Search

တရားဟောချက်များ

ဘာသာရပ် ၁- အပြစ်တရား

[1-2] လူသားများသည် အပြစ်သား များအဖြစ် မွေးဖွားခဲ့ကြသည် (မာကု ၇း၂၀-၂၃)

လူသားများသည် အပြစ်သား များအဖြစ် မွေးဖွားခဲ့ကြသည်
(မာကု ၇း၂၀-၂၃)
“တစ်ဖန် ကိုယ်တော်က “လူ့အတွင်းမှ ထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန် ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာ လိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။”
 


လူများသည် စိတ်ရှုပ်ထွေး၍ ထင်ယောင်ထင်မှား အောက်၌ အသက်ရှင်ကြသည်

 
မည်သူသည် ကယ်တင်ခြင်း ခံရရန်အနှစ်သက်ဆုံးသူ ဖြစ်သနည်း
မိမိကိုယ်ကိုကိုယ် အဆိုးဆုံးသောအပြစ်သား  အဖြစ် ယူဆသောသူဖြစ်သည်

ပထမအနေဖြင့်၊ သင့်အား မေးခွန်းတစ်ခုကို ကျွန်တော်မေးပါရ စေ။ သင်သည် မိမိကိုယ်ကိုကိုယ် မည်သို့ မြင်တွေ့သ နည်း။ သင် သည် ကောင်းသည် သို့မဟုတ် ဆိုးသည်ဟု တွေးသလော။ သင် သည် မည်သည့်အရာကို တွေးသနည်း။
လူသားအားလုံးသည် မိမိထင်ယောင်ထင်မှားအောက်၌ အ သက်ရှင်ကြသည်။  သင်သည် သင်ထင်သည့်အတိုင်း မဆိုးနိုင်ပေ။ သို့မဟုတ် သင်ထင်သည့်အတိုင်း သင်သည် မကောင်းနိုင်ပေ။ 
မည်သူက သင့်အား ပိုကောင်းသောယုံကြည်ခြင်းအသက်တာ သို့ ပို့ဆောင်လိမ့်မည်ဟု သင်ယူဆသနည်း။  ကောင်းသည်ဟု မိမိ ကိုယ်ကိုကိုယ် ထင်သူဖြစ်လိမ့်မည်လော။ သို့မဟုတ် ဆိုးသည်ဟု မိမိကိုယ်ကိုကိုယ် ထင်သူဖြစ်လိမ့် မည်လော။ 
ဒုတိယအချက်ဖြစ်သည်။  အခြားသောမေးခွန်းမေးပါရစေ။ မည်သူသည် ရွေးနှုတ်ခြင်းခံရရန် ပို၍ နှစ်သက်သလော။ ပို၍များ ပြားသောအပြစ်ကို ကျူးလွန်သူလော။ သို့မဟုတ် အပြစ်အနည်း ငယ်သာ ကျူးလွန်သူလော။ အပြစ်များစွာ ကျူးလွန်သောသူများက သူသည် ကြီးလေးသောအပြစ်သားဖြစ်သည်ဟု လက်ခံသောကြောင့် အပြစ်များစွာ ကျူးလွန်သည်ဟု ဝန်ခံသောသူသည် ရွေးနှုတ်ခြင်းခံ ရန် ပို၍နှစ်သက်သောသူ  ဖြစ်သည်။ ဤသို့သောပုဂ္ဂိုလ် တစ်ဉီးသည် သူ့အတွက် သခင်ယေရှုပြင်ဆင်တော်မူခဲ့သော ရွေးနှုတ် ကယ်တင် ခြင်းနှုတ်ကပတ်တော်ကို ပို၍လက်ခံနိုင်သည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ်အမှန် အကန် ကြည့်ကြသော အခါ ကျွန်ုပ်တို့သည် အပြစ်အစုလိုက်အပုံ လိုက်ရှိကြသည်ဟု သက် သေရှိသည်။ လူသားများသည် အဘယ်သို့သောသူများ ဖြစ်ကြသ နည်း။ လူတစ်ဉီးသည် ‘လူဆိုးအမျိုး’  ဖြစ်သည်။ ဟေရှာယ ၅၉ တွင် လူသား များ၏နှလုံးသားများ၌ အပြစ်ဒုစရိုက်ပေါင်းစုံရှိသည်ဟု ဖော်ပြထားသည်။ 
ထိုကြောင့် လူသားများသည် အပြစ်အစုလိုက်အပုံလိုက်ရှိကြ သည်ကို ရှင်းလင်းသည်။ သို့သော် ကျွန်ုပ်တို့သည် လူသားများအား အပြစ်အစုလိုက်အပုံလိုက် ရှိသည်ဟု ဖော်ထုတ်ကြလျှင် လူများစွာ တို့သည် သဘောတူကြမည် မဟုတ်ပေ။  သို့သော် လူတစ်ဉီးအား ‘လူဆိုး၏အမျိုး’ဟု ဖော်ထုတ်ခြင်းမှာ မှန်ကန်သောအဓိပ္ပါယ်ဖွင့်ဆို ချက် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ရိုးသားပွင့်လင်း စွာ ကြည့်ကြလျှင် ကျွန်ုပ်တို့သည် လူဆိုးများဖြစ်ကြသည်ဟု ရှင်း လင်းစွာ သိရကြသည်။ မိမိကိုယ်ကိုကိုယ် ရိုးသားသောသူများသည် တူညီသောနိဂုံးသို့ ရောက်ရကြမည် ဖြစ်သည်။ 
သို့သော် လူအများစုတို့က သူတို့သည် အပြစ်အစုလိုက်အပုံ လိုက် အမှန်အကန်ရှိကြသည်ဟု ဝန်ခံရန် ငြင်းဆိုဟန်တူသည်။ လူ များစွာတို့သည် မိမိကိုယ်ကိုကိုယ် အပြစ်သားများအဖြစ် မယူဆ ကြသောကြောင့် သူတို့သည် ရောင့်ရဲတင်းတိမ်စွာ အသက်ရှင်ကြ သည်။ ကျွန်ုပ်တို့သည် ဆိုးသောအမျိုးများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ဆိုးသောယဉ်ကျေးမှုကို ဖန်တီးခဲ့ကြသည်။ အ ကယ်၍ ထိုသို့မဟုတ်ခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်အပေါ် အရှက်ရ ကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့အများစုတို့သည် အပြစ်များကျူး လွန်လျှင်လည်း အရှက်မရှိကြပေ။  
သို့သော် သူတို့၏မ နောစိတ်က သိကြသည်။ “ရှက်စရာ ကောင်းတယ်”ဟု ပြောသောစိတ်ကို လူတိုင်းမှာ ရှိကြသည်။  အာဒံ နှင့်ဧဝတို့သည် အပြစ်ကျူးလွန်ခဲ့ကြပြီးနောက် မိမိကိုယ်ကိုကိုယ် သစ်ပင်များအကြား ပုန်းကွယ်ခဲ့ကြသည်။ ယနေ့ အပြစ်သားများစွာ တို့သည် ဆိုးသွမ်းသောယဉ်ကျေးမှုဖြစ်သည့် အပြစ်၏ယဉ်ကျေးမှု နောက်ကွယ်တွင် ပုန်းကွယ်ကြသည်။ သူတို့သည် ဘုရားသခင်၏တ ရားစီရင်ခြင်းကို ရှောင်ကြဉ်ရန် အပြစ်သားများ၏အပေါင်းအသင်းအ ကြား ပုန်းကွယ်ကြသည်။ 
လူများစွာတို့သည် မိမိထင်ယောင်ထင်မှားဖြင့် လှည့်ဖြားခြင်းခံ ရကြသည်။ သူတို့သည် သူတပါးများထက် ပို၍ မြင့်မြတ်ကြသည်ဟု ထင်တတ်ကြသည်။ ထိုကြောင့် သူတို့သည် သတင်းဆိုးတစ်စုံတစ် ခုကို ကြားကြသောအခါ “လူတစ်ဉီးသည် မည်သို့ဖြင့် ဤသို့သော အရာများကို ပြုနိုင်သလဲ။ လူတစ်ဉီးသည် မည်သို့ဖြင့် ထိုအရာကို လုပ်နိုင်သလဲ။ သားတစ်ဉီးသည် မည်သို့ဖြင့် မိမိမိဘများအပေါ် ထိုအရာကို ပြုနိုင်သလဲ”ဟု ဒေါသဖြင့် ငိုကြွေးတတ်ကြသည်။ သူ တို့သည် ဤအရာများကို မပြုနိုင်ပေဟု သူတို့သည် မိမိကိုယ်ကို ကိုယ် ယုံကြည်ကြသည်။  
ချစ်သောမိတ်ဆွေတို့၊ သင်သည် မိမိကိုယ်ကိုကိုယ် သိရန် အလွန် ခက်ခဲသည်။ မိမိကိုယ်ကိုကိုယ် အမှန်အကန်သိရန်အတွက် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းကို ရှေးဉီးစွာခံရ ကြသည် ဖြစ်သည်။ လူသားများ၏သဘောသဘာဝကို မှန်ကန်စွာသိရှိခြင်းရရှိ ရန် ကျွန်ုပ်တို့သည် အချိန်များစွာ ယူရကြမည် ဖြစ်သည်။ သေသည့် ထိတိုင်အောင် ဤအရာကို မတွေ့သောသူ ကျွန်ုပ်တို့များစွာ ရှိကြ သည်။ 
 

မိမိကိုယ်ကိုကို သိပါ

မိမိကိုယ်ကိုကိုယ် မသိသောသူများသည် မည်သို့အသက်ရှင်ကြသနည်း
သူတို့သည် မိမိအပြစ်များကို ဖုံးကွယ်ရန် ကြိုးစားခြင်း ဟန်ဆောင်သောအသက်တာဖြင့် အသက်ရှင်ကြသည်

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ ကိုယ်ကိုကိုယ်အမှန်အကန်မ သိသော ဤသို့သောပုဂ္ဂိုလ်များကို တွေ့တတ်ကြသည်။ ဆိုကရေးတီး က “မိမိကိုယ်ကိုကိုယ်သိပါ”ဟု ပြောခဲ့သည်။ သို့သော် ကျွန်ုပ်တို့အ များစုတို့သည် မိမိနှလုံးသားများ၌ ရှိသောအရာများဖြစ်သော လူ့အ သက်သတ်ခြင်း၊ ခိုးခြင်း၊ မနာလိုခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်စားခြင်း၊ လိမ်လည်မှု၊ ဆိုးသောမျက်စိ စသည်တို့ကို မသိကြပေ။ မိမိကိုယ် ကိုကိုယ် မသိသောသူတစ်ဉီးသည် ၎င်း၏နှုတ်ဖျားပေါ်တွင် မြွေဆိုး အဆိပ်အတောက်ရှိသော်လည်း ကောင်းမြတ်သောအရာကို ပြော တတ်ကြသည်။ ဤသို့ ဖြစ်ရခြင်းအကြောင်းမှာ ထိုသူသည် မလွဲမ သွေ အပြစ်သားတစ်ဉီးအဖြစ် မွေးဖွားလာခဲ့သည်ကို မသိသော ကြောင့် ဖြစ်သည်။ 
ဤကမ္ဘာပေါ်တွင် မိမိစစ်မှန်သောဇာတိအဖြစ်ကို မသိသောသူ များစွာရှိကြသည်။ သူတို့သည် မိမိကိုယ်ကိုကိုယ်လှည့်စားခဲ့ကြ၍ သူ တို့၏လှည့်စားခြင်း၌ လုံးဝပိတ်ပင်သောဘဝများဖြင့် အသက်ရှင်ကြ သည်။ သူတို့သည် မိမိလှည့်စားမှုများကြောင့် အပ္ပါယ်ငရဲသို့ မိမိကိုယ်ကိုကိုယ် ပစ်ချခြင်းခံရကြသည်ကို သူတို့သည် မသိကြပေ။
 


လူများသည် ဘာဝတစ်လျှောက် အပြစ်ကို ဆက်တိုက် ကျူးလွန်ကြသည်


သူတို့သည် ဘာကြောင့် ငရဲသို့ သွားနေကြသနည်း
သူတို့သည် မိမိကိုယ်ကိုကိုယ်  မသိကြသောကြောင့် ဖြစ်သည်

မာကု ၇း၂၁-၂၃ ကို ကြည့်ကြပါ စို့။ “အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင် ရေးဖောက်ပြန်မှုကိုကျူး လွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။” လူသားများသည် အမိဝမ်း၌ နေသည့်အချိန်ကစ၍ ဆိုး သောအတွေးအခေါ်များဖြင့် သူတို့နှလုံးသားပြည့်ဝခဲ့ကြသည်။ 
လူတစ်ဉီး၏နှလုံးသားသည် မှန်ဖြင့်ပြုလုပ်၍ ညစ်ညမ်း သော အရည်အချို့တို့ဖြင့် ပြည့်ခဲ့သည်ဟု စိတ်ကူးကြပါစို့။ ဤပုဂ္ဂိုလ်သည် ရှေ့နှင့်နောက်သို့ ရွှေ့လျှင် အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ညစ်ညမ်းသောအရည်(အပြစ်)သည် နေရာတိုင်းတွင် ကျလိမ့်မည်။ လူတစ်ဉီးသည် လှုပ်ရှားသည်နှင့်တပြိုင်နက် အပြစ်သည် နေရာ တိုင်း၌ ထပ်ခါသလဲလဲ ကျလိမ့်မည်။ 
အပြစ်အစုံအပုံဖြင့်ရှိနေသောကျွန်ုပ်တို့သည် ထိုသို့ဖြင့် အသက် ရှင်နေကြသည်။ ကျွန်ုပ်တို့သည် သွားသည့်နေရာတိုင်းတွင် အပြစ်တ စိမ့်စိမ့်ကျသည်။ကျွန်ုပ်တို့သည် အပြစ်များစွာရှိကြသောကြောင့် ဘဝ တစ်လျှောက် အပြစ်ကျူးလွန်ကြသည်။  
ကျွန်ုပ်တို့သည် အပြစ်အစုအဝေးများဖြစ်ကြ၍ သို့မဟုတ် တစ် နည်းအားဖြင့် အပြစ်၏မျိုး စေ့များဖြစ်ကြသည်ဟု နားမလည် ကြခြင်းမှာ ပြဿနာ ဖြစ်သည်။ ကျွန်ုပ်တို့ မွေးဖွားသည့်အချိန်မှစ၍ အပြစ်အစု အဝေးများဖြစ်ကြ၍ အပြစ်ရှိကြသည်။ အပြစ်အစုအဝေး များသည် ပြည့်လျှံ လျက်နေခဲ့သည်။ သို့ရာတွင် သူတို့သည် အပြစ် မရပ် မနားပြုကြသည်ဟု လူများသည် မယုံကြည်ကြပေ။ သူတပါး သည် အပြစ်သို့ လမ်းပြသောကြောင့် သူတို့သည် လူဆိုးများမဟုတ် ကြပေဟု တွေးတတ်ကြ သည်။
လူများသည် အပြစ်များကျူးလွန်လျက်ပင်  မိမိကိုယ်ကိုကိုယ် ပြန်လည်သန့်ရှင်းဆေးကြောဥရန် လိုအပ်သော တောင်းဆိုချက်တစ် ခုမှာ အပြစ်များကို ဖယ်ရှားဖြစ်ဖြစ်သည်ဟု ယူဆကြသည်။ သူတို့ သည် အပြစ်ကျူးလွန်သည့်အချိန်တိုင်းတွင် အပြစ်ကို ဖယ်ရှားရန် ကြိုးစားခဲ့ကြ၍ ၎င်းသည် သူတို့၏အမှားမဟုတ်ပေဟု မိမိကိုယ် ကိုကိုယ် ပြောကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဆေးကြော ပြီးနောက် အပြစ်ဆက်လက်မကျူးလွန်နိုင်ကြသည်ကို ဆိုလိုသ လော။ ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ကို ဆက်တိုက် သုတ်သင် ဖယ်ရှားရန် လိုအပ်လိမ့်မည်။  
ဖန်ခွက်သည်အပြစ်ဖြင့်ပြည့်သောအခါ၎င်းသည် လျှံကျလိမ့် မည်။ အပြင် ဘက်ဆေးကြောသုတ်သင်ခြင်းသည် အသုံးမဝင်ပေ။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်များအားဖြင့် အပြင်ဘက် မည်သို့ ပင် မကြာခဏ သုတ်သင်ဆေးကြောနေပါစေ ဖန်ခွက်ထဲမှာ အပြစ် ပြည့်နေသ‌ရွေ့ အသုံးမဝင်ပေ။ 
ကျွန်ုပ်တို့သည် အပြစ်များစွာဖြင့် မွေးဖွားလာခဲ့ကြ သော ကြောင့် ကျွန်ုပ်တို့နှလုံးသားများသည် လွှတ်လပ်လိမ့်မည်မ ဟုတ် ပေ။ ကျွန်ုပ်တို့သည် လမ်းတစ်လျှောက်သွန်ပစ်လိုက်လျှင် လည်း အပြစ်ကုန်မည်မဟုတ်ပေ။ 
ထိုကြောင့် ကျွန်ုပ်တို့သည် ဘဝတစ်လျှောက် အပြစ်များကျူး လွန်ကြသည်။ လူတစ်ဉီးသည် အပြစ်အစုအဝေးရှိသည်ဟု နားမ လည်သောအခါ သူသည် မိမိအပြစ်သဘာဝကို ဖုံးကွယ်ရန် ဆက် လက် လုပ်ဆောင်နေသည်။ အပြစ်သည် လူသားအားလုံး၏နှလုံး သားများ၌ ရှိ၍ မျက်နှာပြင်သန့်ရှင်းရန် သုတ်သင်ခြင်းအားဖြင့် အပြစ်သည် မထွက်သွားပေ။ ကျွန်ုပ်တို့သည် အပြစ်အ နည်းငယ်ကို လျှံကျစေသောအခါ ၎င်းကို အဝတ်ဖြင့် သတ်ကြသည်။  ကျွန်ုပ်တို့ သည် နောက်တစ်ကြိမ် ပြန်လျှံထွက် စေကြသောအခါ အဝတ်စုတ် ဖြင့်၊ ပါဝါဖြင့်၊ တံမျက်စည်းဖြင့် သုတ်ကြသည်။ ကျွန်ုပ်တို့သည် အ ပြစ်ကို မကြာခဏသုတ် သင်ရှင်းလင်းကြလျှင် ၎င်းသည်သန့်ရှင်း လိမ့်မည်ဟု မြော်လင့်ကြသော်လည်း အပြစ်သည် ထပ်ခါသလဲလဲ လျှံထွက်သည်။ ဤအရာသည် အချိန်မည်မျှ ကြာမြှင့်စွာ ဆက် သွားလိမ့်မည်ဟု သင်ထင်သနည်း။  လူတစ်ဉီးသေဆုံးသည့်အထိ ဖြစ်ပျက်လိမ့်မည်။ လူများသည် သေသည့်နေရက်အထိ ဆိုးသွမ်းစွာ ကျင့်နေကြသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ရွေး နှုတ်ခြင်းခံရရန် သခင်ယေရှုကို ယုံကြည်ရကြခြင်း ဖြစ်သည်။  ရွေး နှုတ်ခြင်းခံရရန်အတွက် ကျွန်ုပ်တို့သည် ပထမဉီးဆုံး မိမိကိုယ်ကို ကိုယ် သိရန် လိုအပ်သည်။ 

မည်သူသည် သခင်ယေရှု၏ မေတ္တာတော်ကို ဝမ်းမြောက်စွာ လက်ခံသနည်း
သူတို့သည် အပြစ်များစွာကျူးလွန်ခဲ့ ကြသည်ဟု ဝန်ခံသောအပြစ်သားများ ဖြစ်ကြသည်

ညစ်ညမ်းသောအရည်ဖြင့်ပြည့်ဝသော ဖန်ခွက်နှစ်ခွက်ကို လူ နှစ်ဉီးအဖြစ် နှိုင်းယှဉ်ကြပါစို့။ ဖန်ခွက်နှစ်ခွက်တို့သည် အပြစ်ဖြင့် ပြည့်ကြသည်။  တစ်ဉီးက မိမိကိုယ်ကိုကိုယ် ကြည့်၍ “သြော်၊ ငါက အလွန်ဆိုးသောသူပါလား”ဟု ပြောသည်။ ထိုနောက် သူသည် အရှုံး ပေး၍ သူ့ကို ကူညီပေးနိုင်သူတစ်စုံတစ်ဉီးကို ရှာဖွေရန် သွားသည်။  
သို့သော် အခြားသူတစ်ဉီးက သူသည် အမှန်အကန် ဆိုးပါဟု ယူဆသည်။ သူသည် မိမိနှင့်အတူ အပြစ်များစွာ ရှိသည်ဟု မမြင် နိုင်ပေ။သူသည် အပြစ်အလွန်အကျွံကျူးလွန်သည်ဟုလည်း မယူဆ ပေ။ သူ၏ဘဝအားလုံးတွင် သူသည် လျှံကျသောအရာများကို သုတ်သင်နေသည်။ သူသည် တစ်ဖက်သုတ်သည်။ ထိုနောက် အခြား တစ်ဖက်ကိုလည်း သုတ်သည်။ ... ထိုနောက် အခြားတစ်ဖက်သို့ လျှင်မြန်စွာ ရွှေ့နေသည်...
မိမိဘဝကို သတိချပ်စွာဖြင့် အသက်ရှင်ရန်၊ အတတ်နိုင်ဆုံး အပြစ်အနည်းငယ်သာပြုအောင်ကြိုးစားရန်၊ အပြစ်လျှံထွက်ခြင်းကို ရှောင်ကြဉ်ရန် သတိဖြင့်အသက်ရှင်သူများစွာ ရှိကြသည်။ သို့သော် သူတို့သည် မိမိနှလုံးသားများ၌ အပြစ်ရှိသေးသောကြောင့် ၎င်းသည် ဘာကောင်းမှုဖြစ်စေသနည်း။ သတိချပ်ခြင်းသည် သူတို့ကို ကောင်း ကင်နိုင်ငံတော်နှင့်ပို၍ နီးကပ်ရန် မဉီးဆောင်နိုင်ပေ။ ‘သတိချပ် ခြင်း’သည်သူတို့ကို အပ္ပါယ်ငရဲသို့သွားသောလမ်းပေါ်သို့သာ နေရာချ ပေးသည်။ 
ချစ်သောမိတ်ဆွေအပေါင်းတို့၊ ‘သတိချပ်ခြင်း’သည် အပ္ပါယ်ငရဲ သို့သာ ပို့ဆောင်သည်။ ကျွန်ုပ်တို့သည် ဤသင်ခန်းစာကို နှလုံးသို့ ယူဆောင်သင့်ကြသည်။ လူများသည် သတိချပ်ကြသောအခါ သူ တို့အပြစ်များသည် အမြားအပြားမလျှံထွက်နိုင်သော်လည်း သူတို့ သည် အပြစ်သားများဖြစ်ကြသည်။ 
လူသားများ၏နှလုံးသား၌ အဘယ်အရာရှိသနည်း။ အပြစ် လော။ ကိုယ်ကျင့်တရားပျက်ပြားမှုလော။ ဟုတ်ပါသည်။ ဆိုးသော အတွေးအခေါ်များလော။ ဟုတ်ပါသည်။ ခိုးခြင်းရှိသလော။ ရှိပါ သည်။ လောဘစိတ် ရှိသလော။ ရှိပါသည်။ 
အထူးသဖြင့် ကျွန်ုပ်တို့သည်  လုပ်ဆောင်ရန် သင်ကြားခြင်းမရှိ ဘဲ မိမိကိုယ်ကိုကိုယ် ဆိုးသွမ်းစွာနှင့် မိုက်မဲစွာ ကျင့်ဆောင်ကြသော အခါ ကျွန်ုပ်တို့သည် အပြစ်များအစုအဝေးဖြစ်ကြသည်ဟူသောအ ချက်ကို မဝန်ခံ နိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ငယ်ရွယ်သောအခါ ၎င်းကို သက်သေအဖြစ် မပြနိုင်ကြပေ။  သို့‌သော် ကျွန်ုပ်တို့သည် အသက် ပို၍ကြီးလာသည် နှင့်အမျှ မည်သို့ဖြစ်လာသနည်း။ ကျွန်ုပ်တို့သည် အထက်တန်း၊ ကောလိပ်နှင့် စသည်တို့ဖြင့်သွားကြသောအခါ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်သော အရာအားလုံးမှာ အပြစ်ဖြစ်သည်ဟု နားလည်သ ဘောပေါက်ကြသည်။ ဤအရာသည် မှန်ကန်သည်မဟုတ်လော။ ရိုးသားပွင့်လင်းစွာပြောလျှင် ကျွန်ုပ်တို့၏ဆိုး ညစ်သောသဘာဝ များကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ မှန်ကန်သလော။  ကျွန်ုပ်တို့သည် အပြစ်စုပုံခြင်းကလွှဲ၍ အခြားသောအရာများမလုပ်နိုင်ကြပေ။ “ငါက ဒီအရာကို မလုပ်သင့် ပါ”ဟု ကျွန်ုပ်တို့ နောင်တရသည်။ သို့‌သော် အမှန်အကန် ပြောင်းလဲရန် မဖြစ်နိုင်သည်ကို ကျွန်ုပ်တို့တွေ့ရကြ သည်။ ဘာကြောင့် ထိုသို့ဖြစ်သနည်း။ ကျွန်ုပ်တို့အားလုံးသည် အပြစ် အစုအဝေးတို့ဖြင့် မွေးဖွားလာကြသောကြောင့် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သတိချပ်ခြင်းအားဖြင့် ရိုးရိုးလေး သန့်ရှင်းခြင်း မဖြစ်လာကြပေ။ ကျွန်ုပ်တို့ သိရန်လိုအပ်သောအရာမှာ ကျွန်ုပ်တို့ သည် လုံးဝရွေးနှုတ်ကယ်တင်ခြင်းခံရရန်အတွက် အပြစ်အစုအဝေး များအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ သခင်ယေရှုပြင် ဆင်ပေး တော်မူခဲ့သော ရွေးနှုတ်ခြင်းကို ဝမ်းမြောက်စွာ လက်ခံသော အပြစ် သားများသာလျှင် ကယ်တင်ခြင်းခံရနိုင်ကြသည်။ 
“ငါအပြစ်များစွာ မပြုခဲ့ပါ သို့မဟုန် အပြစ်များစွာကျူးလွန်ခဲ့ တယ်”ဟု ယူဆသူများက သခင်ယေရှုသည် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ သူတို့သည် အပ္ပါယ် ငရဲသို့ ဉီးတည်နေကြသည်ကိုလည်းကောင်း မယုံကြည်ကြပေ။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသောကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်အစုံလိုက်အပုံလိုက်ရှိကြသည်ဟု ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။
လူတစ်ဉီးက “ဒီအနည်းငယ်သောအပြစ်အတွက် ငါသည် ရွေး နှုတ်ခြင်းခံရမှသာလျှင် အမှားများစွာ ငါမပြုခဲ့ပါ”ဟု ထင်လျှင် သူ သည် နောက်နောင်တွင် အပြစ်မှ ဖြေလွှတ်လိမ့်မည်လော။ ဤအရာ သည် မဖြစ်နိုင် သောကိစ္စမျိုးဖြစ်သည်။
ရွေးခြင်းခံနိုင်သောသူက သူသည် အပြစ်အစုအဝေး ဖြစ်သည် ဟု သိသည်။ သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ၍ ကျွန်ုပ်တို့အတွက် အသေခံတော်မူသောအခါ အပြစ်များ၏အခ များကိုပေးဆပ်ပေးတော်မူခဲ့သည်ဟု သူသည်အမှန်အကန် ယုံကြည် သည်။ 
ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ၊ ကျွန်ုပ်တို့အားလုံးသည် ထင်‌ယောင်ထင်မှားဖြင့် အသက်ရှင်ရန် ကြိုးစားနေကြသည်။  ကျွန်ုပ်တို့သည် အပြစ်အစုအဝေးများဖြစ်ကြ သည်။ ထိုအရာသည် ကျွန်ုပ်တို့ဖြစ်ခြင်းအရာ ဖြစ်သည်။ သခင် ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ရွေးနှုတ် ခြင်းခံရနိုင်ကြသည်။ 
 

‘အပြစ်အနည်းငယ်’ရှိသူများကို ဘုရားသခင်သည် ရွေးနှုတ်တော်မမူခဲ့ပေ

မည်သူသည် သခင်ကို လက်ခံသောသူ  ဖြစ်သနည်း
နေ့စဉ်အပြစ်များကို ခွင့်လွှတ်ရန်အတွက် တောင်းလျှောက်သောသူ ဖြစ်သည်

‘အပြစ်အနည်းငယ်’သာရှိသောသူများကို ဘုရားသခင်သည် ရွေးနှုတ် တော်မမူပေ။ “ဘုရားသခင်၊ ကျွန်ုပ်သည် အပြစ်အနည်း ငယ်သာရှိသည်”ဟု ပြောသူများကို ဘုရားသခင်၏ မျက်စောင်းထိုး ကြည့်တော်မမူပေ။ ကိုယ်တော်သနားတော်မူသောသူများမှာ “ဘုရား သခင်၊ကျွန်ုပ်သည် အပြစ်အစုအဝေး ဖြစ်တယ်။ ကျွန်ုပ်သည် အပ္ပါယ် ငရဲသို့ သွားနေတယ်။ ကျွန်ုပ်ကို ကယ်တင်တော်မူပါ”ဟုပြောသူများ ဖြစ်ကြသည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင် တော်မူလျှင် ကျွန်ုပ်သည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကျွန်ုပ်သည် အပြစ်ကိုကြိမ်ဖန်များစွာပြုလုပ်သည်ဟု ကျွန်တော်သိသောကြောင့် ကျွန်ုပ်သည် နောင်တရခြင်းအတွက် နောက်တစ်ကြိမ်ဆု မတောင်း နိုင်တော့ပါ”ဟု ပြောသူများသည် အပြစ်သားများဖြစ်ကြသည်။ 
ဘုရားသခင်သည် ကိုယ်တော်အပေါ် လုံးဝဥဿုံမှီခိုအားထား သောသူများကို ကယ်တင်တော်မူသည်။ ကျွန်တော်ကိုယ်တိုင်လည်း နောင်တနှင့်စပ် ဆိုင်သော ဆုတောင်းခြင်းများကို နေ့တိုင်းပြုလုပ်ရန် မိမိကိုယ်ကို ကိုယ်ကြိုးစားခဲ့သော်လည်း နောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းများသည် ကျွန်ုပ်ကို အပြစ်မှ မလွှတ်မြောက်စေနိုင် ပေ။ ထိုကြောင့် ကျွန်တော်သည် ဘုရားရှေ့တော်၌ ဒူးထောက်၍ “ဘုရားသခင်၊ ကျွန်ုပ်ကို သနားတော်မူ၍ အပြစ်များအားလုံးမှ ကယ် တင်တော်မူပါ”ဟု ဆုတောင်းခဲ့သည်။ ဤသို့ဆုတောင်းသောသူများ သည် ကယ်တင်ခြင်းခံရကြသည်။ ဘုရားသခင်၏ရွေးနှုတ် ခြင်းနှင့် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု၏ဗတ္တိဇံကို သူတို့သည် ယုံကြည် လာကြသည်။ သူတို့သည် ကယ်တင်ခြင်းခံရကြသည်။ 
ဘုရားသခင်သည် အပြစ် အစုအဝေး၊ လူဆိုး၏အမျိုးဖြစ်သည် ဟု မိမိကိုယ်ကိုကိုယ် သိသောသူများကို ကယ်တင်တော်မူသည်။ “ကျွန်ုပ်သည် ဤအ ပြစ်အနည်းငယ်သာကျူးလွန်ခဲ့တယ်။ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ”ဟု ပြောသောသူများသည် အပြစ်သားများဖြစ် ကြသေး၍ ဘုရားသခင်သည် သူတို့ကို ကယ်တင်တော်မမူနိုင်ပေ။ သူတို့သည် အပြစ်အစုအဝေးများဖြစ်ကြသည်ဟု မိမိကိုယ်ကိုကိုယ် ဝန်ခံသောသူများသာလျှင် ဘုရားသခင် ကယ်တင် တော်မူသည်။ 
ဟေရှာယ ၅၉း၁-၂ တွင် “ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။ သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏”ဟု ရေးသားထားသည်။ 
ကျွန်ုပ်တို့သည် အပြစ်အစုအဝေးများအဖြစ် မွေးဖွားလာခဲ့ကြ သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် မြတ်နိုးတွယ်တာ စွာ ကြည့်ရှုတော်မမူနိုင်ပေ။ကိုယ်တော်၏လက်တော်သည် တိုတော် မူ၍ နားတော်သည် လေးတော်ပြီး သို့မဟုတ် ကိုယ်တော်သည် ခွင့်လွှတ်ခြင်းအတွက် တောင်းလျှောက်မှုကို နားတော်မ မူနိုင်သော ကြောင့် မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား “သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏”ဟု မိန့်တော်မူသည်။ ကျွန်ုပ်တို့ သည် မိမိနှလုံးသားများ၌ အပြစ်များစွာရှိကြသောကြောင့် တံခါးများ သည် ကျယ်ပြန့်စွာဖွင့်လျှင်လည်း ကျွန်ုပ်တို့သည် ကောင်းကင်သို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ 
အပြစ်အစုအပုံဖြစ်ကြသော ကျွန်ုပ်တို့သည် အပြစ်ပြုသည့်အ ချိန်တိုင်းတွင် ခွင့်လွှတ်ခြင်းအတွက် ဆုတောင်းကြလျှင် ဘုရားသခင် သည် မိမိသားတော်ကို ကြိမ်ဖန်များစွာ သတ်ရန် လိုအပ်လိမ့်မည်။ ဘုရားသခင်သည် ဤသို့ပြုရန် အလိုတော်မရှိပေ။  ကိုယ်တော် က “ငါ့ထံသို့ သင်၏အပြစ်များဖြင့် နေ့တိုင်း ငါ့ထံမလာပါနှင့်။ သင့် အားအပြစ်များအားလုံးမှ ရွေးနှုတ်ရန် ငါ့သားကို ငါက သင့်ထံသို့ စေ လွှတ်ခဲ့တယ်။ သင်လုပ်ရမည့်အရာအားလုံးမှာ ကိုယ်တော်သည် သင့် အပြစ်များကို မည်သို့ယူဆောင်သွားတော်မူခဲ့သည်ကို နားလည်၍ သမ္မာတရားကို လက်ခံခြင်း ဖြစ်တယ်။ ထိုနောက် သင်သည် ကယ် တင်ခြင်းခံရရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါ။ ဒီအရာများဟာ ငါဖန်ဆင်းထားသောသင့်အပေါ် ငါချပေးခဲ့သော အကြီးမားဆုံးသောမေတ္တာ ဖြစ်ပါတယ်”ဟု မိန့်တော်မူခဲ့သည်။ 
ထိုအရာသည် ကိုယ်တော်မိန့်တော်မူသောအရာ ဖြစ်သည်။ “ငါသားတော်ကို ယုံကြည်၍ အပြစ်များဖြေလွှတ်ခြင်းရရှိပါ။ သင်၏ ဘုရား ငါက သင့်အပြစ်များအားလုံးနှင့် ဒုစရိုက်များအား လုံးအ တွက်ပြစ်ကြွေးပေးဆပ်ရန် ငါ့သားတော်ကို စေလွှတ်ခဲ့တယ်။”
အပြစ်အစုံအ ဝေးဖြစ်သည်ဟု မိမိကိုယ်ကိုကိုယ်မသိသောသူ များသည် အပြစ်အနည်းငယ်အတွက် ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို တောင်းလျှောက် ကြသည်။ သူတို့သည် မိမိအပြစ်များ၏ ကြောက် မက်ဘွယ်သောအလေးကို မသိဘဲလျက် ကိုယ်တော်ရှေ့တော်သို့ တိုးဝင်ချဉ်းကပ်၍ “ကျွန်ုပ်အပြစ်အနည်းငယ်ကို ခွင့်လွှတ် တော်မူပါ။ ငါ ထိုအပြစ်ကို ဘယ်တော့်မှ မပြုတော့်ပ” ဟု ဆုတောင်း ကြသည်။ 
သူတို့သည် ဤသို့သောဆုတောင်းချက်များဖြင့် ကိုယ်တော်ကို လှည့်စားရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် အပြစ်ကို တစ်ကြိမ် မျှသာမကျူးလွန်ကြသော်လည်း သေသည့်ထိတိုင်အောင် အပြစ်ကို ဆက်လက်ကျူးလွန်ကြသည်။ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းကို မရပ် တန့်နိုင်၍ ကိုယ်ကာယသည် သေသည့်ထိတိုင်အောင် အပြစ်ပညတ် ကို အစေခံသောကြောင့် ကျွန်ုပ်တို့သည် နောက်ဆုံးခရီးထိတိုင် အောင် ခွင့်လွှတ်ခြင်းအတွက် ဆုတောင်းရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် နေ့တိုင်းမရေတွက်နိုင်သောအပြစ်များကို ကျူး လွန်ကြသောကြောင့် နည်းငယ်သောအပြစ်တစ်ခုအတွက် ခွင့်လွှတ် ခြင်းသည်အပြစ်၏ပြဿနာကို မဖြေရှင်းနိုင်ပေ။ ထိုကြောင့် ကျွန်ုပ် တို့သည် အပြစ်မှလွှတ်မြောက်စေသော တစ်ခုတည်း သောနည်း လမ်းမှာ သခင်ယေရှုအပေါ် အပြစ်များအားလုံးကို လွှဲပြောင်း ပေးခြင်း ဖြစ်သည်။ 

လူသားများ၏သဘောသဘာဝမှာ အဘယ်အရာနည်း
အပြစ်များ၏အစုအဝေးတစ်ခု

သမ္မာကျမ်းစာက လူသားများ၏အပြစ်များကို စာရင်းကောက် ထားသည်။ “သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။ တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုး စား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန် ဆောင်၍ အပြစ် ဒုစရိုက်ကိုမွေးဖွား၏။ သူတို့သည် မြွေပွေးဥများကိုပေါက်စေ၏။ ပင့်ကူအိမ်များကိုရက်ကြ၏။ မြွေပွေးဥများကိုစားသောသူသည် သေတတ်၏။ ဥကိုခွဲလျှင် အဆိပ်ပြင်းသောမြွေပွေးပေါက်တတ်၏။ သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်း ကြုတ်သောလုပ်ရပ်ရှိ၏။ သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေး သွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင် မြန်၏။ သူတို့၏အ ကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။ ငြိမ်းချမ်းရာလမ်းကို သူတို့မသိကြ။ သူတို့လျှောက် ရာလမ်း၌ တရားမျှတမှုမရှိ။ မိမိတို့သွားရာလမ်းကို ကွေ့ကောက်စေကြ၏။ကွေ့ကောက်သောလမ်းကိုလျှောက်သောသူအပေါင်းတို့သည် ငြိမ်းချမ်းခြင်းဆိုသည်ကို မသိကြ”(ဟေရှာယ ၅၉း၃-၈)။
လူများ၏လက်ညှိုးများကို အပြစ်ဒုစရိုက်ဖြင့် ညစ်ညမ်း၍ သူတို့ ဘဝတစ်လျှောက်တွင် သူတို့လုပ်ဆောင်ရသောအရာအားလုံးမှာ အ ပြစ်ဒုစရိုက် ဖြစ်သည်။ သူတို့လုပ်ဆောင်ရသောအရာအားလုံးမှာ ဆိုးသွမ်းမှု ဖြစ်သည်။  ကျွန်ုပ်တို့လျှာများသည် ‘လှည့်စားခြင်း’ ဖြစ် သည်။ နှုတ်ဖျားမှ ထွက်လာခဲ့သောအရာများအားလုံးမှာ လှည့်စား ခြင်း သက်သက် ဖြစ်သည်။ 
“သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏”(ယောဟန် ၈း၄၄)။ ဒုတိယမွေးဖွားခြင်းမခံရသေး သောသူများက“ကျွန်ုပ်က သမ္မာတရားကို ပြောနေတယ်... ကျွန်ုပ်က အမှန်အကန် ပြောနေတယ်။ ကျွန်ုပ်ပြောနေသောအရာမှာ သမ္မာ တရားဖြစ်တယ်..”ဟု ပြောရန် နှစ်သက်ကြသည်။ သို့သော် သူ တို့ပြောသောအရာအားလုံးသည် လှည့်စားခြင်း သက်သက် ဖြစ် သည်။ နှုတ်က ပတ်တော်ရေးထားသည့်အတိုင်း ဖြစ်သည်။ “သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သော ကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။”
လူများသည် အချည်းနှီးသောစကားများကို ယုံကြည်ခြင်းရှိကြ ၍ လှည့်စားမှုများ ပြောကြသည်။ လူများက အဆိုးများကို သန္ဓေ တည်၍ အပြစ်ဒုစရိုက်များကို မွေးဖွားကြသည်။ သူတို့သည် မြွေ ပွေးဉများကို ပေါက်၍ ပင့်ကူ အိမ်များကို ရက်လုပ်ကြသည်။ ဘုရားသခင်က “သူတို့ဥများကို စားသောသူသည် သေ၍  ၎င်းမှာ မြွေပွေးများကို ပေါက်ဖွားသည်”ဟု မိန့်တော်မူခဲ့သည်။ သင့်နှလုံး သား၌ မြွေပွေးဉများရှိသည်ဟု ကိုယ်တော်မိန့်တော်မူသည်။ မြွေ ပွေးများ၏ဉများ။ သင့်နှလုံးသား၌ ဆိုးသွမ်းမှုများရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်အသွေးတော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ရွေးနှုတ်ခြင်းခံရကြမည် ဖြစ်သည်။ 
ကျွန်တော်သည် ဘုရားသခင်အကြောင်းကို ပြောရန် စတင် သည့်အ ချိန်တိုင်းတွင် “သြော်၊ မိတ်ဆွေ၊ ဘုရားသခင်အကြောင်းကို ငါ့ထံမ ပြောပါနဲ့။ ငါက တစ်စုံတစ်ခုကို ပြုလုပ်ရန် ကြိုးစားသော အချိန်တိုင်းတွင် အပြစ်သည် ငါ့ထံမှ ထွက်လာတယ်။ ၎င်းသည် စီး ဆင်းလာတယ်။ နေရာတိုင်းတွင် အပြစ်မလျှံထွက်စေဘဲ ငါ ခြေလှမ်းမလှမ်းနိုင်ပါ။ ငါ မတတ်နိုင်ပါ။ ငါက အပြစ်များဖြင့် ပြည့် နေတယ်။ ငါက မြော်လင့်ချက်မဲ့နေတယ်။ ဒါကြောင့် သန့်ရှင်းသော ဘုရားအကြောင်း ကို ငါ့ထံမပြောပါနဲ့”ဟု ပြောသူရှိသေးသည်။"
ဤပုဂ္ဂိုလ်သည် အပြစ်အစုအဝေးဖြစ်သည်ဟု သေချာစွာ သိ သော်လည်း ဘုရားသခင်သည် မေတ္တာသတင်းကောင်းအားဖြင့် သူ့ ကို လုံးဝကယ်တင်တော်မူခဲ့သည်ဟု မသိပေ။ အပြစ်အစုအဝေးဖြစ် သည်ဟု မိမိကိုယ်ကိုကိုယ် သိသောသူများသာလျှင် ကယ်တင်ခြင်း ခံရနိုင်ကြသည်။
အမှန်တကယ်၊ လူတိုင်းသည် ထိုသို့ ဖြစ်သည်။ သူတို့သွားသောနေရာတိုင်းတွင် လူတိုင်းသည် အပြစ် ကို  ဆက်တိုက် လျှံထွက်စေကြသည်။ လူသားအားလုံးသည် အ ပြစ်အစုအဝေးဖြစ်ကြသောကြောင့် အပြစ်သည် လျှံထွက်လျက်ရှိ သည်။ ဤသို့သောတည်ရှိခြင်း မှ ကယ်တင်နိုင်သော တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် ဖြစ်သည်။ ထိုအရာသည် အလွန်အံ့သြစရာ ဖြစ်သလော။  သူတို့သည် စိတ်ဆိုးသည့်အချိန်၊ ဝမ်းမြောက်သည့်အ ချိန်နှင့် သက်တောင့်သက်တာ ဖြစ်သည့်အချိန်တိုင်းတွင် အပြစ်လျှံ ထွက်စေသောသူများသည် သခင်ယေရှုခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းခံရနိုင်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ် တင်တော်မူရန် ကြွလာတော်မူခဲ့သည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို အကုန်အစင် ဖယ်ရှားပေးတော်မူခဲ့သည်။ သင်သည် အပြစ်အစုအဝေးဖြစ်၍ ကယ် တင်ခြင်းခံရမည်ကို ဝန်ခံလိုက်ပါ။