• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

關於基督教信仰的常見問題解答

話題 3:启示錄

3-1. အခန်းကြီး (၇) ရှိ ၁၄၄၀ဝ၀ ဟူသော ကိန်းဂဏန်းသည် ကယ်တင်ခြင်း ခံရမည်။ ဣသရေလလူမျိုးတို့၏အရေအတွက် အတိအကျကို ဆိုလိုပါသ လား။(သို့မဟုတ်) အမှတ်အသားအဖြစ်ဖော်ပြသောကိန်းဂဏန်းသက်သက် ပါလား။

ဗျာဒိတ်ကျမ်းအခန်းကြီး (၇) တွင် ဖော်ပြထားသော ၁၄၄၀ဝ၀ ဂဏန်းကကျွန်ုပ်တို့အား နောက်ဆုံးသောကာလ၌ ဣသရေလလူမျိုး မည် မျှကယ်တင်ခြင်းခံရမည်ကို အတိအကျပြောပြပါသည်။ ဣသရေလလူမျိုး တစ်ဆယ့်နှစ်ပါးထဲမှ တစ်မျိုးလျှင် ၁၂၀ဝ၀ စီဖြင့် စုစုပေါင်း၁၄၄၀ဝ၀ ဦးဖြစ်ပါသည်။ ဤအကြောင်းအရာသည် ဘုရားသခင်ချစ်သော အာဗြာဟံ ၏အမျိုးအနွယ်တချို့သည် ကယ်တင်ခြင်းခံရလိမ့်မည်ဟူသော ဘုရားသ ခင်၏လူအပေါင်းတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းကို ပြည့်စုံစေခြင်း ဖြစ် သည်။ ဤသို့ဖြင့် ဘုရားရှင်သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်း ကို တစ်ပါးအမျိုးသားထံသို့သာပျံ့နှံ့စေရန်မဟုတ်ဘဲ အဗြဟံ၏အတွေးအသား ထဲမှဆင်းသက်လာသောဣသရေလလူမျိုးထံသို့ပါ ပျံ့နှံ့စေရန်ခွင့်ပြုလိမ့် မည်။
ထို့ကြောင့်ဘုရားသခင်ကနောက်ဆုံးသောအချိန်၏ ဘေးဒဏ်ကြီး ကာလကျရောက်ပြီးနောက်ဘုရားသခင်ကဣသရေလလူမျိုးအတွက်သက် သေခံနှစ်ဦးကိုအထူးအစဉ်အဖြင့်ပေါ်ထွန်းစေရန်ဆုံးဖြတ်ခဲ့သည်။ သူတို့နှိပ် စက်ညှင်းပန်းခဲ့ပြီးလက်ဝါးကားတိုင်၌အသေခံခဲ့စေသောယေရှုသည် အမှန် စင်စစ်အားဖြင့်သူတို့၏ကယ်တင်ရှင်အစစ်ဖြစ်ကြောင်းယုံကြည်လာစေ ရန် ဖြစ်သည်။ ဘုရားသခင်နှင့်အာဗြဟံ၏ ယုံကြည်ခြင်းအားဖြင့် ဣသရေလ လူမျိုးတို့သည်ဘုရားသခင်၏အတူချစ်ခြင်းကိုလက်ခံရရှိသူများဖြစ်လာကြ သည်။
ဘုရားသခင်က သူသည်ဣသရေလ တနှစ်ဆယ်နှစ်မျိုးထဲမှ တစ် မျိုးထဲမှလူ ၁၂၀ဝ၀စီကို သူတို့၏အပြစ်များနှင့် ပျက်စီးခြင်းထဲမှ အထူး တလည်လွတ်မြောက်စေပြီး ဘုရားသခင်၏အမှတ်တံဆိပ်ဖြင့် သူတို့အား တံဆိပ်ခပ်နှိပ်ရန်အတွက် ကောင်းကင်တမန်တစ်ပါးစေလွှတ်ရန် ဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် ဣသရေလလူစုထဲမှ ၁၄၄၀ဝ၀ တို့သည် သူတို့သည် ဘုရားသခင်၏လူများဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြသောအမှတ်အသားကို လက်ခံကြရမည်။ ဤအရေအတွက်သည် လူမျိုးတစ်ဆယ့်နှစ်မျိုးထဲမှ ညီမျှ စွာခွဲဝေထားခြင်း ဖြစ်သည်။ အကြောင်းမှာဘုရားသခင်၏ ချစ်မေတ္တာသည် သူတို့အဖို့မည်သည့်သီးခြားလူမျိုးစုကိုမျှ မျက်နှာသာပေးမှုမရှိခြင်းအပေါ် အခြေခံထားသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ထိုကာလ၌ လူအများ တို့၏တရားစီရင်ခြင်းကိုသူတို့၏စိတ်ခံစားမှုဖြင့် လွှမ်းမိုးခွင့်ပြု သောကာလ ဖြစ်သည်။ဘုရားသခင်သည်အရာရာတိုင်း၌ပကတိတရားမျှတခြင်းဖြင့်လုပ် ဆောင်လေ့ရှိသည်။
ဘုရားသခင်၏ ကယ်တင်ခြင်းဖြင့် ဣသရေလလူမျိုး၁၄၄၀ဝ၀တို့ ကိုတံဆိပ်ခပ်နှိပ်ပြီးနောက် ဘုရားသခင်သည် ဤကမ္ဘာမြေပေါ်သို့ ကြီးမား သောကပ်ရောဂါဘေးကြီးများ ကျရောက်စေလိမ့်မည်။ ဘုရားသခင်သည် ဣသရေလလူမျိုး ၁၄၄၀ဝ၀ကို သူ၏လူမျိုးဖြစ်စေသည်။ လူမျိုးစုတစ် ဆယ့်နှစ်မျိုးဖြစ်သော ယုဒ၊ ရှုမာဒိဂတ်၊ အာရှာ၊ နာတလိ၊မနာရှေ၊ ရှိမောင်၊ လေဝိ၊ ဣသဇါဗုလုံ၊ယောသပ်နှင့်ဗင်္ယမိန်ထဲမှ တစ်စုလျှင် ၁၂၀ဝ၀ဦးစီဖြစ် သည်။ ဤသည်မှာဘုရားသခင်က သူသည်သူတို့၏ ဘုရားအဖြစ်ခံယူမည် ဟုအဗြဟံနှင့် သူ၏အမျိုးအနွယ်သို့အပေါ်ပြုလုပ်ခဲ့သော သူ၏ကတိတော် ကို ထိန်းသိမ်းခြင်းဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်က ဣသရေလလူထဲမှ၁၄၄၀ဝ၀ကို ကယ် တင်ရန်ဆုံးဖြတ်ခဲ့သည်။ ဤနေရာ၌ဖော်ပြသောနံပါတ် (၁၄) ဂဏန်းသည် ရှင်မသဲ ၁း၁၇တွင် ပေါ်လာ၏။ ကျွန်ုပ်တို့အတွက် ထူးခြားသည့် အဓိပ္ပါယ် ရှိပြီး ကျွန်ုပ်တို့အား ဘုရားသခင်သည်သူ၏အသစ်သော အမှုတော်မြတ်ကို ဣသရေလလူမျိုးထဲမှ စတင်မည်ဟုပြောပြပါသည်။ဤဂဏန်းတွင် ဘုရား သခင်၏ အလိုတော်ပါဝင်သည်။ သူသည် ဤပထမကမ္ဘာ၏သမိုင်းကို ဤကမ္ဘာဂြိုဟ်ပေါ်တွင် နိဂုံးချုပ်စေပြီးကယ်တင်ခြင်းရပြီးသော ဣသရေ လလူတို့ကို ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
အာဗြဟံမှဆင်းသက်၍ ယေရှုခရစ်တော်အထိ မျိုးရိုးဗီဇဆိုင်ရာ မျိုးရိုးစဉ်ဆက်ကို ကြည့်ရှုစစ်ဆေးသောအခါ အာဗြဟံမှဒါဝိဒ်သက်တမ်းထိ မျိုးဆက် (၁၄)ဆက်၊ ထို့နောက်ဗာဗုလုန်ကျွန်ခံရာအရပ်မှ ခရစ်တော်အထိ မျိုးဆက်(၁၄)ဆက်ရှိကြောင်း ကျွန်ုပ်တို့တွေ့ နိုင်ပါသည်။ တခြားနည်း အားဖြင့်ပြောရလျှင် ဘုရားသခင်သည် သူ၏အမှုတော်သစ်ကို မျိုးဆက် (၁၄)ဆက်မြောက်တိုင်း စတင်ခဲ့ကြောင်း ကျွန်ုပ်တို့တွေ့နိုင်ပါသည်။ ဘုရား သခင်သည် ဣသရေလလူမျိုး ၁၄၄၀ဝ၀ ကို တံဆိပ်ခပ်နှိပ်သောအခါ သူ၏ အလိုဆန္ဒမှာ သူတို့အားအသစ်သောအသက်တာဖြင့် လက်ရှိဤကမ္ဘာ၌ မဟုတ်ဘဲ နောင်လာမည့်ဘုရားသခင်၏နိုင်ငံတော်၌ နေထိုင်ခွင့်ပြု ရန်ဖြစ် သည်။ဘုရားသခင်သည် သူတစ်ကြိမ်ပြုခဲ့သော ကတိကိုပြည့်စုံစေရန် သေ ချာသော လူသားတို့အတွက်အဆင်သင့်ဖြစ်သော သစ္စာရှိသောဘုရားဖြစ် ကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။
The New Life Mission

參加我們的調查

您是如何得知我們的?