Search

တရားဟောချက်များ

ဘာသာရပ် ၁၂ - သင်၏စိတ်နှလုံးသား၌ ရှုပ်ထွေးမှုများနှင့် အချည်းနှီးများ ရှိလျှင် သမ္မာတရား အလင်းကို ရှာပါ

[12-6] တဖန်ရေမငတ်ရန် ကိုယ်တော် သည် အသက်ရေကို ပေးတော်မူသည် (ယောဟန် ၄း၄-၁၄)

တဖန်ရေမငတ်ရန် ကိုယ်တော် သည် အသက်ရေကို ပေးတော်မူသည်
(ယောဟန် ၄း၄-၁၄)
“ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။
ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့် အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသောမြို့သို့ ရောက်တော်မူ၏။ ထိုအ ရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသော ကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီ အချိန်ဖြစ်၏။
ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။ အကြောင်း မူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွား ကြသည် အခိုက် ဖြစ်သတည်း။
ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမ ဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့်  သောက်ဘို့တောင်းသနည်းဟု ဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဘော်ခြင်း မရှိ။
ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက် ဘို့ရေပေးပါဟုဆိုသောသူကား အဘယ်သူဖြစ်သည်ကို၎င်း သင် သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက် ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည် ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။ ဤရေတွင်းကို ငါတို့ အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။
ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထို သူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။
 

ရှမာရိသို့သခင်ယေရှုကြွတော်မူခြင်း

ယနေ့ ကျွန်ုပ်တို့ဖတ်ခဲ့သော ရှင်ယောဟန် အခန်းကြီး ၄ ၌ပါရှိ သောကြောင်းအရာမှ သင်နှင့်အတူ ဘုရားသခင်၏ကောင်းကြီးမင်္ဂ လာကို ကျွန်တော်ဝေမျှ လိုပါသည်။ ဤကျမ်းချက်တွင် ရေတွင်း၌ သခင်ယေရှုကို တွေ့ခဲ့သော ရှမာရိမိန်းမတစ်ဉီးကို တွေ့ရသည်။ သူ တို့စကားစမြည်ပြောခြင်းမှာ ကျွန်ုပ်တို့အား ဘယ်တော့မှ ရေမငတ် စေနိုင်သော စစ်မှန်သောနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ တွေ့နိုင်ကြ သည်။ ဤလောကတွင် ယခုအသက်ရှင်နေသော သင်နှင့်ကျွန်တော် တို့အတွက် ရှမာရိမိန်းမသည် ကျွန်ုပ်တို့၏ပုံရိပ်လည်း ဖြစ်သည်။
သခင်ယေရှုသည် ဂလိလဲသို့သွားသောလမ်းတွင် ဤအမျိုးသမီး နေထိုင်သည့် ရှမာရိမြို့၌ ရပ်တော်မူခဲ့သည်။ သခင်ယေရှုသည် ရည် ရွယ်ချက်ရှိစွာဖြင့် ယာကုပ်ရေတွင်းသို့ကြွ၍ သူမကို စောင့်တော်မူခဲ့ သောကြောင့် ကိုယ်တော်သည် သူ့မနှင့်တွေ့ဆုံနိုင်ခြင်း ဖြစ်သည်။ ရှ မာရီမြို့ကို ရှုခါမြို့ဟု မှည့်ခေါ်၍ မိန်းမသည် ထိုနေရာမှ ယာကုပ်နှင့် ယောသပ်၏သားများနေထိုင်သည့်နေရာ၊ တစ်ချိန်က ဣသရေလလူ မျိုးများ၏ဘိုးဘေး များနေထိုင်သည့်နေရာနှင့် ယာကုပ်ရေတွင်ရှိနေ သောနေထိုင်သောနေရာမှ လာခဲ့သည်။ 
 ယုဒလူမျိုးများသည် ရှမာရိလူများနှင့်ဆက်ဆံရန် ချီတုံချတုံ ဖြစ်ခဲ့ရကြသည်။ ဤအကြောင်းကြောင့် ဓမ္မဟောင်းကျမ်းခေတ်ကာ လတွင် အာရှုရိဘုရင်များသည် 
အာရှုရိဘုရင်များသည် သူတို့သိမ်းပိုင်ထားသောနယ်မြေများကို အတင်းအဓမ္မပြန်လည်အခြေချခြင်းအားဖြင့် စုစည်းရေးမူဝါဒကို လိုက်လံရှာဖွေ ခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဣသရေလ နိုင်ငံကို အနိုင်ယူသိမ်းပိုက်ကြသောအခါ သူတို့သည် ရှမာရိမြို့၌ ဘု ရားမသိသူ လူမျိုးပေါင်းစုံနှင့်နေထိုင်ကြ၍ လူမျိုးကွဲအိမ်ထောင်ပြုခဲ့ သည်။ ထိုကြောင့် ယုဒလူများသည် ရှမာရိလူများကို တမင်တကာ ရှောင်လွှဲခဲ့ကြ၍ သူတို့သည် ဘုရားတရားမသိသောသူများနှင့် အိမ် ထောင်သူကြသောလူမျိုးများအဖြစ် သူတို့ကို ရှုတ်ချခဲ့ကြသည်။ ရှမာ ရိလူများသည် ဣရေလလူမျိုးများကဲ့သို့ စင်ကြယ်ခြင်းမရှိကြသော ကြောင့် ယုဒလူမျိုးများက သူတို့ကို နှိမ်ခဲ့ကြသည်။
သခင်ယေရှုသည် ရှမာရိမြို့  ရေတွင်း၌ရပ်တော်မူခဲ့သည်အချိန် မှာ မွန်းတည့်ချိန် ဖြစ်၍ နေပူဒဏ်ကို ရှောင်လွှဲတော်မမူနိုင်ပေ။ ထို ကြောင့် ကိုယ်တော်သည် ရှမာရိမိန်းမကို နေပူကျဲကျဲ ပူသည့်အချိန် တွင် တွေ့တော်မူခဲ့၍ သူမအား ရေတောင်းခြင်းအားဖြင့် သူတို့နှင့်အ တူ အသက်အတွက် စကားစမြည်ပြောတော်မူခဲ့သည်။
 


သင့်ကို စကားပြောသောသူကို သင်သိခဲ့လျှင် “သောက်ဖို့ရေပေးပါ”


ရှမာရိမိန်းမက သခင်ယေရှုထံ “ကိုယ်တော်သည် ယုဒလူဖြစ် လျက်ဖြင့် ရှမာရိမိန်းမတစ်ဉီး ကျွန်မထံမှ ဘာကြောင့် သောက်ဖို့ရေ တောင်းနေသလဲ”ဟု လျှောက်ခဲ့သည်။ ထိုနောက် သခင်ယေရှုက သူ မထံ “ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆို သောသူကား အဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်” (ယောဟန် ၄း၁၀)ဟု မိန့်တော်မူခဲ့သည်။ ဤတွင် ရှမာရိမိန်းမသည် သခင်ယေရှုနှင့် စကားစမြည်မပြောမီအချိန်ကတည်းက ယုဒလူမျိုး များအပေါ် မုန်းတီးခဲ့သည်ဟု တွေ့ရကြသည်။ ဤမိန်းမသည် ရှမာရိ မြို့တွင် ယုကုပ်၏ရေတါင်းရှိခဲ့ခြင်းကို အလွန်မာန်မာနထောင်လွှားခဲ့ သောကြောင့် သူမက မိမိဘိုးဘေးများ၏ယုံကြည်ခြင်းသည် ပို၍ ကြီး မြတ်သည်ဟု စဉ်းစားခဲ့သည်သာမက ဤယုံကြည်မှုနှင့် ယုဒလူမျိုး များ၏ မတူညီသောယုံကြည်မှုကို သူမသည် စိတ်ဝင်စားခဲ့သည်။
ဤမိန်းမသည် ရေတွင်း၌ ရောက်လာခဲ့သောအခါ မွန်းတည့်ချိန် ဖြစ်သည်။ မွန်းတည့် ၂ နာရီတွင် ထိုနေရာဒေသတွင်ရှိသောလူများ သည် အလွန်ပူပြင်းသောကြောင့် သူတို့သည် လုပ်ငန်းရပ်တန့်၍ ခေတ္တခဏအနားယူခဲ့ကြသည်။ ၎င်းသည် ၃ နာရီအထိ နေ့လည်စာ စားပြီးနောက် သူတို့၏နေ့စဉ်လုပ်ရိုးလုပ်စဉ်းဖြစ်သည်။ ထိုနောက် နေပူပြင်းသက်သာသည့်အချိန် ညနေခင်းတွင် သူတို့၏လုပ်ငန်းများ ပြန်စတင်ခဲ့ကြသည်။ သို့သော် ဤထုံးတမ်းစဉ်လာကို ဆန့်ကျင်၍ ယ နေ့ကျမ်းချက်တွင်ရှိသော မိန်းမသည် အခြားသူများမမြင်တွေ့သည့် အချိန်တွင် ရေခပ်ရန် ရေတွင်းသို့ သွားခဲ့သည်။ ဤမိန်းမသည် သူတ ပါးကို ရှောင်ရန် ကြိုးစား၍ ရေတွင်းသို့ ရေခပ်ရန်သွားခြင်းအကြောင်း ကို ကြည့်လျှင် သူ့မ၏အကျင့်ကို ကျွန်ုပ်တို့သိနိုင်ကြသည်။ 
ယောဟန် ၄း၁၀ တွင် သခင်ယေရှုက “ဘုရားသခင်ကျေး ဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထို သူသည်လည်း အသက်ရေကို ပေးလိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုပေါ် မိန်းမပြောသောအရာကို ကြည့်လျှင် သူမသည် “ကိုယ်တော့်မှာ ခပ်စရာ ရေပုံးမရှိဘဲ အသက်စမ်းရေကို ကျွန်မအား မည်သို့ ပေးနိုင်မလဲ။ ဤရေတွင်းမှာ ကျွန်မဘိုးဘေး ယာကုပ်ပိုင် တယ်။ ကိုယ်တော်သည် ယုဒလူဖြစ်လျက် ဘာကြောင့် ကျွန်မထံ သောက်ဖို့ ရေတောင်းသလဲ”ဟု စဉ်းစားခဲ့သည်ကို ကျွန်ုပ်တို့ ချက် ချင်းမြင်တွေ့ရသည်။
ဤတွင် ရေငတ်သူများအတွက် ဘုရားသခင်ပေးအပ်တော်မူ သောရေမှာ အသက်စမ်းရေ၊ ကိုယ်တော်၏ကျေးဇူးတော် ဖြစ်သည်။ ဤတွင် မိန်းမအပေါ် သခင်ယေရှုပေးအပ်တော်မူသော ဘုရားသခင် ၏ကျေးဇူးတော်မျာ အပြစ်များဖြေလွှတ်ခြင်း ဖြစ်သည်။ သူမအတွက် ဘုရားသခင်၏ကျေးဇူးတော်မှာ သူမအား အပြစ်များမှ ကယ်တင် မည့် ကိုယ်တော်၏ကျေးဇူးတော် ဖြစ်သည်။ သခင်ယေရှုသည် မိန်းမ ထံ “ဘုရားသခင်ကျေး ဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆို သော သူကား အဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထို သူသည်လည်း အသက်ရေကို ပေးလိမ့်မည်” (ယောဟန် ၄း၁၀)ဟု မိန့်တော်မူခဲ့သောအခါ ဤအရာကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် မိန်းမသည် သခင်ယေရှုပြောသောအရာများကို နားမလည်ခဲ့ပေ။
ဘုရားသခင်သည် ဤမိန်းမထံ မည်သည့်အရာကို ပေးအပ် တော်မူလိုသနည်း။ ကိုယ်တော်သည် သူမအား သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏ အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ပြောသော သတင်း ကောင်းကို ပေးအပ်လိုတော်မူသည်။ တစ်နည်းအားဖြင့် သခင်ယေရှု သည် သူမအား ကယ်တင်ခြင်းဆုကျေးဇူးကို ပေးအပ်လိုတော်မူ၍ ကိုယ်တော်သည် ဤလောက၌ရှိသော အပြစ်များကို ထမ်း၍ ပြစ် ကြွေးပေးဆပ်ရန် အပြစ်ဖြေရာယဇ်ဖြစ်တော်မူသည်ဟု သူမကို သိ စေလိုတော်မူသည်။
လူသားများအပေါ် ကိုယ်တော်သည် အခမဲ့ပေးအပ်တော်မူသော ကယ်တင်ခြင်းဆုကျေးဇူးမှာ မည်သည့်အရာ ဖြစ်သနည်း။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များကို ထမ်းတော်မူခဲ့၍ အပြစ်သားများ၏နေရာတွင် အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ကိုကိုယ် ပြစ်ကြွေးပေးဆပ်တော်မူ ခဲ့သည်ဟူသောအချက် ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခဲ့သော ဤသခင်သည် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ယုံကြည်ရကြမည် ဖြစ်သည်။
သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ တော်မူခဲ့သောဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ အ သေခံတော်မူခဲ့သောသခင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ယုံကြည်ရ ကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အပြစ်များအ တွက် တရားစီရင်ခြင်းခံယူတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤကယ် တင်ခြင်းကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် အမှန်အကန် ကယ်တင်ခြင်းခံရကြသည်။ ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် အသွေးတော်ကို ယုံကြည်ခြင်းသည် အလွန်အံဩစရာကောင်း သည်။ ကျွန်ုပ်တို့အား ဘုရားသခင်၏သားသမီးများအဖြစ်သို့ ပုံသွင်း ပေးသော မွန်မြတ်သောယုံကြည်ခြင်း ဖြစ်သည်။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိ ဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ကြောင့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းသည် ကားတိုင်ပေါ် တွင် သခင်ယေရှုသွန်းလေင်းတော်မူခဲ့သောအသွေးတော်အားဖြင့် ပြည့်စုံလျက်ရှိသည်။ ဘုရားသခင်၏သားတော်သခင်ယေရှုခရစ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်း တော်မူသောအသွေးတော်သည် ခမည်းတော်ဘုရားသခင်၏အမျက် တော်ပြောစေရန် အပြစ်ဖြေရာယဇ်ဖွဲ့စည်းမှု ဖြစ်သည်။ ကျွန်ုပ်တို့ အား ဤလောကအပြစ်များမှ ကယ်တင်သောသမ္မာတရားမှာ ဘုရား သခင်၏ကျေးဇူးတော်ဖြစ်သည်ဟု သခင်ယေရှုမိန့်တော်မူသည်။ 
ကိုယ်တော်သည် အပြစ်များအားလုံးဖြစ်သူ ကျွန်ုပ်တို့အား ဘု ရားသခင်၏သန့်ရှင်းသောလူများ ဖြစ်စေရန် အလိုတော်ရှိသည်။ ထို သို့ဖြစ်လာနိုင်ရန် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင်  အသွေးတော်တို့ဖြင့် ကျွန်ုပ်တို့ ပြစ်ကြွေးများကို ပေးအပ်တော်မူခြင်းအားဖြင့် မိမိကိုယ်ကိုကိုယ် ပေး ဆပ်တော်မူခဲ့သည်။ ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ သောသခင်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများအားလုံးအပေါ် ကယ်တင်ခြင်းကို ပေးအပ်တော်မူသည်။ အပြစ်မှ လူသားများ၏ ကယ်တင်ခြင်းကို ကယ်တင်ခြင်းကျေးဇူးတော်ကို ယုံကြည်ခြင်းအား ဖြင့်၊ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ ခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ရရှိနိုင်သည်။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ ဤ လောကအပြစ်များကို ထမ်း၍ ဤကယ်တင်ခြင်းအမှုကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နှလုံးသားများ၌ စစ်မှန်သောကယ်တင် ခြင်းခံရကြသည်။ ကိုယ်တော်သည် ဗတ္တိဇံခံယတော်မူခြင်းနှင့်ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် လူသား များအပြစ်များကို ဖယ်ရှားပးတော်မူခဲ့သည်ဟု ယုံကြည်သူအားလုံး သည် ကယ်တင်ခြင်းခံရကြသည်။ ဤအရာသည် အခြားသောအရာ မဟုတ်ဘဲ ဘုရားသခင်၏ဂရုဏ်တော်ပင် ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤအချက်ကို ယုံကြည်ခြင်းအားဖြင့် နှလုံးသားများ နှင့်ဝိညာဉ်များနှစ်သိမ့်မှုခံစားရရှိနိုင်ကြသည်။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားစင်တင်အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် ပြစ် ကြွေးများပေးဆပ်ကျေအေးတော်မူခြင်းမှာ ဤအချက်ကို ယုံကြည် သူအားလုံးကို အပြစ်များမှ ကယ်တင်ပေးသော ဘုရားသခင်၏ဆု ကျေးဇူး ဖြစ်သည်။ 
လူသားများအားလုံးသည် အပြစ်များအတွက် တရားစီရင်ခြင်းခံ ရမည်ကို သခင်ယေရှုသိတော်မူသောကြောင့် ကိုယ်တော်သည် သူတို့ ကို မသိမမြင်ဟန်ဆောင်၍ နေတော်မမူနိုင်ခဲ့ပေ။ ထိုအကြောင်း ကြောင့် ကိုယ်တော်သည် ရှမာရိမိန်းမကို ရှာဖွေ၍ သူမနှင့်တွေ့ကာ အပြစ်များအားလုံးမှ ကယ်တင်ခြင်းဆုကျေးဇူးကို ပေးအပ်တော်မူ သည်။ သခင်ယေရှုသည် ရှမာရိနယ်ကို အမှုမဲ့အမှတ်မဲ့ လွယ်လင့်တ ကူ ဖြတ်ကျော်တော်မမူပေ။ ကိုယ်တော်သည် မိမိသွားလိုရာသို့ ရောက်ရန် အခြားသောလမ်းကိုလည်း လိုက်သွားတော်မမူခဲ့ပေ။ ကိုယ်တော်သည် ဤအကြောင်းကို လျစ်လျူရှု၍ ကိုယ်တော်သည် ရှ မာရိမိန်းမအတွက် သနားခြင်းဂရုဏာသက်ရောက်တော်မူ၍ သူမ အား အပြစ်များအားလုံးမှ လွှတ်မြောက်စေလိုတော်မူသောကြောင့် ကိုယ်တော်သည် ရှမာရိနယ်ကို ဖြတ်သန်း၍ ခရီးသွားတော်မူခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ယေရှုသည် ရှမာရိမိန်းမပေါ် ကယ်တင်ခြင်းကျေးဇူးတော်ကို ချပေးတော်မူရန် အလိုတော်ရှိသည်။
 


သင်နှင့်ကျွန်တော်တို့အပေါ် သခင်ချပေးတော်မူသော အသက်စမ်းရေမှာ အဘယ်အရာနည်း။


သင်နှင့်ကျွန်တော်တို့အပေါ် သခင်ယေရှုပေးအပ်တော်မူခဲ့သော ကယ်တင်ခြင်းကျေးဇူးတော်မှာ ကိုယ်တော်သည် ဗတ္တီဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို မိမိကိုယ် ပေါ်သို့ ထမ်း၍ ဆေးကြောပေးတော်မူခဲ့သောအချက် ဖြစ်သည်။ သ ခင်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော်သည် ဤလောကအပြစ်များကို တစ်ကြိမ်တည်းဖယ်ရှား ပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဤလောကအ ပြစ်များမှ တစ်ကြိမ်တည်းကယ်တင်တော်မူရန်အတွက် ကိုယ်တော် သည် ဗတ္တိဇံယေဦဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလော ကအပြစ်များကို ဖြေရှင်းပေးတော်မူခဲ့သည်။ ထိုကြောင့် ယခုတွင် ကိုယ်တော်သည် ကိုယ်တော်၏ဗတ္တိဇံကို သိ၍ ယုံကြည်ကာ လက်ခံ သောသူများအားလုံးကို အပြစ်များမှ ရွေးနှုတ်ရန်တတ်နိုင်တော်မူခဲ့ သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သည် အပြစ်များအတွက် ကိုယ်တော်ပေးအပ်တော်မူသော ကယ်တင်ခြင်း ဆုကျေးဇူး ဖြစ်သည်။
ယခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်၊ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းသော သခင်ယေရှု သည် ကျွန်ုပ်တို့နေရာတွင် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံ တော်မူခဲ့သည်ဟု နားလည်၍ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း သို့ ရောက်ကြသည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘယ်တော့မှ မငတ်နိုင်သော ထာ ဝရကယ်တင်ခြင်း ခံရကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်တို့ကို ကယ်တင်ခြင်း အဖြစ် ယခု လက်ခံယုံကြည်သူများသည် စမ်းရေပမာ စီးထွက်၍ သူ တို့၏နှလုံးသားထဲသို့ စီးနေသော ကိုယ်တော် ၏ကယ်တင်ခြင်းကျေး ဇူးကို ရရှိခဲ့ကြသည်။
ဤသို့သောကယ်တင်ခြင်းကျေးဇူးတော်မှာ သခင်ယေရှုသည် ဤလောက၌ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို ယုံ ကြည်သူများခံစားရရှိခဲ့သောအရာတစ်စုံတစ်ခု ဖြစ်သည်။ ဤသို့ ကယ်တင်ခြင်းအသက်စမ်းရေကို ဤလောကတွင်ရှိသော အသက်ရှိ သူအပြစ်သားများအားလုံးအပေါ် ပေးအပ်ခဲ့သည့်အတိုင်း ဤကယ် တင်ခြင်းကျေးဇူးတော်ကို သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သည်ဟူသော ယုံကြည်သူများအားဖြင့်သာ ရရှိနိုင်ပါ သည်။ အပြစ်သားများအတွက် ဘုရားသခင်ပေးအပ်တော်မူသော ကယ်တင်ခြင်းမှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့နေရာတွင် ကျွန်ုပ်တို့အ ပြစ်များအတွက် အသေခံတော်မူခြင်းအားဖြင့် ဤလောကအပြစ်များ ကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်း၊ သခင်ယေရှုကို ယုံ ကြည်ခြင်းမှ စီးထွက်လာသည်။ ဓမ္မသီချင်းတစ်ပိုဒ်တွင် “ငြိမ်သက် ခြင်း၊ ငြိမ်သက်ခြင်း၊ အလွန်အံ့ဩဖွယ်ငြိမ်သက်ခြင်း၊ အထက်ခမည်း တော်ထံမှ ကြွဆင်းလာ။ နားလည်ရခက်မေတ္တာအားဖြင့် ကျွန်ုပ်နှလုံး သား ထာဝရဆေးကြောရန် ကျွန်ုပ်ဆုတောင်း။”
ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံမှာ ဤလောက၌ မွေးဖွားသည့်နေ့မှစ၍ အပြစ်သားများဖြစ်ကြသူ ကျွန်ုပ် တို့အား ထာဝရကယ်တင်တော်မူသော ဘုရားသခင်၏မေတ္တာတော် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များကို မိမိကိုယ်ပေါ်သို့ တစ်ကြိမ်တည်းယူဆောင်သွား တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နေရာတွင် အပြစ်ကြွေး ပေးဆပ်ကျေအေးစေရန် ကားစင်တင်ခံတော်မူသောအခါ အသွေး တော်သွန်းလောင်းတော်မူခဲ့သောကြောင့် ယုံကြည်သူအားလုံးထံ ကယ်တင်ခြင်းယူဆောင်တော်မူခြင်း ဖြစ်သည်။ အကျဉ်းအားဖြင့်၊ ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်တော်မူရန် ဗတ္တိဇံယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံနှင့်အသွေးတော်ကို ကျွန်ုပ်တို့နှ လုံးသားသို့ လက်ခံလျှင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရကြသည်။ ထိုနောက် ကျွန်ု်ပတို့သည် ကယ်တင်ရှင်ဘု ရား၏မေတ္တာတော်သို့ လာ၍ ကျွန်ုပ်တို့အပြစ်များ ဆေးကြောပေးရန် ကျွန်ုပ်တို့နှလုံးသား၌ ကယ်တင်ခြင်းကျေးဇူးစီးဆင်းလျက်ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်သားများအား ကယ်တင်ခြင်း ကျေးဇူးကို ချပးတော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို တစ်ကြိမ်တည်း ဆေးကြောပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စစ် မှန်သော စိတ်ငြိမ်သက်ခြင်းနှင့်အတူ စစ်မှန်သောကယ်တင်ခြင်းပေး အပ်လိုတော်မူ၍ လွှမ်းခြုံလိုတော်မူလိုသည်။ ထိုကြောင့် ဤအချိန် တွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် အပြစ်သားများအား အပြစ်များမှ ကယ်တင်တော်မူခဲ့သည် ဟု ယုံကြည်သူများအပေါ် ကိုယ်တော်သည် ကယ်တင်ခြင်းကို ပေး အပ်တော်မူသည်။
ကျွန်ုပ်တို့သည် ရှမာရိမိန်းမကဲ့သို့ အပြစ်သားများဖြစ် ကြသည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်သားဘဝဖြင့် စွန့်ပစ် တော်မမူဘဲ ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ ကို ရှာဖွေတော်မူရန် ကြွဆင်းတော်မူ၍ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းကာ ကျွန်ုပ်တို့ယုံကြည်သူများအား စစ်မှန်သော ကယ်တင်ခြင်းမှ အဘယ်အရာဖြစ်သည်ကို သွန်သင်တော်မူသည်။ တစ်နည်းအားဖြင့် ကိုယ်တော်သည် အပြစ်သားများကို ရှာဖွေတော်မူ ရန်အတွက် ကြွလာတော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့၏အပြစ် များဆေးကြောခြင်းတာဝန်ကို ကိုယ်တော်တိုင် ဆောင်ရွက်ပေးတော် မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုလင်ခံတော်မူခြင်းနှင့်  အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်ကြွေး များအားလုံးပေးဆပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် စစ်မှန်သော ကယ်တင်ခြင်း ပြည့်စုံစေတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံသမ္မာတရားသည် ယုံ ကြည်သူကျွန်ုပ်တို့အား ဤလောကအပြစ်များမှ ကယ်တင်ပေးသော အပြစ်ဆေးကြောခြင်းသမ္မာတရား ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကြောင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ကိုယ်တော့်အ ပေါ်သို့ လွှဲပြောင်းခဲ့ပြီးဟု သင်သည် နားလည်သဘောပေါက်၍ ယုံ ကြည်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ဘုရားသငခ်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံ စေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ် တော့်အပေါ်သို့ လွှဲပြောင်းပြီဖြစ်သဖြင့် ကိုယ်တော်၏လုပ်ဆောင် ချက်အပေါ် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့ပြစ်ကြွေးများ အားလုံးကို အသွေးဖြင့် တစ်ကြိမ်တည်းပေးဆပ်တော်မူရန် သခင် ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ရေနှင့်အသွေးတော်သတင်းကောင်းနှုတ်က ပတ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့် အသွေးတော်တို့သည် ကယ် တင်ခြင်းအဖြစ် ကျွန်ုပ်တို့ယုံကြည်ကြသောအခါ  ဘုရားသခင်၏ မေတ္တာတော်မှ ကျွန်ုပ်တို့ထံစီးထွက်လာသော အပြစ်များဖြေလွှတ် ခြင်းကျေးဇူးတော်မြစ်ရေသည် ကျွန်ုပ်တို့နှလုံးသားထဲသို့ စီးဆင်လာ ပါလိမ့်မည်။
ဤရက်စက်ကြမ်းကြုတ်၍ ချစ်ခြင်းမေတ္တာကင်းမဲ့သောကမ္ဘာ ပေါ်တွင် အသက်ရှင်သူကျွန်ုပ်တို့အားလုံးသည် ယခုတွင် ဗတ္တိဇံယော ဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အ ပြစ်များကို ဆေးကြောပေးခဲ့ပြီဖြစ်သောကြောင့် ကယ်တင်ခြင်းသမ္မာ တရားဖွဲ့စည်းသော သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အပေါ် ကျေးဇူးတင်လျက်ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မည်သို့သော အပြစ်များစွာ ရှိစေကာမူ ကျွန်ုပ်တို့အားလုံးသည် သမ္မာတရားကို ယုံ ကြည်ကြ၍ ဆုပ်ကိုင်ထားကြသောကြောင့် ကျွန်ုပ်တို့ကိုယ်စား ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူသော ကိုယ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ဆေးကြောခြင်းခံရကြ သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူ ခဲ့သော ဗတ္တိဇံနှုတ်ကတော်ကို ပြန်လည်သတိရကြသောအခါ ကျွန်ုပ် တို့နှလုံးသားသည် ကယ်တင်ခြင်းဝမ်းမြောက်မှုဖြင့် စီးဆင်းနေကြ သည်ကို မြင်တွေ့နိုင်ကြသည်။ ကျွန်ုပ်တို့ထံ အပြစ်များဖြေလွှတ်ခြင်း ယူဆောင်ပေးခဲ့သော ကိုယ်တော်၏ဗတ္တိဇံအပေါ် ကျေးဇူးတင်သည်။
ဤလောကတွင် ယခုချိန်၌ အသက်ရှင်ခြင်းသည် အလွန်ခက်ခဲ သောကြောင့် ကမ္ဘာပေါ်တွင်ရှိသောလူသားအားလုံးသည် မိမိဘဝ များရှင်သန်ရန်အတွက် ဘေးကျပ်နံကျပ် မည်သို့ခံစားရကြသည်ဟု မြည်တမ်းကြသည်။ မရေတွက်နိုင်သောသူများသည် မိမိဘဝအတွက် ရုန်းကန်နေကြသည်။ အစိုးရအခွန်ဝန်များ ပိနေကြသည်။ ရာသီဥတု ဖောက်ဖြန်မှုဒဏ်ကို ခံစားရကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဤ သို့ ခက်ခဲကြမ်းတမ်းသောဘာဝများ၌ အသက်ရှင်နေကြ၍ ယခုအထိ နှလုံးသားများ၌ အပြစ်ရှိနေကြသော်လည်း သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည်လျှင် ဤသခင်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်သည့်အချိန်မှစ၍ ကျွန်ုပ်တို့ထံ ကိုယ် တော်ချပေးတော်မူခဲ့သော ကယ်တင်ခြင်းမေတ္တာတော်လွှမ်းခြုံ၍ ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများ၌ မည်သို့ပင် အသက်ရှင် စေကာမူ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံသမ္မာတရားနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသော အသွေးတော်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအဖြစ် နားလည်သ ဘောပေါက်၍ ယုံကြည်ခြင်းအားဖြင့် နှလုံးသားထဲသို့ အပြစ်များဖြေ လွှတ်ခြင်းခံရားနိုင်ကြလျှင် ကျွန်ုပ်တို့အားလုံးသည် ဘုရားရှေ့တော်၌ မှန်ကန်စွာ ဝမ်းမြောက်နိုင်ကြမည် ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင် သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များအ တွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်ဟု ယုံကြည်ကြလျှင် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ် များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် အပြစ်များကို ယူဆောင်သွားတော်မူ၍ အပြစ် ကြွေးများပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြလျှင် ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏ မေတ္တာတော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ချပေးတော်မူ သော ကယ်တင်ခြင်းကောင်းကြီးမင်္ဂလာများ၌ အသက်ရှင်နိုင်ကြ မည် ဖြစ်သည်။ သင်နှင့်ကျွန်တော်တို့သည် နှလုံးသားများ၌ ယခုအ ပြစ်ကင်းစင်သူများဖြစ်ကြသောကြောင့် မည်မျှ အံ့ဩဝမ်းမြောက်စ ရာကောင်းပါသနည်း။ ကျွန်ုပ်တို့သည်  အပြစ်များဖြေလွှတ်ခြင်းခံခဲ့ရ သောကြောင့် ဘုရားသခင်ထံ မည်မျှ ကျေးဇူးတင်သည်ကို နှုတ်ဖြင့် ဖော်ပြ၍မရနိုင်ပေ။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သော ယုံကြည်ခြင်းက ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးနိုင် သည်။ ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော်၏ကိုယ်ပေါ်သို့ လွှဲ ပြောင်းပေးခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ဖြောင့်မတ် သောကယ်တင်ခြင်းကို ယုံကြည်ကြသည်။
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို နှလုံး သားများ၌ လက်ခံခြင်းအားဖြင့် စစ်မှန်သောကယ်တင်ခြင်းသို့ ရောက်ရှိခဲ့ကြသောကြောင့် ကျွန်ုပ်တို့နှလုံးသားများသည် ကျေးဇူး တင်ခြင်းဖြင့် စီးဆင်းနေသည်။ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏ ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ နိုင်ကြသည်။ ဤအပြစ်များဆေးကြောခြင်းအလွန်ကောင်းသော နှုတ်ကပတ်တော်ကို နားလည်သဘောပေါက်၍ ယုံကြည်သူများ သည် သူတို့အတွင်းနှလုံးသားများမှ စီးထွက်လာသောဝမ်းမြောက်မှု ဖြင့် အမြဲတမ်းငြိမ်သက်ခြင်းရှိနိုင်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့အ ပြစ်များအတွက် ဆင်းရဲဒုက္ခခံ၍ အသက်ရှင်နေမည့်အစား ယခုတွင် ကျွန်ုပ်တို့အတွက် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ကို ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့ ဝိညာဉ်များသည် ဘယ် တော့မှ မငတ်နိုင်သောနေရာ၌ အသက်ရှင်နိုင်ကြသည်။ ထိုကြောင့် ကယ်တင်ခြင်းဝမ်းမြောက်မှုဖြင့် စီးဆင်းရန် ကောင်းကြီးမင်္ဂလာခံစား ရသော အသက်တာများဖြင့် အသက်ရှင်ခြင်းအတွက် ကိုယ်တော်ကို ကျေးဇူးတင်၍ ဘုန်းတော်ချီးမွမ်းကြသည်။
 

ကျွန်ုပ်တို့သည် သဘာဝအားဖြင့် ရှမာရိမိန်းမနှင့် တူကြသည်

ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏မျက်စိတော်၌ ရှမာရိမိန်း မကဲ့သို့ ဖြစ်ကြသည်။ ရှမာရိမိန်းမသည် ဘဝထမ်းပိုးအပြည့်ဖြင့် လူ များအနားယူသည့်အချိန်တွင် ရေခပ်ရန် လာခဲ့သည်။ သူမသည် နေ သကျဲကျဲပူသည့် မွန်းတည့်ချိန်တွင် နေခပ်ရန် ယာကုပ်၏ရေတွင်းသို့ ရောက်လာခဲ့သည်ကို ကြည့်လျှင် သူမသည် ဤလောက၌ ခက်ထန် သောဘဝဖြင့် အသက်ရှင်ရမည် သိရသည်။ သူမသည် မိမိဘဝဖြင့် ဝမ်းမြောက်မှု မရှိသည်ကို တွေ့နိုင်သည်။ သူမသည် အခြားရွေးချယ် စရာမရှိဘဲ သူမသည် မိသားစုအတွက် အစားအသောက်ပြင်ဆင်ရန် နှင့် နေ့စဉ်ဘဝဖြင့် အသက်ရှင်ရန် ဆန္ဒရှိလျှင် ဤအချန်တွင် ရေခပ် ရန် ရေတွင်းသို့ လာရမည် ဖြစ်သည်။ သူမသည် နောက်တနေ့ရေ ကုန်ခမ်းသောအခါ သူမသည် ရေတွင်းသို့ တဖန်ပြန်လည်ရမည် ဖြစ် သည်။ ဤသို့ဖြင့် မိန်းမသည် ဤလောက၌ အစဉ်မပြတ်၊ အငတ်မ ပြေနိုင်သော ဘဝဖြင့် အသက်ရှင်နေသည်။
ကျွန်ုပ်တို့သည် ဤမိန်းမနှင့်တူကြသည်။ ဥပမာအားဖြင့်၊ လူအ ချို့တို့သည် အိမ်ခြံမြေဝယ်ယူခြင်းက သူတို့ဘဝများကို ပိုကောင်းစေ နိုင်လိမ့်မည်ဟု တွေးကြသည်။ ထိုကြောင့် သူတို့သည် အိမ်ခြံမြေကို အကြွေးဖြင့် ဝယ်ယူကြသည်။ သို့သော် နောက်နှစ်တွင် သူသည် အ ကြွေးပြန်လည်ပေးဆပ်ရန် မိမိခါးပတ်ကို တင်းကြပ်စွာ ထားရှိရန် လို အပ်လာပါသည်။ လူများက ကောင်းသောအလုပ်ရရှိလျှင် ပို၍ ဝမ်း မြောက်လိမ့်မည်ဟုလည်း တွေးကြသည်။ သို့သော် ဤအရာက သူ တို့အား ဝမ်းမြောက်ခြင်းအမှန်အကန် မပေးနိုင်ပေ။ သူတို့သည်  ကြီး မားသောကုမ္ပဏီတစ်ခုတွင် တည်မြဲသောအလုပ်ဆောင်ကိုရရှိ၍ ထို ကုမ္ပဏီသည် သူတို့၏အနာဂတ်ကို အာမခံချက်ပေးဟန်တူသော် လည်း အတားအဆီးများအားလုံးမှရင်ဆိုင်၍ ကုမ္ပဏီပျက်သွားသော အခါ အလုပ်ထုတ်ခြင်းခံရသည်။
လူအချို့တို့သည် လူနေမှုစနစ်ကောင်းမွန်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ဤအရာကို ဖော်ထုတ်ရန် အထက်တန်းလူတန်း စားအတွက်သာ ယာထားသော အထူးလူနေမှုစနစ်တစ်ခုကို စိတ်ပါ ဝင်စားသူအမျိုးသမီးတစ်ဉီးကို စဉ်းစားကြပါစို့။ သူမသည် ၎င်းအ တွက်အခကြေးငွေ ပေးချေသည်။ ထိုအထက်တန်းလူတန်းစားအ တွက်လိုအပ်သော ဘာသာစကားကို သင်ယူသည်။ သူသည် အပြင် ပန်းသဏ္ဌာန်လှပရန်နှင့် ဆွဲဆောင်မှုရှိရန် ငွေကြေးများစွာ ရင်းနှီး သည်။ အိတ်များနှင့်အဝတ်အစားအဆင့်မြင့်ဝယ်ယူသည်။ ထိုနောက် သူမက မိမိကိုယ်ကိုကိုယ် “ဒီလိုဖြင့် ကျွန်မသည် အထက်သို့ မြှင့် တက်နိုင်တယ်။ အဲဒီနေရာတွင် ခန့်ချောသောယောကျ်ားတစ်ဉီးတွေ့ ရင် ကျွန်မဘဝသည် လည်ပတ်နိုင်မည်”ဟု ထင်သည်။
နောက်ဆုံးတွင် ထိုမိန်းမသည် ခန့်ညားဟန်တူသော အမျိုးသား တစ်ဉီးကို တွေ့ခဲ့၍ အောင်မြင်သည်။ သူက သူမအား ချစ်ကြောင်း ပြောသည်။ ရက်ချိန်းရောက်လာသောအခါ သူတို့သည် အိမ်ထောင် ပြုကြသည်။ သို့သော် ၎င်း၏ခင်ပွန်းသည် သူမမှန်းထားသောသူကဲ့သို့ ချမ်းသာကြွယ်ဝသူမဟုတ်ပေ။ သူတို့၏အိမ်ထောင်ပြုခြင်းမှာ အချင်း ချင်း လှည့်စားခြင်းဖြစ်ခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ သည် အချင်းချင်းကောင်းကောင်းသိခဲ့ကြသောအခါ သူတို့သည် တစ် စုံတစ်ခုပြုလုပ်ရန် ကြိုးစားခဲ့ကြသည်ကို နားလည်သဘောပေါက်ခဲ့ ကြသည်။
ထိုကြောင့် အမျိုးသမီးက သူမ၏ယောက်ျားကို ကွဲ၍ အခြား ယောက်ျားတစ်ဉီးကို လိုက်ရှာသည်။ တစ်နေ့ သူမက လူမှုကလပ် တစ်ခုတွင် ယောက်ျားတစ်ဉီးကို တွေ့သည်။ သို့သော် ဤသူသည် လည်း လူကောင်းမဟုတ်ပေ။ သူမသည် သူနှင့်အိမ်ထောင်ပြု၍ လ အနည်းငယ်အတောအတွင်း အဆင်ပြေသည်။ သူမက မိမိကိုယ်ကို ကိုယ် “ဝိုး၊ ဒီအချိန်မှာ ကျွန်မယောက်ျားကောင်းရခဲ့တယ်။ အခုမှစ၍ အရာအားလုံး အဆင်ပြေချောမွေ့တော့မယ်။ ကျွန်မက သူနှင့်ဆက် နွယ်ဖို့အတွက် အရာခပ်သိမ်းစွန့်လွှတ်မည်။ သို့မှသာ သူက ကျွန်မကို စွန့်ပစ်မည်မဟုတ်ပါ။ ကျွန်မသူနှင့် ကိုယ်ဝန်ရှိရသင့်တယ်။  ဘယ်လို ဘဲ ဖြစ်ဖြစ် သူ့ကို ကျွန်မလက်ထပ်မယ်”ဟု တွေးမိသည်။ အမျိုးသ မီးက သူနှင့်ဆက်သွယ်ရာတွင် ရှိသမျှအားလုံး ရင်းနှီးမြှုပ်နှံသည်။ သို့ သော် ဤယောက်ျားကို နောက်တစ်ဖန် စိတ်ပျက်ပြန်သည်။ ဤဒုတိ ယယောက်ျားသည်လည်း သူ့မကို လှည့်စား၍ အခြားမိန်းမတစ်ဉီးကို ခိုးသည်။ ဆိုးကျိုးမှာ သူမ၏ဘဝသည် တစ်ဖန် ပျက်စီးခဲ့ပြန်သည်။
ထိုကြောင့် ထိုမိန်းမက မိမိကိုယ်ကိုကိုယ် “ကျွန်မသည် နောက် တစ်ကြိမ် ယောက်ျားတစ်ဉီးနှင့်ပြန်တွေ့သောအခါ ရင်းနှီးမှုမပြုမီ ၎င်း၏နောက်ခံသမိုင်းကို လေ့လာမည်”ဟု တွေးသည်။ သူမသည် နောက်ယောက်ျားတစ်ဉီးကို ပြန်တွေ့၍ ဤအချိန်တွင် သူမသည် လှုံ့ လဝိရိယအားထုတ်သည်။ သူသည် အလွန်ချမ်းသာသည်။ အရာအား လုံး အဆင်ပေးဟန်တူသည်။ သူမသည် သူနှင့်အတူ ရှေ့ဆက်သည်။ သူ့အကြောင်းနှင့်ပတ်သက်၍ အရာခပ်သိမ်းတို့သည် ကောင်းမွန် အ ဆင်ပြေသည်။ သူနှင့်အိမ်ထောင်မပြုမီ အရာခပ်သိမ်းတို့သည် အ ဆင်ပြေသည်ကို သူမသိသည်။ သူမ၏တတိယအကြိမ်ကြိုးစားခြင်း သည် ဆုံးရှုံးမှုဖြင့် နိဂုံးချုပ်သည်။
သူမ၏စတုတ္တအကြိမ်ကြိုးစားမှုတွင် သူသည် ချမ်းသာကြွယ်ဝ သူ အဖိုးကြီးတစ်ဉီးကို တွေ့သည်။ သို့သော် သူသည် နာမကျန်းဖြစ်၍ မကြာမီ သေဆုံးသည်။ သူမက ၎င်း၏ပိုင်ဆိုင်မှုအားလုံး အမွေခံလိမ့် မည်ဟု တွေးသော်လည်း သူမ ဘာမျှ မရပေ။ သူမနှင့်အိမ်ထောင်မပြု မီ သူသည် သူမ၏စတုတ္တမြောက်ယောက်ျားမဟုတ်ဘဲ ရုတ်တရက် သေဆုံးခဲ့သည်။ ထိုကြောင့် သူမ၏စတုတ္တအကြိမ် ကြိုးစားအားထုတ် မှုသည်လည်း အချည်းနှီး နိဂုံးချုပ်ပြန်သည်။ ရှမာရိမိန်းမသည် ပဉ္စမ မြောက်ယောက်ျားဖြင့် နေထိုင်၍ ယခုသူမနှင့်အတူနေသော ယောက်ျားသည်လည်း သူမ၏ယောက်ျားမဟုတ်ပေဟု ကျမ်းစာက ဆိုသည်။ ရှမာရိမိန်းမသည် အထက်တွင် ဖော်ပြထားသော ပုံဉပမာ ကဲ့သို့ ခဏအချိန်ယူ၍ စဉ်းစားကြပါစို့။ မိန်းမသည် တူညီသော ပတ် ဝန်းကျင်အခြေအနေ၌ နေခဲ့သည်။ သူမနှင့်အတူနေထိုင်သော ယောက်ျားမှာ သူ၏ယောက်ျားမဟုတ်ခဲ့ပေ။ သူမကို အလွယ်တကူ စိတ်ပျက်၍ မည်သည့်အချိန်မဆို သူမကို စွန့်ပစ်နိုင်သည်။
သခင်ယေရှုက သူမထံ “သင်သည် ငါ့ထံ ရေတောင်း၍ ငါပေး သောရောကို သင်သောက်လျှင် ဘယ်တော့မှရေမငတ်ရန် အသက် ရေကို သင်သောက်ရလိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။ အမျိုးသမီးက “ကိုယ်တော်မှာ ဤသို့သောရေရှိလျှင် ကျွန်မကို ပေးပါ”ဟု လျှောက် ခဲ့သည်။ ထိုနောက် သခင်ယေရှုက သူမထံ “သင့်ယောက်ျားကို ခေါ် လာပါ”ဟု ပြောခဲ့သည်။ အမျိုးသမီးက ချီတုံချတုံမပြုဘဲ “ယခု ကျွန် မနှင့်အတူအသက်ရှင်သောယောက်ျားမှာ ကျွန်မ၏ယောက်ျားမ ဟုတ်ပါ။ ကျွန်မမှာ ယောက်ျားမရှိပါ”ဟု ပြန်လျှောက်ခဲ့သည်။ သခင် ယေရှုက “သင်ပြောသောစကားမှန်တယ်။ သင့်မှာ ယောက်ျားငါးဉီး ရှိ ခဲ့တယ်။ ယခု သင်နှင့်အတူရှိသော ယောက်ျားမှာ သင်၏ယောက်ျား မဟုတ်ပါ။ ဒါကြောင့် သင်ပြောသောစကားသည် မှန်ကန်တယ်”ဟု ပြန်ပြောတော်မူခဲ့သည်။ ရှမာရိမိန်းမအကြောင်းနှင့်ပတ်သက်၍ သ ခင်ယေရှုသည် အသေးစိတ်၊ လုံးစေ့ပတ်စေ့ပြောကြားတော်မူခြင်းကို အံ့ဩ၍ သူမသည် မိမိကိုယ်ကိုကိုယ် “ဤပုဂ္ဂိုလ်သည် သာမာန်လူ မဟုတ်ပါ”ဟု တွေးမိသည်။ နောက်ဆုံးတွင် သခင်ယေရှုသည် ခရစ် တော်ဖြစ်တော်မူသည်ဟု သူမနားလည်သဘောပေါက်ခဲ့သည်။
 


“အလုံးစုံသောတရားတို့ကို ကုန်အစင်ကျင့်သင့်သည်” (မဿဲ ၃း၁၅)


ကျွန်ုပ်တို့ အချုပ်ပြန်ကြည့်ကြပါစို့။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန်အတွက် လူ သားတစ်ဉီးအဖြစ် ဤလောက၌ လူ့ဇာတိကို ခံယူတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိလူများကို အပြစ်များမှကယ်တင်မည့်အရှင်ဖြစ် တော်မူသောကြောင့် ကိုယ်တော်သည် “ယေရှု”ဟူသော နာမတော် ဖြ်င့ ကျွန်ုပ်တို့ကို ရှာဖွေရန် ဤလောကသို့ ကြွလာတော်မူခဲ့သည်။  ဓမ္မဟောင်းကျမ်းခေတ်ကာလတွင် ယဇ်ပရောဟိတ်သည် အသက် ၃၀နှစ်ရှိသောအခါမှသာလျှင် မိမိယဇ်ပရောဟိတ်အမှုကို ထမ်း ဆောင်နိုင်၍ သခင်ယေရှုသည် အသက် ၃၀ နှစ်ရှိသောအခါ ဗတ္တိဇံ ယောဟန်ကိုရှာဖွေရန် ယောဒန်မြစ်သို့ ကြွတော်မူခဲ့သည်ဟု နား လည်သဘောပေါက်ရန် အလွန်အရေးကြီးသည်။ သခင်ယေရှုခရစ် တော်သည် အသက် ၃၀ နှစ်ရှိသောအခါ ဗတ္တိဇံယောဟန်ထံသွား၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်း တော်မူခဲ့ခြင်းမှာ ကောင်းကင်နိုင်ငံတော်၏ယဇ်ပရောဟိတ်အဖြစ် မိမိလုပ်ငန်းများကို ပြည့်စုံစေတော်မူခဲ့သည်ကို ဆိုလိုသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူရန် ရှာဖွေသောအခါ ကိုယ်တော်သည် သူ့အား “အလုံးစုံသောတရားတို့ ကို အကုန်အစင်ကျင့်သင့်သည်”(မဿဲ ၃း၁၅)ဟု မိန့်တော်မူခဲ့သည်။ ကျွန်တော်သည် ဤကျမ်းချက်ကို အကြိမ်ပေါင်းများစွာ ဖတ်ခဲ့သည်။ ကျွန်တော်သည် မူရင်းစာပေးကိုလည်း ကြည့်ခဲ့သည်။ သခင်ယေရှု သည် ခရစ်တော်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ဤဗလာကအပြစ်များကို ဖယ်ရှားပေးတော် မူလိုသောကြောင့် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ကို ရှာဖွေ၍ သူ အားဖြင့် ဗတ္တိဇံခံယူတော်မူခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံမှ သ ခင်ယေရှုခံယူတော်မူခဲ့သော ဤဗတ္တိဇံမှာ ဓမ္မဟောင်းကျမ်းတွင် လက်များတင်ခြင်းကဲ့သို့ အကျိုးရှိသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ သောအခါ ကိုယ်တော်သည် ယောဒန်မြစ်၌ နှစ်မြှုပ်၍ ၎င်းမှပြန်ထ လာခဲ့သည်။ သခင်ယေရှုသည် လူသားများကို အပြစ်မှ ကယ်တင် တော်မူရန် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တော်မူခဲ့သည်ကို ဤ အရာက ပြသထားသည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံမှာ ဤလောကအပြစ်များကို ယူဆောင်သွား တော်မူသောအလုပ် ဖြစ်သည်။ ထိုပြင်၊ ထိုအရာမှာ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များကို ကျွန်ုပ်တို့ထံမှ ယူ ဆောင်သွားတော်မူသဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့နေရာတွင် အ ပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူရန်အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုက “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်”(မဿဲ ၃း၁၅)ဟု မိန့်တော်မူခဲ့သောအခါ ကိုယ်တော် သည် “ငါက ယခု လူသားများ၏အပြစ်များအားလုံး ယူဆောင်၍ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးကို တစ်ကြိမ်တည်းပြည့်စုံစေရန် အတွက် သင်၊  ဗတ္တိဇံယောဟန်၊ အားဖြင့် ဗတ္တိဇံခံယူတယ်”ဟု ပြော ကြားတော်မူသည်။ သင်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ယခု တွင် ငါသည် ဤလောကအပြစ်များအားလုံးကို ထမ်း၍ ၎င်းတို့ကို ဆေးကြောပေးသည်။
ထိုနောက် ဗတ္တိဇံယောဟန်မှ မည်သူ ဖြစ်သနည်း။ သခင်ယေရှု ကို ဗတ္တိဇံပေးခဲ့သောသူမှာ မည်သူဖြစ်သည်ဟု သင်ယူဆသနည်း။ သ ခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခဲ့သည့်အကြောင်းကို ကျွန်ုပ်တို့သည် မဖြစ်မနေ သိရကြမည် ဖြစ် သည်။ သခင်ယေရှုက “မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယော ဟန်ထက်ကြီးမြတ်သောသူ တယောက်မျှ မပေါ်မထွန်းသေး”(မဿဲ ၁၁း၁၁)ဟု မိန့်တော်မူခဲ့သည့်အတိုင်း ဗတ္တိဇံယောဟန်သည် မိန်းမ ဖွားသောသူအားလုံးမှ အကြီးမြတ်ဆုံး ဖြစ်သည်။ ဗတ္တိဇံယောဟန်ကို လူသားများ၏ကိုယ်စားပြုသူအဖြစ် ဖော်ပြနိုင်သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်၏မွေးဖွားခြင်းကို ဆန်းစစ်ကြလျှင် ၎င်း၏ဖခင်မှာ ဇာခရိဖြစ်၍ ဓမ္မဟောင်းခေတ်ကာလကို ပြန်ကြည့်လျှင် သူသည် ယဇ်ပရောဟိတ်၏အိမ်သူအိမ်သားမှ ဖွားမြင်ခဲ့ကို သိရသည်။ ဗတ္တိဇံ ယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးသောအခါ ကိုယ်တော်က “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်”ဟု မိန့် တော်မူခဲ့သည်။ ဂရိဘာသာစကားအားဖြင့် “ထိုကြောင့်”စကားလုံးမှာ “ουτως” (hutos)ဖြစ်၍ အဓိပ္ပါယ်မှာ “ဤနည်းလမ်းအားဖြင့်၊” “ဤ နည်းလမ်းကလွှဲ၍ အခြားသောနည်းလမ်းမရှိ၊” သို့မဟုတ် “ဤသို့ သောနည်းလမ်းအားဖြင့်”ဖြစ်၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို ရည်ညွှန်းသည်။
သခင်ယေရှုသည် ဤနည်းလမ်းအားဖြင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကိုယ်တော်သည် လူသားများ၏အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။ လူသားများကိုယ်စားပြု၊ ဗတ္တိဇံယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးအပ်တော်မူခြင်းအား ဖြင့် ကိုယ်တော်ပေါ်သို့ အပြစ်များကို လွှဲပြောင်းခဲ့၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားလုံးပြည့်စုံခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြ်ငးအားဖြင့် ဤလောကအပြစ်များ အားလုံးကို ကိုယ်တော့်အပေါ်သို့ တစ်ကြိမ်တည်းလွှဲပြောင်းခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် လူသားများ၏အပြစ်များအားလုံးဆေးကြောခြင်းမှာ ဘုရားသခင် ၏အလိုတော် ဖြစ်သည်။ သခင်ယေရှုသည် လူသားအားလုံး၏အပြစ် များကို ဖယ်ရှားပေးတော်မူခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ပြည့်စုံစေတော်မူခဲ့သည်။ ဤသို့ဖြင့် သခင်ယေရှုခရစ်တော် သည် ဤလောကသို့ ကြွဆင်းတော်မူသောအခါ ကိုယ်တော်သည် လူ သားများကိုယ်စားပြု၊ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် အဗလာကအပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွား တော်မူခဲ့သည်။ ဤအရာသည် ယခုတွင် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ပြည့်စုံစေသောအရာ ဖြစ်သည်။
သခင်ယေရှုက “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့် သင့်သည်”(မဿဲ ၃း၁၅)ဟု မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလော ကပအြစ်များကို လက်ခံတော်မူခဲ့သောကြောင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအားလုံး ပြည့်စုံခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူရန် ဗတ္တိဇံယောဟန်၏လက်များတင်ခြင်းခံတော်မူသဖြင့် လူသားများ၏ အပြစ်များသည် ကိုယ်တော့်အပေါ်သို့ တစ်ကြိမ်တည်း လွှဲပြောင်း ခြင်းခံရသည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို လက်ခံ တော်မူခဲ့၍ ကိုယ်တော်၏ကိုယ်ခန္ဂာသည် ယောဒန်မြစ်၌ လုံးဝနစ် မြှုပ်ခြင်းခံရသည်။ ကိုယ်တော်သည် ရေမှ ပေါ်ထလာခဲ့သောအခါ ကောင်းကင်သည် ဖွင့်လှစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုး ငှက်ကဲ့သို့ ဆင်းသက်တော်မူ၍ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ ၏ချစ်သားပေတည်း”ဟူသော ဗတ္တိဇံခံယူတော်သော သခင်ယေရှုအ ကြောင်းနှင့်ပတ်သက်၍ ခမည်းတော်ဘုရားသခင်၏အသံတော်ကို ကြားရသည်။
 


“ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား  ပေတည်း”(မဿဲ ၃း၁၇)


ခမည်းတော်ဘုရားသခင်သည် မိမိသားတော်ကို ဤလောကသို့ စေလွှတ်တော်မူရန်နှင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်း ထမ်းစေတော်မူရန်နှင့် လူသားများ၏ကိုယ်စားပြုသူအဖြစ် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဘုရားသခင်၏သား တော်သခင်ယေရှုခရစ်တော်သည် နာခံခြင်းဖြင့် ခမည်းတော်၏အလို တော်ကို ပြည့်စုံစေတော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏ အပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည်။ သခင် ယေရှုသည် ခမည်းတော်ဘုရားသခင်၏အလိုတော်နှင့်အညီ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို တစ်ကြိမ်တည်းလက်ခံတော်မူခဲ့သည်။ ဤသို့ဖြင့် သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ခမည်း တော်ဘုရားသခင်ကို ဝမ်းမြောက်စေတော်မူသောအမှုကို ပြုတော်မူ ခဲ့သည်။ ကိုယ်တော်သည် မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များ အားလုံးကို ထမ်းတော်မူခဲ့သည်။
စကားလုံးတိုင်းမှာ အဓိပ္ပါယ်ရှိသည်။ ကျွန်ုပ်တို့သည် သခင်ယေ ရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်၍ မဿဲ ၃း၁၅ တွင် “အလုံးစုံသော တရားတို့ကို အကုန်အစင် ကျင့်သင့်သည်”ဟု သခင်ယေရှုမိန့်တော်မူ ခြင်း၏အဓိပ္ပါယ်ကို နားလည်သဘောမပေါက်ကြလျှင် ကျွန်ုပ်တို့ သည် မြေပုံနယ်နိမိတ်သေချာစွာမသိဘဲ ဘလိုင်းကြီးဖြင့် နယ်မြေအ စိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်သည်ဟု ကြွေးကြော်ခြင်းနှင့်တူသည်။ ခ မည်းတော်ဘုရားသခင်၏ကယ်တင်ခြင်းအကြံအစည်ကို နားလည် သဘောပေါက်ခြင်းမရှိဘဲ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ဘ လိုင်းကြီးယုံကြည်ခြင်းမှာ အခြေအမြစ်မရှိသော ဝန်ခံခြင်းနှင့်တူ သည်။
ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ နှုတ်ကပတ်တော် ဝှက်ထားခြင်းသည် သုံးပါးတစ်ဆူ၏လေးနက်မှုကို ပံ့ပိုးပေးသည်။ သို့သော် ပြဿနာမှာ ယနေ့လူများက သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သည်ကို မသိခြင်းနှင့် သခင်ယေရှုသည် သူတို့အပြစ်များကို မည်သို့ယူဆောင် သွားတော်မူ၍ အသေခံတော်မူခဲ့သည်ကို တိကျစွာနားမလည်ခြင်း ဖြစ်သည်။ ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်အပေါ် သခင်ယေရှုပြော ကြားတော်မူခဲ့သောအရာကို နားမလည်ဘဲ သခင်ယေရှုကို သင်သည် ယုံကြည်လျှင် သင်သည် ကောင်းကင်နိုင်ငံတော်သို့ သွားနိုင်လိမ့်မည် ဟု ယူဆသလော။ လုံးဝမသွားနိုင်ပေ။ ထိုအကြောင်းကြောင့် သင် သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံ၏ အဓိပ္ပါယ်ကို ဖမ်းဆုပ်နိုင်မည့်အကြောင်း ကျွန်တော်အချိန်ကုန်ရှင်းပြ ရခြင်း ဖြစ်သည်။ ကျွန်တော်သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို သင့်ထံဟောပြော သည့်အချိန်တိုင်းတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များ ကို ယူဆောင်သွားတော်မူ၍ ထမ်းတော်မူခဲ့သည်ဟူသော ဗတ္တိဇံနှုတ် ကပတ်တော်အကြောင်းကို အထပ်ထပ်အခါခါ ရှင်းပြရခြင်း ဖြစ် သည်။ သင်တို့အများအပြားတို့သည် သခင်ယေရှုကို ယုံကြည်ကြ သော်လည်း ကိုယ်တော်၏ဗတ္တိဇံအကြောင်းကို မသိကြသောကြောင့် ကျွန်တော်သည် နားလည်သဘောပေါက်ရန် လွယ်ကူစေရန်အတွက် ထိုအကြောင်းကို ဟောပြောနေရခြင်း ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံထံမှ ဗတ္တိဇံခံယူတော်မူသောအခါ ကိုယ်တော့်အပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံး လွှဲပြောင်းခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ထံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် လူသားများ၏အပြစ်များကို တစ်ကြိမ်တည်းလက်ခံတော်မူ ခဲ့သည်။ ကိုယ်တော်သည် ယခုတွင် ကိုယ်တော်ကို ယုံကြည်သူများ အတွက် အပြစ်များကို ထမ်းတော်မူ၍ တစ်ကြိမ်တည်းဆေးကြော ပေးတော်မူခဲ့သည်။ ထိုကြောင့် လူသားများအားလုံး၏အပြစ်များ အားလုံးသည် သခင်ယေရှု၏ကိုယ်ပေါ်သို့ လွှဲပြောင်းခဲ့သောကြောင့် သင်၏နှလုံးသား၌ရှိသောအပြစ်များအားလုံးသည် ယုံကြည်ခြင်းအား ဖြင့် ဆေးကြောခြင်းခံရသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့နေ ရာတွင် ကားတိုင်ပေါ်၌ အပြစ်များအတွက် အသေခံတော်မူခဲ့သည်။  ကျွန်တော်ဤတွင် ဤကယ်တင်ခြင်းသတင်းကောင်းကို ရှုထောင့်အ မျိုးများဖြင့် အတတ်နိုင်ဆုံးရှင်းပြမှသာလျှင် သင်တို့အားလုံးသည် ထိုအကြောင်းကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်လိမ့်မည်။
သင်တို့အချို့သည် ဤစကားလုံးကို သိအိုလောဂျီအသုံးအနှုန်း ဖြင့် ကောင်းမွန်စွာနားလည်နိုင်မည်မဟုတ်ပေ။ သင်သည်လည်း သူ တို့ထဲမှ တစ်ဉီးဖြစ်လျှင် သင်သည် ကျွန်တော်ဟောပြောသောတရား ကို သီအိုလော်ဂျီအသုံးအနှုန်းဖြင့် လှည့်ပတ်ကြည့်လျှင် နားလည်သ ဘောပေါက်ရန် ခက်ခဲပါလိမ့်မည်။ သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိခံခံယူတော်မူ၍ အသွေးတော်သွန်းလောင်း တော်မူခဲ့သည့်အကြောင်းကို ရှင်းပြရန် စကားလုံးတစ်လုံးစကို ရိုးရှင်း စွာ ရှင်းပြမည့်အစား တရားဟောဆရာများသည် သီအိုလော်ဂျီအသုံး အနှုန်းဖြင့် ရှင်းပြခြင်းကို ရှောင်သင့်သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်သည် လူ သားများ၏အပြစ်များကို တစ်ကြိမ်တည်း လက်ခံတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဤဗတ္တိဇံ ကြောင့် ကိုယ်တော်သည် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အပြစ်များအား လုံးကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ကာ အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တရား ဟောသည့်အခါခါတိုင်းတွင် ကျွန်တော်၏ရည်ရွယ်မှာ ပထမဉီးဆုံး ကြားနာသောသူများပင်လျှင် လွယ်ကူစွာနားလည်သဘောပေါက်နိုင် ရန်အတွက် လွယ်ကူသောစကားအသုံးအနှုန်းဖြင့် တရားဒေသနာ ဟောပြောခြင်း ဖြစ်သည်။
 


ကျွန်ုပ်တို့သည် နှလုံးသားများအတွက် ကိုယ်တော်၏အ သက်ရေကို မည်သို့ ရရှိနိုင်ကြမည်နည်း


အဓိကအချက်ကို လှည့်ကြည့်လျှင် လူများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြလျှင်၊ ကားတိုင်၏ဓမ္မခံယူချက်ကို သာယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရရန် ကြိုး စားလျှင်လည်း သူတို့အားလုံးသည် ဆုံးရှုံးကြလိမ့်မည်။ ဤအ ကြောင်းကြောင့် သခင်ယေရှုက လူတစ်ဉီးသည် ဒုတိယမွေးဖွားခြင်း ခံလိုလျှင် သူသည် “ရေနှင့်ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်း ခံရမည်”ဟု မိန့်တော်မူခြင်း ဖြစ်သည်။ သခင်ယေရှုက “ဘုရားသ ခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့် မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်”(ယောဟန် ၄း ၁၀)ဟု မိန့်တော်မူခဲ့သည်။ ဤတွင် ကိုယ်တော်သည် “သင်သည် ငါ့ ကို သင့်တော်စွာသိ၍ ငါပေးသောရေကို သောက်လျှင် သင်၏နှလုံးမှ အသက်ရေ စီးထွက်လိမ့်မည်။ သင်သည် ဘယ်တော့မှ ရေမငတ် တော့ပါ။ ထိုသို့ပြုရန် သင်သည် ငါ့ရှေ့မှာ အပြစ်များကို ရှေ့ဉီးစွာ ယူ လာရမည်”ဟု မိန့်တော်မူသည်။
ကျွန်ုပ်တို့အားလုံးသည် အာဒံ၏မျိုးဆက်များအဖြစ် မွေးဖွားခဲ့ ကြသောကြောင့် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် နှလုံးသားများ၌ အ ပြစ်ရှိကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အခြားလုပ်ဆောင်စရာမရှိ ဘဲ အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရကြမည် ဖြစ်သည်။ ဘုရားသခင်၏ ပ ညတ်တော်အရ အပြစ်၏အခမှာ သေခြင်း ဖြစ်သည်။ လူတိုင်း၏အ ပြစ်များ ဖော်ထုတ်ရန် ဘုရားသခင်ထူထောင်တော်မူသောပညတ် တော်အားဖြင့် ကိုယ်တော်သည် “အပြစ်၏အခကားသေခြင်းပေ တည်း”(ရောမ ၆း၂၃)ဟု ပြောကြားတော်မူသည်။ ဘုရားသခင်ချပေး တော်မူခဲ့သောနှုတ်ကပတ်တော်မှာ လိုက်လျှောက်ရန် ကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မူခဲ့သောအရာ ဖြစ်သည်။ ဤတွင် ဤပညတ် တော်ကို ချိုးဖောက်၍ ဘုရားသခင်ရှေ့တော်၌  အပြစ်ကျူးလွန်သော သူများသည် အပြစ်အတွက် တရားစီရင်ခြင်းခံရကြမည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။
ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်မှာ အပြစ်ကင်းစင်သူ များ အတူတကွ အသက်ရှင်ရန် စုရုံးသော သန့်ရှင်းသောနယ်ပယ် ဖြစ် သည်။ ကျွန်ုပ်တို့အားလုံးသည် သဘာဝအားဖြင့် အပြစ်သားများအ ဖြစ် ဤလောက၌ မွေးဖွားခဲ့ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်များအတွက် တရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များအားလုံးကို ယူဆောင်ရန် အလိုရှိ တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နေရာတွင် အသေခံရန် အ လိုရှိတော်မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ကြလျှင် ကျွန်ုပ်တို့နှလုံး သားများ၌ရှိသော အပြစ်များအားလုံးသည် သခင်ယေရှု၏ကိုယ်ပေါ် သို့ လွှဲပြောင်းခြင်းခံရသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ကြ လိမ့်မည်။ ယခုတွင် ကျွန်ုပ်တို့မှာ ဤလောကအပြစ်များအားလုံးမှ ကယ်တင်ရန် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်ရှိကြသည်။ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်ခဲ့ သောနှုတ်ကပတ်တော်ဖြစ်သော ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံ ယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ အပြစ်များ ဆေးကြောခြင်း ခံရကြသည်။
သခင်ယေရှုက ရှမာရိမိန်းမထံ မိမိအသက်ရှင်သောရေအ ကြောင်းကို ပြောကြားတော်မူခဲ့သည်။ ဤသို့ဖြင့် ရှမာရိမိန်းမကဲ့သို့ ကျွန်ုပ်တို့သည် ဤလောကရေကို မည်သို့ပင် သောက်နေကြပါစေ ကျွန်ုပ်တို့သည် အမြဲတမ်း ရေငတ်ကြသည်။ ထိုကြောင့် ကိုယ်တော် သည် ခရစ်တော်အဖြစ် မိမိလုပ်ငန်းကို ပြည့်စုံစေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များယူဆောင်သွားတော်မူခဲ့သည်ကို လည်းကောင်း၊ ၎င်းတို့အတွက် အသေခံတော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့ သည် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ဤတွင် ရှမာရိ မိန်းမသည် အခြားသူမဟုတ်ဘဲ သင်နှင့်ကျွန်တော်ပင် ဖြစ်သည်။ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့ သော ကယ်တင်ရှင် ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အား ဤလောကအပြစ်များမှ ကယ်တင်တော်မူရန် ကိုယ်တော်သည် မိန်းမတစ်ဉီး၏ကိုယ်အားဖြင့် ဤလောကသို့ ဖွားမြင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းထမ်းတော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များအားလုံးကို ထမ်း တော်မူခဲ့ပြီးနောက် ကိုယ်တော်သည် အသေခံတော်မူ၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏စစ်မှန်သောကယ် တင်ရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ထာဝရဘု ရင် ဖြစ်တော်မူသည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့ သည် ဘုရားသခင်၏သန့်ရှင်းသောသားသမီးများဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များအားလံဒးမှ ကယ်တင်ခြင်းခံရကြ၍ ဘုရား သခင်၏သားသမီးများဖြစ်လာခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ယ ခုတွင် ကိုယ်တော်အား ကယ်တင်ရှင်အဖြစ် အစေခံနေကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ဤလောကအပြစ်များမှ လွှတ်မြောက်ခြင်းခံရသော ဘုရားသခင် ၏လူများ ဖြစ်လာခဲ့ကြသည်။ ကယ်တင်ခြင်းဖွဲ့စည်းမှုဖြစ်သော ဗတ္တိ ဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့်အသွေး တော်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့ကြသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားများ ဖြင့် နားလည်သဘောပေါက်၍ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ သင်ရော ယုံကြည် သလော။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ကိုယ်တော် ယူဆောင်သွား တော်မူခဲ့သည်ဟု သင်ယုံကြည်သလော။ ကျွန်ုပ်တို့ကိုယ်စား ဗတ္တိဇံ ယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံသည် သခင်ယေ ရှုက ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်သွားတော်မူခြင်းထက်ပို ၍ လုံလောက်သည်။
သခင်ယေရှုခရစ်တော်၏အမှုတော်မှာ လုပ်ငန်းသုံးရပ်အားဖြင့် ပြည့်စုံလျက်ရှိသည်။ ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ ယဇ် ပရောဟိတ်နှင့် ပရောဖက်အဖြစ် ဤလုပ်ငန်းသုံးရပ်ကို ပြည့်စုံစေ တော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် သင်နှင့်ကျွန်တော်တို့၏ အပြစ်များ ယူဆောင်သွားတော်မူရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခဲံ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောရန် ကယ်တင် ခြင်းအမှုကို တစ်ကြိမ်တည်း ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်သည် မိမိလူများအား အပြစ်များမှ ကယ်တင် တော်မူရန် ကြွလာတော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်၏ “ယဇ်ပရောဟိတ်” ဖြစ် တော်မူသည်။ ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်၏ယဇ်ပရော ဟိတ်အဖြစ် ကျွန်ုပ်တို့အတွက် ယောဒန်မြစ်၌ မိမိကိုယ်ခန္ဓာဖြင့် ဗတ္တိ ဇံခံယူတော်မူခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံတော်မူခဲ့ သောကယ်တင်ရှင် ဖြစ်တော်မူသည်။ ဓမ္မဟောင်းကျမ်းခေတ်ကာလ တွင် ယဇ်ကောင်ပေါ်သို့ ဣသရေလလူမျိုးများ၏အပြစ်များကို လွှဲ ပြောင်းပေးခဲ့သူမှာ အာရုံကဲ့သို့သော ယဇ်ပရောဟိတ် ဖြစ်သည်။ အာ ရုံသည် ယဇ်ပရောဟိတ်အဖြစ် မိမိလူများ၏ တစ်နှစ်တာအပြစ်များ အတွက် ယဇ်ပူဇော်ခြင်းအမှုပြုဆေးကြောပေးရန် တာဝန်ရှိသည်။ အာရုန်သည် ဤယဇ်ပရောဟိတ်တာဝန်ကို ပြည့်စုံစေရန် ယဇ် ကောင်၏ဉီးခေါင်းပေါ်တွင် မိမိလက်ကို တင်ခြင်းအားဖြင့် ယဇ် ကောင်ပေါ်တွင် ဣသရေလလူမျိုးများ၏အပြစ်များကို လွှဲပြောင်းခဲ့၍ အသွေးကိုယူကာ ဘုရားသခင်၏တဲတော်အတွင်း ဂရုဏာပလ္လင်ပေါ် တွင် အသွေးကို ခုနစ်ကြိမ်ပက်ဖြန်းလျက် ကျန်အသွေးများကို မီးရှို့ ရာယဇ်ပလ္လင်၏ဉီးချိုများပေါ်တွင် သွန်းလောင်းရမည် ဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းခေတ်ကာလတွင် အပြစ်ဖြေရာနေ့တွင် ယဇ်ပရော ဟိတ်သည် မိမိလူများကိုယ်စား အပြစ်ပူဇော်သက္ကာမပြုခဲ့လျှင် ဣသ ရေလလူမျိုးများသည် တစ်နှစ်တာလုံးကျူးလွန်ခဲ့သော အပြစ်များမှ ဖြေလွှတ်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။
ဓမ္မသစ်ခေတ်ကာလတွင် သခင်ယေရှုသည် ဤလောက၌ရှိ သေသာ အပြစ်များအားလုံး၏အပြစ်များအားလုံးကို ဆေးကြောရန် မိန်းမဖွားသောသူများမှ အကြီးဆုံးဖြစ်သော ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မမူခဲ့လျှင် ဤလောကတွင်ရှိသောအပြစ်များသည် အပြစ်များ ကယ်တင်ခြင်းခံရရန် လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ သခင် ယေရှုသည် ဤလောကအပြစ်များမှ လူသားများကို ကယ်တင်တော် မူရန် ယဇ်ပရောဟိတ်အဖြစ် မိမိတာဝန်ကို ပြည့်စုံစေတော်မူပြီး နောက် ကိုယ်တော်သည် မိမိအသက်ကို စတေးခြင်းအားဖြင့် ကယ် တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား မိမိကိုယ်ခန္ဓာ ကို ပူဇော်သက္ကာပြုတော်မူ၍ ကိုယ်တော်သည် လူသားများကိုစားပြု သူ၊ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော် သည် ကားတိုင်ပေါ်တွင် မိမိအသက်ကို စတေးတော်မူ၍ အသွေး တော်သွန်းလောင်းကာ အသေခံတော်မူခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်သူအားလုံးကို ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကိုယ် တော်သည် ယုံကြည်သူများအား ဤလောကအပြစ်များအားလုံးမှ တစ်ကြိမ်တည် ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤလော ကသို့ ကြွလာတော်မူခဲ့သောအခါ ကောင်းကင်နိုင်ငံတော်၏ ယဇ်ပ ရောဟိတ်အဖြစ် မိမိလုပ်ငန်းတာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင် တော်မူခဲ့သော စစ်မှန်သောကယ်တင်ရှင် ဖြစ်တော်မူသည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ပရောဖက်ဖြစ်တော်မူ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘုရား၊ ကယ်တင်ရှင်နှင့် ယဇ်ပ ရောဟိတ် ဖြစ်တော်မူသည်။ ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များကို ဖြေရှင်းပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက် များကြောင့် သေခြင်းကို ကြုံရမည့်အပြစ်သားများဖြစ်ကြသောအခါ ကိုယ်တော်သည် အပြစ်ဖြေရာယဇ်အပြစ် မိမိအသက်ကို စတေး တော်မူ၍ ကျွန်ုပ်တို့အပြစ်များယူဆောင်သွားတော်မူရန် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့၍ ကျွန်ုပ်တို့နေရာတွင် အသေခံတော်မူ ခြင်းအားဖြင့် ပြစ်ကြွေးများ ပေးဆပ်ပေးတော်မူခဲ့သည်။ ကိုယ်တော် သည် ကျွန်ုပ်တို့ကယ်တင်ရှင် ဖြစ်တော်မူသည်။
သခင်ယေရှုခရစ်တော်သည် ရှင်ဘုရင်၊ ယဇ်ပရောဟိတ်နှင့် ပ ရောဖက် လုပ်ငန်းသုံးရပ်အားဖြင့် အပြစ်သားကျွန်ုပ်တို့ကို ရှာဖွေရန် ကြွလာတော်မူ၍ ကျွန်ုပ်တို့အား ဗတ္တိဇံနှင့်အသွေးအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ ဒု စရိုက်များအပြစ်မကို ယူဆောင်သွားတော်မူ၍ အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ပြစ်ကြွေးများ ပေးဆပ်ကျေ အေးစေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်၍ ယုံ ကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ သခင်ယေရှုခရစ် တော်သည် ကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့၏ကောင်းသောသိုးထိန်း ဖြစ်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတစ်ခု တည်း၊ ကိုယ်တော်၏လုပ်ငန်းသုံးရပ်၌ ဖော်ပြထားသော သခင်ယေ ရှုခရစ်တော်၏ဖြောင့်မတ်သောလုပ်ငန်းကို မှီခိုခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။
ဤစစ်မှန်သောကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ဤလောက ၌အခြားသီအိုလော်ဂျီသွန်သင်မှုများဖြင့် အစားထိုး၍မရနိုင်ပေ။ ဤ လောကတွင် လူများစွာတို့ယုံကြည်သော သီအိုလော်ဂျီဓမ္မခံယူချက် များမှာ လူများဖန်တီးသောဓမ္မခံယူချက်ဖြစ်၍ မိမိစိတ်ကူးစိတ်သန်း ဖြင့် သီအိုလော်ဂျီပညာရှင်များ၏ ပုံဖော်မှု ဖြစ်သည်။ တစ်ဖက်တွင် စစ်မှန်သောယုံကြည်မှုသည် သခင်ယေရှုသည် ဤလောကသို့ ကြွ လာတော်မူခဲ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော် မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေး တော်ကို ကြည့်ခြင်း၊ နှလုံးသားဖြင့် ယုံကြည်ခြင်းနှင့် ဤယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းခံရခြင်း ဖြစ်သည်။ သခင်ယေရှုခရစ် တော်သည် နှုတ်ကပတ်တော်ဘုရားဖြစ်တော်မူသည်။ ကိုယ်တော် သည် ခမည်းတော်ဘုရားသခင်၏အလိုတော်ကို နာခံခြင်းအားဖြင့် အပြစ်များ၏တရားစီရင်ခြင်းအောက်၌နေသောသူများကို ဗတ္တိဇံနှင့် အသွေးအားဖြင့် ကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ယူဆောင်သွားတော် မူခဲ့သော ဘုရားသခင်ဖြောင့်မတ်ခြင်းကို ယခု ကျွန်ုပ်တို့ယုံကြည် ခြင်းချထား၍ ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းခံရကြ၍ ဘုရားသခင်၏သားသမီးများ ဖြစ်လာခဲ့ကြသည်။
ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇ့နှင့် အသွေးတော်တို့ကို ယုံကြည်သူဤလောက၌အသက်ရှင်သူများသည် ကိုယ်တော်ထံမှ ကယ်တင်ခြင်းခံရကြ၍ ဘာဝသစ်ကို ရရှိကြလိမ့် မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းခံရကြသည်။ လူ သားများဖန်တီးသော ဓမ္မခံယူချက်၊ ဒဿဗေဒ၊ နှင့် သီအိုလော်ဂျီ သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ တစ်ကြိမ်တည် ဆေးကြော ခြင်းမပြုနိုင်ကြပေ။ တစ်ဖက်တွင် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်၏ ဖြောင့်မတ်ခြင်းကို နားလည်သဘောပေါက်၍ ယုံကြည်ခြင်း အားဖြင့် အတိတ်ကအပြစ်သာမက အနာဂတ်အပြစ်များအားလုံးမှ ကယ်နှုတ်ခြင်းခံရ၍ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အမှန်အ ကန်အသက်ရှင်နိုင်ကြလိမ့်မည်။
သခင်ယေရှုခရစ်တော်သည် ဗတ္တိယောဟန်ထံမှခံယူတော်မူခဲ့ သော ဗတ္တိဇံနှင့် ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် သွန်လောင်း တော်မူခဲ့သောအသွေးတော်အားဖြင့် ကျွန်ုပ်တို့အား အပြစ်များအား လုံးမှ ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ နှင့် သွန်းလောင်းသောအသွေးတော်ကို ယုံကြည်ကြ၍ ၎င်းတို့မပါဘဲ အပြစ်များဖြေလွှတ်ခြင်းလုံးဝမဖြစ်နိုင်သည်ကို သိရကြမည် ဖြစ် သည်။ ဤလောကတွင်ရှိသော လူများတီထွင်သည် သီအိုလော်ဂျီဓမ္မ ခံယူချက်သည် အသစ်တဖန်မွေးဖွားခြင်းသမ္မာတရားမရှိပေ။ ကျွန်ုပ် တို့၏ကယ်တင်ခြင်းမှာ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသောအ သွေးတော်၌ တွေ့ရသည်။ ဤကယ်တင်ခြင်းကို သတင်းကောင်းနှုတ် ကပတ်တော်ယုံကြည်ခြင်းအားဖြင့် တစ်ကြိမ်တည်းရရှိသည်။
ကျွန်ုပ်တို့သည် တစ်ခုတည်းသောယုံကြည်ခြင်း၊ ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားနိုင်ကြသည်။ လူသား များသည် အပြစ်သားများအဖြစ် မွေးဖွားခဲ့ကြသောကြောင့် သူတို့ သည် အပြစ်များအတွက် တရားစီရင်ခြင်းခံရ၍ ရွေးချယ်စရာမရှိ အ ပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။ သို့သော် ကိုယ်တော်သည် ဗတ္တိ ဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်း ပြည့်စုံစေတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် ကျွန်ုပ်တို့သည် တစ်ကြိမ်တည်း ကယ်တင်ခြင်းခံရကြ သည်။ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားခဲ့ကြသော်လည်း ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ အဖြစ် ဒုတိယအကြိမ်မွေးဖွားရန် အခွင့်အရေးရရှိကြသည်။
ယခုတွင် ဘုရားသခင်၏ဖြောင့်မတ်သောကယ်တင်ခြင်းဖွဲ့စည်း ထားသော ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်တွင် ကိုယ်တော်ထမ်းတော်မူခဲ့သော တရားစီရင် ခြင်းကို ယုံကြည်ကြလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကယ်တင်ရှင် ဖြစ်တော်မူရန် အလိုတော်ရှိတော်မူသောကြောင့် ကျွန်ုပ်တို့သည် ဒု တိယမွေးဖွားခြင်းခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကိုယ် တော်ပြည့်စုံစေတော်မူခဲ့သော အပြစ်များဖြေလွှတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် အပြစ် များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။
ရှမာရိမိန်းမက “ကျွန်မ မေရှိယကို တွေ့ခဲ့ပြီ။ ဒီကိုလာ၍ ကြည့် ကြပါရှင့်။ ကျွန်မ မေရှိယကို တွေ့ခဲ့ပြီ”ဟု ကြွေးကြော်ခဲ့သည်။ မေရှိ ယမှာ လူသားများ၏ကယ်တင်ရှင်၊ သခင်ယေရှုခရစ်တော် ဖြစ်သည်။  ရှမာရိမိန်းမသည် ဤလောကတွင် အသက်ရှင်နေစဉ် မေရှိယသည် သူမကို ရှာဖွေရန် ကြွလာတော်မူခဲ့၍ ယခုတွင် သူမသည် ကိုယ်တော် ကို မြင်တွေ့ခဲ့သည်။ ဂရိဘာသာစကားအားဖြင့် မေရှိယစကားလုံးမှာ χριστοσ ဖြစ်၍ အဓိပ္ပါယ်မှာ “ဘိသိက်ခြင်းခံရသောသူ” ဖြစ်သည်။ ဤတွင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ပြည့်စုံခဲ့သော ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ ရွေးနှုတ်ခြင်းခံရ သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ၍ ဒုတိယမွေးဖွားခြင်းခံရကြ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ယုံကြည်သူများအား ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ဒုတိယ မွေးဖွားခြင်းအခွင့် ပေးတော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်၏ဖြောင့် မတ်ခြင်းကို သိ၍ ယုံကြည်ကြသောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ဒုတိယမွေးဖွားခြင်းခံရကြ၍ တစ်ကြိမ်တည်း ဖြောင့်မတ်သူများ ဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယော ဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်တို့ကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏လူများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အစေခံများဖြစ်လာခဲ့ကြပြီးနောက် ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကောင်းဟောပြောသော သက်သေခံ များဖြစ်လာခဲ့ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤသို့အ လွန်အံ့ဩဖွယ်ကောင်းသောကယ်တင်ခြင်းဟောပြောရန်နှင့် ကိုယ် တော်၏ဖြောင့်မတ်ခြင်းသတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့ ဘ ဝများကို ကောင်းချီးမင်္ဂလာများ ချပေးတော်မူခဲ့သည်။ ဤအလွန်အံ့ ဩဖွယ်ကောင်းသော ကောင်းကြီးမင်္ဂလာများအတွက် ဘုရားသခင် ကို ကျေးဇူးတင်သည်။ ဟာလေလုယာ။