• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

關於基督教信仰的常見問題解答

話題 4:讀者的經常提問及解答

4-8. အပ္ပါယ်ငရဲအမှန်အကန်တည်ရှိသလော။

အမှန်တကယ်တည်ရှိပါသည်။ 
ဘုရားသခင်သည် ငရဲကိုဖန်ဆင်းတော်မမူဟု လူအချို့က ငြင်းပယ်တတ် ကြသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာ နှင့်ပြည့်စုံတော်မူသောဘုရားသည် ငရဲကိုဖန်ဆင်းတော်မူလိမ့်မဟုတ် ကြောင်း ဆိုတတ်ကြသည်။ သူတို့က “တမန်တော်၏ယုံကြည်မှုဖော်ပြချက် မှာ ‘ငရဲ’စကားလုံးသည် ‘လောကုတ္တရာ’ဖြစ်သည်ကိုလည်းကောင်း၊ လူသေ တို့နေသောနေရာကို ဟေဗြဲဘာသာစကားအားဖြင့်‘Sheol’၊ဂရိဘာသာစ ကားအားဖြင့်‘Hades’၊ လာတင်ဘာသာစကားဖြင့် ‘inferno’စသည်ဖြင့်ဖော်  ပြထားသည်။ လက်ရှိစာရေးဆရာများရေးသားချက်အရ ထိုနေရာသည် သ ခင်ယေရှုအသေခံတော်မူပြီးနောက် သွားသည့်လူသေတို့နေသည့်နေရာဖြစ် သည်။” 
သို့သော်၊ သခင်ယေရှုက အပြစ်သားအားလုံးသည် တရားစီရင်ခြင်းခံရ၍ မိမိ အပြစ်များအတွက် အပ္ပါယ်ငရဲသို့သွားရမည်(မဿဲ ၁၈း၉၊ မာကု ၉း၄၃)ဟု တိကျစွာမိန့်တော်မူခဲ့သည်။ 
ခမည်းတော်ဘုရားသခင်သည် မိမိသားတော်သခင်ယေရှုအားဖြင့် အနှိုင်းမဲ့ မေတ္တာတော်ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုမေတ္တာသည် မျက်ကန်းအ ချစ်မဟုတ်ဘဲ သမ္မာတရားဖြင့်ပြည့်ဝသောမေတ္တာဖြစ်သည်(၂သက် ၂း၁၀)။ ကိုယ်တော် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်ကယ်တင်ခြင်း သမ္မာတရားအားဖြင့် ချစ်တော်မူခဲ့သည်။ သခင်ယေရှုသည်ဗတ္တိဇံခံယူခြင်း နှင့်အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုဖယ်ရှား ပေးတော်မူခဲ့သည်။ ယခုတွင် ဤမှန်ကန်သောသတင်းကောင်းအားဖြင့် သ ခင်ယေရှုကိုယုံကြည်သူအားလုံးကို ကိုယ်တော်က ထာဝရအသက်ပေးအပ် တော်မူခဲ့သည်။ ကိုယ်တော်၏အနှိုင်းမဲ့မေတ္တာက “ခရစ်တော်၌ ဗတ္တိဇံကိုခံ သောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ ၏။ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ဂ တိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏”ဟုဖော်ပြထားသည်။ 
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည့်အချက်ကို သင်အာရုံပြုရမည်။ ကိုယ်‌တော်က “အပြစ်၏အခကားသေခြင်းဖြစ်သည်”(ရောမ ၆း၂၃)ဟုဖော် ပြထားသည်။ ဤ “သေခြင်း”သည် ဒုတိယသေခြင်း ဖြစ်သည်။ အပ္ပါယ်ငရဲ သို့ဆင်းရဲဒုက္ခခံရခြင်း ဖြစ်သည်(‌ဗျာဒိတ် ၂၀း၁၄)။ လုကာ ၁၇း၁၉-၃၁တွင် ကိုယ်ခန္ဓာသေခဲ့ပြီးနောက် ထာဝရရောက်သည့်အနေရာနှစ်နေရာရှိသည် ဟု သခင်ယေရှုကသွန်သင်တော်မူခဲ့သည်။ ပထမနေရာမှာ ကောင်းကင်နိုင် ငံဖြစ်၍ အခြားနေရာမှာ ထာဝရဒုက္ခခံရသည့်နေရာငရဲမီးအိုင်းဖြစ်သည်။ ဗျာဒိတ် ၂၀ မှ ၂၂ တွင် သန့်ရှင်းသူများ၏ပထမထမြောက်ခြင်း၊ အနှစ်တစ် ထောင်အုပ်စိုးခြင်း၊ နောက်ဆုံးတရားစီရင်ခြင်းတွင်အပြစ်သားများအားလုံး ဒုတိယအကြိမ်ရှင်ပြန်ထမြောက်ခြင်း၊နှင့် လူမျိုးနှစ်ဖွဲ့ဖြစ်သောကောင်းကင် နှင့်ငရဲတို့အကြောင်းများကို ဖော်ပြထားသည်။ 
အာဒံကြောင့် လူသားအားလုံးသည် အပြစ်သားများဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်း သို့မရောက် ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို  ချစ်တော်မူ၏။ သို့သော် မာကျော၍ကျေးဇူးကန်းသောနှလုံးသားဖြင့် ဘုရား သခင်၏သမ္မာတရားမေတ္တာတော်ကိုငြင်းပယ်သောသူများအပေါ် အပ္ပါယ်င ရဲသို့ထာဝရသေခြင်းအားဖြင့် ပြစ်ဒဏ်ခံရလိမ့်မည်။ သူတို့သည် ထိုအရာ နှင့်ထိုက်တန်သည်။ 
ထိုကြောင့်၊ “တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ် နိုင်သောသူတို့ကိုမကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက် ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့”(မဿဲ ၁၀း၂၈)ဟုဖော်ပြချက် ကို သတိရပါ။
The New Life Mission

參加我們的調查

您是如何得知我們的?