Search

တရားဟောချက်များ

ဘာသာရပ် ၁၂ - သင်၏စိတ်နှလုံးသား၌ ရှုပ်ထွေးမှုများနှင့် အချည်းနှီးများ ရှိလျှင် သမ္မာတရား အလင်းကို ရှာပါ

[12-2] သခင်ယေရှု၏သတို့သမီးများ မည်သို့ဖြစ်လာနိုင်ကြသနည်း (ယောဟန် ၂း၁-၁၁)

သခင်ယေရှု၏သတို့သမီးများ မည်သို့ဖြစ်လာနိုင်ကြသနည်
(ယောဟန် ၂း၁-၁၁)
“သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာ ဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။ ယေရှုနှင့်တ ပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ စပျစ်ရည်ကုန်သောအ ခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ 
ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင် သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ 
မယ်တော်ကလည်း၊ သူစေခိုင်း သမျှတို့ကို  ပြုကြလော့ဟု အစေ ခံတို့အားဆိုလေ၏။ 
ယုဒဘာသာအ လျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထား လျက်ရှိ၏။ ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံ တို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။ ယခု ခပ်၍ပွဲအုပ်ထံသို့ သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်း ကြ၏။ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေ ကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကို သိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင် အား အသံကို လွှင့်၍၊ အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစ ပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီ ဟုဆို၏။ ထိုသို့ယေရှုသည် ရှေးဦးစွာ သော ဤနိမိတ်လက္ခဏာကိုဂါ လိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်း တော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည် ကြ၏။
ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊ ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။”
 

မိတ်ဆက်ခြင်း

ယနေ့ဖတ်ရှုသောကျမ်းချက်တွင်  ကိုယ်တော်သည် မိမိတပည့် တော်များနှင့်အတူ ဂါလိလဲပြည်၊ ကာနမြို့၌ကျင်းပသောမင်္ဂလာ ဆောင်ပွဲသို့ တက်ရောက်တော်မူခဲ့သည်ကို တွေ့ရသည်။ သခင်ယေရှု ၏မိခင်၊ မာရိလည်း ထိုနေရာသို့ တက်ရောက်ခဲ့သည်။ ယုဒလူမျိုးများ သည် မင်္ဂလာဆောင်ပွဲကျင်းပသောအခါ အများအားဖြင့် တစ်ပတ် သို့ မဟုတ် တစ်ခါတစ်ရံ နှစ်ပတ်ကြာတတ်သည်။ သတို့သားက မိမိနေ အိမ်၌ သတို့သမီး၏ဧည့်သည်များကို ဧည့်ခံသည်။ ထိုနေရာတွင် ပျော်ရွှင်ဖွယ်ရာဂိမ်းများ ကစား၍ သီချင်းများဆို၍ ကခုန်ကြသည်။ ဧည့်သည်များကို စပျစ်ရည်ဖြင့် ဧည့်ခံ၍ ဟင်းမျိုးစုံကိုလည်း ကျွေးခဲ့ သည်။ သတို့သားနှင့်သတို့သမီးတို့သည် အချင်းချင်း ချစ်ချင်းမေတ္တာ သီချင်းများ သီဆိုကြ၍ ပါတီပွဲအတွက် ကြည်နူးဖွယ်ကောင်းသော ခံ စားချက်များကို ဖန်တီးပေးသည်။
 

ယုံကြည်ခြင်းဖခင်တစ်ဉီးအဖြစ် မာရိ၏လမ်းပြမှု

ဣသရေလလူမျိုးများမင်္ဂလာဆောင်ပွဲတွင် စပျစ်ရည်ဖြင့်ဧည့်ခံ လေ့ရှိသည်။ ကာနမင်္ဂလာဆောင်ပွဲ၌လည်း စပျစ်ရည်ဖြင့် ဧည့်ခံခဲ့ သည်။ သို့သော် ဧည့်ခံစဉ် စပျစ်ရည်ကုန်သွားခဲ့သည်။ ထိုနေ့ရက်များ တွင် မင်္ဂလာဆောင်ပွဲ၌ စပျစ်ရည်ကုန်သွားခြင်းကို မင်္ဂလာဆောင်ပွဲ တက်ရောက်သောဧည့်သည်များအတွက် ရာဇဝင်ရိုင်းသည်ဟု စဉ်း စားရသည်။ ထိုကြောင့် ဤသို့ဖြင့် တစ်စုံတစ်ခုဖြစ်ပျက်လျှင် ဧည့် သည်များက မင်္ဂလာဆောင်လုလင်ကို အထင်သေးပြောင်လှောင်ကြ လိမ့်မည်။
ဤအကြောင်းကြောင့် မာရိက စပျစ်ရည်ကုန်သွားကြောင်း ကြားခဲ့သောအခါ သူမသည် မင်္ဂလာဆောင်လုလင်အကြောင်းကို တွေးတော်စဉ်းစားမိခဲ့သည်။ သို့သော် မာရိသည် မိမိစိုးရိမ်ပူပန်မှုများ ကို ဘေးချိတ်ထား၍ သခင်ယေရှုထံ ပြန်လှည့်ကာ သူတို့မှာ စပျစ် ရည်ကုန်သွားခဲ့ကြသည်ဟု ကိုယ်တော်ထံ လျှောက်ခဲ့သည်။ သခင် ယေရှုသည် ဤအကြောင်းကို ကြားပြီးနောက် မာရိထံ “အချင်းမိန်းမ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး”ဟု မိန့်တော်မူခဲ့သည်။ ထိုနောက် မာရိက ကောင်တ၌အလုပ်လုပ်သော အစေခံများထံလှည့်၍ ယုံကြည်ခြင်းအားဖြင့် “ကိုယ်တော်ပြောသမျှ အားလုံး လုပ်ဆောင်ကြပါ”ဟု သူတို့ထံ ပြောခဲ့သည်။
သခင်ယေရှုသည် ဤပြဿနာကို တာဝန်ယူဆောင်ရွက်တော်မူ နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သောကြောင့် သူတို့သည် စပျစ်ရည်ကုန် သွားခဲ့သည်ဟု မာရိက သခင်ယေရှုထံ ပြောခဲ့သည်။ မာရိကိုယ်တိုင် ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးတော်ကို တွေ့ကြုံခံစားခဲ့ သောကြောင့် ဖြစ်သည်။
မာရိသည် အပျိုကညာဖြစ်ခဲ့သောအခါ မဿဲ ၁း၂၁ အလယ်တွင် “သူသည် မိမိလူတို့အပြစ်အပြစ်များမှ ကယ်တင်တော်မူလိမ့်မည်”ဟု ဖော်ပြထားသည့်အတိုင်း သူမသည် ကလေးတစ်ဉီးပဋိသန္ဓေတည် လိမ့်မည်ဟု ဘုရားသခင်၏နှုတ်ကပတ်တော်ပြောကြားသောအရာ ကို သူမကြားခဲ့သည်။ ပထမပိုင်းတွင် သူမသည် ယုံကြည်ခြင်းအား ဖြင့် သူမ၏နှလုံးသား၌ ဤနှုတ်ကပတ်တော်ကို မလက်ခံနိုင်ပေဟု သူမသည် တုန်လှုပ်ချောက်ချားခဲ့သည်။ သို့သော် သူမသည် ကောင်း ကင်တမန်ပြောကြားခဲ့သော ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှ လုံးသား၌ လက်ခံရန် သူမသည် မိမိစိတ်အတွေးအခေါ်များကို ငြင်း ဆိုခဲ့သည်။ မာရိသည် ဤသို့ဖြင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခဲ့သည်။
ထိုကြောင့်၊ မင်္ဂလာဆောင်ပွဲ၌ စပျစ်ရည်ကုန်သွားသောအခါ မာ ရိသည် သခင်ယေရှုထံ ဤပြဿနာကို ယူဆောင်၍ ကိုယ်တော်၏ အမှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်သည်။ မာရိသည် ကောင်းကင် တမန်အားဖြင့် “ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေ အမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။ ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိ”ဟု ကြားခဲ့သည်။ ထို ကြောင့် မာရိသည် “အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသော”ဟု နာခံခြင်း အားဖြင့် ကောင်းကင်တမန်ယူဆောင်လာခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိကိုယ်ကိုကိုယ် ဆက်ကပ်နာခံခဲ့သည်။ များ မကြာမီ မာရိသည် ကလေးယေရှုကို ပဋိသန္ဓေတည်၍ မွေးဖွားခဲ့ သည်။ သူမသည် လူသားများအားအပြစ်မှ ကယ်တင်သော ဘုရားသ ၏လုပ်ဆောင်မှုအတွက် အသုံးတော်ခံသော တန်ဆာပလာအဖြစ် အ သုံးတော်ခံခဲ့သည်။
မာရိသည် မင်္ဂလာဆောင်နှင်းပွဲ၌ စပျစ်ရည်ကုန်ခဲ့သည်ဟု သိ သေအခါ သူမသည် ဤသို့သောယုံကြည်ခြင်းအတွေ့အကြုံရှိခဲ့သော ကြောင့် သူမသည် သခင်ယေရှုထံ မိမိယုံကြည်ခြင်းကို ပြန်လှည့်၍ အ ကူအညီ တောင်းခံခဲ့သည်။ ဤအရာသည် မာရိ၏ယုံကြည်မှုမှအရင်း ခံသော ယုံကြည်မှု တောင်းလျှောက်ခြင်း ဖြစ်သည်။ ဤကျမ်းချက်မှ လူသားများသည် မိမိအစွမ်းအစများကုန်ဆုံးသောအခါ နောက်ဆုံး တွင် ကိုယ်တော်ထံပြန်လှည့်၍ ကိုယ်တော်၏အကူအညီတောင်းခံ သောအခါ ဘုရားသခင်သည် သူတို့၏ဆုတောင်းခြင်းကို အဖြေပေး တော်မူခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရကြသည်။ သခင်ယေရှုသည် ဤ လောက၌ မိမိတပည့်တော်များနှင့် ကိန်းဝပ်တော်မူခဲ့သော်လည်း ကိုယ်တော်သည် နှုတ်ကပတ်တော်အားဖြင့် ဤစကြာဝဠာတစ်ခုလုံး ကို ဖန်ဆင်းတော်မူခဲ့သော တန်ခိုးကြီးတော်မူသောဘုရားဖြစ်တော်မူ သည် (ကမ္ဘာ ၁း၁-၃)။
သမ္မာကျမ်းစာတွင် “ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအ ဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစ ရည်းခြောက်လုံး ထားလျက်ရှိ၏။ ယေရှုကလည်း၊ ဤရေအိုးတို့ကို ရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မ တတ်ဖြည့်ကြ၏။ ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူ သည်အတိုင်း သွင်းကြ၏။ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ် မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာ ဆောင်လုလင်အား အသံကို လွှင့်သည်”(ယောဟန် ၂း၆-၉)ဟု ဖော်ပြ ထားသည်။ ထိုအချိန်တွင် ယုဒလူမျိုးများ၏ဓလေ့ထုံးစံနှင့်အညီ မင်္ဂ လာဆောင်နှင်းသောအိမ်တွင် ကျောက်အိုးစရည်းခြောက်လုံးကို ချ ထားခဲ့သည်ဟု ဖော်ပြထားသည်။ စပျစ်ရည်ကုန်သွားသောအခါ သ ခင်ယေရှုသည် မင်္ဂလာဆောင်ပွဲ၌ အစေခံသောသူများကို ခေါ်၍ ရေ အိုးအပြည့်ရေဖြည့်ရန် စေခိုင်းတော်မူခဲ့သည်။ ဤလုပ်ငန်းမလုပ် ဆောင်မီ သခင်ယေရှုသည် အိုးထဲတွင် ရေဖြည့်ရန်မိန့်တော်မူခဲ့သော အခါ သူတို့စိတ်ထဲ၌ အံ့ဩတွေဝေနိုင်ကြလိမ့်မည်။ သို့သော် သူတို့ သည် သခင်ယေရှုမိန့်တော်မူသောစကားအတိုင်းလုပ်ဆောင်ခဲ့ကြ၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နာခံခဲ့ကြကာ ရေအိုးထဲတွင် ရေ အပြည့်ဖြည့်ခဲ့ကြသည်။ ထိုကြောင့် သူတို့က ဘုရားသခင်၏နှုတ်က ပတ်တော်သည် ရေမှစပျစ်ရည်ပြောင်းလဲစေသည်ကို တွေ့ကြသည်။ 
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၌ ဖော်ပြထားသောနှုတ်ကပတ် တော်ကို နာခံခြင်းရှိကြ၍ ယုံကြည်ခြင်းအားဖြင့် နှလုံးသား၌ လက်ခံ သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုး ကို တွေ့ကြုံခံစားနိုင်ကြသည်ကို ဤနိမိတ်လက္ခဏာက ထင်ရှားစေ သည်။ မင်္ဂလာဆောင်ပွဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံ သောအစေခံများနှင့် သူတို့၏ယုံကြည်မှုအားဖြင့်  ရေမှစပျစ်ရည် ပြောင်းလဲခြင်း ကောင်းကြီးမင်္ဂလာကြောင့် သူတို့သည် ဤနိမိတ် လက္ခဏာကို သက်သေခံနိုင်၍ သူတို့အား ကိုယ်တော်ချပေးတော်မူခဲ့ သော ကောင်းကြီးမင်္ဂလာများကို ခံစားရရှိနိုင်ကြသည်။ သခင်ယေရှု သည် မင်္ဂလာဆောင်ပွဲ၌ ရေမှစပျစ်ရည်သို့ပြောင်းလဲစေတော်မူခြင်း အားဖြင့် ကိုယ်တော်သည် လူတိုင်း၏လိုအပ်မှုများကို ဖြည့်ဆည်း ပေးတော်မူနိုင်သောသခင်ဖြစ်တော်မူသည်ဟု ထင်ရှားစေခဲ့သည်။
ဤသို့ဖြင့် သခင်ယေရှုခရစ်တော်သည် ဤလောကတွင်ရှိသော ကိုယ်တော်၏လူများကို အပြစ်များမှ ကယ်တင်တော်မူရန်အတွက် ကိုယ်တော်မမွေးမီ ခြောက်လတွင် ဗတ္တိဇံယောဟန်ကို စေလွှတ် တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအား လုံးကို ဆေးကြောပေးတော်မူခဲ့သည်ကိုလည်းကောင်း ကိုယ်တော် သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ရေမှစပျစ် ရည်သို့ပြောင်းလဲစေတော်မူခြင်းအားဖြင့် နိမိတ်လက္ခဏာကို ပြုလုပ် တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် မိမိလူများ၏အပြစ်များကို ယူဆောင်သွားတော်မူရန်အတွက် လူသားများကိုယ်စားပြု၊ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက၏အပြစ် များနှင့် တရားစီရင်ခြင်းအားလုံးကို ယူဆောင်သော ဖြောင့်မတ်ခြင်း လုပ်ငန်းကို လုပ်ဆောင်တော်မူခဲ့ပြီး ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အမျိုးအနွယ်များအဖြစ် ဤ လောက၌ ဖွားမြင်ခဲ့ကြသောကြောင့် အပြစ်အားလုံးအမွေဆက်ခံသူ အပြစ်သားများဖြစ်ကြသည်။ ကိုယ်တော်သည် ဤသို့သောအပြစ် သားများအဖြစ် မွေးဖွားလာကြသောသူများအတွက် မိန်းမဖွားသော သူအားလုံးမှ အကြီးမားဆုံးဖြစ်သူ၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်။ 
 


ဗတ္တိဇံယောဟန်ကို လူသားများကိုယ်စားပြုအဖြစ် မှည့်ခေါ်ခဲ့သည် (မဿဲ ၁၁း၁၁)


သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိ ဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် နားလည်သဘောပေါက်၍ ယုံ ကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဤလောကသို့ ကြွလာ တော်မူခဲ့ပြီနောက် အသက် ၃၀ တွင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်မူခဲ့သည်။ မဿဲ ၃း၁၃-၁၅ တွင် ဖော်ပြထားသည့်အတိုင်း သခင်ယေရှုသည်ဤလောကအပြစ်များကို ယူဆောင်သွားတော်မူရန် နှင့် မိမိလူများကို အပြစ်များမှ ဆေးကြောပေးတော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်မူခဲ့သည်။
သခင်ယေရှုသည် အလောကအပြစ်မှ လူသားများကို ကယ်တင် တော်မူခြင်းပြစ်ကြွေးပေးဆပ်ကျေအေးစေသောယဇ်ကို ပူဇော်ရန်အ တွက် ကိုယ်တော်သည် အသက် ၃၀ စေ့သောအခါ ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤအပြစ်များကို ယူဆောင်သွား တော်မူခြင်းမှာ ကိုယ်တော်၏ပထမဉီးဆုံးလုပ်ငန်း ဖြစ်သည် (မဿဲ ၃း၁၅-၁၆)။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် ဤလောကအပြစ်များကို သယ်ဆောင်တော်မူခြင်းမှာ အရေးမကြီးပေဟု သင်တွေးတောနိုင်သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို မထမ်းဘဲ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခဲ့လျှင် ကိုယ်တော်သည် သင်၏ကယ်တင်ခြင်းဖြစ် တော်မူရန် ကိုယ်တော့်မှာ ပြဿနာရှိတော်မမူဟု သင်ထင်သလော။ လူသားများ၏ကယ်တင်ရှင် သခင်ယေရှုသည် အခြေခံကျစွာဖြင့် ဖြောင့်မတ်တော်မူသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။
သခင်ယေရှုသည် ဤလောကသို့ ကျွန်ုပ်တို့၏ကယ်တင်ရှင်အ ဖြစ်ကြွလာတော်မူခဲ့သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖင့် မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များကို မထမ်းဘဲ  ကားတိုင်တင်ခံ တော်မူ၍ အသွေးတော်သွန်းလောင်းတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်မှ ကယ်တင်တော်မူလျှင် သခင်ယေရှုသည် စစ်မှန်တရားသောကယ်တင်ရှင်အဖြစ် အပြစ်သားများကို ကယ်တင် တော်မူခဲ့သည်ဟု ကျွန်ုပ်တို့အမှန်အကန်မပြောနိုင်ကြပေ။
သခင်ယေရှုသည် ခမည်းတော်ဘုရားသခင်၏သားတော်အမှန် အကန်ဖြစ်တော်မူ၍ လူသားများကယ်တင်ရှင်အဖြစ် ဤလောကသို့ ကြွလာတော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ် များကို ထမ်းဆောင်တော်မူရန် လိုအပ်သောခြေလှမ်းများကို ဆောင် ရွက်တော်မူခြင်းမပြုဘဲ ကယ်တင်ခြင်းအမှုကို မတရားဘဲ ဆောင် ရွက်တော်မူခြင်းပြုတော်မမူပေ။ သခင်ယေရှုခရစ်တော်သည် ကယ် တင်ရှင်အဖြစ် လူသားများ၏အပြစ်များအားလုံးကို လူသားများကိုယ် စား၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် တစ်ကြိမ် တည်းယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံတော်မူ ခြင်းအားဖြင့် လူသားများ၏အပြစ်များအခကို တရားမျှတဆုံးသော လုပ်ဆောင်မှုအားဖြင့် ပေးအပ်ကျေအေးစေတော်မူခဲ့သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ပြစ်ကြွေးများပေးဆပ် ကျေအေးစေတော်မူရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မမူဘဲ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခဲ့သည် ဟု ကျွန်ုပ်တို့ထံပြောကြားတော်မူလျှင်လည်းကောင်း၊ ကိုယ်တော် သည် ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်ဟု မျက်စိကန်းစွာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရကြသည်ဟု ကိုယ်တော်ပြောကြားတော်မူလျှင်လည်းကောင်း ကိုယ်တော်သည် မတရားသောအရှင်ဖြစ်တော်မူလိမ့်မည်ဟု ကျွန်ုပ် တို့သည် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။
ထိုကြောင့် ဤခေတ်ကာလတွင် ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းသော သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်သူများသည် ဤလောက၏ဘာသာတရားကိုင်းရှိုင်းသူများ နှင့် ခြားနားမှုမရှိသည်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းမရှိဘဲ  ဤလောကအပြစ်များကို ထမ်းတော်မူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် သင့်ကို ကယ်တင် တော်မူခဲ့သည်ဟု သင့်အား မျက်စိကန်းစွာ ယုံကြည်ရန် တိုက်တွန်း တော်မူလျှင် သခင်ယေရှုသည် သင်၏ကယ်တင်ရှင် ဖြစ်တော်မူသည် ဟု သင်၏နှလုံးသားဖြင့် သင်သည် အမှန်အကန် ယုံကြည်နိုင်လိမ့် မည်လော။ 
သင်နှင့်ကျွန်တော်တို့နားလည်သဘောပေါက်ရမည့်အရာမှာ လူ့ စိတ်သည် တရားမျှတမှုနှင့်မှန်ကန်မှုကို လိုလားကြခြင်း ဖြစ်သည်။ ကိုယ်တော်ထံမှ ကျွန်ုပ်တို့လိုအပ်သောအရာမှာ ကိုဘ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခြင်း ဖြစ် စဉ်ဖြစ်သည်။ ဖြောင့်မတ်တော်မူသောကိုယ်တော်သည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အ ပြစ်များအားလုံးကို တရားမျှတစွာနှင့် ဖြောင့်မတ်စွာယူဆောင်သွား တော်မူခဲ့၍ ဤအပြစ်များအတွက် ကားတိုင်တင်ခံတော်မူ၍ အသွေး တော်သွန်းလောင်းကာအသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များနှင့် တရားစီရင်ခြင်းတို့မှ တရားမျှတစွာ ကယ်တင်တော်မူ ခဲ့သောအရှင်ဖြစ်တော်မူသည်ဟု ကိုယ်တော်သည် ကျွန်ုပ်တို့အား ထင်ရှားစွာ ဖွင့်ပြလိုတော်မူသည်။ သခင်ယေရှုသည် ဖြောင့်မတ် သောကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့အား မိုက်မဲစွာ ယုံကြည်ရန် အ တင်းအဓမ္မ၊ အနိုင်အထက် တိုက်တွန်းခြင်းပြုတော်မမူခဲ့ပေ။
ဤခေတ်ကာလတွင် အန္တိခရစ်သည် ပေါ်ထွန်းခဲ့သည်ဟု တစ် စက္ကန့်စဉ်းစားကြပါစို့။ အန္တိခရစ်နှင့်၎င်း၏လူသားများသည် ဤ နောက်ဆုံးသောအချိန်များတွင် အုပ်စိုးကြလျှင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တော်မူခဲ့သည်ဟု ယုံကြည်ခြင်း၊ မယုံ ကြည်ခြင်းအပေါ်မူတည်၍ ကြီးမားသောယုံကြည်ခြင်းခြားနားမှုတစ် ခု ရှိလိမ့်မည်။ အန္တိခရစ်သည် ဤလောကကို အုပ်စိုးသောအခါ  ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို သိခြင်းနှင့်မသိခြင်း အကြားနားနားချက် ကို ထင်ရှား၍ ကျွန်ုပ်တို့ယုံကြည်မှုသည် ပြဌာန်းသည်။
အန္တိခရစ်သည် ဤလောကကို အုပ်စိုးသောအခါ စာတန်သည် လူသားများ၏နှလုံးသားများနှင့်အပြုအမူများကို အုပ်စိုးနိုင်လိမ့်မည်။ ထိုအချိန်တွင် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများ အားလုံးအကြား ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုအပေါ်သို့ မိမိအ ပြစ်များကို လွှဲပြောင်းခြင်းဟူသော ဗတ္တိဇံနှုတ်ကပတ်တော်ပိုင်ဆိုင် သောနှလုံးသားများက အန္တိခရစ်နှင့်၎င်း၏အပေါင်းအဖော်ကို တိုက် ခိုက်ဆန့်ကျင်ရန်အတွက် ရှင်းလင်းပြတ်သားသော ဤယုံကြည်မှုကို ထင်ရှားခဲ့သည်ကို မြင်တွေ့လိမ့်မည်။ ခရစ်ယာန်တစ်ဉီးသည် ကိုယ် တော်၏ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် သခင်ယေရှုအပေါ်သို့ နှလုံး သားအပြစ်များအမှန်အကန်လွှဲပြောင်းလျှင် သခင်ယေရှု၏အသေခံ တော်မူခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်းတို့သည် သူ့အ တွက် အလွန်တန်ဖိုးကြီးမားသောကြောင့် ဤယုံကြည်သူသည် သူတို့ ကို တိုက်ခိုက်နိုင်၍ မာတုရအသေခံလိမ့်မည်။ အခြားတစ်ဖက်တွင် သင်သည် သင်၏အပြစ်များကို ကိုယ်တော်သည် တရားမျှတစွာ ယူ ဆောင်သွားတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို မပိုင်ဆိုင်ဘဲ ကားတိုင်ပေါ်တွင် အသွေးတော်ကိုသာ ယုံကြည်လျှင် သင်သည် အ ပြစ်များဖြေလွှတ်ခြင်းမခံရသေးသည်ကို အန္တိခရစ်သိလိမ့်မည်ဖြစ် သောကြောင့် သင့်ကို သူ၏အစေခံအဖြစ် ပြောင်းလဲစေလိမ့်မည်။ ထို ကြောင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သခင် ယေရှုသည် အပြစ်များကို ထမ်းဆောင်တော်မူ၍ လောကအပြစ်များ မှ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်ဟု ယခုယုံကြည်ခြင်းအား ဖြင့် စစ်မှန်သော ယုံကြည်မှုကို ပြင်ဆင်ချက်တစ်ခုပြုရပါသည်။ အန္တိ ခရစ်သည် ကျွန်ုပ်တို့အား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်သည်ကို သေ ချာသည်။
စစ်မှန်သောယုံကြည်မှုသည် ဤအရာဖြစ်သည်။ သခင်ယေရှု သည် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို လူသားအားလုံး ကိုယ်စား၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြ်ငးအားဖြင့် ဤ လောက၌ရှိသော သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို သယ်ဆောင်သွားတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် အပြစ်ကြွေးများပေးဆပ်ပေးတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းကို ပိုင်ဆိုင်ရန် အလွန်အရေး ကြီးသည်။ ထိုကြောင့် ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ် အပြစ်ကြွေးများ ပေးဆပ်ပေးတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့နှလုံးသားများအပြစ်ဖြေလွှတ်ခြင်းခံရခြင်းသည် အလွန့်အလွန် အရေးကြီးသည်။ ယခုချိန်တွင် သင်သည် ကားတိုင် ပေါ်တွင် အသွေးတော်တစ်ပါးတည်းသာယုံကြည်လျှင် သခင်ယေရှု ၏ဖြောင့်မတ်တော်မူခြင်းကို မသိပေ။ ထိုကြောင့် သင်သည် နှလုံး သားများ၌ အပြစ်များဆေးကြောခြင်းမခံရသေးသောနှလုံးသားပိုင် ဆိုင်သူအပြစ်သားတစ်ဉီးအဖြစ် ကျန်ရစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ်များကို ထမ်းတော်မူခဲ့ သည်ဟု သင်သည် မသိ၊ မယုံကြည်သောအပြစ်သားတစ်ဉီးဖြစ်သည် ဟု စာတန်၏အစေအပါးများသည် သင့်ကို သိကြ၍ သူတို့သည် သင့် အားအနိုင်အထက်ပြုရန် အားနည်းချက်ကိုအသုံးပြု၍ သင့်ကို လိုက် လံဖမ်းစားကြလိမ့်မည်။ 
ထိုကြောင့် ဤအချိန်နာရီတွင် သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှခံယူတော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သင့်ကိုယ် စားအသေခံခြင်းအားဖြင့် အပြစ်များအားလုံးအတွက် ပြစ်ကြွေးပေး ဆပ်တော်မူခြင်းအားဖြင့် သင့်အတွက် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းကို ယုံကြည်ရမည် ဖြစ်သည်။ ဤနောက်ဆုံးခေတ် ကာလတွင် အန္တိခရစ်သည်သင့်နောက်မှ လိုက်လာလျှင် လည်း ကောင်း၊ သင်၏အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ပေးခဲ့သောအ ပြစ်များဖြေလွှတ်ခြင်းသတင်းကောင်းအဖြစ် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်တို့ကို ယုံ ကြည်လျှင်လည်းကောင်း သင်သည် အန္တိခရစ်ကို တိုက်ခိုက်ကာ အောင်မြင်သောယုံကြည်ခြင်းကို ပိုင်ဆိုင်၍ သင်သည် ကိုယ်တော်ပြု တော်မူခဲ့သော ပြစ်ကြွေးဖြေလွှတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်နှလုံး သား၌ အပြစ်များဖြေလွှတ်ခြင်းခံစားရသောကြောင့် သင်သည် စာ တန်နှင့် ဝိညာဉ်ရေးရာစစ်ပွဲ၌ အောင်မြင်ရလိမ့်မည်။ 
ထိုကြောင့် အန္တိခရစ်သည် ဤလောကသို့ မလာမီ ကိုယ်တော် သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခဲ့သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်သည် ကျွန်ုပ်တို့အပြစ်များဆေးကြောပေး သော အပြစ်ဖြေလွှတ်ခြင်းနှင့် တရားစီရင်ခြင်းဖြစ်သည်ကိုလည်း ကောင်း သင်နှင့်ကျွန်တော်တို့သည် ယုံကြည်ရကြခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ဒုတိယမွေးဖွားခြင်းခံရရန် မိန့်တော်မူခဲ့သည်။ ဤနှုတ်က ပတ်တော်နှင့်အညီ ကျွန်ုပ်တို့သည် ယခုတွင် ယုံကြည်ခြင်းအားဖြင့် ဒု တိယမွေးဖွားခြင်း ခံရကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သင်နှင့် ကျွန်တော်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့ သော ဗတ္တိဇ့နှင့် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ပေးတော်မူရန် ကယ်တင်ခြင်းအမှုတည်ဆောက်ပေးသော ကားတိုင်ပေါ်တွင် ကိုယ် တော်ခံယူတော်မူခဲ့သော အသေခံတော်မူခြင်းကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ 
သခင်ယေရှုခရစ်တော်ပေးအပ်တော်မူခဲ့သော ပြစ်ကြွေးဖြေ လွှတ်ခြင်းကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အ ပြစ်များအားလုံးမှ ဆေးကြောခြင်းခံရကြ၍ ဖြောင့်မတ်သူများဖြစ် လာခဲ့ကြသည်။ ထိုကြောင့် ယခုတွက် ကျွန်ုပ်တို့အသက်ရှင်နေကြ သော ဤလောကသို့ ကိုယ်တော်ပြန်လည်ကြွလာတော်မူသောအခါ  ဤကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် မာတုရအသေခံခြင်းအားဖြင့် အန္တိခ ရစ်နှင့် ၎င်း၏အစေခံများနှင့်ဝိညာဉ်ရေးရာတိုက်ပွဲ၌ အောင်မြင်ရကြ မည် ဖြစ်သည်။
သခင်ယေရှုသည် ကာနမင်္ဂလာဆောင်နှင်းပွဲ၌ ရေကို စပျစ်ရည် ဖြစ်စေတော်မူသကဲ့သို့ ကိုယ်တော်သည်  သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံ၊ ဤလောကအပြစ်များကို ထမ်းရွက်သောဖြောင့်မတ် ခြင်းလုပ်ဆောင်ချက်အားဖြင့်လည်းကောင်း၊ ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းကာအသေခံတော်မူခြင်းအားဖြင့် ယုံကြည် သူများအားလုံး၏အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်တော်မူခြင်း အားဖြင့်လည်းကောင်း ယခုကိုယ်တော်ကို ယုံကြည်သူများကို ကိုယ် တော်သည် ကယ်တင်လိုတော်မူသည်။ ကိုယ်တော်သည် ဤလောက သို့ ကြွလာတော်မူသောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် နှိမ့်ချခြင်း အားလုံးကို ခံစားရတော်မူခြင်းတို့သည် ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် ရက်ရက်စက်စက်အသေခံကာအ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ထမ်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏သတို့သ မီးများအဖြစ် စင်ကြယ်စေခြင်းအမှုကို ထမ်းရွက်တော်မူခဲ့ခြင်း ဖြစ် သည်။ တစ်နည်းအားဖြင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်း၊ ဆင်းရဲဒုက္ခခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းကာ အသေခံတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အ ပြစ်များကို ထမ်းရွက်တော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ် တို့အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူခဲ့၍ ယုံကြည်သူများအား တရားမျှတသောကယ်တင်ခြင်းအမှုကို ပြည့်စုံ စေတော်မူခဲ့သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများ သည် ကိုယ်တော်၏သတို့သမီးများအဖြစ် ကိုယ်တော်ဖြစ်စေတော်မူ ခြင်း ဤယဇ်ပူဇော်ခြင်းအမှုသည် အလွန်တရာဩဖွယ်ကောင်းသော ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်သည်။
ကာနမင်္ဂလာဆောင်နှင်းပွဲ၌ သခင်ယေရှု၏နှုတ်ကပတ်တော်ကို နာခံခဲ့သောအစေခံများသည် ကိုယ်တော်ပြုတော်မူခဲ့သော ပထမနိ မိတ်လက္ခဏာကို သက်သေခံမြင်တွေ့ရသောအခွင့်ရရှိခဲ့ကြသည်။ ထိုနည်းတူ၊ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းလက်ခံ တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူ၍ အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့နေရာတွင် ကျွန်ုပ်တို့ကိုယ်စား အပြစ်အတွက် ပြစ်ဒဏ်ခံရ တော်မူသည်ကိုလည်းကောင်း ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏ ထာဝရသတို့သမီးများဖြစ်လာနိုင်ကြသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များအတွက် တရားစီရင်ခြင်း ခံတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ယခတွင် ဤအရာကို ယုံ ကြည်သူကျွန်ုပ်တို့အားလုံးအပေါ် အပြစ်များထာဝရဖြေလွှတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ကယ်တင်ခြင်းဆိုင်ရာ အမှုတော်ကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ထာဝရသတို့သမီး များဖြစ်လာနိုင်ကြသည်။ အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာဤနှုတ်ကပတ် တော်ကို ယုံကြည်သူကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏သတို့ သမီးများဖြစ်လာရန် ဘုရားသခင်၏ကျေးဇူးတော်၌ ပါဝင်ခွင့်ရရှိခဲ့ကြ သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်၍ မဆုံးနိုင် ပေ။
မင်္ဂလာဆောင်ပွဲ၌ စပျစ်ရည်ကုန်သွားသောအခါ ကိုယ်တော် သည် အစေခံများအား ရေကို ခပ်ယူ၍ အိုးအလွတ်၌ လောင်းထည့် ရန် မိန့်တော်မူသောအခါ အစေခံများသည် ကိုယ်တော်မိန့်တော်မူခဲ့ သည့်အတိုင်း တိကျစွာ လုပ်ဆောင်ခဲ့ကြသည်။ ထိုနည်းတူ ယခုတွင် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်အားဖြင့် သခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့အပြစ်များအား လုံးလွှဲပြောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ထာဝရအပြစ်များဖြေလွှတ်ခြင်းအခွင့်ရရှိနိုင်ရန် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများရရှိခဲ့ကြသည်။ ကိုယ်တော်သည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အ ပြစ်များကို ထမ်းတော်မူခဲ့၍ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းကာအသေခံတော်မူခြင်းအားဖြင့် ကယ်တင် ခြင်းအမှု ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့ သည် ဤသခင်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြပါစို့။ ဤယုံ ကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်၏သတို့သမီးများဖြစ်လာ နိုင်ရန် ကောင်းကြီးမင်္ဂလာများ ခံစားရရှိကြပါစို့။ 
ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏သတို့သမီးများဖြစ်လာနိုင်ခဲ့ကြသည်။ ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာ တော်နှင့်ကောင်းကြီးမင်္ဂလာများကို ခံစားရရှိနိုင်ကြ၍ ဘုရားသခင်ချ ပေးတော်မူသော ဝိညာဉ်ရေးရာကောင်းကြီးမင်္ဂလာများကို သိရှိနိုင်ခဲ့ ကြသည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံ နှင့်သွန်းလောင်းတော်မူခဲ့သောအသွေးတော်တို့ကို ကျွန်ုပ်တို့နား လည်သဘောပေါက်ကြသောအခါ ဤဘုရားသခင် ချပေးတော်မူခဲ့ သော ဝိညာဉ်ရေးရာပတ်သက်သောကောင်းကင်ဆိုင် ရာကောင်းကြီး မင်္ဂလာများကို ကိုယ်တော်၌ ပြည့်စုံခဲ့သည်။  
ယခုချိန်၌ပင်လျှင် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းခံရ၍ နှလုံး သားများ၌ အသစ်သောအသက်တာဖြစ်ကာ ခရစ်တော်၏သတို့သမီး များဖြစ်လာနိုင်ကြသည်။  ဤအရာသည် ကျွန်ုပ်တို့အတွက် ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်၊အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက် တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ်သို့ ဆင်းသက်သော ကယ်တင် ခြင်းကောင်းကြီးမင်္ဂလာဖြစ်သည်။ ကျွန်ုပ်တို့အား ကိုယ်တော်ချပေး တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ ကို ဆေးကြောပေးတော်မူခဲ့သော သခင်ယေရှုခရစ်တော်၏လုပ်ငန်း ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ထာဝရကယ် တင်ခြင်းရရှိခဲ့ကြ၍ ကိုယ်တော်၏သတို့သမီးများဖြစ်လာခဲ့ကြသည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ် တော်၏နိုင်ငံမင်္ဂလာဆောင်နှင်းပွဲ၌ ပါဝင်သောသူများသည် သခင် ယေရှုခရစ်တော်၏သတို့သမီးများထာဝရဖြစ်လာနိုင်ကြသည်။ ထို သို့ဖြစ်ရခြင်းအကြောင်းမှာ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်ဟူသော စစ်မှန်သောနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ဤ လောကအပြစ်များကို ထမ်းရွက်၍ ကားတိုင်ပေါ်တွင် ပြစ်ဒဏ်ခံရ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ကြွေးပေးဆပ် ကျေအေးစေတော်မူခဲ့သောကြောင့် ထိုအရာဖြစ်နိုင်ခြင်း ဖြစ်သည်။ လူသားအားလုံးသည် အာဒံ၏မျိုးဆက်များအဖြစ် မွေးဖွားခဲ့ကြ၍ သ ဘာဝအားဖြင့် အခြေခံပျက်စီးနေကြသောအပြစ်သားများဖြစ်ကြ သည်။ ထိုကြောင့် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် ကိုယ်တော်၏အသေခံတော်မူ ခြင်းကို ကျွန်ုပ်တို့ယုံကြည်ကြလျှင်လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ပြစ်ကြွေးပေးဆပ်သူဖြစ်တော်မူသည်ဟု ယုံကြည်လျှင် လည်းကောင်း ကျွန်ုပ်တို့နှလုံးသားများသည် အမှန်အကန် အပြစ်များ မှ ဆေးကြောခြင်းခံရနိုင်သည်။ ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ၍ ကိုယ်တော်၏သတို့သမီးများဖြစ်လာနိုင်ရန်အ တွက် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို သိ၍ ယုံကြည်ခြင်းသည် မရှိမဖြစ် လိုအပ် သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို ကယ်တင်၍ နှလုံး သားများအပြစ်များအားလုံးမှ ဒုတိယမွေးဖွားခြင်းခံရရန် ကောင်းကြီး မင်္ဂလာချပေးသော ယုံကြည်ခြင်းကို ပိုင်ဆိုင်နိုင်ကြသည်။
ကျွန်ုပ်တို့သည် ဤလောက၌ အသက်ရှင်စေကြစဉ် အန္တိခရစ် ခေတ်ကို တွေ့ရကြလျှင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ် တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်ခြင်းခံရန် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြစ်ကြွေးအားလုံးပေး ဆပ်ကျေအေးစေတော်မူခဲ့သည်လည်းကောင်း ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းယုံကြည်မှုကို ပြင်ဆင်ရကြမည် ဖြစ်သည်။  ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေး တော်တို့ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များဆေးကြော ခြင်းခံရကြကာ ကိုယ်တော်၏သတို့သမီးများဖြစ်လာရကြမည် ဖြစ် သည်။
ယခုချိန်၌ပင်လျှင် သင်သည် မိမိနှလုံးသား၌ အပြစ်ရှိသေးလျှင် သင်သည် ဤအပြစ်များအတွက် တရားစီရင်ခြင်းခံရလိမ့်မည်ဟု သင် ဝန်ခံရမည် ဖြစ်သည်။ သင်သည် ကမ္ဘာ့ဘာသာတရားကျင့်သုံးကိုင်း ရှိုင်းသူများကဲ့သို့ ကားတိုင်ပေါ်တွင်ရှိသော သခင်ယေရှု၏အသွေး တော်ကိုသာ ယနေ့အထိ ယုံကြည်ခဲ့သောကြောင့် သင်၏နှလုံးသား သည် အပြစ်ဖြင့် ပြည့်နေသည်ကို သင်ဝန်ခံသင့်သည်။  သင်သည်အ ပြစ်ဆေးကြောရန် ကိုယ်တော်ပြင်ဆင်ပေးတော်မူခဲ့သော ဗတ္တိဇံနှင့် ကိုယ်တော်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံရသင့်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်း၊ ကားတိုင်သို့သွားခြင်း၊ အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ယခုဆေးကြောပေးတော်မူ၍  ဤလောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့ သည်ဟူသော ကယ်တင်ခြင်းကို သင် ယုံကြည်ရမည် ဖြစ်သည်။
အာဒံ၏မျိုးဆက်များအဖြစ် ကျွန်ုပ်တို့အားလုံးသည် နှလုံးသား များ၌အပြစ်များရှိကြသောကြောင့် ကျွန်ုပ်တို့သည် "အပြစ်၏အခ ကားသေခြင်းပေတည်း”ဟုပြောသော သေခြင်းဆိုင်ရာဘုရားသခင် ၏ပညတ်တော်ရှေ့မှာ တရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။ သို့ သော် ကျွန်ုပ်တို့အပြစ်များထမ်းရန် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်၍ ကျွန်ုပ်တို့အပြစ်များမှ ဆေး ကြောခြင်းခံရခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏သတို့သမီး များဖြစ်လာနိုင်ကြသည်။ ဟာလေလုယ။ သခင်ယေရှုခရစ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များအားလုံးကို ထမ်း၍ ဆေးကြောပေးတော်မူခဲ့သော ကြောင့်လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအ တွက် ပြစ်ကြွေးများပေးဆပ်ကျေအေးစေတော်မူခဲ့သောကြောင့် လည်းကောင်း ဤအရာကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အ ပြစ်များဆေးကြောခြင်းခံရနိုင်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံခံ ယူတော်ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့၍ အပြစ်ကြွေးပေးဆပ်ခြင်းအဖြစ် အပြစ်များအတွက် တရားစီရင် ခြင်းခံတော်မူသည်ဟု နှလုံးသားများဖြင့် ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် ကျိန်ခြင်းအမင်္ဂလာခံယူတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခဲ့ဟူသော ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏သတို့သမီးများဖြစ်လာခဲ့ကြ သည်ဟု ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော်ခံယူ တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်နှင့် သွန်းလောင်းတော်မူခဲ့ သောခဲ့အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထာဝရအပြစ်များဖြေ လွှတ်ခြင်းရရှိသော ကောင်းကြီးမင်္ဂလာကို ကျွန်ုပ်တို့ခံစားရကြသည် ကို ဆိုလိုသည်။
 


အန္တိခရစ်ခေတ်ရောက်လာသောအခါ ဂျုံစပါးနှင့်အဖျင်း တို့သည် ထင်ရှားလိမ့်မည်


သင်၏ယုံကြည်ခြင်းသည် ကားတိုင်တစ်ပါးတည်းပေါ်တွင်ရှိ သောအသွေးတော်ကိုသာ လက်ရှိထားလျှင် အန္တိခရစ်သည် နောက် ဆုံးသောအချိန်တွင် ဤလောကကို အုပ်စိုးရန် ရောက်လာသောအခါ ဤယုံကြည်ခြင်းအားဖြင့် သူ့ကို ခုခံတိုက်ခိုက်၍ ၎င်း၏အစေအပါး များကိုလည်း အမှန်အကန်အောင်နိုင်မည့်အကြောင်းကို သင်စဉ်းစား ရန် လိုအပ်သည်။ ဗျာဒိတ် အခန်းကြီး ၁၃ တွင် ဖော်ပြထားသည့်အ တိုင်း အန္တိခရစ်သည် လောကကို အစိုးရ၍ အုပ်စိုးမည့်အချိန်သည် ရောက်နေပြီဖြစ်သောကြောင့် မကြာမီ ကျွန်ုပ်တို့သည် အန္တိခရစ်၏ အုပ်စိုးသောကမ္ဘာသို့ အသက်ရှင်ကြလိမ့်မည်။ အကယ်၍ သခင်ယေ ရှုခရစ်တော်အား ကယ်တင်ရှင်အဖြစ် သင်၏ယုံကြည်မှုသည် ကား တိုင်တစ်ခုတည်းပေါ်တွင် အခြေပြုလျှင် သင်သတိထားမှတ်မိရမည့် အရာတစ်စုံတစ်ခု ရှိသည်။ ဤယုံကြည်မှုသည် နိုင်းစင်းခံယူချက်၌ အမြစ်တွယ်သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှု၏မြင့်မြတ်သော အသွေးတော်ကိုသာ ယုံကြည်သောယုံကြည်ခြင်းရှိ၍ ဗတ္တိဇံယော ဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည့်အချက်ကို ချန်လှစ်ထားခဲ့ လျှင် သူတို့သည် ထိုအရာကို သိရန်နှင့်ယုံကြည်ရန် မလိုအပ်သည်ဟု မှားယွင်းစွာ တွေးတတ်ကြသည်။ 
ဤအရာသည် သင်ယုံကြည်ရမည့်အရာဖြစ်သည်ဟု ယုံကြည် လျှင် သင်၏ယုံကြည်ခြင်းအသက်တာသည် အကြိမ်ကြိမ်မှားယွင်း သောမဟာအမှားကြီးပြုရန် ချုပ်နှောင်ခြင်းခံရသည်။ သင်သည် အ ပြစ်ကျူးလွန်သောအခါ သငခ်ယေရှု၏အသွေးတော်ကိုသာစဉ်းစား၍ မှီခိုခြင်းအားဖြင့် နှစ်သိမ့်မှုအချို့ရရှိရန် ကြိုးစားလျှင်တောင် သင် သည် အပြစ်များအတွက် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းကာအသေခံတော်မူခဲ့သည်ဟု ကျေနပ်ရောင့် ရဲနေလျှင် သင်၏ယုံကြည်ခြင်းအသက်တာသည် ကြိမ်ဖန်များစွာ ကျ ဆုံးမည်ကို သေချာသည်။
ဤအရာကို လွှဲရှောင်နိုင်ရန်အတွက် သင်သည် သေချာစွာလုပ် ဆောင်ရမည့်အရာတစ်စုံတစ်ခု ရှိသည်။ ၎င်းမှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ် များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည်ဟူသော အ ချက် ဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များကိုလက် ခံတော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များကို ဆေးကြောစင်ကြယ်စေတော်မူ ခဲ့သည်ဟု သင်နှင့်ကျွန်တော်တို့သည် ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့ သည်။ ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်ကြွေးများကို ပေးဆပ်ကျေအေးစေတော်မူခဲ့သည်။ ကျွန်ုပ်တို့ သည် ဤသမ္မာတရားနှစ်ပါးကို ယုံကြည်မှသာလျှင် အပြစ်များမှ ကယ်တင်ခြင်းခံရလိမ့်မည်။ ထိုနောက် ကျွန်ုပ်တို့သည် ကိုယ်တော် ကို ကယ်တင်ရှင်အဖြစ်ယုံကြည်နိုင်ကြ၍ ကိုယ်တော်တစ်ပါးတည်း သာအစေခံကာ ကိုယ်တော်နောက်တော်သို့ လိုက်လျှောက်နိုင်ကြ မည် ဖြစ်သည်။ 
မကြာမီရောက်လာမည့်အန္တိခရစ်ခေတ်တွင် ကျွန်ုပ်တို့သည် ၎င်း နှင့်၎င်း၏နောက်လိုက်သူများ၏အုပ်စိုးမှုနှင့်အခွင့်အာဏာအောက်သို့ အသက်ရှင်ကြမည့် အချိန်ရောက်လာလိမ့်မည်။ သင်၏ယုံကြည်မှု သည် ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကိုသာ ယုံ ကြည်ခြင်းဖြစ်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုသာ ယုံကြည်ခြင်း အားဖြင့် အန္တိခရစ်ကို ခုခံတိုက်ခိုက်အောင်မြင်နိုင်မည်လော။ ကား တိုင်ပေါ်တါင် အသွေးတော်တစ်ပါးတည်းကိုသာ ယုံကြည်ခြင်းအား ဖြင့် သင်၏ဘဝတွင် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်မည် လော။ ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကိုသာ သင်ယုံ ကြည်သော ယုံကြည်ခြင်းက သင်အပြစ်ပြုသောအခါ ခေတ္တနှစ်သိမ့် မှုအချို့တို့ကို ပေးနိုင်သည်။ ဤယုံကြည်မှုအားဖြင့် သင်သည် အပြစ် များအားလုံးမှ လုံးဝ လွှတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
အန္တိခရစ်ခေတ်တွင် သင်သည် နောင်တနှင့်စပ်ဆိုင်သောဆု တောင်းခြင်းအားဖြင့် သင်၏အပြစ်များဆေးကြောရန် ကြိုးစားခြင်း သည် ဇိမ်ခံမှုဖြစ်လိမ့်မည်ဟု သင်နားလည်သဘောပေါက်ရမည် ဖြစ် သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သင်သည် အန္တိခရစ်နှင့် ၎င်း၏ လူများကို တိုက်ခိုက်ရန် အချိန်ကုန်လိမ့်မည်ဖြစ်သောကြောင့် သင် သည် သခင်ယေရှု၏အသွေးတော်အကြောင်းကို စဉ်းစားခြင်းအားဖြင့် သင်၏နှလုံးသားအတွက် နှစ်သိမ့်မှုရှာဖွေတွေ့ရှီရန်အချိန်ရရှိလိမ့် မည် မဟုတ်ပေ။ ထိုအချိန်တွင် သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့၍ သင်နှင့်ကျွန်တော်တို့၏အပြစ်များ ကို လက်ခံတော်မူခဲ့ကာ အားလုံးဆေးကြောစင်ကယ်စေတော်မူခဲ့ သည်ဟူသောအချက်ကို လျစ်လျူရှုသေးလျှင် ကားတိုင်ပေါ်တွင် အ သွေးတော်ကိုသာယုံကြည်ခြင်းသည် ပြိုကွဲသွားလိမ့်မည်။ ထိုကြောင့် သင်သည် နောက်ဆုံးတွင် အန္တိခရစ်၏အမှတ်အသားဖြင့် တံဆိပ်ခတ် ခံရလိမ့်မည်။ 
သို့သော် သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်ဟု သိကာ ယုံကြည်သူများသည် အန္တိခရစ်နှင့် တိုက်ခိုက်သော စစ်ပွဲ၌ အရှုံးမပေးဘဲ အဆုံးထိတိုင်အောင် သူ့ကိုခုခံတိုက်ခိုက်၍ ယုံ ကြည်ခြင်းအားဖြင့် မာတုရအသေခံလိမ့်ဖြစ်သောကြောင့် သူတို့သည် ကိုယ်တော်ထံ ကျေးဇူးတော်ချီးမွမ်း၍ ဂုဏ်ပြုကြလိမ့်မည်။ ဤသို့ ဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံ ကြည်သူများသည် အခြားသောသူများနှင့် အရည်အချင်းလုံးဝမတူ သည်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ကြသည်။ သင်၏ယုံကြည်ခြင်းမှာ အ ဘယ်သို့နည်း။ သခင်ယေရှုပြည့်စုံစေတော်မူခဲ့သော သမ္မာတရားနှစ် ပါးကို သင် ယုံကြည်သလော။
အန္တိခရစ်သည် မိမိကိုယ်ကိုကိုယ် ဘုရားအဖြစ်ကြွေးကြော်၍ သ ခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ယုံကြည်သူများကို ဆန့် ကျင်ကာ သူ့အား ဘုရားအဖြစ် ကြည်ညို၍ ချီးမွမ်းရန် သူတို့ကို အ တင်းအဓမ္မအမိန့်ပေးလိမ့်မည်။ ထိုအချိန်တွင် သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် ယုံကြည်သောခရစ်ယာန်များသည် သူတို့ကို ပိုင်းခြား သော မတူညီသောယုံကြည်ခြင်းအမျိုးအစားနှစ်မျိုးဖြင့် အသက်ရှင် ကြလိမ့်မည်။ ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်သူများသည် အန္တိခရစ်၏အမိန့်အတိုင်း ဝန်ခံ၍ အသက်ရှင် ကြလိမ့်မည်။ သို့သော် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်ဟု ယုံကြည်၍ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သူများသည် သူတို့၏ဘဝ၌ အန္တိခရစ်ကို ဆန့်ကျင်တိုက် ခိုက်နိုင်ကြလိမ့်မည်။ နောက်ဆုံးချိန်တွင် ဤသို့ဖြင့် အန္တိခရစ်ကို ခုခံ တိုက်ခိုက်သောသူများသည် သခင်ယေရှု၏ရန်သူများအားဖြင့် သူတို့ ၏ယုံကြည်မှုအတွက် မာတုရအသေခံကြလိမ့်မည်။ အန္တိခရစ်ကို တိုက်ခိုက်သူများသည် ကိုယ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အ သွေးတော်ကို ယုံကြည်သူများဖြစ်ကြသောကြောင့် သူတို့သည် မိမိယုံ ကြည်မှုများအတွက် မာတုရအသေခံကြလိမ့်မည်။ သူတို့သည် သခင် ယေရှုခရစ်တော်အား သူတို့၏သတို့သားအဖြစ် မငြင်းဆိုကြဘဲ သူတို့ ၏ယုံကြည်ခြင်းကိုလည်း သစ္စာဖောက်ကြလိမ့်မည် မဟုတ်ပေ။ ဤ အရာကို ဗျာဒိတ် ၁၃ တွင် အကုန်လုံးရေးသားခဲ့ပြီး ဖြစ်သည်။
တစ်ဖက်တွင် အသက်စာစောင်တွင် နာမည်ရေးသားခြင်းမခံရ သောသူများသည် အန္တိခရစ်အပေါ် အညံ့ခံအရှုံးပေးကြလိမ့်မည်။ သူ တို့သည် ဤလောကတွင် သခင်ယေရှု၏ကားတိုင်ကိုသာ သိ၍ယုံ ကြည်ကြသည့်အချက်ပေါ်၌သာ အသက်ရှင်ကြသောသူများဖြစ်ကြ သောကြောင့် သူတို့သည် ဤလောကတွင် အသက်ရှင်နေကြစဉ် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် သူတို့၏အပြစ် များကို ဆေးကြောနိုင်ကြသည်ဟု ယုံကြည်ကြသည်။ သူတို့သည် ကိုယ်တော်၏သာသနာလုပ်ငန်းနှစ်ရပ်ကို ကယ်တင်ခြင်းအဖြစ် မယုံ ကြည်ကြပေ။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအား ဖြင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူ၍ အသွေး တော်သွန်းလောင်းကာ နှုတ်ကပတ်ဖြင့်မမြွက်နိုင်အောင် နှိမ့်ချခြင်း၊ အရှက်ကွဲခြင်း၊ ဆင်းရဲဒုက္ခခံရခြင်းနှင့် သေခြင်းတို့ကို သည်းခံတော် မူခြင်းအားဖြင့်လည်းကောင်း ဤလောကအပြစ်များကို တစ်ကြိမ် တည်းယူဆောင်သွားတော်မူခြင်းအားဖြင့် လူတိုင်း၏အပြစ်များကို ဆေးကြောစင်ကြယ်စေတော်မူသည်ဟုသူတို့ မယုံကြည်ကြပေ။
သခင်ယေရှုကို ယုံကြည်သူများအကြေားတွင် ကားတိုင်တစ်ပါး တည်းကိုသာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ပြော သူအချို့ရှိသည်။ အခြားသူများက ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့သော အသေခံတော်မူသောသခင်ယေရှုသည် ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ဤအဆိုနှစ်ခုမှ နောက်ဆုံးယုံ ကြည်မှုကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောသခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သေခံတော်မူခြင်းအားဖြင့် တရားစီရင်ခြင်းခံယူတော်မူသော သခင် ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များမှ ဆေးကြောသန့်ရှင်းခြင်းခံရသောသူများ ဖြစ်ကြသည်။ ဤသို့ဖြင့် သ ခင်ယေရှု၏ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည် သူများလည်းရှိသည်။ 
သင်၏ယုံကြည်မှုမှာ အဘယ်သို့နည်း။ အန္တိခရစ်ရောက်လာ မည့်ဤခေတ်ကာလတွင် သင်သည် မိမိသစ္စာစောင့်မှုကို စောင့်ထိန်း သလော။ သင်သည် ဤယုံကြည်ခြင်းနှစ်မျိုးမှ မည်သည့်ယုံကြည် ခြင်းအားဖြင့် အသက်ရှင်သည်ဟု သင်ထင်သင့်သနည်း။ ကျွန်ုပ်တို့ သည် ဘုရားရှေ့တော်၌ အပြစ်ကင်းစင်သူများဖြစ်နိုင်ရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ အပြစ်များအားလုံးကို လက်ခံတော်မူခဲ့၍ ကားတိုင် ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် အပြစ်များအားလုံးအတွက် တ ရားစီရင်ခြင်းခံတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ် သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှုတ်ကပတ် တော်နှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကိုယ်တော်၏ရှေ့ တော်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွား ခြင်းခံစေသော ယုံကြည်ခြင်း ရှိရကြမည် ဖြစ်သည်။ ဗတ္တိဇံယောဟန် ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အ သေခံတော်မူခြင်း၊နှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းတို့ ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ တစ် ကြိမ်တည်း ဆေးကြောသန့်ရှင်းစင်ကြယ်ခြင်းခံရနိုင်ကြသည်။
ယနေ့ကျမ်းချက်တွင်  ဖော်ပြထားသော“ကျောက်အိုးစရည်း” သည် သင်နှင့်ကျွန်တော်တို့၏နှလုံးသားကို ရည်ညွှန်းသည်။ သခင် ယေရှုသည် အစေခံများအား “အိုးထဲမှာ ရေအပြည့်ထည့်ရန်” မိန့် တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏လောကအပြစ်များကို ထမ်းတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ဤအပြစ် များအတွက် ကားတိုင်ပေါ်တွင် ပြစ်ဒဏ်ခံတော်မူခဲ့သည်ကိုလည်း ကောင်း ကျွန်ုပ်တို့နှလုံးသားများကို ယုံကြည်ခြင်းဖြင့် ပြည့်စေရန် ကိုယ်တော်သည် မိန့်တော်မူခဲ့သည်။
သခင်ယေရှုက ယောဟန် ၃း၅ တွင် “ရေနှင့်ဝိညာဉ်တော် မ မွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ”ဟု  မိန့်တော်မူခဲ့သည်။ ကျမ်းစာတွင် “ရေ”စကားလုံး၏အဓိပ္ပါယ်မှာ ဗတ္တိ ဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ဆေးကြောသန့်စင်စေရန် သခင် ယေရှုမိန့်တော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသောအချက်ကို ယုံကြည် ရန် ဤလောက၌ အသက်ရှင်သူကျွန်ုပ်တို့ကို မိန့်တော်မူသည်။ တစ် နည်းအားဖြင့် သခင်ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားသခင် ၏အလိုတော်နှင့်အညီ ဤလောကသို့ ကြွာလာတော်မူခဲ့၍ ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့လျက် ပြစ်ကြွေးအဖြစ် ကား တိုင်ပေါ်တွင် ထိုအပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည် ဟု လူတိုင်းယုံကြည်ရန် ကိုယ်တော်မိန့်တော်မူခဲ့သည်။
ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အ ပြစ်များမှ ဆေးကြောခြင်းခံရနိုင်ကြ၍ သခင်ယေရှုသည် ကားတိုင် သို့သွား၍ ပြစ်ကြွေးပေး ဆပ်ပေးတော်မူခဲ့ပြီဖြစ်သောကြောင့် ကျွန်ုပ် တို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။ ကျမ်း စာတွင် “ရေ”စကားလုံးမှာ သခင်ယေရှုသည် ဤလောကသို့ ကြွလာ တော်မူခဲ့သောအခါ လူသားများ၏အပြစ်များကို ထမ်းရန် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို ဆိုလိုသည် (၁ပေ ၃း၂၁)။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သော အသွေး တော်အားဖြင့် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော အပြစ်ဖြေရာယဇ် ကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အပြစ် များ ဆေးကြောခြင်းခံရ၍ သခင်ယေရှုခရစ်တော်၏သတို့သမီးများ ဖြစ်လာနိုင်ကြသည်ဟု ယုံကြည်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိန့်တော်မူသည်။
 


ဤအချိန်တွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လူ များစွာထံ အပြစ်ဖြေရာယဇ်ကို ဟောပြောရကြမည်


ကျွန်ုပ်တို့သည် သခင်ယေရှုပြည့်စုံစေတော်မူခဲ့သော အပြစ်ဖြေ ရာယဇ်အကြောင်းကို ဟောပြောကြသောအခါ လူသားများအားလုံး ထံ ကျွန်ုပ်တို့ပထမဉီးဆုံး သတိရ၍ ဟောပြောရမည့်အရာမှာ လူသား များအားလုံးသည် ဘုရားရှေ့တော်၌ အပြစ်အပုံလိုက်အစုလိုက်ရှိကြ သောသူများဖြစ်ကြခြင်း ဖြစ်သည်။ ပထမဆုံးလူသားများဖြစ်ကြသူ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်မိန့်တော်မူခဲ့သော နှုတ်ကပတ် တော်ကို သံသယဝင်ခဲကြ၍ စာတန်၏လှည့်စားခြင်းသို့ ကျဆင်းခဲ့ ကြသောကြောင့် သူတို့သည် ဘုရားသခင်ကို နာမခံခြင်းအပြစ်ကို ကျူးလွန်ခဲ့ကြသည်။ ထိုကြောင့် လူမျိုးနွယ်စုအားလုံးတို့သည် ဘုရား သခင်နှင့်အဆက်အသွယ်ပြတ်၍ ကိုယ်တော်၏ရန်သူများ ဖြစ်လာခဲ့ ကြသည်။ ယခုချိန်၌ပင်လျှင် လူများစွာတို့သည် သမ္မာကျမ်းစာဖော်ပြ ထားသည့်အတိုင်း ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံနှုတ်ကပတ်တော်ကို သူတို့နှလုံးသားများသည် မယုံ ကြည်သောကြောင့် သူတို့သည် အပြစ်သားများအဖြစ် အသက်ရှင်ကြ သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် နောက်ကြောင်းပြန်လှည့် ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်ပေးတော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော်ကို ကယ်တင်ခြင်းအဖြစ် ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။
သင်သည် အစာခေါင်းပါးသောအချိန်သို့ ရောက်လုနေပြီ ဖြစ် သည်။ ဤအရာပြီးဆုံးပြီးနောက် ဤလောကကို အန္တိခရစ်အုပ်စိုးမည့် အချိန်ရောက်လာသောအခခါ သင်သည် ခေတ်ကာလတစ်ခုကို တွေ့ ကြုံရလိမ့်မည်။ ဤသို့သောအချိန်များတွင် ကျွန်ုပ်တို့သည်  အပြစ် များအားလုံးမှ ဆေးကြောခြင်းခံရ၍ သခင်ယေရှုခရစ်တော်၏သတို့ သမီးများဖြစ်လာရမည် ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ပြစ်ကြွေးပေးဆပ် တော်မူခဲ့သည်ဟု ချီတုံချတုံမပြုဘဲ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခြင်းအားဖြင့် ပြစ်ကြွေးများပေးဆပ်ကျေအေးစေတော်မူခဲ့သည်ဟု ကိုယ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ထမ်း၍ အပြစ်များအတွက် တရားမျှတစွာတ ရားစီရင်ခြင်းကို ခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော် မူခဲ့သည်။ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ ကိုယ်တော့်ကို ကယ် တင်ရှင်အဖြစ် လက်ခံရန် ယုံကြည်ခြင်း ရှိရကြမည် ဖြစ်သည်။
သင်သည် ယခုတွင် ဘာသတင်းကောင်းကို ယုံကြည်သနည်း။ ကားတိုင်တစ်ခုတည်းကိုသာ ထားသော ယုံကြည်ခြင်းလော။ ထိုသို့ ဖြစ်လျှင် သင်သည် လောက၌ရှိသော အခြားဘာသာတရားကိုင်းရှိုင်း သူများမှား မခြားနားသော ဘာသာတရားကိုင်းရှိုင်းသူတစ်ဉီးသာ ဖြစ် လိမ့်မည်။ ဟုတ်ပါသည်။ ယခုတွင် သင်၏ယုံကြည်ခြင်းအသက်တာ သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ၊ ချီးမွမ်းခြင်း၊ နှင့် အစေခံခြင်းအားဖြင့် အများစုဖြစ်သည်။ သင်သည် အများအားဖြင့် သာမန်ဘာသာတရားဘဝဖြင့်သာ အသက်ရှင်နေသည်။ သို့သော် သမ္မာကျမ်းစာက လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ဒုတိယမွေးဖွားခြင်းခံရမည်ဟု ပြောထားသည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလော ကအပြစ်မျာကို ထမ်းတော်မူခဲံ၍ ကားတိုင်ပေါ်တွင် အသေခံကာ ဤအပြစ်များထမ်း၍ အသွေးတော်သွန်းလောင်းမူလျက် လူသားများ ၏အပြစ်များအားလုံးအတွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူ ခဲ့သည်ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဤနောက် ဆုံးချိန်များတွင် အန္တိခရစ်နှင့်၎င်း၏အပေါင်းအဖော်များနှင့် ဝိညာဉ် ရေးရာတိုက်ပွဲအောင်မြင်ရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းကာ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ပြစ် ကြွေးများကို ပေးဆပ်ကျေအေးစေတော်မူခဲ့သူ သခင်ယေရှုခရစ် တော်သည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု နှလုံးသားအ ကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ဖြေလွှတ်ခြင်းခံရ ကြမည် ဖြစ်သည်။ 
ဘုရားသခင်ကို နာမခံခြင်းအားဖြင့် အပြစ်ကျူးလွန်သော ကျွန်ုပ်တို့အားလုံးအတွက် သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ လောကအ ပြစ်များကို လက်ခံတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြ်င့ ကျွန်ုပ်တို့အပြစ်များအားလုံးကို တစ် ကြိမ်တည်းပေးဆပ်ကျေအေးစေတော်မူခဲ့ခြင်းအားဖြင့် ဤလောက အပြစ်များမှ ဤကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်အားလုံကို ကယ်တင်တော်မူခဲ့သည်။ ဓမ္မသစ်ကျမ်းခေတ်ကာလတွင် ဘုရားသ ခင်သည် မိမိသားတော် သခင်ယေရှုအား ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူစေတော်မူခြင်းအမှုနှင့် အသွေးတော်သွန်းလောင်းခြင်းအမှုတို့ ကို ပြည့်စုံစေတော်မူခဲ့သည်။ ယခုတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ အား ရေနှင့်ဝိညာဉ်တော်ကယ်တင်ခြင်းကို ယုံကြည်သူများနှင့် သခင် ယေရှုခရစ်တော်၏သတို့သမီးများ ဖြစ်စေတော်မူသည်။ ကျွန်ုပ်တို့ အားလုံးသည် တစ်ကြိမ်က အပြစ်သားများအဖြစ် ဤလောက၌ မွေး ဖွားခဲ့ကြသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ် တော်မူသည်ဟူသောဘုရားသခင်၏သားတော် သခင်ယေရှုခရစ် တော်၏ဗတ္တိဇံနှင့် ပြစ်ကြွေးပေးဆပ်တော်မူခြင်းကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏သတို့သမီးများအဖြစ် နောက် တစ်ကြိမ်ဒုတိယမွေးဖွားခြင်းခံရန် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရကြသည်။
ယခုတွင် ကိုယ်တော်သည် ဤလောကသို့ကြွလာတော်မူခဲ့ သောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အဖို့အလို့ငှါ ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူ တော်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ကာ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ပြစ်ကြွေးများအားလုံး ပေးဆပ်ကျေအေးစေတော်မူခဲ့သည်ဟု လက်ခံခြင်းအားဖြင့် ကယ် တင်ခြင်းသို့ ရောက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ ဖို့အလို့ငှါ ပြစ်ကြွေးပေးဆပ်ကျေအေးစေသူ သခင်ယေရှုခရစ်တော် ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏သ တို့သားများဖြစ်လာနိုင်ကြသည်။ 
ယောဟန် အခန်းကြီး ၂ ကာနမင်္ဂလာဆောင်ပွဲတွင် သတို့သားရှိ ခဲ့သည်။ သို့သော် ကောင်းကင်နိုင်ငံတော်တွင် သခင်ယေရှုခရစ်တော် သည် သတို့သား ဖြစ်သည်။ နောက်ဆုံးချိန်ကာလတွင် သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့ခြင်း တို့အားဖြင့် အပြစ်ကြွေးပေးဆပ်ပေးတော်မူခဲ့သည်ဟု ယုံကြည်သူ များသည် ကိုယ်တော်၏သတို့သားအဖြစ် ကိုယ်တော်၏ပွဲသို့ တက် ရောက်နိုင်ကြမည် ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ကောင်းကင် နိုင်ငံတော်တွင် ကိုယ်တော်ပြင်ဆင်ဧည့်ခံသော မင်္ဂလာဆောင်နှင်းပွဲ ၌ ပါဝင်နိုင်ရန် အရည်အချင်းပြည်မီနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့် ကိုယ်တော်၏အသေခံတော်မူခြင်းတို့ကို ယုံ ကြည်ရကြမည် ဖြစ်သည်။ 
ကာနမင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားခြင်းခံရသောသူများသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အ သွေးတော်တို့ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံခဲ့ ရသောသူများကို ရည်ညွှန်းသည်။ သူတို့သည် သခင်ယေရှုခရစ်တော် ၏ဖြောင့်မတ်ခြင်းကို သူတို့၏အပြစ်ကြွေးပေးဆပ်ခြင်းအဖြစ် ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော်၏သတို့သမီးများဖြစ်လာခဲ့ကြသော သူများ ဖြစ်ကြသည်။ သင်နှင့်ကျွန်တော်တို့သည် ကယ်တင်ခြင်းအ တွက် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှုတ်ကပတ်တော်နှင့် ပြစ်ကြွေးပေးဆပ်ကျေအေးစေရန်အတွက် အ သွေးတော်၏နှုတ်ကပတ်တော်ကို ယခု ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုဘ်တော်၏မင်္ဂလာဆောင်နှင်းပွဲ၌ ပါဝင်ရန် အရည် အချင်း ပြည့်မီနေကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အသက်ရှင် နေကြသည့်အတိုင်း ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်အပြစ်များကို လက် ခံတော်မူသည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် ညှဉ်းပန်းနှိပ်စက် ခြင်းနှင့် အသေခံတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏ကယ် တင်ရှင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထိုကြောင့် ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းခံရကြကာ သခင်ယေရှုခရစ် တော်၏သတို့သမီးများဖြစ်လာနိုင်ကြသည်ကိုလည်းကောင်း မှတ် ထားကြပါစို့။
 


သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ပြစ် ကြွေးများပေးဆပ်စေတော်မူခဲ့ပြီဟု ကျွန်ုပ်တို့သည် နှလုံး သားများ၌ လက်ခံရကြမည် ဖြစ်သည်


ဗျာဒိတ် ၁၃း၈ တွင် “ကွပ်မျက်သောသိုးသငယ်၏ အသက်စာ စောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့ သည် သားရဲကို ကိုးကွယ်ကြ၏။ နားရှိသောသူမည်သည်ကား ကြား ပါစေ” ဟု ဖော်ပြထားသည်။ သင်၏နာမည်သည် သိုးသငယ်အသက် စာစောင်တွင် ရေးထားသည်ကို သင်သေချာစွာသိရှိရန် လိုအပ်သည်။ များမကြာမီ နောက်ဆုံးသောကာလကို အန္တိခရစ်က ရက်စက်ကြမ်း ကြုတ်စွာ အုပ်စိုးသောအခါ သူ့ကို ကိုးကွယ်သောသူများသည်  အ သက်စာစောင်တွင် ဘုရားသခင်၏ နာမည်စာရင်းရေးသားခြင်းမခံရ သောသူများ ဖြစ်ကြသည်။ ဤလူများသည် အန္တိခရစ်ကို ကိုးကွယ် ကြလိမ့်မည်ဟု ကျမ်းစာက ပြောထားသည်။ ဤအချိန်ရောက်လာ သောအခါ သင်သည် ဤဆိုးသောကံကြမ္မာကို လွှဲရှောင်နိုင်ရန်အ တွက် မည်သို့သော ယုံကြည်ခြင်းမျိုးကို ရှိရမည်နည်း။
ယခုတွင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောက၏အပြစ်များထမ်းဆောင်ရန်နှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြစ်ကြွေးပေးဆပ်ကျေအေးစေရန် ခမည်းတော်ဘုရားသခင်၏အလို တော်ကို သင်ယုံကြည်လျှင် ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေးတော် အားဖြင့် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူခဲ့သည်ဟူသော သ ခင်ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သင်သည် အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရသည်။ ဤသို့သောပုဂ္ဂိုလ်များ သည် အန္တိခရစ်ဤလောက၌ ရိုင်းစိုင်းစွာ မပေါ်ထွန်းမီ ဒုတိယမွေး ဖွားခြင်းခံစေသော ယုံကြည်ခြင်းရှိ၍ သူတို့မှာ ပြဿနာရှိလိမ့်မည်မ ဟုတ်သောကြောင့် သူတို့အပေါ် ကိုယ်တော်ချပေးတော်မူခဲ့သော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အပေါ် ကျေးဇူး တင်သည်။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ၍ သူတို့၏ ပြစ်ကြွေးပေးဆပ်သူ သခင်ယေရှုခရစ်တော်ပေါ်သို့ မိမိအပြစ်များ အားလုံးကို လွှဲပြောင်း၍ ကိုယ်တော်၏ကယ်တင်ခြင်းကို ယုံကြည် ကြသောကြောင့် သူတို့သည် အန္တိခရစ်ကို ဆန့်ကျင်၍ အောင်မြင်နိုင် ကြခြင်း ဖြစ်သည်။ ဤသို့သော ယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်သောသူ များသည် အန္တိခရစ်ကို ကိုးကွယ်ကြမည် မဟုတ်တော့ပေ။ သို့သော အခြားတစ်ဖက်တွင် သူတို့သည် သူ့ကို မထီမဲ့မြင်ပြုကြ၍ ယုံကြည် ခြင်းအားဖြင့် မာတုရအသေခံကြကာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို သက်သေခံကြလိမ့်မည်။
သို့သော် သင်၏လက်ရှိယုံကြည်ခြင်းသည် ဘာသာတရားကျင့် သုံးသူကဲ့သို့ဖြစ်၍ ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသေခံတော်မူ ခြင်းကိုသာ ယုံကြည်လျက် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်း များအားဖြင့် သင်၏အပြစ်များမှ လွှတ်မြောက်ရန်အတွက်သာ ကြိုး စားလျှင် သင်သည် အန္တိခရစ်ကို လက်ခံ၍ သူ့ကို ကိုးကွယ်လိမ့်မည်။ ထိုကြောင့် သင်သည် ဤလောက၌ အသက်ရှင်နေစဉ် ယခုချိန်သည် နောက်မကျသေးဘဲ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် အဗလာကအပြစ်များကို ထမ်း၍ အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် သင်၏ကယ်တင်ရှင်ဖြစ်လာ တော်မူသည်ဟု သင်ယုံကြည်၍ ဘုရားသခင်၏ဘုန်းတော်ကို ထင် ရှားစေရမည် ဖြစ်သည်။ အန္တိခရစ်သည် သင့်အား ယုံကြည်ခြင်းသစ္စာ ဖောက်ရန် တိုက်တွန်းသောအခါ ကိုယ်တော်၏ဗတ္တိဇံနှုတ်ကပတ် တော်အားဖြင့် ကိုယ်တော်သည် လူသားများ၏အပြစ်များကို ထမ်း တော်မူခဲ့သည်ဟူသော သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ၎င်းကို ငြင်းပယ်နိုင်၍ ဤယုံကြည်ခြင်းအားဖြင့် မာတုရအသေခံကာ ကိုယ် တော်၏သတို့သမီးအဖြစ် သတို့သား၏နာမဘုန်းနာမတော်ကို ထင် ရှားစေတော်မူလိမ့်မည်။ 
ယနေ့ဖတ်ကြားသောကျမ်းချက်တွင် ကိုယ်တော်၏နှုတ်ကပတ် တော်ကို နာခံခြင်းအားဖြင့် ကျောက်စရည်းများထဲတွင် ရေအပြည့် ဖြည့်ခဲ့ကြသောကြောင့် မင်္ဂလာဆောင်ပွဲ၌ ပါဝင်သောအစေခံများ သည် စပျစ်ရည်ကို မြည်းစမ်းနိုင်ခဲ့ကြသည်။ ဤအံ့ဩဖွယ်နိမိတ် လက္ခဏာကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို နှလုံးသားအ ကြွင်းမဲ့ယုံကြည်ခြင်း၊ ဤယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်အပေါ်သို့ အပြစ်များ လွှဲပြောင်းပေးခြင်းနှင့် ကားတိုင်ပေါ်တွင် ကိုယ်တော်၏ အသွေးတော်အားဖြင့် အပြစ်ဖြေလွှတ်ခြင်း ယဇ်ပူဇော်ပေးသူ ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏သတို့ သမီးများဖြစ်လာရန် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ ဗတ္တိဇံ ယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူ၍ ထမြောက်တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားခဲ့သူ သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံမှသာလျှင် ကျွန်ုပ်တို့ သည် သခင်ယေရှု၏သတို့သမီးများအဖြစ် အရည်အချင်းပြည့်မီသော ယုံကြည်ခြင်းကို နှလုံးသားများ၌ ပိုင်ဆိုင်နိုင်ကြသည်။ သင်နှင့်ကျွန် တော်တို့၏တစ်ဘဝလုံးတွင် ကျူးလွန်ခဲ့သောအပြစ်များအားလုံးကို  ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်အားဖြင့် သခင်ယေရှုအပေါ်သို့ တစ်ကြိမ်တည်း လွှဲပြောင်း ခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ပြီဖြစ်သော ကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် ဆွဲချိတ်ခြင်းခံ၍အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြစ်ကြွေးပူဇော်သက္ကာကို ပြု ပေးတော်မူခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ထာဝရကယ်တင်ခြင်းခံရ ကြ၍ ခရစ်တော်၏အပြစ်ကင်းစင်သောသတို့သမီးများဖြစ်လာခဲ့ကြ သောကြောင့် ဤအရာအပေါ် ကျေးဇူးတင်ကြသည်။ သခင်ယေရှုခ ရစ်တော်သည် သင်နှင့်ကျွန်တော်တို့ကို အပြစ်များအားလုံးမှ ကယ် တင်တော်မူရန်အတွက် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ပြစ်ကြွေး များအားလုံးကို ပေးဆပ်ကျေးအေးစေတော်မူခဲ့သည်ဟု ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယခုတွင် ကိုယ်တော်၏သတို့သမီးများ ဖြစ်လာနိုင်ကြသည်။  ခရစ်တော်၏သတို့သမီးများဖြစ်လာခဲ့ကြသော ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏သတို့သား ဖြစ်တော်မူသည်ဟု ဝမ်းမြောက်ကြသောကြောင့် အန္တိခရစ်ကို ဆန့် ကျင်၍ ယုံကြည်ခြင်းစောင့်ထိန်းကြလိမ့်မည်။ ကျွန်ုပ်တို့သည် ဤ နောက်ဆုံးသောခေတ်ကာလတွင် ဤသို့သောယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်နိုင်ကြသောကြောင့် ကျွန်တော် မည်မျှ ဝမ်းမြောက်မှုခံစားရ သည်ကို နှုတ်ဖြင့် မမြွက်နိုင်ပေ။
သမ္မာကျမ်းစာတစ်အုပ်လုံးတွင် သခင်ယေရှုက ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ အား ပြောကြားတော်မူသည်။ ဓမ္မဟောင်းကျမ်း၌ ပင်လယ်နီနှစ်ခြမ်း ကွဲခြင်းမှာ အံ့ဩဖွယ်နိမိတ်လက္ခဏာဖြစ်သည်။ ဣသရေလယဇ်ပ ရောဟိတ်များသည် ပဋိညာဉ်သေတ္တာကိုထမ်း၍ ယောဒန်မြစ်သို့ ခြေ လှမ်းလှမ်းကြသောအခါ ရေသည် ရပ်တန့်၍ ဘေးနှစ်ဖက်တွင် နံရံကဲ့ သို့ ရပ်တန့်ခဲ့သည်။ ဤအရာသည်လည်း အံ့ဩဖွယ်နိမိတ်လက္ခဏာ ဖြစ်သည်။ ဤနိမိတ်လက္ခဏာများကဲ့သို့ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား လောကအပြစ်များမှ ရွေးနှုတ်ကယ်တင်တော်မူခြင်း မှာ ဘုရားသခင်၏အကြီးမားဆုံးသော ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဓမ္မသစ်ခေတ်ကာလတွင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် ယဇ်ပူဇော်သက္ကာ ပြုတော်မူခဲ့ခြင်းအားဖြင့် ကိုယ်တော်၏ယုံကြည်သူများကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့၍ ဤကယ်တင်ခြင်းလုပ်ငန်းက ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ထင်ရှားစေသည်။
ကျွန်ုပ်တို့အပြစ်များကို  ဆေးကြောပေးသူ သခင်ယေရှု၏ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ကို ယုံကြည်ခြင်းသည် မှန် ကန်သောအရာ၊ ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းသို့ ရောက်စေသော ယုံကြည်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့သည် မရှိမဖြစ် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဤ လောကသို့ ကြွလာတော်မူခဲ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူသည့်အချိန်နှင့် ကားတိုင်ပေါ်တွင် ညှဉ်းပန်းနှိပ်စက်ခံ၍ အသွေး တော်သွန်းလောင်းတော်မူသောအချိန်တွင် ကိုယ်တော်ပြုတော်မူခဲ့ သောအရာတို့သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ပေးသော ကယ်တင်ခြင်းအမှုအရာအားလုံး ဖြစ်သည်။
 


ကိုယ်တော်သည် ကျွန်ုပ်တို့အား မှန်ကန်စွာ ကယ်တင် တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်


၂၁ ရာစု ယနေ့တွင် သခင်ယေရှုကို ယုံကြည်သူ ဘုရားကျောင်း သို့ တက်ရောက်သောသူအားလုံးကို ကြည့်လျှင် သူတို့သည် ကားတိုင် ကိုသာ ယုံကြည်ကြ၍ သူတို့၏နှလံဒးသားများ၌ သခင်ယေရှု၏ဗတ္တိ ဇံနှုတ်ကပတ်တော်မရှိသောကြောင့် ထိုသို့မြင်တွေ့ခြင်းကြောင့် ကျွန် တော်အလွန်အမင်း ဝမ်းနည်းမှုခံစားခဲ့ရသည်။ ယနေ့ခရစ်ယာန်များ သည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သေသာ ဗတ္တိဇံနှုတ်ကပတ်တော်ကို မရှိကြသောကြောင့် သူတို့သည် နောက်ဆုံးသောခေတ်ကာလတွင် အန္တိခရစ်နှင့်ရင်ဆိုင်သောအခါ သူ တို့၏ယုံကြည်ခြင်းသည် အခက်အခဲတွေ့ကြလိမ့်မည်။ အန္တိခရစ် သည် ဤလောကသို့ ရောက်လာ၍ သူတို့၏ယုံကြည်မှုအတွက် သူတို့ ကို ညှဉ်းပန်းနှိပ်စက်သောအခါ သူတို့သည် သခင်ယေရှုကို အလွယ် တကူ ငြင်းပယ်နိုင်ကြလိမ့်မည်။
ထိုကြောင့် နောက်ဆုံးကာလများသည် အလွန်နီးကပ်နေပြီးဟု အသိအမှတ်ပြုလျက် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့်လည်းကောင်း၊ လောကအပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းကာ အသေခံတော်မူ၍ သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းပေးအပ် တော်မူခဲ့သည်ဟု ဘုရားသခင်၏အသင်းတော်သည် ယုံကြည်၍ ဟောပြောရကြမည် ဖြစ်သည်။ ထိုအရာသည် ယခုတွင် ၂၁ရာစု၌ ဖြစ် ပျက်မည့်အရာဖြစ်သည်။ ဘုရားသခင်၏အသင်းတော်သည် အေဒီ ၃၂၅မှ ယနေ့ထိတိုင်အောင် ပယ်ဖျက်၍ ဖုံးအုပ်ထားသော ကယ်တင် ခြင်းကို ယနေ့ခရစ်ယာန်များထံ ဟောပြောရန် ဆက်ကပ်၍ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ဤ လောက၏အပြစ်များကို ထမ်းခြင်းအားဖြင့် အပြစ်သားများကို ကယ် တင်တော်မူခဲ့သည်ဟု ကြွေးကြော်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အ ပြစ်များကို ကားတိုင်သို့ ထမ်းတော်မူခြင်းအားဖြင့် အပြစ်သားများကို ကယ်တင်တော်မူခဲ့သည်ဟူသော ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏သတို့သမီးများအဖြစ် လူတိုင်း သည် ဒုတိယမွေးဖွားခြင်းခံရနိုင်သော ယုံကြည်ခြင်းအကြောင်းကို ယခုတွင် ကျွန်ုပ်တို့ဟောပြောနေကြသည်။ ယခုမှစ၍ ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူ ခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဤလောက အပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် အပြစ်များထာဝရဖြေလွှတ် ခြင်းကို ကျွန်ုပ်တို့အား ယခုပေးအပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူ သည်ဟူသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် မိမိကောင်းမှုကုသိုလ်ကြောင့် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ကြောင့် ဖြစ်သည်။ ကိုယ်တော်သည် အပြစ်များထာဝရဖြေလွှတ်ခြင်း သမ္မာတရားကို ယုံကြည်သူကျွန်ုပ်တို့အားလုံးအတွက် ကယ်တင်ရှင် ဖြစ်တော်မူသည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကယ်တင်ခြင်းယူဆောင်တော်မူခဲ့၍  ယုံကြည်သူများအတွက် ထာဝရသတို့သားဖြစ်တော်မူ၍ ကိုယ်တော် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူအားလုံးအပေါ် ကိုယ်တော်၏သတို့ သမီးများအဖြစ် ကောင်းကြီးမင်္ဂလာချပေးတော်မူခဲ့သည်။
သင်နှင့်ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့နှလုံးသားများမှာ အပြစ်ရှိသေးသည်ဟု သင်ယုံကြည်သလော။ လုံးဝမရှိတော့ပေ။ ဤ အရာကို ပြောရန် အဆင်မပြောသောသူတစ်စုံတစ်ဉီးရှိသလော။ ရှက် ကြောက်သူတစ်စုံတစ်ဉီး ရှိသလော။ သင်သည် မိမိကိုယ်ကိုကိုယ် ဤ အရာကို မပြောနိုင်လျှင် သခင်ယေရှုသည် သင်၏အပြစ်များယူ ဆောင်ရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြည့် စုံစေ တော်မူခဲ့သော ကယ်တင်ခြင်းကို မသိရသေးသည်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် သင်သည် သင်၏အပြစ်များအပါအဝင် ဤလော ကအပြစ်များကို ထမ်းတော်မူခဲ့သော သခင်ယေရှုကို မတွေ့ရသေး သည်ကို ဆိုလိုသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော် မူခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ် တိုါ့၏ကယ်တင်ရှင်ဖြစ်တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ရကြမည် ဖြစ်သည်။ ဤသို့ဖြင့် သခင် ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ကို ယုံကြည်ခြင်းမှာ လူသားများအား အပြစ်များနှင့်သေခြင်းမှ ရွေးနှုတ် တော်မူခဲ့သော ကိုယ်တော်ပေးအပ်တော်မူခဲ့သည့် အသက်နှင့်ယှဉ် သောနှုတ်ကပတ်တော်ယုံကြည်ခြင်းကို ဆိုလိုသည်။ 
ကိုယ်တော်ကို ကိုးစားခြင်းနှင့်နောက်တော်သို့လိုက်လျှောက် ခြင်းအားဖြင့် သင်သည် ယုံကြည်ခြင်းအသက်တာအားဖြင့် အသက် ရှင်ရန်  သင်ကျူးလွန်ခဲ့သောအပြစ်များက သင့်အား ရောင့်ရဲတင်း တိမ်မှုအနည်းငယ်သာပေးသလော။ လူသားအားလုံးသည် ဘုရားရှေ့ တော်၌ အပြစ်ပြုကြသည်။ ဤလောကတွင် မည်သူသည် အပြစ်အ နာအဆာမရှိဘဲ  အသက်ရှင်သလော။ လူသားအားလုံးသည် ဘုရား ရှေ့တော်၌ အားနည်းချက်ရှိကြသည်။ သို့သော် ကိုယ်တော်ပေးအပ် တော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်နှုတ်ကပတ်တော်ကို ယုံကြည် သူများသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ရောင့်ရဲစွာဖြင့် ယုံကြည် ရန် လိုအပ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေးတော် အားဖြင့် ကယ်တင်တော်မူခဲ့သည်ဟု ဖော်ပြထားပါသဖြင့် ကျွန်ုပ်တို့ အပြစ်များကို ဖယ်ရှားပေးတော်မူခြင်းအားဖြင့် ကိုယ်တော်ပြည့်စုံစေ တော်မူခဲ့သော ကယ်တင်ခြင်းကို မရှက်မကြောက်ဘဲ ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ရကြမည် ဖြစ်သည်။
သင်သည် ကားတိုင်ပေါ်တွင် ကိုယ်တော်၏အသွေးတော်တစ်ပါး တည်းကိုသာ ယုံကြည်၍ သင်၏အပြစ်များ မိုးပွင့်ပမာဖြူစင်ရန် ဆေး ကြောခြင်းမခံရသေးလျှင် သင်သည် နိုင်းစင်းယုံကြည်မှုကို ယုံကြည် သူ ဘာသာရေး ပြုပြင်ပြောင်းလဲသူများ၏ယုံကြည်မှု၏လွှမ်းမိုးမှုကို ခံစားရသည်ကို ရှင်းလင်းစွာ တွေ့ရသည်။ ယနေ့တွင် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံ စားရရှိသည်။ ယနေ့ခရစ်ယာန်များသည် နိုင်းစင်းယုံကြည်မှု၏လွှမ်း မိုးမှုကို ခံရကြသဖြင့် သူတို့သည် သခင်ယေရှု၏ကားတိုင်တစ်ပါး တည်းကိုသာ ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဆေးကြောရန် ဘာ သာတရားကျင့်ထုံးကျင့်စဉ်းမျာကို ကြိုးစားလုပ်ဆောင်ကြသည်။ ဤ အကြောင်းကြောင့် သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော်လည်း သူတို့များစွာတို့သည် ကောင်းကင်နိုင်ငံ တော်ကို ဝင်ရောက်နိုင်ရန်အတွက် နောင်တနှင့်စပ်ဆိုင်သောဆု တောင်းခြင်းအားဖြင့် သူတို့အပြစ်များ ဆေးကြောကြသည်ဟု ပြော၍ ကယ်တင်ခြင်းအကြောင်းကို လုံးဝနားလည်သဘောပေါက်ခြင်းမရှိ ကြပေ။ သူတို့၏ကိုယ်ပိုင်အပြစ်နှင့်ပတ်သက်၍ သူတို့သည် ဤအ ပြစ်များဖြေလွှတ်ခြင်းအမှန်အကန်ခံရကြသည်ဟု ရောင့်ရဲတင်းတိမ် မှုအပြည့်အဝမရှိကြပေ။ ပို၍တိကျစွာပြောရလျှင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များယူဆောင်သွားတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ ပြစ်ကြွေး များပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်ကိုလည်း ကောင်း သူတို့သည် ယုံကြည်ခြင်းမရှိကြသောကြောင့် ဖြစ်သည်။ သူ တို့သည် ဆုတောင်းခြင်းအားဖြင့် အပြစ်များဖြေလွှတ်ရန် ကြိုးစားနေ ကြသည်။ သို့သော် သူတို့သည် မည်သို့ပင်ကြိုးစားအားထုတ်နေကြပါ စေ သူတို့သည် အပြစ်များဖြေလွှတ်ခြင်းခံရကြသည်ဟု နားလည်သ ဘောပေါက်ခြင်းမရှိကြသောကြောင့် သူတို့သည် အပြစ်သားများအ ဖြစ် အသက်ရှင်နေသည်ဟု အမြဲတမ်းခံစားရကြသည်။ 
သင်တို့အချို့သည်လည်း ဘာသာတရားအသက်တာဖြင့် ဘာ ကြောင့် ဤသို့အသက်ရှင်နေကြသည်ကို ကျွန်တော်သိသည်။ သို့ သော် ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့အပြစ်များကို ဗတ္တိဇံခံ ယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခြင်းအားဖြင့် ဆေးကြောပေးတော်မူခဲ့သည်ဟု ကျမ်းစာက ဖော်ပြထားသောကြောင့် သင်သည် ဤသမ္မာတရားကို နားလည်သ ဘောပေါက်၍ ယုံကြည်ရန် ကျွန်တော်တိုက်တွန်းလိုပါသည်။ သင် သည် ကျမ်းစာနှုတ်ကပတ်တော်မှ ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် သင်၏အပြစ်များအားလုံးကို ထမ်း တော်မူခဲ့သည်ဟု သင့်တော်စွာသိ၍ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ရ မည် ဖြစ်သည်။ ထိုနောက် သင်၏နှလုံးသားသည် ကိုယ်တော်ရှေ့ တော်၌ယုံကြည်ခြင်းအားဖြင့် မားမားမတ်မတ် ရပ်နိုင်မည် ဖြစ်သည်။  ထိုကြောင့် ယခုတါင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအကြောင်း ကို သွန်သင်၍ ကိုယ်တော်သည် မိမိတရားမျှတမှုဖြင့် ပြည့်စုံစေတော် မူခဲ့သော အပြစ်များဖြေလွှတ်ခြင်းနှုတ်ကပတ်တော်ကိုကျွန်ုပ်တို့ ဟောပြောရခြင်းအကြောင်း ဖြစ်သည်။ 
 


ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ကြသည်


မဿဲ ၁၁း၁၂ တွင် “ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏”ဟု ဖော်ပြထားသည်။ “ဗတ္တိဇံ ယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင်”စကားစုကို ကျွန်ုပ်တို့ သည် ပို၍ရှည်လျားစွာတွေးတောရန် လိုအပ်သည်။ သမ္မာကျမ်းစာက ဘာကြောင့် “ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင် အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည် လည်း လုယူဝင်စားရကြ၏”ဟု ပြောသနည်း။ ကိုယ်တော်သည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးကို လက်ခံတော်မူခဲ့သောကြောင့် သခင် ယေရှုက “ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏”ဟု မိန့်တော်မူခြင်းဖြစ်သည်ကို ကျွန်ုပ်တို့နား လည်သဘောပေါက်ရန် လိုအပ်သည်။ မဿဲ ၃း၁၃-၁၆ တွင် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအားလုံး ပြည့်စုံစေတော်မူရန် ဖြစ်သည် ဟု ကျမ်းစာကဖော်ပြထားသည်ကို ကျွန်ုပ်တို့သိနိုင်ကြသည်။
သမ္မာကျမ်းစာတွင် “ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော် မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ ယေရှုသည်ဗတ္တိဇံကိုခံ တော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘု ရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ် တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရတော်မူ၏” (မဿဲ ၃း၁၆-၁၇) ဟု ဖော်ပြထားသည်။
ဤတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူရခြင်းအကြောင်းကို ကိုယ်တော်က ရှင်းပြတော်မူသည်။ အ ကြောင်းမှာ “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်” ဖြစ်သောကြောင့် ဖြစ်သည်။ ဤတွင် “ဘုရားသခင်၏ဖြောင့်မတ် ခြင်း”မှာ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလော ကအပြစ်များကို ထမ်းတော်မူ၍ လူတိုင်း၏အပြစ်များကို ထာဝရ ဖယ် ရှားပေးတော်မူခဲ့ခြင်း လုပ်ဆောင်ချက်ကို ရည်ညွှန်းထားသည်။ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူသောအခါ ကိုယ်တော်သည် လူသားများ၏အပြစ်များကို မိမိအပေါ်သို့ လက်ခံ တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူသောအခါ သင် နှင့် ကျွန်တော်တို့၏နှလုံးသားအပြစ်များကို မည်သည့်နေရာသို့ ထွက် သွားခဲ့သနည်း။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူသောအခါ ကျွန်ုပ်တို့အပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲ ပြောင်းခဲ့ပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်မရှိ တော့ပေ။ ဤအရာသည် မှန်ကန်သလော။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံအားဖြင့် မိမိကိုယ်ပေါ်သို့ အပြစ်များကို လက်ခံတော်မူခဲ့သော ကြောင့် ကိုဘ်တော်သည် ကားတိုင်သို့ကြွကာ အသေခံလျက် အသွေး တော်သွန်းလောင်းပြီး သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအား ဖြင့် ကိုယ်တော်သည် ဤကမ္ဘာပေါ်တွင် ရှိသော လူသားအားလုံး၏အ ပြစ်များအားလုံးကို ဆေးကြောပေးရန် ပူဇော်သက္ကာပြုတော်မူခဲ့သည် ဟု ယုံကြည်သူအားလုံးကို ကယ်တင်တော်မူခဲ့ခြင်း ဖြစ်သည်။ ယခု တွင်ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံနှင့်နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော် တို့ဖြင့် ကျွန်ုပ်တို့အားလုံးကို အပြစ်များမှ ဖြောင့်မတ်စွာ ကယ်တင် တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤသမ္မာတရားကို ယုံကြည် ခြင်းအားဖြင့် အပြစ်များထာဝရဖြေလွှတ်ခြင်းအခွင့် ခံစားရရှိနိုင်ကြ ခြင်း ဖြစ်သည်။ 
ထိုကြောင့် ကိုယ်တော်သည် “ဗတ္တိဇံ၊ ဆရာယောဟန်လက် ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏”ဟု မိန့်တော်မူခြင်း ဖြစ်သည်။ အမှန်အကန်၊ ဤအချိန်မှစ၍ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူခဲ့သော အသွေးတော်တို့ဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု သင်ယုံကြည်လျှင် သင်သည် ဤယုံ ကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံစားရရှိခဲ့သဖြင့် သင် သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယခု တွင် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ကို ယုံကြည်ခြင်းအားဖြင့် မိမိနှ လုံးသား၌ အပြစ်ဖြေလွှတ်ခြင်းခံရသေသူများသည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ရန် သော့ပိုင်ဆိုင်ကြသည်။ ဤယုံကြည်ခြင်းအ တွက် ကျေးဇူးတော်ကို ချီးမွမ်းသည်။ ထိုကြောင့် သင်သည် ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို ယုံကြည်လျှင် သင်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် ယုံကြည်ခြင်းသော့ပိုင်ဆိုင် သည်ကို သိသည်။
ဤနှုတ်ကပတ်တော်ကို တစ်ဖန်သတိရရန်အတွက် သခင်ယေရှု သည် “ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေတော်မူရန်”အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူသောအခါ မဿဲ ၃း၁၅ တွင် ကိုယ်တော်မိန့်တော်သောစကားကို ကြည့်ရမည် ဖြစ်သည်။ ဤတွင် သခင်ယေရှုပြောကြားတော်မူခဲ့သော “ဘုရားသခင်၏ဖြောင့်မတ် ခြင်း”မှာ အဘယ်အရာဖြစ်သနည်း။ “ဘုရားသခင်၏ဖြောင့်မတ်ခြင်း” မှာ “ဘုရားသခင်၏တရားမျှတခြင်း” ဖြစ်သည်။ ဘုရားသခင်၏တ ရားမျှတခြင်းနှင့်ပတ်သက်၍ ကျမ်းစာအဓိပ္ပါယ်မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏ အပြစ်များအားလုံးကို ထမ်းတော်မူ၍ ပြစ်ကြွေးပေးဆပ်ကျေအေးစေ တော်မူခြင်းအချက်ကို ဆိုလိုသည်။ ဤအကြောင်းကြောင့် ကိုယ် တော်သည် “အလုံးစုံသောတရားတို့ကို ကျင့်သင့်သည်ဖြစ်၍"ဟု မိန့် တော်မူခြင်း ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များအားလုံးကို တစ် ကြိမ်တည်း လက်ခံခြင်းလုပ်ဆောင်ချက်ဖြစ်သည်ဟု ကိုယ်တော်မိန့် တော်မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ခြင်းမှာ ဘုရားသခင်၏တရားမျှတခြင်းဖွဲ့စည်းပုံ ဖြစ်သည်။ ဤအ ကြောင်းကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း ဖြစ်သည်။ ဤအရာသည် ကိုယ်တော်၏တရားမျှတခြင်း ဖြစ်သည်။ ယခတွင် သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သော အသွေးတော်နှုတ်က ပတ်တော်အားဖြင့် ဤလောကအပြစ်များကို ထမ်းခြင်းအားဖြင့် သင် ၏ထာဝရကယ်တင်ခြင်း ပြည့်စုံစေတော်မူခဲ့သည်ဟူသော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းတရားကို သင်နားလည်သဘောပေါက်သ လော။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောက အပြစ်များကို ထမ်းတော်မူခဲ့၍ အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် သင်၏အပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်ဟူ သော ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် သင် ၏နှလုံးသား၌ရှိသောအပြစ်များအားလုံး ဖယ်ရှားနိုင်သည်ဟု သင်နား လည်သဘောပေါက်ရမည် ဖြစ်သည်။ သင်သည် ဤအချက်ကို သိနိုင် ခြင်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွား ခြင်းခံနိုင်ရန်အတွက် ကျွန်ုပ်တို့အား ကိုယ်တော်ချပေးတော်မူခဲ့သော ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို သိရှိခြင်း ဖြစ်သည်။
ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့အတွက် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းခြင်းအားဖြင့် ကယ်တင်ခြင်းပြည့်စုံစေတော်မူခဲ့သည်။ ကျွန်ုပ် တို့သည် ဤကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ယခုတွင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံ သင့်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ပြုတော်မူခဲ့သော ပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့် နှလုံးသားများ၌ အပြစ်များ ဖြေလွှတ်ခြင်းခံစား၍ ကယ်တင်ခြင်းသို့ ရောက်ရှိရန် ကိုယ်တော်အ လိုရှိတော်မူသည်။ အန္တိခရစ်နှင့်၎င်း၏အပေါင်းအဖော်များကို တိုက် ခိုက်၍ အောင်မြင်နိုင်ရန် ခွန်အားအစွမ်းအစမှာ ကျွန်ုပ်တို့၏ယုံကြည် ခြင်းမှ လာသည်။ ဤသို့သောယုံကြည်ခြင်းမှာ ဗတ္တိဇံနှင့် ကားတိုင် ပေါ်၌ အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ပြစ်ကြွေးများ ပေးဆပ်ကျေအေးစေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် ကိုယ်တော် ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်း ဖြစ်သည်။ 
ယနေ့ခရစ်ယာန်များသည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ် တော်ကို ဖယ်ရှားခဲ့ကြ၍ ကားတိုင်နှုတ်ကပတ်တော်ကိုသာ ယုံကြည် ကြသည်။ သို့သော် ဤသို့သောယံဒကြည်ခြင်းသည် အန္တိခရစ်နှင့် ဝိ ညာဉ်ရေးရာစစ်ပွဲ၌ ကျဆင်းခြင်းနှင့်တူသည်။ ထိုအကြောင်းကြောင့် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်အားဖြင့် ဤလောကအပြစ်များကို ဖြောင့်မတ်စွာ ဆေး ကြောပေးတော်မူခဲ့သည်ဟု ဤနောက်ဆုံးသောခေတ်ကာတွင် အ သက်ရှင်နေကြသော ခရစ်ယာန်များထံ ကိုယ်တော်သည် သက်သေခံ တော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်း၊ ကားတိုင်သို့ကြွတော်မူခြင်း၊ အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းပြည့်စုံစေတော် မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ယုံ ကြည်ရန် သခင်ယေရှုသည် သင့်အား ပြောကြားတော်မူသည်။ ဤယုံ ကြည်ခြင်းအားဖြင့် သင်သည် ကောင်းကင်နိုင်ငံတော်သို့ ဖြောင့်မတ် စွာ ဝင်ရောက်နိုင်သည်ဟု ကိုယ်တော်မိန့်တော်မူသည်။
သခင်ယေရှုက “ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခု တိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုသောသူတို့ သည်လည်း လုယူဝင်စားရကြ၏”ဟု မိန့်တော်မူသောအခါ ဤအရာ ကိုဆိုလိုသည်ဟု သင်သည် နားလည်သဘောပေါက်၍ ယုံကြည်လျှင် သင်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူသောအခါ ကိုယ်တော်အပေါ်သို့ ဤလောကအပြစ်များလွှဲပြောင်းခဲ့သည်။ ကိုယ် တော်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည့်အတိုင်း ကိုယ်တော်သည် ယုံကြည်သူအားလုံးကို ကယ်တင် ခြင်းအားဖြင့် လွှမ်းခြုံတော်မူခဲ့သည်။ ထိုအကြောင်းကြောင့် သခင် ယေရှုက ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခု တိုင်အောင် ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြု သောသူတို့သည်လည်း လုယူဝင်စားရကြ၏ဟု မိန့်တော်မူခဲ့ခြင်း ဖြစ် သည်။
 

ဤခေတ်ကာလသည် အစာခေါင်းပါးခြင်းခေတ်ကာလ ဖြစ်သည်ဟု ကျမ်းစာက ပြောသည်

သင်နှင့်ကျွန်တော်တို့နေထိုင်သောကမ္ဘာသည် ကိုဗစ်၁၉နှင့် ၎င်း ၏အမျိုးမျိုးသောအသွင်ပြောင်းပုံစံအားဖြင့် တစ်ကမ္ဘာလုံးသို့ ရောဂါ ပျံ့နှံ့နေသည်။ နိုင်ငံအားလုံးသည် ဤရောဂါဖြင့် ဒုက္ခရောက်နေကြ သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံနှင့်ဖွံ့ဖြိုးမှုနှေးကွေးသောနိုင်ငံများ တွင် ဤရောဂါအတွက် စိတ်ပျက်နုံခြာမှုကို ခံစားရကြမည်ကို တွေ့ရ သည်။ ၎င်း၏ဆိုးကျိုးများကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းခဲ့ ရသည်။ ယခု ကမ္ဘာသည် ရောဂါပိုးတစ်ခုကိုသာ ကြုံတွေ့ခြင်းမဟုတ် တော့ပေ။ သို့သော် အမျိုးမျိုးအဖုံဖုံးသော ခက်ခဲသောပြဿနာများ အစာရှားပါးခြင်းမှ စီးပွားရေးကျပ်တည်းမှု၊ စစ်ပွဲ၊ ရာသီဉတုဖောက် ပြန်ခြင်းနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းစသည်တို့ဖြင့် ရင်ဆိုင်နေရကြသည်။
အနာဂတ်တွင် နိုင်ငံတိုင်းတွင် မိမိကိုယ်တိုင်မဖြေရှင်းနိုင်သော ပြဿနာများတိုးချဲ့ပေါ်ပေါက်နိုင်သဖြင့် ယူအင်အဖွဲ့အစည်း၊ ကမ္ဘာ့ ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်စုံတစ်ခု အားဖြင့် ကမ္ဘာ့စည်းလုံးမှုအတွက် ကမ္ဘာ့အဖွဲ့အစည်းတည်ထောင်ပါ လိမ့်မည်။ တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေသောပြဿနာများဖြေရှင်း ရန်အတွက် နိုင်ငံတိုင်းတွင် အသစ်တည်ထောင်သော ကမ္ဘာအဖွဲ့အ စည်းအတွက် ကိုယ်စားပြုသူများကို ရွေးချယ်ကာ ဤအဖွဲ့အစည်း၌ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် ကြိုး စားကြလိမ့်မည်။ အချို့သောအချက်၌ စာတန်၏ဝိညာဉ်ဆိုးသည် ကမ္ဘာ့အဖွဲ့အစည်း၏ခေါင်းဆောင်နှလုံးသား၌ ဝင်ရောက်လိမ့်မည်။ ဤခေါင်းဆောင်က ကမ္ဘာကြီးကို အန္တိခရစ်ကဲ့သို့ အုပ်စိုးလိမ့်မည်။ ထို နည်းတူ သူက ခရစ်ယာန်များအား သူ့ကို ကိုးကွယ်စေလိမ့်မည်။ ဤ သို့သော ခေတ်ကာလသည် ကျွန်ုပ်တို့ရှေ့မှာ ရောက်နေပြီဖြစ်သည်။
ဤခေတ်ကာလအတွက် သင်နှင့်ကျွန်တော်တို့သည် အဆင် သင့်ဖြစ်လာရန် ပြစ်ကြွေးပေးဆပ်သူ သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကိုထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ကာ အသေခံတော်မူခြင်းအားဖြင့် ပြစ်ကြွေးများအားလုံးကို ပေးဆပ် ကျေအေးစေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤယဇ်ပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရမှသာလျှင် ကျွန်ုပ် တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်သော ယုံကြည်ခြင်းရှိ နိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အန္တိခရစ်နှင့် မျက်နှာချင်းဆိုင် တွေ့ကြုံကြသောအခါ သခင်ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် သူ့ကို ခုခံတိုက်ခိုက်၍ မာတုရအသေခံရန် တန်ခိုးကို ချ ပေးသော ယုံကြည်ခြင်း ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ သခင်ယေရှု သည် သင်နှင့်ကျွန်တော်တို့အတွက်ဖြစ်စေ၊ အာဒံမှစ၍ နောက်ဆုံး လူသားအထိ လူသားအားလုံးအတွက်ဖြစ်စေ ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့ သောအသွေးတော်အားဖြင့် အပြစ်များအားလုံး၏အခကို ပေးအပ် ကျေအေးစေတော်မူခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအချက်ကို ယုံ ကြည်ရန် ဗတ္တိဇံနှင့်အသွေးတော်ကို မရှိမဖြစ်လိုအပ်သည်။
သို့သော် ပြဿနာမှာ များစွာသောခရစ်ယာန်များက ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ကို ယုံကြည်ခြင်းမရှိဘဲ သခင်ယေရှု၏ကားတိုင်တစ်ခုတည်းကို သာ ယုံကြည်ကြခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် ယနေ့ခရစ် ယာန်ဘာသာသည် ရွေ့လျော့ကျဆင်းနေပြီ ဖြစ်သည်။ ယနေ့ခရစ် ယာန်မျာသည် ဘုရားသခင်နှင့် တဖြည်းဖြည်းဝေးကွာနေကြသည်။ ယနေ့ခရစ်ယာန်ဘာသာသည် လောကဆားနှင့်မတူတော့ဘဲ လော ကသားများက မြင်တွေ့ကြသောအခါ ညစ်ညမ်းသောအမှိုက်ပုံအဖြစ် မြင်တွေ့ကြသည်။ များစွာသောခရစ်ယာန်များတို့သည် သူတို့၏ခေါ် ခြင်းကို မပြည့်စုံစေနိုင်ခြင်းကို ကျွန်တော်မြင်တွေ့သောအခါ ပို၍ဝမ်း နည်းမှုခံစားရသည်။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံ ယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်၏အနက်အဓိပ္ပါယ်ကို လျစ် လျူရှုခဲ့ကြ၍ သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည် ကာ အစေခံကြသည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နားလည်သဘောပေါက်ရန် စိတ်ဝင်စားသင့်သည်။ သို့သော် သူတို့ သည် ထိုအရာကို စိတ်ဝင်စားကြမည့်အစား သူတို့၏ဖြောင့်တ်ခြင်း ထူထောင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ထိုကြောင့် ကျွန်တော် သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အ ကြောင်းကို ဟောပြောနေရခြင်း ဖြစ်သည်။ သို့မှသာလျှင် ကျွန်တော် သည် ကိုယ်တော်ပေးဆပ်တော်မူခဲ့သော ယဇ်ပူဇော်ခြင်းတန်ခိုးတော် ကို သက်သေခံနိုင်မည် ဖြစ်သည်။
ထိုသို့ပြုလုပ်နိုင်ရန်အတွက် ယခုချိန်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၁၇၀၀ ခန့်၊ အေဒီ ၃၂၅ သို့ ပြန်လှည့်ကာ ယနေ့ခရစ်ယာန်ဘာသာကျ ဆင်းခြင်းအကြောင်းရင်းကို ရှေ့ဉီးစွာ ရှာဖွေသိရှိရကြမည် ဖြစ်သည်။ ဤကျဆင်းခြင်းကို ရောမအင်ပါယာ၊ ကွန်စတင့်တက်မင်း အုပ်စိုး၍ နိုင်းစီးပထမကောင်စီခေါ်ဖိတ်ကာ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော်မူခဲ့သော ဗတ္တိဇံကို ဖျက်သိမ်းပြီးနောက် နိုင်းစင်းယုံကြည်မှု စတင်တည်ထောင်ခဲ့ပြီးနောက် ရောမင့်ကက်သိုလိတ်အသင်းတော် တည်ထောင်သည့်အချိန်တွင် စတင်လာခဲ့သည်။ ယနေ့အထိ ကမ္ဘာ လုံးဆိုင်ရာ ရောမဘာသာဝင်များက သခင်ယေရှု၏ဗတ္တိဇံကို ဖျက် သိမ်း၍ ကားတိုင်၏နှုတ်ကပတ်တော်ကိုသာ ဤကမ္ဘာပေါ်တွင် ဟော ပြောနေကြသည်။ ဤဘာသာတရားကို စတင်တည်ထောင်သူမှာ ရောမအင်ပါယာကွန်တင့်စတိုင်း ဖြစ်သည်။ များစွာသော ဒဿဗေဒ ပညာရှင်များနှင့် သီအိုလျော်ဂျီပညာရှင်များက သူ့ကို ချိတ်ဆက်ကြ သည်။ သူတို့သည် ပထမနိုင်းစီးကောင်စီ၌ ဘုရားသခင်၏အမှုများစွာ တို့ကို ပြုခဲ့ကြသည်ဟု ကြွေးကြော်ခဲ့ကြသော်လည်း သူတို့ပြုခဲ့သော အရာများသည် ဆန့်ကျင်ဘက် ဖြစ်နေသည်။ အထူးသဖြင့် သူတို့က တမန်တော်များယုံကြည်မှုဖြစ်လာသော နိုင်းစင်းယုံကြည်မှုကို ထုတ် လွင့်ကြသောအခါ သူတို့က ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်လှစ်ခဲ့ကြသည်။ သူတို့ က ကားတိုင်ဘာသာတရားခေါ် ဤလောက၌ အခြားဘာသာတရား အသစ်တစ်ခုကို တီထွင်တည်ထောင်ခဲ့ကြသည်။
၁၆ ရာစုနှောင်းတွင် အသစ်ပြုပြင်ပြောင်းလဲမှုသည် စတင်လာခဲ့ သည်။ သို့သော် ၎င်းမှာ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော် မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ဖယ်ရှားခဲ့သော နိုင်းစင်းယုံ ကြည်မှုကို အခြေပြုခဲ့သည်။ ၎င်းကို သက်ဝင်ယုံကြည်သူများက ကဲ သိုလိတ်အသင်းတော်ကဲ့သို့ ကားတိုင်တစ်ခုတည်းကိုသာ ယုံကြည်ခဲ့ ကြ၍ သူတို့၏သီအိုလျော်ဂျီဓမ္မခံယူချက်များကိုသာ ကျင့်သုံးခဲ့ကြ သည်။ နိုင်းစင်းယုံကြည်မှုတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်မရှိခဲ့သေသာကြောင့် ကား တိုင်တစ်ခုတည်းကိုသာ သူတို့၏ယုံကြည်မှုသည် အားနည်းနေသည် ကို ခံစားရကြသည်။ ထိုကြောင့် ဤဝရုံးသုံးကားကို ဖြည့်ဆည်းပေး ရန် သူတို့သည် သီအိုလျော်ဂျီဓမ္မခံယူချက်ကို သင်ယူခဲ့ကြ၍ သူတို့ သည် တည်ထောင်သောသူတို့ခေတ်တွင် အလွန်အောင်မြင်၍ သူတို့ ၏ကိုယ်ပိုင် ဂိုဏ်းဂဏကို ဖြန့်ဝေကြသည်။ ဤသို့ဖြင့် ကဲသိုလိတ်နှင့် မခြားနားသောအခြား ခရစ်ယာန်ဂိုဏ်းဂဏတစ်ခု ပေါ်ပေါက်ခဲ့သည်။ အန္တီဂွေးတီးနောင်းပိုင်း နိုင်းစင်းယုံကြည်မှုဖြန့်ဝေခြင်းမှာ ယနေ့ခရစ် ယာန်ဘာသာအား ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော် သည် ကယ်တင်ခြင်းဖြစ်သည်ဟု ဟောပြောရန် လမ်းပြပေးခဲ့သည်။ သူတို့က ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ပယ်ဖျက်ခဲ့သည်။
သင်သည် ဤအရာအားဖြင့် တုန်လှုပ်သလော။ သူတို့သည် မည် သို့ဖြင့် ကျမ်းစာ၌ဖော်ပြထားသော ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ပယ်ဖျက်ကာ ၎င်းမပါ ဘဲ တမန်တော်များ၏ယုံကြည်မှုကို ထုတ်လုပ်ကာ ဟောပြောနိုင်ကြ သနည်း။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက၏အပြစ်များကို ထမ်းတော်မူခဲ့သော် လည်း သူတို့က ဤနှုတ်ကပတ်တော်ကို နိုင်းစင်းယုံကြည်မှုမှ ပယ် ရှား၍ ကနဉီးအသင်းတော်၏ယုံကြည်မှုကို ဖျက်ဆီးခဲ့ကြကာ ကား တိုင်ပေါ်တွင် အသွေးတော်တစ်ပါးတည်းသည် သူတို့၏ကယ်တင် ခြင်းဖြစ်သည်ဟု ပြောတတ်ကြသည်။ ထိုနောက် သူတို့က ကနဉီးအ သင်းတော်တမန်တော်များ၏ယုံကြည်မှုကို အမွေဆက်ခံသည်ဟု ကြွေးကြော်ကြသည်။ သူတို့သည် ဤသို့ဖြင့် တမန်တော်များ၏ကျင့် စဉ်းကို ဆန့်ကျင်၍ ကားတိုင်တစ်ခုတည်းကိုသာ ကယ်တင်ခြင်းအ ဖြစ် ယုံကြည်ကာ ကိုယ်တော်သည် ဤလောကသို့ ကြွလာတော် မူသောအခါ လူသားများအတွက် ယဇ်ပူဇော်သက္ကာပြုတော်မူခြင်း အားဖြင့် ပြည့်စုံစေတော်မူခဲ့သော စစ်မှန်သောကယ်တင်ခြင်းကို သူတို့သည် ဆန့်ကျင်နေကြသည်ကိုတောင် သူတို့သိကြသလော။   သူတို့အတွက် ကျွန်တော်အရမ်း ဝမ်းနည်းမိသည်။ 
ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဤဗတ္တိဇံအားဖြင့် မိမိ ကိုယ်ပေါ်သို့ ဤလောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင် သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်အ ဖြစ် ခမည်းတော်ဘုရားသခင်ထံ မိမိကိုယ်ခန္ဓာကို ပြစ်ကြွေးပူဇော် သက္ကာအဖြစ် ပူဇော်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ပစ္စုပ္ပန်အပြစ်များ အားလုံးကို လက်ခံ၍ သယ်ဆောင်တော်မူခဲ့သည်ကို ဤအရာဆိုလို ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဤလောကအပြစ်များကို ထမ်း ခြင်း၊ အသွေးတော်သွန်းလောင်းခြင်း၊ သေခြင်းမှထမြောက်တော်မူ ခြင်းအားဖြင့် ယခုဤအချက်ကို ယုံကြည်သူကျွန်ုပ်တို့အားလုံးအ တွက် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်တွင် ဖော်ပြထားသည့် အတိုင်း ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်တို့ သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖွဲ့စည်းမှုဖြစ်သည်ဟု ကျွန်ုပ်တို့ယုံ ကြည်ရကြမည် ဖြစ်သည်။ ဤယုံကြည်မှုသည် ကျွန်ုပ်တို့အား အပြစ် များအားလုံးမှ ကယ်တင်သော ယုံကြည်ခြင်း ဖြစ်သည်။
 


ယနေ့ပရိုတက်စတင့်များ၏ယုံကြည်မှုသည် နိုင်းစင်းယုံ ကြည်မှုအတိုင်း လိုက်လျှောက်သလော


ယနေ့ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့အားလုံးယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ယုံကြည်မှုအားဖြင့် ကျွန်ုပ်တို့နှလုံးသားများကို ခွန်အားပေး၍ အားသစ်လောင်းရကြမည် ဖြစ်သည်။ ကျမ်းစာထဲတွင် မှတ်တမ်းတင် ထားသော ဗတ္တိဇံယောဟန်သည် သခင်ယေရှုမတိုင်မီ ခြောက်လအ လိုမှာ ဖွားမြင်ခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် အသက် ၃၀ စေ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအား ဖြင့် လူသားများ၏အပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော် မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်ကြွေးပေးဆပ် ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သိသင့်သည်။ ဤသ ခင်ယေရှုသည် ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်း ပေးအပ်တော်မူသော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ယုံ ကြည်ရကြမည် ဖြစ်သည်။
သို့သော် ယနေ့ နိုင်းစင်ယုံကြည်မှုကို သက်ဝင်ယုံကြည်သူများ သည် သခင်ယေရှုအား ကယ်တင်ရှင်အဖြစ် စိတ်အားထက်သန်စွာ ယုံကြည်ကြသော်လည်း သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ ဤလောကအပြစ် များကို လက်ခံ၍ ထမ်းဆောင်တော်မူခဲ့သည်ဟူသော သမ္မာကျမ်းစာ ဖော်ပြာချက်ကို သူတို့သည် လျစ်လျူရှုကြသည်။ ဤခေတ်ကာလခ ရစ်ယာန်များသည် ကယ်တင်ခြင်းအဖြစ် ကားတိုင်ပေါ်တွင် အသွေး တော်ကို ယုံကြည်ခဲ့ကြသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို လျစ်လျူရှုခဲ့ကြသည်။ ထို ကြောင့် သူတို့သည် အပြစ်သားများအဖြစ် အမြဲမတမ်းမိမိကိုယ်ကို ကိုယ် မြင်တွေ့ခဲ့ကြသည်။ သူတို့သည် ဤသို့ဖြင့် ကမ္ဘာ့ဘာသာကိုင်း ရှိုင်းသူများအဖြစ်သို့ ပြောင်းလဲခဲ့ကြပြီးနောက် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ သူတို့အပြစ်များလွှဲပြောင်းခဲ့သည်ဟု သူတို့သည် မသိကြသော ကြောင့် သူတို့သည် ဒုတိယမွေးဖွားခြင်း မခံရနိုင်ကြပေ။ ဤအ ကြောင်းကြောင့် ယနေ့ခရစ်ယာန်ဘာသာသည် သခင်ယေရှု၏ နောက်တော်သို့ မှန်ကန်စွာ လိုက်လျှောက်လိုကြသော်လည်း သူတို့ သည် သမ္ဘာ့ဘာသာတရားတစ်ခုသို့ မလွှဲမသွေ ပြောင်းလဲခဲ့ခြင်း ဖြစ် သည်။
ယခုတွင် အချိန်မနှောင်းသေးပေ။ ယခုချိန်၌ပင် ကျမ်းစာတွင် ဖော်ပြထားသော ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့အားလုံးသည် လက်ခံရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့အား ကိုယ်တော်ပေးအပ်တော်မူခဲ့သော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်မှာ ဗတ္တိဇံယော ဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် အပြစ်များ ကို လက်ခံတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်ကျေအေး စေတော်မူခဲ့သော သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးမှ လွှတ်မြောက်စေသော တန်ခိုးချပေးသော နှုတ် ကပတ်တော် ဖြစ်သည်။ ထို့ပြင်၊ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဤနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ် တော်နှင့်အတူ လျှောက်လှမ်းနိုင်ကြသည်။
ဤနောက်ဆုံးသောအချိန်တွင် သမ္မာကျမ်းစာ၏ဓမ္မဟောင်း ကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့တွင် ဖော်ပြထားသည့်အတိုင်း ဗတ္တိဇံယော ဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော် အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ကိုယ်တော်အပေါ်သို့ လွှဲပြောင်းခဲ့ပြီ ဟု ကြွေးကြော်ရန် ရှင်သန်သောယုံကြည်လှုပ်ရှားမှု ထမြောက်စေရ မည် ဖြစ်သည်။ ဤအကြောင်းကို စဉ်းစားသောအခါ ၁၆ ရာစုတွင် ပေါ်ပေါက်သော ပရိုတက်စတင့်ပြုပြင်သူများ၏ယုံကြည်မှုသည် လူ သားများအား မှန်ကန်သောလမ်းသို့ မပို့ဆောင်ခဲ့သည်ဟု ပြစ်တင်ဝေ ဖန်ခြင်းကလွှဲ၍ အခြားရွေးချယ်စရာတစ်စုံတစ်ခုမျှ မရှိတော့ပေ။ သူ တို့သည် ကမ္ဘာလုံးဆိုင်ရာအသင်းတော်အများစု ပြုပြင်ခြင်းအတွက် ပြုပြင်ခြင်းကို စတင်တည်ထောင်၍ ဉီးစီးဉီးဆောင်ကာ ကဲသိုလိတ်အ အသင်းမှ နှုတ်ထွက်ခဲ့ကြသော်လည်း ကျွန်ုပ်တို့သည် သူတို့၏ပြုပြင် ပြောင်းလဲမှုယုံကြည်ခြင်းကို ကြည့်ကြသောအခါ သူတို့သည် ကမ္ဘာ လုံးဆိုင်ရာအသင်းတော်၏ယုံကြည်မှုကို အနည်းနှင့်အများအတုယူ ကြသည်ဟု ကျွန်ုပ်တို့သိရကြသည်။ သူတို့သည် ကမ္ဘာလုံးဆိုင်ရာအ သင်းတော်၏သီအိုလော်ဂျီကို ကျင့်သုံး၍ ယုံကြည်ခဲ့ကြသည်။ သူတို့ သည် အသစ်ပြုပြင်ခြင်းပြီးနောက် ကဲသိုလိတ်အသင်းတော်၏သီအို လော်ဂျီဓမ္မပညာများ၏အမြင်ကို စောင့်ရှောက်ကြ၍ နိုင်းစင်းယုံ ကြည်မှုကို လုံးဝ အမွေဆက်ခံခဲ့ကြသည်။ ထိုကြောင့် သူတို့သည် ယနေ့ကဲသိုလိတ်များဟောပြောသော ကားတိုင်ပေါ်တွင် အသွေး တော်နှင့်တူသော သတင်းစကားကို ဟောပြောနေကြသည်ဟု ကျွန်ုပ် တို့ ပြောကြားနိုင်ကြသည်။
သူတို့သည် စစ်မှန်သောဘာသာရေးပြုပြင်ပြေင်းလဲမှုကို လိုက် လံရှာဖွေလိုကြလျှင် သူတို့သည် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် အတိုင်း ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ ကို ပြန်လည်အတည်ပြုခြင်းအားဖြင့် နိုင်းစင်းယုံကြည်မှုကို ပြန်လည် ပြုပြင်သင့်ကြသည်။ ဘာသာရေးပြုပြင်ပြောင်းမှုအတွက် သူတို့၏ လှုပ်ရှားမှုသည် ခရစ်ယာန်များအား သူတို့၏အပြစ်အတွက် ပြစ်ကြွေး များပေးဆပ်ပေးတော်မူခဲ့သော သခင်ယေရှုကို ယုံကြည်ခြင်းသို့ ပြန် လှည့်ရန် ခေါ်ဖိတ်၍ ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် ဤ လောကအပြစ်များကို ကိုယ်တော်ထမ်းတော်မူခဲ့သည်ဟု လိုက်လျော ညီထွေစွာ ယုံကြည်ရန် သူတို့ကို တိုက်တွန်းသင့်ပေသည်။ သို့သော် သူတို့သည် ထိုသို့မပြုကြပေ။ ဤအရာက ယနေ့ခရစ်ယာန်ဘာသာ ၏ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောအခြေအနေကို ရှင်းပြသည်။
ထိုအကြောင်းကြောင့် ၁၆ ရာစုမှ ဆင်းသက်လာသော ဘာသာ ရေးပြုပြင်ပြောင်းလဲသူများ၏မျိုးဆက်များဖြစ်သည့် ယနေ့ပရိုတက် စတင့်များသည် ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကို သာဘုံကြည်ကြသည်။ ထိုကြောင့် သူတို့သည် နှလုံးသားများ၏အ ပြစ်များမှ ဆေးကြောခြင်းမခံစားနိုင်ကြဘဲ အပြစ်သားများအဖြစ်အ သက်ရှင်နေကြသည်။ ထိုကြောင့် ယနေ့ပရိုတက်စတင့်ယုံကြည်သူ များသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခဲ့ကြသော် လည်း သူတို့သည် ကမ္ဘာဘာသာရေးအသက်တာ၌ တွယ်ကပ်ကြ သည်ကို ကျွန်ုပ်တို့သိရကြသည်။ ဤအကြောင်းကြောင့် ကျွန်တော် သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကယ်တင်ခြင်းအကြောင်း ကြိုးစားဟောပြော၍ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ကိုယ်တော်သည် ထမ်းတော်မူခဲ့သော ကြောင့် ကျွန်ုပ်တို့အပြစ်များကို မိုးပွင့်ကဲ့သို့ ဆေး ကြောပေးတော်မူခဲ့သည်ဟု ဟောပြောခြင်း ဖြစ်သည်။ ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည်ဟူသော နှုတ်က ပတ်တော်ကို ဤလောကပေါ်တွင် ရှိသောလူသားအားလုံးသည် ယုံ ကြည်ရန် လိုအပ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သည်ကို ပရိုတင့်စတက်ပြုပြင်သူမျိုးဆက်သစ်များ သည် မသိခြင်းနှင့် သူတို့သည် ဤကယ်တင်ခြင်း စစ်မှန်သောနှုတ်က ပတ်တော်ကိုယုံကြည်ဘဲ ကားတိုင်ကိုသာ ယုံကြည်ခြင်းကြောင့် ယ နေ့ ကျွန်တော်သည် အလွန်အမင်းဝမ်းနည်းသည်။ အထူးသဖြင့်၊ ပရို တက်အတင့်ခေါင်းဆောင်များသည် ဘာသာရေးပြုပြင်ပြောင်းလဲသူ များ မွေးထုတ်သည်ဟု ကြွေးကြော်ခြင်းကိုလည်း ကျွန်တော်မြင်တွေ့ ခြင်းကြောင့် ကျွန်တော်ပို၍ ဝမ်းနည်းသည်။ သူတို့သည် သခင်ယေရှု ၏ကားတိုင်နှုတ်ကပတ်တော်ကိုသာ သူတို့၏ဘဝများ၌ ကယ်တင် ခြင်းခရစ်ယာန်သမ္မာတရားအဖြစ် ယုံကြည်၍ ဟောပြောခြင်းအချက် သည် သူတို့၏ဝိညာဉ်ကို ဝရုံးသုံးကားဖြစ်စေသည်။  ယခုသူတို့ဟော ပြောသော ကားတိုင်၏နှုတ်ကပတ်တော်တွင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သခင်ယေရှုသည် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော်ကို ပယ်ဖျက်၍ မဟောပြောခဲ့ကြပေ။ ထိုကြောင့် ယနေ့ခရစ်ယာန်များ သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သို့သာ လှည့်ခြင်းအားဖြင့် သူတို့အပြစ်များမှ ဖြေလွှတ် စေသော နည်းလမ်းတစ်ခုကို ကြိုးစားရှာဖွေကြသည်။ သို့သော် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သောနှုတ်ကပတ် တော်မှ သူတို့သည် အမှန်အကန် ပို၍ ဝေးလံသောနေရာသို့ လွှဲခဲ့ကြ သည်ကို ဤအရာက သက်သေပြထားသည်ကို သူတို့နားလည်သ ဘောပေါက်ရန် လိုအပ်သည်။
တမန်တော်ရှင်ပေါလုက “ငါသည် ကားတိုင်ကလွှဲ၍ အခြားဝါ ကြွားစရာတစ်စုံတစ်ခုမျှ မရှိပါ”ဟု တစ်ကြိမ်က ပြောခဲ့သည်။ တစ် ကြိမ်တွင် သူသည် အေသင်မြို့၌ ဒဿဗေဒပညာရှင်များနှင့်တွေ့ခဲ့၍ တစ်နေကုန်တစ်နေခန်း ဘာသာရေးအကြောင်းကို ငြင်းခုံခဲ့သည်။ သူ တို့နှင့် ဆွေးနွေးငြင်းခုံမှုများသည် ဒဿဗေဒအတွေးအခေါ် များဖြစ် ကြသည်။ တမန်တော်ရှင်ပေါလုသည် အေသင်မြို့သို့သွားခဲ့၍ လူများ သည် မသိသောဘုရားငယ်များရှေ့တွင် ဒူးထောက်၍ ဆုတောင်းခဲ့ ကြသည်ကို သူမြင်တွေ့ခဲ့သည်။ ထိုကြောင့် သူသည် ဤအရာအား ဖြင့် စိတ်ပျက်၍ ဘာသာရေးအကြောင်းနှင့်ပတ်သက်၍ အေသင်ဒ ဿဗေဒပညာရှင်များနှင့် ငြင်းခုံမှုရှိ၍ သူတို့ထံ “ကြည့်ကြပါ။ ဤ ကမ္ဘာပေါ်တွင် သင်တို့မြင်တွေ့သော အိမ်များအားလုံးမှာ အိမ်    ဆောက်သူရှိကြတယ်။ ဖန်ဆင်းရှင်ဘုရားသခင်ကြောင့် စကြာဝဠာ နှင့် ၎င်းတွင်ရှိသောအရာအားလုံးတို့သည် တည်ရှိကြတယ်။ မင်းတို့ က ဖန်ဆင်းရှင်ဘုရားသခင်ကို ရှာဖွေမည့်အစား မသိသောဘုရားရှေ့ မှာ ဘာကြောင့် ကိုးကွယ်ကြသလဲ”ဟု ပြောကြားသည်။ သို့သော် ပေါ လုသည် ဤဆွေးနွေးပွဲ၌ ဝိညာဉ်တစ်ပါးမျှ မဖမ်းနိုင်ခဲ့ပေ။ ထိုအ ကြောင်းကြောင့် သူသည် ဧဝံဂေလိဆိုင်ရာဟောပြောချက်တုံ့ပြန်မှု အနေဖြင့် “ယခု ငါက ကားတိုင်ကလွှဲ၍ အခြားဝါကြွားစရာမရှိပါ”ဟု ပြောကြားခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်အားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ် တည်းထမ်းတော်မူခဲ့သည်ကိုလည်းကောင်း၊ အသေခံတော်မူသောသ ခင်ယေရှုသည် မိမိကိုယ်ကိုကိုယ် ယဇ်ကောင်အဖြစ် ပူဇော်သက္ကာပြု တော်မူခဲ့သည်ကိုလည်းကောင်း တမန်တော်ရှင်ပေါလုက သိ၍ ယုံ ကြည်ခဲ့သည်ကို ဤအရာကဆိုလိုခြင်း ဖြစ်သည်(တမန် ၁ရး၁၆-၂၃)။
 


တမန်တော်ရှင်ပေါလုက သခင်ယေရှု၏ဗတ္တိဇံအဓိပ္ပါယ် ကို မသိဘဲ ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သလော


ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ကိုယ်တော်သည် ဤလောကအပြစ်များကို လက်ခံတော်မူ ခဲ့သည်ဟု မသိဘဲ တမန်တော်ရှင်ပေါလုသည် ယနေ့ခရစ်ယာန်များ ကဲ့သို့ ကားတိုင်တစ်ပါးတည်းကို ကယ်တင်ခြင်းအဖြစ် ယုံကြည်သူ ဖြစ်သည်ဟု သင်ယူဆသလော။ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် လူသားများ၏အ ပြစ်များကို သခင်ယေရှုထမ်းတော်မူခဲ့သည်ဟု သူသိခဲ့၍ ယုံကြည်ခဲ့ သည်ဟု တမန်တော်ရှင်ပေါလု၏ယုံကြည်မှု ဖြစ်သည်။ သူသည် ဓမ္မ ဟောင်းကျမ်းကို တတ်ကျွမ်းသောသူ ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ လက်များတင်ခြင်းနှုတ်ကပတ်တော်သည် ဓမ္မသစ်ကျမ်းခေတ်ကာ လတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ အဖြစ် ပြည့်စုံသည်ဟု သူယုံကြည်ခဲ့ခြင်း ဖြစ်သည်။ တမန်တော်ရှင် ပေါလုသည် သခင်ယေရှု၏ကားတိုင်တစ်ခုတ်းကိုသာ ယုံကြည်သူ တစ်ဉီးအဖြစ်သာ အထင်မလွှဲသင့်ပေ။
တမန်တော်ရှင်ပေါလုသည် ကားတိုင်လမ်းကိုသာယုံကြည်၍ မ ဟောပြောခဲ့သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ သက်သေ ထင်ရှားစေသည်။ ဂလာတိ ၃း၂၇ တွင် သူက “ခရစ်တော်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏”ဟု ပြောခဲ့သည်။ သခင်ယေရှုသည် လူသားများ၏ကယ် တင်ရှင်ဖြစ်တော်မူသည်ဟု တမန်တော်ရှင်ပေါလုက ဟောပြောခဲ့ သောအခါ ကားတိုင်နှုတ်ကပတ် တော်မပြောမီ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့်ဤလောက၏ အပြစ်များကို သခင်ယေရှု ယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော်ကို ဟောပြောခဲ့သည်ကို သင်နားလည်သဘော ပေါက်ရန် လိုအပ်သည်။ ထိုနည်းတူ၊ တမန်တော်ရှင်ပေါလုသည် လည်း ဗတ္တိဇံ၏လျှို့ဝှက်ချက်နှင့်ပတ်သက်၍ ဘုရားသခင်၏ပဋိ ညာဉ်နှုတ်ကပတ်တော်ကို သိ၍ ယုံကြည်ခဲ့သောကြောင့် သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအကြောင်းကို ဟောပြောခဲ့သည်။ ရှင်ပေါလုက သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ဤလောက၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခြင်းအားဖြင့် ဤလောက၏အပြစ်များနှင့် တရား စီရင်ခြင်းတို့မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်ဟူသောအချက် ကို သိ၍ယုံကြည်ခဲ့သည်။
တမန်တော်ရှင်ပေါလုသည် နှုတ်ကပတ်တော်အားဖြင့် ကား တိုင်အကြောင်းဟောပြောသောအခါ အပြစ်သားများအားလုံးအတွက် ပြစ်ကြွေးပေးဆပ်ရန် ပူဇောသက္ကာအဖြစ် သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သေခံတော်မူခြင်းတို့အားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ် တည်းယူဆောင်သွားတော်မူခဲ့သည်ဟု သူက တိကျမှန်ကန်စွာ သက် သေခံခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံနှင့် ကျွန်ုပ်တို့အပြစ်များအားလုံးအတွက် ပြစ်ကြွေးပေး ဆပ်တော်မူရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော သခင်ဖြစ်တော်မူသည်ဟု တမန်တော်ရှင်ပေါလုသည် သိ၍ ယုံကြည် ခဲ့သောသူတစ်ဉီး ဖြစ်သည်။ ထိုကြောင့် တမန်တော်ရှင်ပေါလုက မိမိ ယုံကြည်မှုကို ပြသခဲ့သောအခါ သူက “ခရစ်တော်၌ ဗတ္တိဇံကိုခံသော သူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ် ကြ၏”(ဂလာတိ ၃း၂၇)ဟု ပြောခဲ့၍ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို သယ်ဆောင်တော်မူခဲ့ သည်ဟု သူသည် မိမိယုံကြည်ခြင်းကို ပြသခဲ့သည်။ တမန်တော်ရှင် ပေါလုသည် မိမိယုံကြည်မှုကို ဖွင့်ပြောတော်မူခဲ့သောအခါ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းတော်မူခဲ့သော သခင်ယေရှုသည် မိမိကယ်တင်ရှင်အ ဖြစ် ဝန်ခံ၍ ဤဝန်ခံခြင်းအားဖြင့် သူသည် မိမိယုံကြည်မှုကို လူသား များအားလုံးကို သိစေခဲ့သည်ဟု သူဝန်ခံခဲ့သည်။
တမန်တော်ရှင်ပေါလုသာမက တမန်တော်ရှင်ပေတရုသည် လည်း ဗတ္တိဇံယောဟန်ထံမှ  သခင်ယေရှုဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သောဟူသော အချက်ပေါ်တွင် အခြေပြု၍ အသေခံတော်မူသောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် သူယုံကြည်ခဲ့သည်ဟု တရားဟောပြောခဲ့သည်။ သူက ၁ ပေ ၃း၂၁ တွင် “ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အ ကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည် လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း”ဟု ပြောခဲ့ သည်။ ပေတရုသည် မိမိယုံကြည်မှုကို ထင်ရှားစေရန် ဤအရာကို ပြောခဲ့၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားမာျး၏အပြစ်များကို ယူဆောင်သွားတော်မူ ပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကားတိုင်သို့သွားခဲ့သည်ဟု သူ သည် သိ၍ ယုံကြည်ခဲ့သည်ဟု သူထင်ရှားစေခဲ့သည်။ ရှင်ပေတရု သည် ဤယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏တပည့်တော်တစ်ပါး ဖြစ်လာခဲ့သည်။
ဤတွင် ပေတရုပြောကြားခဲ့သောအရာက သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များ ယူဆောင်သွားတော်မူခဲ့သည်ဟူသောနှုတ်ကပတ်တော်ကို ယုံကြည် သူအဖြစ် မိမိအခြေခံပဓာနကျသောယုံကြည်မှုကို ဖော်ပြသည်။ သူ က ၁ပေ ၃း၂၁အားဖြင့် မိမိယုံကြည်မှုကို ဝန်ခံခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်း၍ ဆေးကြောပေးတော်မူခဲ့သည်ဟု ဖော်ပြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက တွင်ရှိသောအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ဆေး ကြောပေးသည်ဟူသောအချက်ကို ကျွန်ုပ်တို့ ယုံကြည်ကြလျှင် သခင် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေး တော်တို့သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအမျိုးအစား ဖွဲ့စည်းတည် ထောင်ခြင်းဖြစ်သည်ဟု သူပြောနေသည်။ 
သခင်ယေရှုသည် လူသားအားလုံးအား ဤလောက၏အပြစ်မှ ကယ်တင်တော်မူရန်  ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းမွန်ရှင်းလင်း သော ယုံကြည်မှုဖြင့် ဘုရားသခင်ကို ဖြေကြားနိုင်သည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်ပေါ် သို့သွားခြင်း၊ သွေးတော်သွန်းလောင်းခြင်းနှင့် သေခြင်းမှထမြောက် တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူ ခဲ့သောကြောင့် ပေတရုသည် ထိုအရာကို သိ၍ ယုံကြည်ခဲ့သည်။ သူ သည် ဤသို့သိ၍ ယုံကြည်ခဲ့သောကြောင့် သခင်ယေရှုကို မိမိကယ် တင်ရှင်အဖြစ် ယုံကြည်ကြောင်း ဝန်ခံ၍ ကိုယ်တော်သည် ကျွန်ုပ်တို့ ၏ထာဝရယဇ်ကောင်ဖြစ်တော်မူခဲ့သည်ဟု သွန်သင်ခဲ့သည်။
တမန်တော်ပေတရုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ဆေးကြောပေးခဲ့ သူ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခဲ့သော ကိုယ်တော် ၏အထူးတပည့်တော်တစ်ပါး ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံကို သူ တို့၏အပြစ်ယူဆောင်ခြင်းအဖြစ် ယုံကြည်သူများသည် ကောင်းသော စိတ်ရှိကြသောကြောင့် သူတို့သည် ဘုရားသခင်ထံ ဖြေကြားရန် ရှက် ခြင်းတစ်စုံတစ်ခုမျှ မရှိနိုင်ပေဟု သူပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် တမန်တော်ရှင်ပေတရုက ကျွန်ုပ်တို့အား သခင်ယေ ရှု၏ဗတ္တိဇံအားဖြင့် ကယ်တင်ခြင်းသို့ ရောက်သောသူများသည် ကိုယ် တော်ရှေ့တော်၌ တိုးဝင်ချဉ်းကပ်နိုင်ကြ၍ ထာဝရပြစ်ကြွေးပေးဆပ် ခြင်းအဖြစ် အသေခံတော်မူခဲ့သော ကိုယ်တော့်အပေါ် ကျေးဇူးတင် သည်ဟု ကျွန်ုပ်တို့အား ပြောကြားသည်။
အတိုအားဖြင့်၊ ကျွန်ုပ်တို့သည် အသွေးအသားအားဖြင့် အပြစ် များစွာရှိနိုင်ကြသော်လည်း ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်း အားဖြင့် ဤလောကအပြစ်များ သယ်ဆောင်ခဲ့တော်မူသော သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် ယခု ကျွန်ုပ်တို့ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ဤအချိန်မှစ၍  ကောင်းသောစိတ်ထားစိတ်မြတ်ရှိ ကြကာ ဘုရားသခင်ထံ ဖြေကြားရန် အားနည်းချက်တစ်စုံတစ်ခုမျှမ ရှိတော့ပေဟု နားလည်သဘောပေါက်ကြလိမ့်မည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်ကားတိုင် အားဖြင့် ဤလောကအပြစ်များမှ သင်နှင့်ကျွန်ုပ်တို့ကို ကယ်တင် တော်မူ၍ ဤလောကသို့ ကြွလာတော်မူ၍ ကယ်တင်ခြင်းပြည့်စုံစေ တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ထံသို့ တိုးဝင်ချဉ်းကပ်ရန် အား နည်းချက်တစ်စုံတစ်ခုမျှ မရှိတော့ပေ။
ယခုတွင် ကိုယ်တော်သည် ဤလောကအပြစ်များကို သယ် တော်သွားတော်မူခဲ့သာဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေး တော်တို့ကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းအားဖြင့် သန့်ရှင်းတော်မူသောဘုရားသခင်ထံ တိုး ဝင်ချဉ်းကပ်ရန် ရောင့်ရဲမှုရှိကြသည်။ ယခုတွင် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူ၍ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် တရား စီရင်ခြင်းခံရသောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့ယုံ ကြည်နိုင်ကြခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ထံ “ကိုယ်တော်၊ ကိုယ်တော်သည် ကျွန်ုပ်၏သတို့သား ဖြစ်တော်မူတယ်။ ကျွန်ုပ်သည် ကိုယ်တော့်၏သတို့သမီးဖြစ်တယ်” ဟုပြောကာ မိမိယုံကြည်မှုကို ဝန်ခံနိုင်ကြခြင်း ဖြစ်သည်။ ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထမ်းရန်အတွက် ကိုယ်တော်ပြုတော်မူခဲ့သောအ မှုဖြစ်၍ ယခုတွင် ဤသမ္မာတရားကို ယုံကြည်သူကျွန်ုပ်တို့အားလုံး သည် နှလုံးသားများ၌ ကောင်းသောစိတ်ထားစိတ်မြတ်ရှိကြသော ကြောင့် ကိုယ်တော်၏ရှေ့တော်သို့ တိုးဝင်ချဉ်းကပ်ရန် အားနည်း ချက်တစ်စုံတစ်ခုမျှ မရှိပေ။ ဟာလေလုယာ။
တမန်တော်ရှင်ယောဟန်က ရှင်ယောဟန်ဩဝါဒစာပဌမစောင် ကို ရေးသားခဲ့သည်။ ကျွန်ုပ်တို့သည် အခန်းကြီး ၅ ကို လှန်ကြည့် သောအခါ သခင်ယေရှု၏ဗတ္တိဇံရေအကြောင်းကို ဆက်လက်ဖော်ပြ ထားသောကျမ်းစာကို တွေ့ရကြသည်။ ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၏ရေအားဖြင့် ကျွန်ုပ်တို့သည် မိမိ ညစ်ညမ်းသောအပြစ်များအားလုံးကို ဆေးကြောရကြမည် ဖြစ်သည်။ မီးအားဖြင့် ညစ်ညမ်းသောအရာများ လောင်ကျွမ်းခြင်းအဓိပ္ပါယ်မှာ ဘုရားသခင်၏တရားစီရင်ခြင်း ဖြစ်သည်။ ဤလောကအပြစ်များ အားလုံးကို ဆေးကြောပေးသော ဗတ္တိဇံနှုတ်ကပတ်တော်မှာ သခင် ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်အားလုံးကို ယူဆောင် သွားတော်မူခဲ့၍ ဤအပြစ်များကို ကားတိုင်သို့ထမ်းကာ ကျွန်ုပ်တို့ ကိုယ်စားတရားစီရင်ခြင်းခံတော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း အားဖြင့် သူတို့အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရသောသူများ သည် ဘုရားမျက်မှောက်တော်၌ အပြစ်များဆေးကြောခြင်းကောင်း ကြီးမင်္ဂလာခံရသောသူများ ဖြစ်ကြသည်။ တမန်တော်ရှင်ယောဟန် သည် သခင်ယေရှု၏တပည့်တော်တစ်ပါးအဖြစ် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူ၍ ၎င်းတို့ကို ကားတိုင်ပေါ်သို့ ထမ်းတော်မူခဲ့သူသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကာ သူသည် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရသောကြောင့် ဤ ယုံကြည်မှုအတွက် ကျေးဇူးတင်သည်ဟု သက်သေခံခဲ့သည်။
ထိုနောက် ဤကမ္ဘာပေါ်တွင် များစွာသောခရစ်ယာန်တို့သည် ဘာကြောင့် ယုံကြည်ခြင်းမရှိဘဲ အသက်ရှင်နေကြသနည်း။ သူတို့ သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းမရှိ၍ သူတို့သည် အသေခံတော်မူ သောသငခ်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်များမှ ဖြေ လွှတ်ရန် ပို၍ ကြိုးပမ်းလာကြသောကြောင့် ဖြစ်သည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ် တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော သမ္မာ တရားကို ကျမ်းစာမှ သူတို့သည် ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြသော ကြောင့် ဤသို့သောပုဂ္ဂိုလ်များသည် သခင်ယေရှုကို အချည်နှီးယုံ ကြည်ကြသည်။ 
ဤသို့သောခရစ်ယာန်များသည် ပထမနိုင်းစင်းကောင်စီး၌ ရော မအင်ပါယာကွန်စတင့်တိုင်း ဖြန့်ဝေသော နိုင်းစင်းယုံကြည်မှုပေါ် အ ခြေခံသောယုံကြည်မှုကို ချထားခဲ့ကြသောကြောင့် သူတို့သည် ဘာ သာရေးယုံကြည်မှုကိုသာရှိကြသည်ဟု ကျွန်ုပ်တို့နားလည်သဘော ပေါက်ရန် လိုအပ်သည်။ ကနဉီးအသင်းတော်သန့်ရှင်းသူများယုံကြည် ခဲ့သော သခင်ယေရှု၏ဗတ္တိဇံသတင်းကောင်းဖြစ်သည့် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို သခင်ယေရှုယူဆောင်သွားတော်မူခဲ့သည်ဟူသောယုံကြည်မှုကို အင် ပါယာကွန်စတင့် တိုင်းသည် ပယ်ဖျက်ခဲ့သောကြောင့် သူသည် ယနေ့ ခရစ်ယာန်များပင်လျှင် သခင်ယေရှု၏ကားတိုင်တစ်ပါးတည်းကိုသာ ယုံကြည်ရန် လမ်းပြခဲ့သည်။ လူတစ်ဉီးအပြစ်ပြုခဲ့ခြင်းကြောင့် လူ သားအားလုံးသည် အပြစ်သားများဖြစ်လာခဲ့ကြ၍ ဘုရားသခင်ထံလူ တစ်ဉီး၏နာခံခြင်းအားဖြင့် လူများစွာတို့သည် သူတို့အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်ဟု သမ္မာကျမ်းစာဖော်ပြထားသည့်အ တိုင်း ဤပုဂ္ဂိုလ်၊ အင်ပါယာကွန်စတင့်တိုင်းသည် ယနေ့ခရစ်ယာန် များအား ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လော ကအပြစ်များကို သခင်ယေရှုယူဆောင်သွားတော်မူခဲ့သည်ဟူသော အပြစ်များဆေးကြောခြင်းသမ္မာတရားကို မသိသောဘာသာရေးလူ များအဖြစ်သို့ ပြန်လှည့်စေခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များ ကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော ဗတ္တိဇံသမ္မာတရားကို ဤ လောကမှ သူသည် ထာဝရ ဖယ်ရှားခဲ့သောကြောင့် ဖြစ်သည်။
သခင်ယေရှုသည် ဤကမ္ဘာတွင်ရှိသောအပြစ်များကို ကယ်တင် တော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သူတို့၏အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည် ကားတိုင်တင်အသေခံ တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူသောအ ခါ၌ပင်လျှင် သူသည် ဆင်းရဲဒုက္ခကို သည်းခံတော်မူ၍ “အမှုပြီးပြီ”ဟု ပြောကြားတော်မူခဲ့သည်။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၃ တွင် သေခြင်းမှထမြောက်တော်မူခဲ့သော သခင်ယေရှုခရစ်တော် သည် ကိုယ်တော်ဗတတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် များမှ ဆေးကြောခြင်းကို ခံရကာ ဘုရားရှေ့တော်၌ သန့်ရှင်း၍ ဖြောင့်မတ်သောသူအဖြစ် ယုံကြည်ခြင်းအသက်တာအားဖြင့် အ သက်ရှင်ခြင်းကို မြင်တော်မူသောအခါ ကိုယ်တော်သည် အလွန်ဝမ်း မြောက်တော်မူသည်ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် သခင်ယေ ရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသောအခါ ခရစ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏ပြစ်ကြွေးပူဇော်သက္ကာ ဖြစ်တော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ကယ်တင်ခြင်းခံရကြ၍ ဘုရားသခင်ထံ ချီးမွမ်းခြင်းယဇ်ပူ ဇော်ပသရမည် ဖြစ်သည်ဟု ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့် တော်မူခဲ့သည်။
သို့သော် ယနေ့ခရစ်ယာန်ဘာသာသည် စာတန်၏လှည့်စားမှု အဖြစ် ပထမနိုင်းစင်းကောင်စီ၌ အင်ပါယာကွန်တင့်စတိုင်းဖြန့်ဝေခဲ့ သော နိုင်းစင်းယုံကြည်မှု၏လှည့်စားမှုကို ခံရသဖြင့် သူတို့သည် အ ပြစ်များဆေးကြောခြင်းကို မခံရကြသောကြောင့် ဆင်းရဲဒုက္ခခံစားရ သည်။ အင်ပါယာကွန်စတင့်တိုင်းသာမဟုတ်ဘဲ ပျောက်ဆုံးဝိညာဉ် များစွာတို့အား အပြစ်များမှ လွှတ်မြောက်ခြင်းကို ဆီးတားပိတ်ပင်ရန် စာတန်၏ကျော့ကွင်း၌ ပါဝင်ခဲ့သောအခြားသူများလည်း ရှိသည်။ ဤ အကြောင်းကြောင့် ယနေ့ခရစ်ယာန်များသည် အလွန်ဝမ်းနည်းသော အမှုအရာများကို ပြုလုပ်နေကြခြင်း ဖြစ်သည်။  ကနဉီးအသင်းတော် ယုံကြည်သူများသည် ရောမအင်းပါယားနှင့်၎င်းတို့၏လက်အောက်ခံ များညှဉ်းပန်းနှိပ်စက်မှုကို နှစ်ပေါင်း ၃၀၀အတွင်း ခံစားရကြသော် လည်း သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခဲ့ ကြသေးသည်။ ဤသို့သော အခြေအနေများ၌ အင်ပါယာကွန်စတင့် တိုင်းက ခရစ်ယာန်များအား ဘာသာရေးလွှတ်လပ်ခွင့်ပေးအပ်၍ သူ တို့ကို ယခင်ကပိုင်ဆိုင်မှုများကို ပြန်လည်ရရှိစေခြင်း သို့မဟုတ် သူ တို့ကို ရာထူးတိုးမြှင့်ပေးခြင်းအားဖြင့် သူတို့ကို မျက်နှာသာပေးခြင်း အားဖြင့် ရောမပေါ်လစီကို ပြောင်းပြန်လှန်ခဲ့သည်။ သို့သော် ၎င်း၏ ပေါ်လစီမှာ နိုင်းစင်းယုံကြည်မှုမှလာသော ဗတ္တိဇံယောဟန်ထံမှသ ခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ပယ်ဖျက် ခြင်းအားဖြင့် ရောမဘာသာကို တည်ဆောက်ရန် အသုံးပြုသော တန် ဆာပလာသာဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ သည်ဟု ကနဉီးအသင်းတော်သန့်ရှင်းသူများစွာတို့သည် ယုံကြည်ခဲ့ ကြသော်လည်း အင်ပါယာကွန်စတင့်တိုင်း၏မြတ်နိုးသောပေါ်လစီ က သူတို့ကို ဝိညာဉ်ရေးရာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စေခဲ့သည်။ ထို ကြောင့် ခရစ်ယာန်တို့သည် သူလုပ်ဆောင်ခဲ့သောအရာများကို တစ် စုံတစ်ခုမျှ မဆန့်ကျင်နိုင်ခဲ့ကြပေ။ ကွန်စတင့်တိုင်းသည် နှစ်ပေါင်း ၃၀၀အတွင်း ကနဉီးအသင်းတော် သန့်ရှင်းသူများ ကိုယ်ခန္ဓာညှဉ်း ပန်းနှိပ်စက်မှုကို ရပ်တန့်ခဲ့သော်လည်း ၎င်းနေရာတွင် သူသည် သခင် ယေရှုဗတ္တိဇံကို ယုံကြည်ခြင်းကို ဝိညာဉ်ရေးရာ၌ ညှဉ်းပန်းနှိပ်စက်ခဲ့ သည်။ ဤနည်းလမ်းအတိုင်း သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ပယ်ဖျက်ခြင်း အောင် မြင်ခဲ့သည်။ ပထမနိုင်းစေးကောင်စီးအားဖြင့် သူသည် လူများအား နိုင်းစင်းယုံကြည်မှုကို ကယ်တင်ခြင်းသမ္မာတရားအဖြစ် ယုံကြည်ကြ ရန် အနိုင်အထက်ပြုနိုင်ခဲ့သည်။
သူဖန်တီးသောနိုင်းစင်းယုံကြည်မှုသည် ၁၆ရာစု ပြုပြင်ပြောင်း လဲသူများကိုပင် ကြီးမားစွာ လွှမ်းမိုးနိုင်ခဲ့သည်ဟု ကွန်စတင့်တိုင်းက သေချာစွာ သိခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့သည်ဟူသောနှုတ်ကပတ်တော်ကို ပယ်ဖျက်သူတစ်ဉီးအ ဖြစ် ကွန်စတင့်တိုင်းသည် ယနေ့ခရစ်ယာန်ဘာသာကို လွှမ်းမိုး၍ အောက်သို့ ဆွဲချနိုင်ခဲ့သည်။ ထိုကြောင့် ယနေ့ပရိုတက်စတင့်ယုံ ကြည်သူများနှင့် သီအိုလျော်ဂျီပညာရှင်များ၊ ဖြူရီတန့်များ၏မျိုး ဆက်များတို့သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် သခင်ယေရှုသည် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့သည်ဟူသော နှုတ်ကပတ်တော်မပါသော သခင်ယေရှု၏ကား တိုင်တစ်ခုတည်းကိုသာ ယုံကြည်၍ ဟောပြောနေကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဤနေ့ရက်အထိပင်လျှင် ခရစ်ယာန်ယုံကြည်သူအားလုံး တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့၍ ဤလော က၏အပြစ်များကို ယူဆောင်သွားတော်နှုတ်ကပတ်တော်မပါသော သခင်ယေရှု၏ကားတိုင်တစ်ပါးတည်ကိုသာ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နောက်တော်သို့လိုက်လျှောက်သော ဘာသာတရား ကိုင်းရှိုင်းသူများအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ 
တစ်နည်းအားဖြင့် ယနေ့ခရစ်ယာန်များသည် ကားတိုင်၏နှုတ် ကပတ်တော်တစ်ပါးတည်းကိုသာ ယုံကြည်ခဲ့ကြသည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ်က ပတ်တော်ကို သူတို့သည် လျစ်လျူရှုခဲ့ကြသောကြောင့် သူတို့သည် မ သိဘဲလျက် ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့် သူတို့အပြစ်များကို ဆေးကြောပေးခြင်းကို ပယ်ဖျက်ခဲ့ကြသည်။ သူတို့သည် ရက်စက် ကြမ်းကြုတ်သောဝိညာဉ်ရေးရာလိမ်လှည်မှုကို ခံစားရကြသည်။ ၎င်း သည် အလွန်ဝမ်းနည်းကြေကွဲစရာ ဖြစ်သည်။ ယနေ့ခရစ်ယာန်ဘာ သာသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ဆေးကြောပေးတော် မူခဲ့သည်ဟူသော သမ္မာတရားကို မသိကြသောကြောင့် သူတို့သည် မ ယုံကြည်နိုင်ကြခြင်း ဖြစ်သည်။ ထိုကြောင့် သူတို့သည် ဤလောက၏ ဆားများ မဖြစ်လာနိုင်ကြပေ။ ထိုပြင် သူတို့သည် ယနေ့ထိတိုင် မသိ ကြသေးပေ။ ဤအကြောင်းကြောင့် ယနေ့ခရစ်ယာန်များ၏ယုံကြည် မှုသည် အောက်ခြေအထိ ဆွေးမြေ့ယိုယွင်းပျက်စီးခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် တမန်တော်များယုံကြည်မှု၏ခေတ်လယ်သို့ ပြန် လှည့်ကြသောအခါ “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ ယူခြင်း၊ အပျိုကညာမာရိမှဖွားမြင်တော်မူခြင်း၊ ပုန္တိပိလတ်အောက်၌ ဆင်းရဲဒုက္ခခံရခြင်း၊ ကားစင်တင်ခံခြင်း၊ အသေခံ၍ သင်္ဂြိုဟ်ခြင်းခံ တော်မူခြင်း”ဟု ဖော်ပြထားသည်။ တမန်တော်များ၏ယုံကြည်မှုတွင် “သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခြင်း၊ အပျိုက ညာမာရိမှ ဖွားမြင်တော်မူခြင်း”ဟု ဖော်ပြထားသည်။ “ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခြင်း” အကြောင်းကိုလည်း ဆက်လက်ရေးသားဖော်ပြ သင့်သည်။ သို့သော် ခရစ်ယာန်ခေါင်းဆောင်များသည် “ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ဤလောကအပြစ်များကို ထမ်းတော် မူခဲ့သည်”ဟူသောစကားစုကို ဘာကြောင့် တမန်တော်များ၏ယုံ ကြည်မှုတွင် ထည့်သွင်းသင့်သည့်အကြောင်းကို ကွက်ကွက်ကွင်း ကွင်းမသိကြပေ။ 
ဤတွင် ကျွန်ုပ်တို့အားလုံးနားလည်သဘောပေါက်ရမည့်အရာ မှာ သခင်ယေရှုသည် အပြစ်သားများအားလုံးကို အပြစ်များမှ ကယ် တင်တော်မူရန် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည့်အကြောင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကတွင်ရှိသောအပြစ် သားများအားလုံး၏အပြစ်များကို ထမ်းတော်မူ၍ ဤလောကအပြစ် များကို ကားတိုင်သို့ ထမ်းကာ အသေခံအသွေးတော်သွန်းလောင်း၍ သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် သူတို့၏အပြစ် များအားလုံးကို ပေးဆပ်ကျေအေးစေသောပူဇော်သက္ကာအဖြစ် ကိုယ် တော့်ကို ယုံကြည်သူများကို ကယ်တင်တော်မူခဲ့သည်။ ဤအရာမှာ ကိုယ်တော်သည် လူသားများအပေါ် ချပေးတော်မူခဲ့သော ရွေးနှုတ် ကယ်တင်ခြင်း ကျေးဇူးတော် ဖြစ်သည်။
သခင်ယေရှုသည် ဤလောကအပြစ်သားများအား အပြစ်များမှ ကယ်တင်တော်မူရန်အတွက် လူထုပရိတ်သတ်များ၌ အမှုတော်စ တင်တော်မူခဲ့သောအခါ ကိုယ်တော်ပထမဉီးဆုံးပြုတော်မူခဲ့သောအ ရာမှာ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို လက်ခံတော်မူခြင်း ဖြစ်သည်။ ဤအရာကို ခ ရစ်ဝင်ကျမ်းများအားလုံးတွင် အစောပိုင်း၌ ရေးသားခဲ့သည်။ ထို ကြောင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်ခြင်းအမှုဖြင့် လူထုပရိတ်သတ်များအကြားတွင် သခင်ယေရှုသည် အမှုတော်စတင် ခဲ့သည်ဟု ခရစ်ကျမ်းလေးကျမ်းတွင် ဖော်ပြထားသည်။ 
သုံးပါးတစ်ဆူကြံစည်မှု၏ရည်ရွယ်ချက်မှာ သခင်ယေရှုကို ဤ လောကသို့ ဖွားမြင်စေတော်မူခြင်း၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းထမ်း တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာအသေ ခံတော်မူခြင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ဗတ္တိဇံနှင့် အသွေးအားဖြင့် အပြစ်ကြွေးပူဇော်သက္ကာအဖြစ် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခြင်းအားဖြင့် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည် သူများအားလုံးကို ကယ်တင်ရန်နှင့် သူတို့ကို ကိုယ်တော်၏လူများ ဖြစ်စေခြင်း ဖြစ်သည်။ ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ဤကယ် တင်ခြင်းစီမံကိန်းမှာ ယောဟန် ၃း၁-၅တွင် ကိုယ်တော်မိန့်တော်မူခဲ့ သော သတင်းကောင်းဖြစ်သည်။ ကောင်းကြီးခံစားသောသူတစ်ဉီး သည် လူသားအားလုံးအား “ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေး ဖွားခြင်းခံစေသည်။” ထိုအကြောင်းကြောင့် ကိုယ်တော်သည် ကျွန်ုပ် တို့အား “လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံမှသာလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မြင် တွေ့၍ ဝင်ရောက်နိုင်သည်”ဟု မိန့်တော်မူခြင်း ဖြစ်သည်။ 
သုံးပါးတစ်ဆူသည် သားတော်အားဖြင့် လူသားများကို ဤ လောကအပြစ်များမှ ကယ်တင်တော်မူရန် အစီအစဉ်တစ်ခုကို ချမှတ် ခဲ့ပြီးနောက် ကိုယ်တော်သည် မိမိသားတော်ကို ဤလောကသို့ စေ လွှတ်တော်မူခဲ့၍ လူသားများကိုယ်စား ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွား စေတော်မူခဲ့သည်။ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့ သောဗတ္တိဇံမှာ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့၏အပြစ်များ ကို ယူဆောင်သွားသောဗတ္တိဇံဖြစ်သည်ဟု နားလည်သဘောပေါက် ၍ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ် တင်ခြင်းသို့ရောက်ရကြမည် ဖြစ်သည်။ ဤအရာသည် ဘုရားသခင် အလိုတော်ဖြစ်သည်ဟူ၍လည်း ဆွဲကိုင်ရမည် ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို ယူဆောင်သွားတော်မူ၍ ကားတိုင်သို့သွားကာ တစ်ကြိမ်အသေခံတော်မူလျက် သေခြင်းမှ ကျွန်ုပ်တို့အတွက် ရှင်ပြန် ထမြောက်တော်မူခဲ့သည်။ ထိုကြောင့် ယခုမှစ၍ ကိုယ်တော့်အပေါ် မိမိအပြစ်များကို အပ်နှံသောသူများနှင့် ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်တို့သည် ကိုယ်တော်သည် ပူဇော်သက္ကာ ဖြစ်တော်မူရန်ဖွဲ့စည်းထားသောကယ်တင်ခြင်းဖြစ်သည်ဟု ယုံကြည် သူများအပေါ် ကိုယ်တင်ခြင်း ရောက်လာလိမ့်မည်။ ထိုကြောင့် ဤအ ရာသည် ဘုရားသခင်အလိုတော်ဖြစ်သည်ဟု နားလည်သဘော ပေါက်ခြင်းအားဖြင့် လူတိုင်းသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ကယ်တင်ခြင်းစီမံကိန်းမှာ ဤ အရာဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရန် လိုအပ်ကြ သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့ သည်ဟု နှလုံးသားများဖြင့် ကျွန်ုပ်တို့ယုံကြည်ကြလျှင် ကျွန်ုပ်တို့ သည် အပြစ်များအားလုံးမှ တစ်ကြိမ်တည်း ကယ်တင်ခြင်းခံရနိုင်ကြ သည်။ အခြားတစ်ဖက်တွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့သော အပြစ်ဖြေလွှတ်ခြင်း ကဘ်တင်ခြင်းကို နှလုံး သားအကြွင်းမဲ့ ကျွန်ုပ်တို့ မယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် အပြစ် များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။ 
 

သင်၏လက်ရှိယုံကြည်မှုဖြင့် သခင်ယေရှုခရစ်တော်၏ သတို့သမီးဖြစ်လာနိုင်သည်ဟု သင်ယုံကြည်သလော

ဗတ္တိဇံခံယူတော်မူသောသခင်ယေရှုအပေါ်သို့ သင်၏အပြစ်များ တစ်ကြိမ်တည်း လွှဲပြောင်းခြင်းမရှိသေးလျှင် သင်သည် မိမိနှလုံးသား ၌ အပြစ်ရှိသေးသည်ကို ဆိုလိုသည်။ ဤသို့သော ပုဂ္ဂိုလ်များသည် အ ပြစ်များအားလုံးမှ လွှတ်မြောက်ခြင်းနှင့်ဆေးကြောခြင်းခံလိုကြသော် လည်း သူတို့ပိုင်ဆိုင်သောယုံကြည်ခြင်းက သူတို့ကို နေ့တိုင်းကျူး လွန်သောအပြစ်များမှ လွှတ်မြောက်ရန် တန်ခိုးမရှိခြင်းမှာ ပြဿနာ တစ်ခု ဖြစ်သည်။ ထိုကြောင့် သင်သည် အပြစ်တဖန်ကျူးလွန်သော အခါ ဤပြစ်သည် သင့်ကို ဒုက္ခပေး၇◌န် သင်နှလုံးသား၌ ကျန်ရစ် ခြင်း ဖြစ်သည်။ ဤသို့အားလုံးဖြစ်ရခြင်းအကြောင်းမှာ သင်သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၏အ နက်အဓိပ္ပါယ်ကို နားမလည်သောကြောင့် ဖြစ်သည်။ ထိုကြောင့် သင် သည် သင်၏အပြစ်များကို အကုန်အစင် ယူဆောင်သွားတော်မူ၍ ယဇ်ပူဇော်သက္ကာဖြစ်လာခဲ့သူသခင်ယေရှုကို မသိ၊ မယုံကြည်ပေ။ ထို ကြောင့် ဤအချိန်အထိ သင်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခဲ့ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့သူ သခင်ယေရှုကို ယုံကြည်၍ ဤယုံကြည်ခြင်းအားဖြင့် သင် သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။
သခင်ယေရှုသည်ကားတိုင်တင်ခံခြင်းနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခဲ့သည်ဟု ယုံကြည်သူ တစ်ကမ္ဘာလုံး တွင် ခရစ်ယာန် တစ်ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။ သို့သော် ဤခရစ်ယာန်များက သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးအတွက် ယဇ်ပူ ဇော်သက္ကာဖြစ်တော်မူ၍ ဤလောက၏အပြစ်များအားလုံးကို တစ် ကြိမ်တည်းထမ်းတော်မူခဲ့သည်ကို မသိကြသောကြောင့် သူတို့သည် သခင်ယေရှုကို မှားယွင်းစွာနားလည်သဘောပေါက်၍ လွှဲမှားစွာယုံ ကြည်ခဲ့ကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် သူတို့နှလုံးသားများ၌  ယခုအပြစ်မရှိကြပေဟု လုံးဝမပြောနိုင်ကြပေ။ သူတို့သည် အပြစ် ကျူးလွန်သော အပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံခြင်းကလွှဲ၍ အ ခြားလုပ်ဆောင်စရာများ ဘာကြောင့်မရှိကြသနည်း။ အကြောင်းမှာ ယနေ့ခရစ်ယာန်များသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခဲ့သော အသေခံတော်မူသော သခင်ယေရှုကို သူတို့ ၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ထင်သောကြောင့် ဖြစ်သည်။ သူ တို့သည် ဤလောက၏အပြစ်ကို ထမ်းရန် ဗတ္တိဇံယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံကို ပယ်ဖျက်သော နိုင်းစင်းယုံ ကြည်မှုကိုသာ ယုံကြည်ကြသောကြောင့် သူတို့သည် နှလုံးသား၌ အ ပြစ်ရှိသော အပြစ်သားများဖြစ်ကြသည်ဟု မလွှဲမသွေ ပြောကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များကို ယူဆောင်၍ ဆေးကြောပေးတော် မူခဲ့သည်ဟူသော စစ်မှန်သောသတင်းကောင်းကို သူတို့သည် မသိကြ သောကြောင့် သူတို့အပြစ်များသည် သူတို့၏နှလုံးသားများ၌ လုံးဝ ကျန်ရစ်နေရခြင်း ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်သို့ ဤ လောကအပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် လူသားများ၏အ ပြစ်များကို ထမ်းတော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ဓမ္မဟောင်းကျမ်း တွင် ယဇ်ပရောဟိတ်သည် သူအပြစ်များနှင့် မိမိလူများအပြစ်များကို ယဇ်ပူဇော်ခြင်းအမှုကို ပြုသောအခါ သူသည် ၎င်း၏ခေါင်းပေါ်တွင် လက်များတင်ခြင်းအားဖြင့် ယဇ်ကောင်ပေါ်တွင် အပြစ်များကို ရှေ့ဉီး စွာ လွှဲပြောင်းရသည်။ ထိုနည်းတူ ဓမ္မသစ်ကျမ်းခေတ်ကာလတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းလက်ခံတော်မူ ခြင်းအားဖြင့် လူသားများ၏အပြစ်များကို ဆေးကြောပေးတော်မူနိုင် ခဲ့သည်။
သခင်ယေရှုသည် အပြစ်ကြွေးယဇ်ပူဇော်သက္ကာအဖြစ် မိမိကိုယ် ကိုကိုယ် ပေးလှူနိုင်ရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ လောကအပြစ်များကို ထမ်း၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ ဆင်းရဲဒုက္ခခံ၍ အ သေခံတော်မူခဲ့သည်။ သို့မှသာလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးအတွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေနိုင်မည် ဖြစ် သည်။ ခမည်းတော်ဘုရားသခင်သည် သားတော်သခင်ယေရှုခံယူ တော်မူခဲ့သောဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို ဆေး ကြောပေးတော်မူခြင်းနှင့် ပြစ်ဒဏ်ခံစေတော်မူခြင်းအားဖြင့် ကိုယ် တော်သည် ယုံကြည်သူများအား အပြစ်များမှ ကယ်တင်တော်မူနိုင် ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့သည် အပြစ်များကို ထမ်းရန်နှင့် ဖယ်ရှားပေးတော်မူရန်အတွက် ပူဇော်သက္ကာအဖြစ် မိမိ ကိုယ်ကိုကိုယ် စတေးခဲ့သူ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်တော်မူခဲ့သည်။
၂၁ ရာစုတွင် အသက်ရှင်သောကျွန်ုပ်တို့အတွက် သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်ကြွေးများပေးဆပ်ပေးတော်မူခဲ့သည်ဟု ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ လွှတ်မြောက်ခြင်းခံရနိုင်ကြ သည်။ သခင်ယေရှုသည် ဤလောကသို့ မည်သည့်အချိန်တွင် ပြန် လည်ကြွလာတော်မူမည်ကို ကျွန်ုပ်တို့မသိကြသော်လည်း သခင်ယေ ရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ယဇ်ပူဇော်ခြင်းအဖြစ် သွန်းလောင်း တော်မူခဲ့သောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ဖြေလွှတ်ခြင်းခံရ၍ ပြန်လည်ကြွလာတော်မူ သောသခင်ကို လက်ခံရန် ယုံကြည်ခြင်းကို ပြင်ဆင်ရကြမည် ဖြစ် သည်။ 
ဤလောကသည် ပို၍ ဝမ်းနည်စိတ်ပျက်ဖွယ် ပျက်စီးနေသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်မှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ် ကပတ်တော်အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ ဤလုပ်ငန်းများသည် ကျွန်ုပ်တို့ပြစ်ကြွေးများပေးဆပ်ရန်ဖြစ်သည်ကိုလည်းကောင်း ကျွန်ုပ် တို့သည် ယခု ယုံကြည်ရကြမည် ဖြစ်သည်။ အထူးသဖြင့် ကားတိုင် တစ်ခုတည်းကိုသာ ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင် ခြင်းခံရရန် ကြိုးစားသောသူများအား သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောခြင်းခံရရန် သခင်ယေရှုသည် သူတို့ကို အကြံပေးတော်မူသည်။
 

ဤကမ္ဘာပေါ်တွင် ခရစ်ယာန်တစ်ဘီလီယံခန့်ရှိသည်

ဤနေ့ရက်တွင် သခင်ယေရှုကို ယုံကြည်ကြသည်ဟု ပြောကြ သော်လည်း နှလုံးသားများ၌ အပြစ်ပြုသူ ကမ္ဘာပေါ်တွင်ရှိသော ခရစ် ယာန်တစ်ဘီလီယံများထံ ဆွဲဆောင်လျက်ရှိသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသောအချက်ကို သူတို့ သည် လျစ်လျူရှုကြသည်။ ဤလူများထံ ဗတ္တိဇံနှုတ်ကပတ်တော်ကို ဟောပြောရန် ကျွန်တော်နှလုံးသားတောင့်တသည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ကို သူတို့သည် ယုံကြည်ကြလျှင် သူတို့အပြစ်များအားလုံးကို သ ခင်ယေရှုအပေါ်သို့ လွှဲပြောင်းပေးခဲ့သည်ဟု သူတို့ယုံကြည်နိုင်ကြ သည်။ ထိုကြောင့် သူတို့သည် နှလုံးသားများအတွက် ငြိမ်သက်ခြင်း ကိုရှာဖွေတွေ့ရှိကြလိမ့်မည်။ သူတို့သည် နှိုင်းစင်းယုံကြည်မှုကို အမွေ ဆက်ခံကြ၍ ယခုတွင် အပြစ်သားများအဖြစ် အသက်ရှင်ကြသည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ဤလောကအပြစ်များအတွက် တရားစီရင်ခြင်းခံ တော်မူခြင်းအားဖြင့် ယဇ်ကောင်ဖြစ်တော်မူခဲ့သည်ဟု သူတို့သည် သင့်တော်စွာ နားမလည်ကြပေ။ သူတို့သည် မသိကြသောကြောင့် ယုံ ကြည်ခြင်းမရှိကြပေ။ 
ကိုယ်တော်သည် ကျွန်တော်အား “ဤအချိန်အားလုံးတွင် သင် သည် မယုံကြည်သူများထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟော ပြောနေတယ်။ သို့သော် ယခုမှစ၍ ကားတိုင်တစ်ခုတည်းကိုသာ ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ကြွေးကြော်သောခရစ် ယာန်များထံ ဟောပြော၍ သူတို့ပြဿနာကို ဖော်ထုတ်ကာ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ရန် ဟောပြောရမည်”ဟု မိန့် တော်မူခဲ့သည်။ ကိုယ်တော်၏ဤနှုတ်ကပတ်တော်ကို ကျွန်တော်နာ ခံရန် ဆန္ဒရှိသည်။
ကိုယ်တော်သည် ကျွန်တော့်အား “ငါသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူခဲ့သော ဗတ္တိဇအားဖြင့် လောကလူသားများ၏အပြစ်များကို ယူဆောင်တော်မူခဲ့၍ ကားတိုင်သို့သွားကာ ပြစ်ကြွေးပေးဆပ်ခြင်းအ ဖြစ် ငါ့အသွေးတော်သွန်းလောင်းခြင်းအားဖြင့် အပြစ်အတွက် တရား စီရင်ခြင်းခံခဲ့တယ်။ လူတွေထံ ငါ့လုပ်ဆောင်ချက်ကို သက်သေခံ၍ ယုံကြည်ခြင်းအားဖြင့် သူတို့ထံ ထိုအကြောင်းကို ပြသပါ”ဟု မိန့် တော်မူခဲ့သည်။ ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့ဒုတိယမွေးဖွား ခြင်းခံရသူများကို တစ်ကမ္ဘာလုံးသို့ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ဟောပြောသော ဤဝိညာဉ်ရေးရာလုပ်ငန်းလုပ်ဆောင်ရန် တာဝန်အပ်နှင်းတော်မူခဲ့သည်။ ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသေခံတော်မူခြင်းအား ဖြင့် ယဇ်ပူဇော်သက္ကာကို ပူဇော်တော်မူခဲ့သည်ဟု ဤကမ္ဘာထံ ကျွန် တော်ဟောပြောနေသည်။ ယုံကြည်ခြင်းအားဖြင့် ထိုသို့လုပ်ဆောင် ရန် ဘုရားသခင်သည်  အလိုတော်ရှိသည်ဟု ကျွန်တော် ယုံကြည် သည်။ 
ဤကမ္ဘာပေါ်တွင်ရှိသောလူသားများအားလုံးသည် သခင်ယေရှု ၏ကားတိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင် ခြင်းခံရန် ကြိုးစားနေကြသည်ဟု ကျွန်တော်မြင်တွေ့သည်။ သူတို့ သည် နေ့တိုင်းကျူးလွန်သောအပြစ်များအားဖြင့် နာကျင်မှုနှင့် ကြေ ကွဲမှုခံစား၍ အသက်ရှင်နေကြသည်။ သူတို့သည် မိမိအပြစ်များ ကြောင့် ဆင်းရဲဒုက္ခခံရသော နာကျင်မှုအကြောင်းကို ကျွန်ုပ်တို့စဉ်း စားရန် လိုအပ်သည်။ ယနေ့ ခရစ်ယာန်များစွာတို့သည် ကားတိုင်၏ သတင်းကောင်းကိုသာ ယုံကြည်ကြသောကြောင့် သူတို့သည် သခင် ယေရှုခရစ်တော်ရှေ့မှာ အပြစ်ကင်းစင်သောသူများအဖြစ် အသက် ရှင်နိုင်ကြမည်လော။ သူတို့သည် သခင်ယေရှုအားဖြင့် မိမိအပြစ်များ မှ လုံးဝဆေးကြောခြင်းခံရသောနေ့ရက်ကို သူတို့သည် စောင့်ကြိုနေ ကြသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်၏လျှို့ ဝှက်ချက်ကို မသိဘဲ ကားတိုင်၏နှုတ်ကပတ်တော်ကိုသာ ယုံကြည် ခြင်းအားဖြင့် အပြစ်များမှ လွှတ်မြောက်ရန် ကြိုးစားနေကြသော ကြောင့် ဖြစ်သည်။ သူတို့သည် ထိုသို့ဖြင့် အပြစ်များမှ ဆေးကြော ခြင်းခံရရန် လုံးဝ မဖြစ်နိုင်ပေ။
သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြ သည်ဟု ယခုသူတို့ပြောကြားကြသော်လည်း သူတို့သည် ကားတိုင် တစ်ခုတည်းကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များ ဖြေလွှတ်ပေး နိုင်သော နည်းလမ်းမရှိပေ။ ကားတိုင်သည် လူသားများ၏အပြစ်များ ဆေးကြောပေးနိုင်ရန် သခင်ယေရှု ဆွဲချိတ်သောနေရာမဟုတ်ပေ။ သို့သော် ထိုနေရာသည် ဤအပြစ်များတရားစီရင်သောနေရာ ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကယ်တင်ခြင်းခံရခြင်း ဖြစ်သည်။ လူသားများ၏အပြစ်များအတွက် တရားစီရင်ခြင်းခံရရန် ကားတိုင်ပေါ်တွင် သခင်ယေရှုသွန်းလောင်း တော်မူသောအသွေးတော်မှာ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူ တော်မူခဲ့သော အချက်၏အကျိုးသက်ရောက်မှု ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယေဦဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း နှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအား ဖြင့် လူသားများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ပေးခဲ့၍ ကျွန်ုပ်တို့ ၏ကယ်တင်ရှင် ဖြစ်တော်မူခဲ့သည်။ ကိုယ်တော်သည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော် သည်  သင်နှင့်ကျွန်တော်တို့၏အပြစ်များကို တစ်ကြိမ်တည်းယူ ဆောင်သွားတော်မူ၍ ကျွန်ုပ်တို့အပြစ်များအတွက် ပြစ်ကြွေးပေးအပ် ကျေအေးစေတော်မူခဲ့လျက် ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခဲ့သည်။ ယောဒန်မြစ်၌ ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော်သည် သင်နှင့်ကျွန်တော် တို့၏အပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ် တို့အပြစ်များအတွက် အပြစ်ဖြေရာယဇ်ကို ပူဇော်သက္ကာပြု၍ ကျွန်ုပ် တို့အတွက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံမရှိဘဲ အသွေးသွန်းလောင်းတော်မူခြင်းလည်းရှိလိမ့်မည်မ ဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအ တွက် အပြစ်ပူဇော်ရာယဇ်ဖြစ်တော်မူမှသာလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရနိုင်ကြသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရ ကြမည် ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြမည်  ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှု၏အပြစ်ဖြေရာယဇ်လုပ်ငန်း၊ ကိုယ် တော်သည် ဗတ္တိဇံယောဟ်ထံမှ ခံယူတော်မူခဲ့သည် ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သော အသွေးတော်အားဖြင့် သင် နှင့်ကျွန်တော်တို့အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင် သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် ယုံကြည်ကြသောအခါ အပြစ် များအားလုံးမှ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရနိုင်ကြသည်။ ဤအ ကြောင်းကြောင့် ကိုယ်တော်သည် လူတိုင်းထံ “လူတစ်ဉီးသည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရမည်” ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူ ဆောင်သွားတော်မူမှသာလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များ အတွက် အပြစ်ဖြေရာယဇ်ဖြစ်လာနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မမေ့ သင့်ပေ။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကိုယ်တော်၏အပြစ်ဖြေရာယဇ်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါစို့။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့နှလုံး သားအပြစ်များအားလုံးကို သခင်ယေရှုပေါ်သို့ လွှဲပြောင်းခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။  သင်သည် ဤယုံကြည်မှုမရှိ လျှင် သင်သည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းထာဝရခံနိုင်မည် မ ဟုတ်ပေ။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ယူဆောင်သွားတော်မူခဲ့ သည်ဟု သင်၏နှလုံးသားသည် ယုံကြည်ခြင်းမရှိလျှင် သင်သည် ထို အပြစ်များအတွက် တရားစီရင်ခြင်းခံစေသောအပြစ်များ၏ ကျွန်ခံရ ကြမည် ဖြစ်သည်။ အသေခံတော်မူသော သခင်ယေရှုကို ယုံကြည် ခြင်းအားဖြင့် သင်သည် အပြစ်များမှ ကယ်တင်ခြင်းခံရနိုင်လျှင် ကိုယ် တော်သည် သင်၏အပြစ်များယူဆောင်သွားတော်မူရန် ခံယူတော်မူ ခဲ့သော ဗတ္တိဇံကို အချည်းနှီးဖြစ်စေသောကြောင့် သင်သည် ဤအ ပြစ်အတွက် ဆင်းရဲဒုက္ခံရလိမ့်မည်။
အင်ပါယာကွန်တင့်စတိုင်းက ပထမနိုင်းစေးကောင်စီကို ဖိတ် ကြားခဲ့၍ သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ပယ်ဖျက်ရန် က နဉီးကတည်းက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသောအချက်ကို ဤကမ္ဘာပေါ် တွင်ရှိသော လူအားလုံးသိကြလျှင် သခင်ယေရှုသည် အပြစ်များအ တွက် အပြစ်ဖြေရာယဇ်ဖြစ်တော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် လူတိုင်းသည် ကယ်တင်ခြင်းခံရလိမ့်မည်။ နိုင်းစင်းယုံကြည်မှုမှ သ ခင်ယေရှု၏ဗတ္တိဇံသမ္မာတရားကို ရည်ရွယ်ချက်ရှိစွာဖြင့် ကွန်စတင့် တိုင်းက ပယ်ဖျက်ခဲ့၍ လူသားများအားသခင်ယေရှု၏ဗတ္တိဇံနှင့် သွန်း လောင်းသောအသွေးတော်တို့သည်အပြစ်ဖြေရာယဇ်အဖြစ် ယုံကြည် ခြင်းအားဖြင့် သူတို့အပြစ်များမှ ကယ်တင်ခြင်းမခံရရန် ဆီးတားပိတ် ပင်သည်။ သူသည် နိုင်ငံရေးအောင်မြင်မှုအကျိုးအမြတ်ခံစားလိုသော ကြောင့် မိမိကိုယ်တိုင် သခင်ယေရှု၏ဗတ္တိဇံကို ဖယ်ရှားခဲ့သည်။ 
ကမ္ဘာပေါ်တွင်ရှိသောလူသားများက သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သူတို့အပြစ်များ ယူဆောင်သွားတော်မူခဲ့သည်ဟူသောနှုတ်ကပတ်တော်ကို မသိ၊ မယုံ ကြည်ကြသောကြောင့် သူတို့သည် အပြစ်သားများအဖြစ် ကျန်ရစ်၍ အပြစ်များအောက်၌ ဆင်းရဲဒုက္ခခံနေရကြသည်။ ဤလှည့်ဖြားမှုကို ခံ ရသောသူများထက် မည်သူသည် ပို၍ ဝမ်းနည်းလိမ့်မည်နည်း။ ကျွန် တော်သည် သူတို့ကို အလွန်သနားမိသည်။ ပို၍ ဆိုးသွမ်းသောအရာ မှာ ၂၁ ရာစုတွင် သခင်ယေရှုကို ယုံကြည်သူခရစ်ယာန်များအားလုံး သည် ယနေ့တွင် မိမိမှားယွင်းသောယုံကြည်မှုကို မသိဘဲလျက် နိုင်း စင်းယုံကြည်မှုမှ မှားယွင်းစွာဖော်ထုတ်ထားသော မိစ္ဆာယုံကြည်မှုကို လိုက်လျှောက်အသက်ရှင်နေကြသည်။ 
 


ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဗတ္တိဇံယောဟန်ထံ မှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော် ကို ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်


ယနေ့ ယောဟန် အခန်းကြီး၂ တွင် ဖတ်ရှုထားသောကျမ်းချက် ၌ မာရိသည် မင်္ဂလာဆောင်ပွဲ၌ စပျစ်ရည်ကုန်သွားခဲ့သည်ဟု ကြား သိခဲ့သောအခါ သူမသည် အစေခံများထံ မည်သည့်အရာကို ပြောခဲ့ သနည်း။ သူမက သူတို့ထံ “သခင်ယေရှုပြောသည့်အတိုင်း လုပ် ဆောင်ကြပါ”ဟု ပြောခဲ့သည်။ အစေခံများသည် သခင်ယေရှုမိန့် တော်မူခဲ့သည့်အတိုင်း ကျောက်စရည်းအိုးများထဲတွင် ရေဖြည့်ခဲ့ကြ သည်။ သခင်ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း သူတို့သည် ဤရေကို ပရိတ်သတ်များထံ မျှဝေခဲ့ကြသောအခါ ရေသည် အံ့ဩဖွယ်ကောင်း စွာဖြင့် စပျစ်ရည်အဖြစ် ပြောင်းလဲခဲ့သည်။ အစေခံများသည် သခင် ယေရှုမိန့်တော်မူခဲ့သောစကားကို နာခံခဲ့ကြသောအခါ ရေမှစပျစ် ရည်ဖြစ်စေခြင်းနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်။ သခင်ယေရှုသည် သူတို့ထံ “ရေကို ခပ်ယူ၍ ပရိတ်သတ်များထံ ဝေမျှပါ”ဟု မိန့်တော်မူ သောအခါ အစေခံများသည် ကိုယ်တော်၏စကားတော်ကို နာခံခဲ့ကြ သောကြောင့် ဤအံ့ဩဖွယ်နိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ဟု ကျမ်း စာက ဆိုထားသည်။ ကျွန်ုပ်တို့သည်လည်း သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ထမ်း၍ ယူဆောင်သွားတော်မူခဲ့သည်ဖြစ်သောကြောင့် သင် နှင့် ကျွန်တော်တို့၏အပြစ်များဆေးကြောပေးနိုင်ခဲ့သည်ဟုပြောထား သော နှုတ်ကပတ်တော်ကို တိကျစွာ ယုံကြည်ခြင်းအားဖြင့် သခင် ယေရှုခရစ်တော်၏သတို့သမီးများဖြစ်လာခြင်းအံ့ဩဖွယ်နိမိတ်လက္ခ ဏာကို တွေ့ကြုံနိုင်ကြသည်။ ဟုတ်ပါသည်။ သခင်ယေရှုသည် ကား တိုင်ပေါ်တွင် ပူဇော်သက္ကာဖြစ်တော်မူခဲ့သည်ဟူသော နှုတ်ကပတ် တော်ကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် နိမိတ်လက္ခဏာကို တွေ့ကြုံကြလိမ့်မည်။
ဤနှုတ်ကပတ်တော်ကို ဝိညာဉ်ရေးရာဝေါဟာရဖြင့် ရှင်းပြနိုင် ရန် ယခုတွင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်ဖယ်ရှားခြင်းဖြင့် ဖြောင့်မတ်သူများဖြစ်ခြင်း အံ့ဩဖွယ်နိမိတ်လက္ခဏာကို တွေ့ကြုံလို ကြလျှင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်၊  သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် အဗလာကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ဟု သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက် ခံ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ၍ သခင်ယေရှု ခရစ်တော်၏သတို့သမီးများဖြစ်လာနိုင်ကြသည်။ ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်း၊ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို လက်ခံတော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် ကျွန်ုပ်တို့ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ထာဝရအပြစ်များ ဖြေလွှတ်ခြင်းခံစားရန် ကောင်းကြီးမင်္ဂလာများခံစားရကြလိမ့်မည်။ 
လူသားများ၏အပြစ်များအားလုံးမှာ လူတစ်ဉီးသည် အပြစ်အ တွက် အဖိုးအချပေးအပ်မှသာလျှင် သူ၏အပြစ်များမှ ဖြေလွှတ်နိုင် သည်။ ထိုအကြောင်းကြောင့် ခမည်းတော်ဘုရားသခင်သည် မိမိသား တော်အား ဗတ္တိဇံခံစေတော်မူခြင်း၊ မိမိသားအား ကားတိုင်တင်၍ အ သွေးတော်သွန်းလောင်းစေခြင်း၊ ကားတိုင်ပေါ်တွင် နှိမ့်ချစွာဆင်းရဲ ဒုက္ခခံစား၍ အသေခံတော်မူခြင်းအားဖြင့် ဤလောက၏အပြစ်များ ကို ထမ်းစေတော်မူခဲ့ခြင်း ဖြစ်သည်။ ခမည်းတော်ဘုရားသခင်သည် မိမိသားတော်၏ယဇ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ၏အခ ကိုပေးအပ်ရန်အတွက်လုံလောက်သောပြင်ဆင်မှု ရရှိတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤအရာကြောင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်း ခံရနိုင်ကြသည်။ ဤသမ္မာတရားကို ယုံကြည်ခြင်း၊ သခင်ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်သွန်းလောင်းတော်မူခြင်းသည် ကျွန်ုပ်တို့၏ ပူဇော်သက္ကာအဖြစ် ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ပေးသော ယုံကြည်ခြင်း ဖြစ်သည်။ သင်နား လည်သဘောပေါက်နိုင်သလော။ ဤသို့ဖြင့် ကိုယ်တော်သည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ် များကို ယူဆောင်သွားတော်မူ၍ ကားတိုင်သို့ ၎င်းတို့ကို သယ်သွား တော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသင့်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်နိုင်ကြသောကြောင့် ကိုယ်တော်ကို ချီးမွမ်း ၍ ကျေးဇူးတင်ရကြမည် ဖြစ်သည်။ ဟာလေလုယာ။
ကျွန်ုပ်တို့သည် ဤလောက၏အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရရန်အတွက် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော် မူ၍ ကားတိုင်ပေါ်တွင် ၎င်းတို့အတွက် တရားစီရင်ခြင်းခံတော်မူခဲ့ သည်ဟူသော ယုံကြည်ခြင်းလိုအပ်ကြသည်။ ဘုရားရှေ့မှောက်တော် ၌ ကျွန်ုပ်တို့နှလုံးသားများ၏အပြစ်များဖြေလွှတ်ခြင်းမှာ ကျွန်ုပ်တို့၏ ကောင်းမှုကုသိုလ်ပေါ်တွင် မမူတည်ပေ။ ကျွန်ုပ်တို့၏ဆက်ကပ်မှုပေါ် တွင်လည်း မမူတည်ပေ။ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ သူ သခင်ယေရှု၏ဖြောင့်မတ်ခြင်းဖြင့် ပြည့်စုံစေခဲ့သော ကယ်တင် ခြင်းဆိုင်ရာယဇ်ပူဇော်ခြင်းဉပဒေပေါ်တွင် လုံးလုံးလျားလျား မှီခို ထားသည်။
ယခု သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်တင်ခင်းနှင့် အသွေးတော်သွန်းလောင်းကာအသေခံ တော်မူခြင်းအားဖြင့် ဤလောကအပြစ်ကို ယူဆောင်သွားတော်မူခဲ့ သည်ဟူသော ကယ်တင်ခြင်းသမ္မာတရားကို ကျွန်ုပ်တို့လက်ခံမှသာ လျှင် ကယ်တင်ခြင်းသို့ ရောက်ကြသည်။ ဗတ္တိဇံယောဟန်ထံမှသခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်သည် ကိုယ်တော် သည် လူသားများ၏အပြစ်များအားလုံးကို လက်ခံတော်မူခဲ့သောနှုတ် ကပတ်တော်ဖြစ်သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှုသွန်းလောင်း တော်မူခဲ့သောအသွေးတော်သည် ကျွန်ုပ်တို့၏အပြစ်ပူဇော်သက္ကာအ ဖြစ် ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင် နိုင်သောနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကိုယ်တော်ချ ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ကို လက်ခံရန်နှလုံးသားဖွင့်ဟ၍ ယုံကြည် ကြလျှင် ဤသမ္မာတရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ခြင်း က ကျွန်ုပ်တို့အပေါ် စစ်မှန်သောကယ်တင်ခြင်းကို ယူဆောင်ပေးပါ လိမ့်မည်။
သခင်ယေရှုသည် ဤလောက၏အပြစ်များမှ ကျွန်ုပ်တို့ကိုကယ် တင်တော်မူရန်အတွက် ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဉီးအဖြစ် ကြွလာ တော်မူ၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤ လောကအြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ကားတိုင်တင်ခံ၍ အသွေးတော်သွန်းလောင်းကာ အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ သ ခင်ယေရှုသည် ဤသို့ပြုခြင်းအားဖြင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူ၍ ကားတိုင်ပေါ်တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်သက္ကာပြု ပေးတော်မူခဲ့သော ကိုယ်တော်သည် ကယ်တင်ရှင်အဖြစ် ယုံကြည်သူ ကျွန်ုပ်တို့အားလုံးအပေါ် စစ်မှန်သောကယ်တင်ခြင်းကို ယူဆောင် တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုပေးအပ်တော်မူခဲ့သော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့နှလုံးသား များ၌လက်ခံကြသောအခါ ကျွန်ုပ်တို့အပြစ်များကို ကိုယ်တော့်အပေါ် သို့ လွှဲပြောင်း၍ တရားစီရင်ခြင်းခံရပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးသည် ဖယ်ရှားခြင်းခံရသည်။ ထိုကြောင့်  ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်သူကျွန်ုပ် တို့သည် ဤလောကအပြစ်များမှ ကယ်တင်ခြင်းခံရကြ၍ ကျွန်ုပ်တို့ အသက်တာများ၌ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းနိုင်ကြခြင်း ဖြစ် သည်။ ထိုသို့လွှတ်မြောက်ရခြင်းအကြောင်းမှာ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံ ကြည်ခြင်း၊ ကားတိုင်ပေါ်တွင် အပြစ်များတွက် တရားစီရင်ခြင်းခံရ တော်မူခဲ့သည်ဟု ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့အပြစ်များ တစ်ကြိမ် တည်းဆေးကြောပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံကို သိ၍ ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့အပေါ် စစ်မှန်သောကယ်တင်ခြင်းကို ယူဆောင်ပေးသောအရာ ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော့်အပေါ်သို့ ဤလောကအပြစ်များကို လွှဲ ပြောင်းပေးခဲ့သည်ဟူသောအချက်ကို ကျွန်ုပ်တို့ယုံကြည်ကြသောအ ခါ ကျွန်ုပ်တို့သည် အပြစ်သားများမှ ဖြောင့်မတ်သူများအဖြစ်သို့ ပြောင်းလဲပေးရန် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ 
 


ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်များမှ ဆေးကြောခြင်းခံရ ကြမည် ဖြစ်သည်


သခင်ယေရှုခရစ်တော်သည် ယောဒန်မြစ်၌ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ဤလောကအ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား နေ့စဉ်ကျူးလွန်သောအပြစ်များအားလုံးမှ တစ်ကြိမ် တည်း ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော် ၏ဖြောင့်မတ်ဖွဲ့စည်းထားသော ဗတ္တိဇံနှင့်အသွေးကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရနိုင် ကြသည်။ ကိုယ်တော်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းမှာ ဂရိဘာသာစကားအားဖြင့် “εὐαγγέλιον”ဖြစ်၍ “ဒိုင်နမိုက်”ကဲ့သို့ တန်ခိုးကြီးသည်။ ဒိုင်နမိုက်တစ်ချောင်းကို မီးညှိ၍ အိမ်ထဲသို့ ပစ်ချလိုက်သောအခါ သဲလွန်စမရှိဘဲ အပိုင်းအစများကို မှုတ်ထုတ်သကဲ့သို့ သခင်ယေရှုသည် လောကအပြစ်များကို ထမ်းရန် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ယုံကြည်သူ ကျွန်ုပ်တို့အားလုံးအတွက် ထာဝရပြည့်စုံစေတော်မူခဲ့သော အပြစ် များဖြေလွှတ်ခြင်းဆုကျေးဇူးကို ကိုယ်တော်သည် ကျွန်ုပ်တို့အားပေး အပ်တော်မူခဲ့သည်။
သင်နှင့်ကျွန်တော်တို့သည် ဇာတိအသွေးအသား၌ အားနည်းနေ ကြသော်လည်း ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို လက်ခံ တော်မူ၍ အသွေးတော်သွန်းလောင်းကာ၊ အသေခံတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များ၏ပြစ်ကြွေးများအားလုံးကို ပေးဆပ်ကျေ အေးစေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည် ဟု ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရနိုင်ကြသည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်မှာ ကျွန်ုပ်တို့အား အပြစ်များမှ ဆေးကြောပေးနိုင်သော တန်ခိုးကြီးသောနှုတ်ကပတ်တော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအ ရာအတွက် ကိုယ်တော်ကို ကျေးဇူးတင်သင့်ကြသည်။ ကိုယ်တော် သည် ဤနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆေး ကြောပေးတော်မူခဲ့သည်ဟု ယုံကြည်ကြသည်။ သခင်ယေရှုသည် ဤ လောက၌ လွန်ခဲ့သော ၂၀၀၀ခန့်က ဤလောက၌ ဖွားမြင်တော်မူခဲ့ ၍ အသက် ၃၀ စေ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များအားလုံးကို တစ်ကြိမ် တည်းလက်ခံတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ် တို့အား ကယ်တင်ရှင်အဖြစ် ထာဝရကယ်တင်တော်မူခဲ့သည်။
အချိန်မကြာမီ အန္တိခရစ်သည် ဤလောက၌ ပေါ်လာလိမ့်မည်။ သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း၊ နှင့် ရှင်ပြန်ထမြောက်တော်မူခြင်းမှာ  သူတို့သည် အပြစ်ကင်းစင်ကြ ကြောင်း သက်သေပြသရန်ဖြစ်သည်ဟု ယုံကြည်သူများကို အတင်း အဓမ္မ စေခိုင်းလိမ့်မည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသက်သေခံ ၍ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များအားလုံးကို ယူတော်သွားတော်မူ၍ အ ပြစ်ဖြေရာယဇ်အဖြစ် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းကို သက်သေခံခြင်းကလွှဲ၍ အခြားရွေးချယ်စရာတစ်စုံတစ်ခုမျှ မရှိတော့ ပေ။
ကိုယ်တော်က “ငါသည် အာလဖနှင့်ဩမေဃ”ဖြစ်သည်ဟု မိန့် တော်မူခဲ့သည်အတိုင်း ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော်သည် ကမ္ဘာဉီးစမှစ၍ အ ဆုံးထိတိုင်အောင် ဤလောကအပြစ်များအားလုံးကို ထမ်း၍ ဆေး ကြောပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် အ ပြစ်ဖြေရာယဇ်သက္ကာကို ပူဇော်ပေးတော်မူခဲ့သည်။ ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူ၍ သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှုခရစ်တော်မှာ တန်ခိုးကြီးသောဘုရားသခင် ဖြစ်သည်။ တစ်ဖက်တွင် လူသားများသည် ပျမ်းမျှအားဖြင့် အသက် ၈၀ ခန့်အ သက်ရှင်ကြသည်။ နှစ်ပေါင်း ၁၃၀ ကျော် အသက်ရှင်သူမရှိပေ။ ကိုယ် တော်သည် လူ့အသက်ကို ကောင်းမွန်စွာ သိတော်မူသောကြောင့် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် လူသားများ၏အပြစ်များကို ထမ်းခြင်း၊ အပြစ်များတစ်ကြိမ် တည်း ပြစ်ဒဏ်ခံရန် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခြင်း၊ နှင့်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင် ဖြစ်တော်မူသည်။ ထိုသို့ဖြင့် သခင် ယေရှုသည် သင်နှင့်ကျွန်တော်၊ နှင့် မျိုးဆက်သစ်များ၏အပြစ်များ  အားလုံးမှ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို  ကယ်တင်၍ ဆေးကြောပေးတော်မူ ခဲ့သည်။ ဤအရာကို ယုံကြည်သူများသည် ဤလောကအပြစ်များ အားလုံးမှ ထာဝရဆေးကြောပေးတော်မူသော ဗတ္တိဇံနှုတ်ကပတ်ကို ပေးအပ်ခြင်းအတွက် ကိုယ်တော်ကို ကျေးဇူးတင်သင့်ကြသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အတိတ်မှ ပစ္စုပ္ပန်အထိ၊ ကျွန်တော် နှင့် နောင်အနာဂတ်လူသားများအပြစ်များကို ထမ်းတော်မူခဲ့၍ ထာဝ ရစင်ကြယ်ရန် ဆေးကြောပေးတော်မူခဲ့သည်။ သင်သည် အဘယ်သို့ နည်း။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သင်၏အပြစ် များအားလုံးဆေးကြောခြင်းခံခဲ့ရသည်ဟု သင်ယုံကြည်သလော။ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ကျွန်တော့်အပြစ် များအားလုံးကို ထာဝရဆေးကြောပေးတော်မူခဲ့သည်ဟု ကျွန်တော် ယုံကြည်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူ၍ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအဖိုးအခများကို ပေးအပ်ကျေအေးစေတော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေး တော်မူခဲ့သည်။
ထိုအရာသည် အစစ်အမှန်ဖြစ်သောကြောင့် ကျွန်တော်ယုံကြည် ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ဆေးကြော ပေးတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်တော်၏အပြစ်ဖြေ ရာယဇ် ဖြစ်သည်ဟူသောအချက်ကို ကျွန်တော် ယုံကြည်သော ကြောင့် ကျွန်တော့်မှာ အပြစ်မရှိပေ။ ထိုအကြောင်းကြောင့် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ဆေးကြောပေးတော်မူခဲ့သည် ဟု ဤချိန်အထိ ကျွန်တော်ဟောပြော၍ ကိုယ်တော်သည် သင်၏အ ပြစ်ဖြေရာယဇ်ဖြစ်တော်မူခဲ့သည်ဟူသောအချက်ကို ယုံကြည်ရန် ကျွန်တော်တိုက်တွန်းနေရခြင်း ဖြစ်သည်။
 


သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် အပြစ်မှ ရွေးနှုတ်တော်မူခဲ့သည်။ ဤကယ် တင်ခြင်းကို တိကျစွာ ယုံကြည်ပါ


ယနေ့ဖတ်ကြားသောကျမ်းချက်တွင် မာရိက အစေခံများထံ “သခင်ယေရှုပြောသည့်အတိုင်းလုပ်ကြပါ”ဟု ပြောခဲ့သည်။ မာရိက ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစေခံများထက်ပို၍ စောလျှင် စွာ လက်ခံရရှိခဲ့သည်။ သူမသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံသူ ညီမတစ်ဉီး ဖြစ်သည်။ သူမသည် ကယ်တင်ရှင်ကို ပဋိသန္ဓေတည်၍ ဖွားမြင်ခဲ့၍ ကောင်းကင်တမန် ပြောကြားသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို လုံးဝယုံကြည်ခဲ့ သည်။ သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်မျာ ဘုရားသခင်၏တန်ခိုးတော်နှင့် ကိုယ်တော်၏ဘုရား ဇာတိရှိတော်မူသည်ကိုလည်းကောင်း မာရိသိခဲ့သည်။ ထိုကြောင့် သူ မသည် ယုံကြည်ခြင်း၌ စိတ်အားထက်သန်သူဖြစ်သောကြောင့် မင်္ဂ လာဆောင်ပွဲ၌ သခင်ယေရှုမိန့်တော်မူသည့်အတိုင်း မလွှဲမသွေ လုပ် ဆောင်ရန် အစေခံများကို ပြောကြားနိုင်ခြင်း ဖြစ်သည်။
မာရိသည် ကောင်းကင်တမန်ယူဆောင်လာသော ဘုရားသခင် ၏နှုတ်ကပတ်တော်ကို တိကျစွာ နှလံဒးသား၌ လက်ခံခဲ့သော ကြောင့်  သူမသည် သူငယ်တော်ယေရှုကို ပဋိသန္ဓေဆွဲ၍ မွေးဖွားခဲ့ သည့်အတိုင်း ယနေ့ ကျွန်ုပ်တို့သည်လည်း ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သောဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ သော သခင်ဘေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်၏သားသမီးဖြစ်လာနိုင်ကြသည်။ မာရိသည် ဤတွင် သ ခင်ယေရှုနှင့်အတူရှိခဲ့သည်။ သူမသည် ကယ်တင်ရှင်သခင်ယေရှုခရစ် တော်ကို ယုံကြည်ခဲ့သည့်အညီ ကောင်းကြီးမင်္ဂလာသတင်းကောင်း ကို သက်သေခံရန် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နေခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့ကဲ့သို့သော အပြစ်သားများအတွက်  ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အား ဖြင့် အပြစ်များအားလုံးကို ထမ်းတော်မူခဲ့၍ ဆေးကြောပေးတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းသတင်း ကောင်းကို ပေးအပ်တော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ယုံကြည်သူ ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်သည် ဤလောက ၏အပြစ်များမှ ကယ်တင်တော်မူခဲ့၍ နှလုံးသားများ၌ အပြစ်တစ်စုံ တစ်ခုမျှ မရှိသော ဖြောင့်မတ်သူများဖြစ်စေတော်မူခဲ့သည်။ ယခုတွင် ဤကယ်တင်ခြင်းသမ္မာတားဖွဲ့စည်းထားသော သခင်ယေရှု၏ဗတ္တိဇံ နှင့်အသေါးတော်ကို ယုံကြည်ခြင်းအးဖြင့် ကျွန်ုပ်တို့သည် အပြစ်များ အားလုံးမှ ကယ်တော်ခြင်းခံရနိုင်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ် တို့ကယ်တင်ခြင်း၏သမ္မာတရားကို ပြုပေးတော်မူခဲ့သော အပြစ်ဖြေ ရာယဇ်သည် ဤအရာဖြစ်သည်မဟုတ်လော။ သခင်ယေရှု၏ဗတ္တိဇံ နှင့် အသွေးတော်လုပ်ဆောင်ချက်က အပြစ်သား၊ သင့်အား အပြစ်မရှိ ဖြောင့်မတ်သူဖြစ်စေခဲ့သည်။ ဤအရာသည် ကောင်းကြီးမင်္ဂလာနိ မိတ်လက္ခဏာများအားလုံးအကြား အကြီးမားဆုံးသော ကယ်တင် ခြင်းကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ကိုယ်တော်ပေးအပ်တော်မူခဲ့ သော အလွန်အံ့ဩဖွယ်ကောင်းသော ကယ်တင်ခြင်းဆုကျေးဇူးဖြစ် သည်။
ကျွန်ုပ်တို့သည် လူသားများအဖြစ် ကျွန်ုပ်တို့သည် မည်သို့ကြိုး စားအားထုတ်ကြသောအပြစ် မိမိကိုယ်ကိုကိုယ် အပြစ်များမှ လွှတ် မြောက်ခြင်းမရနိုင်ကြပေ။ မိမိအစွမ်းအစများကို မှီခိုခြင်းအားဖြင့် ဘု ရားသခင်ရှေ့မှောက်တော်၌ အပြစ်နှင့်ကင်းစင်၍ ဖြောင့်မတ်သူဖြစ် လာရန် လုံးဝမဖြစ်နိုင်ပေ။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များ ကို ယူဆောင်သွားတော်မမူလျှင်လည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မမူလျှင်လည်း ကောင်း၊ အပြစ်များသည် ကျွန်ုပ်တို့နှလုံးသားများ၌ ကျန်ရစ်နေဉီး မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် နောက်ဆုံးတွင် ကျွန်ုပ်တို့အပြစ်များ ၏ပြစ်ဒဏ်ကို ခံစားရကြမည် ဖြစ်သည်။ သို့သော် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှငင့် ကားတိုင်ပေါ် တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် မိမိကိုယ်ကို ကိုယ် အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်တော်မူခဲ့၍ ဤကိုယ်တော်ပြု တော်မူခဲ့သောအမှုသည် ကျွန်ုပ်တို့နှလုံးသားများအား အပြစ်ကင်း စင် ရုံမျှမက ကယ်တင်ခြင်းသတင်းကောင်း ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ဤအပြစ်များအတွက် တစ်ကြိမ်တည်းအသေခံတော်မူ ခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ထမ်းတော်မူခြင်း အားဖြင့် ပြုတော်မူခဲ့သော အပြစ်ဖြေရာယဇ်ပူဇော်သက္ကာကို ယခု တွင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ လက်ခံခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်မှောက်၌ အပြစ်ကင်းစင်သူများဖြစ် လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် အခြားမည်သည့်အရာများအားဖြင့် ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသနည်း။ ကျွန်ုပ်တို့သည် မိမိအကျင့် များကို ကြည့်လျှင် ကျွန်ုပ်တို့သည် နံနက်ခင်းတွင် အပြစ်မပြုဘဲ အ သက်ရှင်နိုင်ကြသော်လည်း ညနေခင်းတွင် အပြစ်သားများအဖြစ် အ သက်ရှင်ကြလိမ့်မည်ကို သေချာသည်။ ကျွန်ုပ်တို့သည် မိမိအကျင့် များအားဖြင့် အပြစ်များမှ ဖြေလွှတ်ခြင်းခံရရန် မဖြစ်နိုင်ကြသော ကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းအသေခံတော် မူခြင်းအားဖြင့် အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ကိုကိုယ် ပူဇော်သူ သခင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့သိ၍ ယုံကြည်မှသာလျှင် အပြစ် များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြမည်ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များ ထမ်းခြင်းအားဖြင့် ယခတွင် ကိုယ်တော် သည် ကျွန်ုပ်တို့ယုံကြည်သူအသစ်များအား ထာဝရအသက်ကို ပေး အပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဤ လောကသို့ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ကယ် တင်ရှင်အဖြစ် ယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် အပြစ်ကင်းစင် သူများ ဖြစ်လာနိုင်ကြမည် မဟုတ်ပေ။ ထိုကြောင့် သခင်ယေရှုသည် အပြစ်ဖြေရာယဇ်ကောင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြ မည်  ဖြစ်သည်။ 
မည်သူမည်ဝါကမျှ ဘုရားသခင်၏ပညတ်တော် အက္ခရာတစ် လုံး သို့မဟုတ် ခေါင်းစဉ်တစ်ခုတောင်မစောင့်ထိန်းနိုင်သည်ကို လူ တိုင်းနားလည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြလျှင် ဤအ ပြစ်အတွက် တရားစီရင်ခြင်းခရမည်ဖြစ်သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းနှင့်အညီ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရကြမည် ဖြစ်သည်။ သင်သည် ဤလောက၌ အသက် ၈၅ နှစ်ကျော်အသက်ရှင် ခဲ့မည် ဆိုကြပါစို့။ သင်သည် သေသည့်နေ့နံနက်ခင်းတွင် မသေမီနာ ရီဝက်တွင် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခဲ့လျှင် သင် သည် ဤချိန်အထိ တစ်ဘဝလုံးအပြစ်တစ်စုံတစ်ခုမျှ မကျူးလွန်ခဲ့ လျှင်တောင် ဤအပြစ်အတွက် တရားစီရင်ခြင်းခံရမည့် အပြစ်သား ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏အကြံအစည်တော်နှင့်သွေ ဖယ်သောအရာတစ်စုံတစ်ကို လုပ်၍ စဉ်းစားလျှင် သင်သည် အပြစ် သားတစ်ဉီး ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ပညတ် တော်နှင့်၎င်း၏အထုံးအဖွဲ့များကို ချိုးဖောက်သူအပြစ်သားများဖြစ် ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်အထုံးအဖွဲ့ ၆၁၃မှ တစ်ခုကို ချိုးဖောက်ကြလျှင် ကျွန်ုပ်တို့သည် ဘုရားရှေ့တော် ၌ ဆိုးသွမ်းသောအပြစ်သားများအဖြစ် ရပ်ကြလိမ့်မည်။
ထိုကြောင့် ဘုရားသခင်သည် မိမိပညတ်တော်အထုံးအဖွဲ့နှင့်အ ညီ ကျွန်ုပ်တို့အပြစ်များကို တရားစီရင်မည်ဆိုပါက ကျွန်ုပ်တို့သည် ကိုယ်တော်၏မျက်စိ၌ အပြစ်သားများအဖြစ် သိရကြလိမ့်မည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် အခြားရွေးချယ်စရာမရှိ အပ္ပါယ်ငရဲ သို့ ပြစ်ဒဏ်ခံရကြမည် ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်က “အပြစ်၏အခကား သေခြင်းပေတည်း”ဟု ပြောထားသည်။ လူတစ် ဉီးသည် မိမိနှလုံးသား၌ အပြစ်တစ်စုံတစ်ခုရှိလျှင် ဤအပြစ်အတွက် တရားစီရင်ခြင်းမှာ အပ္ပါယ်ငရဲဖြစ်သည်။ “သို့သော် ဘုရားသခင်၏ ဆုကျေးဇူးမှာ ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ထာဝရအသက် ပေတည်း။” သငခ်ယေရှုခရစ်တော်သည် အပြစ်ဖြေရာယဇ်ကောင်အ ဖြစ် ဤလောကသို့ ကြွဆင်းတော်မူခဲ့ပြီးနောက် ဗတ္တိဇံခံယူတော်မူ ခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အသေခံ တော်မူခြင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခဲ့ခြင်းအားဖြင့် သူတို့အပြစ်များ အားလုံးမှ ကယ်တင်ခြင်းဤနှုတ်ကပတ်တော်ကိုယုံကြည်သူများ အား ရွေးနှုတ်တော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်။ ကျွန်ုပ် တို့သည် အပြစ်ဖြေရာယဇ်သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်အသွေး တော်ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရနိုင်ကြသည်ဟု ဘယ်တော့မှ မမေ့ရပေ။
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသော်လည်း ကျွန်ုပ်တို့ကဲ့ သို့သောဤလူများအတွက် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ် တည်း ယူဆောင်တော်မူခဲ့၍ ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူ ခဲ့သော အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များအခများကို ပေး ဆပ်ပေးတော်မူခြင်းအားဖြင့် ကိုဘ်တော်သည် ယုံကြည်သူများကို ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် ဤသ တင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ကြသောအခါ ကိုယ်တော် သည် ကျွန်ုပ်တို့ယုံကြည်သူများအား ဖြောင့်မတ်သူများဖြစ်စေတော်မူ ၍ ဘုရားသခင်၏သားသမီးများအဖြစ် လက်ခံတော်မူလိမ်မ့ည်။ ဤ အရာသည် ကယ်တင်ရှင်သခင်၏မေတ္တာတော်ဖြစ်သည်။
 


သခင်ယေရှုအားဖြင့် ဘုရားသခင်ကို မြင်တွေ့နိုင်သည်


ယောဟန် ၁း၁၈ တွင် သမ္မာကျမ်းစာက “ဘုရားသခင်ကို အ ဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တ ပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူ ပြီ”ဟု မိန့်တော်မူသည့်အတိုင်း မည်သူမည်ဝါကမျှ ဘုရားသခင်ကို မ မြင်ခဲ့ကြပေ။ ခမည်းတော်၏ရင်ခွင်တော်၌ တစ်ပါးတည်းသောသား တော်မှာ မည်သူဖြစ်သနည်း။ နှုတ်ကပတ်တော်၏အရှင်ဖြစ်သူ ကယ် တင်ရှင် သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်ကို မမြင်တွေ့ခဲ့ဖူးကြသော်လည်း သခင်ယေရှုသည် ဤ လောကသို့ ဖွားမြင်တော်မူခြင်း၊ လူသားများ၏ကယ်တင်ရှင်အဖြစ် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ထမ်းတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံတော် မူခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ် မိမိကိုယ်ကိုကိုယ် ထင် ရှားတော်မူခဲ့သည်။ 
ကိုယ်တော်သည် ဤသို့ဖြင့် ကျွန်ုပ်တို့ထံ မိမိကိုယ်ကိုကိုယ် ဖွင့် ပြတော်မမူခဲ့လျှင် သခင်ယေရှုခရစ်တော်သည် မည်သူမည်ဝါဖြစ် တော်မူသည်ကို ကျွန်ုပ်တို့သိရန် မဖြစ်နိုင်ပေ။ သို့သော် ကျွန်ုပ်တို့ သည်ရေနှင့်ဝိညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှု ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ကြသော်လည်း သမ္မာကျမ်းစာနှုတ်က ပတ်တော်အားဖြင့် ဗတ္တိဇံယောဟန်ထံမှ ခံယူသော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် ဤ လောကအပြစ်များကို ထမ်းခဲ့သော ကယ်တင်ရှင်ယေရှုကို ကျွန်ုပ်တို့ တွေ့ခဲ့ကြသည်။ ဤအရာသည် လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီက ရေးသားခဲ့သော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ယခု တွင် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဤလောကသို့ ကြွဆင်းတော်မူခဲ့ သော သခင်ယေရှုကို ဤနှုတ်ကပတ်တော်က ဖွင့်ပြနေသည်။
ကာနမင်္ဂလာဆောင်ပွဲ၌ ရေကို စပျစ်ရည်ဖြစ်စေခြင်းကို သခင် ယေရှု၏တပည့်တော်များသည် မြင်တွေ့ကြသောအခါ ကိုယ်တော် သည် ဓမ္မဟောင်းကျမ်း၌ စေလွှတ်မည်ဟု ကတိပြုထားသော မေရှိ ယဖြစ်တော်မူသည်ဟု သူတို့ကနားလည်သဘောပေါက်ကြသည်။ ကျွန်ုပ်တို့သည်လည်း ရေကို စပျစ်ရည်ဖြစ်သော သခင်ယေရှု၏အံ့ဩ ဖွယ်နိမိတ်လက္ခဏာကို မြင်တွေ့ပြီးနောက် ဓမ္မဟောင်းကျမ်း ယဇ် ပဇော်ခြင်းများကဲ့သို့ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ ခဲ့သော သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိနိုင်ကြသည်။ ရေကို စပျစ်ရည်ဖြစ်စေသူ ဤတွင် တစ်စုံတစ်ဉီးမျှ ရှိသလော။ ကျွန်ုပ်တို့သည် ဤအရာကို ပြု နိုင်လျှင်တောင် လူသားများကို အပြစ်မှကယ်တင်ရန် ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူခြင်း၊ အသေခံ၍ သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်းရရှိနိုင်ကြမည် မဟုတ်ပေ။ သို့သော် သခင်ယေရှုသည် နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော် မူခဲ့သော ဘုရားဖြစ်တော်မူသည်။ ကိုယ်တော် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူသော ဗတ္တိဇံနှင့် ဤလောကသို့ ကြွလာတော်မူခဲ့သောအ ခါ သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် သင်နှင့်ကျွန် တော်တို့၏အပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ထာဝရအတွက် ဆေးကြောပေးတော်မူခဲ့၍ ကျွန်ုပ်တို့၏စစ်မှန်သောကယ်တင်ရှင် ဖြစ်တော်မူသည်။ ယနေ့ဖတ် ကြားခဲ့သော ကျမ်းစာ၌ ရေကိုစပျစ်ရည်ဖြစ်ခြင်းက ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် သင်နှင့်ကျွန် တော်တို့၏အပြစ်များကို ထမ်းတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ် တော်သည် ဤသမ္မာတရားကို ယခုယုံကြည်သူကျွန်ုပ်တို့အားလုံးအ ပေါ် အပြစ်များဆေးကြောပေးသော ကယ်တင်ခြင်းထာဝရပေးအပ် တော်မူခဲ့သည်ကိုလည်းကောင်း ထင်ရှားစေသည်။ သခင်ယေရှုခရစ် တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အ ပြစ်များကို ထာဝရယူဆောင်သွားတော်မူ၍ ဆေးကြောပေးတော်မူခဲ့ သည်။ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအမှန်အကန် ဆေးကြောခြင်းခံရသူများအတွက် ကိုယ်တော်သည် ထာဝရသတို့ သားဖြစ်တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်ပေးအပ်တော်မူခဲ့ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံ ကြည်သူအားလုံးသည် ကိုယ်တော်၏သတို့သမီးများအဖြစ် ကိုယ် တော်သည် လက်ခံတော်မူခဲ့သည်။
ဤအရာသည် ကာနမင်္ဂလာဆောင်ပွဲ၌ သတို့သားနှင့်သမီးတို့၏ မင်္ဂလာဆောင်ပွဲအနက်အဓိပ္ပါယ် ဖြစ်သည်။ သခင်ယေရှုခရစ်တော် သည် သတို့သားဖြစ်တော်မူသည်။ သတို့သမီးများသည် ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှင့်သွန်းလောင်းတော်မူခဲ့သောအသွေးတော် တို့ကို ယုံကြည်သူ သင်နှင့်ကျွန်တော်တို့ ဖြစ်ကြသည်။ ထိုနေရာတွင် သခင်ယေရှုခရစ်တော်သတို့သား၏ဖြောင့်မတ်ခြင်းကိုသာ တောက်ပ စွာ ထွန်းလင်းတော်မူလိမ့်မည်။ ယနေ့ကျမ်းချက်အားဖြင့် ကျွန်ုပ်တို့ အား ကိုယ်တော်မိန့်တော်မူသောအခါ မှာ ဤသို့ဖြစ်သည်။ ကျွန်ုပ်တို့ သည် အပြစ်သားများဖြစ်ကြသော်လည်း ကိုယ်တော်သည် သင်နှင့် ကျွန်တော်တို့၏အပြစ်များဖြစ်သော ဤလောက၏အပြစ်များကို ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော် အားဖြင့် ပြုလုပ်ခဲ့သော အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအားဖြင့် ယူ ဆောင်သွားတော်မူခဲ့၍ တရားစီရင်ခြင်းခံတော်မူခဲ့သည်။ သခင်ယေ ရှုခရစ်တော်သည် ဤနှုတ်ကပတ်တော်ကို ယုံကြည်သူကျွန်ုပ်တို့ကို ကိုယ်တော်၏သတို့သမီးများဖြစ်စေတော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့သည် ကားတိုင်နှုတ်ကပတ်တော် အားဖြင့်သာ လောကအပြစ်များမှ ကယ်တင်တော်မမူခဲ့ပေ။ သို့သော် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် လောကအပြစ်များမှ ကျွန်ုပ်တို့အား ရွေးနှုတ်ရန် သွန်းလောင်းတော် မူသောအသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်း၍ ဆေး ကြောပေးတော်မူခဲ့သည်ဟု ယုံကြည်သူ ကျွန်ုပ်တို့အပေါ် ကယ်တင် ခြင်းယူဆောင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဘုရားဖြစ်တော်မူ သည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်နှင့် အပြစ်သားများ၏ကယ်တင် ရှင် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံအားဖြင့် ဤလောကအ ပြစ်များယူဆောင်သူသခင်ယေရှုကို ကယ်တင်ရှင်နှင့်သတို့သားအ ဖြစ် ယုံကြည်ကြသည်။ သခင်ယေရှုခရစ်တော်သည် သူတို့၏ကယ် တင်ခြင်းအဖြစ် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ် ကပတ်တော်နှင့်ကားတိုင်နှုတ်ကပတ်တော်ကို ယုံကြည်သူများကို လောကအပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူသည်။ ယခုတွင် ဤကယ်တင်ခြင်းသမ္မာတရားကို ယုံ ကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်၏သတို့သမီးဖြစ်လာခဲ့ကြ သူများသည် နှလုံးသားများ၌ အပြစ်ကင်းစင်သူများ၊ ဖြောင့်မတ်သူ များ၊ ဘုရားသခင်၏အမှုတော်ဆောင်များနှင့် ကိုယ်တော်၏သားသ မီးများဖြစ်လာကြသည်။
ကိုယ်တော်သည် ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသား များ၏အပြစ်များအားလုံးကို ထမ်းခြင်း၊ ကားတိုင်ပေါ်တွင် ရက်ရက် စက်စက်အသေခံတော်မူခြင်း၊ နှင့်သေခြင်းမှရှင်ပြန်ထမြောက်တော် မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ထမ်းတော်မူခြင်း အားဖြင့် ယုံကြည်သူများ၏ကယ်တင်ရှင် ဖြစ်လာတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ယူဆောင်၍ ဤလော ကအပြစ်များကို ဆေးကြောပေးတော်မူခဲ့သော ကယ်တင်ရှင်ဖြစ် တော်မူသည်။ ယခုတွင် သင်သည် ကိုယ်တော်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် အပြစ်ကင်းစင်သူဖြစ်လိုလျှင် သင်သည် ဤနှုတ်ကပတ် တော်၌ ဖော်ပြထားသည့်အတိုင်း ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ် များမှ ဆေးကြောခြင်းခံရသည်။ ဤပုဂ္ဂိုလ်များသည် သခင်ယေရှုခ ရစ်တော်၏သတို့သမီးများဖြစ်လာကြလိမ့်မည်။
ကျွန်တော့်နှလုံးသားသည် လေးလံသည်။ အဘယ်ကြောင့် နည်း။ ခရစ်ယာန်တစ်ဘီလီယံတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ ကြသော်လည်း ဗတ္တိဇံသတင်းကောင်းနှင့်ကားတိုင်ကို မသိကြသော ကြောင့် အပြစ်သားများအဖြစ် ကျန်ရစ်နေကြသောကြောင့် ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ သည်ဟူသော နှုတ်ကပတ်တော်ကို သူတို့ထံ ဟောပြောရမည် ဖြစ် သောကြောင့် ကျွန်တော့်နှလုံးသားသည် အလွန်လေးလံသည်။ ကျွန် တော်သည် ဤလောကတွင် အသက်ရှင်သော ၈ ဘီလီယံများထံ ကယ်တင်ခြင်းနှုတ်ကပတ်တော်ဟောပြောရမည် ဖြစ်သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့်  သခင်ယေရှုပေါ်သို့ ဤလောက၏အပြစ်များကို လွှဲပြောင်းခဲ့သည်ဟု သူတို့ထံ ကျွန်တော်ဟောပြောရမည် ဖြစ်သည်။ ထိုပြင် သူတို့ထံ သူ တို့၏သီအိုလျော်ဂျီအမှားများကို သွန်သင်ရမည် ဖြစ်သည်။ ဤအရာ သည် အားလုံးကို ပို၍ ခက်စေသည်။ 
ယနေ့ လူတစ်ဉီးသည် သင်းအုပ်ဆရာတစ်ပါးဖြစ်သောကြောင့် ဤသင်းအုပ်ဆရာသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော် မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအ သွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ ယူဆောင်သွားတော်မူခဲ့ သောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်သူတစ်ဉီးဖြစ်သည် ကို မဆိုလိုပေ။ ဤသို့သော သင်းအုပ်ဆရာများသည် အနည်းငယ် သာဖြစ်သည်ဟု ကျွန်ုပ်တို့သိကြသည်။ လွန်ခဲ့သောအချိန်က ပင် လယ်ကမ်းစပ်ကျေးလက်မှာ ကျွန်တော်နေထိုင်သောအခါ တက္က သိုလ်တစ်ခု၌ ကျောင်းသူ/သားများအဖွဲ့တစ်ခုကို ဉီးဆောင်သူ သင်း အုပ်ဆရာတစ်ပါးကို တွေ့ခဲ့သည်။ သူသည် အသင်းတော်တစ်ပါး၌ သင်းအုပ်ဆရာတစ်ပါး ဖြစ်ခဲ့သည်။ သူသည် ဤတက္ကသိုလ်ကျောင်း ၌ ကျောင်းသူသားများထံ အမှုတောင်ထမ်းဆောင်သူလည်း ဖြစ် သည်။ တစ်နေ့၊ သူက ကျွန်ုပ်တို့လုပ်ဆောင်ဖက်သာသနာပြုသူတစ် ဉီးကို ခေါ်၍ သီအိုလျော်ဂျီအပေါ် ငြင်းခုံလိုခဲ့သည်။ ထိုကြောင့် ကျွန် တော်သည် သူ့ထံ “ငါနှင့် ဆွေးနွေးချင်သလား။ ဒီအမှုတော်ဆောင်က သီအိုလျော်ဂျီမသင်ကြားခဲ့ပါ။ သို့သော် ကျွန်တော်သင်ခဲ့၍ ဆွေးနွေး ကြရအောင်”ဟု ပြောခဲ့သည်။ အနည်းငယ်ဆွေးနွေးတိုင်ပင်ခြင်းပြု ကြပြီးနောက် သူက ကျွန်တော်ကို “သခင်ယေရှုဟာ အပျိုကညာမာ ရိ၏ဝမ်းမှ ဖွားမြင်တော်မူခဲ့တယ်ဟု ဆရာပြောသလား။ သို့သော် ယောက်ျားတစ်ဉီးမျှနှင့်မသိခဲ့ဘူးသော လူတစ်ဉီးသည် သခင်ယေရှု ကို ဘယ်လိုဖွားနိုင်မလဲ”ဟု ရုတ်တရက် မေးခဲ့သည်။ ကျွန်တော် သည် သိပ္ပံပညာကျကျ ထိုအကြောင်းကို ရှင်းပြနိုင်လျှင် သူသည် သ ခင်ယေရှုကို ယုံကြည်လိမ့်မည်ဟု သူပြောခဲ့သည်။
ထိုကြောင့် ကျွန်တော်က သူ့အား “ခင်ဗျားက သင်းအုပ်ဆရာ တစ်ပါး ဖြစ်ခဲ့သလား။ ခင်ဗျားက သင်းအုပ်ဆရာတစ်ပါးဖြစ်သောအ ခါ ဤအရာများကို မည်သို့ပြောနိုင်သလဲ။ ခင်ဗျားက ငါ့ကို ရှင်းပြရန် ဆန္ဒရှိသလား။ ကျွန်တော် သိပ္ပံနည်းကျကျ ရှင်းပြနိုင်တယ်။ ကျွန် တော်သည်လည်း ထိုအရာကို ဝိညာဉ်ရေးရာအားဖြင့်လည်း ရှင်းပြနိုင် တယ်။ သမ္မာကျမ်းစာတွင် ဘုရားသခင်သည် စကြာဝဠာတစ်ခုလုံး၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် လူသားများအတွက် ကယ်တင်ခြင်းစီမံကိန်းအကြံအစည်တစ်ခုရှိခဲ့ သောကြောင့် ကိုယ်တော်သည် ဤလောကသို့ မိမိသားတော်ကို စေ လွှတ်တော်မူခဲ့သည်။  လူသားများအား လောကအပြစ်များမှ ကယ် တင်တော်မူရန်အတွင်  ဘုရားသခင်၏သားတော်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ထိုအပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံတော်မူပြီး သေခြင်းမှရှင် ပြန်ထမြောက်တော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်  ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ယုံကြည်သူ ကျွန်ုပ်တို့အားလုံးအတွက် ကိုယ် တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာတော်မူခဲ့သည်။ သခင် ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိ ဇံအားဖြင့်  အပြစ်များကို ယူဆောင်၍ တစ်ကြိမ်တည်းဖယ်ရှားပေး တော်မူခဲ့သော အရှင် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဤသခင်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ မာရိ၏ဝ်းမှ ဤလောကဖွားမြင် တော်မူရန် သားတော်သခင်ယေရှုကို စေလွှတ်တော်မူခဲ့သောသူမှာ ခ မည်းတော်ဘုရားဖြစ်တော်မူသည်။ ဘုရားသခင်သည် နှုတ်ကပတ် တော်၏အရှင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ဤလောက ၌ ပရောဖက်ပြု၍ ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းနှုတ်က ပတ်တော်ကို ယုံကြည်သူကျွန်ုပ်တို့အတွက် ကိုယ်တော်သည် ကျွန်ုပ် တို့အပေါ် ကယ်တင်ရှင်အဖြစ် အမှုပြုနိုင်တယ်”ဟု ပြောခဲ့သည်။ ထို နောက် ကျွန်တော် ဤသင်းအုပ်ဆရာထံ ရှင်းပြခဲ့၍ “သင်ဟာ လူ သားတစ်ဉီးဖြစ်တဲ့အတွက် သင်ဟာလူသားတစ်ဉီးအဖြစ် မွေးဖွားခဲ့ တယ်။ ဘုရားသခင်သည် မိမိနှုတ်ကပတ်တော်အားဖြင့် အရာခပ်အား လုံး တည်ရှိရန် မိန့်တော်မူခြင်းအားဖြင့် စကြာဝဠာ၌ အရာခပ်သိမ်း ကို တည်ရှတော်မူခဲ့သည့်အတိုင်း ခမည်းတော်ဘုရားသခင်သည် မာ ရိဝမ်းအားဖြင့် မိမိသားတော်ကို ဤလောကသို့ စေလွှတ်တော်မူခဲ့ တယ်”ဟု ပြောကြားခဲ့သည်။
ဤသို့ဖြင့် ဘုရားရှေ့တော်၌ အပြစ်သားများသည် အပြစ်များမှ မည်သို့ ဆေးကြောခြင်းခံရစေသော သက်သေဖြစ်သည့် သခင်ယေရှု ၏ဗတ္တိဇံနှင့်အသွေးတော်သက်သေခံသူ ဤလောကတွင် အနည်း ငယ်သာရှိသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့၍ ကားတိုင်သို့သွားကာ အသွေးတော်သွန်းလောင်းတော်မူ ၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဤကယ်တင် ခြင်းသမ္မာတရား ယုံကြည်သူများကို ကိုယ်တော်၏လူများဖြစ်စေ တော်မူခဲ့သည်။ ဘုရားသခင်၏ကြီးမားသောကျေးဇူးတော်မရှိလျှင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသော နှုတ် ကပတ်တော်ကို ဟောပြောခြင်းသည် လုံးဝလွယ်ကူသောအရာ မ ဟုတ်ပေ။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိ ဇံအားဖြင့် ကိုယ်တော့်အပေါ်သို့ အပြစ်များလွှဲပြောင်းခဲ့သည်ဟူသော အချက်ကို ယခုယုံကြည်သူ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏ သတို့သမီးများဖြစ်လာခဲ့ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များကို ထမ်းခြင်းအား ဖြင့် သင်နှင့်ကျွန်တော်တို့အား အပြစ်များမှ တစ်ကြိမ်တည်း ကိုယ် တော်ကယ်တင်တော်မူခဲ့သောကြောင့် ဤကယ်တင်ခြင်းနှုတ်ကပတ် တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် ကျွန်ုပ်တို့ သည် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန် တော်တို့၏အပြစ်များအားလုံးကို  သခင်ယေရှုဆေးကြောတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်၍ ဤသတင်းကောင်း နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့နှလုံးသားများ၌ လက်ခံကြလျှင် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှုအပေါ်သို့ လွှဲပြောင်းလိမ့်မည်။ သ ခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ထမ်း၍ သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော် မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ယုံကြည်သူများအား ဘ ဝသစ်ကို ပေးအပ်တော်မူသည်။ 
ယုံကြည်သူများခင်ဗျား၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ မည်သို့ ဆေးကြောနိုင် သည်ကို ယခု သင်နားလည်သဘောပေါက်သလော။ ဤစကြာဝဠာ တစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့သောဘုရားသည် လူသားတစ်ဉီးအ ဖြစ် လူ့ဇာတိကို ခံယူတော်မူ၍ အသက် ၃၀ နှစ်တွင် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း၍  ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ ထိုကြောင့် သခင် ယေရှုခရစ်တော်သည် ယခုတွင် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော် မူခဲ့သည်။ 
ယခုတွင် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ကယ်တင် ရှင်ဖြစ်တော်မူသည်။ သင်သည် ကိုယ်တော်ကို နှလုံးသားဖြင့် ယုံ ကြည်လျှင် သင်သည် ထာဝရကယ်တင်ခြင်းခံရလိမ့်မည်။ အကျဉ်း ချုံးအားဖြင့် သင်သည် ဗတ္တိဇံနှင့်အသွေးတော်နှုတ်ကပတ်တော်ကို မှီ ခို၍ ဘုရားသခင်၏နှုတ်ကပတ်တော်နှလုံးသားဖြင့် ယုံကြည်သောအ ခါအပြစ်များအားလုံးမှ ကယ်တင်ခြင်းသို့ ရောက်ရှိသည်။
“ယုံကြည်ခြင်း”စကားလုံး၏ဝေါဟာရမူရင်းမှာ “မှီခိုခြင်း” နှင့် “အမှီတဟဲပြုခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ဉီးကို ယုံ ကြည်သည်ဟု ပြောကြသောအခါ ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်ပေါ်တွင် မှီခိုနေသည်ကို ဆိုလိုသည်။ လူတစ်စုံတစ်ဉီးကို မည်မျှ ယုံကြည်သည် ကို ထိုသူအပေါ် မည်မျှ မှီခိုခြင်းပေါ်တွင် မူတည်သည်။ ကျွန်ုပ်တို့ အား အပြစ်များမှ ကယ်တင်ပေးနိုင်သော ယုံကြည်ခြင်းမှာ ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သူ သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော် မူသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် အားကိုးအား ထားထိုက်သော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ နား လည်ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို မှီခိုအားထားရ ကြခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်နှင့်နှုတ်ကပတ်တော် ကို ယုံကြည်ခြင်းကို ဆိုလိုသည်။ ထိုအရာမှာ ကိုယ်တော်၏ဗတ္တိဇံ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအကြောင်း ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောက၏အပြစ်များကို ယူဆောင်သွားတော်မူ၍ ကျွန်ုပ်တို့အပြစ် များအားလုံးကို တစ်ကြိမ်တည်းဆေးကြောပေးတော်မူခဲ့သည်ဟု ယုံ ကြည်ရမည် ဖြစ်သည်။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိ ဇံအားဖြင့် အလောကအပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သောကြောင့် ယခုတွင် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှုပေါ်သို့ လွှဲပြောင်း၍ တရားစီရင် ခြင်းခံတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ ကိုယ်တော် သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအား လုံးယူဆောင်သွားတော်မူရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူလျက် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော် အားဖြင့် တရားစီရင်ခြင်းခံရတော်မူခဲ့သောကြောင့်လည်းကောင်း၊ ဤနှုတ်ကပတ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ြဖစ် သောကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်။ သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကိုယ်တော့်အပေါ်သို့ ကျွန်ုပ်တို့အ ပြစ်များကို တစ်ကြိမ်တည်းလွှဲပြောင်းခဲ့သည်။ သခင်ယေရှုသည် ဗတ္တိ ဇံယေဦဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ် များကို ယူဆောင်သွားတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံကာ သေ ခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်ဟု သမ္မာကျမ်းစာနှုတ်ကပတ် တော်၌ ဖော်ပြထားခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ထံ “ဟုတ်ပါတယ်၊ ကိုယ်တော်၊ ဒီဟာက ဘုရားသခင်၏နှုတ်ကပတ် တော်ဖြစ်သဖြင့် ကျွန်တော်နှလုံးသားနဲ့ယုံကြည်နိုင်တယ်။ ဒီဟာက လူသားများပြောသောစကားဖြစ်ခဲ့ရင် ကျွန်တော် ယုံကြည်နိုင်မည် မ ဟုတ်ပေ။ သို့သော် ဒီဟာက ဘုရားသခင်၏နှုတ်ကပတ်တော်ြဖစ်ရင် ကျွန်တော်သည် နှုတ်ကပတ်တော်တစ်လုံးစီတိုင်းကို နှလံဒးသားဖြင့် ယုံကြည်နိုင်ပါတယ်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်အပြစ်များအားလုံးနှင့်ဤလောကအ ပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည်ဟု သမ္မာကျမ်းစာက ရေးသား ခဲ့တယ်။ ဤနှုတ်ကပတ်တော်သည် ကျွန်ုပ်၏ကယ်တင်ခြင်းဖြစ် တယ်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်သည် နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် နှလုံးသားသို့ အပြစ်များဖြေလွှတ် ခြင်းကို ခံစားရရှိခဲ့တယ်။ ကျွန်တော်သည် သခင်ယေရှုရွေးနှုတ်ကယ် တင်ခဲ့သောလူများမှ တစ်ဉီးဖြစ်တယ်ဟု ကျွန်တော် နှလုံးသားအ ကြွင်းမဲ့ ယုံကြည်တယ်”ဟု ပြောသင့်သည်။ ဤသို့ဖြင့် သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံသမ္မာတရားကို နှလုံးသားထဲသို့ လက်ခံကြသောအခါ ကျွန်ုပ်တို့အပြစ်များကို ကိုယ် တော့်အပေါ်သို့ လွှဲပြောင်းခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ အမှုတော်ဆောင်ဖြစ်၍ ကျွန်တော်၏လုပ်ငန်းတာဝန်မှာ ကိုယ်တော် ၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ ခွဲစိတ်လေ့လာ၍ ယုံကြည်ခြင်း အားဖြင့် သင့်ကို ကျွေးခြင်း ဖြစ်သည်။
ကျွန်တော်သည် ကိုယ်တော်၏ဗတ္တိဇံသတင်းကောင်းနှုတ်က ပတ်တော်ကို သင့်ထံ ကိုယ်တော့်ကိုယ်စား ဟောပြောနေသည်။ မ ဟောပြောလျှင် သင်သည် ကိုယ်ခန္ဓာနှင့်စိတ်နှစ်ပါးတို့၌ အပြစ်ကျန် ရစ်၍ အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ ကျွန်တော်သည် မိမိ ကိုယ်တိုင် သင့်အတွက် လုပ်ဆောင်နိုင်သောအရာ များစွာမရှိပေ။ ကျွန်တော်ကဲ့သို့ ဝိညာဉ်များကယ်တင်ခြင်းလုပ်ငန်းလုပ်ဆောင်သော သူများသည် သခင်ယေရှု၏အမှုတော်ဆောင်များဖြစ်ကြသည်။ ဘု ရားသခင်၏အမှုတော်ဆောင်သူသည် ကိုယ်တော်၏အလိုတော်နှင့် အညီ မိမိသခင်ပြောသောအရဦများကို လုပ်ဆောင်သောသူ ဖြစ် သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်အ ပြစ်များဆေးကြောပေးတော်မူခဲ့သည်ဟု ကိုယ်တော်၏နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်သည် အပြစ်များဖြေလွှတ် ခြင်းခံရကာ ဘုရားသခင်၏အမှုတော်ဆောင်တစ်ပါးဖြစ်လာခဲ့သည်။ ဤအရာအတွက် ကျွန်တော် မည်မျှ ကျေးဇူးတင်ရမည်ကို စကားလုံး များဖြင့် ဖော်ပြ၍ မရနိုင်ပေ။ သင်တို့အားလုံးသည်လည်း ကျွန်တော် နှင့်အတူ ဗတ္တိဇံနှင့်အသွေးတော်တို့၏နှုတ်ကပတ်တော်ကို အစေခံ၍ ဟောပြောသော လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသောကြောင့် ကျွန် တော်အရမ်းဝမ်းမြောက်သည်။ ကျွန်တော်သည် သင်နှင့်အတူ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ ဟောပြောပါလိမ့် မည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သော ကိုယ်တော်ပေါ် ကျေးဇူးတော် ချီးမွမ်းသည်။ သခင်ယေရှုခရစ်တော်သည် ခံယူတော် မူခဲ့သော ဗတ္တိဇံနှင့် သွန်းလောင်းတော်မူခဲ့သောအသွေးတော်အားဖြင့် ယုံကြည်သူများအပေါ် အပြစ်များဖြေလွှတ်ခြင်းကို ပေးအပ်တော်မူ သောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်သည်။ ကျွန်ုပ်တို့အား သခင် ယေရှုခရစ်တော်၏ထာဝရသတို့သမီးဖြစ်စေတော်မူခဲ့သော ကိုယ် တော်ကို ကျေးဇူးတင်၍ ဘုန်းနာမတော်ကို ချီးမွမ်းပါသည်။ ဟာလေ လုယာ။ အားလုံးကို ဘုရားသခင်ကောင်းကြီးပေးတော်မူပါစေ။