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏ အ ပြစ်မှန်သမျှဆေးကြောနိုင်သည်ဆိုသည့် အချက်ကို အစဉ်အမြဲစွဲလမ်း ယုံ ကြည်ထားရမည်။
ဘုရားသခင်သည် ကြေးဝါအင်တုံကို တဲတော်နှင့် မီးရှို့ရာ ယဇ် ပလ္လင်စပ်ကြားတွင်အဘယ်ကြောင့်ချထားရသနည်းဆိုသည့်အချက်ကိုလေ့ လာစူးစမ်းနေကြခြင်းဖြစ်သည်။ဘုရားသခင်သည် တဲတော်နှင့် မီးရှို့ရာယဇ် ပလ္လင်စပ်ကြားတွင် ကြေးဝါအင်တုံကိုချထားရခြင်းမှာ သူ၏ရှေ့မှောက်သို့ သွားသောအခါ သန့်ရှင်းသောခန္ဓာကိုယ်အားဖြင့်နိုင်ဖို့ဖြစ်သည်။ ယေရှု၏ ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်အားဖြင့် ပြည့်စုံသော အပြစ်ဆေးကြောခွင့် ရရှိသည့် ဖြောင့်မတ်သောသူပင် ဖြစ်လင့်ကစား စိတ်ထဲကပါသည်ဖြစ်စေ၊
မပါသည်ဖြစ်စေ၊ အပြစ်ပြုမိသောအခါ စိတ်နှလုံးသည် ညစ်ညူးလျက် ရှိ သည်။ ထို့ကြောင့်ဘုရားသခင်၏ ရှေ့တော်သို့သွားသောအခါ မီးရှို့ရာ ယဇ်ပလ္လင်ကို ကျော်ဖြတ်လျက်ကြေးဝါအင်တုံတွင် ကျွန်ုပ်တို့၏ ညစ်ပတ် စွန်းထင်းမှုကို ဆေးကြောဖို့လိုအပ်ခြင်းဖြစ်သည်။ဘုရားသခင်ထံသို့ သွား သောအခါ အသေးငယ်ဆုံးသောအပြစ် ကိုပင် ခွင့်မလွှတ်နိုင်သောကြောင့် သူသည်တဲတော်နှင့် ကြေးဝါယဇ်ပလ္လင်စပ်ကြားတွင် ကြေးဝါအင်တုံကို ချထားသဖြင့် သူ၏ရှေ့တော်သို့သွားသောအခါ ထိုရေဖြင့် မိမိကိုယ်ကို သန့် ရှင်းစင်ကြယ်စေဖို့ဖြစ်သည်။
 
 
ဘုရားသခင်၏ရှေ့မှောက်တွင် မည်သို့သော သြတ္တပစိတ်သည် ကောင်းသောစိတ်ဖြစ်မည်နည်း။
 
“ဗတ္တိဇံဟုဆိုသော်ကိုယ်ကာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ ကိုယ့်ကိုကိုယ်သိသော စိတ်ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန် ခံခြင်းကို ဆိုလိုသတည်း” (၁ပေ၃း၂၁)။ ဤနေရာတွင် ကိုယ့်ကိုကိုယ်သိ သောစိတ် ဆိုသည်မှာ ယေရှုသည်ယောဒန်မြစ်တွင်ယောဟန်၏လက်မှ ဗတ္တိဇံကိုခံယူခြင်းအားဖြင့် နေ့စဉ်ပြုမိသော ဒုစရိုက်အပြစ်များ အပါအဝင် အပြစ်ရှိသမျှကိုယူတင်ဝတ်ဆောင်လျက် ဆေးကြောခဲ့ပြီဟု ယုံကြည်ခြင်း ကိုဆိုလိုသည်။ ကျွန်ုပ်တို့၏အပြစ်များကိုသူ့အပေါ်သို့တင်ဖို့ရန် သခင်ဘု ရားသည်ယောဟန်၏လက်မှ ဗတ္တိဇံကိုခံလျက် အပြစ်များကို သူ့အပေါ်သို့ တင်ခဲ့ပါသည်။အကြောင်းမူကား ယေရှုသည် သူ၏ခန္ဓာကိုယ်အားဖြင့် အ ပြစ်များကို ထမ်းထားရသဖြင့်လက်ဝါးကပ်တိုင် ပေါ်ဝယ် အသေခံဖို့ဖြစ် သည်။ သူလုပ်ဆောင်ခဲ့သောအရာကိုကျွန်ုပ်တို့အနေဖြင့် မယုံကြည်ခဲ့သော် (သို့) ဂရုမစိုက်ခဲ့သော် ကျွန်ုပ်တို့၏ သြတ္တပစိတ်သည်ကြည်လင်မှုရှိလာနိုင် မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ယေရှု၏ဗတ္တိဇံကိုယုံကြည် ခြင်းဖြစ်သည်။ ဘုရားသခင်၏ရှေ့မှောက်တွင် သြတ္တပစိတ် ကြည်လင်ရ မည်။ကိုယ်ကာယအားဖြင့် ရာနှုန်းပြည့် ကောင်းအောင် အသက်မရှင်နိုင် လည်း ဘုရားသခင်၏ရှေ့မှောက်တွင် သြတ္တပစိတ် ကြည်လင်မှုရှိရမည်။
လွန်ခဲ့သော် နှစ်ပေါင်း (၅၀)ခန့်က ကိုရီးယားနိုင်ငံသည် စစ်မက် ဖြစ်ပွားမှုကြောင့်အရာရာသည် ပျက်စီးပြိုလဲ၍ ထိုအရာများပြန်လည်ထူ ထောင် ဖို့ ပြည်ပမှ ထောက်ပံ့မှုများစွာဝင်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ မိဘမဲ့ဂေဟာများသည် ထောက်ပံ့မှုပထမဦးဆုံးရရှိသောအဖွဲ့ ဖြစ်သော် လည်း ကြားကာလတွင် မသမာသောလူများအနေဖြင့် ထိုအထောက်အပံ့ များဖြင့် ကိုယ်ပိုင်အင်ပါယာများ တည်ဆောက်ခဲ့ကြပါသည်။ သူတို့သည် သြတ္တပစိတ်မကြည်လင်သူများ ဖြစ်သည်။ ပြည်ပ နိုင်ငံများမှ ဂျုံမှုန့်၊ နို့မှုန့်၊ စောင်၊ ရှူးဖိနပ်၊ အဝတ်အစားနှင့် အခြားထောက်ပံ့မှုပစ္စည်းများတည်း ဟူသော အထောက်အပံ့များကို ငတ်မွတ်နေသူတို့အား ကျွေးဖို့၊ အဝတ်အ စားများမရှိသောသူများကို ဝတ်ဆင်ပေးဖို့ ပေးပို့ကြသော်လည်းဒေသဆိုင် ရာ အာဏာပိုင်မှမလိမ့်တပတ် ပြုလုပ်၍ သူတို့၏အိတ်ထောင်ထဲထည့်ကြ မည်ဟုအဘယ်သူမှ ကြိုတင်တွေးဆထားခြင်းမရှိပါ။
စိတ်ရင်းစေတနာကောင်းသောသူများသည်ဆင်းရဲသားများအပေါ် ကောင်းစွာထောက်ပံ့နိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ပြည်ပမှုပေးသောကူညီ ထောက်ပံ့မှုကိုကိုယ်ပိုင်အကျိုးအတွက် အသုံးချသောသူများသည် ထောက် ပံ့မှုလိုအပ်နေသူများထံအချိန်မီမရောက်နိုင်သောကြောင့် သေကြေပျက် စီး မှုများရှိလျက်သူတို့သည်ဘုရားသခင်၏ရှေ့မှောက်တွင်ကြည်လင်သန့်ရှင်း သော သြတ္တပစိတ်ဖြင့် အသက်ရှင်ခွင့်မရတော့ဘဲ ရှက်ကြောက်လျက်သာ
ရှိနေကြသည်။ ထိုသို့မလုပ်သောသူသည် သြတ္တပစိတ်မှ သူခိုးဟုစွပ်စွဲခြင်း လည်း ခံရမည်မဟုတ်ပါ။ ထိုသို့ ခိုးသောအမှုကို ကျူးလွန်ခဲ့သည့်တိုင် အောင် နောက်ပြန်လှည့်၍ ယေရှု၏ဗတ္တိဇံကို ခံယူကာ ယုံကြည်မည်ဆို လျှင် ထိုအပြစ်ကို ဆေးကြော၍ ရနိုင်လိမ့်မည်။
ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူတင်ဝတ်ဆောင်လျက် ဆေး ကြောသုတ်သင်ဖို့ယေရှုသည်လောကသို့ကြွလာလျက် ဗတ္တိဇံကို ခံယူစေခဲ့ ပါသည်။ ထိုသို့ယောဟန်၏လက်မှဗတ္တိဇံကို ခံယူခဲ့ခြင်းဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်ကို တစ်ကြိမ်တည်း အပြီးသတ်ဆေးကြောခဲ့ပါသည်။ ယေရှု၏ဗတ္တိဇံကို မယုံကြည်သောသူတို့အား “သူ့ရဲ့ ဗတ္တိဇံကိုမယုံကြည့် ဘဲခင်ဗျား တို့အတွက်သာဝါကြွားစရာရှိသလဲ”ဟု မေးလိုက်ချင်ပါသည်။ ထိုသို့မယုံကြည်ဘဲ စိတ်ချစွာနေနိုင်မည်လား။ သူ၏ဗတ္တိဇံအပေါ် ယုံကြည် ချက်မရှိဘဲ သင်သည်ကောင်းကင်နိုင်ငံသို့ ဝင်ရမည့်လူကောင်းတစ်ဦး ဖြစ် နေပါသလား။
အကယ်၍ ကြည်လင်သော သြတ္တပစိတ်ကို အလိုရှိသောသူအ တွက် ယောဟန်၏လက်မှ ယေရှုခံယူခဲ့သော ဗတ္တိဇံဖြင့် ကျွန်ုပ်တို့နေ့စဉ် ကျူးလွန်သော ဒုစရိုက်အပြစ်များကိုဆေးကြောရမည်။ ထိုသို့ ဆေးကြော ဖို့ရန် ယေရှုသည် ကျွန်ုပ်တို့ အသက်တာတလျှောက်လုံးမှကျူးလွန်သည့် အပြစ်မှန်သမျှကို ဗတ္တိဇံခံယူခြင်းဖြင့် သူ့အပေါ်သို့တင်လျက် ဆေးကြော ပြီးပြီဟူသော ယုံကြည်ချက်ရှိထားသူ ဖြစ်ရမည်။ ထို့ကြောင့် မေရှိယသည် လက်ဝါးကပ်တိုင်သို့မသွားမီ ဗတ္တိဇံကိုခံယူခဲ့ခြင်း ဖြစ်သည်။
မှားယွင်းသောအမှုကို ပြုစဉ်တွင် တွေ့မိသောမိန်းမအား ယေရှုက “ငါလည်းနင့်အကိုအပြစ်မတင်ဘူး၊အပြစ်ဒဏ်မစီရင်ဘူး”ဟု ပြောခဲ့သည်။ အဘယ်ကြောင့်နည်း။အကြောင်းမူကား- ယေရှုသည် သူမ၏အပြစ်မှန်သမျှ ကိုသူ့အပေါ်သို့တင်လျက်ယူတင်ဆောင်ရွက်ခဲ့ပြီးပါပြီ။ သူက “ငါဟာသင် တို့ရဲ့အပြစ်ကိုဖော်ထုတ်တဲ့ ဘုရားတစ်ပါးဖြစ်တယ်။ ဒါပေမယ့် ငါခံယူခဲ့တဲ့ ဗတ္တိဇံကို သင်တို့ယုံကြည်မည်ဆိုရင် သင်တို့ရဲ့အပြစ်တွေကိုဆေးကြော ပေးနိုင်တယ်။ဒါကြောင့်ငါ့ရဲ့ဗတ္တိဇံကိုယုံကြည်ပြီးအပြစ်ဆေးကြောခြင်းကို
ခံယူကြပါ။ယုံကြည်ခြင်းအားဖြင့်အပြစ်ဒဏ်စီရင်ခြင်းထဲမှကယ်တင်ခြင်း ရ ယူကြပါ။အပြစ်ဆေးကြောခြင်းကိုလည်းခံယူကြပါ။သင်တို့၏သြတ္တပစိတ် ကြည်လင်ဖို့ ဆေးကြောကြပါ။ ငါပေးတဲ့ရေကို သောက်ကြပါ။ ဒါဆိုရင် နောက်တစ်ခါ ရေမငတ်တော့ဘူး” ဟု ပြောလျက်ရှိသည်။
ယနေ့သင်နှင့်ကျွန်ုပ်သည်ယေရှုအပေါ်အပြစ်အားလုံးမှ ကယ်တင် ခဲ့သောအရှင်တစ်ပါးအဖြစ် ယုံကြည်သူများ ဖြစ်သည်။ ယေရှုသည် သူ၏ ဗတ္တိဇံအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကိုယူတင်ဝတ်ဆောင်လျက် ဆေး ကြောပေးခဲ့ပြီဟု သင်သည်အမှန်တကယ်ယုံကြည်ပါသလား။ သခင်ဘုရား သည်ကျွန်ုပ်တို့၏အပြစ်မှန်သမျှကို ဆေးကြောသန့်စင်ပေးခဲ့သဖြင့်ကြည် လင်သော သြတ္တပစိတ်ဖြင့် ဘုရားသခင်ထံသို့ ဝင်ရောက်ခွင့်ကျွန်ုပ်တို့ ရရှိ လိမ့်မည်။ အကြောင်းမူကား ကျွန်ုပ်တို့၏ သခင်ဘုရားသည် ယောဟန်၏
လက်မှ ဗတ္တိဇံခံယူသောအခါ လောကအပြစ်ရှိသမျှကိုသူ့အပေါ်သို့တင် လျက် လက်ဝါးကပ်တိုင်ကိုထမ်းပြီး ညှင်းပမ်းနှိပ်စက်ခြင်းဖြင့် အသေခံကာ တဖန်ပြန်လည်ရှင်ပြန်ထမြောက်သောအခါ အပြစ်အားလုံးကို ဆေးကြော သုတ်သင်နိုင်ခဲ့ပါပြီ။ လွန်လေပြီးသော ကာလတွင်ယေရှုသည်လောကသို့ ကြွလာလျက် (၃၃)နှစ် အသက်ရှင်ခဲ့ရာ သူ၏ဗတ္တိဇံခံယူခြင်းဖြင့်လောက အပြစ်အားလုံးကို သူ့အပေါ်သို့တင်လျက် ဆေးကြောခဲ့ပါသည်။
ကျွန်ုပ်တို့၏ နေ့စဉ်ကျူးလွန်သော ဒုစရိုက်အပြစ်များ အပါအဝင် အပြစ်ရှိသမျှကိုသူ့အပေါ်သို့တင်လျက် သခင်ဘုရားသည် ဆေးကြောပေးခဲ့ သဖြင့် ခမည်းတော်ဘုရား၏ရှေ့တော်သို့ဝင်ရောက်ခွင့်ရလျှင် ယေရှုခရစ် ၏ယဇ်ပူဇော်ခြင်းဖြင့် အပြစ်ဒဏ်စီရင်ခံရပြီးကျွန်ုပ်တို့အား ဖြောင့်မတ် သောသူဖြစ်စေသည်။ တစ်နည်းအားဖြင့် သခင်ဘုရားကို ယုံကြည်ခြင်း အားဖြင့် ခမည်းတော်အားအဖဟုခေါ်ဆိုခွင့်ရရှိလျက် သူ၏မျက်မှောက် တော်သို့ဝင်ခွင့်ရလိမ့်မည်။ ယေရှု၏ လုပ်ဆောင်ချက်တည်းဟူသော ရေ၊ အသွေး၊ ဝိညာဉ်တော်ကိုယုံကြည်သောသူသည် သြတ္တပစိတ်ကြည်လင် သောသူ ဖြစ်သည်။ ထိုသို့မကြည်လင်သောသူသည် သခင်ဘုရား၏ ဖြောင့် မတ်သောလုပ်ဆောင်ချက်တည်းဟူသောသူ၏ဗတ္တိဇံနှင့်လက်ဝါးကပ် တိုင် ကို မယုံကြည်သောသူဖြစ်သည်။
 
 
ယခုခေတ်တွင်ရှိသောလူများသည် အယူသည်းသော ယုံကြည်ချက်ရှိသော ကြောင့်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိအကျလိုက်နာခြင်း မရှိတော့ပါ။
 
ဓမ္မဒေသနာကို ဟောပြောသောသူအများအပြားတို့က လိမ် လည်လှည့်ဖြားသောအားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီးမှ မိမိ၏ကုသိုလ် ကောင်းမှုအားဖြင့် ထပ်မံ၍ပေါင်းထည့်မှသာ ကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်ခွင့်ရရှိလိမ့်မည်ဟု သွန်သင်နေကြလျက် ရှိသည်။ ကယ်တင်ခြင်းနှင့် ပတ်သက်လာလျှင် ယေရှု၏အသွေး တော်တစ်မျိုးတည်းကိုသာ ယုံကြည်ရ မည်ဟု သွန်သင်လျက် ခန္ဓာကိုယ်အားဖြင့် ဘုရားသခင်နှင့်တွေ့ကြုံရသည့် အဖြစ်အပျက်ရှိဖို့ ကောင်းကင်ပေါ်သို့တက်၍အစာရှောင်ဆုတောင်းခြင်းကို
ပြုလုပ်ကြလေ့ရှိသည်။ ထိုသို့သော ယုံကြည်ချက်ထက် မှားယွင်း သောယုံကြည်ချက် မရှိတော့ပါ။ သူတို့က “ငါ့ရဲ့အပြစ်တွေကို ပြန်မြင်လာ တဲ့အတွက် တစ်ညလုံးထိုင်ပြီး ဒီလိုဆုတောင်းခဲ့တယ်။ ဘုရားသခင် ကျွန် တော့်မှာ အပြစ်ရှိတယ်။ ကိုယ်တော်အား ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်နေ့ညမှာလည်း စိတ်ထဲမှာ အပြစ်ကြောင့် ဖြစ်လာ တဲ့ ဝေဒနာ
ကိုခံစားရင်း ဆက်လက်၍ ဆုတောင်းခဲ့တယ်။ ဒီလိုနဲ့ မိုးလင်းပိုင်းရောက် လာတဲ့အခါမှာတောက်လောင်နေတဲ့ မီးစတစ်ခုဟာ ကျွန်တော့်အပေါ် ကျ ရောက်လာတယ်။ ဒါကြောင့်ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှင်းသွားတယ်။ ကျွန်တော့်ရဲ့အပြစ်တွေဟာအဲဒီအချိန်မှာမိုးပွင့်တွေလိုဘဲဖြူစင်သွားတာကို တွေ့ရတယ်။အဲဒီနောက်ကျွန်တော်ဟာ ဒုတိယမွေးဖွားခြင်းကို ခံယူရရှိခဲ့ပါ တယ်- ဟာလေလုယ”ဟု ပြောကြပါသည်။
ထိုသို့သော အတွေးအခေါ်သည် လူ့အပိုင်းမှ တီထွင်ထားသော အတွေးအခေါ်၊စိတ်နှလုံးမာကျောခြင်း၊ မိုက်မဲသော ထင်မြင်ယူဆချက်များ ဖြစ်သောကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် အချဉ်းနှီး ဖြစ်လိမ့် မည်။ ထိုသို့ ဒဏ္ဍရီဆန်သော အတွေးအခေါ်ဖြင့်လူအများကို လှည့်စားကာ ငရဲသို့ ဦးဆောင်သောကြောင့် ဘုရားသခင်သည် ဒဏ်ခတ်လိမ့်မည်ဖြစ် ကြောင်း သင်သည်အောက်မေ့ရမည်။
“ကျွန်တော့်နားတစ်ဖက် တစ်အားကိုက်တာဘဲ။ သခင်ဘုရား ပြောတဲ့စကားကိုယုံကြည်ရင် အနာရောဂါငြိမ်းမှာဘဲဆိုတဲ့ ခံယူချက်အ ပြည့်နှင့်” ကိုယ်တော်ကို ယုံကြည်ပါ၏၊ဘုရား}}လို့ ပြောခဲ့တယ်။ အဲဒီလိုယုံ ကြည်ပြီးမှ ပြောတဲ့အခါ အနာရောဂါရှိသမျှ ပျောက်ကင်းသက်သာသွား တာ တွေ့ရပါတယ်။”
“ကျွန်တော့်မှာ အစာအိမ်ရောဂါရှိတယ်။ တစ်ခုခုစားတဲ့အခါတိုင်း နာကျင်ကိုက်ခဲမှုရှိလာတယ်။ဒါကြောင့် အစာမစားမီ ဒီလိုဆုတောင်းတယ်။ ကိုယ်တော်-ကျွန်တော်ဗိုက်နာနေတယ်။ကိုယ်တော်ပြောခဲ့တယ်။ ယုံကြည် ခြင်းနဲ့ဆုတောင်းရင်ကြားတယ်လို့ပြောတယ်။ ဒီနှုတ်ကပတ်တော်ကို ကျွန် တော်ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ရောဂါ ဟာလုံးဝပျောက် ကင်းသက်သာသွားတယ်။”
ထိုသို့သော အကြောင်းအရာသည် အဘယ်နည်း။ ထိုသို့သော အ ကြောင်းအရာသည်နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကို မတွေ့သော သူတို့၏ အတွေ့အကြုံဖြစ်သည်။ထိုအဖြစ်အပျက်အားဖြင့် သူတို့၏ ယုံ ကြည်ချက်သည် နှုတ်ကပတ် တော်နှင့် မကိုက်ညီဘဲမှားယွင်းနေကြောင်း သက်သေပြလျက်ရှိသည်။ ထိုကဲ့သို့ အဖြေရသော ဆုတောင်းချက်သည် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ ဒဏ္ဍာရီစကားကို ယုံကြည်ခြင်းဖြင့်သာ ရရှိခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ယုံ ကြည်သောအခါ နှုတ်ကပတ်တော်ကို အခြေခံမထားဘဲ သူတို့၏ စိတ်ခံစား ချက်၊အတွေ့အကြုံများကိုသာအခြေခံထားခြင်းဖြစ်သည်။ယနေ့ခရစ်ယာန် လောကတွင် ထိုသို့ယုံကြည်နေကြသူပေါင်းများစွာ ရှိနေသဖြင့်အလွန် ပင် ဝမ်းနည်းဖွယ်ရာ ကောင်းလှပေသည်။
ထိုနည်းတူ နှုတ်ကပတ်တော်ကို ဘေးချိတ်ကာ မိမိစိတ်ခံစား ချက်(သို့)အတွေ့အကြုံကိုအစေခံလျက် ယေရှုကို အမြီးအမောက်မတည့် ဘဲ ယုံကြည်ခြင်းသည် အယူသည်းခြင်းတစ်မျိုးသာဖြစ်သည်။ ယေရှုကို ယုံ ကြည်ပါသည်ဟု ဆိုသော် လည်း စိတ်ထဲတွင် ဝိညာဉ်ဆိုးဝင်နေသည်ကိုပင် မသိဘဲရှိနေသည်သာမက နှုတ်ကပတ်တော်ဖြင့် ဝေဖန်ပိုင်းခြားခြင်းမပြု နိုင်ကြတော့ပါ။“ဆုတောင်းနေတဲ့အချိန်မှာယေရှုကိုတွေ့တယ်။ ကျွန်တော့် အိပ်မက်ထဲမှာယေရှုပေါ်လာတယ်။ ကျွန်တော် အသည်းအသန် ဆုတောင်း တဲ့အတွက် အဖျားရောဂါပျောက်သွားတယ်။” တစ်စုံတစ်ယောက်အနေဖြင့် မျက်နှာမပျက်ဘဲ ထိုသို့ပြောနိုင်သော်လည်းထိုသို့သော ယုံကြည်ချက်သည် ဘုရားသခင်ပေးထားသော ယုံကြည်ချက်မဟုတ်ဘဲ စာတန်ပေးသော ယုံ ကြည်ချက်ဖြစ်သည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည် ယုံကြည်ချက်အားဖြင့်သခင်ဘုရားသည် ကျွန်ုပ်တို့အား ထင်ရှားပြသခဲ့ပြီး ပါပြီ။ ယခုခေတ်ကာလတွင် သခင်ဘုရားသည် အခြားသောနည်းလမ်း အားဖြင့်ထင်ရှားနေပါသလား။ ဗျာဒိတ်ရူပါရုံ(သို့)အိပ်မက်အားဖြင့် သူသည် ကျွန်ုပ်တို့အား အမှန်တကယ် ထင်ရှားနေပါသလား။သူသည်သံကြိုးများ ဖြင့်ချည်နှောင်လျက်သွေးသံရဲရဲဖြင့်ခေါင်းပေါ်ဝယ်ဆူးရစ်သရဖူကို ဆောင်း ကာ “ငါ့ကိုတွေ့သလား။ ဒါတွေဟာ သင့်အတွက် ခံစားနေရတဲ့ နာကျင် မှုဒုက္ခဝေဒနာဖြစ်တယ်။ ခင်ဗျားကငါ့ကိုဘယ်လိုကျေးဇူးတုန့်ပြန်မလဲ”ဟု ပြောလျက် သခင်ဘုရားသည် ကျွန်ုပ်တို့အားထင်ရှားခဲ့ပါသလား။ ဤအရာ သည် အဓိပ္ပါယ်မဲ့သောအရာ ဖြစ်သည်။
သို့သော် အချို့သောသူတို့သည် ယနေ့တိုင် ထိုသို့သော အိပ်မက် များကို မြင်မက်ကာ-အောက်ပါအတိုင်း ဘုရားသခင်ကို တိုင်တည်ကြ လျက်ရှိသည်။ ကိုယ်တော်၊ ကျွန်တော်ဟာကိုယ်တော်ရဲ့ ကျွန်တစ်ဦးအဖြစ် ကျန်ရှိနေသေးတဲ့ အသက်တာကို အစေခံပါ့မယ်။ ကျွန်တော်ဆုတောင်း ဆောင်တစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းမယ်။ နောက်ပြီး ဘုရားကျောင်း
တစ်ဆောင်ကိုလည်းဆောက်လုပ်လှူဒါန်းပါမယ်။ ကျွန်တော့်ရဲ့ ကျန်ရှိ နေ တဲ့အသက်တာမှာကိုယ် လက်ဝါးကပ်တိုင်ကိုထမ်းပြီး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကို သက်သေခံဝေငှပါ့မယ်။
ထိုကဲ့သို့ ဝေငှသက်သေခံဟောပြောသော ပုဂ္ဂိုလ်များကို လမ်းမ ပေါ်(သို့)လူများစုဝေးသည့်နေရာတွင်တွေ့ရလိမ့်မည်။အိပ်မက်ထဲတွင်ယေ ရှုကိုတွေ့ခြင်း(သို့)ဆုတောင်းနေသည့်အချိန်တွင် အသံကြားခြင်းရှိပြီးမှ ထို သို့အသက်ရှင်ဖို့ ဆုံးဖြတ်သောသူသည် ဒဏ္ဍာရီပုံပြင်ဆန်သောသူဖြစ် သည်။ အထူးသဖြင့် ယခုကာလသည် နှုတ်ကပတ်တော်ကို ပြည့်စုံစွာ ရေး သားထားပြီးသောအချိန်ဖြစ်သဖြင့် ကိုယ်တော်သည်အိပ်မက်(သို့)ဆု တောင်းခြင်းဖြင့် စကားမပြောဘဲ နှုတ်ကပတ်တော် အားဖြင့်သာ ပြောလိမ့်
မည်။ အိပ်မက်သည် ရှုပ်ထွေးသောလူ၏ မသိစိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့အိပ်မက် မက်သောသူများသည် ယေရှုကိုတစ်ဖက်သတ် ချစ်လျက်အစဉ်သဖြင့် စိတ်ကူးယဉ်ကာ စွဲလမ်းသောသူများသာ ဖြစ်သည်။
သင်သည် အိပ်ရာမဝင်မီအကြောင်းအရာ တစ်စုံတစ်ရာအား အ လေးအနက်ထား၍စဉ်းစားပြီးမှ အိပ်မည်ဆိုလျှင် ထိုအရာကို အိပ်မက်ထဲ တွင် တွေ့ကောင်းတွေ့လိမ့်မည်။ထို့ကြောင့် အိပ်မက်သည် ထိုသောမသိ စိတ်များဖြင့် ဖွဲ့စည်းထားပါသည်။ အကြောင်းအရာတစ်ခုအပေါ် အလွန်အ ကျွံစဉ်းစားမည်ဆိုလျှင်အိပ်မက်မြင်မက်ဖို့များသည်။ထို့ကြောင့်အိပ်မက်ဆို သည်မှာယုံကြည်ခြင်းနှင့်မသက်ဆိုင်ဘဲကိုယ်ကာယနှင့်ဆိုင်သောပြောင်း လဲမှုကိုရောင်ပြန်ဟပ်ခြင်း(သို့)မသိစိတ်မှဖြစ်ထွန်းမှုသာဖြစ်လိမ့်မည်။
ထို့ကြောင့် လူတို့သည် လက်ဝါးကပ်တိုင်ပေါ်တွင် သွေးထွက်သံ ယိုဖြစ်နေသောယေရှုအကြောင်းကို များစွာအချိန်ယူကာ စဉ်းစားအိပ်မက် ထဲတွင်ဆူးရစ်သရဖူကိုဆောင်းနေသောယေရှုကိုတွေ့လေ့ရှိကြသည်။ထိုသို့ အိပ်မက်မက်ခြင်းသည် မှားယွင်းသောအမှုမဟုတ်ပါ။ သို့သော် ထိုအိပ်မက် ကိုလွန်ကဲစွာ အထူးပြုမည်ဆိုလျှင်မှားလိမ့်မည်။အကယ်၍ယေရှုသည် ရှေ့ မှောက်တွင်ပေါ်လာလျက်သွေးထွက်သံယိုဖြင့်“ငါ့အတွက် ခင်ဗျားဘာ လုပ်
ပေးမှာလဲ။ကျန်နေတဲ့ဘဝ အသက်တာကို ငါ့အတွက်ဆက်ကပ်ရမည်။ ဘာ ပိုင်ဆိုင်မှုမှမထားရဘူး” ဟု ပြောလိမ့်မည်။ ထိုသို့ အသက်ရှင်နေထိုင်နိုင် ဖို့ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို ရောင်းချသောသူသည် မိုက်မဲသောသူ ဖြစ်သည်။ အိပ်မက်မြင်မက်သောအရာကိုကြောက်ရွံ့သောစိတ်ကြောင့် အ သက်တာပြောင်းလဲသူရှိပါသလား။ ရှိမည်ဆိုလျှင်အဓိပ္ပါယ်မဲ့သော လုပ်ရပ် ဖြစ်လိမ့်မည်။
ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား တွေ့ လိမ့်မည်။ထိုသူသည် ဆုတောင်းခြင်းဖြင့်ရသော ရူပါရုံ(သို့)အိပ်မက်အား ဖြင့် ဘုရားသခင်ကိုတွေ့သောသူမဟုတ်ပါ။ နှုတ်ကပတ်တော်သည် ဓမ္မ ဟောင်းနှင့်ဓမ္မသစ်ဟူ၍ စာအုပ်နှစ်အုပ်အဖြစ်ရေးသားထားသဖြင့် ဟော ပြောသည်ကိုကြား၍ စိတ်ထဲမှ လက်ခံသောအခါ သူသည်အတွေ့ခံလိမ့် မည်။ တစ်နည်းအားဖြင့် နှုတ်ကပတ်တော် တစ်မျိုးတည်းဖြင့်သာ သင်၏ ဝိညာဉ်သည် ဘုရားသခင်ကို တွေ့လိမ့်မည်။
ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဗတ္တိဇံခံခြင်းအားဖြင့် သူ့အပေါ်သို့တင်ထားပြီဟု နှုတ်ကပတ်တော်အထဲမှ သိခွင့်ရလျက် ထို နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် စိတ်ထဲမှ ယုံကြည်ခြင်း ရှိလာမည်။ယေရှုသည်အဘယ်ကြောင့် လက်ဝါးကပ်တိုင်ပေါ်ဝယ် အဘယ် ကြောင့်အသေခံခဲ့ရသည်ဆိုသည့်မေးခွန်း၏အဓိပ္ပါယ်ကိုနှုတ်ကပတ်တော် တွင်တွေ့ရလိမ့်မည်။ယေရှုသည် ဗတ္တိဇံကိုခံယူခြင်းဖြင့် အပြစ်ရှိသမျှကို သူ့ အပေါ်သို့တင်လျက် လက်ဝါးကပ်တိုင် ပေါ်ဝယ် အသေခံခြင်းဖြင့် ကျွန်ုပ် တို့အား ကယ်တင်ခဲ့သည်။နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ ဘုရားသ ခင်ကိုသိလျက် ထိုနှုတ်ကပတ်တော်အားဖြင့်ကျွန်ုပ်တို့သည် ဘုရားသခင် ကို ယုံကြည်နိုင်သည်။ ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်းနှုတ်ကပတ် တော်အားဖြင့်သိ၍ ယုံကြည်ခွင့် ကျွန်ုပ်တို့ ရရှိနိုင်သည်။
 
 
ဘုရားသခင်ကိုကျွန်ုပ်တို့မည်သို့ယုံကြည်နိုင်မည်နည်း။ရေးသားထားလျက်ရှိသောနှုတ်ကပတ်အားဖြင့်မဟုတ်ပါလား။
 
အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်မရှိခဲ့သော် ကျွန်ုပ်တို့ ၏အပြစ်အားလုံးကို ဆေးကြောပေးခဲ့သူ ယေရှုအား သိလျက် ကျွန်ုပ်တို့ အ ဘယ်သို့ယုံကြည်နိုင်မည်နည်း။အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ် တော်မရှိခဲ့သော် ကျွန်ုပ် တို့၏ ယုံကြည်ခြင်းသည်အချည်းနှီးဖြစ်လိမ့်မည်။ အများအားဖြင့် ကျွန်ုပ်တို့သည် စိတ်ထဲတွင် ရှိသည့်အတိုင်းနှုတ်ပါးစပ်မှ ပြောထုတ်လေ့ရှိသည်။ ထို့ကြောင့် ထိုစိတ်ထဲတွင် မှားယွင်းသောတရား များပြည့်နေမည်ဆိုလျှင် သမ္မာတရားရောက်သောလာသောအခါ ဝင်ခွင့်ရ မည် မဟုတ်ပါ။ထို့ကြောင့် “ငါထင်တာကတော့ ....”ဟု အစပြု၍ မပြောဘဲ “နှုတ်ကပတ်တော် လာသည်ကား”ဟုသာ၍ ပြောဆိုသင့်သည်။ နှုတ် ကပတ်တော်ကို ဖတ်ရှုသောအခါ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော် သမ္မာတရားသည်ကျွန်ုပ်တို့၏စိတ်ထဲသို့ ရောက်လာ၍ မှားယွင်းသောအ တွေး အခေါ်များကို ပြုပြင်ပေးလိမ့်မည်။
သင်ယုံကြည်ထားသော ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားထဲ တွင် မည်သည့်အရာများပါဝင်နေသနည်း။ သင်၏ ကိုယ်ပိုင်အတွေးအခေါ် အားဖြင့် ဖွဲ့စည်းထားပါသလား။နှုတ်ကပတ်တော်ကို ကြားရသည့်နောက် သိမြင်ယုံကြည်ခြင်းအားဖြင့် သင်သည်ဒုတိယမွေးဖွားခြင်းခံရသောသူ ဖြစ် ပါသလား။ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်လျက် စိတ် ထဲမှ သူ့ကိုတွေ့နိုင်ပါသည်။ ထို့ကြောင့် တဲတော်ရှိ တန်တိုင်းတော်၏တံခါး ကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊အဖြူရောင်ချည် ထည်ဖြင့် ယက်လုပ်ထားခြင်း ဖြစ်သည်။
ကြေးဝါအင်တုံထဲတွင် ရေကိုဖြည့်ထားရခြင်း၏ အနက်အဓိပ္ပါယ် မှာယေရှုခရစ်သည် ရေ၌ဗတ္တိဇံကိုခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ် အားလုံးကို ယူတင်ဆောင်ရွက်ခဲ့ပြီဟူ၍ ဖြစ်သည်။ “အလုံးစုံသော တရား တို့ကို အကုန်အစင် ကျင့်သုံးကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ”ဟု ယေရှုပြောတော်မူ၏။ (မ၃း၁၅) ယေရှုသည်ဗတ္တိဇံခံယူခြင်းဖြင့် လောက အပြစ်အားလုံးကို သူ့အပေါ်သို့ တင်ထားသည့်အကြောင်းကိုဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ကျွန်ုပ်တို့သိခွင့်ရရှိခြင်း ဖြစ်သည်။အကြောင်းမူ ကား - နှုတ်ကပတ်တော်အထဲမှ ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့်ကျွန်ုပ်တို့ ၏အပြစ်အားလုံး ယူတင်ဝတ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်၏ နှုတ်က ပတ်တော်အထဲမှသိခွင့်ရပြီး အသက်တာတစ်ခုလုံးကို ဆက်ကပ် အပ်နှံကာ ထိုနှုတ်ကပတ်တော်အားဖြင့်စိတ်ထဲတွင် ဗတ္တိဇံနှင့်ဆိုင်သော ယုံကြည် ချက်ကိုရရှိစေပါသည်။ နှုတ်ကပတ်တော်အားဖြင့်ကြေးဝါအင်တုံမှ ထင်ရှား ခဲ့သော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တွေ့ရှိရလိမ့်မည်။
ကြေးဝါအင်တုံကို ကြေးဝါသတ္တုဖြင့် ပြုလုပ်ထားကြောင်း နှုတ်က ပတ်တော်အားဖြင့်သိရှိရပါသည်။ သမ္မာကျမ်းစာတွင် ကြေးဝါသည် တရား စီရင်ခြင်းကို ပုံဆောင်သည်။ကြေးဝါအင်တုံကို အမျိုးသမီးများ အသုံးပြု သောကြည့်မှန်ဖြင့် သွန်းလုပ်ထားကြောင်းဖော်ပြခဲ့သည့်အတိုင်း ကြည့်မှန် သည် မိမိကိုယ်ကို ပြန်ကြည့်ဖို့ အသုံးပြုသကဲ့သို့ပညတ်တရားရှေ့တွင် မိမိကိုယ်ကို ကြည့်မည်ဆိုလျှင် အပြစ်များကို တွေ့လိမ့်မည်ဟုဆိုလိုသည်။ ထိုကြောင့် ကြေးဝါအင်တုံကို တဲတော်အတွင်း အမှုတော်ထမ်းသူ အမျိုး သမီးများ၏ကြည့်မှန်ဖြင့်ပြုလုပ်ခြင်းဖြစ်သည်။ အပြစ်တရား၏ ချည်နှောင် မှုကြောင့် မည်သို့မျှမလွတ်မြောက်နိုင်ဘဲ ဒဏ်ခံရမည့်သူများသည် သခင် ဘုရား၏ လောကသို့ကြွလာခြင်း၊ဗတ္တိဇံခံယူခြင်း၊ လက်ဝါး ကပ်တိုင်ပေါ် ဝယ်အသေခံခြင်းဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။ယေရှုခရစ်သည် ဗတ္တိဇံခံ ယူခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးကိုသူ့အပေါ်သို့တင်လျက် လက် ဝါးကပ်တိုင်ကို ထမ်းခြင်းအားဖြင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့ရကြောင်း
ရေးသားလျက်ရှိသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သိရှိရပါ သည်။ ဤသမ္မာတရားကို စိတ်နှလုံးထဲမှ လက်ခံကာ ယုံကြည်ခြင်းအား ဖြင့်ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ သင်သည် လက်ခံမည် လား။ ကယ်တင်ခြင်း သင်သည် ခံရပြီးပြီလား။
အသင်းတော်ဂိုဏ်းဂဏတစ်ခုမှ အယူသီးသောခံယူချက်တစ်ခုကို တစ်ခု ခံယူထားသဖြင့် အသင်းသားတစ်ဦးသည် ကယ်တင်ခြင်းခံရမည်ဆို လျှင် ရက်စွဲအတိအကျ သိရမည်ဟုသွန်သင်ထားပါသည်။ ဤအသင်းတော် တွင် သင်းအုပ်ဆရာလုပ်မည့်သူသည် ဆုတောင်းတောင်သို့သွား၍ ဆု တောင်းသည့်အခါ မိမိကိုယ်ကို တန်ဖိုးမရှိမှန်းသိ၍ ယေရှုကို ယုံကြည်ကာ ကယ်တင်ခြင်းရရှိခဲ့သည့်အကြောင်း ယုံကြည်သူများရှေ့တွင် သက်သေခံ ရမည်ဟုသတ်မှတ်ထားသည်။ ဤသို့ပြုလုပ်ခြင်းသည် အဖြူရောင်ချည် ထည်နှင့်ဆက်စပ်မှုမရှိသဖြင့်စိတ်ခံစားမှုသက်သက်သာဖြစ်သည်။ ထိုသင်း အုပ်ဆရာ၏ ယုံကြည်ချက်သည် အပြာရောင်၊ခရမ်းရောင်၊ အနီရောင်၊ အ ဖြူရောင်ချည်ထည်နှင့် ဆက်စပ်မှုမရှိပါ။ ထိုအသင်းတော် မှသွန်သင် ထားသည့် ကယ်တင်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ကိုက် ညီမှုမရှိဘဲသူတို့ကိုယ်တိုင် တီထွင် ဖန်တီးထားသော ကယ်တင်ခြင်းသာ ဖြစ်သည်။
ထိုခံယူချက်မှ တစ်စုံတစ်ဦးကို ညှို့ယူထားနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် အပြစ်နှင့်ကင်းစင်လျက် နေပါသည်ဟု အခိုင် အမာပြောဆိုခြင်းနှင့် ထိုသို့အဖန်တလဲလဲ စဉ်းစားခြင်းဖြင့် သူသည် သူ့ ကိုယ်သူအပြစ်မရှိပါဟု မြင်၍ ထိုခံယူချက်မှ သူ့ကိုညှို့ယူထားလိမ့်မည်။ ထိုခံယူချက်ကို ဂါထာရွတ်သကဲ့သို့ ရွတ်ဆိုနေစဉ် ခဏအတွင်း သူတို့သည်
အပြစ်နှင်းကင်းသည်ဆိုသည့် စိတ်ခံစားမှုရှိသော်လည်း တာရှည်မှုမရှိပါ။ ထို့ကြောင့်မကြာမကြာဆိုသလို“ငါ၌အပြစ်မရှိပါ၊ ငါ့၌အပြစ်မရှိပါ”ဆိုသည့် ဂါထာကိုရွတ်ဆိုလျက်မိမိကိုယ်ကို ညှို့ယူဖို့လိုအပ်ပါသည်။ အဘယ်မျှ လောက်မိမိကိုယ်ကို ဗဟိုပြုခြင်း၊မှားယွင်းခြင်း၊ လည်ပင်းခိုင်မာခြင်း၊ အယူ သည်းခြင်းရှိသော ယုံကြည်ခြင်း ဖြစ်မည်နည်း။
အဖြူရောင်ချည်ထည်သည် ဓမ္မသစ်နှင့်ဓမ္မဟောင်းစာအုပ်နှစ်အုပ် ပါသောသမ္မာကျမ်းစာကို ဆိုလိုသည်။ တဲတော်၏ပရဝုဏ်မှ ဝင်ပေါက်တံ ခါး၊ သန့်ရှင်းရာဌာန၊အသန့်စင်ဆုံး၊ ငါတို့၏တံခါးကုလားကာကို အပြာ ရောင်၊ခရမ်းရောင်၊ အနီရောင်၊အဖြူရောင်ချည်ထည်ဖြင့် ယက်လုပ်ထားသ ဖြင့် ထိုအကြောင်းအရာမှ ယေရှုသည်ကယ်တင်ခြင်းတံခါးပေါက်နှင့် ဓမ္မ ဟောင်းနှင့်ဓမ္မသစ်ကျမ်းများထဲတွင် ရေးသားထားသည့်အတိုင်း တိကျမှန် ကန်သော ကယ်တင်ရှင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ဤကယ်တင် ခြင်းသည် ဘုရားသခင်ပြောထားသည့်အတိုင်း တိကျသေချာမှုဖြင့် ဖြစ်လာ သောကြောင့်ကျေးဇူးတော် ချီးမွမ်းမိပါသည်။
ထို့ကြောင့် ကျွန်ုပ်ဆုတောင်းသောအခါ စိတ်ခံစားချက်(သို့)ပြစား ရုံသက်သက်ဖြစ်ဖို့ပြုလုပ်ခြင်းမရှိပါ။အရာခပ်သိမ်းကို ဘုရားသခင်၏ လက် တော်ထဲသို့ထည့်လျက် စိတ်ချစွာအပ်နှံထားသည်။ “ခမည်းတော်၏ လက် တော်ထဲသို့ ထည့်လျက် စိတ်ချစွာ အပ်နှံထားသည်။“ခမည်းတော်ဘုရား၊ မစတော်မူပါ။ တကမ္ဘာလုံးကို ဧဝံဂေလိဝေငှဖို့ လမ်းဖွင့်ပေးပါ။ကျွန်ုပ်၏ လုပ်ဖော်ဆောင်ဖက်များနှင့်သန့်ရှင်းသူအားလုံးကိုကာကွယ်ပေးတော်မူပါ။ ဧဝံဂေလိကိုအစေခံမည့်အမှုတော်ဆောင်များကိုပေးပါ။ဤသတင်းကောင်း ကို ဖြန့်ဝေခွင့်ပေးပါ။ယုံကြည်သူများကို ဤဧဝံဂေလိတရားကို သဘော ပေါက်ပြီး ယုံကြည်စေတော်မူပါ။”ဤဆုတောင်းချက်သည် ကျွန်ုပ်၏ဆု တောင်းချက်တွင် ပါဝင်သောအကြောင်းအရာများဖြစ်သည်။ ကျွန်ုပ်ဆု တောင်းသည့်အခါ စိတ်ခံစားမှု ပြင်းထန်ခြင်း၊ ငိုကြွေးခြင်း၊အချည်းနှီးသော စကားလုံးကို ထပ်ခါတစ်လဲလဲမြွက်ဆိုခြင်း မရှိပါ။
အချို့သောသူတို့သည် မည်သို့ပင်ကြိုးစား၍ ဆုတောင်းသော် လည်းစိတ်ခံစားချက်မပေါ်လာသဖြင့်သေလွန်ပြီးသောသူများဖြစ်သော အ ဖိုး၊ အဖွားများကို သတိရသောအခါမျက်ရည်စီးထွက်သဖြင့် အခြားသူများမှ သူ၏ဆုတောင်းချက်သည် အထူးလေးနက်မှုရှိလာကြောင်း အသိအမှတ်ပြု ကြပါသည်။ ထိုသို့သော တီထွင်ဆန်းသစ်ထားသော ဆုတောင်းချက်သည် ဘုရားသခင်ကိုယ်တိုင်ပင် အော့အန်ချင်လောက်အောင် ဖြစ်စေသည့် အ မှိုက်ပုံးနှင့်တူလိမ့်မည်။ လူတို့အနေဖြင့် ယေရှု၏ လက်ဝါးကပ်တိုင်အ ကြောင်းကိုစဉ်းစားက စိတ်ခံစားမှုပြင်းထန်လာစေလျက် အမြီးအမောက်မ တည့်ဘဲ “ကိုယ်တော်ကို ကျွန်ုပ်ယုံကြည်ပါသည်”ဟုသံကုန်ဟစ်၍ ကြွေးကြော်လေ့ရှိသည်။
ထိုသို့သော သူတို့၏ယုံကြည်ခြင်းသည် အမှန်တကယ် ခိုင်ခံ့မှုရှိ ပါသလား။ အကယ်၍သင်သည် မိမိအပြစ်ကို အောက်မေ့ရင်း ]]ကိုယ်တော် ကျွန်တော်အပြစ်ရှိပါတယ်၊ ဖြောင့်မတ်စွာ အသက်ရှင်နိုင်ဖို့ မစတော် မူပါ”ဟုပြောလျက် ဆုတောင်းမည်ဆိုလျှင် အမှန်ပင်စိတ်လှုပ်ရှားမှု ခံစား ရလိမ့်မည်။ အကြောင်းမူကား ထိုသို့သော စိတ်လှုပ်ရှားမှုနှင့်ငိုကြွေးခြင်း များဖြင့် စိတ်ဖိစီးမှုများ ခံစားရပြီးမှ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းမှုအသစ်ရ ရှိခံစားလာသဖြင့် ယုံကြည်ခြင်းဆိုသည်မှာ ထိုသို့ပေတည်းဟု ထင်မှတ် ကြလျက်ရှိသည်။သူတို့သည် အသက်တာတွင် ဒုက္ခပေါင်းများစွာ ကြုံ တွေ့ရသဖြင့် ထိုသို့သောစိတ်လှုပ်ရှားမှုသည် သူတို့၏စိတ်ကို အနည်းငယ် သက်သာရာရရှိစေသဖြင့်သူတို့၏ဘာသာတရားကိုင်းရှိုင်းမှုကို ဆက်လက် ပြသ၍ အသက်ရှင်ကြလေ့ရှိသည်။
 
 

အပြာရောင်၊ခရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်ထည်အားဖြင့်သခင် ဘုရားသည် ကွန်ုပ်တို့ထံသို့ ကြွရောက်လာသည့်အကြောင်းကို သင်သည်ယုံကြည်ရမည်

 
သခင်ရားသည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ထံသို့ ကြွ ရောက်လာပါပြီ။ထို့ကြောင့် သင်၏စိတ်အာရုံ မှ ဖြစ်ပေါ်လာသောအရာကို စောင့်ဆိုင်းမနေဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်မှ ပြောသည့်အရာကို နားထောင်ရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဤအကြောင်းအရာသည်အရေးကြီးသော အချက်ဖြစ်သည်။ သင်သည်ဆုတောင်းပဌာနာပြုသောအခါစိတ်ခံစားချက် ကို အာရုံပြု၍မရပါ။ ထိုသို့ သောအခြေအနေကို အနိမ့်ဆုံးအဆင့်သို့ရောက် ရှိသွားစေရန် ပြုလုပ်ရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယနေ့ကမ္ဘာပေါ်ဝယ်လူတို့အား ချဉ်းကပ်လျက် စိတ်အာရုံကို နှိုးဆော်ကာ ဆွဲယူသောမုသားသမားများစွာပေါ်ထွက်လာသောကြောင့်ဖြစ်သည်။ “ကြီး မားသော ဝိညာဉ်နိုးထမှု” ဆိုသည့် ခေါင်းစဉ်အောက်တွင် အစီအစဉ်များကို ပြုလုပ်ကြသောအခါ သူတို့သည် စိတ်လှုပ်ရှားမှုနောက်သို့လိုက်ပါသွား ခဲ့ရာ အသိဉာဏ်ကင်းမဲ့သည့်အဆင့်သို့ပင် ရောက်လုနီးဖြစ်သဖြင့် သူတို့၏
ရည်ရွယ်ချက်မှာ ပါဝင်လာသူတို့၏စိတ်ကို လှုပ်ရှားစေလရုံသက်သက်သာ ဖြစ်သည်။
ကျွန်ုပ်သည် ဒုတိယမွေးဖွားခြင်းကို ခံယူပြီးသူတစ်ဦးဖြစ်သော် လည်း နှုတ်ကပတ်တော်တစ်မျိုးတည်းကိုသာ ဟောပြောသဖြင့် ကမ္ဘာ ပေါ်တွင် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့်နိုးထမှုအစည်းအဝေးများကဲ့သို့ မပြုလုပ်နိုင်သည်ကို တွေ့နိုင်သည်။ အကြောင်းမူကားကျွန်ုပ်ကိုယ်တိုင် သည်လည်း နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် အသက်တာပြောင်းလဲ
လာသောကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာအသက်တာ တွင် စိတ်လှုပ်ရှားမှုကို ပိတ်ပင်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပါပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားလျက် ဖြောင့်မတ်သော ကျွန်ုပ်တို့သည်အသိဉာဏ်ကိုအသုံးပြုလျက် စိတ်နှလုံးထဲမှ ယုံကြည် သောကြောင့် ဘယ်သောအခါမှ ထိုကဲ့သို့စိတ်လှုပ်ရှားမှု ပြင်းထန်လာမည် မဟုတ်ပါ။ တစ်စုံ တစ်ယောက်အနေဖြင့် ဓမ္မဒေသနာဟောပြောသည်ကို ကြားရသောအခါ သမ္မာတရားစစ်မစစ်ကဆိုသည့်အရာကို လျင်မြန်စွာ ပိုင်း ခြား၍ အစစ်ဖြစ်မည်ဆိုလျှင် တိုတောင်းသောကာလတွင် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို ယုံကြည်နိုင်လိမ့်မည်။ အကြောင်းမူကား - အပြာ ရောင်၊ ခရမ်းရောင်၊အနီရောင်၊ အဖြူရောင်ချည်ထည်ကို သိမြင်ယုံကြည် လျက် စိတ်နှလုံးထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သဖြင့် စိတ် လှုပ်ရှားမှုလွန်ကဲခြင်းသည်သမ္မာတရားနှင့် ဝေးကွာကြောင်း သိလျက် စိတ် နှလုံးထဲတွင်တစ်ခုတည်းသောသမ္မာတရားကို လက်ခံထားသောကြောင့် ဖြစ်သည်။
ယေရှုသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်ထည်အားဖြင့်ကျွန်ုပ်တို့ထံသို့ကြွရောက်လာခဲ့သည်။ ဤသမ္မာတရား သည် အဘယ်မျှလောက် အံ့သြဖွယ်ကောင်းပါသနည်း။ ကျွန်ုပ်တို့အား ကယ်တင်ခဲ့သော သခင်ဘုရား၏ မေတ္တာတော်သည်အဘယ်မျှလောက်အံ့ သြဖွယ်ရာဖြစ်သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ရေးသားဖော် ပြထားသည့် ယေရှု၏အမှုတော်မြတ်လုပ်ငန်းလေးမျိုးအားဖြင့် ကျွန်ုပ် တို့သည်ယေရှု၏ဗတ္တိဇံအားဖြင့် အပြစ်အားလုံးကို ယူတင်ဆောင်ရွက် ခဲ့ခြင်း၊ လက်ဝါးကပ်တိုင်ပေါ်ဝယ်အသေခံခြင်း၊ ဖြောင့်မတ်ခြင်းတရားအ လုံးစုံတို့ကို ပြည့်စုံစေခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အားကယ်တင်ခဲ့ကြောင်း ယုံ ကြည်နိုင်သည်။
ဤသမ္မာတရားကို သင်၏စိတ်နှလုံးထဲမှ ယုံကြည်ပါသလား။ ဘု ရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဓမ္မဟောင်းနှင့် ဓမ္မသစ် နှစ်အုပ်စလုံး ပါဝင်သည့် အဖြူရောင်ချည်ထည်ကို ဟောပြောသူအနေဖြင့် ဖြန့်ဝေရမည်ဖြစ်ပြီး၊ ၎င်းအထဲတွင် အပြာရောင်၊ခရမ်းရောင်၊ အနီရောင် ချည်ထည် ပါဝင်လာလိမ့်မည်။ ထိုတရားစကားကို ကြားရသောသူသည် စိတ်နှလုံးအကြွင်းမဲ့ လက်ခံ၍ ယုံကြည်လာလိမ့်မည်။
 
 

ကြေးဝါအင်တုံထဲမှရေသည် ကျွန်ုပ်တို့၏အပြစ်များကို ဆေးကြောလိမ့်မည်။

 
သူ၏ဗတ္တိဇံအားဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ယူတင်ဆောင်ရွက်လျက် ဆေးကြောပေးခဲ့သည်။ ယေရှု၏ ဗတ္တိဇံကို ခံယူ ခြင်းသည် ကြေးဝါအင်တုံမှရေကိုဆိုလို၍ အပြစ်၏ချည်နှောင်မှုကြောင့် ငရဲ သွားရမည့် ကျွန်ုပ်တို့အား သန့်ရှင်းစေလျက်ဘုရားသခင်၏ ရှေ့တော် မှောက်တွင် မတ်တပ်ရပ်နိုင်သည့် အခွင့်ကို ပေးထားလျက်ရှိသည်။
အကြောင်းမူကား ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကိုလက်ခံရယူပြီး လက်ဝါးကပ်တိုင်ကို ထမ်းသွားလျက် အ သေသတ်ခံရခြင်းအားဖြင့်ဆေးကြောသန့်စင်စေခဲ့ပါသည်။ ယေရှု၏ ဗတ္တိဇံ နှင့်လက်ဝါးကပ်တိုင်နှစ်မျိုးစလုံးမှသူ၏အပြစ်ဒဏ်စီရင်ခံရခြင်းကိုပေါ်လွင် ထင်ရှားစေခဲ့ပါသည်။ ယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် အမှန်ပင် ကယ်တင်ခြင်းကို ခံယူရရှိခဲ့ပါပြီ။ ကယ်တင်ခြင်းသည်အလွန်ရိုးစင်းသော အရာ ဖြစ်သည်။ အကယ်၍ ကယ်တင်ခြင်း ဆုကျေးဇူးနှင့်မေတ္တာကိုကျွန်ုပ် တို့ယုံကြည်ခဲ့သော်ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည်ဖြစ်ပြီး မယုံကြည် ခဲ့သော်ရရှိနိုင်မည် မဟုတ်ပါ။
 
 
ဘုရားသခင်ပြည့်စုံစေခဲ့သည့်ကယ်တင်ခြင်းနှင့်မဆက်စပ်ဘဲကယ်တင် ခြင်းခံရဖို့ကျွန်ုပ်တို့သည် မည်သို့မျှမလုပ်ဆောင်နိုင်ပါ
 
ဘုရားသခင်မပါဘဲ ကယ်တင်ခြင်းရရှိဖို့ ကျွန်ုပ်တို့သည် မည်သို့မျှ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ကမ္ဘာမတည်မရှိမီကပင်ကျွန်ုပ်တို့အား ကယ် တင်ဖို့ ဤသို့သောနည်းလမ်းကို အသုံးပြုခြင်းသည် ဘုရားသခင်၏ ဆုံး ဖြတ်ချက်အပေါ်မူတည်လျက်ရှိသည်။ခမည်းတော်ဘုရားသခင်သည် သူ၏ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ကျွန်ုပ်တို့အား ကယ်တင် ဖို့ ဆုံးဖြတ်ခဲ့ပြီးကာလအချိန်စေ့စုံသောအခါ သူ၏တစ်ပါးတည်းသော သား တော်ကိုဤလောကသို့ စေလွှတ်တော်မူ၏။ ယေရှုသည် အသက်(၃၀)ပြည့် သောအခါ ကယ်တင်ခြင်းအမှုကို အကောင်အထည်ဖော်ရန် ခမည်းတော် သည်ဗတ္တိဇံကို ခံစေပြီးမှ လက်ဝါးကပ်တိုင်ပေါ်ဝယ် အသေခံကာ သေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းဖြင့်ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်တည်းဟူသောဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းမှ သ ခင်ဘုရား ဆောင်ရွက်ခဲ့သည့်အမှုများကို လေ့လာသိရှိခြင်းဖြင့် ကယ်တင်ခံ ရသောကြောင့် ထိုသမ္မာတရားကို စိတ်နှလုံးထဲမှ ကျွန်ုပ်တို့ယုံကြည်ရမည်။ စိတ်နှလုံးထဲမှယုံကြည်ခြင်းအားဖြင့်၏ကယ်တင်ခြင်းခံရသည်ဆိုသည့်အ ချက်မှာ စိတ်ထဲမှ လက်ခံခြင်း မှလွဲ၍ အခြားအရာမဖြစ်နိုင်ပါ။
ဤသမ္မာကျမ်းစကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သင်သည်ယုံကြည်ပါသလား။ သမ္မာကျမ်းစာသည် ဘုရားသခင်မှလွဲ၍ အခြားအရာမဖြစ်နိုင်ဘဲသူနှင့်သူ၏နှုတ်ကပတ်တော်သည် အစအဦး၌ပင် တည်ရှိနှင့်သောသူ ဖြစ်သည်။ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူ သော ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းဖြင့် သူ့ကိုကျွန်ုပ်တို့သိရှိလျက် တွေ့မြင် နိုင်ပါသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအားဖြင့်သူသည်ကျွန်ုပ်တို့ အား အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်တို့ကို
အသုံးပြုလျက် ကယ်တင်ခဲ့ကြောင်း ကျွန်ုပ်တို့အနေဖြင့် သဘောပေါက် လျက် ယုံကြည်နိုင်သည်။ ဤသမ္မာတရားကို အမှန်တကယ်ယုံကြည်သော သူသည် ကယ်တင်ခြင်းခံစားရရှိပြီးဤနှုတ်ကပတ်တော်သည် အမှန်ပင် တန်ခိုးနှင့်ပြည့်စုံကြောင်း သက်သေခံလိမ့်မည်။ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ကျဉ်းမြောင်းသော ကိုယ်ပိုင်အတွေးအခေါ်အားဖြင့်တိုင်းထွာပြီး တရားစီရင်ဖို့မဟုတ်ဘဲ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့တိကျစွာ
ကယ်တင် ခဲ့ကြောင်း တိကျစွာသဘောပေါက် နားလည်ခြင်းအားဖြင့်သာ ချင့်ချိန်သင့်သည်။
ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းများဖြင့် ယေရှု၏ အပြာရောင် (ယေရှု၏ဗတ္တိဇံ)၊ခရမ်းရောင် (ယေရှုသည် ဘုရင်တကာတို့၏ ဘုရင်ဖြစ် သည်)၊ အနီရောင် (လက်ဝါးကပ်တိုင်)အဖြူရောင် (ဘုရားသခင်၏ ဓမ္မ ဟောင်းနှင့်ဓမ္မသစ်ကျမ်း)ချည်ထည်ဆိုင်ရာသမ္မာတရားကိုကြားလျက် သင် သည်ယုံကြည်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ အကယ်၍ သင်သည်
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘေးဖယ်လျက် သင်၏လာမည့် အ သက်တာအတွက်သင်ကိုယ်တိုင် ပြုလုပ်ထားသည့်ပေတံဖြင့် ၎င်းကိုတိုင်း ထွာမည်ဆိုလျှင် ဘယ်သောအခါမှကယ်တင်ခြင်းရမည် မဟုတ်ပါ။
အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဂဃဏန မသိခဲ့ သော ယုံကြည်ခြင်းအပိုင်းတွင် ဝါရင့်သောသူများ ပြောသည့်စကားကို ဂရု တစိုက် နားထောင်ရမည်။ သင်းအုပ်ဆရာ (သို့) အမှုတော်ကို ဟောပြော သည့်အခါမှန်ကန်သောတရားဖြစ်ခဲ့သော် အသိအမှတ်ပြုလျက် သင်၏စိတ် နှလုံးထဲမှ ယုံကြည်ရမည်။
နှုတ်ကပတ်တော်ကို ဖြန့်ဖြူးသူများအနေဖြင့် လွယ်ကူလွန်းသဖြင့် မဖြန့်ဝေဘဲထားနိုင်သော်လည်း ဘုရားသခင် ၏ ရှေ့တော်တွင်မှန်ကန်စွာ သတင်းစကားကို ဖြန့်ဝေနေခြင်း ဖြစ်သည်။ ထိုဧဝံဂေလိတားသည် ရေနှင့် ဝိညာဉ်တော် ဧဝံဂေလိတရားတည်းဟူသောအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်၊ အဖြူရောင်ချည်ကြိုး ယုံကြည်ချက်ကို ကျွန်ုပ်တို့ခံယူရမည်။ မည်သူ့ထံမှကြားရသည်ဆိုသည့်အချက်မှာ အဓိကမဟုတ်ဘဲ ဘုရားသခင် ၏နှုတ်ကပတ်တော် စစ်ခဲ့သော် ကျွန်ုပ်တို့အနေဖြင့် “ဟုတ်ကဲ့”ဟု လက်ခံ ယုံရုံမှတပါးအခြားမရှိပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်။ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လက်ခံခြင်းဖြစ်သည်။ ၎င်းသည် စိတ်ချစွာ အပ်နှံထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ ၏သခင်ဘုရားသည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံကိုခံယူခဲ့သောကြောင့် အား နည်းချက်အပြစ်အလုံးစုံတို့ကို သူ့အပေါ်သို့ စိတ်ချလက်ချ တင်ထားနိုင်ရ မည်။ “သခင်ဘုရားအနေနှင့် ကျွန်ုပ်တို့ကို ကယ်တင်ဖို့ဒီလို အမှန်တကယ် လုပ်ခဲ့သလား။”ကိုယ်တော်အားအမှန်တကယ် ကျွန်ုပ်ယုံကြည်ပါ၏။ ထိုသို့ သော ယုံကြည်ချက်သည်စစ်မှန်သော ယုံကြည်ချက်ဖြစ်သည်။
ကမ္ဘာပေါ်တွင်ရှိသော သီသြလော်ဂျီသမားများအတွက်ဆိုလျှင် ဤသို့သော သမ္မာတရားကိုတွေ့ပြီး မှန်ကန်စွာ ယုံကြည်ဖို့ ခဲယဉ်းလျက် ရှိသည်။ကြေးဝါအင်တုံရှိရာသို့ မရောက်မီ လူသည် တန်တိုင်းတော်၏တံခါး တွင် သောင်တင်လိမ့်မည်။ တဲတော်အကြောင်းကိုဟောပြောသွန်သင်ကြ သောအခါ တံတန်းတော်၏ တံခါးအကြောင်းမပါဘဲ ချုံ့ထားသကဲ့သို့တဲ တော်နှင့်ပါတ်သက်သောစာအုပ်များ ပုံနှိပ်ထုတ်ဝေကြသောအခါ (၉)မီတာ ခန့်ကျယ်သောတန်တိုင်းတော်၏ တံခါးနှင့်အနက်ဖွင့်ခြင်းကို ချန်လှပ်ထား ခဲ့ကြသည်ကို တွေ့ရပါသည်။
အခါအားလျော်စွာ တဲတော်ရှိ တန်တိုင်းတော်မှ တံခါးအကြောင်း ကို ဟောပြောသည့်အခါတွင် အပြာရောင်ချည်ထည်အကြောင်းကို အခြေခံ ကျကျမသိဘဲ “အပြာရောင်ဆိုတာက ကောင်းကင်ပြာအရောင်ဖြစ်မှာပါ” ဟု အလွယ်တကူ ပြောလေ့ရှိကြသည်။သူတို့အနေဖြင့် အပြာရောင်ချည် ထည်သည် ကောင်းကင်ပြာအရောင်ကို အသုံးပြုထားသဖြင့်ယေရှုသည် ဘု ရားဖြစ်ကြောင်း ရည်ညွှန်းလျက် အနီရောင်သည် ယေရှုခရစ်တော်၏လက် ဝါးကပ်တိုင်ပေါ်မှ အသွေးတော် သွန်းလောင်းခြင်း ရည်ညွှန်းထားသည်ဟု အနက်ဖွင့်ကြပါသည်။ ထိုသို့ဆိုလျှင် ခရမ်းရောင်ချည်ထည်ကို မည်သို့အ နက် ဖွင့်မည်နည်း။ ခရမ်းရောင်ချည်ထည်မှ ယေရှုသည် ဘုရင်တကာတို့၏ ဘုရင်၊ဘုရားတကာတို့၏ဘုရားဖြစ်ကြောင်းဖော်ပြလျက် ရှိသည်။ ယေရှု၏ ဘုရားဖြစ်ခြင်းကို ခရမ်းရောင်အားဖြင့် ပြည့်စုံစွာ ဖော်ထားသဖြင့် အခြား အရောင်ကို အစားထိုး၍ မရတော့ပါ။
အပြာရောင်ချည်ထည် သမ္မာတရားဆိုသည်မှာ ယေရှုသည်လော ကသို့ ကြွလာလျက်ယောဟန်၏လက်မှ ဗတ္တိဇံခံယူခြင်းဖြင့် လောကသား အားလုံး၏အပြစ်များကိုတစ်ကြိမ်တည်းသူ့အပေါ်သို့ တင်တော်မူ၏။ လော ကတွင်ရှိသော သီသြလော်ဂျီ ဓမ္မပညာရှင်များကမူ ယေရှု၏ဗတ္တိဇံကို အသိ အမှတ်မပြုသကဲ့သို့ မသိသောကြောင့် ဟောပြောခြင်းမရှိဘဲအချည်းနှီး သောအရာများကိုသာဟောပြောခဲ့ကြသည်။ယေရှုသည်အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်၊ အဖြူရောင် ချည်ထည်အားဖြင့် လောကသို့ ကြွလာသည် ဟု ယုံကြည်လျက်ဒုတိယမွေးဖွားခြင်း မခံသောသူသည် ယေရှုအနေဖြင့် ဗတ္တိဇံအားဖြင့် လောကသားအားလုံး၏ အပြစ်များကို ယူတင်ဝတ်ဆောင် လျက် အပြစ်ဒဏ်စီရင်ခံရပြီဆိုသည့် အချက်ကိုသိနိုင်မည်မဟုတ်ပါ။ ထိုသို့ ဖြင့် သူတို့သည် ဝိညာဉ်ရေးရာမျက်စိကန်းနေသောသူများဖြစ်၍ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို အနက်ဖွင့်ရာတွင် သူတို့၏အတွေးအခေါ်အပေါ်
အခြေခံထားကြောင်းတွေ့ရှိရပါသည်။“ယေရှုကိုယုံကြည်ပါ။ ခင်ဗျား ကယ် တင်ခြင်းရမည်။အခုအချိန်ကစပြီး ကောင်းကောင်းနေထိုင်သွားပါ”ဟု သွန် သင်ပေးကြလေ့ရှိသည်။ သူတို့အဖို့ယေရှုကို ယုံကြည်ခြင်းဆိုသည်မှာ - အ ခြားဘာသာရေးရှုထောင့်၏ ခံယူချက်ပုံစံဖြင့်ခံယူထားသဖြင့် သူတို့၏ကု သိုလ်ကောင်းမှု ကိုသာ အထူးပြု၍ အားကိုးသူများဖြစ်သည်။
အကြောင်းမူကား လူသည်ဖြောင့်မတ်စွာ အသက်မရှင်နိုင်ပါဟု သိထားသော်လည်းထိုသို့လှည့်ဖြားသောစကားအားဖြင့် ကောင်းမှုကုသိုလ် ကိုပြုလုပ်ဖို့ အလွယ်တကူဖြားယောင်းခြင်းခံရလေ့ရှိသည်။ ဘာသာတရား ၏ထုံးတမ်းအစဉ်အလာအရကြိုးစားလျှင်ဘုရားတောင်ဖြစ်နိုင်တယ်၊ဖြောင့် မတ်သောသူဖြစ်အောင်ကြိုးစားပါ”ဟု သွန်သင်ကြလေ့ရှိပါသည်။ လောက တွင်ရှိသောဘာသာတရားတိုင်း၏တူညီသောအာဘော်များမှာတွေးခေါ်မှု၊ ကြိုးစားအားထုတ်မှု၊မြင့်မားသောဆန္ဒများရှိရမည်ဟုဖော်ပြထားပါသည်။
ဗုဒ္ဓဘာသာအကြောင်းကို သာဓကတစ်ခုအနေဖြင့် ကြည့်ကြပါစို့။ ဗုဒ္ဓဘာ သာမှ ကောင်းမှုကုသိုလ်ပြုလုပ်ဖို့အခါကထား၍ သွန်သင်လျက်ရှိရာ “သူ တစ်ပါး၏အသက်ကို မသတ်ရ၊သမ္မာတရားကို ရှာဖွေပါ၊ ကောင်း အောင်နေပါ”ဟု သွန်သင်ရင်း သူတော်စင်ဖြစ်ဖို့ကျင့်ကြံအား ထုတ်ခိုင်း သည်ကို တွေ့ရှိရပါသည်။ သူတို့၏ သွန်သင်ချက်သဘောတရားသည်ခရစ် ယာန်များ၏ ယုံကြည်ခံယူချက်နှင့် ဆင်တူယိုးမှား ဖြစ်သည်။ ခရစ်ယာန် နှင့် ဗုဒ္ဓသည်အစပိုင်းတွင် တူညီနေသယောင်ရှိသော်လည်း အဆုံးပိုင်းတွင် ကွာခြားမှုရှိလာရသည့်အကြောင်းရင်းမှာ - နှစ်ခုစလုံးသည် ဘာသာတရား အဆင့်မျှသာရှိသောကြောင့် ဖြစ်သည်။
ဘာသာတရားနှင့် ယုံကြည်ချက်တို့သည် တစ်ခုနှင့်တစ်ခု ကွာ ခြားလျက်ရှိသည်။စစ်မှန်သော ယုံကြည်ချက် ဆိုသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အားကယ်တင်ခဲ့သော သခင်ဘုရား၏ လက်ဆောင်ကိုစိတ်ထဲမှအသိအမှတ်ပြုလျက်လက်ခံခြင်းဖြစ်သည်။ သခင် ဘုရားသည် လောကသို့ကြွလာလျက် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သူ့ အပေါ်သို့တင်ဖို့ ဗတ္တိဇံမင်္ဂလာကို ခံယူကာ လက်ဝါးကပ်တိုင်ပေါ်ဝယ်အ တင်ခံရခြင်းအားဖြင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့ရပြီးနောက် အပြစ်ဆေး ကြောခြင်းခံရသည်ဟုလက်ခံခြင်းသည် ယုံကြည်ခြင်းဖြစ်သည်။ ရေနှင့်ဝိ ညာဉ်တော်အားဖြင့်ကျွန်ုပ်တို့၏အပြစ်များနှင့်အပြစ်ဒဏ်စီရင်ခြင်းမှလွတ်စေပြီဟု ခံယူခြင်းသည် ယုံကြည်ခြင်းဖြစ်သည်။သင်သည် ယုံကြည်ပါသ လား။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲမှ ယုံကြည်ထားရမည်။
 
 

အပြစ်တရားအလုံးစုံထဲမှသင်နှင့်ကျွန်ုပ်အားဘုရားသခင်သည် ကယ်တင်ခဲ့ပြီးပါပြီ

 
ကျွန်ုပ်တို့အနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်သော အရာတစ် ခုမှာဤသမ္မာတရားကို စိတ်နှလုံးထဲမှ ယုံကြည်လက်ခံထားဖို့ ဖြစ်သည်။ ဤသို့လုပ်ဆောင်ချက်သည် နာခံမှုရှိသော ဘုရားသခင်၏သားသမီးများ သည် သူ၏ရှေ့တော်တွင်လုပ်ဆောင်ရမည့်အမှုဖြစ်သဖြင့် အခြားလုပ် ဆောင်ချက်များသည် အရေးကြီးသောအရာများမဟုတ်ပါ။ အကြောင်း မူ ကား ဘုရားသခင်သည် သင့်ကိုချစ်တော်မူသောကြောင့်သူ၏တစ်ပါးတည်း သော သားတော်ကို လောကသို့စေလွှတ်လျက် ဗတ္တိဇံခံယူခိုင်းသည့်အခါ
လောကသားအားလုံး၏အပြစ်ကိုသူ့အပေါ်သို့တင်လျက် လက်ဝါးကပ်တိုင် ပေါ်ဝယ်အသွေးတော်သွန်းလောင်းခြင်းဖြင့် အသေခံသည့်တိုင်အောင် အ ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီးမှ ရှင်ပြန်ထမြောက်စေခြင်းဖြင့် အပြစ်ရှိသမျှအ ထဲမှ သင်တို့ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဤသမ္မာတရားကို သင်သည် မယုံကြည်ခဲ့သော် ဘုရား သခင်သည်အဘယ်သို့ စံစားလိမ့်မည်နည်း။ အကယ်၍ သင်သည် နာခံ သောဘုရားသခင်၏ သားသမီးဖြစ်လျက် သူ၏စိတ်တော်နှင့် တွေ့သော သူဖြစ်လိုလျှင်သူသည်သူ၏သားတော်အားဖြင့်သင်၏အပြစ်ရှိသမျှကို ဆေး ကြောကိုထိုအပြစ်များထဲမှကယ်တင်ခဲ့ပြီဟုယုံကြည်ရမည်။အကယ်၍ သင် သည် ဤသမ္မာတရားကို စိတ်ထဲမှ ယုံကြည်သောသူဖြစ်မည်ဆိုလျှင်ကျေး ဇူးတင်လျက် နှုတ်ပါးစပ်အားဖြင့် ထုတ်ဖော်ဝန်ခံရမည်။ သူ့ကို ယုံကြည်လို သော်လည်းစိတ်နှလုံးထဲမှ ယုံကြည်ဖို့သင့်အတွက် ခက်ခဲနေပါသလား။ ထို့ ကြောင့် သင်၏ယုံကြည်ချက်ကိုနှုတ်ပါးစပ်မှ ရှင်းလင်းစွာ ဝန်ခံဖို့ ကြိုးစား ပါ။ ထိုသို့ဝန်ခံခြင်းအားဖြင့် ယုံကြည်ခြင်းသည်သင်၏ စိတ်ထဲတွင် စိုက်ပျိုး ခြင်းခံရလျက် တစ်စပြီးတစ်စ ကြီးထွားရှင်သန်လာလိမ့်မည်။ယုံကြည်ခြင်း သည် ရဲရင့်စွာ ဆုပ်ကိုင်သူတို့အတွက်သာဖြစ်သည်။
ကျွန်ုပ်၏လက်ထဲတွင် အဖိုးတန်ပတ္တမြားလက်စွပ်တကွင်း ပိုင် ဆိုင်ထားသည်ဟုဆိုပါစို့။ ကျွန်ုပ်က သင့်အားပေး မည်ဟု ပြောသောအခါ ထိုလက်စွပ်သည် အတုဖြစ်ကြောင်းသင်ယူဆသဖြင့် ငြင်းပယ်မည် ဆိုပါစို့။ အကယ်၍ ထိုလက်စွပ်သည် မည်မျှပင်စစ်မှန်သောပတ္တမြားလက်စွပ်ဖြစ် စေကာမူ လက်ခံမည့်သူသည်ယုံကြည်ချက်မရှိသဖြင့် ငြင်းပယ်လိုက်မည် ဆိုလျှင် ထိုအဖိုးတန်ပစ္စည်းကို လက်လွှတ်ဆုံးရှုံးရလိမ့်မည်။
ယုံကြည်ချက်သည်ထိုအရာနှင့်တူညီလျက်ရှိသည်။ ကျောက်မျက် ရတနာပါရဂူမှသူ၏ပညာဖြင့်လက်တွေ့စမ်းသပ်ကာပတ္တမြားစစ်မှန်သည့် အကြောင်းပြသနိုင်မည်ဆိုလျှင် လူတို့အနေဖြင့် ယုံကြည်လက်ခံကြလိမ့် မည်။ ကျွန်ုပ်တို့အား သူပေးထားသည့်ကယ်တင်ခြင်းသည် အစစ်အမှန်ဖြစ် ကြောင်းရေးသားခဲ့သည့် နှုတ်ကပတ်တော်အားဘုရားသခင်သည် အသေး စိတ် သက်သေပြခဲ့ပြီးပါပြီ။ သူ၏ကယ်တင်ခြင်းကို ယုံကြည်သောသူတို့ သည် သူ၏နှုတ်ကပတ်တော်အားဖြင့် သက်သေ ထူခဲ့သဖြင့် ယုံကြည်ခြင်း ရှိသောသူများဖြစ်သည်။ “ကျွန်တော့်အတွက်တော့ အဲဒီဟာ အစစ်အမှန် ဖြစ်ကြောင်း ယုံကြည်ဖို့ခဲယဉ်းပါတယ်။ ဒါပေမယ့် အရာခပ်သိမ်းကို တတ် စွမ်းနိုင်တဲ့ ဘုရားသခင်ကစစ်မှန်တယ်ဆိုရင် အဲဒီအတိုင်း ကျွန်ုပ်ယုံကြည် ပါ့မယ်။” ထိုသို့လက်ခံယုံကြည်သော သူတို့သည်ယုံကြည်ခြင်းရှိသောသူ များဖြစ်လာလျက် အဖိုးတန်ဆုံးလက်ဆောင်သည် သူတို့၏ကတိများဖြစ် လာမည်။
တစ်နည်းအားဖြင့် ကွဲပြားခြားနားသော ယုံကြည်ချက်ရှိသည်။ ဓါတုဗေဒစိန်တစ်မျိုးကို သဘာဝစိန်အစစ်ဟု ယူဆကာ လက်စွပ်အဖြစ် ပြု လုပ်၍ ၎င်း၏တောက်ပသောအရောင်ကို ကြည့်ခြင်းအားဖြင့် ဗတ္တမြစ်အ စစ်ဟု ယူဆထားသည်ဟု ဆိုပါစို့။ ထိုသူသည်မိမိကိုယ်ကို အလွန်တတ်သိ လိမ်မာသောသူဟု ယူဆထားသော်လည်း လိမ်လည်လှည့်ဖြားခြင်းခံရသူ တစ်ဦးသာ ဖြစ်သည်။ စိန်သည်အတုဖြစ်နေသော်လည်း အစစ်ဖြစ်ကြောင်း
အမြီးအမောက်မတည့်ဘဲ ယုံကြည်နေမည်ဆိုလျှင်လည်း ထိုစိန်အတုသည် ဘယ်သောအခါမှအစစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ အမှန်အားဖြင့် လှည့် စားခြင်းသာလျှင် ဖြစ်လိမ့်မည်။ထိုနည်းတူစွာ လူတို့ထံတွင် မှားယွင်းသော ယုံကြည်ချက်ရှိသည်။ သူတို့၏ယုံကြည်ချက်ကိုသဘောပေါက် ကြသော် လည်း ထိုအချက်သည်မှာ မှားယွင်းခြင်း၊ အခြေအပြစ်မရှိခြင်း၊ဒဏ္ဍာရီ ဆန်ခြင်းရှိသော်လည်း၎င်းသတင်းစကားသည် ဘုရားသခင်၏နှုတ်ကပတ် တော်အားဖြင့်သာလျှင် ရောက်ရှိလာမည်။
“ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်ရ”ဟု ဘုရားသခင် မိန့်တော်မူ၏။နှုတ်ကပတ်တော်သည်ဘုရားသခင်ဖြစ်သဖြင့် ရေနှင့်ဝိညာဉ် တော်မမွေးသောသူသည်မည်သည်ကားကောင်းကင်နိုင်ငံတော်မမြင်ရဟု နှုတ်ကပတ်တော်မှ ဖော်ပြထားသည်။(ယော ၃း၅)တဲတော်၏ တန်တိုင်း တော်အတွင်းသို့ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊အဖြူရောင် ချည် ထည်အားဖြင့် ယက်လုပ်ထားသော တံခါးကုလားကာမှမဝင်ဘဲမရနိုင်သ ကဲ့သို့ ကြေးဝါအင်တုံတွင် ဆေးကြောခြင်း မပြုသောသူသည်တဲတော်အ တွင်းသို့ဝင်ခွင့်မရှိပါ။ ဤအကြောင်းအရာသည် သမ္မာတရားဖြစ်မည်ဆို လျှင် အခြားတရားများသည်မသမာသော တရားများဖြစ်လိမ့်မည်။
သမ္မာတရားကို ယုံကြည်ခြင်းသည် အစစ်အမှန်ဖြစ်၍ အခြားအရာ သည်အတုအယောင်သာ ဖြစ်လိမ့်မည်။ လူတို့၏ယုံကြည်ချက်သည် မည်မျှ ပင်ပြင်းထန်စေကာမူဘုရားသခင်၏ နှုတ်ကပတ်တော် ဟုတ်မဟုတ်သော ယုံကြည်ချက်သည် နောက်ဆုံးတွင်လည်းနှုတ်ကပတ်တော်ဖြစ်လာမည် မ ဟုတ်ပါ။ယေရှုကသင်၏အပြစ်အားလုံးကို သူသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လက်ခံရယူလျက် လက်ဝါးကပ်တိုင်ပေါ်ဝယ် အသွေးတော်သွန်းလောင်း ခြင်းအားဖြင့် စင်ကြယ်စွာ ဆေးကြောသန့်စင်ပေးခဲ့ပြီဟုဆိုလျှင်သင့်အ နေဖြင့်ယုံကြည်ဖို့သာ လိုအပ်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ခဲ့သောသူ သည်ဘုရားသခင်ဖြစ်သောကြောင့်ထိုသို့ပြုလုပ်ခဲ့သည်ဟု ယုံကြည်မည်ဆို လျှင် ထိုယုံကြည်ချက်သည် သမ္မာတရားနှင့်ကိုက်ညီသော ယုံကြည်ချက် ဖြစ်သည်။ အကယ်၍ သခင်ဘုရားအနေဖြင့် ထိုသို့မလုပ်ဆောင်ခဲ့သော် သင်၏ယုံကြည်ချက်သည်မှန်ကန်သော်လည်း သူသည်မှားယွင်း လိမ့်မည်။
တစ်နည်းအားဖြင့် သခင်ဘုရားသည် ထိုသို့တိကျစွာ လုပ်ဆောင်ခဲ့သော် လည်းသင်သည်မယုံကြည်သောကြောင့် ကယ်တင်ခြင်းမရခဲ့သော် သင်၏ တာဝန်သာလျှင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တာဝန်မှာ ယုံကြည် ဖို့သာဖြစ်သည်။ သူ၏အသင်းတော်အားဖြင့်ဘုရားသခင်သည် ကျွန်ုပ်တို့ အား စကားပြော လျက်ရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည်။သင်သည်ယုံ ကြည်ပါသလား။
အသင်းတော်အားဖြင့် မည်သည့်နှုတ်ကပတ်တော်ပြောဆိုလျက် ရှိသနည်း။ထိုနှုတ်ကပတ်တော်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်ထည်အားဖြင့် ကျွန်ုပ်တို့ထံသို့ ြွကလာတော်မူသော ယေရှုခရစ်၏ နှုတ်ကပတ်တော်ဖြစ်သည်။အသင်းတော်အနေဖြင့် ဘုရားသ ခင်၏နှုတ်ကပတ်တော်တည်းဟူသောယေရှုသည်ဗတ္တိဇံခံယူခြင်းဖြင့်အပြစ် ရှိသမျှကို ယူတင်ဝတ်ဆောင်လျက် ဘုရားစင်စစ်ဖြစ်သောသူသည်လက် ဝါးကပ်တိုင်ပေါ်ဝယ် အပြစ်ဒဏ်စီရင်ခြင်းကို ခံတော်မူ၏။ ယေရှုက ထိုသို့ ကယ်ခဲ့ပြီဆိုသည့် ယုံကြည်ချက်သည် ပတ္တမြားကဲ့သို့ အဖိုးတန်ပြီး ဘုရား သခင်ကိုယ်တိုင် အာမခံချက်ပေးထားလျက် ရှိသည်။
ဘုရားသခင် အလိုတော်ကို ရှေးဦးစွာသိလျက် တဲတော်အားဖြင့် ထင်ရှားခဲ့သည့်ဝိညာဉ်ရေးရာအဓိပ္ပါယ်ကိုလည်းနားလည်မည်ဆိုလျှင် ကျန် သည့်သမ္မာတရားအစိတ်အပိုင်းများသည် လွယ်ကူရှင်းလင်းမှုရှိလိမ့်မည်။ သို့သော်တဲတော်အကြောင်းကိုလေ့လာသည့်အခါ အပြင်ပန်းသဏ္ဍာန် အား ဖြင့်လေ့လာခြင်း၊မူရင်းဟေဗြဲဘာသာစကားလုံးကိုလေ့လာခြင်း၊ နောက်ခံ သမိုင်းများကို နားလည်စေရန် ကြိုးစာခြင်းတို့ကို ဦးနှောက်အသိဉာဏ်ဖြင့် သာ လေ့လာနေမည်ဆိုလျှင် အကျိုး မရှိသည့်အပြင် ခေါင်းကိုက်ခြင်းသာ အဖတ်တင်လိမ့်မည်။
ယေရှု၏ ဗတ္တိဇံကို ယုံကြည်ပါ။ ယေရှုခံယူခဲ့သည့် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏စိတ်ထဲမှ အမှောင်နှင့်အပြစ်ရှိ သမျှသည် ရှင်းလင်းစင်ကြယ် လာလိမ့်မည်။ ဗတ္တိဇံ၏အဓိပ္ပါယ်မှာ ဆေးကြောခြင်း၊ လွှဲပြောင်းပေးခြင်း၊ မြှုပ်နှံခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖုံးအုပ်ခြင်းစသည်ဖြင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည်ဗတ္တိဇံကိုခံယူခဲ့သည့်အခါသင်၏အပြစ်အားလုံးကို သယ်ဆောင် သွားခဲ့ပြီးပါပြီ။ ဤအချက်အပေါ် မယုံကြည်သောသူတို့သည်အသေခံ လျက် ငရဲသို့ ကျလာလိမ့်မည်။ “အာရုန်နှင့် သူ၏သားတို့အဖို့ လက်ခြေ ဆေးစရာအဖို့ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍ ပရိ သတ်စည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်စပ်ကြားခွဲထားရမည်။ သေဘေး နှင့် ကင်းလွတ်မည်အကြောင်း မိမိတို့ လက်ခြေကိုဆေးရမည်။ ထိုသူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ် သတည်း” (ထွက် - ၃၀း၁၈၊၂၁) မယုံကြည်လျှင် အမင်္ဂလာကျရောက် လာလိမ့်မည်။မယုံကြည်လျှင် ငရဲသို့ ပစ်ချခြင်း ခံရလိမ့်မည်။ အကယ်၍ သင်သည် မယုံကြည်ဘဲနေမည်ဆိုလျှင် ဟေယောဝါ၏ ကျိန်ခြင်းအမင်္ဂလာ နှင့် ပျက်စီးခြင်းသည် သင့်အပေါ်သို့ ကျရောက်လျက် သင်သည် ထာဝရငရဲ မီးအိုင်သို့ ပစ်ချခြင်းခံရလိမ့်မည်။
“သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးကြောရမည်။”ယဇ်ပုရောဟိတ်မင်းကြီးအားသူနှင့်ဆွေမျိုးတို့အနေဖြင့် အစဉ်စောင့်ရှော်ကရမည့်ပညတ်တရားဖြစ်ကြောင်းဘုရားသခင်မိန့်တော်မူ၏။ယေရှုကိုကယ်တင်ရှင်အဖြစ်ယုံကြည်ဖို့ဆန္ဒရှိသောသူသည် သူ၏ဗတ္တိဇံ နှင့် လက်ဝါးကပ်တိုင်မှ အသွေးတော်ကို ယုံကြည်ရမည်။ဤသမ္မာတရား ကို ရဲဝံ့စွာ ဆုပ်ကိုင်ထားသောသူသည် ယုံကြည်ခြင်းကို ရရှိလိမ့်မည်။ဤ သမ္မာတရားကို စိတ်ထဲမှ ယုံကြည် လက်ခံသည့်အခါ ကယ်တင်ခြင်းသည် သင့်အတွက်ဖြစ်လာမည်။ ဤအရာကို ယုံကြည်လက်ခံမှသာလျှင် သမ္မာ တရားသည်အကျိုးဖြစ်ထွန်းလာလိမ့်မည်။ ဘုရားသခင်ကျွန်ုပ်တို့အား ပြော ထားသည့်အတိုင်း ယုံကြည်ရမည်။ မယုံကြည်မှုထက်သာ၍ ကြီးမားသော အဟန့်အတား စိတ်နှလုံးအတွက် မရှိနိုင်ပါ။
ယဇ်ပုရောဟိတ်များသည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ မ ရောက်မီ ရှေးဦးစွာကြေးဝါအင်တုံမှရေဖြင့် ခြေနှင့်လက်များကို ဆေးရ မည်ဟု နှုတ်ကပတ်တော်မှ ဖော်ပြထားသော်လည်း ယုံကြည်ခြင်းဆိုင်ရာ ကြေးဝါအင်တုံတွင်မိမိခြေလက်ကိုမဆေးကြောရသေးသူများရှိနေကြောင်း တွေ့ရသည်။ ကြေးဝါအင်တုံအားဖြင့် ပေါ်လွင်ထင်ရှားခဲ့သောယုံကြည်ခြင်း ကိုမရသောသူသည် ဘုရားသခင်၏ရှေ့မှောက်တွင် သေရလိမ့်မည်။ ရေနှင့် ဝိညာဉ်တော် ဧဝံဂေလိတရား ကို ယုံကြည်လျက် သင်၏စိတ်နှလုံးကို ဆေးကြောပါလျက်ဘုရားသခင်၏ ရှေ့တော်တွင် သေခြင်းကို ရှောင်လျက် ဘုရားသခင်၏ နိုင်ငံတော်ကိုဆုကျေးဇူးအဖြစ် ခံယူပါ။ သင်သည်မည် သို့ပင်ဖြစ်စေ ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင်ဘုရားသခင်ပေးထား သည့် အခွင့်ထူးကို လက်မခံသောကြောင့် အပြစ်စီရင်ခြင်း ဧကန်အမှန်ခံ
ရလိမ့်မည်။ သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ ဤသမ္မာတရား ကို မယုံကြည်သောကြောင့် ငရဲကျရမည့်သူမရှိဟု မျှော်လင့်ရင်း ကျွန်ုပ် ဆု တောင်းနေပါသည်။
အကယ်၍ ယေရှု၏ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်မှ သူ၏အသွေး တော်သင်၏အပြစ်အားလုံးဆေးကြောပေးခဲ့သည့်ကယ်တင်ခြင်းသမ္မာတရားကို သင်သည်ယုံကြည်ခြင်းမရှိခဲ့သော ကြီးမားသည့် ထိခိုက်နစ်နာမှု ရှိ လိမ့်မည်။သင်သည် ယုံကြည်ပါသလား။ ကြေးဝါအင်တုံအားဖြင့် အပြစ်နှင့် အပြစ်တရားစီရင်ခြင်းအထဲမှ ကယ်တင်ခဲ့ခြင်းအတွက် ဘုရားသခင် အား ကျေးဇူးတင်ရမည်။
တဲတော်၏ အခြားအစိတ်အပိုင်းများအကြောင်းကို ဆက်လက် ထုတ်ဝေမည့် စာအုပ်တွင် ဆွေးနွေးတင်ပြပါလိမ့်မည်။ ဤစာအုပ်တွင် ပါရှိ သော သတင်းစကားအားဖြင့် သင်သည်ဘုရားသခင်၏ သားသမီးဖြစ်ခြင်း အခွင့်ကို ရရှိမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။