Search

တရားဟောချက်များ

ဘာသာရပ် ၁၂ - သင်၏စိတ်နှလုံးသား၌ ရှုပ်ထွေးမှုများနှင့် အချည်းနှီးများ ရှိလျှင် သမ္မာတရား အလင်းကို ရှာပါ

[12-1] ကိုယ်တော်သည် မည်သူ့ကို အပြစ်များမှ ကယ်တင် တော်မူခဲ့သနည်း (လုကာ ၂၃း၃၂-၄၃)

ကိုယ်တော်သည် မည်သူ့ကို အပြစ်များမှ ကယ်တင် တော်မူခဲ့သနည်
(လုကာ ၂၃း၃၂-၄၃)
“ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။ ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ် တိုင်မှာ ရိုက်ထားကြ၏။ ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ ဟု မြွက်ဆို တော်မူ၏။ 
အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။ လူများတို့ သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာ ရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော် တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ် ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။ 
စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊ သင် သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက် ယယ်ပြုလျက် ဆိုကြ၏။ 
ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာ ချက်ဟူမူကား၊ 
ဤသူသည် ယုဒရှင် ဘုရင်ပေ တည်းဟု ဟေဗြဲဘာသာ၊ ဟေလ သဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း။ 
ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။
တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတို့ သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသ ဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသော အခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။”
 

ယခုတွင် ဤလောက၌အသက်ရှင်နေကြသောလူသားများ သည် နောက်ဆုံးနေရာသို့ ဉီးတည်သွားနေသည်။ ရာသီဉတုအကျပ် အတည်းသည် ဤကမ္ဘာဂြိုဟ်အတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်လာခဲ့သောကြောင့် တစ်ကမ္ဘာလုံးရာသီဉတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။ စက်မှပြန်လည်ဖွဲ့စည်းမှုမှတ ဆင့် ကာဗွန်ထုတ်လွှင်မှုများ လျှောချရန်အတွက် မူဝါဒများကို နိုင်ငံ အသီးသီးမှ ချမှတ် ဆောင်ရွက်နေကြသည်။ တစ်ကမ္ဘာလုံးသည် စစ် အေးခေတ်လွန်ကာလကို ပြန်လည်လွှမ်းခြုံထားသော စစ်ပွဲအငွေ့အ သက်များ ပြန်လည်ပေါ်ပေါက်လာသည်။ လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါ၊ စစ်ပွဲနှင့် ကုန်ပစ္စည်းများနှင့်အစားအစာများ ချို့တဲ့ခက်ခဲ မှုများကြောင့် ငွေကြေးဖောင်းပွမှုများနှင့် ဆင်းရဲမွဲတေမှုများပေါ် ပေါက်လာခဲ့၍ ကမ္ဘာ့ထောက်ပံ့မှုများ တည်ငြိမ်မှုမရှိတော့ပေ။ ကြွေး မြီမကြပ်အတည်းရှိသောနိုင်ငံများစွာ ရှိနေသည်။ ဤဝရုံးဿုံးကား ဖြစ်နေသည့်အချိန်အကြား ၂၁ ရာစုတွင် တန်ခိုးကြီးသောနိုင်ငံများ သည် အချင်းချင်း ပြိုင်ဆိုင်တိုက်လှန်နေကြသည်။ ဤအရာနှင့်အ ခြားသောအချက်အလက်များသည် တစ်ကမ္ဘာလုံးကို ပဋိပက္ခဖြစ်စေ ၍ နိုင်ငံတစ်နိုင်ငံတစ်နိုင်ငံများအကြား စစ်ပွဲဆင်နွဲမည့်လက္ခဏာများ ပြသနေသည်။
ယနေ့ခေတ်ကမ္ဘာကြီးမည်သို့ နေ့ရက်များပြောင်းလဲနေသည်ကို ကြည့်သောအခါ သမ္မာကျမ်းစာတွင်ရေးသားထားသော မြင်းဖြူခေတ် ကာလသည် တစ်တောင့်တစ်နေရာမှ ဖြစ်ပျက်နေသည်ဟန်တူသည်။ ထိုခေတ်ကာလတွင် တစ်ကမ္ဘာလုံးသည် တစ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းတစ်ခုအောက်၌ရှိ၍ အန္တိခရစ်က အုပ်စိုးလိမ့်မည်။ ဤနေ့ရက် သည် ပို၍နီးကပ်လာပြီ ဖြစ်သည်။ ဤခေတ်ကာလ စတင်လာသော အခါ တစ်ကမ္ဘာလုံးမှ နိုင်ငံ့ခေါင်းဆောင်များသည် လက်ရှိတည်ရှိနေ သော ကုလသမဂ္ဂအဖြစ် ကမ္ဘာ့အဖွဲ့အစည်းများအားဖြင့် အတူတကွ စုရုံးလာကြလိမ့်မည်။ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ နိုင်ငံရေး၊ လေ ထုနှင့် ဒုက္ခသည်ပြဿနာများဖြေရှင်းပေးရန် ဘုံတုန့်ပြန်မှုတစ်ခုကို သူတို့သည် ကြိုးစားကြလိမ့်မည်။
ဤကမ္ဘာသည် ပြောင်းလဲမှုများစွာပေါ်ပေါက်လာသည့်အတိုင်း ကျွန်ုပ်တို့ရှေ့မှာ ဝိညာဉ်ရေးရာကြီးမားသောပြောင်းလဲမှုများကို ကျွန်ုပ်တို့ ကြည့်ရှုနိုင်ကြသည်။ အန္တိခရစ်၏ပေါ်ပေါက်လာခြင်းသည် လျှင်မြန်စွာ နီးကပ်လာလျှင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ယုံကြည်သူများ၏အ ပြစ်များကိုလည်း ဆေးကြောပေးတော်မူခဲ့သည်ဟူသော သတင်း ကောင်းကို ကျွန်ုပ်တို့သည် ပို၍လျှင်မြန်စွာ ဟောပြောရကြမည် ဖြစ် သည်။ အန္တိခရစ်၏ခေတ်ကို သည်းခံနိုင်သော ယုံကြည်ခြင်းကို ကျွန်ုပ် တို့အားလုံးသည် ကြိုတင်ပြင်ဆင်ရကြမည် ဖြစ်ည်။ ကျွန်ုပ်တို့သည် ထိုသို့ပြုရန် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော် သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ဒုတိယ မွေးဖွားခြင်းခံရ၍ ဤဒုတိယမွေးဖွားခြင်းယုံကြည်ခြင်းအားဖြင့် ကိုယ် တော်ပြန်လည်ကြွလာတော်မူခြင်းအတွက် စောင့်မြော်ရကြမည်။ 
 

သခင်ယေရှုနှင့်အတူ အသေခံသော ရာဇဝတ်သားနှစ်ဉီး

ယနေ့ကျမ်းချက်တွင် သခင်ယေရှုနှင့်အတူ အသေခံခဲ့ကြသော ရာဇဝတ်သားနှစ်ဉီးကို ကျွန်ုပ်တို့တွေ့ရကြသည်။ ခရစ်ယာန်များတွင် မတူညီသောယုံကြည်ခြင်းအမျိုးအစားနှစ်ပါးရှိနေသည်ကို ဤရာဇ ဝတ်သားနှစ်ညီးတို့က ပြသသည်။ သူတစ်ပါးသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို အသိအမှတ်ပြုကြသည့်အချိန်တွင် ရာဇဝတ်သား နှစ်ဉီးတို့မှ တစ်ဉီးက သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မယုံကြည် ကြပေ။ သခင်ယေရှုခရစ်တော်သည် ပိလတ်မင်း၏တရားရုံးမှ သေ ဒဏ်တရားစီရင်ခြင်းခံတော်မူခဲ့သောအခါ ကိုယ်တော်သည် ဤလော ကတွင် အပြစ်အချို့တို့ကို ကျူးလွန်ခဲ့သောကြောင့် သေဒဏ်ခံရခြင်း မဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို လက်ခံတော်မူခဲ့သောကြောင့် သေဒဏ်ခံရ တော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို အကုန် အစင် ယူဆောင်သွားတော်မူခဲ့သောကြောင့် သေဒဏ်ခံရခြင်း ဖြစ် သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခြင်းမှာ ကိုယ်တော်သည် လူသားများ၏အပြစ်များကို ဆေးကြော ပေးတော်မူခဲ့သည်ဟူသော နာခံခြင်း လုပ်ဆောင်ချက် ဖြစ်သည်။
သို့သော် ဤခေတ်တွင်ရှိသောလူများသည် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းကို အသိအမှတ်မပြုသူ ရာဇဝတ်သားတစ်ဉီးနှင့်တူ ကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည် ကြမည့်အစား သူတို့သည် နောင်တနှင့်စပ်ဆိုင်သော ဓမ္မခ့ယူချက်နှင့် စင်ကြယ်ခြင်းဓမ္မခံယူချက်ကိုသာ ယုံကြည်ကြသည်။ အလယ်ခေတ် က ပရိုတက်စတင့် ပြုပြင်ပြောင်းလဲသူများသည် နိုင်းစင်းအယူဝါဒ၏ ယုံကြည်မှုကို အမွေဆက်ခံကြသောကြောင့် ဤဓမ္မခံယူချက်များ သည် ဖန်တီးသောကွက်လပ်များဖြည့်ဆည်းပေးရန် လူများဖန်တီး သော ယုံကြည်ကျင့်သုံးမှု ဖြစ်သည်။ ဤဓမ္မခံယူချက်များကို ယုံ ကြည်ခြင်းအားဖြင့် သူတို့သည် မိမိအပြစ်များကို ဆေးကြောပေးနိုင် သည်ဟု လူများက ထင်ခဲ့ကြသည်။ ဤဓမ္မခံယူချက်များကို လိုက်လံ သူသီအိုလော်ဂျီပညာရှင်များက ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းခံရကြ သည်။ သို့သော် ယနေ့ကျွန်ုပ်တို့ကျူးလွန်နေကြသော အပြစ်များစွာ တို့ကို အမှန်အကန် ဆေးကြောပေးနိုင်သော ဓမ္မခံယူချက်ကို မည် သည့်နေရာတွင်မျှ မတွေ့ရပေ။ ထို့ပြင် ၂၁ ရာစုတွင် အသက်ရှင် သောလူသားများကျူးလွန်သောအပြစ်များကို ယခင်က လူများကျူး လွန်ခဲ့ကြသောအပြစ်များနှင့် နှိုင်းယှဉ်လျှင် ထိုအပြစ်များသည် ပို၍ ဆိုးသွမ်းသောအဆင့်သို့ ရောက်နေဟန်တူသည်။
သင်သည် နေ့တိုင်း နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်း များပြုနေသော်လည်း သင်သည် ယနေ့အထိတိုင် မဖြေရှင်းရသေး သော အပြစ်များဖြင့် အသက်ရှင်နေသေးသည်။ ဤသို့နောင်တနှင့် စပ်ဆိုင်သောဆုတောင်းခြင်းများအားလုံးမှာ သူတို့သည် မိမိနှလုံး သားများ၌ ပို၍အပြစ်ရှိနေသည်ကို သူတို့နားလည်သဘောပေါက်ရ ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ယနေ့ခရစ်ယာန် များဆက်ကပ်သော နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ သည် ကယ်တင်ခြင်း သမ္မာတရားမဟုတ်သောကြောင့် ဖြစ်သည်။ လူ များတီထွင်ဖန်တီးသောဓမ္မခံယူချက်များသည် ဘာသာတရားဓမ္မခံ ယူချက်သက်သက် ဖြစ်၍ လူတစ်ဉီး၏အပြစ်များကို လုံးဝမဖြေရှင်း နိုင်ပေ။
ထိုကြောင့် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း၊ သမ္မာကျမ်းစာတွင် ဖော်ပြထားသော သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့်ပြု လုပ်သော အပြစ်ကြွေးပေးဆပ်ကျေစေခြင်း ယဇ်ပလ္လင်ကို ယုံကြည် ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသည်ဟု ကျွန်ုပ်တို့သည် မ ရှိမဖြစ် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များမှ ဆေးကြောခြင်းခံရကြသည်ဟူသော ယုံကြည်မှုဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်ရကြမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော် ယုံကြည်ခြင်းသည် ဘုရားရှေ့တော်၌ မှန်ကန်သော ယုံကြည် ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့အသိအမှတ်ပြုရကြမည် ဖြစ်သည်။
သခင်ယေရှုသည် ပိလတ်၏တရားရုံး၌ သေဒဏ်တရားစီရင် ခြင်းခံတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းကို နားလည်သဘောပေါက်ရန် သခင်ယေရှုသည် မိမိအားဗတ္တိဇံ ပေးရန် ဗတ္တိဇံယောဟန်ကို စေခိုင်းခြင်းအကြောင်းကို ကျွန်ုပ်တို့သည် ရှေ့ဉီးစွာ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဤလော ကအပြစ်များအားလုံးကို တစ်ကြိမ်တည်းထမ်းတော်မူနိုင်ခဲ့သည် (မဿဲ ၃း၁၃-၁၇)။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သော ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ၂၁ ရာစုတွင် အသက်ရှင် နေကြသော လူများအပြစ်အပါအတွင် အပြစ်များအားလုံးကို လက်ခံ တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ပိလတ်၏တရားရုံးမှ သေ ဒဏ်အပြစ်ချမှတ်ခြင်းခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်း ဖြစ်သည်။ ထိုကြောင့် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ခမည်းတော်ဘုရားသခင်၏အလိုတော် ကို ဝန်ခံသော အမှန်ကန်ဆုံးသော နာခံခြင်းလုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်။ 
မြို့ဝန်ပိလတ်မင်းက သခင်ယေရှု၏အပြစ်များကို စစ်ဆေးခဲ့ သော်လည်း သူသည် အပြစ်တစ်စုံတစ်ခုမျှ မတွေ့နိုင်ခဲ့ပေ။ လူသား များ၏ကယ်တင်ရှင်သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ မိမိကိုယ် အားဖြင့် ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် ဤလောကအပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ပိလတ်မင်းက လုံးဝ မသိခဲ့ ပေ။ ယခုတွင် သခင်ယေရှုသည် ခမည်းတော်၏အလိုတော်ကို နာခံ ရန်အတွက် ပိလတ်မင်း၏တရားရုံး၌ တရားစွဲခြင်းခံတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက၌ လူ သားအားလုံး၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ဘု ရားသခင်၏သိုးသငယ်တော်ဖြစ်တော်မူသောကြောင့် ဤသို့ဖြစ်လာ ရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်ကြသည်ကို မည်သူ မည်ဝါကမျှ မသိခဲ့ပေ။ ကျွန်ုပ်တို့အားလုံးသည် သမ္မာကျမ်းစာတွင် ရေးသားထားသော ဘုရားသခင်၏ပညတ်တော်နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်သားများဖြစ်ကြသည်ကို နားလည်သ ဘောပေါက်ကြသည်။ ထိုနောက်မှ ခရစ်ယာန်အများစုတို့သည် ကား တိုင်ပေါ်တွင် သခင်ယေရှုသွန်းလောင်းတော်မူခဲ့သော အသွေးတော် ကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များဆေးကြောရန် ကြိုးစားခဲ့ ကြသည်။ သို့သော် ဤသို့သောယုံကြည်ခြင်းအားဖြင့် အချိန်ကာလ ကြာလာသည်နှင့်အမျှ သူတို့၏အပြစ်များ ဆေးကြောခြင်းမရှိဘဲ အ ပြစ်များ ပို၍ တိုးတက်လာသည်ကို သူတို့သည် နားလည်သဘော ပေါက်ကြသည်။ သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ခြင်း ဆယ်နှစ်ကျော်ခန့်ရှိခဲ့သော်လည်း သင်သည် ဘုရားအမြင် ၌ ကြီးမားသောအပြစ်သားဖြစ်သည်ကို သင်သိလာသည်။ ထိုကြောင့် သင်သည် မိမိကိုယ်ကိုကိုယ် ကြည့်၍ သင်သည် အပြစ်များဖြေလွှတ် ခြင်းမည်သို့ ရရှိနိုင်သည်ကို ပို၍ စိတ်ဝင်စားလာသည်။
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့ပြီး နောက်တောင် သင်သည် အပြစ်သားဖြစ်သေးသောကြောင့် ဘုရား သခင်၏တရားစီရင်တော်မူခြင်းကို အလွန်ကြောက်ရွံနေရခြင်း ဖြစ် သည်။ သင်သည် လက်ရှိမိမိကိုယ်ကိုကိုယ်ကြည့်သောအခါ ယခုတွင် သင်သည် ယခင်ထက်ပို၍ ဆိုးသွမ်းသောအပြစ်သားဖြစ်သည်ကို သိ ရသည်။ ထိုကြောင့် သင်သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းအားဖြင့် အပြစ်များ နေ့တိုင်းဆေးကြောရန် ကြိုးစားခြင်း ဖြစ် သည်။ ထိုကြောင့် သင်သည် အပြစ်များ၏ချည်နှောင်ခြင်းကို ခံရ သည်။ လူသားအားလုံးသည် မိမိကိုယ်ကိုကိုယ် အပြစ်များစွာ ကျူး လွန်သည်ကို အလိုအလျောက်သိသောအခါ သူတို့၏နှလုံးသားများ ဆုံးရှုံးကြသည်။ အပြစ်သားများသည် ဘုရားရှေ့တော်၌ မတ်သပ်ရပ် ကြသောအခါ သူတို့သည် အပြစ်များအတွက် တရားစီရင်ခြင်းကို ထိုက်တန်စွာခံရကြမည်ကို သိကြသောကြောင့် သူတို့သည် ကြောက် စိတ်ဖြင့် အစဉ်မပြတ် အသက်ရှင်ကြခြင်း ဖြစ်သည်။
ယနေ့ သခင်ယေရှုကို ကယ်တင်အဖြစ် ယုံကြည်သူအားလုံး သည် ဘုရားရှေ့တော်၌ အပြစ်ထာဝရကင်းစင်သူဖြောင့်မတ်သူများ အဖြစ် အသက်ရှင်ရန် တောင့်တကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ တောင့်တမှုများကို ပြည့်စုံစေကြရန်အတွက် ဤလောကအပြစ်များ ကို ထမ်းတော်မူသော ကိုယ်တော်၊ သခင်ယေရှု၏ဗတ္တိဇံကို သိ၍ ယုံ ကြည်သော ယုံကြည်ခြင်း ရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘု ရားရှေ့တော်၌ မိမိအပြစ်များကို ရှေ့ဉီးစွာ နားလည်သဘောပေါက်မှ သာလျှင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတာ်မူခြင်းနှင့် ကားတိုင် ပေါ်တွင် ထိုအပြစ်များသယ်ဆောင်ခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သောသခင်ယေရှုကို ကယ်တင်ရှင်အ ဖြစ် ကျွန်ုပ်တို့သည် အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံ ခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ်များအားလုံးအတွက် ကျွန်ုပ်တို့နေရာ တွင် တရားစီရင်ခြင်းခံရန် အသွေးတော်သွန်းလောင်းတော်မူခဲ့သော ကိုယ်တော်ကို ကြည့်၍ယုံကြည်ခြင်း၊ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့သည် အပြစ်များဖြေလွှတ်ခြင်း ခံရကြသည်။ ကျွန်ုပ်တို့သည် ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကျွန်ုပ်တို့အတွက် သွန်းလောင်း တော်မူခဲ့သောအသွေးတော်ကို နှလုံးသားအကြွင်းမဲ့ ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောသင့်ကြသည်။
 


ကျွန်ုပ်တို့သည် အပြစ်များမှ ကယ်တင်ခြင်းခံခဲ့ကြသည်ဟု မည်သည့်အချိန်တွင် ကျွန်ုပ်တို့သိရကြသနည်း


သခင်ယေရှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ဤလော ကသို့ ကြွဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် သခင်ယေရှု၏ ဗတ္တိဇံနှင့်၎င်း၏အဓိပ္ပါယ်အကြောင်းကို နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။ သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့၏အပြစ်များ ကို ထမ်းရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့၍ ၎င်းတို့ကို ထာဝရအတွက် တစ်ကြိမ်တည်း ဆေးကြောပေးတော်မူခဲ့သည်။ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့အား ဤလောကအပြစ်များမှ ကယ်တင်တော်မူရန်အတွက် ဗတ္တိဇံခံယူခြင်း၊ ကားတိုင်သို့သွားခြင်း၊ အသွေးတော်သွန်းလောင်းခြင်းအားဖြင့် နေ့တိုင်းအပြစ်များကို တစ် ကြိမ်တည်းဖယ်ရှားပေးတော်မူခဲ့ခြင်းအားဖြင့် ဤလောကအပြစ်များ မှ ကယ်တင်ခြင်း ပြည့်စုံစေတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ခံယူတော်မူခြင်းနှင့် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သိ ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ကြွေ ပေးဆပ်ခြင်းအဖြစ် မိမိကိုယ်ကိုကိုယ် ဆက်ကပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤလုပ်ငန်းကြောင့် ယခုတွင် သခင်ယေရှု၏ဗတ္တိဇံ နှင့်အသွေးတော်တို့ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင် ကြသည်။
ကျမ်းစာနှုတ်ကပတ်တော်၌ ဖုံးအုပ်ခြင်းမှာ အပြစ်များဆေး ကြောခြင်းသတင်းကောင်း ဖြစ်သည်။ ၎င်းသည် ကယ်တင်ခြင်းဆု ကျေးဇူးဖြစ်သောကြောင့် အလောက၌ အခြားသောထီပေါက်ခြင်း ထက်ပို၍ ကြီးမားသော ဆုလဒ်တစ်ပါး ဖြစ်သည်။ ထို့ပြင် ဤသတင်း ကောင်းမှာ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအကြောင်းဖြစ် သည်။ ဤသမ္မာတရားအားလုံးသည် ဖုံးကွယ်ထားသောပန်းချီးကား ချပ်ကဲ့သို့ ဓမ္မကျမ်းနှစ်ပါးစလုံး၏နှုတ်ကပတ်တော်၌ ဖုံးအုပ်သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံ ဓာတ်ဆီးနိုင်တစ်ခု၌ ထီလက် မှတ်ရောင်းချ၍ ဒေါ်လာဘီလီယံ ၁.၃၄ ပေါက်ခဲ့သည့်သတင်းကို ကျွန် တော်ကြားခဲ့ရသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ဤလာအပြစ်များကို တစ်ကြိမ်တည်းယူ ဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှုတ် ကပတ်တော်အားဖြင့် ကျွန်ု်ပတို့အပြစ်များဆေးကြောခြင်းခံရသည် ဟု ကျွန်ုပ်တို့သိ၍ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် ဤထီထက်ပို၍ ကြီးမားသော ကယ်တင်ခြင်းဆုကျေးဇူးရရှိ နိုင်ကြသည်ကို ဤအရာက ဆိုလိုသည်။ သင်သည် အလွန်ကောင်း သောကယ်တင်ခြင်းကို ခံစား၍ အပြစ်များဖြေလွှတ်ခြင်းကို ရရှိနိုင် သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်၏နှလုံးသား၌ ဖုံးအုပ်ထားသောအပြစ်များအား လုံးကို တစ်ကြိမ်တည်းဆေးကြောင်းပေးခဲ့သည်။အပြစ်များဖြေလွှတ် ခြင်းခံရသောလူတစ်ဉီးအဖြစ် သင်သည် ဤလောက၌ ကောင်းကြီး မင်္ဂလာအခံစားရဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။ ဤနေ့အထိ ခရစ်ယာန် ဘာသာကို ကျင့်သုံးသောလူများစွာတို့က သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ် များကို ထမ်း၍ ဆေးကြောပေးတော်မူခဲ့သည့် သမ္မာတရားကို ရှာဖွေ ၍ ယုံကြည်ခြင်းမရှိခြင်းမှာ အလွန်ဝမ်းနည်းကြေကွဲစရာ ဖြစ်သည်။
 

စစ်မှန်သောကယ်တင်ခြင်းသတင်းကောင်း

မဿဲ ၁၃း၄၄-၄၆ တွင် “တနည်းကား၊ ကောင်းကင်နိုင်ငံတော် သည် လယ်၌ဝှက်ထားသောဘဏ္ဍာကိုတွေ့သောသူသည် တဖန် ဖုံး အုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကိုဝယ်တတ်၏။ တနည်းကား၊ ကောင်းကင်နိုင်ငံ တော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။ ထို ကုန်သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ၊ သွား ၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏”ဟု ဖော်ပြထားသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ၍ ကားတိုင်ပေါ်တွင် ၎င်းတို့ကို ယူဆောင်သွားတော်မူခဲ့သည်ဟု သင် ယုံကြည်သည်။ ကုန်သဉ်တစ်ဉီးသည် လောက၌ တန်ဖိုးကြီးသော ပုလဲကိုရှာဖွေခြင်း ပုံဥပမာကို ဖော်ပြထားခြင်းအားဖြင့် ကိုယ်တော် သည် သင်၏ယုံကြည်မှုကို ဤကျမ်းချက်တွင် ဖော်ပြထားသည်။ ကုန် သည်သည် လောကတွင် တန်ဖိုးအကြီးဆုံးသောပုလဲကို တွေ့ရှိခဲ့ သောအခါ သူသည် ရှိသမျှတို့ကို ရောင်း၍ ထိုပုလဲကို ဝယ်ယူခဲ့သည်။ ဤတွင် ကျွန်ုပ်တို့အတွက် တန်ဖိုးအရှိဆုံးသောပုလဲမှာ မည်သည့်အ ရာ ဖြစ်သနည်း။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခြင်း၊ ကားတိုင်သို့သွား၍ ထိုအပြစ်များကို ထမ်းခြင်း၊ အပြစ်များအ တွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူခြင်း တို့အားဖြင့် ကျွန်ုပ် တို့ကို အပြစ်မှ ကယ်တင်တော်ခဲ့သည်ဟု ကြွေးကြော်သော သတင်း ကောင်း ဖြစ်သည်။
မဿဲ ၃း၁၅-၁၆တွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မမူမီ “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍”ဟု မိန့်တော်မူခဲ့သည်။ ဤတွင် “အလုံးစုံသောတ ရား”မှာ အဘယ်အရာကို ဆိုလိုသနည်း။ သခင်ယေရှုသည် ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ဟူသော လုပ်ငန်းကို ထိုအရာက ရည်ညွှန်းသည်။ ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူခဲ့သောအခါ အပြစ် သားများအား အပြစ်များမှ ကယ်တင်တော်မူရန်အတွက် ပထမဉီးဆုံး လုပ်ဆောင်ချက်မှာ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွားတော်မူခြင်း ဖြစ် သည်။ ထိုကြောင့် သခင်ယေရှုသည် ဤလောကတွင်ရှိသောအပြစ် သားများအားလုံးကို အပြစ်များမှ ကယ်တင်တော်မူရန်အတွက် ဗတ္တိ ဇံယောဟန်ထ့မှ ဗတ္တိဇံခံယူတော်မူခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်အပေါ်သို့ ဤလောကအပြစ်များအားလုံးကို လွှဲပြောင်းလိုက် ပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကားတိုင်တင်ခံတော်မူ၍ ပြစ် ကြွေးပေးဆပ်မှုအဖြစ် မိမိအသက်၏အသွေးကို သွန်းလောင်းတော်မူ ခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သောဗတ္တိဇံမှာ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့၏အပြစ် များကို ထမ်းရနနှင့် ထာဝရဆေးကြောပေးတော်မူရန် ကယ်တင်ခြင်း လမ်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရာကို ယုံကြည်ကြလျှင် သင် နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို ဆေးကြောပေးသည်။ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းတို့သည် ကျွန်ုပ် တို့အပြစ်များဆေးကြော၍ တစ်ပြိုင်တည်း ထိုအပြစ်များအတွက် ပြစ်ကြွေးပေးအပ်ကျေအေးစေတော်မူသော ကယ်တင်ခြင်းလုပ်ငန်း ဖြစ်သည်။ 
သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်တို့သည် ကျွန်ုပ်တို့အပြစ်များ အတွက် ကိုယ်တော်ပြုတော်မူခဲ့သော ယဇ်ပူဇော်ခြင်းပြစ်ကြွေးပေး ဆပ်ကျေအေးစေရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းကြောင့် ယခုတွင် ယုံကြည်ခြင်းအားဖြင့် အပြစ်များဆေးကြောခြင်းနှင့် နှလုံးသားများ၌ ရွေးနုတ်ခြင်းခံရနိုင်ကြသည်ဟု ကျွန်ုပ်တို့ ဆုပ်ကိုင်ထားရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူ သောအသွေးတော်တို့သည် ကျွန်ုပ်တို့၏ပြစ်ကြွေးပေးဆပ်ခြင်းဖြစ် သည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြမည်ကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဤယုံကြည်မှုမရှိကြလျှင် ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည် ကြသော်လည်း ကယ်တင်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။ ထိုပြင် ကျွန်ုပ်တို့သည် လောက၌ ဘာသာတရားကိုင်းရှိုင်းကျင့်သုံးသူများကဲ့ သို့ နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများကို အချည်းနှီးလုပ် ဆောင်ခြင်းအားဖြင့် အပြစ်များ ဆေးကြောရန် ကြိုးစား၍ မိုက်မဲ သောအခြေအနေ၌ ကျဆင်းကြလိမ့်မည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များအားလုံးကို တစ်ကြိမ်တည်း ယူ ဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ပြီးနောက် ကိုယ်တော် သည် ကားတိုင်သို့သွား၍ ကျွန်ုပ်တို့အတွက် အပြစ်များအားလုံးအ တွက်ပြစ်ဒဏ်ခံယူတော်မူခဲ့ခြင်းအားဖြင့် ဤသမ္မာတရားကို ယုံ ကြည်သူကျွန်ုပ်တို့အားလုံးကို ထာဝရ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ်ကို ယူဆောင် သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ထာဝရ ကယ်တင်တော်မူခဲ့၍ အရှေ့နှင့်အနောက်ကွာဝေးသကဲ့သို့ ဝေးကွာ စေတော်မူသည်။
 


စစ်မှန်သောအပြစ်များဖြေလွှတ်ခြင်း


သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များထမ်းရန် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ဆက်ကပ်တော်မူခဲ့သော အပြစ်အ တွက် ယဇ်ပူဇော်ခြင်းပြုတော်မမူလျှင် သင်နှင့်ကျွန်တော်တို့၏အပြစ် များသည် ဆေးကြောခြင်းခံနိုင်မည်မဟုတ်ပေ။ ထိုကြောင့် ကိုယ် တော်သည် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တော်မူခဲ့ခြင်း ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း မရှိဘဲ ကျွန်ုပ်တို့အတွက် အသွေးတော်သွန်းလောင်းတော်မူခဲ့လျှင် ဤသို့သောလုပ်ဆောင်မှုသည် ဖြောင့်မတ်ခြင်း သို့မဟုတ် တရားမျှ တခြင်းဟု မပြောနိုင်ပေ။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြ သောအခါ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံ ယူတော်မူခဲ့ သောဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော် မူခဲ့သည်ဟု ကျွန်ုပ်တို့သည် ရှေ့ဉီးစွာ နားလည်သဘောပေါက်၍ ယုံ ကြည်မှသာလျှင် ကျွန်ုပ်တို့အပစ်များသည် အမှန်အကန်ဖယ်ရှားခြင်း ခံရသည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်သမ္မာတရားကို ယုံကြည်ခြင်းမ ရှိဘဲ စစ်မှန်သောကယ်တင်ခြင်းမခံရနိုင်ပေဟု ကျွန်တော်ပြောကြား လိုခြင်း ဖြစ်သည်။ ယခတွင် သခင်ယေရှု၏အသေခံတော်မူခြင်းကို သာယုံကြည်ခြင်းအားဖြင့် သင်၏နှလုံးသား၌ အပြစ်များဖြေလွှတ် ခြင်းခံရသည်ဟူ၍သာယုံကြည်လျှင် လောကဘာသာတရားတစ်ပါး ကိုယုံကြည်ခြင်းနှင့် ထူးခြားမှုမရှိပေ။ ထိုကြောင့် လောကဘာသာတ ရားများက သင်သည် မိမိဆန္ဒအလျောက် ကယ်တင်ခြင်းကို ယူဆ၍ ယုံကြည်နိုင်သည်ဟု ပြောခြင်း ဖြစ်သည်။
သို့သော် သားတော်သခင်ယေရှုသည် မိမိလူများအကို အပြစ် များမှ ကယ်တင်တော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခဲ့သည်ဟု ဘုရားသခင်ပြောကြားတော်မူသည်။ သခင်ယေရှု သည် ရှေ့ဉီးစွာ ဗတ္တိဇံခံယူတော်မူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင် အ သေခံခြင်းအားဖြင့်သာ ပြစ်ကြွေးပေးဆပ်ကျေအေးစေရန်အတွက် သာ အသေခံတော်မူလျှင် ဓမ္မဟောင်းကျမ်းတွင် ယဇ်ကောင်၏ဉီး ခေါင်းပေါ်တွင် လက်များတင်ခြင်းနှင့် ရှေ့ဉီးစွာ အပြစ်များလွှဲပြောင်း ခြင်းမပြုဘဲ သတ်ခြင်းအားဖြင့် ပညတ်တော်နှင့်မညီညွတ်သော အ ပြစ်သားတစ်ဉီး၏ယဇ်ပူဇော်ခြင်းနှင့် တူလိမ့်မည်။ ဤသို့သော သ တင်းကောင်းနှင့် ဤသို့သော ယုံကြည်မှုသည် စစ်မှန်သောကယ်တင် ခြင်းသမ္မာတရား မဟုတ်ပေ။ ထိုကြောင့် ၎င်းတို့သည် မျိုးဆက်သစ် သမ္မာတရားမှ ဖယ်ရှားခြင်းခံရမည် ဖြစ်သည်။
ယနေ့ ကျွန်ုပ်တို့သည် ကနဉီးအသင်းတော်၌ ယုံကြည်သူများ ရှိ သော ယုံကြည်ခြင်းကို ပိုင်ဆိုင်လိုကြလျှင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းနှင့် အသေခံတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ယူဆောင်သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အတွက် ပြစ်ကြွေးပေးအဖြစ်မိမိအသက်ကို စတေးတော်မူခဲ့သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်တို့သည် ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်ရန် ကိုယ် တော်ပြည့်စုံစေတော်မူခဲ့သော သခင်ယေရှုခရစ်တော်၏ဖြောင့်မတ် ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ်တော် ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏တပည့်တော်များဖြစ်လာနိုင်ကြ သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်ကို ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သော ကယ် တင်ခြင်းအဖြစ် ကျွန်ုပ်တို့သည် ယုံကြည်ရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့အား ကယ်တင်ခြင်းအဖြစ် ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် အပြစ်များ အားလုံးမှ အမှန်အကန် ကယ်တင်ခြင်းခံရကြသည်ဟု ကျွန်ုပ်တို့ပြော နိုင်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူ၍ ကားတိုင်ပေါ်တွင် အသေခံကာ ကိုယ်တော်ထမ်းခဲ့သောပြစ်ဒဏ် အားဖြင့် ကျွန်ုပ်တို့အပြစ်များ၏အခကို ပေးအပ်တော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ သခင် ယေရှုသည် မိမိကိုယ်ခန္ဓာအားအပြစ်ကြွေးပေးဆပ်ခြင်းအဖြစ် ကျွန်ုပ် တို့အပြစ်များကို လက်ခံတော်မူမှသာလျှင် ကိုယ်တော်သည် ကျွန်ုပ် တို့အပြစ်များကို ထာဝရ ဆေးကြောတော်မူနိုင်သည်။
ကားတိုင်ပေါ်တွင် သခင်ယေရှုသွန်းလောင်းတော်မူခဲ့သောအ သွေးတော်ကိုသာယုံကြည်သော ယနေ့ခရစ်ယာန်များ၏ယုံကြည်မှု ကို ကျွန်ုပ်တို့ ကြည့်ကြလျှင် သူတို့သည် ကိုယ်တော့်အပေါ်သို့ အပြစ် များလွှဲပြောင်းခြင်းမရှိဘဲ သခင်ယေရှု၏အသွေးတော်တစ်ပါးတည်း အားဖြင့်သာ သူတို့အပြစ်များမှ ဆေးကြောခြင်းခံနိုင်သည်ဟူ၍သာ ပြောကြသည်ကို တွေ့ရသည်။ သို့သော် သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထ့မှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်၏အပြစ်များ ကို ရှေ့ဉီးစွာလက်ခံတော်မူခဲ့သောကြောင့် ကိုဘ်တော်သည် ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်ဟု နားလည် သဘောပေါက်ခြင်းသည် အလွန်အရေးကြီးသည်။
ယနေ့ ခရစ်ယာန်များသည် အသေခံတော်မူသောသခင်ယေရှု ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသောအခါ သူတို့သည် နောင်အ နာဂတ်တွင် ကျူးလွန်မည့်အပြစ်များအကြောင်းကို အမှန်အကန်မ စဉ်းစားကြပေ။ သူတို့သည် မဿဲ ၃း၁၃-၁၄တွင် ဖော်ပြထားသည့်အ တိုင်း ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များကို မည်သို့ယူဆောင်သွားတော်မူခဲ့ သည်ကို မသိဘဲလျက် ကားတိုင်တစ်ပါးတည်းကိုသာ ယုံကြည်ကြ သောအခါ သူတို့သည် အပြစ်များဆေးကြောရန် နေ့တိုင်းဆုတောင်း ခြင်းအကျင့်ကို ကျင့်သော ဘာသာတရားကိုင်းရှိုင်းသူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် ယုံကြည်ကြသော်လည်း ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များထမ်းခြင်းအားဖြင့် ကိုယ်တော်ပြု တော်မူခဲ့သောအမှုကို မေ့လျော့ကြသည်။ သခင်ယေရှု၏အသေခံ တော်မူခြင်းကိုသာ ယုံကြည်သောယနေ့ခရစ်ယာန်များသည် ကိုယ် တော်၏အသေခံတော်မူခြင်းနှင့် ဗတ္တိဇံတို့၏ဆက်နွယ်မှုကို မပြုနိုင် ကြပေ။ အပြစ်များဆေးကြောခြင်းနှင့်သင့်တော်သောယုံကြည်ခြင်း မရှိနိုင်ကြပေ။ ထိုကြောင့် သူတို့၏ယုံကြည်မှုသည် သခင်ယေရှုပြု တော်မူခဲ့သော အရေးကြီးသောဗတ္တိဇံလုပ်ဆောင်ချက်ကို ချန်ထား ကြသည်။ 
ဤခရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို လက်ခံ တော်မူ၍ ကားတိုင်သို့ ထိုအပြစ်များထမ်းတော်မူခဲ့သည်ဟူသော သမ္မာတရားကို မသိဘဲလျက် သူတို့သည် သခင်ယေရှု၏အသေခံ တော်မူခြင်းကိုသာ သိကြ၍ သူတို့သည် အသေခံတော်မူသောသခင် ယေရှုကို ကယ်တင်ရှင်အဖြစ်သာ ယုံကြည်ကြသည်။
 ထိုကြောင့် သူတို့သည် သူတို့နေ့တိုင်းကျူးလွန်သောအပြစ်များ ကို ဖြေရှင်းပေးရန် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများကို မှီ ခိုရန် ရွေးချယ်ခဲ့ကြသည်။ သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအား ဖြင့် သူတို့အပြစ်များဆေးကြောပေးသည်ဟူသော သမ္မာတရားကို သူ တို့သည် လုံးဝ လျစ်လျူရှုကြသောကြောင့် သူတို့သည် ကားတိုင်တစ် ခုပေါ်၌သာ တွယ်ကပ်ထားသောကြောင့် သူတို့သည် ကိုယ်တော်အား သူတို့ကျူးလွန်သောအပြစ်များအားလုံး ဆေးကြောပေးရန် တောင်း လျှောက်နေကြသည်။
သူတို့သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအား ဖြင့် နေ့စဉ်အပြစ်များမှ ဖြေလွှတ်ခြင်းခံရရန် ကြိုးစားကြပြီးနောက် သူတို့သည် အသေခံတော်မူသောသခင်ယေရှုရှေ့၌ မိမိကိုယ်ကိုကိုယ် အရှက်ကွဲကြသည်။ ထိုကြောင့် နောက်ဆုံးတွင် သူတို့သည် ယုံကြည် ခြင်းအသက်တာများကို စွန့်လွှတ်ကြသည်။ သူတို့သည် နေ့တိုင်းအ ပြစ်များစွာကျူးလွန်ကြသောကြောင့် ယုံကြည်ယုံကြည်ခြင်းသည် အ မြဲတမ်းအားနည်းနေသည်ကိုသာ သူတို့မြင်တွေ့ကြသည်။ ထိုကြောင့် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများသည် မလုံလောက်ပေ ဟု သူတို့ခံစားကြသည်။ သူတို့သည် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ဖြင့် အပြစ်များကို မဖြေရှင်းနိုင်ကြသော ကြောင့် သူတို့သည် အပြစ်သားများအဖြစ် အသက်ရှင်နေကြခြင်း ဖြစ် သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သည်ဟူသောအချက်ကို ယုံကြည်ခြင်းအားဖြင့် သင်နှင့်ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ကျွန်ုပ်တို့ဆေးကြောရကြ မည် ဖြစ်သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်သည် ယခုတွင် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကား တိုင်ပေါ်သို့ ထိုအပြစ်များကို ထမ်း၍ အသွေးတော်သွန်းလောင်းကာ ကျွန်ုပ်တို့နေရာတွင် အသေခံတော်မူရမည် ဖြစ်သည်။
ဤခေတ်ခရစ်ယာန်များသည် ကားတိုင်ပေါ်တွင် သခင်ယေရှု သွန်းလောင်းတော်မူခဲ့သော အသွေးတော်ကိုသာ ယုံကြည်ခြင်းအား ဖြင့် အပြစ်များဖြေရှင်းပေးခြင်းမခံရကြသောကြောင့် သူတို့သည် ဝိညာဉ်ရေးရာ ရပ်တန့်မှုသို့ ကျဆင်းခဲ့ကြသည်ဟု ကျွန်ုပ်တို့နားလည် သဘောပေါက်ရကြမည် ဖြစ်သည်။ ယခုတွင် သင်သည် အပြစ်များမှ ဆေးကြောခြင်းခံရနိုင်သည်။ သို့သော် သခင်ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ကယ်တင် ရှင်ဖြစ်တော်မူသည်ဟု သင်ယုံကြည်ရမည် ဖြစ်သည်။ ဘုရားသခင် ၏မေတ္တာတော်သည် သင်နှင့်ကျွန်တော်တို့ထံ မည်သို့ထင်ရှားသည် ကို သင်သိရမည် ဖြစ်သည်။ သခင်ယေရှုသည် လူသားများကိုယ်စား ပြု ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက အပြစ်များထမ်း၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သောကြောင့် ယခုတွင် ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့ထံထင်ရှားခဲ့ သည်ဟု သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ 
သခင်ယေရှုက “ထိုကြောင့်”စကားလုံးကို ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မမူမီ အသုံးပြုတော်မူခဲ့သောအခါ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့အပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွား တော်မူခြင်းဖြစ်သော ဗတ္တိဇံအကြောင်းကို ပြောတော်မူခြင်း ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ကားတိုင် ပေါ်တွင် ဆွဲချိတ်ခြင်းခံတော်မူ၍ အသွေးတော်သွန်းလောင်းတော်မူ ခဲ့ခြင်းအားဖြင့် ကိုယ်တော်သည် ယခုတွင် ဘုရားသခင်၏မေတ္တာ တော်ကို လူသားများထံ ပြသထင်ရှားစေတော်မူသည်။
ယခုတွင် သင်၏အပြစ်များ မည်သည့်နေရာတွင် ရှိသနည်း။ ၎င်း တို့သည် သင်၏နှလုံးသား၌ ရှိသေးသလော။ သို့မဟုတ် သခင်ယေရှု အပေါ်သို့ လွှဲပြောင်းခဲ့သလော။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက၌ သင်နှင့်ကျွန်တော် တို့၏အပြစ်များအားလုံးကို ကိုယ်တော်အပေါ်သို့လွှဲပြောင်း၍ ကိုယ် တော်သည် ၎င်းတို့ကိုယူဆောင်သွားတော်မူခဲ့သည်ဟူသောအချက် ကို သင်ယုံကြည်သလော။ သို့မဟုတ် သင်သည် ဤအချက်ကိုမသိဘဲ အသေခံသောသခင်ယေရှုကို ယုံကြည်သောကြောင့် သင်၏နှလုံး သား၌ အပြစ်ကျန်သေးသလော။ သင်သည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သော သခင်ယေရှု ၏မေတ္တာတော်ကို အမှန်အကန် သိခဲ့လျှင် ယခုတွင် သင်သည် နှလုံး သား၌ အပြစ်တစ်စုံတစ်ခုမျှ ရှိနိုင်သေးသလော။ လုံးဝမရှိနိုင်တော့ ပေ။ သင်သဘောတူသလော။ သင်သဘောတူနိုင်မည် မဟုတ်ပေ။ သင်နှင့်ကျွန်တော်တို့သည် အပြစ်ရှိသောအပြစ်သားများ ဖြစ်ကြသ လော။ သို့မဟုတ် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းရရှိခဲ့သော ဖြောင့်မတ်သူများ ဖြစ်ကြသလော။ 
သင်သည် ကားတိုင်ကိုသာယုံကြည်ခြင်းအားဖြင့် ယုံကြည်ခြင်း အသက်တာဖြင့် အသက်ရှင်၍ ယခုယုံကြည်သကဲ့သို့ နောင်တနှင့် စပ်ဆိုင်သောဓမ္မခံယူချက်ကိုသာ ယုံကြည်လျှင် သင်သည် အဟာအ မှားကြီးမှားလိမ့်မည်။ ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သခင်ယေရှုအပေါ်သို့ အပြစ်များလွှဲပြောင်းခဲ့သည်ဟု မသိဘဲ သင် သည် နေ့စဉ်နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် သင်၏အပြစ်များမှ ဆေးကြောရန် ကြိုးစားလျှင် အပြစ်ဖြေလွှတ်ခြင်း ခံရနိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်ထံ နောင်တနှင့် စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် အပြစ်များကို အမှန်အ ကန်ဆေးကြောနိုင်လျှင် ထိုဆုတောင်းခြင်းမှာ မှန်ကန်သောလုပ်ရပ် ဖြစ်နိုင်လိမ့်မည်။ သို့သော် သင်သည် ဤသို့အပြစ်ကျူးလွန်သည့်အ ချိန်တိုင်းတွင် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုလျှင် သင်သည် ဆုတောင်းလေလော ပို၍ စိတ်ပျက်လက်ပျက်ဖြစ်လေလေ ဖြစ်ပါလိမ့်မည်။ သင်သည် လောကဘာသာတရားထောင်ချောက်၌ မိ ၍ သင်သည် ထိုနေရာမှ လွှတ်မြောက်ရန် ဖြစ်နိုင်တော့မည် မဟုတ် ပေ။ လူသားအားလုံး၏နှလုံးသားအပြစ်များသည် ဘုရားသခင်၏တ ရားစီရင်တော်မူခြင်းကို မလွှဲမသွေခံရမည့်အချက်ကို သင်သည်နား လည်သဘောပေါက်ရမည် ဖြစ်သည်။ လူတိုင်း၏အပြစ်များသည် နှ လုံးသားကျောက်ပြားပေါ်၌ ရေးထားခဲ့သောကြောင့် အပြစ်အနည်း ငယ်သာရှိသည်ဟု သိသောသူများသည် မိမိအပြစ်ကြောင့် ဘုရားသ ခင်၏တရားစီရင်တော်မူခြင်းခံရမည်ကို မိမိကိုယ်ကိုကိုယ် သိသည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်သည် ကယ် တင်ခြင်းဖြစ်သည်ဟု ကြွေးကြော်သောသမ္မာတရားကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ဤမျိုး ဆက်သစ်သမ္မာတရားကို ကျွန်ုပ်တို့ထံ ကိုယ်တော်မိန့်တော်မူခဲ့သော နှုတ်ကပတ်တော်မှ နားလည်သဘောပေါက်နိုင်သည်။
ကျွန်ုပ်တို့သိရကြသည့်အတိုင်း သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်အားဖြင့် ပြည့်စုံခဲ့သောကယ်တင်ခြင်းဆုကျေးဇူးသည် ယုံကြည် သူများအတွက် ထာဝရအသက်ဖြစ်သည်။ ကိုယ်တော်အားဖြင့် ကယ် တင်ခြင်းဆုကျေးဇူးသည် ထာဝရအသက်ဖြစ်သည်ဟု ဆိုရာတွင် ဤသို့ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ထမ်းရန် အတွက် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူ၍ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းအသေခံတော်မူခဲ့သည်။ ဤ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အား အပြစ်များဖြေလွှတ်ခြင်းရရှိ စေသော ကယ်တင်ခြင်းဆုကျေးဇူးဖြစ်သည်။ သင်သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူတောင်သွားတော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် ယုံကြည်လျှင် သင်သည် အပြစ်များထာဝရဖြေလွှတ်ခြင်းနှင့် ထာဝရအသက်ရရှိလိမ့်မည်။
သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် လျှင် ကိုယ်တော်ထံမှလာသော ငြိမ်သက်ခြင်းကို သင်တွေ့ပါလိမ့် မည်။ ထိုကြောင့် သင်သည် ယုံကြည်သူတစ်ဉီးဖြစ်လာ၍ ကျွန်ုပ်တို့ အတွက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးဖွဲ့စည်းပေးသော ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ပြစ်ကြွေးဖြေလွှတ်ခြင်းဤသမ္မာတရားကို နားလည်သဘောပေါက် ရန် ကျွန်တော်သင့်တို့ကို တိုက်တွန်းလိုပါသည်။ သင်သည် ကားတိုင် တစ်ခုတည်းကို ကိုးစားခြင်းအားဖြင့် ပြုသော နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းများဖြင့် သင်သည် အပြစ်များဖြေလွှတ်ခြင်း ဘယ်တော့မှ ရရှိမည် မဟုတ်ပေ။ ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့ သည် သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်ကို ယုံကြည်၍ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းခံရကာ ဖြောင့်မတ်သူများအဖြစ် ယုံကြည် ခြင်းစောင့်ရှောက်၍ ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် အသက်ရှင် ကြပါစို့။
သင်သည် ကားတိုင်၏နှုတ်ကပတ်တော်တစ်ခုတည်းကို ယုံ ကြည်ခြင်းအခြေပြု ဆက်ကပ်သော နောင်တနှင့်စပ်ဆိုင်သောဆု တောင်းခြင်းများအားဖြင့် သင်၏အပြစ်များကို မိုးပွင့်ကဲ့သို့ မဆေး ကြောနိုင်သည်ကို မိမိကိုယ်ကိုကိုယ်သိလျှင် ယခုချိန်သည် သင့်အ တွက် ရွေးချယ်စရာအသစ်တစ်ခုကို ရှာဖွေရမည့်အချိန် ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် လောက၌ အပြစ်များအားလုံးကို သယ်၍ ဆေးကြောတော် မူခဲ့သည်ဟု ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဤသို့သိသောသူ များအဖြစ် မိမိအသက်တာများ၌ ဘုရားသခင်ထံ ဆုတောင်းရကြ မည်ဖြစ်သည်။ သို့မှသာ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များဆေးကြောခြင်းကို ခိုင်ခံရခြင်း ဖြစ် သည်။
ကျွန်ုပ်တို့သည် အသက်တာများဖြင့် အသက်ရှင်နေကြသော ကြောင့် ကျွနု်ပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏ ဗတ္တိ ဇံနှုတ်ကပတ်တော်ကို ဆုပ်ကိုင်ထားရကြမည် ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် စိတ်နှစ်ခွမရှိ ဘဲ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ကားတိုင်တင်ခံ၍ အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြစ်ကြွေးပေးဆပ် တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ သင်သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများစိတ်အားထက်သန်စွာ ပြုခြင်းမှာ ပြဿနာများဖြင့်ပြည့်နေသည်ကို သင်နားလည်သဘော ပေါက်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် ကိုယ်တော်အပေါ်သို့ လောကအပြစ်များလွှဲပြောင်းပေးခဲ့သည်ဟု သင်သည် သိ၍ ယုံကြည် ရကြမည် ဖြစ်သည်။ အတိုအားဖြင့် သခင်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တာ်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များ၏တရားစီရင်ခြင်း၊ ပြစ်ကြွေးများကို ကုန်ဆုံးစေတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့သည် ဆွဲကိုင်၍ ယုံကြည်ရကြမည် ဖြစ်သည်။
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လျှင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံနှင့် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ကိုယ်တော်လုပ်ဆောင်ပေးတော်မူခဲ့သော ကယ်တင် ခြင်းအမှုကို ယုကြည်၍ သင်သည် ထာဝရအပြစ်များဖြေလွှတ်ခြင်းခံ နိုင်သည်။ ဤအရာသည် သမ္မာတရားဖြစ်သည်။ ထိုကြောင့် ကိုယ် တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည်ဟူသာ ဗတ္တိဇံနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်၍ ယုံကြည်ကြပါစို့။ ကျွန်ုပ်တို့သည် အပြစ် များကို ဆေးကြောကြပါစို့။ ကားတိုင်သို့သွား၍ အသွေးတော်သွန်း လောင်းကာအသေခံတော်မူခဲ့သောသခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်များအတွက် ပြစ်ကြွေးပေးဆပ်တော်မူသော အရှင်ဖြစ်တော်မူ သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များ ထာဝရဖြေလွှတ်ခြင်းခံရနိုင်ကြသောကြောင့် ကျွန်ုပ်တို့ ကျေးဇူးတင် သင့်ကြသည်။ 
သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူသော ဗတ္တိဇံနှင့်အသွေးတော်တို့သည် ကျွန်ုပ်တို့အား အပြစ်များနှင့် တရား စီရင်ခြင်းတို့မှ ယခုကယ်တင်တော်မူခဲ့သည်ဟူသောဗတ္တိဇံကို ကျွန်ုပ် တို့ယုံကြည်၍ သိကြပါစို့။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းသည် ဘုရားရှေ့ တော်၌ ဖြောင့်မတ်သောယုံကြည်ခြင်းလုပ်ဆောင်ချက်တစ်ရပ် ဖြစ် သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်သည် သင်နှင့်ကျွန်တော်တို့အပြစ်များဆေးကြောပေး၍ တရားစီရင်ခြင်းကို ထမ်းသောအရာနှင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လို အပ်သော သတင်းကောင်းနှုတ်ကပတ်တော်ြဖစ်သည်။ ကိုယ်တော်၏ ကယ်တင်ခြင်းဆိုင်ရာဖြောင့်မတ်သောလုပ်ငန်းကို ကျေးဇူးတော်ချီး မွမ်းခြင်း၍ သင် ယုံကြည်သင့်သည်။
 


ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်း၌ သင်ရပ်တည်နေသလော


သခင်ယေရှုသည် လူသားများ၏ကယ်တင်ရှင်ဖြစ်တော်မူသည် ဟု ယခုယုံကြည်ရန် ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့ကို ပြော ကြားတော်မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအား ဖြင့် ဤလာကအပြစ်များကို ယူဆောင်သွားသောကယ်တင်ရှင်ဖြစ် တော်မူသည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ လုကာ ၂၃း ၃၅-၃၈ တွင် “ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌ သင်တို့သတ်ကြ သော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်း ပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ် သို့ရောက်လိမ့်မည်။ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခု ဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန် ရစ်ရ၏”ဟု ရေးထားသည်။
ယနေ့ပရိုတက်စတင့်ပြုပြင်သူများ၏မျိုးဆက်သစ်များ အမြတ် တနိုးထားသော “တမန်တော်များ၏အယူဝါဒ”သည် နိုင်းစင်းအယူဝါ ဒမှ ဆင်းသက်လာခဲ့သည်။ နိုင်းစင်းအယူဝါဒချန်ထားသောအချက်မှာ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားသောအချက် ဖြစ်သည်။ နိုင်းစင်းအယူဝါဒကို ဤနေ့အထိ လက်ဆင့်ကမ်း၍ ခရစ်ယာန်များက ယုံကြည်ကြသည့်အတိုင်း သတို့အားလုံးသည် အသေခံတော်မူသော သခင်ယေရှုကို ကယ်တင်ရှ်ငအဖြစ်သာ သိခဲ့ကြသည်။ ဤသို့သော ယုံကြည်မှုမှာ ကားတိုင်တစ်ခုတည်းဖြစ်၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖင့် ဤလောကအပြစ်များကို ထမ်းသောသ ခင်ယေရှု၏လုပ်ငန်းကို ချန်ထားခဲ့သည်။ ယနေ့၊ ပရိုတက်စတင့်ပြု ပြင်ပြောင်းလဲသူများ၏မျိုးဆက်သစ်များက သခင်ယေရှုကို သင့် တော်စွာ မသိကြပေ။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော် မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံ တော်မူခြင်းတို့ကို မသိကြပေ။
ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် ဗတ္တိဇံယောဟန်ထံမှသ ခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို တမန်တော် များ၏အယူဝါသို့ ထည့်သွင်း၍ သင့်တော်စွာ တဖန် ယုံကြည်ရကြ မည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့ဟု လူတိုင်းသိရန် ကျွန်ုပ်တို့သည် သမ္မာတရား ကို ဟောပြောရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အမှန်အကန် ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံလုပ်ငန်း ကို တမန်တော်များ၏အယူဝါဒသို့ ထည့်သွင်း၍ သင့်တော်စွာ ယုံ ကြည်ရန် တာဝန်ရှိသည်။ သို့မှသာလျှင် ဤလောကတွင်အသက်ရှင် နေကြသူမရေတွက်နိုင်သောခရစ်ယာန်များသည် သခင်ယေရှု၏ ဗတ္တိဇံကို သိ၍ ယုံကြည်ခြင်းအားဖြင့် သူတို့၏အပစြ်များမှ ရွေးနှုတ် ခြင်းခံရရန် ကယ်တင်ခြင်းကျေးဇူးတော်ကို ခံစားနိုင်ကြသည်။
သခင်ယေရှုသည် ဘာကြောင့် ဤလောကသို့ ကြွလာတော်မူခံ သနည်း။ ကိုယ်တော်သည် ဤလောကအပြစ်များ၌ ကျဆင်းခဲ့ကြသူ လူများအားလုံးကို ကယ်တင်၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူ၍ အသေခံတော်မူခြင်းအားဖြင့် အပြစ်များကို နိဂုံးချုပ်စေ၍ အပြစ်များ၏ပြစ်ကြွေးများပေးအပ်ကျေးအေးစေတော်မူရန်ဖြစ်သည် ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု သည် မိမိအသက် ၃၀ နှစ်စေ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်သို့သွား၍ အသေခံတော်မူခြင်း၊ အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များ ထမ်းရန်အတွက် ဖြစ်သည်။ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူအားလုံးအပေါ် ထာဝရအပြစ်များဖြေလွှတ်ခြင်းအခွင့်ကို ကိုယ်တော်သည် ချပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ အသေခံတော်မူခြင်း၊ အ သွေးတော်သွန်းလောင်းတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက် တော်မူခြင်းအားဖြင့် လူသားတစ်ခုလုံး၏အပြစ်များကို တစ်ကြိမ် တည်းလက်ခံတော်မူခဲ့သည်။ ထိုကြောင့် ယခုမှစ၍ ရေနှင့်ဝိညာဉ် တော်အားဖြင့် ဤလောကသို့ ကြွလာတော်မူခဲ့သော သခင်ယေရှုခ ရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ဒုတိယမွေးဖွားခြင်းခံရကြ မည် ဖြစ်သည်။ ကိုယ်တော်သည် ရေမှလုပ်ဆောင်သောအမှုနင့် အ ပြစ်များ၏တရားစီရင်ခြင်းအမှုကို ယုံကြည်သူအားလုံး၏ ကယ်တင် ရှင် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်သူများဖြစ်ရကြမည် ဖြစ်သည်။
ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလော ကအပြစ်များကို သသခင်ယေရှုသည် ယူဆောင်သွားတော်မူခဲ့သည် ဟူသောအချက်ကို ဖုံးကွယ်ထားသောသူ ဤလောကတွင် များစွာရှိ နေသည်။ ဤပုဂ္ဂိုလ်များက သခင်ယေရှုသည် ကားတိုင်ပေါ်၌သာ လူ သားများကို ကယ်တင်တော်မူခဲ့ဟူ၍သာ ယုံကြည်ကြသည်။ ကား တိုင်းတစ်ပါးတည်းကိုသာ ယုံကြည်သူများသည် ဤလောကတွင် အောသိုဒေါ့ခရစ်ယာန်မျာသာဖြစ်ကြသည်ဟု သူတို့ပြောကြသည်။ သို့သော် သမ္မာကျမ်းစာ၌ဖော်ပြထားသော သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်၍ ဆေးကြောပေးတော်မူခဲ့သည်ဟု သက်သေခံ တော်မူသည်။ 
အန္တီကွိင်းတီနောင်းပိုင်းရှိ နိုင်းစင်းအယူဝါဒဖန်တီးသူများက အ သေခံတော်မူသောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ကြ သည်သာမက ကမ္ဘာပေါ်တွင်ရှိသောလူသားအားလုံးသည် ယုံကြည် ကြမည့်အကြောင်း ထိုအရာကို ဟောပြောကြသည်။ သူတို့သည် ဗတ္တိ ဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ကို ချန်ထားခဲ့ကြသောကြောင့်လည်းကောင်း၊ သခင်ယေရှု၏ ဗတ္တိဇံအကြောင်းကို မည်သူမည်ဝါမျှ မကြားသည့်အကြောင်း နိုင်း စင်းအယူဝါဒအခြေခံ ဓမ္မခံယူချက်ကို သူတို့မျိုးဆက်သစ်များထံ သွန် သင်ခဲ့ကြသောကြောင့်လည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀ ကျော်နှင့် ဤနေ့အထိ လူများစွာတို့သည် ကယ်တင်ခြင်းအတွက် ကားတိုင်ကိုသာ ယုံကြည်ကြသည်။ အန္တိကွိင်းတီနောင်းပိုင်း၌ နိုင်း စင်းအယူဝါဒများထုတ်ဝေသောယုံကြည်မှုသည် ယနေ့ခရစ်ယာန် များအား အသေခံတော်မူသောသခင်ယေရှုထံမှားယွင်းစွာ လမ်းပြ၍ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့ သည်ဟူသော သမ္မာတရားကို ချန်ထားခဲ့ကြသည်။ ဤသို့ဖြင့် ယနေ့ ခရစ်ယာန်များသည် ကယ်တင်ခြင်းအတွက် လွှဲချော်သောသမ္မာတ ရားပညာကိုသာ ရှိခဲ့ကြသည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် သူတို့ကို ကယ်တင် တော်မူခဲ့ဟူ၍သာ မှားယွင်းစွာ ခံယူကြသည်။ သူတို့သည် နေ့စဉ်အ ပြစ်များဆေးကြောရန်အတွက် နောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများကိုသာ ပြုကြရန် ရှာဖွေတတ်ကြသည်။
ယနေ့ခရစ်ယာန်အဖွဲ့အစည်းများတွင် ဤသို့မှားယွင်းသော ဝိ ညာဉ်ရေးရာပညာများရှိသောခေါင်းဆောင်များစွာ ရှိကြသည်။ သခင် ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များ ကို သယ်ဆောင်သွားတော်မူခဲ့ဟု သူတို့သည် မသိကြသောကြောင့် သူတို့သည် ထိုတရားကိုလည်း မဟောပြောကြပေ။ ဤအရာသည် ယနေ့ခရစ်ယာန်များအတွက် ပြင်းထန်သောပြဿနာဖြစ်လာသည်။ ဤခေါင်းဆောင်များသည် လူများကို လမ်းမှားသို့ လမ်းပြနေကြ သည်။ ကယ်တင်ခြင်းမခံရသေးသောသူများကယ်တင်ကြမည့်အစား သူတို့သည် မိမိအပြစ်များကြောင့် မသေသင့်သော အပြစ်ကင်းစင် သောဝိညာဉ်များကို သတ်ဖြတ်ကြသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် အလောကအပြစ်များကို ထမ်းသောကြောင့် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းအသေခံ၍ အပြစ်များအတွက် ပြစ် ကြွေးပေးဆပ်ကျေအေးရန် မိမိအသက်ကို စတေးတော်မူခဲ့သည်။ ထို ကြောင့် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဤ ဗတ္တိဇံသမ္မာတရားကို တမန်တော်များ၏အယူဝါဒမှ မည်သို့ ဖယ်ရှား နိုင်မည်နည်း။ လူတစ်ဉီးသည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော် ကို ချန်ထား၍ အသေခံတော်မူသောသခင်ယေရှုကို ကယ်ရှင်အဖြစ် မည်သို့ ဟောပြောနိုင်မည်နည်း။
ယခုတွင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်မျာကို သခင်ယေရှုထမ်းတော်မူခဲ့သည်ဟူသော နိုင်းစင်းအယူဝါဒချန်ထားသောအရာကို ကျွန်တော်သည် သင်တို့ထံ မိတ်ဆက်၍ ဟောပြောခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ဓမ္မဟောင်း နှင့်ဓမ္မသစ်ကျမ်းနှစ်ပါးစလုံးတွင် ရေးသားသော သခင်ယေရှု၏ဗတ္တိဇံ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အားလုံး ယုံကြည်လိမ့်မည်ဟု ကျွန် တော်မြော်လင့်၍ ဆုတောင်းသည်။ ဓမ္မဟောင်းကျမ်းတွင် အပြစ်သား တစ်ဉီးသည် လက်များတင်ခြင်းအားဖြင့် ယဇ်ကောင်ပေါ်သို့ မိမိအ ပြစ်များကို မည်သို့တင်ခဲ့သည်ကို ကျွန်ုပ်တို့အား ပြသသည်။ ဓမ္မသစ် ကျမ်းတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို မိမိကိုယ်ပေါ်သို့ မည်သို့ လက် ခံတော်မူခဲ့သည်ကို ဖော်ပြထားသည်။ ဓမ္မဟောင်းကျမ်း၏လက်များ တင်ခြင်းနှင့် ဓမ္မသစ်ကျမ်း၏ဗတ္တိဇံများသည် တစ်ခုနှင့်တစ်ခု ချိတ် ဆက်မှုရှိသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် လောကအပြစ်များကို လက်ခံတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ကွင်းဆက်အပြစ် အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဤအချက်ကို ဆုပ်ကိုင်ထားရကြ မည် ဖြစ်သည်။ 
အကြောင်းတိုင်းက အကျိုးတစ်ခုရှိသကဲ့သို့ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင်သို့သွား၍ အသွေးတော်သွန်းလောင်းတော်မူခဲ့ခြင်း ဖြစ် သည်။ ဤသို့ဖြင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း၊ အသွေးတော် သွန်းလောင်းတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ကြောင့် ယခုတွင် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် သူများအားလုံးသည် ကိုယ်တော့်အပေါ်သို့ အပြစ်များလွှဲပြောင်းပေး နိုင်ခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် အပြစ် များအားလုံးထာဝရဖြေလွှတ်ခြင်းခံစားရရှိနိုင်ကြသည်။
ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့ သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တာ်မူခဲ့သည်ဟု သင်တို့ အားလုံးသည် အသိအမှတ်ပြုရန် ကျွန်တော်တိုက်တွန်းသည်။ ကိုယ် တော်သည် သင်တို့ထံမှ မည်သည့်အရာတစ်စုံတစ်ခုမျှ အလိုရှိတော် မမူပေ။ သို့သော် သင်၏ကယ်တင်ခြင်းဖွဲ့စည်းထားသော ဗတ္တိဇံယော ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်ကိုယ်တော်သွန်း လောင်းတော်မူသောအသွေးတော်ကို ယုံကြည်ရန် ကိုယ်တော်အလို ရှိတော်မူသည်။ သခင်ယေရှုသည် ယခုတွင် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှင့် ဤအပြစ်များထမ်း၍ ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းရွက်၍ ထာဝရအတွက် ပြစ်ကြွေးပေး ဆပ်မှုဖြစ်လာတော်မူခဲ့သည်ဟု သင်တို့ယုံကြည်ရန် ကိုယ်တော်အ လိုရှိတော်မူသည်။ 
နိုင်းစင်းအယူဝါဒကို ဖန်တီးသူများက ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြ့် ဤလောကအပြစ်များ ကို ထမ်းခြင်းအားဖြင့် ဘုရားသခင်၏သားတော်သခင်ယေရှု ပြုတော် မူခဲ့သောအမှုကို ချန်ထားကြသည်။ ဤလုပ်ငန်းကို ချန်ထားခြင်းအား ဖြင့် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင့်၍ ကြီးလေးသောအပြစ် ကျူးလွန်ကြသည်။ လူသားများ၏အပြစ်များကို ဆေးကြောပေးသော သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထားခြင်းသည် သေး ငယ်သောအပြစ်ဖြစ်သည်ဟု မည်သို့ ပြောနိုင်ကြမည်နည်း။ လူသား အားလုံးသည် ဘုရားသခင်ထံတော်မှ အပြစ်များဖြေလွှတ်ခြင်းခံရကြ မည် ဖန်ဆင်းခြင်းခံလူသားများသာ ဖြစ်ကြသည်။ နိုင်းစင်းအယူဝါဒ ဖန်တီးသူမျာသည် ဤအရာကို လျစ်လျူရှု၍ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံလုပ်ငန်းကို ချန်ထား၍ သူတို့ ၏အယူဝါဒများသည် ခရစ်ယာန်ဘာသာ၏အခြေခံကျသော ယုံ ကြည်မှုအဖြစ် လူသားအားလုံးအား ယုံကြည်ရန် တိုက်တွန်းအားပေး ကြသေးသည်။
ဤသို့ဖြင့် သူတို့သည် လူများအား သခင်ယေရှု၏ကားတိုင်ကို သာယုံကြည်ရန် လှည့်ဖြား၍ ယနေ့ခရစ်ယာန်များသည် ထာဝရ ကယ်တင်ခြင်းခံရန်မဖြစ်နိုင်သောအရာများကို သွန်သင်ကြသည်။ သူ တို့သည် မိမိရည်ရွယ်ချက်များပြည့်စုံရန် ဘာသာတရားကို နိုင်ငံရေး တန်ဆာပလာအဖြစ် ဖန်တီးခဲ့ကြသည်။ သူတို့သည် ဤအရာမှ အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။ သို့သော် သူတို့၏ဝိညာဉ်များ သည် သန့်ရှင်းသောဝိညာဉ်တော်ပြစ်တင်ရှုပ်ချသောအပြစ်ကျူးလွန် နေကြသည်။ သူတို့သည် နိုင်းစင်အယူဝါဒမှ သခင်ယေရှု၏ဗတ္တိဇံကို ချန်လှပ်ခြင်းအားဖြင့် သူတို့၏နိုင်ငံရေးရည်မှန်းချက်များအောင်မြင် ရန် ကြိုးစားရှာဖွေကြသည်။ သူတို့ကျူးလွန်သောအပြစ်သည် ကြီး လေးသောအပြစ်ဖြစ်သည်ဟု သူတို့မသိကြပေ။ သူတို့က နိုင်ငံရေးအ ကျိုးများကိုသာ လိုက်လံရှာဖွေခြင်းကလွှဲ၍ အခြားမည်သည့်အရာ တစ်စုံတစ်ခုမျှ မခံစားရကြပေဟု ပြောနိုင်သည်။
ယနေ့ ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်များကဲ့သို့ ဘုရားသခင်ကို ဆန့် ကျင်သောအပြစ်ကို ကျူးလွန်ရန် အခွင့် မပေးသင့်ကြပေ။ သခင်ယေ ရှုသည် ဤလောကသို့ ကြွလာတော်မူခဲ့သောအခါ ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်ပြုတော်မူခဲ့သော ဤလုပ် ငန်းကို ချန်ထား၍ သခင်ယေရှုကို ယုံကြည်ခြင်းသည် လုံးဝမှားယွင်း သောယုံကြည်မှုတစ်ရပ် ဖြစ်သည်။ လူတိုင်၏အပြစ်များကို တရားစီ ရင်မည့်အရှင်မှာ ဘုရားဖြစ်တော်မူသောကြောင့် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် လူသားများ၏အပြစ်များကို ဘုရားကိုယ်တော်တိုင်ယူ ဆောင်သွားတော်မူခဲ့သောအချက်ကို ချန်ထားသောယုံကြည်မှုမျိုးကို ပိုင်ဆိုင်ရန် ကျွန်ုပ်တို့ မကြိုးစားနိုင်ကြပေ။ တမန်တော်များ၏အယူဝါ ဒကို သက်ဝင်ယုံကြည်သူများက သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခြင်းအားဖြင့် ကိုယ်တော်ပြုတော်မူခဲ့သောအမှုကို ချန်ထားခဲ့ ကြသည်။ သူတို့သည် ဤအမှုကို ဤလောက၌အသက်ရှင်သူများ အားလုံးမသိစေရန် ဖုံးကွယ်ထားသည်။ ယနေ့ခရစ်ယာန်များသည် သူတို့နှင့်လုံးဝ မတူသင့်ကြပေ။ လူသားအားလုံးသည် ဘုရားသခင် ဖန်ဆင်းသောသူများ ဖြစ်ကြသည်။ လူတစ်ဉီးတစ်ယောက်သည် ဤ သို့သောအပြစ်တစ်ခုကို ကျူးလွန်လျှင် သူသည် သန့်ရှင်းသောဝိ ညာဉ်တော်ပြစ်တင်ရှုတ်ချခြင်းအပြစ်အတွက် တရားစီရင်ခြင်းခံရ လိမ့်မည်။ ယခုတွင် မည်သည့်အကြောင်းကြောင့်မဆို ဗတ္တိဇံယော ဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံကို မယုံကြည်သူတစ် စုံတစ်ဉီးရှိလျှင် ဤပုဂ္ဂိုလ်သည် အပြစ်များဆေးကြောခြင်းမခံရသော ကြောင့် ထာဝရကျိန်ဆဲခြင်းခံရလိမ့်မည်။
ကျွန်ုပ်တို့သိကြသည့်အတိုင်း ပိုရီတန်များ၏ မျိုးဆက်သစ်များ ဖြစ်ကြသူ ယနေ့ခရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များယူ ဆောင်သွားတော်မူခြင်းကို ချန်ထား၍ ကားတိုင်ပေါ်တွင် ကိုယ်တော် ၏အသွေးတော်တစ်ပါးတည်းကိုသာ ယုံကြည်၍ ဟောပြောကြ သည်။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို သခင်ယေရှုယူ ဆောင်သွားတော်မူခြင်းကို ချန်ထား၍ နိုင်းစင်းအယူဝါဒယုံကြည်သူ များနှင့်တူကြသည်။ သူတို့သည် မှားယွင်းမိစ္ဆာအယူဝါဒသို့ ပြောင်းလဲ ခဲ့ကြသည်။ ဗတ္တိဇံယောဟန်ထံမှ ဗတ္တဇံခံယူတော်မူခြင်းနှင့်ကားတိုင် ပေါ်တွင် ထိုအပြစ်များထမ်းခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ် တော်မူသည်ဟု သူတို့သည် မသိနိုင်မည့်အကြောင်း သူတို့က သူတ ပါးကို လှည့်စားကြသည်။ ယနေ့ ဤမှားယွင်းသောလှည့်စားခြင်း၌ ကျဆင်းသောသူများသည် သူတို့အပြစ်များကို ဆေးကြောခြင်းမပြု နိုင်ကြသောကြောင့် သူတို့သည် မပြောနိုင်လောက်အောင် စိတ်ပျက် နုံခြာဖွယ်ကောင်းသောသူများ ဖြစ်ကြသည်။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ကျွန်ုပ်တို့ထံမှ ကိုယ်တော်အပေါ်သို့ ဖယ်ရှားပေးတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ဤသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရာအတွက် ကိုယ် တော့်ကို ကျေးဇူးတင်ရကြမည် ဖြစ်သည်။
ခရစ်ယာန်သမိုင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း ယနေ့ခရစ်ယာန်များသည် အသေခံတော်မူသောသခင်ယေရှုကို သူ တို့၏ကယ်တင်ရှင်အဖြစ်သာ ယုံကြည်ကြသည်။ ထိုကြောင့် သူတို့ သည် ကမ္ဘာဘာသာတရားကို ကိုင်းရှိုင်းကျင့်ဆောင်သောသူများသာ ဖြစ်ကြသည်။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံကို မယုံကြည်ကြသောကြောင့် သူတို့သည် အ ပြစ်သားများအဖြစ်သာ အသက်ရှင်နေကြသည်။ သူတို့သည် ယုံ ကြည်ခြင်းအားဖြင့် အပြစ်များကို မလွှဲပြောင်းနိုင်ကြပေ။ ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အသီးကို ဆန္ဒရှိကြသော် လည်း ထိုအသီးကိုမသီးနိုင်သော ဇာတိအသွေးအသားများ၏သားသ မီးများအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ ယနေ့ခရစ်ယာန်များ၊ အထူး သဖြင့် အသင်းတော်ခေါင်းဆောင်များသည် အပြစ်များဆေးကြော ပေးခြင်းဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထားသော မှားယွင်းသော ယုံ ကြည်ခြင်းကို အမွေခံခဲ့ကြ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားြင့် ဤလောကအပြစ်များကို သယ် ဆောင်သွားတော်မူခဲ့သည်ဟု မယုံကြည်ကြသောကြောင့် သူတို့ သည် ဒုတိယမွေးဖွားခြင်းမခံနိုင်ကြပေ။ သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မည်မျှပင် ယုံကြည်စေကာမူ သူတို့သည် အပြစ် သားများအဖြစ်သာ ကျန်ရစ်ကြသည်။
ယနေ့ခရစ်ယာန်အသိုင်းအဝိုင်း၌ သခင်ယေရှု၏ဗတ္တိဇံကိုချန် ထား၍ သီအိုလောဂျီဓမ္မခံယူချက်များကိုသာ မိမိအသင်းဝင်းများထံ သွန်သင်သော ခေါင်းဆောင်များစွာ ရှိသည်။ ထိုကြောင့် သူတို့၏ နောက်လိုက်သူများသည် သူတို့ဟောပြောသော ကားတိုင်၏နှုတ်က ပတ်တော်ကိုသာ ယုံကြည်ကြသောအခါ သူတို့၏နှလုံးသားများ၌ အ ပြစ်များရှိသေး၍ ဤအပြစ်များသည် ဆိုးသောအသီးများသီးရန်ကြီး ထွားလာခဲ့သည်။ ဤခေါင်းဆောင်များသည် နိုင်းစင်းအယူဝါဒကိုသာ ယုံကြည်ကြ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များထမ်းတော်မူခဲ့သည်ဟူ သောသမ္မာတရားကို ချန်ထားခဲ့ကြသည်။ သူတို့သည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်ကို သ ခင်ယေရှုသည် ထမ်းတော်မူခဲ့သည်ဟူသောအချက်ကို ချန်ထားသော နိုင်းစင်အယူဝါဒယုံကြည်ခြင်းကို အမွေဆက်ခံခဲ့ကြသောကြောင့် သူ တို့သည် သခင်ယေရှု၏ကားတိုင်အကြောင်းကိုသာ ဟောပြောနေကြ ခြင်း ဖြစ်သည်။ အတိုအားဖြင့် ယနေ့ခရစ်ယာန်ခေါင်းဆောင်များ သည် ဘာသာရေးခေါင်းဆောင်များအဖြစ်သို့သာ ပြောင်းလဲခဲ့ကြ၍ သူတို့၏သင်းဝင်သူများအား သခင်ယေရှု၏ကားတိုင်အကြောင်းကို သာ ဟောပြောကြသည်။
ထိုကြောင့် သူတို့ယုံကြည်၍ဟောပြောကြသော ကားတိုင်၏ ဓမ္မခံယူချက်မှာ ကိုယ်တော်၏ဗတ္တိဇံနှုတ်ကပတ်တော်မဟုတ်သော ကြောင့် ထိုတရားနာသောသူများသည် လောကဘာသာတရားသို့သာ ပြောင်းလဲခဲ့ကြသည်။ ဤခေါင်းဆောင်များသည် ဘာသာရေးသင်အံ သူများအဖြစ်သို့ ပြောင်းလဲခဲ့ကြ၍ သူတို့၏ပရိတ်သတ်များအား သေ သည့်ထိတိုင်အောင် မိမိအသင်းတော်အတွက် အစေခံခြင်း၊ ဆယ်ဖို့ တစ်ဖို့ပေးခြင်း၊နှင့် အသက်တာဆက်ကပ်ခြင်းအတွက် စေတနာ့ဝန် ထမ်းများအဖြစ်သို့သာ ပုံသွင်းကြသည်။ သူတို့သည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခဲ့သော သခင်ယေရှုပြုတော်မူခဲ့သော လုပ်ငန်းကို ချန်ထားခဲ့ ကြသောကြောင့် သူတို့သည် ဤလုပ်ငန်းကို ယုံကြည်ခြင်းမရှိ၊ အ သင်းသူသားများထံလည်း ဟောပြောခြင်း မရှိကြပေ။ ဤသို့ဖြင့် သူ တို့သည် အပြစ်များမှ ဆေးကြောခြင်းပြုလိုကြလျှင် သူတို့သည် သ ခင်ယေရှုကို နှလုံးသား၌ လက်ခံ၍ ကိုယ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် အပြစ်များ ပေး ဆပ်ကျေအေးစေတော်မူရန် အသက်ကိုစတေးတော်မူသော သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ရကြမည် ဖြစ်သည်။
 


သင်သည် သခင်ယေရှု၏အသွေးတော်ကို ယုံကြည်သော် လည်း ဘာကြောင့် အပြစ်သားဖြစ်သေးသနည်း


သင်သည် သခင်ယေရှု၏အသွေးတော်ကို ယုံကြည်သော်လည်း အပြစ်သားဖြစ်သေးခြင်းအကြောင်းမှာ အဘယ်အရာနည်း။ သင် သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်သော်လည်း ကား တိုင်၏နှုတ်ကပတ်တော်ကိုသာ သိ၍ ယုံကြည်သောကြောင့် ဖြစ် သည်။ သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခဲ့ပြီး နောက် အပြစ်သားတစ်ဉီးဖြစ်လာသေးလျှင် သင်သည် ဗတ္တိဇံယော ဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ကိုယ်တော်ယူဆောင်သွားတော်မူခဲ့သည်ဟူသောအ ချက်ကို ချန်ထား၍ အသေခံတော်မူခဲ့သောသခင်ယေရှု၏အသွေး တော်ကိုသာ ယုံကြည်ရန် လည်ပင်မာကျောသောကြောင့် ဖြစ်သည်။ သင်သည် ယခုတွင် မည်သည့်အရာကို မှီခိုသနည်း။ သင်သည် သီအို လောဂျီဓမ္မပညာရှင်များ၏ယူဆချက်များအချို့ကိုသာ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားနေသလော။ တစ်နည်းအား ဖြင့် မေးလျှင် ယနေ့ သင်သိ၍ယုံကြည်သော တမန်တော်များ၏အယူ ဝါဒအရစ်မြစ်ဖြစ်သော နိုင်းစင်းအယူဝါဒကို ယုံကြည်သောကြောင့် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် သင့်ကို ကယ်တင်တော်မူခဲ့သည်ဟူ၍သာ ယုံကြည်သလော။ 
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သော် လည်း အပြစ်သားတစ်ဉီးအဖြစ် ဘာကြောင့် နေရစ်သနည်း။ သင် သည် ဘုရားသခင်၏နှုတ်ကပတ်တော်ထက် နိုင်းစင်းအယူဝါဒကို သာအားကိုး၍ ယုံကြည်သောကြောင့် ဖြစ်သည်။ ဤတွင် သင်နား လည်သဘောပေါက်ရမည့်အရာမှာ ယနေ့သီအိုလော်ဂျီဓမ္မပညာရှင် များကြွေးကြော်ခဲ့ကြသောအရာများသည် သီအိုလော်ဂျီဓမ္မခံယူချက် များသာဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းခြင်းခံရသောလူ သားများ၏ စကားများသာဖြစ်ကြသည်။ တစ်ဖက်တွင် နှုတ်ကပတ် တော်သမ္မာတရားသည် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် ဤစကားနှစ်ခုများမှ မည်သည့်စကားကို ဆုပ်ကိုင်၍ ယုံကြည်ရမည်နည်း။ ဤအကြောင်းကို သင်သည်အချိန် ယူ၍ စဉ်းစားရန် ကျွန်တော်တောင်းဆိုလိုသည်။ သင်သည် ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ဖယ်ရှားပေးတော်မူ ခဲ့သော သခင်ယေရှုကို ယုံကြည်ရန် ဆုံးဖြတ်ချက်ချမှတ်လိမ့်မည်ဟု ကျွန်တော် မြော်လင့်၍ ဆုတောင်းသည်။ ယနေ့ခရစ်ယာန်ယုံကြည် သူအားလုံးက သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သည်ဟူသော နိုင်းစင်းအယူဝါဒများမှ ပယ်ဖျက် သောသမ္မာတရားကို ပြန်လည်တွေ့ရှိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုနောက် သူတို့သည် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော အပြစ် များဆေးကြောခြင်းကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ် များဖြေလွှတ်ခြင်းခံရနိုင်ကြလိမ့်မည်။ သခင်ယေရှုသည် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော သခင်ယေရှု၏ ဗတ္တိဇံနှုတ်ကပတ်တော်ကို သင်ယုံကြည်သောအခါ သင်သည် အပြစ် များအားလုံးကို သခင်ယေရှု၏ကိုယ်ပေါ်သို့ လွှဲပြောင်း၍ သခင်ယေရှု နှင့်အတူ အသေခံကာ သခင်ယေရှုနှင့်အတူ ရှင်ပြန်ထမြောက်လိမ့် မည်။ ထိုနောက် သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့ သည်ကိုလည်းကောင်း၊ ဘာကြောင့် ကားတိုင်ပေါ်တွင် အသေခံတော် မူခဲ့သည်ကိုလည်းကောင်း ရှင်းလင်းစွာ သင်နားလည်သဘောပေါက် နိုင်လိမ့်မည်။
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ရှေ့ဉီးစွာယုံကြည် သောအခါ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်ဟူသောအချက်ကို သင်နားလည်သဘော ပေါက်သင့်သည်။ သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အတူ ကားတိုင် ပေါ်တွင် သခင်ယေရှုသွန်းလောင်းတော်မူခဲ့သောအသွေးတော်တို့ကို ယုံကြည်သင့်သည်။ သင်သည် ဤသို့ပြုခဲ့လျှင် သင်၏နှလုံးသား၌ရှိ သောအပြစ်များအားလုံးကို သခင်ယေရှု၏ကိုယ်တော်ပေါ်သို့ လွှဲ ပြောင်း၍ သင်သည် ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရနိုင် မည် ဖြစ်သည်။
သို့သော် သင်သည် ယခုထိ သခင်ယေရှု၏ကားတိုင်ကိုသာယုံ ကြည်ခဲ့သောကြောင့် သင်၏လက်ရှိယုံကြည်မှုသည် နိုင်းစင်းအယူဝါ ဒချန်ထားသော ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ပ်တို့အပြစ်များအားလုံးကို သခင်ယေရှုယူဆောင် သွားတော်မူခဲ့သည်ဟု အသိအမှတ်မပြုပေ။ သင်တို့အချို့သည်ယခု လက်ရှိ သင်၏ယုံကြည်မှုကို စွန့်လွှတ်၍ ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံနှုတ်ကပတ်တော်ကိုသာ ယုံကြည် လျှင် မှားယွင်းသောယုံကြည်မှုဖြင့် နိဂုံးချုပ်လိမ့်မည်ဟု စိုးရိမ်ပူပန် နိုင်သည်ဟု ကျွန်တော်နားလည်သဘောပေါက်သည်။ မစိုးရိမ်ပါနှင့်။ သင်သည် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်နှင့် သင့်အတွက်ကိုယ်တော်သွန်းလောင်းတော်မူခဲ့သောအသွေးတော်တို့ ကို ယုံကြည်ခြင်းအားဖြင့် သင်သည် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရရန် ကျွန်တော် တိုက်တွန်းလိုပါသည်။
ဤသို့သောယုံကြည်မှုသည် သာမန်ယုံကြည်မှုသာ ဖြစ်သည်။ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော သမ္မာတရားကို နှလုံး သားအကြွင်းမဲ့ယုံကြည်ခြင်းတွင် မှားယွင်းမှုလုံးဝမရှိပေ။ တစ်ဖက် တွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၏ နှုတ်ကပတ်တော်ကို မယုံကြည်ခြင်းသည် မှားယွင်းသည်။ ဤအ ကြောင်းကိုနားလည်၍ နောက်ပြန်လှည့်ကာ သခင်ယေရှု၏ဗတ္တိဇံ နှုတ်ကပတ်တော်နှင့် ကားတိုင်ပေါ်တွင် ကိုယ်တော်၏သွေးတော်ကို ယခုယုံကြည်ရန် ကျွန်တော်တိုက်တွန်းလိုပါသည်။ ထိုနောက် သင် သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကိုယုံကြည်သောကြောင့် ကိုယ်တော်သည် ဝမ်းမြောက်တော်မူလိမ့်မည်။ သသခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့်အသွေးတော်အားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ သော ကယ်တင်ရှင် ဖြစ်တော်မူသောကြောင့် ဖြစ်သည်။ ထိုကြောင့် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံလုပ်ငန်း နှင့်ကားတိုင်သည် ကျွန်ုပ်တို့အပြစ်များကို ကိုယ်တော်ယူဆောင်သွား တော်မူ၍ အပြစ်ကြွေးများပေးဆပ်ပေးသောလုပ်ငန်းဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောအခါ ကိုယ်တော်သည် ဝမ်းမြောက်တော် မူသည်ဟု ကျွန်ုပ်တို့အားလုံးနားလည်သဘောပေါက်ရကြမည် ဖြစ် သည်။ 
ယခုထိ သင်သည် သခင်ယေရှု၏ဗတ္တိဇံမပါသောနှုတ်ကပတ် တော်ကိုသာ ယုံကြည်သောကြောင့် သင်သည် သတင်းကောင်းတစ် ဝက်ကိုသာ သိခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် သင်သည် သခင်ယေရှု၏ ကားတိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရသည်ဟု ပြောခြင်းအားဖြင့် ကိုယ်တော်၏နှလုံးသားကို နားကျင်စေခြင်းကို ရပ်တန့်စေလိမ့်မည်ဟု ကျွန်တော်မြော်လင့်၍ ဆု တောင်းပေးသည်။ အကြောင်းမှာ ကားတိုင်ပေါ်တွင် အသွေးတော်ကို သာယုံကြည်သူများသည် အမြဲတမ်းအပြစ်သားများဖြစ်ကြသည်။ တ မန်တော်ရှင်ပေါလုနှင့်ပေတရုကဲ့သို့သော ကနဉီးအသင်းတော်၌ ဘု ရားသခင်၏အစေခံများသည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူ တော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည် ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် ဤလော ကပအြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ သူတို့သည် ကိုယ်တော်ပြန်တွေ့ဆုံသည့်နေ့အထိ ဤယုံကြည်ခြင်းအားဖြင့် မိမိ သာသနာလုပ်နင်းကို ဆက်လက်ထမ်းဆောင်ကြသည်။
သို့သော် အန္တိကွိုင်းတီနောင်းပိုင်း ရောမအင်ပါယာက ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ကို ချန်ထား၍ နိုင်းစင်းအယူဝါဒကို ဖြန့်ကျဲခြင်းအားဖြင့် တမန် တော်များ၏ယုံကြည်မှုကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။ နိုင်းစင်း အယူဝါဒဖန်တီးသောယုံကြည်မှုသည် ကနဉီးအသင်းတော်၏တမန် တော်များ၏ယုံကြည်မှု မဟုတ်ပေ။ ဘုရားသခင်ကို ဝမ်းမြောက်စေ တော်မူသော ယုံကြည်မှုလည်း မဟုတ်ပေ။ သို့သော် သူတို့၏ယုံ ကြည်မှုနှင့် လုံးဝခြားနားသော၊ မိစ္ဆာယုံကြည်မှု သက်သက် ဖြစ် သည်။ ထိုအချိန်ကစ၍ ကိုယ်တော်ကို ယုံကြည်ကြသော်လည်း သခင် ယေရှု၏ဗတ္တိဇံနှင့်ပတ်သက်၍ ကောင်းကြီးမင်္ဂလာများကို လွှဲချော် နေရခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှု၏ဗတ္တိဇံကို ချန်ထား၍ ကားတိုင်ကိုသာယုံကြည်လျှင် သင်သည် ဘာသာတရားကို ကိုင်းရှိုင်း သောသူတစ်ဉီးအဖြစ်သာ အသက်ရှင်နေခြင်းကို ဆိုလိုသည်။
ဉဩငှက်များကို ကျွန်တော်ကြည့်သောအခါ ယနေ့ခရစ်ယာန် ဘာသာသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား၍ သူတို့၏လူမျိုးရေးရာဘာသာ တရားကိုဖြစ်သည်ဟု ကြွေးကြော်သောသူများကို ကျွန်တော်သတိရ သည်။ ဉဩငှက်များသည် မျိုးပွားသောအခါတွင် အခြားငှက်များ၏ အသိုက်များတွင် ဉများကို အခွင့်ကောင်းယူ၍ ဉချလေ့ရှိသော ကပ်ပါး ကောင်းများဖြစ်ကြသည်။ သူတို့သည် မိမိကလေးများကို မိမိကိုယ် တိုင် ပျိုးထောင်ကြမည့်အစား သူတို့သည် အခြားငှါက်များကို ၎င်းတို့ ကို ပျိုးထောင်စေကြသည်။ ဉဩငှက်များသည် အခြားငှက်များ၏အ သိုက်တွင် ပေါက်လာခဲ့ကြသောအခါ ဉဩကလေးများသည် လျှင်မြန် စွာ ကြီးထွား၍ သူတို့၏ရည်မှန်းချက်အောင်မြင်ရန်အတွက် အခြား ငှက်ကလေးများအားလုံးကို အသိုက်မှ ကန်ချကြသည်။ 
နိုင်းစင်းအယူဝါဒများဖန်တီးသူများသည် ဤုသို့တူညီသောအ ရာတစ်စုံတစ်ခုကို ပြုခဲ့ကြသည်။ ကနဉီးအသင်းတော်ယုံကြည်သူ များသည် သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်အားဖြင့် ပြည့်စုံခဲ့သော အပြစ်များဖြေလွှတ်ခြင်းနှင့် အပြစ်များပေးဆပ်ကျေအေးစေခြင်းများ ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခဲ့ကြသည်။ သို့သော် အေဒီ ၃၂၅ တွင် ပထမနီးဆီးယားကောင်စီမှ ကျင်းပပြုလုပ်သောအစည်းအဝေး ၌ တက်ရောက်သူများက သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား၍ နိုင်းစင်းအယူဝါဒကို ထုတ်လုပ်ခဲ့ကြသည်။ ဤအယူဝါဒ ကြောင့် ယနေ့ခရစ်ယာန်အားလုံးသည် သခင်ယေရှု၏ဗတ္တိဇံသမ္မာတ ရားကို မသိနိုင်ကြပေ။ နိုင်းစင်းအယူဝါဒဖန်တီးသူများက ကနဉီးအ သင်းတော်၏တမန်တော်များယုံကြည်မှုမှ ဗတ္တိဇံယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သေသာ ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား ခဲ့ကြ၍ မိမိခံစားချက်နှင့်သင့်တော်သော ကမ္ဘာလုံးဆိုင်ရာ ဘာသာတ ရားကိုဖန်တီးခဲ့ကြသည်။ ထိုကြောင့် ယနေ့အထိ ခရစ်ယာန်အားလုံး သည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား၍ အသေခံ တော်မူသောသခင်ယေရှုကို ယုံကြည်ခဲ့ကြသည်။ သူတို့သည် ကား တိုင်ကိုသာယုံကြည်သော ဘာသာတရားသို့ ကျဆင်းခဲ့ကြသည်။ ခ ရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံကို လျစ်လျူရှုကြသည်။ ထိုကြောင့် သူတို့သည် ယခုတွင် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် သူတို့အပြစ် များကို ဆေးကြောရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သူတို့သည် လောကဘာသာတရားကျင့်ဆောင်သူများအဖြစ်သို့ ပြောင်းလဲခဲ့ကြ သည်။ 
ယနေ့ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောပရိုတက်စတင့်ယုံကြည်သူ များက နိုင်းစင်းအယူဝါဒ၏လှည့်ဖြားမှုခံခဲ့ကြသည်ကို သဲလွန်စမရှိခဲ့ ကြပေ။ ထိုကြောင့် သူတို့သည် သခင်ယေရှု၏ကားတိုင်ကိုသာ မှီခို သော ဘာသာတရားကိုင်းရှိုင်းသူများအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ ဤခေတ်ခရစ်ယာန်များသည် ကားတိုင်တော်နှုတ်ကပတ်တော်ကို သာလုံးဝ ယုံကြည်ကြသောကြောင့် သူတို့သည် ဗတ္တိဇံယောဟန်ထံ မှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို အမှန်အကန် ပျောက်ဆုံးစေခဲ့ကြသည်။ ဤအကြောင်းကြောင့် ၁၆ ရာစု၌ အသစ်ပြုပြင်ခြင်းခေါင်းဆောင်များသည် ကားတိုင်တစ်ခု တည်းကိုသာယုံကြည်ခဲ့သော အယူဝါဒမှ မလွတ်မြောက်နိုင်ကြခြင်း ဖြစ်သည်။ ထိုပြင် သူတို့သည် ၎င်းခံယူချက်ကို သူတို့တီထွင်သော သီ အိုလော်ဂျီဓမ္မတွေးခေါ်မှုများဖြင့် အလှဆင်ခဲ့ကြ၍ ကားတိုင်တစ်ခု တည်းကိုသာ ယုံကြည်ရန် ပို၍များပြားသောခရစ်ယာန်များကို လမ်းလွှဲစေခဲ့ကြသည်။ ထိုကြောင့် ပရိုက်တက်စတင့်ယုံကြည်သူများ သည် ကဲသိုလိတ်များကဲ့သို့သော ယုံကြည်မှုဖြင့် နိဂုံးချုပ်ခဲ့ကြသည်။ သူတို့သည် သခင်ယေရှု၏ကားတိုင်တော်နှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းကြသော်လည်း သာမန်ခရစ်ယာန်အသက်တာသည် အ ပြစ်သားတစ်ဉီးအဖြစ် အသက်ရှင်ခြင်းဖြစ်သည်ဟု ထင်ကြသည်။
ယနေ့ ဤုသို့ယူဆ၍ ယုံကြည်သောအသင်းတော်ခေါင်းဆောင် များသည် လူတစ်စုံတစ်ဉီး၊အချို့နေရာတွင် သငခ်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ် များကိုယူဆောင်သွားတော်မူခဲ့သည်ဟုပြောကြသောအခါ သူတို့က ဤအရာသည် မမှန်ကန်ပေဟု ပြောကြသည်။ သူတို့သည် သန့်ရှင်း သောဝိညာဉ်တော်ကို ပြစ်မှားကြသည်။ သူတို့သည် ကားတိုင်အ ကြောင်းကိုဟာသွန်သင်ကြ၍ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် အပြစ်များကို ယူဆောင်သွားတော်မူ၍ ပြစ်ကြွေးပေးဆပ်တော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများက ညှဉ်းပန်းနှိပ်စက်ကြသည်။ ယနေ့ယုံကြည်သူခ ရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော်ပြစ်မှားသောအပြစ် ကျူးလွန်ကြသည်ကို မသိကြသည်ကိုသင်သည် နားလည်သဘော ပေါက်ရန် လိုအပ်သည်။
သူသည် သခင်ယေရှုကို ယုံကြည်၍ ဤသို့သောပုဂ္ဂိုလ်၏ယုံ ကြည်မှုကို ချီးမွမ်းသော်သည် သူသည် အပြစ်သားတစ်ဉီးဖြစ်သည်ဟု လူတစ်စုံတစ်ဉီးကပြောလျှင် ဤခေတ်ခရစ်ယာန်များသည် ထောက် ခံမှုအဖြစ် ခေါင်းညိတ်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သည်ဟု သူတို့မသိကြပေ။ သူတို့သည် ကားတိုင် ကိုသာ သိကြသည်။ အပြစ်သားများသည် မည်သို့ဒုတိယမွေးဖွားခြင်း ခံရကြမည်ကို သူတို့မသိကြပေ။ ထိုကြောင့် သူတို့သည် နောင်တနှင့် စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် သူတို့အပြစ်များကို ဆေး ကြောရန် ကြိုးစားကြသည်။ သူတို့သည် အသေခံတော်မူသောသခင် ယေရှုကိုသာယုံကြည်ကြ၍ သူတို့အပြစ်မှ လွှတ်မြောက်ခြင်းမခံရကြ သောကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံခြင်း မှာစိတ်နိမ့်ခြင်းမှ မလာပေ။ သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် မစဉ်းစားမဆင်ခြင်ဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့သည် ပို၍ တိကသောအပြစ်သားများဖြစ်လာခဲ့ကြသည်။
ဤသို့သောခရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှသခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား၍ ကိုယ်ခန္ဓာအသွေးအသားတပ်မက်မှုလိုက်လံရန် ရှေးရောမအင်ပါယာ ချမှတ်ထားခဲ့သော နိုင်းစင်းအယူဝါဒနှင့်အညီ ယုံကြည်ကြသော ကြောင့် သူတို့သည် ဘုရားရှေ့တော်၌ အပြစ်သားများသာ ဖြစ်ကြ သည်။ သူတို့သည် ကားတိုင်တစ်ခုတည်းကိုသာ ယုံကြည်သူများ၏ လှည့်ဖြားခြင်းကို ခံရကြသောကြောင့် သူတို့သည် ကားတိုင်တစ်ခု တည်းအား ကယ်တင်ခြင်းအဖြစ် ယုံကြည်ကြသည်။ သူတို့သည် သူ တို့၏လှည့်စားသူများနှင့်အတူ အပြစ်သားများဖြစ်ကြသည်။ သင် သည်လည်း ဤပုဂ္ဂိုလ်များကဲ့သို့ ယုံကြည်ခြင်းဝန်ခံခြင်းယခုပြုလျှင် သင်သည် နိုင်းစင်းအယူဝါဒကို ယုံကြည်သူနှင့် သခင်ယေရှု၏ဗတ္တိဇံ ကိုလုပ်ငန်းကို မသိသောသူဖြစ်သည်ကို သင်နားလည်သဘောပေါက် ရမည် ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ကိုယ်တော်သည် ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်ဟူသောအချက်ကို နားလည်သဘောပေါက်၍ ယုံ ကြည်ကာ ဤယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ဖြေလွှတ်ခြင်းခံရ မည် ဖြစ်သည်။ သို့သော် ကျွန်တော်သည် ကားတိုင်ပေါ်တွင် သခင် ယေရှု၏အသွေးတော်ကို ငြင်းပယ်သည်ကို မဆိုလိုပေ။ အကြောင်း မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ သောကြောင့် ကိုယ်တော်သည် အသွေးတော်သွန်းလောင်းကာ အ သေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် မည်သူမည်ဝါကမှ ကျွန် တော့်ကို နားလည်မှုလွှဲချော်၍ ကျွန်တော်၏အကြောင်းကို ပြောင် လှောင်၍ မှားယွင်းစွာ အတင်းပြောလိမ့်မည်ဟု ကျွန်တော် မမြော် လင့်ပေ။
ခရစ်ယာန်အချို့တို့သည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို သခင်ယေရှုသည် ယူဆောင်သွား တော်မူခဲ့သည်ဟူသော သမ္မာတရားကို ငြင်းဆိုကြသောကြောင့် သူ တို့သည် ယခုတွင် ဤကမ္ဘာ့ဘာသာတရားကို ကိုးကွယ်သူ ရုပ်တုကိုး ကွယ်သူများနှင့်ခြားနားမှုမရှိသည်ကို ကျွန်ုပ်တို့နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ကို ကယ်တင်၍ လူသားများ၏အပြစ်များကို ကိုယ်တော်ပေါ်သို့ ထမ်းလျက်အသေခံ တော်မူသေအရှင် ဖြစ်တော်မူသည်။ သင်နှင့်ကျွန်တော်တို့သည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောသ ခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ဆေးကြော ပေးနိုင်သည်။
ယနေ့ခရစ်ယာန်များသည် ယခုထိ နိုင်းစင်းအယူဝါဒဖြန့်ဝေ သောသတင်းကောင်း၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို သခင်ယေရှုသည် ထမ်းတော်မူခဲ့ သည်ဟူသောသမ္မာတရားကို ချန်ထားသော သတင်းကောင်းကိုသာ ယုံကြည်ကြသောကြောင့် သူတို့သည် အပြစ်သားများအဖြစ်သာ နေ ရစ်ကြသည်ကို သင်နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။သင် သည် သခင်ယေရှုအပေါ်သို့ မိမိနှလုံးသားအပြစ်များလွှဲပြောင်းခြင်း၊ နောက်တကြိမ်သတ္တိမွေးခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရဘဲ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအား ဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို လက်ခံတော်မူခဲ့၍ ကား တိုင်ပေါ်တွင် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ယုံ ကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံသည်ဟု အသိအမှတ်ပြုရ မည် ဖြစ်သည်။ သင်သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဤ လောကအပြစ်များမှ ကယ်တင်တော်မူခဲ့သော သခင်ယေရှုကို ဝမ်း မြောက်စေတော်မူရန် ဤအချိန်သည် နောက်ဆုံးအချိန်ဖြစ်သည်ကို သိပါ။ လက်လွှတ်မဆုံးရှုံးပါနှင့်။ သင်၏ကယ်တင်ခြင်းသည် ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ပြည့်စုံခဲ့သည်ဟု သင်သည် နားလည်သဘောပေါက်ရန် ကျွန်တော်တိုက်တွန်းပါသည်။
သခင်ယေရှုသည် ခြေလက်နှစ်ဖက် သံမှိုရိုက်ခြင်းခံ၍ အသွေး တော်သွန်းလောင်းကာအသေခံတော်မူခဲ့သောအခါ ကောလဂါသ တောင်ပေါ်တွင် ကားတိုင်သုံးတိုင် စိုက်ထူးခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော် ကားတိုင်တင်အသေခံတော်မူခဲ့သည်ဟု သင်သိသင့်သည်။ သခင်ယေ ရှုသည် ဤလောကအပြစ်များကို မိမိကိုယ်ပေါ်တွင် ထမ်းတော်မူခဲ့ သောကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူ၍ အသွေးတော်သွန်းလောင်းကာ အသေခံတော်မူတော်မူခဲ့ခြင်း ဖြစ် သည်။ ကျွန်ုပ်တို့အားလုံးသည် ဤအကြောင်းကို နားလည်သဘော ပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်များမှ ထာဝရကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ဓမ္မဟောင်း ကျမ်း ဟေရှာယစာအုပ်တွင် “ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ် များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏” (ဟေ ရှာယ ၅၃း၅)ဟု ဖော်ပြထားသည်။ ဤကျမ်းချက်မျာ ကိုယ်တော်၏ လုပ်ငန်းသက်သေကို ပြသသောနှုတ်ကပတ်တော် ဖြစ်သည်။
သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံတော်မူသည့်အ ချိန်တွင် စစ်သားများက ကိုယ်တော်ကို ပျက်ရယ်ပြုခဲ့ကြ၍ ကိုယ် တော်အား “သင်ဟာ ဘုရားထံတော်မှ ခရစ်တော်မှန်လျှင် မိမိကိုယ် ကိုကိုယ်ကယ်တင်ပါ။ သင်ဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်သည်ဟု ပြောခဲ့တယ်မဟုတ်ဘူးလား။ သင်ဟာ ဘုရင်တကာတို့၏ဘုရင်၊ ဖန် ဆင်းရှင်နှင့်ကယ်တင်ရှင်ဖြစ်လျှင် မိမိကိုယ်ကိုကိုယ် အရင်ဉီးဆုံး ကယ်တင်ပါ”ဟုပြောကြသည်။ သူတို့သည် ဤသို့ဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုခဲ့ကြသည်။ 
သခင်ယေရှုသည် ဤလောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူရန်အတွက် ဤသို့နှိမ့်ချမှုများကို သည်းခံတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သော ကြောင့် ယခုတွင် ကိုယ်တော်သည် ကားတိုင်တင်ခံ၍ အသွေးတော် သွန်းလောင်းကာ အသေခံတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်လုပ်ဆောင်ချက်အားဖြင့် အပြစ်များကို ထာဝရဖြေလွှတ်ခြင်းခံရကြသည်ဟု နားလည်သဘော ပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူ၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်ဟူသော သောအချက်၏အဓိပ္ပါယ်မှာ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့ ကိုယ်စား ပြစ်ကြွေးအဖြစ် မိမိကိုယ်ကိုကိုယ် ယဇ်ပူဇော်တော်မူခဲ့ သည်ကို ဆိုလိုသည်။ 
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ကိုယုံ ကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသော ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဝမ်းမြောက်စေနိုင်ကြသည်။ ဤအရာသည် မှန်ကန်သောယုံကြည်ခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်ဤလောကသို့ ကြွလာတော်မူခဲ့ သောအခါ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် အလောက၌ အပြစ်များအားလုံး၏အပြစ်များကို ထမ်း တော်မူခဲ့သည်ဟူသောအချက်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်သူ အဖြစ် မိမိကိုယ်ကိုကိုယ် ဆက်ကပ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့နား လည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ် များအားတွက် သခင်ယေရှုသည် ပြစ်ကြွေးပေးဆပ်ခြင်းအဖြစ် မိမိ ကိုယ်ကိုကိုယ်ဆက်ကပ်တော်မူခဲ့သော ယဇ်ပူဇော်ခြင်းမှာ ကျွန်ုပ်တို့ ၏ကယ်တင်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့အားလုံးသည် ယခုတွင် အသိ အမှတ်ပြုရကြမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် သည် အပြစ်ဖြေလွှတ်ခြင်းယဇ်ပူဇော်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သည် သိ၍ ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရ ကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ထာဝရအပြစ်ကြွေးပေးဆပ်ခြင်းဖြစ်တော်မူသည်ဟု ယုံကြည်ခြင်း အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ထာဝရအသက်ရရှိနိုင်ကြသည်။
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ် သို့ ဤလောကအပြစ်များကို လက်ခံတော်မူခဲ့သောကြောင့် ကိုယ် တော်သည် ကားတိုင်သို့သွား၍ ကျွန်ုပ်တို့အပြစ်များအတွက် ပူဇော် သက္ကာသိုးသငယ် ဖြစ်တော်မူခဲ့သည်။ ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် လူသားများအတွက် ပြစ်ကြွေးများ ပေးဆပ်သောအရှင်အဖြစ် မိမိကိုယ်ကိုကိုယ် ယဇ်ပူဇော်ခဲ့သည်ဟု ကျွန်ုပ်တို့သည် ယုံကြည်သူများဖြစ်ကြသောကြောင့် ကိုယ်တော် သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ တစ်ကြိမ်တည်းကယ်တင် တော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် တန်ဖိုးရှိသော ပြစ် ကြွေးပေးအပ်သောအရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့သည် ယုံ ကြည်ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်ကို ချီးမွမ်း ကြပါစို့။ ဟာလေလုယာ။
သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော် မူသည်။ ကိုယ်တော်သည် ဘုရားသခင်၏သိုးသငယ်တော်အဖြစ် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း၊ အသေခံတော်မူခြင်းအား ဖြင့် လောကအပြစ်များကို ထမ်းတော်မူ၍ ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူ၍ ယုံကြည်သူအားလုံးကို အပြစ်များမှ ကယ်တင် တော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့သူ ဗတ္တိဇံ ယောဟန်က “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသ ခင်၏ သိုးသငယ်ကိုကြည့်လော့”(ယောဟန် ၁း၂၉)ဟု ပြော၍ သက် သေခံခဲ့သည်။ ကျွန်ုပ်တို့သိကြသည့်အတိုင်း သခင်ယေရှုသည် ခမည်း တော်ဘုရားသခင်သည် ဤလောကသို့စေလွှတ်တော်မူခဲ့သောဘုရား သခင်၏သားတော်ဖြစ်တော်မူသည်။ ကိုယ်တော်သည် ဘုရားသခင် ဤလောကသို့ စေလွှတ်တော်မူခဲ့သော သိုးသငယ်လည်း ဖြစ်တော်မူ သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ၎င်းတို့ကို ကားတိုင်သို့ တင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ပြည့်စုံစေတော်မူ သောအရှင် ဖြစ်တော်မူသည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အ ပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်သို့ ဤလောကအပြစ်များ ကို သယ်တော်မူ၍ အသေခံကာ အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ကယ်တင်ရှင်အဖြစ် ကယ်တင်ခြင်းအမှုကို ပြည့်စုံစေ တော်မူ၍ အပြစ်သားများအား အပြစ်များအားလုံးမှ ရွေးနှုတ်ကယ် တင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဘုရားသခင်၏သိုးသငယ် တော်ဖြစ်တော်မူသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက၌ အပြစ်သားအားလုံး၏ အပြစ်များကို ယူဆောင်ကာ ၎င်းတို့အတွက် အသေခံတော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်။ ဤသို့သော် ဖြောင့်မတ်တော်မူသော သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့၏ကယ်တင်ရှင်ဖြစ်တော်မူ ရန်အတွက် ဗတ္တိဇံခံယူတော်မူ၍ အသေခံကာ ကိုယ်တော်ပေးအပ် တော်မူသော ကယ်တင်ခြင်းကို ယုံကြည်သူအားလုံးအပေါ် အပြစ် များထာဝရဖြေလွှတ်ခြင်းနှင့် ထာဝရအသက်ကို ပေးအပ်တော်မူခဲ့ သည်။ ကယ်တင်ခြင်းရရှိရန်နှင့် ထာဝရအသက်ရရှိရန်အတွက် ဤအ ချက်ကို ယခုယုံကြည်သူအားလုံးကို ကိုယ်တော်သည် ကောင်းကြီး မင်္ဂများကို ချပေးတော်မူခဲ့သည်။ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိ ဇံနှင့် သွန်းလောင်းတော်မူခဲ့သောအသွေးတော်တို့ကို ကျွန်ုပ်တို့အား လုံး ယုံကြည်ကြပါစို့။ ကျွန်ုပ်တို့သည် ဤယုံကြည်မှုဖြင့် အပြစ်များ ဖြေလွှတ်ခြင်းကို အတည်ပြုကြပါစို့။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်၍ ဂုဏ်တော်ချီးမွမ်းကြပါစို့။ 
ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဗတ္တိဇံနှင့်အသွေး တော်တို့အားဖြင့် ကျွန်ုပ်တို့အတွက် ယဇ်ပူဇော်ခြင်းအားဖြင့် ကယ် တင်ခြင်းကောင်းကြီးမင်္ဂလာများကို ချပေးတော်မူခဲ့သည်။ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကျွန်ုပ်တို့အတွက် သွန်းလောင်း တော်မူခဲ့သောအသွေးတော်တို့ကို ကျွန်ုပ်တို့ ယုံကြည်ကြပါစို့။ ဤယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ ကိုယ်တော်ချပေးတော် မူခဲ့သော ငြိမ်သက်ခြင်းနှင့် ကယ်တင်ခြင်းကျေးဇူးတော်ကို ရရှိ၍ ဝမ်း မြောက်ကြပါစို့။ ဤယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ချပေးတော်မူ ခဲ့သော အပြစ်များဖြေလွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးကိုလည်း ခံစားရရှိကြပါစို့။ သခင်ယေရှုသည် ဤလောက၌ ထာဝရကယ်တင်ရှင်ဖြစ်တော်မူသည့်အတိုင်း ယခုတွင် ကိုယ်တော် သည် ကျွန်ုပ်တို့အားလုံးကို ကောင်းကြီးမင်္ဂလာများ ချပေးတော်မူ သည်။ ယခုတွင် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ကိုယ်တော်ဗတ္တိဇံ နှင့် အသွေးတော်တို့ဖြင့် သခင်ယေရှုချပေးတော်မူခဲ့သော ပြစ်ကြွေး ပေးဆပ်ခြင်းကို ယုံကြည်၍ ကျေးဇူးတင်ကာ ယုံကြည်ခြင်းအားဖြင့် နှလုံးသား၌ လက်ခံကြပါစို့။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ထာဝရကယ်တင်ခဲ့သည် ကောင်းကြီးမင်္ဂလာအတွက် ကျေးဇူးတင်ကြပါစို့။
 

အစားအစာအားလုံးမှာ သက်တမ်းရှိကြသကဲ့သို့ သင်၏ယုံ ကြည်ခြင်းသည်လည်း သက်တမ်းရှိသည်

အစားအစားအားလုံးမှာ သက်တမ်းရှိကြသည်ဟု သင်တို့အား လုံးသိကြသည်ဟု ကျွန်တော်ယုံကြည်သည်။ ကားတိုင်ပေါ်တွင် သ ခင်ယေရှုပြုတော်မူခဲ့သောယဇ်ပူဇော်ခြင်း၌ သင်၏ယုံကြည်မှုတွင် သက်တမ်းရှိသည်ဟု သင်နားလည်သဘောပေါက်ရန် လိုအပ်သည်။ ယခုတွင် သင်သည် ကားတိုင်၏နှုတ်ကပတ်တော်ကိုသာ ယုံကြည် ခြင်းအားဖြင့် သင်၏အပြစ်များအားလုံးမှ ဆေးကြောခြင်းခံခဲ့သည်ဟု သင်ယုံကြည်လျှင်တောင် ဆယ်နှစ်ခန့်ကြာလာသောအခါ သင်၏ယုံ ကြည်မှုသည် သက်တမ်းကုန်လုနီးပါးရှိသည်ဟု သင်သိနိုင်လိမ့်မည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သသင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းမရှိသောကြောင့် ဖြစ်သည်။ 
သမ္မာကျမ်းစာတွင် သခင်ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားစေသော ယုံကြည်မှုမှာ အဘယ်အရာ ဖြစ်သနည်း။ ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် သင်၏နေရာတွင် အပြစ်များအ တွက် ကားတိုင်ပေါ်တွင် ကိုယ်တော်သွန်းလောင်းတော်မူခဲ့သောအ သွေးတော်အားဖြင့် ဤလောကအပြစ်များကို ထမ်းခြင်းအားဖြင့် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော စစ်မှန်သောကယ်တင်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ထိုကြောင့် ယခုတွင် ကားတိုင်တစ်ခုတည်း သည် သင်၏ကယ်တင်ခြင်းဖြစ်သည်ဟု သငခ်ယေရှုသော်လည်း ဤ ယုံကြည်မှုမှ သင်ခံစးသော စိတ်လှုပ်ရှားမှုများသည် ကြာရှည်မခံ သည်ကို ကျွန်တော်ပြောနေရခြင်း ဖြစ်သည်။ ကိုယ်တော်သည် သင် ၏အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခဲ့သည်ဟု သင်၏ယုံကြည်ခြင်းသည် စိတ်လှုပ်ရှားမှုဖြစ်သော ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏သက်တမ်းမှာ ပို၍ တို သည်ထက်တိုလာ၍ နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားခဲ့သည်။ ဤသို့သောယုံကြည်မှုသည် ကားတိုင်ပေါ်တွင် သခင်ယေရှုပြုတော်မူ ခဲ့သော ယဇ်ပူဇော်ခြင်းခံစားချက်၌ အပြစ်တွယ်ခြင်းသာဖြစ်သော ကြောင့် တိုတောင်းသောအချိန်အတွင်း လုံးဝ ပျောက်ကွယ်သွားရ ခြင်း ဖြစ်သည်။
သခင်ယေရှု၏ကားတိုင်ကို ယုံကြည်သော ဤသို့သောယုံကြည် ခြင်းရှိ၍ ၎င်းအပေါ် အကြွေးတင်သည်ဟုခံစားသောခရစ်ယာန်များ သည် သူတို့၏စိတ်လှုပ်ရှားမှုများက သူတို့ကိုလှည့်စားခဲ့ကြသော ကြောင့် သူတို့သည် ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြ သည်ဟု ထင်တတ်ကြသည်။ သို့သော် ကာလအချိန်ကြာလသည်နှင့် အမျှ သခင်ယေရှု၌ သူတို့၏မောင်းနှင်သောယုံကြည်မှုသည် အကန့် အသတ်ရှိလိမ့်မည်။ သူတို့သည် နောက်ဆုံးတွင် ကိုယ်တော်ကို မယုံ ကြည်ကြတော့ပေ။ သင်သည် သငခ်ယေရှုကို ကယ်တင်ရှင်အဖြစ် သင့်တော်စွာ သိ၍ယုံကြည်လျှင် သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်း နှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းကို နားလည်သဘောပေါက်ရန် မိမိစိတ်ကို အသုံးချရ မည် ဖြစ်သည်။ သခင်ယေရှုသည် သင်၏အပြစ်များကို သင့်ထံမှ မည် သည့်အချိန်၊ မည်သည့်နေရာ၊ မည်ကဲ့သို့ ဖယ်ရှားပေးတော်မူခဲ့သည် သင်ရှေးဉီးစွာ နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ထိုနောက် သင်သည် ဤနားလည်သဘောပေါက်မှုအပေါ် အခြေပြု၍ ယုံကြည် ရမည် ဖြစ်သည်။
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ပထမဉီးဆုံးယုံ ကြည်ခဲ့သောအခါ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို မိမိကိုယ် ပေါ်သို့ မည်သည့်အချိန်နှင့် မည်သို့လက်ခံတော်မူခဲ့သည်ကို သင်သိခဲ့ သလော။ သင်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခံစေ သောယုံကြည်ခြင်းရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏ အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များ၏တရားစီရင်ခြင်း ခံတော်မူခဲ့သည်ဟူသော သမ္မာတရားကို သင်ဆုပ်ကိုင်ရမည် ဖြစ် သည်။ သင်သည် ဤသမ္မာတရားကို နားလည်သဘောပေါက်သောအ ခါမှသာလျှင် သင်သည် ဒုတိယမွေးဖွားခြင်းခံစေသော ယုံကြည်ခြင်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သင်သည် ဗတ္တိဇံယောဟန်ထံမှ ကိုဲယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံကိုမသိ ကားတိုင်ပေါ်တွင် ကိုယ် တော်၏အသွေးတော်ကိုသာ ယုံကြည်ခြင်းအားဖြင့် အချိန်များကုန် ဆုံးသွားခဲ့လျှင် ယခုတွင် ကားတိုင်ပေါ်တွင် ကိုယ်တော်၏ယဇ်ပူဇော် ခြင်း၌ သင်ထားသောယုံကြည်ခြင်းထိရောက်မှုသည် ဆုံးရှုံးပျက်စီး သွားနိုင်သည်။
သင်၏ယုံကြည်ချက်နှင့်ပတ်သက်၍ ကျွန်တော်ပြောနေသော အရာများမှန်ကန်၍ သင်ခံယူခဲ့သောယုံကြည်မှုသည် ယခုတွင် အချိန် ကြာလာသည်နှင့်အမျှ ဝမ်းနည်းမှုနှင့်စိတ်ပျက်မှုများက သင့်ကိုအနိုင် အထက်ပြုသောကြောင့် သင်၏နှလုံးသားမှ ဝမ်းမြောက်ခြင်း ကွယ် ပျောက်သွား၍ သင်သည် ဘုရားရှေ့တော်၌ အပြစ်သားတစ်ဉီးအဖြစ် ပို၍ မှောင်မှည်းသောနေရာ၌ အသက်ရှင်လိမ့်မည်။ ထိုကြောင့် ဘု ရားသခင်သည် မိမိသားတော်သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းယခုခံရရန် မိန့်တော်မူ ခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူသောအသွေးတော်နှင့်အတွက် ကျွန်ုပ်တို့ပြစ်ကြွေးအ တွက် သခင်ယေရှု၏ယဇ်ပူဇော်သက္ကာကို ယုံကြည်ရကြမည် ဖြစ် သည်။ သမ္မာကျမ်းစာအားလုံးတွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိ ဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ရကြမည်ဟု ကိုယ် တော်သည် ကျွန်ုပ်တို့အား ထပ်ခါသလဲလဲ မိန့်တော်မူခြင်း ဖြစ်သည်။
ကိုယ်တော်ရှေ့တော်၌ ကျွန်ုပ်တို့ရှိရမည့်ယုံကြည်ခြင်းမှာ သခင် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်း ဖြစ်သည်။ သို့သော် သင်သည် ကားတိုင်ကိုသာယုံကြည်သောကြောင့် ဤယုံကြည်ခြင်း၏ သက်တမ်းမှာ ကုန်လုနီးပါး ဖြစ်သည်။ သားတော်၏ဗတ္တိဇံနှင့်အသွေး တော် သမ္မာတရားတို့သည် ယခုတွင် ကယ်တင်ခြင်းဖြစ်သည်ဟု ခ မည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူသည်။ ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်သည် သင်၏အပြစ်များကို ဆေးကြောပေးနိုင်သော ကယ်တင် ခြင်းနှုတ်ကပတ်တော်ြဖစ်သည်ဟု သင်သည် မယုံကြည်သော ကြောင့် သင်၏ဝိညာဉ်သည် အပြစ်၏ချည်နှောင်ခြင်းကိုခံနေသည် ဟု ကိုယ်တော်မိန့်တော်မူသည်။ သင်နှင့်ကျွန်တော်တို့သည် သခင် ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ကြသည်။ သို့သော် သင်သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမပါဘဲ အသေခံတော်မူသောသခင်ယေရှုကိုသာ ယုံကြည်ခြင်းအားဖြင့် သင် ၏အပြစ်များမှ ကယ်တင်ခြင်းခံရရန် ကြိုးစားနေလျှင် သင်သည် ယခု တွင် ဘာသာတရားယုံကြည်မှုမှ ပြန်လှည့်၍ ကိုယ်တော်ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေးတော်တို့ကို ယုံ ကြည်၍ အပြစ်များကို ဆေးကြောရမည် ဖြစ်သည်။
လက်ရှိသင်၏ယုံကြည်ခြင်းမှာ ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သခင်ယေရှုသည် ဤလော ကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ်ကပတ် တော်ကို ချန်ထားသူ ပထမနီးစေးယားကောင်စီ၌ ကွန်စတင့်တိုင်း နှင့်၎င်း၏နောက်နောက်လိုက်သူများ၏ယုံကြည်မှုနှင့်တူသည်။ သူတို့ သည် နိုင်းစီးအယူဝါဒကို ယုံကြည်၍ ၎င်းယုံကြည်မှုကို သင့်ထံသို့ လက်ဆင့်ကမ်းသည်ကို သင်နားလည်သဘောပေါက်ရန် လိုအပ်ပါ သည်။ သင်သည် ယနေ့အထိ သူတို့ကဲ့သို့ ယုံကြည်ခဲ့သည်။ နိုင်းစီးအ ယူဝါဒ၌ ပြဌာန်းသည့်အတိုင်း ကားတိုင်ကိုသာ ယုံကြည်ခြင်းသည် သင့်အားကယ်တင်သောယုံကြည်ခြင်း ဖြစ်သည်ဟု သင်ယူဆသည်။ သို့သော် ယခုတွင် အချိန်ကာလများစွာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ ၎င်း ၏အကျိုးသက်ရောက်မှုများသည် အကုန်အစင် ကုန်ဆုံးသွားခဲ့သည် ကို သင်နားလည်သဘောပေါက်သည်။ လူသားများဖန်တီးသောဘာ သာရေးများ၊ ယုံကြည်မှုများနှင့် ဓမ္မခံယူချက်များအားလုံးတို့၏တန်ခိုး သည် ပျောက်ကွယ်သွား၍ အချိန်ကြာလာသည်နှင့်အမျှ ကုန်ဆုံးသွား ခဲ့သည်။ ကားတိုင်ကိုသာ သင်၏လက်ရှိယုံကြည်ခြင်းသည် အချိန် ကာလကြာလာသည်နှင့်အမျှ သင်၏နှလုံးသားမှ ကွယ်ပျောက်ကုန် ဆုံးသွားလိမ့်မည်။ သင်သည် လူသားများဖန်တီးသော နိုင်းစင်းအယူ ဝါဒ၌ ထင်ရှားခဲ့သော ကားတိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် သခင် ယေရှုကို ယုံကြည်၍ ကိုယ်တော်၏နောက်သို့ လိုက်လျှောက်လျှင် ဤယုံကြည်မှုသည် သင့်အား ကမ္ဘာဘာသာတရားကျင့်သုံးသူ၊ အ ပြစ်သားတစ်ဉီးအဖြစ်သို့ ဆွဲချလိမ့်မည်။ သင်သည် နောက်စဉ်အပြစ် များကို ဆေးကြောရန် ကြိုးစားနေခြင်း ဖြစ်သည်။
တစ်ဘက်တွင် သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ကိုနှုတ်ကပတ်တော်ကို ယုံကြည်ခဲ့လျှင် သင်သည် အပြစ်များအားလုံး မှ ကယ်တင်ခြင်းခံရလိမ့်မည်။ ဤယုံကြည်မှုသည် အချိန်ကာလကြာ လာလေလေ ပို၍ တောက်ပလေလေ ဖြစ်သည်။ သင်သည် ဤကယ် တင်ခြင်းအလင်းကို သူတပါးထံ ဟောပြောရန် ဂုဏ်ယူဝင့်ကြွားလိမ့် မည်။ ဝမ်းနည်းစရာမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၇၀၀ ကျော်တွင် ခရစ် ယာန်များသည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထား၍ ကားတိုင်တစ်ခုတည်းကို သူတို့၏ကယ်တင်ခြင်းအဖြစ် ယုံကြည်ခဲ့ ကြခြင်း ဖြစ်သည်။ သူတို့သည် ဤသို့သောယုံကြည်မှုပေါ်တွင် ရပ် တည်ကြသောကြောင့် သူတို့သည် စစ်မှန်သောသတင်းကောင်း မ ကြားရသေးသောသူများနှင့်အတူ အပြစ်သားများအဖြစ် ပျက်စီးနေ ကြသည်။ ဤချိန်အထိ သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန် ထားသော အယူဝါဒပေါ်တွင် မိမိယုံကြည်မှုအခြေခံအုတ်မြစ်တည် ဆောက်သူ အမြောက်အမြားရှိကြသည်။ ဤအရာကို ကျွန်တော်မြင် တွေ့သောအခါ ကျွန်ုပ်နှလုံးသား ကြေကွဲရသည်။ နောက်ဆုံးတွင် သင်သည် မိမိနှလုံးသား၌ အပြစ်ကျန်သေးလျှင် သင်သည် ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်ကို ဆက်နွယ်နိုင် မည် မဟုတ်ပေ။ ၎င်းတို့ကို တစ်ခုတည်းသောကယ်တင်ခြင်းအဖြစ် ယုံကြည်လိမ့်မည် မဟုတ်ပေ။
လူများစွာတို့သည် နိုင်းစင်းအယူဝါဒချန်ထားသော သခင်ယေရှု ၏ဗတ္တိဇံနှုတ်ကပတ်တော်ကို လျစ်လျူရှုခဲ့ကြသောကြောင့် သူတို့ သည် ကားတိုင်ပေါ်တွင် အသွေးတော်ကို သူတို့၏ကယ်တင်ခြင်းအ ဖြစ်သာ ယုံကြည်ကြသည်။ ဤဝမ်းနည်းဖွယ်ကောင်းသောအဖြစ်အ ပျက်သည် ယနေ့ကျွန်ုပ်တို့အပေါ်၌သာမက ၁၅၀၀ခန့်က ပရိုတက်စ တင့်ပြုပြင်ပြောင်းလဲသူများအပေါ်တွင် ဖြစ်ပျက်ခဲ့သည်။ ကဲသိုလိတ် ယုံကြည်မှုသည် ကားတိုင်၏နှုတ်ကပတ်တော်၌သာ အမွေဆက်ခံ ထားသောကြောင့် သူတို့သည် ယနေ့ခရစ်ယာန်ဘာသာတစ်လျှောက် ဤယုံကြည်မှုကို ဟောပြောခဲ့ကြ၍ သခင်ယေရှုကို ယုံကြည်သော အပြစ်များအဖြစ်သို့ ခရစ်ယာန်အားလုံးကို ပြောင်းလဲစေခဲ့ကြသည်။
ဓမ္မသစ်ကျမ်းရှိခရစ်ဝင်ကျမ်းလေးကျမ်းတွင် ဗတ္တိဇံယောဟန် ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံ၏နှုတ်ကပတ်တော်ကို မှတ်တမ်းတင်ထားခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် မိမိကိုယ်ပေါ်သို့ ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်ဟု သူတို့က ရေးသားသည်။ အင်ပါယာကွန်စတင့်တိုင်း များက နိုင်းစင်းအယူဝါဒမှ သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်ထားခဲ့ကြ၍ လူတိုင်းအား သခင်ယေရှု၏အသေခံတော်မူခြင်းကို သာယုံကြည်ရန် လူသားများအားလုံးကို လွှဲမှားစွာ လမ်းပြခဲ့ကြသည်။ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲသူများပင်လျှင် ဤယုံကြည်မှုကို လုံး ဝ ယုံကြည်ခဲ့ကြသည်။ ထိုကြောင့် ယနေ့ သူတို့၏မျိုးဆက်သစ်များ ဖြစ်ကြသူ ပရိုတက်စတင့်များက သခင်ယေရှု၏ကားတိုင်ကို ယုံ ကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းခံရသောအပြစ်သားများ ဖြစ်ကြသည်ဟု ဝန်ခံခဲ့ကြသည်။
ဤသို့ဖြင့် ၁၆ ရာစု ပရိုတက်စတင့်ပြုပြင်ပြောင်းလဲသူများက မိမိနောက်လိုက်သူများအား ကားတိုင်၏နှုတ်ကပတ်တော်ကို သူတို့ ၏ကယ်တင်ခြင်းအဖြစ်သာ ယုံကြည်ရန် သွန်သင်ခဲ့ကြသောကြောင့် သူတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း သူတို့၏နှလုံး သားများ၌ အပြစ်သားများဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို တစ်စုံ အဖြစ် ယုံကြည်၍ အပြစ်များ၏ပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။ ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည့်အရာမှာ သင်နှင့် ကျွန်တော်တို့သည် ကိုယ်တော်၏ဗတ္တိဇံအရေးပါမှုကို နားလည်သ ဘောပေါက်ခြင်းမရှိဘဲ သခင်ယေရှုကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့ သည် အသွေးတော်တစ်ခုတည်းဖြင့် အပြစ်များအားလုံးကို ဆေး ကြောခြင်းခံရကြမည် မဟုတ်ပေ။
သခင်ယေရှု၏ကားတိုင်ကိုသာ ယုံကြည်သူများသည် အပြစ် များမှ ကယ်တင်ခြင်းမခံရသေးကြပေ။ သူတို့သည် လောက၌ ဘာ သာတရားအသက်တာဖြင့်သာ အသက်ရှင်နေကြသည်။ သခင်ယေရှု သည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထာဝရအတွက် တစ်ကြိမ်တည်း ဆေးကြောပေး တော်မူခဲ့သည်။ ကျွန်ုပတို့သည် ကယ်တင်ခြင်းသမ္မာတရားကို ယုံ ကြည်ကြသောအခါ ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်များဖြေ လွှတ်ခြင်းခံရ၍ ငြိမ်သက်ခြင်းတွေ့နိုင်ကြမည် ဖြစ်သည်။ ခမည်း တော်ဘုရားသခင်သည် ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေခံတော်မူခြင်းအားဖြင့် မိမိသား တော်ယေရှုအား ကျွန်ုပ်တို့ အပြစ်များအားလုံးကို ထမ်းစေတော်မူခဲ့ ၍ သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူခဲ့သည်ကို ဆိုလိုသည်။ ဘု ရားသခင်သည် ယနေ့ သခင်ယေရှုကို လောကအပြစ်များအားလုံးမှ သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်သူများကို ထာဝရကယ်တင် တော်မူခဲ့သည်။ အတိုအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းသည် ပြစ် ကြွေးပေးဆပ်သူ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်ဖြင့် ပြည့် နေသည်။ 
ဗတ္တိဇံယောဟန်မှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံသည် ဓမ္မဟောင်းကျမ်းတွင် လက်များတင်ခြင်းအဖြစ် ထင်မှတ်ရသည်။ အ ပြစ်သားများသည် တဲတော်အတွင်း၌ ယဇ်ကောင်ပေါ်တွင် အပြစ်များ အားလုံးကို လက်တင်ခြင်းအားဖြင့် လွှဲပြောင်းပေးခဲ့ကြသည်။ ဓမ္မ ဟောင်းကျမ်းတွင် အပြစ်သားများသည် မိမိအပြစ်များကို ယဇ် ကောင်၏ဉီးခေါင်းပေါ်တွင် လက်များတင်ခြင်းအားဖြင့် ၎င်းပေါ်သို့ အပြစ်များလွှဲပြောင်းသည့်အတိုင်း ဗတ္တိဇံယောဟန်သည် ကိုယ်တော် ကို ဗတ္တိဇံပေးတော်မူခဲ့သောအခါ သင်နှင့်ကျွန်တော်တို့၏အပြစ်များ အားလုံးကို သခင်ယေရှုသည် ထာဝရအတွက် တစ်ကြိမ်တည်းလက် ခံတော်မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည်ကျွန်ုပ်တို့နေရာတွင် ကားစင်တင် အသေခံတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ် များအားလုံးမှ ရွေးနုတ်ကယ်တင်ခြင်းခံရကြခြင်း ဖြစ်သည်။ ကိုယ် တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သခင်ယေရှုသည် ယခုတွင် ကယ်တင်ခြင်းဤသမ္မာတရားကို ယုံ ကြည်သူ သင်နှင့်ကျွန်တော်တို့အပေါ် အပြစ်များထာဝရဖြေလွှတ် ခြင်းပေးအပ်တော်မူနိုင်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်များ တစ်ကြိမ်တည်းယူဆောင်သွားတော်မူရန်အတွက် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းကာအသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် များအတွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူခဲ့သည်။ ယုံကြည် သူများကျန်းမာစေတော်မူရန်အတွက် ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ် တို့၏ထာဝရကယ်တင်ရှင် ဖြစ်တော်မူခဲ့သည်။ ကိုယ်တော်သည် အ ပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်တော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူသည်။ 
 


ဘုရားရှေ့တော်၌ ကျွန်ုပ်တို့ပေးရမည့် စစ်မှန်သော “နောင်တရခြင်း”


ဘုရားရှေ့တော်၌ ကျွန်ုပ်တို့အားလုံးပြုရမည့်နောင်တရခြင်းမှာ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အ ပြစ်များအားလုံးရည်ညွှန်းရန် ဆန္ဒအပေါ် ဝန်ခံခြင်း ဖြစ်သည်။ ဤအ ရာသည် စစ်မှန်သောနောင်တရခြင်း ဖြစ်သည်။ ဤသို့သော နောင်တ ရခြင်းမှာ သခင်ယေရှု၏ဗတ္တိနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအပေါ် အခြေပြုသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံနိုင်ကြသည်။ 
ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းအမှန်အ ကန်ခံရမည်ဟုဆိုရာတွင် သင်နှင့်ကျွန်တော်တို့သည် နောင်တနှင့်စပ် ဆိုင်သောဆုတောင်းခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရ သည်ကို မဆိုလိုပေ။ ဘုရားရှေ့တော်၌ စစ်မှန်သောနောင်တရခြင်း မှာ သင်သည် ဤနေ့အထိ သင်လိုက်လျှောက်ခဲ့သောလမ်းမှ နောက် ကြောင်းပြန်လှည့်၍ သင့်အား သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ကို ယုံကြည်စေသော စစ်မှန်သောသတင်းကောင်းနှုတ်ကပတ်တော် ကို ယုံကြည်မှသာ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့အပြစ်များထမ်းရန် သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်သို့ ပြန်လှည့်၍ ယုံ ကြည်ခြင်းသည် စစ်မှန်သောနောင်တရခြင်း၏ယုံကြည်ခြင်းပိုင်ဆိုင် မှု ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ကယ်တင်တော်မူခဲ့သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြစ်သည်။ ဤယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ထံ တော်သို့ ပြန်လှည့်ခြင်းမှာ စစ်မှန်သောနောင်တခြင်းအဖြင့် ပိုင်ဆိုင် သော ယုံကြည်ခြင်း ဖြစ်သည်။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံ၊ လောကအပြစ်များကို ထမ်းရန် ကားတိုင်ပေါ်တွင် သေခံတော်မူ ခြင်း၊ အသွေးတော်သွန်းလောင်းတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော် မူခဲ့သည်။ ကိုယ်တော်ကို ယခု ကယ်တင်ရှင်အဖြစ် ယုံကြည်၍ နှလုံး သား၏အပြစ်များအားလုံးမှ ဆေးကြောပေးခြင်းမှာ စစ်မှန်သော နောင်တရခြင်း၏ယုံကြည်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် မှန်ကန် သောနောင်တရခြင်းအတါက် ဤသို့သောယုံကြည်ခြင်းရှိသောသူ များကို ထောက်ခံတော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်သည် ဗတ္တိဇံယောဟနထံမှ ဗတ္တိဇံခံယူတော်မူခြင်း၊ အ သေခံတော်မူခြင်း၊ ကျွန်ုပ်တို့နေရာတွင် အပြစ်များအတွက် ပြစ်ကြွေး ပေးဆပ်ရန် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည်ရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤယုံကြည်မှုဖြင့် ကိုယ်တော်ထံ တော်သို့ အမှန်အကန် နောင်တရ၍ ပြန်လှည့်ရကြမည် ဖြစ်သည်။
စစ်မှန်သောနောင်တရခြင်းမှာ နိုင်းစင်းယုံကြည်မှုမှ သခင်ယေ ရှု၏ဗတ္တိဇံလုပ်ငန်းကို ချန်ထား၍ ကားတိုင်တစ်ခုတည်းကို ယုံကြည် ရန် ကျွန်ုပ်တို့ကို လွှဲမှားစွာ လမ်းပြသော အင်ပါယာကွန်စတင်တိုင်း ၏ဆိုးသောလုပ်ငန်းမှ ပြန်လှည့်၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများအားလုံး၏အပြစ် များကို ယူဆောင်သွားတော်မူသည်ဟု ယုံကြည်လျက် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့နေရာ တွင် အပြစ်ကြွေးပေးဆပ်တော်မူရန် အပြစ်ဒဏ်ခံယူတော်မူခြင်း၊ ကိုယ်တော်၌ ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး မှ ကယ်တင်ခြင်းခံရခြင်းကို ဆိုလိုသည်။ ဤသို့သော ပုဂ္ဂိုလ်များကို အမှန်အကန်နောင်တရသည်ဟု ကိုယ်တော်လက်ခံသောသူများ ဖြစ် ကြသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ရှေ့တော်၌ စစ်မှန်သော နောင်တရလိုလျှင် ကိုယ်တော်ဗတ္တိဇံနှင့်အသွေးတော်ဖြင့် ကျွန်ုပ်တို့ နှလုံးသားများ၏အပြစ်များအားလုံးကို ဆေးကြောပေးသောယုံကြည် ခြင်းရှိကြပါစို့။ ထိုနောက် ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့၏ ယုံကြည်မှုကို အတည်ပြုတော်မူလိမ့်မည်။ ကိုယ်တော်သည် ဗတ္တိဇံ ခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ကြွေးပေးဆပ် ခြင်းအဖြစ် ယဇ်ပူဇော်သက္ကာကို ကျွန်ုပ်တို့ ယုံကြည်ကြပါစို့။ ယခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ကို တစ်ကြိမ်တည်းဆေးကြောပေးကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ် တို့အား စစ်မှန်သောနောင်တရသူများဖြစ်ကြသည်ဟု မိန့်တော်မူလိမ့် မည်။ 
ယခုတွင် သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ရန် လမ်းစ၌ရပ်နေသော်လည်း သင်သည် လောကဘာသာတ ရားသို့ ခြေဉီးတည့်နေသည်ဟု လူအချို့က သင့်ကို ညွှန်ပြနေလျှင် သင်သည် မှားယွင်းသောလမ်းမှ နောက်ကြောင်းပြန်လှည့်သင့်ပေ သည်။ သင်သည် သခင်ယေရှု၏ကားတိုင်ကို ယုံကြည်ခြင်းမှ နောက် သို့ပြန်လှည့်လိုလျှင် ဤအရာကို လုပ်သင့်သည်။ သခင်ယေရှု၏ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ဖြင့် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းကို ယုံကြည်ရမည်။ ထိုကြောင့် သင်သည် သင်၏အ ပြစ်များမှ ဆေးကြောပေးသော ယုံကြည်ခြင်းရှိရမည် ဖြစ်သည်။
သင်သည် ဤသို့အမှန်အကန်ပြုလျှင် သင်သည်အံ့ဩနိုင်ပေ သည်။ ကားတိုင်တစ်ခုတည်းသာယုံကြည်ခြင်းနှင့် ကိုယ်တော်၏ဗတ္တိ ဇံနှင့်အသွေးတော်ယုံကြည်ခြင်းတို့၏ ခြားနားမှုမှာ စာရွက်ပါးပါးဖြစ် သည်ဟု သင်ထင်နိုင်သည်။ သို့သော် ထိုအရာသည် သမ္မာတရားအ မြင်မဟုတ်ပေ။ ဤသေးငယ်သောခြားနားချက်သည် သင်၏အသက် ကို ကယ်တင်သောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ဆေးကြောပေးနိုင်ကြသည်။ ဤအရာပြီးနောက် သန့်ရှင်း သောဝိညာဉ်တော်သည် သင်၏အပေါ်သို့ ဆင်းကြွတော်မူ၍ သင် သည် ယုံကြည်ခြင်းအသက်တာဖြင့် မည်သို့ဖြင့် ဒုတိယမွေးဖွားခြင်း ဖြင့်အသက်ရှင်ရန်သင်ယူရမည်ကို လမ်းပြပို့ဆောင်တော်မူနိုင်သည်။
လောကအသင်းတော်များတွင် လူများက သခင်ယေရှုထံ နောင် တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုကြလျှင် သူတို့၏အပြစ်များ ဖယ်ရှားပေးသည်ဟု သွန်သင်ခဲ့ကြသည်။ သို့သော် သင်သည် မှား ယွင်းသောလမ်းမှ နောက်သို့ပြန်လှည့်၍ ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော စစ်မှန်သောဗတ္တိဇံနှင့် သွန်းလောင်းတော်မူ သောအသွေးတော်ကို ယုံကြည်လျှင် ကျွန်ုပ်တို့သည် သမ္မာတရားမှန် ကန်သောလမ်း၌ လျှောက်သောယုံကြည်ခြင်း ပိုင်ဆိုင်နိုင်မည်။ ကျွန်ုပ်သည် ကိုယ်တော်ရှေ့တော်၌ စစ်မှန်စွာ နောင်တရနိုင်ရန် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူ၍ ပြစ်ဒဏ်ခံယူတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ် သည်။ ဤအရာသည် မှန်ကန်စွာ နောင်တရခြင်းအရာ ဖြစ်သည်။
ကျွန်ုပ်တို့ယုံကြည်သော စစ်မှန်သောကယ်တင်ခြင်းသမ္မာတရား မှာ သင်နှင့်ကျွန်တော်တို့အပြစ်များကို သခင်ယေရှုယူဆောင်သွား တော်မူခဲ့သည်ဟူသော အပြစ်များဆေးကြောခြင်း၏ဗတ္တိဇံ၊ အပြစ် များအတွက် တရားစီရင်ခြင်းခံရရန် အပြစ်များ၏ပြစ်ကြွေးပေးဆပ် ခြင်းအဖြစ် ကားတိုင်ပေါ်တွင် ဒုက္ခခံရသောသေခြင်းဖြစ်သည်။ ဤ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း နှင့် ထာဝရအသက်ရရှိနိုင်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံအမှု အားဖြင့် ဤလောကအပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင် သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းအသေ ခံကာ ဤလောကအပြစ်များမှကယ်တင်ခြင်းခံရရန် ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများကို ကောင်းကြီးမင်္ဂများချပေး တော်မူခဲ့သည်။ နှုတ်ကပတ်တော်သမ္မာတရားသည် ယခုတွင် သင့် အား သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံး ကို တစ်ကြိမ်တည်ထမ်းနိုင်မူခဲ့သည်ဟု ပြေထားသည်။ ဗတ္တိဇံယောဟန် ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံလုပ်ငန်းအတွက် ကျေးဇူး တော်ချီးမွမ်းရမည် ဖြစ်သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့် သင်နှင့်ကျွန်တော်တို့ကို ကယ်တင်တော်မူခဲ့သော အသက် ရှင်တော်မူသောအရှင် ဖြစ်တော်မူသည်။
ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေးတော်တို့သည် ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ထမ်းရွက်၍ ထိုအပြစ်များအား လုံးကို အကုန်အစင်ဆေးကြောပေးတော်မူခဲ့သည်ဟူသော ကယ်တင် ခြင်းသမ္မာတရားကို ဖွဲ့စည်းပေးသည်ဟု လူသားအားလုံးထံ သမ္မာ ကျမ်းစာက မိန့်တော်မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် နှိပ်စက်ခြင်းတ ရားစီရင်ခြင်းခံတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ် များကို ယူဆောင်သွားတော်မူခြင်းအားဖြင့် လောကအပြစ်များနှင့် တ ရားစီရင်ခြင်းမှ ယုံကြည်သူများကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သော အရှင်ဖြစ်တော်မူသည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်ုပ်တို့အား လုံးသည် ကျွန်ုပ်တို့အတွက် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ လုပ်ငန်းဖြင့် ပြည့်စုံခဲ့သော အပြစ်ဆေးကြောခြင်းနှုတ်ကပတ်တော် ကို ယုံကြည်သင့်သည်။ ထိုနည်းတူ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အ ပြစ်များ၏အခကို ပေးအပ်တော်မူခဲ့သော ကိုယ်တော်၏တရားမျှတ မှုကိုလည်း ယုံကြည်ရကြမည် ဖြစ်သည်။ ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်နှင့် အသွေးတော်အားဖြင့် လောကအပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သောကြောင့် ဖြစ်သည်။
အတိတ်က ကျွန်တော်ဒုတိယမွေးဖွားခြင်းမခံရမီ ကျွန်တော် သည် တရားဟောချက်တစ်ခုအတွက် ရက်သတ္တပတ်လုံးလုံး ကြိုးစား ၍ ပြင်ဆင်ခဲ့သည်။ သို့သော် ကျွန်တော်သည် ဤအချိန်တွင် ထိုသို့မ ရုန်းကန်ရတော့ပေ။ ဘုရားသခင်သည် ကျွန်ုပ်၏ခမည်းတော်ဖြစ် တော်မူသောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲ၌ ကိန်းဝပ်တော်မူသည်။ ကျွန်ုပ်အား ဤလောကအပြစ် များမှ ကယ်နုတ်ရန် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့ သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်နှုတ်ကပတ်တော်ကို ကျွန်တော် ရရှိခဲ့သည်။ ထိုကြောင့် ကျွန်တော်သည် ဤနှုတ်ကပတ် တော်ကို ဟောပြောသည်။ ကျွန်တော်သည် ဗတ္တိဇံယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်တို့ကို နှလုံးသား ၌ရှိသောအခါ ကျွန်တော်သည် အရင်ကဲ့သို့ အပြစ်သားတစ်ဉီး မည် သည့်အရာက ပြန်ဖြစ်စေနိုင်မည်နည်း။ စာတန်သည် ကျွန်တော့်အား အပြစ်ရှိသူအဖြစ် မတရားစွပ်စွဲခဲ့သည်။ သို့သော် ကိုယ်တော်သည် မိမိဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်များကို ဖယ်ရှားပေးတော်မူ ခဲ့သောကြောင့် ထိုအရာများအပေါ် ကျေးဇူးတင်ကြသည်။ ကျွန်ုပ်အ ပြစ်များသည် အတတ်တွင် ကျွန်ုပ်ကို တုန်လှုပ်ချောက်ချားစေလေ့ရှိ သည်။ သို့သော် ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း နှင့်ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကျွန်တော့်ကို ကယ်တင် တော်မူခဲ့သောကြောင့် ကျွန်ုပ်မှာအပြစ်ရှိသေးသည်ဟု မည်သူပြော နိုင်မည်နည်း။ ကျွန်ုပ်၏ဤယုံကြည်မှုဖြင့် ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူခြင်းနှင့် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူသောကြောင့် ကိုယ် တော့်ကို ကျွန်တော်ကျေးဇူးတင်သည်။ ဟာလေလုယ။
ကျွန်တော်သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအ ကြောင်းကို ဟောပြောနေသည်။ သီအိုလော်ဂျီဓမ္မခံယူချက်များအား ဖြင့်မဟုတ်ဘဲ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင်အသွေးတော်အကြောင်းကို ရေးသား သောဘုရားသခင်၏နှုတ်ကပတ်နှင့်အညီ ဖြစ်သည်။ ကိုယ်တော် သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် လောကအပြစ်များမှ သင့်ကို ကယ်တင်တော်မူခဲ့သည်ဟု ကျွန်တော်အကြွင်းမဲ့ယုံကြည်သည်။ သင် သည်လည်း ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သခင်ယေရှုပြည့်စုံစေ တော်မူခဲ့သော ကယ်တင်ခြင်းဖြောင့်မတ်ခြင်းကို ယုံကြည်သော ကြောင့် သင်သည် ယုံကြည်ခြင်းအားဖြင့် နှလုံးသားအပြစ်များမှ လွှတ်မြောက်ခဲ့သည်ဟု သင်သက်သေခံနိုင်သည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောလူသားအားလုံးထ၌ သခင် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို အတူတကွ ဟောပြောကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့နှင့်အတူအမှုတော်မြတ်၌ သက်သေ ခံသူများစွာ ရှိသည်။
ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးတွင်ရှိသောလူသားအားလုံးထံမှ ကယ်တင်ခြင်းသက်သေခံချက်များကြားရကြ၍ ကျွန်ုပ်တို့လုပ်ဖော် ဆောင်ဖက်များ၏သာသနာ လုပ်ငန်းများမှ အစီစဉ်ခံစာများရရှိကြ သည်။ ကျွန်ုပ်တို့သည် သူတို့နှင့်အတူ မိတ်သဟာယအတူတူဖွဲ့ကြ သည်။ ယခုတွင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုယ်တော်၏ဗတ္တိဇံနှင့်အ သွေးတော်တို့ကို ယုံကြည်ခြင်းရှိသောသူများစွာ ရှိကြသည်။ ယခုတွင် ဤသတင်းကောင်း ယုံကြည်သူ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသက် ရှင်နေကြသည်။ သခင်ယေရှုက ပိလတ်မင်းထံ “သမ္မာတရားနှင့်စပ် ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်”(ယော ဟန် ၁၈း၃၇)ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်များဆေးကြောပေးခြင်းဗတ္တိဇံနှင့်အသွေးတော်နှင့် အပြစ်များတ ရားစီရင်ခြင်းပြည့်စုံစေတော်မူခဲ့သောသေခြင်းနှင့်အကြောင်းနှင့်ပတ် သက်၍ “ငါ့ရဲ့ဗတ္တိဇံသည် သင့်အားငါပေးသော ကယ်တင်ခြင်းဗတ္တိဇံ ဖြစ်၍ ကားတိုင်ပေါ်တွင် ငါ့ရဲ့အသေခံခြင်းမှာ သင်ရဲံအပြစ်များအ တွက် တရားစီရင်ခြင်းဖြစ်သည်”ဟု ကိုယ်တော်မိန့်တော်မူသည်။
သခင်ယေရှုသည် လူသားများ၏အပြစ်များကို ယူဆောင်သွား တော်မူ၍ တရားစီရင်ခြင်းခံယူတော်မူရန်အတွက် ဤလောကသို့ ကြွ လာတော်မူခဲ့သောကြောင့် သခင်ယေရျုသည် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်တင်အသေခံတော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဤလောကအပြစ်များမှ ထာဝရကယ်တင်တော်မူရန် အတွက် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းကာအသေခံတော်မူခဲ့သည်။ သခင်ယေရှုသည် ယုံကြည်သူ ကျွန်ုပ်တို့အားလုံး၏ကယ်တင်ရှင် ဖြစ်တော်မူသည်ဟု ဤလုပ်ငန်း သည် သက်သေအထောက်အထား ဖြစ်သည်။ ယခုမှစ၍ ဗတ္တိဇံယော ဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်သူအားလုံးတို့သည် မည်သူမည်ဝါများဖြစ် စေကာမူ သူတို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ သည်။ သခင်ယေရှုသည် ခံယူတော်မူခဲ့သောဗတ္တိဇံနှုတ်ကပတ်တော် ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ဆေးကြော ပေးနိုင်ကြ၍ ကိုယ်တော်သည် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ် များ၏ပြစ်ကြွေးများကို ပေးဆပ်ပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်လုံးဝမရှိသော ဖြောင့်မတ်သူများဖြစ် လာခဲ့ကြသည်ဟု ယခုပြောနိုင်ကြသည်။ ဤအရာသည် မှန်ကန် သည်မဟုတ်လော။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံနှင့် အသေခံတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခြင်းအားဖြင့် ကိုယ်တော်ဆောင်ရွက်တော်မူခဲ့သောအမှုကို ယုံကြည်ခြင်းအားဖြင့် လူတိုင်းသည် အပြစ်များအားလုံးမှ ကယ်လွှတ် ခြင်းခံရကြ၍ ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်နှုတ်ကပတ် တော်ကို ထဲထဲဝင်ဝင် နားထောင်ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်များဆေးကြောခြင်းခံရသောယုံကြည်ခြင်းကို အမှန်အကန်ရရှိ နိုင်ကြသည်။ ယခုတွင် သခင်ယေရှုသည် ဤလောကသို့ မည်သည့်အ ချိန်တွင် ပြန်လည်ကြွလာတော်မူလိမ့်မည်ကို သင်နှင့်ကျွန်တော်တို့ သည် မသိကြပေ။ သခင်ယေရှုခရစ်တော်သည် ဤလောကသို့ နှစ် ပေါင်း ၅၀ သို့မဟုတ် နှစ်ပေါင်း ၅၀၀ အတွက် ပြန်လည်ကြွလာတော် မူလိမ့်မည်ကို မည်သူမည်ဝါကမျှ မသိပေ။ သို့သော် ကျွန်ုပ်တို့အားလုံး ရှင်းလင်းစွာသိသောအရာတစ်ခုရှိသည်။ သခင်ယေရှုသည် ယခုတွင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ဤလောကအပြစ်များကို ထမ်းကာ အသေခံတော်မူခဲ့ပြီဖြစ်သောကြောင့် ကိုယ်တော်သည် ယုံ ကြည်သူများ၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ ဤအရာကို ယုံကြည် သူအားလုံးတို့သည် လောကအပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။
ကိုယ်တော်သည် ဤလောကသို့ ပြန်လည်ကြွလာတော်မမူမီ ဘုရားသခင်၏ရန်သူကြီး၊ အန္တိခရစ်သည် ရှေ့ဉီးစွာ ရောက်လာလိမ့် မည်။ ကိုယ်တော်သည် အလင်း၏သားသမီးများထံ ဤအရာကို သိ စေတော်မူလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ သခင်ယေရှု သည် ဤလောကသို့ ပြန်လည်ကြွလာတော်မူသောအခါ တစ်ကမ္ဘာ လုံသည် ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်ကို သိ၍ယုံကြည်သူများနှင့် ပြည့်နေလိမ့် မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ တူညီသော ယုံကြည်ခြင်းကို မျှဝေသော တစ်ကမ္ဘာလုံးတွင် ပို၍ များပြားသော ယုံ ကြည်သူများ ရှိလိမ့်မည်။ ဤသို့သော နိမိတ်လက္ခဏာများသည် တိုင်းနိုင်ငံအသီးသီးတွင် သက်သေပြသခဲ့ပြီး ဖြစ်သည်။ ဤနောက် ဆုံးချိန်တွင် သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ဖြင့် အ ပြစ်ပြဿနာကို ဖြေရှင်းခြင်းမပြုဘဲ ပျက်စီးနေလျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ သင့်အပေါ်သို့ ဤအရာမဖြစ်ပျက်မည့်အ ကြောင်း ကျွန်တော်မြော်လင့်၍ ဆုတောင်းသည်။
မြေငလျင်တုန်လှုပ်ခြင်းနှင့်ရောဂါဘယများသည် တစ်ကမ္ဘာလုံး ၌ ပြန့်နှံ့လိမ့်မည်။ နိုင်ငံတိုင်းတွင် စစ်ပွဲခြိမ်းချောက်မှုခံရလိမ့်မည်။ လေဆင်နှာမောင်းကဲ့သို့သော ပြင်းထန်သောလေမုန်တိုင်းများနှင့် ပို ၍ဆိုးသွမ်းသော သဘာဝဘေးအန္တရာယ်များ မကြာခဏပေါ်ပေါက် လာလိမ့်မည်။ ဤအရာကို ဝန်ခံခြင်းအားဖြင့် သိပ္ပံပညာက လူမျိုး နွယ်စုများ တွေ့ကြုံသောပြဿနာများကို ဖြေရှင်းပေးရန် ဆက်လက် တိုးတက်စေလျက်ရှိသည်။ သို့သော် ထိုအရာသည် ဤအရာကို ပြီး မြောက်အောင်မြင်မှု မပေးနိုင်ပေ။ ခရစ်ယာန်အသိုင်းအဝိုင်း၌ လှည့် စားသူများစွာတို့သည် ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှင့် ကိုယ်တော်၏အခွင့်အာဏာကို စိန် ခေါ်ကြလိမ့်မည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို နှလုံးသား များဖြင့် မယုံကြည်သူများသည် ဝိညာဉ်ဆိုးတို့၏ထိန်းချုပ်မှုကို ခံရ ကြလိမ့်မည်။ ဝိညာဉ်ဆိုးတို့သည် သူတို့၏နှလုံးသားများ၌ ဝင်ရောက် ကြ၍ သူတို့သည် စာတန်မာရ်နတ်နှင့် မိမိကိုယ်ကိုကိုယ် စားလုံးကြ၍ သူတို့သည် ဤအရာအတွက် ကျိန်ခြင်းအမင်္ဂလာကို ခံရကြလိမ့်မည်။
ဤသို့သောအရာများဖြစ်ပျက်သောအခါ သင်သည် သခင်ယေရှု ၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဆေး ကြောခြင်းခံခဲ့ရသောဘုရားသခင်၏လူတစ်ဉီး ပြုလုပ်ခဲ့သည်ဟု သေ ချာစွာ သိရမည် ဖြစ်သည်။ ဤလက်ရှိခေတ်ကာလသည် ဤကမ္ဘာအ တွက် ကောင်းသောနောက်ဆုံးချိန်ဖြစ်လိမ့်မည်။ သို့သော် မည်သည့် အချိန်တွင် ကုန်ဆုံးမည်ကို မည်သူမည်ဝါမျှ မသိရပေ။ သသခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သည် ယုံကြည်သူများ၏ ယုံကြည်မှုကို ပြည့်စုံစေ၍ သူတို့နှလုံးသားများကို ခိုင်ခံ့မြဲမြံစေသည်။ 
အန္တိခရစ်ယာန် သခင်ယေရှုခခရစ်တော် ဒုတိယအကြိမ်ကြလာ တော်မမူမီပေါ်လာ၍ ဖြောင့်မတ်သူများမာတုရအသေခံတော်မူခြင်း သည် ကိုယ်တော်ပြန်လည်ကြွလာတော်မူပြီးနောက် ဖြစ်ပျက်လိမ့် မည်ဟု ကျွန်တော် ယုံကြည်သည်။ ဗျာဒိတ်ကျမ်းတွင် ဖော်ပြထား သည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ်တော်ပြန်လည်ကြွလာတော်မူ ခြင်း၏တံပိုးမှုတ်သံကို ကြားသောအခါ ဤအရာဖြစ်ပျက်လိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ကိုယ်တော်သည် မည်သည့်အချိန်တွင် ဤ လောကသို့ ပြန်လည်ကြွလာတော်မူမည်ကို တိကျစွာသိရှိရန် မလို အပ်ပေ။ ကယ်တင်ရှင်သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် အသေခံ တော်မူ၍ အသွေးတော်သွန်းလောင်းကာ ကားတိုင်ပေါ်တွင် “အမှုပြီး ပြီ”ဟု ပြောကာ အသေခံတော်မူလျက် သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူခဲ့သောကြောင့်လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ အားအပြစ်များအားလုံးနှင့် တရားစီရင်ခြင်းတို့မှ ကယ်တင်တော်မူခဲ့ သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် အပြစ်များ၏ ပြစ်ကြွေးများပေးဆပ်ခြင်း၊ ကယ်တင်ခြင်းနှုတ်ကပတ်တော်ဖွဲ့စည်း ထားသော နေရာ ကားတိုင်ကို သင်တို့အားလုံးသည် ယုံကြည်ရန် ကျွန်တော် သင်တို့ကို တိုက်တွန်းသည်။ သင်သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်မှသာလျှင် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရမည်ဟု ကျွန်တော်ယခုတွင် သင်တို့အား ပြောနေ ခြင်း ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ် တော်သည် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးတော်မူ၍ ကျွန်ုပ် တို့နေရာတွင် တရားစီရင်ခြင်းခံတော်မူခြင်းအားဖြင့် ကယ်တင်တော် မူခဲ့သည်ကိုလည်းကောင်း ဖော်ပြသောနှုတ်ကပတ်တော်ကို သင်၏ နှလုံးသားဖြင့် ယုံကြည်ရန် ကျွန်တော် တောင်းဆိုလိုပါသည်။ သင် သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းမရှိလျှင် ဤအချိန်သည် အခါမနှောင်းသေးပေဟု ကျွန်တော်ပြောပါရစေ။ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်သို့ ထိုအပြစ်များကို ထမ်းသောအမှုအားဖြင့် ဤလောကအပြစ် များကို လက်ခံတော်မူခဲ့သော သခင်ယေရှုကို ယခုတွင် ကယ်တင်ရှင် အဖြစ် သင်ယုံကြည်လျှင် ကယ်တင်ခြင်းခံရနိုင်သေးသည်။
တစ်ဖက်တွင် ယခုချိန်တွင် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ကို နှလုံးသားဖြင့် မယုံကြည်သောသူများသည် မယုံကြည်ခြင်း အတွက် အပြစ်များ၏တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။ ထိုကြောင့် သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်၍ ယခု တွင် အပြစ်များနှင့်တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရရန် ကျွန် တော်တိုက်တွန်းလိုပါသည်။ ဘုရားသခင်သည် သင့်အားကောင်းကြီး မင်္ဂလာချပေးတော်မူရန် ကျွန်တော်ဆုတောင်းပါသည်။ သင်သည် သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် သင် သည် ယခုတွင် သခင်ယေရှုအပေါ်သို့ သင်၏အပြစ်များအားလုံးကို လွှဲပြောင်း၍ အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရရန်နှင့် ကိုယ် တော်နှင့်အတူ ဘုရားသခင်၏ဘုန်းအသရေတော်ကို မျှဝေခံစားနိုင် ပါသည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြောကြားတော်မူသောအရာ မှာ “ငါခံယူခဲ့သောဗတ္တိဇံမှာ သင်၏အပြစ်များအားလုံးကို တစ်ကြိမ် တည်းထမ်း၍ ဆေးကြောပေးရန်အတွက် ဖြစ်သည်။ ကားတိုင်ပေါ် တွင် ငါသွန်းလောင်းသောအသွေးတော်မျာ သင်၏အပြစ်များ၏တ ရားစီရင်ခြင်း၊ သင့်နေရာတွင် ပြစ်ဒဏ်ခံရန်အတွက် ဖြစ်သည်။ ဗတ္တိ ဇံယောဟန်ထံမှ ငါခံခဲ့သောဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် ပြစ်ဒဏ်ခံရ ခြင်းအားဖြင့် သင်၏တစ်သက်လုံးကျူးလွန်သောအပြစ်များအားလုံး ကို ထမ်း၍ ဆေးကြောပေးရန်အတွက် ဖြစ်သည်။ ငါသည် ငါ့၏ဗတ္တိ ဇံနှင့်အသွေးတော်အားဖြင့် သင်တို့၏မျိုးဆက်သစ်များအားလုံး၏အ ပြစ်များကို ထမ်း၍ဖြေရှင်းပေးခဲ့သည်။ ငါသည် ဗတ္တိဇံနှင့်အသွေး တော်အားဖြင့် သင်၏ဘိုးဘေးများ၏အပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်။ သင်သည် နောင်အနာဂတ်တွင် ကျူးလွန်မည့်အပြစ် များမှ သင်ကို ငါကယ်တင်ခဲ့သောကြောင့် သင်သည် ယုံကြည်ခြင်း အားဖြင့်သာလျှင် ကယ်တင်ခြင်းခံရနိုင်သည်။ သင်သည် ယခုတွင် ငါ လုပ်ဆောင်သောကယ်တင်ခြင်းအမှုကို နှလုံးသားဖြင့် ယုံကြည်ခြင်း အားဖြင့် သင်သည် ထာဝရကယ်တင်ခြင်းသို့ ရောက်နိုင်၍ အပြစ်များ အားလုံးမှ လွှတ်မြောက်ကာ ထာဝရအသက်ရရှိနိုင်သည်။ ငါသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် လောကအပြစ်များအားလုံးမှ သင့်ကို ကယ်တင်ခဲ့သည်။ ထိုကြောင့် ငါသည် ကားတိုင်ပေါ်တွင် “အမှုပြီးပြီ” ဟု ကြွေးကြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ငါသည် ဗတ္တိဇံနှင့်အသွေး တော်အားဖြင့် ကယ်တင်ခြင်းအမှုကို ပြည့်စုံစေခဲ့သည်။ ငါသည် သင် ၏အပြစ်များကို ထာဝရအတွက် တစ်ကြိမ်တည်းဖယ်ရှားခြင်းအမှုကို အကုန်အစင် လုပ်ဆောင်ခဲ့သည်” ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုအပေါ်သို့ အပြစ်များကို လွှဲပြောင်း နိုင်သောကြောင့် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ကျေးဇူး တင်သည်။ သခင်ယေရှငသည် ဗတ္တိဇံခံနှင့် ကားတိုင်ပေါ်တွင် ကျွန်ုပ် တို့အပြ်စများအတွက် ပြစ်ဒဏ်ခံရန် အသေခံတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤသို့ပြုနိုင်ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အပြစ်များ၏ပြစ် ဒဏ်ခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်ဟု ကျွန်ုပ်တို့မသိကြလျှင် ကျွန်ုပ်တို့နှလုံးသား၌ ငြိမ် သက်ခြင်း ရောက်လာနိုင်မည်မဟုတ်သည်ကို ကျွန်ုပ်တို့နားလည်သ ဘောပေါက်ရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုန်းကြီးတော်မူသောကိုယ်တော်ကို တွေ့ဆုံ သည့်နေ့အထိ သခင်ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် ကျွန်ုပ် တို့အပြစ်များ၏ပြစ်ဒဏ်ကို ထမ်းခြင်းအားဖြင့် ဤလောကအပြစ်များ ကို ယူဆောင်ခြင်းအားဖြင့် သခင်ယေရှုယူဆောင်လာတော်မူခဲ့သော ကယ်တင်ခြင်းအမှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက် ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့် အ သွေးတော်အားဖြင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကောင်းကြီး မင်္ဂလာများကို ခံစားရကြသောအခါ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာ အားလုံးမှာ ကိုယ်တော်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်း ဖြစ်သည်။
မျက်မှောက်ကာလများတွင် တိုင်းတပါးမှ ကယ်တင်ခြင်းသက် သေခံချက်များကို လူများစွာတို့က ကျွန်ုပ်တို့ထံ စာရေးသားပေးပို့ခဲ့ ကြသည်။ သင်းအုပ်ဆရာတစ်ပါးအဖြစ် အမှုတော်ဆောင်တစ်ပါးက ကျွန်ုပ်တို့ထံ မိမိသက်သေခံချက်ကို ပေးပို့ခဲ့သည်။ သူသည် အင်္ဂလိပ် ဘာသာစကားဖြင့် ရေးထားသော အတွဲ ၁ နှင့် ၂ တို့ကို ဖတ်၍ အကျိုး သက်ရောက်မှုမှာ အပြစ်မှကယ်တင်ခြင်းခံရသည်ဟု ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ ကားတိုင်၏ဘာသာတရားကို ယုံကြည်ခဲ့သောတစ် ကမ္ဘာလုံးတွင်ရှိသောမရေတွက်နိုင်သောလူများစွာတို့သည် ယခုတွင် ကယ်တင်ခြင်းတသင်းစကားများကို ကျွန်ုပ်တို့ထံ ပေးပို့ကြသည်။ သူတို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်၏သွေးတော်ဖြင့် ပြည့် စုံသော ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များ အားလုံးမှ ဆေးကြောခြင်းခံရကြသောကြောင့် သူတို့သည် အလွန် ဝမ်းမြောက်ကြသည်ဟု ပြောကြားခဲ့ကြသည်။ ကားတိုင်ပေါ်တွင် သ ခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်သူကျွန်ုပ်တို့သည် အရေအ တွက် ပို၍ များပြားသည်ဟု သင်ယခုထိ တွေးနိုင်လိမ့်မည်။ သို့သော် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဗတ္တ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ကြသောကြောင့် သူတို့ ၏အပြစ်များကို ဖယ်ရှားပေးသောသခင်ယေရှုကို ကယ်တင်ရှင်အ ဖြစ် ယခု ယုံကြည်သူ တစ်ကမ္ဘာလုံးတွင် လူပေါင်းများစွာရှိသည်။
ကိုယ်တော်သည် သူတို့အတွက် ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ် များမှ ဒုတိယမွေးဖွားခြင်းခံရစေသော ယုံကြည်ခြင်းကို လူသားအား လုံးရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရကြသည်။ ရေနှင့်ဝိညာဉ်တော်တသင်းကောင်းက သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကျွန်ုပ်တို့ ၏အပြစ်များအားလုံးဆေးကြောပေးခြင်းအားဖြင့် ဤလောကအပြစ် များကို ထမ်းတော်မူခဲ့သည်ဟု ပြောကြားသည်။ ကျွန်ုပ်တို့သည် သ ခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်နှုတ်ကပတ်တော်ကို ယုံကြည်မှ သာလျှင် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သင်နှင့် ကျွန်တော်တို့သည် အပြစ်များမှ ဆေးကြောသည်ဟူသောအချက်ကို လျစ်လျူမရှုသင့်ပေ။ ထိုအရာများကို ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏နာမတော်ကို ချီးမွမ်းကြပါစို့။ ကျွန်ုပ်တို့အားလုံးသည် သခင် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရကြပါစို့။ ဟာလေလုယာ။