Search

တရားဟောချက်များ

ဘာသာရပ် ၁- အပြစ်တရား

[1-1] ကျွန်ုပ်တို့အပြစ်များ ဖြေလွှတ် ခြင်းအကြောင်း ကျွန်ုပ်တို့ ရှေးဉီးစွာ သိရကြမည် (မာကု ၇း၈-၉) (မာကု ၇း၂၀-၂၃)

ကျွန်ုပ်တို့အပြစ်များ ဖြေလွှတ်   ခြင်းအကြောင်း ကျွန်ုပ်တို့ ရှေးဉီးစွာ သိရကြမည်
(မာကု ၇း၈-၉)
“သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏”ဟု မိန့်တော်မူ၏။”

(မာကု ၇း၂၀-၂၃)
“တစ်ဖန် ကိုယ်တော်က“လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။”
 

ပထမအနေဖြင့်၊ အပြစ်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို ကျွန်တော်ဖော်ထုတ်ပါရစေ။ ဘုရားသခင်သတ်မှတ်တော်မူသော အ ပြစ်များနှင့် လူတစ်ဉီးသတ်မှတ်သောအပြစ်များရှိကြသည်။ ရှေးဂရိ ဘာသာစကားအားဖြင့် အပြစ်စကားလုံး ‘αμαρτία (hamartia)’ အဓိပ္ပါယ်မှာ “ပစ်မှတ်လွှဲခြင်း” ဖြစ်သည်။ တစ်နည်းအားဖြင့်၊ မှား ယွင်းမှုတစ်စုံတစ်ခုပြုခြင်း ဖြစ်သည်။ ဘုရားသခင်၏အမိန့်တော်များ နာမခံခြင်းသည် အပြစ်ဖြစ်သည်။ အပြစ်၏အမြင်ကို လူသားအမြင် ဖြင့် ရှေးဉီးစွာ လေ့လာကြပါစို့။ 

အပြစ်ဟူသည်မှာ အဘယ်နည်း
ဘုရားသခင်၏အမိန့်တော်ကို နာမခံခြင်း ဖြစ်သည်

ကျွန်ုပ်တို့သည် မနောစိတ်အရနှင့်အားဖြင့် အပြစ်ကို အသိအ မှတ်ပြုကြသည်။ သို့သော် လူသားများ၏ စံချိန်စံညွှန်းသည် လူတစ် ဉီး၏လူမှုရေးနောက်ခံသမိုင်း၊ စိတ်ပိုင်းဆိုင် ရာအခြေအနေ၊ ပတ်ဝန်း ကျင်အခြေအနေနှင့်အသိစိတ်တို့ဖြင့် ကွဲပြားခြားနားသည်။
ထို‌ကြောင့် အပြစ်၏အနက်ဖွင့်ဆိုချက်သည် မတူညီ သောလူ ပုဂ္ဂိုလ်များအကြား ကွဲပြားမှုရှိသည်။ လူတစ်ဉီး၏ကိုယ်ပိုင်စံချိန်စံ ညွှန်းပေါ်မူတည်၍ တူညီသောအပြုအမူသည် အပြစ်ကျူးလွန် သည်ဟု ယူဆနိုင်သည်။ သို့မဟုတ် မယူဆနိုင်ပေ။ ထိုအကြောင်း ကြောင့် ဘုရားသခင်သည် အပြစ်၏ စံချိန်စံညွှန်းအဖြစ် အသုံးပြုရန် ပညတ်တော်တော် ပိုဒ်မ ၆၁၃ကို ကျွန်ုပ်တို့အား ပေးအပ်တော်မူခြင်း ဖြစ်သည်။
အောက်ဖော်ပြပါပုံသည် လူသားများ၏အပြစ်များကို သရုပ် ဖော်ထားသည်။

ဘုရားပညတ်တော်
ကိုယ်ကျင့်တရားနှင့် လူမှုရေး စံချိန်စံညွှန်းများ
လူတစ်ဉီး၏အသိစိတ်၊ 
နိုင်ငံ့ဥပဒေ၊  တရားဥပဒေ

ကျွန်ုပ်တို့သည် လူမှုရေးစံချိန်စံညွှန်းပေါ်အခြေခံ၍ ကျွန်ုပ်တို့ စိတ်များအပေါ် အပြစ်၏စံ ချိန်စံညွှန်းများကို မသတ်မှတ်သင့်ကြ ပေ။
ကျွန်ုပ်တို့အသိစိတ်များ၏အပြစ်များကို အပြစ်ဖြစ်သည်ဟု ဘု ရားသခင်သတ်မှတ်တော်မူသောအရာနှင့် ကိုက်ညီမှုမရှိပေ။ ထို ကြောင့် ကျွန်ုပ်တို့သည် မိမိအသိစိတ်များကို နားမထောင်ဘဲ ဘုရား သခင်၏ပညတ်တော်များအပေါ် အပြစ်၏စံ ချိန်စံညွှန်းများပေါ်တွင် အခြေခံသင့်သည်။ 
အပြစ်သည် အဘယ်အရာဖြစ်သည်ကို ကျွန်ုပ်တို့အားလုံးသည် အတွေးအခေါ်ရှိ ကြသည်။ လူအချို့က အပြစ်သည် ကိုယ်ထိ လက် ရောက်ကျူးလွန်မှုဖြစ်သည်ဟု စဉ်းစားကြ၍ အချို့တို့က ကိုယ်ကျင့် တရားပျက်ပြားမှုပေါ်တွင် အခြေခံထားသည်။ 
ဥပမာ၊ ကိုးရီးယားနိုင်ငံတွင် လူများသည် မိမိ မိဘများ၏အုတ် ဂူများကို မြက်ပင်များဖြင့် ဖုံးအုပ်၍ သူတို့သေဆုံးသည့်အထိ ၎င်းကို သူတို့ကိုယ်တိုင် စောင့်ရှောက်ကြသည် သို့ရာတွင် Papua New Guinea၌ ရှေးဟောင်းလူ မျိုးများမှတစ်မျိုး၌ မိသားစုဝင်များနှင့်အတူ အလောင်းကို ကျွေးခြင်း အားဖြင့် သေဆုံးသောမိဘများကို ရိုသေသမုတ်ကြသည်။ (သူတို့သည် မစားမီ အလောင်းကို ပြုတ်ချက် သည်ကို ကျွန်တော်သေချာစွာ မသိပေ။)
သူတို့သည် အလောင်းကို ပိုးကောင်းများကိုက် စားခြင်းမှ ကာ ကွယ်လိုသည်ဟု ကျွန်တော် ယုံကြည်သည်။ ဤဓလေ့ထုံးစံများက အပြစ်နှင့်ပတ်သက်၍ လူသားများ၏ ခံယူချက်သည် ကွဲပြားသည်ကို ရည်ညွှန်းသည်။
လူမှုအဖွဲ့အစည်းတစ်ခုတွင် သီလအကျင့်ကို အခြားလူမှုရေးအ ဖွဲ့တွင် ရိုင်းရှိုင်းသောအကျင့်အဖြစ် ယူဆနိုင်သည်။  သို့သော် သမ္မာ ကျမ်းစာက ဘုရားသခင်၏ အမိန့်တော်မနာခံခြင်းသည် အပြစ်ဖြစ် သည်ဟု ကျွန်ုပ်တို့အား မိန့်တော်မူသည်။“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏”ဟု မိန့်တော်မူ၏။ တစ်ဖန် သူတို့အား“သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန်ဘုရားသခင်၏ပညတ်တော်ကိုကောင်း စွာပစ်ပယ်ကြသည်တကား”(မာကု ၇း၈-၉)။ 
ဘုရားသခင်သည် အတွင်းနှလုံးသား၏အမှတ်ကို ကြည့်ရှုတော် မူသောကြောင့် ကျွန်ုပ်တို့ကိုယ်ခန္ဓာထင်ရှားမျုများသည် ကိုယ်တော့် အတွက် အရေးမကြီးပေ။
 

လူတစ်ဉီး၏ကိုယ်ပိုင်သတ်မှတ်ချက်သည် ဘုရားရှေ့တော်၌ အပြစ်ဖြစ်သည်

အကြီးလေးဆုံးအပြစ်သည် အဘယ်အရာနည်း။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။

ဘုရားသခင်၏အလိုတော်အတိုင်းမသက်မရှင်ခြင်းသည် ဘုရား ရှေ့တော်၌အ ပြစ်ဖြစ်သည်။ ထိုအရာသည် ကိုယ်တော်၏နှုတ်က ပတ်တော်မယုံကြည်ခြင်းနှင့် တူသည်။ ဘုရားသခင်၏ပညတ်တော် များကို ငြင်းပယ်၍ သူတို့၏ကိုယ်ပိုင်ရိုးရာသွန်သင်မှုများ ပို၍အလေး ထားသော ဖာရိရှဲများကဲ့သို့ အသက်ရှင်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ဖာရိရှဲများအား သူတော်ကောင်းဟန်ဆောင်သူများအဖြစ် သတ်မှတ် တော်မူခဲ့သည်။ 
“သင်သည် အဘယ်ဘုရားကို ယုံကြည်သလဲ။ သင် သည် ငါ့ကို အမှန်အကန် ကြည်ညို၍ ချီးမြှောက်သလား။ သင်သည် ငါ့နာမကို ဝါကြွားသော်လည်း ငါ့ကို အမှန်အကန် ဂုဏ်ပြုသလား။” လူများ သည် အပြင်ပန်းသဏ္ဌာန်များကိုသာကြည့်ကြ၍ ကိုယ် တော်၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုတတ်ကြသည်။ အကြီးလေးဆုံး သောအပြစ်မှာ ကိုယ်တော်၏နှုတ်ကပတ်တော်မထီမဲ့မြင်ပြုခြင်း ဖြစ် သည်။ သင်သည် ဤအရာကို သတိချပ်သလော။ 
ကျွန်ုပ်အားနည်းချက်များမှ မွေးဖွားလာခဲ့သော တရားမဲ့လုပ်ရပ် များသည် အပြစ်ဒုစရိုက်များသာ ဖြစ်သည်။ ကျွန်ုပ်တို့ပြုလုပ်သော အပြစ်များနှင့် မပြည့်စုံမှုများကြောင့် ကျူးလွန်သောအမှားများသည် အခြေခံအပြစ်များမဟုတ်ဘဲ အမှားများသာ ဖြစ်ကြသည်။ ဘုရား သခင်သည် အပြစ်များနှင့်ဒုစရိုက်အပြစ်များကို ခွဲခြားတော်မူသည်။ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူများသည် အမှားမရှိခဲ့လျှင် တောင် အပြစ်သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားရှေ့တော်၌ အပြစ်သားများ ဖြစ်ကြသည်။ ထိုကြောင့် သခင်ယေရှုသည် ဖါရိရှဲ များကို ပြစ်တင်ဆုံးမတော်မူခြင်း ဖြစ်သည်။ 
ကမ္ဘာဉီးကျမ်းမှာ တရားဟောရာကျမ်းအထိ ငါးကျမ်းတို့ သည် လုပ်ရမည့်အရာများနှင့် မလုပ်ရမည့်အရာမျာကို ပြောကြား သော အမိန့်တော်များဖြစ်ကြသည်။  ၎င်းတို့သည် ဘုရားသခင်၏ပညတ် တော်များ၊ နှုတ်ကပတ်တော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရာနှုန်းပြည့်မစောင့် ရှောက်နိုင်ကြသော်လည်း ကျွန်ုပ်တို့သည် ၎င်း တို့ကို ကိုယ်တော်၏ပညတ်တော်များအဖြစ် အသိအမှတ်ပြုသင့်ကြ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အစအဉီးကတည်း က ၎င်းတို့ကိုပေးအပ်တော်မူခဲ့၍ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို ဘုရား သခင်၏နှုတ်ကပတ်တော်အဖြစ် လက်ခံရမည် ဖြစ်သည်။ 
“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏”(ယော ဟန် ၁း၁)။ ထိုနောက် ကိုယ်တော်က “အလင်းဖြစ်စေ”ဟု မိန့်တော်မူရာ အလင်းဖြစ်လေ၏”(ကမ္ဘာ ၁း၃)ဟု မိန့် တော်မူခဲ့သည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန် ဆင်းတော်မူ ခဲ့သည်။ ထိုနောက် ကိုယ်တော်သည် ပညတ်တော်ကို စတင်တည် ထောင်တော်မူခဲ့သည်။  
“နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူ၍ နှုတ်ကပတ်တော်သည် ဘုရားဖြစ်တော်မူ သည်”(ယောဟန် ၁း၁၊ ၁၄)။ ထိုနောက် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် မည်သို့ မိမိကိုယ်ကိုကိုယ် ထင်ရှားတော်မူခဲ့ သ နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့်ဝိညာဉ်တော်ဖြစ်တော် မူသောကြောင့် ကိုယ်တော်သည် ပညတ်တော်များအားဖြင့် မိမိကိုယ် ကိုကိုယ် ထင်ရှားတော်မူခဲ့သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မည်သို့ မှည့်ခေါ် ကြသနည်း။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဘုရားသခင်၏ နှုတ် ကပတ်တော်ဟု မှည့်ခေါ်ကြသည်။ 
ဤတွင် “ဘုရားသခင်၏ပညတ်တော်ကို စွန့်ပယ်၍ လူသား ဓ‌လေ့ထုံးစံကို သင်ဆွဲကိုင်သည်” ဟု ဖော်ပြထားသည်။ ကိုယ် တော်၏နှုတ်ကပတ်တော်၌ အပိုဒ်ပေါင်း ၆၁၃ ပါရှိသည်။ ဤအရာ ကို လုပ်ပါ။ ထိုအရာကို မလုပ်ရ။ မိဘနှစ်ပါးကို ရိုသေပါစသဖြင့်...။ ဝတ်ပြုရာကျမ်းတွင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် တွင်းထဲ၌ ပြုတ်ကျသောအခါ လူယောက်ျားနှင့်မိန်းမများမည်သို့ပြုရမည်ကို လည်းကောင်း၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်း ကောင်း ဖော်ပြထားသည်။  ကိုယ်တော်ပညတ်တော်၌ အပိုဒ်ပေါင်း ၆၁၃ ရှိသည်။
၎င်းတို့သည် လူသားများ၏ စကားများမဟုတ်ကြသောကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့အကြောင်းကို ကြိမ်ဖန်များစွာ စဉ်းစားသင့်ကြ သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပညတ်တော်အားလုံးကို မ စောင့်ရှောက်နိုင်ကြသော်လည်း ကျွန်ုပ်တို့သည် ၎င်းတို့ကို အနည်း ဆုံးအသိအမှတ်ပြုကြ၍ ဘုရားသခင်ကို နာခံသင့်ကြ သည်။ 
ဘုရားသခင်၏နှုတ်ကပတ်တော်၌ မမှန်ကန်သောအရာတစ်ခု မျှ ရှိသလော။ ဖါရိရှဲများသည် ဘုရားသခင်၏ပညတ်တော်များကို ဘေးဖယ်ထားခဲ့ကြ၍ ကိုယ်တော်၏နှုတ်ကပတ်တော်အပေါ် လူ သားများ၏ရိုးရာဓလေ့များကို ဆုပ်ကိုင်ခဲ့ကြသည်။  သူ တို့၏ဘိုး ဘေးများ၏စကားများသည် ဘုရားသခင်၏နှုတ်ကပတ် တော်များ ထက်ပို၍ လေးနက်သည်ဟု စောင့်ရှောက်ခဲ့ကြသည်။ သခင်ယေရှု သည် ဤလောက၌ အသက်ရှင်တော်မူစဉ် လူများသည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို လျစ်ရှုခဲ့ကြခြင်းက ကိုယ်တော်သက်သေ ခံသောအရာနှင့် ကိုယ်တော်ကို နာကျင်မှုအပေး ဆုံးသောအရာ ဖြစ် သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိအပြစ်များကို နားလည် သဘောပေါက်စေရန်နှင့် ကိုယ်တော်သည် သန့်ရှင်းသော ဘုရားသ ခင်၊ သမ္မာတရားဖြစ်တော်မူသည်ဟု ပြရန် ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် ကိုယ် တော်ရှေ့တော်၌ အပြစ်သားများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၍ ကျွန်ုပ်တို့အတွက် ကိုယ် တော်၏မေတ္တာတော်ကြောင့် ဘုရားသခင်ထံမှ ကျွန်ုပ်တို့ထံ စေ လွှတ်ခြင်းခံတော်မူခဲ့သော သခင်ယေရှုကို ယုံကြည်သင့် ကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဘေးဖယ်၍မ ယုံကြည်သောသူ များသည် အပြစ်သားများ ဖြစ်ကြသည်။  ကိုယ်တော်၏ နှုတ်ကပတ် တော်ကို မစောင့်ရှောက်နိုင်သောသူများသည်လည်း အ ပြစ်သားများ ဖြစ်ကြသော်လည်း ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဘေးဖယ် ထားခြင်းသည် ပို၍ ပြင်းထန်သောအပြစ် ဖြစ်သည်။ ဤသို့ ပြင်း ထန်သောအပြစ်ကျူးလွန်သောသူများသည် အပ္ပါယ်ငရဲ၌ နိဂုံးချုပ် ကြလိမ့်မည်။ ကိုယ်တော်၏နှုတ်ကပတ်တော်မယုံကြည်ခြင်းသည် ကိုယ်တော်ရှေ့တော်၌ အကြီးလေးဆုံးသောအပြစ် ဖြစ်သည်။
 


ဘုရားသခင်သည် ပညတ်တော်ပေးအပ်တော်မူခြင်း အကြောင်းရင်း


ဘုရားသခင်သည် ဘာကြောင့် ပညတ် တော်ပေးအပ်တော်မူခဲ့သနည်း
ကျွန်ုပ်တို့အပြစ်များနှင့် ပြစ်ဒဏ်ကို နား လည်သဘောပေါက်စေရန်

ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ပေးအပ်တော်မူ ခဲ့သည့်အကြောင်းရင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့အ ပြစ်များကို နားလည်သဘောပေါက်၍ ကိုယ်တော့်ထံပြန်လှည့်ရန်အ တွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအပြစ်များကို နားလည်သဘော ပေါက်နိုင်ကြ၍ သခင်ယေရှုခရစ်တော်တော်အားဖြင့် ရွေးနှုတ်ကယ် ခြင်းခံရရန်အတွက် ကိုယ်တော်သည် ပညတ်တော် အပိုဒ်ပေါင်း ၆၁၃ ကို ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့သည်။ ထိုအကြောင်းကြောင့် ဘု ရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့ခြင်း ဖြစ်သည်။ 
‌ရောမ ၃း၂၀ တွင် “အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏”ဟု ဖော်ပြထားသည်။ ထို ကြောင့် ကျွန်ုပ်တို့အပေါ် ပညတ်တော်ပေးအပ်တော်မူခြင်းအတွက် ဘုရားသခင်၏အကြံအစည်တော်မှာ ၎င်းအားဖြင့် အသက်ရှင်အောင် အတင်းအဓမ္မပြုရန် မ ဟုတ်သည်ကို ကျွန်ုပ်တို့ သိကြသည်။ 
ထိုနောက် ပညတ်တော်မှ ကျွန်ုပ်တို့ရရှိသော ပညာမှာ အဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့သည် ပညတ်တော်ကို လုံးဝ ဥဿုံ အကုန်အစင်နာခံ ရန် အလွန်အားနည်းကြ၍ ကျွန်ုပ်တို့သည် ကိုယ်တော်ရှေ့တော်၌ ကြီးလေးသောအပြစ်သားများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပညတ်တော် အပိုဒ်ပေါင်း ၆၁၃မှ မည်သည့်အရာကို နားလည်သဘောပေါက်ကြသနည်း။ ကျွန်ုပ်တို့ သည် အပြစ်များနှင့် ကိုယ်တော်၏ပညတ်တော်အားဖြင့် အသက်ရှင် ရန် မစွမ်းဆောင်နိုင်ကြသည်ကို နားလည်သဘောပေါက်ကြသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းများ၊ ကျွန်ုပ်တို့သည် မစွမ်းဆောင်နိုင် သူများ၊ ကိုယ်တော်ရှေ့တော်၌ ကြီးလေးသော အပြစ်သားများဖြစ် ကြသည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသည်။  ကျွန်ုပ် တို့အားလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်အရ အပ္ပါယ် ငရဲသို့ နိဂုံးချုပ်သင့်ကြသည်။ 
ကျွန်ုပ်တို့သည် မိမိအပြစ်များနှင့် ကိုယ်တော်၏ပညတ်တော် အားဖြင့်အသက်ရှင်ရန်မစွမ်းဆောင်နိုင်သူများဖြစ်ကြသည်ဟု သိကြ သောအခါ ကျွန်ုပ်တို့သည် အဘယ်အ ရာကို လုပ်ဆောင်ကြသနည်း။ ကျွန်ုပ်တို့သည်ပြည့်စုံသူများဖြစ်လာရန် ကြိုးစားကြသလော။ မကြိုး စားကြပေ။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံရကြ မည်  ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်၍ ရေနှင့်ဝိညာဉ်တော် ကယ်တင်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရကြ၍ ကိုယ်တော့်ကို ကျေး ဇူးတင်ရကြမည် ဖြစ် သည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အား ပညတ်တော်ပေးအပ်တော်မူ ခြင်းအကြောင်းရင်းမှာ ကျွန်ုပ်တို့အပြစ်များကို သိစေရန်နှင့် ထိုအ ပြစ်များအတွက် ပြစ်ဒဏ်များသိစေရန် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုမပါဘဲ အပ္ပါယ်ငရဲမှ ကယ်တင်ခြင်းခံရ ရန် မဖြစ်နိုင်သည်ကို အသိအမှတ်ပြုရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။  ကိုယ်တော် သည် ကျွန်ုပ်တို့အားကယ်တင်ရှင်သခင်ယေရှုထံ ပို့ဆောင်ပေးတော် မူရန် ပညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့သည် လုံးဝဥဿုံ မည်သို့အပြစ်ကျူးလွန်ကြသည်ကို လည်းကောင်း၊ ဤသို့သောအပြစ်မှ ကျွန်ုပ်တို့ဝိညာဉ်များကယ်တင် ရန်အတွက်သော်လည်းကောင်း နားလည်သဘောပေါက်စေရန် ဘု ရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ် တော်မူခဲ့၍ ကိုယ်တော်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင် တော်မူရန် တပါးတည်းသောသား‌တော်၊ သခင်ယေရှုကို စေလွှတ် တော်မူခဲ့သည်။ကိုယ်တော်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ကယ် တင်နိုင်သည်။
ကျွန်ုပ်တို့သည် အပြစ်မှ လွတ်မြောက်ခြင်းခံရ၍ ကိုယ်တော်၏ သားသမီးများဖြစ်လာကြကာ ဘုရားခသင်၏ဘုန်းတော်အလုံးစုံသို့ ပြန်လှည်ရန် သခင်ယေရှုကို ယုံကြည်ရကြမည့်မြော်လင့်ချက်မဲ့နေ သောအပြစ်သားများ ဖြစ်ကြသည်။
အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှ စတင်စီးဆင်းလာသ ဖြင့် ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် နားလည်မှု၊ စဉ်းစားမှု နှင့် တရားစီရင်မှု ရှိသင့်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်အားဖြင့် ရွေးနှုတ်ခြင်းသမ္မာတရားကို နားလည်သ ဘောပေါက်ရကြမည် ဖြစ်သည်။  ဤအရာသည် စစ်မှန်သောယုံ ကြည်မှု ဖြစ်သည်။
 

လူသားများ၏နှလုံးသား၌ အဘယ်အရာ ရှိသနည်း

ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌  အဘယ်အရာလုပ်သင့်သနည်း
မိမိအပြစ်များကို ဝန်ခံ၍ ကျွန်ုပ်တို့အား  ကယ်တင်ရန် ဘုရားသခင်ထံ  ဆုတောင်းသင့်ကြသည်

ယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် စတင်သင့်၍ ကျွန်ုပ်တို့သည် ကိုယ် တော်၏နှုတ်ကပတ်တော်အား ဖြင့် ကိုယ်တော့်ကို ယုံကြည်သင့်ကြသည်။ မဟုတ်လျှင် ကျွန်ုပ်တို့ သည် မှားယွင်းခြင်းသို့ ကျွံကျကြလိမ့်မည်။ ထိုအရာသည် မှားယွင်း ၍ မမှန်ကန်သော ယုံကြည်ခြင်း ဖြစ်လိမ့်မည်။ 
ဖါရိရှဲများနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များက သခင်ယေရှု၏တပည့် တော်များသည် ညစ်ညမ်းသောလက်များဖြင့် အစာစားကြသည်ကို မြင်တွေ့ခဲ့ကြသောအခါ သူတို့သည် ၎င်းကို ဘုရားသခင်၏ နှုတ်က ပတ်တော်အမြင်မှ ကြည့်ခဲ့ကြလျှင် သူတို့ကို ပြစ်တင်ဝေဖန် ကြလိမ့် မည် မဟုတ်ပေ။ လူတစ်ဉီးသည် နှလုံးသားအကျိုးဖြင့်မဟုတ်၊ ဝမ်း ဗိုက်အားဖြင့် သွား၍ ကိုယ်ခန္ဓာထွက်သောကြောင့် သူသည် အပြင်မှ ဝင်လာသည့်အချိန်တိုင်း မိမိကိုယ်ကိုကိုယ် မညစ်ညမ်းနိုင်ပေဟု သမ္မာကျမ်းစာ ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။
မာကု ၇း၂၀-၂၃ တွင် “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန် ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာ လိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏” ဟု ဖော်ပြထားသည်။ လူများသည် အပြစ်ဖြင့် မွေး ဖွားလာကြသောကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြသည်ဟု သခင်ယေရှုက မိန့်တော်မူခဲ့သည်။ 
ဤအရာသည် အဘယ်အရာကို ဆိုလိုသည်ကို သင်နားလည်သ ဘောပေါက်သလော။ ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အမျိုးများဖြစ် ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားလာ ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ်တော် များအားလုံးကို လက်ခံခြင်းနှင့် ယုံကြည်ခြင်းမရှိကြသောကြောင့် သမ္မာတရားကို မသနိုင်ကြပေ။ ထိုနောက် လူသားများ၏နှလုံး သား အတွင်း၌ အဘယ်အရာ ရှိသနည်း။ 
အထက်က ကျမ်းချက်တွင် “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လော ဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက် စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏”ဟု ဖော်ပြထားသည်။ ဆိုးသွမ်းသောအရာအားလုံးသည် လူသား များ၏နှလုံးသားများမှ လာ၍ သူတို့ကို ညစ်ညမ်းစေ သည်။ 
ဆာလံကျမ်းတွင် “ကိုယ်တော်၏လက်ချောင်းတို့ဖြင့်ပြုတော်မူ သော ကိုယ်တော်၏ကောင်းကင်ကိုလည်းကောင်း၊ ကိုယ်တော်တည်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ကြည့် ရှုဆင်ခြင်သောအခါ လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း”ဟု ဖော်ပြ ထားသည်။ 
ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်တို့ထံ လည်ပတ်တော်မူ သနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ ဖန်ဆင်းတော်မူကာ ကျွန်ုပ်တို့ အပြစ်သားများအပေါ် သနားကြင်နာတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ထံ ကြွလာတော်မူခြင်း ဖြစ် သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှား တော်မူခဲ့၍ကိုယ်တော်၏လူများဖြစ်စေတော်မူခဲ့သည်။  “ကိုယ်တော် သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏”(ဆာလံ ၈း၁)။ဘုရားသခင်သည် အပြစ်သားများ၏ ကယ် တင်ရှင်ဖြစ်တော်မူသည်ဟုဒါဝိဒ်မင်းသည်နားလည်သ ဘောပေါက်ခဲ့ သောအခါ သူသည် ဓမ္မဟောင်းကျမ်းတွင် ဤဆာလံသီချင်းကို ဆိုခဲ့သည်။ 
ဓမ္မသစ်ကျမ်းတွင် တမန်တော်ရှင်ပေါလုသည် တူညီသော ဆာလံသီချင်းကို ပြန်ပြောခဲ့သည်။ ဘုရားသခင်ဖန်ဆင်းခြင်းများ၊ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်း၏သားသမီးများဖြစ်လာခြင်းမှာ အလွန် အံ့သြစရာ ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့အတွက် ကိုယ်တော် ၏ဂရုဏာအားဖြင့်သာ ပြုလုပ်နိုင်သည်။ ဤအရာသည် ဘုရားသ ခင်၏မေတ္တာတော် ဖြစ်သည်။ 
ဘုရားသခင်၏ပညတ်တော်အားဖြင့် လုံးဝဥသုံအသက်ရှင်ရန် ကြိုးစားခြင်းမှာ   ကိုယ်တော်ကို မိုက်ရိုင်းစွာ စိန်ခေါ်ခြင်း ဖြစ်သည် ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုသင့်ကြသည်။ ထိုအရာသည် လျစ် လျူရှုခြင်းမှ လွက်လာသောမောက်မာသော ထွက်ဆိုချက် ဖြစ်သည်။ ပညတ်တော်စောင့်ရှောက်ရန် ကြိုးစား၍ ဤသို့သောဘဝအတွက် ဆင်းရဲနုံချာစွာ ဆုတောင်း၍ ကိုယ်တော်၏မေတ္တာတော်အပြင်ဘက် ၌အသက်ရှင်ခြင်းမှာ မှန်ကန်သောအရာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် ပညတ်တော်အောက်၌ အပြစ်သားများဖြစ်ကြသည်ဟု မိမိကိုယ်ကို ကိုယ် နားလည်သဘောပေါက်၍ သခင်ယေရှု၏ရေနှင့်အသွေးတော် အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်သင့်ခြင်းမှာ ဘုရားသ ခင်၏အလိုတော် ဖြစ်သည်။
မာကု ၇း၂၀-၂၃ တွင် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မှတ် တမ်းတင်ထားသည်။ “လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ 23ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏။” 
လူအတွင်းမှ ထွက်လာသောအရာများ၊ အပြစ်များသည် ထိုသူ ကို ညစ်ညမ်းစေသည်ဟု သခင်ယေရှုက မိန့်တော်မူခဲ့သည်။ ဘုရား သခင်ပေးအပ်တော်မူခဲ့သော မသန့်ရှင်း သောအစားအစာများသည် ပင်လျှင် ကျွန်ုပ်တို့ကို မညစ်ညမ်းစေနိုင်ပေ။ ဖန်ဆင်း ခြင်းအားလုံး သည် သန့်ရှင်းသော်လည်း လူ့အတွင်းမှ ထွက်လာသော အရာများ၊ ၎င်းသည် အပြစ်များသာလျှင် ကျွန်ုပ်တို့ကို ညစ်ညမ်းစေသည်။ ကျွန်ုပ်တို့အားလုံးသည် အာဒံထံမှ ဆင်းသက်လာသောသူများ ဖြစ် ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မည်သည့်အရာဖြင့် မွေးဖွား လာကြသနည်း။ ကျွန်ုပ်တို့သည် အပြစ်ဆယ့်နှစ်မျိုးဖြင့် မွေးဖွားလာ ခဲ့ကြသည်။  ဤအရာသည် မှန်ကန်သည်မဟုတ်လော။
ထိုနောက် ကျွန်ုပ်တို့သည် အပြစ်များမကျူးလွန်ဘဲ အသက်ရှင် နိုင်ကြမည်လော။ ကျွန်ုပ်တို့သည် အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသော ကြောင့် အပြစ်ကို ဆက်လက်ကျူးလွန်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ပညတ်တော်ကို သိကြသောကြောင့် အပြစ်ကျူးလွန်ခြင်းကို ရပ် တန့်နိုင်ကြမည်လော။ ပညတ်တော်များအားဖြင့် ကျွန်ုပ်တို့သည် အ သက်ရှင်နိုင်ကြမည်လော။ မရှင်နိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ပညတ်တော်အားဖြင့် အသက်ရှင်ရန် ကြိုးစား လေလေ ပို၍ခက်ခဲလေလေ ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအကန့် အသစ်များကို နားလည်သဘောပေါက်၍ အတိတ်က ထွက်ဆို ချက်များကို စွန့်လွှတ်သင့်ကြသည်။ ထိုနောက် ကျွန်ုပ်တို့သည် နှိမ့်ချ သောနှလုံးသားများဖြင့် ကျွန်ုပ်တို့အား ကယ်တင်သော သခင်ယေရှု ၏ဗတ္တိဇံနှင့် အသွေးတော်ကို လက်ခံနိုင်ကြသည်။ 
ပညတ်တော်၏အပိုဒ်ပေါင်း ၆၁၃ တို့သည် ကောင်း၍ တရား မျှတသည်။ သို့သော် လူသားများသည် အမိဝမ်း၌ ပဋိ သန္ဓေစွဲယူနေ သည့်အချိန်မှစ၍ အပြစ်သားများဖြစ်ကြသည်။ ဘုရားသခင်၏ ပ ညတ်တော်သည် မှန်ကန်သည်ဟု ကျွန်ုပ်တို့နားလည်သဘော ပေါက် သော်လည်း ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ဖြောင့်မတ်သူများ မဖြစ်လာနိုင်ကြသော အပြစ်သားများအဖြစ် မွေးဖွားလာကြ သောအ ခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂရုဏာတော်နှင့် ‌ရေ၊ အ သွေး တော်နှင့်ဝိညာဉ်တော်သတင်းကောင်း၌ သခင်ယေရှု၏ရွေးနှုတ် ခြင်း လိုအပ်သည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်လာကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ဖြောင့်မတ်သူများမဖြစ်လာနိုင်ကြ သည်ကို လည်းကောင်း၊ အပြစ်များအတွက် အပ္ပါယ်ငရဲသို့ သွားရ ကြမည်ကိုလည်းကောင်း ကျွန်ုပ်တို့အကန့်အသစ်များကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသောအခါ ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းကို မှီခိုခြင်းကလွှဲ၍ အခြားသောအရာမရှိ‌ တော့ပေ။ ကျွန်ုပ်တို့သည် ရွေးနှုတ်ကယ်တင်ခြင်းခံရ နိုင်ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ဘုရားရှေ့တော်၌ မှန်ကန်မှု သို့မ ဟုတ် ကောင်းမှုမရှိနိုင်ကြသည်ဟု ကျွန်ုပ်တို့သိသင့်ကြသည်။ ထို ကြောင့် ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ဉီးတည်မည့် အပြစ်သားများ ဖြစ်ကြသည်ဟု ဘုရားရှေ့တော်၌ ဝန်ခံ၍ “ဘုရားသခင်၊ ကျွန်ုပ်ကို အပြစ်များမှ ကယ်တင်တော်မူ၍ကျွန်ုပ်ကိုသနားတော်မူပါ”ဟု ကိုယ် တော်၏ဂရုဏာအ တွက် ဆုတောင်းနိုင်ကြသည်။ ထိုနောက် ဘုရား သခင်သည် ကျွန်ုပ်တို့အား နှုတ်ကပတ်တော်အားဖြင့် အမှန်အကန် တွေ့တော်မူလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ရွေးနှုတ် ခြင်းခံ ရနိုင်ကြသည်။ 
ဒါဝိဒ်၏ဆုတောင်းခြင်းကို ကြည့်ကြပါစို့။“သို့ဖြစ်၍ ကိုယ်တော် အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏” (ဆာလံ ၅၁း၄)။ 
ဒါဝိဒ်မင်းက အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရရန် လုံလောက်သော ဆိုးသွမ်းမှု အပြစ်အစုံအပုံရှိသည်ဟု သိခဲ့သော်လည်း ဘုရားရှေ့ တော်၌ “ကိုယ်တော်၊ ကိုယ်တော်သည် ကျွန်ုပ်ကို အပြစ်သားဟု မှည့်ခေါ်တော်မူလျှင် ကျွန်ုပ်သည်အပြစ်သားတစ်ဉီးဖြစ်လိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဖြောင့်မတ်သူဖြစ်သည်ဟု မှည့်ခေါ် တော်မူလျှင် ကျွန်ုပ်သည် ဖြောင့်မတ်လိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်တော်မူလျှင် ကျွန်ုပ်သည် ကယ်တင်ခြင်းခံရလိမ့် မည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ငရဲသို့ ပို့‌တော်မူလျှင် အပ္ပါယ်ငရဲသို့ နိဂုံးချုပ်ပါလိမ့်မည်” ဟု ဘုရားရှေ့တော်၌ ဝန်ခံခဲ့သည်။ 
ဤအရာသည် မှန်ကန်သောယုံကြည်မှုဖြစ်၍ ကယ်တင်ခြင်းခံ ရသော နည်းလမ်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ၏ရွေး နှုတ်ခြင်းကို ယုံကြည်ရန် မြော်လင့်ကြလျှင် ဤအရာသည် ကယ် တင်ခြင်းခံသင့်သောနည်းလမ်း ဖြစ်သည်။ 
 


ကျွန်ုပ်တို့အပြစ်များသည် အဘယ်အရာဖြစ်သည်ကို တိကျစွာ သိသင့်ကြသည်


ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အမျိုးများဖြစ် ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ တပ်မက်မှု များရှိကြသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ်အရာကို ပြော ကြားတော်မူသနည်း။  ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဖောက်ပြန် လိုသောစိတ်ရှိကြလျှင်တောင် ဖောက်ပြန်ခြင်းအပြစ်မ ကျူးလွန်ရန် ကိုယ်တော်သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ လူ့အသက်သတ်ချင်သောစိတ်ရှိကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ်အရာကို မိန့်တော်မူသ နည်း။ လူ့အသက်မသတ်ရန် ကိုယ်တော်သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိစိတ်များ၌ မိဘနှစ်ပါး ကို စော်ကားလိုကြသော်လည်း သူတို့ကို ရိုသေရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ကိုယ်တော်၏နှုတ်က ပတ်တော် သည် မှန်ကန်၍ ကောင်းသော်လည်း ကျွန်ုပ်တို့အားလုံးသည် မိမိနှ လုံးသားများ၌အပြစ်ရှိကြသည်ဟု ကျွန်ုပ်တို့နားလည်သ ဘောပေါက် သင့်ကြသည်။ 
ဤအရာသည် မှန်ကန်သလော။ မှားယွင်းသလော။ အရာသည် လုံးဝ မှန်ကန်သည်။ ထိုကြောင့်၊ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အဘယ်အရာကို လုပ်ရကြမည်နည်း။ ကျွန်ုပ်တို့အားလုံးသည် အပြစ် အစုလိုက်အပုံ လိုက်ရှိကြ၍ မြော်လင့်ချက်မဲ့သောအပြစ်သားများဖြစ် ကြသည်ဟု ကျွန်ုပ်တို့ဝန်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မနေ့ က အပြစ်မကျူးလွန်ခဲ့သောကြောင့် မနေ့က ဖြောင့်မတ်သူများဖြစ် ကြသော်လည်း ကျွန်ုပ်တို့သည် ယနေ့ အပြစ်ကျူးလွန်ခဲ့သော ကြောင့်ယနေ့အပြစ်သားများဖြစ်ကြသည်ဟု ယူဆခြင်းမှာ မမှန်ကန် ပေ။ ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားလာကြသည်။ ကျွန်ုပ်တို့လုပ်ဆောင် သမျှအားလုံးသည် ကျွန်ုပ်တို့သည် အပြစ်သား များဖြစ်ကြလိမ့်မည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံသင့်ကြခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သူ့မယား  ကိုပြစ်မှားခြင်း၊ လူ့အသက်သတ် ခြင်း၊ ခိုးခြင်းအပြစ်များ ကျူးလွန်ခြင်း...စသော မိမိအကျင့်များ ကြောင့် အပြစ်သားများ မဟုတ်ကြဘဲ ကျွန်ုပ်တို့သည် အပြစ်သား များအဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် အပြစ်သားများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် အပြစ်များဆယ့်နှစ်မျိုးဖြင့် မွေးဖွားလာခဲ့ကြ၍ ဘုရားသခင်၏မျက်စိတော်၌ အပြစ်သားများအဖြစ် ဖွားမြင်ခဲ့ကြ သောကြောင့် ကျွန်ုပ်တို့သည် အကျင့်များအားဖြင့် လူကောင်းများ မဖြစ်လာနိုင်ကြပေ။ ကျွန်ုပ်တို့သည် လူကောင်းအဖြစ် ဟန်ဆောင်မှု မပြုနိုင်ကြပေ။ 
ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သောစိတ်များဖြင့် မွေးဖွားလာခဲ့ ကြသောကြောင့် ကျွန်ုပ်တို့သည် ဤအပြစ်များ ကိုယ်ထိလက် ရောက် မကျူးလွန်လျှင်တောင် ဖြောင့်မတ်သူများ မည်သို့ ဖြစ်လာ နိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ဘုရားရှေ့တော် ၌ ဖြောင့်မတ်သူများ ဘယ်တော့မှ မဖြစ်လာနိုင်ကြပေ။ ကျွန်ုပ်တို့ သည် ဖြောင့်မတ်သူများဖြစ်ကြသည်ဟု ကြွေးကြော်လျှင် သူတော် ကောင်းဟန်ဆောင်ခြင်း ဖြစ်သည်။ သခင် ယေရှုက ဖါရိရှဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအား ‘သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့” (မဿဲ ၂၃း၂၃)ဟု မိန့်တော်မူခဲ့သည်။ လူသားများသည် အပြစ်သားများအဖြစ် မွေးဖွားလာခဲ့ကြ၍ သူတို့ ဘဝတစ်လျှောက် ဘုရား ရှေ့တော်၌ အပြစ်ကျူးလွန်ကြသည်။
လူတစ်ဉီးသည် မိမိဘဝ၌ လူတစ်စုံတစ်ဉီးထံမှ အပ်ချောင်းတစ် ချောင်းတောင် မခိုး သို့မဟုတ် လူတစ်စုံတစ်ဉီးမျှနှင့် ရန်မဖြစ်၊ ရိုက် နက်ခြင်းမရှိဟု ကြွေးကြော်သောသူများမှာ လူသားများသည် အပြစ် သားများအဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် လှည့်စားခြင်း ဖြစ် သည်။ ထိုပုဂ္ဂိုလ်သည် လှည့်ဖြားသူ၊ အပြစ်သားနှင့် သူတော် ကောင်းယောင်သူ ဖြစ်သည်။ ဤအရာသည် ဘုရားသခင်က ထိုသူ ကို မြင်တွေ့သောအရာ ဖြစ်သည်။
လူသားအားလုံး သည် မွေးစကတည်းက အပြစ်သားဖြစ်သည်။ သင်သည် အပြစ်အနည်းငယ်တစ်ခုမျှ မကျူးလွန်လျှင်တောင် သင် သည် အပ္ပါယ်ငရဲသို့ ဉီးတည်နေသည်။ သင်သည် ပညတ်တော်နှင့် အထုံးအဖွဲ့များအားလုံးကို အကောင်းဆုံးစောင့်ရှောက်နိုင်လျှင် တောင် သင်သည် အပ္ပါယ်ငရဲသို့ ဉီးတည်သော အပြစ်သားဖြစ်သေး သည်။ ထိုနောက် ကျွန်ုပ်တို့သည် ဤသို့သောပန်းတိုင်များဖြင့် အ ဘယ်အရာလုပ်သင့်ကြသနည်း။ ကျွန်ုပ်တို့သည် အပြစ်များမှ ကယ် တင်ခြင်းခံရကြရန် ဘုရားသခင်၏ဂရုဏာတော်ကို တောင်းခံ၍ ကိုယ်တော့်အပေါ် မှီခိုအားထားရကြမည် ဖြစ်သည်။ ကိုယ်တော် သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် အပ္ပါယ် ငရဲသို့ သွားရကြမည် ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့၏ပန်းတိုင် ဖြစ်သည်။ 
ဘုရားသခင်၏နှုတ်ကပတ်တော် လက်ခံသောသူများသာလျှင် သူတို့သည် အမှန်အကန် အပြစ်သားများဖြစ် ကြသည်ဟု ဝန်ခံကြ သည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် သူများဖြစ် လာခဲ့ကြသည်ဟုလည်း သိကြသည်။ ထိုကြောင့် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အသိအမှတ်မပြုဘဲ လျစ်လျူရှုကာ ဘေးဖယ် ထားခြင်းသည် အကြီးလေးဆုံးသောအပြစ်ဖြစ်သည်ဟု သူတို့သိကြ သည်။ သူတို့သည် ယခင်က အပြစ်သားများဖြစ်ကြသော်လည်း ကိုယ်တော်၏နှုတ်ကပတ်တော်ကို လက်ခံသောသူများသည် ဖြောင့် မတ်သူများ ဖြစ်ကြသည်။ သူတို့သည် ကိုယ်တော်၏ကျေးဇူးတော်၌ နှုတ်ကပတ်တော်အားဖြင့်ဒုတိယမွေးဖွားခြင်းခံရကြကာကောင်းကြီး မင်္ဂလာအ ခံစားရဆုံးသောသူများ ဖြစ်ကြသည်။ 
 

ကျင့်များအားဖြင့် ရွေးနှုတ်ခြင်းခံရရန် ကြိုးစားသူ များသည် အပြစ်သားများဖြစ်ကြသေးသည်
 
သခင်ယေရှုကို ယုံကြည်ပြီးနောက် မည်သူများသည် အပြစ်သားများဖြစ်ကြ သေးသနည်း
အကျင့်များအားဖြင့် ရွေးနှုတ်ခြင်းခံရရန်  ကြိုးစားသူများဖြစ်ကြသည်

ဂလာတိ ၃း၁၀ နှင့် ၁၁ တို့ကို ဖတ်ကြပါစို့။ “ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ “ဖြောင့် မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိ သာထင်ရှား၏။”
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ဖော်ပြထားသည်။ သခင်ယေရှုကိုယုံကြည်သော်လည်း အကျင့်များအားဖြင့် ဖြောင့်မတ် ရန်ကြိုးစားရမည်ဟု ယူဆသောသူ များသည် ကျိန်ခြင်းခံရကြသည်။ အကျင့်များအားဖြင့် ဖြောင့်မတ်ရန် ကြိုးစားသောသူများသည် မည် သည့်နေရာတွင် ရှိကြသနည်း။ သူတို့သည် ဘုရားသခင်၏ကျိန်ခြင်း အောက်၌ ရှိနေကြသည်။ 
ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်တို့အား ပညတ်တော်ပေး အပ်‌တော်မူခဲ့သနည်း။ ကျွန်ုပ်တို့သည် မိမိအပြစ်များကို နားလည်သ ဘောပေါက်နိုင် ကြမည်အကြောင်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခြင်း ဖြစ်သည် (ရောမ ၃း၂၀)။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ ဉီးတည်သောအပြစ်သားများဖြစ် ကြသည်ဟု သိရန်အတွက် ဘုရားသခင်အလိုတော်ရှိသည်။
ဘုရားသခင်၏သား တော်၊ သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်၍ ‌ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံ ယူပါ။ ထိုနောက် သင်သည် အပြစ်များမှ ကယ်တင်ခြင်းခံရ၍ ဖြောင့် မတ်သူဖြစ်လာကာ ထာဝရအသက်ရရှိလျက် ကောင်းကင်နိုင်ငံတော် သို့ သွားလိမ့်မည်။ သင်၏နှလုံးသားများ၌ ယုံကြည်ခြင်းရှိပါ။
 

ကမ္ဘာပေါ်တွင် အမောက်မာဆုံးသောအပြစ်

ကမ္ဘာပေါ်တွင် အမောက်မာဆုံးသော အပြစ်မှာ အဘယ်အရာနည်း
ပညတ်တော်အားဖြင့် အသက်ရှင်ရန် ကြိုးစားခြင်း ဖြစ်သည်

ကိုယ်တော်၏ကောင်းကြီးမင်္ဂလာ၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ နှုတ်ကပတ် တော်၌ ယုံကြည်ခြင်းရှိသူများကို ဘုရားသခင်ကယ်တင်တော်မူ သည်။ 
သို့သော် ယနေ့ ယုံကြည်သူများအကြား ကိုယ်တော်၏ပညတ် တော်အားဖြင့် အသက်ရှင်ရန် ကြိုးစားသောခရစ်ယာန်များစွာ ရှိကြ သည်။ သူတို့သည် ပညတ်တော်အားဖြင့် အသက်ရှင်ရန် ကြိုးစား ကြသည်ဟု ချီးမွမ်းစရာ ဖြစ်သော်လည်း ထိုအရာသည် အဘယ်သို့ ဖြစ်လာနိုင်မည်နည်း။ ကိုယ်တော်၏ပညတ်တော်အားဖြင့် အသက် ရှင်ရန် ကြိုးစားခြင်းသည် မည်သို့သောမိုက်မဲမှုဖြစ်သည်ကို ကျွန်ုပ် တို့နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြိုးစားလေလေ ပို၍ခက်ထန်လေလေ ဖြစ်သည်။  ကိုယ်တော်က “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏”(ရောမ ၁၀း၁၇) ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန်အတွက် မောက်မာ မှုများကို ဖယ်ရှားရန် လိုအပ်ကြသည်။ 
 


ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန် မိမိစံချိန်စံညွှန်း များကို ဖယ်ရှားရကြမည် ဖြစ်သည်


ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန် အဘယ်အရာကို လုပ်ရကြမည်နည်း
ကျွန်ုပ်တို့သည် မိမိစံချိန်စံညွှန်းများကို စွန့်လွှတ်ရကြမည် ဖြစ်သည်

လူတစ်ဉီးသည် မည်သို့ဖြင့် ကယ်တင်ခြင်းခံရနိုင်သနည်း။ သူသည် အပြစ်သားတစ်ဉီးဖြစ်သည်ဟု မိမိကိုယ်ကိုကိုယ် အသိအ မှတ်ပြုမှသာလျှင် ကယ်တင်ခြင်းခံရနိုင်သည်။ ရွေးနှုတ်ခြင်းမခံရ သေးသောသူများသည် မှားယွင်းသောယုံကြည်မှုများနှင့် ကြိုးစားမှု များကို မစွန့်လွှတ်နိုင်ကြသောကြောင့် ရွေးနှုတ်ခြင်းမခံရသူ များစွာ ရှိသည်။
ပညတ်တော်အပေါ်တွယ်ကပ်သောသူများသည် ကျိန်ခြင်းခံ ရသည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ သခင်ယေရှုကို ယုံကြည်ခဲ့ ပြီးနောက် ပညတ်တော်နှင့်အညီ အသက်ရှင်ရန် ကြိုးစားခြင်းအား ဖြင့် ဖြောင့်မတ်သူများတဖြည်းဖြည်းဖြစ်လာနိုင်သည်ဟု ယုံကြည်သူ များသည် ကျိန်ခြင်းခံရကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သူတို့သည် ကယ်တင်ခြင်းခံရရန် ပညတ် တော်နှင့်အညီ အသက်ရှင်ရမည်ဟု ထင်နေသေးကြသည်။ 
မိတ်ဆွေးအပေါင်းတို့၊ ကျွန်ုပ်တို့သည် အကျင့်များအားဖြင့် ဖြောင့်မတ်သူများဖြစ်လာနိုင်ကြမည်လော။ ကျွန်ုပ်တို့သည် သခင် ယေရှု၏နှုတ်ကပတ်တော်ကို ယုံကြည်မှသာလျှင် ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ သို့မှသာ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံရကြ သည်။ သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့် ကိုယ်တော်၏ ဘုရား ဖြစ်တော်မူခြင်းကို ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် ရွေး နှုတ် ခြင်းခံရနိုင်ကြသည်။ 
ထိုကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သူများဖြစ်လာနိုင် သောလမ်းတစ်လမ်းအဖြစ် ကျွန်ုပ်တို့အတွက် ယုံကြည်ခြင်းပညတ် ကို ပြင်ဆင်ပေးတော်မူခဲ့ခြင်း ဖြစ်သည်။ ရေ နှင့်ဝိညာဉ်တော်အား ဖြင့် ရွေးနှုတ်ခြင်းသည် လူသားများ၏အကျင့်များ၌ မတည်ဘဲ ဘု ရားသခင်၏နှုတ်ကပတ်တော်ယုံကြည်ခြင်း၌ တည်သည်။ ဘုရား သခင်သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ရွေးနှုတ်ကယ်တင် တော်မူခဲ့၍ ထိုအရာသည် ကယ်တင်ခြင်းအမှုကို ဘုရားသခင်ပြင် ဆင်ပေး၍ ပြည့်စုံစေတော်မူခဲ့သောအရာ ဖြစ်သည်။ 
သခင်ယေရှုကို ယုံကြည်သူများသည် ဘာကြောင့် ရွေးနှုတ်ခြင်း မခံရ ကြသနည်း။ သူတို့သည် ရေနှင့်ဝိ ညာဉ်တော်ရွေးနှုတ်ခြင်း နှုတ်ကပတ်တော်ကို မလက်ခံကြသော ကြောင့် ဖြစ်သည်။ သို့သော် သူတို့ကဲ့သို့မပြည့်စုံသောကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရကြ သည်။
လူနှစ်ဉီးတို့သည်ကြိတ်ဆုံးပေါ်တွင် အလုပ်လုပ်ကြလျှင် အခြား တစ်ဉီးသည် ချီမပြီးနောက် တစ်ဉီးသည် ချန်ထားရသည်။ နောက်တွင် ကျန်ရစ်သောသူသည် ရွေးနှုတ်ခြင်းမခံရသေးသောသူ ကို ကိုယ်စားပြုသည်။  ဘာကြောင့် တစ်ဉီးသည် ချီမ၍ အခြားတစ် ဉီးသည် ‌နောက်တွင်ချန်ထားခဲ့ရသနည်း။
အကြောင်းမှာ လူတစ်ဉီးသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို နားထောင်၍ ယုံကြည်ခဲ့‌သော်လည်း အခြားသူမှာ ပညတ် တော်စောင့်ရှောက်ရန် ကြိုးစားလုပ်ဆောင်၍ အပ္ပါယ်ငရဲသို့ အမှန် အကန် ပစ်ချခြင်းခံရသောကြောင့် ဖြစ်သည်။ ထိုသူသည် ဘုရားသ ခင်ထံသို့ တိုးဝင်ရန် ကြိုးစားခဲ့‌သော်လည်း သူသည် ကိုယ်တော် ၏ခြေတော်သို့ တွားသွားသည်နှင့်အညီ ဘုရားသခင်သည် ထိုသူကို ခါချတော်မူခဲ့သည်။ လူတစ်ဉီးသည် ပညတ်တော်စောင့် ရှောက်ခြင်း အားဖြင့် ဘုရားသခင်ထံတော်သို့ တွားသွားရန် ကြိုးစားလျှင် သူ သည် အပ္ပါယ်ငရဲသို့ အမှန်အကန်ပြစ်ချခြင်းခံရမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံ ကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရကြမည် ဖြစ်သည်။ 
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင် သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။ “ဖြောင့်မတ်သောသူသည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိ အမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။” “အဘယ် ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင် ရှားလျက်ရှိ၏”(ဂလာတိ ၃း၁၀-၁၁၊ ရောမ ၁း၁၇)။ 
ဘုရားသခင်၏နှုတ်ကပတ်တော် မယုံကြည်ခြင်းသည် ကိုယ် တော့် ရှေ့တော်၌ အပြစ်ဖြစ်သည်။ ထိုပြင် လူတစ်ဉီး၏ကိုယ်ပိုင်စံ ချိန်စံညွှန်းအရ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဘေးဖယ်ခြင်း သည်လည်း အပြစ်ဖြစ်သည်။ ကျွန်ုပ်တို့လူသားများသည် အပြစ် သားများအဖြစ် မွေးဖွားလာခဲ့ကြ၍ ဘဝတစ်လျှောက် အပြစ်ကို ဆက်လက်ကျူးလွန်ခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော် ၏ပညတ်တော်နှင့်အညီအသက်မရှင်နိုင်ကြပေ။ ကျွန်ုပ်တို့သည် ဤ နေရာတွင် အနည်းငယ်၊ ထိုနေရာတွင် အနည်းငယ်၊ သွား သည့်နေ ရာတိုင်း၌ အပြစ်ကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် ဇာတိအသွေး အသားများဖြစ်ကြ၍ အပြစ်ကျူးလွန်လျက်ရှိကြသည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ 
လူသားတစ်ဉီးသည် နွားချေးပုံကြီးနှင့်တူသည်။ ကျွန်ုပ်တို့သည် ၎င်း ကို ပတ်ပတ်လည်၍ ထမ်းကြလျှင် သွားသောလမ်းတစ်လျှောက် အ နံ့အသက်ရလာမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုအရာနှင့် တူကြသည်။ ကျွန်ုပ်တို့သည် သွားသည့်နေရာတိုင်းတွင် အပြစ်ကို ဖြန့်ကျဲနေ ကြသည်။ သင်သည် ၎င်းကို ပုံဖော်နိုင်သလော။
သင်သည် သန့်ရှင်းသည်ဟု ဟန်ဆောင်လိမ့်မည်လော။ အ ကယ်၍ သင်သည် မိမိကိုယ်ကိုကိုယ် ရှင်းလင်းစွာ သတိချပ်လျှင် သင်သည် သန့်ရှင်းရန် အချည်းနှီးကြိုးစားမှုကို ရပ်တန့်၍ သခင်ယေ ရှု၏ရေနှင့်အသွေးတော်ကို ယုံကြည်ပါလိမ့်မည်။ 
ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် ခေါင်း မာမှုများ ကို စွန့်လွှတ်၍ သူတို့သည် ဘုရားရှေ့တော်၌ ကြီးလေးသောအ ပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံရန်လိုအပ်ကြသည်။ ထိုနောက် သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်သို့ ပြန်လှည့်၍ ကိုယ် တော်သည် သူတို့အား ရေနှင့်ဝိညာဉ်တော်အားဖြင့် မည်သို့ကယ်တင် တော မူခဲ့သည်ကို သိရကြလိမ့်မည်။