• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

佈道

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[3-1] သာဒိမြို့၌ရှိသောအသင်းတော်သို့ပေးစာ (ဗျာဒိတ်ကျမ်း ၃း၁-၆)

သာဒိမြို့၌ရှိသောအသင်းတော်သို့ပေးစာ
(ဗျာဒိတ်ကျမ်း ၃း၁-၆ ) 
“သာဒိမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍မှာ လိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနှစ်ပါးနှင့် ကြယ်ခုနှစ်လုံးရှိသော သူ ၏အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင် ဟန်ရှိသော်လည်းသေလျက်နေသည်ကိုငါသိ၏။မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘု ရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။ ထိုကြောင့်၊ သင်သည် ခံယူ ၍နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင် တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိရာသို့ငါလာမည်။ လာမည် အချိန်ကိုလည်း သင်မသိရ။ သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသောသူ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျှက် ငါနှင့်အတူသွားလာကြလိမ့် မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ ထိုသူ၏ နာမကိုအသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်း တော်ရှေ့၌၎င်း၊ကောင်းကင်တမန်တော်ရှေ့၌၎င်း၊သူ၏နာမကိုငါဝန်ခံမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကို နား ရှိသောသူမည်သည် ကားကြားပါစေ။” 
 
 

အဖွင့်ဋီကာ 

 
အခန်းငယ် (၁) “သာဒိမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး ၍မှာလိုက်လော့။ဘုရားသခင်၏ ဝိညာဉ်ခုနှစ်ပါးနှင့် ကြယ်ခုနှစ်လုံးရှိ သော သူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက် ရှင် ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။”
ဘုရားသခင်သည် ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသော သူဖြစ်သည်။သာဒိမြို့၌ရှိသောအသင်းတော်သည်ယုံကြည်ခြင်းအသက်တာ တွင် အားနည်းသောသူများဖြစ်ကြသည်။ ထိုကြောင့် ဘုရားသခင်သည် သာဒိမြို့ရှိ အသင်းတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန် ဆုံးမခဲ့သည်။ ဘုရားသခင်သည် သာဒိမြို့ရှိ အသင်းတော်၏တမန်များကို “သင်သည် အ သက်ရှင်ဟန်ရှိသော်လည်း၊ သေလျက်နေ၏”ဟု မှာလိုက်၏။ ဘုရားသခင် သည် သာဒိမြို့ရှိအသင်းတော်၏တမန်များကို သူတို့၏ယုံကြည်ခြင်းဘက် သို့ အားနည်းသောသူဖြစ်သည်ကို ဖော်ပြခြင်းဖြစ်သည်။ 
 
အခန်းငယ် (၂) “မအိပ်ဘဲစောင့်၍ နေလော့။ ကျန်ရစ်၍ သေလုသော အရာ တို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင် ရှိသည်ကို ငါတွေ့ပြီ။” 
ဘုရားသခင်သည်သာဒိမြို့ရှိအသင်းတော်၏တမန်တို့သည် သစ္စာ မရှိဘဲဆက်လက်အသက်ရှင်ဖို့အခွင့်မပေး။ဤအသင်းတော်သည် ဘုရားသ ခင်၏နှုတ်ကပတ်တရားတော်ကို မယုံကြည်ဘဲ အသက်ရှင်သောကြောင့် ဘုရားသခင်က အပြစ်တင်ခဲ့သည်။ သူတော်စင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်ဘဲ အသက်ရှင်ခြင်းသည် ဘုရားသခင်ရှေ့ မှောက်တွင် အပြစ်လုပ်ခြင်းသာဖြစ်သည်။ 
သူတို့သည် အားနည်းသောအခါ၌လည်း ဘုရားသခင်၏နှုတ်က ပတ်တော်ကို ယုံကြည်ပြီးအသက်ရှင်ခဲ့ကြလျှင် လူနှင့်ဘုရားသခင်ရှေ့ မှောက်တွင် ချီးမြောက်ခြင်းကိုခံရကြမည်ဖြစ်သည်။ ထိုကဲ့သို့သော ယုံ ကြည်ခြင်းရှိဖို့ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှလုံးသားအကြွင်းမဲ့ နှင့် ယုံကြည်ပြီးအသက်ရှင်ဖို့လိုအပ်ပါသည်။ 
 
အခန်းငယ် (၃) “ထိုကြောင့်၊ သင်သည် ခံယူ၍နားထောင်ပြီးသည် အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုး ကဲ့သို့ သင်ရှိရာသို့ငါလာမည်။ လာမည်အချိန်ကိုလည်း သင်မသိရ။”
ကနဦးအသင်းတော်၏ သူတော်စင်များသည် ရေနှင့်ဝိညာဉ်တော် ၏သတင်းကောင်းကို ကြားနားပြီ လိုက်လျှောက်ဖို့ရန် အလွန်ကြီးမားသော ပူဇော်ခြင်းကို ပြုခဲ့ကြသည်။ ထိုကြောင့် ဘုရားသခင်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမဆုံးရှုံးဖို့ တိုက်တွန်းခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၌ ပြည့် စုံသော ကယ်တင်ခြင်းသတင်းကောင်းကို ဆုပ်ကိုင်ထားခြင်းအားဖြင့် ယုံ ကြည်သူများသည် သူတို့၏ယုံကြည်ခြင်းကို ပြသဖို့ လိုအပ်ပါသည်။ 
ကယ်တင်သောသူသည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း ကို မည်ကဲ့သို့ကြားနားပြီးယုံကြည်ခဲ့ကြသည်ကို အစဉ်အမြဲသိရှိဖို့ လိုအပ်ပါ သည်။ကယ်တင်ခြင်းရရှိသောသူ အစေခံနှင့်သူတော်စင်များသည် ဘုရားသ ခင်ထံမှရရှိသော ကယ်တင်ခြင်းထဲသို့ ကိန်းဝပ်ဖို့ လိုသည်။ ဤကဲ့သို့ မပြု လျှင်ထိုသူတို့သည်ဘုရားသခင်ကြွလာမည့်အချိန်ကိုသိရှိနိုင်မည်မဟုတ်ပါ။ 
 
အခန်းငယ် (၄)“သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသောသူနည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သော သူဖြစ်၍၊အဖြူဝတ်လျှက် ငါနှင့်အတူသွားလာကြလိမ့်မည်။ အောင်မြင် သော သူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။”
သို့သော်သာဒိမြို့၌ရှိသော ယုံကြည်သူအနည်းငယ်တို့သည် ကိုယ် အဝတ်ကို မညစ်ညူးစေသောသူရှိသည်။ ထိုနောက် သစ္စာရှိသော သူတော် စင်များသည် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူ သွားကြမည်ဟု ဘုရားသခင်က မိန့်ကြားတော်မူခဲ့သည်။ သူတို့သည် ထိုက်တန်သော သူယုံ ကြည်ခြင်းဘက်သို့ အားကြီးသောသူဖြစ်သောကြောင့် ဘုရားသခင်နှင့်အ တူ အသက် ရှင်နိုင်ကြမည်ဖြစ်သည်။ 
ခိုင်မာသောယုံကြည်ခြင်းရှိသော သူတော်စင်များသည် ဘုရားသ ခင်ခေါ်ဆောင်သွားသည့် နေရာများတွင် လိုက်လျှောက်ကြသည်။ သူတို့အ ဝတ်ကို မညစ်ညူးဟူသောအရာသည် လောကဥစ္စာများကို အရှုံးမပေး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မယုံကြည်သည်ကို ဆိုလိုခြင်းမဟုတ်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းအားဖြင့်ဖြူသောအဝတ်ကို ဝတ်ထား သောသူတို့သည် လောကီစည်းစိမ်းဥစ္စာကို မတတ်မက်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုသာကိုင်တွယ်ကြသည်။ ထိုသူတို့သည် မှားယွင်း သောသတင်း ကောင်းထဲက၌ ဝေးစွာအသက်ရှင်သောသူများဖြစ်ကြသည်။
ဘုရားသခင်၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြူစင် သောအဝတ်ကိုဝတ်ထားသောသူတို့သည် ဤလောကတွင် ဘုရားသခင်၏ သတင်းကောင်းကိုဝေငှပြီ၊ ဘုရားသခင်နှင့်အတူ အသက်ရှင်နေထိုင်ကြ သည်။ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသ ခင်နောက်တော်သို့လိုက်ကြသောကြောင့် ဘုရားသခင်သည် သူတို့နှင့်အတူ နေထိုင်ခြင်းဖြစ်သည်။
 
အခန်းငယ် (၅) “ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမ ချေ။ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်ရှေ့၌၎င်း၊သူ၏နာမ ကို ငါဝန်ခံမည်။”
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်အားဖြင့် လောကကို အောင်မြင်သောသူတို့သည်ဘုရားသခင်၏ဖြူစင်သောအဝတ်ကိုဝတ်လျက် ဘုရားသခင်၏လုပ်ငန်းများကို လုပ်ဆောင်ကြသည်။ ထိုသူတို့၏ နာမည် များသည် အသက်စာစောင်ထဲတွင် ရေးသားထားခဲ့ပြီး ထာဝရသိမ်းဆည်း ထား မည်ဖြစ်သည်။ 
စစ်မှန်သောယုံကြည်ခြင်း၌ဘုရားသခင်၏ရန်သူတို့ကို တိုက်ခိုက် သောသူသည် အောင်မြင်ခြင်းရရှိမည်ဟု ဘုရားသခင်၏ ကတိတော်စကား ဖြစ်ပါသည်။ “အောင်မြင်သောသူသည် ဖြူသောအဝတ်ကိုဝတ်ဆင်လိမ့် မည်။” ဤဖြူစင်သောအဝတ်သည် ဘုရားသခင်၏ ရန်သူများကို တိုက် ခိုက်ပြီးအောင်မြင်ခြင်းရရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ အောင်မြင်သော သူများ၏နာမည်များသည် အသက်စာစောင်ထဲတွင် ရေးသားထားမည်ဖြစ် ခဲ့သည်။ ယေရုရှလင်မြို့သစ်တွင်လည်း သူတို့၏နာမည်များကို ရေးထား မည်ဖြစ်သည်။ “ကျွန်ုပ်ခမည်းတော်ဘုရားနှင့်သူ၏ ကောင်းကင်တမန်ရှေ့ မှောက်တွင် ထိုသူတို့နာမည်များကို ဖွင့်ပြောမည်”ဟု ယေရှုခရစ်က မိန့်မှာခဲ့သည်။ ဖွင့်ပြောမည်ဟူသော စကားလုံး၏ အနက်အဓိပ္ပယ်သည် ဘုရားသခင်က ထိုသူတို့ ၏ ယုံကြည်ခြင်းကို လက်ခံမည်ဖြစ်သည်။ 
 
အခန်းငယ် (၆) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့် တော်မူသည်ကို နားရှိသောသူမည်သည်ကားကြားပါစေ။”
စစ်မှန်သောယုံကြည်ခြင်းရှိသောသူတို့သည် ဘုရားသခင်ထံမှ သန့်ရှင်းသောဝိညာဉ်တော်၏စကားသံကို အစဉ်အမြဲ ကြားလျက်ရှိ၏။ ဤ ကဲ့သို့သူတို့သည်ဘုရားသခင်နှင့်အတူအသက်ရှင်ပြီး သန့်ရှင်းသောဝိညာဉ် တော် ၏ လမ်းပြမူအောက်တွင် နေထိုင်ခဲ့ကြသည်။
The New Life Mission

參加我們的調查

您是如何得知我們的?