Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-1] ထာဝရရွေးနှုတ်ကယ်တင်ခြင်း (ယောဟန် ၈း၁-၁၂)

ထာဝရရွေးနှုတ်ခြင်း
(ယောဟန် ၈း၁-၁၂)
“ယေရှုမူကား သံလွင်တောင်သို့ ကြွတော်မူ၏။ အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။ ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အ ဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင် “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။ မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု ကိုယ်တော်အား လျှောက်ကြ၏။ သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။ ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်၍“သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူပြီးလျှင် 8တစ်ဖန်ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။ သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။ ထိုအခါ ယေရှုသည် ကိုယ်ကိုမတ်တော်မူ၍“အသင်မိန်းမ၊ ထိုသူတို့အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူ တစ်ယောက်မျှမရှိသလော”ဟု မေးတော်မူလျှင် ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်”ဟု မိန့်တော်မူ၏။ တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။”
 

သခင်ယေရှုသည် အပြစ်မည်မျှ ဖယ်ရှားပေးတော်မူခဲ့သနည်း
လောကအပြစ်များအားလုံး

သခင်ယေရှုသည်ကျွန်ုပ်တို့အားထာဝရရွေးနှုတ်ခြင်းကိုပေးအပ် တော်မူခဲ့သည်။ လူတိုင်းသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လျှင် ဤလောက၌ ရွေး နှုတ်ခြင်းမခံရသောသူတစ်စုံတစ်ဉီး မျှ မရှိပေ။  ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ‌ရွေးနှုတ်တော်မူခဲ့ သည်။အကယ်၍မိမိအပြစ်များအပေါ်နာကျည်းသောအပြစ် သားတစ် ဉီးရှိလျှင် သခင်ယေရှုသည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အ သေခံ တော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို မည်သို့ယူဆောင် သွား တော်မူခဲ့သည်ကို သူသည် မသိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးသည် ကယ်တင်ခြင်း၏မြင့်မြတ်မှုကို သိ၍ ယုံကြည်ရကြ မည်ဖြစ်သည်။သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အ ပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင် ခြင်းခံ ယူတော်မူခဲ့သည်။ 
သင်သည် ရေနှင့်ဝိညာဉ်တော်၏ကယ်တင်ခြင်း၊ အပြစ်များအား လုံးမှ ထာဝရရွေးနှုတ်ခြင်းကို ယုံကြည်သင့်သည်။ သင့်အား ဖြောင့် မတ်စေတော်မူခဲ့သော ကိုယ်တော်၏ကြီးမားသောမေတ္တာတော်ကို သင်ယုံကြည်သင့်သည်။ ယောဒန်မြစ်နှင့်ကားတိုင်ပေါ်တွင် သင်၏ ကယ်တင်ခြင်းအတွက် ကိုယ်တော်လုပ် ဆောင်တော်မူခဲ့သောအရာ များကို ယုံကြည်ပါ။ 
သခင်ယေ ရှုသည် ဖုံးကွယ်ထားသောအပြစ်များအားလုံးအ ကြောင်းကို သိတော်မူသည်။ လူအချို့တို့သည် အပြစ်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသောခံယူ ချက်တစ်ခုရှိသည်။  အချို့အပြစ် များကို မရွေးနှုတ်နိုင်ပေဟု သူတို့က ယူဆကြသည်။ သခင်ယေရှု သည် အပြစ်များအားလုံး၊ တစ်လုံးမျှ မကျန် ရွေးနှုတ်တော်မူခဲ့သည်။ 
ကိုယ်တော်ချန်ထားတော်မူခဲ့သောအပြစ်ကို ဤလောက၌ တစ် စုံ တစ်ခုမျှ မရှိပေ။ ကိုယ်တော်သည် ဤလောက၌ အပြစ်များအား လုံးကို ဖယ်ရှားတော်မူခဲ့သောကြောင့် သမ္မာတရားမှ အပြစ်သားများ ပို၍မရှိ‌တော့ပေ။ သတင်းကောင်းသည် သင်၏အနာဂတ်အပြစ် များ ပင်လျှင် သင်၏အပြစ်များအားလုံးကို ရွေးနှုတ်တော်မူခဲ့သည်ဟု သင် နားလည်သဘောပေါက်သလော။ ၎င်းကို ယုံကြည်၍ ကယ်တင် ခြင်း ခံရကာ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်များအားလုံးကို ချီးမွမ်းပါ။ 
 

အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် အဖမ်းခံရသော မိန်းမ

လောက၌ လူမည်မျှသည် အိမ်ထောင်ရေးဖောက်ပြန် ခဲ့ကြသနည်း
အားလုံး

ယောဟန် ၈ တွင် အိမ်ထောင်ရေးဖောက်ပြန်သဖြင့် အဖမ်းခံရ သော မိန်းမတစ်ဉီးအကြောင်းနှင့် သခင်ယေရှုသည် သူမအား မည် သို့ ကယ်တင်တော်မူခဲ့ခြင်းအကြောင်းကို တွေ့ရသည်။ သူမခံယူ ခဲ့သည် ကျေးဇူးတော်ကို ကျွန်တော်ဝေမျှ လိုအပ်သည်။ လူသားအား လုံးသည် မိမိဘဝများ၌ တူညီသောအချက်၌ အိမ်ထောင်ရေးဖောက် ပြန်မှုကျူးလွန်နေကြသည်ကို များစွာပြော စရာမလိုပေ။  လူသား အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်ကြသည်။ 
သင်သည် ထိုသို့မယူဆလျှင် ကျွန်ုပ်တို့မယူဆကြသော်လည်း ၎င်းသည် မကြာခဏ ကျူးလွန်ခြင်း ဖြစ်သောကြောင့်  ဖြစ်သည်။ အ ဘယ်ကြောင့်နည်း။ကျွန်ုပ်တို့သည် မိမိအသက်တာများ၌ အိမ်ထောင် ရေးဖောက်ပြန်မှုများစွာဖြင့် အသက်ရှင်ကြသည်။ 
ယောဟန် ၈ တွင် ဖော်ပြထားသောအမျိုးသမီးကို ကြည့်သော အခါ ကျွန်ုပ်တို့အကြားမှာ အိမ်ထောင်ရေးဖောက် ပြန်မှုအပြစ်မကျူး လွန်သောသူ တစ်စုံတစ်ဉီးရှိ/မရှိဟု ကျွန်တော် တွေးမိသည်။ အိမ် ထောင်ရေးဖောက်ပြန်မှုဖြင့် အဖမ်းခံရသောမိန်းမကဲ့သို့ အိမ်ထောင် ရေးဖောက်ပြန်မှုအပြစ်မကျူးလွန်သူ တစ်စုံတစ်ဉီးမျှ မရှိပေ။ ကျွန်ုပ် တို့အားလုံးသည် အိမ်ထောင်‌ရေးဖောက်ပြန်မှုအပြစ် ကျူးလွန်ကြ သော်လည်းကျွန်ုပ်တို့သည်မကျူးလွန်သကဲ့သို့ဟန်ဆောင်ကြသည်။ 
ကျွန်တော်မှားသည်ဟု သင်ထင် သလော။ ကျွန်တော်မမှားပေ။ သေချာစွာ ကြည့်ပါ။  ကမ္ဘာ့မျက်နှာပြင်တွင်ရှိသောသူအားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ် ကျူးလွန်ကြသည်။ သူတို့သည် လမ်းမပေါ်တွင် ရှိသောအမျိုးသမီးများကို မြင်တွေ့ကြသောအခါ အချိန်တိုင်းနှင့်နေရာတိုင်း၌ မနောကံနှင့်ကာယကံများအားဖြင့် အိမ် ထောင်ရေးဖောက်ပြန်မှုအပြစ်များကို ကျူးလွန်ကြသည်။ သူတို့ သည် အပြစ်ကျူးလွန် ကြသည်ကို နားမလည်ကြပေ။ သူတို့သည် မိမိဘဝများတလျှောက် အိမ်ထောင်ရေးဖောက်ပြန်ခြင်းအပြစ်များ စွာ ကျူးလါန်ခဲ့သည်ဟု သေသည့်ထိတိုင်အောင် နားမလည်သော သူများစွာရှိသည်။  အဖမ်းခံရသောသူများသာမက အဖမ်းမခံရသော သူများကျွန်ုပ်တို့အားလုံးလည်းပါဝင်သည်။ လူသားအားလုံးသည် မိမိမနောကံနှင့်ကာယကံများဖြင့် ထိုအပြစ်ကို ကျူးလွန်ကြသည်။ ဤအရာသည် ကျွန်ုပ်တို့ဘဝများ၏အစိတ်အပိုင်း ဖြစ်သည်မဟုတ် လော။ 
သင်စိတ်ညစ်နေသလော။ ထိုအရာသည် သမ္မာတရားဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်နှောင့်ယှက် နေကြသောကြောင့် ထိုအကြောင်း ကို မစဉ်းစားကြခြင်း ဖြစ်သည်။ ဤနေ့ရက်များတွင် လူများသည် အချိန်တိုင်း အိမ်ထောင်ဖောက်ပြန်မှုအပြစ် ကျူးလွန်ကြသော်လည်း သူတို့သည် ကျူးလွန်နေကြသည်ဟု နားမလည်ခြင်းမှာ အမှန်ပင် ဖြစ်လေသည်။ 
လူများသည် မိမိမနောစိတ်များ၌လည်း အိမ်ထောင်ရေးဖောက် ပြန်မှုအပြစ်ကျူး လွန်ကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သော ကျွန်ုပ် တို့သည် ဝိညာဉ်ရေးရာဖောက်ပြန်ကြသည်ဟု နားမလည်ဘဲ ဤ ကမ္ဘာပေါ်တွင် အသက်ရှင်ကြသည်။ ကိုယ်တော်သည် လူသားအား လုံး၏ခင်ပွန်းသာဖြစ်တော်မူသောကြောင့် အခြားသောဘုရားငယ် များကို ကိုးကွယ်ခြင်းမှာ ဝိညာဉ်ရေးရာဖောက်ပြန်ခြင်းအပြစ်ကျူး လွန်ခြင်းနှင့်တူသည်။ 
ကိုယ်ကျင့်ဖောက်ပြန်မှုကြောင့် အဖမ်းခံရသောမိန်းမသည် ကျွန်ုပ်တို့ကဲ့သို့သောလူသားတစ်ဉီးဖြစ်၍ သူသည် ရွေးနှုတ်ခြင်းခံခဲ့ရ သောကျွန်ုပ်တို့များကဲ့သို့ ဘုရားသခင်၏ကျေးဇူးတော်ကို ခံခဲ့ရသည်။ သို့သော် သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲတို့သည် သူမကို လက်ညှိုးထိုးပြ၍ သူမကို ကျောက်ခဲများဖြင့် ပစ်သတ်၍ တရားစီ ရင်ရန် သူတို့ရှိသောနေရာ၌ မတ်သပ်ရပ်၍ စွဲချက်တင်သွင်း ခဲ့ကြ သည်။ သူတို့သည် စင်ကြယ်၍ အိမ်ထောင်ရေး ဖောက်ပြန်မှုအပြစ် ကျူးလွန်ကြလျှင် သူတို့သည် သူမကို ပြစ်တင်၍ တရားစီရင်ကြ လိမ့်မည်။ 
မိတ်ဆွေခရစ် ယာန်များခင်ဗျား၊ အပြစ်အစုအဝေးရှိသောသူ များဖြစ်ကြသည်ဟုမိမိကိုယ်ကိုကိုယ်သိသောသူများသည် ဘုရားရှေ့ တော်၌ သူတပါးကို တရားမစီရင်ကြပေ။ သူတို့သည် မိမိဘဝများ အားလုံး၌ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်ကျူးလွန်နေကြသည် ကို သိကြသောကြောင့် ကျွန်ုပ်တို့အားလံးကို ရွေးနှုတ်ခဲ့သော ဘုရား သခင်၏ကျေးဇူးတော်ကို ခံစားရရှိကြသည်။ သူတို့ဘဝတစ်လျှောက် အိမ်ထောင်ရေးဖောက်ပြန်မှု အပြစ်ကျူးလွန်ခဲ့ကြသူအပြစ်သားများ ဖြစ်ကြသည်ဟု နားလည်သဘောပေါက်သောသူများသာလျှင် ဘု ရားရှေ့‌တော်၌ ရွေးနှုတ်ခြင်းခံရရန် အကျုံးဝင်သည်။ 
 


မည်သူသည် ဘုရား၏ကျေးဇူးတော်ကို ရရှိသနည်း

 
မည်သူသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိသနည်း
မထိုက်တန်သောသူများ

အိမ်ထောင် ရေးဖောက်ပြန်မှုအပြစ်မကျူးလွန်ဘဲ စင်ကြယ်စွာ အသက်ရှင်သူရှိလော သို့မဟုတ် အပြစ်ပြုသည်ဟု မိမိကိုယ်ကိုကိုယ် ဝန်ခံသူ မထိုက်တန်သူသည် ကိုယ်တော်၏ကျေးဇူးတော်ကို ခံစား ရသလော။ ကျေးဇူးတော်ကို ခံရသောသူတစ်ဉီးသည် ကိုယ်တော် ၏‌ရွေးနှုတ်ခြင်းကြွယ်ဝသောကျေးဇူးတော်ကို ရရှိသောသူဖြစ်သည်။ မိမိကိုယ်ကိုကိုယ် မကူညီနိုင်သောသူများ၊ အားနည်း၍ ကူညီဖေးမ သူမဲ့နေသောသူများသည် ရွေးနှုတ်ခြင်းကို ရရှိကြသည်။ သူတို့သည် ကိုယ်တော်၏ကျေး ဇူးတော်ကို ခံစားရသောသူများ ဖြစ်ကြသည်။ 
အပြစ်မရှိသည်ဟု ယူဆသောသူများသည် ရွေးနှုတ်ခြင်း မခံရ နိုင်ကြပေ။ ရွေးနှုတ်ရန်ဘာမျှမလိုအပ်သောအခါ သူတို့သည် ကိုယ် တော်၏ရွေးနှုတ်ခြင်း ကျေးဇူးတော်ကို မည်သို့ ရရှိနိုင်ကြမည်နည်း။ 
ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများသည် အိမ်ထောင်ရေး ဖောက်ပြန်မှုအပြစ်ကျူးလွန်၍ အဖမ်းခံရသူ အမျိုးသမီးကို သခင် ယေရှုရှေ့၌ ဖမ်းဆီးချုပ်နှောင်၍ သူတို့အလယ်၌ထားကာ “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။ မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု လျှောက်ခဲ့ကြသည်။ သူတို့သည် မိန်းမကို ကိုယ်တော့်ရှေ့၌ ဘာကြောင့် ခေါ်ဆောင်ကြကာ ကိုယ် တော့်ကို စုံစမ်းခဲ့ကြသနည်း။ 
သူတို့သည် ကြိမ်ဖန်များစွာ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ် ကျူးလွန်ခဲ့ကြသော်လည်း သူတို့သည် ကိုယ်တော်ကို အပြစ်တင်ရန် ကြိုးစားကြ၍ သခင်ယေရှုအားဖြင့် သူမကို တရားစီရင်၍ သတ်ရန် ကြိုးစားခဲ့ကြသည်။ 
သခင်ယေရှုကသူတို့စိတ်များ၌အဘယ်အရာရှိသည်ကို သိတော် မူခဲ့၍ မိန်းမ၏အကြောင်းအားလုံးကိုလည်း သိတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်က “သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူခဲ့သည်။ ထိုနောက် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖါရိရှဲများသည် အသက်အကြီးဆုံးမှ အ ငယ်ဆုံးထိ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါခဲ့ကြ၍ သခင်ယေ ရှုနှင့်အမျိုးသမီးတို့သာ ကျန်ရစ်ခဲ့သည်။ 
ထွက်ခွါသွားသောသူများသည် ကျမ်းတတ် ပုဂ္ဂိုလ်များနှင့်ဖါရိရှဲ များ၊ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ သူတို့သည် မိမိ ကိုယ်ကိုကိုယ်အပြစ်သားများမဟုတ်ကြလျှင် အိမ်ထောင်ရေးဖောက် ပြန်မှုဖြင့်အဖမ်းခံရသူ မိန်းမကို သူတို့သည် တရားစီရင်ကြလိမ့်မည်။ 
သခင်ယေရှုက ဤလောက၌ ကိုယ်တော်၏မေတ္တာတော်ကို ကြွေးကြော်တော်မူခဲ့သည်။ ကိုယ်တော်သည် မေတ္တာတော် ၏အရှင် ဖြစ်တော်မူသည်။ သခင်ယေရှုသည် လူများကို အစားအစာ ပေး တော်မူသည်၊ သေသောသူများကို ပြန်ရှင်စေတော်မူခဲ့သည်၊ မုဆိုးမ ၏သားကိုလည်း အသက်ပြန်ရှင်စေတော်မူခဲ့သည်၊ ဗေသနိသား လာဇလုကိုလည်းအသက်ပြန်ရှင်စေတော်မူခဲ့သည်၊ နူနာများကို လည်း ကျန်းမာစေတော်မူခဲ့သည်၊ ဆင်းရဲသားများအတွက် အံ့သြ ဖွယ်နိမိတ်လက္ခဏာများကို ပြုတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ သူတို့အား ကယ်တင်ခြင်းပေးအပ်တော်မူခဲ့သည်။ 
သခင်ယေရှုသည် ကျွန်ုပ်တို့ကို ချစ်တော်မူသည်။ ကိုယ် တော် သည်အရာခပ်သိမ်းကိုပြုလုပ်တော်မူသောအနန္တတန်ခိုးရှင် ဖြစ်တော် မူခဲ့သော်လည်း ဖါရိရှဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက ကိုယ်တော့် ကို သူတို့၏ရန်သူများအဖြစ် ထင်မှတ်ခဲ့ကြသည်။ ထိုကြောင့် သူတို့ သည် ကိုယ်တော်ရှေ့၌ မိန်းမကို ခေါ်ဆောင်ခဲ့ကြ၍ ကိုယ်တော့်ကို စုံစမ်းခဲ့ကြခြင်း ဖြစ်သည်။ 
သူတို့က “မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု လျှောက်ခဲ့ကြသည်။ ကိုယ်တော် သည် သူမကို ကျောက်ခဲဖြင့် ပစ်သတ်ရန် မိန့်တော်မူလိမ့်မည်ဟု သူတို့တွေးခဲ့ကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ်တော်နှင့်အညီတရားစီရင်ခြင်းခံရကြမည်ဆိုလျှင် အိမ်ထောင် ရေးဖောက် ပြန်မှုအပြစ်ကျူးလွန်သောသူများအားလုံးကို ခြွင်းချက် မရှိ ကျောက် ခဲဖြင့် ပစ်သတ်ရကြမည် ဖြစ်သည်။ 
အားလုံးသည် ကျောက်ခဲဖြင့် ပစ်သတ်ခြင်းခံရကြ၍ အားလုံး သည် အပ္ပါယ်ငရဲသို့သွားရန် ဉီးတည်နေကြသည်။ အပြစ်၏အခမှာ သေခြင်း ဖြစ်သည်။ သို့သော်၊ သခင် ယေရှုက သူမကို ကျောက်ခဲဖြင့် ပစ်သတ်ရန် မိန့်တော်မမူခဲ့ပေ။ ကိုယ်တော်က “သင်တို့တွင် အပြစ်ကင်းသောသူကသူ့ကိုခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူခဲ့သည်။ 

ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်တို့အား ပညတ်တော် ပိုဒ်မ ၆၁၃ကို ပေးအပ်တော်မူခဲ့သနည်း
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ကို နားလည်သဘောပေါက်ရန် ဖြစ်သည်

ပညတ်တော်သည် အမျက် ကို ယူဆောင်လာသည်။ ဘုရား သခင်သည် သန့်ရှင်းတော်မူ၍ ကိုယ်တော်ကပညတ်တော်သည် လည်း စင်ကြယ်သည်။ ဤစင်ကြယ်သောပညတ်တော်သည် ပိုဒ်မ ၆၁၃အဖြစ် ကျွန်ုပ်တို့ထံ ရောက်လာခဲ့သည်။  ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော် ပိုဒ်မ ၆၁၃ ပေးအပ်တော်မူခြင်းကြောင်း မှာ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် မစုံလင်သောသူများဖြစ်ကြသည်ကိုလည်းကောင်း နားလည်သဘောပေါက်စေရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံရရန် ဘုရားသခင်၏ကျေးဇူးတော်ကို တောင့် တရ ကြမည်ဟု ၎င်းက သွန်သင်သည်။ ကျွန်ုပ်တို့သည် ဤအရာကို မသိ ဘဲ ပညတ်တော်၌ ရေးထားသောအရာများကိုသာ တွေးခဲ့ကြလျှင် အိမ် ထောင်ရေးဖောက်ပြန်မှုအပြစ်ကျူးလွန်မှုကြောင့် အဖမ်းခံရသူ မိန်း မကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကျောက်ခဲဖြင့်အသတ်ခံရကြမည် ဖြစ် သည်။ ကိုယ်တော်၏ ပညတ်တော်သမ္မာတရားကို မသိခဲ့သူများ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖါရိရှဲများက သူတို့သည် အမျိုးသမီးနှင့် ကျွန်ုပ်တို့ကို ကျောက်ခဲများဖြင့် ပစ်သတ်နိုင်ကြလိမ့်မည်ဟု တွေး တောနိုင်ကြသည်။  သို့သော် တူညီသောအပြစ်များကျူးလွန်သူများ အဖြစ် အကူအညီမဲ့သောမိန်းမကို ကျောက်ခဲဖြင့် ပစ်ရဲကြမည်နည်း။ သူမသည် အကျင့်ဆိုးအဖြစ် အဖမ်းခံခဲ့ရလျှင်လည်း ဤကမ္ဘာပေါ် တွင် မည်သူမည်ဝါကမျှ သူမကို ကျောက်ခဲဖြင့် မပစ်ရဲကြပေ။ 
မိန်းမနှင့် ကျွန်ုပ်တို့အားလုံးသည် ပညတ်တော်နှင့်အညီသာ တ ရားစီရင်ခြင်းခံရလျှင် မိန်းမအပါအဝင် ကျွန်ုပ်တို့သည် ကြောက်မက် ဖွယ်ကောင်းသော တရားစီရင်ခြင်းခံရကြလိမ့်မည်။ သို့သော် သခင် ယေရှုသည် အပြစ်သားများဖြစ်ကြသူ ကျွန်ုပ်တို့ကို အပြစ်များနှင့် တရား စီရင်ခြင်းမှ ကယ်တင်တော်မူခဲ့သည်။  ကျွန်ုပ်တို့အပြစ်များ အားလုံးဖြင့် ဘုရားသခင်၏ပညတ်တော်ကို လက်တွေ့ကျကျ တင်း ကြပ်စွာ အသုံးချကြလျှင် မည်သူများသည် အသက်ရှင်နိုင်ကြမည် နည်း။ ကျွန်ုပ်တို့အားလုံးသည် အပ္ပါယ်ငရဲ၌ နိဂုံးချုပ်ကြလိမ့်မည်။ 
သို့သော် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖါရိရှဲများက ပ ညတ် တော်ကို ရေးထားသည့်အတိုင်းသာ သိခဲ့ကြသည်။ ကိုယ်တော်၏ပ ညတ်တော်ကို မှန်ကန်စွာ အသုံးချလျှင် ၎င်းသည် သူတို့ကို သတ်၍ ၎င်းအားဖြင့် လူတစ်ဉီးသည် တရားစီရင်ခြင်းခံရလိမ့်မည်။ တကယ် တန်းကျတော့၊ ဘုရားသခင်၏ပညတ်တော်သည် လူသားများပေါ် ပေးအပ်ခဲ့သောကြောင့် သူတို့သည် အပြစ်များကို နားလည်နိုင်ခဲ့ကြ သော်လည်း သူတို့သည် ၎င်းကို မှားယွင်းစွာ နားမလည်၊ မှားယွင်းစွာ အသုံးချခဲ့ကြသောကြောင့် သူတို့သည် ဆင်းရဲဒုက္ခခံရကြခြင်း ဖြစ် သည်။ သမ္မာကျမ်းစာ၌ ဖါရိရှဲများကဲ့သို့ ယနေ့ဖါရိရှဲများသည်လည်း ပညတ် တော်ကို ရေးထားသည့်အတိုင်း သိကြသည်။ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို နားလည်သဘောပေါက်သင့်ကြသည်။ သူတို့သည် ကယ်တင်ခြင်းခံရ ရန် ရွေးနှုတ်ခြင်းသတင်းကောင်းကို သင်ကြားရကြမည် ဖြစ်သည်။  
ဖာရိရှဲများက “မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ အကျွန်ုပ်တို့အား ပညတ်ထားပါသည်။ ဆရာကား မည်သို့ဆိုမည်နည်း”ဟု ပြောခဲ့ကြသည်။ သူတို့က မိမိကျောက်ခဲများကိုင်၍ ရောင့်ရဲစွာ လျှောက်ခဲ့ကြသည်။ သခင်ယေ ရှုသည် ထိုအကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာတစ်စုံတစ်ခုမျှ ပြုတော်မူ လိမ့်မည်ဟုမတ်သည်ဟု သူတို့က တွေးခဲ့ကြသည်။ သူတို့ သည် သခင်ယေရှုကို သူတို့၏ငါးမျှားချိတ်၌ ဖမ်းမိကြလိမ့်မည်ကို စောင့်မြောက်ကြသည်။ 
သခင်ယေရှုသည် ပညတ်တော်နှင့်အညီ တရားစီရင်တော်မူခဲ့ လျှင် သူတို့သည်လည် ကိုယ်တော့်ကို ကျောက် ဖြင့်ပစ်သတ်ကြလိမ့် မည်။ သူတို့၏ရည်ရွယ်ချက်မှာ မိန်းမနှင့်သခင် ယေရှုနှစ်ဉီးစလုံးကို ကျောက်ဖြင့်ပစ်သတ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် မိန်းမကို ကျောက်ဖြင့်ပစ်သတ်ရန် မိန့်တော်မမူခဲ့လျှင် သခင်ယေရှုသည် ဘု ရားသခင်၏ပညတ်တော်ကို စော်ကားမော်ကားပြုသည်ဟု စွပ်စွဲ၍ ကိုယ်တော်၏နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုခြင်းအတွက် ကိုယ်တော်ကို ကျောက်ခဲဖြင့် ပစ်သတ်ကြလိမ့်မည်။ ၎င်းသည် ထိတ် လန့်စရာကောင်းသော အကွက်ဆင်ခြင်း ဖြစ်သည်။ 
သို့သော် သခင်ယေရှုသည် ခေါင်းငုတ်တော်မူ၍ မိမိလက် ချောင်းဖြင့် မြေကြီးပေါ်တွင် စာရေး၍ သူတို့သည် ကိုယ်တော်အား “ကိုယ်တော်သည် ဘာပြောမည်နည်း။ ကိုယ်တော်သည် မြေကြီး ပေါ်မှာ ဘာရေးသားသလဲ။ မေးခွန်အဖြေကိုသာ ဖြေပါ။ ကိုယ်တော် သည် ဘာပြောသနည်း”ဟု ဆက်လက် မေးမြန်းကြသည်။ သူတို့ သည် သခင်ယေရှုကို လက်ညှိုးထိုးပြခဲ့ကြ၍ ကိုယ်တော့်ကို နှောင့် ယှက်ခဲ့ကြသည်။ 
ထိုနောက် သခင်ယေရှုသည် မတ်သပ်ရပ်တော်မူ၍ သူတို့အ ကြားမှ အပြစ်မရှိသောသူတစ်စုံတစ်ဉီးသည် သူမကို ကျောက်ခဲဖြင့် ပစ် သတ်ပါဟု မိန့်တော်မူခဲ့သည်။ ထိုပြင် ကိုယ်တော်သည် ငုတ် တော်မူ၍ မြေကြီးပေါ်မှာ ဆက်လက်စာရေး‌တော်မူခဲ့သည်။ ၎င်းကို ကြားသောသူများသည် မိမိမနောစိတ်များကို နားလည်သ ဘော ပေါက်၍ အသက်ကြီးဆုံးမှ အသက်ငယ်ဆုံးထိ တစ်ယောက် ပြီးတစ် ယောက် ထွက်ခွါခဲ့ကြသည်။  သခင်ယေရှုသည် ကိုယ် တော်နှင့်အ တူရပ်နေသော မိန်းမနှင့်အတူ ကျန်ရစ်တော်မူခဲ့သည်။ 
 

“သင်တို့အကြားအပြစ်မရှိသောသူသည် သူမကို ရှေးဉီးစွာ ကျောက်ဖြင့် ပစ်သတ်စေ”

အပြစ်များကို မည်သည့်နေရာတွင် မှတ်တမ်းတင်သနည်း
ကျွန်ုပ်တို့နှလုံးသားကျောက်ပြားများနှင့် လုပ်ငန်းများစာအုပ်များပေါ်တွင် 

သခင်ယေရှုက သူတို့ထံ “သင်တို့အကြား အပြစ်မရှိသောသူ သည် သူမကို ရှေ့ဉီးစွာ ပစ်ကြစေ”ဟု မိန့်တော်မူခဲ့၍ ကိုယ်တော် သည် မြေကြီးပေါ်တွင် စာရေးခဲ့သည်။ အသက်ကြီးသောသူအချို့တို့ သည် စတင်ထွက်ခွါခဲ့ကြသည်။ ပို၍အပြစ်များကျူးလွန်သူ အသက် ကြီးသောဖါရိရှဲများသည် ရှေးဉီးစွာ ထွက်ခွါကြလိမ့်မည်။  အငယ်ဆုံး သောသူများသည် လည်း ထွက်ခွါခဲ့ကြသည်။ 
သခင်ယေရှုသည် ကျွန်ုပ်တို့ အကြား၌ ရပ်နေ၍ ကျွန်ုပ်တို့သည် မိန်းမဘေးနားတွင် ရပ်နေကြသည် ဆိုကြပါစို့။  သခင်ယေရှုသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အကြား အပြစ်မရှိသောသူသည် ကျောက် ခဲဖြင့် ရှေးဉီးစွာ ပစ်သတ်ကြစေဟု မိန့်တော်မူလျှင် သင်သည် အ ဘယ်အရာကို ပြုလိမ့် မည်နည်း။ သခင်ယေရှုသည် မြေကြီးပေါ်တွင် အဘယ်အရာကို ရေးသားတော်မူခဲ့သနည်း။ ကျွန်ုပ်တို့အား ဖန်ဆင်း တော်မူခဲ့သော ဘုရားသခင်သည် မတူညီသောနှစ်နေရာများတွင် ကျွန်ုပ်တို့အပြစ်များကို ရေးသားတော်မူသည်။ 
ပထမအနေဖြင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသားကျောက် ပြားပေါ်မှာ ကျွန်ုပ်တို့အပြစ်များကို ရေးသားတော်မူခဲ့သည်။ “ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏”(ယေရမိ ၁၇း၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်စားပြု သူ ယုဒအားဖြင့် ကျွန်ုပ်တို့အား စကားပြောတော်မူသည်။ လူသား များ၏အပြစ်များသည် သံမှင်တံဖြင့် လည်းကောင်း၊ စိန်မှင်တံဖြင့် လည်းကောင်း ကဗ္ဗည်းရေးထိုးထားခဲ့သည်။  ၎င်းတို့ကို ကျွန်ုပ်တို့နှ လုံးသားကျောက်ပြားပေါ်တွင် မှတ်တမ်းတင်ထားသည်။ သခင်ယေ ရှုသည် ထိုင်တော်မူ၍ လူသားအားလုံးသည် အပြစ်သားများဖြစ်ကြ သည်ဟု မြေကြီးပေါ်တွင် ရေးထားခဲ့သည်။ 
ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်၍ နှလုံးသား များ၏ကျောက် ပြားပေါ်တွင် အပြစ်များကို ကဗ္ဗည်းထိုးထားသည်ကို ဘုရားသခင်သိ တော်မူသည်။ ပထမအနေဖြင့်၊ ကျွန်ုပ်တို့သည် ပညတ်တော်ရှေ့၌ ပျက်စီး လွယ်သောသူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့ကျူးလွန်ခဲ့ သောအပြစ်များ၊ လုပ်ဆောင်ချက်များကို ကိုယ်တော်သည် မှတ် တမ်းတင်တော်မူခဲ့သည်။ အပြစ်များကို ကျွန်ုပ်တို့နှလုံးသား၌မှတ် တမ်းတင်သည့်အတိုင်း ကျွန်ုပ်တို့သည် ပညတ်တော်ကို ကြည့်ကြ လျှင် အပြစ်သားများဖြစ်ကြသည်ကို ကျွန်ုပ်တို့နားလည်သဘော ပေါက်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသားများနှင့် မနော စိတ်များ၌ ၎င်းတို့ကို မှတ်တမ်းတင်တော်မူသဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တော်၌အပြစ်သားများဖြစ်ကြသည်ဟု သိရကြသည်။ 
သခင်ယေရှုသည် ခေါင်းငုံ့တော်မူ၍ မြေကြီးပေါ်တွင် ဒုတိ ယအကြိမ်ရေးသားတော်မူခဲ့သည်။ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဘုရားရှေ့တော်၌ လုပ်ငန်းများစာအုပ်၌ မှတ်တမ်းတင်ထားသည်ဟု သမ္မာ ကျမ်းစာက ဖော်ပြထားသည် (ဗျာဒိတ် ၂၀း၁၂)။ အပြစ်သား အားလုံး၏နာမည်များနှင့် အပြစ်များကို စာအုပ်တွင် မှတ်တမ်းတင် ထားခဲ့သည်။ ၎င်းတို့ကို လူသားများ၏နှလုံးသားကျောက်ပြား ပေါ်တွင်လည်း မှတ်တမ်းတင်ထားခဲ့သည်။ ကျွန်ုပ်တို့အပြစ်များကို လုပ်ဆောင်ချက်များစာအုပ်နှင့် နှလုံးသားကျောက်ပြားများပေါ်တွင် မှတ်တမ်းတင်ထားခဲ့သည်။ 
ငယ်သူဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ အပြစ်များကို လူတိုင်း၏ နှလုံးသားကျောက်ပြားများပေါ်တွင် မှတ်တမ်းတင်ထားခဲ့သည်။ ထိုအကြောင်းကြောင့် သူတို့သည် သခင်ယေရှုရှေ့တော်၌ အပြစ် အကြောင်းကို ပြောရန် ဘာမျှမရှိခြင်း ဖြစ်သည်။ မိန်းမကို ကျောက် ခဲဖြင့် သတ်ပစ်ရန်ကြိုးစားသူများသည် ကိုယ်တော်၏နှုတ်ကပတ် တော်ရှေ့တော်၌ မြော်လင့်ချက်မဲ့နေသောသူများ ဖြစ်ကြသည်။ 

ကျွန်ုပ်တို့အပြစ်များမှတ်တမ်းတင်သော နှစ်နေရာကို မည်သည့်အချိန်တွင်  ဖျက်သနည်း
ကျွန်ုပ်တို့သည် နှလုံးသားများ၌ သခင်ယေရှု၏ရေနှင့် အသွေးတော်ရွေးနှုတ်ခြင်းလက်ခံသောအချိန်

သို့သော်လည်းသင်သည်ကိုယ်တော်၏ကယ်တင်ခြင်းကိုလက်ခံ ရရှိသောအခါလုပ်ဆောင်ချက်များစာအုပ်၌သင်၏အပြစ်များအားလုံး ကို ဖျက်ခဲ့ပြီး သင်၏နာမည်ကို အသက်စာစောင်တွင် စာရင်းပြုစု လိမ့်မည်။ အသက်စာစောင်တွင် ထင်ရှားသောနာမည်ပိုင်ဆိုင်သူများ သာလျှင် ကောင်းကင်နိုင်ငံသို့ သွားရောက်သည်။  ဘုရားသခင်၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအတွက် ဤလောက၌ သူတို့ပြုခဲ့ကြသော ကောင်းမှုကုသိုလ်များနှင့်လုပ်ဆောင်ချက်များ ကို အသက်စာစောင်တွင် မှတ်တမ်းတင်ထားသည်။ သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ လက်ခံခြင်းခံရကြသည်။ အပြစ်များမှ ရွေး နှုတ်ခြင်းခံရသောသူများသည် ထာဝရနေရာသို့ ဝင်ရောက်ကြလိမ့် မည်။ 
လူသားအားလုံး၏အပြစ်များအားလုံးကိုနှစ်နေရာတွင်မှတ်တမ်း တင်ထားခဲ့သောကြောင့် မည်သူမည်ဝါကမျှ ဘုရားသခင်မုသာမ ပြောနိုင်ကြပေဟု မှတ်ထားပါ။ မိမိနှလုံးသားများ၌ အ ပြစ်မ ကျူးလွန်သူသို့မဟုတ်အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်မ ကျူးလွန် သောသူ တစ်စုံတစ်ဉီးမျှ မရှိပေ။  လူသားအားလုံးသည် အပြစ်သား များဖြစ်ကြ၍ မပြည့်စုံကြပေ။ 
သခင်ယေရှု၏ရွေးနှုတ်ခြင်းကို နှလုံးသားများ၌ မလက်ခံသော သူများသည် မိမိအပြစ်များမတွက် နာကျင်မှုကို ခံစားရကြသည်။ သူတို့သည် ရောင့်ရဲတင်းတိမ်မှုမရှိကြပေ။ သူတို့သည် မိမိအပြစ်များ ကြောင့် ဘုရားသခင်နှင့်အခြားသူများကို ကြောက်ခဲ့ရကြသည်။  သို့သော် သူတို့သည် ရေနှင့်ဝိညာဉ်တော်၏ရွေးနှုတ်ကယ်တင်ခြင်း ကိုသတင်းကောင်းကို လက်ခံသည်နှင့်တပြိုင်တည်း သူတို့နှလုံးသား ကျောက်ပြာများပေါ်နှင့်လုပ်ဆောင်ချက်များစာအုပ်ထဲတွင်မှတ်တမ်း တင်သောအပြစ်များအားလုံးသည် သုတ်သင်ဖယ်ရှားခြင်းခံရသည်။ သူတို့သည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်း ခံရကြသည်။ 
ကောင်းကင်နိုင်ငံတော်တွင် အသက်စာအုပ်လည်းရှိသည်။ ရေနှင့်ဝိညာဉ်တော်ရွေးနှုတ်ခြင်းကို ယုံကြည်သူများ၏နာမည်များ ကို စာအုပ်ထဲမှာ မှတ်တမ်းတင်ထားသောကြောင့် သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။သူတို့သည် ရေနှင့် ဝိ ညာဉ်တော်ရွေးနှုတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များ အားလုံးမှ ရွေးနှုတ်ခြင်းခံရကြသောကြောင့် သူတို့သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ကြသည်။ ဤလောက၌ အပြစ်မကျူးလွန်ခဲ့ သောကြောင့် ကောင်းကင်နိုင်ငံ‌တော်သို့ ဝင်ရောက်ခြင်း မဟုတ်ပေ။  ထိုအရာသည်‘ယုံကြည်ခြင်း၏ပညတ်တော်’(ရောမ ၃း၂၇)ဖြစ်သည်။ 
မိတ်ဆွေခရစ်ယာန်များခင်ဗျား၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိ ရှဲများသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းအပြစ်ကျူးလွန်၍ အဖမ်း ခံရသော မိန်းမကဲ့သို့ အပြစ်သားများဖြစ်ကြသည်။ သူတို့သည် မိမိကိုယ်ကို လှည့်စား၍ သူတို့သည် အပြစ်သားများမဟုတ်ကြပေဟု ယုံကြည်ရန် လူများကို တိုက်တွန်းကြသောကြောင့် သူတို့သည် ပို၍ အပြစ်များ ကျူးလွန်ခဲ့ကြသည်။ ဘာသာရေးခေါင်းဆောင်များသည် တရားဝင်သူ ခိုးများဖြစ်ကြသည်။ တစ်နည်းအားဖြင့် သူတို့သည် ဝိညာဉ်များ၏သူခိုးများ၊ အသက်၏သူခိုးများဖြစ်ကြသည်။  သူတို့ သည်မိမိကိုယ်ကိုကိုယ် ရွေးနှုတ်ခြင်းမခံရကြသေးသော်လည်း သူတို့ သည် အခွင့်အာဏာဖြင့် သူတပါးကို သွန်သင်ဝံ့ခဲ့ကြသည်။ 
ပညတ်တော်အရ အပြစ်မရှိသူတစ်စုံတစ်ဉီးမျှ မရှိပေ။ သို့သော် လူတစ်ဉီးသည် အပြစ်မကျူးလွန်သော ကြောင့်မဟုတ်ဘဲ သူသည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရသောကြောင့် ဖြောင့်မတ်သူ ဖြစ်လာနိုင်သည်။ ဤသို့သောပုဂ္ဂိုလ်တစ်ဉီးသည် အ သက်စာအုပ် တွင် မှတ်တမ်းတင်ခြင်းခံရသည်။ အရေးကြီးသောအရာမှာ လူတစ် ဉီး၏နာမည်သည် အသက်စာအုပ်တွင် မှတ်တမ်းတင်ခြင်းရှိ/မရှိ ဖြစ်သည်။ လူများသည် မိမိဘဝများအားလုံးတွင် အပြစ်ကျူးလွန် ခြင်းမရှိဘဲ အသက်မရှင်နိုင်ကြသောကြောင့် သူတို့သည် စာအုပ်တွင် နာမည်စာရင်းထည့်သွင်းခြင်းခံရရန်အတွက် ထာဝရရွေးနှုတ်ခြင်းခံရ ကြမည် ဖြစ်သည်။ 
သင် သည် ကောင်းကင်နိုင်ငံတော်တွင် လက်ခံခြင်းရှိ/မရှိသည် စစ်မှန် သောသတင်းကောင်းကို ယုံကြည်ခြင်းရှိ/မရှိပေါ်တွင် မူတည် သည်။  သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိခြင်းရှိ/မရှိ သည် သခင်ယေရှု၏ကယ်တင်ခြင်း လက်ခံခြင်းရှိ/မရှိပေါ်တွင် မူ တည်သည်။ ဖမ်းဆီးခြင်းခံရသောမိန်းမအပေါ် မည်သည့်အရာ ဖြစ် ပျက်ခဲ့သနည်း။ သူမသည် သေရမည်ကို သိခဲ့သောကြောင့် သူမ သည် ဒူးထောက်၍ မိမိမျက်လုံးများ ပိတ်နိုင်သည်။ သူမသည် ကြောက် စိတ်နှင့်နောင်တရဖြင့် ငိုကြွေးနိုင်ပေသည်။ လူများသည် သေခြင်းကို ရင်ရင်ရကြသောအခါ သူတို့သည် မိမိကိုယ်ကိုကိုယ် ရိုး သားပွင့်လင်းကြသည်။  
 “ဘုရားသခင်၊ကျွန်ုပ်သည်သေရန်သင့်တော်တယ်။ ကိုယ်တော့် လက်တော်သို့ ကျွန်ုပ်ဝိညာဉ်ကို လက်ခံတော်မူ၍ ကျွန်တော့်ကို သနားတော်မူပါ။ သခင်ယေရှု၊ ကျွန်တော့်ကို သနားတော်မူပါ။” သူမသည် ရွေးနှုတ်ခြင်းမေတ္တာအတွက် သခင်ယေရှုထံ အသနားခံ တောင်းလျှောက်ခဲ့သည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်တော်မူလျှင် ကျွန်တော်သည် တရားစီရင်ခြင်း ခံရလိမ့် မည်။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်မရှိဟုပြောတော်မူလျှင် ကျွန်ုပ်အပြစ်များ ဖျက်စီးခြင်းခံရလိမ့်မည်။ ကိုယ်တော်သ ဘောအ တိုင်းဖြစ်ပါသည်။” သူမသည် ဤအရာများအားလုံးကို ပြောနိုင်ပေ သည်။ သူမသည် သခင်ယေရှုအပေါ် အရာခပ်သိမ်းကို ပုံအပ်ထားခဲ့ သည်ဟု ဝန်ခံနိုင်ပါသည်။  
“သခင်ယေရှုရှေ့တော်သို့ ခေါ်ဆောင်ခြင်းခံရသောမိန်းမက “ကျွန်မမှားပါတယ်။ ကျွန်မ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်ကို ခွင့်လွှတ်တော်မူပါ”ဟု မပြောခဲ့ပေ။ သူမက “ကျွန်မကို အပြစ်များမှ ကယ်တင်တော်မူပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ရွေး နှုတ်တော်မူလျှင် ကျွန်မကယ်တင်ခြင်းခံရလိမ့်မည်။ မဟုတ်လျှင် ကျွန်မသည်  အပ္ပါယ်ငရဲသို့ သွားရလိမ့်မည်။ သူမသည် မျက်စိမှတ်၍ မိမိအ ပြစ်အတွက် ဝန်ချတောင်းပန်ခဲ့သည်။ 
သခင်ယေရှုက သူမထံ “သင်မိန်းမ၊ ထိုသူတို့အဘယ်မှာရှိကြသနည်း။ သင့်ကိုပြစ်ဒဏ်စီရင်သူတစ်ယောက်မျှမရှိသလော”ဟု မေး တော်မူခဲ့သည်။ သူမက “မရှိ ပါ၊ ကိုယ်တော်”ဟု ပြန်ဖြေခဲ့သည်။
သခင်ယေရှုက “ငါလည်း သင့်ကို တရားမစီရင်ပါ”ဟု မိန့်တော် မူခဲ့သည်။ သခင်ယေရှုက ယောဒန်မြစ်၌ ဗတ္တိဇံအားဖြင့် သူမ၏အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် သူမကို တရားစီရင်တော်မမူသောကြောင့် သူသည် ရွေးနှုတ်ကယ်တင်ခြင်းခံ ခဲ့ရသည်။ ယခုတွင် မိန်းမမဟုတ်၊ သခင်ယေရှုသည် သူမ၏အပြစ် များအတွက် တရားစီရင်တော်မူခြင်း ခံရလိမ့်မည်။  
 

ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်

သခင်ယေရှုက သူမကို အပြစ်စီရင်တော်မူခဲ့သလော
စီရင်တော်မမူခဲ့ပေ

ဤမိန်းမသည် သခင်ယေရှု၌ ကယ်တင်ခြင်းဖြင့် ကောင်းကြီး မင်္ဂလာခံစားခဲ့ရသည်။ သူမသည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်း ခံခဲ့ရသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးရွေးနှုတ် တော်မူသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဖြောင့်မတ် သူများဖြစ်ကြသည်ကိုလည်းကောင်း သခင်ယေရှုသည် ကျွန်ုပ်တို့ အားပြောကြားတော်မူသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာ၌ ထို သို့မိန့်ကြားတော်မူသည်။ ကိုယ်တော်သည် ယောဒန်မြစ်၌ ကိုယ် တော်၏ဗတ္တိဇံအားဖြင့် ယူဆောင်သွားတော်မူခဲ့သောအပြစ် များအ တွက်ပြစ်ကြွေးကို ကားတိုင်ပေါ်တွင် ပေးဆပ်ကျေအေးစေ တော်မူ ခဲ့သည်။ ကိုယ်တော်သည် ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် တရားစီရင်ခြင်းရွေးနှုတ်ခြင်းကို ယုံကြည်သူအားလုံးကို ရွေး နှုတ်တော်မူခဲ့သည်ဟု ကိုယ်တော်သည် ကျွန်ုပ်တို့အား ရှင်းလင်းစွာ ပြောကြားတော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် သခင်ယေရှု၏ နှုတ်ကပတ်တော်ကို လိုအပ်ကြ၍ နှုတ်ကပတ်တော်ကို ဆုပ်ကိုင် ထားရန် လိုအပ်သည်။ ထိုနောက် ကျွန်ုပ်တို့အားလုံးသည် ရွေး နှုတ်ခြင်းဖြင့် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ 
“ဘုရားသခင်၊ ကိုယ်တော်ရှေ့၌ ကျွန်တော်ကောင်းခြင်းတစ်စုံ တစ်ခုမျှ မရှိပါ။ ကျွန်ုပ်အထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မရှိ ပေ။ ကိုယ်တော်အား အပြစ်များကလွှဲ၍ အခြားပြသစရာတစ်စုံတစ် ခုမျှ မရှိပေ။ သို့သော် သခင်ယေရှုသည် ရွေးနှုတ်ခြင်း၏သခင်ဖြစ် တော်မူသည်ဟုကျွန်တော်ယုံကြည်သည်။ကိုယ်တော်သည် ယောဒန် မြစ်၌ ကျွန်ုပ်အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် ၎င်းတို့အတွက် ပြစ်ကြွေးပေးဆပ်ကျေအေးစေ တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ် တော့်ကို ကျွန်တော်ယုံကြည်သည်။”
ဤအရာသည် မည်သို့ကယ် တင်ခြင်းရရှိခြင်းအကြောင်း ဖြစ် သည်။ သခင်ယေရှုက ‘ကျွန်ုပ်တို့ကို တရားမစီရင်ပေ။’ ကိုယ်တော် သည် ကျွန်ုပ်တို့အား ဘုရားသခင်၏သားသမီးဖြစ်လာရန် အခွင့်ကို ပေးအပ်တော်မူခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၏ရွေးနှုတ်ခြင်းကို ယုံ ကြည်သူများအတွက် ကိုယ်တော်သည် သူတို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူ၍ သူတို့အား ဖြောင့်မတ်စေတော်မူခဲ့သည်။ 
ချစ်သောမိတ်ဆွေအပေါင်းတို့၊ အမျိုးသမီးသည် ရွေးနှုတ်ခြင်းခံ ခဲ့ရသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်ကျူးလွန်၍ ဖမ်းဆီး ခြင်းခံရသောမိန်းမသည်သခင်ယေရှု၏ရွေးနှုတ်ခြင်းဖြင့် ကောင်းကြီး မင်္ဂလာခံစားခဲ့ရသည်။ ကျွန်ုပ်တို့သည် ထိုသို့ဖြင့် ကောင်းကြီးမင်္ဂလာ ခံစားရနိုင်ကြသည်။မိမိအပြစ်များကို သိ၍ဘုရားသခင်ထံ သနားခြင်း ဂရုဏာတော်ကို တောင်းလျှောက်သော သူများနှင့် သခင်ယေရှု၌ ရေနှင့်ဝိညာဉ်တော်ရွေးနှုတ်ခြင်းယုံကြည်သူများသည် ဘုရားသခင် ထံတော်မှ ရွေးနှုတ်ခြင်းကောင်းကြီးမင်္ဂလာခံစားရရှိကြသည်။ ဘုရား ရှေ့တော်၌ သူတို့အပြစ်များကို ဝန်ခံသောသူများသည် ကယ်တင် ခြင်းခံရနိုင်ကြသော်လည်း မိမိအပြစ်များကို နားမလည်သောသူများ သည် ရွေးနှုတ်ခြင်းကောင်းကြီးမင်္ဂလာကို မခံစားရနိုင်ကြပေ။ 
သခင်ယေရှုသည် လောကအပြစ်များကို ယူဆောင်သွားတော်မူ ခဲ့သည် (ယောဟန် ၁း၂၉)။ ကမ္ဘာပေါ်တွင်ရှိသော အပြစ်သား တစ်ဉီး သည် သခင်ယေရှုကို ယုံကြည်လျှင် ရွေးနှုတ်ခြင်းခံရနိုင်သည်။ သခင်ယေရှုက မိန်းမထံ “ငါသည်လည်း သင့်ကို ပြစ်ဒဏ်မစီ ရင်”ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် သူမ၏အ ပြစ် များအားလုံးကို အကုန်အစင်ယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် သူမကို ပြစ်ဒဏ်မစီရင်ဟု ကိုယ်တော်မိန့် တော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို မိမိအပေါ် သို့ ယူဆောင်သွားတော်မူခဲ့၍ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်စား တရားစီရင်ခြင်းကို ခံတော်မူခဲ့သည်။ 
 

ကျွန်ုပ်တို့သည် ယေရှုရှေ့၌ ရွေးနှုတ်ခြင်းခံရကြမည်

ဘုရားသခင်၏မေတ္တောတော် နှင့်တရားစီရင်ခြင်းတို့မှ အဘယ် အရာသည်ပို၍ ကြီးမားသနည်း
ဘုရားသခင်၏မေတ္တာတော်

လက်များ၌ကျောက်ခဲကိုင်သောဖါရိရှဲများနှင့် ယနေ့ဘာသာ ရေးခေါင်းဆောင်များက ပညတ်တော်ကို စာသားအတိုင်း အနက်ဖွင့် ဆိုတတ်ကြသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်မကျူးလွန်ရ ဟု ပညတ်တော်ကပြောထားသောကြောင့် ကျူးလွန်သူများကို ကျောက်ခဲဖြင့် ပစ်သတ်ရမည်ဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့သည် အိမ်ထောင်ရေး ဖောက်ပြန်မှုအပြစ်မကျူးလွန်သူများကဲ့ သို့ အမျိုးသမီးကို ရိုင်းစိုင်းသောမျက်လုံးများဖြင့် ခိုးကြည့်ခဲ့ကြသည်။ သူတို့သည် ရွေးနှုတ်ခြင်း သို့မဟုတ် ကယ် တင်ခြင်းမခံစားရနိုင်ကြ ပေ။ ဖါရိရှဲများနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များသည် ဤလောက၌ ကိုယ် ကျင့်တရားကောင်းမွန်သူများဖြစ်ကြသည်။ သူတို့သည် သခင် ယေရှု ကို ခေါ်သောသူများမဟုတ်ကြပေ။ ဤပုဂ္ဂိုလ်များက ကိုယ်တော်ထံ မှ “ငါမင်းတို့ကို ပြစ်ဒဏ်မစီရင်ပါ”ဟူသောအသံကို မကြားရကြပေ။ 
အိမ်ထောင်‌ရေးဖောက်ပြန်မှု အပြစ်ကျူးလွန်သူအမျိုးသမီးသာ လျှင် ထိုဝမ်းမြောက်ကောင်းသောစကားလုံးများကို ကြားခဲ့သည်။  သင်သည် ကိုယ်တော်ရှေ့တော်၌ ရိုးသားပွင့်လင်းလျှင် သင်သည် လည်း သူမကဲ့သို့ ကောင်းကြီးမင်္ဂလာခံစားနိုင်သည်။ “ဘုရားသခင်၊ ကျွန်တော်သည် ဘဝတစ်လျှောက် အိမ်ထောင်ရေးဖောက်ပြန်မှုအ ပြစ်များကို ကျူးလွန်ခဲ့တယ်။ ကျွန်တော်သည် ထိုသို့မကြာခဏပြု သောကြောင့် ထိုအရာကို ကျွန်တော်သတိမချပ်ပါ။ ကျွန်တော်သည် နေ့တိုင်း ကြိမ် ဖန်များစွာ ထိုအပြစ်ကို ကျူးလွန်နေတယ်။”
ကျွန်ုပ်တို့သည် ပညတ်တော်နှင့်သေ၍ ဘုရားသခင်ကို ရိုးသား စွာ မျက်နှာချင်းဆိုင်တွေ့ရမည့်အပြစ်သားများဖြစ် ကြသည်ဟူသော အချက်ကို လက်ခံကြပြီး “ဘုရားသခင်၊ ဒီအရာသည် ကျွန်တော်အ ကြောင်းဖြစ်တယ်။ ကျွန်ုပ်ကိုခွင့်လွှတ်‌တော်မူပါ”ဟု ပြောကြသောအ ခါ ဘုရားသခင်သည် ကိုယ်တော်၏ရွေးနှုတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကို ကောင်းကြီးမင်္ဂလာများ ချပေးတော်မူသည်။ 
သခင်ယေရှု၏ မေတ္တာတော်၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် ဘုရားသခင် ၏ဖြောင့်မတ်‌သောတရားစီရင်ခြင်းအ ပေါ် အနိုင်ယူခဲ့ကြသည်။ “ငါသည်လည်း သင့်ကို အပြစ် ဒဏ်မစီ ရင်ပါ။” ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်ဒဏ်စီရင်တော်မမူ ပေ။ ကိုယ်တော်က “မင်းတို့သည် ရွေးနှုတ်ခြင်းခံရကြပြီ” ဟု မိန့် တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဂရုဏာနှင့်ပြည့်စုံသော ဘုရားဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား လောကအ ပြစ်များ အားလုံးမှရွေးနှုတ်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့ဘုရားသည် ဖြောင့်မတ်သောဘုရားနှင့် မေတ္တာရှင်ဘု ရား ဖြစ်တော်မူသည်။ ရေနှင့်ဝိညာဉ်တော်မေတ္တာတော်သည် ကိုယ် တော်၏တရားစီရင်ခြင်းထက် ပို၍ ကြီးမားသည်။ 
 


ကိုယ်တော်၏မေတ္တာတော်သည် တရားမျှတမှုထက် ပို၍ ကြီးမားသည်


ကိုယ်တော်သည် ဘာကြောင့် ကျွန်ုပ်တို့အားလုံးကို  ကယ်တင်တော်မူခဲ့သနည်း
ကိုယ်တော်၏မေတ္တာတော်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထက် ပို၍ ကြီးမားသောကြောင့်  ဖြစ်သည်

ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းတရားကို ပြည့်စုံစေတော် မူရန် မိမိတရားစီရင်ခြင်းကို အတင်းအဓမ္မပြုတော်မူလျှင် ကိုယ် တော်သည် အပြစ်သားများအားလုံးကို တရားစီရင်တော်မူခဲ့၍ အပ္ပါယ်ငရဲသို့ ပစ်ချတော်မူခဲ့လိမ့်မည်။သို့သော် ကျွန်ုပ်တို့အား တရား စီရင်ခြင်းမှကယ်တင်သောသခင်ယေရှု၏မေတ္တာတော်သည် ပို၍ကြီး မားလာသောကြောင့် ဘုရားသခင်သည် တစ်ပါးတည်းသောသား တော် သခင်ယေရှုကို စေလွှတ်တော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့ အားလုံးအတွက် တရားစီရင်ခြင်းကို လက်ခံတော်မူခဲ့သည်။ ယခု တွင် သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်သူများအားလုံး သည် ကိုယ်တော်၏ သားသမီးနှင့်ဖြောင့်မတ်သူများဖြစ်လာကြ သည်။ ကိုယ်တော်၏ မေတ္တာတော်သည် ကိုယ်တော်၏တရားစီရင် ခြင်းထက် ပို၍ကြီးမားသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား လုံးကို ရွေးနှုတ်ကယ်တင်တော်မူခြင်း ဖြစ်သည်။  
ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိဖြောင့်မတ်ခြင်း အားဖြင့် သာ တရားစီရင်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရား သခင် ကို ကျေးဇူးတင်ရကြမည်  ဖြစ်သည်။ တစ်ကြိမ်က သခင်ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ် များ၊ ဖါရိရှဲများနှင့် တပည့်တော်များထံ “‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည်မည်သည့်အရာကိုဆိုလိုကြောင်းသွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”(မဿဲ ၉း၁၃)ဟု မိန့်တော် မူခဲ့သည်။ လူအချို့တို့သည် နွားတစ်ကောင် သို့မဟုတ် ဆိတ်တစ် ကောင်ကို နေ့တိုင်းသတ်၍ ဘုရားရှေ့တော်၌ ယဇ်ပူဇော်နိုင်၍ “ဘု ရားသခင်၊ ကျွန်ုပ်၏နေ့စဉ်အပြစ်များကို ခွင့်လွှတ်တော်မူပါ”ဟု ဆု တောင်းနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ယဇ်ပူဇော်ခြင်းများ ကို အလိုတော်မူရှိဘဲ ရေနှင့်ဝိညာဉ်တော်၏ရွေးနှုတ်ခြင်းယုံကြည်မှု ကိုသာ အလိုတော်ရှိသည်။ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံရရန်နှင့် လွှတ်မြောက်ရန် ကိုယ်တော်အလိုတော်ရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏မေတ္တာတော်ကို ပေးအပ်တော်မူလို၍ ကျွန်ုပ်တို့ယုံကြည်မှုကို လက်ခံလိုတော်မူသည်။ သင်သည် ဤအရာ ကို မြင်နိုင်သလော။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ကိုယ်တော်၏ ပြည့်စုံသောကယ်တင်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ 
သခင်ယေရှုသည် အပြစ်ကို မုန်းသော်လည်း ကိုယ်တော်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသူ လူသား များအတွက် လောင်ကျွမ်းသောမေတ္တာရှိတော်မူသည်။ ကိုယ်တော် သည် ဖန်ဆင်းခြင်းမတိုင်မှီ ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီး များဖြစ် လာကြ၍ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ် များအားလုံးကို ဖယ်ရှားပေးတော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။  ဘု ရားသခင်သည် သခင်ယေရှု၌ ကျွန်ုပ်တို့အား အမှန်အကန် ရွေး နှုတ်ရန်၊ လွှမ်းခြုံရန်နှင့် ကိုယ်တော် ၏သားသမီးဖြစ်စေတော်မူရန် အတွက် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခြင်း ဖြစ်သည်။ ဤအရာသည် ကိုယ်တော်ဖန်ဆင်းခြင်းများ၊ ကျွန်ုပ်တို့အတွက် ကိုယ် တော်ရှိတော် မူသောမေတ္တာတော် ဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ် သောပညတ်တော်နှင့်အညီ တရားစီရင်တော်မူလျှင် အပြစ်သားများ ဖြစ်ကြသူ ကျွန်ုပ်တို့အားလုံးသည် သေရကြလိမ့်မည်။  သို့သော် ကိုယ်တော်သည် သားတော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် တရားစီ ရင် ခြင်းခံရခြင်းအားဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူခဲ့သည်။  သင် သည် ယုံကြည်သလော။ ဓမ္မဟောင်းကျမ်း၌ ထိုအရာကို အတည်ပြု ကြပါစို့။ 
 

အာရုန်သည် မိမိလက်များကို ဆိတ်ထီးပေါ်တွင် တင်ခြင်း

မည်သူသည် ဆိတ်ထီးပေါ်တွင် သူတို့ကိုယ်စားအဖြစ် ဣသရေလလူမျိုးများ၏ အပြစ်များကို လွှဲပြောင်းခဲ့သနည်း
ယဇ်ပုရောဟိတ်ကြီး

ဤလောက၏အပြစ်များအား လုံးတို့သည် ဓမ္မဟောင်း၏ဘိ သိက်ခြင်းနှင့် ဓမ္မသစ်ကျမ်း၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ပြစ် ကြွေးပေးဆပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်း၌ ဣသရေလလူ မျိုးများ၏ နှစ်စဉ်အပြစ်များအားလုံးကို အပြစ်အနာအဆာမရှိသော အသက်ရှင် သောဆိတ်၏ဉီးခေါင်းပေါ်တွင် လက်များတင်ခဲ့သူယဇ်ပု ရောဟိတ် ကြီးအားဖြင့် ပြစ်ကြွေးကျေးအေးစေခဲ့သည်။ 
“အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ် သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်”(ဝတ် ပြု ၁၆း၂၁)။ 
ဤသို့ဖြင့် သူတို့သည် ဓမ္မဟောင်းခေတ်ကာလတွင် အ ပြစ် ဖြေခဲ့ကြသည်။ လူတစ်ဉီးသည် နေ့စဉ်အပြစ်များမှ ရွေးနှုတ်ခြင်းခံရ ရန် သိုးတစ်ကောင် အပြစ်အနာအဆာ ကင်းမဲ့သော သိုးတစ်ကောင် သို့မဟုတ်ဆိတ်တစ်ကောင်ကိုတဲတော်သို့ယူဆောင်လာ၍ယဇ်ပလ္လင် ပေါ်တွင် ယဇ်ပူဇော်ရမည် ဖြစ်သည်။  သူက ယဇ်ကောင်၏ဉီးခေါင်း ပေါ်တွင် မိမိလက်များကိုတင်ပြီးနောက် သူ၏အ ပြစ်များကို ယဇ်ကောင်ပေါ်သို့ လွှဲပြောင်းခဲ့သည်။ ထိုနောက် ယဇ်ကောင်သည် အသတ်ခံရ၍ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်၏ဉီးချိုများပေါ်တွင် ၎င်း၏အသွေး ကို ပက်ဖြန်းခဲ့သည်။ 
ယဇ်ပလ္လင်၏တောင့်လေးတောင့်ပေါ်တွင် ဉီးချိုများရှိကြသည်။ 
ဤဉီးချိုများသည် ဗျာဒိတ် ၂၀း၁၂ တွင် ရေးသားထားသော လုပ်ဆောင်ချက်များ၏စာအုပ်များကို ပုံဆောင်ထားသည်။ ယဇ် ကောင်၏ကျန်သောအသွေးကို မြေကြီးပေါ်တွင်လည်း ပက်ဖြန်းထား ခဲ့သည်။ လူသည် မြေမှုန့်မှ ဖန်ဆင်းခဲ့သောကြောင့် မြေကြီးသည် လူသားများ၏နှလုံးသားကို ကိုယ်စားပြုခဲ့သည်။ လူများသည် ဤ နည်းလမ်းအားဖြင့် နေ့စဉ်အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ကျေ အေးစေခဲ့ကြသည်။ 
သို့သော် သူတို့သည် နေ့တိုင်းအပြစ်ဖြေရာယဇ်ကို မပြု လုပ်နိုင်ကြသောကြောင့် ဘုရားသခင်သည် သူတို့၏နှစ်စဉ်အပြစ် များအားလုံးအတွက် တစ်နှစ်တစ်ကြိမ်အပြစ်ဖြေရန် ခွင့်ပြုတော်မူခဲ့ သည်။ ဤယဇ်ပူဇော်ခြင်းကို အပြစ်ဖြေ ရာနေ့၊ ခုနစ်လ ဆယ်ရက် နေ့တွင် ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် ဣသရေလလူမျိုးများကိုယ် စားပြုသူ ယဇ်ပရောဟိတ်သည် ဆိတ်နှစ်ကောင်ကို ယူဆောင်လာခဲ့ ၍လူများ၏အပြစ်များအားလုံးကိုလွှဲပြောင်းရန်၎င်းတို့ပေါ်တွင် လက် များကို တင်ခဲ့၍ ဣသရေလလူမျိုးများအတွက် ပြစ်ကြွေးပေးဆပ်ရန် ဘုရားရှေ့တော်၌ ယဇ်ပူဇော်ခြင်းအမှုပြု‌ပေးခဲ့ သည်။ 
“အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ် သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်”(ဝတ်ပြု၊ ၁၆း ၂၁)။ 
ဘုရားသခင်သည် ကိုယ်စားပြုရန် ဣသရေလလူမျိုးများ၏ ယဇ်ပုရောဟိတ်ကြီး၊ အာရုန်ကို ခန့်အပ်တော်မူခဲ့သည်။ လူတိုင်း သည် ကိုယ်စီယဇ်ကောင်များအပေါ် လက်များတင်ကြမည့်အစား လူသားအားလုံး၏ကိုယ်စားပြုအဖြစ်ယဇ်ပုရောဟိတ်သည် နှစ်စဉ်အ ပြစ်များဖြေ လွှတ်ရန်အတွက် အသက်ရှင်သောဆိတ်၏ဉီးခေါင်းပေါ် တွင် လက်များကို တင်ခဲ့သည်။ 
သူသည် ဘုရားရှေ့တော်၌ ဣသရေလလူမျိုးများအားလုံး၏နာ မည်များကို ရွတ်ဆို၍ “အိုဘုရားသခင်၊ ကိုယ်တော်၏ဣသရေလ လူမျိုးများသည် အပြစ်ကျူးလွန်ခဲ့ကြတယ်။ ကျွန်ုပ်တို့သည် ရုပ်တု များကို ကိုးကွယ်ခဲ့ကြတယ်။ ကိုယ်တော်၏ပညတ်တော်ကို ချိုး ဖောက်ခဲ့ကြတယ်။ ကိုယ်တော်၏နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုခဲ့ကြတယ်။ ရုပ်တုများကို ဖန်ဆင်း၍ ကိုယ်တော်ထက်ပို၍ ချစ်ခဲ့ကြသည်။ ဉပုသ်နေ့ကို မစောင့်ထိန်းကြပေ။ မိဘများကို မရိုသေကြပေ။ လူ့အသက်သတ်ခဲ့ကြတယ်။ သူ့မယားကို ပြစ်မှားခဲ့ ကြတယ်။ သူ့ဉစ္စာကို ခိုးယူခဲ့ကြတယ်။ ကျွန်ုပ်တို့သည် မနာလိုဖြစ် ကြ၍ တိုက်ခိုက်ကြတယ်”ဟု ဝန်ခံခဲ့သည်။ 
သူက အပြစ်များအားလုံးကို စာရင်းပြုစုခဲ့သည်။“ဘုရားသခင်၊ ဣသရေလလူမျိုးများဖြစ်စေ၊ ကျွန်တော်ဖြစ်စေ ကိုယ်တော်၏ပ ညတ်တော်ကို မစောင့်ရှောက်ခဲ့ကြပေ။ ဤအပြစ်များအားလုံးမှ ရွေး နှုတ်ခြင်းခံရရန် ကျွန်ုပ်သည် ဤဆိတ်၏ဉီးခေါင်းပေါ်တွင် လက်များ ကို တင်၍ အပြစ်များအားလုံးကို လွှဲပြောင်းခဲ့သည်။” 
ယဇ်ပုရောဟိတ်ကြီးသည် လူများအားလုံးအတွက် ယဇ်ကောင် ပေါ်တွင် လက်များကို တင်ခဲ့၍ ယဇ်ကောင်၏ဉီးခေါင်းပေါ်သို့ အပြစ် များအားလုံးကို လွှဲပြောင်းခဲ့သည်။ ဘိသိက်ခြင်း၊ သို့မဟုတ် လက် များတင်ခြင်းမှာ ‘လွှဲပြောင်းခြင်း’ကို ဆိုလိုသည် (ဝတ်ပြု ၁း၁-၄၊ ၁၆း၂၀-၂၁)။ 

ဓမ္မဟောင်းခေတ်တွင် အပြစ် ဖြေရာယဇ်ကိုမည်သို့ဖြင့်  ပြီးမြောက်စေခဲ့သနည်း
အပြစ်ဖြေရာယဇ်ကောင်၏ ဉီးခေါင်းပေါ်တွင် လက်များတင်ခြင်းအားဖြင့်

ဘုရားသခင်သည်ဣသရေလလူမျိုးများအပေါ် ယဇ်ပူ ဇော်ခြင်း စနစ်ကို ပေးအပ်တော်မူခဲ့သောကြောင့် သူတို့သည် အပြစ် များအား လုံးကို လွှဲပြောင်းပေးနိုင်ကြ၍ ရွေးနှုတ်ခြင်းခံရနိုင်ကြသည်။ သူက လူတစ်ဉီးသည် အပြစ်အနာအဆာကင်းမဲ့သော အပြစ်ယဇ်ပူဇော် ခြင်းပြင်ဆင်သင့်သည်ကိုလည်းကောင်း၊ ထိုသူ၏ကိုယ်စား အပြစ် ယဇ်ကောင်သည် သေသင့်သည်ကိုလည်းကောင်း အထူးပြုခဲ့သည်။  အပြစ်သားများတစ်ဉီးချင်း၏ရွေးနှုတ်ခြင်းမှာ ထိုကဲ့သို့ ဖြစ်သည်။ 
သို့သော်လည်း၊ အပြစ်ဖြေရာနေ့တွင် အပြစ်ဖြေရာယဇ်ကောင် ကို သတ်၍ ၎င်း၏အသွေးကို သန့်ရှင်းရာဌာနအတွင်း၌ ယူဆောင် ကာ ဂရုဏာပလ္လင်ပေါ် တွင် ခုနစ်ကြိမ် ပက်ဖြန်းရသည်။ ထိုကြောင့် ဣသရေလလူမျိုးများသည် ခုနစ်လဆယ်ရက်နေ့တွင် တစ်နှစ်အပြစ် အတွက် အပြစ်ဖြေရာယဇ်ပြုခဲ့ကြသည်။ 
ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ ယဇ်ပူဇော် ခြင်းအမှုပြု ရန် သန့်ရှင်းရာဌာနသို့ ဝင်ခဲ့သော်လည်း လူများသည် အပြင်တွင် စုရုံးခဲ့ကြ၍ ယဇ်ပုရောဟိတ်မင်း၏ဝတ်လုံပေါ်တွင် ချိတ်ထားသော ရွှေခေါင်းလောင်းသံများကို နားထောင်ရကြသည်။ အသွေးသည် ဂရု ဏာပလ္လင်ပေါ်တွင် ပက်ဖြန်းသောအခါ ရွှေခေါင်းလောင်းများသည် ခုနစ်ကြိမ်အသံ မြည်ခဲ့သည်။ ထိုနောက် လူများသည် သူတို့အပြစ် များအားလုံး ဖြေလွှတ်ခြင်းခံရသောကြောင့် သူတို့သည် ဝမ်းမြောက် ကြလိမ့်မည်။ရွှေခေါင်းလောင်းများ၏အသံသည်ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်းအသံကို ပြဌာန်းထားသည်။ 
သခင်ယေရှုသည် ရွေး‌ကောက်ခြင်းခံရ သောလူအချို့ကိုသာ ချစ်၍ ရွေးနှုတ်တော်မူခဲ့ခြင်းမှာ မမှန်ကန်ပေ။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို တစ် ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား ထာဝရအတွက် တစ်ကြိမ်တည်းရွေးနှုတ် တော်မူရန် အလို တော်ရှိခဲ့သည်။ ကျွန်ုပ်တို့အပြစ်များကို နေ့တိုင်းမရွေးနှုတ်နိုင်သော ကြောင့် သူတို့ကို တစ်ကြိမ်တည်း ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ 
ဓမ္မဟောင်းကျမ်းတွင် လက်တင်ခြင်းနှင့် အပြစ်ဖြေရာယဇ် ကောင်၏အသွေးအားဖြင့် အပြစ်ဖြေရာယဇ်ပြုလုပ်ရသည်။ အာရုန် သည် လူများအားလုံးရှေ့၌ အသက်ရှင်သောဆိတ်တစ်ကောင်၏ဉီး ခေါင်းပေါ်တွင် လက်များတင်ခဲ့၍ တစ်နှစ်အတွင်း လူများကျူးလွန်ခဲ့ ကြသော အပြစ်များအားလုံးကို စာရင်းပြုစုခဲ့သည်။ သူသည် ဣသရေ လလူမျိုးများအားလုံး၏ရှေ့တွင် ဆိတ်ပေါ်သို့ အပြစ်များကို လွှဲ ပြောင်းပေးခဲ့သည်။ ဆိတ်ပေါ်တွင် ယဇ်ပုရောဟိတ်မင်းသည် လက်များကို တင်ခဲ့ပြီးနောက် လူများ၏အပြစ်များကို မည်သို့နေ ရာသို့ သွားခဲ့သနည်း။  ၎င်းတို့အားလုံးသည် ဆိတ်ပေါ်သို့ လွှဲပြောင်း ခဲ့သည်။ 
ထို နောက် ဆိတ်ကို ‘သင့်တော်သောလူတစ်ဉီး’က အဝေးသို့ ခေါ်ဆောင် သွားခဲ့သည်။ ဣသရေလလူမျိုးများ၏အပြစ်များအားလုံး ဖြင့် ဆိတ်သည်ရေမရှိ၊ မြက်ပင်မရှိသောနေရာ သဲကန္တာရသို့ ခေါ် ဆောင်ခြင်းခံခဲ့ရသည်။  ထိုနောက် ဆိတ်သည် ပူလောင်သောနေ ရောင်ခြည်အောက်၌ သဲကန္တာရ၌ လှည့်လည်၍ နောက်ဆုံးတွင် သေ ဆုံးခဲ့သည်။ ဆိတ်သည် ဣသရေလလူမျိုးများ၏အပြစ်များအတွက် အသေခံခဲ့သည်။
ဤအရာသည် ဘုရားသခင်၏မေတ္တာတော်၊ ရွေးနှုတ်ခြင်း မေတ္တာတော် ဖြစ်သည်။ ဤအရာသည် ထိုနေ့ရက်များတွင် တစ်နှစ် အတွင်း အပြစ်နှင့်ထိုက်တန်သောအပြစ်ဖြေရာယဇ်ကို ပြုခဲ့ခြင်း ဖြစ် သည်။ သို့သော် ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းခေတ်ကာလတွင် အသက်ရှင်နေ ကြသည်။  သခင်ယေရှုဤလောကသို့ ကြွဆင်းတော် မူခဲ့ ခြင်းမှာနှစ်ပေါင်း ၂၀၀၀ ခန့်ရှိခဲ့ပြီ ဖြစ်သည်။ ကိုယ်တော်သည် ကြွဆင်းတော်မူခဲ့၍  ဓမ္မဟောင်းကျမ်းတွင်ပြုခဲ့သောကတိကို ပြည့်စုံ စေတော်မူခဲ့သည်။ ကိုယ်တော်သည် ကြွဆင်းတော်မူခဲ့၍ ကျွန်ုပ်တို့ အပြစ်များအားလုံးကို ရွေးနှုတ်ကယ်တင်တော်မူခဲ့သည်။
 

ကျွန်ုပ်တို့အားလုံးကို ကယ်တင်ရန်

ယေရှုဟူသောနာမ၏အဓိပ္ပါယ်မှာ အဘယ်နည်း
မိမိလူများကို အပြစ်များမှ ကယ်တင် တော်မူမည့် ကယ်တင်ရှင် ဖြစ်သည်

မဿဲ ၁း၂၀-၂၁ ကို ဖတ်ကြပါ စို့။  “သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူ ကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့်ဖြစ်၏။ သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏”(မဿဲ ၁း၂၀-၂၁)။ 
ကောင်းကင်ဘုံ၌ရှိတော်မူသောခမည်းတော်သည် လောကအ ပြစ်များအားလုံးကို ဆေးကြောပေးရန် ဤလောကသို့ တစ်ပါး တည်းသောသားတော်ကို စေလွှတ်ရန် အပျိုကညာမာရိ၏ကိုယ်ခန္ဂာ ကို ငှါးတော်မူခဲ့သည်။ ကိုယ်တော်သည် ကောင်းကင်တမန်အား မာရိ ထံသို့ စေလွှတ်တော်မူ၍ “သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု ပြောခဲ့သည်။ မာရိအားဖြင့် ကြွလာသောသားတော်ကို ကယ်တင်ရှင် ဖြစ်တော်မူလိမ့်မည်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် သခင် ယေရှု ခရစ်တော်အဓိပ္ပါယ်မှာမိမိလူများကိုကယ်တင်မည့်သူ၊ ကယ်တင်ရှင် ဖြစ်သည်။ 
ထိုနောက် သခင်ယေရှုသည် ကျွန်ုပ်တို့အားလုံးကို အပြစ်မှ မည်သို့ ကယ်တင်တော်မူခဲ့သနည်း။ သခင်ယေရှုသည် လောကအ ပြစ်များအားလုံးကို ယူဆောင်တော်မူခဲ့သည့် နည်းလမ်းမှာ ယော ဟန်မြစ်၌ဗတ္တိဇံခံယူ‌တော်မူခြင်းအားဖြင့်ဖြစ်သည်။  ဗတ္တိဇံယောဟန် သည် ကိုယ်တော့်ကို ဗတ္တိဇံပေးခဲ့သောအခါ လောကအပြစ်များအား လုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းပေးခဲ့သည်။ မဿဲ ၃း၁၃-၁၇ ကို ဖတ်ကြပါစို့။ “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။သို့ရာတွင်ယောဟန်သည်ကိုယ်တော်ကိုတားဆီးလျက်“အကျွန်ုပ် ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။”
သခင်ယေရှုသည် ကျွန်ုပ်တို့အားလုံးကို အပြစ်များမှ ရွေးနှုတ် တော်မူရန် ဗတ္တိဇံယောဟန်ကို စေလွှတ်တော်မူခဲ့သည်။ ကိုယ်တော် သည် ရေထဲသို့ လျှောက်တော်မူခဲ့၍ ယောဟန်ရှေ့မှာ မိမိခေါင်းကို နှိမ့်ချတော်မူခဲ့သည်။  “ယောဟန်၊ ယခု ငါ့ကို ဗတ္တိဇံပေးပါ။ ဖြောင့် မတ်ခြင်းအားလုံးကို ပြည့်စုံစေခြင်းသည် သင့်တော်တယ်။ ငါ သည် လောကအပြစ်များအားလုံးကိုယူဆောင်သွား၍ အပြစ်သား များအား လုံးကို အပြစ်များမှ ရွေးနှုတ်ရမည် ဖြစ်‌သောကြောင့် ဗတ္တိဇံအားဖြင့် အပြစ်များကို ငါ ယူဆောင်ရန် လိုအပ်တယ်။ ယခု ငါ့ကို ဗတ္တိဇံပေး ပါ။ ခွင့်ပြုပါ။” 
ထိုကြောင့် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေခြင်းမှာ သင့် တော်သည်။ သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်အား ဖြင့် ဗတ္တိဇံခံယူတော်မူ၍ ထိုအချိန်တွင် ကျွန်ုပ်တို့အပြစ်များရွေးနှုတ် သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးသည် ပြည့်စုံခဲ့သည်။ ဤသို့ဖြင့်ကိုယ်တော်သည်ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်။ သင်၏အပြစ်များအားလုံးကို သခင်ယေရှုအပေါ် သို့ လွှဲပြောင်းပေးခဲ့သည်။ သင်သည် ဤအရာကို နားလည်သ ဘော‌ပေါက်သလော။ 
သခင်ယေရှု၏ဗတ္တိဇံနှင့်ဝိညာဉ်တော်၏ ရွေးနှုတ်ခြင်းကို ယုံ ကြည်၍ ကယ်တင်ခြင်းခံရပါ။ 
 
ဖြောင့်မတ်ခြင်းအားလုံးသည် မည်သို့ ပြည့်စုံခဲ့သနည်း
သခင်ယေရှု၏ဗတ္တိဇံ အားဖြင့် ပြည့်စုံခဲ့သည်

လက်များတင်ခြင်းနှင့် အပြစ်ဖြေရာယဇ်ပူဇော်သက္ကာအားဖြင့် လောကအပြစ်များအားလုံးကို ဆေးကြောပေးလိမ့်မည်ဟု ဘုရားသ ခင်သည် ဣသရေလလူမျိုးများကို ရှေ့ဉီးစွာ ကတိပြုတော်မူခဲ့သည်။ သို့သော် လူတိုင်းသည် တစ်ဉီးချင်းစီ ဆိတ်၏ဉီးခေါင်းပေါ်တွင် လက် များတင်ရန် မဖြစ်နိုင်သောကြောင့် ဘုရားသခင်သည် ယဇ်ပရော ဟိတ်မင်းဖြစ်ရန် အာရုန်ကို ခွဲခန့်တော်မူခဲ့သောကြောင့် သူသည် လူ များအားလုံးအတွက် ယဇ်ပူဇော်ခြင်းအမှု ပြုပေးနိုင်ခဲ့သည်။ 
ထိုကြောင့် သူသည် အပြစ်ဖြေရာ ယဇ်ကောင်၏ဉီးခေါင်းပေါ် သို့ သူတို့၏နှစ်စဉ်အပြစ်များအားလုံးကို တစ်ကြိမ်တည်းလွှဲပြောင်း ပေးခဲ့သည်။ ဤအရာသည် ကိုယ်တော်၏ဉာဏ်တော်နှင့် ရွေးနှုတ် ခြင်း၏တန်ခိုး ဖြစ်သည်။ ဘုရားသခင်သည် အနန္တဉာဏ်တော်ရှင်နှင့် အလွန်အံ့သြ ဖွယ်ကောင်းသောဘုရား ဖြစ်တော်မူသည်။ 
ကိုယ် တော်သည် လောတစ်ခုလုံးကို ကယ်တင်တော်မူရန် သားတော်သ ခင်ယေရှုကို စေလွှတ်တော်မူခဲ့သည်။ ထိုကြောင့် အပြစ်ဖြေရာ ယဇ်သည် အဆင်သင့်ဖြစ်ခဲ့သည်။ ယခုတွင် သခင် ယေရှု၏ခေါင်း ပေါ်သို့ လက်များတင်၍ လောကအပြစ်များအားလုံး ၏အပြစ်များ အားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းပေးမည့် လူ သားများ အားလုံးကိုယ်စားပြုသူရှိရမည် ဖြစ်သည်။ ထိုကိုယ်စားပြုသူမှာ ဗတ္တိ ဇံယောဟန် ဖြစ်သည်။ ဘုရားသခင်သည် သခင်ယေရှုမတိုင်မီ လူသားအားလုံးကိုယ်စားပြုသူကို စေလွှတော်မူခဲ့သည်ဟု သမ္မာ ကျမ်းစာတွင် ဖော်ပြထားသည်။ ထိုသူမှာ လူသားများ၏နောက် ဆုံးယဇ်ပရောဟိတ်၊ ဗတ္တိဇံယောဟန် ဖြစ်သည်။ မဿဲ ၁၁း၁၁ တွင် “သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင်ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ် သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏”ဟု ရေးထားခဲ့သည်။ သူသည် လူသား များ၏ကိုယ်စားပြုသူသာ ဖြစ်သည်။ ကိုယ်တော်သည် လူသားများ အားလုံးကို ကိုယ်စားပြုသူအဖြစ် ယောဟန်ကို စေလွှတ်တော်မူခဲ့ သောကြောင့်သူသည်သခင်ယေရှုကိုဗတ္တိဇံပေးအပ်တော်မူခဲ့၍ ကိုယ် တော့်အပေါ်သို့ လောကအပြစ်များအားလုံးကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ 
ကမ္ဘာပေါ်တွင်ရှိသောလူ ခြောက်ဘီလီယံတို့သည် သခင်ယေရှု ထံ ယခုလာ၍ သူတို့အပြစ်များကို လွှဲ‌ပြောင်းရန် သခင်ယေရှုအပေါ် သို့ မိမိလက်များတင်ခဲ့ကြလျှင် ကိုယ်တော်၏ခေါင်းပေါ်သို့ မည် သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ဤကမ္ဘာပေါ်တွင် ရှိသောသူ ခြောက်ဘီလီယံထက်များသောသူများသည် သခင်ယေရှုအပေါ် မိမိ လက်များကို တင်ကြလျှင် လှပသောမြင်ကွင်းဖြစ် လိမ့်မည် မဟုတ် ပေ။ စိတ်အားထက် တန်သောလူအချို့တို့သည် အလွန်ဖိနှိပ်နိုင် သောကြောင့် ကိုယ်တော်၏ဆံပင်များသည် ကျွတ်ကျနိုင်သည်။  ထို ကြောင့် ဘုရားသခင်သည် မိမိဉာဏ်တော်အားဖြင့် ကျွန်ုပ်တို့ကိုယ် စားပြုဖြစ်ရန် ယောဟန်ကို ခန့်အပ်တော်မူခဲ့၍ သခင်ယေရှုအပေါ်သို့ လောကအ ပြစ်များအားလုံးကို တစ်ကြိမ်တည်းလွှဲပြောင်းစေတော်မူ ခဲ့သည်။ 
မဿဲ ၃း၁၃ တွင် “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏”ဟု မှန်တမ်းတင်ခဲ့သည်။ ဤအချိန်တွင် သခင်ယေရှု သည် အသက် ၃၀နှစ်ရှိခဲ့သည်။  သခင်ယေ ရှုသည် ဖွားမြင်တော် မူခဲ့ပြီးနောက် ၈ ရက်တွင် အရေဖျားလှီးခြင်းခံခဲ့၍ သူသည် ထိုအချိန် မှစ၍ အသက် ၃၀ အထိ ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်ခဲ့သည်။ 
သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းနှင့်အ ညီ ကောင်းကင်ဆိုင် ရာယဇ်ပရောဟိတ်တရားဝင်ဖြစ်လာရန် အသက် ၃၀အထိ စောင့် ဆိုင်းရန် လိုအပ်ခြင်းအကြောင်းရင်း ဖြစ်သည်။ တရားဟောရာ ကျမ်းတွင် ယဇ်ပုရောဟိတ်သည် ယဇ်ပုရောဟိတ်အမှု မထမ်း ဆောင်မီး အသက် ၃၀ နှစ်စောင့်သင့်သည်ဟု ဘုရားသခင်သည် မောရှေ့ထံပြောကြားတော်မူခဲ့သည်။ သခင်ယေရှုသည် ကောင်းကင် ဆိုင်ရာ ယဇ်ပုရောဟိတ်ကြီး ဖြစ်တော်မူခဲ့သည်။ သင်သည် ဤအရာကို ယုံကြည်သလော။ 
ဓမ္မသစ်ကျမ်း၊ မဿဲ ၃း၁၃-၁၄ တွင် “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ် တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟုဆို၏”ဟု ဖော်ပြထားသည်။ မည်သူသည် လူသားများ ကိုယ် စားပြုသူ ဖြစ်သနည်း။ ဗတ္တိဇံယောဟန် ဖြစ်သည်။  ထို နောက် မည်သူသည် ကောင်းကင်ကိုယ်စားပြုသနည်း။ သခင်ယေရှု ခရစ်တော် ဖြစ်သည်။ ကိုယ်စားပြုသူနှစ်ပါးတို့သည် တွေ့ခဲ့ကြသည်။ ထိုနောက် မည်သူသည် ပို၍ ကြီးမြတ်သနည်း။  ဟုတ်ပါသည်။ ကောင်းကင်ကိုယ်စားပြုသူမှာ ပို၍ ကြီးမြတ်သည်။ 
ထိုကြောင့် ထိုနေ့ရက်များမတွင် “မြွေပွေးအမျိုး၊ နောင်တ ရပါ”ဟု ဘာသာရေးခေါင်းဆောင်များထံ ရဲဝံ့စွာ ကြွေးကြော်သူ ဗတ္တိ ဇံယောဟန် ရှိခဲ့သည်။ သူသည်သခင်ယေရှုမတိုင်မီ နှိမ့်ချက်စွာ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွ လာတော်မူပါသလော”ဟု ဆို၏။”
ဤအချက်တွင် သခင်ယေရှုက “ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့် စုံစေသင့်၏” ဟု မိန့်တ်ောမူခဲ့သည်။ သခင်ယေရှုသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူရန်အတွက် ဤလောကသို့ ကြွလာတော်မူခဲ့၍ ဗတ္တိဇံယောဟန်သည် ကိုယ်တော်ကို ဗတ္တိဇံပေးခဲ့ သောအခါ ထိုအရာသည် ပြည့်စုံခဲ့သည်။  
“ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ ယေရှုသည်ဗတ္တိဇံခံပြီးနောက်ရေထဲမှထွက်လာသည်နှင့်ကောင်းကင် သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်း သက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။”
ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ဤအရာဖြစ် ပျက်ခဲ့သည်။ ဗတ္တိဇံယောဟန်အားဖြင့် ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခဲ့၍ လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သောအခါ ကောင်းကင်တံခါးများသည် ဖွင့်ဟခဲ့သည်။ 
“ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်း ကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏” (မဿဲ ၁၁း၁၂)။ 
ဘုရားသခင်၏ပရောဖက်များနှင့် ပညတ်တော်အားလုံးသည် ဗတ္တိဇံယောဟန်အကြောင်းကို ပရောဖက်ပြုခဲ့ ကြသည်။  “ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။” ကိုယ်တော်၏ဗတ္တိဇံကို ယုံ ကြည်သူအားလုံးသည် ခြွင်းချက်မရှိ ကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်နိုင်ကြသည်။ 
 

“ငါသည်လည်း သင့်ကိုအပြစ်ဒဏ်မစီရင်”

သခင်ယေရှုသည် ဘာကြောင့် ကားတိုင်ပေါ်တွင် တရားစီရင်ခြင်း ခံတော်မူခဲ့သနည်း
ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်များကိုယူဆောင်သွားတော် မူခဲ့သောကြောင့် ဖြစ်သည်

သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့ ၍ လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထိုနောက် ကိုယ်တော်သည် အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်ကျူး လွန်၍ အဖမ်းခံရသူ အမျိုးသမီးအား “ငါသည်လည်း သင့်ကို ပြစ် ဒဏ်မစီရင်”ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ယောဒန်မြစ်၌ လောက အပြစ်များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့၍ ထိုမိန်းမ သာမက ကိုယ်တော်တိုင် ထိုအပြစ်များအတွက် တရားစီရင်ခြင်းခံရ မည်ဖြစ်သောကြောင့် ကိုယ်တော်သည် ထိုမိန်းမကို တရားစီရင် တော်မမူခြင်း ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ်များ အားလုံးကိုဖယ်ရှားပေးတော်မူခဲ့သည်။“အပြစ်၏အခကား သေခြင်း” (ရောမ ၆း၂၃) ဖြစ်သောကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် ခံရမည့် နာကျင်မှုကို ကိုယ်တော်သည် စိုးရိမ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရကြသည်။ ဤတရားစီ ရင်ခြင်းကို ကိုယ်တော့်ထံမှ ယူဆောင်ရန် သံလွင်တောင်ပေါ်တွင် ကိုယ်တော်သည် ဘုရားသခင် ထံ သုံးကြိမ်တိုင်တိုင် ဆုတောင်းတော်မူခဲ့သည်။ သခင်ယေရှုသည် အခြားသောလူများသားကဲ့သို့ အသွေးအ သားပိုင်ဆိုင်တော်မူသော ကြောင့် ကိုယ်တော်သည် နာကျင်မှုကို ကြောက်ခဲ့သည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ရသည်။ သခင်ယေရှုသည် တရားစီ ရင်ခြင်း ကို ပြည့်စုံစေတော်မူရန် အသွေးတော်သွန်းလောင်းတော်မူခဲ့ခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ အပြစ်ဖြေရာယဇ်ကောင်းများသည် အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ရန် အသွေးသွန်းလောင်းသကဲ့ သို့ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ရ မည် ဖြစ်သည်။  ကိုယ်တော်သည် လောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့ရွေး နှုတ်ခြင်းအတွက် မိမိအသက်ကို ပေးအပ်ရမည် ဖြစ်သည်။  ကိုယ် တော်သည် ဘုရားရှေ့တော်၌ တရားစီရင်ခြင်းခံရတော်မူသည်ကို သိတော်မူခဲ့သည်။ 
သခင်ယေရှုသည် မိမိစိတ်နှလုံးသား၌ အပြစ်တစုံတခုမျှ မရှိခဲ့ သော်လည်း ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကိုယ်တော့်အပေါ်သို့ အပြစ်များအားလုံးကို လွှဲပြောင်းခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင် သည် ယခုတွင် မိမိသားတော်ကို တရားစီရင် ခြင်းခံရမည် ဖြစ်သည်။ ထိုကြောင့် ပထမနေရာတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံ၍ ဒုတိယအနေဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ကိုယ်တော်၏မေတ္တာတော်ကို ကျွန်ုပ်တို့အပေါ် ချပေးရမည် ဖြစ် သည်။ သို့ဖြစ်၍ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် တရားစီရင် ခြင်းခံတော်မူခြင်း ဖြစ်သည်။ 
“ငါသည်လည်း သင့်ကို အပြစ်ဒဏ်မစီရင်၊ တရားမစီရင်။” ကြံစည်ခြင်း သို့မဟုတ် မကြံစည်ခြင်း၊ အသိအမှတ်ပြုခြင်း သို့မ ဟုတ် အသိအမှတ်မပြုခြင်းအပြစ်များအားလုံးကို ဘုရားသခင်သည် တရားစီရင်တော်မူလိမ့်မည် ဖြစ်သည်။ 
သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်တော်မမူ ပေ။ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိအပေါ်သို့ ကျွန်ုပ်တို့အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှုကို ဘုရား သခင်သည် တရားစီရင်တော်မူခဲ့သည်။ ကိုယ်တော် ၏မေတ္တာတော် နှင့်ဂရုဏာတော်ကြောင့်ဘုရားသခင်သည် အပြစ်သားများကို တရား စီရင်တော်မမူပေ။ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်မှာ ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ ‌ရွေးနှုတ်ခြင်းမေတ္တာတော် ဖြစ် သည်။ “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤ သည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏”(ယောဟန် ၃း၁၆)။
ဤအရာကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်ကို သိကြခြင်း ဖြစ်သည်။  သခင်ယေရှုသည် အိမ်ထောင်ရေးဖောက်ပြန် မှုအပြစ်ကျူးလွန်၍အဖမ်းခံရသူ မိန်းမကို တရားစီရင်တော်မမူခဲ့ပေ။ 
သူမသည် အိမ်ထောင်ရေးဖောက်ပြန်မှု အပြစ်ကျူးလွန်၍ အဖမ်းခံရသူအပြစ်သားတစ်ဉီးဖြစ်ခဲ့သည်ဟု သိခဲ့သည်။ သူမသည် မိမိနှလုံးသား၌ အပြစ်ရှိရုံမက မိမိကိုယ်ခန္ဓာဖြင့် ၎င်းကို ထမ်းခဲ့ သည်။ သူမသည် မိမိအပြစ်အတွက် ငြင်းဆိုနိုင်မည် နည်းလမ်းမရှိ ခဲ့ပေ။ သို့သော် သခင်ယေရှုသည် သူမ၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်ဟု သူမယုံကြည်ခဲ့သောကြောင့် သူမ သည် ကယ်တင်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့သည် သခင် ယေရှု၏ရွေး နှုတ်ခြင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းခံရ ကြလိမ့်မည်။ ယုံကြည်ပါ။ ထိုအရာသည် သင်၏အကျိုးအတွက် ဖြစ်သည်။

မည်သူများသည် ကောင်းကြီးမင်္ဂလာ အခံရဆုံးဖြစ်ကြသနည်း
အပြစ်မရှိသောသူများ

လူသားအားလုံးသည် အပြစ်ကျူးလွန်ကြသည်။ သို့သော် လူသားအားလုံးသည် မိမိအပြစ်များအတွက် တရားစီရင်ခြင်း မခံရ ကြပေ။ လူသားအားလုံးသည် အိမ် ထောင်ရေးဖောက်ပြန်မှုအပြစ် ကျူးလွန်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ကျူးလွန်ခဲ့ကြ သော်လည်းသခင်ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းကိုယုံကြည်သူများ သည် မိမိနှလုံးသားများ၌ အပြစ်ကင်းစင်ကြသည်။ သခင်ယေရှု၏ ကယ်တင်ခြင်းကို ယုံကြည်သူတစ်ဉီးသည် ဝမ်းမြောက်ဆုံးသောသူ ဖြစ်သည်။ မိမိအပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရသောသူများ သည် ကောင်းကြီးမင်္ဂလာအခံစားရ ဆုံးသောသူများ ဖြစ်ကြသည်။  တစ်နည်းအားဖြင့် ယခုတွင် သူတို့သည် သခင်ယေရှုအားဖြင့် ဖြောင့် မတ်သူများ ဖြစ်ကြသည်။ 
ရောမ ၄း၇ တွင် ဝမ်းမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား ““တရားမဲ့သောအမှုများကို ခွင့် လွှတ်ခြင်းခံရသောသူ၊ အပြစ်များကို ဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားအပြစ်မယူသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် သေသည့်အထိ တိုင်အောင် အပြစ်ကျူးလွန်ကြသည်။  ကျွန်ုပ်တို့သည် ဘုရားရှေ့ တော်၌ ပညတ်မဲ့ကြ၍ မစုံလင်ကြပေ။ ကျွန်ုပ်တို့သည် ကိုယ်တော် ၏ပညတ်တော်ကို သတိချပ်ကြပြီးနောက်ပင် အပြစ်ကို ဆက်လက် ကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် အလွန်အားနည်းကြသည်။ 
သို့သော် ဘုရားသခင်သည် တစ်ပါးတည်းသောသား တော်၏ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အား ရွေးနှုတ်တော်မူ၍ ကျွန်ုပ်တို့၊ သင်နှင့်ကျွန်တော်တို့အား ကျွန်ုပ်တို့သည် အပြစ်သားများ မဟုတ်ကြသည်ကိုလည်းကောင်း၊ ယခုတွင် ကျွန်ုပ်တို့သည် ကိုယ် တော့်ရှေ့တော်၌ ဖြောင့်မတ်သူများဖြစ်ကြသည်ဟု ပြောကြားတော် မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်ကြသည်ဟု ကိုယ်တော်ပြောကြားတော်မူသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ထာဝရရွေးနှုတ်ခြင်း သတင်းကောင်း ဖြစ်သည်။  သင်သည် ထိုအရာကို ယုံကြည်သ လော။  ကိုယ်တော်သည် ယံဒကြည်သူများအပေါ် ‌ဖြောင့်မတ်သူများ၊ ရွေး နှုတ်ခြင်းခံရသူများနှင့် ကိုယ်တော်၏သားသမီးများဖြစ်ကြသည် ဟု မှည့်ခေါ်တော်မူသည်။ မည်သူသည် ဤလောက၌ ဝမ်းမြောက် ခြင်းအခံရဆုံးသောသူဖြစ်သနည်း။ ယုံကြည်သူနှင့် စစ်မှန်သောသ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရသောသူ ဖြစ်သည်။ သင်သည် ရွေးနှုတ်ခြင်းခံခဲ့ရပြီလော။ 
သခင်ယေရှုသည် သင်၏အပြစ်များကို ချန်ထားတော်မူခဲ့သ လော။ မဟုတ်ပေ။ ကိုဘ်တော်သည် ဗတ္တိဇံအား ဖြင့် သင်၏အပြစ် များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့သည်။ ထိုအရာကို ယုံကြည် ပါ။  ယုံကြည်၍ သင်၏အပြစ်များအားလုံးမှ ရွေးနှုတ် ခြင်းခံယူပါ။ 
 

တံမြတ်စည်းဖြင့် ဖယ်ရှားလိုက်ပါ

သခင်ယေရှုသည် အပြစ်မည်မျှ ဖယ်ရှားတော်မူခဲ့သနည်း
လောကအပြစ်များ အားလုံး
 
ယောဟန် ၁း၂၉ ကို ဖတ်ကြပါစို့။  “နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း” (ယောဟန် ၁း၂၉)။
“ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။”
ဗတ္တိဇံယောဟန်သည် ယောဒန်မြစ်၌ သခင်ယေရှုအပေါ်သို့ လောကအပြစ်များအားလုံးကို လွှဲပြောင်းပေးတော်မူခဲ့သည်။ နောက် တစ်နေ့တွင်သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူ ဆောင် သွားတော်မူခဲ့သောဘုရားသခင်၏သိုးသူငယ်ဖြစ်တော်မူ သည်ဟု သူသက်သေခံခဲ့သည်။  ကိုယ်တော်သည် လောကအပြစ် များအားလုံးကို မိမိပခုံးပေါ်သို့ ယူဆောင်သွားတော်မူခဲ့သည်။ 
လောကအပြစ်များအားလုံးသည် ဖန်ဆင်းခြင်းမှ ကမ္ဘာကုန် ဆုံးသည့်အထိ ဤလောက၌ လူသားများကျူးလွန်ခဲ့သောအပြစ်များ အားလုံးကို ရည်ညွှန်းသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင် သွား‌ တော်မူခဲ့၍ ကျွန်ုပ်တို့အား ရွေးနှုတ်တော်မူခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏သိုးသငယ် တော်အဖြစ် ကျွန်ုပ်တို့အပြစ်များအားလုံး ကို ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့အဝွက် တရားစီရင်ခြင်းခံ တော်မူခဲ့သည်။ ကျွန်ုပ်တို့လူသားများကျူးလွန်ခဲ့သောအပြစ်များအား လုံးကို သခင်ယေရှု အပေါ်သို့ လွှဲပြောင်းပေးခဲ့သည်။  ကိုယ်တော် သည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော ဘုရားသခင်၏သိုးသငယ်တော် ဖြစ်တော်မူသည်။ 
သခင်ယေရှုသည် ဤလောကသို့ နှိမ့်ချသောလူတစ်ဉီး၊ လော အပြစ်သားများအားလုံးကို ကယ်တင်တော်မူမည့်အရှင် အဖြစ် ကြွ ဆင်းတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် အားနည်း၍ ဆိုးသွမ်းကြကာ နမော်နမဲ့နေကြသောကြောင့် လည်းကောင်း၊ ရီစရာကောင်း၍ မစုံလင်ကြသောကြောင့်လည်း ကောင်း အပြစ်ကျူးလွန်ကြသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် အားလုံး၏ဘိုးဘေးဖြစ်သူ အာဒံ ထံမှ အပြစ်ကို အမွေခံရကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ကျူး လွန်ကြသည်။ ဤအပြစ်များအားလုံးကို ဖယ်ရှားခဲ့၍ ယောဒန်မြစ်၌ ကိုယ်တော်၏ဗတ္တိဇံ အားဖြင့် သခင်ယေရှု၏ဉီးခေါင်းပေါ်သို့ချထားခဲ့ ပြီး ဖြစ်သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် မိမိကိုယ်ခန္ဓာအ သေခံတော်မူခြင်းအားဖြင့် ၎င်းတို့အားလုံးကို နိဂုံးချုပ်တော်မူခဲ့ သည်။ ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းခံရတော်မူခဲ့သော်လည်း ဘုရား သခင်သည် ကိုယ်တော်အား သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့သည်။  
အပြစ်သားများ အားလုံး၏ကယ်တင်ရှင်၊ ရက်ရက်စက်စက်အ သေခံတော်မူခြင်း၊ တရားသူကြီးအဖြစ် ယခုတွင် ကိုယ်တော်သည် ဘုရားသခင်၏လက်ျာဘက်၌ စိုးစံ‌တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား မကြာခဏ ကယ်တင်တော်မူရန် မလိုအပ်ပေ။ ကျွန်ုပ် တို့လုပ်ဆောင်ရမည့်အရာအားလုံးမှာ ကယ်တင်ခြင်းခံရရန် ကိုယ် တော်ကို ယုံကြည်ခြင်း ဖြစ်သည်။  ယုံကြည်သူများအား ထာဝရ အသက်ကစောင့်ကြို၍ မယုံကြည်သူများကို ပျက်စီးခြင်းက စောင့် ကြိုနေသည်။ အခြားရွေးချယ်စရာတစ်ခုမျှ မရှိပေ။ 
သခင်ယေရှုသည် သင်တို့အားလုံးကို ရွေးနှုတ်တော်မူခဲ့သည်။ သင်တို့သည် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးသောသူများ ဖြစ်ကြသည်။ သင်သည် မိမိအားနည်းချက်များကြောင့် အနာဂတ်၌ အပြစ်များအ မှန်အကန် ကျူးလွန်မည်ဖြစ်သော်လည်း ကိုယ်တော်သည် ထိုအပြစ် များအားလုံးကိုလည်း ယူဆောင်သွားတော်မူခဲ့သည်။
သင်၏နှလုံးသား၌ အပြစ်တစ်စုံတစ်ခုမျှ ကျန်သေးသလော။— မကျန်တော့ပေ—။
သခင်ယေရှုသည် အပြစ်အားလုံးကို ယူ ဆောင်သွားတော်မူခဲ့ သလော။  —ယူဆောင်သွား တော်မူခဲ့သည်။ —
လူသားအားလုံးသည် အတူတူပင် ဖြစ်သည်။ မည်သူမည် ဝါမျှ မိမိအိမ်နီးချင်းထက် ပို၍ မသန့်ရှင်းကြပေ။ သို့သော် လူများစွာတို့ သည် သူတော်ကောင်းဟန်ဆောင်သူများအဖြစ် သူတို့သည် အပြစ် သားများမဟုတ်ကြပေဟု ယုံကြည်ကြသော်လည်း သူတို့သည် အ ပြစ်သားများ ဖြစ်ကြသည်။ ဤလောကသည် အပြစ်ကို ပြုစုပျိုး ထောင်ပေးသော မှန်လုံအိမ်ဖြစ်သည်။ 
မိန်းမများသည် မိမိအိမ်များမှ အပြင်သို့ ထွက်ခွါသွားခဲ့ကြသော အခါ သူတို့သည် နှုတ်ခန်းနီဆိုး၍ မိမိမျက်နှာများပေါ်တွင် အလှပြင် ကြကာ သူတို့ဆံပင်များကို ကောက်စေ၍ လှပသောအဝတ်အစား များကို ဝတ်ဆင်လျက် တောင့်မြှင့်ဖိ နပ်များကို စီးခဲ့ကြသည်။ ယောက်ျားများသည်လည်း သူတို့ဆံပင်ညှပ်ရန် သွားကြ၍ မိမိကိုယ်ကိုကိုယ် အလှဆင်ကြကာ သန့်ရှင်းသောရှပ်အင်္ကျီများနှင့် ဖက်ရှင်များကို ဝတ်လျက် လှပသောရှူးဖိနပ်များကို ဝတ်ကြသည်။ သို့သော် သူတို့သည် အပြစ်ပန်းသဏ္ဌာန်အားဖြင့် ဘုရင်နှင့်ဘုရင်မ များနှင့်တူကြသော်လည်း သူတို့သည် အတွင်း၌ လုံးဝအညစ်အ ကြေးသာ ဖြစ်ကြသည်။ 
ငွေကြေးသည် လူများကို ဝမ်းမြောက်စေနိုင်သလော။ ကြွယ်ဝချမ်းသာမှုသည် လူများကို ဝမ်း‌မြောက်စေနိုင်မည်လော။ ဝမ်း မြောက်ခြင်းမပေးနိုင်ပေ။ ထာဝရရွေး နှုတ်ခြင်း၊ အပြစ်များအားလုံးမှ လွှတ်မြောက်ခြင်းသာလျှင် လူများကို အမှန်အကန် ဝမ်းမြောက်စေ နိုင်သည်။  လူတစ်ဉီးသည် အပြစ်ပန်း သဏ္ဌာန်အားဖြင့် မည်သို့ပင် ဖြစ်စေကာမူ သူနှလုံးသား၌ အပြစ်ရှိလျှင် သူသည် စိတ်ပျက်နုံချာ ဖွယ်ကောင်းသည်။ ဤသို့သောပုဂ္ဂိုလ်တစ်ဉီးသည် တရား စီရင်ခြင်း ကြောက်စိတ်ဖြင့် အသက်ရှင်သည်။ 
ရွေးနှုတ်ခြင်းခံခဲ့ပြီးသောလူတစ်ဉီးသည် အန္တရာယ်များ၌ပင် ခြင်္သေ့တစ် ကောင်ကဲ့သို့ ရဲရင့်သည်။ သူ၏နှလုံးသား၌ အပြစ်မရှိပေ။ “ကျွန်တော်ကဲ့သို့သော အပြစ်သားတစ်ဉီးကို ကိုယ်တော် ကယ်တင် တော်မူခဲ့သောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ် တော်သည် ကျွန်တော့်အပြစ်များအားလုံးကို ဖယ်ရှား ပေးတော်မူခဲ့ သည်။ ကျွန်တော်သည် ကိုယ်တော်၏မေတ္တာတော်ကို လက်ခံရန် မထိုက်တန်သည်ကို ကျွန်တော်သိသော်လည်း ကျွန်ုပ်ကို ကယ်တင် တော်မူခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ ကျွန်တော် သည်အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံခဲ့ရတယ်။ ဘုရားဘုန်း တော် သာ၍ ထင်ရှားပါစေသော်။” 
ရွေးနှုတ်ခြင်းခံရသော လူတစ်ဉီးသည် အမှန်အကန်ပျော်ရွင် သောသူ ဖြစ်သည်။ ကိုယ်တော်၏ရွေး‌နှုတ်ခြင်း ကျေးဇူးတော်အား ဖြင့် ကောင်းကြီးမင်္ဂလာခံရသောသူတစ်ဉီးသည် အမှန်အကန် ဝမ်း မြောက်သောသူ ဖြစ်သည်။ “ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်” ဖြစ် တော်မူသော သခင်ယေ ရှုသည် ကျွန်ုပ်တို့အပစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သောကြောင့်  ကျွန်ုပ်တို့မှာ အပြစ်မရှိကြပေ။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအမှုကို “ပြီးဆီး” စေတော်မူခဲ့သည်။  သင်နှင့်ကျွန်တော်တို့အပါအတွင် အပြစ်များအား လုံးသည် ‘လောအပြစ်များ’၌ပါဝင်သောကြောင့် ကျွန်ုပ်တို့အားလုံး သည် ကယ်တင်ခြင်းခံရကြသည်။ 
 

ဘုရားသခင်၏အလိုတော်အားဖြင့်

ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၌  ရှိကြသောအခါ ကျွန်ုပ်တို့နှလုံးသားများ၌  အပြစ်ရှိကြသလော
အပြစ်မရှိကြပေ

မိတ်ဆွေ တို့ခင်ဗျား၊ အိမ်ထောင်ရေးဖောက်ပြန်မှုအပြစ်ကျူး လွန်၍ အဖမ်းခံရသောအမျိုးသမီးသည် သခင်ယေရှု၏စကားများကို ယုံကြည်ခဲ့၍ ကယ်တင်ခြင်းခံခဲ့ရသည်။ သူမသည် ကိုယ်တော်၏ထာ ဝရရွေးနှုတ်ခြင်းဖြင့် ကောင်းကြီးမင်္ဂလာခံခဲ့ရသောကြောင့် သမ္မာ ကျမ်းစာတွင် သူ့အကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။ သို့သော် သူတောင်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရှိရှဲ များသည် သခင်ယေရှုထံတော်မှ  ထွက်ခွါခဲ့ကြသည်။ 
သင်သည် သခင်ယေရှုကို ယုံကြည်ကြလျှင် ကောင်းကင်နိုင်ငံ တော်သည် သင့်ကို စောင့်ဆိုင်းသော်လည်း သင်သည် သခင်ယေ ရှုကို စွန့်ပစ်လျှင် အပ္ပါယ်ငရဲသို့ သွားရမည် ဖြစ်သည်။ သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအမှုများကို ယုံကြည်လျှင် ကောင်းကင် ကဲ့သို့ဖြစ်သော်လည်း သင်သည် ကိုယ်တော်ပြုတော်မူသောအမှုများ ကို မယုံကြည်လျှင် အပ္ပါယ်ငရဲနှင့်တူသည်။ ရွေးနှုတ်ကယ်တင်ခြင်း မှာ လူတစ်ဉီးချင်းစီတိုင်း၏ကြိုးစားအား ထုတ်မှုအပေါ်မမူတည်ဘဲ သခင်ယေရှု၏ကယ်တင်ခြင်းအပေါ်၌သာ မူတည်သည်။ 
ဟေဗြဲ ၁၀ ကို ဖတ်ကြပါစို့။  “ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး၎င်းတို့၏ပုံသဏ္ဌာန် အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။ အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။ သို့သော် ထိုသို့ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်များကိုနှစ်စဉ် ပြန်လည်အောက်မေ့ကြ၏။ အကြောင်းမူကား နွား လားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။ ထို့ ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါ“ကိုယ်တော် သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာတို့ကိုအလိုမရှိဘဲ အကျွန်ုပ်တွက် ကိုယ်ခန္ဓာကိုပြင်ဆင်ထားတော်မူ၏။ 6ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။ ထိုအခါ အကျွန်ုပ်က ‘ကျမ်းစာအုပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း ကိုယ် တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏ဘုရား’ဟု လျှောက်လေ၏”ဟူ၍ မိန့်တော်မူ၏။ ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ် ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။ ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏”(ဟေဗြဲ ၁၀း ၁- ၁၀)။ 
 “ဘုရားသခင်၏အလိုတော်အားဖြင့်”သခင်ယေရှုသည်ကျွန်ုပ်တို့ အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူရန် မိမိ အသက်ကို စတေးတော်မူခဲ့၍ အပြစ်အားလုံးကို တစ်ကြိမ်တည်းတ ရားစီရင်ကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ 
ထိုကြောင့် ကျွန်ုပ်တို့သည် စင်ကြယ်ခဲ့ကြခြင်း ဖြစ်သည်။  “သန့်ရှင်းစေခြင်းခံရခြင်း” (ဟေဗြဲ ၁၀း၁၀)ကို ပစ္စုပ္ပန်ပြည့်စုံသောဝါ ကျဖြင့် ရေးသားခဲ့သည်။ ကျွန်ုပ်တို့၏ရွေးနှုတ်ခြင်းသည် လုံးဝပြည့်စုံ ခဲ့၍ အခြားတဖန်ဖော်ထုတ်စရာမလိုအပ်သည်ကို ဆိုလိုသည်။ သင် သည် စင်ကြယ်ခြင်းခံခဲ့ပြီး ဖြစ်သည်။  
“ယဇ်ပုရောဟိတ်အားလုံးသည်နေ့စဉ်ရပ်လျက်ဝတ်ပြုကာ အ ပြစ် များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက် မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။ အ ကြောင်းမူကား ကိုယ်တော်သည် တစ်ခုတည်းသောပူဇော်သက္ကာအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူတို့အား ထာဝစဉ်စုံလင်စေတော် မူ၏” (ဟေဗြဲ ၁၀း၁၁-၁၄)။ 
သင်တို့အားလုံးသည် ထာဝရစင်ကြယ်ခြင်းခံရကြသည်။ သင် သည် မနက်ဖြန်အပြစ်များကျူးလွန်ခဲ့လျှင် အပြစ်သားတစ်ဖန်ဖြစ် လိမ့်မည်လော။ သခင်ယေရှုသည်လည်းအပြစ်များကိုလည်း ယူ ဆောင်သွားတော်မူခဲ့သည်မဟုတ်လော။ ကိုယ်တော်သည် ယူ ဆောင်သွား‌တော်မူခဲ့သည်။  ကိုယ်တော်သည် အနာဂတ်အပြစ် များကိုလည်း ယူဆောင်သွားတော်မူခဲ့သည်။ 
 “သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ငါတို့အားသက်သေခံ၍ “ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက် တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့ မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေး ဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ” (ဟေဗြဲ ၁၀း၁၅-၁၈)။
 ‘ဤအရာများ၏အပြစ်ဖြေလွှတ်ခြင်း’ စကားစုမှာ လောကအ ပြစ်များအားလုံးကို ကိုယ်တော်သည် ဖြေလွှတ်တော်မူခြင်းကို ဆိုလို သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်၊ ကျွန်တော်၏ ကယ်တင်ရှင်နှင့် သင်၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ သခင်ယေရှု သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်ပါ။ ဤအ ရာသည် သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းဖြစ်၍ ဘုရားသခင်ထံ တော်မှ အကြီးမားဆုံးသောကျေးဇူးတော်နှင့် ဆုကျေးဇူးတစ်ပါး ဖြစ် သည်။ အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရသော သင်နှင့်ကျွန်တော် တို့သည် အားလုံးထက် ကောင်းကြီးမင်္ဂလာအခံစားရဆုံးသောသူများ ဖြစ်ကြသည်။