ЧЗВ за Християнската Вяра
Тема 1: Новорождението от водата и Духа
1-23. နေ့စဉ်အပြစ်ကျူးလွန်နေသော ကျွန်တော်သည် ဖြောင့်မတ်ပါသ ည်ဟု မည်သူပြောနိုင်သနည်း။
ကျွန်ုပ်တို့သည် လူသားများဖြစ်ကြသည့်အားလျော်စွာ မွေးသည့်အ ချိန်မှစ၍ သေသည့်တိုင်အောင် အပြစ်များကို ကျူးလွန်နေလျက်ရှိသည်။ အစအဦးကပင် အပြစ်ပြုလုပ်ခဲ့သည်ဟူသော အခြေခံသဘောတရား ကြောင့်သာဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက “ဖြောင့်မတ်သူမရှိ။ တ ယောက်မျှမရှိ။” (ရော ၃း၁၀) ဟုဆိုခဲ့သည်။ “ယေရှုခရစ်သည် အပြစ်ရှိ သောသူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာတော်မူသည်ဟူ သော စကားသည် သစ္စာစကားဖြစ်သည်။ အကြွင်းမဲ့ခံယူအပ်သော စကား လည်းဖြစ်သည်။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီး ဆုံးဖြစ်၏” (၁တိ ၁း၁၅) ဟူ၍ ဘုရားသခင်ရှေ့မှောက်တွင် တမန်တော်ရှင်ပေါလုသည် ဝန်ခံ လေ၏။
“ယခုမူကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံ သည်နှင့်အညီ ပညတ်တရားတော်နှင့်မစပ်ဆိုင်သောဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားတည်းဟူသော ယေရှုကို ယုံကြည်ခြင်းအားဖြင့် ယုံကြည် သောသူအပေါင်းတို့အဖို့ဖြစ်၍ ထိုသူတို့အပေါ်သို့ ကျရောက်သော ဘုရား သခင်၏ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့သော်လည်း ခြားနားခြင်းမရှိ ခဲ့ပါ။ အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြသည်။ ယေရှုခရစ်ရွေးနှုတ် တော်မူသောအားဖြင့် အဖိုးအခမပေးဘဲ ဘုရားသခင် ၏ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ရောက်ကြ၏။ (ရော ၃း၂၁-၂၄)
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ဗတ္တိဇံဆရာယောဟန်က ယေရှုအား ယော်ဒန်မြစ်၌ ဗတ္တိဇံပေးခြင်းကို ဆိုလိုသည်။ သူ ဗတ္တိဇံယူချိန် တွင်ယောဟန်အားဤသို့န့်တော်မူ၏။“ယေရှုကလည်း အလုံးစုံသောတရား တို့ကိုအကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ” ဟုမိန့်တော်မူ ၏။ (မ ၃း၁၅) အပြစ်သားအားလုံးအပြစ်မှလွှတ်မြောက်ရန် လူသားအား လုံးကို ကိုယ်စားပြုသော ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံကိုခံခဲ့ပါသည်။ နောက်တနေ့တွင် ယောဟန်သည် ယေရှုကိုမြင်လျှင် ဤလောကအပြစ်ကို ယူဆောင်သွားသောဘုရားသခင်၏သိုးသူငယ်ကိုကြည့်လော့(ယော ၁း၂၉) ဟုဆိုသည်။
သို့ဖြစ်လျှင် လောကအပြစ်ဆိုသည်မှာ အဘယ်နည်း။ ပထမဆုံး လူသားအာဒံနှင့် ဧဝတို့မှစ၍ နောက်ဆုံးသောလူသားတို့ ကျူးလွန်မည့် အပြစ်ကို ဆိုလိုပါသည်။ ကုန်ဆုံးပြီးသောမ္ဘာ၊ ယခုလက်ရှိကမ္ဘာနှင့် လာမည့်ကမ္ဘာသစ်မှစ၍ အပြစ်အားလုံးအတွက် ယေရှုသည် Alpha နှင့် Omega ဖြစ်သည့်အားလျှော်စွာ ကားတိုင်ပေါ် အသေခံခြင်းနှင့် ယော်ဒန် မြစ်တွင် ဗတ္တိဇံခံယူ ခြင်းဖြင့် ထိုအပြစ်အားလုံး၏အခကို ပေးဆပ်ခဲ့သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသူများ ဖြစ်လာသည်။
ကျမ်းစာတော်က အတိအလင်း ဖော်ပြသည်မှာ “ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူဇော်သောအားဖြင့် ငါတို့ သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏(ဟေ ၁၀း၁၀) ဟူ၍ဖြစ်သည်။ သတိပြု သင့်သည်မှာယခုရေးသားနေချိန်သည် ပစ္စုပ္ပန်ကာလဖြစ်သည်။ ကျွန်ုပ်တို့ စင်ကြယ်ရခြင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ဘုရားဖြစ်သည် အားလျှော်စွာ ကမ္ဘာအစမှအဆုံး ထိတိုင် သိမြင်နိုင်သောဘုရားဖြစ်သည်။ လွန်ခဲ့သောအနှစ် ၂၀ဝ၀ တွင် ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် လူတို့ ကျူးလွန်သောအပြစ်အားလုံးနှင့် လောကအပြစ်အလုံးစုံကို ဆောင်သွားခဲ့ ပါသည်။ ထို့ကြောင့် သူသည် ကားတိုင်ပေါ်အသေခံစဉ် “အမှုပြီးပြီ” ဟူ၍ ဆိုခဲ့သည်။ (ယော ၁၉း၃၀) လောကအပြစ်အားလုံးကို ဆောင်ယူရန် အလို့ငှာ ယေရှုသည် လွန်ခဲ့သောအနှစ် ၂၀ဝ၀ တွင် ကားတိုင်တွင် အသေ ခံခဲ့သည်။
ကျွန်တော်တို့သည် ကယ်တင်ခြင်းခံသူများဖြစ်လျက်ပင် ဇာတိအ သွေးအသား၏အားနည်းမှုကြောင့် အပြစ်ကျူးလွန်လျက်ရှိပါသည်။ မည်သို့ ပင်ဖြစ်စေကာမူ ယေရှုသည် ကားတိုင်ပေါ်တရားစီရင်ခြင်းနှင့် သူ၏ဗတ္တိဇံ အားဖြင့် လောကအပြစ်အားလုံး (အတိတ်၊ပစ္စုပ္ပန်၊အနာဂါတ်) မှ ကျွန်ုပ်တို့ ကို ကယ်တင်ခဲ့ပါသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင်၏ရွေး နှုတ်ခြင်းနှင့်ပြည့်စုံသော ကယ်တင်ခြင်းဖြစ်ပါသည်။
အကယ်၍ ယေရှုသည် လောကအပြစ်အားလုံးကို မဆောင်ယူခဲ့ သော် အနာဂတ်တွင် ကျွန်ုပ်တို့အပြစ်ကျူးလွန်ရမည်မှာ သေချာပြီး မည်သူကမျှကယ်တင်ခြင်းရနိုင်မည်မဟုတ်ပါ။ အကြောင်းမှာ “အပြစ်၏အ ခကား သေခြင်းပေတည်း” (ရော ၆း၂၃) ဟု ဖော်ပြထားသောကြောင့် ယာကုပ်နှင့်ဧသောတို့သည် မိခင်ဝမ်းတွင်း၌ရှိနေစဉ် သူတို့သည် အဆိုးအ ကောင်းကိုပင် မခွဲခြားနိုင်သေးချိန်တွင် ဘုရားသခင်သည် သူတို့အား လူစု နှစ်စုအဖြစ် ခွဲခြားပြီးအငယ်ကို ချစ်၍ အကြီးကိုမုန်းသောကြောင့် “အကြီး သည် အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူသည်။” (က ၂၅း၂၃) ဟု ဖော်ပြထားသည်။ဤစာပိုဒ်မှဘုရားသခင်၏ကယ်တင်ခြင်းသည်ကျွန်ုပ်တို့ ၏အစွမ်းအစပေါ်၌မမူတည်ကြောင်း၊သူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှအသွေး တော်ကိုယုံကြည်ခြင်းအားဖြင့်သာဖြစ်ကြောင်းဖော်ပြခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့လူသားအားလုံးသည် မွေးစကပင် ငရဲပြည်ကို ဦးတည် ကြောင်း ဘုရားသခင်သိတော်မူသောကြောင့် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် မှအသွေးတော်အားဖြင့်လောကအပြစ်အားလုံးကိုဆောင်ယူခဲ့သည်။ ကျွန်ုပ် တို့ခေတ်ကာလသည် ကောင်းချီးခံစားသောခေတ်ကာလဖြစ်သည်။ ထို့ ကြောင့် ပရောဖက်ဟေရှယသည် ဤသို့ဆို၏။ စစ်မှုကို ထမ်းရသောအချိန် စေ့ပြီ။ သင်၏အပြစ်လည်းဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်သော စကားကို ပြော၍ ကြွေးကြော်ကြလော။ အကြောင်းမူကား ထာဝရဘုရား ၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရ၏။ (ဟေရှာ ၄၀း၂) ထို့ ကြောင့် ယေရှုဗတ္တိဇံနှင့် ကားတိုင်တော်သတင်းကောင်းအားဖြင့် အပြစ်ဖြေ ကြောင်း ယုံကြည်သူအားလုံးအား ထိုသတင်းကောင်းကသူတို့ကို အပြစ်မှ ကယ်လွှတ်၏။ နောင်ကာလအခါ သူတို့၌ ငါပေးသောတရားဟူမူကား ငါ ထာဝရဘုရားသည် ငါ့ပညတ်တော်တို့ကို သူတို့နှလုံးသားထဲမှာ ပေးသွင်း မည်။ သူတို့စိတ်ဝိညာဉ်အပေါ်မှာ ရေးထားမည်ဟု အထက်က မိန့်တော် မူပြီးမှ တဖန်တုံ သူတို့ပြစ်မှားခြင်း၊ ကျူးလွန်ခြင်းအမျိုးမျိုးကို ငါမအောက် မေ့ဘဲနေမည် ဟုလာသတည်း။ ထိုအပြစ်တို့ကို လွှတ်ပြီးမှ နောက်တဖန် အပြစ်ဖြေသောပူဇော်သကာကို ပြုစရာအကြောင်းမရှိ။ (ဟေ ၁၀း၁၆-၁၈)
ထာဝရဘုရားက ကျွန်ုပ်တို့ နေ့စဉ်အပြစ်မစီရင်ခြင်းမှာ ယေရှု အားဖြင့်လောကအပြစ်အားလုံး ဆောင်ယူခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ် တို့သည်အပြစ်ကျူးလွန်လျက်ပင် အပြစ်မရှိသူများဖြစ်ပြီး နှုတ်ကပတ် တော် အတိုင်း ချီဆောင်ခြင်းကာလကို စောင့်မျှော်နေကြ၏။
- Преди
1-32. Ако кажем, че Исус вече е премахнал всичките ни грехове от миналото, настоящето и бъдещето според вашето твърдение, как би се развило бъдещето на човек, ако той непрекъснато извършва грях, мислейки за факта, че вече е получил умилостивение за греховете си чрез вяра в кръщението на Исус и Кръста? Дори ако този човек убие друг човек, той ще мисли, че е получил умилостивение дори за такъв грях чрез Исус. Следователно, той ще продължи да греши без колебание, само защото вярва, че Исус вече е премахнал дори греховете, които ще извърши в бъдеще. Моля, обяснете ми тези неща.