Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-4] ယေရှု၏ဗတ္တိဇံမှာ အပြစ်သားများအတွက် ကယ်တင်ခြင်းပုံဆောင်ချက် ဖြစ်သည် (၁ ပေ ၃း၂၀-၂၂)

ယေရှု၏ဗတ္တိဇံမှာ အပြစ်သားများအတွက် ကယ်တင်ခြင်းပုံဆောင်ချက် ဖြစ်သည်
(၁ ပေ ၃း၂၀-၂၂)
“ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့် ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။ ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရား သခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။ ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန် ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။”
 

ကျွန်ုပ်တို့သည် မည်သည့်အရာဖြင့် ဖြောင့်မတ်သူများဖြစ်လာကြသနည်း
ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်

ကျွန်ုပ်တို့သည် ဤ‌လောက၌ မမွေးဖွားကြမီတောင် ဘုရား  သခင်သည် ကျွန်ုပ်တို့ကိုသိနှင့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ် သားများအဖြစ်မွေးဖွားကြ၍လောကအပြစ်များအားလုံးကိုယူဆောင် သွားသော ကိုယ်တော်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ယုံကြည်သူများ အားလုံးကို ကယ်တင်တော်မူမည့်အကြောင်း ကိုယ်တော်သိတော်မူခဲ့ သည်။ ကိုယ်တော်သည် ယုံကြည်သူများအားလုံးကို ကယ်တင်တော် မူခဲ့၍ သူတို့ကို ကိုယ်တော်၏လူများဖြစ် စေတော်မူခဲ့သည်။ 
ဤအရာအားလုံးမှာ ဆာလံ ၈း၄ တွင်“လူသည်မည် သို့သောသူဖြစ်၍ကိုယ်တော်သည်သူ့ကိုအောက်မေ့တော်မူရသနည်း” ဖော်ပြ ထားသည့်အတိုင်း ဘုရားသခင်၏ကျေးဇူးတော်အဖြေ ဖြစ်သည်။ အပြစ်များအားလုံးမှကယ်တင်ခြင်းခံရသောရွေးနှုတ်ခြင်းခံရ သောသူ များသည် ကိုယ်တော်၏အထူးမေတ္တာတော်ကို ခံစားရသော သူများ ဖြစ်ကြသည်။သူတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများမဖြစ်လာမီ၊ ဖြောင့်မတ်သူများမဖြစ်လာမီနှင့် ကယ်တင်ခြင်းမခံရမီနှင့် ခမည်း တော်ကို ခေါ်ဖိတ်ရန် အခွင့်အရေးမရမီ အသွေးနှင့်ဝိညာဉ်တော်ကို သာ ယုံကြည်သူကျွန်ုပ်တို့သည် မည်သူများဖြစ်ကြသနည်း။ ကျွန်ုပ် တို့သည် အပြစ်သားများဖြစ်ကြ၍ ကျန်းမာလျှင် ဤလောက၌ နှစ် ပေါင်း ၇၀နှစ် သို့မဟုတ် ၈၀ နှစ်အသက်ရှင်သောအပြစ်သားများမျှ သာ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များကို မဆေးကြောမီ၊ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်၏သတင်းကောင်းကို ယုံကြည်  ခြင်းမရှိမီ ကျွန်ုပ်တို့သည် သေချာပေါက်ပျက်စီးမည့် မဖြောင့်မတ် သူများ ဖြစ်ကြသည်။ တမန်တော်ရှင်ပေါလု သည် သူဖြစ်သည့်အ တိုင်းသူဖြစ်သည်ဟု ကိုယ်တော်၏ကျေးဇူး တော်အပေါ် အကြွေး တင်သည်ဟု ပြောခဲ့သည်။ 
ထိုနည်းတူ၊ ယခုတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဖြစ်သည့်အ တိုင်းဖြစ်ခြင်းမှာကိုယ်တော်၏ကျေးဇူးတော်ကြောင့်ဖြစ်သည်။ ကိုယ် တော်၏ကျေးဇူးတော်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ကြသည်။ ဖန်ဆင်းရှင်သည် ဤလောကသို့ ကြွဆင်း တော်မူ၍ ကျွန်ုပ်တို့အား ကယ်တင်တော်မူလျက် ကိုယ်တော်၏သားသမီးများ၊ ကိုယ်တော်၏ လူများဖြစ်စေတော်မူသည်။ ရေနှင့်ဝိညာဉ်တော်၏ကယ်တင်ခြင်း ကျေးဇူးတော်အတွက်ကိုယ်တော့်ကိုကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများ၊ ဖြောင့်မတ်သူများဖြစ်လာရန် ခွင့်ပြုတော်မူခြင်းအကြောင်းမှာအ ဘယ်အရာနည်း။ ကျွန်ုပ်တို့သည် ချောမောလှပကြသောကြောင့် ဖြစ်သလော။ကျွန်ုပ်တို့သည်ချမ်းသာကြွယ်ဝကြသောကြောင့် ဖြစ်သ လော။ သို့မဟုတ်  ကျွန်ုပ်တို့သည် အလွန်ကောင်း ကြသောကြောင့် ဖြစ်သလော။ ကျွန်ုပ်တို့သည် ထိုအကြောင်းကို စဉ်းစား၍ ကျေးဇူး တော်ချီးမွမ်းကြပါစို့။ 
အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိပုံသဏ္ဌာန် တော်နှင့်အညီဖန်ဆင်းတော်မူခဲ့၍ ကိုယ်တော်နှင့်အတူ ကောင်းကင် နိုင်ငံတော်တွင် အသက်ရှင်စေတော်မူသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်အတူ ထာဝရအ သက်ရှင်အောင်ခွင့်ပြုတော်မူရန် မိမိလူများဖြစ်စေတော်မူခဲ့သည်။  ထိုအရာမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ဖြင့် ကောင်းကြီးမင်္ဂလာချပေးတော်မူခြင်း၏အကြောင်းရင်းတစ်ခု ဖြစ် သည်။  ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိလူများဖြစ်စေတော်မူ ခြင်းမှာ ကျွန်ုပ်တို့သည် အခြားသောဖန်ဆင်း ထားသောအရများ ထက် ပို၍ကောင်းခြင်း၊ ပို၍ထိုက်တန်ခြင်းနှင့် ပို၍မြင့်မြတ်သော အသက်တာဖြင့် အသက်ရှင်သောကြောင့် မဟုတ်ပေ။  ထိုသို့ဖြစ် ရခြင်းအကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသော ကြောင့် ဖြစ်သည်။
“ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏” (၁ ပေ ၃း၂၁)။“ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏” (၁ ပေ ၃း၂၀)။ 
အနည်းငယ်ကသာ၊ တစ်မြို့တွင် တစ်ဉီးနှင့် မိသားစုတစ်စု တွင် နှစ်ဉီးသာ ကယ်တင်ခြင်းရရှိခဲ့သည်။ ထိုနောက် ကျွန်ုပ်တို့သည် အခြားသူများထက် ပို၍ကောင်းမွန်သလော။ လုံးဝမကောင်းပေ။ ကျွန်ုပ်တို့အားလုံးသည် ထိုသို့ အထူးမဟုတ်ကြသော်လည်း ရေနှင့် ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းခံရကြသည်။
အံ့သြဖွယ်နိမိတ် လက္ခဏာများမှ အံ့သြဖွယ်အကောင်းဆုံးနိ မိတ်လက္ခဏာမှာကျွန်ုပ်တို့သည်ကယ်တင်ခြင်းရရှိခဲ့ကြ၍ကိုယ်တော် အား ခမည်းတော်၊ သခင်အဖြစ် ခေါ်နိုင်သော ဘုရားသခင်မှ အနှိုင်း မဲ့ဆုကျေးဇူးနှင့် ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဤအရာကို မငြင်းဆိုနိုင်ကြပေ။ ကျွန်ုပ်တို့သည် အပြစ်သား ဖြစ်ကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်ကို ခမည်းတော်သို့ သခင်အဖြစ် မည်သို့ ခေါ်နိုင်ကြသနည်း။ 
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြသည်ဟူသောအချက်ကို ကျွန်ုပ်တို့စဉ်းစားကြည့်လျှင်ဘုရားသခင်သည် ကျွန်ုပ်တို့ကို အခြေအ နေမဲ့ချစ် တော်မူသည်ကို ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ကိုယ်‌တော်ကို ကျေးဇူးမတင်နိုင်ကြသလော။  ဘုရားသခင်၏မေတ္တာ တော်နှင့်ကောင်းကြီးမင်္ဂလာများမရှိခဲ့လျှင် ကျွန်ုပ်တို့သည် မွေးဖွားခဲ့ ၍ ဆင်းရဲနုံချာဖွယ်ကောင်းသောဘဝများဖြင့် အသက်ရှင်၍ သေ သောအခါ အပ္ပါယ်ငရဲသို့ နိဂုံးချုပ်ကြလိမ့်မည်။ ကျွန်ုပ်တို့အား ကိုယ် တော်၏မျက်စိများ၌ကိုယ်တော်၏သားသမီးများဖြစ်စေရန် ထိုက် တန်ခွင့်ပေးသော ဘုရားသခင်၏ကောင်းကြီးမင်္ဂလာများနှင့် မေတ္တာ တော်အတွက် ဘုရားသခင်ကို အကြိမ်ကြိမ်ကျေးဇူးတင်ကြသည်။ 
 


သခင်ယေရှု၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ထံ ပေးထားခဲ့ သော မြင့်မြတ်သောကယ်တင်ခြင်း


နောဧခေတ်၌လူများသည် ဘာကြောင့် ပျက်စီးရကြသနည်း
သူတို့သည် ရေ (ယေရှု၏ဗတ္တိဇံ)ကို မယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်

 “ဗတ္တိဇံခေါ် ငါတို့ကို ယခုကယ်တင်သောပုံဆောင်ချက် တစ်ခု ရှိသည်။” ပေတရုသြဝါဒစာပဌမစောင်တွင် ရေအားဖြင့် ဝိညာဉ်ရှစ် ပါးသာ ကယ်တင်ခြင်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။ နောဧခေတ် တွင် လူမည်မျှ ရှိခဲ့သနည်း။ ကျွန်ုပ်တို့သည် ထိုအချိန်တွင် မည်မျှ ရှိသည်ကို သိနိုင်မည့်နည်းလမ်းမရှိသော်လည်း ထိုအချိန်တွင် တစ် သန်းခန့်ရှိခဲ့သည်ဆိုကြပါစို့။ လူတစ်သန်းမှ နောဧတို့မိသားစု ၈ ဉီး သာ ကယ်တင်ခြင်းခံရကြသည်။ 
ယနေ့တွင် အချိုးအစားအတူတူ ဖြစ်သည်။ ယခုချိန်တွင် ကမ္ဘာပေါ်တွင် ၈ သန်းကျော်ရှိသည်ဟု ဆိုကြသည်။ ယနေ့ သခင် ယေရှုကို ယုံကြည်သူများအကြား အပြစ်များဆေးကြောခြင်းခံရ သောသူ မည်မျှရှိကြသနည်း။ ကျွန်ုပ်တို့သည် မြို့တစ်မြို့ကိုသာ ကြည့်ကြလျှင် သူတို့အားလုံးမှ အနည်းငယ်သာ ရှိသည်။ 
ကျွန်တော်နေထိုင် သောမြို့တွင် လူ ၂၅၀,၀၀၀ ခန့်ရှိရာမှ လူပေါင်း မည်မျှသည် သူတို့ အပြစ်များမှ ရွေးနှုတ်ခြင်းခံရကြသ နည်း။ ၂၀၀ ခန့်လော။ ထိုနောက် အချိုးအစားမျှ မည်မျှ ဖြစ်သနည်း။ လူတစ်ထောင်မှ တစ်ဉီးတည်းသာ ရွေးနှုတ်ခြင်းကောင်းကြီးမင်္ဂလာ ခံစားခဲ့ရသည်ကို ဆိုလိုသည်။ 
ကိုးရီးယားနိုင်ငံတွင် ကဲသိုလိတ်များအပါအဝင် ခရစ်ယာန် သန်းပေါင်း ၁၂ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုသူများထဲက လူ ‌ပေါင်းမည်မျှသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်း ခံရကြသနည်း။  နောဧခေတ်တွင် တစ်ကမ္ဘာလုံးလူဉီးရေမှ ၈ ဉီးက သာ ကယ်တင်ခြင်းခံရကြသည်ဟု ကျွန်တို့မှတ်ထားသင့်ကြသည်။ သခင်ယေရှုသည် အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့ ခြင်းအားဖြင့် ကိုယ်တော်၏ဗတ္တိဇံကို ယုံကြည်သူများ အားလုံး၏အ ပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် သိ၍ ယုံကြည်သင့်ကြသည်။ 
သခင်ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော် အားဖြင့် ကျွန်ုပ်တို့အားလုံးကို ရွေးနှုတ်တော်မူခဲ့သည်ဟု ယုံကြည်သူ များစွာ မရှိကြပေ။ ‘သခင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်း’ နာမည် ကျော်ပုံပန်းချီကားကို ကြည့်ပါ။  ထိုနေရာတွင် ရှင်ပြန် ထမြောက်ခဲ့သော မည်မျှ ထင်ရှားခဲ့သနည်း။ သခင်ယေရှုသည် မိမိလက်ကို ကျယ်ကျယ်ဆန့်၍ ပွေ့ချီခဲ့သော ယေရုရှလင်မြို့မှ သခင်ယေရှုထံသို့ လူအနည်းငယ်သာ ရောက်လာခဲ့ကြသည်ကို တွေ့ နိုင်သည်။ သူတို့အကြား မည်မျှသည် သီအိုလော်ဂျီပညာရှင်များ သို့မဟုတ် အမှုတော်ဆောင်များဖြစ်ကြသည်ကို ခန့်မှန်းကြည့်ပါ။ 
ယနေ့၊ ကမ္ဘာပေါ်တွင် သီအိုလော်ဂျီပညာရှင်များစွာရှိကြသော် လည်း အနည်းငယ်ကသာ သခင်ယေရှုအား ရွေးနှုတ်ခြင်းသမ္မာတ ရားမဏ္ဏိုင်အြဖစ် သိ၍ ယုံကြည်ကြသည်ကို သခင်ယေရှုသည် နှိမ့်ချ တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သည်ဟု သီအိုလော်ဂျီအချို့တို့ကပြော၍ အချို့က ကိုယ်တော်သည် ကျွန်ုပ် တို့ လူသားများကျွန်ုပ်တို့ကဲ့သို့ ပို၍တူလာရန် ဗတ္တိဇံခံယူတော်မူခဲ့ သည်ဟု ပြောကြသည်။ သို့သော် ပေတရုနှင့်ယောဟန်တို့အပါအဝင် တမန်တော်များအားလုံးသည်သခင်ယေရှု၏ဗတ္တိဇံအား ကိုယ်တော့် အပေါ်သို့ကျွန်ုပ်တို့အပြစ်များလွှဲပြောင်းခြင်းဖြစ်သည်ဟု သက်သေခံ ခဲ့ကြ၍ ကျွန်ုပ်တို့သည်လည်း ယုံကြည်ကြသည်။ တမန်တော်များက ကျွန်ုပ်တို့အပြစ်များကို ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ လွှဲ ပြောင်းပေးခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင် သက်သေခံကြသည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ယုံကြည်ခြင်း  အားဖြင့် ရွေးနှုတ်ခြင်းခံရနိုင်ကြသည်ဟု ထိုအရာအပေါ် အံ့သြဖွယ် ကောင်းသောသက်သေခံချက်ရှိကြသည်။ 
 

‌ရွေးနှုတ်ခြင်းဗတ္တိဇံအကြောင်းနှင့်ပတ်သက်၍ ‘ဖြစ်နိုင်ချေ’ ဟူ၍မရှိပေ

မည်သူသည် ဘုရားသခင်၏ အကန့်အသတ်မဲ့ မေတ္တာကို ရရှိသနည်း
သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သောသူ ဖြစ်သည်

လူများသည် သခင်ယေရှုကို ယုံကြည်ရုံမျှဖြင့် ကယ်တင်ခြင်းရ ရှိမည်ဟု ထင်တတ်ကြသည်။ ဂိုဏ်းဂဏအားလုံးသည် သူတို့၏ယုံ ကြည်မှုများ၌ ကယ်တင်ခြင်းအကြောင်းကို နားလည်ကြ၍ လူများ စွာတို့က သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းမှာ ခရစ်ယာန်အသိုင်း အဝိုင်း၏ အယူဝါဒတစ်ခုအဖြစ်မျှသာ ဖြစ်သည်ဟု ထင်ကြသည်။ သို့သော် ထိုအရာသည် မမှန်ကန်ပေ။ ကျွန်တော်ဖတ်ခဲ့သော စာအုပ် ထောင်ချီတွင်သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ရွေးနှုတ် ခြင်းနှင့်ဘုရားသခင်၏ကယ်တင်ခြင်းအကြားဆက်နွယ်မှုကိုအထူးပြု သောကယ်တင်ခြင်းအကြောင်းစာအုပ်တစ်စုံတစ်အုပ် မျှမတွေ့ရပေ။ 
နောဧခေတ်က လူ ၈ယောက်သာ ယနေ့လူမည် မျှ ကယ်တင် ခြင်းခံရသည်ကို ကျွန်တော်မသိသော်လည်း လူများစွာ မဟုတ်နိုင် ပေ။ ကယ်တင်ခြင်း ခံရသောသူများသည် သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်သူများ ဖြစ်ကြသည်။ ကျွန်တော်သည် အသင်းတော်များစွာထံ သွားရောက်သောအခါ သမ္မာတရားသတင်း ကောင်းဖြစ်သော သခင်ယေ ရှု၏ဗတ္တိဇံသတင်းကောင်းဟောပြော သူ အနည်းငယ်သာရှိသည်ကို တဖန်အသိအမှတ်ပြုသည်။ ကျွန်ုပ်တို့ သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်၏ရွေးနှုတ်ခြင်းကို မယုံ ကြည်ကြလျှင် ကျွန်ုပ်တို့သည်အပြစ်သားများဖြစ်ကြ၍ မည်သို့ပင် ဘုရားကျောင်းသို့ သစ္စာရှိစွာတက် ရောက်စေကာမူ ကယ်တင်ခြင်းခံ ရမည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘဝတစ် လျှောက် ဘုရား ကျောင်းသို့ သစ္စာရှိစွာ တက်ရောက်နိုင်သော်လည်း ကျွန်ုပ်တို့သည် နှလုံးသားများ၌အပြစ်ရှိကြလျှင် ကျွန်ုပ်တို့သည် အ ပြစ်သားများဖြစ် ကြသေးသည်။ 
ကျွန်ုပ်တို့သည် နှစ်ပေါင်း ၅၀ ကျော် ဘုရားကျောင်းသို့ တက် ခဲ့လျှင်လည်း ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်ရှိကြသေးလျှင် နှစ် ပေါင်း ၅၀ အတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းမှာ အချည်းနှီး၊ မိစ္ဆာ ယုံကြည်မှု ဖြစ်သည်။ စစ်မှန်သောယုံကြည်ခြင်းတစ်ရက်တည်းရှိ လျှင်တောင် ပို၍ ကောင်းသည်။ သခင်ယေရှုကို ယုံကြည်သူများအ ကြားသခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့၏အဓိပ္ပါယ်ကိုမှန်ကန်စွာ ယုဒကြည်သူများသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်သည်။ 
စစ်မှန်သောယုံကြည်ခြင်းမှာ ဘုရားသခင်၏သားတော်သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ လောကအပြစ်များအားလုံး ယူ ဆောင်သွားတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သည် ဟူသောအချက်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးသောယုံကြည်ခြင်း ဖြစ် သည်။ သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့အတွက် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည် သင့်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်၍ ဂုဏ် တော်ချီးမွမ်းရန် ဤအရာကို သိသင့်သည်။  
ကျွန်ုပ်တို့သည် မည်သူများ ဖြစ်ကြသနည်း။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကယ်တင်ခြင်းခံကြ သော ယောကျ်ားများနှင့် မိန်းမများတို့၏သားသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို မည်သို့ ကျေးဇူးမ တင်ဘဲနေနိုင်ကြ မည်နည်း။  သခင်ယေရှုသည် ကျွန်ုပ်တို့အား ကယ်တင်တော်မူရန် အသက် ၃၀ နှစ်ရှိသောအခါ ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခဲ့ သည်။  ဤအရာအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သါားတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ် တွင် အသေခံတော်မူခဲ့သည်။ 
ကျွန်ုပ်တို့သည် ထိုအကြောင်းကို တွေးကြသောအခါ ကိုယ် တော်ကို နှိမ့်ချက်စွာ ကျေးဇူးမတင်ဘဲ မနိုင်ကြပေ။ ဤလောက၌ သခင်ယေရှုပြုတော်မူခဲ့သောအရာအားလုံးမှာ ကျွန်ုပ်တို့၏ကယ်တင် ခြင်းအတွက် ဖြစ်သည်ဟု ကျွန်ုပ်တို့ သိသင့်ကြသည်။ ပထမအနေ ဖြင့်၊ ကိုယ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အ သေခံကာ သုံးရာက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူလျက် ယခုတွင် ဘုရားသခင်၏လက်ျာတော်ဘက်၌ စိုးစံ တော်မူသည်။ ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းမှာ ခြွင်းချက်မရှိ ကျွန်ုပ်တို့အားလုံးအတွက် ဖြစ်သည်။ သခင်ယေရှု၏ကယ် တင်ခြင်း မှာ သင်နှင့်ကျွန်တော်တို့အားလုံးအတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်နှင့် ကောင်းကြီးမင်္ဂလာများအတွက် ဘု ရားသခင်ကို ချီးမွမ်းကြသည်။ 
အောက်ပါအတိုင်း သတင်းကောင်းသီချင်းတစ်ပိုဒ်ကို ကျွန်ုပ်တို့ သိကြသည်။ “♫လှပသော ပုံပြင်တစ်ပုဒ်။ ♫ကမ္ဘာ့လူသားများအား လုံးအကြား၊ ကျွန်ုပ်သည် ကိုယ်တော့်မေတ္တာနှင့်ကယ်တင်ခြင်းခံရ သောသူ။ ♫ကိုယ်တော့်မေတ္တာတော် အလွန်အံ့သြဖွယ်ရာ။ ♫ကိုယ် တော်မေတ္တာတော်၊ကျွန်ုပ်အတွက်။ လှပသောပုံပြင်တစ်ပုဒ်။ ♫ကမ္ဘာ့ လူသားများအားလုံးအကြား၊ ကျွန်ုပ်သည် ကယ်တင်ခြင်းခံရသောသူ၊ ကိုယ်တော်၏လူတစ်ဉီး။ ကိုယ်တော့်မေတ္တာတော်လွှမ်းခြုံ။ ♫အို ဘု ရားမေတ္တာတော်၊ ဘုရားကျေးဇူးတော်။ ♫အို ကိုယ်တော်မေတ္တာ တော်အံ့သြဖွယ်ရာ။ ကျွန်ုပ်အတွက် ကိုယ်တော့်မေတ္တာတော်။♫”
သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့ကို ကယ်တင်တော်မူ ရန် ကြွဆင်းတော်မူခဲ့၍ ကိုယ်တော်၏ဗတ္တိဇံရွေးနှုတ်ခြင်းသည် ကျွန်ုပ်တို့အတွက် ဖြစ်သည်။  သတင်းကောင်းမှာ ဒဏ္ဍာရီသက်သက် မဟုတ်ပေ။ ဆင်းရဲနုံခြာသောဘဝများမှ လှပသောဘုရားသခင်၏နိုင် ငံတော်သို့ ကျွန်ုပ်တို့ကို ချီးမြှောက်ပေးသော သမ္မာတရား ဖြစ်သည်။ ယုံကြည်ခြင်းမှာ ဘုရားသခင်နှင့် သင့်ကိုယ်တိုင်အကြား ဆက်နွယ်မှု ဖြစ်သည်ဟု ကျွန်ုပ်တို့သည် စိတ်ထဲတွင် မြဲမြဲမြံမြံစွဲလမ်းရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်ရန် ဤလော ကသို့ ကြွဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့ ၍ ကျွန်ုပ်တို့ အပြစ်များဆေးကြောရန် ကားတိုင်ပေါ်တွင် တရားစီရင် ခြင်းခံယူတော်မူခဲ့သည်။ 
သစ္စာရှိသောသူများသည် ဘုရားသခင်အား သူတို့၏ ခမည်း တော်ခေါ်နိုင်ခြင်းမှာ ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်သည်။ ကျွန်ုပ် တို့သည် သခင်ယေရှုကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်၍ ကျွန်ုပ်တို့ယုံကြည်မှုများဖြင့် အပြစ်မှမည်သို့ ကယ်တင်ခြင်းခံရနိုင် ကြမည်နည်း။ ကျွန်ုပ်တို့အတွက် ကိုယ်တော်အကန့်အသတ်မဲ့မေတ္တာ တော်ကြောင့် ထိုအရာဖြစ်နိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား အရင်ချစ်တော်မူခဲ့သော ကိုယ်တော့်ကြောင့် ကယ်တင်ခြင်းခံရကြ သည်။ 
 


သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို တစ်ကြိမ်တည်း ဆေးကြောပေးတော်မူခဲ့သည်


ကျွန်ုပ်တို့သည် တစ်ကြိမ်တည်း ကယ်တင်ခြင်းခံရသလော။ သို့မဟုတ် တဖြည်းဖြည်းခံရသလော
တစ်ကြိမ်တည်းခံရသည်

“သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏”( ၁ ပေ ၃း၁၈)။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ ရွေးနှုတ်ခြင်းအတွက် ဗတ္တိဇံခံယူတော်မူခဲ့၍ မတရားသော သင်နှင့် ကျွန်တော်တို့ကို ကယ်တင်ရန် ကားတိုင်ပေါ်တွင် တစ်ကြိမ် တည်းအသေခံတော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ တရားစီရင် ခြင်းမှ ကယ်တင်ရန် ဤလောကသို့ တစ်ကြိမ်တည်း ကြွ ဆင်း တော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံ တော် သို့ ဝင်ရောက်၍ ဘုရားသခင်ရှေ့တော်၌ ထာဝရနေထိုင်မည့် အ  ကြောင်း ကိုယ်တော်သည် ဤလောကသို့ လူ့ဇာတိကို ခံယူရန် ကြွ ဆင်းတော်မူ၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအား လုံး ကို အကုန်အစင်ဆေးကြောပေးတော်မူ၍ ကားတိုင်ပေါ်တွင် အသေ ခံကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ 
သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အား လုံးဝကယ်တင်တော်မူခဲ့ သည်ဟုဟု သင်ယုံကြည်သ လော။ သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်၏သတင်း ကောင်းကို ယုံကြည်ခြင်းမရှိလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင် မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် အားနည်းနေကြသောကြောင့် သခင် ယေရှုသည် ဗတ္တိဇံနှင့်အသွေး တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးကို အကုန်အစင် ဆေးကြောပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ သည် ဒုတိယမွေးဖွားခြင်းခံရ နိုင်ကြမည်မဟုတ်ပေ။ ကိုယ်တော် သည်ကျွန်ုပ်တို့အပြစ်များအားလုံးကိုယူဆောင်သွားတော်မူရန် ဗတ္တိဇံ ခံယူတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ်တွင် တရားစီရင် ခြင်းခံ ယူတော်မူခဲ့သည်။  သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော် ၏ရွေးနှုတ်ကယ် တင်ခြင်းဖြင့် အပြစ်သားများ၏အပြစ်များအား လုံးကို ဆေးကြောပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်ကျူး လွန်သည်အချိန်တိုင်းနောင်တရခြင်း၊ တစ်ချိန်လုံးကောင်း၍ ကောင်း မှုကုသိုလ်ပြုခြင်း၊ ဘုရားကျောင်းသို့များစွာကို လှူဒါန်းခြင်း ပြုကြ လျှင် ကျွန်ုပ်တို့လူသားများအတွက် ရွေးနှုတ်ခြင်း ဖြစ်လာနိုင် မည်မ ဟုတ်ပေ။ 
ထိုကြောင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်ကိုယုံကြည်ခြင်းမှာကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် လုပ်ရမည့် အရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်အသွေးတော်ကို ယုံကြည်ရ ကြမည် ဖြစ်သည်။ ကောင်းမှုကုသိုလ်ပြုခြင်းသည် ကျွန်ုပ်တို့အပြစ် များဖြေလွှတ် ခြင်းနှင့် ဘာမျှ သက်ဆိုင်မှုမရှိပေ။ 
ဆင်းရဲသားများအတွက် တန်ဖိုးကြီးသောဝတ်စုံဝယ်ပေးခြင်း သို့မဟုတ်သင်းအုပ်ဆရာများအတွက် ချိုမြိန်သောအစားအစာ ကျွေး ခြင်းမှာ သင်၏ကယ်တင်ခြင်းအတွက် ဘာမျှ အကျိုးပြုလိမ့်မည် မဟုတ်ပေ။ သခင်ယေရှုသည် ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော် ကို ယုံကြည်သူများကိုသာ ကယ်တင်တော်မူသည်။  ဘုရားသခင် သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် တစ်ကြိမ်တည်းကယ်တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြ လျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ဘုရားသခင် သည်သမ္မာကျမ်းစာတွင်မိန့်တော်မူခဲ့သော်လည်း သူတို့သည် နောက် ထပ် အတွေးကို ထည့်သွင်းရကြမည်ဟု လူအချို့က ယူဆကြသည်။ သူတို့၏စိတ်ဆန္ဒအတိုင်းဖြစ်သော်လည်းကျွန်ုပ်တို့သည်နှုတ်ကပတ် တော်ကိုသမ္မာကျမ်းစာဖော်ပြသည့်အတိုင်းယုံကြည်သင့်ကြသည်။ 
ဟေဗြဲ ၁၀း၁-၁၀ တွင် ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို တစ်ကြိမ်တည်းကယ်တင်တော်မူခဲ့သည်ဟုရေးထားသည်။ ဘုရားသ ခင်သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများ ကိုတစ်ကြိမ်တည်းကယ်တင်တော်မူခဲ့ခြင်းမှာအမှန်အကန်ဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်သင့်ကြသည်။  “♫ကိုယ် တော်တစ်ကြိမ် အသေခံ၊အားလုံးကို ကယ်တင်။ ညီအစ်ကိုများ၊ ယုံကြည်၍ ရွေးနှုတ်ခြင်းခံပါ။ သခင်ယေရှု၏ဗတ္တိဇံအောက်၌ သင့် ဝန်များချပါ။♫” သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေး တော်သွန်းလောင်းတော်မူခြင်း အားဖြင့် ဆိုးညစ်၍အပြစ်များအား လုံးမှ ကျွန်ုပ်တို့ကို တစ်ကြိမ်တည်းကယ်တင်တော်မူခဲ့သည်။ 
 “မတရားသူအ တွက် တရားသောသူ”(၁ ပေ ၃း၁၈)။ သခင်ယေရှုသည် အပြစ်နှင့်ကင်းစင်သောဘုရားဖြစ်တော်မူ၍ ကိုယ် တော်အပြစ်လုံးဝ မကျူးလွန်ခဲ့ပေ။ ကိုယ်တော်သည် လူသားများကို အပြစ်များမှ ကယ်တင်တော်မူရန် ကြွလာတော်မူ၍ လူ့ဇာတိကို ခံယူတော်မူခဲ့သည်။  ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူခဲ့၍ ကျွန်ုပ် တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့ သည်။ ကိုယ်တော် သည် ကျွန်ုပ်တို့အားအပြစ်နှင့် မတရားမှုများမှ ကယ်တင်တော်မူခဲ့ သည်။ 
ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူသောအခါ သခင်ယေရှု အပေါ်သို့ လူသားများ၏မွေးဖွားသည့်အချိန်မှစ၍ သေသည့်အထိ အ ပြစ်များအားလုံးကို လွှဲပြောင်းခဲ့၍ ကိုယ်တော်သည် ကားတိုင်ပေါ် တွင် အသေခံတော်မူခဲ့သောအခါ တရားစီရင်ခြင်းမှ လူသားအားလုံး ကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်များအ တွက် ဗတ္တိဇံခံယူတော်မူခဲ့၍ သူတို့နေရာတွင် ရက်စက်စွာ အသေခံ တော်မူ ခဲ့သည်။  
ဤအရာသည် ကိုယ်တော်၏ဗတ္တိဇံ၏ရွေးနှုတ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် အပြစ်သားများဖြစ်ကြသူ ကျွန်ုပ်တို့အားလုံးကို တစ်ကြိမ်တည်းကယ် တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် မည်သို့ အားနည်းကြသနည်း။  သခင်ယေရှုသည် ကျွန်ုပ်တို့မွေးဖွား သည့်နေ့မစ၍ သေဆုံးသည့်နေ့အထိ အပြစ်များအားလုံးကို ရွေးနှုတ် တော်မူခဲ့၍ ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းအတွက် မိမိကိုယ်ကို ကိုယ် အသက်စတေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အ သွေးတော်အားဖြင့် ကျွန်ုပ်တို့အား တစ်ကြိမ်တည်းကယ်တင်တော်မူ ခဲ့သည်ဟု သခင်ယေရှုကို ယုံကြည်သူများကျွန်ုပ်တို့သည် ယုံကြည် သင့်ကြသည်။ 
ကျွန်ုပ်တို့သည် အားနည်း နေကြသော်လည်း သခင်ယေရှုသည် အားနည်းတော်မမူပေ။ ကျွန်ုပ်တို့သည် သစ္စာမရှိကြသော်လည်း သခင်ယေရှုသည် သစ္စာနှင့်ပြည့်စုံတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားတစ်ကြိမ်တည်း ကယ်တင်တော်မူခဲ့သည်။“ဘုရားသ ခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏”(ယောဟန် ၃း၁၆)။ ဘုရားသခင်သည် မိမိ၌တပါး တည်းသောသားတော်ကို ကျွန်ုပ်အား ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် လောကအပြစ်များအားလုံးကို ကိုယ်တော့်အပေါ် သို့ လွှဲပြောင်းရန် မိမိသားတော်ကို ဗတ္တိဇံခံစေတော်မူခဲ့သောကြောင့် ကိုယ်တော်သည် လူသားအားလုံးအတွက် တရားစီရင်ခြင်းကို ခံရ တော်မူနိုင်သည်။ 
ဤအရာသည် အလွန် အံ့သြဖွယ်ကောင်းသောကယ်တင်ခြင်း ပင်။ ဤအရာသည် အလွန်အံ့သြဖွယ်ကောင်းသော မေတ္တာတော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာနှင့် ကယ်တင်ခြင်း အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဘုရားသခင်သည်သ ခင်ယေရှု၏ရေနှင့်အသွေးတော်၊ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေး တော်၊ သခင်ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည် ဟူသောအချက်တို့ကို ယုံကြည်သူများကို ကယ်တင်တော်မူသည်။ သခင်ယေရှုကို ယုံကြည်သူများသည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အ သွေးတော်သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ နိုင်ကြ၍ ဖြောင့်မတ်သူများအဖြစ် ထာဝရအသက်ရရှိကြသည်။  ကျွန်ုပ်တို့အားလုံးသည် ထိုအရာကို ယုံကြည်ရ ကြမည် ဖြစ်သည်။ 
မည်သူသည်ကျွန်ုပ်တို့ကိုကယ်တင်တော်မူခဲ့သနည်း။ ကျွန်ုပ်တို့ ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင်လော။ သို့မဟုတ် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော်၏ ဖန်ဆင်းထားသောအရာတစ်စုံတစ် ခုလော။ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သူမှာ ဘုရားဖြစ်တော်မူသော သခင်ယေရှုဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရွေး နှုတ်ကယ်တင်ခြင်းကို ယုံကြည်ကြသောကြောင့် ကယ်တင်ခြင်းခံရ ကြ၍ ဤအရာမှာ ရွေးနှုတ်ခြင်းကယ်တင်ခြင်း ဖြစ်သည်။ 
 
 
သခင်ယေရှုသည် ကယ်တင်ခြင်းအရှင်ဖြစ်တော်မူသည်

‘ခရစ်တော်’၏ အဓိပ္ပါယ်မှာ အဘယ်နည်း
ယဇ်ပရောဟိတ်၊ ဘုရင်၊နှင့် ပရေဖက်ဖြစ်သည်

သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူသည်။ သခင် ယေရှု၏အဓိပ္ပါယ်မှာ ကယ်တင်ရှင်ဖြစ်၍ ခရစ်‌တော်၏အဓိပ္ပါယ်မှာ ‘ဘိသိက်ခြင်းခံရသောသူ” ဖြစ်သည်။ ဓမ္မဟောင်းကျမ်း တွင် ရှမွေလ က ရှောလုကို ဘိသိက်ခဲ့သောအခါ အမှုတော်ထမ်း ဆောင်ရန်အ တွက် ရှင်ဘုရင်များကို ဘိသိက်ခြင်း၊ ယဇ်ပရောဟိတ်များကို ဘိ သိက်ခြင်း၊ ပရောဖက်တစ်ပါးကိုဘိသိက်ခြင်းပြုသဖြင့် သူသည် ဘိ သိက်ခြင်းခံခဲ့ရသည်။ 
သခင် ယေရှုသည် ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ တာဝန် သုံးရပ်-ယဇ်ပရောဟိတ်၊ရှင်ဘုရင်နှင့်ပရောဖက်များအတွက်ဘိသိက် ခြင်းကို ခံတော်မူခဲ့သည်။ ကောင်းကင်ဆိုင်ရာ ယဇ်ပရောဟိတ်အ ဖြစ် လူသားများအားလုံး၏အပြစ်များကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သည်။ 
ကိုယ်တော်သည် ခမည်းတော်၏အလိုတော်ကို နာခံတော်မူသ ဖြင့် မိမိကိုယ်ကိုကိုယ် ခမည်းတော်ရှေ့တော်၌ ယဇ်ကောင်အဖြစ် ပူဇော်ခဲ့သည်။  “ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်မည်သူမျှခမည်းတော်ထံသို့မရောက်နိုင်ရာ”(ယောဟန် ၁၄း၆)။သခင်ယေရှုသည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသေခံ တော် မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော် မူခဲ့ခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်သူကျွန်ုပ်တို့ကို ကယ်တင် တော်မူခဲ့သည်။  
“အကြောင်းမူကား သတ္တဝါ၏အသက်သည် သွေး၌တည်၏” (ဝတ်ပြု ၁၇း၁၁)။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သောကြောင့် ဘုရားရှေ့တော်၌ ကိုယ်တော်၏ဘဝကို အပြစ်များအတွက် ပြစ် ကြွေးပေးဆပ်ခြင်းအဖြစ် ပူဇော်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ယုံ ကြည်သူများသည် ကယ်တင်ခြင်းခံရကြသည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ပြီးနောက် သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက်တော်မူ၍ အကျဉ်းထောင်၌ ပိတ်ပင်ခြင်းခံရ သောဝိညာဉ်များထံ သတင်းကောင်း ဟောပြောခဲ့သည်။ ရွေးနှုတ်ခြင်း မခံရသေးသောသူများသည် အပြစ်၏အကျဉ်းထောင်၌ ဝိညာဉ်ရေးရာ အကျဉ်းသားများနှင့်တူ၍ သခင်ယေရှုသည် သမ္မာတရားသတင်း ကောင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောတော်မူ သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူရန် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ပေးအပ်တော်မူခဲ့သည်။  ထိုအရာကို ယုံကြည်သူများအားလုံးသည် ဒုတိယမွေးဖွားခြင်းခံနိုင်ကြသည်။ 
 


သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်သည် အပြစ်သား များကို ကယ်တင်သည်


ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ကောင်းသောစိတ်ကို မည်သို့ ပိုင်ဆိုင်နိုင်ကြမည်နည်း
သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်

သခင်ယေရှုခရစ် တော်သည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်တော် မူ၍ ၁ ပေ ၃း၂၁ တွင် “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ် အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏”ဟု သက်သေခံထားသည်။ သခင်ယေရှု ၏ဗတ္တိဇံရေမှာ အပြစ်သားများ၏ကယ်တင်ခြင်းအတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် မိမိအပေါ်သို့ ဤအပြစ်များ ကို ယူဆောင်သွားတော်မူခြင်းအားဖြင့် အပြစ်သားများအားလုံး၏အ ပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်။ သင်သည် သခင်ယေရှု၏ ဗတ္တိဇံကို ယုံကြည်သလော။ ကျွန်ုပ်တို့နှလုံးသားများသည် ကိုယ် တော်၏ဗတ္တိဇံအားဖြင့်အပြစ်များအားလုံးမှ စင်ကြယ်စွာ ဆေးကြော ခြင်းခံရသည်ဟု သင်ယုံကြည်သလော။ ကျွန်ုပ်တို့နှလုံးသားများ သည် အပြစ်များအားလုံးမှ စင်ကြယ်စွာဆေးကြောခြင်းခံရသော် လည်း ကျွန်ုပ်တို့အသွေးအသားသည် အပြစ်ပြုသေးသည်။  
‘ဒုတိယမွေးခြင်း’မှာ လူတစ်ဉီးသည် အပြစ်တဖန်မ ပြုတော့ ခြင်းကို မဆိုလိုပေ။  ကျွန်ုပ်တို့ဒုတိယမွေးဖွားခြင်းခံရသောသူများ သည် အပြစ်ကျူးလွန်တတ်ကြသော်လည်း ကိုယ်တော်၏ဗတ္တိဇံကို ယုံကြည်ခြင်းများကြောင့် အပြစ်မှ နှလုံးသားများစင်ကြယ်ခြင်း ခံရကြသည်။ ထိုကြောင့် အထက်ကျမ်းချက်က “ဗတ္တိဇံသည် ကိုယ် ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏”(၁ ပေ ၃း၂၁)ဟု ဖော်ပြထားသည်။ 
သခင်ယေရှုသည် ကျွန်တော့်အပြစ်များကို ဆေးကြောပေး တော်မူခဲ့သောကြောင့်နှင့် ဘုရားသခင်သည် ကျွန်တော့်အတွက် တ ရားစီရင်ခြင်းခံတော်မူခဲ့သောကြောင့် ကျွန်တော်သည် ကိုယ်တော့်ကို မည်သို့ ဖြင့် မယုံကြည်ဘဲနေနိုင်မည်နည်း။ ဘုရားဖြစ်တော်မူသော သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်တော့်ကို ကယ်တင်တော်မူခဲ့ သည်ဟု ကျွန်တော်သိသဖြင့် ကိုယ်တော်ကို မယုံကြည်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ကျွန်ုပ်တို့သည် ဘုရား ရှေ့တော်၌ ကယ်တင်ခြင်းခံရကြ၍ ယခုတွင် ကျွန်ုပ်တို့စိတ်များ သည် သန့်ရှင်းကြသည်။  ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ ဟု ကျွန်ုပ်တို့မပြောနိုင်ကြသည့်အတိုင်း သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်များ အကုန်အစင် ဆေးကြောပေးတော်မမူဟု ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ မပြောနိုင်ကြပေ။ 
ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် မနောစိတ် များသည် အပြစ်ပြုရန် ပို၍အာရုံစူးစိုက်လာသောအခါ ၎င်းတို့က ကျွန်ုပ်တို့အားအမှားပြုသည့်အချိန်တိုင်းတွင်မှားသည်ဟု ပြောသည်။ ကျွန်ုပ်တို့မနောစိတ်သည် အနည်းငယ်မျှ နှောင့်ယှက်လျှင် ကျွန်ုပ် တို့သည် သခင်ယေရှု၏ဗတ္တိဇံ၏တန်ကို မိမိကိုယ်ကိုကိုယ် အသိမ ပေးလျှင် အပြစ်မှ လုံးဝလွှတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအရာ သည် ကောင်းသောစိတ်ထားများ ကျွန်ုပ်တို့ပိုင်ဆိုင်နိုင်သော တစ်ခု တည်းသောနည်းလမ်း ဖြစ်သည်။ 
မနောစိတ်များသည် ကျွန်ုပ်တို့အား နှောင့်ယှက်သောအခါ တစ်စုံတစ်ခုသည် မှားယွင်းသည်ကို ဆိုလိုသည်။ သခင်ယေရှု၏ ဗတ္တိဇံရေသည် အပြစ်၏အညစ်အကြေးများအားလုံးကို သန့်ရှင်းစေ သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ကို ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့စိတ်များပင်လျှင် စင်ကြယ် ရန် ဆေးကြောပေးတော်မူသည်။  ကျွန်ုပ်တို့သည် ဤအရာကို အမှန်အကန် ယုံကြည်ကြသောအခါ ကျွန်ုပ်တို့စိတ်ထားများသည် အမှန်အကန် စင်ကြယ်နိုင်သည်။ ကျွန်ုပ်တို့စိတ်များကို မည်သို့ စင်ကြယ်နိုင်မည်နည်း။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် ဖြစ်သည်။ လူတိုင်းသည် အပြစ်ရှိကြ၍ မွေးစက တည်းက ညစ်ညမ်းသောစိတ်ကို ရှိကြသော်လည်း ကျွန်ုပ်တို့အပြစ် များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲပြောင်းခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် အညစ်အကြေးများကို ဖယ်ရှားနိုင် ကြသည်။ 
ဤအရာသည် ဒုတိယ မွေးခြင်းခံရသောသူ၏ယုံကြည်ခြင်း ဖြစ်သည်။ ထိုအရာသည် သင် ဝန်ခံသောအရာတစ်စုံတစ်ခု၊ အလိုအလျောက်ဖြစ်လာ သောအရာ မဟုတ်ပေ။ သင်၏စိတ်သည် သန့်ရှင်းသလော။ သင်သည် ကောင်း သောဘဝဖြင့် အသက်ရှင်သို့မဟုတ် သင်၏အပြစ်များအားလုံး သခင် ယေရှုပေါ်သို့ လွှဲပြောင်း၍ ကိုယ်တော့်ကို ယုံကြည်သောကြောင့် စင်ကြယ်ခြင်း ဖြစ်သလော။ ဤယုံကြည်ခြင်းအားဖြင့်သာလျှင် သင် သည် စင်ကြယ်သောစိတ်ထားကို ရရှိနိုင်သည်။  
အသက်ဖြင့် စကားလုံးများရှိ၍ အသက်မပါသောစကားလုံးများ ရှိသည်။ လူသားအားလုံး၏စိတ်များသည် မည်သို့ သန့်ရှင်းနိုင်ကြ နည်း။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူနှင့် စိတ်များသန့်ရှင်းစေနိုင် သောတစ်ခုတည်း သောနည်းလမ်းမှာ သခင်ယေရှု၏ပြည့်စုံသော ရွေးနှုတ်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ကိုယ်တော်၏ဗတ္တိဇံကို ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို စင်ကြယ်စေသောအခါ ကာယ၏အ ညစ်အကြေးများဖယ်ရှင်းပေးသည်ကို မဆိုလိုသော်လည်း ကျွန်ုပ်တို့ စိတ်များကို ဘုရားသခင်အပေါ် စင်ကြယ်သည်ကို ဆိုလိုသည်။ ထိုအ တွက် ကိုယ်တော်သည် ကြွလာတော်မူ၍ ဗတ္တိဇံခံကာ ကားတိုင်ပေါ် တွင် အသေခံတော်မူလျက် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီး ယခုတွင်ကိုယ်တော်သည် ဘုရားသခင်၏လက်ျာဘက်၌ စိုးစံတော်မူ သည်။ အချိန်တန်လာသောအခါ ကိုယ်တော်သည် ဤလောကသို့ တဖန်ကြွလာတော်မူလိမ့်မည်။ “ခရစ်တော်သည်လည်း မိမိကိုစောင့် မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်”(ဟေဗြဲ ၉း၂၈)။  ကိုယ်တော်သည် ကိုယ်တော့်ကို စိတ်အား ထက်သန်စွာ စောင့်မြော်သောကျွန်ုပ်တို့ကို သိမ်းဆည်းရန် ပြန်လည် ကြွလာတော်မူလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ် ကင်းစင်ကြသည်။  
 

ယုံကြည်ခြင်း၏လက်တွေ့စမ်းသပ်မှ

ယေရှု၏ဗတ္တိဇံမပါဘဲ ကျွန်ုပ်တို့ သည်ကယ်တင်ခြင်းရနိုင်မည်လော
မရနိုင်ပေ

ဒါအီဂျွန်အသင်းတော်၌ ဆေးခန်းနှင့်မစီစဉ်သောအတွေ့ အကြုံ တစ်ခုကို ကျွန်ုပ်တို့ဉီးဆောင်ခဲ့ကြသည်။ 
ဒါအီဂျွန်အသင်းတော်၏ သင်းအုပ်ဆရာ သိက္ခာ တော်ရဆရာ ပက်ခ်က လင်မယားစုံတွဲတစ်တွဲထံ သခင်ယေရှု၏ ဗတ္တိဇံ၏အနက် အဓိပ္ပါယ်ဖော်ထုတ်ခြင်းမပါဘဲ လောက၌ အပြစ်မရှိပေဟု ပြောခဲ့ သည်။ သင်းအုပ်ဆရာများအားလုံးသည် သတင်း ကောင်းဟောပြော ကြသောအခါသခင်ယေရှု၏ဗတ္တိဇံအားဖြင့် ရွေးနှုတ်ခြင်းကို ချန်ထား ၍ သူ့ကို နေ့တိုင်းနောင်တရရန်သာ ဟောပြောခဲ့ကြသောကြောင့် ယောကျ်ားဖြစ်သူသည် အခြားအသင်းတော်များသို့ တက်ရောက် သောအခါ တရားဟောနေစဉ် အိပ်ပျော်လေ့ရှိကြသည်။ သို့သော် ဒါအီဂျွန်အသင်းတော်၌ သူသည် သခင်ယေရှုအပေါ်သို့ သူ၏အပြစ် များအားလုံးကို လွှဲပြောင်းခဲ့သည်ဟု ကြားရသောကြောင့် သူသည် တရားဒေသနာကို မျက်လုံးနှစ်ခုစလုံးဖွင့်၍ သေချာစွာ နားထောင်ခဲ့ သည်။ ထိုကြောင့် ၎င်း၏မိန်းမသည် သူ့အား ဘုရားကျောင်းသို့ အတူတူ တက်ရောက်ရန် ဆွဲခေါ်ဖို့ ပို၍ လွယ်ကူလာပါသည်။ 
တစ်နေ့၊ သူသည် ဘုရားကျောင်း၌ထိုင်နေစဉ် ရောမ ၈း၁ကို ကြားခဲ့ရသည်။ “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။”ထိုနောက် သူက ချက်ချင်း ‘အောင် မလေ၊ လူတစ်ဉီးက သခင်ယေရှုကို ယုံကြည်လျှင် အပြစ်မရှိသောသူ ဖြစ်တယ်။ ငါက သခင်ယေရှုကို ယုံကြည်သောကြောင့် ငါသည် လည်း အပြစ်မရှိပါ” ဟု တွေးခဲ့သည်။ 
ထိုကြောင့် သူက ခဲအိုနှင့် သူ၏သူငယ်ချင်းများစွာတို့ကို ဖုန်း ဆက်ခေါ်၍ “သင်တို့၏နှလုံးသား၌ အပြစ်ရှိသလား။ ရှိလျှင် သင်၏ ယုံကြည်ခြင်းမှာ မမှန်ကန်ပါ”ဟု ပြောခဲ့သည်။ ဤအချိန်တွင် သိက္ခာ‌တော်ရဆရာပက်သည် မနိုင်ခဲ့ပေ။  ယောကျ်ားက သခင်ယေ ရှု၏ဗတ္တိဇံအကြောင်းကို မသိခဲ့သော်လည်း သူသည် ယခုတွင် အပြစ် မရှိဟု ခုခံပြောဆိုခဲ့သည်။ 
ထိုနောက် လင်မယားပြဿနာများ စတင်လာခဲ့သည်။ မိန်းမ သည် ဘာသာရေး ပို၍ဆန်လာခဲ့သော်လည်း ၎င်း၏ယောကျ်ားသည် အပြစ်မရှိဟု သူပြောသောအခါ သူမသည် မိမိနှလုံးသား၌ အပြစ်ရှိခဲ့ သေးသည်။ ယောကျ်ားသည် အကြိမ်အနည်းငယ်ဘုရားကျောင်းသို့ သွားခဲ့သော်လည်း သူသည် အပြစ်မရှိတော့‌ပေဟု ပြောခဲ့သည်။ မိန်းမက နှစ်ဉီးစလုံးတွင် သူတို့၏နှလုံးသားများ၌ အပြစ်ရှိကြသည် ဟု ပြောခဲ့သည်။သူတို့သည် အချင်းချင်းစတင်ငြင်းခုံလာခဲ့ကြ သည်။ ‘သခင်ယေရှုခရစ်တော်၌ရှိသောသူများအပေါ် အ ပြစ်ဒဏ်စီရင်ခြင်း မရှိတော့ပေ’ ဖြစ်သောကြောင့် သူသည် အပြစ်မရှိကြောင်း ယောက်ျားက ခုခံပြောဆိုခဲ့သည်။မိန်းမက သူမ၏နှလုံးသား၌ အပြစ် ရှိခဲ့သေးသည်ဟု သူမ ငြင်းဆိုခဲ့သည်။ 
တစ်နေ့၊ သူ၏မိန်းမသည် အလွန်စိတ်ဆိုးဒေါသထွက်သဖြင့် သူမသည် သွား၍ သိက္ခာ တော်ရဆရာ ပက်ထံ အပြစ်များအားလုံး သည် သခင်ယေရှုပေါ်သို့ လွှဲပြောင်းခဲ့သည်ဟု သူပြောသောအခါ မည်သည့်အရာကို ဆိုလိုသည်ကို မေးရန် ဆုံးဖြတ်ခဲ့သည်။ 
ထို‌ကြောင့် တစ်နေ့၊ ညဝတ်ပြုကိုးကွယ်ခြင်းပြီးနောက် သူ မသည် မိမိယောက်ျားကို အိမ်သို့လွှတ်၍ သူမသည် သိက္ခာတော်ရ ဆ ရာပက်ထံ မေးခွန်းတစ်ခုမေးမြန်းရန် ကျန်ရစ်ခဲ့သည်။ သူမက “ဆရာသည် ကျွန်ုပ်တို့အား တစ်စုံတစ်ခုကို ပေးရန် ကြိုးစားနေ တယ်ဆိုတာကို ကျွန်မသိသော်လည်း အရေးကြီးသောအစိတ်အပိုင်း တစ်ခု ဖုံးကွယ်သည်ကို ကျွန်တော်သေချာတယ်။ အဲဒါက ဘာလဲ ဆို တာကို ပြောပေးနိုင်မလား”ဟု မေးခဲ့သည်။ ထိုနောက် သိက္ခာတော်ရ ဆရာပက်က ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့် မွေးဖွားခြင်းအ ကြောင်းကို ပြောကြားခဲ့သည်။  
ရောမ ၈း၁ တွင် “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ”ဟု ဘာကြောင့် ရေးသား ခဲ့သည်ကို သူမသည် နားလည်သဘောပေါက်ခဲ့သည်။ သူမသည် တစ်ကြိမ်တည်း ယုံကြည်ခဲ့၍ ကယ်တင်ခြင်းခံခဲ့ရသည်။ နောက်ဆုံး တွင် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဗတ္တိဇံအားဖြင့် သခင်ယေရှုအ ပေါ်သို့ လွှဲပြောင်းခဲ့သောကြောင့် ခရစ်တော်၌ရှိသောသူများသည် အပြစ်ဒဏ်စီရင်ခြင်းမခံရတော့သည်ကို သူနားလည်သဘောပေါက် ခဲ့ရသည်။ သူမသည် နှုတ်ကပတ်တော်ကို နားလည်သဘောပေါက်ခဲ့ ရသည်။ ရွေးနှုတ်ခြင်းသော့ချက်မှာ သခင်ယေရှု၏ဗတ္တိဇံဖြစ်သည်ကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံ၏ရွေးနှုတ်ခြင်း အားဖြင့် ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသည်ကိုလည်းကောင်း သူ မသည် နောက်ဆုံးသိရှိခဲ့သည်။ သူမ၏ယောက်ျားသည် အိမ်သို့မပြန် ဘဲ အပြင်၌သာ စောင့်နေခဲ့သည်။ သူမ၏အပြစ်များအားလုံး ဆေး ကြောခြင်းခံရသည်ဟူသော သက်သေခံချက်ကို သူကနားထောင်ခဲ့ သောကြောင့် သူက “ကောင်းပြီ၊ မင်းက အခု ရွေးနှုတ်ခြင်းခံရသ လား” ဟု ဝမ်းမြောက်စွာ မေးခဲ့သည်။  
သို့သော် သူက သင်းအုပ်ဆရာသည် သူ၏မိန်းမ ထံပြောသော အရာများကို ကြားခဲ့ပြီးနောက် သူသည် စိတ်ရှုတ်ထွေး လာခဲ့သည်။ သူသည် သခင်ယေရှု၏ဗတ္တိဇံသတင်းကောင်းအကြောင်းကို တစ် ကြိမ်တစ်ခါမျှ မကြားခဲ့ဘူးပေ။  သူသည် သခင်‌ယေရှု၏ဗတ္တိဇံမပါ လျှင်တောင် သူ၏နှလုံးသား၌ အပြစ်မရှိသည်ကို သူသေချာခဲ့သည်။ ထိုကြောင့် အိမ်၌ သူတို့သည် တဖန်ငြင်းခုံခဲ့ကြသည်။ 
ဤအချိန်တွင် အခြေအနေသည် ပြောင်းပြန်လှန်ခဲ့သည်။ မိန်းမ က သူမ၏ယောက်ျားထံ နှလုံးသား၌ အပြစ်ရှိသလော၊ မရှိသလော ဟု ဖိနှိပ်ခဲ့သည်။  သူသည် သခင်ယေရှု၏ဗတ္တိဇံကို မယုံကြည်သော အခါ သူသည် မည်သို့အပြစ်ရှိ နိုင်မည်နည်းဟု သူမက သူ့ကို မေးခဲ့ သည်။ သူမက သူ့အား သူ၏စိတ်ကို နီးကပ်စွာ ကြည့်ရန် တိုက် တွန်းခဲ့သည်။ ထိုနောက်သူသည် မိမိနှလုံးသား၌အပြစ်ရှိသေးခဲ့ သည် ဟု မိမိစိတ်ကိုဆန်းစစ်သောအခါသူနားလည်သဘောပေါက်ခဲ့သည်။ 
ထိုကြောင့် သူသည် သက္ခာတော်ရဆရာပက်ထံသွား၍ သူ၏နှ လုံးသား၌ အပြစ်ရှိခဲ့သည်ဟု သူဝန်ခံခဲ့သည်။ သူက “သူတို့သည် ဆိတ်ထီး၏ခေါင်းပေါ်သို့ လက်များတင်ခဲ့ကြသောအခါ၎င်းကို မ သတ်မီ သို့မဟုတ် သတ်ခဲ့ပြီးနောက် အပြစ်လွှတ်ခြင်းခံရသလား” ဟုမေးခဲ့သည်။သူသည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမကြား ခဲ့ဖူးသောကြောင့် သူ က တုန်လှုပ်စွာ စိတ်ရှုပ်ထွေးခဲ့သည်။ 
ထိုအရာမှာ ဤဝိညာဉ်ရေးရာလက်တွေ့စမ်းသပ်မှု၏အချက် ဖြစ်သည်။ လောအပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲ ပြောင်းပေးနိုင်ရန် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သည်။  ထိုနောက် အပြစ်၏အခမှာ သေခြင်းဖြစ်သောကြောင့် ကိုယ်တော် သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ “သူတို့ သည် ယဇ်ကောင် မသတ်မီ သို့မဟုတ် သတ်ပြီးနောက် ၎င်း၏ခေါင်း ပေါ်တွင် သူတို့လက်များတင်ခဲ့ကြသလော။” သူသည် လက်များတင် ခြင်းနှင့် သခင်ယေရှု၏ဗတ္တိဇံအကြောင်းကို စိတ်ရှုပ်ထွေးခဲ့သော ကြောင့် သူသည် ဤအရာကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် သိက္ခာတော်ရဆရာပက်က သခင်ယေရှု၏ဗတ္တိဇံ၏ရွေး နှုတ်ခြင်းကို အသေးစိတ်ရှင်းပြခဲ့သည်။ 
ထိုနေ့တွင် ယောက်ျားသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ပထမဆုံးအကြိမ်ကြားခဲ့၍ ရွေးနှုတ်ခြင်းခံရကြသည်။  သူသည် တစ်ကြိမ်တည်း သတင်းကောင်းကို ကြား၍ ရွေးနှုတ်ခြင်း ခံရကြသည်။ 
ထိုအရာမှာသခင်ယေရှု၏ဗတ္တိဇံပယ်ထားခြင်းအပေါ်လက်တွေ့ စမ်းသပ်မှု ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်မရှိကြပေဟု ဆိုနိုင် ကြသော်လည်း ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံမပါဘဲ မိမိစိတ် များ၌ အပြစ်အမှန်အကန် ရှိကြသည်။ သခင်ယေရှုသည် ကားတိုင် ပေါ်တွင်အသေခံတော်မူခြင်းအားဖြင့် အပြစ်များအားလုံး ဆေးကြော ခြင်းခံခဲ့ရသည်ဟု လူများက ပြောလေ့ပြောထရှိကြသော်လည်း သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများသာလျှင် ဘုရားရှေ့တော်၌ အပြစ်အမှန်အကန်မရှိကြပေဟု ပြောနိုင် ကြ သည်။ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအား ဖြင့် ရွေးနှုတ်ခြင်းမပါဘဲ အပြစ်များမှ လုံးဝရွေးနှုတ်ခြင်းမရှိနိုင်ကြပေ ဟု သိက္ခာတော်ရဆရာပက်ကဤလင်မယားထံသက်သေပြသခဲ့သည်။
 


ကယ်တင်ခြင်းပုံဆောင်ချက်-သခင်ယေရှု၏ဗတ္တိဇံ


ကယ်တင်ခြင်းပုံဆောင်ချက်မှာ အဘယ်အရာနည်း
သခင်ယေရှု၏ဗတ္တိဇံ

“ဗတ္တိဇံခေါ် ယခုကျွန်ုပ်တို့အား ကယ်တင်သော ပုံဆောင် ချက်တစ်ခုလည်းရှိသည်။” သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ဆေးကြောရန် ကျွန်ုပ်တို့ကမ္ဘာသို့ ကြွဆင်းတော်မူခဲ့၍ ကျွန်ုပ်တို့စိတ်များကို မိုးပွင့်ပမာ ဖြူစင်စေတော်မူခဲ့သည်။ သခင်ယေ ရှုသည် ဗတ္တိဇံအားဖြင့် မိမိအပေါ်သို့ အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ စင် ကြယ်ခြင်းခံရကြသည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေးတော် အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် ဖန်ဆင်း ထားသောအရာအားလုံးသည် ကိုယ်တော့်ရှေ့မှ ဒူးထောက်သင့်ကြ သည်။ 
သခင်ယေရှုသည် ကျွန်ုပ်တို့ အားကယ်တင်တော်မူသည်ကို ယုံ ကြည်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာကြ၍ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ သွားကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ ကျွန်ုပ်တို့သည် ယဇ်ပရော ဟိတ်အမျိုးဖြစ်ကြသည်။ကျွန်ုပ်တို့သည်ဘုရားသခင်ကို ခမည်းတော် ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့သည်ဤလောက၌ အသက်ရှင်ကြ သော် လည်း ကျွန်ုပ်တို့သည် ဘုရင်များ ဖြစ်ကြသည်။ 
ဘုရားသခင်သည်ရေနှင့်ဝိညာဉ်တော်ရွေးနှုတ်ခြင်းကို ယုံကြည် သူ ကျွန်ုပ်တို့ကိုကယ်တင်တော်မူခဲ့သည်ဟု သင်အမှန်အကန် ယုံ ကြည်သလော။ ကျွန်ုပ်တို့ရွေးနှုတ်ကယ်တင်ခြင်းမှာ သခင်ယေရှု၏ ဗတ္တိဇံမပါဘဲ မပြည့်စုံနိုင်ပေ။  ဘုရားသခင်နှင့်သခင်ယေရှုတို့မှန်ကန် သည်ဟု ဝန်ခံသောယုံကြည်မှုမှာ ကျွန်ုပ်တို့အား လုံးဝကယ်တင်ခဲ့ သော ကိုယ်တော်၏ဗတ္တိဇံ၊ ကားတိုင်တော်နှင့် သန့်ရှင်းသောဝိညာဉ် တော်၏သတင်းကောင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ဤအရာသည် တစ်ခုတည်းသောစစ်မှန်သောယုံကြည်ခြင်း ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် အပြစ်များကို ယူ‌ဆောင်သွား တော်မူသောအခါ အပြစ်များဆေးကြောခြင်းခံရ၍ ကိုယ်တော်သည် ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူသောအခါကျွန်ုပ် တို့အပြစ်များအားလုံးပေးဆပ်ကျေအေးစေတော်မူခဲ့သည်။သခင်ယေ ရှုခရစ်တော်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ကယ် တင်တော်မူခဲ့သည်။  ဟုတ်ပါသည်။  ကျွန်တော် ယုံကြည်သည်။