Search

တရားဟောချက်များ

ဘာသာရပ် ၁၂ - သင်၏စိတ်နှလုံးသား၌ ရှုပ်ထွေးမှုများနှင့် အချည်းနှီးများ ရှိလျှင် သမ္မာတရား အလင်းကို ရှာပါ

[12-7] ကျွန်ုပ်တို့သည် ခြောက်သွေ့ သောအရိုးများကဲ့သို့ဖြစ်စဉ် ဘုရားသည် အသက်ကိုသွင်း၍ အသက်ရှင်စေတော်မူခဲ့သည် (ယေဇကျေလ ၃ရး၁-၁၄)

ကျွန်ုပ်တို့သည် ခြောက်သွေ့ သောအရိုးများကဲ့သို့ဖြစ်စဉ် ဘုရားသည် အသက်ကိုသွင်း၍ အသက်ရှင်စေတော်မူခဲ့သည်
(ယေဇကျေလ ၃ရး၁-၁၄)
“တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိ ညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့် သောချိုင့်အလယ်၌ ထားပြီးလျှင်၊ ထိုအရိုးတို့ပတ်လည်၌ ရှောက် သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ ၍ အလွန်သွေ့ခြောက်ကြ၏။ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ ၏။ ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက်သော အရိုးတို့၊ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင် ကြလော့။ ဤသွေ့ခြောက်သော အရိုးတို့ အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။ သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက် ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြု စဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ၏။ ငါကြည့်ရှုစဉ်တွင် အကြောတို့သည် ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာ တွင်၊ အသက်မရှိသေး။ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏အမိန့်တော်ကို လေ အားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအ သေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ် လော့ဟု၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၍၊ လေ သည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များ သော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ ထာဝရဘုရားက လည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်း ဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။ သို့ဖြစ်၍၊ ပရော ဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့် ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို  ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။ အချင်း ငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ကို ထုတ်ပြီး လျှင်၊ အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည် အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။”
 

ယနေ့ကျမ်းချက်၏နောက်ခံ

ယေဇကျေလ ၃၇◌း၁-၁၄ ကို ပြန်လည်ဖတ်ကြားကြပါစို့။ အောက်ပါအတိုင်း ရေးသားထားသည်။
“တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိ ညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့် သောချိုင့်အလယ်၌ ထားပြီးလျှင်၊ ထိုအရိုးတို့ပတ်လည်၌ ရှောက် သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ ၍ အလွန်သွေ့ခြောက်ကြ၏။ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ ၏။ ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက်သော အရိုးတို့၊ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင် ကြလော့။ ဤသွေ့ခြောက်သော အရိုးတို့ အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။ သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက် ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြု စဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ၏။ ငါကြည့်ရှုစဉ်တွင် အကြောတို့သည် ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာ တွင်၊ အသက်မရှိသေး။ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏အမိန့်တော်ကို လေ အားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအ သေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ် လော့ဟု၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၍၊ လေ သည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များ သော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ ထာဝရဘုရားက လည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်း ဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။ သို့ဖြစ်၍၊ ပရော ဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့် ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို  ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။ အချင်း ငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ကို ထုတ်ပြီး လျှင်၊ အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည် အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။”
ဘုရားသခင်သည် ပရောဖက်ယေဇကျေလအား ခြောက်သွေ့ သောအရိုးဖြင့်ပြည့်သော ချိုင့်တစ်ခုကို ပြတော်မူခဲ့သည်။ ဘုရားသ ခင်သည် သူ့ထံ “ယေဇကျေလ၊ ဤအရိုးများသည် အသက်ရှင်နိုင် မည်လား”ဟု မိန့်တော်မူခဲ့သည်။ ပရောဖက်ယေဇကျေလက “ကိုယ် တော်၊ ကိုယ်တော်သိတော်မူတယ်”ဟု ပြန်ဖြေခဲ့သည်။ ထိုနောက် ဘု ရားသခင်က သူ့ထံ “ဤအရိုးစုများထံ ပရောဖက်ပြု၍ ‘ခြောက်သွေ့ သောအရိုးများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားလော့’ဟု ပြောရန် ငါအမိန့်ရှိတယ်။ ပရောဖက်ယေဇကျေလက “အသက်၊ အ သက်ရှင်ကြပါ”ဟု ပြောခြင်းအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အတိုင်း တိကျစွာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပရောဖက်ပြု ခဲ့တယ်။ ထိုနောက် အသက်သည် ဤအရိုးစုများထဲသို့ ရောက်လာခဲ့ ၍ သူတို့သည် အသက်ရှင်ကြလိမ့်မည်။ သူတို့အရေအတွက်သည် ကြီးမားသောစစ်တပ်ကဲ့သို့ ဖြစ်လိမ့်မည်။
ဤပရောဖက်နှုတ်ကပတ်တော်သည် ဣသရေလလူမျိုးများအ ပေါ် ဘုရားပြုတော်မူသည်အကြောင်းအရာ ဖြစ်သည်။ ဣသရေလလူ မျိုးများသည် နှစ်ပေါင်း ၇၀ ကျော် ကျွန်ခံခဲ့ပြီးနောက် ယခုတွင် သူ တို့သည် မိမိဒုစရိုက်များကို အပြည့်အဝ သိမြင်လာကြသည်။ သူတို့ သည် နောင်တရကြ၍ “ငါတို့သည် ဘုရားသခင်ထံမှ ကျေးဇူးတော်၊ မေတ္တာနှင့် အခွင့်အရေးများရရှိခဲ့ကြသောအခါ မည်သို့ဖြင့် ဤသို့ပုန် ကန်သောအပြစ်သားများဖြစ်လာခဲ့သလဲ”ဟု မိန်းမောတွေဝေနေကြ သည်။
ယနေ့ လူသားအားလုံးသည် သူတို့ဘိုးဘေးများ၏အပြစ် ကြောင့် ဘုရားသခင်နှင့်အဆက်အသွယ်ပြတ်၍ အသက်ရှင်နေကြ သည်။ သူတို့သည် ချိုင်းဝှမ်းထဲတွင် ယေဇကျေလမြင်တွေ့ခဲ့သော ခြောက်သွေ့သောအရိုးများကဲ့သို့ ဖြစ်ကြသည်ဟု ဘုရားသခင်သည် ကျွန်ုပ်တို့အား ပြောကြားတော်မူသည်။ ကိုယ်တော်၏ရန်သူများနှင့် သူတို့နှလုံးသားများ စည်းလုံးသောသူများကို ကိုယ်တော်တရားစီရင် တော်မူလိမ့်မည်ဟု ဘုရားသခင်ပြောကြားတော်မူသည်။ ဤပုဂ္ဂိုလ် များကို ရည်ညွှန်း၍ ဘုရားသခင်သည် သူတို့အား ကိုယ်တော်ကို စွန့် ပစ်သော ပုန်ကန်သောအပြစ်သားများအဖြစ် မှည့်ခေါ်သည်။ ဤနေ့ အထိ လူသားများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့် ကျင်ရန် သူတို့နှလုံးသားများ၌ ပုန်ကန်သောဆန္ဒများရှိကြသည်။ ထို ကြောင့် သူတို့သည် စစ်မှန်သောဘုရားသခင်နှင့် ဝေးကွာခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် လူသားအားလံဒးသည် စာတန်၏အလုပ် ကြောင့် ဘုရားသခင်ကို ဆန့်ကျင်သူများအဖြစ်သို့ ပြောင်းလဲခဲ့ကြ သည်။
လူများသည် ဘုရားသခင်ကို ဆန့်ကျင်သူ ကောင်းကင်တမန် နှင့်သူတို့နှလုံးသားများ စည်းလုံးခဲ့ကြသောကြောင့် အခြေခံအားဖြင့် ဤသို့ ဖြစ်ရခြင်း ဖြစ်သည်။ ဆိုးကျိုးမှာ လူသားအားလုံးသည် မွေး ဖွားသည့်နေ့မစ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်သူ များအဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် သူတို့သည် အပြစ်သားများ ဖြစ်လာခဲ့ကြသည်။ ထိုကြောင့် သူတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြ၍ အ့ပြစ်များဆေးကြောခြင်းခံရသည်ဟု ဝန်ခံ ရကြမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏နှုတ်ကပတ် တော်ကို ဆန့်ကျင်၍ နာမခံကြသောအခါ သူတို့သည် ကိုယ်တော်ရှေ့ တော်၌ ဆိုးသွမ်းသောသူများအဖြစ် ထင်ရှားလျက်ရှိသည်။ သူတို့ သည် ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်ကြသည်ကို ဆိုလိုသည်။ ဤအရာကို မြင်တွေ့တော်မူ၍ ကိုယ်တော်က သူတို့သည် ကိုယ် တော်၏ရန်သူများနှင့် အပြစ်သားများဖြစ်ကြသည်ဟု ကျွန်ုပ်တို့အား ပြောကြားတော်မူသည်။
လူအများစုက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြု ကြပေဟု ထင်ကြသည်။ သို့သော် လူများသည် ဘုရားသခင်၏နှုတ် ကပတ်တော်ကို ဆန့်ကျင်ကြလျှင် သူတို့သည် ဘုရားသခင်ကို ဆန့် ကျင်ကြည်သည်ဟု သက်သေထင်ရှားလျက်ရှိသည်။ လူတစ်ဉီး၏နှ လုံးသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ငြင်းပယ်၍ ဆန့် ကျင်ရန် ဆန္ဒရှိလျှင် သူသည် ဘုရားသခင်ကို ဆန့်ကျင်နေသည်ဟု ဤစိတ်ဆန္ဒက ထင်ရှားစေသည်။ ကျွန်ုပ်တို့အားလုံးသည် သဘာဝ အားဖြင့် ပုန်ကန်သူူများဖြစ်ကြသည်ဟု ဝန်ခံရကြမည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင့်ဘက်မပြုသူ ဤလော ကတွင် မွေးဖွား၍ အသက်ရှင်သူ တစ်ယောက်မျှ မရှိပေ။ ထိုနောက် သင်က “ငါက ဘယ်အချိန်တွင် ဘုရားသခင်နှင့်နှုတ်ကပတ်တော်ကို ဆန့်ကျင်ခဲ့သလဲ”ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ကာ ယကံအားဖြင့် မဆန့်ကျင်ခဲ့လျှင်တောင် သင်၏နှလုံးသား၌ ဘုရား သခင်၏နှုတ်ကပတ်တော်ဖြင့် ချိတ်ဆက်မှုမရှိသောအချိန်၊ မနှစ် သက်သောအချိန်၊ နှုတ်ကပတ်တော်မှ လွှတ်မြောက်လိုသောအချိန် ရှိ ခဲ့လျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။ ဤအ ရာက သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်ဟု သက်သေအ ထောက်အထား ဖြစ်သည်။ လူအများစုက ဘုရားသခင်ဝင်ရောက် စွပ် ဖက်သောအခါ သူတို့သည် တစ်ဉီးတည်းသာနေရန် ဆန္ဒရှိ၍ ၎င်းကို မ နှစ်သက်ကြပေ။
တစ်နည်းအားဖြင့် သင်သည် ဘုရားသခင်နှင့်နှုတ်ကပတ်တော် ကို တိုက်ရိုက်မဆန့်ကျင်လျှင်တောင် သင်သည် ဘုရားသခင်၏စွပ် ဖက်မှုမှ လွှတ်မြောက်၍ အသက်ရှင်ရန် ဆန္ဒရှိသေးသည်။ လူသား အားလုံးသည် ကျွန်ုပ်တို့ဘိုးဘေးများဖြစ်ကြသော အာဒံနှင့်ဧဝရှေး ခေတ်မှ ဘုရားသခင်ထံမှ လွှတ်မြောက်ရန်နှင့် လွှတ်လပ်စွာအသက် ရှင်ရန် ဆန္ဒရှိခဲ့ကြသောကြောင့် လူသားများ၏နှလုံးသား၌ ဤဆန္ဒ ကို တွေ့ရှိသည်။ ဤသို့သောဆန္ဒများ အတူတူရောက်လာသောအခါ လူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့် နိဂုံးချုပ်တတ် ကြသည်။ 
ဤအရာကို ဖော်ထုတ်ရန်အတွက် အောက်တွင်ဖော်ပြထား သော နမူနာကို စဉ်းစားကြပါစို့။ ဘုရားသခင်၏နှုတ်ကပတ်တော်က “ရုပ်တုများကို မကိုးကွယ်နှင့်”ဟု ပြောထားသေသာ်လည်း သင်သည် မိမိကိုယ်ကိုကိုယ် “ငါက ရုပ်တုများကို နှစ်သက်တယ်။ ဘုရားက ဘာ ကြောင့် ငါလုပ်ရမည့်အရာနှင့်မလုပ်ရမည့်အရာများကို ပြောတော်မူ သလဲ။ ဒီအရာကို ငါ စိတ်နာတယ်။ ငါသည် သင့်တော်သည်ဟု သိ သည့်အတိုင်း အသက်ရှင်လိုတယ်။ ငါက ဘုရားသခင်၏စွပ်ဖက် သောလက်မှ လွတ်မြောက်၍ အသက်ရှင်လိမ့်မည်"ဟု တွေးနိုင် သည်။ ဤသို့သောနှလုံးသားများသည် ဘုရားသခင်ကို နာခံခြင်းမရှိ သောနှလုံးသားရှိသည်ကို ဖော်ပြသည်။ သင်သည် ဤသို့သော ပုန် ကန်သောဆန္ဒများနှင့်အတွေးများရှိလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူအဖြစ်သို့ ပြောင်းလဲခဲ့သည်ကို ဆိုလိုသည်။ သင်သည် ဤသို့သောအတွေးများကို အမွေဆက်ခံခဲ့သောကြောင့် သင်သည် မိ မိဘဝ၌ ဘုရားသခင်၏စွပ်ဖက်မှုကို မနှစ်သက်ဘဲ ကိုယ်တော်ကို ဆန့်ကျင်သည်။ ဆိုးကျိုးမှာ  သင်သည် မိမိစိတ်ကြိုက် အသက်ရှင်ရန် ဆန္ဒရှိသည်။ ထိုကြောင့် သင်နှင့်ကျွန်တော်တို့သည် သဘာဝအားဖြင့် ဘုရားသခင်၏ရန်သူများအဖြစ် ဘုရားသခင်နှင့်ကိုယ်တော်၏နှုတ် ကပတ်တော်ကို မနောကံနှင့်ကာယကံတို့ဖြင့် တစ်ဘဝလုံးဆန့်ကျင် ခြင်းအားဖြင့် နောက်ဆုံးတွင် ပျက်စီးခြင်းအားဖြင့် နိဂုံးချုပ်သည်။
လူသားများအားလုံးသည် မွေးဖွားသည့်နေ့မှစ၍ ဘုရားသခင် နှင့် ဝေးကွာလိုကြသည်။ ဘုရားသခင်သည် သူတို့ဘဝများတွင် စွပ် ဖက်တော်မူသောအခါ သူတို့သည် မုန်းကြသည်။ သူတို့သည် မိမိပန်း တိုင်ကို သခင်များအဖြစ် ထားရှိရန် စိတ်အားထက်သန်ကြသည်။ သူ တို့သည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို သူတို့၏နှလုံးသားများ ၌မရှိဘဲ ဆက်လက်အသက်ရှင်ကြသည်။ ထိုကြောင့် သူတို့သည် ပျက်စီး၍ အလွန်သနားစရာကောင်းသောသူများဖြစ်ရကြခြင်း ဖြစ် သည်။ ဘုရားသခင်၏ရှေ့တော်၌ လူသားအားလုံးသည် ပျောက် သောသိုးများကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စွပ် ဖက်ခြင်းကို မုန်းတီးကြသည်။ ကျွန်ုပ်တို့သည် မိမိဖြစ်ခြင်းအမှန်ကို နှလုံးသားအကြွင်းမဲ့ ဘုရားသခင်ထံ ဝန်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့အပြစ်များ ဖယ်ရှားပေးရန်အတွက် ဘုရားသခင်ချပေးတော်မူခဲ့ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။ ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကို နာမခံခြင်းအားဖြင့် ကျူးလွန်ခဲ့ကြသောအပြစ်များအားလုံးမှ လွှတ်မြောက်ရကြမည် ဖြစ် သည်။
ကျွန်ုပ်တို့သည် အပြစ်များကြောင့် ဘုရားသခင်နှင့်ဝေးကွာရကြ သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကောင်း ကြီးမင်္ဂလာချပေးရန် အလိုတော်ရှိတော်မူသောကြောင့် ကျွန်ုပ်တို့ သည် ယခုတွင် ကိုယ်တော်သည် ဆက်နွယ်မှု ပြန်လည်တည် ဆောက်ရကြမည် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်ချပေးတော် မူခဲ့သော ရေနျင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ယုံ ကြည်ခြင်းအားဖြင့် ရရှိနိုင်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ကြသည်။ ဘုရားသခင်ချ ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်နိုင်သည်။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင် ကြသည်။ ယခုမှစ၍ ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအပေါ် ဤ လောကအပြစ်များမှ ကယ်တင်ပေးရန် စစ်မှန်သောကယ်တင်ခြင်း နှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့နားလည် သဘောပေါက်ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့၏အပြစ် ပြဿနာများကို ဖြေရှင်းပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် နှလုံး သားများ၌ ဤနှုတ်ကပတ်တော်ကို လက်ခံခြင်းအားဖြင့် အပြစ်များ အားလုံးမှ ဆေးကြောခြင်းခံရကြမည် ဖြစ်သည်။ ယခုတွင် ဘုရားသ ခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပေး အပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဤကယ် တင်ခြင်းနှုတ်ကပတ်တော်သည် ဘုရားသခင်၏ရန်သူများအဖြစ် အ သက်ရှင်နေစဉ် ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များမှ ရွေးနှုတ်သော ကယ်တင်ခြင်းအကောင်းဆုံးသတင်းကောင်းဖြစ်သည်ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုရကြမည် ဖြစ်သည်။
 

ခြောက်သွေ့သောအရိုးများနှင့်တူသောသူများ

ယေဇကျေလအနာဂတ္တိကျမ်းတွင် ချိုင့်ဝှမ်း၌ရှိသော ခြောက် သွေ့သောအရိုးစုများအကြောင်းကို ဖော်ပြထားသည်။ ထိုနောက် မည်သူများသည် ဤခြောက်သွေ့သောအရိုးများနှင့် တူကြသနည်း။ ယခုတွင် ကျွန်ုပ်တို့သည် ထိုသူများထံ သတင်းကောင်းဟောပြောရ ကြမည် မဟုတ်လော။ သူတို့အားလုံးသည် ဘုရားသခင်ထံတော်မှ လွှတ်မြောက်၍ ကိုယ်နည်းကိုယ်ဟန်ဖြင့်အသက်ရှင်ကာ ဝမ်းနည်း ခြင်း၌ တစ်ဘဝလုံးအသက်ရှင်ကြမည့် ဤလောကတွင် မွေးဖွားလာ သူများ ဖြစ်ကြသည်မဟုတ်လော။ သူတို့သည် ဤသို့မကြံစည်ခဲ့ကြ သော်လည်း သူတို့၏ကံကြမ္မာသည် တစ်စုံတစ်ဉီး၏ ဆုံးဖြတ်ချက်ကို ခံစားရကြသောကြောင့် သူတို့သည် အပြစ်တရား၏ဝမ်းနည်းမှုထဲသို့ လဲကျကြသည်။ ဤသို့သောပုဂ္ဂိုလ်များကို ဘုရားသခင်ကို စွန့်ပစ်၍ ကိုယ်တော်ကို ဆန့်ကျင်သူအပြစ်သားများဟု ကျွန်ုပ်တို့မှည့်ခေါ်ကြ သည်။ ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်များအတွက် ဧဝံဂေလိတရားကို အ ထူးဟောပြောရကြမည်ဟု ဘုရားသခင်မိန့်တော်မူသည်။
ကိုယ်ကာယအားဖြင့် အသက်ရှင်သောသူများကို အသက်ရှင် သည်ဟု ခေါ်ကြသော်လည်း အမှန်အကန်ပြောရလျှင် သူတို့သည် ဝိ ညာဉ်များနှင့်ကိုယ်ခန္ဂာများ၌ ဘုရားသခင်၏အသက်ရှင်သောအ သက်မပါဘဲ အသက်ရှင်ကြသည်ဟု အမှန်အကန် မခေါ်နိုင်ကြပေ။ နှလုံးသား၌ ကိုယ်တော်၏ရှင်သန်သောအသက်မရှီသောသူများသည် ခြောက်သွေ့သောအရိုးနှင့်တူသည်ဟု ဘုရားသခင်မိန့်တော်မူသည်။ ဘုရားသခင်နှင့်အဆက်အသွယ်ပြတ်သောသူများကို သေခဲ့သောသူ များအဖြစ် ဖော်ပြနိုင်သည်။ ထိုကြောင့် လူသားများ၏ဝိညာဉ်များ သည် ဤလောကတွင် မွေးဖွားသောနေ့မှစ၍ ဘုရားသခင်နှင့်အ ဆက်အသွယ်ပြတ်ခဲ့ကြသောကြောင့် သူတို့သည် ကိုယ်ခန္ဂာအားဖြင့် အသက်ရှင်ကြသော်လည်း သူတို့သည် သေသောသူများအဖြစ် တူညီ သော အခြေအနေ၌ ရှိနေခဲ့ကြသည်။
လူသာများသည် ဘုရားသခင်ကို ဆန့်ကျင်သူများ၏မျိုးဆက် များအဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် သူတို့သည် မည်သို့ပင်ကြိုး စားနေစေကာမူ သူတို့၏ဆိုးသွမ်းသောကံကြမ္မာကို မပြောင်းလဲနိုင် ကြပေ။ ထိုကြောင့် သူတို့အားလုံးသည် ဘုရားသခင်၏စောင့်ထိန်းမှု၊ ခွင့်လွှတ်ခြင်းနှင့် ဂရုဏာတော်လိုအပ်လျက်ရှိကြသည်။ သို့သော် သူ တို့သည် ဘုရားသခင်၏ဆန့်ကျင်သူများ၏မျိုးဆက်များအဖြစ် မွေး ဖွားခဲ့ကြသော်လည်း သူတို့သည် ကိုယ်တော်၏ဂရုဏာတော်ကို ရှာ ဖွေကြမည့်အစား သူတို့သည် ကိုယ်တော်ထံမှ ထွက်၍ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အသက်ရှင်လိုကြသည်။ သူုတိ့သည် ဤသို့သော စိတ်ထားဖြင့် မိမိဆိုးသွမ်းသောကံကြမ္မာကို မပြောင်းလဲကြပေ။ လူ သားများသည် ဤလောက၌ ဝမ်းနည်းခြင်းတွင်းထဲသို့ကျဆင်းသူ များအဖြစ် မွေးဖွားလာခဲ့ကြသည်ကိုလည်းကောင်း၊ သူတို့သည် အ လွန်စိတ်ပျက်နုံချာဖွယ်ကောင်းသောဘဝဖြင့် အသက်ရှင်နေကြ သည်ကိုလည်းကောင်း မသိကြပေ။ ဤအရာသည် လူသားများ၏ဆိုး သောကံကြမ္မာဖြစ်သည်။ 
ထိုကြောင့် ဖန်ဆင်းရှင်ဘုရားသခင်သည် လူသားများအား ဤ သို့ဆိုးသွမ်းသောကံကြမ္မာ မွေးဖွားစေတော်မူသည့်ရည်ရွယ်ချက်ကို နားလည်သဘောပေါက်မှသာလျှင် သူတို့၏ဝမ်းနည်းကြေကွဲဖွယ် ကောင်းသောအခြေအနေများအားလုံးမှ လွှတ်မြောက်နိုင်ကြမည်ဟု သူတို့သည် ဆုပ်ကိုင်ထားရကြမည် ဖြစ်သည်။ သို့သော် လူတိုင်းသည်  မိမိကိုယ်ကိုကိုယ် မစွမ်းဆောင်နိုင်ကြသောကြောင့် အခြားတစ်စုံ တစ်ဉီးထံမှ အကူအညီ လိုအပ်သည်။ တစ်နည်းအားဖြင့် သင့်မှာ သင် ၏အခက်အခဲကို နားလည်ပေးခဲ့သောဖြောင့်မတ်သူ၊ ဤဝမ်းနည်းမှု တွင်းမှ သင့်ကို ကယ်တင်ရန် ဉာဏ်ပညာရှိသူ၊နှင့် သင့်အတွက် ဂရု ဏာခံစားပေးသောသူ လိုအပ်သည်။ သူတို့အားဖြင့် သင်သည် ဘုရား သခင်၏ပြင်ဆင်ပေးမှုကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။ သင်၏ရှေ့မှာ ဝမ်းနည်းခြင်းချိုင့်ဝှမ်းမှ လွှတ်မြောက်လာခဲ့သူ ယုံ ကြည်ခြင်းဖခင်၏လမ်းပြမှုကို လိုအပ်၍ သူတို့၏လမ်းညွှန်မှုကို လိုက် နာရန် သင်သည် မိမိကိုယ်ကိုကိုယ် လိုလိုလားလားဖြင့် ဆက်ကပ်ရ မည်ဟု သင်သည် နှလုံးသား၌ လက်ခံရမည် ဖြစ်သည်။
ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုသောသူများသည် သွန်သင် ခြင်းခံရကြသော်လည်း နားမထောင်လိုကြပေ။ ထိုကြောင့် သင်သည် ပုန်ကန်ထကြွသောအပြစ်သားဖြစ်သည်ဟု ဝန်ခံရမည် ဖြစ်သည်။ လူ သားများအနေဖြင့် ဘုရားသခင်ကို နာခံခြင်းမှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထိုပြင် လူသားအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင် သောနှလုံးသားဖြင့် ဤလောကသို့ မွေးဖွားခဲ့ကြသောကြောင့် မည်သူ သည် ဤအရာကို မည်သို့ ခုခံနိုင်မည်နည်း။ ကျွန်ုပ်တို့လူသားများ သည် ဘုရားသခင်၏ဆန့်ကျင်သောဆန္ဒမှ မိမိကိုယ်ကိုကိုယ် မည်သို့ လွှတ်မြောက်၍ ကိုယ်တော်ထံ မိမိကိုယ်ကိုကိုယ် မည်သို့ ဆက်ကပ် နိုင်ကြမည်နည်း။ ဤအရာသည် မဖြစ်နိုင်ပေ။ ဤအကြောင်းနှင့်ပတ် သက်၍ ဘုရားသခင်၏လူများဖြစ်လာသူများထံမှ ကျွန်ုပ်တို့သည် မစ ခြင်းအားလုံးရရှိရကြမည် ဖြစ်သည်။
လူသားအားလုံးသည် အစကတည်းက အပြစ်၏အနွယ်အဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် မည်သူမည်ဝါမျှ ဘုရားသခင်၏နှုတ် ကပတ်တော်ကို နာခံနိုင်စွမ်းမရှိကြပေ။ လူသားအားလုံးသည် အပြစ် ရှိသောနှလုံးသားဖြင့် မွေးဖွားလာခဲ့ကြသောကြောင့် သူတို့သည် မ ကြံရွယ်လျှင်တောင် ဘုရားသခင်၏ဆန့်ကျင်သောအပြစ်အတွက် တ ရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။ ထိုနောက် မည်သူသည် ဤသို့ ဆိုးညစ်သောနှလုံးသားအခြေအနေမှ မည်သို့လွှတ်မြောက်နိုင်ကြ မည်နည်း။ ဤသို့သောအခြေအနေမှ ပြန်လည်ကောင်းမွန်ရန် နည်း လမ်းတစ်ခုသာ ရှိသည်။ သုံးပါးတစ်ဆူသည် ဤသို့ကျွန်ုပ်တို့လူသား များအတွက် မွန်မြတ်သောကယ်တင်ခြင်းအစီအစဉ်လုပ်ပေးတော်မူ ၍ ဝိညာဉ်နားများဖွင့်ပေးကာ ကျွန်ုပ်တို့နှလုံးသားဖြင့် ဆုတောင်း ချက်များကို နားထောင်တော်မူသည်ဟု နားလည်သဘောပေါက်ရ ကြမည် ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နှလုံးသား မျက်စိဖြင့် ဤသမ္မာတရားကို မြင်တွေ့နိုင်ကြသည်ဟု ကျွန်ုပ်တို့ နား လည်သဘောပေါက်ရကြမည် ဖြစ်သည်။
ဤမွန်မြတ်သောအကြံအစည်ရှာဖွေတွေ့ရှိနိုင်သောနည်းလမ်း မှာ ကျွန်ုပ်တို့အား ရှာဖွေရန်အတွက် ဤလောကသို့ ကြွလာတော်မူ ခဲ့သော လူသားများ၏ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို နှလုံး သားဖြင့် ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အတွက် သားတော် ကို ပေးအပ်တော်မူခဲ့သော ခမည်းတော်ဘုရားသခင်၏မေတ္တာတော် ကို ကျွန်ုပ်တို့ယုံကြည်မှသာလျှင် ဤလမ်းပေါ်တွင် ကျွန်ုပ်တို့လိုက် လျှောက်နိုင်ကြမည် ဖြစ်သည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် နှလုံး သားများ၌ အပြစ်များအားလုံးမှ ဖြေလွှတ်ခြင်းရရှိကြကာ သန့်ရှင်း သောဝိညာဉ်တော်ဆုကျေးဇူးခံရကြလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းနယ်ပယ်၌အ သက်ရှင်ရန် ကိုယ်တော်၏သားသမီးများ ဖြစ်စေတော်မူခဲ့သည်။ ဤ ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏မေတ္တာနှလုံးသားမှ စတင်စီး ဆင်းလာခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့လူသားများသည် ဘုရားသခင် နှင့်အဆက်အသွယ်ပြတ်နေစဉ် ကျူးလွန်ခဲ့သောအပြစ်များအားလုံး ၏ အခကို ပေးအပ်ခဲ့ပြီးမှသာလျှင် ဤဘုန်းအသရေသို့ ဝင်ရောက်၍ အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဤလောက၏ အပြစ်များအားလုံးဖယ်ရှားပေးတော်မူခြင်းအမှု ပြည့်စုံစေတော်မူခဲ့ ပြီးနောက် ယခုတွင် ကျွန်ုပ်တို့ကို စောင့်ကြို၍ ကျွန်ုပ်တို့အား အပြစ် များဖြေလွှတ်ခြင်းကယ်တင်ခြင်းကို ပေးအပ်လိုတော်မူသည်။ အပြစ် များဖြေလွှတ်ခြင်း ဤလမ်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်ရန် ယုံကြည်မှု၌သာ တွေ့ရသည်။ ကိုယ်တော်သည် ဤမွန် မြတ်သောလမ်းကို တွေ့ရှိသူများနှင့် ယုံကြည်ခြင်းအသက်တာဖြင့် အသက်ရှင်ရန် ရှာဖွေသူများအပေါ် အပြစ်များဖြေလွှတ်ခြင်း ရှင်သန် သောအသက်ကို မှုတ်သွင်းတော်မူရန် ပျော်မွေ့တော်မူသည်။ 
ဘုရားသခင်သည် မိမိကိုယ်စား ပရောဖက်ယေဇကျေလကို ပ ရောဖက်ပြုစေခြင်းအားဖြင့် ခြောက်သွေ့သောအရိုးများကို အသက် ပြန်ရှင်စေတော်မူကဲ့သို့ ဓမ္မသစ်ခေတ်ကာလတွင်လည်း ဘုရားသ ခင်သည် သူတို့နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်း ရှင်သန် သောအသက်ရရှိရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူ များကို ကောင်းကြီးမင်္ဂလာချပေးတော်မူခဲ့သည်။ ဤသို့ဖြင့် ဘုရားသ ခင်သည် ကျွန်ုပ်တို့အား စစ်မှန်သောယုံကြည်ခြင်းရှိရန် ကောင်းကြီး မင်္ဂလာချပေးတော်မူခဲ့သည်။ ယနေ့ ဤအကြောင်းနှင့်ပတ်သက်၍ နှုတ်ကပတ်တော်ကို ကျွန်တော်ဟောပြောလိုပါသည်။
 


ကျွန်ုပ်တို့သည် အမှားများနှင့်အပြစ်များ၌ သေခဲ့ကြသည်


ဧဖက် ၂း၁-၂ တွင် ဤသို့ဖော်ပြထားသည်။ “သင်တို့သည် အ ထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုး ကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင် သော ဝိညာဉ်၏အလိုနှင့်အညီ၊  ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင် သည် အသက်ရှင်စေတော်မူပြီ။” ဤတွင် ဘုရားသခင်သည် “ဒုစရိုက် အပြစ်များ၌ သေလျက်ရှိသော ကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူ သည်”ဟု ကိုယ်တော်မိန့်တော်မူသည်။ ကျွန်ုပ်တို့သည် ဤလောက၌ မွေးဖွားသည့်အချိန်မှစ၍ အပြစ်သားများဖြစ်ကြသည်ကိုလည်း ကောင်း၊ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် အခြားရွေးချယ်စရာမရှိ လောက၌အသက်ရှင်စဉ် မရေတွက်နိုင်သောအပြစ်များစွာ ကျူးလွန် ခဲ့ကြသည်ကိုလည်းကောင်း ဆိုလိုသည်။
ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ကျွန်ုပ်တို့ဘိုးဘေးများသည် ဖန် ဆင်းရှင်ဘုရားသတိပေးသေသာနှုတ်ကပတ်တော်ကို နားမထောင်၊ နှလုံးသားများဖြင့် မယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်းသို့ ကျဆင်းသွားခဲ့ကြသောကြောင့် ဆိုးကျိုးမှာ သူတို့သည် စာတန်၏လှည့်စားမှုဖြင့် အပြစ်ဒုစရိုက်ပြုခဲ့ ကြ၍ ကိုယ်တော်ကို ယုံကြည်ကြမည့်အစား ဘုရားသခင်၏နှုတ်က ပတ်တော်ကို ဆန့်ကျင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ လူသားများသည် ကိုယ်တော်နှင့်နှုတ်ကပတ်တော်ကို ဆန့်ကျင်သော ဘုရားသခင်၏ ရန်သူများဖြစ်လာခဲ့ကြသည်။ လူသားများ၏ဘိုးဘေးများဖြစ်ကြသူ အာဒံနှင့်ဧဝတို့သည် အစကတည်းက ဘုရားသခင်၏နှုတ်ကပတ် တော်ကို ယုံကြည်၍ နာခံသင့်သည်။ သို့သော် သူတို့သည် နားမ ထောင်ကြသောကြောင့်ကျွန်ုပ်တို့အားလုံးသည် ဤလောက၌ အလွန် ထိတ်လန့်ဖွယ်ကောင်းသော အပြစ်သားများအဖြစ် ဘိုးဘေးများ၏ မျိုးဆက်သစ်များအဖြစ် မွေးဖွားခဲ့ကြသည်။ အာဒံနှင့်ဧဝအချိန်မှစ၍ လူသားများသည် ဘုရားသခင်၏ရန်သူများအဖြစ် အသက်ရှင်လာခဲ့ ကြသည်။ ထိုအချိန်မှစ၍ လူသားများသည် ဘုရားသခင်၏ရန်သူများ အဖြစ် ဤလောက၌ လျှောက်လှမ်း၍ အသက်ရှင်ခဲ့ကြသည်။
ဘုရားသခင်၏ရန်သူများ၏ဘဝမှာ အလွန်စိတ်ပျက်နုံချာဖွယ် ကောင်းလှသည်။ ခြွင်းချက်မရှိ ဘုရားသခင်၏ရန်သူအဖြစ် အသက် ရှင်ခြင်းမှာ ဆူးများအကြားအသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားသခင် ကို ဆန့်ကျင်သူများသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဘယ် တော့မှ မယုံကြည်ကြပေ။ သူတို့သည် မိမိအတွေးအခေါ်များသို့ အမြဲ တမ်းလိုက်လျှောက် ကြသည်။ ဤအကြောင်းကြောင့် သူတို့သည် ဘ ဝ၏ရည်ရွယ်ချက်မရှိကြပေ။ သူတို့သည် မိမိသွားရာလမ်းကို မိမိ ကိုယ်ကိုကိုယ် ရှင်းလင်းရန် ကြိုုးစားကြသော်လည်း နောက်ဆုံးတွင် သူတို့သည် ရှုပ်ထွေးပွေလီသောလမ်း၌သာ နိဂုံးချုပ်ကြသည်။ သူတို့ ၏ဘဝများသည် အချည်းနှီးဖြစ်၍ ဆုံးရှုံးခြင်းကိုသာ မကြာခဏအ ဖတ်တင်ကြသည်။ နောက်ဆုံးတွင် သူတို့သည် သေခြင်းကို ရင်ဆိုင် ရကြသည်။
ကျွန်ုပ်တို့လူသားများသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို နာခံခြင်းမရှိကြသောကြောင့် ကျွန်ုပ်တို့ဘဝ များတွင် ဆုံးရှုံးမှုများစွာ ကြုံတွေ့ရသည်။ ထိုကြောင့် လူသားများ သည် ဘုရားသခင်ပေါ် ယုံကြည်ခြင်းစကားအားဖြင့် မည်သို့ မှီခိုအား ထားရကြမည်ကို သင်ယူရကြမည် ဖြစ်သည်။ “ယုံကြည်ခြင်း”စကား လုံး၏အဓိပ္ပါယ်မှာ “ကိုးစားရန်နှင့်မှီခိုရန်” ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ဘုရားကို ကိုးစားခြင်းနှင့် မှီခိုခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ကိုယ်ခန္ဓာနှင့်စိတ်နှလုံး၌ ဘုရားသခင်ကို မှီခို၍ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ကြလျှင် ကျွန်ုပ်တို့သည် အပြစ်များအားလုံး မှ လွှတ်မြောက်ခြင်းခံရကြ၍ ပျော်ရွှင်ခြင်းကို တွေ့ရကြမည် ဖြစ် သည်။ ထိုကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် မှီခို ကြပါစို့။ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ စကားကို နာခံကြပါစို့။ ကိုယ်တော်လမ်းပြတော်မူသည့်အတိုင်း ယုံ ကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်၏လမ်းပြမှုကို လိုက် လျှောက်ကြပါစို့။ ယုံကြည်ခြင်းသည် မြော်လင့်သောအရာများကို မျက်မှောက်ပြုခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာပြောသည့်အတိုင်း ဘု ရားသခင်မိန့်တော်မူသည့်အတိုင်း အပြစ်များဖြေလွှတ်ခြင်းနှင့်  ကောင်းကင်ဆိုင်ရာကောင်းကြီးမင်္ဂလာများ ကျွန်ုပ်တို့အတွက် တိကျ စွာ ပြည့်စုံလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြလျှင် လည်းကောင်း၊ ဤယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ကိုလိုက်ကြလျှင်လည်းကောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ချပေးတော်မူခဲ့သော ကောင်းကြီး မင်္ဂလာများကို အမှန်အကန် ခံစား၍ နောက်ဆုံးတွင် ယုံကြည်ခြင်း အားဖြင့် အောင်မြင်ခြင်းသရဖူဆွတ်ခူးကြလိမ့်မည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်၍ လိုက် လျှောက်သောသူသင်တို့အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန် သူများအဖြစ် အသက်မရှင်တော့ဘဒ ဘုရားသခင်ကို ယုံကြည်ခြင်း နှင့် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နောက်တော်သို့ လိုက် လျှောက်ကြပါစို့။ 
ယနေ့ဖတ်ရှုသော ကျမ်းချက်ကို ပြန်ကြည့်ကြပါစို့။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းရရှိနိုင်ရန်အတွက် ကျွန်ုပ် တို့ထံ ဘုရားသခင်၏နှုတ်ကပတ်တော်ပြောသောအရာများကို ဆန်း စစ်ကြပါစို့။ လူသားအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို နာခံရကြမည် ဖြစ်သော်လည်း အမှန်မှာတော့ လူသားအားလုံး သည် မနာခံကြပေ။ ဤမနာခံခြင်း၏ဆိုးကျိုးမှာ အဘယ်အရာ ဖြစ် သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာမခံသော လူသား အားလုံးသည် ကိုယ်တော်ရှေ့တော်၌ ပျက်သုံးသောအပြစ်သားများ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ထိုကြောင့် ဘုရားအမြင်၌ လူသား အားလုံးသည် အပြစ်သားများဖြစ်ကြသည်ဟု ခေါ်ရခြင်း ဖြစ်သည်။ လူသားများသည် မိမိအမှားများကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှလုံးသားများဖြင့် မယုံကြည်ခြင်းကြောင့် ဘု ရားရှေ့မှောက်၌ အပြစ်သာားများဖြစ်လာခဲ့ကြ၍ ကိုယ်တော်၏ရန် သူလှည့်စားခြင်းကို နာခံခြင်းအားဖြင့် ကိုယ်တော်ကို ဆန့်ကျင်ခဲ့ကြ သည်။ ထိုအကြောင်းကြောင့် လူသားများသည် ဘုရားသခင်၏ရန်သူ များဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို မနာခံခဲ့ကြသောကြောင့် နာမခံ ပုန် ကန်သောသူများ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့ အားလုံးသည် အာဒံ၏မျိုးဆက်များအဖြစ် ဖွားမြင်ခဲ့ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် ဤလောက၌ မမွေးဖွားမီအချိန်ကတည်းက ဘုရားသခင်ကို အသိအမှတ်ပြုရန် နာမခံတတ်ခြင်းမျိုးစေကို အမွေ ဆက်ခံလာကြ၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်လာခဲ့ ကြသည်။ 
ဓမ္မဟောင်းကျမ်းတွင်ရှိသောကမ္ဘာဉီးကျမ်းတွင် ဤအကြောင်း ကို အသေးစိတ်ဖော်ပြထားသည်။ ကမ္ဘာ ၃း၁ မြွေကြီးက ဧဝအား “သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု တားမြစ်တော်မူသလော”ဟု မေးခဲ့သည်ကို တွေ့ရသည်။ ထိုနောက် ဧဝက မြွေကြီးထံ “ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည်မကိုင်မစားဘဲနေကြလော့၊ သို့မဟုတ်သေမည်ဟု ဘုရား သခင် အမိန့်တော်ရှိသည်”(ကမ္ဘာ ၃း၃)ဟု ပြန်ဖြေခဲ့သည်။
ဤတွင် ဧဝပြောခဲ့သော “သို့မဟုတ်လျှင်သေမည်”စကားက သူ မသည် ဘုရားသခင်၏နှုတ်ကပတ်တော်မယုံကြည်ခဲ့သည်ကို ညွှန်ပြ ထားသည်။ ဧဝသည် ဘုရားသခင်မိန့်တော်မူခဲ့သောအရာကို မယုံ ကြည်ခဲ့သောကြောင့် သူမသည် မြွေ၏အဆိပ်အတောက်ကို မျိုချမိခဲ့ သည်။ သူမက မြွေအား “ဘုရားသခင်အသီးကိုမစားရ၊ မဟုတ်လျှင် သေမည်ဟု မိန့်တော်မူခဲ့သည်”ဟု ပြောခြင်းအားဖြင့် ၎င်း၏မေးခွန်း ကို ပြန်ဖြေသည့်အချက်က သူမသည် မြွေ၏အဆိပ်သင့်နေပြီကို ဆို လိုသည်။ သူမသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သံသယ ရှိခဲ့၍ သူမ၏နှလုံးသာသည် ဘုရားသခင်၏ရန်သူဖြစ်လာခဲ့သည်ကို ၎င်းက ပြသသည်။ ဘုရားသခင်၏ရန်သူသည် ဘုရားနှင့်ဧဝတို့အ ကြား ကြားဝင်စွပ်ဖက်သောကြောင့် သူမသည် ဘုရားသခင်နှင့်ဝေး ကွာခဲ့ရသည်။ ဧဝသည် သူမ၏ဖန်ဆင်းရှင် ဘုရားသခင်၏နှုတ်က ပတ်တော်ကို မယုံကြည်ခဲ့သောကြောင့် လူသားအားလုံးသည် ကိုယ် တော်၏ရန်သူများ ဖြစ်လာခဲ့ကြသည်။ ဤမယုံကြည်ခြင်း၏ဆိုးကျိုး မှာ သေခြင်းဖြစ်သည်။ လူသားအားလုံးသည် မယုံကြည်သူ၊ နာခံခြင်း မရှိသူများအဖြစ် ဘုရားသခင်ထံမှ ဝေးကွာခဲ့ကြသည်။
မြွေ၏အမြင်တွင် အာဒံနှင့်ဧဝတို့သည် ဘုရားသခင်နှင့်နှုတ်က ပတ်တော်ကို နာခံသူများထက် ဆန့်ကျင်သူများဖြစ်ကြသောကြောင့် စာတန်သည် ဤအရာကို အခွင့်အရေးယူ၍ သူတို့နှလုံးသားများ၌ မိမိ စကားများဖြင့် သံသယစိတ်ကို စိုက်ပျိုးခဲ့သည်။ အာဒံနှင့်ဧဝတို့သည် ဤလှည့်စားသောစကားလုံးများ၌ လဲကျခဲ့ကြသောကြောင့် သူတို့ သည် စာတန်နှင့်စည်းလုံးသူများအဖြစ် နိဂုံးချုပ်ခဲ့ကြသည်။ ကမ္ဘာ ၃း ၄-၅တွင် ဤသို့ ဖော်ပြထားသည်။ “မြွေကလည်း သင်တို့သည် ဧကန် အမှန်သေရမည်မဟုတ်၊အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရား သခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။” ဤတွင် မြွေသည် ဧဝထံဖြားယောင်းသွေးဆောင် ခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်သောစကားဖြစ်သည့် သူနှင့် အာဒံတို့သည် အကောင်းနှင့်အဆိုးကိုသိနိုင်သောအပင်၏အသီးကို စားကြလျှင် သူတို့သည် ဘုရားသခင်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကျွန်ုပ် တို့ တွေ့နိုင်ကြသည်။ စာတန်သည် ဧဝအား “ဘုရားသခင်သည် သင် တို့အား သူနှင့်တူရန် အလိုတော်မရှိသောကြောင့် အသီးကို မစားရန် တားမြစ်တယ်။ ဒါကြောင့် သင်က စားလျှင် ဘုရားကဲ့သို့ ဖြစ်လိမ့် မည်”ဟု တိုးတိုးတိတ်တိတ် ပြောခဲ့သည်။ နောက်ဆုံးတွင် အာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ရန်သူဖြားယောင်းသွေးဆောင်ခြင်းကိုခံ တော်မူ၍ အကောင်းနှင့်အဆိုးကို ခွဲခြားသောအပင်၏အသီးကို စားခဲ့ ကြသည်။
ဆိုးကျိုးမှာ အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ အာဒံနှင့်ဧဝတို့၏ စိတ်ထဲမှ တရားစီရင်ခြင်းစံချိန်စံညွှန်းတစ်ခု ထွက်ပေါ်လာ၍ သူတို့ သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မည်သို့ပင်ဖြစ်စေကာမူ ငြင်းဆိုသော ဘုရားသခင်၏ရန်သူများ ဖြစ်လာခဲ့သည်။ တစ်နည်း အားဖြင့် သူတို့၏နှလုံးသားများ၌ အကောင်းနှင့်အဆိုးကို တိုင်းတာ သောကိရိယာတစ်ခု ရုတ်တရက်ပေါ်ပေါက်ခဲ့သည်။ ဤအကြောင်း ကြောင့် လူသားများသည် ဘုရားသခင်ကို ဆန့်ကျင်ကြခြင်းဖြစ်သည် ဟူသော ရှင်းပြချက်ပေါ်လာ၍ အရာခပ်သိမ်းတွက် စံချိန်စံညွှန်းကို ချမှတ်ကြသည်။ တစ်နည်းအားဖြင့်၊ သူတို့သည် ဘုရားသခင်၏နှုတ် ကပတ်တော်မှ ထွက်ခွါရန် သူတို့စိတ်များ၌ တရားစီရင်ခြင်းစံချိန်စံ ညွှန်းကို သတ်မှတ်ခဲ့ကြသည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် တရားစီရင်ခြင်းများအားလုံး၏စံချိန်စံညွှန်းကို ချမှတ်တော်မူနိုင်သည့် အချိန်တွင် လူသားများသည် မိမိကိုယ်ကိုကိုယ် တရားစီရင်ခြင်းများ ချမှတ်ကြလျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုကြပေ ဟု မည်သို့ ပြောနိုင်ကြမည်နည်း။ အာဒံနှင့်ဧဝတို့ကျဆင်းကြသောအ ခါ လူသားများသည် ကိုယ်တိုင်တရားစီရင်ခြင်းစံချိန်စံညွှန်းကို တည် ထောင်ခဲ့ကြသောကြောင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့လူသားများအ ကြား မမြင်နိုင်သောအပြစ်တံတိုင်း ရှိခဲ့သည်။    
လူသားများသည် ဘုရားသခင်၏မေတ္တာတော်ဆန့်ကျင်သူများ ဖြစ်ကြသည်။ သို့သော် သတူို့သ်ည ဘုရားသခင်၏သတိပေးချက် ကို မယုံကြည်ဘဲ ကိုယ်တော်ကို ဆန့်ကျင်ခဲ့ကြသောကြောင့် ဘုရား သခင်နှင့်ကျွန်ုပ်တို့အကြား အပြစ်တံတိုင်း ပေါက်လာခဲ့သည်။ အာဒံ နှင့်ဧဝတို့သည် တားမြစ်ထားသောအသီးကို စားခဲ့ကြသောကြောင့် ဤနာမခံခြင်းမှ အပြစ်ပေါက်ဖွားလာခဲ့သည်။ ဤအပြစ်ကြောင့် လူ သားများသည် ဘုရားသခင်၏အဆက်အသွယ်ပျက်၍ အပြစ်တံတိုင်း တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် သင်သည် နှလုံးသား၌ ကိုယ် ပိုင်စံချိန်စံညွှန်းကို တည်ဆောက်လေလေ၊ ဘုရားသခင်နှင့်ဝေးကွာ လေလေ ဖြစ်သည်ကို သင့်အတွက် လွန်အရေးကြီးသည်။ ထိုသို့ဖြစ်ရ ခြင်းအကြောင်းမှာ အကောင်းနှင့်အဆိုးစံချိန်စံညွှန်းသည် ဖန်ဆင်း ရှင်ဘုရားသခင်သာ ပိုင်ဆိုင်တော်မူသောကြောင့် ဖြစ်သည်။ စာတန် ၏ စုံစမ်းနှောင့်ယှက်ခြင်းသို့ ကျဆင်းသောသူများသည် အကောင်း နှင့်အဆိုးစံချိန်စံညွှန်းကို ချမှတ်ကြသော်လည်း ဤစံချိန်စံညွှန်းသည် အကောင်းနှင့်အဆိုးအပေါ် ဘုရားသခင်စီရင်တော်မူသေသာ စံချိန်စံ ညွှန်းနှင့် မကိုက်ညီပေ။ ဆိုးကျိုးမျာ သူတို့သည် ဘုရားသခင်၏ရန် သူများအဖြစ်သို့ နိဂုံးချုပ်ကြသည်။ ထိုကြောင့် ဤလောကတွင်ရှိ သောလူသားအားလုံးသည် ဘုရားသခင်နှင့်နှုတ်ကပတ်တော်ကို နာ ခံရန် စစ်မှန်သောယုံကြည်ခြင်းကို မရှိမဖြစ်ပိုင်ဆိုင်ရမည် ဖြစ်သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ယုံကြည်ခြင်းမှာ ကျွန်ုပ်တို့မှ စီး ထွက်လာရမည် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ် တော်အားလုံးကို ယုံကြည်ရန် ဓမ္မသစ်ကျမ်းရှိ မဿဲ ၅း၅တွင် “စိတ် နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထို သူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့”ဟု ဖော်ပြထားသည့်အ တိုင်း ကျွန်ုပ်တို့သည် နူးညံ့ရကြမည် ဖြစ်သည်။ လူသားများသည် ဘု ရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်၍နာခံခြင်းရှိလျှင် သူတို့ သည် ပြည်တော်ကို အမွေခံရန် ကောင်းကြီးမင်္ဂလာခံရကြလိမ့်မည် ကို ဆိုလိုသည်။ ဘုရားသခင်၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ယုံကြည်၍ ကိုယ်တော်၏အလိုတော်ကို နာခံ သောသူများသည် ဤကမ္ဘာ၌ အသက်ရှင်စဉ်ပင် ကြွယ်ဝသောငြိမ် သက်ခြင်းနှင့် ဉစ္စာကောင်းကြီးမင်္ဂလာများနှင့်အတူ အသက်ရှင်နေ ကြသည်ကို ယနေ့ ကျွန်ုပ်တို့ တွေ့နိုင်ကြသည်။ သမ္မာကျမ်းစာက “အ ပြစ်၏အခကားသေခြင်းပေတည်း”ဟု ပြောထားသည်။ လူသားအား လုံးသည် အပြစ်များအတွက် တရားစီရင်ခြင်းခံရကြမည် ဖြစ်သော် လည်း ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့်  သူတို့၏အပြစ်များအားလုံးကို ဖယ်ရှားတော်မူခြင်းအားဖြင့် ဤသို့ ချုပ်နှောင်ခြင်းခံရသောလူများကို ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ် တို့သည် ဤနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် နှလုံးသား များ၌ အပြစ်များဖြေလွှတ်ခြင်းကို ခံစားရရှိကြမည် ဖြစ်သည်။
စာတန်၏စုံစမ်းနှောင့်ယှက်ခြင်းသို့ ကျဆင်း၍ ၎င်း၏စကားကို နာခံသောသူများသည် ဘုရားသခင်၏ရန်သူများအဖြစ်သို့ ပြောင်းလဲ ခဲ့ကြသည်။ ထိုကြောင့် ဘုရားသခင်သည် ဧဖက်ဩဝါဒစာတွင် မိမိ ကိုယ်ကိုကိုယ် ပေးဆပ်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်သူကျွန်ုပ် တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန် မရှိမဖြစ် လိုအပ် သည်ဟု ဘုရားသခင်မိန့်တော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကျူးလွန်သောအ ပြစ်များကို ပြောကြားတော်မူ၍ ကိုယ်တော်က “ဒုစရိုက်အပြစ်များ၌ သေနေကြသော ကျွန်ုပ်တို့အား အသက်ရှင်စေတော်မူခဲ့သည်”ဟု  ကိုယ်တော်ပြောကြားတော်မူသည်။ ဘုရားသခင်သည် အပြစ်များ ဖြေလွှတ်ခြင်းဆိုင်ရာ ကယ်တင်ခြင်းအကြောင်းကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ပြောကြားတော်မူခဲ့သည်။ ဤနှုတ်ကပတ် တော်မှာ ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းနှုတ်ကပတ်တော် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဘု ရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်ရန် ပုန်ကန်သောဆန္ဒအ ပြည့်အဝရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည်  နှုတ်ကပတ်တော် ကို နှလုံးသားများဖြင့် မစည်းလုံးခဲ့ကြသောကြောင့် ဘုရားမျက် မှောက်တော်၌ ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြသည်။ လူသား များသည် စာတန်၏စုံစမ်းခြင်းကိုခံကြသောအခါ သူတို့သည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို မယုံကြည်ခဲ့ကြသောကြောင့် သူတို့ သည် ဘုရားသခင်၏ရန်သူများပြောသောစကားကို ယုံကြည်ခဲ့ကြ သည်။ ဆိုးကျိုးမှာ လူသားများသည် ဘုရားသခင်၏ရန်သူများအဖြစ် နိဂုံးချုပ်ကြသည်။ သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ရန်သူ များအဖြစ် မိမိကိုယ်ကိုကိုယ် နိဂုံးချုပ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ လူ သားများသည် ဘုရားသခင်၏ရန်သူများအဖြစ် ဘုရားသခင်ကို ဆန့် ကျင်ခဲ့ကြသည်။
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ရန်သူများဖြစ်ခဲ့ကြသော် လည်း ဘုရားခသင်သည် ကျွန်ုပ်တို့အား အလွန်ချစ်တော်မူသော ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်သားများအားလုံးကို ကယ်တင်တော်မူရန် ရှာဖွေတော်မူခဲ့သည်။ ဘုရားသခင်သည် ကိုယ် တော်ကို ဆန့်ကျင်သော ကျွန်ုပ်တို့အပြစ်သားများအား ကယ်တင် တော်မူရန် နှင့် ကျွန်ုပ်တို့လူသားများအား အပြစ်များနှင့်သေခြင်းမှ ကယ်တင်တော်မူရန်အတွက် မိမိကိုယ်ကိုကိုယ် ဆင်းရဲဒုက္ခခံရခြင်း အားဖြင့် ကျွန်ုပ်တို့အား အသက်ရှင်စေရန် ကြံစည်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယေဇကျေလအနာဂတ္တိကျမ်းတွင် ဖော်ပြထားသော ချိုင့်ဝှမ်း၌ရှိသော ခြောက်သွေးသောအရိုးများကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးကွာကြ၍ ကိုယ်တော်၏ရန်သူများဖြစ်ကြသော် လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များဖြေလွှတ်ခြင်းနှင့် ဘဝသစ်ကို ပေးအပ်တော်မူလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသ ခင်သည် လူသားများ၏နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းကို ယူဆောင်ပေးသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်ကို ပေးအပ်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ယုံကြည်သူများအ ပေါ် ဘဝသစ်ကို ပေးအပ်တော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။ ကိုယ် တော်သည် ယုံကြည်ခြင်းဘဝသစ်ဖြင့်အသက်ရှင်ရန် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သူအားလုံးကို ကောင်းကြီးမင်္ဂလာ ချပေးတော်မူခဲ့သည်။
ဝိညာဉ်ရေးရာပြောရကြလျှင် ယေဇကျေလအနာဂတ္တိကျမ်း တွင်ဖော်ပြထားသောအသက်မှာ သခင်ယေရှုခရစ်တော်သည် ဤ လောကသို့ ကြွလာတော်မူ၍ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်အားဖြင့် လူသား များ၏အပြစ်များအတွက် ပြစ်ကြွေးများပေးဆပ်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်ဖြေလွှတ်ခြင်းကယ်တင်ခြင်းကို ချပေးတော်မူ လိမ့်မည်ကို ဆိုလိုသည်။ “ရေနှင့်ဝိညာဉ်တော်သတင်းကောင်း”ဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရရန် အခြားအခွင့်အရေးကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့ သည် လူသားများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် နှုတ်ကပတ် တော်ကို ယုံကြည်ရန် ငြင်းဆိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင် ခဲ့ကြသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ချပေးတော်မူခဲ့သော အပြစ် များထာဝရဖြေလွှတ်ခြင်းကို ရရှိနိုင်ကြသည်။ ဤအရာသည် ကျွန်ုပ် တို့လူသားများအားလုံးအပေါ် ဘုရားသခင်ချပေးတော်မူသော ကောင်းကြီးမင်္ဂလာဖြစ်သောကြောင့် သူတို့သည် ယခုမစ၍ ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြ သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့်အတူ တ ဖန်အသက်ရှင်ရန် ကောင်းကြီးမင်္ဂလာများ ချပေးတော်မူခဲ့သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးကို ယုံကြည်ရန် ကြိုးပမ်းအားထုတ်စရာမလိုခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့သည် အပြစ်များအားလုံးဖြေလွှတ်ခြင်း ရရှိနိုင်ကြသည်။ ယခုတွင် လူတိုင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသ ခင်၏သားသမီးများဖြစ်လာနိုင်ကြသည်။ ဤကယ်တင်ခြင်းဆုကျေး ဇူးများနှင့် အပြစ်များဖြေလွှတ်ခြင်းများအားလုံးသည် ဘုရားသခင်ချ ပေးတော်မူခဲ့သော ကောင်းကြီးမင်္ဂလာများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားနှင့်အညီ သခင် ယေရှုခရစ်တော်ကို အမှန်အကန်ယုံကြည်လျှင်လည်းကောင်း၊ ကျွန်ုပ် တို့သည် ဘုရားအမြင်၌ အမှန်အကန်အပြစ်ကင်းစင်ကြလျှင်လည်း ကောင်း၊ ဤကောင်းကြီးမင်္ဂလာများအားလုံးသည် ဘုရားသခင်ထံ တော်မှ လာခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေး ဇူးတော်ကို မစွန့်လွှတ်နိုင်ကြပေ။ သဘာဝအားဖြင့် ကျွန်ုပ်ုတိ့သည် ဘုရားသခင်၏ပညတ်တော်ကို မစောင့်ထိန်းနိုင်သောသူများဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအသားတပ်မက်မှုကို မခုခံနိုင်ကြ ပေ။ ကျွန်ုပ်တို့သည် လုပ်ဆောင်စရာတစ်ခုမှ မရှိဘဲ ဤလောက၌ အားနည်းသိမ်ငယ်စွာ အသက်ရှင်ကြသည်။ သို့သော် သခင်ယေရှုခ ရစ်တော်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ရှိကြသည်။
ဤသို့ဖြင့် ကမ္ဘာမတည်မရှိမီအချိန်ကတည်းက သုံးပါးတစ်ဆူ သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူရန် ဆုံးဖြတ်တော်မူခဲ့၍ သခင်ယေရှုခရစ်တော်အပေါ် ကယ်တင်ခြင်းအမှုအားလုံးကို အပ်နှံ တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် အပြစ်သားများ၏ကယ် တင်ရှင်အဖြစ် ခမည်းတော်ဘုရားသခင်နှင့်သန့်ရှင်းသောဝိညာဉ် တော်နှင့်အတူ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ကို ပြည့်စုံစေတော်မူခဲ့သည်။ ဤကယ်တင်ခြင်းသတင်းကောင်းမှာ ကျွန်ုပ်တို့ယုံကြည်သူများအား ဘဝသစ်ကို ပေးအပ်တော်မူရန် ဤ ကယ်တင်ခြင်းသတင်းကောင်းကို ဘုရားသခင်၏ဆုံးဖြတ်ချက်နှင့်အ ညီ ကြံစည်တော်မူခဲ့သည်။ ဘုရားသခင်သည် လောကမတည်မရှိမီ သခင်ယေရှုခရစ်တော်၌ ဘုရားသခင်ကြံစည်တော်မူခဲ့သောကယ် တင်ခြင်းမှာ ကျွန်ုပ်တို့အပေါ် အပြစ်များဖြေလွှတ်ခြင်း ကယ်တင်ခြင်း ကို ယူဆောင်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ် ကပတ်တော်၌ အားလုံးပါဝင်လျက်ရှိသည်။
သခင်ယေရှုခရစ်တော်သည် မိန်းမတစ်ဉီးကို ကိုယ်မှ လူသား တစ်ဉီးအဖြစ် ဖွားမြင်၍ ကယ်တင်ရှင်ဖြစ်လာရန် နှုတ်ကပတ်တော် အားဖြင့် ဘုရားသခင်ကတိပြုတော်မူခဲ့သည့်အတိုင်း ကိုယ်တော် သည် ဤလောကသို့ ကြွလာတော်မူခြင်းအကြောင်း ဖြစ်သည်။ အ ချိန်ရောက်လာသောအခါ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့၍ ကိုယ်တော်သည် လူသားများ၏အပြစ်များ အားလုံးကို မိမိကိုယ်ပေါ်သို့ ထမ်းတော်မူခဲ့သည်။ သခင်ယေရှုခရစ် တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့်  လူသားများ၏အပြစ်များအားလုံးကို ထမ်းရန် အလိုတော်ရှိ၍ ကိုယ် တော်သည် ကားတိုင်ပေါ်သို့ ထိုအပြစ်များကို ထမ်း၍ အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များကို ဖယ်ရှားပေးတော်မူ ရန် အလိုရှိတော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်း နှုတ်ကပတ်တော်သို့ ပြန်လှည့်၍ သခင်ယေရှု၏ခြေရာတော်ကို လိုက် လျှောက်ကြပါစို့။ ကိုယ်တော်သည် ဤလောကအပြစ်များအားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူရန် ဗတ္တိဇံယောဟန်ထံသို့ ကြွ တော်မူခဲ့သောအခါ ဖြစ်ပျက်ခဲ့သောအရာများကို ကြည့်ကြပါစို့။
 


သခင်ယေရှုဖွားမြင်တော်မူခြင်းနှင့်အမှုတော်


မဿဲ ၁း၂၁-၂၃တွင် ဤသို့ဖော်ပြထားသည်။ “သားယောက်ျား ကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သောကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ ထိုအကြောင်းအရာမူကား၊ ထာဝရဘုရား သည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော်ပြည့်စုံမည် အ ကြောင်းအတည်း။ ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သ တို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လ တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသ တည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသ ခင်ဟု ဆိုလိုသတည်း။”
သခင်ယေရှုခရစ်တော်သည် ယခုတွင် ကျွန်ုပ်တို့နှင့်အတူရှိ တော်မူသောကြောင့် ကိုယ်တော်သည် ဣသရေလ၌ အသက်ရှင်သူ အပျိုကညာ၏ကိုယ်အားဖြင့် ဤလောက၌ ဖွားမြင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤလောကသို့ လူသားများအား အပြစ်များမှ ကယ် တင်တော်မူရန် လူသားများ၏ကယ်တင်ရှင်အဖြစ် အလောကသို့ကြွ လာတော်မူလိမ့်မည်ဟု ကတိပြုတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိကတိတော်အတိုင်း ဤအရာကို တိကျစွာ ပြည့်စုံစေရန် အလို တော်ရှိခဲ့သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ သောအခါ ကောင်းကင်မှ ခမည်းတော်ဘုရာသခင်၏အသံတော်မှာ “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်”(မဿဲ ၃း ၁ရ)ဟု မိန့်ကြားတော်မူခဲ့သည်။ တနည်းအားဖြင့် ခမည်းတော်ဘုရား သခင်သည် ကျွန်ုပ်တို့အား “ငါ့ဆန္ဒကို နာခံ၍ ငါသားပြုသောဖြောင့် မတ်သောအမှုကို ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ်များကို ဆေး ကြောပါ။သခင်ယေရှုသည် လူသားများ၏အပြစ်များကို ထမ်းတော်မူ ရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်”ဟု မိန့်တော် မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ထမ်းတော်မူခဲ့၍ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ဤအရာများအားလုံး သည် လူသားများအားလုံးအတွက် အပြစ်များဖြေလွှတ်ခြင်းယူ ဆောင်ရန် သခင်ယေရှုပြုတော်မူသော ဖြောင့်မတ်သောအမှု ဖြစ်ကြ သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ မှာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသော သင်နှင့်ကျွန်တော်တို့အား အပြစ်များအားလုံးကို ဖယ်ရှားပေးရန် လုပ် ဆောင်တော်မူခဲ့သော အဖြောင့်မတ်ဆုံးသောအမှု ဖြစ်သည်။
သခင်ယေရှုသည် အသက် ၃၀နှစ်ရှိသောအခါ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံသို့ ကြွတော်မူ၍ ဗတ္တိဇံခံယူတော်မူခဲ့သည်။ သို့ သော် မဿဲ ၃း၁၃ တွင် အစောပိုင်း၌ ဗတ္တိဇံယေဦဟန်သည် ဤအရာ ကို ငြင်းဆို၍ “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်”ဟု သခင်ယေရှုထံပြောကြားချက်ကို ကျွန်ုပ်တို့ တွေ့ရကြသည်။ ဤတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုသည် ဗတ္တိဇံခံရသည့်အကြောင်းကို ရှင်းလင်းသည်။ ၎င်းသည် လူသားများ ၏အပြစ်များကို တစ်ကြိမ်တည်းယူဆောင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ယုံကြည်သူ များအတွက် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ကျွန်ုပ်တို့ဝိ ညာဉ်များအပေါ် အပြစ်များဖြေလွှတ်ခြင်းရှင်သန်သောအသက်မှုတ် သွင်းခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့အား ဘဝသစ်ပေးအပ်ရန် ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုဗတ္တိဇံခံ ယူတော်မူခဲ့သည်။ ထိုအချိန်တွင် ကိုယ်တော်သည် လူသားများအားလုံးအတွက် လူသားများ၏အပြစ် များအားလုံးကို တစ်ကြိမ်တည်း လက်ခံတော်မူခဲ့သည်။ ဤအချက် ကို ယုံကြည်သူအားလုံးအတွက် ကိုယ်တော်သည် သူတို့နှလုံးသား များမှ အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့ည်။ လူသား များ၏အပြစ်များကို ထမ်းရန် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုဗတ္တိ ဇံခံယူတော်မူခြင်းအချက်သည် ဘုရားသခင်၏မေတ္တာတော်ကို ထင် ရှားစေ၍ ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ကယ်တင်ခြင်းကို ထင်ရှား စေသည်။ ဤလောကတွင် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်များသည် အလှပ ဆုံးဖြစ်၍ လူ့သမိုင်းတွင် အပြစ်များဖြေလွှတ်ခြင်းမြင့်မြတ်သောသ တင်းဖြစ်သည်။ ဤအရာကို ယုံကြည်သူအားလုံးသည် ဘုရားသခင် ၏ကောင်းကြီးမင်္ဂလာများကို ရရှိကြလိမ့်မည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ထံ ရောက်လာသောဤသတင်းကောင်းများမှာ အလွန်လှပသော သ တင်းကောင်းများ ဖြစ်သည်။ ဤဝမ်းမြောက်ဘွယ်ရာသတင်းကောင်း များကို ယုံကြည်သူ ဤလောကတွင် အသက်ရှင်သူများအပေါ် စစ် မှန်သော အသက်မှုတ်သွင်းသော ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ မှာ ထိုအရာ ဖြစ်သည်။ သခင်ယေရှုသည် အပျိုကညာမာရိ၏ကိုယ် အားဖြင့် လူသားတစ်ဉီးအဖြစ် ဤလောက၌ လူ့ဇာတိကို ခံယူတော်မူ ၍ ကိုယ်တော်သည် လူသားများ၏အပြစ်များကို ထမ်း၍ ၎င်းတို့ကို တစ်ကြိမ်တည်းဖယ်ရှားပေးတော်မူရန် ကြွလာတော်မူသော ကယ် တင်ရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော် ၏ ယဇ်ပရောဟိတ်၊ ဘုရင်တို့၏ဘုရင်၊ နှင့် စစ်မှန်သောကယ်တင် ခြင်းသတင်းကောင်းသောယူဆောင်သော ပရောဖက်လည်း ဖြစ် တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်သာမက ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့သော ဖန်ဆင်းရှင်ဘုရား လည်း ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ယဇ်ပရောဟိတ်အဖြစ်နှင့် အပြစ်များအားလုံးမှ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ယုံကြည်သူကျွန်ုပ်တို့ကို ကယ်တင် တော်မူခြင်း မိမိတာဝန်ကို ပြည့်စုံစေရန် ဤလောကသို့ ကြွလာတော် မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် လူသားတစ်ဉီးအဖြစ် လူ့ဇာ တိကို ခံယူတော်မူခဲ့သော လူသားများ၏စစ်မှန်ကယ်တင်ရှင်ဖြစ် တော်မူ၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူ သားများ၏အပြစ်များကို တစ်ကြိမ်တည်းလက်ခံတော်မူခဲ့သည်။
 


“အမှုပြီးပြီ”


သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ဤလောကအပြစ် များမှ တစ်ကြိမ်တည်းကယ်တင်တော်မူရန် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် မိမိအသက်ကို စ တေးတော်မူခဲ့သည်။ ကိုယ်တော်သည် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် အပြစ်များအတွက် ပြစ် ကြွေးပေးဆပ်ကျေအေးစေရန် ဤအရာများအားလုံကို ပြုတော်မူခဲ့ သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အ သေခံတော်မူခဲ့သောအခါ ကိုယ်တော်သည် “အမှုပြီးပြီ”ဟု မိန့်တော် မူခြင်း ဖြစ်သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှုက “အမှုပြီးပြီ”ဟု မိန့်တော်မူခြင်းအကြောင်းမှာ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ နှုတ်ကပတ်တော်များမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်သူ ပစ္စုပ္ပန်ကာလတွင် အသက်ရှင်သူကျွန်ုပ်တို့နှင့် သက်ဆိုင် သည်။ “အမှုပြီးပြီ”စကားစုမှာ သခင်ယေရှုသည် ဤလောကသို့ ကြွ လာတော်မူခဲ့ပြီးနောက် လောကအပြစ်သားများအား အပြစ်မှ တစ် ကြိမ်တည်းဆေးကြောပေးတော်မူ၍ ပြစ်ဒဏ်များယူဆောင်သွာ တော်မူခြင်းကို ဆိုလိုသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသ ခင်၏မျက်မှောက်တော်၌ ကြွလာသော လူသားအားလုံးအတွက် အ ပြစ်များ၏ပြဿနာမနှင့် ဘဝ၏ပြဿနာများအားလုံးကို တစ်ကြိမ် တည်းအကုန်အစင် လုံးဝ ဖြေရှင်းပေးတော်မူခဲ့ခြင်းကို တံပိုးမှုတ်၍ ကြွေးကြော်သော မင်္ဂလာ ဖြစ်သည်။
တစ်စုံတစ်ဉီးနှင့် အပြစ်သားများအားလုံးသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည် ကြလျှင် သူတို့သည် ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည် အချင်းပြည့်မှီသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်ုပ်တို့ အား ပြောကြားသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား လောကအ ပြစ်များမှ ကယ်တင်တော်မူရန် မိမိကိုယ်ခန္ဓာကို အပြစ်ဖြေရာယဇ် ပူ ဇော်သက္ကာအဖြစ် ခမည်းတော်ထံ ဆက်ကပ်တော်မူခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ကိုယ်တော်က “အမှုပြီးပြီ”ဟု မိန့်တော်မူခဲ့သည်။ ဤအရာမှာ ယ ခုတွင် ကောင်းကင်တံခါးသည် ဖွင့်ပေးသောအမှု ပြည့်စုံခဲ့သည်ဟူ သော ကြွေးကြော်သံ ဖြစ်သည်။ 
ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်များအတွက် အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာဖြစ်လာသူ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ရကြမည် ဖြစ်သည်။ ယခုမှစ၍ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားအပြစ်များအားလုံးတစ် ကြိမ်တည်းဆေးကြောခြင်းခံသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီကြ သည်ကိုလည်းကောင်း နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန် သခင် ယေရှုခရစ်တော်သည် အပြစ်ဖြေရာယဇ်ပူဇော်သက္ကာအဖြစ် မိမိ ကိုယ်ကိုကိုယ် ဆက်ကပ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြ သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးတွင်ရှိသောလူသား များအားလုံးထံ ဤယုံကြည်ခြင်းကို သက်သေခံ ဟောပြောရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးအပေါ် သခင်ယေရှုပေးအပ်တော်မူခဲ့သော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ယုံကြည်သူ ဤ ပစ္စုပ္ပန်ကာလ၌ရှိသောသူများသည် ကျွန်ုပ်တို့ပိုင်ဆိုင်သော ယုံကြည် ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။ ဤ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်သူ တစ်စုံတစ်ဉီးအဖြစ် ကျွန်ုပ်တို့သည် အချိန်မစောင့်ကြဘဲ ယုံကြည် ခြင်းအားဖြင့် ဝိညာဉ်များအားလုံးထံ အပြစ်များဖြေလွှတ်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ဟောပြောသက်သေခံသောသူများ ဖြစ်ကြပါ စို့။ ကိုယ်တော်ကို ဝမ်းမြောက်စေမည့် ဘုရားသခင်နှင့်ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ယုံကြည်သော သက်သေများအဖြစ် ကျွန်ုပ်တို့ အသက်ရှင်ကြပါစို့။
ကိုယ်တော်သည် အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ကိုကိုယ်ပေး အပ်တော်မူခဲ့သည်ဟု ယုံကြည်ရန် ချီတုံချတုံမပြုဘဲ နေကြပါစို့။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ၌တွေ့ရသော စစ်မှန်သောကယ်တင်ခြင်းကို ယုံကြည်၍ နှလုံးသား များ၌ လက်ခံကြပါစို့။ ထိုကြောင့် ကျွန်ုပ်တို့နှလုံးသားများသည် အ ပြစ်ဒုစရိုက်မှ လွှတ်မြောက်၍ အပြစ်ကင်းစင်ကြလိမ့်မည်။ သခင်ယေ ရှုခရစ်တော်ဘုရား၏ဖြောင့်မတ်ခြင်းကို ချီးမွမ်းကြပါစို့။ ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းကျေးဇူးတော်ကို ယူတင်ဝတ်ဆောင်၍ သခင် ယေရှု ခရစ်တော်ပေးအပ်တော်မူခဲ့သော ထာဝရအပြစ်ဖြေရာယဇ်ပူ ဇော် သက္ကာအပေါ် ကျေးဇူးတင်ကြပါစို့။ ကျွန်ုပ်တို့အားလုံးသည် အ ပြစ်မှ ထာဝရကယ်တင်ခြင်းအကြံအစည်အတွက် သုံးပါးတစ်ဆူ၏ ဖြောင့်မတ်ခြင်းကို ထာဝရ ချီးမွမ်းကြပါစို့။
 


သခင်ယေရှုသည် အသက်ရှင်ခြင်းအကြောင်းနှင့် ထမြောက်ခြင်းအကြောင်းဖြစ်တော်မူသည်


ကျွန်ုပ်တို့သိကြသည့်အတိုင်း ခြောက်သွေ့သောအရိုးများသည် သဘာဝအားဖြင့် အသက်မရှင်နိုင်ကြပေ။ သို့သော် သခင်ယေရှုခရစ် တော်က “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအ ကြောင်းဖြစ်၏” (ယောဟန် ၁၁း၂၅)ဟု မိန့်တော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် မိမိအပြစ်များ၌ သေခဲ့ကြသော်လည်း ကိုယ်တော် သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား အသက်ရှင်စေနိုင် တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်နေကြစဉ် ရှင် ပြန်ထမြောက်ခြင်းယုံကြည်မှု ရှိကြပါစို့။ ကိုယ်တော်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ယုံကြည်သူ ကျွန်ုပ်တို့ အားလုံးအပေါ် ရှင်ပြန်ထမြောက်ခြင်း ခွင့်ပြုတော်မူခဲ့သည်။ ဓမ္မ ဟောင်းကျမ်းခေတ်ကာလတွင် ဘုရားသခင်သည် ခြောက်သွေ့သော အရိုးများကို အသက်သွင်းတော်မူခြင်းအားဖြင့် စစ်တပ်ကြီးအဖြစ် ပြောင်းလဲပေးတော်မူခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်ချပေးတော်မူခဲ့ သော ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကြ သောကြောင့် ယနေ့တွင် ဘုရားခသင်သည် ကျွန်ုပ်တို့ဝိညာဉ်များ အား ဘဝသစ်ကိုပိုင်ဆိုင်ရန် ကောင်းကြီးမင်္ဂလာများ ချပေးတော်မူခဲ့ သည်။
ကျွန်ုပ်တို့သည် ဤလောက၌ အသက်ရှင်နေကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်ခန္ဂာများသေသည့်နေ့ကို စောင့်နေကြသည်။ ကျွန်ုပ်တို့ကဲ့သို့သော် မြော်လင့်ချက်မဲ့နေသူများအတွက် ကိုယ်တော် သည် ဗတ္တိဇံယောဟန်ကို ရှာဖွေတော်မူ၍ ဗတ္တိဇံအားဖြင့် ဤလော ကအပြစ်များကို လက်ခံတော်မူပြီး ဤအပြစ်များထမ်းကာ ကားတိုင် ပေါ်တွင် အသေခံတော်မူလျက် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို လက်ခံတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြ်ငးအားဖြင့် ရေနှင့်ဝိညာဉ် တော်နှုတ်ကပတ်တော်ကို ယုံကြည်သူကျွန်ုပ်တို့အား အသစ်သော သတ္တဝါ ဖြစ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များဖြေလွှတ် ခြင်းခံရသောသူများအပေါ် ပေးအပ်တော်မူခဲ့သော ကယ်တင်ခြင်းကို ယံဒကြည်သူကျွန်ုပ်တို့အားလုံးအပေါ် ကောင်းကြီးမင်္ဂလာများချပေး တော်မူ၍ ဘုရားသခင်၏လူများ ဖြစ်စေတော်မူခဲ့သည်။
ကျွန်ုပ်တို့နှလုံးသားများသည် အခြေခံအားဖြင့် အပြစ်ကျူးလွန် ကြသောကြောင့် ကျွန်ု်ပတို့ဝိညာဉ်များသည် ယနေ့ဖတ်ရှုသော ကျမ်းချက်၌တွေ့ရသော ခြောက်သွေ့သောအရိုးများနှင့်တူကြသည်။ ကျွန်ုပ်တို့ဝိညာဉ်များအတွက် ဘဝသစ်သတင်းကောင်း၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ဘဝသစ်ကို ရရှိနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဤ လောက၌ မွေးဖွားသည့်နေ့စမှစ၍ နှလုံးသားများ၌ အပြစ်ရှိကြသော ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ မြော်လင့်ချက်လုံးကင်းမဲ့ ခဲ့ ကြသည်။ ဤသို့ဖြင့် လူသားများအားလုံးသည် လုံးဝမြော်လင့်ချက် ကင်းမဲ့နေကြသည်။ အပြစ်သားများသည် ဤနေ့အထိ အပြစ်သား များအဖြစ် မွေးဖွားလာခဲ့သောကြောင့် သူတို့သည် ဘုရားသခင်ထံမှ လာသော ဘဝ၏အသက်ဖြစ်သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသမ္မာတရားကို မတွေ့ခဲ့ကြပေ။ အတိတ်တွင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းမခံစားခဲ့ရကြသောကြောင့် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော် တို့ကို ကျွန်ုပ်တို့ဝိညာဉ်များအတွက် မရှိမဖြစ် လိုအပ်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် သခင်ယေရှုသည် ဤလောကသို့ ကြွလာ တော်မူခဲ့သောအခါ ပြည့်စုံစေတော်မူခဲ့သော ကောင်းကင်၌ ဘုရား သခင်၏သားတော်၊ သခင်ယေရှုခရစ်တော်၏ အပြစ်ဖြေရာယဇ်၊ ဓမ္မ သစ်ကျမ်း၌ ဖော်ပြထားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်နှင့်အတူ ကျွန်ုပ်တို့နားလည်သဘောပေါက်၍ ယံဒ ကြည်သည့်အချိန်တွင် ကျွန်ုပ်တို့အားလုံးသည် အပြစ်များဖြေလွှတ်  ခြင်းခံနိုင်ကြသ်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်ကို အပြစ်များဆေးကြောခြင်းအဖြစ် ယုံကြည်ကြသောကြောင့် ၎င်းက ကျွန်ုပ်တို့အား ဘဝသစ်ကို ပေးအပ်သည်။ ကျွန်ုပ်တို့သည် ဤ သတင်းကောင်းနှုတ်ကပတ်တော်ပြောသောအရာကို သမ္မာတရားအ ဖြစ်တိကျစွာ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် သေခြင်းမှာ ထာဝရ အသက်သို့ ရွှေ့လျားကြလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အ ပြစ်မှ ကယ်တင်ခြင်းကို ပေးအပ်တော်မူသည်။ ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်နှင့်အညီ ဤကယ် တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ဖြေလွှတ်ခြင်းခံရကြ လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာရန် ဘုရား သခင်ချပေးတော်မူခဲ့သောအခွင့်အရေးကို ရရှိကြလိမ့်မည်။ ကိုယ် တော်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ယုံကြည်ခြင်းအသက်တာဖြင့် အသက်ရှင်ခြင်းမှာ ဘုရားသခင်ချပေးတော်မူသော ကောင်းကင်မြော်လင့်ခြင်း၊ စစ်မှန် သောအရာဖြင့် အသက်ရှင်ခြင်းကို ဆိုလိုသည်။ ထိုကြောင့် ယုံကြည် ခြင်းအားဖြင့် အပြစ်ကင်းစင်ခြင်းခံရပြီးနောက် ကျွန်ုပ်တို့သည် ဘု ရားသခင်၏လူများဖြစ်လာခဲ့ကြသည်။ ယခုတွင် ကျွန်ုပ်တို့သည် အ ပြစ်ကင်းစင်သူများအတွက်သာ ဖွင့်ထားသော ကိုယ်တော်၏သန့်ရှင်း သူများနှင့်အမှုတော်ဆောင်များအဖြစ် ဘုရားသခင်၏အသင်းတော်၌ ကိန်းဝပ်ရန် အရည်အချင်း ပြည့်မီကြသည်။ 
သခင်ယေရှုသည် ဤလောကအပြစ်များ ထမ်းတော်မူခဲ့သော အခါ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံ “အလုံးစုံသောတရားတို့ ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ”(မဿဲ ၃း၁၅) ဟုမိန့်တော်မူခဲ့သည်။ သခင်ယေရှုက ဗတ္တိဇံယောဟန်ထံ “အလုံးစုံ သောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်”ဟု မိန့်တော်မူခဲ့သော အခါ ကိုယ်တော်သည် သူ့ထံ “ငါက သင်၏ဗတ္တိဇံခံယူရန် ဒီမှာရှိ တယ်။ ငါ့ကို အခု ဗတ္တိဇံပေး၍ ငါ့အပေါ်သို့ လူသားများ၏အပြစ်များ အားလုံးကို လွှဲပြောင်းပါ။ သင့်အားဖြင့် ငါသည် လောကအပြစ်များ အားလုံးကို လက်ခံလိမ့်မည်။ ဒီအရာဟာ လူသားများအတွက် ခမည်း တော်ဘုရားသခင်ချမှတ်တော်မူခဲ့သော လမ်းဖြစ်တယ်။ သင်နှင့်ငါ တို့ယခု လုပ်ဆောင်အရာအားလုံးမှ ဘုရားသခင်၏ဖြောင့်မတ်ခြင်း အားလုံး ပြည့်စုံလိမ့်မည်”ဟု ပြောကြားတော်မူသည်။
ဤလောက၌ ဝိညာဉ်ရေးရာအသက်တာများသည် ခြောက်သွေ့ သောအရိုးများကဲ့သို့ အသက်ရှင်သူ များစွာရှိသည်။ ဤပုဂ္ဂိုလ်များထံ သခင်ယေရှုက “ငါသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့သော ကြောင့် ငါသည် ကားတိုင်ပေါ်တွင် သင်၏အပြစ်ကြွေးများကို ပေး ဆပ်ပေးခဲ့တယ်။ ငါခံယူသောဗတ္တိဇံဟာ ငါသည် သင်၏အပြစ်များကို လက်ခံ၍ ထမ်းခဲ့သောကြောင့် ဤလောက၌ အဖြောင့်မတ်ဆုံးသော လုပ်ငန်း ဖြစ်တယ်။ ငါ့ကို ယုံကြည်၍ အပြစ်များဖြေလွှတ်ခြင်းခံရပါ” ဟု ပြောကြားတော်မူသည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူရန် ယောဒန်မြစ်၌ ဗတ္တိဇံ ခံယူတော်မူ၍ ရေမှပေါ်ထတော်မူစဉ် ကောင်းကင်မှအသံထွက်လာ၍ “ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း”(မဿဲ ၃း ၁၇)ဟု အသံထွက်ပေါ်လာခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ကိုယ်တင်လက်ခံတော်မူ၍ ခမည်းတော် ဘုရားသငခ်၏အလိုတော်နှင့်အညီ မိမိကိုယ်ပေါ်သို့ ထိုအပြစ်များကို ထမ်းတော်မူခဲ့သည်ကို ဆိုလိုသည်။ ခမည်းတော်ဘုရားသခင်သည် “ငါက ငါသား သခင်ယေရှုခရစ်တော်ပြုတော်မူခဲ့အရာအားဖြင့် ဝမ်း မြောက်တယ်။ ငါ့သားသည် ငါ့အလိုကို လက်ခံ၍ နာခံသဖြင့် ငါက အ ရမ်းဝမ်းမြောက်တယ်”ဟု ပြောကြားတော်မူသည်။
ထိုကြောင့် သသခင်ယေရှုခရစ်တော်သည် ခမည်းတော်ဘုရား သခင်၏အလိုတော်ဖြစ်သော ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းကို နာခံခြင်းဖြင့် လုပ် ဆောင်တော်မူခဲ့သော ဖြောင့်မတ်ခြင်းအမှုကို နှလုံးများ၌ လက်ခံရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခမည်းတော်ဘုရားသခင်၏အလို ဖြင့် စည်းလုံးခြင်းအားဖြင့် ယုံကြည်ခြင်းအားကြီးသူများ ဖြစ်လာရကြ မည် ဖြစ်သည်။ သို့မှသာ သခင်ယေရှုခရစ်တော်၊ သန့်ရှင်းသောဝိ ညာဉ်တော်နှင့် ခမည်းတော်ဘုရား၌ ယုံကြည်ခြင်းအားဖြင့် ဝမ်း မြောက်ခြင်းခံရကြသည်။ ကျွန်ုပ်တို့အားလုံးသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သုံးပါးတစ်ဆူဘုရား အပေါ် ဝမ်းမြောက်ခြင်းယူဆောင်လာကြလိမ့်မည်ဟု ကျွန်တော် မြော်လင့်၍ ဆုတောင်းသည်။ ကျွန်ုပ်တို့အားလုံးသည် ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော ဘဝဖြင့် အသက်ရှင်ကြလိမ့်မည်ဟု ကျွန်တော် စိတ်နှလုံးဖြူစင်စွာ မြော်လင့် သည်။
သင်သည် ဤနှုတ်ကပတ်တော်ကို ကြား၍ ဖတ်ရှုခဲ့ပြီးနောက် ယခုတွင် ဘာလုပ်လိမ့်မည်နည်း။ သင်သည်လည်း ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မူသော ကိုယ်တော်၏ လုပ်ငန်းနှင့်နှုတ်ကပတ်တော်၌ ပါဝင်လိမ့်မည်လော။ ကျွန်ုပ်တို့သည် ယခုတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဤလောက၌ အသက်ရှင်နေကြသည်။ သင် နှင့် ကျွန်တော်တို့၏ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဘုန်းအသရေ ထင်ရှားတော်မူသည်။ သင်နှင့်ကျွန်တော်တို့သည် အရာတစ်ခုဖြစ် သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်းကလွှဲ၍ ဘု ရားသခင်ကို ဝမ်းမြောက်စေတော်မူရန် လုပ်ဆောင်ခဲ့သောအရာတစ် စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့လုပ်ခဲ့သောအခြားအရာတစ်ခုရှိလျှင် ၎င်း မှာ သတင်းကောင်းသာသနာထောက်ပံ့ရန် ကြိုးသားခြင်း၊ ဘုရားသ ခင်၏လူများအတွက် ဆုတောင်းခြင်း၊ နှင့် ရန်သူများမှ သူတို့ကို ကာ ကွယ်ရန် နှုတ်ကပတ်တော်အားဖြင့် သူတို့ကို ပြုစုပျိုးထောင်ခြင်း ဖြစ် သည်။
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ဗတ္တိဇံယော ဟန်သည် ကိုယ်တော်ကို မြင်တွေ့ခဲ့သောအခါ သူက “ဤလောက၏ အပြစ်ကို ယူဆောင်သော ဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြ လော့”(ယောဟန် ၁း၂၉)ဟု ပြော၍ သက်သေခံခဲ့သည်။ ဤသို့ဖြင့် ဗတ္တိဇံယောဟန်သည် သက်သေခံခဲ့ပြီးနောက် သခင်ယေရှုအား “ဤ လောက၏အပြစ်ကို ယူဆောင်သွားသောဘုရားသခင်၏သိုးသငယ် တော်”ဟု ခေါ်သည်။ ကိုယ်တော်သည် လောကအပြစ်များအားလုံးကို ထမ်းတော်မူစဉ် ကားတိုင်ပေါ်တွင် အသေခံတော်မူ၍ ကျွန်ုပ်တို့အ တွက် အသွေးတော်အားလုံးကို သွန်းလောင်းတော်မူခဲ့သည်။ ကိုယ် တော်သည် နောက်ဆုံးအသက်မချုပ်မှီ “အမှုပြီးပြီ”(ယောဟန် ၁၉း ၃၀)ဟု မိန့်တော်မူခဲ့သည်။ ထိုနောက် သခင်ယေရှုသည် သုံးရက် မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့၍ ကိုယ် တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအသွေးတော်ကို ယုံကြည်သူ အားလုံးအတွက် လူသားများ၏အပြစ်များအားလုံးနှင့် ဒုစရိုက်များကို ဖယ်ရှားပေးတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ဤသတင်း ကောင်းကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်သူအားလုံးအ ပေါ် အပြစ်များဖြေလွှတ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ဆုကျေး ဇူးကို ပေးအပ်တော်မူခဲ့သည်။ အပြစ်များဖြေလွှတ်ခြင်းနှင့်သန့်ရှင်း သောဝိညာဉ်တော်ကို လူသားများအပေါ် ဘုရားသခင်ပေးအပ်တော် မူခဲ့သည်ဟု ဆိုရာတွင် ကိုဘ်တော်သည် ကျွန်ုပ်တို့အား ကောင်းကင် ဆုကျေးဇူးကို ချပေးတော်မူခဲ့သည်ကို ဆိုလိုသည်။
တမန် ၂း၃၈-၃၉ ကို ကျွန်ုပ်တို့ ဖတ်ကြပါစို့။ “ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမ ကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကိုခံရကြ လိမ့် မည်။ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သားသမီးတို့နှင့်၎င်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။”  တမန်တော်ဝတ္ထု အခန်းကြီး ၃ အငယ် ၂၀ တွင် ပေတရုက “သင်တို့ အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော် မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့”ဟု ဆက်လက်ဖော်ပြထား သည်။ ဤတွင် ဖော်ပြထားသည့်အတိုင်း သခင်ယေရှုသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်သူအားလုံးအပေါ် ဘဝသစ်အ သက်ကို မှုတ်သွင်းတော်မူသဖြင့် သူတို့သည် အပြစ်များဖြေလွှတ် ခြင်းခံရကြသည်ကို နားလည်သဘောပေါက်ကြလိမ့်မည်။ 
ယခုတွင် ကျွန်ုပ်တို့အားလုံးသည် အပြစ်များဖြေလွှတ်ခြင်းအ တွက် ဘုရားသခင်၏သားတော်ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့်ကား တိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များအားလုံးမှ ဖြေလွှတ်ခြင်းခံရနိုင်ကြသည်။  ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသ တင်းကောင်းတို့သည် လူသားများအတွက် ရှင်သန်အသက်နှင့် အ ပြစ်ဖြေလွှတ်ခြင်းသတင်းကောင်းများ ဖြစ်ကြသည်။ ထို့ပြင် ရေနှင့်ဝိ ညာဉ်တော်အားဖြင့် ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းမှာ ဝိညာဉ်များသို့ ရှင်သန်သောအ သက်ရရှိခဲ့သောသူများ၏ယုံကြည်မှု ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ယုံကြည် သူ ကျွန်ုပ်တို့အတွက် ဤကယ်တင်ခြင်းသတင်းကောင်းမှာ ကျွန်ုပ် တို့နှလုံးသား၌ အပြစ်များဖြေလွှတ်ခြင်းနှင့် ဘဝသစ်ကို ယူဆောင်ခဲ့ သောသမ္မာတရားဖြစ်သည်။ သခင်ယေရှုသည် မိမိကိုယ်ပေါ်သို့ ဤ လောကအပြစ်များကို ထမ်းတော်မူရန် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိ ဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့်  လူသားများ၏အပြစ်များအားလုံးဖယ်ရှာပေးတော်မူခဲ့ သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် စစ်မှန်သောကယ် တင်ခြင်းအရှင် ဖြစ်တော်မူသည်။ ဘဝ၏အရှင်သည် ယောဟန် ၁း၁၂ တွင် “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏”ဟု ဖော်ပြသည့်အတိုင်း နှုတ်ကပတ်တော်နှင့်အညီ  ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တတော်ကို ယခု ယုံ ကြည်သူ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏သားသမီးများဖြစ် လာခဲ့ကြသည်။ ဤပစ္စုပ္ပန်ခေတ်ကာလတွင်ရှိသော ခြောက်သွေ့ သောအရိုးများတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သမ္မာတရားကို သိစေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာ နှင့်ကယ်တင်ခြင်း၊ အပြစ်များဖြေလွှတ်ခြင်း၊နှင့် သန့်ရှင်းသောဝိညာဉ် တော် ဆုကျေးဇူးများကို ခံစားနိုင်ကြသည်။ သခင်ယေရှုသည် ဤ လောကသို့ ကြွလာတော်မူခဲ့သောအခါ ရေနှင့်ဝိညာဉ်တော်အားဖြင့် သခင်ယေရှုယူဆောင်တော်မူခဲ့သော ကယ်တင်ခြင်းအမှုကို နှလုံး သားများ၌ စိုက်ပျိုးခဲ့သောသူများအားလုံးအတွက် ကိုယ်တော်သည် သူတို့၏အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရရန် ကောင်းကြီးမင်္ဂ များချပေးတော်မူခဲ့သည်။
ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သောအသက်မုန့်၊ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ကျွန်ုပ်တို့နှလုံးသား များ၌ လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလံးမှ ရွေး နှုတ်ကယ်တင်ခြင်းခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် သေခြင်းမှတဖန်အ သက်ရှင်ရန် ရှင်ပြန်ထမြောက်စေသော ဘဝသစ်ကောင်းကြီးမင်္ဂလာ ကို ခံစားရရှိကြသည်။ နှလုံးသားများ၌ သခင်ယေရှု၏အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာအမျုကို လက်ခံခဲ့သောသူများသည် ယုံကြည်ခြင်း အားဖြင့် အပြစ်များအားလုံးမှ ကယ်နှုတ်ခြင်းခံရကြသောကြောင့် သူ တို့သည် ရားသခင်၏အတူ ထာဝရအသက်ရှင်နိုင်ကြသည်။ ဟာလေ လုယာ။ ယခုတွင် ကျွန်ုပ်တို့ထံကြွလာတော်မူ၍ နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် ကျွန်ုပ်တို့ကို ရှာဖွေတော်မူခြင်းအတွက် သခင် ယေရှုခရစ်တော်အပေါ် ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ကျေးဇူးတင် ခြင်းများအားလုံးကို ကျွန်တော်ပေးအပ်သည်။
 

“ယေဇကျေလ၊ ဤအရိုးများရှင်လိမ့်မည်လော။

သခင်ယေရှုခရစ်တော်သည် ဤလောကသို့ ကြွလာတော်မူခဲ့ သောအခါ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်ခြင်းနှင့် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်မှ လူသား မျာ၏ကယ်တင်ခြင်းကို ပြည့်စုံစေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤ ကယ်တင်ခြင်းကို ဆုပ်ကိုင်ရကြမည်။ နှလုံးသားဖြင့် ယုံကြည်၍ အ ပြစ်များဖြေလွှတ်ခြင်းခံရကြမည် ဖြစ်သည်။ ဘုရားသခင်က “ယေဇ ကျေလ၊ ဤအရိုးများစွာတို့သည် အသက်ရှင်နိုင်မည်လား”ဟု မေး တော်မူခဲ့သောအခါ  ယေဇကျေလက “ဟုတ်ပါတယ်။ ကိုယ်တော်တ ပါးတည်းသာ သိတော်မူတယ်”ဟု ပြန်လျှောက်ခဲ့သည်။ ဘုရားသခင် ၏သားတော်၊ သခင်ယေရှုခရစ်တော်သည် ဤလောက၌ လုပ်ဆောင် တော်မူခဲ့သော ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်လုပ်ငန်းအားဖြင့်  ခြောက်သွေ့သောအရိုးများကို ပြန်လည်အသက်ရှင်စေတော်မူသည်။ လူသားများအား ဤလောကအပြစ်များအားလုံးမှ ကယ်တင်ခြင်းဤ အမှုမှာ သခင်ယေရှုခရစ်တော်ပြည့်စုံစေတော်မူသော ဖြောင့်မတ် သောလုပ်ငန်း ဖြစ်သည်။
ဣသရေလလူမျိုးများသည် စစ်ပွဲကျွန်ခံရာမှ မိမိကိုယ်ကိုကိုယ် လွှတ်မြောက်၍ စစ်မှန်သောရွေးနှုတ်ခြင်းနှင့်လွတ်မြောက်ခြင်းရရှိ ရန် မည်သည့်တန်ခိုးကို လိုအပ်ခဲ့သနည်း။ ဣသရေလလူမျိုးများ သည် စစ်ပွဲ၌ စစ်ရှုံး၍ ကျွန်ခံခဲ့ကြသည်။ ဤအရာမှာ ဓမ္မဟောင်း ကျမ်းခေတ်ကာလတွင် ယေဇကျေလအပေါ် စကားပြောတော်မူ သော ဘုရားသခင်တစ်ပါးတည်းသာ ယူဆောင်လာမည့်အရာတစ်စုံ တစ်ခု ဖြစ်သည်။ ထိုနည်းတူ၊ စစ်ပွဲကြောင့် အကျဉ်းခံခဲ့သောသူများ ကို မိမိနိုင်ငံသို့ ပြန်ရောက်ရန် ယူဆောင်ခြင်းမှာ သေသောသူများအ ပေါ် ရှင်သန်သောအသက်ကို မှုတ်သွင်းတော်မူသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာလျှင် ဖြစ်မြောက်နိုင်သောအရာ ဖြစ်သည်။
ဘုရားသခင်က “ဣသရေလလူမျိုးများသည် ဤသို့ဖြင့် ငါ့ကို ဆန့်ကျင်ခဲ့ကြသောကြောင့် သူတို့သည် မည်သို့ဖြင့် ငါ့ကောင်းကြီး မင်္ဂလာများကို ခံစားနိုင်ကြမည်နည်း။ လုံးဝမဖြစ်နိုင်ပါ။ သို့သော် ငါ သည် ငါ့လူများကို လုံးဝ မစွန့်ပစ်ပါ။ ငါသည် သူတို့ကို ချစ်သော ကြောင့် သူတို့အတွက် ကယ်တင်ခြင်းအကြံအစည်းများစွာ ရှိသော ကြောင့် ဖြစ်တယ်”ဟု မိန့်တော်မူသည်။ ဘုရားသခင်သည် အာဗြံဟံ ထံ “သင်၏မျိုးဆက်များ၏ဘုရားဖြစ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သော ကြောင့် ဣသရေလလူမျိုးများသည် ဘုရား၌ ကယ်တင်ခြင်းနှင့်မြော် လင့်ခြင်းကို တွေ့နိုင်ကြသည်။
ဤသို့ဖြင့် ဓမ္မသစ်ခေတ်ကာလတွင် အသက်ရှင်၍ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်သူကျွန်ုပ် တို့အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ် တော်ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကောင်းကင် မြော်လင့်ခြင်းဖြင့် အသက်ရှင်နေကြသည်။ ဘုရားသခင်သည် အာြဗ ဟံအား “သင်၏အမျိုးအနွယ်သည် ကောင်းကင်၌ ကြယ်များကဲ့သို့ များပြားစေလိမ့်မည်။ ငါသည် သူတို့၏ဘုရားဖြစ်လိမ့်မည်” ဟု ကတိ ပြုတော်မူခဲ့သောကြောင့် သူတို့သည် စစ်တုံ့ပန်းမှ လွှတ်မြောက်နိုင်ခဲ့ ကြသည်။ ဣသရေလလူမျိုးများသည် ကျွန်ခံရမှ အိမ်သို့ ပြန်လှည့် လာလိမ့်မည်ဟု ဘုရားသခင်၏ကတိတော်နှုတ်ကပတ်တော်ကို ယုံ ကြည်ခဲ့ကြသည့်အတိုင်း ဓမ္မသစ်ခေတ် ပစ္စုပ္ပန်ကာလတွင် အသက် ရှင်သူကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်ချပေးတော်မူခဲ့သော အပြစ် များဖြေလွှတ်ခြင်းသတင်းကောင်း၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် စစ်မှန်သောကယ်တင် ခြင်းသို့ ရောက်နိုင်ကြသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၏အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့ပြီးနောက် ကိုယ်တော်သည် လောကအပြစ်များမှ ရွေးနှုတ်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။
တစ်ကမ္ဘာလုံးတွင် ယခုအသက်ရှင်သူအားလုံးအတွက် ဘုရား သခင်သည် မိမိသားတော်၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ် ကပတ်တော်၊ နှင့် ဤနှုတ်ကပတ်တော်ကို ယုံကြည်သူများအားလုံး၏ အပြစ်များအားလုံးကို ဖယ်ရှားပေးသော ကောင်းကြီးမင်္ဂလာများအား ဖြင့် ယူဆောင်လာသော ဖြောင့်မတ်သောကယ်တင်ခြင်းအမှုကို ပေး အပ်တော်မူခဲ့သည်။ ဤခေတ်ကာလတွင်လည်း ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများအား ဘုရားသခင် ၏နှုတ်ကပတ်တော်ယုံကြည်ခြင်းအားဖြင့် အသက်ရှင်စေတော်မူ သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကြွေးကြော်သော ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်များအပေါ် ကိုယ်တော်သည် အပြစ်များဖြေလွှတ်ခြင်းဆုကျေးဇူးကို ချပေးတော်မူခဲ့သည်။ ဘုရား သခင်၏သားတော်သခင်ယေရှုခရစ်တော်သည် လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက မိမိကိုယ်ခန္ဂာစတေးတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခြင်းအားဖြင့် ခမည်း တော်ဘုရားသခင်သည် ကယ်တင်ခြင်းအကြံအစည်ကို တည်ထောင် ၍ အမှုပြုတော်မူခဲ့ပြီး ဖြစ်သည်။ အပြစ်သားများအားလုံးအား ဤ လောကအပြစ်များမှ ကယ်တင်တော်မူရန် ခမည်းတော်ဘုရားသခင် ၏အကြံအစည်နှင့်အညီ တိကျစွာ သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူခဲ့သည်။ ခမည်းတော်၏အကြံအစည်တော်နှင့်အညီ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် လူသားများ၏အပြစ်များကို ဖယ်ရှားပေးတော်မူခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။ ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်၏ ယဇ်ပရောဟိတ်အဖြစ် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း နှင့် ဤလောကအပြစ်များအားလုံးမှ မိမိလူများကို ကယ်တင်ရန် မိမိ အသက်ကို စတေးတော်မူခြင်းအဖြစ် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကတာဝန်များကို ပြည့်စုံ စေတော်မူခဲ့သည်။ 
သခင်ယေရှုခရစ်တော်သည် ယဇ်ပရောဟိတ်အဖြစ် မိမိတာဝန် ကို ပြည့်စုံစေတော်မူရန် လူသားတစ်ဉီးအဖြစ် ဤလောကသို့ လူ့ဇာ တိကို ခံယူတော်မူရန် ကြွဆင်းတော်မူခဲ့၍ အသက် ၃၀ နှစ်ရှိသောအ ခါ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ထမ်းတော်မူခဲ့သည်။ ကိုယ်တော်သည် အသက် ၃၃ တွင် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ခြင်းအားဖြင့် မိမိယဇ်ပရောဟိတ်အမှုများအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်။ သ ခင်ယေရှုခရစ်တော်သည် မိမိကိုယ်ခန္ဂာကို စတေးတော်မူခြင်းအား ဖြင့် မိမိလူများကို အပြစ်များမှ ကယ်တင်တော်မူရန် ကယ်တင်ခြင်း အမှုကို ပြည့်စုံစေတော်မူခဲ့သည်။ ကိုယ်တော်သည် ကယ်တင်ခြင်းအ တွက် ပူဇော်သက္ကာပြုရန်နှင့် အပြစ်များကို ဖယ်ရှားပေးတော်မူရန်အ တွက် မိမိကိုယ်ခန္ဓာကို စတေးတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော် သည် မိမိအသက်ကို စတေးတော်မူခြင်းအားဖြင့် ကောင်းကင်ယဇ်ပ ရောဟိတ်သာပြုနိုင်သော ယဇ်ပူဇော်ခြင်းအမှုကို ပြုတော်မူခဲ့၍ ယဇ် ပူဇော်သက္ကာအဖြစ် ကျွန်ုပ်တို့နေရာတွင် အပြစ်များကိုထမ်း၍ အသေ ခံတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဤလောက၌ ယခု အသက်ရှင်နေကြသော ကျွန်ုပ်တို့အားလုံး၏အပြစ်များအားလုံးကို ယူဆောင်တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော် သည် ဤသို့ဖြင့် အသွေးတော်နှင့်သေခြင်းဖြင့် အပြစ်များ၏တရားစီ ရင်ခြင်းခံတော်မူခဲ့ခြင်း ဖြစ်သည်။ ဤအရာများအားလုံးသည် ဘုရား သခင်၏သားသမီးများကျွန်ုပ်တို့ယုံကြည်သူများအတွက် ပြုခဲ့သော အမှုအရာများ ဖြစ်ကြသည်။
 

ဓမ္မဟောင်းကျမ်းမှ ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့် အရာများ

မိုးရာသီစတင်လာခဲ့သောအခါ ကျွန်တော်သည် ဓမ္မဟောင်း ကျမ်းတွင်ရှိသော ဟေရှာယအနာဂတ္တိကျမ်းကို နောက်ဆုံးဖတ်ရှုခဲ့ သည်။ ဟေရှာယအနာဂတ္တိကျမ်းတွင် ဘုရားသခင်သည် ဣသရေလ လူမျိုးများအား မည်သို့ဒဏ်ခတ်တော်မူလိမ့်မည်ကို ဖော်ပြထားသော် လည်း ကိုယ်တော်၏မှန်ကန်သောအလိုတော်မှာ လုံးဝဆန့်ကျင် ဘက်ဖြစ်သည်ကို ကျွန်တော်တွေ့နိုင်သည်။ ဓမ္မဟောင်းကျမ်းခေတ် ကာတွင် ဘုရားသခင်သည် ဣသရေလလူမျိုးများအပေါ် ဒုက္ခယူ ဆောင်သောသူများကို တရားစီရင်ရန် ဝမ်းမြောက်တော်မူခဲ့သည်။ ကိုယ်တော်သည် မိမိလူများကို ဖိနှိပ်ချုပ်ချယ်မှုမှ ရွေးနှုတ်ရန် ဝမ်း မြောက်တော်မူသည်။ ဘုရားသခင်သည် စစ်သုံးပန်၌ ဣသရေလလူ မျိုးများကို ဖိနှိပ်ချုပ်ချယ်၍ ညှဉ်းပန်းနှိပ်စက်သောသူများကို မလွဲမ သွေ မည်သို့ဒဏ်ခတ်တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော် သည် သူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်တော်မူလိမ့်မည်ဟူသော နှုတ် ကပတ်တော်ဖြင့် မည်သို့ ကတိပြုတော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့ တွေ့ရကြသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၌ မိမိ လူများကို ချစ်တော်မူခဲ့သောကြောင့် ကိုယ်တော်၏အသေခံတော်မူ ခြင်းအားဖြင့် ဘုရားသခင်သည် ဓမ္မသစ်ကျမ်းခေတ်ကာလတွင်အ သက်ရှင်သူကျွန်ုပ်တို့အားလုံးအပေါ် မိမိမေတ္တာတော်ကို ထင်ရှားစေ တော်မူခဲ့သည်။ ကိုယ်တော်ဖန်ဆင်းတော်မူသောလူသားများသည် မိမိအပြစ်များကြောင့် ဆင်းရဲဒုက္ခရောက်ကြသောအခါ ဘုရားသခင် သည် သူတို့၏ကယ်တင်ရှင်အဖြစ် မိမိကိုယ်ကိုကိုယ် ထင်ရှားတော်မူ ခဲ့သည်။
ဘုရားသခင်သည် အပြစ်ဒုစရိုက်ပြုသူများ ဒဏ်ခတ်တော်မူ ခြင်းမှာ သူတို့ကို မုန်းသောကြောင့်မဟုတ်ဘဲ သူတို့ကိုချစ်တော်မူ၍ ကျိန်ခြင်းမခံစေလိုသောကြောင့် ဖြစ်သည်။ သူတို့သည် ကျိန်ခြင်း အ မင်္ဂလာလမ်း၌ ရှိခဲ့ကြသောကြောင့်  သူတို့ကို ဒဏ်ခတ်ခြင်းမှာ သူ တို့ကို ကယ်တင်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းလမ်း ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်သည် သူတို့ကို နောက်ပြန်လှည့်ရန် ပြန်ခေါ် နိုင်၍ သူတို့၏ကျိန်ခြင်းဒုစရိုက်များမှ ကယ်တင်တော်မူလိမ့််မည်။ ဘု ရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံခဲ့သော လူသား များသည် အပြစ်များမှ နောက်မလှည့်ကြသောကြောင့် ဘုရားသခင် ရွေးချယ်စရာမရှိ သူတို့သည် အမှားများမှ နောက်ကြောင်းပြန်လှည့် ရန် မိမိတောင်ဝှေးကို မြှောက်၍ ပြန်ခေါ်ရခြင်း ဖြစ်သည်။ ဤအရာ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း အမျက်တော်ဖြစ်၍ သူတို့ကို ကောင်းကြီးမင်္ဂလာခံစားသောလမ်းသို့ ပြန်လည်လမ်းပြရန်အတွက် ဖြစ်သည်။
ထိုကြောင့် လွန်ခဲ့သောအချိန်များစွာကတည်းက ကိုယ်တော် သည် မိမိရန်သူဖြင့် လမ်းလွှဲသော လူသားများအား အပြစ်မှ ကယ် တင်တော်မူရန်အတွက် မိန်းမတစ်ဉီးမျိုးဆက်အဖြစ် ဤလောကသို့ ကြွလာတော်မူရန် ကတိပြုတော်မူခဲ့သည်။ ဤကတိတော်နှင့်အညီ ဓမ္မသစ်ကျမ်းခေတ်ကာလတွင် ဘုရားသခင်သည် ငါပုံသဏ္ဌာန်နှင့် တူအောင် ငါဖန်ဆင်းခဲ့သော လူသားများ၏အပြစ်များအားလုံးကို အ မှန်အကန် ထမ်းတော်မူခဲ့၍ ဗတ္တိဇံယောဟန်အားဖြင့် ကိုယ်တိုင် ကိုယ်ကျ ဗတ္တိဇံခံယူတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံအားဖြင့် လောကအပြစ်များအားလုံးကို တစ်ကြိမ်တည်းဆေး ကြောပေးနိုင်တော်မူခဲ့သည်။ သခင်ယေရှုသည် အသေခံတော်မူခြင်း အားဖြင့် လူသားများခံရမည် အပြစ်ဒဏ်များကို ထမ်းခဲ့သည်။ ကိုယ် တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ယခု တွင် ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် မိမိလူများကို အပြစ်များမှ ကယ်တင်တော်မူရန်အတွက် ဤလောက သို့ ကြွလာတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်ဖြေရာယဇ်အဖြစ် ခမည်းတော်ဘုရားသခင်ထံ မိမိကိုယ်ကိုကိုယ် ယဇ်ပူဇော်ခြင်းအား ဖြင့် ဤကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။ ကိုယ်တော် သည် ကတိပြုတော်မူခဲ့သည့်အတိုင်း ယဇ်ပူဇော်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်၏ ယဇ်ပရောဟိတ်အဖြစ် ကိုယ်တော်ပြည့်စုံ စေတော်မူခဲ့သော အပြစ်များဖြေလွှတ်ခြင်းမှာ ဤအရာ  ဖြစ်သည်။ ဤသို့ဖြင့် သခင်ယေရှုသည် လူသားများ၏ကယ်တင်ခြင်းကို ကတိ ပြုတော်မူခဲ့သည်။ ကိုယ်တော်သည် အသက်စတေးခြင်း၊ ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံ၍ လူ သားများ၏အပြစ်အခများအားလုံးကို ပေးဆပ်တော်မူခြင်းအားဖြင့် ဤကတိတော်ကို တိကျစွာ ပြည့်စုံစေတော်မူခဲ့သည်။
သခင်ယေရှုခရစ်တော်ပြုတော်မူခဲ့သော အပြစ်ဖြေရာယဇ် ကြောင့် ဘုရားသခင်သည် သင်နှင့်ကျွန်တော်တို့ကို ယခု ကယ်တင် တော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်း၊ ကားစင်တင် ခံတော်မူခြင်းနှင့် အသေခံတော်မူခြင်းတို့သည် သင်နှင့်ကျွန်တော်တို့ အတွက် ယခု ကိုယ်တော်ဆက်ကပ်တော်မူသော ကောင်းကင်ဆိုင် ရာ အပြစ်ဖြေရာယဇ်များ ဖြစ်ကြသည်။ ထိုကြောင့် ကောင်းကင်ဘုံ ၌ ဘုရားသခင်၏အမြင်မှာ သင်နှင့်ကျွန်တော်တို့၏ကယ်တင်ခြင်းကို ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုတော်မူခဲ့သော အပြစ်ဖြေရာယဇ် အားဖြင့် ပြည့်စုံခဲ့သည်။ ကယ်တင်ခြင်းနှုတ်ကပတ်တော်သည် စစ် မှန်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အ ဖြစ် ပြည့်စုံသည်။ ဤအရာသည် သခင်ယေရှုပြောကြားတော်မူသော သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းနှုတ်ကပတ်တော်အားဖြင့် ကြွလာသော ကျွန်ုပ်တို့အား လုံးအပေါ် ဘုရားသခင်မှုတ်သွင်းသော ကယ်တင်ခြင်းဆိုင်ရာ ရှင်သန် သောအသက် ဖွဲ့စည်းထားသည်။ ကျွန်ုပ်တို့အားလုံးအတွက် သမ္မာ တရားမှာ ဤအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပြင်ဆင် ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်- လောကအပြစ်များအားလုံးမှ ကယ်တင်ခြင်းသတင်းကောင်း ကို နှလုံးသားဖြင့် ကြား၍ ယုံကြည်လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရကြလိမ့်မည်။
 


မိမိအပြစ်များကြောင့် နာကျင်သောနှလုံးသားဖြင့် အသက် ရှင်သူများ


ယနေ့ ခရစ်ယာန်များအကြား၌ပင် သူတို့ကျူးလွန်ခဲ့ကြသော အပြစ်ဒုစရိုက်အားဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောဘဝများဖြင့် အသက်ရှင်သူ များစွာရှိကြသည်။ လူအချို့တို့သည် အခြားမလုပ်နိုင် ဘဲ မလုပ်ချင်သောအရာများကိုသာလုပ်ဆောင်ကြသောကြောင့် ဘု ရားသခင်သည် သူတို့ကို စွန့်ပစ်တော်မူခဲ့သည်ဟု ထင်၍ နာကျင် သောနှလုံးသားဖြင့် အသက်ရှင်နေကြသည်။ သင်သည် အပြစ်ပြုခြင်း အတွက် ကိုယ်တော်သည် မုန်းတော်မူသောကြောင့် သင့်ကို စွန့်ပစ် တော်မူသည်ဟု သင်ယူဆသလော။ သင်သည် မိမိဆန္ဒများကို ဆန့် ကျင်၍ အပြစ်ပြုသောကြောင့် သင်၏ဝိညာဉ်သည်နာကျင်မှုခံရကာ ဆင်းရဲဒုက္ခခံခဲ့သောကြောင့် သင်သည် ဤသို့အသက်ရှင်သည်ဟု ယူ ဆသလော။ လူတစ်ဉီးကျူးလွန်ခဲ့သောအပြစ်များမှ ကူးစက်ခြင်းခံ ရ သောနှလုံးသားဒဏ်ရာများကို ဤလောကတွင် ကုသကျန်းမာစေနိုင် သော ဆေးဝါးတစ်စုံတစ်ခုမျှ မရှိပေ။ ဤနှလုံးသားဒဏ်ရာများသည် ဘယ်တော့မှ မပျောက်နိုင်သည်ကို ဤအရာက ဆိုလိုသလော။ မ ဟုတ်ပေ။ ၎င်းတို့သည် ကျန်းမာနိုင်သေးသည်။
ယခုတွင် သင်ခံစားနေရာသော နှလုံးသားနာကျင်မှုမှာ လျစ်လျူ ရှုခြင်းမှ နာကျင်မှု ဖြစ်သည်။ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော် အားဖြင့် သင်၏အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည် ဟူသော သမ္မာတရားကို သင်မသိသောကြောင့် ဖြစ်သည်။ သင်သည် တစ်ဘဝတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ကို ကြားနာ၍ ယုံကြည်ခဲ့သလော။ ယနေ့ထိတိုင်အောင် မကြားဘဲမ နေနိုင်ပေ။ အပြစ်မှ ကယ်တင်ခြင်းသမ္မာတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ နားလည်သဘောပေါက်နိုင်သော ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ဖြစ်သည်။ ယနေ့ ခရစ်ယာန်လောကတွင် မ ကြားနိုင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားမှ ဤ အရာပင် ဖြစ်သည်။ သင်သည် နှလုံးသားဒဏ်ရာများကျန်းမာလိုလျှင် သင့်ကို ကျန်းမာစေနိုင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ် ကပတ်တော်ကို သင်ယုံကြည်ရမည် ဖြစ်သည်။ ထိုသို့ယုံကြည်ခြင်း အားဖြင့် သင်သည် ဘုရားသခင်၏မျက်မှောက်တော်သို့ တိုးဝင်၍ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနျုတ်ကပတ်တော်ဖြစ်သော ကယ် တင်ခြင်းသမ္မာတရားကို နားထောင်၍ ဤသမ္မာတရားကို နားလည် သဘောပေါက်ရမည် ဖြစ်သည်။ သို့မှသာသ သင်သည် ဒဏ်ရာများမှ ကျန်းမာခြင်းရရှိနိုင်မည် ဖြစ်သည်။
သင်သည် ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို နှလုံးသားထဲသို့ မလက်ခံလျှင် သင်သည်အခြား လုပ်ဆောင်စရာမရှိဘဲ နှလုံးသားဒဏ်ရာဖြင့် ဆက်လက်အသက်ရှင် ၍ အပြစ်များကြောင့် ဆင်းရဲဒုက္ခခံရမည် ဖြစ်သည်။ ထိုနောက်သင် သည် ကိုယ်တော်ပေးအပ်တော်မူသော အပြစ်များဖြေလွှတ်ခြင်း ကောင်းကြီးမင်္ဂလာကို ခံစားရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဤလောက၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း တစ်စုံတစ်ခုမျှ ခံစား နိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ်တော်၌ ဝမ်းမြောက်ခြင်းလည်း ရရှိ လိမ့်မည် မဟုတ်ပေ။ ရွေးနှုတ်ခြင်းခံခဲ့ပြီးသောသူများကဲ့သို့ ဝမ်း မြောက်စွာ အသက်ရှင်ရဣ် မဖြစ်နိုင်ပေ။ လူသားအားလံဒးသည် ဘု ရားသခင်၏ပုံဏ္ထာန်တော်နှင့်ဖန်ဆင်းထားသောကြောင့် အလွန်တန် ဖိုးရှိကြသည်။ ဘုရားသခင်၏အမြင်မှာ လူသားများထက် တန်ဖိုးရှိ သောအရာတစ်စုံတစ်ခုမျှ မရှိတော့ပေ။ ကျွန်ုပ်တို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းအားဖြင့် လူသားများအပေါ် ကိုယ်တော်ချ ပေးတော်မူခဲ့သော အပြစ်များဖြေလွှတ်ခြင်းကို သူတို့သည် မယုံ ကြည်ကြလျှင် သူတို့သည် ကိုယ်တော်၏လူများဖြစ်လာရန် ကောင်း ချီးမင်္ဂလာကို ငြင်းပယ်၍ အပြစ်အတွက် သူတို့၏တရားစီရင်ခြင်းမှာ ပို၍ တိုးလာလိမ့််မည်။ သင်သည် ချမ်းသာလျှင် အလွန်ကောင်းသည်။ သို့သော် သင်သည် အပြစ်မှ ဖြေလွှတ်ခြင်းခံရ၍ ဒုတိယမွေးဖွားခြင်း ခံရသောသူများကဲ့သို့ ဝမ်းမြောက်စွာ အသက်ရှင်ရန် ချမ်းသာကြွယ် ဝခြင်းက လုပ်ဆောင်ပေးမည်လော။ တန်ခိုးပိုင်ဆိုင်ခြင်းမှာ အလွန် ကောင်းသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်၍ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူများကဲ့သို့ သင်သည် ဝမ်းမြောက်စွာ အသက်ရှင်နိုင်လိမ့်မည်ဟု ယူဆသလော။
ကျွန်တော် ကလေးဘဝက တရုတ်သီချင်းတစ်ပုဒ်နားထောင် လေ့ရှိခဲ့သည်။ ထိုအချိန်တွင် ကိုးရီးယားနိုင်ငံ၌ ဟောင်ကောင်သီချင်း များခေတ်စားခဲ့ကြသည်။ သီချင်းခေါင်းစဉ်မှာ “စူးဇနား”ဖြစ်သည်။ စာသားများမှာ အောက်ပါအတိုင်း ဖြစ်သည်။ “အနောက်တောင်ကုန်း ကျော်၍ နေဝင်ချိန် နေ့တွေကုန်သွားတယ်။ သစ်ရွက်များ ခြောက် သွေ့သလား။ မိုးရာသီကသာ နက်ရှိုင်းတယ်” ဤသီချင်းကို ကင်ဆာ ရောဂါခံစားနေရသော စူဇနားမိန်းကလေးတစ်ဉီး ဆိုထား၍ သူမ သည် ဆောင်းရာ သစ်ရွက်များနောက်ဆုံးကြွေကျသောအခါ သေဆုံး လိမ့်မည်။ အနည်းငယ်သာကျန်သေးသောသစ်ရွက်များသည် မည် သည့်အချိန်မဆို ကြွေကျနိုင်သည်။ ဤသစ်ရွက်များစိုးရိမ်ခြင်းမှာ က လေးမ၏စိုးရိမ်ခြင်းနှင့်တူသည်။ ဤသီချင်းကို ကိုးရီးယားဘာသာစ ကားဖြင့် ဘာသာပြန်ဆိုထား၍ ကိုးရီးယားအဆိုတော်တစ်ဉီးက သီ ဆိုခဲ့သည်။ ဤသီချင်းမှာ ဝမ်းနည်းစရာသီချင်း ဖြစ်သည်။ “သစ်ရွက် များ ကြွေကြနေကြတယ်။ ဘဝမှာ အဓိပ္ပါယ်မရှိသောခရီး ဖြစ်တယ်။” ကျွန်တော်ပြန်စဉ်းစားကြည့်သောအခါ ဤသီချင်းသီဆိုသူမှာ အလွန် ကြွယ်ဝ ချမ်းသာခဲ့သည်။ သူမသည် မိမိလက်ဖျားတွင် ကမ္ဘာ့ကြွယ်ဝ ချမ်းသာမှု အားလုံး ကိုင်တွယ်သော်လည်း သူ၏ရောဂါသည် သူမ အား ဆောင်းရာသီ သစ်ရွက်များကဲ့သို့ အန္တရာယ်နှင့်တူသည်။ နောက် ဆုံးသစ်ရွက်သည် သစ်ပင်ပေါ်မှ ကြွေကျသောအခါ သူမအသက် သည်လည်း ကုန်ဆုံးသည်။ထိုအရာမှာ ဘဝ၏အချည်းနှိးအကြောင်း သီဆိုထားသောသီချင်းတစ်ပုဒ် ဖြစ်သည်။ 
ဤသို့ဖြင့် လူတစ်ဉီးသည် အပြစ်များဖြင့် အသက်ရှင်ခြင်းမှာ ဒဏ်ရာရသောနှလုံးဖြင့် အံသွားခဲကြိတ်လျက်အသက်ရှင်၍ သေခြင်း ကိုသာ စောင့်နေခြင်း ဖြစ်သည်။ ဤလောကတွင်ရှိသော အပြစ်သား အားလုံးသည် အပြစ်တရားကြောင့် ဒဏ်ရာရှိသောနှလုံးသားနာကျင် မှုဖြင့် အသက်ရှင်နေကြသည်။ နှလုံးသားများ၌ အပြစ်ရှိသောသူများ သည် ဝမ်းမြောက်စွာ အသက်ရှင်ရန်မည်သို့ပင် ကြိုးစားအားထုတ်နေ စေကာမူ လုံးဝမရနိုင်ပေ။ ဤသို့သောပုဂ္ဂိုလ်များသည် အပြစ်များ၏ ဒဏ်ရာများကြောင့် ညှဉ်းဆဲခြင်းနှင့်နာကျင်မှု၏လွှမ်းမိုးခြင်းခံရသ ဖြင့် နောက်ဆုံးတါင် သေခြင်းသို့သာ ရောက်ကြသည်။
သမ္မာကျမ်းစာက “အပြစ်၏အခကားသေခြင်းပေတည်း”(ရော မ ၆း၂၃)ဟု ပြောထားသည့်အတိုင်း အပြစ်ကျူးလွန်သောနှလုံးသား များသည် သူတို့အပြစ်များကြောင့် သေရကြမည် ဖြစ်သည်။ သို့သော် ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့်အရာမှာ သခင်ယေ ရှုခရစ်တော်သည် သင်၏ကျွန်တော်တို့၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူရန် ယောဒန်မြစ်သို့ ကြွလာတော်မူသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခြင်း ဖြစ်သည်။ သခင်ယေရှု သည် ဤလောကအပြစ်များအားလုံးကို မိမိကိုယ်ပေါ်သို့ ထမ်းတော် မူခဲ့ပြီးနောက် သင်နှင့်ကျွန်ုပ်တို့နေရာတွင် အပြစ်များအတွက် အသေ ခံတော်မူပြီး သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ် တို့၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ ယနေ့၊ နာကျင်သောနှလုံးသား ဖြင့် အပြစ်များအတွက် ငိုကြွေးနေကြသော သင်တို့အားလုံးနှင့်အတူ ဘုရားသခင်သည် အသက်ရှင်လျှောက်လှမ်းရန် အလိုရှိတော်မူသည်။ ဤသခင်မှာ အခြားသူမဟုတ်ဘဲ ဗတ္တိဇံခံယူတော်မူခြင်း၊ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန် ထမြောက်တော်မူခြင်းအားဖြင့် သင်၏အပြစ်များကို ယူဆောင်သွား တော်မူခဲ့သော သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။
သခင်ယေရှုခရစ်တော်သည် ယခုတွင် နာကျင်၍ ဒုက္ခရောက်နေ ကြသောသူများအားလုံးအားလုံး၏ကယ်တင်ရှင် ဖြစ်လာရန် အလိုရှိ တော်မူသည်။ ကိုယ်တော်သည် သင်၏မိတ်ဆွေဖြစ်လိုတော်မူ၍ သင် နှင့်အတူ လျှောက်ရန် အလိုတော်ရှိသည်။ ကိုယ်တော်သည် သင့်အား “သင်သည် အပြစ်များကြောင့် ဒဏ်ရာရ၍ နာကျင်မှုခံစားနေသ လော။ သင်၏အပြစ်များအားလုံးယူဆောင်သါားရန် ငါသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့သည်။ ဗတ္တိဇံယောဟန်ထံမှ ငါခံယူခဲ့ သော ဗတ်တိဇံအားဖြင့် သင်၏အပြစ်များအားလုံးကို တစ်ကြိမ် တည်းယူဆောင်သွားခဲ့သည်။ သင်သည် ငါခံယူခဲ့သော ဗတ္တိဇံကို လျစ်လျူရှုသလော။  ဗတ္တိဇံယောဟန်ထံမှ ငါခံယူခဲ့သော ဗတ္တိဇံ၏ အ နက်အဓိပ္ပါယ်ကို သင်အမှန်အကန် နားလည်သဘောပေါက်ရန် ငါအ လိုရှိသည်။ ငါသည် ဗတ္တိဇံခံယူခြင်းအားဖြင့် သင်၏အပြစ်များကို ယူ ဆောင်ခဲ့သည့်အချက် သင်လျစ်လျူရှုရန် ငါအလိုမရှိပေ။ သင်သည် ဤလောကတွင် အသက်ရှင်နေစဉ် အပြစ်များကြောင့် ဝမ်းနည်းမှုနှင့် မျက်ရည်အပြည့်အဝခံစားရသည်ကို ငါသိသဖြင့် ငါသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ်များအားလုံး ကို လက်ခံ၍ တာဝန်ယူခဲ့သည်။ ထိုကြောင့် သင်သည် သင့်ကို အပြစ် များအားလုံးမှ ကယ်တင်ခဲ့သည်ဟု ငါ၏ဖြောင့်မတ်ခြင်းအမှုကို သင် သည် ဘာကြောင့် စိတ်နှလုံးအကြွင်းမဲ့ မယုံကြည်သနည်း။ သင်သည် ဘာကြောင့် ငါ့ကိုကယ်တင်ရှင်အဖြစ် မလက်ခံသနည်း”ဟု ပြော ကြားတော်မူသည်။ 
လူတိုင်းသည် ဘဝ၏အခြေခံသဘောတရား လေးရပ်ကို ကြုံ တွေ့ရကြသည်။ ၎င်းတို့မှာ မွေးခြင်း၊ အိုခြင်း၊ နာခြင်းနှင့်သေခြင်းတို့ ဖြစ်ကြသည်။ လူသားအားလုံးသည် တကြိမ်မွေးဖွားပြီး အသက်ကြီး လာ၍ ဖျားကာ အမှန်အကန် သေရကြသည်။ ဤအရာသည် လူသား များ၏ ကံကြမ္မာ ဖြစ်သည်။ ကလေးအားလုံးနီးပါး လျှင်မြန်စွာ အ ရွယ်ရောက်ချင်ကြသော်လည်း လူသားများသည် အသက် ၃၀ နှစ် ရောက်သောအခါ အချိန်သည် မော်တော်ကားအရှိန်အဝါဖြင့် မောင်း နှင်နေသကဲ့သို့ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ လူတစ်ဉီးသည် အ သက်ကြီးလာသည့်နှင့်အမျှ အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသည်။ ကျွန်ုပ်တို့သည် အသက် ၃၀သာ ရောက်လာသောအခါ မော်တော် ကား တစ်နာရီလျှင် ကီလိုမီတာ ၃၀ မောင်းနှင်နေသကဲ့သို့ ဖြစ်သော် လည်း အသက် ၄၀ ရောက်သောအခါ ကီလိုမီတာ ၄၀ မောင်းနှင်နေ သကဲ့သို့ ဖြစ်သည်။ အသက် ၅၀၊ ၆၀၊ ၇၀ ရောက်လာသောအခါ ကန့် သတ်ထားသောအရှိထက်ပိုမောင်းကဲ့သို့  တစ်နာရီလျှင်ကီလိုမီတာ ၈၀၊၉၀ မောင်းနှင်သကဲ့သို့လျှင်မြန်သည်ကို ကျွန်ုပ်တို့တွေ့ရကြ သည်။ ကျွန်ုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ အချိန်သည် လည်း တဟုန်ထိုး ကုန်ဆုံးသွားခဲ့ရသည်။
ဤသို့ဖြင့် လူသားများတည်ရှိခြင်းမှာ မီးခိုငွေ့ပမာ ဖြစသ်ည်။ ဘဝသည် အဓိပ္ပါယ်မရှိပေ။ ထိုကြောင့် သခင်ယေရှုသည် အပြစ်သား များကို ကယ်တင်တော်မူရန် ဤလောကသို့ ကြွလာတော်မူခဲ့သည်ကို သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိ ဇံနှင့်အသွေးတော်အားဖြင့် သင်၏ဒုစရိုက်အပြစ်များအားလုံးကို တာ ဝန်ယူတော်မူခဲ့သည်ဟု သင်ယုံကြည်ရခြင်း ဖြစ်သည်။ ထိုနောက် သင်သည် အပြစ်များအားလုံးမှ လွှတ်မြောက်၍ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းနိုင်လိမ့်မည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ် ကပတ်တော် ယုံကြည်သူသင်တို့အားလုံးသည် ဘုရားသခင်၏အ သင်းတော်က ကိုယ်တော်နှင့်အတူ ထာဝရအသက်ရှင်ရန် ကောင်းချီး မင်္ဂလာများချပေးခဲ့သောကြောင့် ကျေးဇူးတင်ကြသည်။
 


နုံချာသောဘဝများအားလုံး၏စစ်မှန်သောကယ်တင်ရှင် မှာ သခင်ယေရှု ဖြစ်တော်မူသည်


ကျွန်ုပ်တို့၏မပျော်ရွှင်နိုင်သောဘဝများသည် မြော်လင့်ချက် ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ အား မိမိပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြုစုစောင့်ရှောက်တော်မူ၍ အပြစ် များအားလုံးမှ ကယ်တင်ကာ ထာဝရအသက် ပေးအပ်တော်မူသည်။  ထိုနောက် ဘုရားသခင်သည် ဤကယ်တင်ခြင်းအမှုကို အောင်မြင်စွာ လုပ်ဆောင်တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဤလုပ်ဆောင် ချက်ဖြင့်  မိမိလူများ၏အပြစ်များအားလုံးကို ဖယ်ရှားနိုင်၍ သူတို့အား မိမိကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်စေတော်မူခဲ့သည်။ ဤအရာ သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအကြံအစည် တော် ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏နှလုံး သားအကြွင်းမဲ့မေတ္တာတော် ဖြစ်သည်။ ထိုကြောင့် ယနေ့ ကျမ်းချက် တွင် ကျွန်ုပ်တို့တွေ့ရကြသည့်အတိုင်း ယေဇကျေလသည် ဘုရားသ ခင်မိန့်တော်မူခဲ့သည့်အတိုင်း ပရောဖက်ပြုခဲ့၍ ခြောက်သွေ့သောအ ရိုးများထဲသို့ အသက်မှုတ်သွင်းခဲ့သောအခါ သူတို့သည် အတူတကွစုံ ရုံးခဲ့ကြ၍ သူတို့အပေါ် သွေးကြောများနှင့်ကြွက်သားများ ပေါ်ထွက် လာခဲ့ကာ သူတို့သည် ကြီးမားသောစစ်တပ်ကြီးအဖြစ် မတ်သပ်ရပ် အသက်ရှင်ခဲ့ကြသည်။ ဘုရားသခင်သည် လူသားကို မြေမှုန့်ဖြင့် ဖန် ဆင်းတော်မူခဲ့၍ နှခေါင်းထဲသို့ ဇီဝအသက်မှုတ်သွင်းတော်မူခဲ့သော အခါ လူသားများ မည်သို့အသက်ရှင်သည်ကို ဤအရာက ဖော်ပြထား သည်။ သွေးကြောကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအား လုံးကို ဖယ်ရှားပေးတော်မူခြင်းအားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူ ကျွန်ုပ်တို့အား တဖန်အသက်ရှင်စေတော်မူ၍ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးအပ်တော်မူခဲ့သည်ဟု ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်ကြားတော်မူသည်။
ကျွန်ုပ်တို့သည် ဤလောကမှ မွေးဖွားသည့်နေ့မှစ၍ ကျွန်ုပ်တို့ ဘိုးဘေးများမှ အမွေဆက်ခံခဲ့ကြသော အပြစ်များကြောင့် ကျွန်ုပ်တို့ သည် ဝိညာဉ်ရေးရာ၌ သေခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဤလောက၌ မွေးဖွားသည့်အချိန်မှစ၍ ကျွန်ုပ်တို့ဘဝများသည် အပြစ်များကြောင့် ဘုရားသခင်နှင့်ဝေးကွာခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသ ခင်နှင့်အဆက်အသွယ်ပြတ်၍ ကျိန်ခြင်းအမင်္ဂလာအောက်၌ အသက် ရှင်ခြင်း ပန်းတိုင်သို့ မလွဲမသွေး ရှေ့ရှုခြင်းဖြင့် မွေးဖွားလာခဲ့ကြ သည်။ လူသားများအားလုံးသည် သဘာဝအားဖြင့် အပြစ်သားများအ ဖြစ် မွေးဖွားခဲ့ကြသောကြောင့် သူတို့အားလုံးသည် ဘဝတစ်လျှောက် အပြစ်သားများအဖြစ်  အသက်ရှင်ရန် ဉီးတည်နေကြ၍ သူတို့၏ဘဝ များနိဂုံးတွင် အပြစ်များအတွက် တရားစီရင်ခြင်းခံရကြ၍ အပြစ်သား များအားလုံးသွားရမည့် နေရာသို့ သွားရကြမည် ဖြစ်သည်။ ဤသို့ဖြင့် လူတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပုန်ကန်သောနှလုံးသား ဖြင့် မွေးဖွားလာခဲ့၍ အပြစ်ကျူးလွန်ခဲ့ကြသောကြောင့် သင်နှင့်ကျွန် တော်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ကို နှလုံးသားဖြင့် ယုံကြည်မှသာလျှင် ကယ်တင်ခြင်းခံရနိုင်ကြသည်။ အကြောင်းမှာ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များအား လုံးကို တစ်ကြိမ်တည်း ဖယ်ရှားပေးတော်မူခဲ့သည်။ သို့မဟုတ်လျှင် ဤသတင်းကောင်းမယုံကြည်သူသများသည် သူတို့၏ဒုစရိုက်အပြစ် များ၏အဖိုးအခများအဖြစ် အပြစ်များကြောင့် တရားစီရင်ခြင်းခံထိုက် ကြသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ လူသားများသည် ဤလောက၌ ဘုရားသခင်၏ဆန့်ကျင်ရန် ပုန်ကန်သောနှလုံးသားဖြင့် မွေးဖွားခဲ့ကြ သောကြောင့် သူတို့သည် ကိုယ်တော်ကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ် သည်။ ဤအကြောင်းကြောင့် လူမျိုးနွယ်စုအားလုံးသည် သန့်ရှင်း သော၊ ဖြောင့်မတ်သော၊ ဂရုဏာနှင့်ပြည့်စုံတော်မူသော ဘုရားသခင် ကို အကြောင်းမဲ့သက်သက် ဆန့်ကျင်နေရခြင်း ဖြစ်သည်။ လူသား များသည် ဘုရားသခင်ကို ဒရွတ်တိုက် ဤသို့ဖြင့် ဆန့်ကျင်နေခဲ့ကြ သော်လည်း ဘုရားသခင်သည် သူတို့ကို ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြင့် ရှာဖွေတော်မူခဲ့၍ ကိုယ်တော်သည် သူတို့ထံ “ငါမင်းတို့ ကို မဖန်ဆင်းမီ နှစ်ပေါင်းများစွာ အချိန်ကတည်းက ငါသည် သင်တို့ နှင့်အတူ ထာဝရအသက်ရှင်နိုင်မည့်အကြောင်း ကယ်တင်ခြင်းအကြံ အစည်ရှိခဲ့သည်”ဟု မိန့်ကြားတော်မူသည်။
 

ဘုရားသခင်ထံ များစွာသောလူများမေးသောမေခွန်းများ

လူအချို့တို့က “ဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို ဖန်ဆင်း တော်မူခဲ့သောအခါ စာတန်သည် သူတို့ကို လှည့်စားမည့်အကြောင်း ကို ကိုယ်တော်သိတော်မမူခဲ့ဘူးလား”ဟု မေးကြသည်။ ဤသို့သော မေးခွန်းအပေါ် ဘုရားသခင်သည် အောက်ပါအတိုင်း ဖြေကြားတော် မူလိမ့်မည်။ “အာဒံနှင့်ဧဝတို့ကို သွေးဆောင်ခဲ့သော မာရ်တန်လာ ခြင်း၊ ၎င်း၏လှည့်ဖြားခြင်း၌ ကျဆင်းခြင်းနှင့် လူသားများခံစားရ သောနာကျင်ခြင်းအားလုံးသည် ငါစီမံချက်အောက်၌ ငါ့ခွင့်ပြုချက် ဖြစ်တယ်။ လူသားများသည် ငါ၏လူများနှင့်သားသမီးများအဖြစ် ငါ ဖန်ဆင်းခဲ့သောကြောင့် ဤအရာများကို သူတို့သည် တွေ့ကြုံရကြ လိမ့်မည်။ ဤရည်ရွယ်ချက်ပြည့်စုံစေရန်အတွက် ငါသည် ဤလော ကသို့ လူသားတစ်ဉီးအဖြစ် ကြွလာ၍ အာဒံနှင့်ဧဝတို့၏အပြစ်များ၊ နှင့် သူတို့သားသမီးများ၏အပြစ်များအားလုံးကို ဖတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် တစ်ကြိမ်တည်းဖယ်ရှားပေး လိမ့်မည်။ ဤအရာအားလုံးသည် သင့်အတွက် ငါပြင်ဆင်ခဲ့ပြီးသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်၌ ပါဝင်တယ်။ ငါသည် အရာအားလုံးကို ပြည့်စုံစေခဲ့သောကြောင့် သင်သည် ဤ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ငါ၏သားသမီးများဖြစ်လာနိုင် တယ်။ ဤအရာသည် သင်တို့အားလုံးနားလည်သဘောပေါက်ရကြ မည့်အရာ ဖြစ်တယ်။”
ဘုရားသခင်သည် အခြေအနေမဲ့ လူသားများအားလုံးကို မိမိ သားသမီးဖြစ်စေတော်မူလျှင် ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော အ ခြားအရာများအားလုံးသည် ဆန္ဒပြခဲ့ကြလိမ့်မည်။ လူသားများနှင့်လူ သားမဟုတ်သောသူများ၊ ဖန်ဆင်းခံအားလုံးတို့သည် ဘုရားသခင်ဖန် ဆင်းတော်မူခဲ့သောသူများ ဖြစ်ကြသည်။ ထိုကြောင့် ဘုရားသခင် သည် လူသားများအပေါ် အထူးအခွင့်အရေးကိုပေးဆပ်တော်မူလျှင် ကိုယ်တော်သည် ဖန်ဆင်းသောအရာအားလုံးကို တန်းတူညီမျှ ဆက် ဆံတော်မူလိမ့်မည် မဟုတ်ပေ။ ထိုနောက် ဘုရားသခင်သည် မိမိ ဖန် ဆင်းထားသောအရာများကို စွန့်ပစ်ရာရောက်လိမ့်မည်။ ဘုရားသခင် သည် လူသားများအား ဤသို့ဖြင့် အခြေအနေမဲ့၊ သီးသန့် အထူး ဆက် ဆံတော်မူလျှင် အခြားဖန်ဆင်းခံများသည် ကိုယ်တော်ကို မတရား သောဘုရားအဖြစ် ဆန္ဒပြကြလိမ့်မည်။ ထိုကြောင့် လူသားများသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံခဲ့ကြသော ကြောင့် ဘုရားသခင်သည် သူတို့အား မိမိလူများဖြစ်စေတော်မူရန် ကြီးမားသောကယ်တင်ခြင်းအစီအစဉ်တစ်ခုကို တည်ထောင်တော်မူ ၍ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော် ယုံကြည်သူများအပေါ် ကယ်တင်ခြင်းပေးအပ်တော်မူလိမ့်မည် ဟု မိန့်တော်မူခဲ့သည်။
ဤအကြောင်းကြောင့် ကျဆင်းသောကောင်းကင်တမန်သည် လူသားများကို လှည့်စား၍ ကိုယ်တော့်ကို ဆန့်ကျင်လိမ့်မည်ဟု ကိုယ်တော်သိတော်မူသောကြောင့် ဘုရားသခင်သည် လူသားများ အား အပြစ်များမှ ကယ်တင်တော်မူရန် သားတော်သခင်ယေရှုကို ပြင် ဆင်ပေးတော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် သခင်ယေရှုခ ရစ်တော်အားဖြင့် လူသားများအားအပြစ်ပြုရန် ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်သည်။ ဤသို့အပြစ်သားများ၏ဒုစရိုက်အပြစ်များအားလုံးကို ဖယ် ရှားတော်မူရန်နှင့် ယုံကြည်သူများကို မိမိလူများဖြစ်စေတော်မူရန်အ တွက် ဤအမှုကို ပြုတော်မူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဤ အမှုကို ပြုတော်မူရန် လူသားအားလုံး၏အပြစ်များထမ်းတော်မူ၍ ပြစ်ကြွေးများပေးဆပ်တော်မူခဲ့သည်။ ထိုကြောင့် ခမည်းတော်ဘုရား သခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူခြင်းအား ဖြင့် အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူလိမ့်မည်ဟု မိန့်တော် မူခဲ့ခြင်း ဖြစ်သည်။
လူသားများသည် အပြစ်၌ ကျဆင်းခဲ့ကြသောအခါ သခင်ယေရှု သည် လူသားတစ်ဉီးအဖြစ် ကြွလာတော်မူ၍ ရေနှင့်ဝိညာည်တော် ကယ်တင်ခြင်းသမ္မာတရားအားဖြင့် သူတို့ကို အပြစ်များအားလုံးမှ ကယ်တင်တော်မူလိမ့်မည်ဟု ဘုရားသခင်သည် နှုတ်ကပတ်တော် အားဖြင့် ကတိပေးတော်မူခဲ့သည်။ သခင်ယေရှုသည် လူသားများအ ပေါ် ဘုရားသခင်ကတိပေးတော်မူခဲ့သာ ပဋိညာဉ်နှုတ်ကပတ်တော် အားလုံးကို ပြည့်စုံစေတော်မူရန်အတွက် ကိုဘ်တော်သည် အပျိုက ညာမာရိ၏ဝမ်းဗိုက်ဖြင့် လူသားတစ်ဉီးအဖြစ် ဤလောကသို့ လူ့ဇာ တိကို ခံယူတော်မူ၍ အသက် ၃၀ နှစ်ရှိသောအခါ ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအား လုံးကို လက်ခံတော်မူ၍ ဆေးကြောပေးတော်မူခဲ့သည်။ ဤသမ္မာတ ရားကို ယုံကြည်၍ အပြစ်များအားလုံးမှ ဆေးကြောခြင်းခံလိုသူများ အားလုံးအတွက် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံသည် သူတို့ ၏အပြစ်များအားလုံး ဆေးကြောရန် လုံလောက်သည်။  ကိုယ်တော် သည် ကယ်တင်ခြင်းအမှုကို ပြည့်စုံစွာ ထမ်းဆောင်တော်မူခဲ့သော ကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို လက်ခံသူအားလုံးသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ၍ ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့ကြသည်။ သခင်ယေရှုကိုယ် တော်တိုင် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းအမှုမှာ ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်၌ အကုန်အစင် ရေး ထားခဲ့သည်။
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ ၏အပြစ်များကို ထမ်းတော်မူခဲ့၍ ၎င်းတို့ကို ကားတိုင်သို့ သယ်တော် မူခဲ့သောကြောင့်၊ နှင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူ၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့ သောကြောင့် ကိုယ်တော်သည် ဤကယ်တင်ခြင်းအမှုကို ယုံကြည်သူ အားလုံးအပေါ် သူတို့သည် မည်သို့ပင် အပြစ်များစွာ ကျူးလွန်စေကာ မူ ကိုယ်တော်သည် သူတို့အား ကယ်တင်ခြင်းသို့ရောက်စေတော်မူ သည်။ ဤသမ္မာတရားသည် လူသားများအားလုံးအတွက် ဘုရားသ ခင်တည်ထောင်တော်မူခဲ့သော ကယ်တင်ခြင်း စီမံချက် ဖြစ်သည်။ သင်သည် မိမိမနှစ်သက်၊ မမြတ်နိုးသောကြောင့် ဘုရားသခင်ပြင် ဆင်ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းစီမံချက် ကို ယုံကြည်ရန် ငြင်းဆိုလျှင် သင့်အပေါ်သို့ အဘယ်အရာ ဖြစ်ပျက် လိမ့်မည်နည်း။ ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်၍ ကိုယ်တော်၏ သားသမီးများဖြစ်စေတော်မူရန် အလိုတော်ရှိသဖြင့် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ပြည့်စုံစေတော်မူခြင်း ဖြစ် သည်။ ယခုတွင် ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို နှလုံးသား များဖြင့် ယုံကြည်၍ အပြစ်များဖြေလွှတ်ခြင်းခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်းမရှိ ကြလျှင် နှလုံးသားများ၏အခြေအနေမှာ အဘယ်သို့  ဖြစ်လိမ့်မည် နည်း။ ကျွန်ုပ်တို့သည် အပြစ်သားများသာ ဖြစ်ကြလိမ့်မည်။
ထိုနောက် သင်သည် အောက်ပါတိုင်း မေးနိုင်သည်။ “ဘုရားသ ခင်သည် အဘယ်ကြောင့် အစအဉီး၌ အပြစ်ကင်းစင်သောကမ္ဘာကို  ဖန်ဆင်းတော်မမူခဲ့သလဲ။” ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာ အားလုံးအပေါ် မှန်ကန်သောလွှတ်လပ်စွာ ရွေးချယ်မှုကို ပေးအပ်လို ၍ ၎င်းကို လေးစားရန် အလိုတော်ရှိတော်မူသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မိမိဖန်ဆင်းတော်မူခဲ့သောအရာများအပေါ် လွှတ် လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးအပ်တော်မူခဲ့ပြီးနောက် ကိုယ်တော်သည် သူတို့ထံမှ ပြန်လည် ရုပ်သိမ်းရန် အလိုတော်မရှိခဲ့ပေ။ သခင်ယေရှု သည် ခမည်းတော်ဘုရားသခင်၏အလိုတော်ကို နာခံရန် ဤလောက သို့ ကြွဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များမှ လူသားများ ကို ဆေးကြော၍ ကယ်တင်တော်မူရန်လည်း အလိုတော်ရှိခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား “စာတန်သည် သင်တို့ကို ဤလော ကအပြစ်အားဖြင့် ငါနှင့် အဆက်အသွယ်ပျက်စေခဲ့တယ်။ သို့သော် ငါ မင်းတို့ကို သူ၊ လောကအပြစ်များနှင့် တရားစီရင်ခြင်းများမှ ကယ် တင်လမ့်မည်”ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် အ ချိန်တန်လာသောအခါ ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းကတိ တော်ပြည့်စုံစေရန်အတွက် ဤလောကသို့ အပျိုကညာ၏ဝမ်းဖြင့် လူသားတစ်ဉီးအဖြစ် လူ့ဇာတိကို ခံယူတော်မူခဲ့၍ အသက် ၃၀နှစ် ရောက်သောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ကိုယ်တော် ဤလောက၌ မွေးဖွားသောလူသားအားလုံးကျူးလွန် ခဲ့သောအပြစ်များအားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူ ခဲ့သည်။
ထိုနောက် သခင်ယေရှုခရစ်တော်သည် ဤလောကအပြစ်များ အားလုံးကို ကားတိုင်သို့ ထမ်းတော်မ၍ အသွေးတော်သွန်းလောင်း ကာအသေခံတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံး အတွက် တရားစီရင်ခြင်း ခံတော်မူခဲ့သည်။ သခင်ယေရှုသည် လော ကအပြစ်များကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် “အမှုပြီးပြီ”ဟု မိန့်တော် မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူခဲ့သည်။ ဤသမ္မာတရားကို ယုံကြည်သူကျွန်ုပ်တို့အပေါ် ဘဝ သစ်ကို မှုတ်သွင်းတော်မူရန်အတွက် ကိုယ်တော်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးအပ်တော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤလောကအပြစ်များမှ ကယ် တင်တော်မူခဲ့သည်ဟူသောအချက်မှာ ကိုယ်တော်သည် ဤလောက သို့ ကြွလာတော်မူခဲ့သောအခါ ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို နှလုံးသားများ၌ လက်ခံသူအားလံဒးအတွက် ဝမ်းမြောက်ဖွယ်ရာအကောင်းဆုံးသ တင်းကောင်း ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်က ပတ်တော်သည် ဤလောက၌ ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များ အားလုံးမှ ကျွန်ုပ်တို့ကို လွှတ်မြောက်စေသည်။ သခင်ယေရှုသည် ဤ သတင်းကောင်း ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ကို ကယ်တင်ခြင်းဆုကျေးဇူးအဖြစ် ပေးအပ်တော်မူခဲ့သည်။ ဘုရား သခင်သည် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းလက်ခံသောသူများအားလုံးအပေါ် သန့် ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးအပ်ရန် အလိုရှိတော်မူ သည်။ ကိုယ်တော်သည် သူတို့အား မိမိမျက်မှောက်တော်၌ အသက် ရှင်ရန် အလိုရှိတော်မူသည်။ ဤအရာသည် ကျွန်ုပ်တို့အတွက် ဘုရား သခင်ထူထောင်တော်မူခဲ့သော ကယ်တင်ခြင်းအကြံအစည် ဖြစ် သည်။ ထိုအရာသည် သခင်ယေရှုခရစ်တော်ဤသို့သို့ ကြွဆင်းတော် မူခဲ့သောအခါ ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းစုံလင်မှု ဖြစ် သည်။ သုံးပါးတစ်ဆူသည် သခင်ယေရှုအားဖြင့် ဤကယ်တင်ခြင်း အ စီအစဉ်ကို ပြုတော်မူ၍ ပြည့်စုံစေတော်မူခဲ့သည်။
ယခုတွင် သင်သည် ယုံကြည်ခြင်းအားဖြင့် လူသားကျွန်ုပ်တို့အ တွက် ဘုရားသခင်၏မေတ္တာတော်ကို လက်ခံလိမ့်မည်လော။ ယခု တွင် ကိုယ်တော်သည် သခင်ယေရှု၌ ပြုတော်မူခဲ့သော ဘုရားသခင် ၏ဖန်ဆင်းခြင်းအကြံအစည်ကို နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူ ကျွန်ုပ်တို့ထဲသို့ ဝိညာဉ်တော်၏ဇီဝအသက်ကို မှုတ်သွင်းတော်မူခဲ့ သောအခါ ကျွန်ုပ်တို့အားလုံးသည် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရကြခြင်း ဖြစ်သည်။
 


သခင်ယေရှုသည် အပြစ်များကြောင့် မြော်လင့်ချက်မဲ့နေ သောသူများအပေါ် စစ်မှန်သောမြော်လင့်ခြင်းကို ပေးအပ်တော်မူခဲ့သည်


သခင်ယေရှုသည် အပြစ်များအားလုံးအတွက် ကယ်တင်ခြင်း မြော်လင့်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် မြော်လင့် ချက်မဲ့နေသောသူများပေါ် စစ်မှန်သောမြော်လင့်ချက်ကို ပေးအပ် တော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များကြောင့် အပ္ပါယ်ငရဲသို့ ဉီး တည်နေကြသောသူအားလုံးအပေါ် စစ်မှန်သောကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များမှ ညှဉ်းပန်းနှိပ်စက်ခြင်းခံသူများအားလုံးအပေါ် အပြစ်များ ဖြေလွှတ်ခြင်းသတင်းကောင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ မာရ်နတ်၏ ကျေးကျွန် ကိုခံသောသူများအပေါ် ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ် လာရန် ယုံကြည်ခြင်းအခွင့်အရေးကို ပေးအပ်တော်မူခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သောအခါ ကိုယ်တော်သည် 
“အမှုပြီးပြီ”ဟု မိန့်တော်မူခဲ့၍ ကိုယ်တော်သည် ၎င်းတို့ကို ဖယ်ရှား ပေးတော်မူခဲ့သည်။
သခင်ယေရှုသည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် ပြောကြားတော် မူသောစကားအားဖြင့် ကိုယ်တော်သည် လူသားများအား အပြစ်များ အားလုံးမှ ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။ လူတိုင်း အတွက် အပြစ်သည် လူတစ်ဉီးအား ဘုရားသခင်၏အဆက်အသွယ် ပျက်စေသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အပြစ် သားများဖြစ်ကြ၍ ကျွန်ုပ်တို့အတွက် သခင်ယေရှုပြည့်စုံစေတော်မူခဲ့ သော ရေနှင့်ဝိညာည်တော်သတင်းကောင်းနှုတ်ကပတ်တော်မှာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်နှင့် ပျက်စီးသွားသောဆက်နွယ်မှုကို ပြန်လည်ကောင်းမွန်စေ ရန်နှင့် ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ရန် ကျွန်ုပ်တို့အတွက် လမ်း တစ်ခုရှိသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပြုတော်မူခဲ့သောအရာ ကို နှုတ်ကပတ်တော်အားဖြင့် ပြောကြားတော်မူခဲ့သည်။ ကျွန်ုပ်တို့ သည် ဤနှုတ်ကပတ်တော်အရ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း သို့ ရောက်နိုင်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ယုံကြည်သူများ အပေါ် ဘဝသစ်ရှင်သန်သောအသက်ကို မှုတ်သွင်းတော်မူခဲ့သည်ဟု ဘုရားသခင်ပြောကြားတော်မူသည်။
သေနေသောသင်၏ဝိညာဉ်သည် ယခုတွင် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ယုံကြည်ခြင်းအားဖြင့် သေခြင်းမှ ဒု တိယမွေးဖွားခြင်းခံခဲ့သည်ဟူသော နှုတ်ကပတ်တော်သမ္မာတရားကို သင်ယုံကြည်သလော။ ယခုတွင် သခင်ယေရှုသည် ရေနှင့်အသွေး တော်အားဖြင့် လူသားများအား အပြစ်များမှ ရွေးနှုတ်ကယ်တင်တော် မူခဲ့သည်ဟူသော သမ္မာတရားကို ယခု သင်ယုံကြည်ပါ။ သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်၊ အပြစ်များ ဖြေ လွှတ်ခြင်းကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်လျှင် သင် သည် ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ လိမ့်မည်။ ထိုနောက် သင်ယုံကြည်သည့်အတိုင်း သင်၏အပြစ်များ အားလုံးသည် လုံးဝဉဿုံအကုန်အစင် ကွယ်ပျောက်သွားခဲ့သည်ဟု သင်နားလည်သဘောပေါက်လိမ့်မည်။ သခင်ယေရှုခရစ်တော်၊ ဘုရား ကိုယ်တော်တိုင် ယခုတွင် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်အားဖြင့် ဤလောကအပြစ်များမှ ကျွန်ုပ်တို့ အား ကယ်တင်တော်မူခဲ့သော်လည်း ကျွန်ုပ်တို့သည် ဤသမ္မာတရား ကို နားမလည်ကြလျှင် ကျွန်ုပ်တို့သည် ဝိညာဉ်သေခြင်းမှ လွတ် မြောက်၍ တဖန်အသက်ရှင်နိုင်ရန် ဘယ်တော့မှ မဖြစ်နိုင်ပေ။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ သင်နှင့်ကျွန်တော်တို့၏ဝိညာဉ်သည် ဤ လောက၌ ကျွန်ုပ်တို့မမွေးဖွားမီအချိန်ကနည်းက သေခဲ့ကြသော ကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် လောက၌ နာမည်ကြီးရုပ်ရှင်မင်းသားများ၏ ဘ ဝများကို ကြည့်ကြလျှင် သူတို့၏ဘဝသည် စိုးရိမ်ပူပန်မှုမရှိဟန်တူ သည်။ သို့သော် ဤပုဂ္ဂိုလ်များပင်လျှင် အမှားများရှိကြသောကြောင့်  သူတို့သည် မိမိဘဝများ၌ အခက်အခဲများကို ရင်ဆိုင်နေရ၍ တစ်ခါ တစ်ရံ ပို၍အနည်း၍ယ် ပတ်ဝန်းကျင်အခြေအနေ မွန်းကြပ်သည့်အ ခါမျိုးတွင် မှန်သည်ဟု မှားယွင်းစွာ ဆုံးဖြတ်တတ်ကြသည်။ လူသား များ၏ဘဝများသည် တစ်ဉီးနှင့်တစ်ဉီး မတူကြပေ။ ဘုရားသခင်ဖန် ဆင်းတော်မူခဲ့သော တော၌ရှိသော မြက်ပင်များသည် တစ်ညတည်း မှာ ခြောက်သွေ့၍ အမှိုက်နှင့်တူကြသည်။ ဤသို့ဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံသော လူသားများသည် ဇာ တိအသွေးအသားအားဖြင့် ကောင်းစားနိုင်သော်လည်း သူတို့သည်  ဖျားနာသည့်အချိန် သို့မဟုတ် စီးပွါးရေးပျက်နေသည့်အချိန်များတွင် ကြီးမားသောအခက်အခဲ သို့မဟုတ်  တစ်ညတည်းပျက်စီးမှုဖြင့် သူ တို့သည် ဘဝရုန်းကန်ကြသည်ကို မိမိကိုယ်ကိုကိုယ် တွေ့နိုင်သည်။
ဝမ်းနည်းစရာမှာ လူအချို့တို့သည် ငယ်ရွယ်သောအသက်တွင် သေဆုံးကြသောကြောင့် သူတို့ချစ်သူများအတွက် ဝမ်းနည်းမှုများစွာ ခံစားရကြသည်။ ကျန်းမာရေးကောင်းမွန်သော လူတစ်ဉီးသည် မ မြော်လင့်သောရောဂါများဖြင့် ရုတ်တရက်သေဆုံးသွားခြင်း မနည်းခဲ့ ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ပြည့်စုံစေတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်၍ ကျွန်ုပ်တို့အခွင့်ရသည့်အခါခါတိုင်းတွင် အပြစ်များဖြေလွှတ်ခြင်းခံရ ခြင်းမှာ အလွန်မြင့်မြတ်သောဘဝ ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့ သည် ဝမ်းမြောက်နိုင်၍ ဒုတိယအသက်ဖြင့် အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် နောက်ကမ္ဘာအတွက် ယခုတွင် ယုံကြည်ခြင်းကို ပြင်ဆင်မှသာလျှင် ဤလောက၌ ကျွန်ုပ်တို့ဘဝများကုန်ဆုံးခဲ့သော အခါ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်နိုင်ကြမည် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့လူသားများကို ဖန်ဆင်းတော်မူခဲ့ သောအခါ ကိုယ်တော်သည် မိမိပုံဏ္ဌာန်နှင့်အညီ ဖန်ဆင်းတော်မူခဲ့ သည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် မိမိပုံ သဏ္ဌာန်တော်နှင့်အညီ ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခဲ့သည်ဟူသော အချက်၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူ ဝမ်းမြောက်စွာ အသက်ရှင်နိုင်ကြမည့်အ ကြောင်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခဲ့ခြင်း ဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကစားစရာအရုပ်များကဲ့သို့ ကျွန်ုပ်တို့နှင့်အတူ ဆော့ကစားတော်မူရန် ဖန်ဆင်းတော်မမူခဲ့ပေ။ သို့ သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်အတူ ထာဝရ အသက်ရှင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခဲ့ ခြင်း ဖြစ်သည်။ ပြဿနာမှာ ကျွန်ုပ်တို့လူသားများသည် ဘုရားသခင် ၏အကြံအစည်တော်ကို နားမလည်ကြပေ။ သူတို့သည် ဘာဝအဆင် မပေဘဲ ပျက်စီးကြသောအခါ မိမိခွန်အားအစွမ်းအစများကို ကိုးစား ခြင်းအားဖြင့်သာအသက်ရှင်၍ သန့်ရှင်းသောဘုရားကို ဆန့်ကျင် ဘက်ပြုတတ်ကြသည်။
လူသားများသည် ဤလောက၌ ဘုရားသခင်ကြောင့် မွေးဖွားခဲ့ ကြသော်လည်း သူတို့သည် သူတို့အား ဘုရားသခင်ဖန်ဆင်းတော်မူ ခြင်းအတွက် ရည်ရွယ်ချက်ကို မသိဘဲ မိမိအသက်တာများအားဖြင့် အသက်ရှင်နေကြသည်။ ဤအရာသည် ပြဿနာ ဖြစ်သည်။ ကျွန်ုပ် တို့သည် မိမိအတွက် ဖန်ဆင်းရှင်ဘုရားသခင်၏ရည်ရွယ်ချက်ကို မ သိဘဲလျက် မိမိဘဝနည်းလမ်း၊ ကိုယ်နည်းကိုယ်ဟန်ဖြင့် မိုက်မဲစွာ အ သက်ရှင်ကြသောကြောင့် ကျွန်ုပ်တို့သည် ဘဝတွင် ဆုံးရှုံးမှုများစွာ ရှိ ကြသည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူခဲ့သော မ ရေတွက်နိုင်သောကောင်းကြီးမင်္ဂလာများကို မသိ၊ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏သားတော်ပေးအပ်တော်မူခဲ့သော ကယ်တင်ခြင်း၊ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို နားမလည်၊ ယုံကြည်ခြင်းအား ဖြင့်အသက်မရှင်ကြခြင်းမှာ ပြဿနာ ဖြစ်သည်။
ထိုကြောင့် ကျွန်ု်ပတို့သည်  ဖန်ဆင်းရှင်သခင်ယေရှုခရစ်တော် ကြွေးကြော်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်နှင့် ကယ်တင်ရှင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို တစ် ကြိမ်တည်းဖယ်ရှားပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းခံရမှသာလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ခေါ်သောအခါ ကျွန်ုပ်တို့အားလုံး သည် ကောင်းကင်နိုင်ငံတော်၌ ကိုယ်တော်နှင့်အတူ အသက်ရှင်နိုင် ကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန် တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်ဟု သမ္မာကျမ်းစာပြောသောအ ခါ ထိုအရာသည် အဘယ်အရာဆိုလိုသည်ကို နားလည်သဘော ပေါက်ရန် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် အပြစ်များကို ဖယ်ရှားပေးတော်မူရန် အသေခံတော်မူခဲ့သော လူသား များ၏ကယ်တင်ရှင်၊ သခင်ယေရှုခရစ်တော်၏ဂရုဏာမေတ္တာကို ယုံ ကြည်သင့်ကြသည်။ ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်ခြင်းကို ပြန်လည်ရှာဖွေတွေ့ရသင့်ကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်နင့်အတူ ထာဝရ ဝမ်းမြောက်စွာ အသက်ရှင် သင့်ကြသည်။
လူသားများ၏ ကယ်တင်ရှင်သခင်ယေရှုခရစ်တော်သည် ဤ လောကသို့ ကြွလာတော်မူ၍ အပြစ်သားများ၏ဒုစရိုက်အပြစ်များကို ဖယ်ရှားပေးတော်မူရန် လူသားများကိုယ်စားပြု ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူပြီး ဤဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့ကဲ့ သို့သော လောကအပြစ်များအားလုံးကို တစ်ကြိမ်တည်းထမ်းတော်မူ ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ်တော်သည် လောကအပြစ်များကို ကားတိုင်သို့ ထမ်းတော်မူခဲ့သည်။ သခင်ယေရှု သည် လူသားများ၏အပြစ်များအားလုံးကို မိမိကိုယ်ခန္ဓာပေါ်သို့ ထမ်း ၍ အသွေးတော်သွန်း လောင်းတော်မူခဲ့သောကြောင့် ကိုယ်တော် သည် အသေခံတော်မူခဲ့သောအခါ “အမှုပြီးပြီ”ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်သွန်း လောင်းတော်မူသောအသွေးတော်အားဖြင့် ကိုယ်တော်သည် ဤ လောက၌ တိုတောင်းသောအသက် ၃၃ နှစ်ကျော်အသက်ရှင်ပြီး နောက်လူသားများ၏ကယ်တင်ခြင်းအမှုကို အကုန်အစင် ပြည့်စုံစေ တော်မူခဲ့သည်။ ကျွန်ုပ်တို့ဘုရားသခင်သည် မိမိကိုယ်တိုင်ဖန်ဆင်း တော်မူခဲ့သော လူသားများအားလုံးထဲသို့ အပြစ်များဖြေလွှတ်ခြင်း ရှင်သန်သောအသက်သစ်ကို မှုတ်သွင်းတော်မူခဲ့သည်ဟု ကိုယ်တော် မိန့်တော်မူသည်။
 


ခရစ်တော်၌ ရှိသောသူအားလုံးသည် ယခုတွင် အသစ် သောသတ္တဝါ ဖြစ်ကြသည်


ဓမ္မသစ်ကျမ်း ၂ ကော ၅း၁၇ တွင် ထိုအရာကို ဖော်ပြသည်။ “လူ မည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ် ၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။” ကိုယ်တော်ချပေးတော်မူခဲ့သော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား  ဖြင့်  ကျွန်ုပ်တို့ဝိညာဉ်များသည် ဘဝသစ်ကို ခံစားရရှိခဲ့ကြသည်။ သ ခင်ယေရှုသည် ဤလောကတွင် နေတော်မူစဉ် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် လုပ်ဆောင်တော်မူခဲ့သော ကယ်တင်ခြင်းမြောင့်မတ်သောအမှုကို လူတစ်ဉီးသည် ယုံကြည်လျှင်  ဤပုဂ္ဂိုလ်သည် အပြစ်များထာဝရဖြေလွှတ်ခြင်းခံစားရ၍ နှလုံးသား ထဲသို့ ဘဝသစ်ကို ရရှိလိမ့်မည်။ ယခုမှစ၍ လူများသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်ကို နှလုံးသားဖြင့် ယုံကြည် ကြလျှင် သူတို့သည် မည်သူမည်ဝါဖြစ်စေကာမူ သူတို့အားလုံးသည် အပြစ်များမှ ကယ်တင်ခြင်းခံရကြ၍ သေခြင်းမှ အသက်ရှင်ရန် ဘု ရားသခင်ထံတော်မှ ဘဝသစ်ကို ရရှိကြလိမ့်မည်။
ထိုကြောင့် သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူသည် ကိုလည်းကောင်း၊ ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့ကို ဖန် ဆင်းတော်မူခဲ့သော ဖန်ဆင်းရှင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်ယုံကြည်ရန် ကျွန်တော်တိုက်တွန်းပါသည်။ သခင်ယေရှုခရစ် တော်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို သင်၏နှလုံးသား၌ လက်ခံရန် ကျွန်တော် တိုက် တွန်းလိုသည်။ သို့မှသာ သင့်အထဲသို့ သခင်ယေရှုသည် ဘဝသစ်ကို မည်သို့ မှုတ်သွင်းတော်မူခဲ့သည်ကို သင်တွေ့ကြုံနိုင်လိမ့်မည်။ ဤ သမ္မာတရားသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအဖြစ် ထင် ရှားခဲ့သောကြောင့် ဤသတင်းကောင်းကို ယုံကြည်ပါ။ ယခုတွင် သင် သည် ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို နှ လုံးသားဖြင့် နားထောင်၍ ယုံကြည်လျှင် သင်သည် နှလုံးသားအပြစ် များအားလုံးမှ လွှတ်မြော်၍ ဘဝသစ်ပိုင်ဆိုင်ကာ ဘုရားမျက်မှောက် တော်၌ အသစ်သောသတ္တဝါဖြစ်လိမ့်မည်။ အသစ်သောသတ္တဝါဖြစ် လာခဲ့သူတစ်စုံတစ်ဉီးသည် အသစ်သောသတ္တဝါအဖြစ် ထိုက်ထိုက် တန်တန်အသက်ရှင်သောနည်းလမ်းဖြင့် တစ်ဘဝလုံးအသက်ရှင်ကြ လိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို ဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းကို နှလုံးသားများနှင့် ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ သည်။ ထိုကြောင့် တစ်လောကလုံး၌ ရိုသေ၍ချစ်စရာအထိုက်တန် ဆုံးမှာ အခြားသူမဟုတ်ဘဲ သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ ဤအရာမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အား လောကအပြစ်များအား လုံးမှ ကယ်နှုတ်တော်မူခဲ့၍ ကိုယ်တော်၏သားသမီးများဖြစ်စေတော် မူလျက် ကောင်းကြီးမင်္ဂလာချပေးတော်မူသောကြောင့် ဖြစ်သည်။ ကိုယ်တော်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ကလွှဲ၍ ပို၍ချစ်ဖွယ်သောအခြားသတင်း ကောင်းရှိသလော။  ကားတိုင်၏သတင်းကောင်းကဲ့သို့၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကလွှဲ၍ ဤလောကတွင်ရှိသောအခြားသတင်း ကောင်းမှားသည် မှန်ကန်သောသတင်းကောင်း မဟုတ်ပေ။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှင့်နှိုင်းယှဉ်လျှင် ကားတိုင်သတင်း ကောင်းမှာ မပြည့်စုံသောသတင်းကောင်း ဖြစ်သည်။ ဤလောက၌ စစ်မှန်သောသတင်းကောင်းမျာ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ယုံကြည် သူများအား ဘဝသစ်ကို ပေးအပ်တော်မူခဲ့သည်ဟု ပြောသော ရေနှင့် ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ အလွန်မြတ်နိုးဖွယ်ကောင်း သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကလွှဲ၍ ဤလောက၌ ကျွန်ုပ်တို့အား စစ်မှန်သောအငတ်ပြေစေနိုင်သော အ ခြားသတင်းကောင်းမရှိနိုင်ပေ။
လူသားအားလုံးအတွက် ဘုရားသခင်ချပေးတော်မူခဲ့သောရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကလွှဲ၍ စစ်မှန် သော ငြိမ်သက်ခြင်း၊ စစ်မှန်သောကောင်းကြီးမင်္ဂလာများ၊နှင့် ဘုရား သခင်နှင့်အတူ အလွန်အံ့ဩဖွယ်ကောင်းသောမိတ်ဖွဲ့ခြင်းပေးနိုင် သောအရာတစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြသောအခါ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ရှာဖွေ ရန်နှင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် ကယ်တင်တော်မူရန်ကြွလာတော်မူခဲ့၍ ကိုယ်တော်သည် ကျွန်ုပ်တို့ ၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ ယခုတွင် သခင်ယေရှုခရစ်တော် သည် ဘုရား၊ ကယ်တင်ရှင်နှင့် အသက်၏စစ်မှန်သောသခင် ဖြစ် တော်မူသည်ဟု ယုံကြည်၍ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြ ခြင်း ဖြစ်သည်။ ဤလောကအပြစ်များကို ဖယ်ရှားပေးတော်မူခဲ့သော သခင်ယေရှုခရစ်တော်တစ်ပါးတည်းသည် သင်နှင့်ကျွန်တော်တို့အား အပြစ်များအားလုံးမှ ရွေးနှုတ်ကယ်တင်တော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် စစ်မှန်သော ကယ်တင်ခြင်းနှင့်စစ်မှန်သောဘဝသစ်ကို ပေးအပ်တော်မူခဲ့သောဘု ရားဖြစ်တော်မူသည်။ 
ကျွန်ုပ်ဝိညာဉ်တို့သည် အပြစ်များကြောင့် သေနေကြသောအခါ သခင်ယေရှုခရစ်တော်သည် အသက်ကို ပြန်လည်ယူဆောင်ပေး တော်မူခဲ့သည်။ စစ်မှန်သောအပြစ်ဖြေလွှတ်ခြင်းနှင့် စစ်မှန်သောဘ ဝသစ်ရရှိနိုင်ရန် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာ ချပေးတော်မူခဲ့သည်။ ယေဇကျေလ ၃၇◌း၁၂-၁၃ တွင် ဘုရားသခင် က “ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်း တွင်းများကို ငါဖွင့်၍ သင်တို့ကို  ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်၏”ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏နှုတ်က ပတ်တော်အားဖြင့် မိမိနှလုံးသားများစည်းလုံးခြင်းမရှိသော အသက် ရှင်လိုသူများသည် ကိုယ်တော်နှင့်ဝေးကွာသောသူများ ဖြစ်ကြသည်။ ကိုယ်တော်သည် လူသေတို့၏သင်္ချိုင်းတွင်းများကို ဖွင့်၍ သေခြင်းမှ ရှင်ပြန်ထမြောက်စေကာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံ ကြည်အားလုံးကို ထာဝရအသက် ရရှိစေတော်မူလိမ့်မည်ဟု ကိုယ် တော်မိန့်တော်မူခဲ့သည်။
ယေဇကျေလ ၃ရး၁၄ တွင် “အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရ ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏”ဟု ဖော်ပြထားသည်။ သ ခင်ယေရှုခရစ်တော်သည် ရေနှင့်ဝိညာည်တော်သတင်းကောင်းနှုတ် ကပတ်တော်အားဖြင့် အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့ သည်။ သို့သော် ဤအမှုသည် ကိုယ်တော်ပြုတော်မူသောအမှုများ အားလုံးမဟုတ်ပေ။ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် အ ပြစ်များဖြေလွှတ်ခြင်းခံရသော မိမိလူများအားလုံးအပေါ် သန့်ရှင်း သောဝိညာဉ်တော်ဆုကျေးဇူးကို ပေးအပ်တော်မူခဲ့သည်။ သူတို့သည် ဤလောက၌ အသက်ရှင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြပို့ဆောင်မှုကို ခံစေတော်မူခဲ့သည်။ ဤသို့ဖြင့် သခင်ယေရှုခ ရစ်တော်သည် ရေနှင့်ဝိညာည်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များမှ ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်တော်မူသည့်အတိုင်း ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ် တော်ကို သွန်းလောင်းတော်မူခဲ့သောကြောင့် သူတို့ဘဝများသည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကို အစဉ်ခံစားနိုင်ကြသည်။
ဤသို့သောကောင်းကြီးမင်္ဂလာများအားလုံးမှာ ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ယခုယုံကြည်သူ ကျွန်ုပ်တို့အတွက် ဘုရားသ ၏စစ်မှန်သော စီမံချက် ဖြစ်သည်။ ဘုရားသခင်က “ငါသည် သင့်တို့ ၌ ငါဝိညာဉ်သွန်းလောင်း၍ သင်သည် အသက်ရှင်လိမ့်မည်”ဟု မိန့် တော်မူခဲ့သောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ထာဝရအ သက်ရှင်နိုင်ကြမည့်အကြောင်း ကိုယ်တော်သည် နှုတ်ကပတ်တော် အားဖြင့် ကတိပေးတော်မူခြင်း ဖြစ်သည်။ ဘုရားသခင်က “ငါသည် သင့်တို့၌ ငါဝိညာဉ်သွန်းလောင်း၍ သင်တို့သည် အသက်ရှင်ကြလိမ့် မည်”ဟု မိန့်တော်မူခဲ့သည်။ ဤအရာမှာ အခြားသောအရာမဟုတ်ဘဲ ဘုရားသခင်၏အလိုတော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ချ ပေးတော်မူခဲ့သော အပြစ်ဖြေလွှတ်ခြင်းသတင်းကောင်းနှုတ်ကပတ် တော်ကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ သန့်ရှင်း သောဝိညာဉ်တော်ဆုကျေးဇူးအမှန်အကန် ခံရကြလိမ့်မည်။
တမန် ၂း၃၈ ကို ကြည့်ကြပါစို့။ “ပေတရုကလည်း၊ သင်တို့၏ အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခ ရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ် တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။” ဤတွင် စစ်မှန်သောနှုတ်ကပတ်တော်ပြောသည့်အတိုင်း ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော် ယုံကြည်သူများအားလုံးအပေါ် ဘု ရားသခင်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်နှင့်အတူ နှလုံးသား၌ သန့်ရှင်း သောဝိညာဉ်တော်၏ဆုကျေးဇူးကို အမှန်အကန် ချပေးတော်မူလိမ့် မည်။ ကျွန်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်က ပတ်တော်ကို ပထမ နားလည်သဘောပေါက်ခဲ့သောအခါ အပြစ်များ ဖြေလွှတ်ခြင်းသည် ကျွန်ုပ်နှလုံးသား၌ ရောက်ရှိခဲ့သည်ကို ကျွန်တော် သိခဲ့သည်။ သို့သော် ထိုအရာသည် ကျွန်တော်နားလည်သဘော ပေါက်နိုင်သောအရာသာ ဖြစ်သည်။ တမန်တော် ၂း၃၈ ကို ကျွန်တော် ဖတ်ရှု၍ ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူရရှိခဲ့ သည်ဟု ကျွန်တော်သိရသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်နှလုံးသား၌ ရှိတော်မူ၍ အမှုပြုတော်မူခဲ့သည်ဟု ကျွန်တော် ပြည့်စုံစွာ နားလည်သဘောပေါက်ခဲ့သည်။ ဤအချိန်၌ပင် ကျွန်တော် သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ အသက်ရှင်နေသည်။
ဣသရေလလူမျိုးများသည် သူတို့စောင့်မြော်နေကြသော သ ခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မလက်ခံကြပေ။ သူတို့သည် ကိုယ် တော်ကို ငြင်းပယ်ခဲ့ကြသည်။ ထိုကြောင့် သခင်ယေရှု၏တပည့်တော် များက သူတို့ထံ “သင်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မ ယုံကြည်ကြပေ။ နောင်တရ၍ သခင်ယေရှုကို မေရှိယအဖြစ် ယုံ ကြည်ကြပါ”ဟု ပြောခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်ရန် သူတို့ ကို အကြံပြုခဲ့ကြသည်။ ဤနှုတ်ကပတ်တော်သည် စစ်မှန်သော နောင်တအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ရေးထားသော အရာနှင့် ယခု ကျွန်ုပ်တို့အား ဘုရားသခင်ပြောကြားတော်မူသောအ ရာ ဖြစ်သည်။ စစ်မှန်သောနောင်တရခြင်းမှာ ဤသို့ ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်မှုအသက်တာများသည် တစ်ချိန်လုံး လမ်းမှားသို့ ပို့ ဆောင်ခဲ့သည်ဟု ကျွန်ုပ်တို့သည် နားလည်သဘောပေါက်ကြလျှင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ နောက်ပြန် လှည့်ကြ၍ ၎င်းကို နှလုံးသားဖြင့် ယုံကြည်ရကြမည် ဖြစ်သည်။ ထို နောက် ကျွန်ုပ်တို့သည် နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော် ကို ရရှိကြလိမ့်မည်။ ဤအရာမှာ နောင်တနှင့်စပ်ဆိုင်သော သမ္မာ ကျမ်းစာနှင့်ညီညွတ်သည် ယုံကြည်မှု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်ထံ ကိုယ်တော့်ကို ပြစ်များပြီဟု နှုတ်ခြင်းသာ ပြောခြင်းမှာ စစ်မှန်သောနောင်တရခြင်း မဟုတ်ပေ။ စစ်မှန်သောနောင်တရခြင်း မှာ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေး တော်မူခဲ့သည်ဟူသော သမ္မာတရားသို့ လှည့်၍ ကျွန်ုပ်တို့ယုံကြည်ခဲ့ ကြသော မှားယွင်းသောဘာသာတရားယုံကြည်မှုများမှ နောက်သို့ ပြန်လှည့်ပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ယုံ ကြည်ခြင်း ဖြစ်သည်။ ဤယုံကြည်မှုမှာ စစ်မှန်သော ယုံကြည်ခြင်း အကြောင်း ဖြစ်သည်။
 


နောင်တရ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ပါ


သမ္မာကျမ်းစာတွင် “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင် တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ဗတ္တိဇံကိုခံကြ လော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေး ဇူးတော်ကို ခံရကြလိမ့်မည်”ဟု ဖော်ပြထားသည်။ ဣသရေလလူမျိုး အချို့တို့သည် နောင်တရ၍ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်ခြင်းမရှိခဲ့ကြပေ။ ဤပုဂ္ဂိုလ်များသည် ဘာကြောင့် သခင်ယေရှု ကဲ့သို့ ဗတ္တိဇံခံလိုခဲ့ကြသနည်း။ အကြောင်းမှာ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ကိုယ်တော်သည် လူသား များ၏အပြစ်များအားလုံးကို ထမ်း၍ တစ်ကြိမ်တည်းဆေးကြောပေး ခဲ့သော လုပ်ငန်းဖြစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိ ဇံခံယူတော်မူခဲ့သည့်အတိုင်း ယုံကြည်သူအသစ်များသည် ကိုယ် တော်၏ဖြောင့်မတ်ခြင်းအမှုကို ယုံကြည်ခြင်းနိမိတ်အဖြစ် ဗတ္တိဇံခံယူ ရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ဗတ္တိဇံခံယူကြသောအခါ အောက်ပါအတိုင်းမိမိ ယုံကြည်မှုကို ဝန်ခံကြသည်။ “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်သည် ဣသရေလလူမျိုး များ၏အပြစ်များသာမက ကျွန်တော့်အပြစ်များကိုပါ ယူဆောင်သွား တော်မူခဲ့သည်ဟု ကျွန်တော်ယုံကြည်တယ်။ သခင်ယေရှုခရစ်တော် သည် ဗတ္တိဇံခံယူရန် ရေထဲသို့ ဆင်းတော်မူခဲ့သောအခါ ကိုယ်တော် ကျွန်ုပ်အပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ် သည် ကျွန်ုပ်နေရာတွင် အသေခံတော်မူခဲ့သည်ကို ထင်ရှားခြင်းဖြစ် သည်ဟု ကျွန်တော်ယုံကြည်တယ်။ သခင်ယေရှုသည် ကျွန်တော့်အ ပြစ်များအားလုံးကို ယူဆောင်သွားရန် ဗတ္တိဇံခံယူတော်မူ၍  အသေခံ တော်မူခြင်းအားဖြင့် အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့ သော ကယ်တင်ရှင် ဖြစ်တော်မူတယ်။ သခင်ယေရှသည်ဗတ္တိဇံခံယူ တော်မူခဲ့ပြီးနောက် ရေမှပေါ်ထခြင်းကို ကိုယ်တော်၏ရှင်ပြန်ထ မြောက်တော်မူခြင်းကို အထူးပြုသည်ကိုလည်းကောင်း၊ ကိုယ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည့်အတိုင်း ကျွန်ုပ်အား အသက်ကို ပြန်လည်ပေးအပ်တော်မူခဲ့သည်ကိုလည်းကောင်း ကျွန် တော် ယုံကြည်တယ်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ကျွန်တော့်အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည် ဟု ယခု ကျွန်တော်သည် နှလုံးသားအကြွင်းမဲ့ ယုံကြည်ခဲ့သည်။
ကျွန်ုပ်တို့အပြစ်များထမ်းရန် သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူခဲ့သော ဗတ္တိဇံ၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက် တော်မူခြင်းဖြစ်သော သခင်ယေရှု၏ကယ်တင်ခြင်းလုပ်ငန်းသည် စစ်မှန်သော အပြစ်များဖြေလွှတ်ခြင်းနှင့် ဘဝသစ်ယူဆောင်ပေးရန် အရာအားလုံးပြည့်စုံသည်ဟု ကျွန်ုပ်တို့သည် မဖြစ်မနေ ယုံကြည်ရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ု်ပတို့သည် အ ပြစ်များအားလုံးမှ ကယ်လွှတ်ခြင်းခံရကြသည်ဟု ဝန်ခံကြသောအခါ စစ်မှန်သောယုံကြည်မှု ဝန်ခံချက်ပြုခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ တွင် “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင် တရ၍တယောက်မျှ မကြွင်း၊ ယေရှုခရစ်၏ နာမ၌ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့် ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်”ဟု ဖော်ပြထားသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အ ပြစ်များဖြေလွှတ်ခြင်းခံရသောသူများအပေါ်၌သာ ချပေးသော ဘုရား သခင်၏ဆုကျေးဇူးတော် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်ခြင်းမှာ ဤသတင်းသည် ကျွန်ုပ်တို့အပြစ်များ ဖယ် ရှားပေးနိုင်သော စစ်မှန်သောကယ်တင်ခြင်းဖြစ်သည်ဟု ယုံကြည် ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိ ညာဉ်တော်ကိုရရှိနိုင်ကြသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။
သခင်ယေရှုသည် ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် သွန်လောင်းတော်မူသောအသွေးတော်ဖြင့် ဤလောက၏အ ပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအား  ဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသော ကျွန်ုပ်တို့အားလုံးအတွက် ဘု ရားသခင်သည် ကျွန်ုပ်တို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေး ဇူးကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့နှလုံးသား၌ အပြစ်များဖြေ လွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးပေးအပ်တော်မူ ခြင်းအားဖြင့် ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူကျွန်ုပ်တို့အား ကိုယ်တော်ကို အသိအမှတ်ပြုသော ဘုရား သခင်၏သားသမီးများအဖြစ် ပြောင်းလဲပေးတော်မူခဲ့သည်ဟု အ တည်ပြုခဲ့ကြသည်။ တစ်နည်းအားဖြင့် ကိုယ်တော်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ယုံကြည်သူကျွန်ုပ်တို့ အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်တော်မူခဲ့သော ကြောင့် မည်သူမည်ဝါကမျှ ကျွန်ုပ်တို့ယုံကြည်မှုကို မယူဆောင်နိုင် ကြပေ။ ကျွန်ုပ်တို့နှလုံးသားများသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းရှိကြသောအခါ သန့်ရှင်း သောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသားပေါ်သို့ ဆင်းသက်တော် မူ၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများအဖြစ် ဘုရားသခင် သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်တော်မူသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသောသူများသည် ကျွန်ုပ်တို့သည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို ကြားကြသောအခါ သန့်ရှင်းသောဝိ ညာဉ်တော်သည် သူတို့၏နှလုံးသားများ၌ အမှုပြုတော်မူသော ကြောင့်  ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကို လိုက်နိုင်ကြခြင်း ဖြစ်သည်။ ဖြောင့်မတ်သူများ၏ဝိညာဉ်များသည် ဘု ရားသခင်၏အသင်းတော်အားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် ထာဝရအသက် ရှင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏အမျုသည် ရေနှင့်အသွေး ကို ယုံကြည်သူများ၏နှလုံးသားများ၌ ထင်ရှားသည်။ သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်သည့်နေရာတွင် စစ်မှန်သော ငြိမ်သက်ခြင်း နှင့် စစ်မှန်သောကယ်တင်ခြင်းကို တွေ့နိုင်သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏အသင်းတော်၌ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းနှုတ်ကပတ်တော်နှင့်အတူ အစဉ်အမြဲ အမှုပြုတော်မူ သည်ဟု ကျွန်ုပ်တို့အားလုံးနားလည်သဘောပေါက်နိုင်ကြသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်များဖြေလွှတ်ခြင်းမခံရ သေးသောလူများ၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မမူပေ။ ဤသို့ ပုဂ္ဂိုလ်များအပေါ် အမှုပြုတော်မမူပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် နှုတ်ကပတ်တော်နှင့်အညီ အစဉ်အမြဲ ထင်ရှားသော ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကိုယ်တော်၏အမှုကို မဖြစ်မနေ လိုက်လျှောက်နိုင်ရကြ မည် ဖြစ်သည်။ အထူးသဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်ကို လိုက်လျှောက်၍ ကိုးစားကြသောအခါ သန့်ရှင်းသောဝိ ညာဉ်တော်ပြုတော်မူခဲ့သောအမှုကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက် လျှောက်ခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော် ၏ အမှုကို မြင်တွေ့နိုင်ကြမည် မဟုတ်ပေ။ ထိုကြောင့် သင်သည် ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းနှုတ်ကပတ်တော်နှင့်အညီ ယုံကြည်ခြင်းအသက်တာလမ်းပြ မှုကို ခံရရန် ကျွန်တော် တိုက်တွန်းလိုပါသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အမြဲတမ်းအမှု ပြုတော်မူသည်။ ကျွန်ုပ်တို့သည် ဤအချက်ကို စိတ်ထဲမှ မြဲမြံစွာ မှတ် ထားရကြမည် ဖြစ်သည်။
သို့မဟုတ် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုးစားကြမည့်အစား မိမိစိတ်လှုပ်ရှားမှုများကိုသာ မှီခို၍ သန့်ရှင်း သောဝိညာဉ်တော်၏လမ်းပြမှုကို သတိမမူလျှင် ကျွန်ုပ်တို့သည် မာရ် နတ်၏အလုပ်ကို လုပ်ဆောင်ကြ၍ ၎င်း၏အသုံးခံသောတန်ဆာပ လာအဖြစ် အသက်ရှင်နိဂုံးချုပ်ကြလိမ့်မည်။ မာရ်နတ်၏လုပ်ငန်း သည် ကျွန်ုပ်တို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှု ရန် အမြဲတမ်းတိုက်တွန်း၍ ကျွန်ုပ်တို့အတွေးအခေါ်များနှင့် အသွေး အသားခံစားချက်များကို လိုက်လျှောက်စေကာ မှားယွင်းသောတွင်း နက်ကြီးထဲသို့ ကျဆင်းစေသည်။ လူများသည် ဘုရားသခင်၏နှုတ် ကပတ်တော်ထက် မိမိစိတ်လှုပ်ရှားမှုများကို လိုက်လျှောက်ကြသော အခါ မှားယွင်းသောယုံကြည်မှုများသည် စီးထွက်လာသည်။ သူတို့ သည် မိမိအတွေးအခေါ်များနောက်သို့ လိုက်လျှောက်ကြသော ကြောင့် စုံစမ်းခြင်း၌ လွယ်လင့်တကူ ကျဆင်းကာ ခလုတ်တိုက်နိုင် ကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်ကို လိုက်လျှောက် ကြမည့်အစား မိမိခံစားချက်များကိုသာ လိုက်လျှောက်ကြသည်။
ကျွန်ုပ်တို့သည် ဤလောကတွင် အသက်ရှင်နေကြသော ကြောင့် တစ်ခါတစ်ရံ သန့်ရှင်းသောဝိညာည်တော်၏ဆန္ဒများကို ဖီ ဆန်သော ဇာတိအသွေးအသား၏အားနည်းချက်များနှင့်အပြစ်၌ ကျ ဆင်းတတ်ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာက “ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေကြနှင့်”(၁သက် ၅း၁၉)ဟု မိန့်တော်မူခြင်း ဖြစ် သည်။ အပြစ်များဖြေလွှတ်ခြင်းခံရသောသူများသည် သန့်ရှင်းသောဝိ ညာဉ်တော်၏ဆန္ဒများကို ငြင်းပယ်၍ ဘုရားသခင်ကို ဝမ်းမြောက်စေ တော်မူသောအရာများ လုပ်ဆောင်ကြမည့်အစား မိမိဇာတိအတွေးအ ခေါ်များနောက်သို့လိုက်လျှောက်ကြလျှင် နောက်ဆုံး၌ ဤသူသည် ဘုရားသခင်၏အစေခံဖြစ်မည့်အစား ဘုရားသခင်၏ရန်သူအဖြစ် အ သက်ရှင်လိမ့်မည်။
ဘုရားသခင်၏မျက်စိမှာ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှု ကို လိုက်လျှောက်မည့်အစား ဇာတိတပ်မက်မှုနှင့်အညီ အသက်ရှင် သူများသည် ဆုကျေးဇူးတစ်ခုသာ ရရှိသောသူတစ်ဉီးနှင့်တူသည်။ သူ တို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်ကြသည်။ သင်သည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို ကား၍ ခံစားကာ ယုံကြည်ပြီး ယုံကြည် ခြင်းအားဖြင့် လက်ခံလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏နှ လုံးသား၌ ကိန်းဝပ်တော်မူ၍ အမှုပြုတော်မူလိမ့်မည်။ သန့်ရှင်းသော ဝိညာည်တော်ကို ရရှိခဲ့သောနှလုံးသားရှိသူများသည် ဘုရားဝိညာဉ် တော်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်လမ်းပြမှု ခံစားရကြသော ကြောင့် သူတို့သည် ဝမ်းမြောက်စွာ ဘုရားသခင်ကို ဆက်လက်လိုက် လျှောက်နိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းခံရ သောနှလုံးသားများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကြား သောအခါ သူတို့သည် ခွန်အားအသစ်ရရှိ၍ နှုတ်ကပတ်တော်အပေါ် ဆက်ကပ်ကြသည်။ ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်၏ လွှမ်းမိုးမှု၌ ကိန်းဝပ်နေကြသောကြောင့် သူတို့ဘဝများသည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နေ ကြသည်။
သန့်ရှင်းသောဝိညာဉ်တော်ကို ယုံကြည်ခြင်းဆုကျေးဇူးအဖြစ် ခံ ရသောသူများ၏နှလုံးသားများသည် လန်းဆန်းသည်။ တမန် ၃း၁၉ တွင် “ကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှု ခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေ စေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့”ဟု ဖော်ပြထားသည်။ ဤတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအ ပေါ် “သင်၏အပြစ်များကို ဖယ်ရှားလိုက်ပါ”ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများအားလုံးသည် နှ လုံးသား၌ အပြစ်တစ်စုံတစ်ခုမျှ မရှိသင့်ပေ။ လူတစ်ဉီးသည် ရေနှင့် ဝိ ညာဉ်တော်နှုတ်ကပတ်တော်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အ ဖြစ် အမှန်အကန် ယုံကြည်လျှင် သူ၏နှလုံးသား၌ အပြစ်တစ်စုံတစ်ခု မျှ မရှိနိုင်ပေ။ သငခ်ယေရှုကို ယံဒကြည်သူများအားလုံး အပြစ်မရှိ ခြင်းမှာ မှန်ကန်သောအခွင့်အရေးတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုယုံကြည်ပြီးနောက် နှလုံးသားများ၌ အပြစ်များရှိသင့်သ လော။ သို့မဟုတ် ကျွန်ုပ်တို့နှလုံးသားသည် အပြစ်ကင်းစင်သင့်သ လော။ မည်သည့်အရာသည် မှန်ကန်သနည်း။ သမ္မာကျမ်းစာက ရှင်း လင်းသောအဖြေတစ်ခုကို မှန်ကန်သောအဖြေအဖြစ် အတည်ပြု သည်။ သို့သော် ဝမ်းနည်းစရာမှာ လူများတီထွင်ဖန်တီးသော သီအို လော်ဂျီပညာက ထိုအရာနှစ်ပါးကို ဒွီအဖြူအမည်းတစ်ခုအဖြစ်သတ် မှတ်ပြီး မေးခွန်း၏မှန်ကန်သောအဖြေကို မပေးနိုင်ပေ။
သမ္မာကျမ်းစာတွင် ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းယုံကြည်သူများအပေါ် “သင်တို့သည် အပြစ်များဖြေ လွှတ်ခြင်းခံရကြသည်။ ထိုကြောင့် သင်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်သောကြောင့် အပြစ်ကင်းစင်သည်။ သင် သည် မှန်ကန်သည်။ သင်၏ယုံကြည်မှုသည် မှန်ကန်သည်”ဟု ပြော ထားသည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ကိုယ်တော်သည် လူသား များ၏နှလုံးသားများတွင်ရှိသော လောကအပြစ်များအားလုံးကို တစ် ကြိမ်တည်းဖယ်ရှားပေးတော်မူရန်အတွက် ကိုယ်တော်တိုင် ဤလော ကသို့ ကြွဆင်းတော်မူခဲ့သောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် အပြစ်များ အားလုံးကို လက်ခံတော်မူ၍ ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူ ခဲ့သော အသွေးတော်အားဖြင့် အပြစ်များကို ဖယ်ရှားပေးတော်မူပြီး အပြစ်တရား၏တရားစီရင်ခြင်းများကို ကိုယ်တော်ထမ်းခြင်းအားဖြင့် ၎င်းတို့ကို ဖျက်ဆီးတော်မူခဲ့သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ခရစ်ယာန်များသည် အပြစ်ရှိသေးသည်ဟု သီအိုလော်ဂျီပညာရှင်များ ကသူတို့သည် အပြစ်ရှိကြသော်လည်းသော သခင်ယေရှုကို ယုံ ကြည်ကြသောကြောင့် ဘုရားသခင်သည် သူတို့ကို အပြစ်ကင်းစင် သော ကယ်တင်ခြင်းခံရသူများအဖြစ် သတ်မှတ်တော်မူလိမ့်မည်ဟု ပြောကြသည်။ ဤအရာကို “ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း” ဟု သိရသည်။ ကျွန်ုပ်တို့ဖတ်ခဲ့သောကျမ်းချက်တွင် ဘုရားသခင် သည် ကျွန်ုပ်တို့အပြစ်များ ဖယ်ရှားပေးတော်မူခဲ့သည်ဟု မိန့်တော်မူ ခဲ့သောအခါ လန်းဆန်းမှုသည် ဘုရားသခင်၏မျက်မှောက်တော်၌ ရောက်ရှိလာခဲ့သည်ဟု ပြောကြားချက်ကို သူတို့သည် မည်သို့ ပြော ကြလိမ့်မည်နည်း။ ကျွန်ုပ်တို့အပြစ်များသည် အမှန်အကန် ဆေး ကြောခြင်းခံရသည်ဟုဤကျမ်းချက်က ရှင်းလင်းစွာ ပြောထားသည်။
သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်မှ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် သင်၏နှလုံးသား၌ အ ပြစ်များဖြေလွှတ်ခြင်းကို ခံခဲ့ပြီးပြီလော။ ကျွန်တော်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် ကိုယ်တော်ထံ မှ အပြစ်များဖြေလွှတ်ခြင်းခံခဲ့ရသည်။ ဤလောကတွင်ရှိသော တစ် စုံတစ်ခုမျှ မပြုနိုင်သော နှလုံးသားလန်းဆန်းမှုကို ကျွန်တော်မည်သို့ ရရှိသည်ကို ရှင်းလင်းစွာ မှတ်မိသည်။ ထိုနောက် ကျွန်တော်သည် နေ့ တိုင်း ယုံကြည်ခြင်းအသက်တာဖြင့် ဆက်လက်အသက်ရှင်၍ ကျွန်ုပ် နှလုံးသားသည် အပြစ်လုံးဝကင်းစင်သောကြောင့် အလွန်ဝမ်း မြောက်ပီတိဖြစ်ရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဤကယ်တင်ခြင်းကောင်းကြီးမင်္ဂလာများ ကျွန်တော့်အပေါ်သို့ ရောက်ရှိလာသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်သည်။ ကျွန် တော်သည် ဘုရားသခင်၌ ယုံကြည်ခြင်းချထား၍ ကိုယ်တော်ကို ကျေးဇူးတင်သည်။ ဘုရားသခင်သည် ရွေးနှုတ်ခြင်းခံသောသင်နှင့် ကျွန်တော်တို့၏နှလုံးသားများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးပေးအပ်ရန် အလိုတော်ရှိသည်။ ဘုရားသခင်သည် မိမိသား သမီးဖြစ်တော်မူသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ် တို့ ယုံကြည်ကြသောအခါ အပြစ်ကင်းစင်ကြခြင်း ဖြစ်သည်။
ဘုရားသခင်သည် လူသားများအားလုံးအပေါ် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ ဤသတင်းကောင်းယုံကြည်သူများ၏နှလုံးသားထဲတွင် ဤအချိန်၌ ပင်လျှင် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး အားဖြင့် သူတို့ဆုတောင်းသံကို နားညောင်းတော်မူခဲ့သည်။ ကျွန်ုပ်တို့ သာသနာလုပ်ငန်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအ ကြောင်းကို ဟောပြောနေကြသည်။ ကျွန်ုပ်တို့သည် ဤအမှုကို လုပ် ဆောင်ကြသောကြောင့် အပြစ်များဖြေလွှတ်ခြင်းမခံစားရသေးသော သူများသည် ကယ်တင်ခြင်းအသက်ရေကို သောက်နိုင်ကြလိမ့်မည်။ ဘုရားသခင်က ယေဇကျေလထံ “လူသား၊ ငါစကားကို ပရောဖက်ပြု ပါ။ ငါ့ကိုယ်စား ဣသရေလလူမျိုးများထံ စကားပြောပါ။ ထိုနောက် သူတို့အထဲ၌ ရှင်သန်သောအသက် ဝင်ရောက်လိမ့်မည်။ ငါသည် သူ တို့၌ အသက်ကို ဝင်ရောက်စေ၍ သူတို့သည် ရှင်သန်ကြလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ယခု ကျွန်ုပ်တို့ဟောပြောနေသော ရေနှင့်ဝိ ညာည်တော်သတင်းကောင်းနှုတ်ကပတ်တော်မှာ ကိုယ်တော်ကို မ တွေ့ရသေးသောသူများအားလုံးအတွက် ရှင်သန်သောအသက် ဖြစ် သည်။ ဤပုဂ္ဂိုလ်များသည် မိမိနှလုံးသားများ၌ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ကို လက်ခံကြသောအခါ သူတို့ သည်လည်း အပြစ်များဖြေလွှတ်ခြင်းခံရကြလိမ့်မည်။ သူတို့သည် ယုံ ကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသည်နှင့်တပြိုင်နက် ဘုရားသခင်သည် သူတို့နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးထည့်သွင်းတော်မူလိမ့်မည်။ ထိုကြောင့် ဘသူတို့သည် ယ ခုတွင် ကျွန်ုပ်တို့ကဲ့သို့ ဘုရားသခင်၏သားသမီးများဖြစ်ကြလိမ့်မည် ဟု ဘုရားသခင်ပြောတော်မူလိမ့်မည်။
ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ခြောက်သွေ့ သောအရိုးများဖြင့် ပြည့်နေသော တစ်ကမ္ဘာလုံးသော ဟောပြောနေ ကြသည်။ မိမိနှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းမခံစားရသေး သောသူများသည် မြော်လင့်ချက်မရှိကြပေ။ သူတို့သည် လောကအ ရာ၊ အသက်တာများအားဖြင့် အဓိပ္ပါယ်ကင်းမဲ့စွာ အသက်ရှင်နေကြ သည်။ ဘုရားသခင်သည် ရေနှင့်တိညာည်တော်သတင်းကောင်းနှုတ် ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီး များ ဖြစ်လာခဲ့ကြသူကျွန်ုပ်တို့အားလုံးအား ဤသို့မြော်လင့်ချက်မဲ့နေ သောသူများထံ သတင်းကောင်းနှုတ်ကပတ်တော်မှုတ်သွင်းရန် မိန့် တော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်စေခိုင်းတော်မူခဲ့သည့်အ တိုင်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ဟော ပြောနေကြသည်။ ကျွန်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း အခြေပြုုသာ တရားဟောချက်အပိုင်းများကို ၆၅ အုပ်ထက် မနည်း ဝိုက်ဆိုဒ်ပေါ်တွင် ဖတ်ရှုနိုင်ရန် ရေးသားခဲ့သည်။ ဤခေါင်းစဉ် များထဲက တစ်ခုက ဤသတင်းကောင်းကို ပြောကြားသည်။ ရှောလ မုန်သီချင်းစာအုပ်တစ်ခုတည်းသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို တိုက်ရိုက်မဖော်ပြထားသော စာအုပ်  ဖြစ်သည်။ သင် သည် ဤစာအုပ်များမှ တစ်အုပ်ကို ယူ၍ ဖတ်လျှင် သင်သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အကြောင်းကို ဖတ်ရှု နိုင်လိမ့်မည်။ ဤသတင်းကောင်းအားဖြင့် သင်သည် အပြစ်များဖြေ လွှတ်ခြင်းရရှိနိုင်၍ သင်အလွန်အမင်းလိုအပ်သော သန့်ရှင်းသောဝိ ညာဉ်တော်ဆုကျေးဇူးကိုလည်း ရရှိနိုင်လိမ့်မည်။
ကျွန်ုပ်တို့အားလုံးသည် ယခုတွင် ဤသို့နားလည်သဘော ပေါက်ကြသည်။ “ကိုယ်တော်ဤလောကသို့ ကြွလာတော်မူခဲ့သော အခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်။ ကိုယ်တော် သည် ကားစင်တင်ခံ၍ အသွေးတော်သွန်းလောင်းတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤသို့ဖြင့် အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။” ယခုတွင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုတော်မူခဲ့သော ရွေးနှုတ်ကယ်တင်ခြင်းအမှုကို နှလုံး သားများ၌ လက်ခံကြလျှင် သင်၏နှလုံးသားများသည် အသစ်သော အသက်ကို ရရှိလိမ့်မည်။ ကျွန်ုပ်တို့သည် အပြစ်များကြောင့် သေခဲ့ ကြသော်လည်း ပြန်လည်အသက်ရှင်နိုင်ကြသောကြောင့် ဘုရားသ ခင်ကို ကျေးဇူးတင်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဤအချိန်တွင်သေနေသော ဝိညာဉ်များသည် ပြန်လည်အသက်ရှင်ကြလိမ့်မည်။ ကျွန်ုပ်တို့နှလုံးသားများသည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း  အားဖြင့် အသက်ပြန်ရှင်နိုင်ကြ၍ သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးခံရကြကာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများအ ဖြစ် ထာဝရအသက်ရှင်ကြလိမ့်မည်။ ထိုနောက် ကျွန်ုပ်တို့သည် မခုခံ၊ မအံတုနိုင်လောက်အောင် ဘုရားသခင်၏ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ဟောပြောလိုကြလိမ့်မည်။ ဘုရားသခင်က ပရောဖက် ယေဇကျေလနှင့် ယနေ့ သင်နှင့်ကျွန်တော်ထံထံ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ ဟောပြောရန် မိန့်မှာတော်မူခဲ့ သည်။
 

ယခု ဤကမ္ဘာပေါ်တွင် ဘာဖြစ်ပျက်သနည်း

ဤကမ္ဘာသည် ယခုတွင် သေခြင်းချိုင်းဝှမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ ဤလောက၌ ခြောက်သွေ့သောအရိုးများသာ ရှိကြ သည်။ အသက်ဖြင့်ရှင်သောသူများမှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ယုံကြည်သူများ ဖြစ်ကြသည်။ ယခုတွင် ဤကမ္ဘာတစ်ခုလုံး၌ အသက်ရှင်နေကြသောလူသားများသည် မြော် လင့်ချက်မဲ့နေကြ၍ သူတို့အပြစ်များသည် နှလုံးသားများ၌ ရှိနေသေး သောကြောင့် သူတို့သည် သေခြင်းကို စောင့်မြော်နေကြသည်။ သင် ၏မိဘများမှ သင်၏အိမ်ထောင်မိသားစုဝင်များနှင့်သူငယ်ချင်းများ၊ လူမျိုးများအားလုံးအပါအဝင် ကမ္ဘာပေါ်တွင်ရှိနေကြသောလူသား အားလုံးတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့် ရောက်လာ ခဲ့သော အပြစ်များဖြေလွှတ်ခြင်းကို မတွေ့ကြသောကြောင့် သူတို့ သည် မြော်လင့်ချက်ကင်းမဲ့ခြင်း၌ ပျက်စီးနေကြသည်။ ယခုတွင် လူ သားအားလုံးအတွက် မြော်လင့်တစ်ခုရှိလျှင် ထိုအရာသည် သခင် ယေရှုခရစ်တော် ဖြစ်တော်မူသည်။ လူသားများအပေါ် ကိုယ်တော်ချ ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ် တော်ကလွှဲ၍ အခြားသောအရာမရှိနိုင်သည်။
လူသားများအားလုံးအတွက် စစ်မှန်သောမြော်လင့်ချက်မှာ သ ခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ ကိုယ်တော်သည် အခြေခံအား ဖြင့် ဘုရားဖြစ်တော်မူသော်လည်း ကိုဘ်တော်သည် လူသားတစ်ဉီး အဖြစ် လူ့ဇာတိကို ခံယူတော်မူခဲ့သည်။ ထိုနောက် ခရစ်တော်သည် ဘုရားသခင်ကို ဆန့်ကျင်သောလူသားများအား အပြစ်များမှ ကယ် တင်တော်မူရန်အတွက် ကြွလာတော်မူ၍ သူတို့ကို ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်သူအားလံဒးကို စာတန်၏တန်ခိုးမှ ရွေးနှုတ်တော်မူ၍ ကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ဤဗတ္တိဇံအားဖြင့် ၎င်းတို့ အားလုံးကို ဆေးကြောပေးတော်မူခဲ့ကာ လူသားများ၏အပြစ်များ အားလုံးအတွက် တရားစီရင်ခြင်းကို တစ်ကြိမ်တည်းထမ်းတော်မူခဲ့ သည်။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ရန်သူ၊ ကျွန်ုပ်တို့ သည် မြော်လင့်ချက်ကင်းမဲ့သောအပြစ်သားများဖြစ်ကြသော်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အားဖြင့် စာ တန်ထံမှ ကယ်တင်တော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်အားဖြင့် ကြွလာခဲ့သော အပြစ်များဖြေလွှတ်ခြင်းကို နှ လုံးသားဖြင့် ယုံကြည်မှသာလျှင် ကျွန်ုပ်တို့အားလုံးသည် အပြစ်များ အားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ ကျွန်ုပ်တို့သည် အမှောင် မှ ကယ်တင်တော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် အသစ်သောဘဝကို ရရှိနိုင်ကြသည်။
ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အသစ်သောဘဝကို ခံစားရရှိခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပြန်လည်စည်းလုံးနိုင်ကြ၍ ကိုယ် တော်၏နိုင်ငံတော်၌ တဖန်အသက်ရှင်နိုင်ကြသည်။ ဤအံ့ဩဖွယ် ကောင်းသော ကောင်းကြီးမင်္ဂလာများကို ယနေ့ဘုရားသခင်၏အ သင်းတော်၌ ဖွင့်ဟချက်ရှိသည်။ ဤအရာများသည် ကျွန်ုပ်တို့အပေါ် သွန်းလောင်းသော ကောင်းကြီးမင်္ဂလာများ ဖြစ်ကြသည်။ ရေနှင့်အ သွေးအားဖြင့် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှုတ်ကပတ်တော်ကြောင့် သင်နှင့်ကျွန်တော်တို့ သည် ယခုတွင် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကောင်းကြီးမင်္ဂလာ များခံစားရရှိခဲ့ကြသောကြောင့် ကျေးဇူးတင်ကြသည်။ ယုံကြည်သူ အားလုံးသည် ဤလောကတွင် အသက်ရှင်နေကြစဉ် အချင်းချင်း မည်သို့ မိတ်သဟာယဖွဲ့ရကြမည်ကို သိသင့်ကြသည်။ ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မည်သို့ ပြန်လည်သင့်မြတ်ခြင်း ရ ရှိကြမည်ကိုလည်း သိသင့်သည်။ ဤသို့ယုံကြည်ခြင်းရှိသူများသည် သန့်ရှင်းတော်မူသောဘုရားနှင့် ယခုမည်သို့ဆက်သွယ်မည်ကို သိကြ ၍ ဆက်နွယ်နေကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် ကိုယ်ရေး ကိုယ်သာ ရိုးသားဖြူစင်မှုရှိကြသည်။ တစ်ဖက်တွင် ဘုရားသခင်ရှေ့ တော်၌ စိတ်နှလုံးမဖြူစင်သောသူများသည် ကိုယ်ကျိုးအတွက်သာ စိတ်ဝင်စားတတ်ကြသည်။ သူတို့သည် သူတစ်ပါးကို လုံးဝနားမ ထောင်ကြပေ။ ဤသို့သောပုဂ္ဂိုလ်များသည် စိတ်နှလုံးဖြူစင်မှုဖြင့် စစ်မှန်သော ယုံကြည်သူများမဖြစ်လာနိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ဘုရားရှေ့တော်၌ ကယ်တင်ခြင်းသို့ ရောက်သင့်ကြ သည်။ ဤယုံကြည်မှုအားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော် မူခဲ့သော ကယ်တင်အမှုကို ခံစား၍ နှလုံးသားအကြွင်းမဲ့ ကိုယ်တော့် ကို ကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် အောက်ပါအတိုင်း ဝန်ခံသင့်ကြသည်။ “ကိုယ်တော်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အ လွန်ချစ်တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဤသို့ဖြင့် ဗတ္တိဇံ၍ ကျွန်ုပ်တို့အတွက် အသေခံတော်မူခဲ့တယ်။ ကိုယ်တော်သည် ကျွန်ုပ် တို့လူသားများအတွက် ပြုတော်မူခဲ့သော ရည်ရွယ်ချက်မှာ ကိုယ်၏ ကစားစရာအရုပ်တစ်ရုပ် ဖြစ်လာရန်အတွက် မဟုတ်ပါ။ သို့သော် ကိုယ်တော်၏သားသမီးများဖြစ်လာရန်နှင့် ကောင်းကြီးမင်္ဂလာများချ ပေးရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏စုံစမ်းခြင်း၌ ကျ ဆင်း၍ လမ်းလွှဲကြသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အား စစ်မှန် သောကယ်တင်ခြင်းကို ပေးအပ်တော်မူရန် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့် ကျွန်ုပ်တို့ကို ရှာဖွေတော်မူသည်။ ကိုယ်တော် သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များထမ်းရန် ဤလောက သို့ ကြွဆင်းတော်မူခဲ့တယ်။ ကိုဘ်တော်သည် ကားတိုင်ပေါ်တွင် မိမိ အသက်ကို စတေးတော်မူ၍ အပြစ်ကြွေးများအားလုံးကို ပေးဆပ် ကျေအေးစေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ တယ်။ ယခုတွင် ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သော ဤ အရာများအားလုံးကို ကျွန်ုပ်တို့သည် သိ၍ ယုံကြည်ကြသောကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်အပေါ် ကျေးဇူး တင်သတယ်။” ဤသို့သောယုံကြည်မှုမှာ ကျွန်ုပ်တို့အား ဘုရားသခင် ကို ရရှိစေသော ယုံကြည်မှု ဖြစ်သည်။ဤသို့သော ယုံကြည်မှုမှာ ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်သောယုံကြည်မှု ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို နှလုံးသား ဖြင့် ယုံကြည်ခြင်းက ကျွန်ုပ်တို့အပေါ် အပြစ်များဖြေလွှတ်ခြင်းယူ ဆောင်လာ၍ ဘုရားသခင်၏သားသမီးများ ဖြစ်စေတော်မူသည်။ အ ကျဉ်းအားဖြင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကယ်တင် ခြင်းကို ခံရကြ၍ ကောင်းကင်နိုင်ငံတော်၌ ထာဝရအသက်ရှင်ရန် ယုံကြည်ခြင်းကောင်းကြီးမင်္ဂလာများကို ခံစားရရှိခဲ့ကြသည်။
ယုံကြည်ခြင်းကောင်းကြီးမင်္ဂလာများဖြင့် ယခုတွင် ကျွန်ုပ်တို့အ ပေါ် ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းကြောင့် ကျွန်ုပ်ုတိ့သည် အပြစ်များမှ ကယ် တင်ခြင်းခံရကြသည်။ ဤသို့ ယုံကြည်ခြင်းကောင်းကြီးမင်္ဂလာများ နှင့်အတူ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ဟောပြောရန် ကောင်းကြီးမင်္ဂလာချပေးတော်မူခဲ့ သည်။ ကျွန်တော်သည် တရားပလ္လင်ပေါ်၌ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအပြင် အခြားသောအရာများ ဟောပြော၍ အသင်းသူ/ သားများအား သတင်းကောင်းအစေခံရန် အကြံပြုခြင်း သို့မဟုတ် ဘု ရားသခင်နှင့်စည်းလုံး၍ အသက်ရှင်ရန် တိုက်တွန်းနေလျှင် ကျွန် တော်သည် အချည်းနှီးသောအရာများကို ဟောပြောနေခြင်း ဖြစ် သည်။ 
ယေဇကျေလ ၃ရး၁၄တွင် “အသက်ရင်စေခြင်းငှါ ငါသည် ကိုယ် အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်” ဟု ဖော်ပြထားသည်။ ဤတွင် ဘုရားသခင်သည် စစ်မှန်သောသတင်း ကောင်းမသိသေးသောသူများအားလုံးထံ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဟောပြောရန် ကျွန်ုပ်တို့ကို ပြောကြားတော်မူသည်။ ဘုရား ခင်သည် ယုံကြည်သောနှလုံးသားများ၌ ကယ်တင်ခြင်းနှင့်သန့်ရှင်း သောဝိညာဉ်တော်နှင့် အသက်ကို ပြန်လည်ပေးအပ်တော်မူခဲ့သ သောကြောင့် ကျွန်ုပ်တို့သည် ယေဇကျေလ၏ချိုင့်ဝှမ်း၌ ခြောက် သွေ့သောအရာများကဲ့သို့သော လောကလူသများကို ကယ်တင် တော်မူလိမ့်မည်ဟု ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဤအရာ ကို ယုံကြည်ကြသည်။ ဓမ္မဟောင်းကျမ်းခေတ်ကာလတွင် ယေဇကျေ လအပေါ် ဘုရားသခင်ပြုတော်မူခဲ့သော ကတိတော်နှုတ်ကပတ် တော်မှာ ယခု ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော် ယုံကြည်သူကျွန်ုပ်တို့အားလုံးအပေါ် ဘုရားသခင်ပြောကြားတော်မူ သော နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်သည် သင်နှင့်ကျွန် တော်တို့အပေါ် ကယ်တင်ခြင်းရှင်သန်သောအသက်ကို မှုတ်သွင်း တော်မူခဲ့သည်။
ဘုရားသခင်သည် တရားမဲ့သောဘုရားဖြစ်တော်မမူပေ။ ဘုရား သခင်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူခဲ့သော ကြောင့် ကိုယ်တော်သည် နှုတ်ဖြင့် မဖော်ပြနိုင်လောက်အောင် ဂရု ဏာတော်ရှင်နှင့်ပြည့်စုံတော်မူ၍ ကောင်းမြတ်တော်မူသည်။ ကျွန်ုပ် တို့သည် ဤသို့သောဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် အပြစ် များအားလုံးမှ လွှတ်မြောက်ခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘု ရားသခင်အပေါ် ကျေးဇူးတင်ကြသည်။ သို့သော် လူများစွာတို့သည် ဤအရာကို မသိသေးကြသောကြောင့် ကျွန်ုပ်တို့သည် သူတို့အတွက် သူတို့အပေါ် ရှင်သန်သောအသက်ကို မှုတ်သွင်းရန် ကြိုးစားရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုယ်စား ဘုရားသခင်၏နှုတ် ကပတ်တော်ကို သူတို့ထံ ဟောပြောနေကြသည်။ သင်သည် ထိုသာ သနာလုပ်ငန်းကို ထောက်ပံ့ခြင်းအားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အစေခံနေသည်။ ဤအလုပ်မှာ ယုံကြည်ခြင်းအားဖြင့်အ သက်ရှင်သူများ၏လုပ်ငန်း ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင် ၏အလုပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးသို့ ကယ်တင်ခြင်း ရှင်သန်သောအသက်ကို ဟောပြောသော တန်ဖိုးကြီးသောလုပ်ငန်း၌ ပါဝင်နေကြသည်။ ကျွန်ုပ်တို့ကြိုးစားအားထုတ်မျုသည် ဤနောက် ဆုံးချိန်များတွင် အသက်ရှင်သောလူသားအားလုံးအတွက် ဖြစ်သည်။ ယခုတွင် လူများသည် သခင်ယေရှုခရစ်တော်နှင့် ကိုယ်တော်၏ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကလွှဲ၍ မြော်လင့် ချက် လုံးဝမရှိကြပေ။ ကုန်ပစ္စည်းဈေးနှုန်းများသည် မတရားတက် လာ၍ ငွေကြေးဖောင်းပွမှု တိုးတက်လာလိမ့်မည်။ လူများသည် တစ် နေ့ ကိုယ်ပိုင်အိမ်ရရှိရေးအတွက် အိပ်မက်မက်နေကြသည်။ သို့သော် လာမည့်နှစ်များတွင် ဤသို့သောအိပ်မက်များသည် အကောင်အ ထည်ဖော်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ကာယအတွက် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုနေ့ရက်များသည် တံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤသို့မှောင်မိုက်သောကမ္ဘာတွင် အသက်ရှင်နေ ကြသော်လည်း ကျွန်ုပ်တို့ထံ ဘုရားသခင်မှုတ်သွင်းတော်မူသော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်ကို ကျွန်ုပ်တို့နှလုံးသား များ၌ လက်ခံကြလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဆုကျေးဇူးအ ဖြစ် အပြစ်များမဖြေလွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးကို ပေးအပ်တော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အပြစ်များဖြေလွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ ကြသည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပရောဖက်ပြုကြသည်ဟု ယုံ ကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကိုယ် ခန္ဓာနှင့်ဝိညာဉ်နှစ်ပါး၌ မရေတွက်နိုင်သောကောင်းကြီးမင်္ဂလာများ စွာ သွန်းလောင်းတော်မူသည်။ ကျွန်ုပ်တို့သည် ဤလောက၌ ဝမ်း မြောက်စွာနှင့်ကြွယ်ဝစွာ အသက်ရှင်စေနိုင်သော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့သည် ဤလောကမှ ထွက်ခွါကြသောအခါ အမြဲတမ်းဝမ်း မြောက်စွာ အသက်ရှင်ရန် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်အားဖြင့် ကြွလာတော်မူသော ဘုရားကို ယုံကြည်ကြသည်။ သင်သည် အဘယ်သို့နည်း။ သင်သည်လည်း ယုံ ကြည်သလော။  ဤအချိန်တွင် ကျွန်တော်သည် ဘုရားသငခ်၏နှုတ် ကပတ်တော်ကို ဟောပြောနေသည်။ ကျွန်တော်၏ကိုယ်ခန္ဓာနှင့်ဝိ ညာဉ်များသည် ခွန်အားရရှိသည်။ ကျွန်တော်မည်မျှ ဝမ်းမြောက်၍ ပျော်ရွှင်မြူးတူနေသည်ကို စကားလုံးဖြင့် ဖော်ထုတ်၍မရနိုင်ပေ။
သင်နှင့်ကျွန်တော်တို့လုပ်နေသောအလုပ်မှာ အလွန်တန်ဖိုးကြီး သည်ဟု ကျွန်တော်စဉ်းစား၍ မားမားမတ်မတ် ယုံကြည်သည်။ ထို အကြောင်းကြောင့် ကျွန်တော်သည် ဘုရားသခင်၏အငယ်ဆုံးအလုပ် ပင်လျှင် ထမ်းဆောင်ရန် အလွန်ဝမ်းမြောက်နေရခြင်း ဖြစ်သည်။ သင် နှင့်ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းသတင်းကောင်း ကို အစေခံရန် အတူတူလုပ်ဆောင်နေသော အလုပ်သည် အတိုင်းမ သိ တန်ဖိုးကြီးသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော် ထမ်းဆောင်သည့်အခါတိုင်း တွင် အမြဲတမ်းဝမ်းမြောက်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရန်အလွန်ဝမ်း မြောက်ကြသည်။ သင်သည်လည်း ဝမ်းမြောက်လိမ့်မည်ဟု ကျွန် တော်ယုံကြည်သည်။ ဟာလေလုယာ။