ЧЗВ за Християнската Вяра
Тема 1: Новорождението от водата и Духа
1-7. ရော ဂး၃၀ “ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြောက်တော်မူ၏” ဤကျမ်းပိုဒ်သည် အဆင့်ဆင့်သန့်ရှင်းစေတော်မူခြင်း၏ ခံယူချက်ကို အထောက်အကူပြုပါသလား။
ဤစာပိုဒ်သည်အဆင့်ဆင့် သန့်ရှင်းစေတော်မူခြင်း အကြောင်းရှင်း ပြခြင်းမဟုတ်ပါ။မြောက်များစွာသောပညာရှင်များနှင့်လမ်းလွဲသော တရား ဟောဆရာများက “ယေရှုခရစ်ကို ယုံကြည်သောသူများသည် အဆင့်ဆင့် ပြောင်းလဲလာပြီး လူ့ဇာတိအားဖြင့်၄င်း၊ ဝိညာဉ်ရေးရာအားဖြင့်၄င်း၊ လုံးဝ သန့်ရှင်းရမည်း”ဟု ဟောပြောကာ များစွာသောသူတို့ကလည်း ထို ဟော ကြားချက်ကို ယုံကြည်ကြသည်။
သို့သော် အမှန်ဆိုရလျှင် အသစ်သောမွေးဖွားခြင်း မခံသူများသည် ပို၍ခေါင်းမာလာကြောင်း တွေ့ရှိရပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အပြစ်လည်းကြီးထွားလာသည်။ ကျွန်ုပ်တို့၏သန့်ရှင်းမှုသည် မည်သည့် အချိန်ကာလပေါ်တည်သနည်း။ “အဆင့်ဆင့်သန့်ရှင်းစေတော်မူခြင်း”ဆို သော စကားလုံးသည် ဘုရားသခင် အမုန်းတီးဆုံးစကားလုံးဖြစ်ပြီ နတ်ဆိုး အသုံးပြုလေ့ရှိသော စကားလုံးဖြစ်သည်။
အပြစ်နှင့်ပတ်သက်၍မိမိအစွမ်းအစအားဖြင့်အပြစ်မှလွတ်မြောက် စရာလမ်းမရှိမှသာလျှင် ဖြောင့်မတ်သောသူဖြစ်လာနိုင်သည်။ ဤဘယ် ကြောင့်ဆိုသော်ယေရှုခရစ်သည်သူ၏ဗတ္တိဇံနှင့်အပြစ်များအားလုံးကို ဆေး ကြောခဲ့ပြီးအပြစ်သားများအတွက် ပေးဆပ်ရန် မိမိကိုယ်ကို ယဇ်ပူဇော် သောကြောင့် ကျွန်ုပ်တို့တွင် ယေရှုဖရစ်တော်၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်၍ဖြောင့်မတ်ခြင်းသို့ရောက်ဖို့ရန် တာဝန်သာရှိသည်။ အမှန်စင်စစ် ယေရှုခရစ် ကိုယ်တိုင်အပြစ်အားလုံးဆောင်သွားသည်ကို ယုံကြည်ခြင်း အားဖြင့်သာ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်သည်။
“သန့်ရှင်းစင်ကြယ်ခြင်း” ၏အဓိပ္ပါယ်မှာ “သန့်ရှင်းလာရန်”ဟု အဓိပ္ပါယ်ရသည်။ သန့်ရှင်းခြင်းသို့ရောက်ရန် မိမိဘာသာကြိုးစားခြင်းသည် အမှန်တရားကို ယုံကြည်ခြင်းမဟုတ်ဘဲ အားနည်းသောသူကို ယုံကြည် လက်ခံစေခြင်းသာဖြစ်သည်။
အဆင့်ဆင့်သန့်ရှင်းစေတော်မူခြင်းသည်လည်း ကျွန်ုပ်တို့၏ကိုယ် ပိုင် ဝိညာဉ်ရေးဆန္ဒမှထွက်ပေါ်လာသည်။ ဘာသာတိုင်းတွင် သန့်ရှင်းစင် ကြယ်ခြင်းဆိုင်ရာ သွန်းသင်ချက်ရှိကြသည်။ သို့သော် ယေရှုခရစ်ကို ယုံကြည်သောကျွန်ုပ်တို့အတွက်ထိုနှုတ်ကပတ်တော်တရားထက် အရေး ကြီးသောအချက်များ မထားသင့်ပါ။
ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အဆင့်ဆင့်သန့် ရှင်းခြင်းသို့ရောက်လာမည်မဟုတ်ပါ။ ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော် ကို ယုံကြည်ပြီး ဝိညာဉ်ရေးဆိုင်ရာကယ်တင်ခြင်းသတင်းကောင်းကို ယုံ ကြည်လာသည်နှင့် တပြိုင်နက်ဖြောင့်မတ်သောသူ ဖြစ်လာသည်။ စစ်မှန် သော ဖြောင့်မတ်ခြင်းသည် ယေရှုခရစ်၏ဗတ္တိဇံနှင့် အသွေးတော်သတင်း ကောင်းကို ယုံကြည်ခြင်းမှ မွေးဖွားလာသည်။
- Преди
1-32. Ако кажем, че Исус вече е премахнал всичките ни грехове от миналото, настоящето и бъдещето според вашето твърдение, как би се развило бъдещето на човек, ако той непрекъснато извършва грях, мислейки за факта, че вече е получил умилостивение за греховете си чрез вяра в кръщението на Исус и Кръста? Дори ако този човек убие друг човек, той ще мисли, че е получил умилостивение дори за такъв грях чрез Исус. Следователно, той ще продължи да греши без колебание, само защото вярва, че Исус вече е премахнал дори греховете, които ще извърши в бъдеще. Моля, обяснете ми тези неща.