Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-5] ဒုတိယမွေးခြင်း သတင်းကောင်း၏ မူလအဓိပ္ပါယ် (ယောဟန် ၃း၁-၆)

ဒုတိယမွေးခြင်း သတင်းကောင်း၏ မူလအဓိပ္ပါယ်
(ယောဟန် ၃း၁-၆)
“ဖာရိရှဲတို့ထဲတွင် နိကောဒင်အမည်ရှိသော ဂျူးလူမျိုးတို့၏အ ကြီးအကဲတစ်ဦးရှိ၏။သူသည် ညအခါ ယေရှုထံသို့လာ၍ “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတူပါရှိတော်မမူလျှင် ကိုယ်တော်ပြုနေသော ဤနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်”ဟု ပြန်၍မိန့်တော်မူ၏။နိကောဒင်ကလည်း “အသက်ကြီးသောသူသည်မည်ကဲ့သို့မွေးဖွားခြင်းခံနိုင်မည်နည်း။သူ့မိခင်၏ဝမ်းထဲသို့ က်တစ်ဖန်ဝင်မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။ ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင်ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။ အသွေးအသားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။”
 


ကျမ်းစာအရ ဒုတိယမွေးခြင်း၏ အနက်အဓိပ္ပါယ်သည် အဘယ်သို့နည်း


ဤလောကတွင် ယေရှုကိုသာမန်ယုံကြည်ရုံမျှလောက်ဖြင့် ဒုတိယ မွေးခြင်းကို လိုချင်သောသူမြောက်များစွာရှိသည်။ သို့သော်လည်း ဒုတိယ မွေးခြင်းသည် ကျွန်တော်တို့တာဝန်မဟုတ်ကြောင်းကို ပထမဦးစွာ ပြောပြ ချင်ပါသည်။ တနည်းအားဖြင့် ကျွန်တော်တို့ တစ်ဦးတည်းလုပ်ဆောင်မှုများ ဖြင့် ရရှိနိုင်သောအရာမဟုတ်ပါ။

ဒုတိယမွေးခြင်းသည်ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပြောင်းလဲမှုနှင့်ဆက် စပ်မှုရှိပါ သလား
ဒုတိယမွေးခြင်းသည် ဝိညာဉ်ဆိုင်ရာပြောင်းလဲမှုနှင့် သာဆိုင်သည်။ အ ပြစ်သားတစ်ယောက်အတွက် အပြစ်မဲ့သောသူဖြစ်စေပါသည်။

များသောအားဖြင့် ခရစ်ယာန်များသည် ဤကဲ့သို့သော လွဲမှားသော အယူအဆများရှိကြပါသည်။ ပြန်၍မွေးဖွားခြင်းရမည်ဟု စိတ်ချယုံကြည် ကြသည်။ တချို့သောသူများသည်အသင်းတော်အသစ်များအမြောက်အများ ဖွဲ့စည်းခြင်းအားဖြင့်ကယ်တင်ခြင်းရရှိရန် ကြိုးစားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်တကယ်မရောက်ရှိသေးသည့် ဝေးလံသောနေရာများ သို့မသွားဘဲလူတို့၏ကြားထဲ၌ သာသနာပြုသူများသဖွယ် နှုတ်ကပတ်တော် ကို ဟောပြောလျှက် မိမိကိုယ်မိမိ ဆက်ကပ်ကြသည်။ အမှန် တကယ်လိုအပ် သောနေရာများသို့မရောက်ဘဲ အခြားသောသူများနှင့် ပူးပေါင်းရန်ငြင်းဆန် လျှက် သူတို့၏အစွမ်းအစမှန်သမျှ အသုံးချခြင်းကို ဘုရားအမှုတော်မြတ် ဖြစ် သည်ဟု ယုံကြည်ကြပါသည်။ 
အားလုံးဤအတိုင်းဖြစ်ကြသည်မဟုတ်။ သူတို့၏ အသင်းတော် တွင်ငွေကြေးအမြောက်အများပေးလှူခြင်းဖြင့်ဖြစ်စေ၊နေ့တိုင်းဘုရားကျောင်း ကို လှည်းကျင်းခြင်းဖြင့်ဖြစ်စေ၊ ဆက်ကပ်သူများလည်းရှိကြသည်။ အားလုံး ခြုံကြည့်လျှင် မိမိ၏အချိန်နှင့် စည်းစိမ်ဥစ္စာများကို အသင်းတော်သို့ပေးလှူ ကြသည်။ ထိုသို့ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အသက်သရဖူကို ထိုက်ထိုက် တန်တန်ရရှိသည်ဟု ယုံကြည်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူ တို့၏ကြိုးစားအားထုတ်မှုကို ဘုရားသခင်သိမှတ်တော်မူပြီး ဒုတိယမွေးခြင်း အခွင့်ပေးမည်ဟု မျှော်လင့်ကြသည်။ 
ဤအချက်ကြောင့် ဒုတိယမွေးခြင်းကို ရလိုသူများအမြောက်အများ ရှိကြောင်း သိရှိနိုင်ပါသည်။ နေရာတကာတွင် ထိုသူတို့ကို တွေ့ရှိနိုင်ပါသည်။ တနေ့နေ့တချိန်ချိန်တွင် ဘုရားသခင်ကောင်းကြီးပေး၍ ဒုတိယမွေးခြင်းအ ခွင့်ပေးမည်ဟုမျှော်လင့်လျက်ဇွဲရှိရှိဖြင့်ကြိုးစားလုပ်ဆောင်ကြသည်။ ဘာ သာရေးအဖွဲ့အစည်းအမျိုးမျိုး၊ ကျမ်းစာကျောင်းများနှင့် ဆေးခန်းများအ မြောက်အများတည်ထောင်ကြသည်။ သူတို့သည်ဒုတိယမွေးခြင်း၏ အမှန်တ ရားကို မသိနားမလည်သောကြောင့်အလွန်ပင်ဝမ်းနည်းစရာကောင်းပါသည်။ 
သူတို့၏လုပ်ဆောင်မှုအတိုင်းအတာအတိုင်း အကယ်၍ တိတိကျ ကျလုပ်ဆောင်ခဲ့လျင် ဒုတိယမွေးဖွားခြင်းခံရမည်ဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့်သူတို့၏ကိုယ်စွမ်း၊ညာဏ်စွမ်းရှိသမျှစိုက်ထုတ်လျက် ထိုလုပ်ငန်း များတွင် မြုပ်နှံကြသည်။ ဒုတိယမွေးခြင်းခံရဖို့အလို့ငှာ လိုအပ်သော အုတ် မြစ်ချခြင်းဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် Rev. Wesly ကဲ့သို့ငါတို့လည်း ဒုတိ ယမွေးခြင်းခံရလိမ့်မည်ဟု ယုံကြည်ကြသည်။သူတို့သည် ယောဟန် ၃း၈ ဖတ်ရာတွင်ထိုကျမ်းပိုဒ်ကို ဒုတိယမွေးခြင်းကောင်းကြီးမင်္ဂလာသည် အဘယ် အရပ်ကလာ၍အဘယ်အရပ်သို့သွားသည်ကို အဘယ်သူမျှမသိနိုင်ဟုအ ဓိပ္ပါယ် ကောက်ယူကြသည်။ 
ထို့ကြောင့် တနေ့နေ့တချိန်ချိန်တွင် ယေရှုသည် သူတို့ကို ဒုတိယ မွေးခြင်းပေးပါလိမ့်မည်ဟူသော မျှော်လင့်ချက်များကြောင့် ဇွဲကောင်းကောင်း ဖြင့်လုပ်ဆောင်ကြသည်။ အကယ်၍ ထိုအမှုများကို ကြိုးစားစောင့်ရှောက်နိုင် ပါက တနေ့နေ့တချိန်ချိန်တွင် ယေရှုကလည်း ဒုတိယမွေးခြင်းကို အခွင့်ပေး ပါလိမ့်မည်ဟု ယုံကြည်သောသူမြောက်များစွာရှိကြသည်။ ဘာမျှသဘောမ ပေါက်နားမလည်တောင်မှ ဒုတိယမွေးခြင်းခံရသောသူဖြစ်လာပါလိမ့်မည်။ တစ်မနက်တွင်ဒုတိယမွေးခြင်းနှင့်ရိုးရိုးလေးနိုးထလာမည့်အပြင် ကောင်းကင် နိုင်ငံတော်တွင် ဝင်စားဖို့ရန် လျာထားခြင်းခံရပြီဖြစ်ကြောင်း သိပါသည်ဟု ဆိုတတ်သူများလည်းရှိကြသည်။ ထိုသို့သော မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်း သည် အချည်းအနှီးသာလျှင်ဖြစ် သည်။ 
ထိုနည်းလမ်းအားဖြင့် ကျွန်တော်တို့သည် ဒုတိယမွေးခြင်းကို ဘယ် သောအခါမျှရနိုင်လိမ့်မည်မဟုတ်ပေ။ သေရည်သေရက်နှင့် ဆေးလိပ်များကို ဝေးဝေးရှောင်ခြင်းဖြင့် လည်းကောင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်းဖြင့် လည်းကောင်း၊ ဘယ်သောအခါမျှ ဒုတိယမွေးခြင်းကိုရနိုင်မည်မဟုတ်ပါ။ ယေရှုမိန့်တော်မူသည့်အတိုင်း ဘုရားသခင်၏ နိုင်ငံတော်ဝင်စားနိုင်ဖို့ရန်အ တွက် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းခံရမည်။ ထို့အပြင် ရေနှင့် ဝိညာဉ်တော်သာလျှင် ဒုတိယမွေးခြင်းခံရန်အတွက် ဘုရားသခင်၏စည်း ကမ်းချက်ဖြစ်ပါသည်။ 
တစ်စုံတစ်ယောက်သောသူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းမခံရလျှင် ဖြောင့်မတ်သောသူအဖြစ် သူ၏ကြိုးစားအားထုတ် မှုမှန်သမျှယေရှု၏ရှေ့မှောက်တွင်အချည်းနှီးသာလျှင်ဖြစ်သည်။ တစ်ယောက် သောသူသည် ပေးလှူပေးကမ်းခြင်းဖြင့်လည်းကောင်း၊ အလှူဒါနပြုခြင်းဖြင့် လည်းကောင်း၊ ဆက်ကပ်ခြင်းဖြင့်လည်းကောင်း၊ ဘယ်သောအခါမျှ ဒုတိယ မွေးခြင်းမရနိုင်ပါ။ ဒုတိယမွေးခြင်းခံရသည်မခံရသည်ကို သူကိုယ် တိုင်သိနိုင် သည်မဟုတ်၊ ဘုရားသခင်သာလျှင် အဘယ်သူဒုတိယမွေးခြင်းခံသည်ကို သိနိုင်သည်ဟု ယုံကြည်နိုင်ပါသည်။ 
ဤနည်းလမ်းသည် သက်တောင့်သက်သာရှိသော်လည်း ဒုတိယ မွေးခြင်းကို စားပွဲအောက်၌ ဝှက်ထား၍မရပါ။ တစ်ယောက်သောသူသည် ထို အကြောင်းကို တိတိကျကျသိနားလည်သည့်အပြင် ထိုသူကဲ့သို့ သူတပါး သည်လည်း ခံစား ရမည်ဖြစ်ပါသည်။ 
ကျွန်တော်တို့သည် ဒုတိယမွေးခြင်းကို ကိုယ်ခန္ဓာအားဖြင့် မခံစား နိုင်သည်မှာသေချာသော်လည်း စိတ်ပိုင်းဆိုင်ရာအရ အတိအကျခံစားရပါ လိမ့်မည်။ အမှန်တကယ် ဒုတိယမွေးခြင်းခံရသူများသည် ရေ၊အသွေးတော် နှင့်ဝိညာဉ်တော်တည်းဟူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ပြောင်းလဲသောယုံကြည်သူများဖြစ်ကြသည်။ သို့သော်လည်း ဒုတိယမွေးခြင်း မခံရသေးသောသူများသည် နိကောဒင်နည်းတူဒုတိယမွေးခြင်းကို သိနားလည် နိုင်ကြမည်မဟုတ်ပေ။ 
ထို့ကြောင့်ယေရှုအသွေးတော်နှင့်ဗတ္တိဇံအားဖြင့် ရွေးနှုတ်ကယ် တင်ခြင်းတည်းဟူသော ဘုရားသခင်၏ဂတိစကားကို နာခံရန်လိုအပ်ပါသည်။ ထိုဘုရားသခင်၏နှုတ်ကပတ်တော်ကို သဘောပေါက်နာခံလျှင် ယင်းနှင့် ဆက်စပ်သမျှသော အမှန်တရားကိုတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်၊ ကျွန်မတို့၏ စိတ်နှလုံးကို ဖွင့်သည့်အပြင် သေသေ ချာချာနာခံရန် အလွန်အ ရေးကြီးပါသည်။ 
“လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏”(ယောဟန် ၃း၈)။ ဒုတိယမွေးခြင်းမခံရသေးသော သူတစ်ယောက်က ဤကျမ်းပိုဒ်ကို ဖတ်ရသည့်အခါ “ယေရှုက ငါဒုတိယမွေးခြင်း ခံရတဲ့အခါ ဒုတိယမွေးခြင်းခံကြောင်း ငါတောင်မသိရဘူး၊ ဘယ်သူမှမသိနိုင်ဘူး လို့ပြောတယ်”ဟုယူဆနိုင်ပါသည်။ထိုအတွေးသည်လူကိုနှစ်သိမ့်မပေးနိုင်ပါသော်လည်းမှန်မဟုတ်ပါ။လေသည်အဘယ်အရပ်ကဖြစ်သည်၊အဘယ်အရပ်သို့သွားသည်ကို ကျွန်တော်တို့မသိနိုင်ပါသော်လည်း ဘုရားသခင်သည် အရာ ခပ်သိမ်းကို သိတော်မူ သည်။ 
ဒုတိယမွေးခြင်းခံရပြီးသောသူများကြားမှာပင် အစပထမတွင် အချို့ သဘော မပေါက်နိုင်သောသူများရှိကြသည်။ သဘောနားလည်သောအ ရာသာ ဖြစ်ပါသည်။ သို့သော် ထိုသို့သောသူ၏နှလုံးသားထဲတွင် ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းနှုတ်ကပတ်တော်တည်း ဟူသော  သတင်းကောင်းသည် ရှိ၏။ 
ဤသည်မှာ ဒုတိယမွေးခြင်းရရှိရန် သာဓကပင်ဖြစ်သည်။ သတင်း ကောင်းကိုကြားနာ၍ သဘောပေါက်မိသောသူသည် ထိုအချိန်မှစ၍ ငါဟာ အပြစ်ကင်းသောသူဖြစ်နေပြီ။ ကယ်တင်ခြင်းခံရသည့်အပြင် ဒုတိယမွေးခြင်း ခံရပြီဖြစ်ကြောင်း သိနားလည်ရသည်။ သူတို့၏နှလုံးသားထဲတွင် ရေနှင့်ဝိ ညာဉ်တော်၏သတင်းကောင်းကိုတည်စေ၍ ယုံကြည်သည့်အခါ သူတို့သည် ဖြောင့်မတ်သောဘုရားသခင်၏ သားသမီးများ ဖြစ်လာရ ပါသည်။ 
တစ်ဦးတစ်ယောက်သောသူသည် “ဒုတိယမွေးဖွားခြင်းခံရပြီလား” ဟု မေးကောင်းမေးနိုင်ပါသည်။ “ခုထိမခံရသေးဘူး”ဟူ၍ဖြေပါလိမ့်မည်။ နောက်တဖန် “ကယ်တင်ခြင်းရ ပြီလား”ဟူ၍မေးလျှင် “ဟုတ်ကဲ့ ကယ်တင် ခြင်းရပြီးလို့ယုံကြည်ပါတယ်” ဟုဖြေပါလိမ့်မည်။ သို့သော် သူ၏အဖြေသည် ရှေ့နောက်မညီသောထွက် ဆိုချက်ဘဲမဟုတ်လား။ ထိုသို့ရှေ့ နောက်မညီ ထွက်ဆိုရခြင်းသည် လူတစ်ယောက် ဒုတိယမွေခြင်းခံရသောအခါအသွေး အသား ခန္ဓာကိုယ်ပါ ပြောင်းလဲရသည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ 
ထိုကဲ့သို့သောလူတို့သည်တစ်စုံတစ်ရာပြောင်းလဲသောအခါနေပုံထိုင်ပုံပါလုံး လုံးလျားလျားပြောင်းလဲသည့်နည်းတူ ဒုတိယမွေးခြင်းဟု မှတ်ယူကြသည်။ သို့သော်ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းသတင်းကောင်းတည်းဟူ သောသမ္မာတရားကို သဘော မပေါက်သောကြောင့်ဖြစ်ပါသည်။ 
ဒုတိယမွေးခြင်း၏ အနက်အဓိပ္ပါယ်ကို သဘောမပေါက်နားမလည် သောသူအမြောက်အများရှိကြသည်။ အလွန်ပင်သနားစရာကောင်းကြပါ သည်။ သူတို့တွင် ရိုးသာမန်လူများသာမဟုတ်ဘဲ၊ လွဲမှားသောယုံကြည်ခြင်း ၏အောက်တွင် လည်ပတ်နေကြသောအသင်းတော်ခေါင်းဆောင်များ အများ ဆုံးပါကြသည်။ ဒုတိယမွေးခြင်းခံရပြီးသောသူ ကျွန်တော်တို့၏စိတ်နှလုံးထဲ တွင် ထိုသူများအတွက် ဝမ်းနည်း၍ မဆုံးဖြစ်ကြရပါသည်။ 
ထိုသို့ကျွန်တော်တို့ခံစားနေစဉ် ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်တော်တို့၏ ဘုရားသခင်သည် အဘယ်မျှလောက် ပို၍ခံစားရမည်နည်း။ ကားတိုင်တော်ပေါ် ယေရှုအသွေးတော်နှင့် သူ၏ဗတ္တိဇံမင်္ဂလာ၏ ဒုတိယမွေး ခြင်းသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့အားလုံး ဒုတိယ မွေးခြင်းကိုခံယူကြပါစို့။ 
ဒုတိယမွေးခြင်းနှင့် ကယ်တင်ခြင်းသည် အနက်အဓိပ္ပါယ်အတူတူ ပင်ဖြစ်ပါသည်။သို့သော်ငြားလည်း သမ္မာတရားကို သဘောမပေါက်နားမ လည်သောသူ အမြောက်အများရှိပါသည်။ ဒုတိယမွေးခြင်းဆိုသည်မှာ ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် တစ်ယောက်သော သူ၏နှလုံးသား၌ရှိသော အပြစ်များကို ဆေးကြောခြင်းဟူ၍အဓိပ္ပါယ် သက် ရောက်ပါသည်။ အဓိပ္ပါယ်မှာယေရှု၏ ဗတ္တိဇံမင်္ဂလာနှင့်ကားတိုင်ပေါ် သူ၏အ သက်စွန့်လွှတ်ခြင်းကို သက်ဝင်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်ရ သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ 
ဒုတိယမွေးခြင်းမခံရမီတွင် လူတို့သည် အပြစ်သားများဖြစ်ကြ သည်။သို့သော်ဒုတိယမွေးခြင်းခံရပြီးနောက်ပိုင်း လုံးဝအပြစ်ကင်းသောသူ များအဖြစ်လည်းကောင်း၊ လူသစ်တစ်ဦးကဲ့သို့လည်းကောင်း ဒုတိယမွေးခြင်း ခံရသည်။ သူတို့သည် ကယ်တင်ခြင်းသ တင်းကောင်းကို ယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်လာကြသည်။ 
ဒုတိယမွေးခြင်းသည် ယေရှု၏ဗတ္တိဇံတည်းဟူသော ဝတ်ရုံကိုခြုံ ခြင်း၊ ယေရှုနှင့်အတူ ကားတိုင်ပေါ်တွင် အသေခံခြင်း၊ သူနှင့်အတူပြန်လည်၍ ရှင်ပြန်ထမြောက်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် တစ်ဦးတစ် ယောက်သည် ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော်၏ဂတိတော်အားဖြင့် ဖြောင့် မတ်ခြင်းသို့ရောက်သည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ 
တစ်ဦးတစ်ယောက်သည်အမိဝမ်းထဲမှမွေးသည့်အခါ သူသည်အ ပြစ်သား ဖြစ်သည်။ သို့သော် ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးခြင်းစစ်မှန် သောသတင်းကောင်းကို ကြားသိရသောအခါ ထိုအချိန်မှစ၍ ဒုတိယမွေး ခြင်းခံရသည့်အပြင် ဖြောင့်မတ်သော သူဖြစ် လာရပါသည်။ 
အမြင်အားဖြင့်ထိုသူသည်ထူးခြားမှုမတွေ့ရှိရပါသော်လည်း အတွင်း စိတ်ဝိညာဉ်သည် ဒုတိယမွေးခြင်းခံရသည်။ယင်းကိုပင် ဒုတိယမွေးခြင်း၏ ဆိုလိုခြင်းဖြစ်ပါသည်။သို့သော်ဤသမ္မာတရားကို သိနားလည် သောသူ အနည်း ငယ်သာရှိကြသည်။အယောက်တစ်သောင်းတွင်တစ်ယောက် ပင်လျှင် သဘော ပေါက်နားလည်သောသူမရှိ။ဒုတိယမွေးခြင်း၏ စစ်မှန်သော အနက်အဓိပ္ပါယ်ကို သဘောပေါက်နားလည်သောသူအလွန် နည်းကြောင်းကို သဘောတူ လက်ခံ နိုင်ပါသလား။ 
ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်၍ အမှန်တကယ် ဒုတိယမွေးခြင်းခံရသောသူများသည် တွေ့နေကျမြင်နေကျသာမန်ခရစ်ယာန် ကြားထဲ မှာပင်လျှင် ခွဲခြားသိနိုင်ပါသည်။ 
 

လေကိုထိန်းချုပ်သော ယေရှု

မည်သူကယ်တင်ခြင်းရသည်ကို မည်သူသိနိုင်ပါသနည်း
ဒုတိယမွေးခြင်းခံရသူသာလျှင် သိနိုင်ပါသည်

လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည် ကြား ရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်ကိုသွားသည်ကို မသိနိုင်။ဝိညာဉ်တော်မွေးသောသူသည်ထိုနည်းတူပင်ဖြစ်သည်။ယေရှုက ဒုတိ ယမွေးခြင်းခံရသူများ၏အကြောင်းကိုပြောခြင်း ဖြစ်သည်။ ဒုတိယမွေးခံပြီး သောသူသည် ဒုတိယမွေးခြင်းအကြောင်းကို သိနားလည်သော်လည်း နိကော ဒင်သည် နားမလည်နိုင်ပါ။ ဘုရားသခင်သည် ဒုတိယ မွေးခြင်းခံရသောသူကို သိရသည့်နည်းတူ၊ ဒုတိယမွေးခြင်းခွရသူကလည်း ဒုတိယ မွေးခြင်းခံရခြင်းကို သိရှိရပါသည်။ 
သို့သော်လည်းလေသည် အဘယ်အရပ်ကဖြစ်၍ အဘယ်အရပ်သို့ သွားကြောင်း မသိနိုင်သည့်နည်းတူ ဒုတိယမွေးခြင်းမခံရသေးသောသူများ ကလည်း လူတစ်ယောက်သည် ဘယ်ပုံဘယ်နည်းဖြင့် ဒုတိယမွေးခြင်းခံနိုင် ကြောင်း မသိကြပေ။ 
မိတ်ဆွေရောနားလည်သဘောပေါက်ရဲ့လား။အဘယ်သူကလေကို တိုက်စေပါသနည်း၊ ဘုရားသခင်ဖြစ်ပါသည်။ လေကိုမည်သူဖန်ဆင်းထားပါ သနည်း။ ကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်ဖန်ဆင်ထားပါသည်။ ကမ္ဘာပေါ်တွင်ရှိသောရာသီဥတု၊ လေကြောင်းနှင့် ရေစီးကြောင်းများ၊ မည်သူ ထိန်းချုပ်ထားပါသနည်း၊ သက်ရှိသတ္တဝါအားလုံးကို မည်သူအသက်သွင်း ပေးပါသနည်း။တနည်းပြောရလျှင် ကမ္ဘာပေါ်ရှိသက်ရှိအရာအားလုံး မည်သူ ဖန်ဆင်းထား၍ ကြီးထွားရှင်သန်စေပါသနည်း။ ယေရှုခရစ်တော်မှအပ မည်သူ မျှမဖြစ်နိုင်ပါ။ သို့ဖြစ်ပါသဖြင့် ယေရှုသည် ဘုရားဖြစ်သည်။ 
ရေ၊ အသွေးတော်နှင့်ဝိညာဉ်တော်၏တင်းကောင်းကို သဘောမ ပေါက်နားမလည်သည့်အခါ ကျွန်တော်တို့တွင် ဒုတိယမွေးခြင်းမခံနိုင်သည့် အပြင် ဝိညာဉ်ရေးအရ သူတပါးကိုလည်း ဟောပြောနိုင်မည်မဟုတ်ပေ။ တစ် ဦးတစ်ယောက်သောသူသည် ရေနှင့်ဝိညာဉ်တော်၌ မမွေးခဲ့လျှင် ဒုတိယ မွေးခြင်းမခံနိုင်ဟု ယေရှုမိန့်တော်မူခဲ့သည်။ 
ကျွန်တော်တို့သည်လည်း ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်း ကို ယုံကြည်ရမည်။ တန်ခိုးကြီးမားသောထိုသတင်းကောင်းသည် ကျွန်တော် တို့ကို ဒုတိယမွေးခြင်းခံစေမည်ဖြစ်သည်။ ဝိညာဉ်တော်သည်လည်း ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံသောသူများ၏ နှလုံးသားထဲဝင်ရောက် ကာ ကိန်းဝပ်တော်မူသည်။ 
လူသားများ၏ အပြစ်များကို ဆေးကြောယူဆောင်သွားဖို့ရန် ယေရှု သည် ဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သည့်အပြင် ထိုအပြစ်များအတွက် ကားတိုင် တော်တွင် အသွေးတော်ကို ပေးဆပ်ခဲ့ပါသည်။ သူသည် လူသားအားလုံး၏ နှလုံးသားထဲကိုဒုတိယမွေးဖွားခြင်းခံရသည့်ကယ်တင်ခြင်းတရားကို တဖြည်း ဖြည်းစိမ့်ဝင်စေခဲ့သည်။ ထိုသတင်းကောင်းကို ကျွန်တော် တို့ယုံကြည်လာ သောအခါ ဝိညာဉ်တော်သည် ကျွန်တော်တို့၏ဝိညာဉ်ထဲသို့ စတင်ဝင် ရောက်လာသည်။ ယင်းကိုပင် ဒုတိယမွေးခြင်း၏ကယ်တင်ခြင်းဖြစ်ပါသည်။ ယေရှု၏ ဗတ္တိဇံမင်္ဂလာနှင့် အသွေးတော်အားဖြင့် အပြစ်အလုံးစုံကို ဆေး ကြောလိုက်ပြီဖြစ်ကြောင်းယုံကြည်လာသည့်အခါ ကျွန်တော်တို့သည် စစ်မှန် သော ဒုတိယမွေးခြင်းခံရသူများ ဖြစ်ကြပါသည်။ 
ကမ္ဘာဦးကျမ်း ၁း၂တွင် ‘‘မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင် မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင်ရစ်ဝဲလျက်နေတော်မူ၏’’ဟူ၍ဖော်ပြထားပါသည်။ ဘုရားသခင်၏ဝိညာဉ်တော် သည်ရေမျက်နှာပြင်ပေါ်တွင် လှုပ်ရှားသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဘုရား သခင်၏ဝိညာဉ်တော်သည် မြေကြီး ၏အပြင်ဘက် တွင်လှုပ်ရှားတော်မူသည်။ 
အပြစ်သားများ၏ နှလုံးသားထဲတွင် ဝိညာဉ်တော်သည် ဝင်ရောက် ကိန်းဝပ်မနေနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒုတိယမွေးခြင်းမခံရသေး သောသူ၏ စိတ်နှလုံးသားသည် ပရမ်းပတာဖြစ်လျှက် အပြစ်၏မှောင်မိုက် ခြင်း ဖုံးလွှမ်းလေ့ရှိသည်။ ထို့ကြောင့် ယင်းကဲ့သို့သောလူတစ်ယောက်၏ နှလုံး သားထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိန်းဝပ်၍ မနေနိုင်။ 
ဘုရားသခင်သည် အပြစ်သားများ၏ နှလုံးသားထဲတွင် အလင်း ပေးဖို့ရန် သတင်းကောင်း၏ အလင်းကိုကျဆင်းစေသည်။ ဘုရားသခင်က လည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ သို့မှသာလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူတို့၏စိတ်နှလုံးထဲတွင် ကိန်းဝပ်နေနိုင် မည်ဖြစ်သည်။ 
ထို့ကြောင့် ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည် လက်ခံ၍ ဒုတိယမွေးခြင်းခံရသောသူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် တည်လျှက်ရှိ၏။ တနည်းအားဖြင့်ယင်းကိုပင် ဒုတိယမွေး ခြင်းခံရခြင်း၏ အဓိပ္ပါ ဖြစ်ပါသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်၏ကယ် တင်ခြင်းနှုတ်ကပတ်တော်ကိုနာယူ၍လက်ခံယုံကြည်ပါသောကြောင့် သူတို့ ၏စိတ်နှလုံးထဲ၌ ဒုတိယမွေးခြင်းခံ ရသူများဖြစ်ကြပါသည်။ 
တစ်စုံတစ်ယောက်သောသူသည် ဒုတိယမွေးခြင်းကို အဘယ်သို့ခံ နိုင်ပါမည်နည်း။ ယေရှုကနိကောဒင်မည်သောဖာရိရှဲကို “ရေနှင့်ဝိညာဉ်တော် မမွေးသောသူ မည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ” ဟုမိန့် တော်မူသည်။ နိကောဒင်ကလည်း ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေး ခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်လေသည်။ ယေရှု၏ကယ်တင်ခြင်း တရား တော်ကို နိကောဒင်အနေဖြင့် တိုက်ရိုက်အဓိပ္ပါယ်ကောက်သည်မှာ ထင်ရှား ပါသည်။ ထို့ကြောင့် လူတစ်ယောက်သည်အဘယ်ဒုတိယ မွေးခြင်းခံရမည်ကို စဉ်းစား၍မရဖြစ်ခဲ့ရ ပါသည်။ 
ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ဆရာဖြစ်လျက်နှင့် ဤအရာများကို နားမလည်သလော” ယေရှုမိန့်တော်မူခဲ့သည်မှာ တစ်ဦးတစ် ယောက်သည် ရေနှင့်ဝိညာဉ် တော်မမွေးလျှင် ကောင်းကင်နိုင်ငံတော်သို့မဝင်ရ ဟူ၍ဖြစ်ပါသည်။ ယေရှုသည် နိကောဒင်ကို ဒုတိယမွေးခြင်း၏ သမ္မာတရားလမ်း ကို ပြောပြခဲ့ပါသည်။ 
ဒုတိယမွေးခြင်းမခံရဘဲ ယေရှုကို ယုံကြည်သောသူ မြောက်များစွာ ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ များသောအားဖြင့် နိကောဒင်ကဲ့သို့သော ခရစ်ယာန်များသည် ဒုတိယ မွေးခြင်းကို အမှန်တကယ် ရနိုင်မည် မဟုတ်ပေ။ 
ထိုကာလတွင်နိကောဒင်သည်ယနေ့အသင်းတော်ခေါင်းဆောင်များ ထူးမခြား နားသော အစ္စရေးလူမျိုးများ၏ဝိညာဉ်ရေးရာဆိုင်ရာ ခေါင်းဆောင်တစ်ပါး ဖြစ်ပါသည်။ယခုခေတ်နှင့်နှိုင်းယှဉ်မည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်အဆင့်ရှိသူဖြစ်ပါသည်။ ဘာသာရေးအရဆိုလျှင် ဟေဗြဲလူမျိုး တို့၏ဆရာအဆင့်ရှိသူ လူမျိုးတို့၏ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ လေးစားထိုက်သော ပညာရှင်တစ်ဦး ဖြစ်သည်။ 
ထိုခေတ်ထိုအခါ၌ အစ္စရေးလူမျိုးတို့တွင် ယနေ့ပညာရေးကျောင်း များ နှိုင်းယှဉ်လောက်အောင် တက္ကသိုလ်ကျောင်းများမရှိပေ။ ထို့ကြောင့် ဗိမာန်တော်သို့လည်းကောင်း၊ ဘုရားရှိခိုးကျောင်းများသို့လည်းကောင်း သွား ရောက်ကာ ထိုနေရာ၌ရှိသောပညာရှိများ အောက်၌ ပညာများကိုဆည်းပူးခဲ့ရ သည်။ သူတို့သည် ပြည်သူအားလုံး၏ ဆရာများဖြစ်ကြသည်။ ထိုဆရာ များထဲတွင် ယခုခေတ်ဆရာများနည်းတူ အတုအယောင်ဆရာ အမြောက် အများရှိကြသည်။ သူတို့ကိုယ်တိုင် ဒုတိယမွေးခြင်း ကိုမခံရဘဲ လူတွေကို တရားဟောကြသည်။ 
ယခုခေတ်တွင်လည်း ဒုတိယမွေးခြင်းမခံရသောသူ၊ ဘာသာရေး ခေါင်းဆောင်များ၊ အသင်းတော်ဝန်ထမ်းများ၊ ဆရာများ၊ တရားဟောဆရာ များ၊ သင်းထောက်လူကြီးများ အမြောက်အများရှိကြသည်။ နိကောဒင်ကဲ့သို့ ဒုတိယမွေးခြင်း၏ သမ္မာတရားကို နားမလည်ကြချေ။ လူအများက ဒုတိယ မွေးခြင်းခံရဖို့ရန် အမိဝမ်းထဲဒုတိယအကြိမ်ပြန် ဝင်သွားရမည်ဟု ယူဆကြ သည်။ သူတို့တွင် ဒုတိယမွေးခြင်းခံရမည်ကို သိကြပါသော်လည်း မည်သို့မွေး ရမည် ကိုမသိကြချေ။ 
ထို့အပြင် သူတို့၏အသိတရားနည်းပါးမှုကြောင့် မျက်ကန်းတစ် ယောက်စီက ဆင်ကောင်ကြီးကို သူတို့လက်ဖြင့် စမ်းမိသည့်အစိတ်အပိုင်း ကိုသာ နားလည်သဘောပေါက်သကဲ့သို့ သူတို့၏ပို့ချချက်သည် ကိုယ်ပိုင် ခံစားမှုနှင့် အတွေ့အကြုံများအပေါ် အခြေခံထားသည်ကို တွေ့ရပါသည်။ အသင်းတော်များတွင်လောကီရေးနှင့်ဆိုင်သော အရာများကိုသာတန်ဖိုးထား ဟောပြောလေ့ရှိကြသည်။ ဤအကြောင်းကြောင့် ယုံကြည်အားကိုးလောက် သော သူများပင်လျှင် ဒုတိယမွေးခြင်းခံရဖို့ရန် အဟန့်အတားဖြစ်ခဲ့ပါသည်။ 
ဒုတိယမွေးခြင်းသည် ကျွန်တော်တို့၏ ကောင်းသောအကျင့်သီ လဖြင့် ရရှိနိုင်သောအရာမဟုတ်ပါ။ ဘုရားသခင်ပေးသနားတော်မူသော ရေအသွေးတော်နှင့်ဝိညာဉ်တော် နှုတ်ကပတ်တရားတော်ကို ယုံကြည်ခြင်း အားဖြင့်သာလျှင် ဒုတိယမွေးခြင်း ခံနိုင်သည်။ ဘုရားသခင်ပေးထားသော ဤသတင်းကောင်းသည် ကျွန်တော်တို့ကို အပြစ်သားအဖြစ်မှ ထာဝရဖြောင့် မတ်သောသူအဖြစ် ပြောင်းလဲစေနိုင်သည်။ 
ယေရှုကလည်း “လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း” ဟု ဆို လေသည်။ သူ၏ဗတ္တိဇံအားဖြင့် ကျွန်တော်တို့၏အပြစ်အလုံးစုံကို လုံးဝ ဖြေ လွှတ်ခြင်း၊ သမ္မာတရားကို ယေရှုဟောပြောသောအခါ မယုံကြချေ။ အ ဘယ် အရာကို မယုံကြည်ကြပါသနည်း။ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်အ သတ်ခံခြင်းအားဖြင့်သူတို့၏ရွေးနှုတ်ကယ်တင်ခြင်းပြီးပြည့်နိုင်ပြီဖြစ်ကြောင်း မ ယုံကြည်ကြချေ။ ထို့ကြောင့် သူတို့ကိုကောင်းကင်အကြောင်းကို ပြောသော အခါ ယုံကြည်ကြလိမ့် မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ 
ကျွန်တော်တို့၏ အပြစ်အလုံးစုံကို ဆေးကြောသန့်စင်ဖို့ရန် ယေရှု သည် ယောဟန်ထံမှ ဗတ္တိဇံကိုခံယူ၍ ကားတိုင်ပေါ်တွင် အသေခံပြီးသည့် နောက် အပြစ်သားများအတွက် ဒုတိယမွေးခြင်းလမ်းခင်းပေးရန် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ 
ထို့ကြောင့်ယေရှုက ထိုအကြောင်းကို ဓမ္မဟောင်းကျမ်းကို ကိုးကား ၍ နိကောဒင်ကို ဤသို့ရှင်းပြခဲ့သည်။ 
‘‘ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။ မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်’’ (ယောဟန်၊၃း၁၃-၁၅) မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည်လည်း သူ့ကို ယုံကြည်သောသူအပေါင်းတို့သည်ထာဝရအသက်ကိုရမည့်အကြောင်း မြှောက် ထားခြင်းကို ခံရမည်။ 
ယေရှုသည် မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားကို မြှောက်ထားခြင်းခံရမည်ဟု မိန့်တော်မူခြင်းသည် ဘာကိုဆိုလိုပါ သနည်း။ သူ၏ဗတ္တိဇံနှင့် အသွေးတော်သည် လူသားအားလုံး၏ အပြစ်အ လုံးစုံအား ဖြေလွှတ်ပေးသည်ကို သဓကပြရန် ဓမ္မဟောင်းထဲမှ ကျမ်းပိုဒ်ကို ကိုးကားခြင်းဖြစ်သည်။ 
ကားတိုင်တော်တွင် အသေခံဖို့ရန်လည်းကောင်း၊ မြှောက်ထားခြင်း ခံရဖို့ရန်အတွက်လည်းကောင်း၊ ပထမဦးဆုံးသူသည် လောက၏အပြစ်အလုံး စုံကို ယူဆောင်ဖို့ရန် ဗတ္တိဇံယောဟန်ထံ ဗတ္တိဇံခံယူရသည်။ အကြောင်းမှာ ယေရှုသည် အပြစ်ကင်းသောသူဖြစ်သောကြောင့် ကားတိုင်တော်တွင် တင် သတ်ဖို့ရန် မဖြစ်နိုင်ပေ။ ကားတိုင်တော်တွင် တင်သတ်ခြင်းခံရဖို့အလို့ငှာ ဗတ္တိဇံယောဟန်ထံ ဗတ္တိဇံမင်္ဂလာကို ခံယူခြင်းဖြင့်လောက၏ အပြစ်အလုံးစုံ ကို ယူဆောင်သွားသည်။
သူတို့အတွက် အသွေးတော်ပေးဆပ်၍ ကျွန်တော်တို့ အပြစ်များကို ယူဆောင်မှသာလျှင် ငရဲသစ်ငုတ်ဘဝမှ အပြစ်သားအားလုံးကို ကယ်တင်နိုင် မည်ဖြစ်သည်။ 
ထို့ကြောင့်ယေရှုကို မိမိကယ်တင်ရှင်အဖြစ်လက်ခံ ယုံကြည်သော သူများသည် သူ၏ဗတ္တိဇံတည်းဟူသော အဝတ်ကိုခြုံသူနှင့်အတူ သေသည့် အပြင် သူနှင့်အတူ ဒုတိယမွေးခြင်းကို ခံရသည်။
 
 

မြွေကိုမြှောက်ထားသကဲ့သို့
 
ယေရှုသည် အဘယ်ကြောင့် ကားတိုင်တင် သတ်ခြင်းခံရသနည်း သူ၏ဗတ္တိဇံအားဖြင့် အပြစ်အလုံးစုံကိုယူ
ဆောင်သွားသောကြောင့် ဖြစ်သည်။

မောရှေသည် ကြေးဝါမြွေကို တော၌ဘယ်ပုံဘယ်နည်းဖြင့် မြှောက် ထားရသည်ကို မိတ်ဆွေသိပါသလား။ ဤအကြောင်းကိုတောလည်ရာအခန်း ကြီး ၂၁ တွင်အပြည့် ရေးထားပါသည်။အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်မှ ထွက်မြောက်လာပြီးနောက် စိတ်အားလျော့ကြ၍ ဘုရားသခင်နှင့်မော ရှေကို ဆန့်ကျင်ဘက်ပြောဆိုလာကြသည်။ 
ထိုအခါ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့တွင် မီးမြွေ ကိုစေလွှတ်တော်မူ၍ထိုမြွေသည် သူတို့၏တဲထဲသို့ဝင်ကာ လူတို့သည်အ ကိုက်ခံရပြီးသေဆုံးကြသည်။ ထိုသို့မြွေကိုက်ခံရပြီး ခန္ဓာကိုယ်များယောင် ကိုင်း ကာအများအပြားသေဆုံး ကြလေသည်။ 
လူအမြောက်အများသေဆုံးလာသောအခါ သူတို့၏ခေါင်းဆောင် မောရှေသည် ဘုရားသခင်ထံ စတင်ဆုတောင်းလေတော့သည်။ ဘုရားသခင် ကျွန်တော်တို့ကို ကယ်တော်မူပါဟူ၍ ဘုရားသခင်ထံတောင်းလျှောက်ခဲ့ သည်။ ထာဝရဘုရားကလည်း မြွေရုပ်ကို ကြည့်ရှုလျှင် အသက်ချမ်းသာ ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူလေသည်။ မောရှေကလည်း မိန့်တော် မူသည့်အတိုင်းကြေးᝀါဖြင့်မြွေကိုလုပ်၍ ဘုရားသခင်၏မိန့်တော်မူသည့်အ တိုင်း လူအပါင်းတို့ကို ပြောပြလေသည်။
သူ့စကားကိုယုံကြည်၍ ကြေးဝါရုပ်ကို ကြည့်သောသူတိုင်းအ သက်ချမ်းသာရာရကြသည့်နည်းတူ နတ်ဆိုးများ၏အကိုက်ခံရခြင်းမှ အသက် ချမ်းသာရာရကြမည်ဖြစ်သည်။ အစ္စရေးအမျိုးသားတို့သည် မောရှေ၏စကား ကို နာခံ၍တိုင်ပေါ်မှ ကြေးဝါ မြွေကိုကြည့်၍ အသက်ချမ်းသာရာရကြသည်။ 
တိုင်ပေါ်က ကြေးဝါမြွေ၏ လျှို့ဝှက်ချက်မှာ ခရစ်တော်ယေရှုသည် သူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်အသေခံခြင်းအားဖြင့် လူသားများ၏အပြစ်အ လုံးစုံကို ယူဆောင်သွားခြင်းကြောင့် ငရဲသစ်ငုတ်ဘဝမှ အသက်ချမ်းသာရာ ရကြောင်းပင်ဖြစ်သည်။ ဤလောကရှိ လူသားအားလုံးတို့ ကျူးလွန်ခဲ့ သောအပြစ်အလုံးစုံအတွက် ပေးဆပ်ရန် ထိုအပြစ်များကို ခရစ်တော်ကိုယ် တိုင် ယူဆောင်သွားခဲ့သည်။ ထို့နောက်ကျွန်တော်တို့အပြစ်များအတွက် ပြစ်ဒဏ် အလုံး စုံနှင့် ရင်ဆိုင်ခဲ့ရသည်။ 
ယေရှုခရစ်တော်သည် မြွေအဆိပ်တည်းဟူသော စာတန်ချည် နှောင်ခြင်းတွင် သေဖို့ရန် ကံဇာတာပါနေသူလူအပေါင်းတို့အား ကယ်တင်ဖို့ ရန် ဤလောကသို့ ကြွလာတော်မူသည်။ ကျွန်တော်တို့အပြစ်အလုံးစုံအတွက် ပေးဆပ်ဖို့ရန်၄င်းသူ့ကို ယုံကြည်သောသူများကို ကယ်တင်ရန်၄င်း ပြန်လည် ရှင်ပြန်မထမြောက်မီ ဗတ္တိဇံကိုခံယူပြီးမှ ကားတိုင်ပေါ်တွင် သေရမည်။ 
ဓမ္မဟောင်းခောတ်တွင် အစ္စရေးအမျိုးသားတို့သည် တိုင်ပေါ်က မြွေကို ကြည့်ရှုသောအခါ အသက်ချမ်းသာခွင့်ပေးရကဲ့သို့ ယနေ့ယေရှုကို ယုံကြည်သောသူများသည်၄င်း သူ၏ဗတ္တိဇံအသွေးတော်ကို ကျွန်တော်၏အ ပြစ်များအတွက်ပေးဆပ်ခဲ့ကြောင်း ယုံကြည်သူများသည်၄င်း ကယ်တင်ခြင်း ရမည့်အပြင် ဒုတိယမွေးခြင်းကိုလည်းခံရမည်ဖြစ်ပါသည်။ 
ယေရှုသည် ယော်ဒန်မြစ်တွင် ယောဟန်ထံမှ ခံခဲ့သောသူ၏ ဗတ္တိဇံ အားဖြင့်လည်းကောင်း၊ ကားတိုင်တော်တွင် အသေခံခြင်းအားဖြင့်လည်း ကောင်း လောက၏ အပြစ်အလုံးစုံအတွက် အပြည့်အဝပေးဆပ်ခဲ့ပြီးနောက် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ 
ယခုပင်သူ့ကိုယုံကြည်သူအပေါင်းတို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းနှင့် ပတ် သက်၍ ကောင်းကြီးခံစားနိုင်ပါသည်။
‘‘ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ’’(ယောဟန်၊၃း၁၃)။ ကျွန်တော်တို့၏အပြစ် များအတွက်ပေးဆပ်သည့်အနေဖြင့် ယေရှုသည်ဗတ္တိဇံကို ခံယူ၍လည်းကောင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍လည်း ကောင်း၊ ကျွန်တော်တို့ အတွက် ကောင်းကင်တံခါးကိုဖွင့်ပေးခဲ့လေသည်။ ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ” ဟူ၍ ကိုယ်တိုင် မိန့်တော်မူခဲ့သည် (ယောဟန်၊ ၁၄း၆)။ 
ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့်လည်းကောင်း၊ ကားတိုင်တော်တွင် အသေခံခြင်းအားဖြင့်လည်းကောင်း၊ ကျွန်တော်တို့အတွက် ကောင်းကင်တံ ခါးကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါသဖြင့် သူအားဖြင့်ကယ်တင်ခြင်းရရှိကြောင်း ယုံကြည်သူအပေါင်းတို့သည် ကယ်တင်ခြင်းကိုရသည်။ ယေရှုသည် ကျွန် တော်တို့၏ အပြစ်အလုံးစုံအတွက် ပေးဆပ်ခဲ့ပြီးဖြစ်ပါသဖြင့်ရေအသွေးတော် နှင့် ဝိညာဉ်တော်၏သမ္မာတရားလမ်းကို ယုံကြည်သူမည်သူမဆို ကောင်း ကင်နိုင်ငံတော်သို့ ဝင်စားရသောအခွင့်ရှိသည်။ 
ယေရှုသည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းအားဖြင့် ကျွန် တော်တို့ကို ကယ်တင်ခဲ့သည်။ ယေရှု၏ဗတ္တိဇံနှင့် သူ၏အသွေးတော်ကို လည်းကောင်း၊ သူသည်အမှန်စင်စစ် ဘုရားသခင်ဖြစ်ကြောင်းကိုလည်း ကောင်း၊ သက်ဝင်ယုံကြည်ခြင်းသည် ဒုတိယမွေးခြင်း၏ဇာတိဖြစ်သည်။ 
‘‘မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်းထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်’’(ယောဟန် ၃း၁၄)။ ဤကျမ်းပိုဒ်သည်ဘာကိုဆိုလိုပါ သနည်း။ အဘယ်ကြောင့်ယေရှုသည် ကားတိုင် တင်သတ်ခြင်းခံရပါသနည်း။ သူသည် ကျွန်တော်တို့နည်းတူ အပြစ်များကျူးလွန်ခဲ့ပါသလား။ကျွန်တော် တို့ကဲ့သို့အားနည်သောသူဖြစ်ပါလား။သူသည် ကျွန်တော်တို့နည်းတူ မပြည့်စုံ သူဘဲလား။ လုံးဝမဟုတ်ပါ။
အဘယ်ကြောင့်သူသည် ကားတိုင်တင်သတ်ခြင်းခံရပါသနည်း။ ကျွန်တော် တို့ကိုကယ်တင်ရန်နှင့် ကျွန်တော်တို့၏ အပြစ်အလုံးစုံအတွက် ပေးဆပ်ရန် ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ကို အပြစ်အလုံးစုံမှ ကယ် တင်ဖို့ရန်အတွက် ဗတ္တိဇံကိုခံယူ၍ ကားတိုင် တော်၌ အသတ်ခံခဲ့ရသည်။ 
ယင်းသည် ရေနှင့်ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းတည်းဟူသော ကယ်တင်ခြင်း၏ သမ္မာတရားလမ်းဖြစ်ပါသည်။ ကျွန်တော်တို့၏ အပြစ်များ အတွက်ပေးဆပ်ခြင်းဖြစ်သည်။ သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းကို ယုံကြည်သောသူအားလုံး အသစ်သော အသက်တာကိုပေးလေသည်။ 
 
 

ရေနှင့်ဝိညာဉ်တော်၏ အနက်အဓိပ္ပါယ်


ရေနှင့်ဝိညာဉ်တော်ဆိုသည်မှာ အဘယ်နည်း
ရေသည်ယေရှု၏ ဗတ္တိဇံကိုလည်းကောင်း၊ ဝိညာဉ်တော်သည် သူ၏ဘုရား ဖြစ်ခြင်းကို၄င်း ဆိုလိုခြင်းဖြစ်ပါသည်

ကျမ်းစာတွင် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်ကအသွေးတော်ကို ယုံကြည်သောအခါ ဒုတိယမွေးခြင်းခံရသည်ဟုဆိုထားပါသည်။ ဘုရားသခင် ၏ သားသမီးဖြစ်ခြင်း တည်းဟူသော ဒုတိယမွေးခြင်းသည် ကျွန်တော်တို့ အပြစ်များအတွက် ပေးဆပ်ခြင်းဖြစ်သောရေ၊ အသွေးတော်နှင့် ဝိညာဉ်တော် သတင်းကောင်းအားဖြင့် အောင်မြင်ပြီးမြောက်သည်။ 
ကျမ်းစာအရ ရေသည်ယေရှု၏ဗတ္တိဇံကို ရည်ညွှန်း၍ (၁ ပေ ၃း၂၁) ဝိညာဉ်တော်သည် ယေရှုသည်ဘုရားဖြစ်ကြောင်းကို ရည်ညွှန်းထားပါသည်။ ယင်းသည် ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်တော်တို့၏ အပြစ်အလုံးစုံအတွက် ပေးဆပ်ရန် လူ့ဇာတိကိုခံယူ၍ ဤလောကသို့ ကြွ လာသည်ဟူသော ဒုတိယမွေးခြင်း၏ သမ္မာတရား လမ်းဖြစ်ပါသည်။ 
သူ၏ဗတ္တိဇံအားဖြင့် ကျွန်တော်တို့၏အပြစ်အလုံးစုံကို ယူဆောင် သွားကာ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် အပြစ်၏အဖိုးအခကို ပေး ဆပ်ခဲ့ပါသည်။ ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ် အသွေးတော်သွန်းလောင်း ခြင်းဖြင့် သူ့ကိုယုံကြည် သောသူအားလုံး ကယ်တင်ခဲ့သည်။ 
ယေရှုသည်သူ၏ဗတ္တိဇံနှင့် ကျွန်တော်တို့၏ ကယ်တင်ခြင်းသာဓက ဖြစ်သောအသွေးတော်သည် ကျွန်တော်တို့ကို အပြစ်များမှ ကယ်တင်ခဲ့ ကြောင်း သဘောပေါက်နားလည်ရမည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးခြင်းခံရသောသူများသာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်သည်။ ယေရှုသည် ကျွန်တော်တို့ကို သူ့ဗတ္တိဇံခံယူသော ရေ၊ အသွေးတော်နှင့် ဝိ ညာဉ်တော်အားဖြင့် ကယ်တင်ခဲ့သည်။ 
ယေရှုသည် ဤလောက၏ အပြစ်အလုံးစုံအတွက် ပေးဆပ်ဖို့ရန် ဤလောကသို့ကြွလာသော ကောင်းကင်ဘုံရှိ ယဇ်ပရောဟိတ်မင်း ဖြစ်ပါ သည်။ သူသည်ဗတ္တိဇံကိုခံယူကာ အသွေးတော်သွန်းလောင်းပြီးနောက် ပြန်လည် ရှင်ပြန်ထမြောက်ခဲ့သည်။ ထို့နောက် သူ့ကိုယုံကြည်သောသူအားလုံး၏ ကယ် တင်ရှင်ဖြစ်လာခဲ့သည်။ 
ယောဟန် ၁၀း၇ တွင် ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏” ဟု မိန့်တော်မူခဲ့သည်။ ယေရှုသည်ကောင်းကင်နိုင်ငံတော်၏ တံခါးဝတွင်ရပ်လျက်နေသည်။ကျွန် တော် တို့ကို မည်သူတံခါးဖွင့်ပေးမည်နည်း။ ယေရှုပင်ဖြစ်ပါသည်။ 
သူ၏ကယ်တင်ခြင်းသမ္မာတရားလမ်းကို သိနားလည်ခြင်းမရှိဘဲ၊ သူ့ကိုယုံကြည်သောသူများထံမှ မျက်နှာလွှဲတော်မူသည်။ သူ၏ဗတ္တိဇံအသွေး တော်နှင့် ဝိညာဉ်တော်ကို မယုံကြည်သောသူများသည် ဒုတိယမွေးခြင်းခံ ဖို့ရန် လက်မခံပေ။ သူ၏နှုတ်ကပတ်တော်ကိုလည်းကောင်း၊ သူ၏သန့်ရှင်းဖြူ စင်ခြင်းကိုလည်းကောင်း၊ သူ၏ဘုရားဖြစ်ခြင်းကိုလည်းကောင်း၊ လက်ခံယုံ ကြည်ခြင်းမရှိသောသူများထံမှ မျက်နှာတော်လွှဲတော်မူသည်။ 
ဤလောကကို လူဇာတိအားဖြင့်ကြွလာတော်မူသောထို သမ္မာတ ရားသည် ဗတ္တိဇံကိုခံယူသည့်အပြင် လောက၏အပြစ်အလုံးစုံအတွက် ပေးဆပ်ရန် ကားတိုင်တော်တွင် ကျွန်ုပ်တို့၏ကိုယ်စား တရားစီရင်ခြင်းခံ၍ ကားတိုင်တင်သတ်ခြင်းခံရပြီးနောက်သုံးရက်မြောက်သောနေ့တွင် ပြန်လည် ရှင်ပြန်ထမြောက်ခဲ့သည်။ ထိုသမ္မာတရားကို ငြင်းပယ်သောသူသည် သူ့ထံ မှဖယ်ရှား၍ ပျက်စီးခြင်းသို့ ရောက်ရသည်။ အပြစ်၏အဖိုးသည် သေခြင်း ဖြစ်၏။
သို့သော်လည်းသူ၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ရွေးနှုတ်ကယ် တင်ခြင်းကောင်းကြီးကို ယုံကြည်သောသူတို့သည်လည်းကောင်း၊ သန့်စင်မွန် မြတ်သောနှလုံးသားတို့သည်လည်းကောင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင် စားရသောအခွင့်ရှိသည်။ ယင်းသည် စစ်မှန်သော ဒုတိယမွေးခြင်း ရေအ သွေးတော်နှင့် ဝိညာဉ်တော်မှကျွန်တော်တို့ထံရောက် ရှိလာသော သတင်း ကောင်းဖြစ်ပါသည်။ရေနှင့်ဝိညာဉ်တော်၏ဒုတိယမွေးခြင်းသည် ကောင်းကင် ဘုံမှလာသော သတင်းကောင်းပင်ဖြစ်သည်။ ယေရှု၏ဗတ္တိဇံနှင့် အသွေး တော်ကို ယုံကြည်သောသူများသာလျှင် ဒုတိယမွေးခြင်းခံရသော အခွင့်ရှိ သည်။ ရေအသွေးတော်နှင့်ဝိညာဉ်တော်၏ သတင်းကောင်းကိုယုံကြည်သော သူများသည် အပြစ်ကင်းသောသူများဖြစ်ကြရသည်။ သူတို့သည် အမှန် တကယ် ဒုတိယမွေးခြင်းရသော သူများဖြစ်ကြသည်။ 
ယနေ့တွင်လည်း နိကောဒင်ကဲ့သို့ သမ္မာတရားလမ်းကို မသိနားမ လည်သောလူမြောက်များစွာတို့သည် စစ်မှန်သော သတင်းကောင်းကိုသ ဘောပေါက် နားလည်ခြင်းမရှိဘဲ ယေရှုကိုယုံကြည်ကြသည်။ နိကောဒင် သည် တော်ဖြောင့်ပါသည်ဆိုသော အဖွဲ့အစည်းတစ်ခု၌ အဖွဲ့ဝင်တစ်ဦးဖြစ်ပါ သည်။ သို့သော်လည်း ယေရှုထံမှစစ်မှန်သောသတင်းစကား ကိုကြားရပြီး နောက် ယေရှုသည် ကားတိုင်တင်သတ်ခံရသောအခါ သူသည်ယေရှု၏ သဂြိုဟ်သော သူများထဲတွင်တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ နိကောဒင် သည် လုံးလုံးလျားလျား ယုံကြည်လာသည်။ 
ယခုခေတ်၌လည်း ယေရှု၏ရေနှင့်ဝိညာဉ်တော်အကြောင်း ကောင်း ကောင်း မွန်မွန်မသိနားမလည်သူ ကျွန်တော်တို့အထဲ၌ မြောက်များ စွာရှိကြ သည်။ ထို့အပြင် စစ်မှန်သောသတင်းကောင်းကို ကြားနာရန် အခွင့်အ ရေးများရရှိပါသော်လည်း သမ္မာတရားကို လက်မခံသောသူ မြောက်များစွာရှိ သေးသည်။ အလွန်ပင်သနားစရာကောင်း ကြပါသည်။ 
ယေရှုသည် ကျွန်တော်တို့အားလုံး ဒုတိယမွေးခြင်းခံရနိုင်ဖို့ရန် လုပ်ဆောင်ပေးခဲ့ပါသည်။ မည်သို့ဒုတိယမွေးခြင်းပေးခဲ့ပါသနည်း။ ရေ၊ အ သွေးတော်နှင့်ဝိညာဉ်တော်အားဖြင့်ပေးခဲ့ပါသည်။ ယေရှုသည် သူကိုယ်တိုင် ဗတ္တိဇံခံယူသောအချိန်တွင် ကျွန်တော်တို့၏အပြစ်များကို ယူဆောင်သွား ခဲ့ပြီးဖြစ်သည်။ ထို့နောက် ကားတိုင်တော်တွင် အသေခံပြီး သေခြင်းမှ ပြန် လည်ရှင်ပြန်ထမြောက်ခဲ့သည်။ 
ထို့နောက် သူ့ကိုယုံကြည်သောသူများကိုလည်း ဒုတိယမွေးခြင်း ကောင်းကြီးကိုပေးလေသည်။ ယေရှုသည် သူ့ကိုယုံကြည်သောသူအားလုံး အား ဒုတိယမွေးခြင်းကိုခံစေသောကယ်တင်ရှင်ဖြစ်သည်။ ဆုတောင်းသောအခါ တွင်ကောင်းကင်နှင့်မြေကြီးကိုလည်းကောင်း၊ အရာခပ်သိမ်းကိုလည်း ကောင်း၊ ဖန်ဆင်းထားသောယေရှုသည် အစဉ်သဖြင့်သင် နှင့်အတူရှိပါလိမ့် မည်။ 
ယောဟန် ၃း၁၆ တွင် “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏” ဟူ၍ ဖော်ပြထားပါသည်။ ယေရှုကိုယုံကြည် ခြင်း အားဖြင့်ထိုက်တန်သော ထာဝရအသက်ကိုရခဲ့သည်။ ရေနှင့်ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးခြင်းကိုရသည်။ သမ္မာတရားဖြစ်သော ယေရှု ဗတ္တိဇံနှင့်အသွေးတော်ကိုယုံကြည်လျှင်ယေရှုသည် ကယ်တင်ရှင်နှင့်ဘုရား သခင်ဖြစ်တော်မူသောကြောင့် ကျွန်တော် တို့သည်လည်း ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည်။ 
သို့သော် ဤသမ္မာတရားကို မယုံကြည်လျှင် ကျွန်တော်တို့သည် အပါယ်ငရဲထဲသို့ထာဝရစွန့်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် ယေရှုက နိကောဒင်အား “မြေကြီးအရာကို ငါပြော၍ သင်တို့သည်မယုံလျှင်ကောင်း ကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း” ဟုမိန့်တော် မူခဲ့ခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်တော်တို့အတွက် အဘယ်အမှုကိုပြုခဲ့ ပါသနည်း။ ဒုတိယမွေးခြင်းခံယူ၍ ယေရှုအားဖြင့် ကယ်တင်ခြင်းကိုရရှိရန် အခွင့်ပေးခဲ့သည်။ ယေရှုသည် ကျွန်တော်တို့ကို ဤလောကမှလည်းကောင်း၊ နတ်ဆိုးများလက်မှ လည်းကောင်း၊ လောက၏အပြစ်ချည်နှောင်ခြင်းမှ လည်း ကောင်း၊ ကယ်တင်ခဲ့သည်။ ဤလောကရှိ အပြစ်သားများကို အပြစ်စီရင်ခြင်း မှ ကယ်တင်ရန် သူ၏ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်တော်တို့၏ အပြစ်အလုံးစုံကို ဆောင်ယူကာကားတိုင်တော်၌ကားတိုင်တင်သတ်ခြင်းခံရပြီးနောက်သေခြင်း မှ ရှင်ပြန်ထမြောက်ခဲ့သည်။ 
ထို့ကြောင့် ဤကယ်တင်ခြင်းတရားသည် ကျွန်တော်တို့အနေအား ဖြင့် ယုံကြည်သင့်မယုံကြည်သင့် ရွေးချယ်ရမည့်အရာဖြစ်လာသည်။ ဒုတိ ယမွေးခြင်းဖြင့် ကယ်တင်ခြင်းသည် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ကယ်တင်ခြင်းတရားကို သက်ဝင်ယုံကြည် ခြင်းမှလာသည်။ 
ဆိုလိုသည်မှာ ဘုရားသခင်ပေးသနားတော်မူသော ကောင်းကြီးနှစ် ခုရှိသည်။ တစ်ခုမှာ သာမာန်ကောင်းကြီးမင်္ဂလာဖြစ်သည်။ ထိုကောင်းကြီးမင်္ဂ လာတွင် နေ၊လေစသည် တို့အပါအဝင် သဘာဝနှင့်ဆိုင်သော အရာခပ်သိမ်းပါ ဝင်သည်။ ယင်းသည် လူအပေါင်းတို့ကို ဖြောင့်မတ်သူဖြစ်မလား၊ အပြစ်သား များဖြစ်ကြမလားဟူ၍ ရွေးချယ်ပိုင်ခွင့်ပေးခြင်းဖြစ်သောကြောင့် သာမာန် ကောင်းကြီးမင်္ဂလာဟူ၍ခေါ်သည်။ 
အထူးကောင်းကြီးမင်္ဂလာသည် အဘယ်အရာနည်း။ အထူးကောင်း ကြီးမင်္ဂလာမှာသူတို့၏အပြစ်အတွက် သေခြင်းမှအပြစ်သားအားလုံးကို ကယ် တင်နိုင်သော ရေနှင့်ဝိညာဉ် တော်၏ ဒုတိယမွေးခြင်းပင်ဖြစ်သည်။ 
 

အထူးကောင်းကြီးမင်္ဂလာ

ဘုရားသခင်၏ အထူးကောင်းကြီး မင်္ဂလာသည် အဘယ်နည်း။
သူ၏ဗတ္တိဇံ ကားတိုင်တင်သတ်ခြင်းနှင့်ရှင်ပြန်ထ မြောက်ခြင်းအမှုများပြုခဲ့သော်ငြားလည်း၊ဒုတိယ မွေးခြင်းကို ကျွန်တော်တို့အတွက် ဖန်တီးသည်။
 
ယောဟန် ၃း၁၆ တွင် “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏”ဟုဖော်ပြသည်။ ယင်းသည်ဘုရားသခင်၏ အထူးကောင်းကြီးကို ဖော်ပြခြင်းဖြစ်ပါသည်။ယေရှုသည် ဤလောကသို့ လူ့ဇာတိ အားဖြင့်လာကာ ကျွန်တော်တို့အတွက် ဗတ္တိဇံခံယူခြင်း၊ ကားတိုင် တင်သတ်ခံရခြင်းအားဖြင့် ကျွန်တော်တို့၏ အပြစ်အလုံးစုံကို ဆေးကြောပေးခဲ့ သည်။ ယင်းသည် ဘုရား သခင်၏အထူး ကောင်းကြီးသမ္မာတရားအဖြစ်အားဖြင့် အပြစ်အလုံးစုံမှ ကျွန် တော်တို့ကို ကယ်တင်သောအရာ ဖြစ်ပါသည်။ 
အမှန်အားဖြင့်ယေရှုသည်ကျွန်တော်တို့ကို ကယ်တင်၍အပြစ်သား များအဖြစ်မှ ဖြောင့်မတ်သောသူများအဖြစ်ပြောင်းလဲစေခဲ့သည်။ ဤသမ္မာတ ရားကို ယုံကြည်ခြင်းအားဖြင့် အထူးကောင်းကြီးကို ရိုးရိုးရှင်းရှင်းခံစားနိုင်ပါ သည်။ သင်ယုံကြည်ပါသလား။ 
မိတ်ဆွေ၏ အသက်တာတလျှောက်လုံး အဘယ်မျှလောက်ပင် သစ္စာရှိစွာ အသက်ရှင်လာခဲ့သော်ငြားလည်း ဘုရားသခင်၏အထူးကောင်း ကြီးကို ငြင်းပယ်ခဲ့ပါက သင်၏သက်ဝင်ယုံကြည်ခြင်းအလုံးစုံသည် အချည်းနှီး သာဖြစ်ပါလိမ့်မည်။ 
ယေရှု၏ ဗတ္တိဇံနှင့်သူ၏လက်ဝါးကားတိုင်တော်ကို ယုံကြည်ခြင်း သာလျှင် ဒုတိယမွေးခြင်းခံဖို့ရာလမ်းမှန်ဖြစ်ကြောင်းကို ဟောပြောသင့်ပါ သည်။ ဘယ်ကျမ်းစာအုပ် မဆိုကျွန်တော်တို့ပြောပြောနေကြသော ယေရှု အားဖြင့် ဒုတိယမွေးခြင်း၏ကောင်းကြီးမင်္ဂလာသည်ဘုရားသခင်၏အထူးကောင်းကြီးမင်္ဂ လာဖြစ်ကြောင်းကို ဖွင့်ပြကြပါသည်။ ယေရှုဗတ္တိဇံနှင့်သူ၏ ကားတိုင်တင်သတ် ခံရခြင်းအားဖြင့် အပြစ်သားများ၏ကယ်တင်ခြင်းထက် ဘုရားသခင်၏ အထူး ကောင်းကြီးမင်္ဂလာသည် ပို၍ကောင်းမွန်သည်။ 
ယေရှု၏ဗတ္တိဇံနှင့် သူ၏ကားတိုင်တင်သတ်ခံရခြင်းသည် ဘုရားသ ခင်၏အထူးကောင်းကြီးဖြစ်ပါသည်။ ဤလောကရှိ အတုအယောင်တရား ဟောဆရာများသည် ထိုအကြောင်းကို လုံးဝမဟောပြောကြပေ။ ထိုအတု အယောင်တရားဟောဆရာများသည် ကောင်းကင်တမန်များ၏ လင်းလက် နေသော အဝတ်တန်ဆာဖြင့် အသုံးတော်ခံကြကာ လူ့လောကအကြောင်းနှင့် ခရစ်ယာန်တို့၏ ကိုယ်ကျင့်တရားများကို လက်နက်အဖြစ် အသုံးချကြသည်။ ဘုရားသခင်၏အထူးကောင်းကြီး မင်္ဂလာအားဖြင့် လုပ်ဆောင်ခြင်းမရှိခဲ့လျှင် သူတို့လုပ်ဆောင်သော အနာရောဂါများ ပျောက်ကင်းစေခြင်းစသည့် အံ့ဘွယ် နိမိတ်လက္ခဏာများသည် မကောင်းမှုများသာလျှင်ဖြစ်ကြသည်။ 
အပြစ်သားများကို ဘုရားသခင်အထူးပေးသနားတော်မူသော ကောင်း ကြီးမင်္ဂလာမှာ အပြစ်ဖြေလွှတ်ခြင်းသတင်းကောင်းပင်ဖြစ်ပါသည်။ ထိုအထူး ကောင်းကြီး မင်္ဂလာနှင့်အတူ ဘုရားသခင်သည် ကျွန်တော်တို့အား ဒုတိယ မွေးခြင်းခံရသော အခွင့်ကိုပေးလေသည်။ သူ၏ဗတ္တိဇံ၊ အသွေးတော်၊ သေခြင်း နှင့် ရှင်ပြန်ထမြောက် ခြင်းအားဖြင့် ကျွန်တော်တို့ကို အသစ်ဖန် ဆင်းသော သူများဖြစ်စေခဲ့ပါသည်။ အပြစ်မှလွတ်မြောက်စေလျှက် သူ၏သား သမီးများ ဖြစ်ရသောအခွင့်ကို ပေးလေသည်။ 
သင်ယုံပါသလား။ ဟုတ်ကဲ့။ အမှန်တကယ်ဘဲ ထိုကောင်းကြီးကိုခံ စားရပါသလား။ ဟုတ်ကဲ့။ ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်၊ သေခြင်းနှင့် ပြန် လည်ရှင်ပြန် ထမြောက်ခြင်းတို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ကျွန် တော်တို့ကို ဘုရားသခင်ပေးသနားတော်မူသော အထူးကောင်းကြီးဖြစ်ပါ သည်။ ယင်းသည်အထူးကောင်းကြီး မင်္ဂလာ၏သတင်းကောင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏အထူးကောင်းကြီးအားဖြင့် ကျွန်တော်တို့အားကယ် တင် တော်မူသောကြောင့် ဂုဏ်တော်ကိုချီးမွမ်းပါ သည်။ 
ယနေ့ခရစ်ယာန်အတော်များများသည် ဘုရားသခင်၏အထူးပေး ထားသော ကောင်းကြီးကိုလည်းကောင်း၊ ဗတ္တိဇံနှင့်အသွေးတော်သတင်း ကောင်းကိုလည်းကောင်း၊ ရေနှင်ဝိညာဉ်တော်၌ ဒုတိယမွေးခြင်းသတင်း ကောင်းကိုလည်းကောင်း၊ မသိနားမလည်ကြပါသဖြင့် အလွန်ပင်ဝမ်းနည်း စရာကောင်းပါသည်။ သူတို့သည် ကိုယ်ပိုင်အတွေးအခေါ်နှင့် ဘာသာ ရေးဆိုင်ရာ ကိုယ်ကျင့်တရားများဖြင့် နည်းလမ်းများရှာဖွေရန် မိုက်မိုက် ကန်း ကန်းကြိုးစားကြသည်။ အဘယ်မျှလောက်အသိညာဏ် ခေါင်းပါးသောသူများ ဖြစ်ကြ ပါသနည်း။ 
ခရစ်ယာန်ဘာသာသည် ပြန်လည်ပြုပြင်ရေးအချိန်မှစ၍ နှစ်ပေါင်း ၅၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်သော်လည်း ဒုတိယမွေးခြင်း၏ သမ္မာတရားနှင့် ဘုရားသခင် အထူးပေးထားသော ကောင်းကြီးအကြောင်းကို မသိနားမလည် သေးသောသူများသည် ကိုရီးယားနိုင်ငံတွင်လည်းကောင်း၊ ကျန်ကမ္ဘာနိုင်ငံ များတွင်လည်းကောင်း မြောက်များစွာရှိ နေကြဆဲဖြစ်သည်။ 
သို့သော်လည်း နောက်ဆုံးသောကာလရောက်လုနီးပြီဖြစ်ကြောင်း ကျွန်တော် တို့တွင်နေ့စဉ်ကြားနေရပြီဖြစ်သောကြောင့် သမ္မာတရားလမ်းကို လက်ခံယုံကြည်၍ ဒုတိယမွေးခြင်းကိုခံရမည်။ မြောက်များစွာသော ခရစ် ယာန်များသည် ဒုတိယမွေးခြင်း ရရှိရန် ခက်ခက်ခဲခဲ ကြိုးစားကြသည်။ 
သို့သော်လည်း ဒုတိယမွေးခြင်း၏ စစ်မှန်သော အနက်အဓိပ္ပါယ်ကို သဘောမပေါက်နားမလည်ဘဲ ကြိုးစားခဲ့လျှင် သူတို့သက်ဝင်ယုံကြည်ခြင်း သည် အချည်းနှီးသာဖြစ် ပါလိမ့်မည်။ သူတို့အနေအားဖြင့် ကောင်းကင်နိုင်ငံ တော်ဝင်စားဖို့ရန် ဒုတိယမွေးခြင်းခံရမည်ဟု ဆိုကြသော်လည်း၊ ဒုတိယမွေး ခြင်း၏ သမ္မာတရားလမ်းကို ဘာမျှမသိကြချေ။ 
သူတို့သည် တိတိကျကျယုံကြည်လာသည့်နောက် သူတို့၏နှလုံး သားတွင် မီးတောက်လောင်သလို ခံစားသည့်အချိန်မှစ၍ ဒုတိယမွေးခြင်းရ နိုင်သည်ဟုယူဆကြသည်။ သို့သော် ဒုတိယမွေးခြင်းခံရ၍ သူတို့ကကြိုးစားမှု သည် ကိုယ်ပိုင်အာရုံခံစားမှုသို့မဟုတ် ဘာသာရေးစိတ်အားထက်သန်မှုလုပ် ဆောင်ချက်တွင် အခြေခံသောကြောင့် မှားသော သက်ဝင်ယုံကြည်ခြင်း တို့သာလျှင် ဦးတည်စေနိုင်ပါသည်။ 
 


စစ်မှန်သော ဒုတိယမွေးခြင်းသို့ ဦးတည်စေသော ဘုရားသခင်၏ နှုတ်ကပတ် တော်


သက်ဝင်ယုံကြည်ခြင်းနှင့် ဘာသာအယူဝါဒ ကွာခြားချက်သည်အဘယ်နည်း။
သက်ဝင်ယုံကြည်ခြင်းသည် ကျွန်တော်တို့ကိုကယ်တင်ရန် ယေရှုပြုခဲ့သောအမှုကို ယုံကြည်ရန်ဘာသာအယူဝါဒသည် တစ်စုံ တစ်ယောက်သောသူ၏ကိုယ်ပိုင်အတွေး အခေါ်နှင့် အကျင့် တရားကိုအမှီပြုသည်။

ယောဟန် ၅း၄-၈ တွင် ကျွန်တော်တို့သည် ရေအသွေးတော်နှင့် ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဒုတိယမွေးခြင်းကို ခံရနိုင် ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ အကယ်၍ ကျွန်တော်တို့ တွင် ဒုတိယမွေးခြင်းခံရမည်ဆိုပါက ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သော သမ္မာတရားအားဖြင့်သာလျှင် ဒုတိယမွေးခြင်းခံရနိုင်ကြောင်းကိုကျွန် တော်တို့ အမြဲသတိရရမည်။ ကျွန်တော်တို့၏ရူပါရုံ၊ အမျိုးမျိုးသောဘာသာစကား ပြောခြင်းသို့မဟုတ် သဲထိတ်ရင်ဖိုအတွေ့အကြုံတို့သည် ဘယ်တော့မှ ကျွန် တော်တို့ကို ဒုတိယမွေးခြင်းခံရာဆီသို့ ဦးတည်စေနိုင်ခြင်း မရှိကြောင်း သဘောပေါက် နားလည်ဖို့ရန် လိုအပ်ပါသည်။ 
ယောဟန် အခန်း(၃)တွင် ယေရှုကလည်း တစ်စုံတစ်ယောက်သော သူသည် ရေနှင့်ဝိညာဉ်အားဖြင့် ဒုတိယမွေးခြင်းမခံရလျှင် ကောင်းကင်နိုင် ငံတော်သို့ မဝင်ရဟု မိန့်တော်မူခဲ့ပါသည်။ အကယ်၍ တစ်စုံတစ်ယောက် သောသူသည် ဒုတိယမွေးခြင်းခံရမည်ဆိုခဲ့လျှင် ယေဘုယျအားဖြင့် ယေရှုကို ယုံကြည်ရာဦးတည်ရမည်။ ဘုရားသခင်သည် ပညတ်တရားအားဖြင့် မိမိအ ပြစ်ကို ဝန်ခံရမည်။ ပထမဦးဆုံးယေရှုကို ယုံကြည်၍ ဘုရားသခင်၏ ပညတ် တရားအရဖြစ်လာမည့်အပြင် အမှန်တကယ်ဆိုးဝါးသော အပြစ်သားတစ်ဦး ဖြစ် ကြောင်း ဝန်ခံခြင်းရှိရမည်။ 
ကျွန်တော်တို့သည် ယေရှုကို ယုံကြည်သောအခါ ဤကမ္ဘာပေါ်ရှိ မြောက်များစွာသော ဘာသာရေးတစ်ခုခုနှင့်အညီ ယုံကြည်ဖို့ရန် ဆိုလို ခြင်းမဟုတ်။ ခရစ်ယာန်ဘာသာသည် အခြားသောဘာသာနှင့် တစ်ထေရာ တည်းမဟုတ်ပါ။သက်ဝင်ယုံကြည်ခြင်းဖြင့်ထာဝရအသက်ကိုရရှိရန် နည်းလမ်း ကို ဦးတည်စေသည့် တစ်ခုတည်းသော ဘာသာဖြစ်ပါ သည်။ 
ကိုးကွယ်မှုဘာသာအယူဝါဒအနေဖြင့် ယေရှုကို ယုံကြည်သောသူ မည်သူမဆို လက်ချည်းသက်သက် ဇာတ်သိမ်းပါလိမ့်မည်။ ပရမ်းပတာ လက်ချည်းသက်သက်ဖြင့် အဆုံးသတ်ကာနှလုံးသားတွင် အပြစ်ဖြင့်ပြည့် လျက်နေပါလိမ့်မည်။ ယင်းသည် အမှန်တရားပင်မဟုတ်လော။ သင်သည် ကျမ်းစာထဲရှိ ဖာရိရှဲများနည်းတူ အတုအယောင်ဖြင့် ဇာတ်သိမ်းရန် လိုချင် မည်မဟုတ်ပေ။ 
လူတိုင်းဒုတိယမွေးခြင်းခံရသော ခရစ်ယာန်တစ်ဦးဖြစ်ရန် ဆန္ဒရှိ ကြပါလိမ့်မည်။ သို့သော်လည်း ဘာသာအယူဝါဒတခုအနေဖြင့် ခရစ်ယာန် ဘာသာကို ယုံကြည်သောသူသည် နှလုံးသားထဲ၌ အပြစ်အပြည့်နှင့် အတုအ ယောင်ခရစ်ယာန်အဖြစ် ဇာတ်သိမ်းသွားမည် ဖြစ်ပါသည်။ ဒုတိယမွေးခြင်း၏ သမ္မာတရားလမ်းကို ကျွန်တော်တို့သဘောပေါက်နား လည်ရမည်။ 
ဒုတိယမွေးခြင်းမခံရဘဲ ကိုးကွယ်မှုဘာသာအယူဝါဒအဖြစ် ယုံ ကြည်လက်ခံသောသူမည်သူမဆိုသူ၏စိတ်နှလုံးထဲတွင်မရေမရာမှုနှင့် ဗလာ နတ္တိအားဖြင့် ဇာတ်သိမ်းရမည်မှာ သေချာပါသည်။ အကယ်၍တစ်ယောက် ယောက်က ယေရှုကို ယုံကြည်ပါသော်လည်း ဒုတိယမွေးခြင်းမခံရလျှင် သူ၏ယုံကြည်ခြင်းသည် မှားယွင်းသောယုံကြည်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည်သန်ရှင်းခြင်းသို့ရောက်ရှိဖို့ရန် လူတကာရှေ့၌ ခက်ခက်ခဲခဲကြိုးစား ပါသော်လည်း စိတ်မချမ်းမြေ့စရာအားနည်းချက်ကြောင့် အတုအယောင် အဖြစ် ဇာတ်သိမ်း ရသည်။ 
ခရစ်ယာန်ဘာသာကို ဘာသာအယူဝါဒတစ်ခုအနေဖြင့်သာ ယုံ ကြည်သေးသမျှ ကာလပတ်လုံး သင်သည်အစဉ်သဖြင့် အပြစ်သား အယောင် ဆောင်ခရစ်ယာန် တစ်ဦးသာလျှင် ဖြစ်ရပါလိမ့်မည်။ သင်၏ အပြစ်ကြောင့် နေ့စဉ်ဝမ်းနည်းပူးဆွေးနှင့်သာ အသက်ရှင် သွားမည်ဖြစ်ပါသည်။ အကယ်၍ သင်သည်အပြစ်မှလွတ်မြောက်လိုပါကသမ္မာတရားလမ်းဖြစ်သော ရေအသွေး တော်နှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ရန် လိုအပ်ပါသည်။ 
 


ယေရှုဗတ္တိဇံအားဖြင့်ရွေးနှုတ်ကယ်တင်ခြင်း၏လျှို့ဝှက်ချက်ဖော်ထုတ်ခြင်း


အဘယ်မည်သောအရာက ကျွန်တော်တို့ အားဒုတိယမွေးခြင်းရစေပါသနည်း
ယေရှု၏ ဗတ္တိဇံ ၊ ကားစင်တင်သတ်ခံရခြင်းနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်း
 
ကျမ်းစာကဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသော ဘုရားသခင် ၏နှုတ်ကပတ်တော်အားဖြင့် မည်သူမဆို ဒုတိယမွေးခြင်းရရှိနိုင်သည်ဟု ကျွန်တော်တို့ကို ပြောထားပါသည်။ ၁ ပေတရု ၃း၂၁ တွင်ဖော်ပြထားသော ရှင်ပေတရုသြဝါဒစကားကို ကြည့်ကြပါစို့။ ‘‘ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။”
ကျမ်းစာတွင်ယေရှု၏ဗတ္တိဇံသည် ကျွန်တော်တို့ကို ကယ်တင်သော အရာဖြစ်သည်ဟု မှတ်တမ်းတင်ထားပါသည်။ ယေရှုကို ယုံကြည်သော သူတို့သည် ကျွန်တော်တို့ ကိုယ်တိုင်ဗတ္တိဇံခံယူခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ယေရှု၏ဗတ္တိဇံသည်အပြစ်သားများဖြစ်ကြသောကျွန်တော်တို့အား ဘဝသစ် သို့ ပြောင်းလဲစေပါသည်။ ယုံကြည်ပါ။ ယုံကြည်လျှင် ဒုတိယမွေးခြင်း၌ ကယ်တင်ခြင်းကောင်းကြီးကို ရရှိမည် ဖြစ်ပါသည်။ 
ထိုကယ်တင်ခြင်းကို နားလည်သဘောပေါက်ခြင်းသည် ယေရှု၏ ဗတ္တိဇံကိုယုံကြည်ခြင်းအားဖြင့်ရရှိနိုင်သည်ဖြစ်၍ ကျွန်တော်တို့ကို ကယ်တင် နိုင်သည့်အပြင်ဖြောင့်မတ်သောသဖြစ်စေကာ ထာဝရအသက်ကို ထိုက်ထိုက် တန်တန်ရရှိပါစေသည်။ တနည်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော် အတိုင်း ကယ်တင်ခြင်း၏သမ္မာတရားကို ကျွန်တော်တို့ ယုံကြည်လာသော အခါ ကျွန်တော်တို့၏အပြစ်အလုံးစုံကို အစဉ်သဖြင့် သန့်ရှင်းစင်ကြယ်စေ ပါလိမ့် မည်။ 
ဒုတိယမွေးခြင်းသည် ဒုတိယအကြိမ်မွေးဖွားရန်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် များသောအားဖြင့် အယူဝါဒတစ်ခုအဖြစ်ဖြင့် ယေရှုကို စတင်ယုံကြည်ခဲ့ပါသည်။ ထို့နောက်မှ သမ္မာတရားကို လက်ခံ၍ သက်ဝင်ယုံ ကြည်ထားခြင်းအားဖြင့် ဒုတိယမွေးသောသူများ ဖြစ်လာကြပါလိမ့်မည်။ ယေရှုဟူသောနာမည်မှည့်ရခြင်းသည် “မိမိလူတို့ကို အပြစ်မှကယ် ချွတ်မည့် သူဖြစ်သောကြောင့်” ဖြစ်ပါသည် (ရှင်မဿဲ ၁း၂၁)။
ကျွန်တော်တို့သည် ယေရှုကို ယုံကြည်လာသောအခါ လောကီသား အားလုံးအတွက် သူပြုခဲ့သော အမူအရာများကိုလည်းကောင်း၊ ကျွန်တော်တို့ ကိုအပြစ်မှ လွတ်မြောက်စေတော်မူ၍လည်းကောင်း၊ လူသစ်စိတ်သစ်အမှတ် တံဆိပ်အဖြစ် ဒုတိယမွေးခြင်းခံစေခြင်းကိုလည်းကောင်း၊ တိတိကျကျသိနား လည်ရသည်။ အစပထမတွင် ကျွန်တော်တို့သည် ကိုးကွယ်မှုအယူဝါဒတစ်ခု အဖြစ် ယုံကြည်ရာမှတဖန်ယေရှု၏ ဗတ္တိဇံနှင့်သူ၏အသွေးတော်၏ သတင်း ကောင်းကို ကြားနာ၍ယုံကြည်လာသောအခါ ကျွန်တော်တို့သည် ဒုတိယ မွေးခြင်းကို ခံရပါသည်။ 
ကျွန်တော်တို့ကို ဒုတိယမွေးခြင်းခံစေသော သမ္မာတရားသည် အဘယ်နည်း။ ယေရှု၏ဗတ္တိဇံသည် ပထမ၊ ပြီးနောက် ကားတိုင်ပေါ်မှ ယိုစီး လာသော အသွေးတော်၊ နောက်ဆုံးတွင် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့ ဖြစ်ကြပါသည်။ ဒုတိယမွေးခြင်းဆိုသည်မှာ ယေရှုကို ကျွန်တော်တို့၏ ကယ် တင်ရှင်ဘုရားသခင်အဖြစ် ယုံကြည်ခြင်းကိုဆိုလိုခြင်း ဖြစ်ပါသည်။ ဓမ္မ ဟောင်းခောတ်လူတို့သည်မည်သို့ဒုတိယမွေးခြင်းခံသည်ကို လေ့လာကြပါစို့။ 
 


ဓမ္မဟောင်းကျမ်းတွင် အပြစ်အတွက်ပေးဆပ်ခြင်း၊ ခေါင်းပေါ်လက်တင် ခြင်းနှင့်အသွေးတော်ဆက်ကပ်ပေးလှူခြင်း


ဓမ္မဟောင်းကျမ်းရှိဒုတိယမွေးခြင်း၏သတင်းကောင်းသည် အဘယ် နည်း။ ဦးစွာ ဒုတိယမွေးခြင်းအကြောင်းကို ဝတ်ပြုရာကျမ်းအခန်းကြီး ၁ တွင်ဖတ်ကြပါစို့။
ဝတ်ပြုရာကျမ်း အခန်းကြီး ၁း၁-၅ “ထာဝရဘုရားသည် မောရှေအား တွေ့ဆုံစည်းဝေးရာတဲတော်မှ ခေါ်၍ “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင်အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ထာဝရ ဘု ရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။ သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူလိမ့်မည်။ သူသည် နွားထီးပျိုကိုထာဝရဘုရားရှေ့တော်၌ သတ်ရမည် အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။ ”
ဘုရားသခင်က ဝတ်ပြုရာကျမ်းတွင် စနစ်တကျယဇ်ပူဇော်ခြင်း အားဖြင့် ဣသရေလလူမျိုးတို့ကို မည်သို့စုစည်းစေခဲ့သည်ကို ကျွန်တော်တို့ အား ပြောပြခဲ့လေသည်။ ယင်းသည် သမ္မာတရားဖြစ်ပါသဖြင့် ကျွန်တော်တို့ နားလည် သဘောပေါက်သင့်သည်။ ထို့ကြောင့် ထိုနှုတ်ကပတ်တော်ကို ပြန်လည်သုံးသပ်ကြပါစို့။ 
ဘုရားသခင်သည် မောရှေကိုခေါ်၍ ပရိသတ်စည်းဝေးရာတဲတော် တွင် သူ့ကို မိန့်မှာခဲ့သည်မှာ ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ ပညတ်တရားကို ချိုးဖောက်ခြင်းအပြစ်များ ကျူးလွန်ကြသောအခါ အပြစ်အ နာအဆာကင်းသော သိုး၊ ဆိတ်၊ နွားများဖြင့် ဘုရားသခင်အား ပူဇော်သ ကာပြုခြင်းဖြင့် သူတို့၏အပြစ်များကို ဖြေလွှတ်ရန် လိုအပ် လာပါသည်။ 
ပူဇော်သကာပြုရမည့် တိရစ္ဆာန်များသည်လည်း ဘုရားသခင်က အတိအကျ သတ် မှတ်ပေးထား၍ အပြစ်ကင်းသော ယဇ်ကောင်ဖြစ်ရမည်။ ထိုနည်းတူ ပူဇော်သကာပြုခြင်းနှင့် ပတ်သက်၍လည်း ဘုရားသခင်သတ်မှတ် ပေးထားသည့်အတိုင်း ပူဇော်ရမည်။ ယဇ်ပူဇော်ခြင်း ပုံစံမှာ အောက်ပါအ တိုင်းဖြစ်ပါသည်။ 
ဓမ္မဟောင်းခေတ်ကာလတွင် တစ်စုံတစ်ယောက်သောသူသည် အပြစ်ကျူး လွန်ပါက အပြစ်မှ ကင်းလွတ်ဖို့ရန် ဘုရားသခင်၏ရှေ့ မှောက်တွင် ပူဇော်သကာ ဆက်ရသည်။ ပထမဉီးဆုံး ယဇ်ကောင်သည်အပြစ် ကင်းသော်တိရစ္ဆာန် ဖြစ်ရမည်။ ထို့နောက် အပြစ်ကျူးလွန်သောသူက သူ၏ အပြစ်များကို ယဇ်ကောင်၏ခေါင်းပေါ်သို့ ကူးပြောင်းစေဖို့အလို့ငှာ ထိုယဇ် ကောင်၏ ခေါင်းပေါ်တွင် လက်ကို တင်ရသည်။ 
ထိုယဇ်ကောင်ကို သတ်ပြီးနောက် အသွေးကိုယဇ်ပလ္လင်၏ ဦးချို သဏ္ဍာန်ရှိသော အရာပေါ်တွင် တင်ရမည်။ ကျန်အသွေးများကို မြေကြီးပေါ် သို့ သွန်ချရမည်။ ယင်းသည် ရွေးနှုတ်ကယ်တင်ခြင်းအဖြစ် သူ၏လူမျိုးများကို ဘုရားသခင်ပေးတော်မူသော သန့်ရှင်းသောတဲတော်၏ ပူဇော်သကာနှင့်ဆိုင် သော ယဇ်ပူဇော်ခြင်းပုံစံဖြစ်ပါသည်။ 
ဣသရေလလူမျိုးများအတွက် ဘုရားသခင်ပေးထားသော ဆောင် ရန်နှင့် ရှောင်ရန် ပညာတ်တရားတော်နှင့် ပညာတ်ချက်များသည် အပိုဒ် ၆၁၃ ပိုဒ်ရှိသည်။ ဣသရေလလူတို့ကို ဘုရားသခင်က ပညာတ်တရားတော်နှင့် ပညာတ်တော်များ ပေးလေသည်။ လူတို့သည် ဘုရားသခင်ပေးထားသော ပညာတ်တရားတော်နှင့် ပညာတ်တော်များသည် မှန်ကန် ကြောင်းသိကြပါ သော်လည်း အယောက်တိုင်းသည် အာဒံထံမှ အပြစ်ဆယ့်နှစ်မျိုးနှင့်အတူ အမွေဆက်ခံ၍ မွေးဖွားလာသောသူများပါသဖြင့် ထိုပညာတ်တရားအတိုင်း အသက် မရှင်နိုင်ကြပေ။ 
ထို့ကြောင့် သူတို့တွင် ဘုရားသခင်ရှေ့မှောက်၌ ရသင့်ရထိုက်သော အခွင့် အရေးများဆုံးရှုံးခဲ့ကြသည်။ ဣသရေလလူတို့သည် ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်ဖို့ရန် အခွင့်အရေးများ ဆုံးရှုံးခဲ့ကြသည်။ ဤမျှမကသေးပေ။ အပြစ်မှ လွတ်မြောက်ရပ်တည်နိုင်ရန် ခက်ခက်ခဲခဲကြိုးစားကြသည့်တိုင် အပြစ်များ ကျူးလွန်လျှက် ရှိကြသည်။ ယင်းသည် အပြစ်သားအပြစ်မွေး၍ သေရမည်မှာ လူသားအားလုံး၏ ကံဇာတာပင်ဖြစ်သည်။ 
သို့သော် ဘုရားသခင်သည် သူ့လူမျိုးတို့ကို အဆုံးမရှိသော ဂရုဏာ တော်အားဖြင့် သူတို့၏အပြစ်ဖြေလွှတ်စေနိုင်သော ယဇ်ပူဇော်ခြင်းပုံစံကို ပေးလေသည်။သူသည် သန့်ရှင်းသောတဲတော်၏ ပူဇော်သကာပြုခြင်းကို ပြင်ဆင်ပေးထားသောကြောင့် ဣသရေလလူမျိုးတို့နှင့် ကမ္ဘာပေါ်ရှိ လူအား လုံးတို့သည် သူတို့၏အပြစ်များမှ ရွေးနှုတ်ကယ်တင်ခြင်းကို ရနိုင်သည်။ လူသားအားလုံးအပေါ်သူ၏သစ္စာရှိသော ချစ်ခြင်းမေတ္တာကို ယဇ်ပူဇော်ခြင်းစ နစ်ဖြင့်ဖွင့်ပြခဲ့လေသည်။ သူသည်ကယ်တင်ခြင်း တရားလမ်းကို ပြသခဲ့သည်။ 
ဘုရားသည် လူကို ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ ယဇ်ပူဇော်ခြင်းအ မှုကိုပြုရန် လေဝိသား တို့ကို အမိန့်ပေးခဲ့သည်။ အစ္စရေးလူမျိုးစု (၁၂)ထဲတွင် လေဝိမျိုးနွယ်စုကိုသာလျှင် အစ္စရေးလူမျိုးများအတွက် ယဇ်ပူဇော်သောအ မှုကို ပြုရန်ခွဲခန့်ထားသည်။ 
မောရှေနှင့် အာရုန်တို့သည် လေဝိမျိုးနွယ်သားများဖြစ်ကြသည်။ ထို့အပြင် ကျမ်းစာတွင် ပညာတ်တရားတော်နှင့်သန့်ရှင်းသော တဲတော်၏ ယဇ်ပူဇော်ခြင်းအမှုနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းရန် နှင့်ခေါင်းပေါ်လက်တင်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခြင်းသတင်းကောင်းကို မှတ် တမ်းတင်ထားပါသည်။ 
ထို့ကြောင့် ကျွန်တော်တို့သည် လေဝိသားတို့၏ ယဇ်ပူဇော်ခြင်းအ စီအစဉ်ကို သေသေချာချာသဘောပေါက်နားလည်လာသောအခါ ကျွန်တော် တို့ကိုယ်တိုင် ဒုတိယမွေးခြင်းကို ခံနိုင်သည်။ ယင်းသည် ဘုရားသခင်၏နှုတ် ကပတ်တော်ကို သင်ယူလေ့လာသည့်အခါ သန့်ရှင်းသောတဲတော်၏ ယဇ်ပူ ဇော်ခြင်းကို အဘယ့်ကြောင့်အလေးထားရသည့် အကြောင်းရင်းပင်ဖြစ်သည်။ ယင်းသည် ဓမ္မဟောင်းကျမ်း၏ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်သည်။ နောက်ဆုံး ဓမ္မသစ်ကျမ်းကိုရောက်သောအခါ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်း ကောင်းကြီးကိုခံစားရရှိသည်။ 
 

ဓမ္မဟောင်းကျမ်းရှိ အပြစ်ဖြေလွှတ်ခြင်း

ဘုရားသခင်၏ ဂုဏ်အင်္ဂါများသည် အဘယ်နည်း
တရားမျှတမှုနှင့် ချစ်ခြင်း
 
ဘုရားသခင်သည်လေဝိမျိုးနွယ်ဖြစ်သော မောရှေကို ပရိသတ်စည်း ဝေးရာ သန့်ရှင်းသောတဲတော်ရှေ့သို့ခေါ်၍ သူ၏အစ်ကိုဖြစ်သူ အာရုန်အား ယဇ်ပရောဟိတ်မင်းအဖြစ် ခန့်ထားစေလေသည်။ အာရုန်သည် အပြစ်ဖြေရာ ယဇ်ကောင်၏ခေါင်းပေါ်တွင်လက်ကိုတင်၍ လူတို့၏အပြစ်များကို လွှဲပြောင်း ပေးခဲ့လေသည်။ 
ဝတ်ပြုရာကျမ်း ၁း၂ တွင် မောရှေအား ဘုရားသခင်မိန့်တော်မူ ခဲ့သည်ကို ဤသို့မှတ်တမ်းတင်ခဲ့သည်။ “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။” ဘုရားသခင်သည် ယဇ်ပူ ဇော်ခြင်းကို သတ်မှတ်ပေးလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် သူ၏အပြစ်များအတွက် အပြစ်ဖြေလိုလျှင် သူ၏ခြံမွေးတိရစ္ဆာန်မှ သိုးတစ် ကောင်ကို ဆောင်ခဲ့၍ ဆက်ရသည်။ 
‘‘သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာ အဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်’’ (ဝတ်ပြု ၁း၃) ဟု မိန့် တော်မူသည်။
ဘုရားသခင်သည်ထိုယဇ်ကိုအပြစ်အတွက်သေရမည့်သူ၏အသက် အစားလက်ခံလိုက်သည်။ဣသရေလအမျိုးသားတို့သည် ယဇ်ကောင်၏ခေါင်း ပေါ်တွင် သူတို့၏လက်ကိုတင်ခြင်းအားဖြင့် သူတို့၏အပြစ်များကို ထိုယဇ် ကောင်ဆီသို့ လွှဲပြောင်းပေးရသည်။ ထိုယဇ်ပူဇော်စာတိရစ္ဆာန်သည် ထိုသူ ၏ကိုယ်ပိုင်ဖန်တီးနိုင်သောအခွင့်ရရှိရန်ပေးလှူခြင်းဖြစ်သည်    (အပိုဒ်ငယ် ၄)
“သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူလိမ့်မည်။” ဘု ရားသခင်သည်ထိုပူဇော်သကာကို လက်ခံတော်မူမည်။ အပြစ်သားတစ် ယောက်သည် မီးရှို့ရာယဇ်ကောင်၏ ဦးခေါင်းပေါ်တွင် သူ၏လက်ကို တင် သောအခါသူ၏အပြစ်များသည် ထိုတိရစ္ဆာန်၏ခေါင်းပေါ်သို့ ရောက်သွားသည်။ ထို့ကြောင့် အပြစ်သားတစ်ယောက်သည် ဘုရားသခင်၏ရှေ့မှောက်တွင် ယဇ် ကောင်၏ခေါင်းပေါ်သို့ သူ၏လက်ကိုတင်ပြီးမှသာ ထိုယဇ်ကောင်ကို ဘုရားသ ခင် လက်ခံတော်မူ၍ အပြစ်များကို ပြေလွှတ်ခွင့်ပေးသည်။ 
ထိုသူပေးလှူသောယဇ်ကောင်ကိုသတ်၍အသွေးကို ယဇ်ပလ္လင်ပေါ် သို့ ပက်ဖျန်းပြီး ကျန်အသွေးများကို ယဇ်ပလ္လင်ရှေ့မြေကြီးပေါ်သို့ ဖျန်း လိုက်သည်။ သူ၏အပြစ်များကို ပေးဆပ်ရန်နှင့် ထိုအပြစ်များမှ လွတ်မြောက် နိုင်ဖို့ရန် ဘုရားသခင်ပြင်ဆင်ချမှတ်ပေးထားသော ပူဇော်သက္ကာပညာတ် တရားအတိုင်း ယဇ်ပူဇော်ခြင်းဖြင့် ပေးလှူရသည်။ 
ဝတ်ပြုရာကျမ်း ၁း၅တွင် ‘‘သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ် လည်ပေါ်၌ ထိုသွေးကိုဖျန်းရမည်’’ တဲတော်အထဲတွင် တံခါးမှ မီးရှို့ရာယဇ် ပလ္လင်အပေါ်နှင့် လေးဘက် လေးတန်သို့ ဖျန်းရသည်။ 
မီးရှို့ရာ ယဇ်ကောင်၏ခေါင်းပေါ်တွင် သူ၏လက်ကိုတင်ခြင်းဖြင့် သူ၏အပြစ်များကို လွှဲပြောင်းပြီးနောက် ထိုအပြစ်သားသည် ယဇ်ကောင်ကို သတ်ကာအသွေးများကို ယဇ်ပလ္လင်ပေါ်သို့ ပက်ဖျန်းရသည်။ ဦးချိုပုံသဏ္ဍာန် ရှိသော ယဇ်ပလ္လင်ချိုများသည် အပြစ်စီရင်ခြင်းကို ရည်ညွှန်းသည်။ နောက်တ ဖန်ထိုချိုများပေါ်တွင် အသွေးထားရှိခြင်းသည် အပြစ်သား၏ကိုယ်စားအပြစ် အတွက်အသွေးကို ထိုတိရစ္ဆာန်က ပေးဆက်ခဲ့သည်ကို ဆိုလိုခြင်းဖြစ်သည်။ ယဇစ်ပလ္လင်၏ချိုပေါ်ရှိ အသွေးကို ဘုရားသခင်မြင်တွေ့ရသည့်အခါ ထိုအပြစ် သား၏ အပြစ်များကို ဖြေလွှတ်ပေးသည်။ 
အဘယ်ကြောင့်အပြစ် ဆက်ကပ်ရန် သွေးထွက်စေရသနည်း။ အ ကြောင်းမှာ အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၍ (ရောမ ၆း၂၃) ကိုယ် ခန္ဓာ၏အသက်သည် အသွေးတွင်ရှိသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဟေ ဗြဲသြဝါဒစာတွင် “ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။သွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ” ဟူ၍ ဖော်ပြထားသည်(ဟေဗြဲ- ၉း၂၂)။ ထို့နောက် အပြစ်ဖြေ ရာယဇ်ပူဇော်ခြင်း၏အသွေးသွန်းလောင်းခြင်းသည် အပြစ်၏ အဖိုးအခသည် သေခြင်းဖြစ်၏စုဆိုထားသော ဘုရားသခင်၏ ပညတ်တရားတော်ကို ပြီးပြည့် စုံစေသည်။ 
တရားနည်းလမ်းကျကျဆိုလျှင် ယဇ်ပူဇော်သောအသွေးသည် အပြစ်သားထံမှဖြစ်ရမည်။ သို့သော် သူ့အသွေးနေရာတွင် အပြစ်ဖြေရာယဇ် ကောင်အသွေးသည် အပြစ်ဖြေလွှတ်ခြင်းအတွက် ဖြစ်လာသည်။ ယဇ်ပရော ဟိတ်က ယဇ်ပလ္လင်၏ချိုပေါ်တွင် အသွေးထားရှိခြင်းသည် အပြစ်၏အဖိုး အခကို ပေးဆပ်ခြင်းသဘောဆောင်ပါသည်။ 
ဓမ္မသစ်ကျမ်းတွင် ဗျာဒိတ်ကျမ်း ၂၀း၁၁-၁၅ ကို ဖတ်မည်ဆိုလျှင် ထိုချိုသည် တရားစီရင်ခြင်းကျမ်းသဘောဆောင်သည်ကို တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ဦးချိုပေါ်အသွေးတင်ထားခြင်းသည် တရားစီရင်ခြင်း စာစောင် ပေါ်တွင် အသွေးတင်ထားခြင်းပင်ဖြစ်ပါသည်။ ယင်းသည် အပြစ်အတွက် တရားစီရင်ခြင်းသည် အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်တွင် လက်တင် ခြင်းနှင့်အသွေးအားဖြင့် ပြီးပြည့်စုံပြီဖြစ်ကြောင်းသက်သေ ခံခြင်းပင်ဖြစ်ပါ သည်။ 
 

အပြစ်များကို နှစ်နေရာတွင် မှတ်တမ်းတင်ထားသည်

ဘုရားသခင်ရှေ့မှောက်၌ လူသားတို့ ပြစ်မှားသောအပြစ်အလုံးစုံကို နှစ်နေရာတွင် မှတ်တမ်းတင်ထားသည်။ တနေရာသည် နှစ်လုံးသားကျောက် ပြားဖြစ်၍ နောက်တစ်နေရာမှာ ဘုရားသခင်ရှေ့တော်၌ ဖွင့်ထားသော တရား စီရင်ခြင်းစာစောင် ဖြစ်သည်။ 
ယေရမိ ၁၇း၁ တွင်``ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။” ဟုဆိုထားပါသည်။ 
ဝတ်ပြုရာ ၁၇း၁၁ တွင် “ခန္ဓာကိုယ်၏ အသက်သည် အသွေး၌ရှိ၏” ဟု ဖော်ပြထားပါသည်။ အသွေးသည် ခန္ဓာကိုယ်၏အသက်ဖြစ်သည်။ ကျွန် တော် တို့၏အပြစ်အတွက် ထိုအသွေးအားဖြင့်သာလျှင် ပေးဆပ်နိုင်သည်။ ထို့ကြောင့် အသွေးကို ယဇ်ပလ္လင်၏ဦးချိုတွင်တင်ထားသည့် ပညတ်တရား တော်အရအရာ ခပ်သိမ်းသည် များသောအားဖြင့် အသွေးအားဖြင့်သန့်စေသည်။အသွေးသွန်း လောင်းခြင်းမရှိလျှင်အပြစ်လွှတ်ခြင်းမရှိနိုင်(ဟေဗြဲ ၉း၂၂)။
‘‘သူသည် မီးရှို့ရာယဇ်ကောင်ကို အရေဆုတ်ပြီး ထိုယဇ်ကောင်ကို အပိုင်းပိုင်းခုတ်ဖြတ်ရမည်။ ယဇ်ပုရောဟိတ်အာရုန်၏သားတို့သည် ယဇ် ပလ္လင်ပေါ်၌မီးထည့်၍ မီးပေါ်တွင် ထင်းများကို စီထားရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့်ထင်းများပေါ်၌ ခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို စီထားရမည်။ သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏’’ (ဝတ်ပြု ရာ ၁း၆-၉)။
ယဇ်ပရောဟိတ်သည် မီးရှို့ရာယစ်ကို အပိုင်းပိုင်းဖြတ်ပြီးမှ ယဇ် ပလ္လင်ပေါ်ရှိ မီးပေါ်တွင်ထားသည်။ ဤပူဇော်သက္ကာသည် ဘုရားသခင်၏ ရှေ့မှောက်တွင်လူတို့သည်အပြစ်ကျူးလွန်သောအခါ သူတို့သည် ထိုအပြစ် ကြောင့် သေရမည်ဖြစ်သည့်အပြင် အသွေးသွန်းလောင်း၍ ငရဲမီးထဲသို့ စွန့်ပစ် ခြင်းခံရမည့်အကြောင်း တင်ပြခြင်း ဖြစ်ပါသည်။ 
သို့သော်လည်း တရားစီရင်ခြင်းသည် အပြစ်ဖြေရာယဇ်ပူဇော်ခြင်း အားဖြင့် ပြီးမြောက်အောင် ဆောင်ရွက်သည်ဖြစ်၍ လူတို့သည် သူတို့၏အ ပြစ်အတွက် အပြစ်ဖြေလွှတ်နိုင်သည်။ 
မီးရှို့ရာယဇ်ပူဇော်ခြင်းသည် ဘုရားသခင်ဖြောင့်မတ်သော ပညတ် တရား၏တရားစီရင်ခြင်းနှင့်ဆိုင်သောပူဇော်သက္ကာပြုခြင်းဖြစ်ပါသည်။ဘုရား သခင်က လူသားအားလုံးအတွက် အပြစ်ဖြေလွှတ်ခြင်း ပူဇော်သက္ကာတွင် တရားမျှသောသူ၏ပညတ်တော်တရားတော်နှင့် ချစ်ခြင်း၏ပညတ်တရား တော်နှစ်ခုလုံးကို သွတ်သွင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ 
အကြောင်းမှာ ဘုရားသခင်သည် တရားမျှတ၍ဖြောင့်မတ်သော ဘုရားဖြစ်သည်။ တရားစီရင်ပိုင်ခွင့်နှင့် သေဒဏ်ပေးပိုင်ခွင့်လည်းရှိသည်။ သို့ သော် သူ၏လူမျိုးတိုကို ချစ်လည်းချစ်ရပါသောကြောင့် သူတို့၏အပြစ်များကို အပြစ်ဖြေရာ ယဇ်ကောင်၏ခေါင်းပေါ်သို့ လွှဲပြောင်းနိုင်ရသောအခွင့်ပေး လိုက်သည်။ ဓမ္မသစ်ကျမ်းတွင် ကျွန်တော်တို့၏သခင်ဘုရားသည် ကျွန်တော် တို့ကို အပြစ်ဖြေရာ ယဇ်ကောင်၏ခေါင်းပေါ်သို့ လွှဲပြောင်းနိုင်ရသော အခွင့်ပေး ခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် ကျွန်တော်တို့၏သခင်ဘုရားသည် ကျွန်တော်တို့ကို ချစ်တော်မူသောကြောင့် သူသည် အပြစ်သားများဖြစ်ကြသော ကျွန်တော်တို့ အတွက် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ဗတ္တိဇံကိုခံယူ၍ ကားတင်သတ်ခြင်းကို ခံရသည်။ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်သေ ဒဏ်ပေးခံရခြင်း၊ ဤလောက၏ အပြစ်အလုံးစုံကို လုံးဝမေ့ပစ်လိုက်သည်။ 
 

ဓမ္မဟောင်းကျမ်းရှိ တနေ့တာအတွက် အပြစ်ဖြေလွှတ်ခြင်း

ဓမ္မဟောင်းကျမ်းရှိစင်းလုံးချောအ ပြစ်ဖြေလွှတ်ရာ ပူဇော်သက္ကာပြုခြင်း၏ သင်္ကေတ သည် မည်သူနည်း။
ယေရှုခရစ်တော်

ဝတ်ပြုရာကျမ်း အခန်းကြီး ၄း၂၇ ကို ဖတ်ကြပါစို့။ “သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ်အပြစ်သက်ရောက်၍ သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ် ယောက်က သူ့အားဖော်ပြလျှင် သူကျူးလွန်မိသောအပြစ်အတွက် အပြစ် အနာအဆာကင်းသည့် ဆိတ်သငယ်အမတစ်ကောင်ကို ပူဇော်သက္ကာအ ဖြစ်ယူဆောင်လာရမည်။သူသည် မိမိလက်ကို အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်ရမည်။ မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ အပြစ် ဖြေရာယဇ်ကောင်ကို သတ်ရမည်။ ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသ ကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည်အပြစ် လွှတ်ခြင်းခံရမည်” (ဝတ်ပြုရာကျမ်း ၄း၂၇-၃၁ )။
အာဒံ၏သားစဉ်မြေးဆက် ဣသရေလအမျိုးသားနှင့်ကမ္ဘာပေါ်ရှိ လူ အားလုံးသည် အပြစ်အပြည့်နှင့် ဤလောကကြီးထဲကို မွေးဖွားလာကြသည်။ ထို့ကြောင့် ကျွန်တော်တို့၏စိတ်နှလုံးတို့သည် အပြစ်နှင့်ပြည့် လျှံလျှက်ရှိ သည်။ လူတစ်ယောက်၏စိတ်နှလုံးထဲတွင် ကောက်ကျစ်စဉ်း လဲခြင်းအကြံ အစည်များ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂုဏ်လွန် ကျူးခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ခိုးဝှက်ခြင်း၊တပ်မက်မှုနှင့်မိုက်မဲမှုစသည့် အပြစ်မျိုးစုံဖြင့် ပြည့်နှက် လျက်ရှိသည်။ 
အပြစ်သားတစ်ဦးသည် တစ်နေ့တာအပြစ်အတွက် အပြစ်ဖြေလို လျှင် သန့်ရှင်းသောတဲတော်ရှေ့သို့ အပြစ်အနာအဆာကင်းသော တိရစ္ဆာန် တစ်ကောင်ကို ယူဆောင်လာရမည်။ ထို့နောက် သူ၏လက်ကို ထိုတိရစ္ဆာန်၏ ခေါင်းပေါ်တွင်တင်၍ သူ၏အပြစ်များကို လွှဲပေးပြီးမှ ယဇ်ကောင်ကိုသတ် ကာအသွေးကို ဘုရားသခင်ရှေ့မှောက်၌ဆက်ရန် ယဇ်ပရောဟိတ်ကို ပေးရ သည်။ ယဇ်ပရောဟိတ်ကလည်း ယဇ်ပူဇော်သည်များကို အားလုံးယူ သွား ရသည်။ သို့မှသာ အပြစ်သားသည် သူ၏အပြစ်များမှ လွတ်နိုင်သည်။ 
ဘုရားသခင်၏ ပညတ်တရားနှင့် ပညတ်တော်များသာမရှိခဲ့လျှင် လူတို့သည် မိမိ၌အပြစ်ကျူးလွန်ခြင်းရှိမရှိ သိကြမည်မဟုတ်ပေ။ ဘုရားသ ခင်၏ပညတ်တရားတော်နှင့် ပညာတ်တော်များအားဖြင့် မိမိကိုယ်ကို မိမိ ဆန်းစစ်သောအခါမှသာ ကျွန်တော်တို့၌ အပြစ်ရှ်ကြောင်း သိရှိရသည်။ ကျွန် တော်တို့၏အပြစ်များကို ကျွန်တော်တို့၏စံချိန်စံနှုန်းအားဖြင့်မဟုတ်ဘဲ ဘု ရားသခင်၏ပညတ်တရားတော်တွင်ပညတ်တော်များဖြင့်တရား စီရင်ခဲ့သည်။ 
သာမာန်လူသားဖြစ်ကြသော ဣသရေလအမျိုးသားတို့သည် လုပ် ချင်၍ အပြစ်ကိုလုပ်ခြင်းမဟုတ်ဘဲ သူတို့နှလုံးသားတွင် အပြစ်အလုံးစုံနှင့် အတူ မွေးဖွားလာကြသောကြောင့်ဖြစ်သည်။ လူတစ်ယောက်အပြစ်များ ကျူးလွန်ရန် သူ၏အားနည်းချက်များကြောင့်ဖောက်ပြန်သည်။ လူသားများ ၏ဖောက်ပြန်မှုများနှင့် ဒုစရိုက်မှုအားလုံးအပြစ်တွင်ပါဝင်သည်။ လူသားအား လုံးသည် မပြည့်စုံသောသက်ရှိသတ္တဝါများဖြစ်ကြသည်။ ထို့နည်းတူ ဣသရေ လအမျိုးသားတို့သည်လည်း မပြည့်စုံသောသူများဖြစ်ကြသည်။ သူတို့သည် လည်း အပြစ်သားများဖြစ်ကြ၍ အပြစ်များကို ကျူးလွန်ကြသည်။ ကျွန် တော်တို့၏ဖောက်ပြန်မှုများနှင့် ဒုစရိုက်မှန်သမျှ အောက်ပါအတိုင်းအမျိုး အစား ခွဲခြားနိုင်သည်။ ကျွန်တော်တို့၌ ဆိုးယုတ်သော အကြံအစည်များ ခေါင်းထဲပေါ်လာသောအခါ အပြစ်ဖြစ်သည်ဟု ဆိုကြသည်။ ကိုယ်ထိလက် ရောက်လုပ်မိသောအခါ ကျူးလွန်သည်ဟု ဆိုကြသည်။ ဤလောက၏ အ ပြစ်အလုံးစုံတွင် နှစ်မျိုးစလုံးပါဝင်သည်။ 
ဓမ္မဟောင်းကျမ်းတွင် ယဇ်ကောင်၏ခေါင်းပေါ်လက်တင်ခြင်းအား ဖြင့် အပြစ်များကို ဖြေလွှတ်သည်။နောက်တွင် အပြစ်သားသည် အပြစ် ကင်းနေပြီဖြစ်သောကြောင့် အပြစ်အတွက်သေရန်မလိုတော့ပေ။ ထိုယဇ်ပူ ဇော်ခြင်းနှင့်ဆိုင်သောစနစ်သည်တရားမျှတသောစီရင်ချက်၏ရှေ့ပြေးနိမိတ် နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ဖြစ်သည်။ 
ဘုရားသခင်သည် မြေမှုန့်ဖြင့် ကျွန်တော်တို့ကို ဖန်ဆင်းခြင်း ကြောင့် ဖုန်မှုန့်မျှသာဖြစ်ကြသည်။ အသွေးများကို ယဇ်ပလ္လင်၏ ဦးချို ပေါ်ထည့်၍ ကြွင်းသောအသွေးကို ယဇ်ပလ္လင်၏ခြေရင်းတွင်ဖျန်းခြင်းသည် ဣသရေလ အမျိုးသားတို့၏အပြစ်အတွက်ပေးဆပ်ခြင်းနှင့် သူတို့စိတ်နှလုံး ကျောက် အပြားမှအပြစ်အလုံးစုံကို ဖျက်ပစ်ခြင်း အဓိပ္ပါယ်ဆောင်ပါသည်။ “ယဇ်ပရော ဟိတ်သည် ဆီဥရှိသမျှကိုယူ၍ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။” ကျမ်းစာတွင် ဖော်ပြထားသော ဆီဥမှာသန့် ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းသည်။ ထို့ကြောင့် ကျွန်တော်တို့၏အ ပြစ်များအတွက် အပြစ်ဖြေဖို့ရန်အတွက် ဘုရားသခင်သတ်မှတ်ထားခဲသည့် နည်းလမ်းအရလုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်တော်တို့ကလည်း စည်းစနစ်ကျ သည်ဟု ဘုရားသခင်ယူဆသော အပြစ်ဖြေလွှတ်ခြင်းနည်းလမ်းကို နှလုံးသား ထဲ သွတ်သွင်းရမည်။ 
ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို သိုး၊ဆိတ်၊ နွားများ ဖြင့် အပြစ်ဖြေရာပူဇော်သက္ကာပြုရန် မိန့်တော်မူသည်။ ဓမ္မဟောင်းတွင် ဖော်ပြ ထားသောအပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းလည်း ဘုရားသခင်နှင့် ပတ်သက်သော အရာဖြစ်သည်။ နွားသူငယ်သည် သန့်ရှင်းသောတိရစ္ဆာန်ဖြစ်သည်။ အပြစ်ကင်း သောယဇ်ကောင်အားဖြင့် ယဇ်ပူဇော်ရခြင်းသည် သန့်ရှင်း သောဝိညာဉ် တော်ပဋိသန္ဓေတည်၍ ကြွလာတော်မူသောယေရှုခရစ်တော်သည် လူသား အားလုံးအတွက်အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်လာမည်ကို ဖွင့်ပြ ခြင်းဖြစ် ပါသည်။ 
ဓမ္မဟောင်းခောတ်လူတို့သည် အပြစ်ကင်းသောယဇ်ပူဇော်ရာ ယဇ် ကောင်၏ ခေါင်းပေါ်တွင်လက်တင်ခြင်းဖြင့် သူတို့၏အပြစ်များကို လက်ဆင့် ကမ်းပေးခဲ့သည်။ သူတို့၏အပြစ်များကို ပေးဆက်ရန်ယဇ်ပူဇော်ခြင်းအမှုကို ယဇ်ပရောဟိတ်များက ဦးဆောင်ကူညီသည်။ ဤသို့ဖြင့် ဣသရေလအ မျိုးသားတို့သည် သူတို့၏အပြစ်များကို ဖြေလွှတ်ကြသည်။ 
 
 

အပြစ်ဖြေရာ ပူဇော်သက္ကာနေ့


အဘယ်ကြောင့် ဣသရေလအမျိုးသား တို့ သည်အပြစ်ဖြေရာနေ့တွင် ပူဇော် သက္ကာပေးဆက်ရန်လိုအပ်ပါသနည်း။
မသေမချင်း အပြစ်ကိုဆက်လက်ကျူးလွန်ခြင်းကြောင့် ဖြစ်သည်။ စဉ်အပြစ်ဖြေရာ ယစ်ပူဇော်ခြင်းသည် ဘုရားသခင်၏ရှေ့မှောက်တွင် မသန့်ရှင်းစေနိုင်ပါ။
 
သို့သော် အချိန်ရှိတိုင်း ယဇ်ပူဇော်ခြင်းကို ပြုကြသော်လည်း သူတို့ သည် အပြစ်ကို ကျူးလွန်မြဲကျူးလွန်ကြသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ သူတို့အပြစ်အတွက် သူတို့လို အပ်သလောက် အပြစ်ဖြေလွှတ်ရန် ယဇ်ပူ ဇော်ခြင်းအလုံးစုံက ဖြည့်စွမ်းမပေးနိုင်ပေ။ ထို့ကြောင့် တဖြည်းဖြည်းပေါ့ဆ လာကြသည်။ နေ့စဉ်နေ့တိုင်း သူတို့၏ အပြစ်အတွက် အပြစ် ဖြေရခြင်း သည် အဆုံးမရှိသောလုပ်ငန်းစဉ်တစ်ခုအလား ဖြစ်လာသည့်အပြင် ဤပူဇော် သက္ကာ ပြုခြင်းဖြင့် သူတို့၏အပြစ်များကို လုံးဝပျောက်ပျက်စေနိုင်သည်ဟု စိတ်ထဲတွင် ခံစားလာကြသည်။ 
ကျွန်ုပ်တို့ခက်ခက်ခဲခဲကြိုးစားမှုသည်အရာမရောက်ပေ။ ကျွန်တော် တို့၏အပြစ်များအတွက် လုံလောက်သောယဇ်ပူဇော်ခြင်းအမှုကို မည်သည့် အခါမျှပေးဆက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်တော်တို့အတွက် ဘုရား သခင်ပြင်ဆင်ခဲ့သောကယ်တင်ခြင်းပညတ်တရားတော်ကိုစိတ်နှလုံးအ ကြွင်း မဲ့ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့၏အပြစ်အတွက် စစ်မှန်သောပေးဆပ် ခြင်းကို ပေးသည်ဖြစ်ပါသည်။ 
ဘုရားသခင်၏ပညတ်တရားတော်အားဖြင့်အသက်ရှင်ရန် ခက်ခက် ခဲခဲကြိုးစားသမျှသည် ကျွန်တော်တို့၏အားနည်းမှုကြောင့် အရာမရောက်ဖြစ် ခဲ့ရပါသည်။ ကျွန်တော်တို့တွင် အဘယ်မျှလောက် မပြည်စုံသောသူများ၊ အားနည်းသောသူများဖြစ်ကြသည်ကိုသာ ပို၍ခံစားလာရပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို တစ်ခါတည်းဖြင့် တစ်နှစ်လုံး အတွက် အပြစ်ဖြေရသော နည်းလမ်းတစ်ခု ပေးခဲ့သည်(ဝတ်ပြုရာ ၁၆း၁၇-၂၂)။
ဝတ်ပြုရာကျမ်းတွင်“သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့၏အပြစ်ရှိသမျှမှ စင်ကြယ်ကြမည့်အကြောင်း ထိုနေ့၌ ယဇ်ပုရောဟိတ်သည် သင်တို့စင်ကြယ်စေရန် သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးမည်။ ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏” (ဝတ်ပြု ၁၆း၂၉-၃၁) ဟု ဖော်ပြထားသည်။
တစ်နှစ်တာအတွင်း ကျူးလွန်ခဲ့သောအပြစ်အလုံးစုံအတွက် အပြစ် ဖြေရာယဇ်ပူဇော် ခြင်းကို ခုနှစ်လ (၁၀)ရက်နေ့တွင် ယစ်ပရောဟိတ်မင်းက ဦးစီးလုပ်ဆောင်ပေးသောအခါ တစ်ခါတည်းဖြင့် တစ်နှစ်တာလုံး ဣသရေ လအမျိုးသားတို့သည် စိတ်၏ငြိမ်သက်ခြင်းကို ရရှိခံစားရသည်။ သူတို့က အပြစ်အလုံးစုံကို ဆေးကြောခြင်းနှင့်အတူ ထိုနေ့ရက်တွင် သူတို့စိတ်နှလုံး ထဲ၌ ငြိမ်သက်ခြင်းကို ရရှိကြသည်။ 
ခုနှစ်လပိုင်း (၁၀)ရက်နေ့တွင် ဣသရေလအမျိုးသားအားလုံးကို ကိုယ်စားပြုသောယဇ်ပရောဟိတ်အာရုန်ကအပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းအ မှုကိုပြုလေသည်။ထိုအချိန်တွင်အခြားသောယဇ်ပရောဟိတ်များသည် မသန့် ရှင်းသောထံတော်ထဲသို့ ဝင်ရသော အခွင့်မရှိပေ။ အာရုန်သည် ပထမဦးစွာ ဣသရေလအမျိုးသားအားလုံးအတွက် အပြစ်ဖြေရာယစ်ပူဇော်ခြင်းအမှုကို မပြုမီသူနှင့်သူ၏အိမ်သားများအတွက်အပြစ်ဖြေရာယဇ်ပူဇော်ခြင်းကို ပြုရ သောအကြောင်းမှာ သူနှင့်သူ၏ အိမ်သားများသည်လည်း အပြစ်ကျူးလွန်သူ များဖြစ်ကြသည်။ 
သူသည် လူတွေအတွက် ဤသို့အားဖြင့် ယဇ်ပူဇော်သက္ကာကို ပြုခဲ့သည်။ “ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။ အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။ အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေ လွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်” (ဝတ်ပြု ၁၆း၇-၁၀)။ 
အာရုန်သည် သူနှင့်သူ၏အိမ်သားများအတွက် အပြစ်ဖြေရာ ပူဇော် သက္ကာပြုပြီးနောက် ဆိတ်နှစ်ကောင်ကိုယူ၍ စာရေးတံချသည်။ ပထမအတံ ကျသောအကောင်သည် ဘုရားသခင်အတွက်ဖြစ်၍ နောက်တစ်တံကျသော ဆိတ်သည် သူတပါးအတွက် ကြားက ဒဏ်ခံရသောအကောင်ဖြစ်သည်။ 
ဆိတ်နှစ်ကောင်တွင် တစ်ကောင်ကို ဦးစွာဘုရားသခင်အား ဆက် ရသည်။ ဤနေရာတွင် ယဇ်ပရောဟိတ်မင်းသည် တစ်နှစ်တာအတွင်း သူတို့ကျူးလွန်ခဲ့သောအပြစ်များကို ဆိတ်ပေါ်သို့လွှဲပြောင်းပေးဘို့ရန် လူတို့ ၏ကိုယ်စား ထိုဆိတ်ပေါ်သို့ လက်တင်လိုက်သည်။ 
အသွေးကို အသန့်ရှင်းဆုံးနေရာထဲတွင်ရှိသော ကျေးဇူးတော်ထိုင်ခုံ ရှိရာသို့ ယူသွား၍ ခုနှစ်ကြိမ်ဖျန်းပေးလိုက်သည်။ လွန်ခဲ့သောနှစ်တစ်နှစ် တာလုံး ဣသရေလအမျိုးသားတို့၏ကျူးလွန်ခဲ့သော အပြစ်များကို ဖြေလွှတ် ပေးသည်။ သူတို့ကျူးလွန်ခဲ့သောအပြစ်များအတွက် သေရမည့် ဣသရေလ အမျိုးသားတို့၏ကိုယ်စားအပြစ်ဖြေရာ ယဇ်ကောင်ပေါ်သို့ အပြစ်များကို ယဇ်ပရောဟိတ်မင်းက လွှဲပြောင်းပေးခြင်းဖြင့်သူတို့ကိုယ်စား ထိုယဇ်ကောင် သည် ပြစ်ဒဏ်ပေးခြင်းကိုခံရသည်။ ထို့နောက်တွင် အခြားအသက်ရှင်နေ သော ဆိတ်ကို ဘုရား သခင်၏ရှေ့မှောက်၌ ယဇ်ပူဇော်ခဲ့သည်။ 
 
 
လူတို့အတွက်

အာရုန်သည် ပရိသတ်၏ ရှေ့မှောက်တွင် ဒုတိယဆိတ်ခေါင်းပေါ် သို့ လက်တင်ပြီးမှ ထာဝရဘုရားသခင်ထံဆက်ခဲ့သည်။ “ထာဝရဘုရားသခင် ဣသရေလအမျိုးသားတို့သည် သူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကို ပြစ်မှား ခြင်း၊ခိုးဝှက်ခြင်း၊ကာမဂုဏ်လွန်ကျူးခြင်းစသည့်အပြစ်များကို ကျူးလွန်သည့် အပြင် ရုပ်တုဆင်းတုများ၏ရှေ့မှောက်တွင် ဒူးထောက်ကိုးကွယ်ကြ၏။ သူတို့သည် သန့်ရှင်းသော ဥပုသ်နေ့များကိုလည်း ခြိုးခြံစွာမကျင့်၊ နာမတော် ကိုအချည်းနှီးခေါ်ကြ၏။ ပညတ်တရားတော်များနှင့် ပညတ်တော်တို့ကို လည်း ချိုးဖောက်ကြသည် စသဖြင့် ဣသရေလအမျိုးသားတို့၏ အပြစ်များကို ဖော်ပြခဲ့လေသည်။ ထို့နောက် လက်ကိုယစ်ကောင်၏ခေါင်းမှ နှုတ်ယူလိုက် သည်။ ထိုသို့ပြုခြင်းဖြင့် တစ်နှစ်တာအတွင်း လူတို့၏ပြစ်မှားလာခဲ့သော အပြစ်များသည် ယဇ်ကောင်ပေါ် လွှဲပြောင်းကျ ရောက်စေ ခဲ့သည်။ 
ဝတ်ပြုရာ ၁၆း၂၁ တွင် “အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်”(ဝတ်ပြု ၁၆း၇-၁၀)။
အာရုန်သည် သူနှင့်သူ၏အိမ်သားများအတွက် အပြစ်ဖြေရာ ပူဇော် သက္ကာပြုပြီးနောက် ဆိတ်နှစ်ကောင်ကိုယူ၍ စာရေးတံချသည်။ ပထမအတံ ကျသောအကောင်သည် ဘုရားသခင်အတွက်ဖြစ်၍ နောက်တစ်တံကျသော ဆိတ်သည် သူတပါးအတွက် ကြားက ဒဏ်ခံရသောအကောင်ဖြစ်သည်။ 
ဆိတ်နှစ်ကောင်တွင် တစ်ကောင်ကို ဦးစွာဘုရားသခင်အား ဆက် ရသည်။ ဤနေရာတွင် ယဇ်ပရောဟိတ်မင်းသည် တစ်နှစ်တာအတွင်း သူတို့ ကျူးလွန်ခဲ့သောအပြစ်များကို ဆိတ်ပေါ်သို့လွှဲပြောင်းပေးဘို့ရန် လူတို့၏ ကိုယ်စား ထိုဆိတ်ပေါ်သို့ လက်တင်လိုက်သည်။ 
အသွေးကို အသန့်ရှင်းဆုံးနေရာထဲတွင်ရှိသော ကျေးဇူးတော်ထိုင်ခုံ ရှိရာသို့ ယူသွား၍ ခုနှစ်ကြိမ်ဖျန်းပေးလိုက်သည်။ လွန်ခဲ့သောနှစ်တစ်နှစ်တာ လုံး ဣသရေလအမျိုးသားတို့၏ကျူးလွန်ခဲ့သောအပြစ်များကို ဖြေလွှတ်ပေး သည်။ သူတို့ကျူးလွန်ခဲ့သောအပြစ်များအတွက် သေရမည့် ဣသရေလအမျိုး သားတို့၏ ကိုယ်စားအပြစ်ဖြေရာ ယဇ်ကောင်ပေါ်သို့ အပြစ်များကို ယဇ်ပ ရောဟိတ်မင်းက လွှဲပြောင်းပေးခြင်းဖြင့် သူတို့ကိုယ်စား ထိုယဇ်ကောင်သည် ပြစ်ဒဏ် ပေးခြင်းကိုခံရသည်။ ထို့နောက်တွင် အခြားအသက်ရှင်နေသော ဆိတ်ကို ဘုရား သခင်၏ရှေ့မှောက်၌ ယဇ်ပူဇော်ခဲ့သည်။ 
ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံဟုလာသတည်း။ ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား၏ ကောင်းကင်တမန်မှာ ထားသည့်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ သို့သော်လည်း သားဦးကိုမဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှု ဟူသော အမည်ဖြင့်မှည့်လေ၏”ဟုဖော်ပြထားသည်။ 
ကျွန်တော်တို့၏သခင်ယေရှုသည်လူသားအားလုံးကို အပြစ်အလုံးစုံ မှကယ်တင်ဖို့ရန်ဧမာနွေလအမည်ဖြင့် ဤလောကသို့ကြွကလာတော်မူသည်။ ထို့ကြောင့် ယေရှုဟူ၍ မှည့်လေသည်။ ယေရှုသည် ဤလောက၏အပြစ်အ လုံးစုံကို ယူဆောင်သွားဖို့ရန် ကြွလာခြင်းဖြစ် ပါသည်။ လူ့ဇာတိကိုခံယူ၍ လူသားအားလုံး၏ကယ်တင်ရှင်ဖြစ်လာသည်။ ကျွန်တော်တို့၏ ကယ်တင် ခြင်းကို ပြီးပြည့်စုံစေ၍ အပြစ်မှထာဝရလွတ်မြောက်ရသောအခွင့်ပေးသည်။ 
 


ဒုတိယမွေးခြင်းသတင်းကောင်း


ယေရှုသည် ကျွန်တော်တို့ကို အပြစ်အလုံးစုံမှ မည်သို့လွတ်မြောက် စေပါသ နည်း။ ရှင်မဿဲ ၃း၁၃ ကိုကြည့်ကြပါစို့။  ‘‘ထိုကာလတွင် ယေရှုသည် ယော ဟန်ထံ၌ ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့  ကြွလာတော်မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏”(မဿဲ ၃း၁၃-၁၇)။
ဓမ္မသစ်ကျမ်းတွင်ယေရှုသည် အသက်၃၀ပြည့်လာသောအခါ ယော် ဒန်မြစ်နား၊ယောဟန်ထံသို့ကြွလာတော်မူသည်။ယောဟန်ထံမှ ဗတ္တိဇံမင်္ဂလာ ကို ခံယူကာ အပြစ်သားများ၏ အပြစ်အလုံးစုံကို ယူဆောင်သွားခဲ့သည်။ ထိုလုပ်ဆောင်ချက်အားဖြင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြီးပြည့်စုံစေ သည်။ 
 


ယေရှု အဘယ်ကြောင့် ယောဒန်မြစ်တွင် ဗတ္တိဇံယူပါသနည်း


သတင်းကောင်းသည် မည်သည့်အရာကို ဖွင့်ပြပါသနည်း
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား

ကောင်းကင်ဘုံ၌ရှိတော်မူသောယဇ်ပရောဟိတ်မင်းနှင့် လူသားမျိုး နွယ်တို့၏ နောက်ဆုံးယဇ်ပရောဟိတ်တို့ဆုံတွေ့ကြသည့်အဖြစ်အပျက်ကို လေ့လာကြပါစို့။ ဤနေရာတွင် ဤလောက၏အပြစ်အလုံးစုံအတွက် ခိုင်မာ သော အပြစ်ဖြေလွှတ်ခြင်းဖြစ်သော ဗတ္တိဇံအားဖြင့် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားကို ကျွန်တော်တို့ မြင်တွေ့နိုင်သည်။ 
ယေရှုကို ဗတ္တိဇံပေးသော ဗတ္တိဇံယောဟန်သည် မိန်းမမွေးသောသူ တို့တွင် အကြီးမြတ်ဆုံးသောသူဖြစ်သည်။ ယေရှုက ရှင်မဿဲ ၁၁း၁၁ တွင် “သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏”(မဿဲ ၁၁း၁၁)ဟု သတ်သေခံခဲ့သည်။ ယဇ်ပရောဟိတ်မင်း အာရုန်သည် အပြစ်ဖြေရသောနေ့တွင် ယဇ်ပူဇော်ရာယဇ်ကောင် ၏ခေါင်းပေါ် တွင် သူ၏လက်ကိုတင်လိုက်သောအခါ ဣသရေလအမျိုးသား တို့၏အပြစ်များ ကို ကမ်းပေးပြီးဖြစ်သကဲ့သို့ ဓမ္မသစ်တွင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူသောအခါ လောက၏အပြစ်အလုံးစုံကို ခံယူခဲ့သည်။ 
ဒုတိယမွေးခြင်း၏ သတင်းကောင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာ ဂတ်တွင် ပြစ်မှားမိသော ကျွန်တော်တို့၏အပြစ်များအတွက် လုံးဝအပြစ် ဖြေလွှတ်ခြင်းသတင်းကောင်းဖြစ်ပါသည်။ထို့ကြောင့် ယေရှု၏ ဗတ္တိဇံအားဖြင့် ရရှိသောရွေးနှုတ်ကယ်တင်ခြင်းသတင်းကောင်းသည် ဤလောကရှိ လူသား အားလုံးကို ကယ်တင်ခဲ့သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား ပြီးပြည့်စုံ စေဖို့ရန် ဖန်တီးထားသည်။ ယေရှုသည် ဤလောက၏အပြစ်အလုံးစုံကို ဖြေလွှတ်ဖို့ရန် အတိကျဆုံးသောနည်းလမ်းဖြစ်သော ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ သည်။ 
ဖြောင့်မတ်ခြင်းတရားအလုံးစုံပြီးပြည့်စုံခြင်း ဆိုသည်မှာ အဘယ် နည်း။ ဘုရားသခင်သည် အတိကျဆုံးသောနည်းလမ်းဖြင့်ဤလောက၏အ ပြစ်အလုံးစုံကို ဆေးကြောခဲ့သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ယေရှုသည် လူ သားအားလုံး၏ အပြစ်အလုံးစုံကို ဆေးကြောရန် ဗတ္တိဇံခံယူသည်။  ‘‘အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့် မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏” (ရောမ၊ ၁း၁၇)
ဘုရားသခင်သည် သူ၏သားတော်ယေရှုကို ဤလောကသို့စေ လွှတ်၍ သူ၏ဗတ္တိဇံအားဖြင့်လည်းကောင်း ကားတိုင်ပေါ်သူ၏ အသတ်ခံ ရခြင်းအားဖြင့်လည်းကောင်း၊ ဤလောက၏အပြစ်အလုံးစုံကို ဆေးကြောဖို့ ရန် သူ၏ဆုံးဖြတ်ချက်အားဖြင့် သူ၏ဖြောင့် မတ်ခြင်းတရားကို ပြသခဲ့သည်။ 
ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယေရှု၏ဗတ္တိဇံ အားဖြင့်လည်းကောင်း၊ သူ၏အသွေးတော်အားဖြင့်လည်း ကောင်း၊ သိမြင်စေသည်။လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်တွင် ယေရှုသည် လူသားများ၏အပြစ်များကို ယောဒန်မြစ်၌ သယ်ဆောင်သွားပြီဖြစ်ပါ သောကြောင့် ကျွန်တော်တို့သည် ဖြောင့်မတ်သောသူများ ဖြစ်လာကြပြီဖြစ် ၏။ ကျွန်တော်တို့သည် နှလုံးသားထဲတွင် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံသောအခါ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်အမှန်တကယ် ပြီး ပြည့်စုံပြီး ဖြစ်သည်။ “ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရား သခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏” (ရှင်မဿဲ ၊ ၃း၁၅-၁၇)
ဤကျမ်းပိုဒ်သည် ဘုရားသခင်ကိုယ်တော်တိုင်ကယ်တင်ခြင်း၏ ဖြောင့်မတ်ခြင်းတရားအားလုံးကို သားတော်၏ဗတ္တိဇံခံခြင်းအားဖြင့် ပြီးပြည့် စုံပြီဖြစ်ကြောင်းသက်သေခံခြင်းဖြစ်သည်။ ယခုဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူသောယေရှုသည် အမှန်စင်စစ် ငါ့သားဖြစ်သည်ဟု ကျွန်တော်တို့အား မိန့် တော်မူခဲ့သည်။ ဘုရားသခင်ကိုယ်တိုင်လူသားအားလုံး၏ အပြစ်ကိုဖြေလွှတ် ပေးရန် သူ၏သားတော်လည်း ဗတ္တိဇံခံယူခြင်းဖြစ်သည်ဟု သက်သေခံခဲ့ သည်။ သို့ဖြစ်ပါ၍သားတော်ယေရှု၏ သန့်ရှင်းသောလုပ်ဆောင်မှုများကြောင့် နာမတော်သည် အချည်းအနှီးမဟုတ်ပေ။ 
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည့်အပြင် ဤလော ကရှိ အပြစ်သားများကို ကယ်တင်ခဲ့သော ကယ်တင်ရှင်လည်း ဖြစ်ပါသည်။ ဘုရားသခင်က “ငါနှစ်သက် မြတ်နိုးရာ”ဟု ဆိုလေသည်။ ယေရှုသည် ခမည်းတော်၏အလိုတော်ကို နာခံ၍သူ၏ဗတ္တိဇံအားဖြင့် လူသားတို့၏ အပြစ် အလုံးစုံကို ယူဆောင်သွားသည်ဟူသော အရာသည် သမ္မာတရားပင်ဖြစ်၏။ 
“ဗတ္တိဇံ” ဟူသော စကားလုံးသည် “ဆေးကြောခြင်း”၊ “ကမ်းပေး သည်”၊ “ဖုံးကွယ် ထားသည်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ 
အကြောင်းမှာယေရှုဗတ္တိဇံခံယူနေစဉ် ကျွန်တော်တို့၏အပြစ်အား လုံးကို သူ့ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်သောကြောင့် ကျွန်တော်တို့အားလုံး လုပ်ဆောင်ရမည်မှာ ထိုသတင်းကောင်းသည် ဤလောက၏ အပြစ်အလုံးစုံမှ ကျွန်တော်တို့ကို ကယ်တင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ရမည်။ 
ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ကယ်တင်ခြင်းနှင့် ပတ်သက်၍ ပရောဖက်ပြုသမျှပြီးပြည့်စုံခြင်းသည်ဓမ္မသစ်ကျမ်းတွင် ယေရှု၏ ဗတ္တိဇံအားဖြင့် အပြီးသတ်ခဲ့ပါသည်။ ထို့ကြောင့် ဓမ္မဟောင်းကျမ်းတွင် ပရော ဖက်ပြုသမျှသည် အပြီးသတ်၌ ဓမ္မသစ်ကျမ်းတွင်အလားတူအချက်များ တွေ့ ရှိရပါသည်။ ဓမ္မဟောင်းတွင် ဣသရေလအမျိုးသားတို့က တစ်နှစ် တစ်ကြိမ် သူတို့၏အပြစ်များအတွက် အပြစ်ဖြေသကဲ့သို့ ဓမ္မသစ်တွင် လူအပေါင်းတို့၏ အပြစ်များသည် ယေရှုကိုလွှဲပြောင်းပေးကာထာဝရအတွက် ပေးဆပ်ပေးခဲ့ သည်။ 
ဝတ်ပြုရာကျမ်း ၁၆း၂၉သည် ရှင်မဿဲ ၃း၁၅ကို ထောက်ပြခြင်းဖြစ် သည်။ ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့် လောက၏အပြစ်အလုံးစုံကို ယူ ဆောင်သွားသည်။ သူ၏ဗတ္တိဇံမင်္ဂလာကို ကျေးဇူးတင်ရမည်ဖြစ်သည်။ သူ၏ ထာဝရအပြစ်လွှတ်ခြင်းကိုယုံကြည်သူအားလုံးကယ်တင်ခြင်းရသည်။ သူတို့ ၏အပြစ်အလုံးစုံကို သူတို့၏နှလုံးသားကျောက်ပြား ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ 
အကယ်၍ ယေရှု၏ဗတ္တိဇံသမ္မာတရားကိုလည်းကောင်း၊ သူ၏ ကား တိုင်တင်သတ်ခြင်းကိုလည်းကောင်း၊ သင်၏နှလုံးသား၌ လက်ခံ၍မယုံကြည် ခဲ့လျှင် ဘယ်လောက်ပင်ဘာသာရေးကိုင်းရှိုင်း၍ အသက်ရှင်နေပါစေ၊ အရာမ ရောက်ဘဲသင်၏အပြစ်များကို ဘယ်သောအခါမှ ပြစ်ချက်ကင်းနိုင်မည်မ ဟုတ်ပေ။ ယေရှု၏ဗတ္တိဇံအားဖြင့်သာလျှင် ဘုရားသခင်၏နှုတ်ကပတ်တော် သည် ပြီးပြည့်စုံသည့်အပြင် ကျွန်တော်တို့၏အပြစ်များကို ချေဖျက်ခဲ့သည်။ စစ်မှန်သောကယ်တင်ခြင်းသည် ကျွန်တော်တို့၏ အပြစ်အလုံးစုံ၏ရွေးနှုတ် ကယ်တင်ခြင်းအားဖြင့် ရယူသည်။ တနည်းအားဖြင့် ယေရှု၏ဗတ္တိဇံအားဖြင့် သာလျှင် စစ်မှန်သောကယ်တင်ခြင်းကို ရရှိသည်။ 
သင်ဘာလုပ်မည်နည်း။ ဤကယ်တင်ခြင်းကို သင်၏စိတ်နှလုံးတွင် လက်ခံပါ သလား။ လက်မခံဘူးလား။ ယင်းသည် လူ့စကားမဟုတ်ပါ။ ဘုရား သခင်၏နှုတ်ကပတ်တော် ဖြစ်ပါသည်။ ယေရှုသည် သင်၏အပြစ်အလုံးစုံကို သူ၏ဗတ္တိဇံခံယူခြင်းအားဖြင့် ယူဆောင်သွားသောကြောင့် ကားတိုင်ပေါ်တွင် သေခဲ့ရသည်။ ယေရှု၏ကားတိုင်တင်အသတ်ခံရခြင်းသည် သူ့ဗတ္တိဇံမင်္ဂလာ ၏အကျိုးကျေးဇူးကြောင့်ဖြစ်သည်ကို သင်လက်မခံဘူးလား။ 
ရောမ ၈း၃-၄ တွင် “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။ ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏” ဟု ဖော်ပြထားလေသည်။ 
ဇာတိပကတိအားနည်းချက်ကြောင့် ဘုရားသခင်၏ပညတ်တရား တော်နှင့်ပညတ်တော်တို့ကို ကျွန်တော်တို့၏လုပ်ဆောင်မှုအားဖြင့် မစောင့် ရှောက်နိုင်သောကြောင့် ဇာတိပကတိ၏အပြစ်အလုံးစုံကို ယေရှုကိုယ်တိုင် ယူဆောင်သွားခဲ့သည်။ ယင်းသည် ယေရှုဗတ္တိဇံမင်္ဂလာ၏ သမ္မာတရားပင်ဖြစ် သည်။ယေရှု၏ဗတ္တိဇံသည် သူ၏ကားစင်တင်အသတ်ခံရခြင်းကို ကြိုတင်စီမံ ထားသည်။ 
အကယ်၍ယေရှု၏ကားတိုင်တင် အသတ်ခံရခြင်းကိုသာ ယုံကြည် လျှင် ယခုပင်ပြန်လှည့်၍ ယေရှု၏ဗတ္တိဇံမင်္ဂလာဖြင့် ကယ်တင်ခြင်းသတင်း ကောင်းကို သင်၏နှလုံးသား၌လက်ခံယုံကြည်ပါ။ သို့မှသာလျှင် ဘုရားသ ခင်၏ သားသမီးစင်စင်ဖြစ်လာမည်ဖြစ်သည်။ 
 

မူရင်းသတင်းကောင်း

မူရင်းသတင်းကောင်းမှာ အဘယ်နည်း
ဘုရားသခင်၏ ဖြောင့်မတ်ခြ ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်း

မူရင်းသတင်းကောင်းသည် အပြစ်ဖြေလွှတ်ခြင်း၏ သတင်းကောင်း ပင်ဖြစ်ပါသည်။ ယင်းသည် ယေရှု၏ဗတ္တိဇံ အသတ်ခံရခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်ခြင်းဖြင့် ဘုရားသခင်က ကျွန်တော်တို့အား ဖွင့်ပြခဲ့သည်။ ယေရှုခရစ်တော်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံယူခြင်းဖြင့် တချိန်တည်းတွင် အပြစ်အလုံးစုံကို ဆေးကြောသည့်အပြင် ယင်းသမ္မာတရား ကိုယုံကြည်သော သူအားလုံးကို ထိုဗတ္တိဇံအားဖြင့် ကယ်တင်ခြင်းကို ပေးလေသည်။ ထိုကဲ့ သို့သောကျွန်တော်တို့၏ သက်ဝင်ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏အ နာဂတ်အပြစ် အလုံးစုံကိုပင်လျှင် ဆေးကြောပေးခဲ့သည်။ 
မည်သူမဆို ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော်ကို ယုံကြည်သောသူသည် လောက၏အပြစ်အလုံးစုံမှ ထာဝရကယ်တင်ခြင်းကို ရသည်။ သင်ယုံပါသလား။ အကယ်၍သင်၏အဖြေသည် “ဟုတ်ကဲ့” သာဖြစ် ခဲ့လျှင် အမှန်ပင်ဖြောင့်မတ်သောသူဖြစ်လာပါလိမ့်မည်။ 
ယေရှုဗတ္တိဇံခံယူပြီးနောက်ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များကို အကျဉ်း ချုံး၍လေ့လာကြပါစို့။ ယောဟန် ၁း၂၉တွင် ““ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း” ဟုဖော်ပြထားပါသည်။ ဗတ္တိဇံယောဟန်က ယေရှုသည် လောက၏အပြစ်အ လုံးစုံကို ဆောင်သွားသောသိုးသူငယ်ဖြစ်ကြောင်း သက်သေခံခဲ့သည်။ ဗတ္တိဇံ ဆရာယောဟန်သည် ယောဒန်မြစ်တွင်ယေရှုကိုဗတ္တိဇံပေးခဲ့သောကြောင့် “ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း" ဟုသက်သေခံ နိုင်ခြင်းဖြစ်ပါသည်။ ယေရှုသည်ဗတ္တိဇံကိုခံယူ၍ ဤလောက၏ အပြစ်ကို ဆောင်သွားသည့်အပြင် ယင်းသည်လည်း ဒုတိယမွေး ခြင်း၏ သတင်းကောင်း ဖြစ်ပါသည်။ 


“ကြည့်လော့။ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရား သခင်၏သိုးသငယ်တော်ပေတည်း”(ယောဟန် ၁း၂၉)။ ယေရှုသည် သူ၏ဗတ္တိဇံ အားဖြင့်ဤ လောက၏အပြစ် အလုံးစုံကိုဆောင်သွားသည်။ 
သင်သည် မွေးစအချိန်မှစ၍ ၁၀ နှစ်မြောက်သည့်တိုင် ပြစ်မှားခဲ့ သော အပြစ်များသည် ဤလောက၏အပြစ်များတွင် အကျုံးဝင်သည်။ ထိုအပြစ် များကိုပါယေရှုဆောင်ယူသွားသည်ကိုသင်ယုံကြည်ပါသလား။ ဟုတ်ကဲ့ ကျွန် တော်ယုံကြည်ပါသည်။ အသက်၁၁နှစ်မှ၂၀ ကြားသင်၏ ဖောက်ပြန်မှုများ နှင့်စပ်လျဉ်း၍မည်သို့ယူဆပါသနည်း။ ထိုအပြစ်များကိုလည်း ယေရှုဆီဆောင် ယူသွားလိုက်ပြီဟု သင်ယုံကြည်ပါသလား။ ယုံကြည်ပါသည်။ 
သင်၏အနာဂတ်တွင် ပြစ်မှားမည့်အပြစ်များသည် ဤလောက၏ အပြစ်များတွင် ပါဝင်ပါသလား။ထိုအပြစ်များလည်းပါဝင်ပါသည်။ ထိုအပြစ် များကို ယေရှုထံလွှဲပြောင်းခဲ့ပြီလား။ ဟုတ်ကဲ့၊ လွှဲပြောင်းပေးခဲ့ပြီဖြစ်ပါသည်။ သင်၏အပြစ်အလုံးစုံကို ယေရှုထံလွှဲ ပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အမှန် တကယ်ယုံကြည်ပါသလား။ ဟုတ်ကဲ့ယုံပါသည်။
ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းဖြင့် ဤလောက၏အပြစ်အလုံးစုံ ကို ဆောင်သွားခဲ့ပြီဖြစ်ကြောင်း သင်ယုံပါသလား။ ဟုတ်ကဲ့၊ ဤအတိုင်း ယုံပါသည်။ 
ဤလောက၏အပြစ်များမှ ကယ်တင်ခြင်းရရှိရန် အမှန်တကယ်လို ချင်ပါသလား။ အကယ်၍လိုချင်လျှင် ယေရှု၏ဗတ္တိဇံနှင့် သူ၏ကားတိုင်ပေါ် ကအသွေးတော်ကိုယုံကြည်ပါ။ တစ်ကြိမ်ယုံကြည်ရုံမျှနှင့် ကယ်တင်ခြင်းခံရ သည်။ ယင်းသည် ဒုတိယမွေးခြင်း၏ စစ်မှန် သောကယ်တင်ခြင်းဖြစ်သည်။ ယေရှု၏ ဗတ္တိဇံနှင့်သူ၏အသွေးတော်သည် ဒုတိယမွေးခြင်း၏ မူရင်းသတင်း ကောင်းဖြစ်ပါသည်။ ယင်းသည် ဤလောကရှိအပြစ်သားအားလုံးအတွက် ဘုရားသခင်ထံမှ ခံစားရသော ကောင်းကြီးဖြစ်ပါသည်။ 
ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်ကအသွေးတော်အားဖြင့် ဒုတိယ မွေးခြင်း၏ကယ်တင်ခြင်းကို ယုံကြည်ရာတွင်သူ၏ချစ်ခြင်းမေတ္တာကို မျှော် ကြည့်ခြင်းဖြင့် စစ်မှန်သောယုံကြည်ခြင်းရရှိ၍ ဒုတိယမွေးခြင်း အမှန်တကယ် ရရှိမည်ဖြစ်သည်။ ဒုတိယမွေးခြင်း၏သင်္ကေတများသည် ရေနှင့်ယေရှု၏ အ သွေးတော်ဖြစ်သည်။ ကျမ်းစာတွင် ဖော်ပြထားသောသမ္မာတရားကို လက်ခံ ရလိမ့်မည်။ 
    
 
ဘာသာအယူဝါဒနှင့် သက်ဝင်ယုံကြည်မှု

ဒုတိယမွေးခြင်း၏ စိတ်နှလုံးရှိကြောင်း မည်သည့်အရာကို သက်သေပြရ သနည်း။
ထိုယေရှုသည် သူ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ကျွန်ုပ်တို့၏အပြစ်အလုံးစုံကိုချေဖျက်ပစ်လိုက်သည်။

ဘာသာအယူဝါဒ၏ အဓိပ္ပါယ်မှာ ကိုယ်ပိုင်အယူအဆအရ ယေရှုကို ယုံကြည်သည်။ ဘုရားသခင်၏သန့်ရှင်းသောနှုတ်ကပတ်တော်ကို ငြင်းပယ် တတ်သည်။ သို့သော်လည်းအပြစ်မှကယ်တင်ခြင်းသည် တစ်စုံတစ်ယောက် သောသူ၏ ကိုယ်ပိုင်အယူအဆ၏တစ်စိတ်တဒေသဖြစ်သည်။ ယုံကြည်ခြင်း သည် ကိုယ်ပိုင်အယူအဆကိုပယ်၍ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းရှိ နှုတ်က ပတ်တော်အားလုံးကို ယုံကြည်ရန်ဖြစ်ပါသည်။ ကျမ်းစာတွင်ဖော်ပြထား သည့်အတိုင်းရေနှင့် အသွေးတော်အားဖြင့် ကယ်တင်ခြင်းကို လက်ခံရမည်။ ယေရှု၏ဗတ္တိဇံနှင့် သူ၏ကားတိုင်တင်သတ်ခံရခြင်းအားဖြင့် ကယ်တင်ခြင်း ကိုလက်ခံယုံကြည်ရမည်။ တစ်စုံတစ်ဦးသည် သူ၏နှလုံသားထဲတွင် မူရင်း သတင်းကောင်း၏ ပညာကို လက်ခံခြင်းဖြင့် ကယ်တင်ခြင်းရနိုင်သည်။ 
ယေရှု၏ ဗတ္တိဇံပါဘဲကျွန်တော်တို့၏အပြစ်များကို ချေဖျက်နိုင်ခြင်း မရှိသည့်အပြင် သွန်းလောင်းတော်မူသော အသွေးတော်မပါဘဲ အပြစ်များမှ ကင်းလွတ်ခြင်းမရှိနိုင်။ ယေရှုကို ကျွန်တော်တို့အတွက် ကားတိုင်တင်ပြီး အ သွေးတော်မသွန်းမီမှာ ကျွန်တာ်တို့၏အပြစ်များကို သူ့ထံလွှဲပြောင်းခဲ့သည်။ သူ၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်ကအသွေးတော်ကို ယုံကြည်သောအခါ ထိုသ တင်းကောင်းအားဖြင့် ဒုတိယမွေးခြင်းခံ၍ ဤလောက၏အပြစ်အလုံးစုံမှ လွတ်မြောက်လာရသည်။ 
စစ်မှန်သောယုံကြည်ခြင်းသည်ယေရှုဗတ္တိဇံခံယူသောအခါ ကျွန် တော်တို့အပြစ်အလုံးစုံကို လုံးဝသန့်ရှင်းစင်ကြယ်စေကြောင်း ယုံကြည်ခြင်း ကို ဆိုလိုခြင်းဖြစ်သည်။ တနည်းအားဖြင့်ယေရှုသည် ကျွန်တော်တို့၏ အပြစ် များအတွက် ကားတိုင်ပေါ်၌ တရားစီရင်ခြင်းကို ခံခဲ့ကြောင်း၊ ယုံကြည်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သော ကယ်တင်ခြင်းကို ကျွန်တော်တို့လက်ခံယုံကြည်ရမည်။ ဘုရားသခင်သည် ကျွန်တော်တို့အား လုံးကိုချစ်တော်မူသောကြောင့် သူ၏ဗတ္တိဇံနှင့်ကားတိုင်တော်မှ အသွေး တော်အားဖြင့် ကယ်တင်ခဲ့သည်။ ဤသတင်းကောင်းကို ကျွန်တော်တို့ယုံ ကြည်လာသောအခါ အပြစ်မှကယ်တင်ခြင်းခံရသည့်အပြင် တရားစီရင်ခြင်းမှ လွတ်မြောက်ကာ ဘုရားသခင်၏ရှေ့မှောက်၌ ဖြောင့်မတ်သောသူဖြစ်လာ ကြသည်။ 
“ဘုရားသခင် ကျွန်တော်ယုံကြည်ပါ၏။ ကျွန်တော်သည် ကယ်တင် ခြင်းနှင့်မထိုက်တန်သောသူဖြစ်ပါသော်လည်း ယေရှု၏ ဗတ္တိဇံ၊ကားတင်သတ် ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း သတင်းကောင်းကို ကျွန်တော်ယုံကြည် ပါ၏။ကျွန်တော်တို့သည်ဒုတိယမွေးခြင်းသတင်းကောင်းကောင်းကြီးအတွက် ဘုရားသခင်ကိုကျေးဇူးတင်ရှိပါသည်။ဒုတိယမွေးခြင်း၏မူရင်းသတင်းကောင်း ကို ယုံကြည်ခြင်းသည် စစ်မှန်သောသက်ဝင်ယုံကြည်ခြင်းဖြစ်ပါသည်။ 
ဒုတိယမွေးခြင်း၏သမ္မာတရားကို “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏” (ရောမ၊ ၁၀း၁၇) “သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏” (ယောဟန် ၈း၃၂)။ ကျွန်တော်တို့သည် ထိုသမ္မာတရားတော်ကို တိတိကျကျသဘောပေါက် နား လည်၍ ရေ၊ အသွေး တော်နှင့်ဝိညာဉ်တော်သက်သေခံတော်မူသော သမ္မာ တရားဖြစ်ကြောင်း ယုံ ကြည် ရမည်ဖြစ်၏(၁ ယောဟန်၊ ၅း၅-၈)။
“သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”။ ယင်းသည် ရေနှင့် အသွေးတော်နှင့်ပတ်သက်၍ ယေရှု၏နှုတ်ထွက်တော်ဖြစ်သည်။ သင်လွတ် မြောက်ပြီလား။ ကျွန်ုပ်တို့သည် ဘာသာရေးကိုင်းရှိုင်းသူများလား(သို့မဟုတ်)သစ္စာစောင့်သိသောသူလား။ယေရှုသည် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို သက်ဝင်ယုံကြည်သော သူများသာလျှင် အလိုရှိသည်။ 
အကယ်၍ သင်သည် ယေရှု၏ဗတ္တိဇံနှင့် သူ၏အသွေးတော်သတင်း ကောင်းကို ယုံကြည်လျှင် နှလုံးသားထဲ၌ အပြစ်ကင်းသောသူဖြစ်ပါသည်။ သို့သော်လည်း သင်သည် ယေရှုကိုဘာသာတစ်ခု၏ အယူဝါဒတစ်စိတ်တစ် ပိုင်းအဖြစ်သာ ယုံကြည်လျှင် ယေရှု၏ကယ်တင်ခြင်းအကြောင်းကို အပြည့် အဝသက်ဝင် ယုံကြည်ခြင်းမရှိသောကြောင့် အပြစ်နွံထဲတွင် အသက်ရှင်နေ ဆဲဖြစ်ပါသည်။ ဘာသာရေးသမားများသည် သူတို့၏အပြစ်အတွက် တစ်ချိန် လုံးနောင်တတရားရဆုတောင်းခြင်းဖြင့်ရွေးနှုတ်ကယ်တင်ခြင်းရရှိရန်ကြိုးစား တက်ကြသည်။ 
ထိုသို့သော လူစားမျိုးသည် သူတို့၏အပြစ်မှ ဘယ်သောအခါမှ အပြည့်အဝ ကယ်တင်ခြင်းရရှိနိုင်မည် မဟုတ်ချေ။ သူတို့သည် အသက်တာ တစ်လျှောက်လုံး နောင်တတရားရခဲ့သည့်တိုင် သူတို့၏ နောင်တတရားသည် ယေရှု၏ ဗတ္တိဇံနှင့်ကားစင်တင်သတ်ခံရခြင်းအားဖြင့် အပြစ်ကို လုံးဝရွေးနှုတ် ကယ်တင်ခြင်း၏နေရာတွင် ဘယ်သောအခါမှ အစားမထိုးနိုင်ပါ။ ဤလော က၏အပြစ်အလုံးစုံကိုသာမက အနာဂတ်အပြစ်များကိုပင်လျှင် ဆေးကြော ပေးခဲ့သော ယေရှု၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံ ကြပါစို့။ 
နေ့တိုင်း နောင်တတရားရခြင်းသည် ဒုတိယမွေးခြင်း၏ သတင်း ကောင်းနေရာတွင် ဘယ်တော့မှအစားမထိုးနိုင်ကြောင်း ထပ်ပြောပါရစေ။ ယခုပင်ခရစ်ယာန်အားလုံး ဒုတိယမွေးခြင်း၏သတင်းကောင်းအားဖြင့် အပြစ် မှရွေးနှုတ်ကယ်တင်ခြင်းရရှိကြပါစေ။ 
ကျွန်တော်တို့သည် အပြစ်အတွက် ဘယ်တော့မှ လုံးဝနောင်တရ နိုင်သည်မဟုတ်။ မှားယွင်းသောနောင်တရခြင်းသည် ဘုရားသခင်ထံတော်ပါး သို့ ပို့ဆောင်မပေးဘဲ မိမိ၏ဝိညာဉ်အတွက် စက်ခလုတ်မျှသာဖြစ်ပါသည်။ မှားယွင်းသောနောင်တသည် ဘုရားသခင်၏အလိုတော်ကို ဘယ်တော့မှ ရှာမတွေ့နိုင်သော တစ်ဖက်စောင်းနင်းအပြစ်ဝန်ခံခြင်းသာ ဖြစ်ပါသည်။ ယင်း သည် ကျွန်တော်တို့ထံမှ ဘုရားသခင် မျှော်လင့်သောအရာမဟုတ်ပေ။ 
စစ်မှန်သော နောင်တရခြင်းသည် အဘယ်နည်း။ ဘုရားသခင်ထံ ပြန်လှည့်လာခြင်းဖြစ်ပါသည်။ ယေရှု၏ ကယ်တင်ခြင်းနှုတ်ကပတ်တော်ဆီ သို့ပြန်လာ၍ ထိုနှုတ်ကပတ်တော် ဖော်ပြထားသည့်နည်းလမ်းအတိုင်း ယုံ ကြည်ခြင်းကို ဆိုလိုပါသည်။ ကျွန်တော်တို့ကို ကယ်တင်ထားသော သတင်း ကောင်းသည် ယေရှု၏ဗတ္တိဇံ၊ သူ၏ကားတိုင်တင်သတ်ခြင်းနှင့် ပြန်လည် ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းသာလျှင် ဖြစ်ပါသည်။ ထိုသတင်း ကောင်းကို လုံးဝယုံကြည်လာသောအခါ ကျွန်တော်တို့သည် ကယ်တင် ခြင်းရသည့်အပြင် ထာဝရအသက်ကိုလည်း ရရှိသည်။
ယင်းသည် ဒုတိယမွေးခြင်း၏ သတင်းကောင်းပညာဖြစ်သည်။ ယေရှု၏ ဗတ္တိဇံကိုလည်းကောင်း၊ သူ၏အသွေးတော်ကိုလည်းကောင်း၊ ဘုရား သခင်၏နိုင်ငံတော်သတင်းကောင်းကိုလည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးခြင်းကို ခံနိုင်သည့် အဓိကအချက် ဖြစ်ပါသည်။ 
ယေရှုက ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းခံရမည်ဟု မိန့်တော်မူခဲ့သော်လည်း သူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ကျွန်တော်တို့ ဒုတိယမွေးခြင်းခံရမည်ကို ဆိုလိုခြင်းဖြစ်ပါ သည်။ သို့မှသာ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်စားရမည့် အခွင့်ရရှိမည်ဖြစ် ပါသည်။ သူ့နှုတ်ကပတ်တော်ကို ကျွန်တော်တို့ယုံကြည်ရမည်။ အပြစ်များမှ ရွေးနှုတ်ကယ်တင်ခြင်းကို သက်သေခံနှစ်ခုဖြစ်သောယေရှု၏ဗတ္တိဇံနှင့် ကား တိုင်တော်က အသွေးတော်တို့သည် ဒုတိယမွေးခြင်းအခွင့်ပေးပိုငါနိုင်သော နှုတ်ကပတ် တော်ဖြစ်ကြပါသည်။ 
ဒုတိယမွေးခြင်း၏ သတင်းကောင်းနှင့် အပြစ်မှရွေးနှုတ်ကယ်တင် ခြင်းသတင်းကောင်းကို ယခုသင်ယုံကြည်ပြီလား။ ယေရှု၏ဗတ္တိဇံနှင့် ကား တိုင်တော်မှသူ၏အသွေးတော်ကို သက်ဝင်ယုံကြည်ခြင်းသည် ကျွန်တော်တို့ အား ဤလောက၏အပြစ်များမှ ကယ်တင်ခဲ့သည်။ ဤယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးခြင်းခံနိုင်ပါသည်။ ယေရှုက ဤလောကရှိ အပြစ်သားအားလုံး၏ အပြစ်များကို ဆေးကြောလိုက်ပြီဟု ကျမ်းစာတော်ဟောပြောကတည်းက အဘယ်ကြောင့် ယုံကြည်၍ ဒုတိယမွေးခြင်းမခံရပါသနည်း။ 
ဒုတိယမွေးခြင်းသက်သေခံနှစ်ပါးဖြစ်သောယေရှု၏ဗတ္တိဇံနှင့် သူ၏ ကားစင်တင်သတ်ခံခြင်းကို ယုံကြည်သောသူတို့သည် အမှန်ဧကန် ဒုတိယ မွေးခြင်းရကြသည်။ ထို့အပြင် ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူသည် မိမိကိုယ်တိုင်သက်သေခံဖြစ်သည်(၁ယောဟန်၊ ၅း၃-၁၀)။ ယေရှုကို ယုံကြည်သောအခါ ရေ၊အသွေးတော်နှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ချန်လှပ်၍ မရပါ။ 
ဗိုလ်ချုပ်နေမန်သည် သူ၏အနာရောဂါ လုံးဝပျောက်ကင်းရန် ယော ဒန်မြစ်တွင် ခုနှစ်ကြိမ်တိုင်တိုင်နှစ်သကဲ့သို့ (ဓမ္မရာဇဝင်စတုတ္ထစောင်မှ) တခါတည်းဖြင့် ယေရှုက ဤလောက၏အပြစ်များကို ယောဒန်မြစ်တွင် ဆေးကြောခဲ့ပြီဖြစ်ကြောင်းနှင့်ထိုသို့ဆေးကြောခြင်း၏ အကျိုးကျေးဇူးအဖြစ် ထာဝရကယ်တင်ခြင်းကို ကျွန်တော်တို့ရရှိခဲ့ပါသည်။ 
ယေရှုသည် ကျွန်တော်တို့အား ချစ်တော်မူသောကြောင့် ဤလော က၏အပြစ်အလုံးစုံမှ ကျွန်တော်တို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်ဖြစ် ၍ ထိုအပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းသတင်းကောင်းကို ယုံကြည်ခြင်းအား ဖြင့် ထာဝရအသက်ကိုရရှိသည်။ ကျွန်တော်တို့အားလုံးသည် ဒုတိယမွေးခြင်း ၏သတင်းကောင်းကိုယုံကြည်၍ဘုရားသခင်၏ကယ်တင်ခြင်းကို ရယူကြ ပါစို့။