Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-9] ယုံကြည်ခြင်းနှင့်အတူ ခမည်းတော်၏အလိုတော်အတိုင်း လုပ်ဆောင်ကြပါစို့ (မဿဲ၊ ၇း၂၁-၂၃)

ယုံကြည်ခြင်းနှင့်အတူ ခမည်းတော်၏အလိုတော်အတိုင်း လုပ်ဆောင်ကြပါစို့
 
(မဿဲ၊ ၇း၂၁-၂၃)
“‘သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်။ ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။”
 
 

ငါလည်း ထိုကဲ့သို့သော သူဖြစ်ကောင်းဖြစ်နိုင်သည်
 
သခင်၊ သခင်ဟု လျှောက်သောသူတိုင်း ကောင်းကင်းနိုင်ငံတော်သို့ ဝင်စားကြမည်လော။
မဝင်ရပါ။ ခမည်းတော်၏အလိုတော်ကို ဆောင်သောသူသာဝင်ရကြလိမ့်မည်။
 
ယေရှုခရစ်တော်က “သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်”ဟု မိန့်ဆိုထားသည်။ ဤ စကားကြောင့်များစွာသောခရစ်ယာန် တို့သည် ကြောက်လန့်ပြီး မိမိကြိုးစားအားထုတ်မှုကို အသုံးပြုကာ ခမည်း တော်၏အလိုတော်ဆောင်ဘို့ရန် ကြိုး စားအားထုတ်ကြသည်။
များစွာသော ခရစ်ယာန်တို့၏ အထင်တွင် ကောင်းကင်နိုင်ငံတော် သို့ဝင်စားရန် ယေရှုကိုယုံကြည်ခြင်းတခုတည်း သာလိုအပ်သည်ဟု ထင်မှတ် ကြသည်။ သို့သော် မဿဲ၊ ၇း၂၁-တွင် သခင်၊သခင်ဟု လျှောက်သော သူတိုင်းကောင်းကင်နိုင်ငံတော်သို့မဝင်ရမည့်အကြောင်း ဖေါ်ပြရေးသား ထားသည်။
ဤကျမ်းပိုဒ်ကို ဖတ်သောသူအချို့တို့သည် သူတို့စိတ်နှလုံးထဲတွင် လန့်သွားကာ“ငါလည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကောင်းဖြစ်နိုင်သည်” ဟု စိုးရိမ်သောစိတ်နှင့်နေတတ်ကြသည်။ မိမိကိုယ်ကို ကျေနပ်အောင် လုပ်ပြီး “ကိုယ်တော်၊အကျွန်ုပ်ကို မယုံကြည်သောသူဟု မသတ်မှတ်ပါနှင့်။” သို့သော် သူတို့၏အသိတရားသည် သူတို့၏မသေချာမပြတ်သားမှုကို အမြဲ ဖေါ်ထုတ်ပေးသည်။
ထိုသို့ဖြင့် ဤကျမ်းပိုဒ်အချို့ “ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်” ဟူ သောအချက်ကို ဆွဲထုတ်ကာ “ခမည်းတော်၏အလိုတော်ဆောင်ခြင်း”ဟူ၍ စွဲလမ်းပြီး ဆယ်ဘို့တဘို့ကို မှန်ကန်စွာပေးလှူခြင်း၊ ဆုမှန်မှန်တောင်းခြင်း၊ ဟောပြောခြင်း၊ ကောင်းသောအရာကိုကျင့်ခြင်းနှင့် ဒုစရိုက်မပြုမှားဘို့ရန် ခက်ခဲစွာကြိုးစား အားထုတ်ပြီး၊ ကျင့်ကြံဆောင်ရွက်ကြသည်။ 
ဤကျမ်းပိုဒ်ဆိုလိုသော အဓိပ္ပါယ်ကို နားမလည်ကြသောကြောင့် များစွာသောသူတို့သည် လွဲမှားသောအလုပ်အားဖြင့် ကြိုးစားရှာဖွေခဲ့ကြ သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံးနားလည်သဘောပေါက်ပြီး ခမည်းတော်၏ အလိုတော်ဆောင်သူများဖြစ်နိုင်ခြင်းငှာ၊ဤကျမ်းပိုဒ်၏အနက်အဓိပ္ပါယ်ကို အ နည်းငယ်ရှင်းပြလိုပါသည်။ 
တပါးတည်းသော သားတော်သည် ဤလောက၏အပြစ်ရှိသမျှကို သူ့အပေါ်တင်ထားကာ ဆောင်သွားခြင်းအားဖြင့် ဤလောက၏အပြစ်ရှိသမျှ အားလုံးဖြေလွှတ်ပေးခြင်းသည် ပထမဆုံးသော ဘုရားသခင်၏အလိုတော် ဖြစ်သည်ကို နားလည်စေချင်သည်။
ဧဖက်သြဝါဒစာ ၁း၅ တွင် ဤသို့ရေးသားထားသည်။ “မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။”
တနည်းဆိုရလျှင်ဘုရားသခင်၏အကြံအစည်တော်သည် စစ်မှန် သောဧဝံဂေလိတည်းဟူသော ယေရှုအားဖြင့် အပြစ်အားလုံးဆေးကြောဖြေ လွှတ်ပေးကြောင်းကို သိရှိနားလည်၍ ထိုသမ္မာတရား၌ ဒုတိယမွေးဖွားခြင်း ခံရန် အခွင့်ပေးသည်။ သားတော်ယေရှုအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖြေလွှတ်ဆေးကြောပေးသောဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးဖွားခြင်းခံရန် အလိုတော်ရှိသည်။ ဤအရာသည် ခမည်းတော်၏အလိုတော်ဖြစ် သည်။
 
 
သခင်၊ သခင်ဟု ခေါ်ရုံမျှသာပြုခြင်း

ယေရှုကိုယုံကြည်လျှင် မည်သည့် အရာများနားလည်လာရမည်နည်း။
ခမည်းတော်၏အလိုတော်
 
“သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်”(မဿဲ ၇း၂၁)။
ခမည်းတော်၏အလိုတော်ကို နှစ်မျိုးနှစ်စားအားဖြင့် နားလည်နိုင် သည်။ ပထမအချက်သည် ဝိညာဉ်တော်နှင့် ရေ၌ဒုတိယမွေးဖွားခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များဖြေ လွှတ်ဆေးကြောပေးခြင်းနှင့်ခွတ်လွတ်ခြင်းခံရ ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ် ကြောင်းကိုနားလည်ရန် လိုအပ် သည်။ ဒုတိယအချက်မှာမူကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ထိုအရာအပေါ်၌ သာအခြေခံရမည်။
လူသားများ၏အပြစ်ဖြေလွှတ်ပေးခြင်းနှင့်ဆေးကြောပေးခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ စာတန်သည် ကျွန်ုပ်တို့၊ ဘိုးဘေးအာဒံမှ လူသားအားလုံးသို့အပြစ်ကိုခံယူစေသည်။သို့သော်ခမည်းတော်၏အလိုတော် သည် အပြစ်ရှိသမျှကို ဆေးကြောပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဘုရားသခင်၏ အလိုတော်သည် သစ္စာရှိစွာမှန်မှန်ကန်ကန် ဆယ်ဘို့တစ်ဘို့ပေးခြင်း၊ မှန် မှန်ဆုတောင်းခြင်းနှင့်အလှူငွေများပေးကမ်းခြင်းမဟုတ်ဘဲ၊အပြစ်မှကျွန်ုပ်တို့ ကို ကယ်တင်ခြင်းသည်သူ၏အလိုတော်ဖြစ်သည်။ အပြစ်နွံထဲမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခြင်းသည် ခမည်းတော်၏ အလိုတော်ဖြစ်သည်။
သမ္မာကျမ်းစာဖေါ်ပြသည်မှာသခင်၊သခင်ဟုလျှောက်သော သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရကြမည်မဟုတ်။ ဤကျမ်းပိုဒ်၏ အဓိပ္ပါယ် သည် ယေရှုကိုယုံကြည်ရုံမျှလောက်မဟုတ်ဘဲ၊ ခမည်းတော်၏ အလိုတော် သိရှိရန် လိုအပ်ကြောင်းကို ဆိုလိုသည်။ အပြစ်တရားစီရင်ခြင်းနှင့်ငရဲမှ ကယ် တင်တော်မူခြင်းသည် ခမည်းတော်၏အလိုတော်ဖြစ်၍ အာဒံနှင့်ဧဝမှ အမွေခံ ခြင်းဆိုသည်မှာ မိမိကိုယ်ကို မညီနိုင်ဘဲအပြစ်၌ကျင်လည်နေကြောင်းနား လည် ရန်ဖြစ်သည်။
 
 

ဘုရားသခင်၊ ခမည်းတော်၏အလိုတော်

 
ခမည်းတော်၏အလိုတော်သည် အဘယ်နည်း။
ကျွန်ုပ်တို့ကို အပြစ်မှလွတ်မြောက်စေပြီးသူ၏ သားသမီးများဖြစ်စေခြင်းဖြစ်သည်။
 
မဿဲ၊၃း၁၅တွင် “ဖြောင့်မတ်ခြင်းအလုံးစုံတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍” ဟုဖေါ်ပြထားသည်။ ယေရှုလောကသို့ကြွလာခြင်းရခြင်း သည် ထိုအလုံးစုံသောတရားတို့ကိုကျင့်ခြင်းအားဖြင့်ကယ်တင်ခြင်းအမှုကြီး ကိုပြည့် စုံစေရန်ဘုရားသခင်စေလွှတ်ခြင်းဖြစ်သည်။ဗတ္တိဇံဆရာယောဟန် ထံဗတ္တိဇံခံယူခြင်းအားဖြင့် ယေရှုသည် ခမည်းတော်၏ အလိုတော်ကို ပြည့် စုံစေသည်။
ခမည်းတော်၏ အလိုတော်သည် ကယ်တင်တော်မူခြင်းနှင့်သူ၏ သားသမီးများဖြစ်စေခြင်းဖြစ်သည်။ ထိုအမှုအား လုံးဆောင်ရွက်ဘို့ရန်၊ ဘုရား သခင်၏သားတော်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကိုဆောင်ယူခဲ့သည်။ လူများ ဘုရားသခင်၏သားသမီးများဖြစ်စေခြင်းသည် ဘုရားသခင်၏အလို တော်ဖြစ်သည်။ စာတန်၏လှည့်ဖြားမှုအောက်၌ ကျင်လည်နေသော လူသား များ၏အပြစ်အားလုံးကို ဆောင်ယူသွားရန် မိမိ၌ရှိသောတပါးတည်းသော သားတော်ကိုစေလွှတ်ခဲ့သည်။ လူသားများ သူ၏သားသမီးများဖြစ်ရန် တပါး တည်းသောသားတော်၏အသက်စွန့်ပူဇော်ပေးခြင်းသည်ဘုရားသခင်၏အလို တော်ဖြစ်သည်။
ယေရှုသည် ဗတ္တိဇံခံယူပြီး၊ လက်ဝါးကားတိုင်ပေါ် အသေခံခြင်း အားဖြင့် ခမည်းတော်၏အလိုတော်ကိုပြည့်စုံစေသည်။ ယေရှုသည်လက်ဝါး ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားများ၏အပြစ်အတွက်တရား စီရင်ခြင်းနှင့်ဗတ္တိဇံခံယူခြင်းအားဖြင့်လူသား များ၏အပြစ်သူ့အပေါ်တင်ထား ကြောင်း ယုံကြည်ခြင်းသည် ခမည်းတော်၏ အလိုတော်ဖြစ်သည်။
“ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏”(ယောဟန် ၃း၁၆)။ ဘုရားသခင်သည် မိမိလူများကို အပြစ်မှ ကယ်တင်ခဲ့သည်။ ၄င်းအမှုကိုဆောင်ရွက် ရန်ယေရှုသည် ပထမဦးဆုံး ဗတ္တိဇံဆရာ ယောဟန် ထံမှ ဗတ္တိဇံခံယူခဲ့သည်။
“ယေရှုကလည်းယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”(မဿဲ ၃း၁၅)။ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊လက်ဝါးကားတိုင်ပေါ်အသေခံခြင်း နှင့်ဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောက၏အပြစ်ရှိသမျှသူ့အပေါ်တင်ပြီး ဆောင်သွားရန် ယေရှုဤလောကသို့ ကြွလာခြင်းသည် ခမည်းတော်၏အ လိုတော်ဖြစ်သည်။
ဤအရာများကိုကျွန်ုပ်တို့ရှင်းလင်းစွာနားလည်သင့်ပါသည်။ များစွာ သော သူတို့သည် မဿဲ ၇း၂၁ ကိုဖတ်ပြီး ဘုရားသခင်၏အလိုတော် ဆောင်ခြင်းသည်သေသည့်တိုင်အောင်အစေခံခြင်းရှိသမျှအားလုံးကိုပေးကမ်း လှူဒါန်း၍ ဘုရားကျောင်းကြီးကြီးများတည် ဆောက်ခြင်းဖြစ်သည်ဟူ၍ နားလွဲကြသည်။
ကျွန်ုပ်တို့ခရစ်ယာန်များအနေဖြင့် ခမည်းတော်၏အလိုတော်ကို သိ ရှိနားပြီးမှ အလိုတော်ကိုဆောင်ရွက်ရမည်။ ခမည်းတော်၏အလိုတော်ကို မသိရှိနားမလည်ဘဲ အသင်းတော်၌ဆက်ကပ်အပ်နှံခြင်းသည် မှားယွင်းသော လုပ်ရပ်တခုဖြစ်သည်။
အချို့တို့သည် မိမိကိုယ်တိုင် မှန်ကန်သည်ဟု ယူဆသောအသင်း တွင် ယုံကြည်ခြင်း၌အသက်ရှင်ရန်မည်သည့် အရာများလက်ခံရန်ရှိပါသေးသ နည်းဟူ၍ မိမိကိုယ်ကိုမေး တတ်ကြသည်။ သို့သော် ကျွန်တော်ကိ်ုယ်တိုင် ဖရက်စ်ဘက်တီး ရီးယာန်အသင်းတော်မှ ရင့်ကျက်သောသင်းအုပ်ဆရာကဲ့သို့ သော မွေးစားမိခင်တစ်ဦးထံမှ (Calvinism) ၏ အယူဝါဒကို သင်ယူခဲ့သည်။ မိမိကိုယ်တိုင် မှန်ကန်သည်ဟူသောအယူဝါဒရှိသူ (Orthodox Church) များ အကြောင်းကို လေ့လာ သင်ယူခဲ့ပါပြီ။
ပေါလုသည်လည်း သူ့ခေတ်ကာလတွင် အမြင့်ဆုံးသော ယဇ်ပ ရောဟိတ် ဂါမလျေလထံမှ ပညတ်တရားအားလုံးကိုသင်ယူခဲ့သူဖြစ်ကြောင်း နှင့် Benjamin အမျိုးမှ ဆင်းသက်လာသော သူဖြစ်ကြောင်းကို ဝါကြွား ခဲ့ သည်။ ပေါလုသည် ဒုတိယမွေးဖွားခြင်း မခံမီတွင်၊ ယုံကြည်သူများကို ညှင်း ပန်းနှိပ်စက်သောသူဖြစ်သည်။ သို့သော် ဒမသက်မြို့သွားသော လမ်းတွင် စစ် မှန်သောယုံကြည်ခြင်းကို တွေ့ရှိခဲ့ပြီး ရေနှင့်ဝိညာဉ်တော်၌ ဗတ္တိဇံ ခံယူခြင်း အားဖြင့် ဖြောင့်မတ်သော သူဖြစ်လာခဲ့သည်။
 
 

ဘုရားသခင်၏အလိုတော်ကိုသိရှိနားလည်ခြင်း

 
ယေရှုမယုံကြည်မီတွင် မည်သည့်အရာ သည် အရေးကြီးဆုံးဖြစ်ပါသနည်း။
ခမည်းတော်၏အလိုတော်
 
ကျွန်ုပ်တို့၏ သန့်ရှင်းစင်ကြယ်ခြင်းသည် ခမည်းတော်၏အလို တော်ဖြစ်သည်။ “ဘုရားသခင်၏အလိုတော်ကား သင်တို့သန့်ရှင်းခြင်းရှိရန်ဖြစ်၏။ တစ်နည်းအားဖြင့် သင်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြဉ်သည်” (၁ သက် ၄း၃)။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်၍ဝိညာဉ်တော်နှင့်ရေအားဖြင့်ပြည့်စုံသော သန့်ရှင်းခြင်းရရှိခြင်း သည် ဘုရားသခင်၏အလိုတော်ဖြစ်ကြောင်း နားလည်သင့်ပါသည်။
ယေရှုကိုယုံကြည်လျက်ပင် စိတ်နှလုံးထဲ၌ အပြစ်ရှိသောသူသည် ဘုရားသခင်၏အလိုတော်အတိုင်းအသက်မရှင်သေးသောသူဖြစ်သည်။ အလို တော်ဟုဆိုရာ၌ ယေရှု၏ကယ်တင်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏သန့်ရှင်း ခြင်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာများသိရှိနားလည်ခြင်းသည် ဘုရားသ ခင်၏အလို တော်ဆောင်ခြင်းဖြစ်သည်။
အကယ်၍သင့်ကိုအကျွန်ုပ်ဤကဲ့သို့မေးခဲ့သော်“ယေရှုကို ယုံကြည် ပြီးသင့်စိတ်နှလုံးထဲတွင်ယခုအထိအပြစ်ရှိသေးလား” ဟုမေးလျှင်သင့်အဖြေ သည် “ဟုတ်ကဲ့”ဟုဖြေပါက ယခုထိတိုင်သင်သည် ဘုရားသခင်၏အလို တော်ကို မသိရှိနားမလည်သေးသောသူဖြစ်လိမ့်မည်။ ဝိညာဉ်တော်နှင့်ရေကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်၍ သန့်ရှင်းခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။
တခါတုန်းက ဖခင်တစ်ဦးသည် နာခံတတ်သောသားနှစ်ဦးရှိခဲ့ သည်။ တနေ့တွင်သားကြီးကိုခေါ်၍ လယ်ကွင်းကိုဖြတ်ကျော်ပြီး ရွာတရွာသို့ သွားရန်အမိန့်ပေးခဲ့သည်။ ထိုသားသည်လည်းနာခံမှုအပြည့်အဝရှိသောသား ဖြစ်သည်။
ဖခင်၏စကားမဆုံးခင်သားဖြစ်သူက “ဟုတ်ကဲ့ ဖေဖေ”ဟု ဆိုပြီး သူလုပ်ရမည့် အရာကို မသိဘဲထွက်သွားလိုက် သည်။
ထိုအခါဖခင်သည်သားငယ်ကိုပြန်ခေါ်၍ “ငါလုပ်စေချင်သောအရာ ကို သင်ပါနားလည်ရင် ပိုကောင်းသည်” ဟု ပြောလိုက်သည်။
ထို့နောက်သားငယ်ကလည်း“ကောင်းပါပြီ။ အဖေ့စကားကိုနား ထောင်ပါမည်။ သားထက်အဖေ့စကား နားထောင်သောသူ မည်သူရှိနိုင်ပါ မည်နည်း” ဟု ပြန်ဖြေလိုက်သည်။
ထိုသို့ဆိုသော်လည်း ပြန်လာသောအခါ လက်ချည်းသက်သက်နှင့် ပြန်လာခဲ့သည်။ ဖခင်လုပ်စေချင်သောအရာနှင့် ဖခင်၏အလိုကိုမသိသော ကြောင့် သူလုပ်ရမည့်အရာကို မသိနားမလည်ဘဲ ပြန်လာခဲ့ရသည်။ မည် သည့်အရာမျှ မသိဘဲ နာခံသောသူသက်သက် သာဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း ယေရှုကိုမသိပါက၊ ထိုကဲ့သို့သောသားနှင့် တူလိမ့်မည်။ များစွာသောသူတို့သည် မိမိကိုယ်ကိုစွန့်ကာ ဓမ္မပညာကို လိုက် ကျင့်ခြင်း၊ သစ္စာရှိစွာဆယ်ဘို့တဘို့ပေးခြင်း၊ ညလုံးပေါက်အစာရှောင်ဆု တောင်း ခြင်းများပြုကြကာ ဘုရားသခင်၏ အလိုတော်ကိုဆောင်သည်ဟူ၍ ထင်ကြသော်လည်း ဘုရားသခင်၏အလိုတော်ကို မသိသောသူ များသာဖြစ် ကြသည်။
စိတ်နှလုံးထဲ၌ အပြစ်ရှိသောသူ သေသွားသောအခါ ကောင်းကင် နိုင်ငံသို့မဝင် ဘဲတံခါးဝမှပြန်လှည့်သည်။ သူတို့ သည်ဘုရားသခင်၏အလို တော်ဆောင်ရန် စိတ်အားထက်သန်ကြသော်လည်း ဘုရားသခင်၏အလို တော်ကို မသိနားမလည်ကြသောသူများသာ ဖြစ်ကြသည်။
 
အဓမ္မအမှုပဆိုသည်ကား အဘယ်နည်း။
ဝိညာဉ်တော်နှင့်ရေသတင်ကောင်းကိုမယုံဘဲ ယေရှုယုံကြည် ခြင်းကိုဆိုလိုသည်။
 
“ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်” (မဿဲ ၇း၂၂-၂၃)။
ဘရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းဖြင့် လုပ်စေချင် သောအရာများ ရှိသည်။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ရှိသမျှဖြေလွှတ် ကြောင်းကို ယုံကြည်ရန် ဘုရားသခင်အလိုရှိသည်။ ပရောဖက်ပြုသောသူအ ချို့တို့သည် ဝိညာဉ်တော်နှင့်ရေတည်းဟူသော သမ္မာတရားကိုမသိနားမ လည်ဘဲ၊ ယေရှု၏နာမတော်အားဖြင့်အမျိုးမျိုးသော နိမိတ်လ က္ခဏာများပြု ပြီး၊ နတ်ဆိုးကိုလည်းနှင်ထုတ်ကြသည်။
အံ့ဘွယ်သောအမှုပြုခြင်းဆိုသည်မှာ များစွာသောအသင်းတော်ကို တည်ဆောက် ခြင်းရှိသမျှသောအရာများကို အသင်းတော်၏လိုအပ်မှုအ တွက်ရောင်းပြီးပေးလှူခြင်းနှင့် သူတို့ရှိသောအရာများမှ သူတစ်ပါး၏အသက် တာကို ဘုရားသခင်ထံဆက်ကပ်ပေးခြင်းတို့ဖြစ်သည်။
နာမတော်အားဖြင့် ပရောဖက်ပြုခြင်းဆိုသည်မှာ ဦးဆောင်သူဖြစ် ခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့သောအမှုများကိုပြုသောသူတို့သည်ယေရှုကို ဆန့်ကျင်၍ ပညတ်တရားကို ကျင့်ကြံပြုမူသော ဝါကြွားသောဖါရီရှဲများ ကဲ့ သို့ဖြစ်ကြသည်။ဤအရာသည် “မိမိကိုယ်ကို မှန်ကန်သောအယူဝါဒဆွဲကိုင် သောသူ”ဟု ဆိုကြသော (Orthodox) ခရစ်ယာန် များကို လည်းဆိုလိုသည်။
နတ်ဆိုးတို့ကိုနှင်ထုတ်ခြင်းဆိုသည်မှာ တန်ခိုးအာဏာရှိခြင်းကိုဆို လိုသည်။ သူတို့သည်ယုံကြည်ခြင်းတွင် စိတ်အားထက်သန်သောသူများဖြစ် ကြသော်လည်း သင်တို့ကိုငါမသိဟု နောက်ဆုံးသောအချိန်တွင် ယေရှုက ထို သူတို့အား ပြောလိမ့်မည်။ ယေရှုကသူတို့ကို မသိဘဲ၊ သူတို့သည် သူကို မည်သို့သိနိုင်ကြောင်း ယေရှုကသူတို့အားမေးလိမ့်မည်။
“ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်” ဟူ၍ ကျမ်းစာတွင် တွေ့ရသည်။ ထိုနေ့ရက်တွင် များစွာသော လူတို့သည် ဟစ်အော်လျှက် “သခင်ကို အကျွန်ုပ်ယုံကြည်ပါသည်။ ကိုယ် တော်သည် အကျွန်ုပ်၏ကယ်တင်ရှင်ဖြစ်သည်”ဟုဆိုကြလိမ့်မည်။ သူတို့ သည် ယေရှုကိုယုံကြည်သည်ဟု ဆိုကြသော်လည်း သူတို့စိတ်နှလုံးထဲတွင် အပြစ်ရှိသောသူများဖြစ်သည်။ ယေရှုသည်ထိုသူများကို “အဓမ္မအမှုကိုပြု သောသူများ” (ကယ်တင်ခြင်းမရ ရှိသောအပြစ်သားများ) ဟူ၍ ခေါ်ဆိုပြီး သူထံမှဖယ်ကြရန်ပြောဆိုလိမ့်မည်။
ဒုတိယမွေးဖွားခြင်းမခံဘဲ သေသွားသောသူများသည် ထိုနေ့ရက် တွင် ယေရှုအားဤသို့လျှောက်ကြလိမ့်မည်။ “ကိုယ်တော်၏နာမတော်ဖြင့် ပရောဖက်ပြုပြီး၊ များစွာသောအသင်းတော်ကိုလည်းတည်ထောင်ပြီး သာသ နာပြုအယောက် (၅၀) ကိုလည်း စေလွှတ်ခဲ့သည်မဟုတ်လော။”
သို့သော်လည်း ယေရှုက “ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်”ဟု ပြောလိမ့် မည်။
“ကိုယ်တော်ဘာကိုဆိုလိုသနည်း။ ကိုယ်တော်၏နာမတော်အား ဖြင့် ပရောဖက်ပြုခဲ့ပြီး အသင်းတော်တွင်နှစ် ပေါင်းများစွာကိုယ်တော်၏ အမှု တော်မြတ်ကိုထမ်းဆောင်ခဲ့ပြီး၊ကိုယ်တော်ကိုယုံကြည်ရန်များစွာသော သူတို့ ကို လည်းသွန်သင်ခဲ့ပြီးပြီ။ကိုယ်တော်အကျွန်ုပ်ကို မသိသလော့ ဟုလျှောက် ကြလိမ့်မည်။
သို့သော် “ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်” ဟု ပြန်ပြောလိမ့်မည်။
အဓမ္မအမှုပြုခြင်းဆိုသည်မှာ ယေရှုကိုယုံကြည်သော်လည်း စိတ်နှ လုံးထဲတွင် အပြစ်ရှိခြင်းသို့မဟုတ် ကယ်တင်တော်မှုခြင်းအမှုကို ဘုရားသခင် နှုတ်ကပတ်တော်အတိုင်း လက်ခံမှုမရှိခြင်းကိုဆိုလိုသည်။ ဘုရားသခင်၏ အလိုတော် မသိနားမလည်ခြင်းသည် အဓမ္မအမှုပင်ဖြစ်သည်။ ရေနှင့်ဝိညာဉ် တော်၌ ဒုတိယမွေးဖွားခြင်းမခံဘဲ ဘုရားသခင်၏အလိုတော် ကိုလည်းမသိ ဘဲ၊ မိမိအလိုဆန္ဒအတိုင်းလိုက်ကျင့်ခြင်းသည် အဓမ္မအမှုပြုခြင်းဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို မနာခံဘဲ လိုက်ကျင့်ခြင်းသည် အဓမ္မအမှုဖြစ်ပြီး အဓမ္မအမှုပြုခြင်းသည် အပြစ်ဖြစ်၏။
 
 

သမ္မာကျမ်း၌ ဖေါ်ပြသော ဘုရားသခင်၏အလိုတော်

 
ဘုရားသခင်၏သားသမီးများက အဘယ်သူတို့နည်း။
အပြစ်မရှိသော ဖြောင့်မတ်သူများ
 
ရေနှင့်ဝိညာဉ်တော်၌ သတင်းကောင်းကို ယုံကြည်ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။စစ်မှန်သောသတင်းကောင်းသည် ကျွန်ုပ် တို့ကိုပြန်လည်ပြုပြင်စေသည်။ ဘုရားသခင်၏သားသမီးများကဲ့သို့သတင်း ကောင်း၌ ကျင်လည်ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏အလိုတော်ကို သိသင့်ပါသည်။သို့သော် များစွာသော လူတို့သည် ရေနှင့်ဝိညာဉ်တော်၌ မွေးဖွားခြင်းတည်းဟူသော သတင်းကောင်း ကို နားမလည်ကြချေ။
အဘယ်ကြောင့်ယေရှုကို ယုံကြည်ကြသနည်းဟု များစွာသောသူ တို့ကို မေးသောအခါ အချို့ကအပြစ်မှ ကယ်တင်ခြင်းခံရန် ယုံကြည်ပါသည် ဟုဆိုကြသည်။
ထိုသို့ဖြစ်လျှင် သင့်စိတ်နှလုံးထဲမှာ အပြစ်ရှိသလား ဟုထပ်မေး လိုက်သည်။
“ရှိတာပေါ့” ဟု ပြန်ဖြေသည်။
“သို့ဖြစ်လျှင် သင် ကယ်တင်ခြင်းရပြီလား”
“ကယ်တင်ခြင်းရရှိပါပြီ”။
“အပြစ်သားတစ်ဦးသည်ကောင်းကင်နိုင်ငံတော်သို့ဝင်နိုင်ပါမည် လော”
“မဝင်နိုင်ပါဘူး”
“သို့ဖြစ်လျှင် သင်သည်ကောင်းကင်နိုင်ငံတော်သို့ဝင်ရမည်လော ငရဲသို့သွား မည်လော။”
သူတို့က ကောင်းကင်နိုင်ငံသို့ဝင်စားရမည်ဟု ပြောကြသော်လည်း အမှန်စင် စစ်သူတို့သည် ကောင်ကင်းဘုံသို့ ဝင်နိုင်ကြမည်လော။ ထိုသူတို့သည် ငရဲသို့ သာသွားကြလိမ့်မည်။
အချို့သောသူများကမူ ယေရှုကိုယုံကြည်သောကြောင့် စိတ်နှလုံး ထဲတွင်အပြစ်ရှိ၍ အပြစ်လုပ်မိလျှင်လည်း ထိုအရာသည် ဘုရားသခင်၏အလို တော်သာလျှင်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်စားဘို့ရန် မျှော်လင့်နေ ကြသည်။ သို့သော် ဘုရားသခင်သည် အပြစ်သားများအား ကောင်းကင်နိုင်ငံ သို့ဝင်စားရန် လက်မခံပါ။
ဘုရားသခင်၏ အလိုတော်က အဘယ်နည်း။ သမ္မာကျမ်းစာဖေါ်ပြ သည်မှာ လက်ဝါးကားတိုင်ပေါ်တွင် ယေရှုသွန်းလောင်းတော်မူသော အသွေး တော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ဆောင်ရွက်ပေးသော ရွေးနှုတ်တော်မူ ခြင်းကောင်းကြီးမင်္ဂလာနှင့် သားတော်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်း ကောင်းကြီးမင်္ဂလာကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။ ဘုရား သခင်၏သားသမီးများဖြစ်လာခြင်းသည် ကျွန်ုပ်တို့၏ ဘုန်းအသရေဖြစ်သည်။ ဘုရားသခင်၏သားသမီးများသည် ဖြောင့်မတ်သောသူများဖြစ်ကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောသူများဟုခေါ်ဆို ရာတွင် ဟန်ဆောင်ခရစ်ယာန်ကို အမှန်တကယ်ဖြောင့်မတ်သူများအဖြစ် သက်မှတ်ပါသလား။ ဘုရားသခင်၌မုသာမရှိပါ။ သို့ဖြစ်၍ ဘုရားသခင်ရှေ့ တွင်သင်သည်အပြစ်သားလား။သို့မဟုတ်ဖြောင့်မတ်သောသူလား။ အပြစ်မရှိ သောသူဟူ၍သတ်မှတ်လောက်သောသူတစ်ယောက်မျှမရှိ။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သောသူများသာ သန့်ရှင်းသောသူများဟု ဘုရားသခင် အသိအမှတ်ပြုသည်။
 
မည်သို့ဖြင့်ဘုရားသခင်၏သားသမီး များဖြစ်နိုင်မည်သနည်း။
အသွေးတော်မြတ်နှင့်ရေတည်းဟူသော သတင်းကောင်းကို လက်ခံခြင်းအားဖြင့်
 
ဘုရားသခင်သည် လောကအပြစ်အားလုံးကို သားတော်အပေါ်တင် ထားတော်မူသောကြောင့် သားတော်သည် ထိုအပြစ်များ၏ တရားစီရင်ရန် လက်ဝါးကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ ဘုရားသခင်သည် မုသာပြော တော်မမူ။ “အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏”(ရောမ ၆း၂၃)ဟု ဘုရားသခင်မိန့်တော်မူသည်။ သားတော်အသေခံချိန်တွင် သုံးနာရီ လုံးမှောင် မိုက်ခဲ့သည်။
“မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏” (မဿဲ ၂၇း၄၆)။
ယေရှုသည် လူသားများအား အပြစ်မှကယ်တင်ဘို့ရန် ဤလောက ၏အပြစ်အားလုံး ကို ဆောင်သွားခဲ့သည်။ ခမည်းတော်၏စွန့်ပစ်မည့်အရာကို သိလျှက်နှင့်ယေရှုသည် လူသားအားလုံး၏အပြစ်ကို မိမိအပေါ် သို့တင် ထားပြီး လက်ဝါးကားတိုင်ပေါ်တွင် အသေခံခဲ့ရသည်။ ဘုရားသခင်သည် မိမိ၌ရှိသောတပါးတည်းသောသားတော်သည် လောကအပြစ် အားလုံးကို ဆောင်သွားသောကြောင့်သုံးနာရီမျှမျက်လွှဲကာစွန့်ပစ်ပြီးတရားစီရင်ခဲ့သည်။
“သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသ မီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယောဟန် ၁း၁၂)။
သင်သည် ဘုရားသခင်၏သားအရာကို ရရှိပြီးလား ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်လက်ခံယုံကြည်ခြင်းဖြင့် ဒုတိယမွေးဖွားခြင်းခံသောသူ များဖြစ်ကြသည်။ ထိုဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးဖွား ခြင်းခံသောသူများ သည် ဖြောင့်မတ်သောသူများဖြစ်ကြသည်။ ယခုကျွန်တော်တို့အားလုံးသည် ဖြောင့်မတ်သောသူများ ဖြစ်ကြသည်။
“သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း” (ရောမ ၈း၃၁)။ ဖြောင့်မတ်သောသူတဦးသည် ဘုရားရှေ့လူရှေ့၌ မိမိကိုယ်ကို ဖြောင့်မတ်သောသူဟု ပြောသောအခါ လူ များတို့သည် ထိုသူကိုတရားစီရင်ရန် စွပ်ဆွဲကြသည်။ သို့ဖြစ်၍ တမန် တော်ပေါလုပြောခဲ့သည်မှာ “မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း” (ရောမ ၈း၃၃)။ ဘုရား သခင်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ယေရှုအားဖြင့် ဖုံးကွယ်ထားသော ကြောင့် သူ၏သားသမီးများ၊ သန့်ရှင်းသောသူများ၊ ဖြောင့်မတ်သောသူများ ဟူ၍ ခေါ်ဆိုခံရခြင်းဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံသောသူများသည် ဘု ရားသခင်၏သား သမီးများဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင်နှင့်အတူ ထာဝရအသက်ရှင်ကြလိမ့်မည်။ ဤလောက၌ ကျင်လည်လှုပ်ရှားနေသော သူကဲ့သို့မဟုတ်တော့ဘဲဘုရားသခင်၏သားသမီးများတည်းဟူသော ကောင်း ကင်နိုင်ငံတော်သားများဖြစ်ကြသည်။
ယခု ဖြောင့်မတ်သောသူ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီး များဖြစ်ကြသောကြောင့်၊အဘယ်သူကမျှဘုရားသခင်နှင့်ဝေးကွာစေရန်အပြစ် မတင်နိုင် တရားလည်း မစီရင်နိုင်တော့ပေ။
ယေရှုကို ယုံကြည်လက်ခံနိုင်ရန် ရေနှင့်ဝိညာဉ်တော်တည်းဟူ သောသတင်းကောင်းကို သိရှိနားလည်ရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာကို လည်း နားလည်ရန်လိုအပ်သည်။ ဘုရားသခင်၏အလိုတော်ကို ဆောင်နိုင်ဘို့ ရန် သူ၏အလိုတော်သိရှိနားလည်ခြင်းသည် မရှိမဖြစ်အရေးကြီးသောအ ရာဖြစ်သည်။
 
 

အပြစ်သားများရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်

 
ဘုရားသခင်သည် မိမိသားတော်ကို အပြစ်သား၏ပုံသဏ္ဍာန်ကိုဆောင်ရန် (လူ့ ဇာတိခံယူ)ဘာကြောင့်စေလွှတ်ခဲ့သနည်း။
အပြစ်အားလုံးကို သူ့အပေါ်တင်ပြီးဆောင်ယူရန်။
 
“ဘုရားသခင်၏အလိုတော်ကား သင်တို့သန့်ရှင်းခြင်းရှိရန်ဖြစ်၏။ တစ်နည်းအားဖြင့် သင်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြဉ်သည်” (၁သက် ၄း၃)။
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံနိုင်ရန် ဘုရားသခင်သည် သားတော်ကိုစေလွှတ်၍လောက အပြစ်အားလုံးသူ့အပေါ်တင်ထားပြီးဆောင် သွားခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံခြင်းသည် ဝိညာဉ်တော်၏ပညတ်တရားဖြစ်သည်။ ၄င်းသည် ကျွန်ုပ်တို့ကို အပြစ်မှလွှတ်မြောက်စေသောမွန်မြတ်သော သတင်း ကောင်းဖြစ်သည်။
ကျွန်ုပ်တို့သည်ရွှေးနှုတ်တော်မူခြင်းခံသောသူများဖြစ်ကြပြီ။ယခုဘု ရားသခင်၏အလိုတော်ကို နားလည်ပြီလားကျွန်ုပ်တို့အား ရွေးနှုတ်ကယ်တင် တော်မူခြင်းသည် သူ၏အလိုတော်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အား လောကီအရာနှင့်ရှုပ်ထွေးစွာ ရောနှောရန်အလိုမရှိဘဲ၊ နှုတ်ကပတ် တော်နှင့်အညီသူ့ကိုသာ ဝတ်ပြုကိုးကွယ်ရန်အလိုတော်ရှိပါ သည်။
ဒုတိယမွေးဖွားခြင်းခံပြီးသောသူများသည်အသက်တာကိုဆက်ကပ် ၍အသင်းတော်၌ ဧဝံဂေတရားဟောပြောခြင်းနှင့် များစွာသောပျောက်ဆုံး သောဝိညာဉ်များ သူ့ထံပြန်ခေါ်လာခြင်းသည်လည်း ဘုရားသခင်၏ အလို တော်ဖြစ်သည်။
ကျွန်ုပ်တို့၏ ပြစ်မှားခြင်းသည် ပြစ်မှားချင်သော စိတ်ဆန္ဒရှိမူ ကြောင့်မဟုတ်ဘဲ၊ အားနည်းမူကြောင့်သာလျှင် ဖြစ်သည်။ သို့သော်လည်း ယေရှုသည် ထိုအပြစ်အားလုံးကို ဆောင်သွားပြီး ဖြေလွှတ်ပေးခဲ့ပြီဖြစ်သည်။ ဘုရားသည် လောကအပြစ်အားလုံး ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံခံယူ ခြင်းဖြင့်ဆောင်ယူရန်အလိုရှိသောကြောင့် မိမိ၌ရှိသော တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်ခဲ့သည်။ ဤအရာကို ယုံကြည်ခြင်းအား ဖြင့်သာကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရသည်။ ဤအရာ သည် ဘုရားသခင် ၏အလိုတော်ဖြစ်သည်။
 
 
စေလွှတ်တော်မူသော ယေရှု ယုံကြည်ခြင်းသည် ဘုရားသခင်၏အလိုတော် ဖြစ်သည်
 
အဘယ်ကြောင့်ယေရှုသည် လူ့ဇာတိကိုခံယူသနည်း။
လူသားအားလုံး၏အပြစ်အလုံးစုံကို ဆောင်ယူရန်။
 
“သမ္မာကျမ်းစာကဖေါ်ပြသောဘုရားသခင်၏အလိုတော်သည် စေ လွှတ်တော်မူသောသားတော်ကို ယုံကြည်ခြင်းဖြစ်သည်။” ထိုသူတို့ကလည်း ဘုရားသခင်၏အလိုတော် နှင့်ညီသောအကျင့်ကို ကျင့်ခြင်းငှာအဘယ်သို့ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။ ယေရှုကလည်း ဘုရားသခင်စေလွှတ် တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား အလိုတော်နှင့် ညီသောအကျင့် တည်းဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် ကိုယ်မျက်စိ နှင့်မြင်၍ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာ ကိုပြတော်မူသနည်း။ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့စားစရာဘို့ ကောင်း ကင်းမှ မှုန့်ကိုပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏” (ယောဟန် ၆း၂၈-၃၁)။
လူတို့ကယေရှုအားဘုရားသခင်သည်မောရှေအား ခါနန်ပြည်သို့ခရီး ဆက်နေစဉ် နိမိတ်လက္ခဏာများပြသနိုင်သောတန်ခိုးကိုပေးပြီး ကောင်းကင် မှ မန္နကိုချပေးတော်မူပြီး ဣသရေလလူမျိုးများကို ကျွေးကာထိုကဲ့သို့သော အံ့ဘွယ်သောအမှုပြုသောကြောင့် ဣသရေသလူမျိုးများသည် သူ့ကိုယုံ ကြည်ကြသည်ဟု လျှောက်ကြသည်(ယေဟန် ၆း၃၂-၃၉)။ လူတို့က ယေရှု အား “ဘုရားသခင်၏အလိုတော်နှင့်ညီသောအကျင့်ကို ကျင့်ခြင်းငှာ အဘယ် သို့ပြု ရပါသနည်း” ဟု မေးလျှောက်ကြသည်။
ယေရှုက သူ့ကိုယုံကြည်ခြင်းသည် ဘုရားသခင်၏အလိုတော် ဆောင်ခြင်းဖြစ်ကြောင်းပြန်ဖြေလိုက်သည်။ ဘုရား သခင်၏အမှုတော်ဆောင် ခြင်းသည် ယေရှု၏လုပ်ဆောင်ချက်အားလုံးကို ယုံကြည်လက်ခံခြင်းပင်ဖြစ် သည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အလို တော်သည် သူ့ကိုယုံကြည်ပြီး ဟောပြောရုံလောက်အတွက်မဟုတ်ဘဲ နှုတ်ကပတ်တော် အတိုင်းအသက် ရှင်ရန် ဖြစ်သည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အားမိန့်တော်မူသည်မှာ “ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။ 20သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏”(မဿဲ ၂၈း၁၉-၂၀)။
ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်၌ ဗတ္တိဇံပေးရန် ယေရှုသည် ကျွန်ုပ်တို့အားအတိအလင်းမိန့်မှာခဲ့သည်။ ခမည်း တော်နှင့်ဝိညာဉ်တော်အတွက် လုပ်ဆောင်မှုသည် သူ၏ဗတ္တိဇံမင်္ဂလာတွင် ပါဝင်ခဲ့သည်။ ကျွန်ုပ်တို့သည် ထိုအရာများကို သိရှိနားလည်ပြီး ဘုရားသ ခင်ကို ယုံကြည်လက်ခံပါက သန့်ရှင်းသောဝိညာဉ်တော်သက် သေခံတော် မူသော ဤလောက၌ ယေရှုလုပ်ဆောင်ခဲ့သောအမှုများကိုမြင်သော သူများ ဖြစ်လိမ့်မည်။
ယေရှုသည် ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းတည်းဟူ သော သတင်းကောင်းကို သက်သေခံအံ့သောငှာ၊ ဘုရားသခင်သည် စေ လွှတ်ခဲ့သည်။ သို့ဖြစ်၍နှုတ်ကပတ်တော်ကိုယုံကြည်၍ ဘုရားသခင်၏အစေ ခံကို ယုံကြည်လက်ခံသောသူသည် တချိန်တည်းတွင် ကယ်တင်တော်မူခြင်း သို့ရောက်ရသည်။
 
 

ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်း

 
ကျွန်ုပ်တို့အသက်ရှင်ခြင်း၏ရည်ရွယ်ချက်ကားအဘယ်နည်း။
ကမ္ဘာအနှံ့ ဧဝံဂေလိတရားဟောပြောစေခြင်း
 
ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ချင်ပါက၊ လက်ဝါးကား တိုင်ပေါ် ယေရှု၏အသေခံ တော်မူခြင်းနှင့် ဗတ္တိဇံခံယူခြင်း သတင်းကောင်းကို ရှေးဦးစွာ ယုံကြည်လက်ခံရမည်။ ဘုရားသခင်စေလွှတ် တော်မူသော သူကိုယုံကြည်ခြင်းသည် အလိုတော်နှင့်ညီသော အကျင့်ကျင့် ခြင်းဖြစ်သည်။ ယေရှုကို ယုံကြည်လက်ခံဘို့ရန် အသွေးတော်နှင့်ရေအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်တော်မူကြောင်းကိုလည်း လက်ခံယုံကြည်ရမည်။
ယေရှုကိုယုံကြည်၍ သတင်းကောင်းဟောပြောခြင်းသည်။ ကျွန်ုပ် တို့၏အသက်တာတွင်ဘုရားသခင်၏အလိုတော်နှင့်ညီသောအကျင့်ကျင့်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်နိုင်မည်။ဝိညာဉ်တော်နှင့်ရေ၌ဒုတိယမွေးဖွားခြင်း ကောင်းကြီး မင်္ဂလာကို ယုံကြည်လက်ခံခြင်းအားဖြင့်သာ ကောင်းကင်နိုင်ငံသို့ ဝင်စားနိုင် ကြောင်း ဘုရားသခင်မိန့်ဆိုခဲ့သည်။
သမ္မာတရားကို သိရှိနားလည်ခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားနိုင်သည်။ စစ်မှန်သော ဘုရားသခင်၏ အလိုတော်နှင့်ညီသောအကျင့်ကိုသိရှိနားလည်၍ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ သည် အပြစ်အားလုံးမှလွတ်မြောက်နိုင်သည်။ ကောင်းကင်နိုင်ငံတော် အတွက်မွန်မြတ်သောအသက်တာနှင့်အသက်ရှင်ပြီး။သေသည့်ထိတိုင်ဧဝံဂေ လိတရားကိုဟောပြောကြပါစို့။
ရေနှင့်ဝိညာဉ်တော်အားသတင်းကောင်းကို ယုံကြည်လက်ခံသော သူများသည် ဘုရားသခင်၏အလိုတော်နှင့် ညီသောအကျင့်ကိုကျင့်သောသူ များဖြစ်ကြသည်။ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်း သည် အလိုတော်နှင့်ညီသောအကျင့်ကို ကျင့်ခြင်းဖြစ်သည်။ ယေရှုခရစ်တော် သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်ခြင်းနှင့် ဘုရားသခင် စေလွှတ်သောသူသည် အပြစ်အားလုံးကို သူ့အပေါ်တင်ထား၍ ဆေး ကြော ဖြေလွှတ်သွားကြောင်း ယုံကြည်ခြင်းသည် အလိုတော်နှင့်ညီသောအကျင့် ဖြစ်သည်။
ကျွန်ုပ်တို့အတွက် လက်ဝါးကားတိုင်ပေါ်တွင် ယေရှုအသေခံခြင်း နှင့်ယော်ဒန်မြစ်၌ဗတ္တိဇံခံယူခြင်းအားဖြင့် လူသားများအတွက် အပြစ်မှရွေး နှုတ်တော်မူခြင်းအမှုကို ပြည့်စုံစွာဆောင်ရွက်ခဲ့သည်။ ဒုတိယအချက်ဖြစ် သော အလိုတော်နှင့်ညီသောအကျင့်သည် ဘုရားသခင်စေလွှတ်တော်မူ သောသူကို ယုံကြည်ခြင်း၊ လောကအပြစ်အားလုံးကို သယ်ဆောင်သွား သော ကယ်တင်ရှင်ကို ယုံကြည်ခြင်းနှင့်လူမျိုးတကာတို့ထံသို့ ဧဝံဂေလိတရား ဟောပြောခြင်းဖြစ်သည်။
ယခု ဒုတိယမွေးဖွားခြင်းခံပြီးသော ကျွန်ုပ်တို့သည် ဘုရားသခင်ကြွလာ သည့်တိုင် ဧဝံဂေလိတရားကိုဟောကြပါစို့။
 
 
ဘုရားသခင်၏အလိုတော်ကိုမသိနားမလည်ဘဲယေရှုကိုယုံကြည်သောသူများသည်အဘယ်နေရာသို့သွားကြမည်နည်း
ငရဲသို့သွားကြမည်။
 
“ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်”(မဿဲ ၇း၂၂-၂၃)။
ဘုရားသခင်၏ရှေ့တော်မှောက်၌ မည်သူတွေက အပြစ်သားဖြစ် သလဲ၊ ဘယ်သူတို့က တရာမဲ့သောပညတ်တော်ကို လိုက်လျှောက်သ လဲဆိုတာ စာပိုဒ်က ရှင်းလင်းစွာဖော်ပြပါသည်။ အဖေအဖေအော်ပြီ ဒုတိယ မွေးဖွား ခြင်းမခံသောသာမန်ခရစ်ယာန် မြောက်များစွာရှိပါသည်။ ထိုသူများ သည် ဝေဒနာခံစားလျက်ရှိကြပါသည်။ အဘယ်ကြောင့် သူ့တို့နှလုံးသာထဲ၌ အပြစ်ကျန်လျှက်ရှိ၏။ ဘုရားသခင်ထံသို့ငိုကြွေးကြ၏။ ဘုရားကို ခေါ်ကြ၏။ ဘုရား ဘုရားဆိုပြီ မကျေနပ်ညည်းညူးကြ၏။ ငိုးကြွေးရင်း ဆုတောင်းရင်း သူတို့အပြစ်မျာသန့်ရှင်းမည်လို့ ယုံကြည်ကြပါသည်။ သို့သော်လည်း မဖြစ် နိုင်ပါ။ အကြောင်းမှာ-သူတို့၏နှလုံးသားထဲမှာ အပြစ်ကျန်နေသေး၏။ ဘုရား နှင့်ဝေးနေပြီးဆိုလျက်သူတို့သည်တောင်ပေါ်မှာငိုကြွေးခြင်းဖြင့်၎င်း၊ ကြိတ် မှိတ်ခြင်းဖြင့်၎င်း ဆုတောင်းကြ၏။ စစ်မှန် တဲ့ယုံကြည်ခြင်းမရှိတဲ့အခါမှာ ဘုရားဘုရားဟု အော်ဟစ်ဖို့ ကြံစည်ကြ၏။ တချို့အသင်းတော်အဖွဲ့စည်းများ ဒုတိယမွေးဖွားခြင်းမရှိကြဘဲ စိတ်အားထက်သန်စွာ စင်မြင့်ပေါ်မှာ မနာတမ်း ဆုတောင်းကြတယ်။
သို့သော်လည်းအဖအဖဟုခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံသို့ မဝင် ရဟု ကျမ်းစာ၌ ဖော်ပြပါသည်။ ဘုရားသခင်လုပ်ဆောင်ပေးခြင်း၏ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှုတ်ကပတ်တော်ကိုနှလုံးသားအကြွင်းမဲ့ လက် ခံယုံကြည်သူတိုင်းသာလျှင် ဘုရားသခင်ထံမှလာသော ယုံကြည်ခြင်းကို ရရှိ ကြ၏။
ဘုရားသခင်ကို နှလုံးသာအပြစ်၌ ခေါ်ခြင်းသည် တရားမဲ့သည်အရာ ဖြစ်ကြောင်းကို ကျမ်းစာက ဖော်ပြထားပါသည်။ တောင်ပေါ်မှာ ဆုတောင်း ဖူးပါသလား။ တချို့အသက်ကြီးသူ အမျိုးသမီးများ ယေရှုနှင့်မတွေ့နိုင်၊ နှလုံး သားထဲ၌သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံ၊ရေနှင့်သန့်ရှင်းသော ဝိညာဉ် တော်၊ ဒုတိယမွေးဖွားခြင်း မရရှိသည်အတွက်ကြောင့် ငိုကြွေးပြီး ဘုရားကို ခေါ်ကြ၏။ ထာဝရငရဲမီးအိုင်သို့ ကျမည်ကို ကြောက်လို့ ဘုရားသခင်ကို ခေါ်ကြပါသည်။
ဥပမာ- လူတစ်ဦးတစ်ယောက်သည် အသင်းတော်အတွက် သာ သနာပြုရန် ဆက်ကပ်သောနှလုံးသား ရှိတဲ့သူကို ဘုရားသခင် စွန့်ပစ်ခြင်းကို ခံရကြ၏။ မိဘဇနီးမောင်နှံထံမှ စွန့်ပစ်ခြင်းကိုခံဖို့ရန် သူ့စိတ်နှလုံးကို ကြေကွဲ စေတယ်။ သို့သော် ဘုရင်တကာတို့၏ဘုရင်၊ ကျွန်ုပ်တို့ဝိညာဉ်တွက် တရား စီရင်မည့်သူ ဘုရားထံမှစွန့်ပစ်ခြင်းခံခဲ့လျှင် ထိုသူသည် ဘယ်နေရာကိုသွား မည်နည်း။
ဘယ်သူမျှဤကဲ့သို့ဖြစ်မည်လို့ ဘယ်တော့မှမမျှော်လင့်ပါ။ ကျေးဇူး ပြု၍ နားစွင့်ပြီး ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏နှုတ်ကပတ်တော် သ တင်းကောင်းကို ယုံကြည်ပါ။ ဒုတိယမွေးဖွားခြင်းခံယူပြီး ရေနှင့်သန်ရှင်း သောဝိညာဉ်တော်၏ နှုတ်ကပတ်တော်ထဲမှာအသက်ရှင်ဖို့ ဘုရားသခင် အလိုတော်ရှိ၏။ခရစ်ယာန်တိုင်းရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ သတင်း ကောင်းကို ယုံကြည်လျှက်အသက်ရှင်သောနှုတ်ကပတ်တော်၌ ဆွဲလျှက်ခွန် အားယူဖို့ လိုအပ်ပါသည်။ ထိုသို့ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ပြီး ဘုရားသခင်၏ တရားစီ ရင်ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။