ЧЗВ за Християнската Вяра
Тема 1: Новорождението от водата и Духа
1-22. ဆရာ၏မေတ္တာစေတနာဖြင့် ပို့ပေးသောခရစ်ယာန်စာအုပ်များကို ဖတ်ခဲ့ရာတွင်ယေရှုဗတ္တိဇံအကြောင်းနှင့်ပတ်သက်၍ ဆရာ၏ခံယူချက်များ ကို စိတ်ဝင်စားမိပါသည်။ ကျေးဇူးပြု၍ ဆရာသင်ပေးသော ကျွန်တော် တို့၏ဗတ္တိဇံနှင့်ယေရှုဗတ္တိဇံ၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့၏ ဆက်စပ်မှုအကြောင်းကို ရှင်းပြနိုင်မည်လော။
ရှေးဦးစွာ ဟေဗြဲ (၆း၂) ၌ ဖော်ပြထားသော ဗတ္တိဇံအယူဝါဒ အကြောင်းကို ကြည့်ကြပါစို့။ ကျမ်းစာအရ မတူညီသောဗတ္တိဇံခံယူခြင်း (၃) မျိုးရှိသည်။ ယင်းတို့မှာ နောင်တရခြင်းအတွက် ဗတ္တိဇံဆရာယောဟန် ၏ဗတ္တဇံ၊ ဗတ္တိဇံဆရာယောဟန်ထံမှ ခံယူသောယေရှု၏ဗတ္တိဇံနှင့် ရေ၌ခံ ယူသော ကျွန်တော်၏ဗတ္တဇံစသည်တို့ဖြစ်သည်။
ကျွန်တော် ခံယူသောဗတ္တိဇံသည် ယေရှု၏ဗတ္တိဇံ၌ ယုံကြည်မှုဝန် ခံခြင်းသာဖြစ်သည်။ ဗတ္တိဇံသည် ကျွန်တော်တို့အပြစ်အားလုံး ယူဆောင် ရန် ယေရှုဗတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ်တွင် အပြစ်၏အခပေးဆပ်ရန် အ သေခံခြင်းကို ယုံကြည်နိုင်ရန် ဝန်ခံခြင်းဖြစ်သည်။ မ ၃း၁၅ တွင် “ယေရှု ကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခု အခွင့်ပေးပါဟု ပြောတော်မူ၏။” ဤကျမ်းပိုဒ်က ယေရှုသည် လူသားအား လုံး၏ကိုယ်စား သူကိုယ်တိုင် ဗတ္တိဇံဆရာယောဟန်ထံ ဗတ္တိဇံခံယူခြင်း အာ ဖြင့် လောကအပြစ်အားလုံး ယူဆောင်သွား ကြောင်း ဆိုလိုပါသည်။
ဤအရာသည် ကျွန်တော်တို့အားလုံးကို အပြစ်ထောင်ချောက်မှ ကယ်တင်ရန် ဘုရားသခင်၏အမြင့်မြတ်ဆုံး (ဝါ) အကောင်းဆုံးသော စီမံချက်ဖြစ်သည်။ ဘုရားသခင်သည် ဟေရှယ ၅၃း၆ တွင် “ငါတို့၏အပြစ် အားလုံးကို သူ့အပေါ် တင်တော်မူ၏” ဟူ၍ ဆိုထားပါသည်။ ထို့ပြင် သူ၏ဖြောင့်မတ်ခြင်းကိုလည်း ကျွန်တော်တို့အား ပေးခဲ့ပါသည်။ ဖြောင့် မတ်ခြင်းသည်ဂရိဘာသာစကား diakainosune မှလာ၍ အင်္ဂလိပ်ဘာသာ စကားအားဖြင့် “fairness and justice” ဖြစ်ပြီး အကောင်းဆုံးနှင့် အမွန် မြတ်ဆုံးဟူ၍ အဓိပ္ပါယ်ရသည်။ ယေရှုသည် လူသားအပြစ်အားလုံးကို အကောင်းဆုံးနည်းလမ်းဖြစ်သော ခေါင်းပေါ်လက်တင်ခြင်းတည်းဟူသော ဗတ္တိဇံခံယူခြင်းအားဖြင့် ဆောင်ယူခဲ့ကြောင်းကိုလည်း ဤအရာက သက် သေခံပါသည်။
ကျွန်တော်တို့သည် ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရပါသည်။ ကျွန်တော်တို့စိတ်ထဲရှိ အပြစ်အားလုံးကို ဖယ်ရှားသော ယေရှုဗတ္တိဇံ၏ဝိ ညာဉ်ပိုင်းဆိုင်ရာအရေဖျားလှီးခြင်းမှ ကျွန်တော်တို့အပြစ်အားလုံးကို ဆေး ကြောခဲ့ပါသည်။ (ရော ၂း၂၉) သို့ဖြစ်သောကြောင့် pentecost နေ့တွင် “ပေတရုကလည်း သင်တို့၏အပြစ်များကို လွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ်၏နာမ၌ ဗတ္တိဇံခံကြလော။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်” (တ ၂း၃၈) ဟူ၍ ပြောခဲ့သည်။
အပြစ်သားအားလုံးသည် ယေရှုကို ယုံကြည်ခြင်းဖြင့် စိတ်ထဲရှိအ ပြစ်အလုံးစုံ ခွင့်လွှတ်ခြင်းခံရကြောင်း လက်ခံသင့်သည်။ နာမတော်၏အ ဓိပ္ပါယ်ကား အဘယ်နည်း။ နာမတော်၏အဓိပ္ပါယ်ကား “သူ့လူတို့ကို သူတို့အပြစ်အားလုံးမှ ကယ်တင်သောကယ်တင်ရှင်” ဟူ၍ ဖြစ်ပါသည်။ (မ ၁း၂၁) ကျွန်တော်တို့ကို အပြစ်အားလုံးမှ မည်ကဲ့သို့ ကယ်တင်ခဲ့သနည်း။ သူသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းအားဖြင့် ကျွန်တော်တို့ ကို အပြစ်အားလုံးမှ ကယ်တင်ခဲ့သည်။
ယေရှုခရစ်၏တမန်တော်များသည် ယေရှုဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော်အကြောင်းကိုနားလည်ပြီး ယုံကြည်ကြသောကြောင့် သတင်း ကောင်းကို ဝေငှနိုင်ပြီးထိုသတင်းကောင်းယုံကြည်သူများအား ရေ၌ဗတ္တိဇံ ကို ပေးကြသည်။ ထိုနည်းတူ ကျွန်တော်တို့သည်လည်း ယေရှုဗတ္တိဇံနှင့် အသေခံခြင်းကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်၍ ဗတ္တိဇံကို ခံခဲ့ကြပါသည်။ ကျွန်တော်တို့ဗတ္တိဇံခံရာတွင် ကျွန်ုပ်အပြစ်များကို ကိုယ်တော်သည် ဗတ္တိဇံ ခံယူခြင်းဖြင့်၄င်း၊ ကားတိုင်ပေါ်အသေခံခြင်းဖြင့်၄င်း၊ ရှင်ပြန်ထမြောက် ခြင်းဖြင့်၄င်း၊ ဆောင်ယူပေးသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ပါ သည်ဟူ၍ ဝန်ခံသင့်ပါသည်။ ကျွန်တော်တို့ ရေ၌ ဗတ္တိဇံခံခြင်းသည် ယေရှု ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းကို ယုံကြည်ခြင်း၏သင်္ကေတဖြစ်ပြီး ဗတ္တိဇံဆရာ ယောဟန်ထံသူခံယူခဲ့သော နှစ်ခြင်းကဲ့သို့ဖြစ်ပါသည်။ ကနဦး ခေတ်တွင် သန့်ရှင်းသူများသည် ရေနှစ်ခြင်းအပြစ်လွှတ်ခြင်းသတင်း ကောင်းကို ယုံကြည်ပြီး သူတို့၏ယုံကြည်မှုကို သက်သေခံရန် ဖြစ်သည်။
ဗတ္တိဇံခံခြင်းအခမ်းအနားသည် ကယ်တင်ခြင်းအတွက် လိုအပ် သည်မဟုတ်ပေ။ ဗတ္တိဇံသည် ကယ်တင်ခြင်းအတွက် အရာမရောက်သော် လည်း၊ တနည်းအားဖြင့် အပြစ်မှမကယ်နိုင်သော်လည်း ယုံကြည်ခြင်းအ တွက် အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့သည် ရေနှင့် ဝိညာဉ်တော် သတင်းကောင်းယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ငါတို့ သည် ခရစ်တော်၌ ဗတ္တိဇံခံပြီဟူ၍ ဖော်ပြထားပါသည်။ (ရော ၆း၃၊ ဂလာ ၃း၂၇)
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သူ့၌မည်သို့ဖြင့် နှစ်ခြင်းကို ခံရမည် နည်း။ သူ၏ဗတ္တဇံကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့လူဟောင်းသည် သူနှင့်အ တူ ကားတိုင်၌အသေခံပြီး အသစ်သောအသက်တာဖြင့် အသက်ရှင် ကြောင်းယုံကြည်ခြင်းဖြစ်သည်။ယေရှုသည်ကျွန်တော်တို့အပြစ်အားလုံးကို သူ၏ဗတ္တိဇံနှင့်ဆောင်ယူပြီး ကျွန်ုပ်တို့အပြစ်၏အဖိုးအခ ပေးဆပ်ရန် ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းခံခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူနှင့်အတူ ကားတိုင်ပေါ်တွင် အသေခံပြီးဖြစ်သည်။ တနည်းဆိုလျှင် ကျွန်ုပ်တို့၏ဇာတိအသွေးအသားသည်အပြစ်၌သေပြီး ယေရှုသည် ကျွန်ုပ် တို့ကို ထိုအပြစ်အလုံးစုံမှသူ၏ဗတ္တိဇံဖြင့် ကယ်တင်ပြီး သူနှင့်အတူ စိုးစံ ခွင့်ရရှိခဲ့ကြသည်။
သူ၏ဗတ္တိဇံနှင့် အသေခံခြင်းကို ယုံကြည်သူတို့သည် သူနှင့်ဆက် နွယ်မှုရှိပြီး သူ၏ရှင်ပြန်ထမြောက်ခြင်းနှင့်လည်း ဆက်နွယ်မှုရှိသည်။ သူ၏ရှင်ပြန်ထမြောက်ခြင်းသည် အပြစ်တရားမှ ရှင်ပြန်ခြင်းကိုသာမ ဟုတ်ဘဲဘုရားသခင်၏သားသမီးများကဲ့သို့ ဒုတိယမွေးဖွားခြင်းကို ခံစေပြီး ဘုရားသခင်ရှေ့မှောက်တွင် သန့်ရှင်းမှုများနှင့် အပြစ်မရှိသူများဖြစ်စေ ခဲ့သည်။
အကယ်၍ ကျွန်တော်တို့သည် ကျွန်တော်တို့အပြစ်အလုံးစုံကို သူ၏ဗတ္တိဇံ၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌ ကမ်းပေးခြင်းမရှိ လျှင် ကျွန်တော်တို့သည် ကယ်တင်ခြင်းကို မခံနိုင်သည်သာမက ဘုရား သခင်ရှေ့တွင် အဓိပ္ပါယ်မဲ့လူသားများသာ ဖြစ်လိမ့်မည်။ ယေရှုအပေါ် အပြစ်အားလုံးလွှဲပြောင်းသူများသည် ဖြောင့်မတ်သူများကဲ့သို့ ဒုတိယမွေး ဖွားခြင်းခံပြီး ကားတိုင်ပေါ် အသေခံခြင်းနှင့်လည်း ဆက်နွယ်မှုရှိသည်။ ယေရှုဗတ္တိဇံကိုလည်း မယုံကြည်ဘဲသူ့အပြစ်အားလုံးကိုလည်း ယေရှုပေါ် လွှဲပြောင်းခြင်းမရှိသူများသည် ဘုရားသခင်နှင့်မိတ်သဟာ ယမဖွဲ့နိုင်သော ကြောင့် သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဆက်နွယ်မှု မပြုနိုင်ပါ။
ဗတ္တိဇံယုံကြည်သူများသည် ဘုရားသခင်ရှေ့မှောက်၌ လက်ထပ် သူများကဲ့သို့ ယုံကြည်ထိုက်သူများဖြစ်သည်။ သန့်ရှင်းသူများ၏ဗတ္တိဇံ သည် အတွင်းရှိယုံကြည်ခြင်းကို အပြင်ဘက်အားဖြင့် သက်သေခံခြင်းဖြစ် သည်။ ကျွန်တော်တို့၏ယုံကြည်ခြင်းကို ဘုရားသခင်ရှေ့မှောက်တွင် သက် သေခံလျှင် ခိုင်မြဲလာလိမ့်မည်။
ဗတ္တိဇံဆရာယောဟန်ထံ ယေရှုခံယူသောဗတ္တိဇံ၏ အဓိပ္ပါယ်ကို နားလည်နိုင်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်သူများဖြစ် ကြောင်း သက်သေခံနိုင်မည်မဟုတ်ပေ။ ဤအရာသည် စာတန်၏ပရိ ယာယ်တခုဖြစ်သည်။ ယေရှု၏ဗတ္တိဇံကိုယုံကြည်သူများသည် အပြစ်လွှတ် ခြင်းတည်းဟူသောကယ်တင်ခြင်းကို ခံရလျက် ကောင်းကင်နိုင်ငံဝင်စား သူများ ဖြစ်သည်။
- Преди
1-32. Ако кажем, че Исус вече е премахнал всичките ни грехове от миналото, настоящето и бъдещето според вашето твърдение, как би се развило бъдещето на човек, ако той непрекъснато извършва грях, мислейки за факта, че вече е получил умилостивение за греховете си чрез вяра в кръщението на Исус и Кръста? Дори ако този човек убие друг човек, той ще мисли, че е получил умилостивение дори за такъв грях чрез Исус. Следователно, той ще продължи да греши без колебание, само защото вярва, че Исус вече е премахнал дори греховете, които ще извърши в бъдеще. Моля, обяснете ми тези неща.